လူငယ်နှင့် သက်ကြီးရွယ်အိုတို့အတွက် နှုတ်ကပတ်တော်များ

ကမ္ဘာမြေပေါ်တွင် အလွန်များပြားသော အမှုပမာဏကို ငါ ဆောင်ရွက်ပြီးဖြစ်ကာ လူသားမျိုးနွယ်ကြား နှစ်ပေါင်းများစွာ ငါ လျှောက်လှမ်းပြီးဖြစ်၏၊ သို့တိုင် လူတို့သည် ငါ၏သဏ္ဌာန် နှင့် ငါ၏ စိတ်သဘောထားတို့ နှင့်ဆိုင်သည့် အသိပညာ ရှိခဲလှပြီး ငါ လုပ်ဆောင်သည့် အမှုကို လူအနည်းငယ်ကသာ စေ့စေ့စပ်စပ် ရှင်းပြ နိုင်ပေသည်။ လူတို့ ချို့တဲ့သည့် အရာများစွာရှိ၏၊ ငါ ပြုသည့် အမှုနှင့်ဆိုင်သည့် သိနားလည်မှု ၎င်းတို့ အမြဲ ချို့တဲ့ကြပြီး ငါသည် ၎င်းတို့ကို အခြားသော အခြေအနေတစ်ခုထဲတွင် ထားပြီးနောက် နောက်ထပ်အရေးမစိုက်မည်ကို အလွန်အမင်း ကြောက်ရွံ့ကြသည့်အလား ၎င်းတို့၏ စိတ်နှလုံးများက အမြဲ သတိထားနေကြလေသည်။ ထို့ကြောင့်၊ ငါ့အပေါ် လူတို့၏ သဘောထားမှာ အားကောင်းသော သတိပမာဏတစ်ခုနှင့်အတူ အစဉ်အမြဲ ဟက်ဟက်ပက်ပက် မရှိချေ။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် လူတို့သည် ငါ ပြုသည့် အမှုကို နားလည်ခြင်းမရှိဘဲ မျက်မှောက်အချိန်သို့ ရောက်လာကြသောကြောင့်ဖြစ်ပြီး အထူးသဖြင့် ၎င်းတို့ကို ငါ ပြောဆိုသည့် နှုတ်ကပတ်တော်များဖြင့် ၎င်းတို့ ခေါင်းခြောက်ကြသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် ငါ၏ နှုတ်ကပတ်တော်များထဲသို့ မိမိတို့ကိုယ်ကိုယ် မဆုတ်မနစ်သော ယုံကြည်မှု ဆက်ကပ်သင့်သလော သို့မဟုတ် ချီတုံချတုံဖြစ်ခြင်းကို ရွေးချယ်ကာ ထိုနှုတ်ကပတ်တော်များကို မေ့လျော့သင့်သလော ဆိုသည်ကို မသိဘဲ ငါ၏နှုတ်ကပတ်တော်များကို ၎င်းတို့လက်ထဲတွင် စွဲကိုင်ထားကြ၏။ ထိုနှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်သင့်သလော သို့မဟုတ် စောင့်ဆိုင်းကာ ကြည့်ရှုသင့်သလော၊ အရာရာကို ဘေးဖယ်ထားပြီး ရဲဝံ့စွာ လိုက်လျှောက်သင့်သလော သို့မဟုတ် ယခင်ကဲ့သို့ လောကနှင့် ရင်းနှီးမှုကို ဆက်လက် ထိန်းသိမ်းသင့်သလော ဆိုသည်ကို ၎င်းတို့ မသိကြချေ။ လူတို့၏ အတွင်းကမ္ဘာများက အလွန်ရှုပ်ထွေးပြီး ၎င်းတို့ အလွန်ကောက်ကျစ်ကြလေသည်။ လူတို့သည် ငါ၏ နှုတ်ကပတ်တော်များကို ရှင်းရှင်းလင်းလင်း သို့မဟုတ် ပြည့်ပြည့်ဝဝ မမြင်နိုင်ကြသောကြောင့်၊ ၎င်းတို့ထဲမှ များစွာသောသူတို့သည် ထိုနှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ရာတွင် အကျပ်ရိုက်ကြပြီး ၎င်းတို့၏ စိတ်နှလုံးများကို ငါ၏ရှေ့မှောက် ချထားရာတွင် အခက်တွေ့ကြလေသည်။ သင်တို့၏ အခက်အခဲများကို ငါ နက်နက်ရှိုင်းရှိုင်း နားလည်၏။ ဇာတိပကတိဖြင့် အသက်ရှင်နေချိန်တွင် အားနည်းချက်များစွာကို ရှောင်လွဲမရသကဲ့သို့၊ ဓမ္မဓိဋ္ဌာန်ကျသော အချက်များစွာက သင်တို့အတွက် အခက်အခဲများ ဖန်တီးလေသည်။ သင်တို့သည် သင်တို့၏ မိသားစုများကို ကျွေးမွေးကြသည်၊ သင်တို့၏ နေ့ရက်များကို အလုပ်ကြိုးစားခြင်းဖြင့် ကုန်ဆုံးကြပြီး၊ လနှင့် နှစ်များသည် ဆင်းရဲဒုက္ခဖြင့် ကုန်လွန်သွားကြသည်။ ဇာတိပကတိဖြင့် အသက်ရှင်ရာတွင် အခက်အခဲများစွာ ရှိ၏- ဤအရာကို ငါ မငြင်းသကဲ့သို့၊ သင်တို့အပေါ် ငါ၏ သတ်မှတ်ချက်များမှာ သင်တို့၏ အခက်အခဲများနှင့်အညီ ပြုလုပ်ထားခြင်း ဖြစ်သည်။ ငါပြုသည့်အမှုရှိ သတ်မှတ်ချက်များအားလုံးမှာ သင်တို့၏ တကယ့်ဝိညာဉ်အသက်တာအပေါ် အခြေပြု၏။ အတိတ်တွင်၊ လူတို့သည် ၎င်းတို့၏ အလုပ်ထဲတွင် သင်တို့အပေါ် ပြုသည့် သတ်မှတ်ချက်များက လွန်ကဲသော အရာများဖြင့် ရောထွေးကောင်း ရောထွေးနိုင်သော်လည်း၊ ငါပြောဆိုကာ လုပ်ဆောင်သည့်အရာ၌ ငါသည် သင်တို့အပေါ် လွန်ကဲသော