၅၃၇ သေအံ့မူးမူးအချိန်မှ သမ္မာတရားကို သတိပြုမိခြင်းသည် နောက်ကျလွန်းပေပြီကျူး
၁
လူတို့အသိပညာများစွာကိုဟောပြောကြပေမဲ့
အသက်ငင်ချိန်မှာ ငိုကြွေးခြင်းနှင့်ပဲ အဆုံးသတ်ကြ။
သူတို့ဘဝကို အလဟဿဖြစ်စေလျက်
ကြာမြင့်စွာ အချည်းနှီး အသက်ရှင်သည့်အတွက်
ကိုယ့်ကိုယ်ကို မုန်းကြသည်။
သူတို့သည် ကျမ်းများကိုသာ နားလည်ထားပြီး
သမ္မာတရားကို လက်တွေ့မကျင့်နိုင်။
ဘုရားအတွက် သက်သေခံမည့်အစား
ပျားတစ်ကောင်လို ဟိုဒီ ပြေးလွှားကြသည်။
သေလုဆဲဆဲအချိန်ရောက်မှသာ
နောက်ဆုံးတွင် အမှန်ကို သူတို့မြင်တွေ့။
သူတို့ ဘုရားကို လုံးဝ မသိကြောင်းနှင့်
စစ်မှန်သော သက်သေခံချက် မရှိကြောင်း သူတို့ သိလာ။
ယခုအချိန်ကို ဘာကြောင့် ကောင်းစွာ အသုံးမချလဲ။
သင်မြတ်နိုးသော သမ္မာတရားကို ဘာကြောင့် မလိုက်စားသလဲ။
မနက်ဖြန်ထိ ဘာကြောင့် စောင့်နေသလဲ။
နောက်မကျဘူးလား။
သင် အသက်ရှင်နေတုန်း ဘာကြောင့် သမ္မာတရားမရှာဖွေ၊
သမ္မာတရားအတွက် ဒုက္ခမခံလဲ။
နောင်တတွေနဲ့ သေလိုသလား။
ဒါဆို ဘုရားကို ဘာကြောင့်ယုံကြည်လဲ။
၂
အနည်းသာ အားစိုက်၍
သမ္မာတရားကို လက်တွေ့ကျင့်သုံးနိုင်သည့်အရာများစွာရှိပြီး
ထိုသို့ဖြင့် ဘုရားသခင်ကို ကျေနပ်စေသည်။
သို့သော် သူတို့စိတ်နှလုံးများ နတ်ဆိုးစွဲ၍
ဘုရားအတွက် သူတို့ မဆောင်ရွက်နိုင်။
ဇာတိပကတိအတွက်သာ ဆောင်ရွက်ကြပြီး
အဆုံးတွင် သူတို့၌ ဘာမှ မရ။
ဒါကြောင့် လူတို့ အခက်အခဲများဖိစီး၍ သောကရောက်သည်။
ဤအရာများ စာတန်၏ ညှဉ်းဆဲခြင်းမဟုတ်လော။
ဤသည်မှာ ဇာတိပကတိ၏ ဖောက်ပြန်မှု မဟုတ်လော။
အပြောသက်သက်ဖြင့် ဘုရားကို မလှည့်စားနဲ့၊
လက်တွေ့လုပ်ဆောင်ခြင်းရှိလော့။
ကိုယ့်ကိုယ်ကို လှည့်စားခြင်း၊
ဇာတိပကတိနှင့် ကျော်ကြားမှုအတွက်
အသက်ရှင်ခြင်းဖြင့် ဘာအကျိုးရမလဲ။
ယခုအချိန်ကို ဘာကြောင့် ကောင်းစွာ အသုံးမချလဲ။
သင်မြတ်နိုးသော သမ္မာတရားကို ဘာကြောင့် မလိုက်စားသလဲ။
မနက်ဖြန်ထိ ဘာကြောင့် စောင့်နေသလဲ။
နောက်မကျဘူးလား။
သင် အသက်ရှင်နေတုန်း ဘာကြောင့် သမ္မာတရားမရှာဖွေ၊
သမ္မာတရားအတွက် ဒုက္ခမခံလဲ။
နောင်တတွေနဲ့ သေလိုသလား။
ဒါဆို ဘုရားကို ဘာကြောင့်ယုံကြည်လဲ။
“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်သည် ဘုရားသခင်ကို ယုံကြည်သောကြောင့် သမ္မာတရားအတွက် အသက်ရှင်သင့်သည်” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်