မေးခွန်း ၂- သခင်ယေရှုက လူ့ဇာတိခံ ဘုရားသခင်ဖြစ်ခဲ့သည်ကို သခင့်ကို ယုံကြည်သူတို့က သိကြသော်လည်း၊ လူ့ဇာတိခံယူခြင်းနှင့်ဆိုင်သော သမ္မာတရားကို နားလည်သောလူများမှာ အလွန်နည်းပါးသည်။ သခင်ပြန်ကြွလာသည့် အချိန်တွင်၊ သခင်ယေရှု ပေါ်ထွန်းခဲ့သကဲ့သို့ လူသား ဖြစ်လာပြီး အမှုပြုရင်း သူ ပေါ်ထွန်းလျှင်၊ သခင်ယေရှုကို လူတို့ သတိပြုမိရန်နှင့် သူ၏ ပြန်ကြွလာခြင်းကို ကြိုဆိုရန် လုံး၀ဖြစ်နိုင်လိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် လူ့ဇာတိခံယူခြင်းဆိုသည်မှာ အမှန်တကယ် မည်သည့်အရာနည်း။ လူ့ဇာတိခံယူခြင်း၏ အနှစ်သာရမှာ အဘယ်နည်း။

အဖြေ-

လူ့ဇာတိခံခြင်း၏ အနှစ်သာရ ဆိုသည်မှာ အဘယ်နည်း၊ ခရစ်တော်က ဘာလဲဆိုသည့် မေးခွန်းနှင့်ပတ်သက်လျှင်မူ၊ ဤသည်မှာ မည်သည့် ယုံကြည်သူမှ နားမလည်ကြသည့် သမ္မာတရား၏ နက်နဲမှုတစ်ခုဟုသာ ပြောနိုင်ပါသည်။ သခင်ယေရှုက လူ့ဇာတိခံ ဘုရားသခင်ဖြစ်ကြောင်းကို နှစ်ပေါင်းထောင်ချီနေသည့် ယုံကြည်သူ အဆက်ဆက်က သိခဲ့ကြသည် ဆိုသော်ငြားလည်း၊ လူ့ဇာတိခံယူခြင်းနှင့် လူ့ဇာတိခံယူခြင်း၏ အစစ်အမှန် အနှစ်သာရကိုမူ မည်သူမျှ နားမလည်ကြပါ။ နောက်ဆုံးသောကာလ၏ အနန္တတန်ခိုးရှင်ဘုရားသခင် ကြွလာခဲ့သည့် ယခုချိန်ကျမှသာ၊ သမ္မာတရား၏ ထိုကဲ့သို့နက်နဲသည့် လက္ခဏာသွင်ပြင်ကို လူများထံထုတ်ဖော်ပြ လိုက်ခြင်းဖြစ်သည်။

............

