၃၈၃ ဘုရား၏အလင်းတော်ကြွလာခြင်းကို မည်သူလွတ်မြောက်နိုင်သနည်းကျူး

၁ လူသားမျိုးနွယ်သည် သတိမေ့မြောနေသည်နှင့်အမျှ၊ ငါ့မိုးခြိမ်းသံ၏ တအုန်းအုန်းမြည်သံများကသာ ၎င်းတို့၏ အိပ်မက်များမှ ၎င်းတို့ကို နိုးထစေ၏။ ၎င်းတို့သည် ၎င်းတို့၏မျက်လုံးများကို ဖွင့်သောအခါ ဤအေးသော ထွန်းလင်းဝင်းပခြင်း၏ ရုတ်ခြည်း ပြင်းစွာ တိုးဝှေ့မှုများက ၎င်းတို့၏ မျက်လုံးများစွာကို နာကျင်စေသည်မှာ၊ ၎င်းတို့သည် ၎င်းတို့၏ ဦးတည်ချက်အာရုံ ပျောက်ဆုံးကာ မည်သည့်နေရာမှ ၎င်းတို့လာကြပြီး မည်သည့်နေရာသို့ သွားနေသည်ကို မသိကြပေ။ လူအများစုသည် လေဆာကဲ့သို့သော ရောင်ခြည်များ၏ ထိမှန်ခြင်းခံရကာ လေပြင်းမုန်တိုင်းအောက်တွင် အပုံလိုက် လဲပြိုကြ၏၊ ၎င်းတို့၏ခန္ဓာကိုယ်များသည် ပန်းထွက်နေသည့် ပြင်းထန်သော ရေစီးများအားဖြင့် မည်သည့်အရိပ်အယောင်မျှ နောက်ချန်မထားဘဲ မျောပါသွားလေသည်။ အလင်းတွင်၊ အသက်ရှင်ကျန်ရစ်သူများသည် နောက်ဆုံး၌ ငါ၏မျက်နှာကို ရှင်းလင်းစွာမြင်နိုင်ကြပြီး၊ ထိုအခါမှသာ ငါက ၎င်းတို့၏ခန္ဓာအပေါ် ငါ၏ပြစ်တင်ဆုံးမမှုနှင့် ကျိန်ဆိုမှုတို့ကို တဖန်ကျရောက်စေမည်စိုး၍ လွန်စွာကြောက်ရွံ့ရင်း၊ ငါ၏မျက်နှာအား တိုက်ရိုက်မကြည့်ဝံ့တော့သည်အထိ ငါ၏ပြင်ပ သွင်ပြင်နှင့်သက်ဆိုင်သည့် တစ်စုံတစ်ရာကို ၎င်းတို့ သိလာကြသည်။

၂ အလွန်များစွာသော လူတို့သည် ခါးသီးစွာ အော်ဟစ်ကာ ငိုကြွေးကြသည်။ အလွန်များစွာသောသူတို့သည် မျှော်လင့်ချက် ကုန်ဆုံးသွားကြသည်။ အလွန်များစွာသောသူတို့သည် ၎င်းတို့၏သွေးဖြင့် မြစ်များ ဖြစ်စေကြသည်။ အလွန်များစွာသောသူတို့သည် ဦးတည်ရာမဲ့ ဟိုဟို သည်သည် လွင့်မျောရင်း၊ အလောင်းကောင်များ ဖြစ်လာကြသည်။ များစွာသော လူတို့သည် အလင်း၌ မိမိတို့၏ ကိုယ်ပိုင်နေရာကို ရှာတွေ့လျက် ရုတ်တရက် စိတ်နှလုံးပူဆွေးခြင်း၏ စိတ်ထိခိုက်ခံစားမှုကို ခံစားရပြီး ၎င်းတို့၏ မပျော်ရွှင်ရသည့် ရှည်ကြာသော နှစ်များအတွက် မျက်ရည်ကျကြသည်။ အလွန်များစွာသော လူတို့သည် အလင်း၏အတင်းအကြပ် ခိုင်းစေခြင်းခံရလျက်၊ ၎င်းတို့၏ မသန့်ရှင်းခြင်းကို ဝန်ခံကာ မိမိတို့ကိုယ်ကိုယ် ပြောင်းလဲရန် ဆုံးဖြတ်ကြသည်။ အလွန်များစွာသော လူတို့သည် မျက်စိကန်းသွားကြလျက်၊ အသက်ရှင်ခြင်းနှင့်ဆိုင်သည့် ဝမ်းမြောက်မှုကို ဆုံးရှုံးနှင့်ပြီးဖြစ်ကာ အကျိုးဆက်အနေ့ဖြင့် အလင်းကို သတိပြုလိုစိတ် မရှိဖြစ်ကာ၊ ထို့ကြောင့် ၎င်းတို့၏ အဆုံးသတ်ကို စောင့်ဆိုင်းရင်း၊ ဆက်လက် ရပ်တန့်ကြသည်။ များစွာသော လူတို့သည် ဘဝ၏ ရွက်များကို မြှင့်တင်နေကြကာ၊ အလင်း၏လမ်းပြမှုအောက်၌ ၎င်းတို့၏ မနက်ဖြန်ကို စိတ်အားထက်သန်စွာ မျှော်လင့်စောင့်စားနေကြသည်။...ယနေ့တွင်၊ လူသားမျိုးနွယ်အလယ်တွင် မည်သူသည် ဤအခြေအနေတွင် မတည်ရှိသနည်း။ မည်သူသည် ငါ၏အလင်းအတွင်းတွင် မတည်ရှိသနည်း။ သင်သည် သန်မာလျှင်ပင်၊ သို့မဟုတ် သင်သည် အားနည်းကောင်း အားနည်းနိုင်သော်လည်း၊ ငါ၏အလင်း ရောက်လာခြင်းကို သင်မည်သို့ ရှောင်ရှားနိုင်မည်နည်း။

“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၁၃)” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၃၈၂ သင်၏အဆုံးသတ်မှာ အဘယ်အရာ ဖြစ်လိမ့်မည်နည်း

နောက်တစ်ခုသို့- ၃၈၄ ဘုရားကိုယုံကြည်ခြင်းရဲ့ စင်စစ်အဓိပ္ပာယ်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၇၉၉ ဘုရားအမှုတော်၏ ရည်ရွယ်ချက်ပန်းတိုင်

၁ဘုရားရဲ့အမှုတော်များစွာထဲမှာစစ်မှန်သောကိုယ်တွေ့ ရှိသူတိုင်း ဘုရားကို ချစ်ကြောက်ကြသည်ဘုရားရဲ့စစ်ကြောခြင်းနှင့်ဆုံးမခြင်းက လူသားတို့ကို...

၉၀၅ ဘုရားသခင်၏သြဇာအာဏာကို နားလည်နိုင်သောနည်းလမ်း

၁ဘုရားသခင်၏သြဇာအာဏာနဲ့ တန်ခိုး၊ ထင်ရှားသောလက္ခဏာ နှင့် သဘောသဘာဝတို့ကို သင်၏ စိတ်ကူးဖြင့်သိနားလည်မည်မဟုတ်စိတ်ကူးစိတ်သန်းမသုံးရဟုဆိုရာ၌...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။