၁၃၁ ဘုရားသခင်၏ မှေးမှိန်နေသော သဏ္ဌာန်ကို စောင့်ကြည့်ခြင်း

၁ ကိုယ်တော်၏ မှေးမှိန်နေသော သဏ္ဍာန်ကို စောင့်ကြည့်ရင်း၊ ကျွန်ုပ်၏ စိတ်နှလုံးသည် စိတ်ခံစားချက်ဖြင့် ပြည့်သည်။ ကိုယ်တော်၏ အတွဲအဖက်ဖြင့် ထိုအံ့ဩဖွယ် အချိန်ကာလများအားလုံးက ကျွန်ုပ်၏ မျက်လုံးများရှေ့တွင် ဖျတ်ခနဲ့ ပေါ်သည်။ ကိုယ်တော်သည် ကျွန်ုပ်တို့အတွက် သမ္မာတရားကို ဖော်ပြရင်းနှင့် ထောက်ပံ့ရင်း နေ့ရော ညပါကျွန်ုပ်တို့နှင့်အတူ ရှိခဲ့၊ ကျွန်ုပ်တို့ စိတ်နှလုံးများ၏ စိုက်ကွင်းများတွင် သမ္မာတရားနှင့် အသက်တို့ကို စိုက်ပျိုးရင်းလေ။ ကြိမ်ဖန်များစွာ၊ ကျွန်ုပ်တို့ ခက်ထန်ကာ ပုန်ကန်တတ်ခဲ့ကြပြီး ကိုယ်တော်သည် ကျွန်ုပ်ကို ပြင်းထန်စွာ တရားစီရင်ခဲ့သည်၊ ကြိမ်ဒဏ်ပေးခဲ့ပြီး ဆုံးမပဲ့ပြင်ခဲ့သည်။ ထိုအခါမှသာ အပြန်အလှန်အနေဖြင့်၊ ကျွန်ုပ်တို့ နောင်တရကာ ပြောင်းလဲခဲ့ကြသည်။ ကြိမ်ဖန်များစွာ၊ ကျွန်ုပ်တို့ ကျရှုံးကာ လဲကျခဲ့ချိန်တွင်၊ ကျွန်ုပ်တို့ကို နှစ်သိမ့်ရန်နှင့် လှုံ့ဆော်ရန် နှုတ်ကပတ်တော်များကို ကိုယ်တော် အသုံးပြုခဲ့၊ ကျွန်ုပ်တို့ကို တစ်ဖန် ထရပ်ရန် ခွန်အားနှင့် ယုံကြည်ခြင်းတို့ကို ပေးရင်းလေ။ ကိုယ်တော်သည် အချိန်တိုင်း ကျွန်ုပ်တို့အပေါ် စောင့်ကြည့်ရင်း၊ စမ်းသပ်မှုများနှင့် အခက်အခဲ၏ အချိန်ကာလများတစ်လျှောက် ကျွန်ုပ်တို့နှင့်အတူ ရှိခဲ့ပေ။ ကိုယ်တော်၏ နှုတ်ကပတ်တော်များက ကျွန်ုပ်တို့ကို သက်သေရပ်တည်ရန် လမ်းပြခဲ့။ ကိုယ်တော်သည် ကျွန်ုပ်တို့အတွက် မိန့်မြွက်ချက်များ ပြောဆိုရန် အကောင်းဆုံး လုပ်ဆောင်ရင်း၊ ကျွန်ုပ်တို့အတွက် အလွန်အလုပ်ကြိုးစားခဲ့။ ကိုယ်တော်၏ နှုတ်ကပတ်တော်များက နွေးထွေးကာ ဆွဲဆောင်ပြီး ကိုယ်တော်၏ ချစ်ခြင်းမေတ္တာသည် အလွန့်အလွန် ညှာတာတတ်ပေ။ ကိုယ်တော်နှင့်ပတ်သက်၍ အလွန်များလှစွာ ချစ်ဖွယ်ဖြစ်ပြီး၊ ကိုယ်တော် ထွက်သွားမည်ကို ကျွန်ုပ်တို့ မခံနိုင်။ ကိုယ်တော်၏ ချစ်ခြင်းမေတ္တာ၊ ကိုယ်တော်၏ မျက်မှောက်တော်- ယင်းတို့က ကျွန်ုပ် စိတ်နှလုံးကို စွဲထင်စေပြီး၊ မေ့ပျောက်ရန် အလွန်ခက်လှသည်။

