၆၆၂ စမ်းသပ်မှုများအတွင်း လူက ကိုင်စွဲထားသင့်သောအရာကျူး

၁ ဘုရားသခင်အမှု၏အဆင့်တိုင်းအတွက်၊ လူတို့ ပူးပေါင်း လုပ်ဆောင်သင့်သည့် နည်းလမ်းတစ်ခု ရှိ၏။ လူတို့အနေဖြင့် စစ်ဆေးမှုများကို ကြုံရသည်နှင့်အမျှ မိမိကိုယ်ကိုယ် ယုံကြည်စိတ်ချမှုရှိကြဖို့အလို့ငှာ ဘုရားသခင်သည် လူတို့ကို စစ်ဆေး၏။ လူတို့အနေဖြင့် ဘုရားသခင်၏ စုံလင်စေခြင်းကို ခံရဖို့ ယုံကြည်စိတ်ချမှု ရှိကြပြီး၊ သူ၏ စစ်ဆေးမှုများကို လက်ခံရန်နှင့် ဘုရားသခင်၏ ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ပြုပြင်ခြင်းတို့ကို ခံရန် လိုလားလျက်ရှိကြဖို့အလို့ငှာ ဘုရားသခင်သည် လူတို့ကို စုံလင်စေသည်။ ဘုရားသခင်၏ဝိညာဉ်တော်သည် ဉာဏ်အလင်းပေးခြင်းနှင့် အလင်းပြခြင်းတို့ကို ၎င်းတို့ထံ ယူဆောင်လာရန်နှင့် သူနှင့်အတူ ၎င်းတို့ကို ပူးပေါင်းဆောင်ရွက်စေကာ လက်တွေ့လုပ်ဆောင်စေဖို့အလို့ငှာ လူတို့အတွင်းတွင် အမှုပြုလေသည်။ ဘုရားသခင်သည် စစ်ဆေးခြင်း အတောအတွင်းတွင် စကားမပြောပေ။ သူသည် သူ၏အသံကို မိန့်မြွက်ခြင်း မပြုသော်လည်း၊ လူတို့လုပ်ဆောင်သင့်သည့် အလုပ်ရှိဆဲဖြစ်၏။ သင်၌ ရှိနှင့်ပြီးသောအရာကို သင် ထိန်းသိမ်းသင့်သည်၊ ဘုရားသခင်ထံ သင်ဆုတောင်းနိုင်ဆဲ ဖြစ်သင့်သည်၊ ဘုရားသခင်နှင့် ရင်းနှီးကာ ဘုရားသခင် ရှေ့မှောက်တွင် သက်သေရပ်တည်နိုင်ဆဲ ဖြစ်သင့်သည်။ ဤနည်းဖြင့် သင်သည် သင်ကိုယ်တိုင်၏တာဝန်ကို ဖြည့်ဆည်းလိမ့်မည် ဖြစ်သည်။

၂ လူတို့၏ ယုံကြည်စိတ်ချမှုနှင့် ချစ်ခြင်းတို့နှင့်ဆိုင်သော ဘုရားသခင်၏ စမ်းသပ်မှုများမှာ ၎င်းတို့အနေဖြင့် ဘုရားသခင်ထံ သာ၍ ဆုတောင်းဖို့နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သူ၏ ရှေ့မှောက်တွင် သာ၍မကြာခဏ အရသာခံရန် လိုအပ်သည်ကို ဘုရားသခင်၏ အမှုတော်မှ သင်တို့အားလုံး ရှင်းလင်းစွာ မြင်တွေ့သင့်ကြပေသည်။ လူတို့ ဖြည့်ဆည်းသင့်သည်မှာ မည်သည့်တာဝန်ဖြစ်သည်ကို သင် ရှင်းလင်းစွာ တွေ့မြင်ရမည်။ ဘုရားသခင်၏အလိုတော်သည် မည်သည့်အရာ အမှန်တကယ် ဖြစ်သည်ကို မသိကောင်းမသိနိုင်သော်လည်း၊ သင်၏ တာဝန်ကို သင် ထမ်းဆောင်နိုင်သည်၊ သင်ဆုတောင်းသင့်သည့်အချိန်တွင် ဆုတောင်းနိုင်ပြီး၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်သင့်သည့် အချိန်တွင် လက်တွေ့လုပ်ဆောင်နိုင်ကာ၊ လူတို့ လုပ်သင့်သည့်အရာကို သင် လုပ်နိုင်ပေသည်။ သင်၏ မူလရူပါရုံကို သင်ထိန်းသိမ်းထားနိုင်သည်။ ဤနည်းဖြင့် သင်သည် ဘုရားသခင်၏အမှု နောက်တစ်ဆင့်ကို သာ၍ လက်ခံလာနိုင်လိမ့်မည်။

