အမှုတော်နှင့် ဝင်ရောက်ခြင်း (၆)

အမှုတော်နှင့် ဝင်ရောက်မှုသည် ပင်ကိုအားဖြင့် လက်တွေ့ကျသည်။ ၎င်းတို့သည် ဘုရားသခင်၏ အမှုတော်နှင့် လူသား၏ ဝင်ရောက်မှုကို ရည်ညွှန်းသည်။ ဘုရားသခင်၏ စစ်မှန်သော မျက်နှာနှင့် ဘုရားသခင်၏ အမှုကို လူသား၏ အပြည့်အစုံ ထိုးထွင်းသိမြင်နိုင်စွမ်း မရှိခြင်းသည် သူ၏ ဝင်ရောက်မှုအဖို့ အဆုံးစွန် ခက်ခဲမှု ဖြစ်ပေါ်စေပြီးဖြစ်သည်။ ဤနေ့ထိ လူများစွာတို့သည် နောက်ဆုံးသော ကာလတွင် ဘုရားသခင်က မည်သည့်အမှု ပြီးမြောက်စေမည် သို့မဟုတ် ဘုရားသခင်က အကောင်းနှင့်အဆိုးထဲတွင် လူနှင့်အတူ ရပ်တည်ဖို့ လူ့ဇာတိခံယူလာရန် ပြင်းထန်သော အရှက်ကွဲခြင်းကို အဘယ်ကြောင့် သည်းခံရသည်ကို မသိကြသေးပေ။ ဘုရားသခင်၏ အမှု၏ ပန်းတိုင်မှသည် နောက်ဆုံးသော ကာလအတွက် ဘုရားသခင် အစီအစဉ်၏ ရည်ရွယ်ချက်အထိ၊ လူသည် ဤအရာများနှင့်ပတ်သက်၍ လုံးလုံးလျားလျား မသိနားမလည်ဘဲ ရှိလေသည်။ အကြောင်းရင်း အမျိုးမျိုးကြောင့်၊ လူများသည် ၎င်းတို့ကို ဘုရားသခင် တောင်းဆိုသည့် ဝင်ရောက်မှုနှင့်ပတ်သက်၍ အမြဲ ဟက်ဟက်ပက်ပက် မရှိလှသကဲ့သို့ မရေမရာ ဖြစ်ကြပြီး ယင်းက လူ့ဇာတိ၌ ဘုရားသခင်၏ အမှုကို အဆုံးစွန် ခက်ခဲမှု ဖြစ်ပေါ်စေပြီဖြစ်သည်။ ယင်းမှာ လူများအားလုံးသည် အတားအဆီးများ ဖြစ်လာကြသကဲ့သို့၊ ယနေ့အထိ ၎င်းတို့ မရှင်းမလင်း ဖြစ်နေကြသေးသည့်ပုံပေါ်ပေမည်။ ဤအကြောင်းကြောင့် သင်တို့အားလုံးကို ယောဘကဲ့သို့ အရှက်ကွဲခြင်းအားလုံးကို သည်းခံရင်း ဘုရားသခင်ကို ငြင်းပယ်သည်ထက် အသေခံမည့်သူ၊ ပြီးလျှင် ပေတရုကဲ့သို့ သင်၏ ဖြစ်တည်မှုတစ်ခုလုံးကို ဘုရားသခင်ထံ ပူဇော်ပြီး နောက်ဆုံးသောကာလ၌ ဘုရားသခင်၏ ရယူခြင်းကို ခံရသည့် ရင်းနှီးသော မိတ်ဆွေများဖြစ်လာမည့်သူ၊ ဘုရားသခင်၏ သစ္စာစောင့်သိသည့် အစေခံများဖြစ်စေဖို့၊ လူသားအပေါ် ဘုရားသခင် ပြုသည့် အမှုနှင့် ဘုရားသခင်၏ အရေးပေါ် ရည်ရွယ်ချက် အကြောင်းကို ငါတို့ ဆွေးနွေးပြောဆိုသင့်သည်ဟု ငါ ထင်ပေသည်။ ခမည်းတော် ဘုရားသခင်၏ စိတ်နှလုံးသည် ငြိမ်းချမ်းသော ငြိမ်သက်ခြင်းချမ်းသာကို မွေ့လျော်နိုင်ဖို့အလို့ငှာ၊ ညီအစ်ကို မောင်နှမများ အားလုံးတို့သည် ဘုရားသခင်၏ ကောင်းကင် အလိုအဖို့ မိမိတို့ အစွမ်းကုန် ပေးနိုင်ပြီး၊ မိမိတို့၏ ဖြစ်တည်မှု အလုံးစုံကို ပူဇော်နိုင်ကြဖို့၊ ဘုရားသခင်၏ အိမ်တော်တွင် သန့်ရှင်းသော အစေခံများ ဖြစ်လာကြဖို့၊ ဘုရားသခင် အပ်နှင်းထားသည့် အဆုံးမရှိ ကတိတော်ကို မွေ့လျော်နိုင်ဖို့ ငါမျှော်လင့်ပေသည်။ `ခမည်းတော် ဘုရားသခင်၏ အလိုကို ပြီးမြောက်စေပါ’ ဟူသည်မှာ ဘုရားသခင်ကို ချစ်သော သူအပေါင်းတို့၏ ဆောင်ပုဒ်ဖြစ်သင့်သည်။ ဤစကားလုံးများသည် ဝင်ရောက်ခြင်းအတွက် လူသား၏ လမ်းပြနှင့် သူ၏ အပြုအမူကို လမ်းပြသည့် သံလိုက်အိမ်မြှောင်အဖြစ် အသုံးခံသင့်ပေသည်။ ဤသည်မှာ လူသားက ရှိသင့်သည့် သန္နိဌာန်ဖြစ်သည်။ ဘုရားသခင်၏ အမှုကို အကုန်အစင် ပြည့်စုံခြင်းကို ကမ္ဘာမြေပေါ် ဆောင်ကြဉ်းဖို့နှင့် လူ့ဇာတိ၌ ဘုရားသခင်၏ အမှုနှင့်အတူ ပူးပေါင်း ဆောင်ရွက်ရန်- ဤသည်မှာ လူသား၏ တာဝန်ဖြစ်သည်။ တစ်နေ့ ဘုရားသခင်၏ အမှုတော် အဆုံးသတ်ပြီးနောက်တွင်၊ ကောင်းကင်ရှိ ဖမည်းတော်ထံ စောစောပြန်သွားသော သူ့ကို လူသားက ဝမ်းမြောက်စွာ နှုတ်ဆက် ရလိမ့်မည်။ ဤသည်မှာ လူသား ဖြည့်ဆည်းသင့်သည့် တာဝန် ဖြစ်သည် မဟုတ်လော။