၂ ကိုယ်တော်၏ မှေးမှိန်နေသော သဏ္ဍာန်ကို စောင့်ကြည့်ရင်း၊ ကျွန်ုပ်၏ စိတ်နှလုံး နောင်တဖြင့် ပြည့်။ ကိုယ်တော်နှင့် ကုန်ဆုံးခဲ့သော အချိန်ကို ကျွန်ုပ် လုံးဝ ချစ်ခင်မြတ်နိုးခြင်း မရှိခဲ့။ ကျွန်ုပ်၏ တာဝန်ကို ထမ်းဆောင်ဖို့ ကိုယ်တော်သည် ကျွန်ုပ်ကို ပြုစုပျိုးထောင်ခဲ့သော်လည်း ရာထူးအဆင့်အတန်းနှင့် နာမည်ဂုဏ်သတင်းတို့ကို ကျွန်ုပ် ရှာဖွေခဲ့။ နှုတ်ဖြင့်၊ ကိုယ်တော်ကို ကျွန်ုပ် ချစ်ကာ ကိုယ်တော်ကို သစ္စာရှိခဲ့သည်ဟု ကျွန်ုပ် ပြောခဲ့သော်လည်း၊ စိတ်ထဲတွင် ကျွန်ုပ်၏ အခွင့်အလမ်းများနှင့် ကံကြမ္မာတို့ကိုသာ ကျွန်ုပ် တွေးခဲ့။ ကျွန်ုပ်၏ စစ်မှန်ရိုးသားမှုကို ကိုယ်တော်အား ကျွန်ုပ် လုံးဝ မပေးဖူးပြီ။ ကျွန်ုပ်သည် ကိုယ်တော်ကို ဝတ်ကျေတမ်းကျေ အပြုအမူနှင့် လှည့်ဖြားမှုတို့ဖြင့်မျှ ပြန်ပေးဆပ်လေပြီ။ ကိုယ်စိတ်ချမ်းသာခြင်းများနှင့် ဇာတိပကတိအတွက် အလိုကြီးလျက်၊ စုံလင်စေခြင်းခံရဖို့ အခွင့်အရေးများစွာ ကျွန်ုပ် လွဲချော်လေပြီ။ ယခုတွင်၊ ကိုယ်တော် ထွက်ခွာတော့မည်ဖြစ်ပြီး၊ ကျွန်ုပ်သည် ပူဆွေးမှုနှင့် ပူပန်မှုတို့ဖြင့် ဖိစီးခံရသည်။ အလွန် ထုံထိုင်းခြင်းနှင့် အလွန်နောက်ကျစွာ နိုးထခြင်းတို့အတွက် ကျွန်ုပ် မိမိကိုယ်ကိုယ် မုန်းမိ။ သမ္မာတရားကို ရှာဖွေရန်နှင့် ကျွန်ုပ်၏ အတိတ် ကျေးဇူးကြွေးရှိခြင်းကို ထေမိစေရန် ကျွန်ုပ် စိတ်ဆုံးဖြတ်သည်။ ကျန်ရှိသည့် အချိန်ကို ကျွန်ုပ် ချစ်ခင်မြတ်နိုးမည်ဖြစ်ပြီး နောက်ဆုံးတွင် ကျွန်ုပ်၏ သစ္စာစောင့်သိခြင်းကို ကျွန်ုပ် ကတိပြုသည်။ ရှေ့က လမ်းကြောင်းသည် အုတ်အောသောင်းသဲဖြစ်ပြီး ဆူးများထူပြောလျှင်ပင်၊ ကျွန်ုပ်သည် စောဒကတက်ခြင်းမရှိသကဲ့သို့ နောင်တရခြင်းမရှိဘဲ ကိုယ်တော့်နောက်လိုက်ရင်း ဤဒုက္ခသုက္ခများကို ပွေ့ဖက်မည်။ သစ္စာစောင့်သိစွာ၊ ကိုယ်တော်ကို ချစ်ရင်းနှင့် ကိုယ်တော့်အဖို့ သက်သေခံရင်း ကျွန်ုပ်၏ တာဝန်ကို ကျွန်ုပ် ထမ်းဆောင်မည်။ ကျွန်ုပ်၏ ဖြူစင်သော ချစ်မေတ္တာကို ပေးကမ်းရာတွင်၊ ကျွန်ုပ်၏ နှလုံးသားကို ကိုယ်တော်ထံ ကျွန်ုပ် လွှဲအပ်မည်။

အရှေ့သို့- ၁၃၀ ဘုရားသခင်၏ ကျေးဇူးတော်ကို ရေတွက်ခြင်း

နောက်တစ်ခုသို့- ၁၃၂ စိတ်ထိခိုက်ခံစားရသော ခွဲခွာခြင်း

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၆၃၂ ဘုရားသခင်၏ဒဏ်ခတ်ခြင်းနှင့် စစ်ကြောခြင်းကို ချစ်ခြင်းမေတ္တာဟူ၍ သိမှတ်ပါ

၁စစ်ကြောခြင်းနဲ့ဆုံးမခြင်းဟာ လူသားရဲ့အပြစ်များ၊ အသွေးအသားကို ဒဏ်ခတ်ဖို့ ရည်ရွယ်သော သန့်စင်ခြင်း၊ ညှာတာမှုကင်းသော ထုတ်ဖော်မှုတွေပါဒီ...

၈၂ ငြိမ်သက်ခြင်း ချမ်းသာရရှိရန် လူသားတို့၏ တစ်ခုတည်းသောလမ်း

၁ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းဖြင့်ဘုရား၏ နောက်ဆုံးသန့်စင်ခြင်းအတွင်းခိုင်မာစွာ ရပ်တည်သူများ နောက်ဆုံးသော...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။