၃ ရပ်တည်ချက်ရှိခြင်းသည် လူတို့ကို ဘုရားသခင်၏ စုံလင်စေခြင်း လုပ်ငန်းစဉ်တွင် အလွန်အရေးကြီး၏။ သင်သည် ဘုရားသခင်၏အမှု အဆင့်တစ်ဆင့်ကိုမျှ သံသယမရှိပါက၊ သင်သည် လူသား၏တာဝန်ကို ဖြည့်ဆည်းပါက၊ ဘုရားသခင် သင့်ကို လက်တွေ့လုပ်ဆောင်စေသော အရာကို သင် ရိုးသားစစ်မှန်စွာ ထိန်းသိမ်းပါက၊ ဆိုလိုသည်မှာ သင်သည် ဘုရားသခင်၏ တိုက်တွန်းအားပေးခြင်းများကို သတိရပြီး၊ ယနေ့တွင် မည်သည့်အရာကို ဘုရားသခင် လုပ်ဆောင်သည်ဖြစ်စေ သူ၏ တိုက်တွန်းအားပေးမှုများကို သင်မမေ့လျော့ခြင်း ဖြစ်သည်၊ သူ၏အမှုနှင့်ပတ်သက်၍ သင်သည် သံသယမရှိသကဲ့သို့၊ သင်၏ရပ်တည်မှုကို ထိန်းသိမ်းပြီး၊ သင်၏ သက်သေခံချက်ကို ထိန်းသိမ်းကာ၊ လမ်းခရီး၏ အဆင့်တိုင်းတွင် အောင်မြင်မှုရရှိပါက၊ နောက်ဆုံးတွင် သင်သည် ဘုရားသခင်၏ စုံလင်စေခြင်း ခံရမည်ဖြစ်ပြီး အောင်မြင်သောသူတစ်ဦးအဖြစ် ဖန်တီးခြင်းခံရမည် ဖြစ်သည်။ သင်သည် ဘုရားသခင်၏စမ်းသပ်ခြင်း အဆင့်တိုင်းတွင် ခိုင်မြဲစွာ ရပ်တည်နိုင်ပြီး၊ တကယ့်အဆုံးတွင် ခိုင်မြဲစွာ ရပ်တည်နိုင်ဆဲဖြစ်ပါက၊ သင်သည် အောင်မြင်သောသူ တစ်ဦးဖြစ်ကာ၊ ဘုရားသခင်၏ စုံလင်စေခြင်း ခံရသောသူတစ်ဦး ဖြစ်ပေသည်။

“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်သည် ဘုရားသခင်ထံ သင်၏ကိုးကွယ်ဆည်းကပ်ခြင်းကို ထိန်းသိမ်းသင့်သည်” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၆၆၁ ဘုရားနောက် ဧကန်လိုက်သူတို့သည် စမ်းသပ်မှုများအတွင်း မြဲမြံစွာ ရပ်တည်နိုင်၏ကျူး

နောက်တစ်ခုသို့- ၆၆၃ စမ်းသပ်မှုများ ကျရောက်လာသောအခါ ဘုရားသခင်ဖက်၌ သင်ရပ်တည်သင့်၏ကျူး

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၈၀၄ ဘုရားသခင်ကို သိကျွမ်းခြင်း အကျိုးရလဒ်

၁ဖန်ဆင်းရှင်ဟာ ပဟေဠိတစ်ပုဒ် မဟုတ်တော့တာ တစ်နေ့ သင်သိလာမယ် သိလာမယ်ဖန်ဆင်းရှင်ဟာ ဘယ်တော့မှ မပုန်းကွယ်၊မျက်နှာတော်လည်း ဘယ်တော့မှ သင့်ဆီက...

၁၆၅ ဘုရား၏ဆင်းကြွခြင်းကို ဘယ်သူမျှ သတိမပြုမိ

၁လူ့သား၏ဘဝသည် မပြောင်းမလဲ ဆက်လက်ရှိနေ လူသား၏နှလုံးသားလည်း ထိုနည်းအတိုင်းပင် ထုံးစံအတိုင်း နေ့ရက်တို့ ကုန်ဆုံး ဘုရားသည် ကျွန်ုပ်တို့ထဲ၌...

၃၂၉ လူသားရဲ့စစ်မှန်သောနှလုံးသားကို ကိုယ်တော်လိုချင်

၁ယနေ့လူတို့ ဘုရားကို တန်ဖိုးမထားဘုရားမှာ ထိုသူတို့နှလုံးသားထဲ နေရာမရှိလာမယ့်နေ့ရက်များ၊ ဆင်းရဲဒုက္ခရောက်ချိန်များမှာထိုသူတို့ ဘုရားကို...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။