၁၈ နိုင်ငံတော်အားဂုဏ်ပြုခြင်းအသံ ကျယ်လောင်စွာထွက်ပေါ်လာသောအခါ

၁ နိုင်ငံတော်ခေတ်သည် စင်စစ်မူကား အတိတ်က အချိန်ကာလများနှင့် ကွဲပြားခြားနားသည်။ ယင်းသည် လူတို့၏လုပ်ဆောင်ပုံနှင့် မသက်ဆိုင်ပေ၊ ယင်းအစား ငါသည် လူတို့က စိတ်မကူးနိုင်သကဲ့သို့ လုပ်ဆောင်၍လည်း မရနိုင်သော ငါ၏အမှုကို ကိုယ်တိုင်ကိုယ်ကျ ဆောင်ရွက်ရန် ကမ္ဘာမြေကြီးပေါ်သို့ ကြွဆင်းလာခဲ့ပြီဖြစ်သည်။ နိုင်ငံတော်တည်ဆောက်ခြင်းကို စတင်သောအခါ ငါခံယူထားသော ဇာတိပကတိသည် အမှုတော်ကို တရားဝင် စတင်ထမ်းဆောင်သည်။ ဆိုလိုသည်မှာ နိုင်ငံတော်၏ ရှင်ဘုရင်သည် အချုပ်အခြာအာဏာကို တရားဝင်စွဲကိုင်ခြင်းဖြစ်သည်။ လူ့လောကထဲသို့ နိုင်ငံတော်၏ ဆင်းသက်မှုသည် ဤအရာမှ ထင်ရှားမြင်သာသည်၊ လောကကမ္ဘာကြီးတစ်လျှောက် လူတိုင်းသည် ငါ၏ ကရုဏာနှင့်ချစ်ခြင်းမေတ္တာအတွင်း၌ ရှိကြသော်လည်း လူသားမျိုးနွယ်အားလုံးသည် ငါ၏ တရားစီရင်မှု အောက်တွင်လည်း ရှိကြကာ၊ ထိုနည်းတူစွာပင် ငါ၏စမ်းသပ်မှုများကိုလည်း ခံစားကြရသည်။ လူအားလုံးသည် အတိုင်းအတာတစ်ခုအထိ ဖောက်ပြန်ပျက်စီးခဲ့သည့် အချိန်တွင်ပင် ငါသည် လူသားမျိုးနွယ်ကို သနားကြင်နာ၍ ချစ်ခင်ခဲ့သည်၊ လူသားများ အားလုံးသည် ငါ့ပလ္လင်၏ရှေ့မှောက်တွင် နှိမ့်ချခြင်းဖြင့် ရိုကျိုးခဲ့ချိန်တွင်ပင် ငါသည် ၎င်းတို့အတွက် ပြစ်တင်ဆုံးမချက်ကို ချပေးခဲ့၏။ သို့သော်လည်း ငါပေးပို့ထားသော ဆင်းရဲဒုက္ခနှင့် စစ်ဆေးခြင်း၏အလယ်တွင်မရှိသော လူတစ်ဦးတစ်ယောက် ရှိလေသလော။

၂ မိုးချုန်းသံခုနစ်ချက် မြည်ဟီးသည့် အချိန်လည်းဖြစ်သည့် နိုင်ငံတော်ကိုအလေးပြုသံ မြည်ဟီးလေသောအခါ ဤအသံသည် ကောင်းကင်နှင့်မြေကြီးကို ပြင်းစွာတုန်လှုပ်စေပြီး အမြင့်ဆုံးသော ကောင်းကင်ဘုံကို လှုပ်ခါကာ လူတိုင်း၏ အသည်းညှာကို တုန်ခါစေသည်။ နိုင်ငံတော်အတွက် နိုင်ငံတော်သီချင်းသည် အဆင်းနီသောနဂါးကြီး၏ တိုင်းနိုင်ငံထဲတွင် တခမ်းတနား ထွက်ပေါ်လာပြီး၊ ငါသည် ထိုတိုင်းနိုင်ငံကို ဖျက်ဆီးခဲ့ပြီးနောက် ငါ၏နိုင်ငံတော်ကို တည်ထောင်ခဲ့ပြီးဖြစ်ကြောင်းကို သက်သေပြသည်။ သာ၍ အရေးကြီးသည်မှာ ငါ၏နိုင်ငံတော်သည် ကမ္ဘာမြေကြီးပေါ်၌ တည်ထောင်ထားခြင်း ဖြစ်သည်။ ဤအခိုက်အတန့်တွင် ငါ၏သားများ၊ ငါ၏လူများကို ထိန်းကျောင်းစေခြင်းငှာ ငါ၏ကောင်းကင်တမန်များကို ကမ္ဘာလောကကြီး၏ တိုင်းနိုင်ငံတိုင်းဆီသို့ ငါသည် စတင်၍ စေလွှတ်နေသည်၊ ဤသည်မှာ ငါ့အမှုနောက်တစ်ဆင့်၏ လိုအပ်ချက်များကို ဖြည့်ဆည်းရန်အတွက်လည်း ဖြစ်သည်။ သို့သော်လည်း ငါသည်ကား အဆင်းနီသောနဂါးကြီး ခွေလျက် လဲလျောင်းနေရာအရပ်သို့ ကိုယ်တိုင်ကိုယ်ကျသွား၍ တိုက်ပွဲဆင်နွှဲ၏။ လူသားမျိုးနွယ်အားလုံးသည် ဇာတိပကတိ၌ရှိနေသောငါ့ကို သိလာသောအခါနှင့်‌ ဇာတိပကတိ၌ပြုသော ငါ၏လုပ်ဆောင်ချက်များကို မြင်တွေ့လာနိုင်သောအခါ အဆင်းနီသောနဂါးကြီး၏ သားရဲတွင်းသည် ပြာအဖြစ် ပြောင်းလဲသွားမည်ဖြစ်ကာ ခြေရာလက်ရာ မကျန်ဘဲ ပျောက်ကွယ်သွားလိမ့်မည်။

“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၁၀)” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၁၇ ဘုရားပေါ်ထွန်းခြင်း၏ရည်ရွယ်ချက်

နောက်တစ်ခုသို့- ၁၉ နိုင်ငံတော်၏ရှင်ဘုရင် အောင်မြင်လေပြီကျူး

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၁၀၁၈ ဘုရားရဲ့ အောင်နိုင်မှုသင်္ကေတများ

၁လူတို့ကို နဂိုပုံစံအတိုင်းပြန်ဖြစ်စေတယ်သူတို့တာဝန် သူတို့ကျေပွန်ပြီး ကိုယ့်နေရာမှာကိုယ်နေဘုရားရဲ့အစီအစဉ်အားလုံးကို နာခံမယ်ဘုရားသည်...

၃၈၄ ဘုရားကိုယုံကြည်ခြင်းရဲ့ စင်စစ်အဓိပ္ပာယ်

၁ များစွာသော လူတို့သည် ဘုရားသခင်ကို ယုံကြည်ကြသော်လည်း၊ ဘုရားသခင်ကို ယုံကြည်ခြင်းမှာ အဘယ်အရာကို ဆိုလိုကြောင်းနှင့် ဘုရားသခင်၏ အလိုနှင့်...

၂၆၆ အသင်းတော် ဓမ္မတေးသီချင်း

ဘုရားအပေါ် ပေတရု၏ချစ်ခြင်း၁အို ဘုရား၊အချိန်၊ နေရာမရွေး ကိုယ်တော်ကို သတိရနေမှာပါဘယ်အချိန်နေရာမဆို ကိုယ်တော်ကို ချစ်လိုပါ၏သို့သော်...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။