လူ့ဇာတိခံခြင်းဆိုသည်မှာ လူအဖြစ်အသွင်ယူထားသည့် ဘုရားသခင်၏ ဝိညာဉ်တော်ဖြစ်ကြောင်းကို အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များ အရ ကျွန်တော်တို့သိကြပြီ။ တစ်နည်းပြောရလျှင် ဘုရားသခင်၏ ဝိညာဉ်တော်က သာမန်လူ့သဘာ၀ သာမန်လူအတွေးအခေါ် နှင့် လူ့ဇာတိခံယူပြီး ပေါ်ပေါက်လာခြင်းဖြစ်သည်။ ထိုကဲ့သို့ သာမန်လူများကဲ့သို့ အလုပ်လုပ်သည့် ပြောတတ်ဆိုတတ်သည့် သာမန် လူတစ်ယောက်က လူများကြားထဲမှာ ပေါ်လာသည်။ ဤခန္ဓာမှာ သာမန်လူ့သဘာဝရှိပါသည်။ ပြည့်စုံသည့် ဘုရားသခင်၏ သဘောသဘာဝ လည်းရှိသည်။ အပြင်ပန်းမှာ သာမန်လူတစ်ယောက်အဖြစ် မြင်ရသော်ငြားလည်း၊ သူက ဘုရားသခင်၏အမှုတော်ကို ထမ်းဆောင်နိုင်စွမ်း ရှိပါသည်။ ဘုရားသခင်၏ အသံတော်ကို ဖော်ပြနိုင်စွမ်းရှိသည်။ လူသားများကိုလည်း လမ်းပြကယ်တင် နိုင်စွမ်း ရှိပါသည်။ ဤသည်မှာ သူ့မှာ ပြီးပြည့်စုံသည့် ဘုရားသခင်၏ သဘောသဘာဝ ရှိသောကြောင့် ဖြစ်ပါသည်။ ပြီးပြည့်စုံသည့် ဘုရားသခင်အဖြစ်တော်ဆိုသည်မှာ ဘုရားသခင်၏ ဝိညာဉ်တော် ပိုင်ဆိုင်သည့် အရာအားလုံးကို ဆိုလိုပါသည်။ ဘုရားသခင်၏ ပင်ကိုစိတ်နေသဘောထား၊ ဘုရားသခင်၏သန့်ရှင်းခြင်းနှင့် ဖြောင့်မတ်ခြင်း ဂုဏ်၊ ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်း၊ ဘုရားသခင်၏ အနန္တတန်ခိုးနှင့် ပညာဉာဏ်၊ ပြီးလျှင် ဘုရားသခင်၏ ဩဇာအာဏာ နှင့် ဘုန်းတန်ခိုးတို့ဖြစ်ပါသည်။ ဤအရာများအားလုံးက လူ့ဇာတိခံယူရာတွင် တွဲလျက်ပါလာသည်။ ဤလူသားက ခရစ်တော်ဖြစ်ပါသည်။ ဤလူသားက အမှုတော်ကိုဆောင်ရွက်ဖို့၊ လူများကို ကယ်တင်ဖို့အတွက် ကမ္ဘာမြေပေါ် ရောက်လာသည့် လက်တွေ့ကျသော ဘုရားသခင်ဖြစ်ပါသည်။ အပြင်ပန်းအရ့ ခရစ်တော်က သာမန်ပုံမှန်လူသားတစ်ယောက်ဖြစ်ပါသည်။ သို့သော် ဖန်ဆင်းခံထားရသည့် လူသားများနှင့်စာပါက၊ သူက အနှစ်သာရအားဖြင့် ကွဲပြားပါသည်။ အဖန်ဆင်းခံလူသားက လူ့သဘာဝသက်သက်ပင် ဖြစ်သည်။ သူတို့တွင် ဘုရားသဘောသဘာဝ၏ အနှစ်သာရ နည်းနည်းလေးတောင် မပါဝင်ပါ။ ခရစ်တော်မှာမူ သာမန်လူ့သဘာဝရှိသည့်အပြင် ပိုပြီး အရေးကြီးသည့် ပြည့်စုံသည့် ဘုရား၏သဘောသဘာဝလည်း ရှိပါသည်။ ထို့ကြောင့် သူက ဘုရား၏ဂုဏ်ဒြပ်ရှိပါသည်။ ဘုရားသခင်ကို လုံးဝ ကိုယ်စားပြုနိုင်သည်။ ဘုရားသခင် ကိုယ်တော်တိုင်ကဲ့သို့ပင် သမ္မာတရား အားလုံးကို ဟောကြားနိုင်သည်။ သူက ဘုရားသခင်၏စိတ်သဘောထားနှင့် ဘုရားသခင်၏ အရာအားလုံးနှင့် ဖြစ်ခြင်း ကို ဖော်ထုတ်ပြနိုင်သည်။ လူများအတွက် သမ္မာတရား၊ လမ်းခရီးနှင့် အသက်ကိုလည်း ပေးစွမ်းနိုင်ပါသည်။ ဖန်ဆင်းခံရသည့် လူများက ထိုကဲ့သို့စွမ်းဆောင်မှုများကို လုပ်နိုင်စွမ်းမရှိပါ။ ခရစ်တော်ကတော့ လူ့ဇာတိအဖြစ်နှင့် အမှုတော် ဆောင်ရွက်သည်၊ ဟောကြားသည်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင်၏ အရာအားလုံးနှင့် ဖြစ်ခြင်းကို ဖော်ထုတ်ပြသည်။ သို့သော် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဟောကြားရာတွင်ဖြစ်စေ၊ ဘုရားသခင်၏ အမှုတော်ကို ဆောင်ရွက်ရာတွင်ဖြစ်ဖြစ် သာမန်လူ့သဘာဝ စည်းထဲကသာ ဆောင်ရွက်ပါသည်။ သူ့တွင် သာမန် လူ့ဇာတိသဘောတစ်ခု ရှိပြီး၊ မည်သည့်တန်ခိုးဣဒ္ဓိပါဒ်မှ သူ့တွင် မရှိပါ။ ဤသည်မှာ ဘုရားသခင်က လူ့ဇာတိခံလိုက်ကြောင်းကို သက်သေထူပါသည်။ ကိုယ်တော်က သာမန်လူသား တစ်ယောက် ဖြစ်နေပါပြီ။ လူ့ဇာတိ၌ပေါ်သော နှုတ်ကပတ်တော် ဆိုသည့်အချက်ကို ဤသာမန်လူသားက ဖြည့်စွမ်း ပေးလိုက်ပါပြီ။ သူက လူ့ဇာတိခံယူသည့် လက်တွေ့ကျသော ဘုရားသခင် ဖြစ်ပါသည်။ ခရစ်တော်က ပြီးပြည့်စုံသည့် ဘုရား၏သဘောသဘာဝ ရှိတာကြောင့်၊ သူက ဘုရားသခင်ကို ကိုယ်စားပြုနိုင်သည်။ သမ္မာတရားကို ဟောကြားနိုင်သည်။ လူများကို ကယ်တင်နိုင်သည်။ ခရစ်တော်က ပြီးပြည့်စုံသည့် ဘုရား၏သဘောသဘာဝရှိသောကြောင့် သူက ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လက်ဆင့်ကမ်းဖော်ပြရုံသက်သက် မဟုတ်ပါ။ ဘုရားသခင်၏နှုတ်ကပတ်တော်ကို တိုက်ရိုက်ဟောကြားနိုင်ပါသည်။ သူက လူသားအပေါင်းကို ဖြည့်ဆည်းပေးရင်း၊ ပျိုးထောင်ပေးရင်း၊ လမ်းပြထိန်းသိမ်းပေးရင်းနှင့် မည်သည့်အချိန် မည်သည့်နေရာတွင်မဆို သမ္မာတရားကို ဟောကြားနိုင်ပါသည်။ ခရစ်တော်က ပြီးပြည့်စုံသည့် ဘုရား၏ သဘောသဘာဝရှိသည့်အပြင်၊ ဘုရားသခင်၏ လက္ခဏာတော် နှင့် အနှစ်သာရလည်း၊ ပိုင်ဆိုင်သောကြောင့် သူက ဘုရားသခင်၏ လူ့ဇာတိခံခြင်းဖြစ်သည်၊ လက်တွေ့ကျသော ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်သည်ဟု ဆိုနိုင်ပါသည်။

