ဘုရားသခင်ကိုယ်တော်တိုင် လောကသို့ ကြွလာသောခါကျူး
၁ ငါ၏လူများသည် ငါ၏လုပ်ဆောင်မှုမှတစ်ဆင့် ငါနှင့်အတူ ဘုန်းထင်ရှားသောအခါ ထိုအချိန်တွင် အဆင်းနီသော နဂါးကြီး၏ သားရဲတွင်းသည် ဖော်ထုတ်ခံရမည် ဖြစ်ပြီး၊ ရွှံ့နွံများနှင့် အညစ်အကြေးများ အားလုံးသည် သန့်စင်အောင် လှည်းကျင်းခံရကာ နှစ်ပေါင်း မရေမတွက်နိုင်လောက်သည့် ကာလတစ်လျှောက် စုပုံလာခဲ့သော ညစ်ညမ်းသည့်ရေသည် ငါ၏လောင်နေသော မီးများထဲ၌ သွေ့ခြောက်သွားကာ ထပ်၍ မတည်ရှိတော့ပေ။ များမကြာမီပင် အဆင်းနီသော နဂါးကြီးသည် ကန့်မီးအိုင်ထဲတွင် ပျက်စီးလိမ့်မည်။ သင်တို့သည် နဂါး၏ လုယူသွားခြင်း မခံရစေခြင်းငှာ ငါ၏ဂရုတစိုက် စောင့်ရှောက်မှုအောက်တွင် ဆက်လက်ရှိနေရန် အမှန်တကယ်ပင် ဆန္ဒရှိကြသလော။ သင်တို့သည် ၎င်း၏ လှည့်ဖြားတတ်သော ပရိယာယ်များကို ဧကန်ပင် မုန်းတီးသလော။ မည်သူသည် ငါ့အတွက် မြဲမြံသော သက်သေကို ခံနိုင်မည်နည်း။ ငါ၏အမည်နာမအတွက်၊ ငါ၏ဝိညာဉ်တော်အတွက်နှင့်၊ ငါ၏စီမံအုပ်ချုပ်မှုအစီအစဉ် တစ်ရပ်လုံးအတွက် မည်သူသည် သူ၏ခန္ဓာကိုယ်ထဲရှိ ခွန်အားအလုံးစုံကို ဆက်ကပ်ရန် တတ်စွမ်းနိုင်မည်နည်း။
၂ နိုင်ငံတော်သည် လူသားတို့၏ လောကကြီးထဲ၌ ရှိနေသော ယနေ့သည် လူသားတို့၏ လောကကြီးထဲသို့ ကိုယ်တိုင်ကိုယ်ကျ ငါကြွဆင်းလာသော အချိန်ဖြစ်သည်။ ငါ့ကိုယ်စား စစ်မြေပြင်သို့ ရဲဝင့်စွာ သွားမည့်သူ ရှိပါ၏လော။ ထိုသို့အားဖြင့် နိုင်ငံတော်သည် ပုံသဏ္ဌာန် ပေါ်လာရန်၊ ထိုသို့အားဖြင့် ငါ၏နှလုံးသည် ရောင့်ရဲရန်၊ ထိုမှတစ်ဖန် ထိုသို့အားဖြင့် ငါ၏နေ့ရက်သည် ရောက်လာရန်၊ ထိုသို့အားဖြင့် ဖန်ဆင်းခြင်း၏ အသင်္ချေသော အရာများသည် ပြန်လည်မွေးဖွားပြီး ကြွယ်ဝစွာ ကြီးထွားသည့်အချိန် ရောက်လာရန်၊ ထိုသို့အားဖြင့် လူသားသည် ဒုက္ခဝေဒနာ ပင်လယ်ပြင်မှ ကယ်တင်ခြင်း ခံရရန်၊ ထိုသို့အားဖြင့် မနက်ဖြန်သည် ရောက်လာရန်၊ ထိုသို့အားဖြင့် ၎င်းသည် အံ့သြဖွယ်ဖြစ်၍ ပွင့်လန်းကာ ကြီးပွားတိုးတက်စေရန်၊ ထို့တစ်ဖန် ထိုသို့အားဖြင့် အနာဂတ်၏ ပျော်ရွှင်မှုသည် ပြည့်စုံလာစေရန်၊ လူသားမျိုးနွယ် အားလုံးသည် သူတို့၏ အစွမ်းရှိသမျှနှင့် အစွမ်းကုန် ကြိုးစားလျက်ရှိပြီး၊ ငါ့အတွက် မိမိတို့ကိုယ်ကိုယ် အနစ်နာခံခြင်း၌ မည်သည့်အရာကိုမျှ ညှာတာခြင်းမရှိ။ ယင်းမှာ ငါ့အောင်မြင်မှု ဖြစ်ကြောင်းနှင့် ငါ့အစီအစဉ် ပြီးမြောက်မှု၏ အမှတ်အသားတစ်ခုဖြစ်ကြောင်း နိမိတ်လက္ခဏာတစ်ရပ်ပင် မဟုတ်လော။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၂၅” စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။