၄၁၂ သင်၏ယုံကြည်ခြင်းကို ပေါ့တန်စွာ သဘောထားလျှင် အဘယ်အရာဖြစ်လာသနည်းကျူး

၁ ဘုရားသခင်၌ ယုံကြည်မှုတွင် အောင်မြင်မှုကို လူတို့ကိုယ်တိုင်၏ လုပ်ရပ်များ၏ ရလဒ်တစ်ခုအဖြစ် ရရှိသည်။ လူတို့သည် မအောင်မြင်ဘဲ၊ ယင်းအစား ကျရှုံးသည့်အခါ၊ ယင်းသည်လည်း ၎င်းတို့ကိုယ်တိုင်၏ လုပ်ရပ်များကြောင့် ဖြစ်ပြီး၊ အခြားမည်သည့်အကြောင်းရင်း၏ စိုးမိုးမှုတစ်ခုကြောင့်မျှ မဟုတ်ပေ။ သင်တို့သည် ဘုရားသခင်ကို ယုံကြည်ခြင်းထက် သာ၍ ခက်ခဲပြီး သာ၍ ဆင်းရဲဒုက္ခ ဖြစ်ပေါ်စေသည့် အရာတစ်ခုကို ရရှိဖို့ လိုအပ်သည့်အရာဟူသမျှ လုပ်ဆောင်ကြမည်ဖြစ်ပြီး ယင်းကို အလွန်လေးနက်စွာ သင်တို့ သဘောထားမည်မှာ သင်တို့အနေဖြင့် မည်သည့်အမှားကိုမျှ သည်းမခံလိုသည်အထိ ဖြစ်မည်။ ဤသည်တို့မှာ သင်တို့၏ အသက်တာများတွင် သင်တို့အားလုံး ထားရှိသည့် မနားမနေ အားထုတ်မှုမျိုးများ ဖြစ်သည်။ သင်တို့သည် သင်တို့ကိုယ်တိုင်၏ မိသားစုဝင်တစ်ဦးတစ်ယောက်ကိုမျှ လှည့်ဖြားမည် မဟုတ်သည့် အခြေအနေမျိုးတွင်ပင် ငါ၏ လူ့ဇာတိကို လှည့်ဖြားခြင်းငှာ တတ်စွမ်းနိုင်ကြလေသည်။ ဤသည်မှာ သင်တို့၏ တစ်သမတ်တည်းဖြစ်သော အပြုအမူနှင့် သင်တို့ အသက်ရှင်သည့် အခြေခံသဘောတရား ဖြစ်သည်။

၂ သင်တို့ လိုအပ်သည့်အရာသည် ငါ၏ အပတ်တကုတ် ကြိုးစား အားထုတ်သည့် အလုပ် ဖြစ်ဖို့မဆိုထားနှင့်၊ သမ္မာတရားနှင့် အသက် မဟုတ်သကဲ့သို့၊ မည်သို့ပြုမူနေထိုင်ရမည်ဟူသော ကိုယ်ကျင့်တရားများလည်း မဟုတ်ပေ။ ယင်းထက်၊ သင်တို့ လိုအပ်သောအရာမှာ ဇာတိပကတိ၌ သင်တို့ ပိုင်ဆိုင်သမျှ အရာရာ ဖြစ်သည်။ သင်တို့သည် ငါ၏ နှုတ်ကပတ်တော်များနှင့် ငါ၏အမှုကို လုံးဝ အထင်အမြင် သေးကြသည်။ ထို့ကြောင့် သင်တို့၏ ယုံကြည်ခြင်းကို ဝတ်ကျတမ်းကျေ ဟူသော စကားတစ်လုံးဖြင့် အကျဉ်းချုံးနိုင်သည်။ သင်တို့သည် သင်တို့ လုံးလုံးလျားလျား ဆက်ကပ်ထားသော အရာများကို ရရှိဖို့ရန် မည်သည့်အတိုင်းအတာထိမဆို လုပ်ဆောင်ကြလိမ့်မည် ဖြစ်သော်လည်း၊ သင်တို့၏ ဘုရားသခင်၌ ယုံကြည်ခြင်းနှင့် ဆက်နွှယ်သည့် ကိစ္စများအတွက် အလားတူ လုပ်ဆောင်ကြမည် မဟုတ်ပေ။ အတိအကျဆိုရပါက၊ သင်တို့သည် အတော်အသင့်သာ သစ္စာရှိပြီး အတော်အသင့်သာ လေးလေးနက်နက်ရှိကြသည်။ ယင်းမှာ အဆုံးစွန် ရိုးသားစစ်မှန်မှုရှိသည့်‌ စိတ်နှလုံးတစ်ခု ကင်းမဲ့သောသူတို့သည် ဘုရားသခင်၌ ၎င်းတို့၏ ယုံကြည်ခြင်းတွင် ရှုံးနိမ့်သောသူများ ဖြစ်ကြသည်ဟု ငါ ပြောရသည့် အကြောင်းရင်း ဖြစ်ပေသည်။ သေချာစွာစဉ်းစားလော့- သင်တို့အထဲတွင် ရှုံးနိမ့်သူများစွာ ရှိသလော။