ဘုရားသခင်အနေနှင့် လူ့ဇာတိခံသည့်အခါ ကြီးမြတ်သည့် အသွင်အပြင်နှင့်လား၊ သာမန်လူတစ်ယောက်အဖြစ်နှင့်လားဆိုသည်မှာ လူ့ဇာတိခံခြင်း၏ လျှို့ဝှက်နက်နဲမှုနှင့် မဆိုင်သလောက်ဖြစ်ပါသည်။ ပြည့်စုံသည့် ဘုရား၏ သဘောသဘာဝကို သာမန်လူ့ဇာတိထဲ ဖုံးကွယ်ထားသည် ဆိုသည့် အချက်ကသာ အဓိကပါ။ ဤဖုံးကွယ်ထားသည့် ဘုရား၏ သဘောသဘာဝ ကို မည်သည့်လူသားမှ ဖော်ထုတ်နိုင်စွမ်း၊ မြင်နိုင်စွမ်း မရှိပါ။ အမှုတော်ကိုဆောင်ရွက်ဖို့ သခင်ယေရှု ကြွခဲ့သည့် အချိန်တုန်းကကဲ့သို့ပင်ဖြစ်ပါသည်၊ ကိုယ်တော့်အသံတော်ကို မကြားခဲ့ကြ ပါက၊ ကိုယ်တော့်မိန့်ဆိုချက်များ၊ အမှုတော်များကို မတွေ့ကြုံခဲ့ကြရ ပါက၊ သခင်ယေရှုကို ဘုရားသခင်၏သားတော်၊ ခရစ်တော်အဖြစ် မည်သူမျှ ခွဲခြားနိုင်ခဲ့ကြမည် မဟုတ်ပါ။ ထို့ကြောင့် ဘုရားသခင်၏လူ့ဇာတိခံခြင်းက ကိုယ်တော့် အတွက် လူများကြားထဲ လျှို့ဝှက်ဆင်းသက်ဖို့ အကောင်းဆုံး နည်းလမ်းဖြစ်ပါသည်။ သခင်ယေရှု ကြွလာခဲ့သည့်အချိန်ကဆိုပါက အပြင်ပန်းအသွင်အပြင်ကိုကြည့်ပြီး၊ သူက လူ့ဇာတိခံထားသည့်ဘုရားသခင်၊ ခရစ်တော်ဖြစ်ကြောင်း ကို မည်သူမျှ မပြောနိုင်ခဲ့ပါ၊ လူ့သဘာဝထဲ ဖုံးကွယ်ထားသည့် ဘုရား၏ သဘောသဘာဝကိုလည်း မည်သူမျှ မမြင်နိုင်ခဲ့၊ သခင်ယေရှုက သမ္မာတရားကိုဟောကြားပြီး၊ လူများအပေါ် ရွေးနုတ်ခြင်း အမှုကို ဆောင်ရွက်ပြီးချိန်ကျမှ ကိုယ်တော်၏ မိန့်ဆိုချက်များက အခွင့်အာဏာနှင့် တန်ခိုးရှိသည်ကို သိလာခဲ့ကြခြင်းဖြစ်သည်။ ထိုအချိန်ကျမှ ကိုယ်တော့်ကို စပြီး ဆည်းကပ်ခဲ့ကြခြင်းဖြစ်သည်။ သခင်ယေရှုက ပြန်လည်ထမြောက်တော်မူပြီး၊ လူများရှေ့ကို ပေါ်ထွက်ချိန်မှသာ လူများအနေနှင့် သူ့ကို ဘုရားသခင်ပေါ်ထွန်းခြင်းဖြစ်မှန်း၊ လူ့ဇာတိခံယူသည့် ခရစ်တော်ဖြစ်မှန်း နားလည်ခဲ့ကြခြင်းဖြစ်သည်။ ကိုယ်တော်ကသာ သမ္မာတရားကို မဟောကြားဘဲ၊ အမှုတော်ကိုလည်း မဆောင်ရွက်ခဲ့ ဆိုပါက၊ မည်သူကမျှ ကိုယ်တော့်ကို ဆည်းကပ်ခဲ့ကြမည်မဟုတ်ပါ။ ကိုယ်တော်ကိုယ်တိုင် ကလည်း သူက ဘုရားသခင်ပေါ်ထွန်းခြင်းဖြစ်ကြောင်း၊ ခရစ်တော်ဖြစ်ကြောင်း သက်သေ မခံခဲ့ပါက၊ ကိုယ်တော့်ကို မည်သူမှန်းလည်း သိခဲ့ကြမည်မဟုတ်ပါ။ အဘယ့်ကြောင့်နည်းဆိုသော လူများ ယုံကြည်ကြသည်မှာ တစ်ခု ရှိပါသည်။ သူက တကယ်ပဲ လူ့ဇာတိခံသည့် ဘုရားသခင်ဖြစ်သည်ဆိုပါက၊ တန်ခိုးဣဒ္ဓိပါဒ်များနှင့် ပြည့်စုံသူ ဖြစ်သင့်သည့်။ ကြီးမြတ်သည့်သွင်ပြင်၊ ကြောက်ရွံ့ရိုသေစရာဟန်ပန်နှင့် သာမန်မဟုတ်သည့် လူမျိုး ဖြစ်သင့်သည်၊ သူက အခွင့်အာဏာအပြည့်နှင့် ပြောဆိုဟောကြား သင့်ရုံမက၊ မည်သည့်နေရာရောက်ရောက် အံ့ဖွယ် နိမိတ်လက္ခဏာများ ပြသင့်သည် တို့ဖြစ်ပါသည့်။ ဤသည်မှာက လူ့ဇာတိခံသည့်ဘုရားသခင်တွင် ရှိသင့်သည့်အရာများဖြစ်သည်။ အကယ်၍ သူက အပြင်ပန်းအရလည်း တခြားသာမန်လူများ အတိုင်းဖြစ်မည်၊ သာမန်လူ့သဘာဝပဲ ရှိသည်ဆိုပါက၊ သူက ဘုရားသခင်၏လူ့ဇာတိခံခြင်း မဟုတ်သည်မှာသေချာသည်ဟု မြင်ကြသည်။ သို့ပါက ပြန်ပြီးဆင်ခြင်ကြည့်ကြပါစို့။ သခင်ယေရှုက အမှုတော်အတွက် လူ့ဇာတိခံခဲ့ချိန်တုန်းက သမ္မာတရားနှင့် ဘုရားသခင်၏ အသံတော်ကို မည်မျှပင် ဖော်ထုတ်ပြပါစေ၊ ဘယ်သူကမှ ကိုယ်တော်အဖြစ် မသိခဲ့ကြ။ တစ်ယောက်ယောက်က သခင်ယေရှုအတွက် သက်သေရပ်တည် သည်ကို ကြားလျှင်ပင်၊ ၎င်းမှာ ယောသပ်၏သား မဟုတ်ပါလား၊ နာဇရက်လူ မဟုတ်ပါလား ဟု ပြောခဲ့ကြသည်။ ယဇ်ပုရောဟိတ်အကြီးအကဲများ၊ ကျမ်းပြုဆရာများနှင့် ဖာရိရှဲတို့က ကိုယ်တော့်ကို အဘယ့်ကြောင့် ထိုကဲ့သို့ပြောဆိုခဲ့ကြသနည်း။ အဘယ့်ကြောင့်နည်းဆိုသော် သခင်ယေရှုက အပြင်ပန်းအရ သာမန်လူ့သဘာဝပဲ ရှိခဲ့၍ ဖြစ်သည်၊ သူက ပျမ်းမျှသာမန်လူ တစ်ယောက်အဖြစ် ရှိခဲ့ခြင်းဖြစ်သည်။ ခန့်ညားကြောက်ရွံ့စရာ သွင်ပြင် မရှိခဲ့ပါ။ ထို့ကြောင့် သူ့ကို မည်သူကမျှ လက်မခံခဲ့ခြင်းဖြစ်သည်။ တကယ်တော့ သူက လူ့ဇာတိကိုခံယူထားသရွေ့၊ သတ်မှတ်ချက်အရ သာမန်လူ့သဘာဝအတိုင်းပဲ ရှိရမည်။ လူ့ဇာတိခံထားသည့် ဘုရားသခင်ကိုယ်တော်တိုင်က သာမန်ပုံမှန်လူတစ်ယောက် ဖြစ်ကြောင်းကို သူက လူများကိုပြရမည်။ ကိုယ်တော်က သာမန်လူသားအဖြစ်နှင့်သာ ပေါ်ထွန်းပါသည်။ ဘုရားသခင်က သာမန်လူတစ်ယောက်အဖြစ်နှင့်မဟုတ်ဘဲ၊ သာမန်မဟုတ်သည့် လူသားအဖြစ် ဇာတိခံခဲ့မည်ဆိုပါက၊ လူ့ဇာတိခံခြင်း ဆိုသည့် အဓိပ္ပါယ်တစ်ခုလုံး ပျောက်ဆုံးသွားလိမ့်မည်။ ထို့ကြောင့် ခရစ်တော်က သာမန်လူ့သဘာဝ ရှိရပါမည်။ သို့မှသာ သူက လူ့ဇာတိ၌ပေါ်သော နှုတ်ကပတ်တော်ဆိုသည့် အချက်ကို သက်သေပြနိုင်မည် ဖြစ်ပါသည်။

