အမှုတော်နှင့် ဝင်ရောက်ခြင်း (၁)

ဘုရားသခင်ကို ယုံကြည်ခြင်း၏ မှန်သော လမ်းကြောင်းကို လူတို့ စတင်လျှောက်လှမ်းသည့် အချိန်မှစ၍ ယနေ့တိုင် သူတို့ မရှင်းလင်းသေးသည့် အရာများစွာ ရှိနေသေးသည်။ ဘုရားသခင်၏ အလုပ်နှင့်ပတ်သက်၍ သော်လည်းကောင်း သူတို့ လုပ်သင့်သည့် မြောက်များစွာသော အလုပ်တို့နှင့် ပတ်သက်၍သော်လည်းကောင်း သူတို့သည် ရှုပ်ထွေးမှုအပြည့်ဖြင့် ရှိနေဆဲဖြစ်သည်။ ထိုသို့ဖြစ်သည်မှာ တစ်ဖက်၌ သူတို့၏ အတွေ့အကြုံ၌ လမ်းလွဲသွေဖယ်မှု ရှိနေသောကြောင့်နှင့် လက်ခံရန် သူတို့၏ စွမ်းရည်တွင် အကန့်အသတ်ရှိနေခြင်းကြောင့် ဖြစ်ပြီး တစ်ဖက်၌မူ ဘုရားသခင်၏အလုပ်သည် လူတို့ကို ထိုအဆင့်အထိရောက်အောင် မခေါ်ဆောင်ရသေးသောကြောင့် ဖြစ်သည်။ ထို့ကြောင့် လူတိုင်းသည် ဝိညာဉ်ရေးရာကိစ္စအများစုနှင့် ပတ်သက်၍ ဒွိဟဖြစ်နေခြင်း ဖြစ်သည်။ သင်တို့သည် သင်တို့ ဝင်ရောက်သင့်သည့် လမ်းကို ရှင်းရှင်းလင်းလင်း မသိသည့်အပြင် ဘုရားသခင်၏ အလုပ်ကို ပို၍ပင် မသိပေ။ ထိုသို့ ဖြစ်ခြင်းသည် သင်တို့အတွင်းတွင် တည်ရှိသည့် ချွတ်ယွင်းချက်များနှင့် ပတ်သက်သော သာမန်ကိစ္စတစ်ခုထက် ပိုလေသည်။ ၎င်းသည် ဘာသာရေးလောကမှ လူများအားလုံးတွင် ဖြစ်လေ့ရှိသော ကြီးမားသော ချွတ်ယွင်းချက်တစ်ခု ဖြစ်သည်။ ဤနေရာတွင်လူတို့ ဘုရားသခင်ကို မကြိုက်ရသည့် အကြောင်းရင်း၏ အဓိကသော့ချက်ရှိနေ၍၊ ထိုချွတ်ယွင်းချက်သည် ဘုရားသခင်ကို ရှာဖွေသူများအားလုံး၌ ရှိသည့် တူညီသည့် ချွတ်ယွင်းချက်တစ်ခု ဖြစ်သည်။ ဘုရားသခင်ကို မည်သူတစ်ဦးတစ်ယောက်ကမျှ မသိကျွမ်းဖူးပေ၊ သို့မဟုတ် ဘုရားသခင်၏ မျက်နှာအစစ်ကို မည်သူတစ်ဦးတစ်ယောက်ကမျှ မမြင်ဖူးသေးပေ။ ထို့ကြောင့် ဘုရားသခင်၏ အလုပ်သည် တောင်ကို ရွှေ့ရသလို သို့မဟုတ် ပင်လယ်ကို ခမ်းအောင်လုပ်ရသလို ခက်ခဲကြမ်းတမ်းသော အလုပ်ဖြစ်နေခြင်း ဖြစ်သည်။ ဘုရားသခင်၏ အလုပ်အတွက် လူများစွာတို့သည် မိမိတို့၏ ဘဝကို စတေးခဲ့ကြပြီးဖြစ်သည်၊ ဘုရားသခင်၏ အလုပ်ကြောင့် လူများစွာတို့သည် နှင်ထုတ်ခံခဲ့ရပြီးဖြစ်သည်၊ ဘုရားသခင်၏ အလုပ်အတွက် လူများစွာတို့သည် သေသည်အထိ ညှဉ်းဆဲခံခဲ့ရပြီးဖြစ်သည်၊ ဘုရားသခင်ကို ချစ်သော အချစ်ကြောင့် မျက်လုံး၌ မျက်ရည်များနှင့် ပြည့်နေသူ လူများစွာတို့သည် တရားမျှတမှုမရှိဘဲ သေခဲ့ကြပြီးဖြစ်သည်၊ ရက်ရက်စက်စက် လူမဆန်စွာ ညှဉ်းပန်းနှိပ်စက်သည်ကို လူများစွာတို့ ခံရပြီးဖြစ်သည်...