လက်တွေ့လုပ်ဆောင်ခြင်းကို အာရုံစိုက်သူများသာ စုံလင်စေခြင်းခံရနိုင်သည်

နောက်ဆုံးသောကာလတွင် ဘုရားသခင်သည် မိမိလုပ်ဆောင်အပ်သည့် အမှုကို လုပ်ဆောင်ရန်နှင့် သူ၏နှုတ်ကပတ်တော်၏ သာသနာလုပ်ငန်းကို ထမ်းဆောင်ရန် လူ့ဇာတိခံယူခဲ့သည်။ ဘုရားသခင်၏ အလိုတော်နှင့် ကိုက်ညီသောသူများကို စုံလင်စေဖို့ရန်အလို့ငှာ လူသားများကြားတွင် အလုပ်လုပ်ရန် သူကိုယ်တိုင် ဆင်းသက်လာခဲ့သည်။ ဖန်းဆင်းခြင်းကာလမှသည် ယနေ့ထိတိုင်အောင် ထိုကဲ့သို့သော အမှုတော်ကို နောက်ဆုံးသောကာလတွင်သာ လုပ်ဆောင်ခဲ့သည်။ နောက်ဆုံးသောကာလတွင်သာ ဘုရားသခင်သည် ထိုကဲ့သို့ ကြီးမားသည့် အမှုတော်ကို လုပ်ဆောင်ရန် လူ့ဇာတိခံယူခဲ့သည်။ သူသည် လူ့အမြင်တွင် လွန်စွာခက်ခဲမည်ဟုထင်ရသည့် အခက်အခဲများကို ကြံ့ကြံ့ခံသော်လည်း၊ ကြီးမြတ်သည့် ဘုရားသခင်အနေနှင့် သာမန်လူသားတစ်ယောက် ဖြစ်သည်အထိ နှိမ့်ချမှုရှိသော်လည်း၊ သူ့အလုပ်၏ မည်သည့်ရှုထောင့်ကမျှ နှောင့်နှေးသွားခြင်းမရှိပေ။ ထို့အပြင် သူ၏အစီအစဉ်များလည်း အနည်းငယ်မျှ ပရမ်းပတာ မဖြစ်ခဲ့ပေ။ သူသည် မိမိ၏ မူရင်းအစီအစဉ်အတိုင်း အလုပ်လုပ်နေသည်။ ဤလူ့ဇာတိခံယူခြင်း၏ ရည်ရွယ်ချက်တစ်ခုမှာ လူသားများကို သိမ်းပိုက်ရန်ဖြစ်သည်။ နောက်ရည်ရွယ်ချက် တစ်ခုမှာမူ သူချစ်သောလူတို့ကို စုံလင်စေရန်ဖြစ်သည်။ သူစုံလင်စေသော လူများကို သူ၏မျက်စိနှင့် တပ်အပ်မြင်လိုသည့် စိတ်ဆန္ဒရှိသည်။ ပြီးလျှင် သူစုံလင်စေခဲ့သော လူများသည် သူ့အတွက် မည်ကဲ့သို့ သက်သေခံကြသည်ကိုလည်း သူကိုယ်တိုင် တွေ့မြင်လိုသည်။ စုံလင်စေခြင်းခံရသည်မှာ တစ်ယောက်နှစ်ယောက် မဟုတ်ပေ။ ယင်းအစား၊ ဤသည်မှာ လူအနည်းငယ်ပါသည့် လူတစ်စုဖြစ်သည်။ ဤအုပ်စုတွင်ရှိသူများသည် ကမ္ဘာ့နိုင်ငံအသီးသီးမှ လာကြပြီး ကမ္ဘာ့နိုင်ငံသားအသီသီး ဖြစ်ကြသည်။ ဤမျှများပြားသော အလုပ်ကိုလုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ ဤလူစုကို ရရှိဖို့ရန်၊ ဤလူစုမှ ဘုရားသခင်အတွက် သက်သေခံဖို့ရန်နှင့် ဤလူစုအားဖြင့် ဘုရားသခင်၏ဘုန်းတော် ထင်ရှားဖို့ရန်အတွက် ဖြစ်သည်။ ဘုရားသခင်သည် အဓိပ္ပာယ်မရှိသော အလုပ်ကို မလုပ်၊ တန်ဖိုးမရှိသည့် အလုပ်ကိုလည်း မလုပ်ပေ။ ဘုရားသခင်သည် များစွာသော အလုပ်ကို လုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ သူစုံလင်စေလိုသော သူများကို စုံလင်စေရန် ဖြစ်သည်ဟု ဆိုနိုင်သည်။ သည့်အပြင်ရှိသည့် အချိန်ပိုတွင် ဘုရားသခင်သည် ဆိုးယုတ်သောသူများကို စွန့်ပစ်မည်ဖြစ်သည်။ ဆိုးယုတ်သောသူများကြောင့် သူသည် ဤကြီးမားသောအလုပ်ကို လုပ်ဆောင်နေခြင်း မဟုတ်ကြောင်းကို သိလော့။ ယင်းအစား သူ စုံလင်စေရမည့် ထိုလူအနည်းငယ်အတွက် သူအစွမ်းကုန် လုပ်ဆောင်နေခြင်း ဖြစ်၏။ သူလုပ်ဆောင်သည့်အရာများ၊ သူမြွက်ဆိုသည့် နှုတ်ကပတ်တော်များ၊ သူဖွင့်ပြသည့် လျှို့ဝှက်ဆန်းကြယ်သည့် အရာများနှင့် သူ၏တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှုများ အားလုံးသည် ထိုလူနည်းစုအတွက်သာ ဖြစ်သည်။ ဆိုးယုတ်သော သူများကြောင့် သူလူ့ဇာတိခံယူခဲ့ခြင်း မဟုတ်ပေ။ ဆိုးယုတ်သူများသည် ဘုရားသခင်၏ ကြီးမားသော အမျက်ဒေါသကို သာ၍ပင် မဆွပေ။ ဘုရားသခင်သည် စုံလင်စေခြင်း ခံရမည့် ထိုလူနည်းစုကြောင့် သမ္မာတရားနှင့် ဝင်ရောက်ခြင်း အကြောင်းများကို ပြောကြားခြင်း ဖြစ်သည်။ ထိုလူများကြောင့် လူ့ဇာတိကို ခံယူခဲ့သည်။ ထို့အပြင် မိမိ၏ ကတိတော်နှင့် ကောင်းချီးမင်္ဂလာများကိုလည်း ထိုလူများကြောင့် နှင်းအပ်ခြင်း ဖြစ်သည်။ သူပြောသည့် သမ္မာတရား၊ ဝင်ရောက်ခြင်းနှင့် လူ့သဘာဝထဲမှ အသက်တို့သည် ဆိုးယုတ်သော သူများအတွက် လုပ်ဆောင်ခြင်း မဟုတ်ပေ။ သူသည် ဆိုးယုတ်သောသူများနှင့် စကားပြောခြင်းကို ရှောင်ကြဉ်လို၍ စုံလင်စေခြင်းခံရမည့် သူများကို သမ္မာတရား အားလုံး အပ်နှင်းလိုသည်။ သို့သော် လက်ရှိအခိုက်အတန့်တွင် ဘုရားသခင်၏ လုပ်ဆောင်ချက်တွင် ဆိုးယုတ်သောသူများအား