ဘုရားသခင်သည် ကျေးဇူးတော်ခေတ်၌ တတိယကောင်းကင်ဘုံသို့ ပြန်ကြွသွားချိန်တွင်၊ ဘုရားသခင်၏ လူသားမျိုးနွယ် အားလုံးကို ရွေးနုတ်ခြင်း အမှုသည် ယင်း၏ အဆုံးသတ်ပိုင်းသို့ အမှန်တကယ် ပြောင်းသွားနှင့်ပြီးဖြစ်သည်။ ကမ္ဘာမြေပေါ်ရှိ ကျန်ရှိသော အရာအားလုံးသည် ယေရှုက သူ၏ ကျောထက် သယ်ဆောင်ခဲ့သော ကားတိုင်၊ ယေရှု ရစ်ပတ်ခြင်းခံခဲ့ရသော ပိတ်ချောနှင့် ယေရှု ဝတ်ဆင်ခဲ့သော ဆူးဦးရစ်နှင့် နီသောဝတ်လုံတို့ ဖြစ်သည် (ဤအရာများသည် ယုဒလူများက သူ့ကို ပြက်ရယ်ပြုရန် အသုံးပြုခဲ့သော အရာဝတ္ထုများဖြစ်သည်)။ ဆိုလိုသည်မှာ ယေရှု၏ ကားစင်တင်ခံရခြင်းသည် ကြီးမားသည့် အုတ်အော်သောင်းတင်း ဖြစ်စေခဲ့ပြီးနောက်တွင် အမှုအရာများက တစ်ဖန် ငြိမ်ကျသွားခဲ့သည်။ ထိုအချိန်မှစ၍ ယေရှု၏ တပည့်တော်များသည် နေရာတိုင်းက အသင်းတော်များကို ထိန်းကျောင်းပေးရင်းနှင့် ရေလောင်း ပေးနေခဲ့ကြရင်း၊ ယေရှု၏ အမှုတော်ကို စတင်၍ ဆက်လက် ဆောင်ရွက်ခဲ့ကြသည်။ ၎င်းတို့ အမှု၏ ပါရှိသည့်အရာများမှာ အောက်ပါအတိုင်းဖြစ်သည်- ၎င်းတို့သည် လူအားလုံး နောင်တရရန်၊ ၎င်းတို့၏ အပြစ်များ ဝန်ခံရန်နှင့် ဗတ္တိဇံခံရန် စေခိုင်းကြသည်။ တမန်တော်များ အားလုံးသည် ယေရှု ကားစင်တင်ခံရခြင်း၏ အတွင်းပိုင်း ဇာတ်လမ်းနှင့် အရှိအတိုင်း အဖြစ်အပျက်ကို ဖြန့်ဝေဖို့ ထွက်သွားကြသည်၊ ထို့ကြောင့် အယောက်တိုင်းသည် မိမိတို့၏ အပြစ်များကို ဝန်ခံရန် ယေရှု ရှေ့မှောက်တွင် မပျပ်ဝပ်ဘဲ မနေနိုင်ဖြစ်ခဲ့ကြသည်။ ထို့အပြင် တမန်တော်များသည် ယေရှု ပြောဆိုခဲ့သော နှုတ်ကပတ်တော်များကို တစ်ဆင့်ပေးပို့ရင်း နေရာတိုင်းသို့ သွားခဲ့ကြသည်။ ထိုအချိန်မှစကာ ကျေးဇူးတော်ခေတ်ထဲက အသင်းတော်များ တည်ဆောက်ခြင်း စတင်ခဲ့သည်။ ထိုခေတ်အတွင်း ယေရှု လုပ်ဆောင်ခဲ့သည့် အရာမှာလည်း လူ၏ အသက်တာနှင့် ကောင်းကင်ဘုံရှိ ခမည်းတော်၏ အလိုအကြောင်းကို ဆွေးနွေးခြင်း ဖြစ်ခဲ့သည်၊ ခေတ်က ခြားနားခဲ့သောကြောင့်သာ ထိုပြောဆိုမှုများနှင့် လက်တွေ့လုပ်ဆောင်မှုများထဲမှ များစွာသောအရာတို့သည် ယနေ့နှင့် ကြီးမားစွာ ခြားနားခဲ့ပေသည်။ သို့သော် အနှစ်သာရအားဖြင့် ၎င်းတို့ တူညီသည်- ၎င်းတို့ နှစ်ခုလုံးသည် လူ့ဇာတိ၌ ဘုရားသခင် ဝိညာဉ်တော်၏ အမှု အတိအကျဖြစ်သကဲ့သို့၊ အံကိုက်လည်းဖြစ်ပေသည်။ ဤသို့သော အမှုမျိုးနှင့် မိန့်မြွက်ချက်များသည် ယနေ့တိုင် တစ်လျှောက်လုံး ဆက်လက် ဖြစ်ပြီး၊ ထို့ကြောင့် ဤသို့သော အရာမျိုးကို ယနေ့ ဘာသာရေး အဖွဲ့အစည်းများတွင် ဝေမျှဆဲဖြစ်ပြီး၊ လုံးဝကို ပြောင်းလဲခြင်းမရှိပေ။ ယေရှု၏ အမှု အဆုံးသတ်ခဲ့ပြီး အသင်းတော်များသည် ယေရှု ခရစ်တော်၏ လမ်းကြောင်းမှန်ပေါ်သို့ သွားနှင့်ပြီးဖြစ်ချိန်တွင်၊ သို့ပါလျက်နှင့် ဘုရားသခင်သည် နောက်ဆုံးသောကာလတွင် လူ့ဇာတိ၌ သူ၏ ကြွလာခြင်းနှင့်ပတ်သက်သည့် ကိစ္စရပ်ဖြစ်သော သူ့အမှု၏ နောက်တစ်ဆင့်အတွက် သူ၏ အစီအစဉ်ကို စတင်ခဲ့သည်။ လူသားတို့ အမြင်အရ၊ ဘုရားသခင်၏ ကားစင်တင်ခံရခြင်းသည် သူ၏ လူ့ဇာတိခံယူခြင်းအမှုကို အဆုံးသတ်နှင့်ပြီးဖြစ်သည်၊ လူသားမျိုးနွယ် အားလုံးကို ရွေးနုတ်နှင့်ပြီးဖြစ်ကာ၊ မရဏနိုင်ငံ၏ သော့ကို သိမ်းပိုက်ရန် သူ့ကို အခွင့်ပေးနှင့်ပြီးဖြစ်သည်။ အယောက်တိုင်းက ဘုရားသခင်၏ အမှုသည် အပြည့်အဝ ပြီးမြောက်ပြီးဖြစ်သည်ဟု တွေးထင်ကြသည်။ အမှန်တွင် ဘုရားသခင်၏ ရှုထောင့်မှ၊ သူ့အမှု၏ အနည်းငယ်သော အစိတ်အပိုင်းသာ ပြီးမြောက်ခဲ့ပြီး ဖြစ်သည်။ သူလုပ်ဆောင်ခဲ့ပြီးသမျှအားလုံးမှာ လူသားမျိုးနွယ်ကို ရွေးနုတ်ဖို့ ဖြစ်ခဲ့သည်။ လူသား၏ ဆိုးယုတ်သော မျက်နှာကို ပြောင်းလဲရန် မဆိုထားနှင့်၊ သူသည် လူသားကို သိမ်းပိုက်ခဲ့ခြင်း မရှိသေးပေ။ ယင်းမှာ ဘုရားသခင်က၊ “ငါ၏ လူ့ဇာတိခံ ခန္ဓာသည် သေဆုံးခြင်း၏ နာကျင်မှုကို ဖြတ်သန်းခဲ့ရသော်လည်း၊ ယင်းမှာ ငါ၏ လူ့ဇာတိခံခြင်း ပန်းတိုင်တစ်ခုလုံး မဟုတ်ပေ။ ယေရှုသည် ငါ၏ ချစ်သားဖြစ်ကာ ကားတိုင်တွင် ငါ့အတွက် သံမှိုရိုက်နှက် ခံခဲ့ရသော်လည်း၊ သူသည် ငါ၏ အမှုကို ပြည့်စုံစေ့စပ်စွာ အဆုံးမသတ်ခဲ့ပေ။ သူသည် ယင်း၏ အစိတ်အပိုင်းတစ်ခုကိုသာ လုပ်ဆောင်ခဲ့သည်။” ဟု ပြောရသည့်အကြောင်းရင်း ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်သည် လူ့ဇာတိခံခြင်း အမှုကို ဆက်လက် လုပ်ဆောင်ရန် အစီအစဉ်များ၏ ဒုတိယအချီကို စတင်ခဲ့သည်။ ဘုရားသခင်၏ အဆုံးစွန် ရည်ရွယ်ချက်မှာ စာတန်၏လက်တွင်းမှ ကယ်တင်ခဲ့သော လူအားလုံးကို စုံလင်စေရန်နှင့် ရရှိရန်ဖြစ်ခဲ့သည်၊ ယင်းမှာ ဘုရားသခင်သည် လူ့ဇာတိခံယူခြင်းနှင့် သက်ဆိုင်သည့် အန္တရာယ်ကို ရဲဝံ့စွာရင်ဆိုင်ဖို့ နောက်တစ်ဖန် ပြင်ဆင်ခဲ့သည့် အကြောင်းရင်းဖြစ်သည်။ “လူ့ဇာတိခံယူခြင်း” အားဖြင့် ဆိုလိုသည့် အရာမှာ (ဘုရားသခင်၏ အမှုသည် မပြီးဆုံးသေးသောကြောင့်) ဘုန်းအသရေကို ယူဆောင် မလာသော်လည်း၊ ချစ်သား၏ ပင်ကိုလက္ခဏာဖြင့် ပေါ်ထွန်းသောသူတစ်ဦးကို ရည်ညွှန်းပြီး ယင်းမှာ ဘုရားသခင် နှစ်သက်မြတ်နိုးရာ ခရစ်တော် ဖြစ်ပေသည်။ ယင်းမှာ ဤအရာကို “အန္တရာယ်အား ရဲဝံ့စွာ ရင်ဆိုင်ခြင်း” ဟု ဆိုသည့် အကြောင်းရင်း ဖြစ်သည်။ လူ့ဇာတိခံ ခန္ဓာသည် မပြောပလောက်သော အစွမ်းရှိပြီး ကြီးစွာ သတိထား၍ အသုံးပြုရမည် ဖြစ်ကာ သူ၏ တန်ခိုးသည် ကောင်းကင်ဘုံရှိ ခမည်းတော်၏ ဩဇာအာဏာနှင့် အလွန်ကွာခြားပေသည်။ သူသည် အခြားအမှု၌ ဝင်ပါလာခြင်းမရှိဘဲ၊ ခမည်းတော် ဘုရားသခင်၏ အမှုနှင့် စေခိုင်းချက်တာဝန်ကို ပြည့်စုံစေရင်း ဇာတိပကတိ၏ အမှုတော်ကိုသာ ဖြည့်ဆည်းလေသည်၊ ပြီးလျှင် သူသည် အမှုတော်၏ တစ်ပိုင်းကိုသာ ပြည့်စုံစေသည်။ ဤသည်မှာ ဘုရားသခင်က ကမ္ဘာပေါ်သို့ လာလျှင်လာချင်း၊ “ခရစ်တော်” ဟု အမည်ပေးခံခဲ့ရသည့် အကြောင်းရင်း ဖြစ်သည်- ယင်းမှာ အမည်နာမ၏ မြုပ်နေသော အဓိပ္ပာယ်ဖြစ်သည်။ ကြွလာခြင်းသည် စုံစမ်းနှောင့်ယှက်ခြင်းများ နှင့်အတူပါရှိသည်ဟု ဆိုရသည့်အကြောင်းရင်းမှာ အမှု၏ အစိတ်အပိုင်းတစ်ခုသာ ပြီးပြည့်စုံသောကြောင့် ဖြစ်ပေသည်။ ထို့အပြင်၊ ဖခမည်းတော် ဘုရားသခင်က သူ့ကို “ခရစ်တော်” နှင့် “ချစ်သား” ဟုသာ ခေါ်သော်လည်း သူ့ကို ဘုန်းအသရေအားလုံး မပေးထားရသည့်အကြာင်းရင်းမှာ လူ့ဇာတိခံ ခန္ဓာသည် အမှု၏ အစိတ်အပိုင်းတစ်ခုကို လုပ်ဆောင်ရန် ကြွလာသောကြောင့် အတိအကျဖြစ်ပြီး၊ ကောင်းကင်ဘုံရှိ ဖခမည်းတော်ကို ကိုယ်စားပြုရန်မဟုတ်ဘဲ၊ ယင်းထက် ချစ် သား၏ သာသနာကို ဖြည့်ဆည်းရန် ဖြစ်သည်။ ချစ် သားသည် သူ၏ပခုံးထက်တွင် လက်ခံထားသည့် စေခိုင်းချက် တစ်ခုလုံးကို ပြီးပြည့်စုံစေပြီးသောအခါတွင်၊ ဖခမည်းတော်သည် သူ့ကို ခမည်းတော်၏ ပင်ကိုလက္ခဏာနှင့်အတူ ပြည့်ဝသော ဘုန်းအသရေကို ပေးလိမ့်မည်။ ဤသည်မှာ “ကောင်းကင် ဥပဒေသ” ဖြစ်သည်ဟု ပြောနိုင်သည်။ လူ့ဇာတိခံ ယူသောသူနှင့် ကောင်းကင်ဘုံရှိ ဖခမည်းတော်သည် မတူကွဲပြားသော ခြားနားသော နယ်ပယ်နှစ်ခုတွင်ရှိသောကြောင့်၊ နှစ်ဦးသည် ဝိညာဉ်တော်၌ အချင်းချင်းအပေါ် ငေးကြည့်ရုံငေးကြည့်ကြသည်၊ ခမည်းတော်သည် ချစ်သားကို စောင့်ကြည့်နေသော်လည်း၊ သားတော်သည် အဝေးမှ ခမည်းတော်ကို မမြင်နိုင်ပေ။ ယင်းမှာ အဘယ့်ကြောင့်ဆိုသော် လူ့ဇာတိ တတ်စွမ်းနိုင်သည့် အရာ၏ လုပ်ငန်းတာဝန်များမှာ အလွန် သေးငယ်ပြီး၊ သူသည် အချိန်မရွေး အသတ်ခံရနိုင်သော အလားအလာရှိကြောင့်၊ ဤကြွလာခြင်းသည် အကြီးမားဆုံးသော အန္တရာယ်ဖြင့် အတိပြီးသည်ဟု ပြော၍ ရနိုင်သောကြောင့် ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်က သူ၏ ချစ်သားကို စာတန်က အာရုံအစိုက်ဆုံးသော နေရာတွင် ထားရှိရင်း၊ သူ၏အသက်အန္တရာယ်ရှိသည့်နေရာ ကျား၏ ခံတွင်းထဲသို့ နောက်တစ်ကြိမ် စွန့်လွှတ်လိုက်ခြင်းနှင့် သဘောသွား ညီမျှပေသည်။ ဤကြောက်ရွံ့ဖွယ် အခြေအနေများတွင်ပင်၊ ဘုရားသခင်သည် သူ၏ ချစ်သားကို ညစ်ညမ်းမှုနှင့် လိင်မှုကိစ္စထွေပြားမှု ပြည့်နှက်သည့် နေရာတစ်ခုနှင့်သက်ဆိုင်သော လူများထံသို့ သူ့ကို ၎င်းတို့က “အရွယ်ရောက်သည်အထိ ပြုစုပျိုးထောင်ပေးရန်” အတွက် လွဲအပ်ခဲ့ဆဲဖြစ်သည်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ထိုသို့ လုပ်ဆောင်ဖို့မှာ ဘုရားသခင်၏ အမှုကို သင့်တင့်လျောက်ပတ်ပြီး သဘာဝကျပုံရစေဖို့ တစ်ခုတည်းသော နည်းလမ်းဖြစ်ပြီး၊ ယင်းမှာ ခမည်းတော် ဘုရားသခင်၏ ဆန္ဒများအားလုံးကို ဖြည့်ဆည်းရန် နှင့် လူသားမျိုးနွယ်ကြား သူ့အမှု၏ နောက်ဆုံးသော အပိုင်းကို ပြည့်စုံစေရန် တစ်ခုတည်းသော နည်းလမ်းဖြစ်သောကြောင့် ဖြစ်သည်။ ယေရှုသည် ခမည်းတော် ဘုရားသခင် အမှု၏ အဆင့်တစ်ခုကိုသာ ပြီးမြောက်ခဲ့သည်။ လူ့ဇာတိခံ ခန္ဓာက ဖြစ်ပေါ်စေသည့် အတားအဆီးနှင့် ပြည့်စုံစေရမည့် အမှုထဲက ခြားနားမှုများကြောင့်၊ ယေရှု ကိုယ်တိုင်သည် ဒုတိယအကြိမ် လူ့ဇာတိ ပြန်လည်ခံယူခြင်း ရှိမည်ကို မသိခဲ့ပေ။ ထို့ကြောင့်၊ မည်သည့်သမ္မာကျမ်းစာ ရှင်းလင်းဖော်ပြသူမျှ သို့မဟုတ် မည်သည့်ပရောဖက်မျှ လူ့ဇာတိ၌ သူ့အမှုတော်၏ ဒုတိယအပိုင်းကို လုပ်ဆောင်ရန် သူသည် တစ်ဖန်လူ့ဇာတိခံမည်၊ ဆိုလိုသည်မှာ နောက်ဆုံးသောကာလတွင် ဘုရားသခင်သည် တစ်ဖန် လူ့ဇာတိခံယူမည်ဟု ရှင်းရှင်းလင်းလင်း ပရောဖက်မပြုဝံ့ခဲ့ကြချေ။ ထို့ကြောင့် ဘုရားသခင်သည် အချိန်ကြာမြင့်စွာကတည်းက လူ့ဇာတိတွင် မိမိကိုယ်ကိုယ် ကွယ်ဝှက်ထားနှင့်ပြီး ဖြစ်သည်ကို မည်သူမျှ နားမလည်ခဲ့ကြပေ။ ယေရှုသည် သူရှင်ပြန် ထမြောက်ကာ ကောင်းကင်သို့ တက်ကြွပြီးနောက်မှသာ ဤတာဝန်ပေးစေခိုင်းချက်ကို လက်ခံခဲ့သောကြောင့်၊ ဘုရားသခင်၏ ဒုတိယကြိမ်မြောက် လူ့ဇာတိခံယူခြင်းနှင့် သက်ဆိုင်သည့် ရှင်းလင်းသည့် ပရောဖက်ပြုချက် မရှိသကဲ့သို့၊ ယင်းသည် လူ့စိတ်အဖို့ တွေးဆမရနိုင်သည့်အရာ ဖြစ်သည်မှာ အံ့ဩစရာမဟုတ်ပေ။ သမ္မာကျမ်းစာရှိ များစွာသော အနာဂတ္တိကျမ်းများအာလုံးတွင် ဤအရာကို ရှင်းလင်းစွာ ဖော်ပြသည့် စကားများ မရှိပေ။ သို့သော်လည်း ယေရှုသည် အမှုပြုဖို့ ကြွလာခဲ့ချိန်တွင်၊ အပျိုကညာသည် ကလေးရှိကာ သားတစ်ဦး မွေးဖွားလိမ့်မည်၊ ဆိုလိုသည်မှာ သူသည် သန့်ရှင်းသော ဝိညာဉ်တော်မှတစ်ဆင့် ပဋိသန္ဓေစွဲခဲ့သည်ဆိုသည့် ရှင်းလင်းသော ပရောဖက်ပြုချက်တစ်ခု ရှိခဲ့နှင့်ပြီးဖြစ်သည်။ ထိုသို့ဖြစ်လျက်ပင်၊ ဘုရားသခင်က ဤအရာသည် အသက်အန္တရာယ်ရှိလျက် ဖြစ်ပျက်ခဲ့သည်ဟု ပြောခဲ့ဆဲဖြစ်သည်၊ သို့ဆိုလျှင် ယနေ့တွင် ယင်းမှာ သာ၍ မည်မျှ အန္တရာယ်ရှိလိမ့်မည်နည်း။ ဘုရားသခင်က ဤလူ့ဇာတိခံယူခြင်းသည် ကျေးဇူးတော် ခေတ်အတွင်းက ကျရောက်ခဲ့သည့်အရာများထက် အဆထောင်ပေါင်းများစွာ သာ၍ ကြီးမားသည့် အန္တရာယ်များ ရှိသည်ဟု ပြောသည်မှာ အံ့သြစရာမရှိပေ။ နေရာများစွာတွင်၊ ဘုရားသခင်သည် သိနိမ်ပြည်တွင် အောင်မြင်သူများ အုပ်စုတစ်စုကို သူရရှိနေလိမ့်မည်ဟု ပရောဖက်ပြုထားပြီးဖြစ်သည်။ အောင်မြင်သူများကို ရရှိမည်မှာ ကမ္ဘာ၏ အရှေ့ပိုင်းဖြစ်သည့်အတွက်၊ သူ၏ ဒုတိယအကြိမ် လူ့ဇာတိခံခြင်းတွင် ဘုရားသခင် ခြေချသည့်နေရာမှာ အဆင်းနီသော နဂါးကြီးမှ ခွေလျက် လဲလျောင်းသော နေရာအတိအကျဖြစ်သည့် သိနိမ်ပြည် ဖြစ်သည်မှာ သေချာပေသည်။ ထိုနေရာတွင်၊ အဆင်းနီသောနဂါးကြီးအနေဖြင့် လုံးလုံးလျားလျား နှိမ်နင်းခံရကာ အရှက်ရစေဖို့၊ ဘုရားသခင်သည် ယင်း၏ သားစဉ်မြေးဆက်များကို ရယူလိမ့်မည်ဖြစ်သည်။ ဘုရားသခင်သည် အလွန်အမင်း ဆင်းရဲဒုက္ခခံရသည့် ဤလူများကို နိုးထစေဖို့၊ ၎င်းတို့ကို လုံးလုံး နိုးထစေဖို့၊ မြူထဲမှ ၎င်းတို့ကို ထွက်လျှောက်စေကာ အဆင်းနီသော နဂါးကြီးကို ငြင်းပယ်စေဖို့ အလိုရှိ၏။ ဘုရားသခင်သည် ၎င်းတို့ကို မိမိတို့၏ အိပ်မက်မှ နိုးထစေဖို့၊ အဆင်းနီသော နဂါးကြီး၏ အနှစ်သာရကို သိစေဖို့၊ ၎င်းတို့၏ နှလုံးသားတစ်ခုလုံးကို ဘုရားသခင်ထံ ပေးအပ်စေဖို့၊ အမှောင်အင်အားများ၏ ဖိနှိပ်မှုမှ တိုးထွက်စေဖို့၊ ကမ္ဘာ၏ အရှေ့အရပ်တွင် ထရပ်ကာ၊ ဘုရားသခင် အောင်မြင်ခြင်း