အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ - အခန်း (၃)
အောင်ပွဲခံသော ရှင်ဘုရင်သည် ဘုန်းအသရေနှင့်ပြည့်သော သူ၏ပလ္လင်ပေါ်၌ ထိုင်လေ၏။ သူသည် ရွေးနုတ်ခြင်းကို ပြီးမြောက်ပြီးဖြစ်ကာ ဘုန်းအသရေဖြင့် ပေါ်ထွန်းဖို့ သူ၏လူအပေါင်းကိ ဦးဆောင်ပြီးလေပြီ။ သူသည် အရာခပ်သိမ်းကို သူ၏လက်ထဲ၌ ထိန်းချုပ်ထားကာ သူ၏ဘုရားသဘောသဘာဝ ဉာဏ်ပညာနှင့် ခွန်အားဖြင့် ဇိအုန်ကို တည်ဆောက်ကာ ခိုင်ခံ့စေလေပြီ။ သူ၏ဘုန်းအာနုဘော်ဖြင့် အပြစ်ရှိသော လောကကြီးကို တရားစီရင်၏၊ သူသည် မြောက်မြားလှစွာသော တိုင်းနိုင်ငံများနှင့် လူများ၊ ကမ္ဘာမြေကြီး၊ ပင်လယ်များနှင့် ယင်းတို့ထဲရှိ သက်ရှိအရာအားလုံးအပြင် မတရားသောမေထုန်၏ စပျစ်ရည်ဖြင့် ယစ်မူးကြသူများကို တရားစီရင်ပြီဖြစ်သည်။ ဘုရားသခင်သည် ၎င်းတို့ကို ဧကန်မုချ တရားစီရင်လိမ့်မည်ဖြစ်ပြီး သူသည် ၎င်းတို့ကို မုချအမျက်ထွက်မည်ဖြစ်ကာ ယင်း၌ ဘုရားသခင်၏ ဘုန်းအာနုဘော်အား ထုတ်ဖော်ပြလိမ့်မည်၊ သူ၏ တရားစီရင်ခြင်းကို အချိန်မဆိုင်းဘဲ၊ နှောင့်နှေးခြင်း အလျှင်းမရှိဘဲ ပြုလေသည်။ ဘုရားသခင်၏ အမျက်ဒေါသမီးသည် ၎င်းတို့၏ စက်ဆုပ်ရွံရှာဖွယ်ကောင်းသော အပြစ်များကို ဧကန်မုချ မီးရှို့ဖျက်ဆီးမည်ဖြစ်ပြီး ၎င်းတို့အပေါ် အချိန်မရွေး ကပ်ဘေးကျရောက်လေမည်။ ၎င်းတို့သည် လွတ်မြောက်ရန် လမ်းကို သိကြမည်မဟုတ်ဘဲ ပုန်းအောင်းစရာ နေရာမရှိ ဖြစ်ကြမည်၊ ၎င်းတို့သည် ငိုကြွေးကာ အံသွားခဲကြိတ်ကြလေမည်ဖြစ်ပြီး ကိုယ့်သေတွင်းကိုယ် တူးကြလိမ့်မည်။
ဘုရားသခင်၏ အောင်ပွဲခံသော ချစ်သားများသည် ဇိအုန်၌ မုချနေထိုင်ကြမည်ဖြစ်လိမ့်မည်၊ ထိုနေရာမှ မည်သည့်အခါမျှ ထွက်ခွာကြ မည်မဟုတ်။ မြောက်မြားစွာသော လူတို့သည် သူ၏အသံတော်ကို စေ့စေ့နားထောင်ကြလိမ့်မည်၊ ၎င်းတို့သည် သူ၏ လုပ်ဆောင်ချက်များကို အသေအချာ အလေးဂရုပြုကြလိမ့်မည်ဖြစ်ပြီး ၎င်းတို့၏ ချီးမွမ်းခြင်း အသံများသည် မည်သည့်အခါတွင်မျှ ရပ်စဲမည်မဟုတ်ပေ။ စစ်မှန်သည့် တစ်ပါးတည်းသော ဘုရားသခင်သည် ပေါ်ထွန်းလေပြီ။ ငါတို့သည် စိတ်ဝိညာဉ်၌ သူနှင့်ပတ်သက်၍ ယုံမှားဖွယ်မရှိဘဲ၊ သူ့နောက်သို့ နီးကပ်စွာ လိုက်သင့်ပေသည်။ ငါတို့သည် အစွမ်းကုန် ရှေ့သို့ တစ်ဟုန်ထိုးပြေးပြီး နောက်ထပ် မတုံ့ဆိုင်းသင့်ပေ။ ကမ္ဘာလောက၏ အဆုံးသတ်သည် ငါတို့ရှေ့၌ ဖွင့်ဟလျက်ရှိ၏။ မှန်ကန်သော အသင်းတော် အသက်တာအပြင် ငါတို့ပတ်လည်၌ရှိသော လူများ၊ အရေးကိစ္စများနှင့် အမှုအရာများသည် ယခုပင်လျှင် ငါတို့၏ လေ့ကျင့်ခြင်းကို ပို၍ပြင်းထန်စေနေသည်။ လောကကို အလွန်ချစ်သော ငါတို့၏စိတ်နှလုံးများကို အလျင်အမြန် ပြန်ယူကြပါစို့။ အလွန် မှေးမှိန်သော ငါတို့၏ရူပါရုံကို အလျင်အမြန် ပြန်ယူကြပါစို့။ ငါတို့သည် နယ်နိမိတ်များကို မကျော်လွန်မိနိုင်စေရန် ငါတို့၏ ခြေလှမ်းများကို ထိန်းကြစို့။ ငါတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြင့် လျှောက်လှမ်းပြီး ငါတို့၏ အကျိုးအမြတ်များနှင့် ဆုံးရှုံးမှုတို့ကို ခုခံပြောဆိုခြင်းမရှိနိုင်တော့ဖို့အလို့ငှာ ငါတို့၏နှုတ်များကို ရပ်တန့်ကြစို့။ လောကီနှင့် ကြွယ်ဝချမ်းသာခြင်းကို သင်၏ အလိုကြီးသော တွယ်တာခြင်း၊ အို၊ ယင်းကို လက်လွှတ်လော့။ ခင်ပွန်းသည်များနှင့် သားသမီးများကို သင်၏ နှောင်တွယ်နေသော သံယောဇဉ်၊ အို၊ ယင်းမှ မိမိကိုယ်ကို လွတ်မြောက်စေကြလော့။ သင်တို့၏ရှုထောင့်အမြင်များနှင့် အခြေအမြစ် မရှိသော စွဲလမ်းမှုများကို ကျောခိုင်းကြလော့။ အို၊ နိုးထကြလော့၊ အချိန်သည် တိုတောင်း၏။ သင်တို့၏စိတ်ဝိညာဉ်အတွင်းမှ အထက်သို့ မျှော်ကြည့်လော့၊ အထက်သို့ မျှော်ကြည့်လော့၊ ပြီးလျှင် ဘုရားသခင်ကို ထိန်းချုပ်ခွင့်ပေးလော့။ မည်သည့်အရာ ဖြစ်ပါစေ လောတ၏ နောက်ထပ်ဇနီး ဖြစ်မလာစေကြနှင့်။ ပစ်ပယ်ခံရခြင်းမှာ သနားချင့်စဖွယ် ဖြစ်သည်တကား။ အမှန်ပင် သနားချင့်စဖွယ် ဖြစ်ပါတကား။ အို၊ နိုးထကြလော့။