သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုတော်နှင့် စာတန်၏အလုပ်

လူတစ်ဦးသည် စိတ်ဝိညာဉ်နှင့်သက်ဆိုင်သော အသေးစိတ်အချက်များကို မည်သို့ နားလည်လာသနည်း။ သန့်ရှင်းသော ဝိညာဉ်တော်သည် လူသား၏အထဲတွင် မည်သို့ အမှုပြုသနည်း။ စာတန်သည် လူသားထဲတွင် မည်သို့ အလုပ်လုပ်သနည်း။ နတ်ဆိုးများသည် လူသားထဲတွင် မည်သို့ အလုပ်လုပ်ကြသနည်း။ သရုပ်သကန်များမှာ အဘယ်နည်း။ သင့်အား တစ်စုံတစ်ခု ဖြစ်ပျက်သည့်အခါ၊ ယင်းသည် သန့်ရှင်းသော ဝိညာဉ်တော်ထံမှ လာသလော၊ ပြီးလျှင် ယင်းကို သင် နာခံသင့်သလော၊ သို့မဟုတ် ငြင်းပယ်သင့်သလော။ လူတို့၏ တကယ့်လက်တွေ့လုပ်ဆောင်မှုတွင် သန့်ရှင်းသော ဝိညာဉ်တော်ထံမှလာသည်ဟု လူတို့ အစဉ်သဖြင့် ယုံကြည်သည့်အရာများစွာသည် လူသား၏ အလိုဆန္ဒမှ ထွက်ပေါ်လာပေသည်။ အချို့သော အရာများသည် နတ်ဆိုးများထံမှ လာသော်လည်း၊ ထိုအရာများသည် သန့်ရှင်းသော ဝိညာဉ်တော်ထံမှ လာသည်ဟု လူတို့ ယုံကြည်ကြဆဲ ဖြစ်ကာ၊ တစ်ခါတစ်ရံတွင် သန့်ရှင်းသော ဝိညာဉ်တော်သည် လူတို့ကို အတွင်းမှ လမ်းပြပေးသည်၊ သို့သော်လည်း ထိုသို့သော လမ်းပြမှုသည် စာတန်ထံမှလာသည်ဟု လူတို့ စိုးရွံ့ကြသောကြောင့် မနာခံဝံ့ကြချေ၊ အမှန်တွင်မူ ယင်းလမ်းပြမှုက သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်း ဖြစ်ပေသည်။ ထို့ကြောင့်၊ လူတစ်ဦးသည် ကွဲပြားခြားနားလာခြင်းကို မကျင့်သုံးပါက၊ မိမိ၏ လက်တွေ့ကျသော အတွေ့အကြုံတွင် တွေ့ကြုံခံစားဖို့ နည်းလမ်းမရှိပေ။ ကွဲပြားခြားနားလာခြင်းမရှိဘဲ၊ အသက်ကို ရခြင်းငှာ နည်းလမ်းမရှိပေ။ သန့်ရှင်းသော ဝိညာဉ်တော်သည် မည်ကဲ့သို့ အမှုပြုသနည်း။ နတ်ဆိုးများသည် မည်ကဲ့သို့ အလုပ်လုပ် ကြသနည်း။ လူသား၏ အလိုဆန္ဒမှ မည်သည့်အရာ လာသနည်း။ သန့်ရှင်းသော ဝိညာဉ်တော်၏ လမ်းညွှန်မှုနှင့် ဉာဏ်အလင်းပေးခြင်းမှ မည်သည့်အရာ ပေါက်ဖွားသနည်း။ သင်သည် လူ၏အတွင်းတွင် သန့်ရှင်းသော ဝိညာဉ်တော်၏အမှု၏ ပုံစံများကို သဘောပေါက်ပါက၊ သင်၏ နေ့စဉ် အသက်တာထဲနှင့် သင်၏ လက်တွေ့ကျသော အတွေ့အကြုံများအတွင်းတွင် သင်၏ အသိပညာကို ကြီးထွားစေနိုင်လိမ့်မည် ဖြစ်ပြီး ခွဲခြားမှုများ ပြုလုပ်နိုင်လိမ့်မည် ဖြစ်သည်။ သင်သည် ဘုရားသခင်ကို သိရှိလာလိမ့်မည်၊ စာတန်ကို သင် နားလည်ပြီး ရိပ်စားမိနိုင်လိမ့်မည်၊ သင်၏ နာခံခြင်း သို့မဟုတ် အားထုတ်ခြင်းတွင် စိတ်ရှုပ်ထွေးလိမ့်မည် မဟုတ်သကဲ့သို့၊ သင်သည် အတွေးများ ရှင်းလင်းသောသူ၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုကို နာခံသောသူ ဖြစ်လိမ့်မည်။

သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုသည် လက်ဦးမှုရယူသော လမ်းပြခြင်းနှင့် အပြုသဘောဆောင်သော ဉာဏ်အလင်းပေးခြင်း ပုံစံတစ်ခု ဖြစ်သည်။ ယင်းက လူတို့ကို မတုန်မလှုပ်နေခွင့် မပေးပေ။ ယင်းက ၎င်းတို့ကို စိတ်သက်သာမှုကို ဆောင်ကြဉ်းပေးသည်၊ ယုံကြည်ခြင်းနှင့် သန္နိဋ္ဌာန်ကို ပေးပြီး၊ ဘုရားသခင်၏ စုံလင်စေခြင်းကို ခံရဖို့၎င်းတို့ကို အားထုတ်နိုင်စေသည်။ သန့်ရှင်းသောဝိညာဉ်တော် အလုပ်လုပ်သောအခါ၊ လူတို့သည် တက်ကြွစွာ ဝင်ရောက်နိုင်ကြ၏။ ၎င်းတို့သည် မတုန်မလှုပ်မနေ၊ သို့မဟုတ် ဖိအားပေးခြင်း မခံရဘဲ၊ ၎င်းတို့ကိုယ်တိုင်၏ ကိုယ်စွမ်းကိုယ်စဖြင့် ပြုမူကြလေသည်။ သန့်ရှင်းသော ဝိညာဉ်တော် အလုပ်လုပ်သောအခါ လူတို့သည် နာခံဖို့ လိုလားပြီး မိမိတို့ကိုယ်ကိုယ် နှိမ့်ချဖို့ ပျော်ရွှင်လျက်၊ ဝမ်းမြောက်ဝမ်းသာဖြစ်ကြပြီး လိုလိုလားလား ရှိကြလေသည်။ ၎င်းတို့သည် အတွင်း၌ နာကျင်ကာ နုနယ်သော်လည်း၊ ပူးပေါင်းလုပ်ဆောင်ရန် သန္နိဋ္ဌာန်ရှိကြလေသည်။ ၎င်းတို့သည် ဝမ်းမြောက်စွာ ဆင်းရဲဒုက္ခခံစားကြသည်၊ နာခံနိုင်ကြပြီး၊ လူ့အလိုဆန္ဒဖြင့် စွန်းထင်းခံရခြင်း မရှိ၊ လူသား၏ အယူအဆဖြင့် စွန်းထင်းခံရခြင်း မရှိသကဲ့သို့၊ လူသား၏ အလိုဆန္ဒများနှင့် ကြံရွယ်ချက်များ၏ စွန်းထင်းခံရခြင်း ဧကန်မုချ မရှိကြပေ။ လူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှုကို တွေ့ကြုံခံစားရသောအခါ၊ ၎င်းတို့သည် အတွင်း၌ အထူးသဖြင့် သန့်ရှင်းကြသည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုကို ပိုင်ဆိုင်ရသော သူတို့သည် ဘုရားသခင်ကို ချစ်ခြင်းနှင့် ၎င်းတို့၏ ညီအစ်ကို မောင်နှမများအား ချစ်ခြင်းတို့ဖြင့် အသက်ရှင်နေထိုင်ကြလေသည်။ ၎င်းတို့သည် ဘုရားသခင်အား ပျော်ရွှင်စေသည့် အရာများ၌ ပျော်ရွှင်ကြပြီး၊ ဘုရားသခင် ရွံရှာသည့်အရာများကို ရွံရှာကြသည်။ သန့်ရှင်းသောဝိညာဉ်တော်၏ တို့ထိခြင်း ခံရသောလူတို့သည် ပုံမှန်လူ့သဘာဝရှိကြပြီး၊ သမ္မာတရားကို စဉ်ဆက်မပြတ် လေ့လာလိုက်စားကြကာ လူ့သဘာဝကို ပိုင်ဆိုင်ထားကြ၏။ သန့်ရှင်းသော ဝိညာဉ်တော်သည် လူတို့အတွင်း၌ အလုပ်လုပ်သောအခါ ၎င်းတို့၏ အခြေအနေသည် ကောင်းသထက် ကောင်းလာကြပြီး၊ ၎င်းတို့၏ လူ့သဘာဝသည် ပုံမှန်ဖြစ်သထက် ဖြစ်လာလေကာ၊ ၎င်းတို့၏ ပူးပေါင်းလုပ်ဆောင်မှုအချို့သည် မိုက်မဲကောင်း မိုက်မဲနိုင်သော်လည်း၊ ၎င်းတို့၏ ကြံရွယ်ချက်များမှာ မှန်ကန်သည်၊ ၎င်းတို့၏ဝင်ရောက်မှုသည် အပြုသဘောဆောင်သည်၊ ၎င်းတို့အနေဖြင့် အနှောင့်အယှက် ဖြစ်စေဖို့ မကြိုးစားသကဲ့သို့၊ ၎င်းတို့အတွင်းတွင် ယုတ်မာမှု မရှိပေ။ သန့်ရှင်းသော ဝိညာဉ်တော်၏အလုပ်သည် ပုံမှန်ဖြစ်ပြီး စစ်မှန်သည်၊ သန့်ရှင်းသောဝိညာဉ်တော်သည် ပုံမှန်လူသားဘဝ၏ စည်းမျဉ်းများနှင့်အညီ လူသား၏အထဲတွင် အလုပ်လုပ်ပြီး၊ သူသည် ပုံမှန်လူတို့၏ အမှန်တကယ် ရှာဖွေလိုက်စားခြင်းအတိုင်း လူတို့အတွင်းတွင် ဉာဏ်အလင်းပေးခြင်းနှင့် လမ်းပြမှုတို့ကို ဆောင်ရွက်လေသည်။ လူတို့အထဲတွင် သန့်ရှင်းသော ဝိညာဉ်တော် အလုပ်လုပ်သောအခါ သူသည် ပုံမှန်လူတို့၏ လိုအပ်ချက်နှင့်အညီ ၎င်းတို့ကို လမ်းပြပြီး ဉာဏ်အလင်းပေး၏။ သူသည် ၎င်းတို့၏ လိုအပ်ချက်များနှင့်အညီ ထောက်ပံ့ပေးပြီး၊ ၎င်းတို့ ချို့တဲ့သည့်အရာနှင့် ၎င်းတို့၏ မပြည့်စုံမှုများနှင့်အညီ အပြုသဘောဆောင်သော နည်းဖြင့် ၎င်းတို့ကို လမ်းပြပြီး ဉာဏ်အလင်းပေးလေသည်။ သန့်ရှင်းသော ဝိညာဉ်တော်၏အမှုသည် လူတို့ကို တကယ့်အသက်တာတွင် ဉာဏ်အလင်းပေးပြီး လမ်းပြဖို့ ဖြစ်သည်။ ၎င်းတို့အနေဖြင့် မိမိတို့၏ တကယ့်အသက်တာများတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံမှသာလျှင်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ၎င်းတို့ မြင်နိုင်ပေသည်။ ၎င်းတို့၏ နေ့စဉ်အသက်တာများတွင်၊ လူတို့သည် အပြုသဘောဆောင်သော အခြေအနေ တစ်ခုတွင်ရှိပြီး၊ ပုံမှန်ဝိညာဉ်ရေးရာ အသက်တာတစ်ခု ရှိပါက၊ ၎င်းတို့အနေဖြင့် သန့်ရှင်းသော ဝိညာဉ်တော်အလုပ်ကို ပိုင်ဆိုင်ကြပေသည်။ ထိုသို့သော အခြေအနေ တစ်ခုတွင် ဘုရားသခင်၏နှုတ်ကပတ်တော်များကို ၎င်းတို့ စားသောက်ကြသောအခါ ၎င်းတို့၌ ယုံကြည်ခြင်းရှိကြ၏။ ၎င်းတို့ ဆုတောင်းကြသောအခါ လှုံ့ဆော်ခံရကြ၏။ တစ်စုံတစ်ရာကို ၎င်းတို့ ရင်ဆိုင်ရသောအခါ၊ မတုန်မလှုပ် မဖြစ်ကြပေ။ ပြီးလျှင် အမှုအရာများ ဖြစ်ပျက်နေသည်နှင့်အမျှ၊ ထိုအရာများအတွင်းတွင် ဘုရားသခင်က ၎င်းတို့အား သင်ယူစေလိုသော သင်ခန်းစာများကို ၎င်းတို့ မြင်နိုင်ကြလေသည်။ ၎င်းတို့သည် မတုန်မလှုပ် သို့မဟုတ် အားနည်းခြင်း မရှိကြသကဲ့သို့၊ ၎င်းတို့၌ တကယ့် ပြဿနာများ ရှိကြသော်လည်း၊ ဘုရားသခင်၏ စီမံမှုများအားလုံးကို နာခံရန် လိုလိုလားလား ရှိကြပေသည်။

သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုအားဖြင့် မည်သည့်အကျိုးတရားများကို ရရှိသနည်း။ သင်သည် မိုက်မဲသောသူ ဖြစ်နိုင်ပြီး သိမြင်မှု ကင်းမဲ့ကောင်း ကင်းမဲ့နိုင်သော်လည်း၊ သန့်ရှင်းသော ဝိညာဉ်တော်သည် အလုပ်လုပ်ဖို့ရှိကာ၊ သင့်အထဲတွင် ယုံကြည်ခြင်း ရှိလိမ့်မည်ဖြစ်ပြီး၊ ဘုရားသခင်ကို ကျေနပ်လောက်အောင် မချစ်နိုင်ဟူ၍ သင် အမြဲခံစားရလိမ့်မည်။ ရှေ့တွင် အခက်အခဲများ မည်မျှ ကြီးမားပါစေ ပူးပေါင်းဆောင်ရွက်ဖို့ သင်လိုလိုလားလား ရှိလိမ့်မည်။ အကြောင်းကိစ္စတို့သည် သင်၌ ဖြစ်ပျက်လာလိမ့်မည်ဖြစ်ပြီး ၎င်းတို့သည် ဘုရားသခင်ထံမှ လာသည် သို့မဟုတ် စာတန်ထံမှ လာသည်ဆိုသည်မှာ သင့်အဖို့ ရှင်းလင်းလိမ့်မည် မဟုတ်သော်လည်း၊ သင်သည် စောင့်ဆိုင်းနိုင်လိမ့်မည် ဖြစ်ပြီး၊ တုံဏှိဘာဝေဖြစ်ခြင်း ရှိလိမ့်မည် မဟုတ်သကဲ့သို့၊ ပေါ့လျော့ခြင်း ရှိလိမ့်မည် မဟုတ်ပေ။ ဤသည်မှာ သန့်ရှင်းသော ဝိညာဉ်တော်၏ ပုံမှန်အမှု ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် သင့်အတွင်းတွင် အလုပ်လုပ်သောအခါ တကယ့်ခက်ခဲမှုများကို သင် ရင်ဆိုင်ရသေး၏- တစ်ခါတစ်ရံတွင် သင့်ကို ငိုကြွေးစေလိမ့်မည်ဖြစ်ပြီး၊ တစ်ခါတစ်ရံ သင် ကျော်လွှားနိုင်စွမ်းမရှိသော အရာများ ရှိလိမ့်မည်၊ သို့သော် ဤအရာအားလုံးမှာ သန့်ရှင်းသော ဝိညာဉ်တော်၏ ပုံမှန်အမှုနှင့်ဆိုင်သော အဆင့်တစ်ဆင့်သာ ဖြစ်၏။ သင်သည် ထိုအခက်အခဲများကို မကျော်လွှားခဲ့သော်လည်း၊ ထို့အပြင် ထိုအချိန်၌ သင်သည် အားနည်းပြီး မကျေနပ်မှုများဖြင့် ပြည့်သော်လည်း၊ နောက်ပိုင်းတွင် သင်သည် အကြွင်းမဲ့သော ယုံကြည်ခြင်းဖြင့် ဘုရားသခင်ကို ချစ်နိုင်ဆဲဖြစ်၏။ သင်၏ တုံဏှိဘာဝေဖြစ်ခြင်းသည် ပုံမှန်အတွေ့အကြုံများကို သင် မရှိဖို့ရန် မဟန့်တားနိုင်သကဲ့သို့၊ အခြားသူများက မည်သည့်အရာပြောပြီး၊ သင့်ကို မည်သို့ တိုက်ခိုက်ကြသည်ဖြစ်စေ သင်သည် ဘုရားသခင်ကို ချစ်နိုင်ဆဲဖြစ်၏။ ဆုတောင်းချိန်အတွင်း၌၊ အတိတ်တွင် ဘုရားသခင်ထံ သင် အလွန် ကျေးဇူးကြွေးတင်ရှိခဲ့သည်ဟု အမြဲခံစားရပြီး၊ ထိုသို့သော အရာများကို တစ်ဖန်ကြုံရသည့်အခါတိုင်း ဘုရားသခင် စိတ်ကျေနပ်စေရန်နှင့် ဇာတိပကတိကို ပစ်ပယ်ရန် သင် စိတ်ဆုံးဖြတ်လေသည်။ ဤခွန်အားသည် သင့်အတွင်း၌ သန့်ရှင်းသော ဝိညာဉ်တော်၏ အမှု ရှိသည်ကို ပြသပေသည်။ ဤသည်မှာ သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုနှင့်ဆိုင်သော ပုံမှန်အခြေအနေပင် ဖြစ်၏။

စာတန်ထံမှ လာသည့် အလုပ်မှာ မည်သည့်အရာနည်း။ စာတန်ထံမှလာသော အလုပ်၌ လူတို့အတွင်းရှိ ရူပါရုံများသည် ဝေဝါးနေလေသည်။ လူတို့၌ ပုံမှန်လူ့သဘာဝ မရှိကြပေ၊ ၎င်းတို့ လုပ်ရပ်များ၏နောက်ကွယ်ရှိ ကြံရွယ်ချက်များမှာ မှားယွင်းနေပြီး၊ ၎င်းတို့သည် ဘုရားသခင်ကို ချစ်ရန်ဆန္ဒရှိသော်လည်း၊ ၎င်းတို့အတွင်းတွင် စွပ်စွဲချက်များ အမြဲရှိနေကာ၊ ဤစွပ်စွဲချက်များနှင့် အတွေးများသည် ၎င်းတို့ အသက်တာ၏ ကြီးထွားမှုကို ဘောင်ခတ်ထားရင်းနှင့် ပုံမှန်အခြေအနေတွင် ဘုရားသခင်၏ ရှေ့မှောက်သို့ လာခြင်းမှ ၎င်းတို့ကို တားဆီးရင်း ၎င်းတို့အတွင်းတွင် စဉ်ဆက်မပြတ်သော အနှောင့်အယှက်များ ဖြစ်စေလေသည်။ ဆိုလိုသည်မှာ၊ လူတို့အတွင်းတွင် စာတန်၏အလုပ် ရှိသည်နှင့် တစ်ပြိုင်နက်၊ ၎င်းတို့၏ စိတ်နှလုံးများသည် ဘုရားသခင်၏ရှေ့တွင် ငြိမ်သက်ခြင်း မရှိနိုင်ကြပေ။ ထိုသို့သော လူတို့သည် မိမိတို့ကိုယ်ကိုယ် မည်သည့်အရာ လုပ်ရမည်ကို မသိကြ- လူများ အတူတကွ စုဝေးကြသည်ကို ၎င်းတို့ မြင်ကြသည့်အခါ၊ အဝေးသို့ ထွက်ပြေးချင်ကြပြီး၊ အခြားသူများ ဆုတောင်းသည့်အခါ ၎င်းတို့၏မျက်စိများကို မမှိတ်နိုင်ကြပေ။ နတ်ဆိုးများ၏ လုပ်ဆောင်ချက်သည် လူသားနှင့် ဘုရားသခင်ကြားက ပုံမှန်ဆက်ဆံရေးကို ဖျက်ဆီးပြီး၊ လူတို့၏ ယခင်ရူပါရုံများ သို့မဟုတ် ၎င်းတို့၏ ယခင် အသက်တာဝင်ရောက်မှု လမ်းကြောင်းကို ကမောက်ကမဖြစ်စေ၏။ ၎င်းတို့၏ စိတ်နှလုံးများတွင် ဘုရားသခင်ထံ လုံးဝ တိုးဝင်ချဉ်းကပ်ခြင်း မရှိနိုင်ကြသကဲ့သို့၊ ၎င်းတို့ကို အနှောင့်အယှက်ဖြစ်စေပြီး ချုပ်နှောင်သည့်အရာများ အမြဲ ဖြစ်ပျက်လေသည်။ ၎င်းတို့၏ စိတ်နှလုံးများသည် ငြိမ်သက်ခြင်းကို ရှာမတွေ့နိုင်ကြသကဲ့သို့၊ ဘုရားသခင်ကို ချစ်ရန် ခွန်အားမဲ့လျက်နှင့် ၎င်းတို့၏ စိတ်ဝိညာဉ်များ ဆုတ်ယုတ်လျက် ကျန်ရစ်ကြလေသည်။ ယင်းတို့သည် စာတန်၏အလုပ်၏ သရုပ်သကန်များ ဖြစ်ကြ၏။ စာတန်၏လုပ်ဆောင်ချက်၏ သရုပ်သကန်များမှာ- ကြံ့ကြံ့မခံနိုင်ခြင်းနှင့် သက်သေ မခံနိုင်ခြင်း၊ သင့်ကို ဘုရားသခင် ရှေ့တွင် အပြစ်ရှိသောသူတစ်ဦးနှင့် ဘုရားသခင်အပေါ် သစ္စာမရှိသောသူတစ်ဦး ဖြစ်လာစေခြင်းတို့ ဖြစ်သည်။ စာတန် ကြားဝင်နှောင့်ယှက်သောအခါ၊ သင့်အတွင်းရှိ ဘုရားသခင်အပေါ် ချစ်ခြင်းနှင့် သစ္စာစောင့်သိခြင်းတို့ကို သင် ဆုံးရှုံး၏၊ သင်သည် ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေးမှ ဖယ်ရှားပစ်ခံရ၏။ သင်သည် သမ္မာတရား သို့မဟုတ် သင်ကိုယ်တိုင်၏တိုးတက်မှုကို ရရှိအောင် အားထုတ်ခြင်းမရှိပေ။ သင်သည် ဆုတ်ယုတ်ကာ မတုန်မလှုပ် ဖြစ်လာ၏၊ သင်သည် ကိုယ့်ကိုယ်ကိုယ် အလိုလိုက်၏၊ အပြစ်တရား၏ ပျံ့နှံ့မှုကို သင် ဇက်ပုံပေးပြီး အပြစ်တရားကို မမုန်းတီးပေ။ ထို့ပြင် စာတန်၏ ကြားဝင်နှောင့်ယှက်မှုသည် သင့်ကို အကျင့်ပျက်ပြားစေသည်။ ယင်းသည် သင့်အတွင်း၌ ဘုရားသခင်၏ တို့ထိမှုကို ပျောက်ကွယ်စေပြီး သင့်အား ဘုရားသခင်နှင့်ပတ်သက်၍ မကျေမနပ်ပြောစေကာ ဘုရားသခင်ကို မေးခွန်းထုတ်ရန် ဦးတည်စေလျက် သူ့ကို ဆန့်ကျင်စေသည်။ ဘုရားသခင်ကို သင် စွန့်ပစ်မည့် အန္တရာယ်ပင် ရှိလေသည်။ ဤအရာအားလုံးသည် စာတန်ထံမှ လာပေသည်။

သင်၏နေ့စဉ်အသက်တာတွင် သင်၌ တစ်စုံတစ်ရာ ဖြစ်ပျက်သောအခါ၊ ယင်းသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုမှလာသည်၊ သို့မဟုတ် စာတန်၏ လုပ်ဆောင်ချက်မှ လာသည် ဆိုသည်ကို သင် မည်သို့ ခွဲခြားသင့်သနည်း။ လူတို့၏ အခြေအနေများ ပုံမှန်ဖြစ်သည့်အခါတွင်၊ ၎င်းတို့၏ ဝိညာဉ်ရေးရာ အသက်တာများနှင့် ဇာတိပကတိထဲက ၎င်းတို့၏ အသက်တာများသည် ပုံမှန်ဖြစ်ကြသကဲ့သို့၊ ၎င်းတို့၏ ဆင်ခြင်တုံတရားသည် ပုံမှန်ဖြစ်ပြီး အစီစဉ်တကျရှိလေသည်။ ၎င်းတို့ ဤအခြေအနေတွင် ရှိကြသည့်အခါ၊ မိမိတို့ကိုယ်ကိုယ်အတွင်း၌ ၎င်းတို့ တွေ့ကြုံခံစားပြီး၊ သိလာကြသည့် အရာသည် ယေဘုယျအားဖြင့် သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် တို့ထိခံရခြင်းမှ လာသည်ဟု ဆိုနိုင်ပေသည်။ (ဘုရားသခင်၏ နှုတ်ကပတ်များကို ၎င်းတို့စားသောက်သောအခါ ထိုးထွင်း သိမြင်မှု ရှိခြင်း သို့မဟုတ် ရိုးရှင်းသော အသိပညာအချို့ကို ပိုင်ဆိုင်ခြင်း၊ သို့မဟုတ် အချို့သော အရာများတွင် သစ္စာရှိခြင်း၊ သို့မဟုတ် အချို့သော အရာများတွင် ဘုရားသခင်ကို ချစ်ရန် ခွန်အားရှိခြင်း—ဤအရာအားလုံးသည် သန့်ရှင်းသော ဝိညာဉ်တော်ထံမှ လာပေသည်။) လူသား၏ အထဲတွင် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်သည် အထူးသဖြင့် ပုံမှန်ဖြစ်၏။ အမှန်တွင် ထိုအရာသည် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်ဖြစ်သော်လည်း၊ လူသားသည် ထိုအရာကို ခံစားနိုင်စွမ်းမရှိသကဲ့သို့၊ ယင်းသည် လူသားကိုယ်တိုင်မှတစ်ဆင့် လာသည်ဟု ထင်ရ၏။ နေ့စဉ်အသက်တာတွင်၊ သန့်ရှင်းသော