............

ဘုရားသခင်၏လူ့ဇာတိခံခြင်းက သာမန်လူ့သဘာဝကိုမယူခဲ့ပါက၊ ဤသည်မှာ ဘုရားသခင်၏လူ့ဇာတိခံခြင်း မဟုတ်ကြောင်း အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်အရ ကျွန်တော်တို့ ရှင်းရှင်းလင်းလင်း မြင်ကြပြီ။ ကိုယ်တော်က အပြင်ပန်းမှာ သာမန်လူတစ်ယောက် အတိုင်းပဲရှိမည်၊ လူ့သဘာဝထက် သာလွန်သည့်အရာမျိုး ရှိမှာမဟုတ်။ ထို့ကြောင့် ကျွန်တော်တို့အယူအဆများ၊ စိတ်ကူးများနှင့် ခရစ်တော်ကို တိုင်းတာမည်ဆိုပါက၊ ကျွန်တော်တို့အနေနှင့် ခရစ်တော်ကို မည်သည့်အခါမျှ အသိအမှတ်ပြုနိုင်မည်မဟုတ်ပါ၊ လက်ခံနိုင်မည်မဟုတ်ပ။ သူ့ကို ဘုရားသခင် စေလွှတ်သည့် တမန်တော်တစ်ယောက်အဖြစ်၊ ဘုရားသခင် အသုံးပြုထားသူ တစ်ယောက်အဖြစ်သာ အများဆုံး အသိအမှတ်ပြုကြလိမ့်မည်။ ကျွန်တော်တို့က ခရစ်တော်ကို အမှန်တကယ် သိနားလည်ချင်သည်ဆိုပါက၊ ကိုယ်တော့်၏ မိန့်ဆိုချက်များနှင့် အမှုတော်ကို လေ့လာရမည်။ ကိုယ်တော့် မိန့်ဆိုချက်များက ဘုရားသခင်ကိုယ်တော်တိုင်၏အသံတော် ဟုတ်မဟုတ်ကို သိရအောင်၊ ကိုယ်တော့် မိန့်ဆိုချက်များက ဘုရားသခင်၏ စိတ်သဘောထားဟုတ်မဟုတ်၊ ဘုရားသခင်၏အရာအားလုံးနှင့်ဖြစ်ခြင်းတို့၏ သရုပ်သကန်များ ဟုတ်မဟုတ်တို့ကို သိရအောင်၊ ပြီးလျှင် ကိုယ်တော် ဖော်ထုတ်ပြသည့် အမှုတော်နှင့် သမ္မာတရားက လူများကို ကယ်တင်နိုင်ခြင်း ရှိမရှိတို့ကို သိရရန် ဖြစ်သည်။ ထိုအချိန်ကျမှသာ ကျွန်တော်တို့က ခရစ်တော်ကို သိနိုင်မည်၊ လက်ခံနိုင်မည်၊ နာခံနိုင်ပါမည်။ ကျွန်တော်တို့က ခရစ်တော်၏မိန့်ဆိုချက်တွေ၊ အမှုတော်တွေကို ကြားရမြင်ရသော်ငြားလည်း သမ္မာတရားကို မရှာဖွေပါ၊ ဘုရားသခင်၏အမှုတော်ကို မလေ့လာပါ ဆိုပါက၊ ကျွန်တော်တို့အနေနှင့် ခရစ်တော်ကို သိနားလည် ဦးမည်မဟုတ်ပါ။ ကျွန်တော်တို့က ခရစ်တော်နှင့်အတူ မိုးလင်းကနေ မိုးချုပ် အတူရှိခွင့်ရသည်ဆိုလျှင်ပင်၊ ကျွန်တော်တို့က ကိုယ်တော့်ကို သာမန်လူ အဖြစ်နှင့်သာဆက်ဆံနေမိကြလိမ့်မည်။ ထိုကဲ့သို့နှင့် ခရစ်တော်ကို ဆန့်ကျင်ရှုတ်ချရာ ရောက်သွားလိမ့်မည်။ အမှန်မှာမူ ခရစ်တော်ကို အသိအမှတ်ပြု၊ လက်ခံဖို့ဆိုပါက ကျွန်တော်တို့လုပ်ဖို့လိုသည်မှာ ဘုရားသခင်၏အသံတော်ကို လက်ခံပြီး၊ ဘုရားသခင်၏အမှုတော်ကို ဆောင်ရွက်သည့် ကိုယ်တော်ကိုလည်း အသိအမှတ်ပြုဖို့သာဖြစ်ပါသည်။ “သို့သော် ခရစ်တော်၏ ဘုရားသဘောသဘာဝ၊ ဂုဏ်ဒြပ်ကို သိဖို့” ထိုကမှ ခရစ်တော်ကို စစ်မှန်စွာနာခံတတ်လာဖို့နှင့် လက်တွေ့ကျသော ဘုရားသခင်ကို ချစ်မြတ်နိုးတတ်ဖို့ဆိုပါက၊ ကျွန်တော်တို့က ခရစ်တော်၏မိန့်ဆိုချက်များနှင့် အမှုတော်များထဲတွင် သမ္မာတရားကို ရအောင်ရှာဖွေရမည်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင်၏အရာအားလုံးနှင့်ဖြစ်ခြင်း တို့ကို သိရမည်၊ ဘုရားသခင်၏ သန့်ရှင်းသောဂုဏ်ဒြပ်၊ အနန္တတန်ခိုးတော်နှင့် ပညာဉာဏ်များကို မြင်ရမည်၊ ဘုရားသခင်က ချစ်မြတ်နိုး စရာကောင်းသည်ကို မြင်ရမည်၊ ကိုယ်တော်၏လေးနက်သည့် စေတနာများကို တန်ဖိုးထား တတ်ရမည်၊ ထိုကဲ့သို့လုပ်နိုင်မှသာ ခရစ်တော်အပေါ် အစစ်အမှန်နာခံ တတ်လာမည်၊ လက်တွေ့ကျသောဘုရားသခင်ကို ရင်ထဲမှနေ ကိုးကွယ်တတ်လာမည်။

