၁၂၀ အဆင်းနီသော နဂါးကြီး၏ တိုင်းနိုင်ငံရှိ ဘုရား၏ အဆုံးကာလအမှုဆိုင်ရာ ရည်ရွယ်ချက်ကျူး

၁ နောက်ဆုံးသောကာလအတောအတွင်း အဆင်းနီသော နဂါးကြီး၏နိုင်ငံဖြစ်သည့် တစ်ပါးအမျိုးသား တိုင်းနိုင်ငံ၌ ဘုရားသခင်လူ့ဇာတိခံယူခြင်းသည် ဖန်ဆင်းရာအားလုံး၏ ဘုရားဟူသည့် ဘုရားသခင်၏ အလုပ်ကို အထမြောက်စေ၏။ သူ၏ စီမံခန့်ခွဲမှုအလုပ် အလုံးစုံကို သူအပြီးသတ်၏၊ ထို့ပြင် အဆင်းနီသော နဂါးကြီး၏ တိုင်းနိုင်ငံရှိ သူ့အလုပ်၏ အချက်အချာကျသော အပိုင်းကို သူအဆုံးသတ်၏။ ယခင်ခေတ်နှစ်ခေတ်၏ အလုပ်ကို လူသားတို့၏ ကွဲပြားသော အယူအဆများအတိုင်း ဆောင်ရွက်ခဲ့၏။ သို့သော်လည်း ဤအဆင့်ကမူ လူသားတို့၏ အယူအဆများကို လုံးဝဥဿုံ ဖယ်ထုတ်ပစ်ပြီး ထိုသို့အားဖြင့် လူတို့ကို လုံးလုံးလျားလျား သိမ်းပိုက်၏။ မောဘ၏ သားစဉ်မြေးဆက်တို့ကို သိမ်းပိုက်ခြင်းအားဖြင့်၊ မောဘ၏ သားစဉ်မြေးဆက်တို့အကြားတွင် ဆောင်ရွက်သော အလုပ်အားဖြင့် ဘုရားသခင်သည် စကြဝဠာတစ်ခွင်ရှိ လူအားလုံးကို သိမ်းပိုက်မည်ဖြစ်သည်။ ဤသည်မှာ သူ့အလုပ်၏ ဤအဆင့်ရှိ အနက်ရှိုင်းဆုံးသော အဓိပ္ပာယ်ဖြစ်၏၊ ထို့အပြင် သူ့အလုပ်၏ ဤအဆင့်နှင့်ဆိုင်သည့် အဖိုးအတန်ဆုံးသော ရှုထောင့်လည်းဖြစ်သည်။

၂ ဘုရားသခင်၏အလုပ်၏ ယခင်အဆင့်နှစ်ဆင့်ကို ဣသရေလပြည်၌ ဆောင်ရွက်ခဲ့သည်။ အကယ်၍ နောက်ဆုံးသောကာလ အတောအတွင်း သူ့အလုပ်၏ ဤအဆင့်ကိုလည်း ဣသရေလ အမျိုးသားတို့အကြားတွင် ဆောင်ရွက်မည်ဆိုပါက ဣသရေလ အမျိုးသားတို့ သာလျှင် ဘုရားသခင်၏ ရွေးကောက်ခံလူများ ဖြစ်ကြသည်ဟု ဖန်ဆင်းရာအားလုံးက ယုံကြည်သွားကြမည် သာမကဘဲ ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ် တစ်ခုလုံး သည်လည်း လိုချင်သော အကျိုးရလဒ်ကို ရနိုင်လိမ့်မည် မဟုတ်ပေ။ သူ့အလုပ်၏ အဆင့်နှစ်ဆင့်ကို ဣသရေလပြည်၌ သူလုပ်ဆောင်ခဲ့သည့် အချိန်အတောအတွင်းတွင် တစ်ပါးအမျိုးသား တိုင်းနိုင်ငံများအကြား၌ အလုပ်အသစ်ကိုသော်လည်းကောင်း၊ ခေတ်သစ်တစ်ခေတ်ကို အစပျိုးသည့် အလုပ်ကိုသော်လည်းကောင်း မဆောင်ရွက်ခဲ့ပေ။ ခေတ်သစ်တစ်ခေတ်ကို အစပျိုးသည့် အလုပ်ဖြစ်သော အလုပ်၏ ယနေ့အဆင့်ကို တစ်ပါးအမျိုးသား တိုင်းနိုင်ငံများအကြား၌ ဦးစွာဆောင်ရွက်နေသည့်အပြင် မောဘ၏ သားစဉ်မြေးဆက်တို့အကြားတွင် ကနဦးဆောင်ရွက်နေပြီ ဖြစ်သည်။ ထို့ကြောင့် ခေတ်တစ်ခုလုံးကို အစပျိုးလျက်ရှိသည်။