ဝိညာဉ်တော်သည် အယောက်တိုင်း၌ ကြီးမားသော အမှုနှင့် သေးငယ်သော အမှု နှစ်ခုလုံးကို လုပ်ဆောင်ပြီး၊ ကွဲပြားသည်မှာ ဤအမှု၏ အတိုင်းအတာသာ ဖြစ်သည်။ လူအချို့သည် အရည်အချင်းကောင်း ရှိကြပြီး အမှုအရာများကို ၎င်းတို့ လျင်မြန်စွာ နားလည်တတ်ကြကာ သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်းသည် ၎င်းတို့အတွင်းတွင် အထူးသဖြင့် ကြီးမား၏။ ထိုအချိန်အတောအတွင်းတွင်၊ လူအချို့သည် ညံ့ဖျင်းသော အရည်အချင်း ရှိကြပြီး၊ အကြောင်းကိစ္စများကို နားလည်ရန် ၎င်းတို့ သာ၍ အချိန်ကြာတတ်ကြ၏၊ သို့သော်လည်း သန့်ရှင်းသော ဝိညာဉ်တော်သည် ၎င်းတို့ကို အတွင်း၌ တို့ထိပြီး၊ ၎င်းတို့သည်လည်း ဘုရားသခင်ကို သစ္စာရှိခြင်း ရရှိနိုင်ကြပေသည်- သန့်ရှင်းသော ဝိညာဉ်တော်သည် ဘုရားသခင်ကို ရှာဖွေလိုက်စားသူတို့အားလုံးတွင် အမှုပြု၏။ နေ့စဉ်အသက်တာတွင် လူတို့သည် ဘုရားသခင်ကို ဆန့်ကျင်ခြင်း သို့မဟုတ် ပုန်ကန်ခြင်း မရှိသည့်အခါ၊ ဘုရားသခင်၏ စီမံခန့်ခွဲမှုနှင့် မကိုက်ညီသော အရာများကို မလုပ်ဆောင်ဘဲ ဘုရားသခင်၏ အမှုကို မနှောင့်ယှက်ကြသည့်အခါ၊ ၎င်းတို့ အသီးသီးတွင် ဘုရားသခင်၏ ဝိညာဉ်တော်သည် သာ၍ကြီးမားသော အတိုင်းအတာအထိဖြစ်စေ သာ၍နည်းပါးသော အတိုင်းအတာအထိဖြစ်စေ အမှုပြုလေသည်။ သူသည် ၎င်းတို့ကို တို့ထိသည်၊ ဉာဏ်အလင်း ပေးသည်၊ ယုံကြည်ခြင်း ပေးသည်၊ ခွန်အားကို ပေးပြီး ပျင်းရိခြင်းမရှိ သို့မဟုတ် ဇာတိပကတိ၏ ပျော်ရွှင်မှုများကို တပ်မက်ခြင်းမရှိဘဲ၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် လိုလားပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တောင့်တလျက်၊ အခြေအနေကို ဖန်တီးယူလျက်ဝင်ရောက်ရန် ၎င်းတို့ကို တို့ထိလေသည်။ ဤအရာအားလုံးသည် သန့်ရှင်းသော ဝိညာဉ်တော် ထံမှ လာသည့် အမှု ဖြစ်သည်။

လူတို့၏ အခြေအနေသည် ပုံမှန်မဟုတ်သည့်အခါ ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ စွန့်ပစ်မှုကို ခံကြရ၏။ ၎င်းတို့စိတ်ထဲတွင်၊ မကျေမနပ်ပြောဆိုတတ်ကြပြီး သူတို့၏ ကြံရွယ်ချက်များ မှားယွင်းသည်၊ ၎င်းတို့ ပျင်းရိကြသည်၊ ဇာတိပကတိကို အလိုလိုက်ကြပြီး၊ ၎င်းတို့၏ စိတ်နှလုံးများက သမ္မာတရားကို ပုန်ကန်လေသည်။ ဤအရာအားလုံးသည် စာတန်ထံမှ လာကြ၏။ လူတို့၏ အခြေအနေ ပုံမှန် မဟုတ်သောအခါ၊ ၎င်းတို့သည် အတွင်း၌ မှောင်မိုက်ပြီး ၎င်းတို့၏ ပုံမှန်ဆင်ခြင်တုံတရား ပျောက်ဆုံးသည့်အခါ၊ သန့်ရှင်းသော ဝိညာဉ်တော်၏ စွန့်ပစ်မှုကိုခံကြရပြီး၊ မိမိတို့အတွင်း၌ ဘုရားသခင်ကို မခံစားနိုင်ကြသည့်အခါတွင်၊ ဤသည်မှာ ၎င်းတို့အတွင်း၌ စာတန် အလုပ် လုပ်နေသောအချိန် ဖြစ်သည်။ လူတို့သည် မိမိတို့အတွင်းတွင် ခွန်အားအမြဲရှိပြီး ဘုရားသခင်ကို အမြဲချစ်ပါက၊ ယေဘုဘျအားဖြင့် အမှုအရာများ ၎င်းတို့၌ ဖြစ်ပျက်သည့်အခါ ထိုအရာများသည် သန့်ရှင်းသော ဝိညာဉ်တော် ထံမှလာပြီး၊ ၎င်းတို့ မည်သူကို ဆုံရသည်ဖြစ်စေ ထိုတွေ့ဆုံခြင်းသည် ဘုရားသခင်၏ အစီအစဉ်များ၏ အကျိုးဆက်ဖြစ်၏။ ဆိုလိုသည်မှာ သင်သည် ပုံမှန် အခြေအနေတစ်ခုတွင် ရှိသည့်အခါ၊ သင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ ကြီးမြတ်သော အမှုအတွင်းတွင် ရှိသောအခါ၊ သင့်ကို ယိမ်းယိုင်စေဖို့ စာတန် မလုပ်ဆောင်နိုင်ပေ။ ဤအုတ်မြစ်အပေါ်အခြေပြု၍၊ အရာရာသည် သန့်ရှင်းသော ဝိညာဉ်တော်ထံမှလာပြီး သင်သည် မမှန်ကန်သော အတွေးများ ရှိကောင်းရှိနိုင်သော်လည်း ထိုအရာများကို သင် ပစ်ပယ်နိုင်သကဲ့သို့ ၎င်းတို့ကို သင် မလိုက်လျှောက်ဟု ဆိုနိုင်ပေသည်။ ဤအရာအားလုံးသည် သန့်ရှင်းသော ဝိညာဉ်တော်၏အမှုမှ လာသည်။ မည်သည့်အခြေအနေတွင် စာတန်သည် ဝင်ရောက်နှောင့်ယှက်သနည်း။ သင်၏ အခြေအနေ ပုံမှန်မဟုတ်သောအခါ၊ သင်သည် ဘုရားသခင်၏တို့ထိမှုကို မခံစားရဘဲ ဘုရားသခင်၏ အမှု သင့်၌ မရှိသောအခါ၊ သင်သည် အတွင်း၌ ခြောက်သွေ့ပြီး အကျိုးမဖြစ်သောအခါ၊ ဘုရားသခင်ထံ ဆုတောင်းသော်လည်း မည်သည့်အရာကိုမျှ သဘောမပေါက်သောအခါနှင့်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင်စားသောက်သော်လည်း ဉာဏ်အလင်း ပေးခံရခြင်း သို့မဟုတ် အလင်းပြခံရခြင်း မရှိသော အချိန်အခါတို့တွင် စာတန်အတွက် သင့်အတွင်း၌ အလုပ်လုပ်ဖို့ လွယ်ကူပေသည်။ တစ်နည်းဆိုရသော်၊ သင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ စွန့်ပစ်ခြင်းခံရပြီး ဘုရားသခင်ကို မခံစားနိုင်သောအခါတွင်၊ စာတန်၏ အပြစ်သွေးဆောင်ခြင်းမှ လာသော အမှုအရာများစွာ သင်၌ ဖြစ်လေသည်။ သန့်ရှင်းသော ဝိညာဉ်တော် အလုပ်လုပ်သကဲ့သို့၊ စာတန်သည်လည်း တစ်ချိန်လုံး အလုပ်လုပ်နေ၏။ သန့်ရှင်းသော ဝိညာဉ်တော်က လူသား၏အတွင်း၌ တို့ထိနေစဉ်၊ တစ်ချိန်တည်းတွင် စာတန်သည် လူ့အထဲ၌ ဝင်ရောက်နှောင့်ယှက်၏။ သို့သော်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုသည် ဦးဆောင်နေသည့် အနေအထားကို ယူပြီး၊ မိမိတို့၏ အခြေအနေများ ပုံမှန်ဖြစ်နေသော လူတို့သည် အောင်နိုင်ကြ၏။ ဤသည်မှာ စာတန်၏ အလုပ်အပေါ် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်၏ အောင်ပွဲ ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော် အမှုပြုစဉ်တွင်၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခု လူတို့အတွင်းတွင် ရှိဆဲဖြစ်သည်။ သို့သော်၊ သန့်ရှင်းသော ဝိညာဉ်တော် အမှုပြုသည့် အတောအတွင်းတွင်၊ လူတို့အတွက် မိမိတို့၏ ပုန်ကန်မှု၊ ကြံရွယ်ချက်များနှင့် မသမာမှုများကို ရှာဖွေတွေ့ရှိပြီး သတိပြုမိဖို့ လွယ်ကူပေသည်။ ထိုအခါမှသာ လူတို့သည် နောင်တစိတ်ခံစားရပြီး နောင်တရဖို့ တိုး၍ လိုလားလျက်ရှိကြသည်။ ထိုသို့ဖြစ်သဖြင့်၊ ၎င်းတို့၏ ပုန်ကန်တတ်ပြီး ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် ဘုရားသခင်၏ အမှုအတွင်းတွင် တဖြည်းဖြည်း စွန့်ပစ်ခံရကြလေသည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုသည် အထူးသဖြင့် ပုံမှန်ဖြစ်၏။ သူသည် လူတို့အတွင်း၌ အမှုပြုနေစဉ် ၎င်းတို့သည် ဒုက္ခများ ရှိနေကြဆဲ ဖြစ်သည်၊ ငိုကြွေးနေကြဆဲ ဖြစ်သည်၊ ဆင်းရဲဒုက္ခ ခံစားကြရဆဲ ဖြစ်သည်၊ အားနည်းနေကြဆဲ ဖြစ်ကာ၊ ၎င်းတို့အဖို့ မရှင်းလင်းသောအရာ များစွာ ရှိဆဲဖြစ်၏၊ သို့သော်လည်း ဤအခြေအနေတွင် ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် ဆုတ်ယုတ်ခြင်းမှ တားဆီးနိုင်ကြပြီး ဘုရားသခင်ကို ချစ်နိုင်ကြကာ၊ ၎င်းတို့ ငိုကြွေးပြီး စိတ်သောကရောက်ကြသော်လည်း၊ ဘုရားသခင်ကို ၎င်းတို့ ချီးမွမ်းနိုင်ကြဆဲ ဖြစ်၏။ သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုသည် စိုးစဉ်းမျှပင် သဘာဝလွန် မဟုတ်ဘဲ၊ အထူးသဖြင့် ပုံမှန်ဖြစ်၏။ လူအများစုက သန့်ရှင်းသော ဝိညာဉ်တော် စတင် အလုပ်လုပ်သည်နှင့် တစ်ပြိုင်နက်၊ လူတို့၏အခြေအနေတွင် ပြောင်းလဲမှုများ ဖြစ်ပွားကာ သူတို့အဖို့ ပဓာန ကျသည့်အရာများ ဖယ်ရှားခံရသည်ဟု ယုံကြည်ကြ၏။ ထိုသို့သော ယုံကြည်မှုများသည် မှားယွင်းကြ၏။ သန့်ရှင်းသော ဝိညာဉ်တော်သည် လူသားအထဲတွင် အလုပ်လုပ်သောအခါ၊ လူသား၏ မတုန်မလှုပ်ဖြစ်သော အရာများသည် ရှိနေသေးပြီး သူ၏ ဝိညာဉ် အသက်တာသည် ယခင်အတိုင်း ရှိမြဲရှိ၏၊ သို့သော် သူသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလင်းပြခြင်းနှင့် ဉာဏ်အလင်းပေးခြင်းတို့ကို ရရှိပြီး၊ ထို့ကြောင့် သူ၏အခြေအနေသည် သာ၍ ဖန်တီးယူနိုင်စွမ်း ရှိလာသည်။ သူ့အတွင်းရှိ အခြေအနေများသည် ပုံမှန်ဖြစ်လာပြီး၊ သူသည် အလျင်အမြန် ပြောင်းလဲ၏။ လူတို့၏ စစ်မှန်သော အတွေ့အကြုံများတွင်၊ ၎င်းတို့သည် အဓိကအားဖြင့် သန့်ရှင်းသော ဝိညာဉ်တော် သို့မဟုတ် စာတန်၏ လုပ်ဆောင်ချက်များကို တွေ့ကြုံကြရပြီး၊ ဤအခြေအနေများကို ၎င်းတို့ သဘောမပေါက် နိုင်သကဲ့သို့ ပိုင်းခြားသိမြင်ခြင်း မရှိပါက၊ စိတ်သဘောထား၌ ပြောင်းလဲမှုကို မဆိုထားနှင့်၊ စစ်မှန်သော အတွေ့အကြုံများထဲသို့ ဝင်ရောက်ခြင်းကိုပင် စဉ်းစားစရာ မလိုတော့ပေ။ ထို့ကြောင့်၊ ဘုရားသခင်၏အမှုကို တွေ့ကြုံခံစားခြင်း၏ သော့ချက်မှာ ထိုသို့သော အရာများကို ရိပ်စားမိနိုင်ခြင်း ဖြစ်သည်။ ဤနည်းအားဖြင့် ၎င်းတို့အတွက် ထိုအရာကို တွေ့ကြုံခံစားဖို့ သာ၍ လွယ်ကူလိမ့်မည်။

သန့်ရှင်းသော ဝိညာဉ်တော်၏အလုပ်သည် လူများကို အပြုသဘောဆောင်သည့် တိုးတက်မှုဖြစ်စေဖို့ ခွင့်ပြုသည်၊ စာတန်၏အလုပ်ကမူ ၎င်းတို့ကို အပျက်သဘောဆောင်ပြီး နောက်ကြောင်းပြန်လှည့်စေသည်၊ ဘုရားသခင်ကို ပုန်ကန်စေပြး ခုခံစေသည်၊ ဘုရားသခင်ကို ယုံကြည်မှု ဆုံးရှုံးစေပြီး မိမိတို့၏တာဝန် ထမ်းဆောင်ခြင်း၌ အားနည်းလာစေသည်။ သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းပေးမှုမှ အရင်းခံသည့် အရာရာတိုင်းသည် အတော်ပင် သဘာဝကျ၏။ ယင်းသည် သင့်အပေါ် ဖိအားပေးခြင်း မဟုတ်ပေ။ ယင်းကို သင် ကျိုးနွံနာခံပါက ငြိမ်သက်ခြင်း ရှိလိမ့်မည်။ မလိုက်လျှောက်ပါက၊ နောက်ပိုင်းတွင် ပြစ်တင်မောင်းမဲခံရလိမ့်မည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးမှုကြောင့်၊ သင် လုပ်ဆောင်သည့် မည်သည့်အရာမျှ နှောင့်ယှက်ခံရခြင်း သို့မဟုတ် ဘောင်ခတ်ခံရခြင်း ရှိလိမ့်မည်မဟုတ်။ သင်သည် လွတ်မြောက်လိမ့်မည်၊ သင်၏ လုပ်ဆောင်ချက်များတွင် လက်တွေ့လုပ်ဆောင်ဖို့ လမ်းကြောင်းတစ်ခု ရှိလိမ့်မည်ဖြစ်ပြီး၊ မည်သည့်ကန့်သတ်ချက်မျှ သင် ခံရမည်မဟုတ်ဘဲ၊ ဘုရားသခင်၏ အလိုတော်ကို ဆောင်ရွက်နိုင်ပေလိမ့်မည်။ စာတန်၏အလုပ်သည် အမှုအရာများစွာတွင် သင့်ကို အနှောင့်အယှက် ဖြစ်စေ၏။ ယင်းက သင့်ကို ဆုတောင်းဖို့ လိုလားခြင်းမရှိ ဖြစ်စေသည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ဖို့ အလွန်ပျင်းရိစေပြီး၊ အသင်းတော်အသက်တာကို အသက်ရှင်ဖို့ လိုအင်ဆန္ဒမရှိအောင် ဖြစ်စေကာ၊ သင့်ကို ဝိညာဉ်ရေးရာ အသက်တာမှ ခပ်ခွာခွာနေစေသည်။ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်သည် သင်၏နေ့စဉ်ဘဝကို ဝင်ရောက်မနှောင့်ယှက်သကဲ့သို့၊ သင်၏ ပုံမှန်ဝိညာဉ်ရေးရာ အသက်တာကိုလည်း ဝင်ရောက်နှောင့်ယှက်ခြင်းမရှိပေ။ အကြောင်းကိစ္စများစွာ ဖြစ်ပွားသည့်အခိုက်တွင် ထိုအရာများကို သင် မသိမြင် နိုင်သော်လည်း၊ ရက်အနည်းငယ် ကြာပြီးနောက်တွင် သင်၏စိတ်နှလုံး သာ၍ ကြည်လင် ရွှင်ပျလာပြီး သင်၏ စိတ်သည် သာ၍ ရှင်းလင်းလာလေသည်။ စိတ်ဝိညာဉ်နှင့်ဆိုင်သော အမှုအရာများနှင့်ပတ်သက်၍ အသိစိတ်တစ်ချို့ သင်၌ ရှိလာပြီး၊ အတွေးတစ်ခုက ဘုရားသခင်ဆီမှ လာခြင်း သို့မဟုတ် စာတန်ဆီမှ လာခြင်း ဆိုသည်ကို သင် တဖြည်းဖြည်း သိမြင်နိုင်လေသည်။ အချို့သော အရာများက သင့်အား ဘုရားသခင်ကို သိသိသာသာ ဆန့်ကျင်စေပြီး ပုန်ကန်စေသည်၊ သို့မဟုတ် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ခြင်းမှ သင့်ကို တားဆီးလေသည်။ ဤအရာအားလုံးသည် စာတန်ထံမှ လာ၏။ အချို့သော အရာတို့သည် သိသာထင်ရှားခြင်း မရှိသကဲ့သို့၊ ထိုအခိုက်အတန့်တွင် ၎င်းတို့က မည်သည့်အရာ ဖြစ်သည်ကို သင် မပြောနိုင်ပေ။ နောက်ပိုင်းတွင်၊ သင်သည် ၎င်းတို့၏ သရုပ်သကန်များကို