သတ်မှတ်ချက်များ မည်သည့်အခါမျှ မရှိခဲ့သည်ကို သင်တို့ သိသင့်၏။ သတ်မှတ်ချက်များ အားလုံးသည် လူတို့၏ သဘာဝဗီဇ၊ ဇာတိပကတိနှင့် ၎င်းတို့ လိုအပ်သည့်အရာတို့အပေါ် အခြေပြုလေသည်။ လူတို့၌ရှိသည့် ယုတ္တိတန်သော စဉ်းစားပုံအချို့ကို ငါ မဆန့်ကျင်သကဲ့သို့ လူသားမျိုးနွယ်၏ မွေးရာပါ သဘာဝဗီဇကို ငါမဆန့်ကျင်သည်ကို သင်တို့ သိသင့်ကြပြီး ငါ အလွန်ရှင်းလင်းစွာ သင်တို့ကို ပြောနိုင်၏။ ယခုချိန်ထိ လူတို့သည် ငါ၏ နှုတ်ကပတ်တော်များကို သံသယရှိကြပြီး ထက်ဝက်မျှထက်နည်းသောလူတို့က ငါ၏ နှုတ်ကပတ်တော်များကို ယုံကြည်ကြသည်မှာ ၎င်းတို့ကို ငါ ချမှတ်သည့် စံနှုန်းများက အမှန်တကယ် မည်သည့်အရာများ ဖြစ်သည်ကို လူတို့ နားမလည်ကြသကဲ့သို့ ငါ့နှုတ်ကပတ်တော်များ၏ မူရင်းအဓိပ္ပါယ်ကိုလည်း နားမလည်ကြသောကြောင့်သာ ဖြစ်ပေသည်။ ကျန်သည့်သူများမှာ မယုံကြည်သူများ ဖြစ်ကြပြီး၊ ထိုထက်ပင်များသောသူတို့မှာ ငါ “ပုံပြင်များ” ပြောဆိုသည်ကို ကြားလိုသောသူများ ဖြစ်လေသည်။ ထို့အပြင်၊ ပွဲလမ်းအခမ်းအနားကို မွေ့လျော်သောသူများစွာ ရှိ၏။ သင်တို့ကို ငါ သတိပေးသည်မှာ- ငါ့ကို ယုံကြည်သူသောတို့ထံ ငါ၏ နှုတ်ကပတ်တော်များစွာတို့ကို ဖွင့်ပြနှင့်ပြီးဖြစ်ကာ နိုင်ငံတော်၏ လှပသော မြင်ကွင်းကို မွေ့လျော်သော်လည်း ယင်း၏ ဂိတ်တံခါးအပြင်ဘက်တွင် ပိတ်လှောင်ခံသူတို့ကို ငါ ပယ်ထုတ်နှင့်ပြီးဖြစ်သည်။ သင်တို့သည် ငါ၏စက်ဆုပ်ခြင်းနှင့် ငြင်းပယ်ခြင်း ခံရသည့် တောပင်များသာ ဖြစ်ကြသည်မဟုတ်လော။ သင်တို့သည် အဘယ်သို့ ငါထွက်ခွာသည်ကို စောင့်ကြည့်ပြီး ငါ၏ ပြန်ကြွလာခြင်းကို ဝမ်းမြောက်စွာ ကြိုဆိုနိုင်မည်နည်း။ နိနေဝေမြို့သားတို့သည် ယေဟောဝါ၏ အမျက်ဒေါသ နှုတ်ကပတ်တော်များကို ကြားသည့်နောက်၊ လျှော်တေ အဝတ်နှင့် ပြာမှုန့်များဖြင့် ၎င်းတို့ ချက်ချင်း နောင်တရခဲ့ကြသည်ကို သင်တို့အား ငါ ပြော၏။ ၎င်းတို့ ကြောက်ရွံ့မှုနှင့် ထိတ်လန့်ခြင်းတို့ဖြင့် ပြည့်ကာ ထိုသို့ဖြင့် လျှော်တေအဝတ်နှင့် ပြာမှုန့်များဖြင့် နောင်တရခဲ့ကြသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ၎င်းတို့ ယုံကြည်ခဲ့ကြသောကြောင့် ဖြစ်သည်။ ယနေ့ လူတို့အတွက်မူ၊ သင်တို့သည်လည်း ငါ၏ နှုတ်ကပတ်တော်များကို ယုံကြည်ပြီး ထို့ထက်ပင် ယေဟောဝါသည် ယနေ့ သင်တို့အလယ် တစ်ဖန် ကြွလာသည်ကို ယုံကြည်ကြသော်လည်း၊ ယုဒပြည်တွင် လွန်ခဲ့သည့် ထောင်စုနှစ်များစွာက မွေးဖွားခဲ့ပြီး ယနေ့ သင်တို့အလယ်တွင် ဆင်းသက်လာခဲ့သည့် ယေရှုကို သင်တို့ စောင့်ကြည့်ရုံ စောင့်ကြည့်နေကြသည့်အလား သင်တို့၏ သဘောထားမှာ မရိုသေသော သဘောထားမျှသာဖြစ်သည်။ သင်တို့ စိတ်နှလုံးများအတွင်းတွင် တည်ရှိသော လှည့်ဖြားမှုကို ငါ နက်နက်ရှိုင်းရှိုင်း နားလည်သည်။ သင်တို့ထဲမှ အများစုမှာ သိချင်စိတ်ပြင်းပြမှုဖြင့် ငါ့နောက်လိုက်ကြပြီး၊ အနှစ်မဲ့မှုကြောင့် ငါ့ကို ရှာဖို့ လာကြလေပြီ။ အေးချမ်းပြီး ပျော်သည့် ဘဝတစ်ခုအတွက်ဖြစ်သည့် သင်တို့၏ တတိယဆန္ဒ ပြိုကွဲသည့်အခါ၊ သင်တို့၏ သိချင်စိတ်ပြင်းပြမှုသည်လည်း ပျောက်ကွယ်လေသည်။ သင်တို့ အသီးသီး၏ စိတ်နှလုံးများအတွင်း တည်ရှိသော လှည့်ဖြားမှုသည် သင်တို့၏ စကားများနှင့် လုပ်ရပ်များမှတဆင့် ဖော်ထုတ် ခံရသည်။ ပွင့်ပွင့်လင်းလင်းပြောရလျှင်၊ သင်တို့သည် ငါ့အကြောင်းကို သိလိုစိတ်ပြင်းပြရုံသာရှိကြပြီး ငါ့ကို မကြောက်ရွံ့ကြ။ သင်တို့၏ အပြုအမူများ၌ ချုပ်တည်းမှုကို ကျင့်ကြံဖို့ ဝေးစွ၊ သင်တို့၏လျှာများကိုပင် သင်တို့ သတိမထားကြ။ ထိုသို့ဆိုလျှင် မည်သည့် ယုံကြည်ခြင်းမျိုး