၆၉၀ နာမကျန်းမှုက ထိုးနက်သည့်အခါ ဘုရားသခင်၏ အလိုတော်ကို သင်ရှာဖွေရမည်

၁ နာမကျန်းမှု၏ ဆင်းရဲဒုက္ခ သင့်အပေါ် ကျရောက်သည့်အခါ၊ သင် မည်သို့ တွေ့ကြုံခံစားသင့်သနည်း။ ဘုရားသခင်၏ရှေ့မှောက်သို့ သူ၏ အလိုတော်ကို နားလည်သဘောပေါက်ဖို့ရန် ရှာဖွေရင်းနှင့် မည်သည့် အပြစ်ကျူးလွန်မှုမျိုးကို သင်ပြုမိခဲ့သည် သို့မဟုတ် မည်သည့် ဖောက်ပြန်ပျက်စီးခြင်းများကို သင် မဖြေရှင်းရသေးသည်ကို ဆန်းစစ်ရင်း ဆုတောင်းဖို့ လာရမည်။ သင် ရုပ်ပိုင်းအရ ဆင်းရဲဒုက္ခ မခံဘဲမနေနိုင်ပေ။ ဆင်းရဲဒုက္ခမှတဆင့် စိတ်ချုပ်တည်ခြင်းဖြင့်သာ လူတို့သည် အထိန်းအကွပ်မဲ့မှုကို ရပ်တန့်နိုင်ပြီး ဘုရားသခင်၏ ရှေ့မှောက်တွင် အမြဲအသက်ရှင်နိုင်လိမ့်မည်။ လူတို့ စိတ်မချမ်းမှု ခံစားကြသည့်အခါ၊ သူတို့ အမှားတစ်ခုခု ပြုမိသည် သို့မဟုတ် ဘုရားသခင်ကို မည်သို့ပြစ်မှားမိပြီးဖြစ်နိုင်သည်ကို သုံးသပ်ဆင်ခြင်ရင်း အမြဲဆုတောင်းကြသည်။ ဤအရာက သူတို့အတွက် အကျိုးရှိလေသည်။ ကြီးမားသည့် နာကျင်မှုနှင့် စမ်းသပ်မှုများကို လူတို့ ဒုက္ခခံကြရသည့်အခါ၊ ယင်းသည် သေချာပေါက် တိုက်ဆိုင်ခြင်းဖြင့် ဖြစ်သည်မဟုတ်ပေ။

၂ လူတို့ နာမကျန်းဖြစ်သည်ဖြစ်စေ၊ ကျန်းမာရေးကောင်းသည်ဖြစ်စေ၊ ဘုရားသခင်၏ အလိုတော်က အမှုပြုလျက်ရှိသည်။ ၎င်းတို့ မကျန်းမာသည့်အခါနှင့် ဘုရားသခင်၏ အလိုတော်ကို မသိသည့်အခါ၊ မည်သို့လက်တွေ့လုပ်ဆောင်ရမည်ကို ၎င်းတို့ သိကြမည်မဟုတ်။ ဤသည်မှာ သူတို့မိုက်မဲမှု၏ ရလဒ်ဖြစ်သည်ဟု ထင်ကြလိမ့်မည်။ ဘုရားသခင်၏ ကောင်းမြတ်သော ရည်ရွယ်ချက်များက ပါဝင်လျက်ရှိသည်ကို သူတို့ မည်သို့သတိမမူမိကြပါသနည်း။ သေလျှင်ပိုကောင်းမည်ဟု သင့်ကို ခံစားရစေသည့် အကြီးစား နာမကျန်းမှုကို သင် ဒုက္ခခံရသည့်အခါ၊ ယင်းသည် ကံတရားကြောင့် ဖြစ်သည်မဟုတ်ပေ။ လူသားမျိုးနွယ်အပေါ် ဘုရားသခင်၏ ကယ်တင်ခြင်း အချိန်ကာလအတောအတွင်းတွင်၊ သန့်ရှင်းသော ဝိညာဉ်တော်က လူတို့ကို ဉာဏ်အလင်းပေးရင်းနှင့် ၎င်းတို့အပေါ် အလင်းပေးရင်း၊ ၎င်းတို့၏ အသက်တာကို အဖော်ပြုရုံသာပြုသလော။ လူတို့ကို စမ်းသပ်ပြီး စစ်ဆေးဖို့လည်း ဘုရားသခင်က ကြိုးစားလိမ့်မည်ဖြစ်သည်။ ၎င်းတို့ များစွာဆင်းရဲဒုက္ခခံရမှသာ သန့်စင်ခံရနိုင်ပြီး၊ ထိုအခါမှသာ ၎င်းတို့၏ အသက်တာ စိတ်သဘောထားများ ပြောင်းလဲနိုင်ပေသည်။

၃ ဘုရားသခင်က လူတို့ကို စမ်းသပ်မှုများအား မည်သို့ခံစေပါသနည်း။ ဆင်းရဲဒုက္ခမှတဆင့် ၎င်းတို့ကို သူစစ်ဆေး၏။ စမ်းသပ်မှုများမှာ ဆင်းရဲဒုက္ခဖြစ်ပြီး စမ်းသပ်မှုများရှိသည့်အခါတိုင်း၊ ဆင်းရဲဒုက္ခက လိုက်ပါလာလေသည်။ စမ်းသပ်မှုများမရှိခဲ့လျှင်၊ လူတို့သည် မည်သို့ဆင်းရဲဒုက္ခခံရမည်နည်း။ ၎င်းတို့ ဆင်းရဲဒုက္ခမခံရလျှင် မည်သို့ ပြောင်းလဲနိုင်မည်နည်း။ စမ်းသပ်မှုများက ဆင်းရဲဒုက္ခများနှင့်အတူ လာပြီး ယင်းမှာ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်ဖြစ်သည်။ လူသားများသည် အကြီးအကျယ် ဖောက်ပြန်ပျက်စီးကြပြီး ၎င်းတို့ ဆင်းရဲဒုက္ခမခံရလျှင်၊ စကြဝဠာ၌ ၎င်းတို့၏ နေရာကို မေ့လျော့ကြလိမ့်မည်။ ၎င်းတို့ ဆင်းရဲဒုက္ခမခံရလျှင်၊ ၎င်းတို့ စိတ်နှလုံးများထဲတွင် ဘုရားသခင် ရှိလိမ့်မည် မဟုတ်။ သမ္မာတရားအကြောင်း မိတ်သဟာယပြုရုံမျှသည် လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို မဖြေရှင်းနိုင်ပေ။ ယင်းကို စမ်းသပ်မှုများနှင့် စစ်ဆေးမှုအားဖြင့် ပြုလုပ်ရမည်။

“နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ ဘုရားသခင်အား ယုံကြည်ခြင်းတွင် သမ္မာတရားကို ရရှိခြင်းသည် အရေးပါဆုံးဖြစ်၏” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၆၈၉ ပြုပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းကို တွေ့ကြုံရန်မှာ အဓိပ္ပါယ်အရှိဆုံးဖြစ်သည်

နောက်တစ်ခုသို့- ၆၉၁ နာမကျန်းမှုများတွန်းလှန်ပေးတာ ဘုရား၏ချစ်ခြင်းမေတ္တာပါ

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၂၉၅ မူလလူသားသည် ဝိညာဉ်ပိုင်ဆိုင်သော သက်ရှိသတ္တဝါများဖြစ်ကြ

၁အစအဦး၌ ဘုရားသခင် လူကို ဖန်ဆင်းတော်မူဘုရားက ဘဝရဲ့အခရာ လူသားတွေရဲ့ ဘိုး၊ ဘင်ရုပ်သွင်အပြည့်နဲ့ အာဒံကို ဖန်ဆင်းဘုရားသခင် ဘုန်းတော်ဝန်းရံလျက်...

၇၉၉ ဘုရားအမှုတော်၏ ရည်ရွယ်ချက်ပန်းတိုင်

၁ဘုရားရဲ့အမှုတော်များစွာထဲမှာစစ်မှန်သောကိုယ်တွေ့ ရှိသူတိုင်း ဘုရားကို ချစ်ကြောက်ကြသည်ဘုရားရဲ့စစ်ကြောခြင်းနှင့်ဆုံးမခြင်းက လူသားတို့ကို...

၃၉၆ လူတို့၏မှန်ကန်သော ယုံကြည်ခြင်းကို ဘုရားသခင် မျှော်လင့်သည်

၁ဘုရားသခင်သည် လူ့အတွက် တင်းကြပ်သောစံအမြဲထားရှိသည်။သင်၏သစ္စာစောင့်သိခြင်းသည် အခြေအနေများအပေါ် မူတည်ပါကသင်၏ အမည်ခံယုံကြည်ခြင်းကို...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။