မြင်နိုင်ပြီးနောက် ထိုးထွင်းသိမြင်မှုကို ကျင့်သုံးနိုင်လေသည်။ မည်သည့်အရာများက စာတန်ထံမှလာပြီး၊ မည်သည့်အရာများကို သန့်ရှင်းသော ဝိညာဉ်တော်က ညွှန်ကြားသည်ဆိုသည်ကို သင် ရှင်းလင်းစွာ သိမြင်နိုင်ပါက၊ သင်သည် သင်၏အတွေ့အကြုံများတွင် အလွယ်တကူ လမ်းလွဲစေခြင်း ခံရလိမ့်မည် မဟုတ်ပေ။ တစ်ခါတစ်ရံတွင်၊ သင်၏အခြေအနေ မကောင်းသောအခါ၊ သင်၏ မတုန်မလှုပ်ဖြစ်သော အခြေအနေမှ သင့်ကို ဆွဲထုတ်သည့် အတွေးအချို့ သင်၌ရှိ၏။ ဤအရာက သင်၏ အခြေအနေ နှစ်သက်စရာမဖြစ်သည့် အချိန်တွင်ပင် သင်၏အချို့သောအတွေးတို့သည် သန့်ရှင်းသော ဝိညာဉ်တော်ထံတော်မှ လာနိုင်သေးသည်ကို ပြသ၏။ ယင်းမှာ သင်သည် မတုန်မလှုပ်ဖြစ်သည့် အချိန်တွင် သင်၏အတွေးအားလုံးကို စာတန်ကပို့ခြင်း မဟုတ်ပေ။ ထိုသို့အမှန်ဖြစ်ခဲ့ပါက၊ မည်သည့်အချိန်တွင် အပြုသဘောဆောင်သည့် အခြေအနေထဲသို့ သင် ကူးပြောင်းနိုင်မည်နည်း။ အချိန်ကာလတစ်ခုကြာ မတုန်မလှုပ်ဖြစ်ပြီးနောက်၊ သန့်ရှင်းသော ဝိညာဉ်တော်သည် သင့်အား စုံလင်စေခြင်းခံရမည့် အခွင့်အရေးတစ်ခု ပေးလေသည်။ သူသည် သင့်ကို တို့ထိကာ မတုန်မလှုပ်ဖြစ်သော အခြေအနေမှ သင့်ကို ခေါ်ထုတ်လေသည်၊ ပြီးလျှင် သင်သည် ပုံမှန်အခြေအနေတစ်ခုထဲသို့ ဝင်ရောက်လေသည်။

သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်သည် မည်သည့်အရာဖြစ်ပြီး၊ စာတန်၏ အလုပ်က မည်သည့်အရာဖြစ်သည်ကို သိရှိလျက်၊ သင်၏ အတွေ့အကြုံများ ကာလအတွင်း ဤအရာများကို သင်ကိုယ်တိုင်၏ အခြေအနေနှင့် နှိုင်းယှဉ်ကြည့်နိုင်၍၊ သင်ကိုယ်တိုင်၏ အတွေ့အကြုံများဖြင့် နှိုင်းယှဉ်ကြည့်နိုင်ပြီး၊ ဤနည်းဖြင့် သင်၏အတွေ့အကြုံများရှိ အခြေခံသဘောတရားနှင့် ဆက်နွှယ်သော သမ္မာတရားများစွာ ရှိလိမ့်မည်။ အခြေခံသဘောတရားနှင့် ပတ်သက်သည့် ဤသမ္မာတရားများကို သိနားလည်ပြီးနောက်၊ သင်၏တကယ့်အခြေအနေကို သင် ထိန်းသိမ်းနိုင်လိမ့်မည်၊ လူများအကြားနှင့် အဖြစ်အပျက်များအကြား သင် ပိုင်းခြားသိမြင်နိုင်လိမ့်မည်ဖြစ်ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်ကို ရရှိခြင်းတွင် သင်သည် များစွာ အားစိုက်ထုတ်ရလိမ့်မည် မဟုတ်ပေ။ ဟုတ်ပေ၏၊ ဤအရာသည် သင်၏ ရည်ရွယ်ချက်များ မှန်ကန်ခြင်းအပေါ်နှင့် ရှာဖွေပြီး လက်တွေ့လုပ်ဆောင်ဖို့ သင်၏ လိုလားမှုအပေါ် မူတည်၏။ ဤကဲ့သို့သော အသုံးအနှုန်း- အခြေခံသဘောတရားများနှင့် ဆက်နွှယ်သော အသုံးအနှုန်းကို သင်၏ အတွေ့အကြုံများ၌ ထည့်သွင်းစဉ်းစားသင့်သည်။ ထိုအရာမရှိဘဲနှင့်၊ သင်၏ အတွေ့အကြုံများသည် စာတန်၏ နှောင့်ယှက်မှုများနှင့် မိုက်မဲသော အသိပညာတို့ဖြင့် ပြည့်နေပေလိမ့်မည်။ သင်သည် သန့်ရှင်းသော ဝိညာဉ်တော် မည်သို့အလုပ်လုပ်သည်ကို နားမလည်ပါက ဘုရားသခင်ထံ မည်သို့ဆုတောင်းရမည်ကိုသော်လည်းကောင်း၊ မည်သို့ဝင်ရောက်သင့်သည်ကိုသော်လည်းကောင်း နားမလည်ပေ။ ပြီးလျှင် စာတန်သည် လူများကို လှည့်စားဖို့နှင့် နှောင့်ယှက်ဖို့ မည်သို့ပြုမူသည်ကို သင်နားမလည်ပါက စာတန်ကို မည်သို့ငြင်းပယ်ပြီး သင်၏ သက်သေခံချက်တွင် မည်သို့ခိုင်မာစွာ ရပ်တည်ရမည်ကို သင်မသိပေ။ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်လုပ်ပုံနှင့် စာတန်၏ ပြုမူလုပ်ဆောင်ပုံတို့သည် လူတို့နားလည်သင့်သည့် အရာများဖြစ်ပြီး ဘုရားသခင်ကို လူတို့ယုံကြည်ရာ၌ တွေ့ကြုံရမည့် အရာများ ဖြစ်ပေသည်။

အရှေ့သို့- ဘုရားသခင်ကို ချစ်သောသူများသည် သူ၏အလင်းထဲတွင် ထာဝရနေထိုင်လိမ့်မည်

နောက်တစ်ခုသို့- သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သောသူများကို သတိပေးချက်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။