၃၃၆ သင်သည် သမ္မာတရားအတွက် အသက်ရှင်နေခြင်းသာမဟုတ်ကျူး

၁ ဤပြစ်တင်ဆုံးမခြင်းကို သင်တို့ ယနေ့လက်ခံသော်လည်း၊ သင်တို့ အားထုတ်နေသော အရာမှာမူ သမ္မာတရားကို ရရန် သို့မဟုတ် ပစ္စုပ္ပန်တွင် သမ္မာတရားဖြင့် အသက်ရှင်ရန် မဟုတ်ဘဲ၊ ယင်းထက် နောက်ပိုင်းတွင် သွေးသားခန္ဓာ ကျော်လွန်ပြီး ပျော်ရွှင်ဖွယ်ရာ အသက်တာထဲ ဝင်ရောက်နိုင်ရန် ဖြစ်သည်။ သင်တို့သည် သမ္မာတရားအတွက် ရှာဖွေနေခြင်း မဟုတ်၊ သမ္မာတရားအတွက် ရပ်တည်နေခြင်းလည်း မဟုတ်သည့်အပြင် သင်တို့သည် သမ္မာတရားအတွက် သေချာပေါက် တည်ရှိနေခြင်း မဟုတ်ပေ။ ဤလောကဝယ် အခက်အခဲနှင့် ဒုက္ခဆင်းရဲတို့ကို ကြံ့ကြံ့ခံခဲ့သော သင့်အား သနားကရုဏာအနန္တနှင့် အကြင်နာမေတ္တာ အနန္တရှိသော ကယ်တင်ရှင်သည် သူနှင့်အတူ ခေါ်ဆောင်သွားရန် တစ်နေ့နေ့ တစ်ချိန်ချိန်တွင် မလွဲမသွေ ကြွလာမည်ဖြစ်ပြီး၊ မတရားဖိနှိပ်ခံခဲ့ရပြီး ချုပ်ချယ်ခံခဲ့ရသော သင့်အစား လက်တုံ့မှု အရယူလိမ့်မည်ဖြစ်သည်ဟု သင်တို့ တွေးမြဲတွေးနေသည်။ သင်သည် အပြစ်တရားနှင့် ပြည့်နှက်နေသည် မဟုတ်လော။ ဤလောကထဲတွင် ဒုက္ခဆင်းရဲခဲ့ရပြီးသောသူမှာ သင် တစ်ယောက်တည်းလော။ သင်ကိုယ်တိုင်သည် စာတန်၏အုပ်စိုးမှုအောက်သို့ ကျရောက်ပြီး ဒုက္ခဆင်းရဲခံပြီးဖြစ်သည်၊ ဘုရားသခင်အနေဖြင့် သင့်အတွက် လက်တုံ့ပြန်ပေးရန် အမှန်တကယ် လိုအပ်နေဆဲလော။

၂ အကယ်၍ သမ္မာတရားကို သင်ပိုင်ဆိုင်ပါက ဘုရားသခင်နောက် သင် လိုက်နိုင်မည် ဖြစ်သည်။ အကယ်၍ သင်သည် အသက်ရှင်နေထိုင်ခြင်းရှိပါက ဘုရားသခင်၏ နှုတ်ကပတ်တော်၏ သရုပ်သကန်တစ်ခု ဖြစ်နိုင်သည်။ အကယ်၍ သင်၌ အသက်ရှိပါက ဘုရားသခင်၏ ကောင်းချီးမင်္ဂလာကို သင် ခံစားမွေ့လျော်နိုင်သည်။ သမ္မာတရားကို ပိုင်ဆိုင်သောသူများသည် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာကို ခံစားမွေ့လျော်နိုင်ကြ၏။ ဘုရားသခင်သည် သူ့အား စိတ်နှလုံး အကြွင်းမဲ့ချစ်ပြီး အခက်အခဲများနှင့် ဒုက္ခဆင်းရဲများကို ကြံ့ကြံ့ခံသော သူများအား တရားသဖြင့်ဖြစ်စေမည်မှာ သေချာသည်၊ သို့သော် မိမိတို့ကိုယ်ကိုသာ ချစ်ပြီး စာတန်၏ လိမ်လည်လှည့်ဖြားမှုများ၏ သားကောင်ဖြစ်သွားသော သူများကိုမူ တရားသဖြင့်ဖြစ်စေခြင်း မရှိချေ။ သမ္မာတရားကို မချစ်သောသူများ၏ အထဲတွင် ကောင်းမြတ်ခြင်း မည်သို့ရှိနိုင်မည်နည်း။ ဇာတိပကတိကိုသာ ချစ်သောသူများ၏အထဲတွင် ဖြောင့်မတ်ခြင်း မည်သို့ရှိနိုင်မည်နည်း။ ဖြောင့်မတ်ခြင်းနှင့် ကောင်းခြင်းတို့ကို သမ္မာတရားထံ ရည်ညွှန်းခြင်းအားဖြင့်သာ ပြောကြသည် မဟုတ်လော။ ယင်းတို့ကို ဘုရားသခင်အား စိတ်နှလုံးအကြွင်းမဲ့ ချစ်သောသူများအတွက် သီးသန့်ထားသည် မဟုတ်လော။ သမ္မာတရားကို မချစ်သောသူနှင့် ပုပ်ပျက်သော အလောင်းကောင်များသာ ဖြစ်သောသူ- ဤလူများအားလုံးတို့သည် ဆိုးယုတ်ခြင်းကို လက်သင့်ခံထားကြသည် မဟုတ်လော။ သမ္မာတရားဖြင့် အသက်ရှင် မနေထိုင်နိုင်သောသူများ အားလုံးသည် သမ္မာတရား၏ ရန်သူများဖြစ်ကြသည် မဟုတ်လော။ ထိုသို့ဆိုပါက သင်တို့ရော အဘယ်သို့ရှိသနည်း။

“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စုံလင်စေခြင်းခံရပြီးသူများသာလျှင် အဓိပ္ပာယ်ရှိသော အသက်တာဖြင့် အသက်ရှင်နိုင်သည်” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၃၃၅ ဘုရားသခင်၏နှုတ်ကပတ်တော်များ၏မူလကို မည်သူမျှ ဉာဏ်ဖြင့်စဉ်းစား၍မမီနိုင်ရာ

နောက်တစ်ခုသို့- ၃၃၇ ဘုရားအတွက် အဘယ်အရာကို သင်ရင်းနှီးမြှုပ်နှံပြီးပြီနည်းကျူး

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၈၁ နောက်ဆုံးသောကာလ၌ စီရင်ခြင်းသည် ခေတ်ကို အဆုံးသတ်စေမည်

၁ နောက်ဆုံးသောကာလသည် ကျေးဇူးတော်ခေတ်၊ ပညတ်တော်ခေတ်တို့နှင့် အလွန်ကွဲပြားခြားနား။နောက်ဆုံးသောကာလ၏ အမှုတော်ကို အစ္စရေးပြည်မှာ မပြု၊...

၄၇၄ သမ္မာတရားအတွက် အရာအားလုံးကို စွန့်လွှတ်သင့်

၁သမ္မာတရားကိုဦးတည်ရာလမ်းကြောင်းမှာ ခက်ခဲကြမ်းတမ်းမှု ခံစားရမယ်သင့်ကိုယ်သင် အပြည့်အဝပေးဆပ်ထားအောက်ကျနောက်ကျခြင်းနဲ့ ဒုက္ခဆင်းရဲခြင်း...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။