၃ နောက်ဆုံးအနေဖြင့်၊ သင်တို့၏ အားထုတ်မှုများတွင် လှည့်ဖြားသော နည်းလမ်းကို အသုံးမပြုသည်က သာ၍ ကောင်းမည်ဖြစ်သော်လည်း၊ သင်တို့၏ ခရီးပန်းတိုင်အတွက် လေးနက်သော အားထုတ်မှုကို သင်တို့အားလုံး ထားရှိမည်ဟု ငါ မျှော်လင့်၏၊ သို့မဟုတ်ပါက၊ ငါ၏စိတ်နှလုံးထဲ၌ သင်တို့ကို ဆက်လက် စိတ်ပျက်နေမိလိမ့်မည်ဖြစ်သည်။ ထိုသို့သော စိတ်ပျက်ခြင်းသည် မည်သည့်အရာသို့ ဦးတည်သနည်း။ သင်တို့သည် မိမိတို့ကိုယ်ကိုယ် လှည့်စားနေခြင်း မဟုတ်လော။ မိမိတို့၏ ခရီးပန်းတိုင်ကို ဆင်ခြင်တွေးတောမှုပြုသော်လည်း၊ ယင်းကို ဖျက်ဆီးသောသူများသည် ကယ်တင်ခံရဖို့ အနည်းဆုံးသော လူများဖြစ်သည်။ သူသည် စိတ်တိုလာပြီး ဒေါသထွက်လာလျှင်ပင်၊ အဘယ်သူသည် ထိုသို့သော လူတစ်ဦးအပေါ် သနားမည်နည်း။ အားလုံး ခြုံကြည့်သော်၊ သင့်လျော်ကာ ကောင်းမွန်သော ခရီးပန်းတိုင်တစ်ခုရှိဖို့ သင်တို့အတွက် ငါ ဆန္ဒရှိဆဲ ဖြစ်သကဲ့သို့၊ ထို့ထက်ပင်ပို၍၊ သင်တို့ထဲမှ မည်သူမျှ ကပ်ဘေးထဲသို့ ကျရောက်လိမ့်မည်မဟုတ်ဟု ငါမျှော်လင့်သည်။

“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ခရီးပန်းတိုင်နှင့်ပတ်သက်၍” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၄၁၁ ဘုရားကို ယုံကြည်သော်လည်း သမ္မာတရားကို လက်မခံလျှင် မယုံကြည်သူသာဖြစ်၏ကျူး

နောက်တစ်ခုသို့- ၄၁၃ ဘုရားမချီးမွမ်းသော ယုံကြည်ခြင်းကျူး

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၃၃၀ သင့်အပေါ် ဘုရားရဲ့မျှော်လင့်ချက် သိပြီလား

၁ အဆုံးမဲ့ဒီကမ္ဘာကြီးထဲ ဘယ်သူ့ကို ဘုရားဆန်းစစ်ခဲ့လဲဝိညာဉ်တော်ဘုရားရဲ့စကားများ ကိုယ်တိုင်ဘယ်သူကြားဖူးလဲများစွာသောလူတို့ အမှောင်ထုထဲကို...

၇၄၉ ဘုရားရဲ့ ကောင်းချီးအပေါ်ထားတဲ့ ယောဘရဲ့ သဘောထား

၁ယောဘဟာ သူလက်ထဲပိုင်သမျှသူ့ ကြိုးပမ်းမှုမဟုတ်ဘဲ ဘုရားပေးခဲ့တာကိုယုံခဲ့တယ်။ကောင်းချီးတွေကို အခွင့်ကောင်းယူစရာလို့ မမြင်ဘဲသူ လိုက်နာရမယ့်...

၂၀၉ လမ်းမှန်ရှာဖွေဖို့အတွက် လမ်းစဉ်များ

၁ စစ်မှန်သောလမ်းခရီးကို ရှာခြင်း၌ အခြေခံအကျဆုံးနိယာမမှာ မည်သည့်အရာနည်း။ သင့်အနေဖြင့် ဤလမ်းခရီး၌ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ရှိ မရှိ၊...

၈၈၆ ဘုရားရဲ့ချစ်ခြင်းမေတ္တာကို အဘယ်ဖန်ဆင်းခြင်းသတ္တဝါမှ မပိုင်ဆိုင်

၁ဘုရားရဲ့နှုတ်ကပတ်တော်သည် အသက်နဲ့ပြည့်စုံ၊ လျှောက်ရမယ့်လမ်းကို ညွှန်ပြ သမ္မာတရားကို နားလည်သဘောပေါက်စေကျွန်ုပ်တို့ သူ့နှုတ်ကပတ်တော်ကို...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။