အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ - အခန်း (၁၅)

ဘုရားသခင်ပေါ်ထွန်းခြင်းသည် အသင်းတော်များအားလုံးတွင် ထွက်ပေါ်နှင့်ပြီး ဖြစ်သည်။ မိန့်တော်မူသူမှာ ဝိညာဉ်တော် ဖြစ်သည်- ကိုယ်တော်သည် လောင်သောမီးဖြစ်သည်၊ ဘုန်းအာနုဘော်ရှိပြီး၊ တရားစီရင်နေသည်။ ကိုယ်တော်သည် လူသားဖြစ်သည်။ ခြေသို့တိုင်အောင် ဝတ်ခြုံလျက်၊ ရင်တော်၌ ရွှေခါးပန်းကို စည်းလျက်ဖြစ်၏။ ဦးခေါင်းတော်နှင့် ဆံပင်တော်သည် သိုးမွှေးကဲ့သို့ ဖြူ၏။ မျက်စိတော်သည်လည်း မီးလျှံကဲ့သို့ ဖြစ်၏။ ခြေတော်သည်လည်း မီး၌ချွတ်ပြီးသော ကြေးဝါစစ်နှင့်တူ၏။ အသံတော်သည်လည်း သမုဒ္ဒရာသံကဲ့သို့ ဖြစ်၏။ လက်ျာတော်သည်လည်း ကြယ်ခုနစ်လုံးကို ကိုင်၏။ ခံတွင်းတော်ထဲကလည်း ထက်သောသန်လျက်ထွက်၏။ မျက်နှာတော်သည် အရှိန်တန်ခိုးနှင့် ထွန်းတောက်သော နေကဲ့သို့ဖြစ်၏။

လူသားကို သက်သေခံပြီးဖြစ်ပြီး၊ ဘုရားသခင် ကိုယ်တော်တိုင်ကို ပွင့်လင်းစွာ ထုတ်ဖော်ပြီးဖြစ်သည်။ ဘုရားသခင်၏ ဘုန်းတော်သည် တောက်လောင်နေသော နေကဲ့သို့ ပြင်းထန်စွာ တောက်ပလျက် ထုတ်လွှတ်ပြီးဖြစ်သည်။ ကိုယ်တော်၏ ဘုန်းကြီးသောမျက်နှာသည် အလွန်စူးရှတောက်ပသော အလင်းဖြင့် တောက်လောင်သည်၊ မည်သူ၏မျက်လုံးတို့သည် ကိုယ်တော်ကို ခုခံမှုဖြင့် ဆက်ဆံနိုင်သနည်း။ ခုခံမှုသည် သေခြင်းသို့ ဦးတည်သည်။ သင်၏စိတ်နှလုံးထဲတွင် ကြံစည်သည့် မည်သည့်အရာမဆို၊ သင်ပြောဆိုသည့် မည်သည့်စကားကိုမဆို သို့မဟုတ် သင်လုပ်ဆောင်သည့် မည်သည့်အရာမဆို အတွက် အနည်းငယ်ဆုံးသော သနားကရုဏာကို ပြသမည်မဟုတ်ပေ။ သင်တို့အားလုံးသည် သင်တို့ရရှိပြီးသောအရာမှာ ငါ၏စီရင်မှုမှတစ်ပါး အခြား မည်သည်မျှ မရှိကြောင်း နားလည်လာကြ၊ မြင်တွေ့လာကြလိမ့်မည်။ သင်တို့သည် ငါ၏ နှုတ်ကပတ်တော်ကို စားသောက်ရန် အားမထုတ်ဘဲ၊ ၎င်းအစား ငါတည်ဆောက်ထားသောအရာကို စိတ်ကူးပေါက်သည်အတိုင်း ဝင်ရောက် နှောင့်ယှက်ကာ ဖျက်ဆီးသောအခါ၊ ငါသည် ယင်းကို သည်းခံနိုင်မည်လော။ ငါသည် ဤကဲ့သို့သောသူကို သိမ်မွေ့စွာ ဆက်ဆံလိမ့်မည် မဟုတ်ပေ။ သင်၏စရိုက်သည် သာ၍ဆိုးရွားစွာ ယိုယွင်းလာပါလျှင်၊ သင်သည် မီးလောင်ခြင်းကို ခံရလိမ့်မည်။ အနန္တတန်ခိုးရှင် ဘုရားသခင်သည် ဦးခေါင်းမှသည် ခြေဖျားအထိ ဆက်သွယ်ထားသော အသား သို့မဟုတ် အသွေး စိုးစဉ်းမျှ မရှိသော ဝိညာဉ်ခန္ဓာကိုယ်တွင် ကိုယ်ထင်ပြသည်။ ကိုယ်တော်သည် စကြာဝဠာလောကကို ကျော်လွန်သည်၊ တတိယကောင်းကင်ရှိ ဘုန်းကြီးတော်မူသော ပလ္လင်တော်ထက်တွင် ထိုင်တော်မူကာ အရာခပ်သိမ်းကို စီမံအုပ်ချုပ်နေသည်။ စကြာဝဠာနှင့် အရာခပ်သိမ်းတို့သည် ငါ၏လက်များအထဲတွင် ရှိကြသည်။ ငါသည် မြွက်တော်မူလျှင် ထိုအတိုင်းဖြစ်သည်။ ငါချမှတ်ဆုံးဖြတ်လျှင်၊ ထိုအတိုင်းဖြစ်လိမ့်မည်။ စာတန်သည် ငါ၏ခြေအောက်တွင်ရှိသည်- ၎င်းသည် အနက်ဆုံးသောတွင်း အထဲ၌ရှိသည်။ ငါ၏အသံတော် ထွက်သောအခါ၊ ကောင်းကင်နှင့်မြေကြီးသည် တည်ရှိတော့မည် မဟုတ်ဘဲ၊ မည်သည့်အရာမျှ ရှိတော့မည် မဟုတ်ပေ။ အရာခပ်သိမ်းတို့သည် အသစ်ပြုခြင်းကို ခံရကြလိမ့်မည်၊၎င်းသည် အကြွင်းမဲ့ မှန်ကန်သော ပြောင်းလဲ၍မရနိုင်သည့် သမ္မာတရား တစ်ခုဖြစ်သည်။ ငါသည် လောကအပြင် ဆိုးယုတ်သောသူများကို အောင်နိုင်ပြီးဖြစ်သည်။ ငါသည် ဤနေရာတွင် ထိုင်တော်မူကာ သင်တို့အား မိန့်မြွက်တော်မူသည်၊ ထို့ကြောင့် နားရှိသောသူအားလုံး ကြားသင့်ပြီး၊ အသက်ရှင်နေသောသူ အားလုံး လက်ခံသင့်သည်။

နေ့ရက်တို့သည် အဆုံးသတ်လိမ့်မည်၊ ဤလောကရှိ အရာခပ်သိမ်းတို့သည် တည်ရှိတော့မည် မဟုတ်ဘဲ၊ အရာခပ်သိမ်းတို့သည် အသစ် မွေးဖွားကြလိမ့်မည်။ ဤသည်ကို သတိရလော့။ မမေ့လေနှင့်။ မည်သည့် ယုံမှားသံသယမျှ မရှိနိုင်ပေ။ ကောင်းကင်နှင့်မြေကြီး မတည်သော်လည်း၊ ငါ့စကားတည်လိမ့်မည်။ ငါ သင်တို့ကို နောက်တစ်ကြိမ် တိုက်တွန်းမည်- အကျိုးမရှိဘဲ မပြေးလေနှင့်။ နိုးထလော့။ နောင်တရလော့။ ကယ်တင်ခြင်းသည် ရောက်လုနီးပြီ။ ငါသည် သင်တို့အလယ်တွင် ပေါ်ထွန်းနှင့်ပြီးဖြစ်ပြီး၊ ငါ၏အသံတော်သည် ပေါ်ထွက်ပြီးဖြစ်သည်။ ငါ၏ အသံတော်သည် သင်တို့ မျက်မှောက်တွင် ပေါ်ထွက်ပြီးဖြစ်သည်၊ ၎င်းသည် နေ့စဉ်နေ့တိုင်း သင်တို့ကို မျက်နှာချင်းဆိုင် ရင်ဆိုင်ပြီး၊ ၎င်းသည် နေ့ရက်အသီးသီးတွင် လန်းဆန်းကာ အသစ်ဖြစ်သည်။ သင်သည် ငါ့ကိုမြင်သည်၊ ငါသည်လည်း သင့်ကို မြင်သည်၊ ငါသည် သင့်အား စဉ်ဆက်မပြတ် ပြောဆိုပြီး၊ သင်နှင့် မျက်နှာချင်းဆိုင် ရှိသည်။ သို့သော်လည်း သင်သည် ငါ့ကို ငြင်းပယ်ပြီး၊ ငါ့ကို မသိပေ။ ငါ့သိုးတို့သည် ငါ့စကားသံကို ကြားနိုင်သည်၊ သို့သော်လည်း သင်တို့သည် တွန့်ဆုတ်ကြသေးသည်။ သင်တို့သည် တွန့်ဆုတ်ကြသည်။ သင်တို့၏ နှလုံးတို့သည် မိုက်လျက်၊ သင်တို့၏မျက်လုံးတို့သည် စာတန်၏ ကွယ်စေခြင်းကို ခံရကြသည်၊ ငါ၏ ဘုန်းကြီးသော မျက်နှာတော်ကို မမြင်နိုင်ပေ၊ သင်တို့သည် သနားဖွယ်ကောင်းလိုက် လေခြင်း။ သနားဖွယ်ကောင်းလိုက်လေခြင်း။

ငါ၏ ပလ္လင်တော်ရှေ့မှ ဝိညာဉ်ခုနှစ်ပါးတို့ကို မြေ၏လေးမျက်နှာသို့ စေလွှတ်ပြီး၊ ငါသည် ငါ၏ တမန်တော်ကို အသင်းတော်များသို့ စကားပြောရန် စေလွှတ်လိမ့်မည်။ ငါသည် ဖြောင့်မတ်ကာ သစ္စာရှိသည်၊ ငါသည် လူ့နှလုံးသား၏ အနက်ရှိုင်းဆုံးသော အစိတ်အပိုင်းများကို စစ်ဆေးသော ဘုရားသခင်ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် အသင်းတော်တို့အား မိန့်တော်မူပြီး၊ ငါ၏ သားတော်အတွင်းမှ ထွက်ပေါ်သည်မှာ ငါ၏ နှုတ်ကပတ်တော်များ ဖြစ်သည်၊ နားရှိသောသူအားလုံး ကြားသင့်သည်။ အသက်ရှင်နေသောသူအားလုံး လက်ခံသင့်သည်။ ၎င်းတို့ကို စားသောက်ခြင်းသာ ပြုလော့၊ သံသယမရှိလေနှင့်။ ငါ၏နှုတ်ကပတ်တော်များကို နာခံ၍ သတိပြုသောသူ အားလုံးတို့သည် ကြီးမားသော ကောင်းချီးမင်္ဂလာများကို ရရှိလိမ့်မည်။ ငါ၏မျက်နှာတော်ကို လေးနက်စွာ ရှာဖွေသော သူအားလုံးတို့သည် အသစ်သောအလင်း၊ အသစ်သော ဉာဏ်အလင်းရခြင်းနှင့် အသစ်သော ထိုးထွင်းသိမြင်စွမ်းသော ဉာဏ်များကို အကယ်စင်စစ် ရရှိလိမ့်မည်၊ အရာခပ်သိမ်းတို့သည် လန်းဆန်းကာ အသစ်ဖြစ်ကြလိမ့်မည်။ ငါ၏ နှုတ်ကပတ်တော်များတို့သည် သင့်ထံသို့ အချိန်မရွေး ရောက်ရှိလာလိမ့်မည်ဖြစ်ပြီး၊ သင်သည် ဝိညာဉ်လောက၏ နက်နဲရာများအားလုံးကို မြင်နိုင်ပြီး နိုင်ငံတော်သည် လူတို့အလယ်တွင် ရှိကြောင်း မြင်နိုင်စေရန် ၎င်းတို့သည် သင့်ဝိညာဉ်၏မျက်လုံးကို