၁၀၂၁ လူသားမျိုးနွယ်အတွက် ဘုရားပြင်ဆင်ထားသောအရာမှာ စိတ်ကူး၍မရနိုင်ပေကျူး

၁ သင်တို့အတွက် ငါပြင်ဆင်ထားခဲ့သောအရာ ဖြစ်သည့် ရှားပါးပြီး အဖိုးတန်သော ကမ္ဘာတစ်ဝှမ်းလုံးမှ ရတနာများ အားလုံးကို သင်တို့အား ပေးအပ်မည်။ သင်တို့သည် ဤအရာအားလုံးအား ယခုတွင် စိတ်ကူးခြင်း၊ တွေးကြည့်ခြင်း မပြုနိုင်ကြသကဲ့သို့၊ ဤအရာတို့အား မည်သူကမျှ ယခင်က မွေ့လျော်ခဲ့ခြင်း မရှိပေ။ ဤကောင်းချီးမင်္ဂလာများ သင်တို့အပေါ် ကျရောက်သောအခါ၊ သင်တို့သည် အဆုံးမရှိ ဝမ်းသာပီတိ ဖြစ်လိမ့်မည်၊ သို့သော်လည်း ဤအရာအားလုံးသည် ငါ၏တန်ခိုးတော်၊ ငါ၏လုပ်ဆောင်မှုများ၊ ငါ၏ဖြောင့်မတ်ခြင်းနှင့် ထို့ထက်သာ၍ပင် ငါ၏ဘုန်းအာနုဘော်ကြောင့် ဖြစ်သည်ကို မေ့လျော့ခြင်း မရှိလေနှင့်။ (ကျေးဇူးပြုရန် ငါရွေးချယ်သော သူတို့အပေါ်တွင် ငါသည် ကျေးဇူးပြုမည် ဖြစ်ပြီး၊ သနားကရုဏာစိတ်ထားရန် ငါရွေးချယ်သော သူတို့အပေါ်တွင် ငါသည် သနားကရုဏာစိတ်ထားမည်။) ထိုအချိန်တွင် သင်တို့၌ မိဘများ ရှိကြလိမ့်မည်မဟုတ်၊ ပြီးလျှင် သွေးသားရင်းချာများလည်း ရှိကြလိမ့်မည် မဟုတ်။ သင်တို့အားလုံးသည် ငါချစ်သောလူတို့၊ ငါ၏ချစ်သားများ ဖြစ်ကြသည်။ ထိုအချိန်မှစ၍ မည်သူကမျှ သင်တို့ကို ဖိနှိပ်ဝံ့မည် မဟုတ်။ ထိုအချိန်သည် သင်တို့အတွက် လူကြီးများအဖြစ်သို့ ကြီးပြင်းရန်အချိန် ဖြစ်လိမ့်မည့်အပြင်၊ သင်တို့သည် တိုင်းနိုင်ငံများကို သံလှံတံနှင့် အုပ်စိုးရန်အချိန်လည်း ဖြစ်လိမ့်မည်။