။ ထိုသို့သော အဖြစ်ဆိုးများ ဖြစ်သည်မှာ လူတွေက ဘုရားသခင်အကြောင်း မသိသောကြောင့်သာ ဖြစ်သည် မဟုတ်လော။ ဘုရားသခင်ကို မသိကျွမ်းသော သူတစ်ဦးသည် ဘုရားသခင်၏ရှေ့သို့ အဘယ်သို့ လာရဲသနည်း။ ဘုရားသခင်ကို ယုံကြည်သော်လည်း ဘုရားသခင်ကို ညှဉ်းပန်းနှိပ်စက်သော သူတစ်ဦးသည် ဘုရားသခင်၏ရှေ့သို့ အဘယ်သို့ လာရဲသနည်း။ ထိုသို့ဖြစ်ခြင်းသည် ဘာသာရေးလောက မှ လူတို့၏ မပြည့်စုံမှုများသာ မဟုတ်ပေ၊ ထို့ထက် ယင်းတို့သည် သင်တို့ရော၊ သူတို့ပါ တူညီသည့်အရာဖြစ်သည်။လူတို့သည် ဘုရားသခင်ကို မသိကျွမ်းဘဲနှင့် ယုံကြည်ကြသည်။ ထိုအကြောင်းရင်း တစ်ခုတည်းကြောင့်သာ သူတို့သည် နှလုံးသားထဲ၌ ဘုရားသခင်ကို မလေးစား၊ မကြောက်ရွံ့ကြခြင်း ဖြစ်သည်။ ဤရေစီးကြောင်း အတိုင်း သူတို့ ကိုယ်တိုင် မျှော်မှန်းထားသည့် အလုပ်ကို ပြောင်ပြောင်တင်းတင်း၊ အရှက်မရှိစွာ လုပ်ဆောင်ပြီး သူတို့၏ ကိုယ်ပိုင် တောင်းဆိုချက်များနှင့် လွန်ကြူးသော ဆန္ဒများအတိုင်း ဘုရားသခင်မှစေခိုင်းသည့် အလုပ်ကို လုပ်ကိုင်နေသူများပင် ရှိသည်။ လူတော်တော်များများသည် ဘုရားသခင်ကို မြတ်နိုးလေးစားခြင်း မရှိဘဲ၊ ၎င်းတို့၏ ကိုယ်ပိုင်ဆန္ဒများနောက်သို့လိုက်ကာ သွေးရူးသွေးတန်း ပြုမူတတ်ကြသည်။ ဤနမူနာများသည် ထိုသို့လုပ်ဆောင်ခြင်းသည် လူတို့၏ တစ်ကိုယ်ကောင်းဆန်သော နှလုံးသားတို့နှင့်သက်ဆိုင်သည့် စုံလင်သော သရုပ်သကန်များပင် မဟုတ်လော။ ဤနမူနာများသည် လူတို့အတွင်းတွင် အလွန်အလျှံအပယ် ရှိနေသော စဉ်းလဲခြင်း၏ အရိပ်လက္ခဏာကို ပေါ်လွင်စေသည် မဟုတ်လော။ လူတို့သည် အမှန်တကယ်ပင် အလွန်ထူးကဲ ဉာဏ်ရည်ထက်မြက် သူများ ဖြစ်နိုင်သော်လည်း သူတို့၏ ပါရမီများသည် ဘုရားသခင်၏ အလုပ်ကို မည်သို့ အစားထိုးနိုင်မည်နည်း။ လူတို့သည် ဘုရားသခင်၏ ဝန်ကို အမှန်တကယ်ပင် ဂရုစိုက်ကောင်း စိုက်မည်ဖြစ်သော်လည်း သူတို့သည် အလွန်တစ်ကိုယ်ကောင်းဆန်စွာ ပြုမူလို့ မရပေ။ လူတို့၏ လုပ်ရပ်များသည် ဘုရားတနှုန်း အမှန်တကယ် ဖြစ်ပါသလော။ လူတစ်ယောက်သည် ထိုသို့ဖြစ်ကြောင်းကို ရာနှုန်းပြည့် ယုံကြည်စိတ်ချနိုင်ပါသလား။ ဘုရားသခင်အကြောင်း သက်သေခံ ရန်နှင့် ဘုရားသခင်၏ ဘုန်းတော်ကို အမွေခံရန် အခွင့်ပေးခြင်းသည် ဘုရားသခင်က ချွင်းချက်တစ်ခုအဖြစ်သတ်မှတ်ပြီး လူတို့ကို မြှင့်တင်ပေးခြင်းဖြစ်သည်။ လူများသည် ထိုက်တန်သူများ မည်သို့ ဖြစ်နိုင်ပါမည်နည်း။ ဘုရားသခင်၏ အလုပ်သည် ယခုမှ စသည်၊ ပြီးလျှင် သူ၏စကားများကို ယခုမှသာ စတင်ပြောဆိုခြင်း ဖြစ်သည်။ ဤအခြေအနေ၌ လူတို့သည် သူတို့ကိုယ်သူတို့ ကျေနပ်နေကြသော်လည်း၊ ဤသည်မှာ အရှက်ခွဲခံရအောင် လုပ်ဆောင်နေခြင်းသက်သက်ပင် မဟုတ်လော။ သူတို့နားလည်သည့် အရာသည် အလွန်ပင် နည်းလှသည်။ အဟောအပြော အကောင်းဆုံး ပါရမီအထူးချွန်ဆုံး သီအိုရီပညာရှင်ပင်လျှင် ဘုရားသခင်၏ ကြွယ်ဝမှုအားလုံးကို ပြောပြနိုင်စွမ်း မရှိပေ၊ သို့ဖြစ်လျှင် သင်တို့သည် မည်မျှသာ၍နည်းစွာ ပြောပြနိုင်မည်နည်း။ သင်တို့သည် သင်တို့၏ တန်ဖိုးကို ကောင်းကင်ထက်မြင့်အောင် မသတ်မှတ်သင့်ဘဲ၊ ယင်းထက် ဘုရားသခင်ကို ကြိုးစားချစ်သော ဆင်ခြင်တုံတရားရှိသည့် ထိုလူများထဲမှ တစ်ဦးတစ်လေထက် နိမ့်ကျသူ အဖြစ် ကိုယ့်ကိုယ်ကို မြင်သင့်သည်။ ဤနည်းလမ်းသည် သင်တို့ ဝင်ရမည့် နည်းလမ်းဖြစ်သည်- အခြားသူများအားလုံးထက် သိသိသာသာ နိမ့်ကျသည်ဟု ကိုယ့်ကိုယ်ကိုယ် မြင်ဖို့ ဖြစ်သည်။ သင်တို့သည် အဘယ်ကြောင့် ကိုယ့်ကိုယ်ကို အလွန်မြင့်သည်ဟု မြင်ကြသနည်း။ အဘယ်ကြောင့် သင်တို့ကိုယ်သင်တို့ ထိုသို့မြင့်မားစွာ ထင်မြင်ယူဆကြသနည်း။ ရှည်လျားသော အသက် ခရီးလမ်း၌ သင်တို့သည် ပထမဦးဆုံးခြေလှမ်း အနည်းငယ်ကိုသာ လှမ်းပြီးသေးသည်။ သင်တို့ မြင်သမျှသည် ဘုရားသခင်၏လက်မောင်းသာ ဖြစ်သည်၊ ဘုရားသခင်ကို အပြည့်အဝ သင်တို့ မမြင်သေးပေ။ ဘုရားသခင်၏ အလုပ်ကို ပိုမြင် နိုင်ဖို့နှင့် သင်တို့ဝင်ရောက်သင့်သည့် လမ်းကို ပိုမို ရှာဖွေတွေ့ရှိနိုင်ဖို့ သင့်တွင်တာဝန်ရှိသည်။ အဘယ်ကြောင့်ဆိုသော် သင်တို့၏ ပြောင်းလဲမှုမှာ နည်းလွန်းသဖြင့်ဖြစ်သည်။

