နိုင်ငံတော်ခေတ်တွင် နှုတ်ကပတ်တော်သည် အရာခပ်သိမ်းကို ပြီးမြောက်စေသည်
၁
နိုင်ငံတော် ခေတ်တွင် နှုတ်ကပတ်တော်နှင့်အတူ ခေတ်သစ်တစ်ခု ဘုရားသခင် စတင်ပြီး
သူ့အမှုတော် လုပ်ဆောင်ပုံကို သူပြောင်းလဲပြီး ခေတ်တစ်ခုလုံး နှုတ်ကပတ်တော်ဖြင့် သူအလုပ်လုပ်သည်။
ဒီအရာသည် နှုတ်ကပတ်တော်ခေတ်တွင် ဘုရာ: အမှုတော်ဆောင်ရွက်ပုံနည်းစနစ်ဖြစ်သည်
သူသည် ကွဲပြားသော နေရာအမျိုးမျိုးမှ စကားပြောဖို့ရန် လူ့ဇာတိခံယူခဲ့
လူ့အသွင်ဖြင့် ထွက်ပေါ်လာသည့် နှုတ်ကပတ်တော်ဖြစ်သော ဘုရားသခင်ကို လူသည်အမှန်မြင်တွေ့စေရန်နှင့်
သူ့အံ့သြဖွယ်အမှ ုနှင့် ဉာဏ်ပညာကို မြင်တွေ့ စေရန် ဖြစ်သည်။
လူသည် နှုတ်ကပတ်တော်ကို မြင်တွေ့ ကြားရပြီး နှုတ်ကပတ်တော် ရှိသည်ကို သတိပြုမိလာ ကြသည်။
ထိုကြောင့် သူသည် ဘုရားသခင်၏ ဖြစ်တည်ခြင်း၊ အနန္တတန်ခိုးနှင့် ဉာဏ်ပညာ၊
လူသားအတွက် ဘုရား၏ ချစ်ခြင်းနှလုံးသား၊ လူကိုကယ်တင်ဖို့ ဘုရား၏ ဆန္ဒတော်ကို ယုံကြည်လေသည်။
၂
ထိုအမှုတော်သည် လူကို သိမ်းယူရန်၊ စုံလင်စေရန်နှင့်
သုတ်သင်ရှင်းလင်းရန် ရည်ရွယ်ချက်ကို အထမြောက်စေဖို့ အတွက်ဖြစ်သည်။
ဒီအရာသည် နှုတ်ကပတ်တော် ခေတ်တွင် အမှုတော်လုပ်ဆောင်ဖို့
နှုတ်ကပတ်တော်ကိုသုံးခြင်း၏ စစ်မှန်သော အနက်အဓိပ္ပာယ်ပင်ဖြစ်၏
ဘုရားသခင်၏ အမှုတော်နှင့် သူ၏စိတ်သဘောထားအားဖြင့်
လူသည် ဘုရားသခင်ကို သိကျွမ်းလာ၏
နှုတ်ကပတ်တော်အားဖြင့် လူသည် သူ၏ ပင်ကိုသဘာဝ၊
သူဘယ်လို ပြုမူအသက်ရှင်ရမည်ကို သိနားလည်သည်။
နှုတ်ကပတ်တော်ခေတ်တွင် ဘုရားသခင်၏
အမှုတော်အားလုံးအား နှုတ်ကပတ်တော်အားဖြင့် ပြီးမြောက်စေသည်။
ထို့နောက် လူသည်လည်း နှုတ်ကပတ်တော်အားဖြင့် ဖွင့်ပြခြင်း၊
သုတ်သင်ခြင်းနှင့် စစ်ကြောခြင်းထို့ကို ခံရကြသည်။
လူသည် နှုတ်ကပတ်တော်ကို မြင်တွေ့ ကြားရပြီး
နှုတ်ကပတ်တော်ရှိသည်ကို သတိပြုမိလာကြသည်။
ထိုကြောင့် သူသည် ဘုရားသခင်၏ ဖြစ်တည်ခြင်း၊ အနန္တတန်ခိုးနှင့် ဉာဏ်ပညာ၊
လူသားအတွက် ဘုရား၏ ချစ်ခြင်းနှလုံးသား၊ လူကိုကယ်တင်ဖို့ ဘုရား ဆန္ဒတော်ကို ယုံကြည်လေသည်။
၃
စကားသည် ရိုးရှင်း၍ သာမန်ရိုးရိုးဖြစ်လည်းဘဲ
လူဇာတိခံယူထားသောဘုရား၏ နှုတ်မှထွက်လာသော
စကားသည် ကောင်းကင်နှင့်မြေကြီးကို တုန်လှုပ်စေပြီး
လူ၏ နှလုံးသား၊ အယူအဆ၊ ဟောင်းနွမ်းတဲ့
စိတ်သဘောထားနှင့် ဟောင်းနွမ်းတဲ့ကမ္ဘာကို ပြောင်းလဲစေသည်။
ခေတ်ကာလတစ်လျှောက် ဒီနည်းအားဖြင့်သာ
ယနေ့၏ ဘုရားသာ ဤနည်းအားဖြင့် ဘုရားအလုပ်လုပ်၊ စကားပြော၊ လူကိုကယ်တင်
ထို့နောက် လူသည် နှုတ်ကပတ်တော်၏ လမ်းပြမှု၊
ထိန်းကျောင်းမှုအောက်နှင့် ထောက်ပံခြင်းအားဖြင့် အသက်ရှင်လာသည်
လူအားလုံးတို့သည် နှုတ်ကပတ်တော်၏ ကမ္ဘာနှင့် ဘုရား
နှုတ်ထွက်စကား၏ ကျိန်ခြင်းနှင့်၊ ကောင်းချီးမင်္ဂလာ ၌ အသက်ရှင်ကြသည်။
လူအများစုတို့သည် နှုတ်ကပတ်တော်၏ စီရင်ခြင်း၊ ပဲ့ပြင် ဆုံးမခြင်း ကိုခံကြရသည်။
နှုတ်ကပတ်တော်နှင့် အမှုတော်သည် လူကိုကယ်တင်ဖို့ဖြစ်ပြီး
ဘုရား၏ အလိုတော် ပြည့်စုံဖို့ အတွက် နှင့်
ဖန်ဆင်းထားသော ကမ္ဘာဟောင်းကို ပြောင်းလဲစေဖို့
ဘုရားသည် ကမ္ဘာကို ဖန်ဆင်း ခဲ့ ကာ စကြဝဠာတစ်လျှောက် လူတွေကို ဦးဆောင်ပြီး
နှုတ်ကပတ်တော်ဖြင့် လွှမ်းမိုးကာ သူတို့ကိုကယ်တင်သည်။
အချိန်ပြည့်စုံလာသောအခါတွင်
ဟောင်းနွမ်းတဲ့ ကမ္ဘာတစ်ခုလုံးကို နှုတ်ကပတ်တော်ဖြင့် အဆုံးသတ်လိမ့်မည်
ဤအရာကို အထမြောက်သောအခါ သူ၏ စီမံခန့်ခွဲမှုအစီအစဉ်သည်ပြည့်စုံပြီဖြစ်သည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “နိုင်ငံတော်ခေတ်သည် နှုတ်ကပတ်တော်ခေတ်ဖြစ်သည်” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။