ဘုရားအတွက် အဘယ်အရာကို သင်ရင်းနှီးမြှုပ်နှံပြီးပြီနည်းကျူး
၁ အာဗြဟံသည် ဣဇာက်ကို ပူဇော်ခဲ့သည်။ သင်တို့သည် မည်သည့်အရာကို ပူဇော်ခဲ့ပြီးပြီနည်း။ ယောဘသည် ရှိသမျှကို ပူဇော်ခဲ့သည်။ သင်တို့သည် မည်သည့်အရာကို ပူဇော်ခဲ့ပြီးပြီနည်း။ လူမြောက်မြားစွာတို့သည် မှန်သောလမ်းကို ရှာဖွေရန်အတွက် ၎င်းတို့၏ အသက်များကို ပေးခဲ့ကြသည်၊ လည်စင်းခံခဲ့ကြပြီး အသွေးသွန်းခဲ့ကြသည်။ သင်တို့သည် ထိုအဖိုးအခကို ပေးခဲ့ဖူးသလော။ နှိုင်းယှဉ်ကြည့်ပါက သင်တို့အားလုံးသည် ထိုကဲ့သို့ ကြီးမားသော ကျေးဇူးတော်ကို ခံစားရရန် အရည်အချင်း မပြည့်မီသောကြောင့် သင်တို့သည် မောဘ၏အမျိုးအနွယ်များ ဖြစ်သည်ဟု ယနေ့ဆိုခြင်းမှာ မှားသလော။ သင့်ကိုယ်သင် အလွန်အမင်း အထင်တကြီး မြင်မနေနှင့်။ သင်၌ ဝါကြွားစရာ တစ်စုံတစ်ခုမျှ မရှိ။ ထိုကဲ့သို့ ကြီးမားသော ကယ်တင်ခြင်း၊ ထိုကဲ့သို့ ကြီးမားသော ကျေးဇူးတော်ကို သင့်အား အခမဲ့ပေးခြင်း ဖြစ်သည်။ သင်တို့သည် မည်သည့်အရာကိုမျှ စွန့်လွှတ်ရခြင်း မရှိခဲ့သော်လည်း သင်တို့သည် ကျေးဇူးတော်ကို အခမဲ့ ခံစားခဲ့ရခြင်းသာ ဖြစ်သည်။ သင်တို့ မရှက်သလော။
၂ ဤလမ်းမှန်မှာ သင်တို့ကိုယ်တိုင် ရှာဖွေခြင်းဖြင့် ရှာတွေ့ခဲ့သော အရာတစ်စုံတစ်ခု ဖြစ်သလော။ ထိုလမ်းကို လက်ခံရန် သင်တို့ကို ဖိအားပေးတိုက်တွန်းခဲ့သည်မှာ သန့်ရှင်းသောဝိညာဉ်တော် မဟုတ်ခဲ့သလော။ သင်တို့၌ ရှာဖွေတတ်သော စိတ်နှလုံးတစ်ခု မည်သည့်အခါကမျှ မရှိခဲ့ဘဲ အထူးသဖြင့် သင်တို့သည် သမ္မာတရားကို ရှာဖွေတတ်သော၊ သမ္မာတရားကို တောင့်တတတ်သော စိတ်နှလုံးများ မရှိကြပေ။သင်တို့သည် အခံ့သားထိုင်နေကာ ၎င်းကို ခံစားနေခဲ့ကြခြင်းဖြစ်ပြီး ဤသမ္မာတရားကို သင်တို့ဘက်မှ အားထုတ်ကြိုးပမ်းမှု မပါဘဲ သင်တို့ ရရှိခဲ့ခြင်းဖြစ်သည်။ သင်တို့၌ စောဒကတက်ရန် မည်သည့် အခွင့်အရေး ရှိသနည်း။ သင်သည် အလွန့်အလွန် ထိုက်တန်သောသူ ဖြစ်သည်ဟု သင်ထင်သလော။ မိမိတို့၏ အသက်များကို စွန့်ခဲ့ပြီး မိမိတို့၏ အသွေးကိုသွန်းခဲ့သော သူများနှင့် နှိုင်းယှဉ်ပါက သင်တို့၌ စောဒကတက်စရာ မည်သည့်အရာ ရှိသနည်း။ နာခံခြင်းနှင့် လိုက်လျှောက်ခြင်းမှအပ သင်တို့၌ အခြားသောရွေးချယ်စရာများ မရှိ။ သင်တို့သည် အမှန်တကယ်ပင် မထိုက်တန်သောသူများ ဖြစ်ကြသည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “မောဘအမျိုးအနွယ်တို့အား ကယ်တင်ခြင်း၏ ရည်ရွယ်ချက်” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။