သခင်ယေရှု ဟောကြားခဲ့သည့် လမ်းစဉ်၊ ဟောကြားခဲ့သည့် နှုတ်ကပတ်တော်များ၊ သူ ဖော်ပြခဲ့သည့် ကောင်းကင်နိုင်ငံတော်၏ နက်နဲမှုများ၊ ပြီးလျှင် လူများအပေါ် သူ တောင်းဆိုခဲ့သည့်အရာများ က အလုံးစုံသော သမ္မာတရားဖြစ်ကြောင်း၊ ဘုရားသခင်ကိုယ်တော်တိုင်၏ အသံတော်ဖြစ်ကြောင်း တို့ကို ကျွန်တော်တို့ ယုံကြည်သူအားလုံး သိကြပါသည်။ ၎င်းတို့မှာ ဘုရားသခင်၏စိတ်သဘောထားနှင့် ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်းတို့၏ သရုပ်သကန်တွေ ဖြစ်ခဲ့မှန်းလည်း သိကြပါသည်။ နာမကျန်းသူတွေကို ပျောက်ကင်းစေခြင်းများ၊ မကောင်းဆိုးဝါးများကို မောင်းထုတ်ခြင်းများ၊ လေနှင့်လှိုင်းကို နာခံစေခြင်းများ၊ လူငါးထောင်ကို ပေါင်မုန့်ငါးလုံး ငါးနှစ်ကောင်နှင့် လောက်အောင် ကျွေးပြခြင်းများ၊ သေသူကို ပြန်ရှင်စေခြင်းများ စသည့် ကိုယ်တော် ပြခဲ့သည့်တန်ခိုးပြာဋိဟာများက ဘုရားသခင်ကိုယ်တော်တိုင်၏ အခွင့်တန်ခိုးအာဏာကြောင့် ဖြစ်ခဲ့ခြင်းများသာ ဖြစ်ပါသည်၊ မည်သည့် ဖန်ဆင်းခံလူ တစ်ယောက်ကမှ မပိုင်ဆိုင်သည့် သို့မဟုတ် မတတ်နိုင်သည့် အရာများသာ ဖြစ်ပါသည်။ ထိုအချိန်ကာလတွင် သမ္မာတရားကို ရှာဖွေခဲ့ကြသည့် ရှင်ပေတရု၊ ရှင်ယောဟန်၊ ရှင်မဿဲနှင့် ရှင်နာသနေလတို့ကဲ့သို့ လူတွေက သခင်ယေရှုကို သူ့၏မိန့်ဆိုချက်များ၊ အမှုတော်များကတစ်ဆင့် ကတိတော်ရှိထားသည့် မေရှိယမှန်း နားလည်ခဲ့ကြသည်။ ထို့ကြောင့် ကိုယ်တော်ကို ဆည်းကပ်ပြီး၊ ကယ်တင်ခြင်းကို ခံယူခဲ့ကြသည်။ ဂျူးလူမျိုး ဖာရိရှဲများကျတော့ သခင်ယေရှု၏တရားတော်များ၊ တန်ခိုးပြာဋိဟာများကို ကြားရမြင်ရ သည့်တိုင် ဘုန်းတန်ခိုးဩဇာမရှိသည့် သာမန်လူတစ်ယောက်အဖြစ်နှင့်ပဲ ဆက်ပြီးမြင်ခဲ့ကြသည်။ ထို့ကြောင့် နည်းနည်းမှအကြောက်အရွံ့မရှိဘဲ၊ ကိုယ်တော့်ကို မျက်နှာပြောင်တိုက်ပြီး ဆန့်ကျင်ရှုတ်ချခဲ့ကြခြင်းဖြစ်သည်။ နောက်ဆုံးတော့ သခင်ယေရှုကို ကားစင်တွင် သံမှိုရိုက်ပြီးတင်သည့်အထိ အကြီးဆုံးသောအပြစ်များကို ကျူးလွန်မိကြသည်။ ဖာရိရှဲများ ပေးခဲ့သည့် သင်ခန်းစာက လေးလေးနက်နက် ဆင်ခြင်ဖို့ ကောင်းပါသည်။ ဤသည်မှာ သူတို့၏သမ္မာတရားကိုမုန်းတီးမှု၊ ဘုရားသခင်ကို မုန်းတီးရန်ဘက်ပြု တတ်သည့် သဘာဝကို ပြပါသည်။ ဖောက်ပြန်ပျက်စီးနေသည့်လူသားများ၏ မိုက်မဲမှု၊ မသိနားမလည်မှုများကိုလည်း ပြပါသည်။ လက်ရှိအချိန်တွင်လည်း လူ့ဇာတိခံယူသည့် အနန္တတန်ခိုးရှင်ဘုရားသခင်က သခင်ယေရှုတုန်းက ကဲ့သို့ပင် အမှုတော်များကို သာမန်လူ့သဘာဝအတွင်းကနေ ကိုယ်တော်တိုင် ဆောင်ရွက်ပါသည်။ အကျင့်ပျက်နေသည့်လူများကို ကယ်တင်ဖို့အတွက် လိုအပ်သည့် အလုံးစုံသောသမ္မာတရားများကို အနန္တတန်ခိုးရှင်ဘုရားသခင်က ဟောကြားပါသည်။ ပြီးလျှင် နောက်ဆုံးသောကာလ၏ တရားစီရင်ခြင်းအမှုကို ဘုရားသခင်၏အိမ်တော်ကနေ စတင်လုပ်ဆောင် ပါသည်။ ကိုယ်တော်က အကျင့်ပျက်လူများ၏ဆိုးယုတ်သည့်သဘာဝနှင့် အဖြစ်မှန်ကို ဖော်ထုတ်ပြပြီး