၆၂၅ ဘုရားသခင်ကို သိကျွမ်းခြင်းမရှိပါက၊ ဘုရားသခင်ကို သင် အလွယ်တကူ ပုန်ကန်ပြစ်မှားလိမ့်မည်

၁ ခေါင်းဆောင်များအဖြစ် အစေခံကြသောသူများသည် အမြဲတစေ ပို၍ကြီးမားသော စဉ်းစားဉာဏ် ရှိလိုကြသည်၊ ကျန်သည့် လူများအထက်တွင် အကြီးအကဲနှင့်တာဝန်ခံ ဖြစ်လို၍ ၎င်းတို့သည် မည်မျှအမှန်တကယ် စွမ်းဆောင်နိုင်ကြောင်းကို ဘုရားသခင် မြင်စေရန် လှည့်ကွက်အသစ်များကို ရှာဖွေလိုကြသည်။ သို့သော် ၎င်းတို့သည် သမ္မာတရားကို နားလည်ခြင်း နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်၏လက်တွေ့ကျင့်ဆောင်ခြင်းအတွင်း ၀င်ရောက်ခြင်းအပေါ် အာရုံမစိုက်ကြချေ။ ၎င်းတို့သည် အစဉ် ကြွားဝါလိုကြသည်၊ ဤသည်မှာ မာနကြီးသော သဘာဝကို ထုတ်ဖော်ခြင်းပင် မဟုတ်သလော။ သင်၏ စိတ်ထဲ၌ ပေါ်လာသမျှကို မဆင်မခြင် မပြုနှင့်။ သင့် လုပ်ရပ်များ၏ အကျိုးဆက်များကို သင် မစဉ်းစားပါက မည်ကဲ့သို့ အဆင်ပြေနိုင်မည်နည်း။ ဘုရားသခင်၏ စိတ်သဘောထားကို သင် ပြစ်မှားမိသောအခါ၊ သူ၏ စီမံခန့်ခွဲရေးဆိုင်ရာ အမိန့်များကို ပြစ်မှားပြီးနောက် ပယ်ရှင်းခံရသည့်အခါ၊ သင် ပြောစရာ မည်သည့်အရာမျှ ကျန်ရှိလိမ့်မည်မဟုတ်။ ဘုရားသခင်၏ စိတ်သဘောထားကို သင် နားမလည်လျှင် သို့မဟုတ် ဘုရားသခင်၏ အလိုတော်ကို သင် နားမလည်လျှင်၊ ဘုရားသခင်ကို သင် အလွယ်တကူ ပုန်ကန်ပြစ်မှားမိလိမ့်မည်ဖြစ်ပြီး သူ၏ စီမံခန့်ခွဲရေးဆိုင်ရာ အမိန့်များကို အလွယ်တကူ ပုန်ကန်ပြစ်မှားမိလိမ့်မည်၊ ဤသည်မှာ လူတိုင်း သတိထားသင့်သည့်အရာတစ်ခု ဖြစ်၏။