သက်သေဖြစ်လာစေဖို့ အလိုရှိပေသည်။ ဤနည်းဖြင့်သာ၊ ဘုရားသခင်သည် ဘုန်းအသရေ ရရှိလိမ့်မည်။ ဤအကြောင်းရင်း တစ်ခုတည်းကြောင့်၊ ဘုရားသခင်သည် ဣသရေလမြေ၌ အဆုံးသတ်လာခဲ့သော အမှုကို အဆင်းနီသော နဂါးကြီး ခွေလျက် လဲလျောင်းရာ မြေသို့ ယူဆောင်ခဲ့ပြီး၊ ထွက်ခွာပြီးနောက် နှစ်နှစ်ထောင်နီးပါးအကြာတွင် ကျေးဇူးတော်ခေတ်၏ အမှုကို ဆက်လက် လုပ်ဆောင်ရန် လူ့ဇာတိ တစ်ဖန်ခံယူလာပြီးဖြစ်သည်။ လူသား၏ ပကတိ မျက်စိတွင်၊ ဘုရားသခင်သည် လူ့ဇာတိ၌ အမှုသစ်ကို အစပျိုးနေပေသည်။ သို့သော် ဘုရားသခင်၏ အမြင်တွင်၊ သူသည် နှစ်ထောင်ပေါင်း အနည်းငယ် အဆက်ပြတ်သည့်ကာလတစ်ခု နောက်တွင်သာ၊ ပြီးလျှင် သူ့အမှု၏ တည်နေရာနှင့် အစီအစဉ်ထဲက ပြောင်းလဲမှု တစ်ခုဖြင့်သာ၊ ကျေးဇူးတော်ခေတ်၏ အမှုကို ဆက်လက် လုပ်ဆောင်နေခြင်း ဖြစ်သည်။ ယနေ့ အမှုတွင် ဇာတိခန္ဓာက ခံယူပြီးဖြစ်သည့် ပုံသဏ္ဌာန်သည် ယေရှုနှင့် လုံးဝ ကွဲပြားခြားနားပုံ ပေါ်သော်လည်း၊ ၎င်းတို့သည် တူညီသော အနှစ်သာရနှင့် ဇာစ်မြစ်မှ ဆင်းသက်ပြီး၊ တူညီသော ရင်းမြစ်မှ လာပေသည်။ ၎င်းတို့အနေဖြင့် အပြင်ပန်းတွင် ကွဲပြားခြားနားမှုများစွာ ရှိကောင်းရှိနိုင်သော်လည်း၊ ၎င်းတို့ အမှု၏ အတွင်းပိုင်း သမ္မာတရားများမှာ လုံးဝ ထပ်တူကျပေသည်။ စင်စစ်အားဖြင့် ခေတ်များသည် နေ့နှင့်ညသဖွယ် ခြားနားသည်။ ထို့ကြောင့် ဘုရားသခင်၏ အမှုသည် မပြောင်းလဲသည့် ပုံစံတစ်ခုနောက် အဘယ်သို့ လိုက်နိုင်မည်နည်း။ သို့မဟုတ် သူ့အမှု၏ မတူကွဲပြားသော အဆင့်များသည် မည်သို့ အချင်းချင်း နှောင့်ယှက်ဟန့်တားနိုင်ပါသနည်း။

ယေရှုသည် ယုဒအမျိုးသား တစ်ဦး၏ ပုံပန်းသဏ္ဌာန်ကို ယူဆောင်ခဲ့သည်၊ ယုဒလူမျိုးများ၏ ဝတ်စားဆင်ယင်မှု ထုံးတမ်းစဉ်လာနောက်လိုက်ခဲ့ပြီး၊ ယုဒအစားအစာကို စားရင်း ကြီးပြင်းခဲ့သည်။ ဤသည်မှာ သူ၏ သာမန် လူသားကဏ္ဍ ဖြစ်သည်။ သို့သော်လည်း ယနေ့ လူ့ဇာတိခံ ခန္ဓာသည် အာရှနိုင်ငံသားတစ်ဦး ပုံစံကို ယူဆောင်ကာ အဆင်းနီသော နဂါးကြီး၏ နိုင်ငံတွင် ကြီးပြင်းလေသည်။ ဤအရာများသည် ဘုရားသခင် လူ့ဇာတိခံယူခြင်း၏ ပန်းတိုင်နှင့် မည်သည့်နည်းနှင့်မျှ ဆန့်ကျင်ခြင်း မရှိပေ။ ယင်းထက်၊ ၎င်းတို့သည် ဘုရားသခင် လူ့ဇာတိခံခြင်း၏ စစ်မှန်သော အရေးပါမှုကို သာ၍ ပြည့်ဝသည့် စုံလင်ခြင်းဆီသို့ ဆောင်ကြဉ်းပေးရင်း၊ အချင်းချင်း ပြည့်စုံစေကြလေသည်။ လူ့ဇာတိခံ ခန္ဓာကို “လူသား” သို့မဟုတ် “ခရစ်တော်” အဖြစ် ရည်ညွန်းထားသည့်အတွက်၊ ယနေ့ခရစ်တော်၏ အပြင်ပန်းကို ယေရှုခရစ်တော်နှင့် တန်းတူ ပြော၍ မရနိုင်ပေ။ အဆုံးတွင်မူ၊ ဤလူ့ဇာတိသည် “လူသား” ဟု ခေါ်ဆိုခြင်းခံရပြီး၊ ဇာတိခန္ဓာ၏ ပုံသဏ္ဌာန် ရှိလေသည်။ ဘုရားသခင် အမှု၏ အဆင့်တိုင်းသည် အတော်အတန် နက်နဲမှုရှိသည့် အဓိပ္ပာယ် ပါရှိသည်။ ယေရှုသည် သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် ပဋိသန္ဓေစွဲခံခဲ့ရသည့် အကြောင်းရင်းမှာ သူသည် အပြစ်သားများကို ရွေးနုတ်ရန် ဖြစ်သောကြောင့် ဖြစ်သည်။ သူသည် အပြစ်မရှိဘဲ ရှိနေခဲ့ရမည် ဖြစ်သည်။ သို့သော်လည်း သူသည် အပြစ်နှင့်ပြည့်သည့် လူ့ဇာတိ သဏ္ဌာန်ဖြစ်လာဖို့ အတင်းအကျပ်ပြုခံခဲ့ရပြီး အပြစ်သားများ၏ အပြစ်များကို ယူဆောင်ခဲ့ချိန် နောက်ဆုံးတွင်သာ၊ သူသည် ၎င်းတို့ကို ကျိန်ခြင်းခံ ကားတိုင်၊ ဘုရားသခင်က လူသားမျိုးနွယ်ကို ပြစ်တင်ဆုံးမခဲ့သည့် ကားတိုင်မှ ကယ်ဆယ်ခဲ့ပေသည်။ (ကားတိုင်သည် လူသားမျိုးနွယ်ကို ကျိန်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းအတွက် ဘုရားသခင်၏ တန်ဆာပလာဖြစ်သည်။ ကျိန်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို ဖော်ပြသည့်အခါတိုင်းတွင်၊ ယင်းသည် အပြစ်သားများကို အထူးရည်ညွှန်းပြောဆိုခြင်းဖြင့် ဖြစ်သည်။) ရည်မှန်းချက်မှာ အပြစ်သားများအားလုံး နောင်တရရန်နှင့် ကားစင်တင်ခံရခြင်းအားဖြင့် ၎င်းတို့၏ အပြစ်များ ဝန်ခံစေဖို့ ထိုသို့ ပြုခဲ့ရပေသည်။ ဆိုလိုသည်မှာ၊ လူသားမျိုးနွယ် အားလုံးကို ရွေးနုတ်ခြင်းအတွက်၊ ဘုရားသခင်သည် သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် ပဋိသန္ဓေစွဲယူခဲ့သော ဇာတိခန္ဓာ၌ လူ့ဇာတိ ခံယူခဲ့ပြီး လူသားမျိုးနွယ် အားလုံး၏ အပြစ်များကို မိမိကိုယ်တိုင်ပေါ် ယူဆောင်ခဲ့သည်။ ဤအရာကို နေ့စဉ်သုံးစကားဖြင့် ဖော်ပြရမည် ဆိုပါက၊ သူသည် အပြစ်သားများ အားလုံးအတွက် အလဲအလှယ် အဖြစ် သန့်ရှင်းသော ဇာတိခန္ဓာကို ပူဇော်ခဲ့ခြင်းဖြစ်သည်၊ ယင်းမှာ စာတန်၏ နင်းချေခြင်း ခံထားရသော အပြစ်မဲ့သည့် လူသားမျိုးနွယ်တစ်ခုလုံးကို ဘုရားသခင်ထံ ပြန်အပ်ဖို့အလို့ငှာ စာတန်ကို “အသနားခံ” ရန် ၎င်း၏ ရှေ့မှောက်တွင် “အပြစ်ဖြေရာ ယဇ်” အဖြစ် ထားရှိခြင်းခံရသော ယေရှု၏ အဖြစ်နှင့် တူညီပေသည်။ ယင်းမှာ ဝိညာဉ်တော်အားဖြင့် ပဋိသန္ဓေ စွဲယူခြင်းသည် ကယ်တင်ခြင်း အမှု၏ ဤအဆင့်ကို ပြီးမြောက်ခြင်းအတွက် လိုအပ်ခဲ့သည့် အကြောင်းရင်း ဖြစ်သည်။ ဤသည်မှာ လိုအပ်သော အခြေအနေတစ်ခု၊ ခမည်းတော် ဘုရားသခင်နှင့် စာတန် အကြားရှိ စစ်ပွဲ၌ “ငြိမ်းချမ်းရေး သဘောတူညီချက်” တစ်ခု ဖြစ်ခဲ့သည်။ ထိုအကြောင်းကြောင့် ယေရှုက စာတန်ထံ လွှဲအပ်ခံခဲ့ရသည့် နောက်တွင်သာ အမှု၏ ဤအဆင့် အဆုံးသတ်ခဲ့ရခြင်း ဖြစ်သည်။ သို့သော်၊ ယနေ့ ဘုရားသခင်၏ ရွေးနုတ်ခြင်း အမှုသည် ယခင်က အတုမရှိသည့် ကြီးကျယ်ခမ်းနားမှု အတိုင်းအတာတစ်ခုကို ရရှိပြီးဖြစ်ကာ စာတန်သည် တောင်းဆိုမှုများ ပြုလုပ်ရန် နောက်ထပ် မူမမှန်သည့် အကြောင်းပြချက် မရှိပေ၊ ထို့ကြောင့် ဘုရားသခင်သည် လူ့ဇာတိ ခံယူဖို့ သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် ပဋိသန္ဓေ စွဲယူရန် မလိုအပ်တော့ပေ။ ဘုရားသခင်သည် ပင်ကိုအားဖြင့် သန့်ရှင်းကာ အပြစ်ကင်းသည့်အတွက်၊ ဤလူ့ဇာတိခံယူခြင်း၌ ဘုရားသခင်သည် ကျေးဇူးတော်ခေတ်၏ ယေရှု မဟုတ်တော့ပေ။ သို့သော်၊ သူသည် ခမည်းတော် ဘုရားသခင်၏ အလိုအတွက်၊ ပြီးလျှင် ခမည်းတော် ဘုရားသခင်၏ ဆန္ဒများကို ပြည့်စုံခြင်းသို့ ဆောင်ကြဉ်းဖို့အတွက်၊ လူ့ဇာတိခံယူ ရဆဲဖြစ်သည်။ ဤသည်မှာ အမှုအရာများကို ရှင်းပြခြင်းနှင့်သက်ဆိုင်သည့် ကျိုးကြောင်း ဆီလျော်မှုမရှိသော နည်းလမ်းတစ်ခု ဧကန်မုချ ဖြစ်သည် မဟုတ်လော။ ဘုရားသခင်၏ လူ့ဇာတိ ခံယူခြင်းသည် ပြဋ္ဌာန်းထားသော စည်းမျဉ်းတစ်စုံကို လိုက်နာ ရမည်လော။

များစွာသောလူများသည် ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းနှင့် ပတ်သက်သည့် ပရောဖက်ပြုချက်ကို ရှာတွေ့ရန် မျှော်လင့်ရင်း၊ သက်သေအထောက်အထားအတွက် သမ္မာကျမ်းစာတွင် ကြည့်ကြသည်။ ရှုပ်ထွေးပြီး အဆက်အစပ် အဆီအငေါ်မတည့်သော သူ၏ အတွေးအခေါ်များဖြင့် လူသားက ဘုရားသခင်သည် အချိန်ကြာမြင့်စွာကတည်းက သမ္မာကျမ်းစာထဲတွင် “အမှုပြုခြင်း” ကို ရပ်တန့်ခဲ့ပြီး အချိန်ကြာမြင့်စွာက သူ အသေးစိတ် စီမံချက်ရေးစွဲထားခဲ့သော်လည်း၊ ယင်းအကြောင်းကို လူသားအား မည်သည့်အခါကမျှ မပြောဖူးသည့် အမှုကို နှစ်ခြိုက်ခြင်းနှင့် ဆန္ဒဖြင့် ဆောင်ရွက်ရန် သမ္မာကျမ်းစာ၏ ဘောင်များကို ကျော်လွန်ကာ “ခုန်ထွက်ခဲ့” ပြီးဖြစ်သည်ကို မည်သို့ သိနိုင်မည်နည်း။ လူများသည် အသိစိတ် အလွန် ကင်းမဲ့နေကြသည်။ ဘုရားသခင်၏ စိတ်သဘောထားကိုသာ မြည်းစမ်းရုံမျှ မြည်းစမ်းပြီးနောက်၊ ၎င်းတို့သည် ဘုရားသခင်၏ အမှုကို စစ်ဆေးရန် မြင့်သောစင်မြင့်ပေါ် တက်ကာ လုံးဝ ခပ်တည်တည်ဖြင့် အဆင့်မြင့် “ဘီးတပ်ကုလားထိုင်” တစ်ခုတွင် ထိုင်ကြလေသည်၊ နေအောက်ရှိ အရာရာတိုင်းနှင့် ပတ်သက်၍ စကားကြီးစကားကျယ်နှင့် တောင်စဉ်ရေမရ အပြောအဆိုဖြင့် ဘုရားသခင်ကို