ဘုရားသခင်သည် လူကို စုံလင်အောင်ပြုလုပ်ပြီး လူ၏ စိတ်သဘောထားကို ပြောင်းလဲသောအခါ၌ သူ၏ အလုပ်သည် မည်သည့်အခါမျှ မရပ်စဲပေ၊ အဘယ်ကြောင့်ဆိုသော် လူတို့၌ မရှိသော အရာများ အလွန်များနေပြီး သူသတ်မှတ်ထားသည့် စံချိန်စံနှုန်းများကို မမီကြသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်၏ မျက်စိထဲတွင် သင်တို့သည် အစဉ်ထာဝရ မွေးကင်းစကလေးများ၊ သူ့ကို ကျေနပ်စေသောအရာ အနည်းငယ်ကိုသာ ပိုင်ဆိုင်သူများ ဖြစ်နေလိမ့်မည်ဟု ပြောနိုင်ပါသည်၊ အဘယ်ကြောင့်ဆိုသော် သင်တို့သည် ဘုရားသခင်၏ လက်၌ရှိသော ဖန်ဆင်းခံသတ္တဝါများမှလွဲ၍ ဘာမှမဟုတ် သောကြောင့် ဖြစ်သည်။ လူတစ်ဦးသည် မိမိဘာသာအားရကျေနပ်နေလျှင် ဘုရားသခင် ရွံရှာသည်ကို ခံရမည် မဟုတ်လော။ ဘုရားသခင်ကို ယနေ့သင်တို့ ကျေနပ်စေ နိုင်သည်ဟု ပြောဆိုခြင်းသည် သင်တို့၏ ဇာတိပကတိ ခန္ဓာ၏ ကန့်သတ်မှုရှိသော ရှုထောင့်မှ ပြောဆိုာခြင်းဖြစ်သည်။ သို့သော် ဘုရားသခင်နှင့် အမှန်တကယ် ယှဉ်ဖို့ဆိုလျှင် သင်တို့သည် ကြိုးဝိုင်းထဲတွင် ထာဝရရှုံးနိမ့်မည် ဖြစ်သည်။ လူ၏ ဇာတိပကတိသည် တကြိမ်တခါမျှ အောင်မြင်မှုကို မရရှိသေးပေ။ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှု အားဖြင့်သာ လူ၌ အဖတ်ဆယ်နိုင်သော ကြန်အင်လက္ခဏာများ ရှိနိုင်ခြင်း ဖြစ်သည်။ အမှန်တရားမှာ၊ ဘုရားသခင် ဖန်ဆင်း ထားသည့် မြောက်များလှစွာသော အရာများထဲတွင် လူသည် အဆင့်အနိမ့်ဆုံးဖြစ်သည်။ လူသည် အရာအားလုံး၏ အရှင်သခင် ဖြစ်သော်လည်း အားလုံးထဲတွင် လူသည်သာ စာတန်၏ လှည့်စားမှုကိုခံရသူ ဖြစ်သည်၊ အတောမသတ်နိုင်သော နည်းလမ်း အမျိုးမျိုးဖြင့် ၎င်း၏ဖျက်ဆီးမှုတွင် သားကောင်အဖြစ်ခံရသူမှာ လူသာဖြစ်သည်။ လူသည် တကြိမ်တခါမျှ ကိုယ့်ကိုယ်ကို မအုပ်စိုး၊ မထိန်းချုပ်နိုင်သေးပေ။ လူအများအပြားသည် စာတန်၏ ရွံရှာစရာကောင်းသော နေရာ၌ နေကြသည်။ သူတို့သည် စာတန်၏ ပြက်ရယ်ပြုမှုကို ခံရကြသည်၊ ဒုက္ခ၊ သုခ သံသရာတိုင်းနှင့် လူ့လောကရှိ အခက်အခဲတိုင်းကို သူတို့ ကြုံတွေ့ခံစားရပြီး မသေမရှင်သာဖြစ်သည် အထိ စာတန်သည် သူတို့ကို ထိုသို့ ကျီစယ်လေ့ရှိသည်။ စာတန်သည် သူတို့ကို ကစားပြီးနောက် သူတို့၏ ကံကြမ္မာကို အဆုံးသတ်လိုက်သည်။ ထို့ကြောင့် လူတို့သည် ဘုရားသခင် သူတို့အတွက် ပြင်ဆင်ပေးထားသော ကောင်းသော အရာများကို တစ်ကြိမ်တစ်ခါမျှပင် မခံစားရဘဲ တစ်ဘဝလုံး ယောင်ချာချာနှင့် စိတ်ရှုပ်ထွေးစွာ အသက်ရှင်ကြရသည်။ စာတန်၏ ဖျက်ဆီးခြင်းကို ခံရပြီး တစ်စစီချိုးဖဲ့ထားခြင်း ခံရသည်။ ယနေ့ သူတို့သည် အလွန်ပင် အားအင်ကုန်ခမ်းပြီး တက်ကြွမှု မရှိသောကြောင့် ဘုရားသခင်၏ အလုပ်ကို အာရုံစိုက်လိုစိတ် မရှိပေ။ လူတို့သည် ဘုရားသခင်၏ အလုပ်ကို အာရုံစိုက်လိုစိတ် မရှိလျှင် သူတို့၏ အတွေ့အကြုံသည် ကျိုးပဲ့ပြီး မပြည့်မစုံဖြစ်နေမည့် အစဉ်ထာဝရ ပျက်စီးမည့်ကိန်းရှိနေသည်။ သူတို့၏ ဝင်ရောက်မှု သည်လည်း ဘာမျှမရှိသော နေရာသို့ ဝင်ရောက်ခြင်းသာ အစဉ်ဖြစ်နေလိမ့်မည်။ ဘုရားသခင် လောကသို့ လာသည့် အချိန်မှစ၍ နှစ်ထောင်ချီသည့် ကာလအတောအတွင်းတွင် အလွန်မြင့်သော စံများထားရှိသူ များစွာကို ဘုရားသခင်သည် နှစ်ပေါင်းများစွာ သူ့အတွက်အလုပ်လုပ်စေဖို့အတွက် အသုံးပြု ခဲ့သည်။ သို့သော်လည်း ဘုရားသခင်၏ အလုပ်အကြောင်းကို သိသောသူ အရေအတွက်မှာမူ အလွန်ပင် နည်းပါးပြီး မရှိသလောက်ပင်ဖြစ်သည်။ ထို့ကြောင့် မရေမတွက်နိုင်အောင် များပြားသော လူတို့သည် ဘုရားသခင်အတွက် အလုပ်လုပ်ကြသည့် အချိန်၌ပင် ဘုရားသခင်ကို မနာခံဘဲနေကြခြင်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် တကယ့်တကယ်တမ်းတွင် သူတို့သည် ဘုရားသခင်ပေးအပ်ထားသည့် နေရာ၌ ဘုရားသခင်၏ အလုပ်ထက် လူ၏အလုပ်ကို လုပ်နေကြသောကြောင့် ဖြစ်သည်။ ထိုသို့လုပ်ခြင်းကို အလုပ်ဟု ခေါ်နိုင်ပါသလား။ သူတို့သည် မည်သို့ ဝင်ရောက်နိုင်မည်နည်း။ လူသားတို့သည် ဘုရားသခင်၏ ကျေးဇူးတော်ကို လက်ခံပြီးနောက် ကျေးဇူးတော်ကို မြေအောက်၌ မြှုပ်လိုက်ကြသည်။ ထိုသို့လုပ်ဆောင်သောကြောင့် အတိတ်က