ဘုရားသခင်၏ ကြွယ်၀ခြင်း အချို့ကို ခံစားခွင့်ပြုရန် သတ်မှတ်ထားသည်။ သမ္မာတရားကို ဆောင်ရွက်ခြင်းမရှိသူ၊ ဘုရားသခင်ကို စိတ်ကျေနပ်စေခြင်း မပြုသူနှင့်၊ သူ၏အမှုတော်ကို နှောင့်ယှက်နေသော သူများအားလုံးသည် ဆိုးယုတ်သောသူများ ဖြစ်၏။ ထိုသူများသည် စုံလင်စေခြင်းမခံရနိုင်ဘဲ ၎င်းတို့သည် ဘုရားသခင်၏ စက်ဆုပ်ရွံရှာခြင်းနှင့် ငြင်းပယ်ခြင်းကို ခံရကြ၏။ အပြန်အလှန်အားဖြင့်၊ သမ္မာတရားကို လက်တွေ့ လုပ်ဆောင်သူများ၊ ဘုရားသခင်အား ကျေနပ်စေနိုင်ပြီး ဘုရားသခင်၏ အမှုတော်အတွက် မိမိတို့တစ်ရပ်လုံးကို အသုံးပြုသောသူများသည် ဘုရားသခင်၏ စုံလင်စေခြင်းကို ခံရမည့်သူများ ဖြစ်ကြသည်။ ဘုရားသခင် စုံလင်စေလိုသောသူများမှာ ဤလူစုမှလွဲ၍ အခြားသူများမရှိပေ၊ ထို့အပြင် ဘုရားသခင် လုပ်ဆောင်သော အလုပ်မှာလည်း ထိုသူများအတွက်သာ ဖြစ်သည်။ သူဟောကြားသည့် သမ္မာတရားမှာလည်း ယင်းကို လက်တွေ့လုပ်ဆောင်လိုသော သူများကို ရည်စူးပြောကြားခြင်း ဖြစ်သည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်မှု မရှိသောသူများကို သူစကားမပြောပေ။ သူပြောသည့် ထိုးထွင်းဉာဏ် တိုးမြင့်လာခြင်းနှင့် အမြော်အမြင် ကြီးထွားလာခြင်းတို့သည် သမ္မာတရားကို လုပ်ဆောင်နိုင်သော သူများကို ရည်စူးပြောဆို နေခြင်းဖြစ်သည်။ စုံလင်စေခြင်းခံရမည့် သူများအကြောင်း သူပြောသောအခါ ထိုသူများအကြောင်းကို သူပြောနေခြင်းဖြစ်သည်။ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်သည် သမ္မာတရားကို လက်တွေ့ကျင့်သုံးလိုသော သူများကို ဦးတည်ထားသည်။ ဉာဏ်ပညာနှင့် လူ့သဘာဝတို့ ပိုင်ဆိုင်ခြင်းကဲ့သို့ အရာများသည်လည်း သမ္မာတရားကို လက်တွေ့လုပ်ဆောင်သော သူများကို ဦးတည်ထားသည်။ သမ္မာတရားကို လုပ်ဆောင်ခြင်း မရှိသည့်သူများသည် သမ္မာတရား၏ နှုတ်ကပတ်တော်များစွာကို ကြားနိုင်သော်လည်း ၎င်းတို့သည် သဘာ၀ဗီဇအားဖြင့် အလွန်ဆိုးယုတ်ပြီး သမ္မာတရားကို စိတ်မ၀င်စားသဖြင့်၊ ၎င်းတို့နားလည်သည့်အရာသည် အယူဝါဒနှင့် စကားလုံးများနှင့် အဓိပ္ပာယ်ကင်းမဲ့သော အယူအဆများသာ ဖြစ်ကြပြီး၊ ၎င်းတို့၏ အသက်တာ၀င်ရောက်ခြင်းအတွက် တန်ဖိုး အနည်းငယ်မျှပင် မရှိပေ။ ၎င်းတို့တစ်ဦးမျှ ဘုရားသခင်အပေါ် သစ္စာမရှိပေ၊ ထိုသူတို့ အားလုံးသည် ဘုရားသခင်ကို တွေ့သော်လည်း သူ့ကိုမရရှိနိုင်ကြသည့်သူများ ဖြစ်သည်၊ ထိုသူတို့ အားလုံးသည် ဘုရားသခင်၏ ပြစ်တင်ရှုတ်ချခြင်းခံရသူများ ဖြစ်သည်။

လူတစ်ဦးတစ်ယောက်ချင်းစီ၌ သန့်ရှင်းသော ဝိညာဉ်တော်သည် လျှောက်လှမ်းရမည့် လမ်းကြောင်းရှိပြီး အယောက်စီတိုင်းကို စုံလင်စေခြင်းခံရခွင့် ပေးသည်။ သင်၌ရှိသည့် အပျက်သဘောထားမှတစ်ဆင့် သင်ကိုယ်တိုင်ပျက်စီးခြင်းကို သင့်ကို သိစေပြီး၊ ထိုအပျက်သဘောထားကို စွန့်လွှတ်လိုက်ခြင်းအားဖြင့် သင်သည် လက်တွေ့လုပ်ဆောင်ရမည့် လမ်းကြောင်းကို တွေ့မည် ဖြစ်သည်၊ ထိုအရာ အားလုံးတို့သည် သင့်ကို စုံလင်စေသည့် နည်းများပေတည်း။ ထို့အပြင် သင့်အတွင်း၌ရှိသည့် အပြုသဘောဆောင်သော အရာအချို့၏ အဆက်မပြတ် လမ်းပြပို့ဆောင်မှုနှင့် အလင်းပေးခြင်းအားဖြင့် သင်သည် သင်၏ လုပ်ငန်းတာဝန်ကို ကြိုတင်ဖြည့်ဆည်းမည် ဖြစ်ပြီး၊ ထိုးထွင်းသိမြင်မှုကြီးထွားလာပြီး အမြော်အမြင် ရရှိလာမည် ဖြစ်သည်။ သင်သည် အဆင်ပြေနေသည့် အချိန်တွင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်ရှုရန် အထူးလိုလားပြီး ဆုတောင်းရန် အထူးလိုလားကာ၊ ကြားနာရသည့် ဒေသနာများကို သင်၏အသက်တာနှင့် ဆက်စပ်နိုင်သည်။ ထိုကဲ့သို့သော အချိန်များတွင် ဘုရားသခင်သည် သင်၏အတွင်း၌ အသိဉာဏ်ပွင့်လင်းစေကာ အလင်းပေး၍၊ အပြုသဘောဆောင်သည့် လက္ခဏာထဲရှိသော အရာအချို့ကို သင့်အား နားလည်သဘောပေါက်စေသည်။ ဤသည်မှာ အပြုသဘောဆောင်သော လက္ခဏာထဲတွင် သင့်ကို စုံလင်စေပုံ ဖြစ်၏။ အပျက်သဘောဆောင်သော အခြေအနေများတွင် သင်သည် အားနည်းကာ မတုန်မလှုပ် ရှိသည်။ သင်၏စိတ်နှလုံးထဲတွင် ဘုရားသခင် မရှိသကဲ့သို့ ခံစားရ၏၊ သို့သော်လည်း ဘုရားသခင်သည် သင့်ကိုအလင်းပေးကာ လက်တွေ့လုပ်ဆောင်ဖို့ လမ်းကြောင်းတွေ့ရန် ကူညီနေသည်။ ဤအခြေအနေမျိုးမှ ထွက်လာခြင်းသည် အပျက်သဘောလက္ခဏာထဲတွင် စုံလင်စေခြင်းခံရခြင်း ဖြစ်သည်။ ဘုရားသခင်သည် လူသားကို အပြုသဘောဆောင်သော ရှုထောင့်၌သော်လည်းကောင်း၊ အပျက်သဘောဆောင်သော ရှုထောင့်၌သော်လည်းကောင်း စုံလင်စေနိုင်သည်။ ထိုအချက်မှာ သင့်အနေဖြင့် တွေ့ကြုံခံစားနိုင်ခြင်းရှိမရှိအပေါ် မူတည်ပြီး၊ ဘုရားသခင်အားဖြင့် စုံလင်စေခြင်း ခံနေရခြင်းကို သင်လိုက်စားမှု ရှိ၊ မရှိအပေါ် မူတည်သည်။ အကယ်၍ သင်သည် ဘုရားသခင်၏ စုံလင်စေနေခြင်းကို အမှန်တကယ် ရှာဖွေလျှင်၊ အပျက်သဘောသည် သင့်အား ဆုံးရှုံးမှုကို မခံရစေနိုင်ပေ၊ သို့သော် သာ၍စစ်မှန်သောအရာများကို သင့်ထံယူဆောင်လာနိုင်ပြီး သင်၏အထဲတွင် ချို့တဲ့နေသော အရာများကို သာ၍သိရှိစေနိုင်မည် ဖြစ်သည့်အပြင်၊ သင်၏ အခြေအနေအမှန်များကိုလည်း သာ၍ နားလည်စေနိုင်မည်ဖြစ်ပြီး၊ လူသား၌ ဘာမျှမရှိ၊ လူသားသည် ဘာမှမဟုတ်ဟူသည်ကို သိမြင်စေနိုင်သည်၊ အကယ်၍ သင်သည် စမ်းသပ်မှုများကို မကြုံရလျှင်၊ သိရှိမည်မဟုတ်ဘဲ မိမိကိုယ်မိမိ အခြားသူများ၏ အထက်၌ရှိကာ အခြားသူများအားလုံးထက် သာသည်ဟု အမြဲထင်မည် ဖြစ်သည်။ ဤအရာများအားလုံးအားဖြင့် သင်သည် ယခင်ဖြစ်ပွားခဲ့သည့် အရာများအားလုံးသည် ဘုရားသခင် လုပ်ဆောင်ခဲ့သည့် အရာများဖြစ်ပြီး ဘုရားသခင် ကာကွယ်စောင့်ရှောက်သည့်အရာများ ဖြစ်သည်ကို သင်သိလာလိမ့်မည် ဖြစ်သည်။ စမ်းသပ်မှုများအတွင်းသို့ ဝင်ရောက်ခြင်းသည် သင့်အား ချစ်ခြင်းနှင့်ယုံကြည်ခြင်း ကင်းမဲ့စေကာ၊ ဆုတောင်းခြင်းလည်း မရှိ၊ ဓမ္မသီချင်းများလည်း သီဆိုနိုင်စွမ်းမရှိ ဖြစ်စေမည်၊ ထို့ပြင် ထိုကဲ့သို့သောအချိန်မျိုးတွင် သင်သည် သတိမထားမိဘဲနှင့် မိမိကိုယ်မိမိ သိကျွမ်းလာမည်ဖြစ်သည်။ ဘုရားသခင်တွင် လူသားကို စုံလင်စေခြင်းအတွက် လုပ်ဆောင်နည်း အမျိုးမျိုးရှိသည်။ လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ကိုင်တွယ်ရန်အတွက် ပတ်ဝန်းကျင်အမျိုးမျိုးကို သူအသုံးချပြီး၊ လူသားကို ဖော်ထုတ်ပြရန်အလို့ငှာ အရာအမျိုးမျိုးကို အသုံးပြုသည်၊ တစ်ဖက်တွင် လူသားကို သူကိုင်တွယ်ပြီး၊ နောက်တစ်ဖက်တွင် လူသားကို ဖော်ထုတ်ပြကာ အခြားတစ်ဖက်တွင် လူသား၏ စိတ်နှလုံးအတွင်း နက်ရှိုင်းရာ၌ရှိသော “နက်နဲရာများ” ကို တူးဆွကာ ဖော်ပြလျက်၊ သူ၏ အခြေအနေများ အများအပြားကို ဖော်ပြခြင်းအားဖြင့် လူသားအား သူ၏သဘောသဘာဝကို သိရှိစေလျက်၊ လူသားကို ဖွင့်ဟပြသည်။ ဘုရားသခင်သည် လက်တွေ့ကျသော ဘုရားဖြစ်သည်ကို လူသားသိစေရန် ဘုရားသခင်သည် ဖော်ပြခြင်း၊ ကိုင်တွယ်ဆုံးမခြင်း၊ စစ်ဆေးခြင်းနှင့် ပြစ်တင်ဆုံးမခြင်း စသည့် နည်းလမ်းအမျိုးမျိုးသုံးကာ လူသားကို စုံလင်အောင်ပြုလုပ်သည်။

သင်တို့ယခု ရှာဖွေနေသော အရာသည် အဘယ်အရာနည်း။ ဘုရားသခင်အားဖြင့် စုံလင်စေခြင်း ခံရရန်၊ ဘုရားသခင်အား သိရန်၊ ဘုရားသခင်အား ရယူရန်၊ သို့မဟုတ် ကိုးဆယ်ခုနှစ်များက ပေတရု၏ပုံစံအတိုင်း ပြုမူရန်၊ သို့မဟုတ် ယောဘ၏ ယုံကြည်ခြင်းထက် ကြီးသော ယုံကြည်ခြင်းရှိရန်၊ သို့မဟုတ် သင်တို့သည် ဘုရားသခင်မှ ဖြောင့်မတ်သောသူဟု အခေါ်ခံရကာ ဘုရားသခင်၏ ပလ္လင်တော်ရှေ့ရောက်ရန် ကြိုးစားသည်၊ သို့မဟုတ် ကမ္ဘာလောကတွင် ဘုရားသခင်အား ပြသနိုင်ရန်နှင့် ဘုရားသခင်အတွက် စွမ်းစွမ်းတမံနှင့် မြည်ဟည်းသော သက်သေခံခြင်း ပြုနိုင်ရန် ဖြစ်နိုင်သည်။ မည်သည့်အရာကို ရှာဖွေသည်ဖြစ်စေ၊ ခြုံငုံကြည့်လျှင် ဘုရားသခင်၏ ကယ်တင်ခြင်း ခံရရန်အတွက် ဖြစ်သည်။ ဖြောင့်မတ်သောသူဖြစ်ရန် ရှာဖွေသည်ဖြစ်စေ၊ ပေတရု၏ပုံစံကို ရှာဖွေသည်ဖြစ်စေ၊ ယောဘ၏ ယုံကြည်ခြင်းကို ရှာဖွေသည်ဖြစ်စေ၊ ဘုရားသခင်၏ စုံလင်စေခြင်းကို ရှာဖွေသည်ဖြစ်စေ၊ ၎င်းတို့အားလုံးသည် လူသားအပေါ် ဘုရားသခင် လုပ်ဆောင်သည့် အရာများ ဖြစ်သည်။ တစ်နည်းအားဖြင့် ပြောရလျှင် သင်သည် မည်သည့်အရာကို ရှာဖွေနေသည်ဖြစ်စေ၊ အားလုံးသည် ဘုရားသခင်အားဖြင့် စုံလင်စေခြင်း ခံရရန်သာ၊ အားလုံးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ကြုံတွေ့ခံစားရန်အလို့ငှာသာ၊ ဘုရားသခင်၏စိတ်နှလုံးကို ကျေနပ်စေရန်သာ ဖြစ်သည်၊ သင်မည်သည့်အရာကို ရှာဖွေသည်ဖြစ်စေ၊ ဘုရားသခင်၏ နှစ်သက်ဖွယ်ရာကို ဖွေတွေ့ရှိရန်သာဖြစ်သည်၊ ပုန်ကန်ထကြွတတ်သည့် မိမိတို့၏ စိတ်သဘောထားများကို ခဝါချနိုင်ရန်၊ သင်၏အတွင်း၌ မှန်ကန်သော အနေအထားကို ရရှိရန်၊ ဘုရားသခင်၏ အလိုတော်နှင့် လုံးဝ ကိုက်ညီနိုင်ရန်၊ မှန်ကန်သောသူတစ်ဦး ဖြစ်ရန်နှင့် သင်လုပ်သမျှအရာ အားလုံးတွင် မှန်ကန်သော အကြောင်းရင်း ရှိရန် ရည်ရွယ်ချက်ဖြင့် စစ်မှန်သော အတွေ့အကြုံကို လက်တွေ့လုပ်ဆောင်ရန် လမ်းကြောင်းတစ်ခုကို ရှာဖွေရန်သာ ဖြစ်သည်။ ဤအရာများအားလုံးကို ကြုံတွေ့နေရခြင်းသည် ဘုရားသခင်ကို သိရှိလာရန်နှင့် အသက်တာတွင် တိုးပွားမှုရရှိရန် ဖြစ်သည်။ သင်ကြုံတွေ့နေရသောအရာသည် ဘုရားသခင်၏နှုတ်ကပတ်တော်နှင့် စစ်မှန်သည့် အဖြစ်အပျက်များ၊ လူများ၊ အကြောင်းအရာများနှင့် သင်၏ဘေးပတ်၀န်းကျင်တွင် ဖြစ်ပျက်နေသောအရာများ ဖြစ်သော်လည်း၊ အဆုံးတွင်မူ သင်သည် ဘုရားသခင်ကို သိနိုင်ပြီး ဘုရားသခင်၏ စုံလင်စေခြင်း ခံရနိုင်ပေသည်။ ဖြောင့်မတ်သောသူ လျှောက်သည့်လမ်းကြောင်းကို လျှောက်လှမ်းရန် သို့မဟုတ် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လက်တွေ့လုပ်ဆောင်ရန် ကြိုးစားခြင်း- ဤအရာများသည် ပြေးလမ်းများ ဖြစ်ကြပြီး၊ ဘုရားသခင်ကိုသိခြင်းနှင့် ဘုရားသခင်၏ စုံလင်စေခြင်းကို ခံရခြင်းသည် ပန်းတိုင်ဖြစ်သည်။ သင်သည် ယခု ဘုရားသခင်၏ စုံလင်စေခြင်းကို ရှာဖွေသည်ဖြစ်စေ၊ ဘုရားသခင်အတွက် သက်သေခံရန် ကြိုးစားသည် ဖြစ်စေ၊ ခြုံငုံကြည့်လျှင် ဤအရာများသည် အဆုံးတွင် ဘုရားသခင်ကို သိရှိရန်အတွက် ဖြစ်သည်။ ယင်းသည် ဘုရားသခင် သင့်အထဲတွင် လုပ်ဆောင်နေသည့် အရာများသည် အချည်းနှီး မဟုတ်စေရန်၊ အဆုံးတွင် သင်သည် ဘုရားသခင်၏ လက်တွေ့ကျမှုကို သိရှိလာကာ၊ ဘုရားသခင်၏ ကြီးမြတ်မှုကို သိရှိလာရန် ဖြစ်သည့်အပြင်၊ ဘုရားသခင်၏ နှိမ့်ချမှုနှင့် သိုဝှက်မှု၊ သင့်အထဲတွင် ဘုရားသခင် လုပ်ဆောင်သည့် မြောက်များစွာသော အလုပ်ကိုပမာဏကိုလည်း သိရှိလာရန် သာ၍ဖြစ်သည်။ ညစ်ညူး၍ ဖောက်ပြန်ပျက်စီးနေသည့် ဤလူတို့အကြားတွင် သူ၏အလုပ်ကို လုပ်ဆောင်ရန်အလို့ငှာနှင့် ဤလူစုကို စုံလင်စေရန်အလို့ငှာ ဘုရားသခင်သည် မိမိကိုယ်မိမိ ဤအဆင့်အထိ နှိမ့်ချခဲ့သည်။ ဘုရားသခင်သည် လူသားများကြားတွင် နေထိုင်စားသောက်ရန်၊ လူသားများကို လမ်းပြဖို့ရန်နှင့် လူသားများ၏ လိုအပ်သည့်အရာများကို ဖြည့်ဆည်းပေးဖို့ရန်အလို့ငှာ လူ့ဇာတိခံယူခဲ့သည်သာ မဟုတ်ချေ။ သာ၍ အရေးကြီးသည်မှာ သူ၏ကြီးမားသော ကယ်တင်ခြင်းနှင့် သည်းမခံနိုင်လောက်အောင် ဖောက်ပြန်ပျက်စီးနေသည့် လူသားများကို သိမ်းပိုက်ရန်အလုပ်ကို လုပ်ခြင်း ဖြစ်သည်။ လူသားများ အားလုံးအားပြောင်းလဲကာ အသစ်ပြုပြင်ရန်အလို့ငှာ သူသည် ဖောက်ပြန်ပျက်စီးဆုံး ဤလူတို့ကို ကယ်တင်ရေးအတွက် အဆင်းနီသောနဂါးကြီး၏ နှလုံးသားထဲသို့ လာခဲ့ခြင်း ဖြစ်သည်။ ဘုရားသခင် ခံစားရသည့် ကြီးမားသော အခက်အခဲသည် လူ့ဇာတိခံယူသည့် ဘုရားသခင် ခံစားရသည့် အခက်အခဲမျှသာ မဟုတ်ဘဲ၊ အဓိကအားဖြင့် ဘုရားသခင်၏ ဝိညာဉ်တော်သည် အဆုံးစွန်သော အရှက်ခွဲခံရခြင်း ဖြစ်သည်၊ ဘုရားသခင်သည် မိမိကိုယ်ကို နှိမ့်ချလွန်းပြီး သိုဝှက်လွန်းသည့်အတွက် သူသည် သာမန်လူတစ်ယောက် ဖြစ်လာခဲ့သည်။ လူသားများသည် သူ့အား သာမန်လူ့ဘ၀ရှိပြီး သာမန်လူသား၏ လိုအပ်ချက်များကို သူလည်းလိုအပ်ကြောင်း မြင်စေရန်အလို့ငှာ ဘုရားသခင်သည် လူ့ဇာတိကိုခံယူခဲ့ပြီး ဇာတိပကတိ၏ သဏ္ဌာန်ကို ဆောင်ခဲ့သည်။ ဘုရားသခင်သည် ကြီးမားသော အတိုင်းအတာအထိ နှိမ့်ချခဲ့ကြောင်းကို သက်သေပြရန် ဤအရာက လုံလောက်သည်။ ဘုရားသခင်၏ ဝိညာဉ်တော်ကို ဇာတိပကတိ၌ အကောင်အထည် ဖော်ထားသည်။ ဘုရားသခင်၏ ဝိညာဉ်တော်သည် အလွန်တရာ မြင့်မားကာ ကြီးမြတ်သည့်အရာဖြစ်၏၊ သို့သော် သူသည် သူ၏ဝိညာဉ်တော်၏ အလုပ်ကို လုပ်ဆောင်ရန်အလို့ငှာ၊ သာမန်လူတစ်ယောက်၏ သဏ္ဌာန်ကို ခံယူခဲ့သည်။ သင်တို့အသီးသီး၏ အရည်အချင်း၊ ထိုးထွင်းဉာဏ်၊ အာရုံခံစားမှု၊ လူ့သဘာဝနှင့် အသက်တာများတို့သည် ဘုရားသခင်၏ ဤအလုပ်မျိုးကို လက်ခံရန် အကယ်ပင် မထိုက်တန်ကြောင်းကို ပြသည်။ သင်တို့သည် ဘုရားသခင်ကို သင်တို့အတွက် ထိုကဲ့သို့ အခက်အခဲ ကြုံတွေ့စေရန် အကယ်ပင် မထိုက်တန်ပေ။ ဘုရားသခင်သည် အထွတ်အထိပ် ဖြစ်လွန်းလှပြီး၊ သူသည် လူတို့သည် အလွန်နိမ့်ကျသည်၊ သို့သော် သူသည် လူသားများအပေါ် လုပ်ဆောင်မြဲ ဖြစ်သည်။ သူသည် လူသားများအတွက် ထောက်ပံ့ပေးရန်၊ လူတို့နှင့် စကားပြောရန်၊ လူ့ဇာတိခံယူသည်သာမက၊ သူသည် လူသားများနှင့် အတူတကွပင် နေထိုင်ခဲ့သည်။ ဘုရားသခင်သည် အလွန်ပင်နှိမ့်ချကာ ချစ်ဖွယ်ကောင်းသော ဘုရားသခင်ဖြစ်သည်။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာအကြောင်း ပြောသည်နှင့်၊ ဘုရားသခင်၏ ကျေးဇူးတရားတော်အကြောင်း ပြောသည်နှင့်၊ သင်သည် ကြီးမားသော ချီးမွမ်းခြင်းကို မိန့်မြွက်လျက် မျက်ရည်များစီးကျလျှင်၊ သင်သည် ဤအခြေအနေသို့ ရောက်လျှင်၊ သင်သည် ဘုရားသခင်နှင့်ပတ်သက်၍ မှန်ကန်သော အသိပညာ ရှိပြီဖြစ်သည်။

ယနေ့လူများ၏ ရှာဖွေမှုများတွင် သွေဖည်မှုတစ်ရပ် ရှိနေသည်၊ ထိုသူတို့သည် ဘုရားသခင်ကို ချစ်ရန်နှင့် စိတ်ကျေနပ်စေရန်အတွက်သာ ကြိုးစားကြသည်။ သို့သော် ဘုရားသခင်ကို သိကျွမ်းခြင်းမရှိကြဘဲ၊ ၎င်းတို့၏အတွင်းထဲ၌ သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်းနှင့် အလင်းပြကိုမူ လျစ်လျူရှုထားကြသည်။ သူတို့၌ ဘုရားသခင်အား စစ်မှန်စွာသိကျွမ်းခြင်း အခြေခံအုတ်မြစ် မရှိကြပေ။ ဤနည်းအားဖြင့် အတွေ့အကြုံများ တိုးတက်သည်နှင့်အမျှ ၎င်းတို့၏ ထက်သန်ခြင်းများ ကုန်ခမ်းလာကြသည်။ ဘုရားသခင်ကို စစ်မှန်စွာသိကျွမ်းရန် ကြိုးစားသူအားလုံးသည် အတိတ်က ကောင်းမွန်သည့် အခြေအနေတွင် မရှိခဲ့ဘဲ၊ အပျက်သဘော ဆောင်ခြင်းဘက်နှင့် အားနည်းချက်ဘက် တိမ်းညွှတ်ပြီး၊ မကြာခဏ ငိုကြွေးခဲ့ကာ၊ စိတ်ပျက်အားငယ်၍၊ မျှော်လင့်ချက် ပျောက်ဆုံးခဲ့သော်လည်း၊ ယခု ထိုသူတို့သည် အတွေ့အကြုံ ပိုမိုရှိသည်နှင့်အမျှ သူတို့၏အခြေအနေများသည် ပိုမိုကောင်းမွန်လာပြီ ဖြစ်သည်။ ၎င်းတို့သည် ကိုင်တွယ်ပြုပြင်ခြင်းခံရပြီး ချိုးဖဲ့ခြင်းနှင့် တွေ့ကြုံပြီးသောအခါတွင်နှင့် စမ်းသပ်မှုနှင့်စစ်ဆေးခြင်း တစ်ကြိမ်ခံရပြီးနောက်၊ ၎င်းတို့ ကြီးမားစွာတိုးတက်ခဲ့၏။ အပျက်သဘောဆောင်သော အခြေအနေများ လျော့နည်းသွားပြီး၊ ၎င်းတို့၏ အသက်စိတ်သဘောထား ပြောင်းလဲ၏။ ၎င်းတို့သည် စမ်းသပ်မှုများ ပိုမိုတွေ့ကြုံခံစားသည်နှင့်အမျှ၊ ၎င်းတို့၏ စိတ်နှလုံးများသည် ဘုရားသခင်ကို စတင်၍ ချစ်လာ၏။ ဘုရားသခင်၏ လူသားများကို စုံလင်စေခြင်းတွင် စည်းကမ်းတစ်ခု ရှိသည်။ ယင်းက သင်၌ လက်တွေ့လုပ်ဆောင်ရန် လမ်းကြောင်း တစ်ခုရှိပြီး သင့်ကို အပျက်သဘောဆောင်သော အခြေအနေများက ခွဲထုတ်နိုင်ရန်၊ သူသည် သင်၏နှစ်လိုဖွယ်ရာ ကောင်းသောအပိုင်းကို အသုံးပြုလျက်၊ သင်၏ ဝိညာဉ်ကို လွတ်မြောက်မှု ရရှိစေကာ၊ သင့်အား သူ့ကို ပိုချစ်နိုင်အောင် ပြုလုပ်၍ သင့်ကို အသိဉာဏ်ပွင့်လင်းစေခြင်း ဖြစ်သည်။ ဤနည်းအားဖြင့် သင်သည် စာတန်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို စွန့်ပယ်နိုင်မည်ဖြစ်သည်။ သင်သည် ရိုးစင်းပြီး ပွင့်လင်းသည်၊ မိမိကိုယ်မိမိသိရန် လိုလားပြီး သမ္မာတရားကိုလည်း လက်တွေ့လုပ်ဆောင်လိုသည်။ ဘုရားသခင်သည် သင့်ကို မုချဧကန် ကောင်းချီးပေးလိမ့်မည်၊ ထို့ကြောင့် သင်သည် အားနည်းကာ အပျက်သဘော ဆောင်သောအခါများတွင် သင့်ကိုယ်သင် သာ၍ သိမြင်လာရန်၊ သင့်အတွက်သင် အပြစ်ဝန်ခံရေးအတွက် ပိုမိုလိုလားရန်နှင့် သင်လက်တွေ့လုပ်ဆောင်သင့်သည့် အရာများကို