သင်တို့ ဧကန်အမှန် ရှိကြသနည်း။ ယင်းသည် စစ်မှန်ပါ၏လော။ သင်တို့၏ စိုးရိမ်ပူပန်မှုများကို ပပျောက်စေရန်နှင့် သင်တို့၏ ငြီးငွေ့ခြင်းကို သက်သာစေရန်၊ သင့်ဘဝ၏ ကျန်ရှိနေသော နေရာလပ်များကို ဖြည့်ဆည်းရန်သာ ငါ၏နှုတ်ကပတ်တော်များကို သင်တို့အသုံးပြုကြသည်။ သင်တို့အထဲမှ အဘယ်သူသည် ငါ၏နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်သနည်း။ အဘယ်သူသည် စစ်မှန်သော ယုံကြည်ခြင်းရှိသနည်း။ ဘုရားသခင်သည် လူတို့၏ နှလုံးသားများထဲ နက်နက်ရှိုင်းရှိုင်း မြင်တွေ့သော ဘုရားသခင်ဖြစ်ကြောင်း သင်တို့ ဆက်လက်ကြွေးကြော်နေကြသော်လည်း သင်တို့နှလုံးသားများထဲက သင်တို့ကြွေးကြော်သည့် ဘုရားသခင်သည် ငါနှင့် အဘယ်သို့ သဟဇာတဖြစ်သနည်း။ ဤကဲ့သို့ သင်တို့ကြွေးကြော်နေကြသည့်နောက်တွင် အဘယ့်ကြောင့် ထိုကဲ့သို့ပြုမူကြသနည်း။ ဤသည်မှာ သင်တို့ ငါ့ကို ပြန်လည်ပေးလိုသော ချစ်ခြင်းမေတ္တာ ဖြစ်နိုင်မည်လော။ သင်တို့၏ နှုတ်များဖြင့် ဆက်ကပ်မှု ပမာဏကား နည်းလှသည်မဟုတ်၊ သို့သော် သင်တို့၏ စွန့်လွှတ်မှုများနှင့် ကောင်းသောလုပ်ရပ်များမှာ အဘယ်မှာနည်း။ ငါ၏နားထဲသို့ ရောက်ရှိသည့် သင်တို့၏ စကားများအတွက် မဟုတ်ပါက၊ သင်တို့ကို အဘယ်သို့ ငါသည် အလွန်မုန်းတီးနိုင်မည်နည်း။ သင်တို့သည် ငါ့ကို အမှန်တကယ် ယုံကြည်ခဲ့ပါက၊ ထိုသို့ စိတ်သောက ရောက်သည့် အခြေအနေတစ်ခုထဲသို့ အဘယ်သို့ ကျရောက်နိုင်မည်နည်း။ သင်တို့သည် မရဏာနိုင်ငံတွင် စမ်းသပ်မှုခံလျက် နေရဘိသကဲ့သို့ သင်တို့၏မျက်နှာများ ပေါ်တွင် ဝမ်းနည်းညှိုးငယ်သော အသွင်များရှိနေသည်။ သင်တို့သည် တက်ကြွမှု စိုးစဉ်းမျှပင်မရှိသကဲ့သို့ သင်တို့၏ စိတ်အတွင်းက သဘောထားနှင့်ပတ်သက်၍ သင်တို့ ချည့်နဲ့စွာ ပြောကြသည်။ သင်တို့သည် မကျေမနပ်ဖြစ်ခြင်းများနှင့် ကျိန်ဆဲခြင်းများဖြင့်ပင် ပြည့်နှက် နေကြသည်။ သင်တို့သည် ငါ လုပ်ဆောင်သည့်အရာ၌ အချိန်ကြာမြင့်စွာကတည်းက ယုံကြည်မှု ပျောက်ဆုံးခဲ့ကြပြီး သင်တို့၏ နဂိုမူလ ယုံကြည်မှုပင် ကွယ်ပျောက်ပြီးဖြစ်သည်၊ ထို့ကြောင့် သင်တို့သည် အဆုံးတိုင်အောင် အဘယ်သို့ လိုက်လျှောက်ဖို့ ဖြစ်နိုင်မည်နည်း။ ဤသို့ဖြစ်သည့်အတွက်၊ သင်တို့သည် အဘယ်သို့ ကယ်တင်ခံရနိုင်မည်နည်း။

ငါ၏အမှုသည် သင်တို့အတွက် အလွန်အထောက်အကူ ဖြစ်ပါသော်လည်း သင်တို့သည် ငါ့နှုတ်ကပတ်တော်များကို အစဉ်အမြဲ နားမလည်ဘဲ သင်တို့အထဲ၌ ဘာမျှ ဖြစ်မလာချေ။ ငါ့အားဖြင့် စုံလင်ခံရမည့် အရာဝတ္ထုများကို တွေ့ရှိရန်ခက်ခဲပြီး ယနေ့တွင် သင်တို့အပေါ် ငါ၏မျှော်လင့်ချက် ပျောက်ဆုံးလုနီးပါးဖြစ်လေပြီ။ နှစ်အတန်ကြာအောင် သင်တို့အလယ် ငါရှာဖွေပြီး ဖြစ်သော်လည်း ငါ၏ လူယုံ ဖြစ်နိုင်သည့်သူကို ရှာတွေ့ရန် ခက်ခဲ၏။ ငါသည် သင်တို့၌ ဆက်လက် လုပ်ဆောင်ရန် မိမိကိုယ်ကိုယ် စိတ်ချယုံကြည်မှု မရှိသကဲ့သို့၊ သင်တို့ကို ဆက်လက်ချစ်ရန် ချစ်ခြင်းမေတ္တာ မရှိသည့်အလား ခံစားရသည်။ ဤသည်မှာ မပြောပလောက်သကဲ့သို့ သနားစဖွယ်ဖြစ်သည့် သင်တို့၏ “အောင်မြင်မှုများ” ကို ငါသည် အချိန်ကြာမြင့်စွာကတည်းက စက်ဆုပ်ရွံရှာလာသောကြောင့်ဖြစ်သည်။ ငါသည် ဘယ်သောအခါမျှ သင်တို့အကြား စကားမပြောဖူး သည့်အလား၊ သင်တို့အထဲ၌ အမှုမပြုဖူးသည့်အလား ဖြစ်နေသည်။ သင်တို့၏ အောင်မြင်မှုများသည် အလွန် အော်ဂလီဆန်စရာဖြစ်သည်။ သင်တို့သည် အစဉ်အမြဲ မိမိကိုယ်ကိုယ် ပျက်စီးခြင်းနှင့် အရှက်ရခြင်းတို့ ဖြစ်စေကြပြီး တန်ဖိုးမဲ့လုနီးပါး ဖြစ်ကြသည်။ ငါသည် သင်တို့၌ လူသားနှင့်ဆင်တူမှု နည်းနည်းမျှ မတွေ့ရ၊ သို့မဟုတ် လူသား၏ အရိပ်အယောင် နည်းနည်းမျှ အနံ့ခံမရပေ။ သင်တို့၏ လန်းဆန်းသော အနံ့အသက်ကား အဘယ်မှာနည်း။ နှစ်ပေါင်းများစွာတစ်လျှောက် သင်တို့ ပေးခဲ့သော အဖိုးအခကား အဘယ်မှာရှိပြီး အကျိုးရလဒ်များမှာ အဘယ်မှာနည်း။ သင်တို့သည် မည်သည့်အရာကိုမျှ လုံးဝ မတွေ့ကြပြီလော။ ငါ၏ အမှုသည် ယခုတွင် အသစ်သော အစပျိုးခြင်းတစ်ခု၊ အသစ်သော အစပြုခြင်းတစ်ခု ရှိ၏။ ငါသည် ကြီးကျယ်ခမ်းနားသော အစီအစဉ်များကို ဆောင်ရွက်တော့မည်ဖြစ်ပြီး၊ သာ၍ ကြီးမြတ်သောအမှုကိုပင် ငါ ပြီးမြောက်လို၏၊ သို့တိုင် သင်တို့သည် အတိတ်၏ ညစ်ညူးသော ရေထဲတွင် ရှင်သန်နေရင်း ရွှံ့ထဲတွင် ယခင်အတိုင်း လူးနေကြဆဲဖြစ်ပြီး သင်တို့၏ နဂိုမူလအကျပ်အတည်းမှ မိမိတို့ကိုယ်ကိုယ် လက်တွေ့ကျကျ လွတ်မြောက်အောင် မလုပ်နိုင်ကြလေပြီ။ ထို့ကြောင့် သင်တို့သည် ငါ၏ နှုတ်ကပတ်တော်များမှ မည်သည့်အရာကိုမျှ မရရှိကြသေး။ သင်တို့သည် ရွှံ့နှင့် ညစ်ညူးသော ရေများနှင့်ဆိုင်သည့် မိမိတို့၏ နဂိုမူလနေရာမှ မိမိတို့ကိုယ်ကိုယ် မလွတ်မြောက်နိုင်ကြသေးသကဲ့သို့၊ ငါ၏ နှုတ်ကပတ်တော်များကို သင်တို့ သိရုံသာသိကြသော်လည်း အမှန်စင်စစ် ငါ့နှုတ်ကပတ်တော်များ၏ လွတ်လပ်မှု နယ်ပယ်ထဲသို့ သင်တို့ မဝင်ရောက်ကြသေးချေ။ ထို့ကြောင့် ငါ၏ နှုတ်ကပတ်တော်များကို သင်တို့ထံ လုံးဝ ဖွင့်ထားခြင်းမရှိ၊ ၎င်းတို့သည် နှစ်ထောင်ပေါင်းများစွာ ချိပ်ပိတ်ထားသော အနာဂတ္တိကျမ်းတစ်ကျမ်းကဲ့သို့ ဖြစ်လေသည်။ သင်တို့၏ အသက်တာများတွင် ငါသည် ပေါ်ထွန်းသော်လည်း ယင်းကို သင်တို့ အစဉ်သတိမပြုမိကြ။ ငါ့ကို သင်တို့ မှတ်ပင် မမှတ်မိကြ။ ငါပြောသည့် နှုတ်ကပတ်တော်များ ထက်ဝက်နီးပါးသည် သင်တို့ကို တရားစီရင်ခြင်းဖြစ်ပြီး ၎င်းတို့သည့် သင်တို့အထဲ၌ နက်ရှိုင်းသည့် ကြောက်ရွံ့မှုကို သွတ်သွင်းပေးဖို့ဖြစ်သည့် ၎င်းတို့ ရရှိသင့်သည့် အကျိုးသက်ရောက်မှု ထက်ဝက်ကိုသာ ရရှိလေသည်။ ကျန်တစ်ဝက်တွင် အသက်တာအကြောင်းနှင့် သင်တို့ကိုယ်သင်တို့ မည်ကဲ့သို့ ပြုမူနေထိုင်ရမည်ကို သွန်သင်ပေးသော နှုတ်ကပတ်တော်များ ပါဝင်သည်။ သို့သော် သင်တို့နှင့် ပတ်သက်သရွေ့၊ ထိုနှုတ်ကပတ်တော်များသည် ရှိပင်မရှိသည့်အလား၊ သို့မဟုတ် ဖုံးကွယ်ထားသည့် အပြုံးကို သင် အစဉ်ပေးသော်လည်း ဘယ်သောအခါမျှ အရေးတယူ မလုပ်သည့် စကားများဖြစ်သည့် ကလေးများ၏ စကားများကို နားထောင်နေသည့်အလား ဖြစ်လေသည်။ သင်တို့သည် ဤအရာများကို မည်သည့်အခါမျှ စိတ်မဝင်စားကြပေ။ ငါ၏ လုပ်ဆောင်မှုများကို သင်တို့ လေ့လာကြသည်မှာ အဓိကအားဖြင့် သိလိုစိတ်ပြင်းပြမှု အတွက်ကြောင့် အမြဲဖြစ်လေသည်။ အကျိုးဆက်အနေဖြင့် သင်တို့သည် အမှောင်ထဲသို့ ယခု လဲကျကြပြီဖြစ်ကာ အလင်းကို မမြင်နိုင်ကြ။ ထို့ကြောင့် အမှောင်ထဲတွင် သနားစဖွယ် သင်တို့ ငိုကြွေးကြ၏။ ငါအလိုရှိသောအရာမှာ သင်တို့၏နာခံမှု၊ သင်တို့၏ အကြွင်းမဲ့နာခံမှုဖြစ်ပြီး ထို့ထက်ပင်ပို၍ သင်တို့သည် ငါပြောသမျှကို လုံးဝ စိတ်ချနိုင်ဖို့ ငါအလိုရှိသည်။ သင်တို့သည် လျစ်လျူရှုသည့် သဘောထားကို မခံယူသင့်သကဲ့သို့၊ အထူးသဖြင့် ငါ ပြောဆိုသည့်အရာများကို သင်တို့ စိစစ်ရွေးချယ်ကာ မဆက်ဆံသင့်သကဲ့သို့ ငါ၏နှုတ်ကပတ်တော်များနှင့် ငါ့အမှုအပေါ် သင်တို့ ပြုလေ့ရှိသည့်အတိုင်း စိတ်မဝင်မစား မဖြစ်သင့်ပေ။ ငါ၏အမှုသည် သင်တို့အလယ်တွင် ပြီးမြောက်ပြီဖြစ်ကာ ငါသည် သင်တို့အပေါ် မြောက်များစွာသော ငါ၏နှုတ်ကပတ်တော်များကို အပ်နှင်းပြီးဖြစ်သည်၊ သို့သော် သင်တို့သည် ဤနည်းဖြင့် ငါ့အပေါ် ဆက်ဆံပါက၊ သင်တို့မရရှိသကဲ့သို့ လက်တွေ့မလုပ်ဆောင်လေပြီးသော အရာကို တစ်ပါးအမျိုးသား မိသားစုများကိုသာ ငါပေးပစ်နိုင်သည်။ ဖန်ဆင်းထားသောအရာထဲမှ အဘယ်သူကို ငါ၏လက်ထဲတွင် ငါ မဆုပ်ကိုင်ထားသနည်း။ သင်တို့ကြားတွင်ရှိသော အများစုတို့သည် “အသက်အရွယ် အိုမင်းရင့်ရော်” ကြပြီး ငါပိုင်ဆိုင်သည့် ဤကဲ့သို့သော အမှုမျိုးကို လက်ခံနိုင်ရန် အားအင်မရှိကြချေ။ သင်တို့သည် ပြည့်စုံလုံလောက်ရုံမျှသာ ဖြစ်သော ဟန်ဟောင်ငှက်တစ်ကောင်က ကဲ့သို့ ဖြစ်ကြပြီး၊ ငါ၏နှုတ်ကပတ်တော်များကို ဘယ်သောအခါမျှ သင်တို့ လေးလေးနက်နက် သဘောမထားကြ။ ပျိုရွယ်သောလူတို့သည် အလွန်အမင်း မာနထောင်လွှားကြပြီး အလွန်အကြူး စိတ်အလိုလိုက်နေကြသကဲ့သို့၊ ငါ၏အမှုကို သာ၍ပင် အရေးစိုက်မှု နည်းပါးကြသည်။ ၎င်းတို့သည် ငါ့စားသောက်ပွဲကြီး၏ စားကောင်းသောက်ဖွယ်များကို စားသောက်ခြင်းငှာ စိတ်မဝင်စားကြ။ ၎င်းတို့သည် ဝေးလံရာသို့ ထွက်သွားရန် လှောင်အိမ်ထဲမှ ပျံသန်းသွားသည့် ငှက်ကလေးတစ်ကောင်ကဲ့သို့ ဖြစ်ကြသည်။ ဤကဲ့သို့သော လူငယ်များနှင့် လူအိုများသည် ငါ့အတွက် အဘယ်သို့ အသုံးဝင်နိုင်ကြမည်နည်း။ အသက်ကြီးရင့်သော သူတို့သည် ၎င်းတို့သေလွန်ပြီးနောက်တွင် ၎င်းတို့၏ ဝိညာဉ်များက ကောင်းကင်ဘုံသို့ တက်သွားနိုင်ဖို့အလို့ငှာ၊ ၎င်းတို့၏ သင်္ချိုင်းဂူများထဲသို့ မရောက်မီအထိ ငါ၏နှုတ်ကပတ်တော်များကို သက်ပြည့်အငြိမ်းစား လစာကဲ့သို့ အသုံးပြုရန် အသင့်ဖြစ်နေကြသည်။ ၎င်းတို့အတွက် ဤသည်မှာ တော်တန်ပြီ ဖြစ်သည်။ ယခုတွင် ဤလူအိုများသည် “ကြီးမြတ်သည့် ရည်မှန်းချက်များ” နှင့် “မဆုတ်မနစ်သော စိတ်ချယုံကြည်မှု” တို့ကို အစဉ်အမြဲ သိုထားကြ၏။ ၎င်းတို့သည် ငါ၏အမှုအတွက် ကြီးမားသည့် သည်းခံမှုရှိကြပြီး၊ မည်သူကမျှ သို့မဟုတ် မည်သည့် အရာကမျှ အဝေးသို့ တရွတ်တိုက်ဆွဲ၍မရသကဲသို့ အနိုင်ယူ၍မရသော အသက်ကြီးသူတို့ရှိသည့် ဖြောင့်မတ်တည်ကြည်ကာ တည်တံ့ခိုင်မြဲသော အရည်အချင်းကို ပိုင်ဆိုင်ကြသော်လည်း၊ ဧကန်စင်စစ် ၎င်းတို့သည် ထိုးဖောက်မရနိုင်သည့် ခံတပ်တစ်ခုကဲ့သို့ ဖြစ်ကြ၏။ သို့သော်လည်း၊ ဤလူတို့၏ ယုံကြည်ခြင်းသည် အလောင်းကောင်၏ အစွဲအလမ်းကြီးသော အနံ့အသက်ဖြင့် လွှမ်းအုပ်ထားကြသည် မဟုတ်လော။ ၎င်းတို့၏ လမ်းကြောင်းကား အဘယ်မှာနည်း။ ၎င်းတို့အတွက်၊ မိမိတို့၏ လမ်းကြောင်းသည် ရှည်လျားလွန်းလှသည်၊ ဝေးလံလွန်းလှသည် မဟုတ်လော။ ၎င်းတို့သည် ငါ၏အလိုကို အဘယ်သို့ သိနိုင်ကြမည်နည်း။ ၎င်းတို့၏ စိတ်ချယုံကြည်မှုသည် ချီးကျူးဖွယ်ဖြစ်လျှင်ပင်၊ ဤအသက်ကြီးသူ မည်မျှသည် ဇဝေဇဝါဖြစ်သောပုံစံဖြင့် လိုက်လျှောက်မနေဘဲ အသက်ကို အမှန်တကယ် လိုက်စား နေကြသနည်း။ ငါ့အမှု၏ စစ်မှန်သောအဓိပ္ပါယ်ကို ၎င်းတို့ မည်မျှက အမှန်တကယ် နားလည်ကြသနည်း။ အဘယ်သူ၏ ရည်ရွယ်ချက်သည် မကြာတော့သည့် အနာဂတ်တွင် မရဏာနိုင်ငံသို့ ၎င်းတို့ မဆင်းသက်ဘဲ ငါ့အားဖြင့် အခြားသော နယ်ပယ်သို့ ဆောင်သွားခြင်းခံရဖို့အလို့ငှာ ယနေ့ ဤလောက၌ ငါ့နောက်သို့ လိုက်ခြင်း မဟုတ်သနည်း။ သင်တို့၏ ခရီးပန်းတိုင်သည် ဤမျှ ရိုးရှင်းသည့် အကြောင်းကိစ္စတစ်ခုဟု သင်တို့ထင်သလော။ အသင် ငယ်ရွယ်နုပျိုသောသူအားလုံးသည် ခြင်္သေ့ပျိုများကဲ့သို့ ဖြစ်ကြပါသော်လည်း သင်တို့၏ စိတ်နှလုံးများတွင် မှန်သောလမ်းခရီး ရှိခဲလှပေသည်။ သင်တို့၏ နုပျိုမှုက ငါ့အမှုကို သာ၍ ခံစားပိုင်ခွင့်မရှိ။ ဆန့်ကျင်ဖက်အနေဖြင့်၊ သင်တို့အပေါ် ငါ၏ စက်ဆုပ်မှုကို သင်တို့ အစဉ်သဖြင့် လှုံ့ဆော်ကြသည်။ သင်တို့သည် ငယ်ရွယ်နုပျိုကြပါ သော်လည်း တက်ကြွခြင်းဖြစ်စေ ရည်မှန်းချက်ဖြစ်စေ သင်တို့ ကင်းမဲ့ကြသကဲ့သို့၊ သင်တို့သည် သင်တို့၏ အနာဂတ်နှင့်ပတ်သက်၍ အစဉ်သဖြင့် မယုတ်မလွန်သာ ဖြစ်နေကြသည်။ ယင်းမှာ သင်တို့သည် စိတ်ဝင်စားမှု မရှိသကဲ့သို့ စိတ်လေးနေကြသည့်အလား ဖြစ်သည်။ လူငယ်တို့တွင် တွေ့ရသင့်သည့် တက်ကြွမှု၊ စံနမူနာများနှင့် ရပ်တည်ချက်တို့ကို သင်တို့တွင် လုံးဝမတွေ့ရဟု ဆိုနိုင်သည်။ ဤကဲ့သို့သော လူငယ်မျိုးဖြစ်သည့် သင်တို့သည် ရပ်တည်ချက်မရှိသကဲ့သို့ အမှန်နှင့်အမှား၊ အကောင်းနှင့် အဆိုး၊ လှပခြင်းနှင့် အကျည်းတန်ခြင်းတို့အကြား ပိုင်းခြားရန် အရည်အချင်းမရှိကြ။ သင်တို့တွင် လန်းဆန်းသော အရိပ်လက္ခဏာ တစ်ခုတစ်လေမျှ မြင်တွေ့ရန် မဖြစ်နိုင်ပေ။ သင်တို့သည် လုံးဝ ခေတ်နောက်ကျလုနီးပါး ဖြစ်နေကြပြီး၊ ဤကဲ့သို့သော လူငယ်မျိုးဖြစ်သည့် သင်တို့သည် အများနောက်လိုက်ဖို့၊ ဆင်ခြင်တုံတရား မရှိဖို့ရန်လည်း သင်ယူကြပြီး ဖြစ်သည်။ သင်တို့သည် အမှားမှအမှန်ကို ဘယ်သောအခါမျှ ရှင်းလင်းစွာ ခွဲခြားသိမြင်နိုင်ခြင်း မရှိကြ၊ အမှန်နှင့်အမှားအကြား မခွဲခြားနိုင်ကြ၊ ဘယ်သောအခါမျှ အကောင်းဆုံးအတွက် မရုန်းကန်နိုင်ကြသကဲ့သို့၊ မည်သည့်အရာမှန်သည် မည့်သည့်အရာမှားသည်၊ မည်သည့်အရာသည် သမ္မာတရားဖြစ်ပြီး မည်သည့်အရာသည် သူတော်ကောင်း ယောင်ဆောင်ခြင်း ဖြစ်သည်ကိုလည်း သင်တို့ မပြောနိုင်ကြချေ။ သင်တို့တွင် အသက်ကြီးသော သူတို့ထက် ပိုမိုကြီးလေးပြီး ပိုမိုပြင်းထန်သော ဘာသာတရား အနံ့ဆိုးတစ်ခု ရှိ၏။ သင်တို့သည် သာ၍ပင် စိတ်ကြီးဝင်ကြပြီး မလျော်ကန်ကြပေ၊ သင်တို့သည် နိုင်လိုစိတ် အလွန်ပြင်းပြကြပြီး သင်တို့၏ရန်လိုမှုကို နှစ်သက်ခြင်းက အလွန်အားကောင်းလေသည်- ဤကဲ့သို့သော လူငယ်မျိုးက သမ္မာတရားကို အဘယ်သို့ ပိုင်ဆိုင်နိုင်မည်နည်း။ ရပ်တည်ချက်မရှိနိုင်သူ တစ်စုံတစ်ယောက်က အဘယ်သို့ သက်သေခံနိုင်ပါမည်နည်း။ အမှန်နှင့် အမှားကြား ခွဲခြားနိုင်စွမ်းရှိသူကို ငယ်ရွယ် နုပျိုသည့်လူဟု အဘယ်သို့ ခေါ်ဆိုနိုင်ပါမည်နည်း။ လူငယ်တစ်ဦး၏ တက်ကြွမှု၊ အားမာန်၊ လန်းဆန်းမှု၊ တည်ငြိမ်မှုနှင့် မြဲမြံခိုင်ခန့်မှု မရှိသောသူတစ်ဦးကို ငါ့နောက်လိုက်သူဟု အဘယ်သို့ ခေါ်ဆိုနိုင်မည်နည်း။ သမ္မာတရား မရှိသူ၊ တရားမျှတမှု သိစိတ်မရှိဘဲ ကစားရန်နှင့် တိုက်ခိုက်ရန် နှစ်သက်သောသူတစ်ဦးသည် အဘယ်သို့ ငါ၏ သက်သေဖြစ်ခြင်းငှာ ထိုက်တန်နိုင်မည်နည်း။ အခြားသူများ အပေါ် လှည့်ဖြားမှုနှင့် မလိုမုန်းထားမှုတို့ဖြင့် ပြည့်နှက်နေသော မျက်လုံးများသည် လူငယ်တို့ ရှိသင့်သည့်အရာများ မဟုတ်သကဲ့သို့ လူငယ်များသည် ပျက်စီးစေပြီး စက်ဆုပ်ဖွယ်ကောင်းသော လုပ်ရပ်များကို မဆောင်ရွက်သင့်ပေ။ လူငယ်များသည် စံနမူနာများ၊ ရည်မှန်းချက်များနှင့် မိမိတို့ကိုယ်ကိုယ် သာ၍ ကောင်းမွန်စေဖို့ အားသန်သော စိတ်ဆန္ဒတစ်ခု မရှိဘဲ မနေသင့်ပေ။ ၎င်းတို့သည် မိမိတို့၏ အလားအလာများ နှင့်ပတ်သက်၍ စိတ်ပျက်အားမလျော့သင့်သကဲ့သို့ ဘဝမျှော်လင့်ချက် သို့မဟုတ် အနာဂတ်အတွက် စိတ်ချယုံကြည်မှုကိုလည်း မပျောက်ဆုံးသင့်ပေ။ ငါ့အတွက် ၎င်းတို့ဘဝတစ်ခုလုံးကို အသုံးခံဖို့ ၎င်းတို့၏ စိတ်ဆန္ဒကို အကောင်အထည်ဖော်ဖို့ရန်ဖြစ်သော ယခု ၎င်းတို့ ရွေးချယ်သည့် သမ္မာတရားလမ်းခရီးတစ်လျှောက် ရှေ့ဆက်ရန် ဇွဲလုံ့လရှိသင့်သည်။ ၎င်းတို့သည် သမ္မာတရား မကင်းမဲ့သင့်သကဲ့သို့ သူတော်ကောင်းယောင်ဆောင်ခြင်းနှင့် မဖြောင့်မတ်ခြင်းတို့ကိုလည်း မသိုထားသင့်ပေ- မှန်ကန်သော ရပ်တည်ချက်တွင် ၎င်းတို့ ခိုင်ခိုင်မာမာ ရပ်တည်သင့်၏။ ၎င်းတို့သည် မျောပါသွားရုံသက်သက် မဖြစ်သင့်ဘဲ၊ တရားမျှတမှုနှင့် သမ္မာတရားအတွက် စွန့်လွှတ်မှုများ ပြုရသည့် စိတ်ဓာတ်နှင့် ရုန်းကန်ရဲသည့် စိတ်ဓာတ်တို့ ရှိသင့်သည်။ လူငယ်များအနေဖြင့် အမှောင် အင်အားစု၏ ဖိနှိပ်မှုကို အရှုံးမပေးရန်နှင့် ၎င်းတို့ဖြစ်တည်ခြင်း၏ အဓိပ္ပာယ်ကို ပြောင်းလဲပစ်ရန် သတ္တိရှိသင့်သည်။ လူငယ်တို့သည် ဒုက္ခဆင်းရဲခြင်းအား မိမိတို့ဘာသာ ကြိတ်မှိတ်လက်မခံသင့်ဘဲ ၎င်းတို့၏ညီအစ်ကို မောင်နှမများအတွက် ခွင့်လွှတ်ခြင်းစိတ်ဓာတ်ဖြင့် ပွင့်ပွင့်လင်းလင်း ရှိသင့်ပေသည်။ မှန်ပေသည်၊ ဤအရာများသည် လူတိုင်းအပေါ် ငါ၏သတ်မှတ်ချက်များနှင့် လူတိုင်းအတွက် ငါ၏အကြံပြုချက်ဖြစ်သည်။ သို့သော် ထို့ထက်ပင်ပို၍၊ ဤအရာများသည် လူငယ်အားလုံးအတွက် ငါ၏ နှစ်သိမ့်မှုပေးသော နှုတ်ကပတ်တော်များ ဖြစ်ကြသည်။ ငါ၏နှုတ်ကပတ်တော်များအတိုင်း သင်တို့ လက်တွေ့လုပ်ဆောင်သင့်ပေသည်။ အထူးသဖြင့် လူငယ်တို့သည် အကြောင်းကိစ္စများတွင် ထိုးထွင်းသိမြင်မှုကို ကျင့်သုံးရန်နှင့် တရားမျှတမှုနှင့် သမ္မာတရားကို ရှာဖွေရန် သန္နိဋ္ဌာန်မရှိဘဲ မဖြစ်သင့်ပေ။ သင်တို့သည် လှပ၍ ကောင်းမွန်သော အရာအားလုံးကို လိုက်စားသင့်ပြီး၊ အပြုသဘောဆောင်သော အရာများအားလုံး၏ လက်တွေ့အရှိတရားကို ရရှိသင့်ပေသည်။ သင်တို့ အသက်တာအပေါ် သင်တို့ တာဝန်ယူသင့်ပြီး၊ ယင်းကို ပေါ့ပေါ့တန်တန် မမှတ်ယူရ။ လူတို့သည် ကမ္ဘာမြေသို့ ရောက်လာကြပြီး ငါ့ကို တွေ့ဆုံရန်မှာ ကြုံတောင့်ကြုံခဲ ဖြစ်သကဲ့သို့၊ သမ္မာတရားကို ရှာဖွေရန်နှင့် ရရှိရန်အလို့ငှာ အခွင့်အရေးလည်း ရခဲလှပေသည်။ သင်တို့သည် ဤနှစ်လိုဖွယ်အချိန်ကို ယခုဘဝတွင် လိုက်စားရမည့် မှန်ကန်သည့်လမ်းကြောင်းအဖြစ် အဘယ်ကြောင့် တန်ဖိုးမထားကြသနည်း။ ပြီးလျှင် အဘယ်ကြောင့် သင်တို့သည် အစဉ်သဖြင့် သမ္မာတရားနှင့် တရားမျှတခြင်းအပေါ် အလွန်အထင်အမြင်သေးကြသနည်း။ လူတို့ကို ကစားသည့် မဖြောင့်မတ်မှုနှင့် ညစ်ညူးခြင်းတို့ အတွက် သင်တို့သည် အဘယ်ကြောင့် အစဉ်အမြဲ မိမိတို့ကိုယ်ကိုယ် နင်းချေပြီး ဖျက်ဆီးနေကြသနည်း။ မတရားသောသူ လုပ်ဆောင်သည့်အရာ၌ ပါဝင်သည့် လူအိုများကဲ့သို့ သင်တို့သည် အဘယ်ကြောင့် ပြုမူကြသနည်း။ သင်တို့သည် အဘယ်ကြောင့် အိုဟောင်းသောအရာတို့၏ နည်းလမ်းဟောင်းများကို တုပကြသနည်း။ သင်တို့၏ အသက်တာများသည် တရားမျှတခြင်း၊ သမ္မာတရားနှင့် သန့်ရှင်းခြင်းတို့ဖြင့် ပြည့်ဝနေသင့်သည်၊ သင်တို့၏ အသက်တာများသည် မရဏာနိုင်ငံသို့ သင့်ကို ကျဆင်းစေလျက် ဤမျှ ငယ်ရွယ်သည့် အသက်အရွယ်တွင် အလွန်အကျင့် မပျက်သင့်ပေ။ ဤသည်မှာ အလွန်တရာကံဆိုးခြင်း ဖြစ်သည်ဟု သင်တို့ မခံစားရသလော။ ဤသည်မှာ သင်တို့အတွက် အလွန်အမင်း မတရားမှုဖြစ်သည်ဟု သင်တို့ မခံစားကြရသလော။

သင်တို့အားလုံးသည် လုံးဝ ပြည့်စုံသော သင်တို့၏ အမှုကို လုပ်ဆောင်သင့်ကြပြီး၊ ယင်းကို သင်တို့ ငါ့ကို ပေးသည့် အဆုံးစွန် အတုမရှိသော ယဇ်ပူဇော်ခြင်းဖြစ်စေရင်း ငါ၏ယဇ်ပလ္လင်ပေါ် ယဇ်ပူဇော်သင့်ကြသည်။ သင်တို့ အားလုံးသည် မိမိတို့၏ ကိုယ်ပိုင်ရပ်တည်ချက်ပေါ် ခိုင်ခိုင်မာမာ ရပ်တည်သင့်ကြပြီး မိုးကောင်းကင်မှ တိမ်တိုက်များကဲ့သို့ လေပြေလေညင်း တိုက်ခတ်သွားတိုင်း လွင့်မသွားသင့်ကြပေ။ သင်တို့သည် ဘဝထက်ဝက်အချိန်မျှ ကြိုးစားလုပ်ဆောင်ကြသည်၊ သို့ဖြစ်သောကြောင့် သင်တို့ ရှိသင့်သော ပန်းတိုင်ကို အဘယ်ကြောင့် မရှာဖွေကြသနည်း။ သင်တို့သည် တစ်သက်တာ၏ ထက်ဝက်အချိန်မျှ ပင်ပန်းကြီးစွာ အလုပ်လုပ်ကြသည်၊ သို့တိုင် သင်တို့သည် ဝက်နှင့်ခွေးကဲ့သို့သော