မျိုးဆက်များစွာတွင် ဘုရားသခင်၏ အလုပ်ကို လုပ်သူတို့သည် ဝင်ရောက်မှု နည်းခြင်းဖြစ်သည်။ သူတို့သည် ဘုရားသခင်၏ အလုပ်ကို သိခြင်းနှင့် ပတ်သက်သော အကြောင်းအရာကို မပြောဆိုကြပေ။ အဘယ်ကြောင့်ဆိုသော် သူတို့သည် ဘုရားသခင်၏ ဉာဏ်အမြော်အမြင်ကို အနည်းအကျဉ်းမျှသာ နားလည်ကြသောကြောင့် ဖြစ်သည်။ ဘုရားသခင်ကို အစေခံသူများစွာ ရှိသော်လည်း ထိုသူတို့သည် ဘုရားသခင် မည်မျှ ချီးမြှောက်ခြင်းခံရသည်ကို မမြင်ကြပေ၊ ထို့ကြောင့် အားလုံးက အခြားသူများ သူတို့ကို ကိုးကွယ်ဖို့အတွက် သူတို့ကိုယ်သူတို့ ဘုရားသခင်အဖြစ် သတ်မှတ်ကြသည်ဟု ပြောနိုင်သည်။

နှစ်ပေါင်း အတန်ကြာသည်အထိ ဘုရားသခင်သည် သူဖန်ဆင်းထားသည့် အရာများကြားတွင် ကွယ်ဝှက်နေခဲ့သည်၊ နွေဦးများစွာ ဆောင်းဦးများစွာ ကျော်လွန်သွားသည့် ကာလအတောအတွင်းတွင် သူသည် မြူခိုးဇာပဝါနောက်မှ စောင့်ကြည့်နေခဲ့သည်၊ တတိယကောင်းကင်မှနေပြီး အောက်သို့ နေ့ပေါင်းများစွာ၊ ညပေါင်းများစွာ သူ ကြည့်ရှုနေခဲ့သည်၊ လပေါင်းများစွာ၊ နှစ်ပေါင်းများစွာ လူတို့အကြား၌ သူ လမ်းလျှောက်သွားခဲ့သည်။ ချမ်းအေးသောဆောင်းကာလများစွာကို ဖြတ်သန်းပြီး လူအားလုံး၏ အထက်၌ ထိုင်ကာ တိတ်ဆိတ်စွာ စောင့်ခဲ့သည်။ ဘုရားသခင်သည် မည်သူ့ရှေ့၌မျှ တကြိမ်တခါမျှ သူ့ကိုယ်သူ ပေါ်ပေါ်ထင်ထင် မဖော်ပြဘူးပေ၊ အသံတစ်သံမျှလည်း ထွက်အောင် မလုပ်ခဲ့ပေ၊ နိမိတ်လက္ခဏာတစ်ခုမျှ မပြဘဲ တိတ်တဆိတ် ထွက်ခွာမှုကို သူ ပြုလုပ်နေသကဲ့သို့ပင် တိတ်တဆိတ် ပြန်လာသည်။ မည်သူက ဘုရားသခင်၏ မျက်နှာအစစ်ကို သိနိုင်သနည်း။ သူသည် အရင်က လူကို တခါမျှ စကားမပြောဖူးပေ၊ တကြိမ်တခါမျှလည်း ကိုယ်ထင်မပြဘူးပေ။ လူတို့အတွက် ဘုရားသခင်မှစေခိုင်းသည့် အလုပ်ကို လုပ်ဖို့ဆိုသည်မှာ မည်မျှလွယ်ကူသနည်း။ သူတို့ လုံးဝ မသိသောအချက်မှာ ဘုရားသခင်ကို သိကျွမ်းဖို့ဆိုသည်မှာ ရှိရှိသမျှအရာအားလုံးထဲတွင် အခက်ခဲဆုံးဖြစ်သည် ဟူသည့် အချက်ဖြစ်သည်။ ယနေ့ ဘုရားသခင်က လူကို စကားပြောခဲ့သည်။ သို့သော် လူသည် ဘုရားသခင်ကို တခါမျှ မသိကျွမ်းခဲ့ဖူးပေ။ အဘယ်ကြောင့်ဆိုသော် အသက်တာ၌ သူ၏ ဝင်ရောက်မှုသည် အကန့်အသတ်အလွန်ရှိပြီး၊ အလွန်တိမ်သောကြောင့် ဖြစ်သည်။ သူ၏ ရှုထောင့်မှ ကြည့်လျှင် လူတို့သည် ဘုရားသခင်၏ရှေ့သို့လာဖို့ အပြည့်အဝ စံမမီပေ။ သူတို့သည် ဘုရားသခင်ကို နားလည်မှု၌ အလွန်နည်းပြီး ဘုရားသခင်နှင့် အလွန်ဝေးကွာနေကြသည်။ ထို့အပြင် ဘုရားသခင်ကို ယုံကြည်သည့် သူတို့၏ နှလုံးသားသည် အလွန်ရှုပ်ထွေးလွန်းလှသည့်အပြင် သူတို့သည် ဘုရားသခင်၏ ပုံရိပ်ကို သူတို့၏ အတွင်းအကျဆုံးနေရာ၌ ရှိသော နှလုံးသားထဲ၌ မထားကြပေ။ အကျိုးဆက်အနေနှင့် ဘုရားသခင်၏ အပင်ပန်းခံအားထုတ်မှုနှင့် ဘုရားသခင်၏ အလုပ်သည်သဲအောက်မြုပ်နေသော ရွှေအပိုင်းအစများကဲ့သို့ အလင်းတစ်လက်ပင် မထုတ်လွှင့်နိုင်ပေ။ ဘုရားသခင်အတွက်တော့ ထိုလူတို့၏ အစွမ်းအစ၊ အရင်းခံအကြောင်းများနှင့် အမြင်တို့သည် အဆုံးစွန် ရွံရှာဖွယ်ကောင်းသည်။ လက်ခံနိုင်စွမ်းနည်းပါးခြင်း၊ ခံစားမှုမရှိတော့သည့် အဆင့်ရောက်သည်အထိ ကရုဏာတရား မရှိတော့ခြင်း၊ အရည်အသွေးကျလာခြင်း၊ ဆုတ်ယုတ်လာခြင်း၊ အလွန်အမင်း ဖော်လံဖားဖြစ်လာခြင်း၊ အားနည်းခြင်း၊ စိတ်ခွန်အားမရှိတော့ခြင်းတို့ကြောင့် ထိုသူတို့ကို နွားများ၊ မြင်းများကို လမ်းပြသလို လမ်းပြရမည်။ ထိုသူတို့၏ ဝိညာဉ်တော်သို့ ဝင်ရောက်မှု သို့မဟုတ် ဘုရားသခင်၏ အလုပ်၌ ဝင်ရောက်မှုနှင့် ပတ်သက်ပြီး ပြောရမည်ဆိုလျှင်၊ သူတို့သည် နည်းနည်းလေးမျှ ဂရုမစိုက်ကြ၊ သမ္မာတရားအတွက် ဒုက္ခခံရန် စိတ်ပိုင်းဖြတ်ထားခြင်း နည်းနည်းလေးမျှပင် မရှိကြ။ ထိုသို့သောလူကို ဘုရားသခင်က စုံလင်စေဖို့ဆိုသည်မှာ လွယ်ကူမည် မဟုတ်ပေ။ ထို့ကြောင့် သင်တို့သည် သင်တို့၏ ဝင်ရောက်မှုကို ဤရှုထောင့်မှ စတင်ဖို့ မုချလိုအပ်သည်။ သင်တို့၏ အလုပ်နှင့် သင်တို့၏ ဝင်ရောက်မှုအားဖြင့် သင်တို့သည် ဘုရားသခင်၏ အလုပ်ကို စတင် သိရှိလာဖို့ မုချလိုအပ်သည်။

အရှေ့သို့- ဘုရားသခင်ကို မသိသောသူ အားလုံးသည် ဘုရားသခင်ကို ဆန့်ကျင်သောသူများ ဖြစ်ကြသည်

နောက်တစ်ခုသို့- အမှုတော်နှင့် ဝင်ရောက်ခြင်း (၂)

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။