၂ ဘုရားသခင်၏ စီမံခန့်ခွဲရေးဆိုင်ရာ အမိန့်များ သို့မဟုတ် ဘုရားသခင်၏ စိတ်သဘောထားကို သင် အပြင်းအထန် ပြစ်မှားမိသည်နှင့်တစ်ပြိုင်နက် ယင်းကို သင် တမင်တကာ လုပ်ဆောင်သည် မလုပ်ဆောင်သည် သို့မဟုတ် မတော်တဆ လုပ်မိသည် မလုပ်မိသည်ကို ဘုရားသခင် စဉ်းစားလိမ့်မည်မဟုတ်၊ ဤသည်မှာ သင် ရှင်းရှင်းလင်းလင်း မြင်ရမည့် အရာတစ်ခု ဖြစ်၏။ ဤကိစ္စရပ်ကို သင် နားမလည်နိုင်လျှင်၊ သင်၌ ပြဿနာတစ်ခု ရှိဖို့ရန် သေချာ၏။ ဘုရားသခင်ကို အစေခံရာတွင်၊ လူတို့သည် ကြီးမားသော ခြေလှမ်းများ လှမ်းလိုကြသည်၊ ကြီးမားသော အရာများ လုပ်ဆောင်လိုကြသည်၊ ကြီးမြတ်သော စကားများ ပြောဆိုလိုကြသည်၊ ကြီးမြတ်သော အလုပ်များ ဆောင်ရွက်လိုကြသည်၊ ကြီးမားသော စာအုပ်များ ပုံနှိပ်ထုတ်ဝေလိုကြသည်၊ ကြီးမားသော အစည်းအဝေးများ ကျင်းပပြီး ကြီးမြတ်သော ခေါင်းဆောင်များ ဖြစ်လိုကြလေ၏။ ကြီးကျယ်ခမ်းနားသည့် ရည်မှန်းချက်များ သင်၌ အမြဲရှိလျှင်၊ ဘုရားသခင်၏ စီမံခန့်ခွဲရေးဆိုင်ရာ အမိန့်များကို သင် ပြစ်မှားမိပေလိမ့်မည်။ အကယ်၍ သင်သည် ဘုရားသခင်ကို အစေခံရာ၌ ဖြောင့်မတ်ခြင်း၊ ဘုရားတရားကိုင်းရှိုင်းခြင်း မရှိပါက သို့မဟုတ် ပညာမဲ့ပါက သင်သည် ဘုရားသခင်၏ စီမံခန့်ခွဲမှုအမိန့်များကို အနှေးနှင့်အမြန် ပြစ်မှားမိလိမ့်မည်။ သင်သည် မလေးနက်သော သဘောထားတစ်ခု ထားရှိလျှင်၊ မည်သည့်အရာကိုမျှ အလေးမထားသည့်အပြင် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းမရှိလျှင်၊ ဘုရားသခင်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို သင် ရှင်းရှင်းလင်းလင်း သတိပြုမိသော်လည်း ပုန်ကန်ပြစ်မှားလျက် ရှိလျှင်၊ သင်သည် အပြစ်ပေးခံရသင့်၏။

“နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အပိုင်း သုံး” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၆၂၄ ပေါလုကဲ့သို့ အစေခံသူများကို ဘုရားမချီးမွမ်းကျူး

နောက်တစ်ခုသို့- ၆၂၆ လူ့သဘာဝမရှိသူများသည် ဘုရားကို အစေခံရန်မထိုက်တန်ကြကျူး

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၈၂ ငြိမ်သက်ခြင်း ချမ်းသာရရှိရန် လူသားတို့၏ တစ်ခုတည်းသောလမ်း

၁ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းဖြင့်ဘုရား၏ နောက်ဆုံးသန့်စင်ခြင်းအတွင်းခိုင်မာစွာ ရပ်တည်သူများ နောက်ဆုံးသော...

၄၇၄ သမ္မာတရားအတွက် အရာအားလုံးကို စွန့်လွှတ်သင့်

၁သမ္မာတရားကိုဦးတည်ရာလမ်းကြောင်းမှာ ခက်ခဲကြမ်းတမ်းမှု ခံစားရမယ်သင့်ကိုယ်သင် အပြည့်အဝပေးဆပ်ထားအောက်ကျနောက်ကျခြင်းနဲ့ ဒုက္ခဆင်းရဲခြင်း...

၂၆၆ အသင်းတော် ဓမ္မတေးသီချင်း

ဘုရားအပေါ် ပေတရု၏ချစ်ခြင်း၁အို ဘုရား၊အချိန်၊ နေရာမရွေး ကိုယ်တော်ကို သတိရနေမှာပါဘယ်အချိန်နေရာမဆို ကိုယ်တော်ကို ချစ်လိုပါ၏သို့သော်...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။