တရားစီရင်ရုံသာမကပါ၊ လူများကိုကယ်တင်ဖို့အတွက် ဘုရားသခင် ရည်ရွယ်ထားသည့် အနှစ်ခြောက်ထောင်အစီအမံ၏ နက်နဲမှုများအားလုံး ကိုလည်း ထုတ်ဖော်လိုက်ပါပြီ၊ လူများအနေနှင့် အပြစ်များကနေ လွတ်မြောက်နိုင်ဖို့၊ ဘုရားသခင်၏ သန့်စင်ခြင်းနှင့် ကယ်တင်ခြင်းကို ရနိုင်ဖို့ လမ်းကြောင်းကိုလည်း ရှင်းပြလိုက်ပါပြီ။ ဘုရားသခင်၏ ဖြောင့်မတ်သည့် ပင်ကိုယ်စိတ်သဘောထား၊ ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်းအပြင် ဘုရားသခင်၏အတုမရှိသည့် တန်ခိုးအာနုဘော်ကို လည်း ထုတ်ဖော်ပြ လိုက်ပါပြီ။ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် အမှုတော်က ဘုရားသခင်ကိုယ်တော်တိုင်၏ အလုံးစုံသော ကိုယ်ထင်ပြခြင်းဖြစ်ပါသည်။ ဤနေ့ခေတ်ကာလတွင်လည်း အနန္တတန်ခိုးရှင်ဘုရားကို ကိုးကွယ်သူအားလုံးက အနန္တတန်ခိုးရှင်ဘုရားသခင်၏နှုတ်ကပတ်တော်၊ အမှုတော်များထဲကနေ ဘုရားသခင်၏အသံတော်ကို ကြားရပြီးပါပြီ။ ဘုရားသခင်နှုတ်ကပတ်တော်၏သရုပ်သကန်ကို လူ့ဇာတိခံယူခြင်းတွင် မြင်လိုက်ကြရသကဲ့သို့၊ အနန္တတန်ခိုးရှင်ဘုရားသခင်၏ ပလ္လင်တော် ရှေ့တော်မှောက်ကိုလည်း ရောက်နေကြပါပြီ။ ဘုရားသခင်၏ သန့်စင်စေခြင်းနှင့် စုံလင်စေခြင်းတို့ကိုလည်း ရနေကြပါပြီ။ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ငြင်းပယ်ပြီး၊ ဆန့်ကျင်ရှုတ်ချနေဆဲဖြစ်သည့် ဘာသာရေး လောကထဲက လူများကတော့ ဂျူးဖာရိရှဲများ၏ အမှားအတိုင်း လုပ်မိနေကြပါပြီ။ နောက်ဆုံးသောကာလခရစ်တော်ဖြစ်သည့် အနန္တတန်ခိုးရှင် ဘုရားသခင်ကို သာမန်လူတစ်ယောက်အဖြစ် မြင်နေကြခြင်းဖြစ်သည်၊ အနန္တတန်ခိုးရှင်ဘုရားသခင် ဖော်ထုတ်ပြသည့် အလုံးစုံသော သမ္မာတရားများကိုလည်း နည်းနည်းလေးမှ ကြိုးစားရှာဖွေ လေ့လာခြင်း မရှိပါ။ ထို့ကြောင့် သူတို့များက ဘုရားသခင်ကို နောက်တစ်ကြိမ် ကားစင်တင်နေသည့်သဘောဖြစ်ပါသည်၊ ဘုရားသခင်၏စိတ်သဘောထားကို ဒေါသဖြစ်စေသည့်သဘောဖြစ်ပါသည်။ လူတစ်ယောက်က သူ့အယူအဆများ၊ စိတ်ကူးများကို ကိုင်ဆွဲရင်း၊ ခရစ်တော် ဖော်ထုတ်ပြသည့် သမ္မာတရားများကို ရှာဖွေမလေ့လာ ပါက၊ ခရစ်တော် ဖော်ထုတ်ပြသည့် ဘုရားသခင်၏ အသံတော်ကို လက်ခံနိုင်စွမ်းရှိမည်မဟုတ်ပါ၊ ခရစ်တော်၏အမှုတော်ကို လက်ခံနာခံနိုင်မည် မဟုတ်ပါ။ နောက်ဆုံးသောကာလမှာလည်း ဘုရားသခင်၏ ကယ်တင်ခြင်းကို လုံးဝ လက်ခံရရှိမည် မဟုတ်ပါ။ လူတစ်ယောက်က လူ့ဇာတိခံခြင်း၏အကြောင်းရင်းမှန်ကို နားမလည် ဆိုပါက၊ ဘုရားသခင်၏အမှုတော်ကို လက်ခံနာခံနိုင်စွမ်း ရှိမည်မဟုတ်။ သူက ခရစ်တော်ကို ရှုတ်ချပြီး ဘုရားသခင်ကို ဆန့်ကျင်လာလိမ့်မည်၊ ဘုရားသခင်၏ အပြစ်ပေးခြင်း နှင့် ကျိန်ခြင်းအမင်္ဂလာ များကိုလည်း ရလာနိုင်သည်။ ထို့ကြောင့် ကျွန်တော်တို့ယုံကြည်ခြင်းက ဘုရားသခင်၏ကယ်တင်ခြင်းကို ခံရဖို့ဆိုပါက၊ ကျွန်တော်တို့အနေနှင့် သမ္မာတရားကိုရှာဖွေပြီး၊ လူ့ဇာတိခံခြင်း၏နက်နဲမှုကို နားလည်ဖို့က အရေးကြီးဆုံးဖြစ်ပါသည်။

—နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ

အရှေ့သို့- မေးခွန်း ၁- နောက်ဆုံးသော ကာလ တရားစီရင်ခြင်း အမှုတော်ကို လုပ်ဆောင်ဖို့ ဘုရားသခင်သည် လူသားအဖြစ် လူ့ဇာတိဖြစ်လာပြီဟု သင်တို့ သက်သေခံကြသည်၊ သို့သော် ဘာသာရေး သင်းအုပ်ဆရာများနှင့် အကြီးအကဲအများစုက သခင်ယေရှုသည် မိုးတိမ်များဖြှင့် ပြန်ကြွလာလိမ့်မည်ဟု ခံယူထားကြသည်။ ၎င်းတို့က ဤအရာကို “ခံတော်မူသောထိုယေရှုသည် သင်တို့မျက်မှောက်၌ ကောင်းကင်သို့ ကြွသွား တော်မူသည်နည်းတူ တဖန်ကြွလာတော်မူလတံ့။” (တမန်တော်ဝတ္ထု ၁:၁၁)ကြည့်ရှုလော့။ မိုးတိမ်နှင့်တကွ ကြွလာတော်မူသည်ဖြစ်၍၊ ရှိသမျှသောသူတို့သည် ကိုယ်တော်ကို ရှုမြင်ရကြလိမ့်မည်။(ဗျာဒိတ် ၁:၇) ဟူသည့် သမ္မာကျမ်းချက်များပေါ် အဓိက အခြေပြုထားသည်။ ထို့အပြင်၊ ဘာသာရေး သင်းအုပ်ဆရာများနှင့် အကြီးအကဲများက မိုးတိမ်များဖြင့် ကြွမလာသည့် မည်သည့် သခင်ယေရှုမဆို အယောင်ဆောင်ဖြစ်ပြီး ငြင်းပယ်ရမည်ဟုလည်း ကျွန်ုပ်တို့ကို သွန်သင်သည်။ ထို့ကြောင့်၊ ဤအမြင်က သမ္မာကျမ်းစာနှင့် ကိုက်သည် မကိုက်သည်ကို ကျွန်ုပ်တို့ မသေချာကြပါ၊ ဤသို့သော သိနားလည်မှုမျိုးသည် မှန်ပါသလား၊ မမှန်ပါသလား။

နောက်တစ်ခုသို့- မေးခွန်း ၃- ဘုရားသခင်သည် တရားစီရင်ခြင်း အမှုတော်ကို လုပ်ဆောင်ဖို့ လူသားဖြစ်လာရင်း နောက်ဆုံးသော ကာလတွင် အဘယ်ကြောင့် လူ့ဇာတိခံပြီး ဖြစ်ပါသနည်း။ သေခြင်းမှ ရှင်ပြန်ထမြောက်ခဲ့သည့် သခင်ယေရှု၏ ဝိညာဉ်ခန္ဓာနှင့် လူ့ဇာတိခံ လူသားတို့ကြား တကယ့်ခြားနားချက်မှာ အဘယ်နည်း။ ဤသည်မှာ ကျွန်ုပ်တို့ နားမလည်သော ကိစ္စရပ်တစ်ခုဖြစ်သည်- ကျေဇူးပြုပြီး ဤအရာနှင့်ပတ်သက်၍ မိတ်သဟာယပြု ဝေမျှပေးပါ။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