ပညာပေးရန် စတင်ကြသည်အထိ လုပ်ဆောင်ကြလေသည်။ များစွာတို့ထဲမှ စာဖတ်မျက်မှန်တပ်လျက်နှင့် သူ၏မုတ်ဆိတ်ကို ပွတ်သပ်နေသည့် “လူအို” တစ်ဦးသည် တစ်သက်တာ သူ ဖတ်နေခဲ့ပြီးဖြစ်သည့် “နှစ်ချုပ်စာအုပ်ဟာင်း” (သမ္မာကျမ်းစာ)၏ အဝါရောင်သန်းသည့် စာမျက်နှာများကို ဖွင့်သည်။ ရေရွတ်သည့် စကားလုံးမျာ၊ အားမှန်ဖြင့် ဝင်းလက်ပုံရသည့် မျက်လုံးများဖြင့်၊ သူသည် ယခု ဗျာဒိတ်ကျမ်းကို လှန်လိုက်၊ ယခု ဒံယေလအနာဂတ္တိကျမ်းကို လှန်လိုက်ပြီးလျှင်၊ ယခု အယောက်တိုင်း ကောင်းစွာ သိရှိကြသည့် ဟေရှာယ အနာဂတ္တိကျမ်းကို လှန်လိုက်လုပ်နေသည်။ သေးငယ်သည့် စာလုံးများဖြင့် ထူထပ်စွာ ပြည့်ကျပ်လျက်ရှိသည့် စာတစ်မျက်နှာပြီး နောက်တစ်မျက်နှာကို စူးစိုက်ကြည့်နေရင်း၊ သူသည် တိတ်တဆိတ် ဖတ်ရှုသည်၊ သူ၏ ဦးနှောက်က မရပ်မနား အသေအချာ စဉ်းစားနေလေသည်။ ရုတ်တရက် မုတ်ဆိတ်မွေးကို ပွတ်သပ်နေသည့် လက်မှာ ရပ်တန့်ကာ မုတ်ဆိတ်မွေးကို စတင်ဆွဲနေလေသည်။ မကြာခဏ မုတ်ဆိတ်မွေး ပြတ်သံကို ကြားရသည်။ ထိုသို့သော ပုံမှန်မဟုတ်သည့် အပြုအမူသည် အံ့အားသင့်စေ၏။ “အဘယ်ကြောင့် ထိုသို့သော အားအင်ကို သုံးသနည်း။ သူသည် မည်သည့်အကြောင်းကို အလွန် ဒေါသထွက်သနည်း။” ထိုလူအိုကို ပြန်ကြည့်မည်ဆိုပါက၊ သူ၏ မျက်ခုံးမွေးများသည် ယခု ကြမ်းတမ်းနေပြီ ဖြစ်သည်။ လူအိုသည် မှိုတက်နေပုံရသော စာမျက်နှာများကို သူ၏မျက်လုံးများဖြင့် စူးစူးစိုက်စိုက်ကြည့်နေသည်နှင့်အမျှ၊ ငွေရောင် မျက်ခုံးမွေးများသည် ငန်း၏ အမွေးအတောင်များသဖွယ် ဤလူအို၏ မျက်ခွံများမှ နှစ်စင်တီမီတာတိတိတွင် ကျနေသည်မှာ အမှတ်တမဲ့ ဖြစ်သွားသော်လည်း၊ လွန်စွာမှ ပြီးပြည့်စုံသည့်အလား ဖြစ်ပေသည်။ ထိုစာမျက်နှာများကိုပင် အကြိမ်များစွာ ပြန်လည်ဖတ်ရှုပြီးနောက်၊ သူသည် မထခုန်ဘဲ မနေနိုင်အောင်ဖြစ်ကာ သူ၏မျက်လုံးများမှ ထွက်နေသည့် ဝင်းလက်မှုက နှစ်ချုပ်စာအုပ်ကို မခွာဘဲ၊ တစ်ယောက်ယောက်နှင့် “အလာပသလ္လာပ” ပြောနေသည့်အလား စတင် တီးတိုးပြောဆိုလေသည်။ ရုတ်တရက် သူသည် လက်ရှိ စာမျက်နှာကို ပိတ်ကာ “အခြားကမ္ဘာ” ကို လှန်လှောလိုက်သည်။ သူ၏ လှုပ်ရှားမှုများမှာ လူများကို အံ့အားသင့်စေလုနီးပါးဖြစ်လျက် အလွန် အလျင်စလိုဖြစ်ပြီး ထိတ်လန့်ဖွယ်ရာဖြစ်လေသည်။ ယခု၊ မိမိ၏တွင်းထဲက ထွက်လာကာ လူအို၏ တိတ်တဆိတ်သည့် ကာလအတွင်း လွတ်လွတ်လပ်လပ် သွားလာရလောက်အောင် စိတ်အေးလက်အေး ရှိခါစ ကြွက်သည် လူအို၏ မမျှော်လင့်သော လှုပ်ရှားမှုများကြောင့် အလွန်ပင် အထိတ်တလန့် ဖြစ်ကာ တွင်းထဲကို အလျင်အမြန် ပြေးသွားပြီး မီးခိုးလုံးတစ်ခုကဲ့သို့ တွင်းထဲ ပျောက်ကွယ်သွားသည်၊ ဘယ်သောအခါမျှ တစ်ဖန်ပေါ်မလာတော့ပေ။ ယခုတွင် လူအို၏ ဘယ်လက်သည် ယင်း၏ တစ်ခဏ ဆိုင်းငံ့ထားသည့် မုတ်ဆိတ်မွေး အပေါ်အောက် ပွတ်သက်သည့် လှုပ်ရှားမှုကို ပြန်စတင်သည်။ သူသည် စားပွဲပေါ်တွင် စာအုပ်ကို ချန်ထားလျက် ထိုင်ခုံမှ ထလိုက်သည်။ တံခါးအတွင်း ဟနေသောနေရာနှင့် ဖွင့်ထားသော ပြတင်းပေါက်မှတစ်ဆင့် လေသည် စာအုပ်ကို ပိတ်လိုက် ဖွင့်လိုက် တစ်ဖန် ပိတ်လိုက် ဖွင့်လိုက်ဖြစ်စေလျက် မညှာမတာ တိုက်ခိုက်ရင်း ဝင်လာသည်။ မြင်ကွင်းနှင့်ပတ်သက်၍ ဖော်ပြ၍ မရသော အထီးကျန်မှုတစ်ခုရှိပြီး၊ လေကိုဖြတ်သန်း၍ တရှဲရှဲ မြည်နေသော စာအုပ်၏ စာမျက်နှာများ အသံမှလွဲ၍ ဖန်ဆင်းခြင်းအားလုံး ဆိတ်ငြိမ်ကျသွားပုံရလေသည်။ လက်ကို နောက်သို့ ယှက်ထားလျက် သူသည် အခန်းတစ်လျှောက် ခေါက်တုံ့ခေါက်ပြန် လျှောက်သည်၊ အခု ရပ်လိုက် အခု စလျှောက်လိုက်နှင့် မကြာခဏ သူ့ခေါင်းကိုခါကာ သူ၏ နှုတ်ဖြင့်၊ “အိုး ဘုရားသခင်။ ကိုယ်တော်သည် ထိုအရာကို အကယ် လုပ်သလား။” ဆိုသည့်စကားကို ထပ်ခါထပ်ခါ ရေရွတ်နေပုံရလေသည်။ သူသည် မကြာခဏ ခေါင်းညိတ်လျက်၊ “အိုး ဘုရားသခင်။ အဘယ်သူသည် ကိုယ်တော်၏ အမှုတော်ကို နားလည်နိုင်ပါသနည်း။ ကိုယ်တော်၏ ခြေရာများကို ရှာဖို့ ခက်သည် မဟုတ်ပါလား။ ကိုယ်တော်သည် ကောင်းမွန်သည့် အကြောင်းရင်းမရှိဘဲ ဒုက္ခဖြစ်စေဖို့ အမှုအရာများ မပြုလုပ်သည်ကို အကျွန်ုပ် ယုံသည်။” ဟုလည်း ပြောလေသည်။ ယခု၊ လူအိုသည် စိတ်အနှောင့်အယှက်ဖြစ်သည့် အသွင်နှင့် အလွန့်အလွန် နာကျင်ရသည့် မျက်နှာထားတစ်ခုကိုလည်း ပြရင်း၊ ဖြည်းဖြည်းချင်းနှင့် စဉ်းစဉ်းစားစား နှိုင်းနှိုင်းချိန်ချိန် တွက်ချက်ခြင်းတစ်ခုကို လုပ်တော့မည့်အလား၊ မျက်မှောင် တင်းတင်းကြုတ်ကာ သူ၏ မျက်လုံးများကို ဖျစ်ညှစ်ပိတ်လိုက်လေသည်။ သနားစရာ လူအိုပါတကား။ သူ၏ တစ်ဘဝလုံး အသက်ရှင် နေထိုင်ခဲ့ပြီးနောက်၊ အချိန် အလွန်နှောင်းမှ “ကံမကောင်းစွာ” ဤကိစ္စကို ကြုံတွေ့လာရသည်။ ယင်းနှင့်ပတ်သက်၍ အဘယ်အရာကို လုပ်နိုင်သနည်း။ ငါသည်လည်း ဘာလုပ်ရမှန်း မသိဖြစ်ကာ မည်သည့်အရာကိုမျှ လုပ်ဆောင်ရန် မစွမ်းသာပေ။ သူ၏ နှစ်ချုပ်စာအုပ်ဟောင်းက သက်တမ်းရင့်ခြင်းဖြင့် တိုး၍ဝါလာသည်မှာ အဘယ်သို့တတ်နိုင်မည်နည်း။ သူ၏ မုတ်ဆိတ်နှင့် မျက်ခုံးမွေးများက သူ၏ မျက်နှာ အစိတ်အပိုင်းအမျိုးမျိုးကို မငဲ့မညှာ ဆီးနှင်းဖြူများကဲ့သို့ အားလုံးဖုံနေသည်မှာ အဘယ်သို့တတ်နိုင်မည်နည်း။ ယင်းမှာ သူ၏ မုတ်ဆိတ်မွေးက သူ၏ ဝါရင့်မှုကို ကိုယ်စားပြုသည့်အလား ဖြစ်သည်။ သို့သော်လည်း လူသည် နှစ်ချုပ်စာအုပ်ဟောင်းတွင် ဘုရားသခင်၏ မျက်မှောက်တော်အား ရှာမည့်အဆင့်ထိတိုင် မိုက်မဲလာနိုင်မည်ကို မည်သူ သိနိုင်ခဲ့မည်နည်း။ နှစ်ချုပ်စာအုပ်ဟောင်းသည် စာရွက်ပေါင်း မည်မျှရှိနိုင်မည်နည်း။ ယင်းသည် ဘုရားသခင်၏ ဆောင်ရွက်ချက်များ အားလုံးကို အမှန်တကယ် လုံးဝ တိကျမှန်ကန်မှုဖြင့် မှတ်ထားနိုင်သလော။ အဘယ်သူက ထိုအရာကို အာမခံဝံသနည်း။ သို့သော် လူသားသည် နှုတ်ကပတ်တော်များကို စိတ်ဖြာလေ့လာကာ ချစ်တီးခေါင်းသန်းရှာခြင်း အားဖြင့်၊ ထိုသို့ဖြင့် အသက်ထဲသို့ ဝင်ရောက်ဖို့ မျှော်လင့်ရင်း၊ ဘုရားသခင်၏ အသွင်အပြင်ကို ရှာကာ ဘုရားသခင်၏ အလိုတော်ကို ဖြည့်ဆည်းရန် အမှန်တကယ် စဉ်းစားလေသည်။ ဤနည်းနှင့် အသက်ထဲ ဝင်ရောက်ရန် ကြိုးစားခြင်းသည် ထင်သလောက် လွယ်ကူသလော။ ဤသည်မှာ မတော်မတရား ယုတ္တိမရှိဆုံးသော မှားယွင်းသော ဆင်ခြင်ခြင်းမျိုး ဖြစ်သည် မဟုတ်လော။ သင်သည် ဤအရာကို ရယ်ဖွယ်ကောင်းသည်ဟု မမြင်သလော။

အောက်ခြေမှတ်စု(များ)-

၁။ “မရေမရာ” ဆိုသည်မှာ လူများသည် ဘုရားသခင်၏ အမှုတော်တွင် ရှင်းလင်းသော ထိုးထွင်အမြင်မရှိသည်ကို ညွှန်ပြသည်။

၂။ “မပြောပလောက်သော အစွမ်းရှိပြီး ကြီးစွာ သတိထား၍ အသုံးပြုရမည်” ဆိုသည်ကား ဇာတိပကတိ၏ အခက်အခဲများသည် အလွန်များကာ လုပ်ဆောင်ပြီးမြောက်သည့် အမှုတော်သည် အလွန်အမင်း နည်းပါးသည်ကို ရည်ညွှန်းသည်။

၃။ “အလာပသလ္လာပ” ဆိုသည်ကား လူများက ဘုရားသခင်၏ အမှုတော်ထဲ ရှာဖွေလေ့လာသောအခါ၊ ၎င်းတို့၏ အကျည်းတန်သော မျက်နှာအတွက် ဥပစာစကားတစ်ခု ဖြစ်သည်။

၄။ “အလျင်စလို” ဆိုသည်ကား သမ္မာကျမ်းစာကို ရည်ညွှန်းစဉ် “လူအို” ၏ စိတ်အားထက်သန်သည့်၊ အလျင်စလိုဖြစ်သော လှုပ်ရှားမှုများကို ရည်ညွှန်းသည်။

၅။ “နှုတ်ကပတ်တော်များကို စိတ်ဖြာလေ့လာကာ ချစ်တီးခေါင်းသန်းရှာခြင်း” ဆိုသည်ကား နှုတ်ကပတ်တော်များကို အသေးစိတ် ပိုင်းခြားသော်လည်း၊ သမ္မာတရားကိုမရှာ သို့မဟုတ် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်ကို မသိသော ယုတ္တိအမှားများထဲတွင် ရှိကြသည့် ကျွမ်းကျင်သူများကို ပြက်ရယ်ပြုရန် သုံးထားခြင်းဖြစ်သည်။

အရှေ့သို့- အမှုတော်နှင့် ဝင်ရောက်ခြင်း (၅)

နောက်တစ်ခုသို့- အမှုတော်နှင့် ဝင်ရောက်ခြင်း (၇)

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။