ပွင့်စေလိမ့်မည်။ ခိုလှုံရာသို့ ဝင်ရောက်လော့၊ ထိုသို့ပြုပါက ကျေးဇူးတော်နှင့် ကောင်းချီးမင်္ဂလာအပေါင်းတို့သည် သင့်အပေါ်သို့ ကျရောက်လိမ့်မည်။ အစာခေါင်းပါးခြင်းနှင့် အနာရောဂါတို့သည် သင့်ကို ထိခိုက်စေနိုင်လိမ့်မည် မဟုတ်ပေ၊ ပြီးလျှင် ဝံပုလွေများ၊ မြွေများ၊ ကျားများနှင့် ကျားသစ်များတို့သည် သင့်ကို အန္တရာယ်ပြုနိုင်မည် မဟုတ်ပေ။ သင်သည် ငါနှင့်အတူ သွားလိမ့်မည်၊ ငါနှင့်အတူ လျှောက်လှမ်းလိမ့်မည်၊ ပြီးလျှင် ငါနှင့်အတူ ဘုန်းတော်ဝင်စားလိမ့်မည်။

အနန္တတန်ခိုးရှင် ဘုရားသခင်။ ကိုယ်တော်၏ဘုန်းကြီးသော ခန္ဓာကိုယ်သည် ပွင့်လင်းစွာ ပေါ်ထွန်းသည်၊ သန့်ရှင်းတော်မူသော ဝိညာဉ်ခန္ဓာတော်သည် ပေါ်ထွက်ပြီး၊ ကိုယ်တော်သည် ပြည့်စုံသော ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်သည်။ လောကနှင့်လူ့ဇာတိ နှစ်ခုစလုံးတို့ ပြောင်းလဲကြပြီး၊ တောင်ပေါ်တွင် ကိုယ်တော်၏ အဆင်းသဏ္ဌာန်တော်ပြောင်းလဲခြင်းသည် ဘုရားသခင်၏ ဇာတိအဖြစ်တော် ဖြစ်သည်။ ကိုယ်တော်သည် ဦးခေါင်းထက်၌ ရွှေသရဖူကို ဆောင်း၏၊ ကိုယ်တော်၏ဝတ်ရုံတော်သည် ဖြူစင်သန့်ရှင်းသည်၊ ရင်တော်၌ ရွှေခါးပန်းကို စည်းလျက်ဖြစ်၏။ ကမ္ဘာနှင့် အရာအားလုံးတို့သည် ကိုယ်တော်၏ ခြေတင်ရာခုံဖြစ်သည်။ မျက်စိတော်သည်လည်း မီးလျှံကဲ့သို့ဖြစ်၏။ ခံတွင်းတော်ထဲကလည်း ထက်သောသန်လျက်ထွက်၏။ လက်ျာလက်တော်သည်လည်း ကြယ်ခုနစ်လုံးကို ကိုင်၏။ နိုင်ငံတော်သို့ သွားရာလမ်းသည် အဆုံးမဲ့စွာ တောက်ပပြီး၊ ကိုယ်တော်၏ ဘုန်းတော်သည် ထွက်ပေါ်ကာ ထွန်းတောက်သည်။ တောင်တို့သည် ဝမ်းမြောက်လျက်၊ ရေတို့သည် ရယ်မောလျက်၊ နေ၊ လနှင့် ကြယ်တို့ အားလုံးသည် စီစဉ်ထားသည့် အစဉ်အတိုင်း လည်ပတ်ကြလျက်၊ နှစ်ပေါင်းခြောက်ထောင် စီမံခန့်ခွဲမှုအစီအစဉ် အပြီးသတ်ခြင်းကို ကြေငြာကာ အောင်ပွဲခံပြန်လာသည့် အတုမရှိ၊ စစ်မှန်သည့် ဘုရားသခင်ကို ကြိုဆိုကြသည်။ အားလုံး ဝမ်းမြောက်စွာ ကခုန်ကြလော့။ သြဘာပေးလော့။ အနန္တတန်ခိုးရှင် ဘုရားသခင်သည် သူ၏ ဘုန်းကြီးသော ပလ္လင်တော်ထက်တွင် ထိုင်တော်မူသည်။ သီချင်းဆိုလော့။ အနန္တတန်ခိုးရှင်၏ အောင်လံကို ဘုန်းအာနုဘော်ပြည့်စုံ၍ ခမ်းနားသော ဇိအုန်တောင်ပေါ်တွင် မြင့်မားစွာ လွှင့်ထူသည်။ လူမျိုးအပေါင်းတို့သည် သြဘာပေးနေကြသည်၊ လူမျိုးအားလုံးတို့သည် သီချင်းသီဆိုနေကြသည်၊ ဇိအုန်တောင်သည် ဝမ်းမြောက်စွာ ရယ်မောနေပြီး ဘုရားသခင်၏ ဘုန်းတော်သည် ထွက်ပေါ်ပြီ ဖြစ်သည်။ ငါသည် ဘုရားသခင်၏မျက်နှာတော်ကို တွေ့မြင်ရလိမ့်မည်ဟု မည်သည့်အခါမျှ အိပ်မက်ပင် မမက်ဘူးပေ၊ သို့သော် ယနေ့တွင် ငါသည် ၎င်းကို တွေ့ခဲ့ပြီ ဖြစ်သည်။ နေ့စဉ် ကိုယ်တော်နှင့်မျက်နှာချင်းဆိုင် ငါသည် ကိုယ်တော်ထံ ရင်ဖွင့်သည်။ ကိုယ်တော်သည် စားဖွယ်နှင့်သောက်ဖွယ်ကို ကြွယ်ဝစွာ ပေးသနားတော်မူသည်။ အသက်၊ နှုတ်ကပတ်တော်များ၊ လုပ်ဆောင်မှုများ၊ အတွေးများ၊ အယူအဆများ အားလုံးတို့ကို ကိုယ်တော်၏ ဘုန်းကြီးသော အလင်းတော်မှ အလင်းပေးတော်မူသည်။ ကိုယ်တော်သည် လမ်းခရီး၏ခြေလှမ်းတိုင်းကို ဦးဆောင်ပြီး၊ ကိုယ်တော်၏ တရားစီရင်မှုသည် မည်သည့် တော်လှန်လိုသော နှလုံးသားပေါ်သို့မဆို ချက်ချင်း ကျရောက်လေသည်။

စားခြင်း၊ အတူနေထိုင်ခြင်း၊ ဘုရားသခင်နှင့်အတူ အသက်ရှင်ခြင်း၊ ကိုယ်တော်နှင့် အတူရှိခြင်း၊ အတူတကွ လျှောက်လှမ်းခြင်း၊ အတူတကွ ပျော်မွေ့ခြင်း၊ အတူတကွ ဘုန်းတော်ရရှိခြင်းနှင့် ကောင်းချီးများခံစားခြင်း၊ ကိုယ်တော်နှင့် ဘုရင်အရိုက်အရာကို အတူခံစားခြင်းနှင့် နိုင်ငံတော်တွင် အတူတကွ တည်ရှိခြင်း- အို၊ ပျော်ရွှင်ဖွယ် ကောင်းလိုက်လေခြင်း။ အို၊ ချိုမြိန်လိုက်လေခြင်း။ ငါတို့သည် ကိုယ်တော်နှင့်အတူ နေ့စဉ် မျက်နှာချင်းဆိုင် ရှိနေသည်၊ ကိုယ်တော်နှင့် နေ့စဉ် စကားပြောနေပြီး၊ စဉ်ဆက်မပြတ် စကားပြောနေသည်၊ ထို့အပြင် နေ့တိုင်း အသစ်သော ဉာဏ်အလင်းပွင့်ခြင်းနှင့် အသစ်သော ထိုးထွင်းမြင်နိုင်စွမ်းသော အသိဉာဏ်များကို ပေးသနားတော်မူသည်။ ငါတို့၏ ဝိညာဉ်မျက်စိတို့ကို ပွင့်စေပြီး၊ ငါတို့သည် အရာရာတိုင်းကို တွေ့မြင်သည်။ ဝိညာဉ်၏ နက်နဲရာအလုံးစုံတို့ကို ငါတို့အား ထုတ်ဖော်တော်မူသည်။ သန့်ရှင်းသော အသက်တာသည် အကယ်ပင် ပူပင်ကြောင့်ကြမှု