၂ ငါ၏ချစ်သားတို့ကို အဘယ်သူသည် နှောင့်ယှက်ဝံ့သနည်း။ ၎င်းတို့ကို အဘယ်သူသည် တိုက်ခိုက်ဝံ့သနည်း။ ဖခင်သည် ဘုန်းထင်ရှားပြီး ဖြစ်သောကြောင့်၊ အားလုံးသည် ငါ၏ ချစ်သားတို့အပေါ် ရိုသေလေးမြတ်ခြင်း ရှိကြလိမ့်မည်။ မည်သူ တစ်ဦးတစ်ယောက်ကမျှ စိတ်ကူးနိုင်မည် မဟုတ်သော အရာများ အားလုံးသည် သင်တို့၏မျက်စိများရှေ့တွင် ပေါ်လာလိမ့်မည်၊ ၎င်းတို့သည် အကန့်အသတ်မဲ့၊ မကုန်ခန်းနိုင်ဘဲ အဆုံးမဲ့လိမ့်မည်။ များမကြာမီတွင် သင်တို့သည် နေ၏လောင်ကျွမ်းခြင်းနှင့် အပူ၏ နှိပ်စက်ညှဉ်းပန်းခြင်းကို ခံရရန် မလိုအပ်တော့မည်မှာ အသေအချာပင် ဖြစ်သည်၊ သင်တို့သည် အအေးဒဏ်ကိုသော်လည်းကောင်း၊ မိုးအရိပ်အငွေ့၊ ဆီးနှင်း၊ သို့မဟုတ် လေအရိပ်အငွေ့တို့ကိုလည်းကောင်း ခံစားရလိမ့်မည် မဟုတ်။ ဤသည်မှာ သင်တို့ကို ငါချစ်သောကြောင့်ဖြစ်ပြီး ၎င်းသည် ငါ့ချစ်ခြင်းမေတ္တာလောကကြီးတစ်ခုသာ လုံးလုံးလျားလျား ဖြစ်လိမ့်မည်။ သင်တို့ အလိုရှိသော အရာအားလုံးကို ငါပေးမည် ဖြစ်ပြီး၊ သင်တို့ လိုအပ်သော အရာအားလုံးကို ငါ ပြင်ဆင်ပေးမည်။ ငါသည် မဖြောင့်မတ်ဟု အဘယ်သူသည် အခိုင်အမာ ပြောဝံ့သနည်း။ ငါ၏အမျက်ဒေါသသည် ဆိုးယုတ်သောသူတို့အပေါ် ထာဝရတည်မြဲလိမ့်မည်ဟု ယခင်က ငါပြောခဲ့ပြီးဖြစ်သောကြောင့်၊ ငါသည် သင့်ကို ချက်ချင်း ကွပ်မျက်မည် ဖြစ်သည်။ သို့သော်လည်း ငါ၏ ချစ်ခြင်းမေတ္တာသည်လည်း ငါ၏ချစ်သားတို့အတွက် ထာဝရ အစဉ်အဆက် တည်မြဲလိမ့်မည် ဖြစ်သည်။

“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၈၄)” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၁၀၂၀ ဘုရား၏လူအားလုံး စိတ်ခံစားချက်တို့ကို ရင်ဖွင့်

နောက်တစ်ခုသို့- ၁၀၂၂ တစ်ချိန်က ပိုင်ဆိုင်ခဲ့သော မွန်မြတ်သန့်စင်မှုကို လူတို့ပြန်ရပြီကျူး

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၉၀၅ ဘုရားသခင်၏သြဇာအာဏာကို နားလည်နိုင်သောနည်းလမ်း

၁ဘုရားသခင်၏သြဇာအာဏာနဲ့ တန်ခိုး၊ ထင်ရှားသောလက္ခဏာ နှင့် သဘောသဘာဝတို့ကို သင်၏ စိတ်ကူးဖြင့်သိနားလည်မည်မဟုတ်စိတ်ကူးစိတ်သန်းမသုံးရဟုဆိုရာ၌...

၁၀၂၀ ဘုရား၏လူအားလုံး စိတ်ခံစားချက်တို့ကို ရင်ဖွင့်

၁အရာခပ်သိမ်းကို ဘုရားသခင် အုပ်စိုးသောနေရာ ဘုရား၏နိုင်ငံတော်ကို မျှော်ကြည့်ပါ ဖန်ဆင်းခြင်းစတင်ခဲ့ချိန်မှ ယခုနေ့ရက်တိုင်၊ ဘုရား လမ်းပြခဲ့သော...

၈၅၃ အားလုံးအတွက် ဘုရားသခင်ရဲ့ ပြည့်စုံသော စောင့်ရှောက်မှု

၁ကြီးမြတ်ခြင်း၊ သန့်ရှင်းခြင်း၊ အာဏာနှင့်မေတ္တာဘုရားသခင်ရဲ့အနှစ်သာရနှင့် ပင်ကိုစိတ်အလုံးစုံကိုအမှုတော်ဆောင်ရွက်ချိန်တိုင်း...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။