မေးခွန်း (၁)- သခင်ယေရှုက အခု ပြန်ကြွလာပြီဖြစ်ပြီး သူဟာ အနန္တတန်ခိုးရှင် ဘုရားသခင်ဆိုတဲ့ အမည်နာမအသစ်ရှိပါတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ဟာ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲက နှုတ်ကပတ်တော်တွေကို ဖော်ပြခဲ့ပြီး အဲဒါက မင်္ဂလာဆောင်လုလင်ရဲ့ အသံဖြစ်ပါတယ်။ ဒါပေမဲ့ ဒီကနေ့မှာ၊ ညီအစ်ကိုမောင်နှမတော်တော်များများက ဘုရားသခင်ရဲ့အသံကို မခွဲခြားနိုင်ကြသေးပါဘူး။ ဒါကြောင့် ဒီနေ့၊ အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်က ညီမရှန့်ကို ဖိတ်ထားပါတယ်။ ဘုရားသခင်ရဲ့အသံကို ဘယ်လိုခွဲခြားသိနိုင်မလဲဆိုတာနဲ့ပတ်သက်ပြီး မိတ်သဟာယပြုဖို့အတွက် သူတို့ကို ဖိတ်ထားတာပါ။ ဒါကြောင့် အနန္တတန်ခိုးရှင်ဘုရားသခင်ဟာ သခင်ယေရှု ပြန်လာခြင်းဖြစ်ကြောင်း ဘယ်လိုအတည်ပြုမလဲဆိုတာကို ကျွန်တော်တို့သိလာလိမ့်မယ်။

အဖြေ- ခုနတင် မေးလိုက်တဲ့မေးခွန်းဟာ အရေးကြီးဆုံးပါပဲ။ ဘုရားသခင်ရဲ့နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံဖို့၊ ဘုရားသခင်ရဲ့ပေါ်ထွန်းခြင်းကို...

၄။ ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည်

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-ဘုရားသခင်၏ဝိညာဉ်တော်ကို လူသားက ထိတွေ့နိုင်ခြင်း၊ မြင်နိုင်ခြင်း မရှိသကဲ့သို့၊ လူသားသည်...

၅။ ဓမ္မဟောင်းနှင့် ဓမ္မသစ်နှစ်ခုလုံး၏ ခေတ်များတွင်၊ ဘုရားသခင်သည် ဣသရေလနိုင်ငံတွင် အမှုပြုခဲ့သည်။ သခင်ယေရှုက သူသည် နောက်ဆုံးသော ကာလတွင် ပြန်ကြွလာမည်ဟု ပရောဖက်ပြုခဲ့သည်၊ ထို့ကြောင့် သူ ပြန်ကြွလာသည့်အခါ၊ သူသည် ဣသရေလနိုင်ငံတွင် ရောက်ရှိသင့်ပေသည်။ သို့သော် သင်က သခင်ယေရှု ပြန်ကြွလာနှင့်ပြီးဖြစ်သည်၊ သူသည် လူ့ဇာတိ၌ ပေါ်ထွန်းပြီးဖြစ်ကာ သူ၏ အမှုကို တရုတ်နိုင်ငံတွင် ဆောင်ရွက်နေသည်ဟု သက်သေခံကြသည်။ တရုတ်နိုင်ငံသည် ဘုရားမဲ့ဝါဒီ နိုင်ငံရေး ပါတီတစ်ခုက အုပ်စိုးထားသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ ဘုရားသခင်ကို သာ၍ ကြီးမားသည့် ခုခံမှုနှင့် ခရစ်ယာန်များကို သာ၍ ကြီးမားသည့် နှိပ်စက်ညှဉ်းဆဲခြင်း ပြုသည့် နိုင်ငံမရှိပေ။ သခင်၏ ပြန်ကြွလာခြင်းသည် အဘယ်သို့ တရုတ်နိုင်ငံတွင် ဖြစ်နိုင်မည်နည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-“နေထွက်ရာမှသည် နေဝင်ရာထိတိုင် ငါ၏ အမည်နာမသည် တစ်ပါးအမျိုးသားများအလယ်တွင် ကြီးမြတ်လိမ့်မည်...ဟု...

၃။ လူတို့၏ အသက်တာများသည် လျှပ်တစ်ပြက်၊ နှစ်အနည်းငယ်အတွင်း ကုန်လွန်သွားသည်။ ပြန်ကြည့်လျက်၊ ၎င်းတို့သည် ၎င်းတို့၏ အသက်တာများကို ပြန်လည်သတိရမိကြသည်- ကျောင်းသွားရင်း၊ အလုပ်လုပ်ရင်း၊ အိမ်ထောင်ပြုရင်း၊ သားသမီးများရှိရင်း၊ သေခြင်းကို စောင့်ဆိုင်းရင်း၊ ၎င်းတို့၏ အသက်တာများတစ်ခုလုံးသည် လူသား တည်ရှိမှု၏ မှန်ကန်သော ဦးတည်ချက်နှင့် ရည်မှန်းချက်များ လုံးဝ ကင်းမဲ့ပြီး ရှင်သန်ခြင်းတွင် မည်သည့် တန်ဖိုး သို့မဟုတ် အဓိပ္ပါယ်မျှ မရှာတွေ့နိုင်ဘဲလျက်၊ မိသားစု၊ ငွေကြေး၊ အဆင့်အတန်း၊ အခွင့်အလမ်းနှင့် သိက္ခာတရားအတွက် မအားမလပ် ဟိုဟိုသည်သည် ပြေးလွှားရင်း ကုန်လွန်ခဲ့ကြသည်။ ထို့ကြောင့် လူတို့သည် မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် ဤ နာကျင်စရာဖြစ်ပြီး အနှစ်မဲ့သည့် နည်းလမ်းဖြင့် အသက်ရှင်ကြလေသည်။ လူတို့၏ အသက်တာများသည် အဘယ်ကြောင့် အလွန် နာကျင်ဖွယ်ဖြစ်ပြီး အနှစ်မဲ့ပါသနည်း။ ပြီးလျှင် လူသား တည်ရှိခြင်း၏ နာကျင်မှုနှင့် အနှစ်မဲ့ခြင်းတို့ကို မည်သို့ ဖြေရှင်းနိုင်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-လူသားတို့ ကြံ့ကြံ့ခံကြရသည့် မွေးဖွားခြင်း၊ သေဆုံးခြင်း၊ ဖျားနာခြင်းနှင့် အိုမင်းသောအသက်အရွယ်တို့မှ...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။