သာ၍ လက်တွေ့လုပ်ဆောင်နိုင်ရန် ကူညီလျက်၊ ဘုရားသခင်သည် သင့်အား ဉာဏ်အလင်း နှစ်ဆပေးသည်။ ဤနည်းအားဖြင့်သာ သင်၏စိတ်နှလုံးသည် ငြိမ်းချမ်း၍ သက်သာရာရမည် ဖြစ်သည်။ ဘုရားသခင်ကို သိမြင်ရန် သာမန်အားဖြင့် အလေးဂရုပြုသောသူ၊ မိမိကိုယ်ကိုယ် သိမြင်ရန် အလေးဂရုပြုသောသူနှင့် မိမိ၏ လက်တွေ့လုပ်ဆောင်မှုကို အလေးဂရုပြုသောသူသည် ဘုရားသခင်၏ အလုပ်ကို မကြာခဏ လက်ခံရရှိနိုင်မည့်အပြင် ကိုယ်တော်၏လမ်းပြမှုနှင့် ဉာဏ်အလင်းပေးမှုကိုလည်း မကြာခဏ ရရှိနိုင်ပေမည်။ ထိုကဲ့သို့သောသူသည် အပျက်သဘောဆောင်သော အခြေအနေတစ်ရပ်တွင် ရှိသော်လည်း၊ သူသည် အသိစိတ်၏ လုပ်ဆောင်မှုကြောင့်ဖြစ်စေ၊ ဘုရားသခင်နှုတ်ကပတ်တော်၏ ဉာဏ်အလင်းပေးမှုကြောင့်ဖြစ်စေ၊ အမှုအရာများကို ချက်ချင်းပင် ပြောင်းလဲနိုင်သည်။ လူတစ်ဦးသည် မိမိ၏ အခြေအနေ မှန်နှင့် ဘုရားသခင်၏ စိတ်သဘောထားနှင့် အလုပ်ကို သိသည့်အခါတွင် သူ၏စိတ်နေသဘောကို ပြုပြင်ခြင်း အမြဲရရှိနိုင်သည်။ မိမိကိုယ်မိမိသိလိုကာ ပွင့်လင်းရန် လိုလိုလားလား ရှိသူတစ်ဦးသည် သမ္မာတရားကို လုပ်ဆောင်နိုင်မည် ဖြစ်သည်။ ထိုကဲ့သို့သောသူသည် ဘုရားသခင်အပေါ် သစ္စာရှိပြီး၊ ဘုရားသခင်ကို သစ္စာရှိသောသူတစ်ဦး၏ ဘုရားသခင်ကို နားလည်ခြင်းသည် နက်နဲသည်ဖြစ်စေ တိမ်သည်ဖြစ်စေ၊ နည်းပါးသည်ဖြစ်စေ၊ များပြားသည် ဖြစ်စေ၊ ထိုသူသည် ဘုရားသခင်ကို နားလည်သောသူဖြစ်သည်။ ဤအရာသည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်း ဖြစ်ပြီး၊ လူသားများ ရရှိသည့်အရာတစ်ခု ဖြစ်သည်၊ ယင်းသည် ၎င်းတို့ကိုယ်တိုင်၏ အကျိုးအမြတ် ဖြစ်သည်။ ဘုရားသခင်ကို သိရှိသောသူသည် အခြေခံရှိသောသူ ဖြစ်သည်၊ ရူပါရုံရှိသောသူ ဖြစ်သည်။ ဤကဲ့သို့သောသူသည် ဘုရားသခင်၏ လူ့ဇာတိကို အသေအချာသိသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် ဘုရားသခင်၏အလုပ်ကိုလည်း အသေအချာသိသည်။ ဘုရားသခင်သည် မည်ကဲ့သို့ လုပ်ဆောင်စေကာမူ၊ မည်ကဲ့သို့ ပြောဆိုစေကာမူ၊ အခြားသူများသည် မည်ကဲ့သို့ အနှောင့်အယှက် ဖြစ်စေကာမူ၊ ထိုသူသည် မားမားမတ်မတ် ရပ်တည်ကာ ဘုရားသခင်အတွက် သက်သေခံနိုင်သည်။ လူတစ်ဦးသည် ထိုကဲ့သို့ဖြစ်လေလေ၊ သူနားလည်သည့် သမ္မာတရားကို လုပ်ဆောင်နိုင်လေလေ ဖြစ်သည်။ ထိုသူသည် ဘုရားသခင်၏နှုတ်ကပတ်တော်ကို အစဉ် လက်တွေ့လုပ်ဆောင်နေသောကြောင့် ထိုသူသည် ဘုရားသခင်အား သိရှိနားလည်မှုကို ပို၍ ရရှိပြီး ဘုရားသခင်အတွက် ထာဝရ သက်သေခံရန် ပိုင်းဖြတ်ထားသော စိတ်ကိုလည်း ပိုင်ဆိုင်သည်။

ဝိညာဉ်ရေး၌ စိတ်အားထက်သန်ရေးအတွက်၊ ချင့်ချိန်နိုင်စွမ်းရှိခြင်း၊ နာခံမှုရှိခြင်းနှင့် သိမြင်နိုင်သောအစွမ်းရှိခြင်း ဆိုသည်မှာ သင်သည် တစ်စုံတစ်ရာနှင့် ကြုံတွေ့သည်နှင့် တစ်ပြိုင်နက်၊ သင်၏အတွင်း၌ ဘုရားသခင်၏နှုတ်ကပတ်တော်သည် အလင်းပြ၍ ဉာဏ်အလင်းပေးသည်ဟု ဆိုလိုသည်။ ဤအရာကို ဝိညာဉ်ရေး၌ စိတ်အားထက်သန်နေခြင်းဟု ခေါ်သည်။ ဘုရားသခင်လုပ်ဆောင်သော အရာအားလုံးသည် လူတို့၏ ဝိညာဉ်များကို နိုးကြားစေရန်အတွက် ဖြစ်သည်။ လူတို့သည် ထုံထိုင်းကာ ဉာဏ်နှေးနေကြသည်ဟု ဘုရားသခင်က အဘယ်ကြောင့် အမြဲပြောသနည်း။ အဘယ်ကြောင့်ဆိုသော် လူတို့၏ဝိညာဉ်များသည် သေဆုံးခဲ့ပြီ ဖြစ်ပြီး၊ ဝိညာဉ်နှင့်ဆိုင်သည့် အရာများကို လုံး၀သတိမမူတော့သည်အထိ ထုံထိုင်းသွားကြပြီ ဖြစ်သည်။ လူတို့သည် ဝိညာဉ်ရေးဆိုင်ရာ အရာများကို သိရှိနိုင်ပြီး သူတို့၏နှလုံးသားများထဲတွင် ဘုရားသခင်ကို အစဉ်အမြဲချစ်နိုင်ကာ ဘုရားသခင်ကို ကျေနပ်စေရန်အတွက်၊ ဘုရားသခင်၏အလုပ်သည် လူတို့၏ အသက်တာများကို တိုးတက်စေရန်နှင့် လူတို့၏ဝိညာဉ်များ ရှင်သန်လာရေးအတွက် ကူညီရန် ဖြစ်သည်။ ဤအခြေအနေသို့ ရောက်ရှိလာခြင်းက လူတစ်ဦး၏ ဝိညာဉ်သည် ပြန်လည်နိုးကြားလာသည်ကို ပြပြီး၊ ထိုသူသည် နောက်တစ်ကြိမ်တွင် တစ်စုံတစ်ရာ ကြုံလာသည့်အခါ ချက်ချင်း တုန့်ပြန်နိုင်မည် ဖြစ်သည်။ သူသည် တရားဒေသနာများကိုလည်း တုန့်ပြန်မှုရှိပြီး၊ အခြေအနေများကိုလည်း လျင်မြန်စွာ တုန့်ပြန်သည်။ ဤအရာသည် ဝိညာဉ်၏စိတ်ထက်သန်ခြင်း ဖြစ်သည်။ ပြင်ပတွင် ဖြစ်ပျက်နေသည့်အရာများကို လျင်မြန်စွာ တုန့်ပြန်တတ်သော်လည်း လက်တွေ့သဘောထဲ ဝင်ရောက်လာသည့်အခါ သို့မဟုတ် ဝိညာဉ်နှင့် ပတ်သက်သည့် အသေးစိတ်အရာများကို ပြောကြားသည်နှင့် တစ်ပြိုင်နက် သူတို့သည် ထုံထိုင်းကာ ဉာဏ်နှေးသွားသောသူ အများအပြား ရှိသည်။ သူတို့သည် သိသာထင်ရှားသည့် အရာကိုသာ နားလည်ကြသည်။ ဤအရာအားလုံးသည် ဝိညာဉ်ရေးတွင် ထုံထိုင်းကာ ဉာဏ်နှေးနေခြင်းနှင့် ဝိညာဉ်ရေးနှင့် ပတ်သက်သည့် အမှုအရာများတွင် အတွေ့အကြုံ အလွန်နည်းနေသေးခြင်းကို ပြသည့် လက္ခဏာများ ဖြစ်သည်။ အချို့လူများသည် ဝိညာဉ်ရေး၌ စိတ်အားထက်သန်ကာ အမြော်အမြင်လည်း ရှိသည်။ သူတို့၏ အခြေအနေကို ထောက်ပြသည့် နှုတ်ကပတ်တော်များကို ကြားသည်နှင့် အချိန်မဆွဲဘဲ ချက်ချင်း ရေးမှတ်ကြသည်။ လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံသဘောတရားများအကြောင်း နှုတ်ကပတ်တော်များကို ကြားသည်နှင့် ၎င်းတို့သည် ထို နှုတ်ကပတ်တော်များကို လက်ခံနိုင်ကြပြီး နောက်ပိုင်းတွင် ၎င်းတို့ တွေ့ကြုံရသည့် အတွေ့အကြုံများတွင် အသုံးချသဖြင့် မိမိတို့ကိုယ်ကို ပြုပြင်ပြောင်းလဲကြသည်။ ထိုသူသည် မိမိ၏ဝိညာဉ်ရေး၌ စိတ်အားထက်သန်သူ ဖြစ်သည်။ ထိုသူသည် အဘယ်ကြောင့် အလွန်လျင်မြန်စွာ တုန့်ပြန်နိုင်သနည်း။ အဘယ်ကြောင့်ဆိုသော် ထိုသူသည် မိမိ၏ နေ့စဉ်အသက်တာတွင် ဤအရာများအပေါ် အလေးဂရုပြုသောကြောင့် ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ၎င်းတို့ဖတ်သောအခါ ၎င်းတို့၏ အခြေအနေများနှင့် ကိုက်ညှိစစ်ဆေးပြီး မိမိကိုယ်ကိုယ် ဆင်ခြင်သုံးသပ်သည်။ မိတ်သဟာယဖွဲ့ခြင်းကို ၎င်းတို့ကြားပြီး ၎င်းတို့ကို ဉာဏ်အလင်းဖွင့်ပေး၍ အလင်းပေးသည့် နှုတ်ကပတ်တော်များကို ကြားသောအခါ၊ ၎င်းတို့သည် ထိုအရာတို့ကို ချက်ချင်းပင် လက်ခံနိုင်ကြသည်။ ယင်းသည် ဆာလောင်နေသောသူအား အစာပေးခြင်းနှင့် ဆင်တူသည်၊ ထိုသူသည် ချက်ချင်းစားနိုင်သည်။ ဆာလောင်မှု မရှိသည့်သူကို အစာပေးပါက ထိုသူသည် မြန်မြန်ဆန်ဆန် တုန့်ပြန်မည် မဟုတ်ပေ။ သင်သည် ဘုရားသခင်ထံ မကြာခဏ ဆုတောင်းပြီး တစ်စုံတစ်ရာနှင့် ကြုံသောအခါတွင် သင်သည် ချက်ချင်းတုန့်ပြန်နိုင်သည်- ယင်းသည် ဤကိစ္စ၌ ဘုရားသခင် အလိုရှိသောအရာနှင့် သင်ပြုမူသင့်သည့်အရာပင် ဖြစ်သည်။ သင်ပြုမူသင့်သည့် ပုံစံလည်းဖြစ်သည်။ ဘုရားသခင်သည် နောက်ဆုံးအခေါက်က ဤကိစ္စ၌ သင့်ကို လမ်းပြပေးခဲ့ပြီး ဖြစ်သည်။ ထိုကဲ့သို့သော အရာမျိုးနှင့် ယနေ့ တွေ့ကြုံရသောအခါ ဘုရားသခင်၏ စိတ်တော်နှင့် ကိုက်ညီသည့်နည်းဖြင့် မည်ကဲ့သို့ လုပ်ဆောင်ရမည်ကို သင်အလိုအလျောက် သိရှိမည် ဖြစ်သည်။ သင်သည် ဤကဲ့သို့ အစဉ်အမြဲ လက်တွေ့လုပ်ဆောင်ပြီး အမြဲတွေ့ကြုံခံစားပါက၊ တစ်ချိန်ချိန်တွင် ဤအရာကို အလွယ်တကူ ကိုင်တွယ်နိုင်မည် ဖြစ်သည်။ ဘုရားသခင်၏နှုတ်ကပတ်တော်ကို ဖတ်သည့်အခါ ဘုရားသခင်သည် မည်ကဲ့သို့သောသူကို ရည်ညွှန်းပြောဆိုနေသည်ကို သင်သိပေသည်၊ မည်ကဲ့သို့သော ဝိညာဉ်၏ မည်သည့် အခြေအနေများအကြောင်း ပြောကြားနေသည်ကို သင်သိပြီး၊ အဓိက အချက်ကိုလည်း နားလည်သဘောပေါက်နိုင်ကာ လက်တွေ့လုပ်ဆောင်နိုင်သည်၊ ဤသည်မှာ သင်သည် တွေ့ကြုံခံစားနိုင်ကြောင်းကို ဖော်ပြနေခြင်းဖြစ်သည်။ အချို့သော သူများသည် ဤအရာနှင့်စပ်လျဉ်း၍ အဘယ်ကြောင့် အားနည်းနေကြသနည်း။ အဘယ်ကြောင့်ဆိုသော် ထိုသူတို့သည် လက်တွေ့လုပ်ဆောင်ခြင်း၌ အားစိုက်ထုတ်မှု မရှိသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်လိုကြသော်လည်း အစေခံခြင်း၏ အသေးစိတ် အကြောင်းအရာများနှင့် မိမိတို့အသက်တာ၏ သမ္မာတရားဆိုင်ရာ အသေးစိတ်များကို ကောင်းစွာ နားလည်သဘောပေါက်မှု မရှိပေ။ ၎င်းတို့သည် တစ်စုံတစ်ခုဖြစ်သောအခါ တွေဝေတတ်ကြသည်။ ဤသို့ဖြင့်၊ ပရောဖက် အတုအယောင်၊ တမန်တော် အတုယောင်များ ပေါ်လာသည့်အခါ သင်သည် လမ်းလွဲသွားနိုင်သည်။ သင်သည် ဘုရားသခင်၏နှုတ်ကပတ်တော်နှင့် အမှုတော်အကြောင်း မကြာခဏ မိတ်သဟာရပြုရမည် - ဤနည်းဖြင့်သာလျှင် သင်သည် သမ္မာတရားကို နားလည်နိုင်ပြီး အမြော်အမြင် ရှိလာမည်ဖြစ်သည်။ သင်သည် သမ္မာတရားကို နားမလည်လျှင်၊ သင်၌ အမြော်အမြင် ရှိမည် မဟုတ်ပေ။ ဥပမာ ဘုရားသခင်သည် ပြောသည့်အရာ၊ ဘုရားသခင် အလုပ်လုပ်ပုံ၊ လူအများပေါ်တွင် ဘုရားသခင် တောင်းဆိုသည့်အရာ၊ သင်မည်ကဲ့သို့သူများနှင့် ထိတွေ့ဆက်ဆံရမည်၊ မည်ကဲ့သို့သူများကို ငြင်းပယ်ရမည်- ဤအရာများကို သင် မိတ်သဟာယပြုရမည် ဖြစ်သည်။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဤနည်းအတိုင်း အစဉ်အမြဲ ကြုံတွေ့ပါက၊ သင်သည် သမ္မာတရားကို နားလည်သဘောပေါက်လာပြီး၊ အမှုအရာများစွာကို စေ့စပ်သေချာစွာ သိရှိနားလည်လာမည်ဖြစ်ပြီး အမြော်အမြင်လည် ရှိလာမည်ဖြစ်သည်။ သန့်ရှင်းသောဝိညာဉ်တော်၏ ဆုံးမပဲ့ပြင်ခြင်းမှာ အဘယ်နည်း၊ လူသား၏အလိုဆန္ဒမှ ပေါ်ထွက်လာသည့် အပြစ်မှာ အဘယ်နည်း၊ သန့်ရှင်းသော ဝိညာဉ်တော်၏ လမ်းပြပို့ဆောင်ခြင်းမှာ အဘယ်နည်း၊ ပတ်ဝန်းကျင်၏တစ်ရပ်၏ စီမံမှုဆိုသည်မှာ အဘယ်နည်း၊ အတွင်း၌ နှုတ်ကပတ်တော်၏ ဉာဏ်အလင်းရခြင်းဆိုသည်မှာ အဘယ်နည်း။ ဤအရာများကို သင်ရှင်းလင်းစွာ မသိပါက သင်၌အမြော်အမြင် ရှိမည်မဟုတ်ပေ။ သန့်ရှင်းသော ဝိညာဉ်တော်မှ လာသည့်အရာကို သင်သည် သိရမည်၊ ပုန်ကန်သော စိတ်သဘောထားဆိုသည်မှာ မည်သည်ဖြစ်သည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို မည်သို့နာခံရမည်၊ ပုန်ကုန်တတ်သည့် စိတ်သဘောထား စွန့်လွှတ်ပုံတို့ကို သင်သိရမည်။ ဤအရာများကို အတွေ့အကြုံအရ သင်နားလည်ထားပါက၊ သင်၌ အခြေခံတစ်ရပ် ရှိမည်ဖြစ်သည်၊ တစ်စုံတစ်ရာ ဖြစ်သောအခါ သင့်တွင် နိုင်းယှဉ်ရန်အတွက် သင့်လျော်သော သမ္မာတရားလည်း ရှိမည်ဖြစ်ပြီး၊ သင့်လျော်သော ရူပါရုံများလည်း အခြေခံအုတ်မြစ်အဖြစ် ရှိမည်ဖြစ်သည်။ သင်လုပ်ဆောင်သည့် အမှုအရာတိုင်း၌ အခြေခံစည်းမျဉ်းများ ရှိမည်ဖြစ်ပြီး သမ္မာတရားနှင့်အညီ လုပ်ဆောင်နိုင်မည်ဖြစ်သည်။ ထိုအခါ သင်၏အသက်တာသည် ဘုရားသခင်၏ ဉာဏ်အလင်းရခြင်းနှင့် ပြည့်နေမည်၊ ကောင်းချီးမင်္ဂလာများနှင့် ပြည့်နေမည်။ ဘုရားသခင်သည် သူ့အား စိတ်ရင်းမှန်ဖြင့်ရှာဖွေသည့် မည်သူ့ကိုမဆို၊ သို့မဟုတ် သူ၏အလိုတော်နှင့်အညီ အသက်ရှင်ပြီး သူ့အတွက်သက်သေခံသည့် မည်သူကိုမဆို မတရားဆက်ဆံမည် မဟုတ်ပေ၊ ထို့အပြင် သမ္မာတရားကို စိတ်ရင်းအမှန်ဖြင့် ဆာငတ်နိုင်သည့် မည်သူကိုမဆို ကျိန်ဆဲမည်မဟုတ်ပေ။ သင်သည် နှုတ်ကပတ်တော်ကို စားသောက်နေသည့်အခါ၊ သင်၏ အခြေအနေအမှန်ကို ဂရုပြုနိုင်ပါက၊ သင်၏ လက်တွေ့လုပ်ဆောင်မှုကို ဂရုပြုပြီး၊ သင်၏နားလည်မှုကို ဂရုပြုပါက၊ သင်ပြဿနာတစ်ရပ်နှင့် ကြုံသည့်အခါတွင် ဉာဏ်အလင်း ရရှိမည်ဖြစ်ပြီး လက်တွေ့ကျသည့် နားလည်မှုကို ရရှိမည်ဖြစ်သည်။ ထိုအခါ သင်သည် အရာခပ်သိမ်း၌ လက်တွေ့လုပ်ဆောင်ရမည့် လမ်းကြောင်းနှင့် အမြော်အမြင်ရှိမည် ဖြစ်သည်။ သမ္မာတရား ရှိသောသူသည် လှည့်ဖြားခြင်းခံရရန် အလားအလာ မရှိ၊ ဖျက်လိုဖျက်ဆီးပြုမူရန် အလားအလာ မရှိသကဲ့သို့ လွန်ကဲစွာ ပြုမူရန်လည်း အလားအလာ မရှိပေ။ သမ္မာတရားကြောင့် ထိုသူသည် အကာအကွယ် ရှိပြီး၊ သမ္မာတရားကြောင့်လည်း သာ၍ နားလည်နိုင်စွမ်း ရရှိသည်။ သမ္မာတရားကြောင့် ၎င်း၌ လက်တွေ့လုပ်ဆောင်ရန် လမ်းကြောင်းများ ပိုမိုရှိကာ၊ ၎င်း၏အတွင်း၌ သန့်ရှင်းသော ဝိညာဉ်တော် အလုပ်လုပ်ရန် အခွင့်အရေးများ ပိုရှိပြီးလျှင် စုံလင်စေခြင်းခံရရန်အတွက်လည်း အခွင့်အရေးများ ပိုရှိသည်။

အရှေ့သို့- ဘုရားသခင်ကို ချစ်သောသူများသည် သူ၏အလင်းထဲတွင် ထာဝရနေထိုင်လိမ့်မည်

နောက်တစ်ခုသို့- သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုတော်နှင့် စာတန်၏အလုပ်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။