သင်တို့မိဘများကို သမ္မာတရားနှင့် သင်တို့ကိုယ်ပိုင် ဖြစ်တည်မှု၏ အဓိပ္ပါယ်တို့ကို သင်္ချိုင်းဂူထဲသို့ ဆွဲခေါ်သွားရန် ခွင့်ပြုနေကြဆဲ ဖြစ်သည်။ ဤအရာသည် သင့်ကို ဆန့်ကျင်သည့် ကြီးမားသော မတရားမှုတစ်ခုဟု သင်မခံစားရသလော။ ဤနည်းဖြင့် အသက်ရှင်ခြင်းသည် လုံးလုံးလျားလျား အဓိပ္ပာယ်မဲ့သည်ဟု သင်မခံစားရသလော။ သမ္မာတရားနှင့် လမ်းကြောင်းမှန်ကို ဤနည်းဖြင့် ဖွေရှာခြင်းသည် အိမ်နီးချင်းများ ဘဝင်မကျကြသကဲ့သို့ မိသားစုတစ်ခုလုံး ပျော်ရွှင်ခြင်း မရှိကြဖို့အလို့ငှာ ပြဿနာများ ဖြစ်စေခြင်းဖြင့် အဆုံးသတ်လိမ့်မည်ဖြစ်ပြီး သေစေနိုင်သော ဘေးအန္တရာယ်များ ဆိုက်ရောက် စေလိမ့်မည်။ ဤကဲ့သို့ သင် အသက်ရှင်ပါက၊ အဓိပ္ပာယ် အကင်းမဲ့ဆုံးသော ဘဝတစ်ခုနှင့် ညီမျှသည် မဟုတ်လော။ အဘယ်သူ၏ ဘဝအသက်တာသည် သင့်၏ အသက်တာ ထက်ပို၍ ကံကောင်းနိုင်မည်နည်း၊ ပြီးလျှင် အဘယ်သူ၏ ဘဝအသက်တာသည် သင့်အသက်တာထက် သာ၍ အဓိပ္ပာယ်မဲ့နိုင်မည်နည်း။ သင့်အတွက် ငါ၏ ဝမ်းမြောက်ခြင်းနှင့် နှစ်သိမ့်ရာ နှုတ်ကပတ်တော်များ ရရှိရန်အလို့ငှာ သင်သည် ငါ့ကို ရှာဖွေသည် မဟုတ်လော။ သို့သော်လည်း သင်သည် သင်၏ ဘဝသက်တမ်း ကာလတစ်ဝက် အလွန်အလုပ်များပြီးနောက် ငါသည် အမျက်ဒေါသနှင့်ပြည့်ပြီး သင့်ကို အရေးမစိုက် သို့မဟုတ် သင့်ကို မချီးမွမ်းသည်အထိ သင်သည် ငါ့ကို ရန်စ၏- ဤသည်မှာ သင့်ဘဝတစ်ခုလုံး အချည်းနှီးဖြစ်လေပြီဟု ဆိုလိုသည်မဟုတ်လော။ ငရဲငယ်မှ လွတ်မြောက်ကြပြီး ဖြစ်သော ခေတ်အဆက်ဆက်က သန့်ရှင်းသူများ၏ ဝိညာဉ်များကို သွားတွေ့ဖို့ရန် ဂုဏ် သင် အဘယ်သို့ ရှိနိုင်မည်နည်း။ သင်သည် ငါ့အပေါ်တွင် စိတ်မဝင်စားသကဲ့သို့ အဆုံးတွင် သေစေနိုင်သော ဘေးအန္တရာယ်တစ်ခုကို နှိုးဆွ၏- ဤအခွင့်အရေးကို အခွင့်ကောင်းယူကာ ကျယ်ပြောလှသော သမုဒ္ဒရာတစ်လျှောက် ဝမ်းမြောက်ဖွယ် ခရီးတစ်ခု သွားပြီးနောက် ငါ၏ “တာဝန်ပေးအပ်ခြင်း”ကို နာခံဖို့က သာ၍ကောင်းပေလိမ့်မည်။ စွန့်ခွာရန် စိတ်မပါသေးသည်နှင့်အမျှ စိတ်မဝင်စားသော ယနေ့သင်သည် အဆုံးတွင် ငါဖန်ဆင်းသော လှိုင်းတံပိုးများဖြင့် အောက်သို့ရောက်သွားပြီး ဝါးမြို ခံရလိမ့်မည်ကို ငါသည် ကြာမြင့်စွာကတည်းက သင်တို့ကို ပြောပြီးဖြစ်သည်။ သင်တို့သည် မိမိကိုယ်မိမိ အမှန်တကယ် ကာကွယ်နိုင်သလော။ သင် စုံလင်ခံရပြီးဖြစ်ကြောင်း သင်၏ လက်ရှိ လိုက်စားခြင်း နည်းလမ်းက သေချာစေလိမ့်မည်ဟု သင် အမှန်တကယ် စိတ်ချယုံကြည်သလော။ သင်၏ စိတ်နှလုံးသည် အလွန်မာကျောသည် မဟုတ်လော။ ဤကဲ့သို့သော လိုက်လျှောက်ခြင်း၊ ဤကဲ့သို့သော လိုက်စားခြင်း၊ ဤကဲ့သို့သော အသက်တာမျိုးနှင့် ဤကဲ့သို့သော အကျင့်စရိုက်မျိုးက ငါ၏ချီးမွမ်းခြင်းကို အဘယ်သို့ရနိုင်မည်နည်း။

အောက်ခြေမှတ်စု(များ)-

က။ ဟန်ဟောင်ငှက်၏ ပုံပြင်သည် အီစွတ်၏ ပုရွက်ဆိတ်နှင့် နှံကောင်ဟူသော ပုံပြင်နှင့် အလွန်ဆင်တူ၏။ ဟန်ဟောင်ငှက်သည် ၎င်း၏ အိမ်နီးချင်းဖြစ်သည့် သပိတ်လွယ် ငှက်တစ်ကောင်မှ အကြိမ်ကြိမ် သတိပေးနေပါသော်လည်း ရာသီဥတု နွေးထွေးနေစဉ်တွင် အသိုက်ဆောက်ရမည့်အစား အိပ်ရသည်ကို ပိုနှစ်သက်လေသည်။ ဆောင်းရာသီ ရောက်လာသောအခါ၊ ထိုငှက်သည် အေးခဲ၍ သေသွား လေသည်။

အရှေ့သို့- ရွေးနုတ်ခြင်းခေတ်၏အမှု နောက်ကွယ်မှ အဖြစ်မှန်

နောက်တစ်ခုသို့- လူသားမျိုးနွယ် တစ်ရပ်လုံးသည် မျက်မှောက်ခေတ်ထိ မည်သို့ ဖွံ့ဖြိုးတိုးတက်ပြီးဖြစ်သည်ကို သင်သိသင့်သည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားစစ်မှန်မှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။