ကင်းမဲ့သည်၊ လျင်မြန်စွာပြေးပြီး၊ မရပ်ပေ၊ ပြီးလျှင် ရှေ့သို့ စဉ်ဆက်မပြတ် တိုးသွားသည်- ရှေ့တွင် သာ၍အံ့သြဖွယ် ဘဝတစ်ခု ရှိသည်။ ချိုမြိန်သောအရသာ၌သာ ကျေနပ်မနေလေနှင့်၊ ဘုရားသခင်ထံတွင်းသို့ ဝင်ရောက်ရန် အစဉ် ရှေးရှုလော့။ ကိုယ်တော်သည် အရာခပ်သိမ်းကို လွှမ်းခြုံကာ ကြွယ်ဝပြီး ငါတို့ ချို့တဲ့သောအရာ အမျိုးမျိုးကို ပိုင်ဆိုင်သည်။ ပူးပေါင်းဆောင်ရွက်မှုကို ဖန်တီးယူပြီး ကိုယ်တော်အတွင်းသို့ ဝင်ရောက်လော့၊ ထိုအခါ မည်သည့်အရာမျှ မည်သည့်အခါမျှ နောက်တစ်ဖန် တူလိမ့်မည် မဟုတ်ပေ။ ငါတို့၏ဘဝများသည် ထူးကဲသာလွန်ကာ၊ မည်သည့်ပုဂ္ဂိုလ်၊ မည်သည့်ကိစ္စ သို့မဟုတ် မည်သည့်အရာမျှ ငါတို့ကို နှောင့်ယှက်နိုင်လိမ့်မည် မဟုတ်ပေ။

ထူးကဲသာလွန်ခြင်း။ ထူးကဲသာလွန်ခြင်း။ စစ်မှန်သော ထူးကဲသာလွန်ခြင်း။ ဘုရားသခင်၏ ထူးကဲသာလွန်သော အသက်သည် အထဲတွင် ရှိပြီး၊ အရာခပ်သိမ်းသည် စစ်မှန်စွာ သက်သောင့်သက်သာ ရှိသွားကြပြီ ဖြစ်သည်။ ငါတို့သည် ခင်ပွန်းများ သို့မဟုတ် သားသမီးများတို့အပေါ် သံယောဇဉ် မရှိဘဲ၊ လောကနှင့် လောကီအရာများတို့ကို ကျော်လွန်သည်။ ဖျားနာခြင်းနှင့် ပတ်ဝန်းကျင်များတို့၏ ထိန်းချုပ်မှုကို ငါတို့ ကျော်လွန်သည်။ စာတန်သည် ငါတို့ကို မနှောင့်ယှက်ရဲပေ။ ငါတို့သည် ဘေးအန္တရာယ်အလုံးစုံတို့ကို ကျော်လွန်သည်။ ဤသည်မှာ ဘုရားသခင်အား ဘုရင်ဖြစ်ခွင့်ပေးခြင်း ဖြစ်သည်။ ငါတို့သည် စာတန်ကို ခြေဖဝါးအောက် နင်းခြေကြသည်၊ အသင်းတော်အဖို့ သက်သေခံကြပြီး၊ စာတန်၏ အကျည်းတန်သော မျက်နှာကို လုံးလုံးလျားလျား ဖော်ထုတ်ကြသည်။ အသင်းတော်ကို တည်ဆောက်ခြင်းသည် ခရစ်တော်၌ဖြစ်ပြီး၊ ဘုန်းကြီးသော ခန္ဓာတော်သည် ပေါ်ထွက်ပြီးဖြစ်သည်- ၎င်းသည် ချီဆောင်ခြင်း၌ အသက်ရှင်ခြင်း ဖြစ်သည်။

အရှေ့သို့- အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ - အခန်း (၅)

နောက်တစ်ခုသို့- အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ - အခန်း (၈၈)

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။