၃ လူသားတို့၏ အယူအဆများအတွင်း၌ ရှိနေသော အသိပညာ အားလုံးကို တစ်ခုတလေမျှ ကြွင်းကျန်ခွင့်မပေးဘဲ ဘုရားသခင်သည် ချေဖျက်ခဲ့၏။ သူ၏သိမ်းပိုက်ခြင်းအလုပ်တွင် သူသည် လူသားတို့၏ အယူအဆများ၊ ဟောင်းနေသည့် ထိုကနဦးလူတို့၏ အသိပညာနည်းလမ်းတို့ကို ချေဖျက်ခဲ့သည်။ ဘုရားသခင်ထံတွင် မည်သည့်စည်းမျဉ်းများမျှ မရှိကြောင်း၊ ဘုရားသခင်နှင့်ပတ်သက်၍ ဟောင်းသည့်အရာ ဘာမျှမရှိကြောင်း၊ သူလုပ်သော အလုပ်သည် လုံးဝချုပ်ချယ်မှုကင်းပြီး လုံးဝလွတ်လပ်ကြောင်း၊ ထို့အပြင် သူသည် လုပ်လေရာရာ၌ မှန်ကန်ကြောင်း လူတို့ကို သူမြင်စေသည်။ သူ၏အလုပ်ကို လက်ခံရရှိမည့်သူများနှင့် သူ့အလုပ်၏ တည်နေရာကို သူ့အလုပ်၏ အဓိပ္ပာယ်၊ ရည်ရွယ်ချက်တို့နှင့်အညီ ရွေးချယ်ပြီး သူအလုပ်လုပ်သည်။ သူအလုပ်လုပ်သောအခါ အတိတ်က စည်းမျဉ်းများကို သူမလိုက်နာသကဲ့သို့ ပုံသေနည်း အဟောင်းများကိုလည်း သူမလိုက်နာပေ။ ထိုသို့ပြုမည့်အစား သူ၏အလုပ်ကို အလုပ်၏အဓိပ္ပာယ်နှင့်အညီ သူစီစဉ်သည်။ နောက်ဆုံးတွင် သူသည် စစ်မှန်သော အကျိုးရလဒ်နှင့် မျှော်လင့်ထားသော ပန်းတိုင်ကို ရရှိပေလိမ့်မည်။

“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်သည် ဖန်ဆင်းရာအားလုံး၏ သခင်ဖြစ်တော်မူ၏” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၁၁၉ တရုတ်ပြည်ရှိ ဘုရား၏သိမ်းပိုက်ခြင်းအမှုဆိုင်ရာ အဓိပ္ပာယ်ကျူး

နောက်တစ်ခုသို့- ၁၂၁ နောက်ဆုံးသောကာလရှိ ဘုရားအမှု၏ ရည်ရွယ်ချက်ကျူး

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၁၈၃ လူ့ဇာတိခံဘုရားတွင် ထင်ရှားနေသည့် ဘုရား၏ သြဇာအာဏာနှင့် တန်ခိုး

၁ဘုရားသည် နှုတ်ကပတ်တော်ကို ပြည့်စုံစေဖို့ကမ္ဘာပေါ်သို့ကြွလာပြီ နှုတ်ကပတ်တော်သည် လူ့ဇာတိကိုခံသည်သူ၏လူ့ဇာတိအားဖြင့် နှုတ်ကပတ်တော်...

၃၉၆ လူတို့၏မှန်ကန်သော ယုံကြည်ခြင်းကို ဘုရားသခင် မျှော်လင့်သည်

၁ဘုရားသခင်သည် လူ့အတွက် တင်းကြပ်သောစံအမြဲထားရှိသည်။သင်၏သစ္စာစောင့်သိခြင်းသည် အခြေအနေများအပေါ် မူတည်ပါကသင်၏ အမည်ခံယုံကြည်ခြင်းကို...

၈၈၉ ဘုရားသခင် လူသားကို ကယ်တင် လို့သူလုံးဝ ကယ်တင်မယ်

၁ဘုရား လူသားကို ဖန်ဆင်းလို့ သူ ဦးဆောင်လမ်းပြကာ လူတွေကို ကယ်တင်လို့ သူ့ကို လုံးဝကယ်တင် ရရှိမယ် ဘုရား ဦးဆောင်လို့ လူသားတို့ပန်းတိုင်မှန်ကို...

၂၀၉ လမ်းမှန်ရှာဖွေဖို့အတွက် လမ်းစဉ်များ

၁ စစ်မှန်သောလမ်းခရီးကို ရှာခြင်း၌ အခြေခံအကျဆုံးနိယာမမှာ မည်သည့်အရာနည်း။ သင့်အနေဖြင့် ဤလမ်းခရီး၌ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ရှိ မရှိ၊...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။