၃၆၅ သင်၏သဘာဝသည် အလွန်ဖောက်ပြန်၏ကျူး

၁ ဘုရားသခင်၏ အလိုကို နားမလည်သောသူတို့သည် ဘုရားသခင်၏ ရန်ဘက်များ ဖြစ်ကြ၏။ ဘုရားသခင်၏ အလိုကို နားလည်သော်လည်း၊ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သောသူတို့သည် ဘုရားသခင်၏ ရန်ဘက်များ ဖြစ်ကြ၏။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်သော်လည်း၊ ဘုရားနှုတ်ကပတ်တော်၏ အနှစ်သာရကို ဆန့်ကျင်ကြသူတို့သည် ဘုရားသခင်၏ ရန်ဘက်များဖြစ်ကြ၏။ လူဇာတိခံ ဘုရားသခင်နှင့်ပတ်သက်၍ အယူအဆများရှိသည့်အပြင်၊ ပုန်ကန်မှုတွင် ပါဝင်ပတ်သက်ရန် စိတ်ဆန္ဒရှိသူတို့သည် ဘုရားသခင်၏ ရန်ဘက်များ ဖြစ်ကြ၏။ ဘုရားသခင်အပေါ် ဝေဖန်သောသူတို့သည် ဘုရားသခင်၏ ရန်ဘက်များ ဖြစ်ကြ၏။ ပြီးလျှင် ဘုရားသခင်ကို မသိနိုင်သူ သို့မဟုတ် သူ့ကို သက်သေမခံနိုင်သူ မည်သူမဆိုသည် ဘုရားသခင်၏ ရန်ဘက် ဖြစ်သည်။ ထို့ကြောင့် သင်တို့ကို ငါ တိုက်တွန်းသည်- သင်တို့သည် ဤလမ်းကြောင်းကို လျှောက်နိုင်သည်ဟု ယုံကြည်ခြင်း အမှန်တကယ်ရှိပါက၊ ဆက်လက် လိုက်လျှောက်လော့။ သို့သော် သင်တို့သည် ဘုရားသခင်ကို ဆန့်ကျင်ခြင်းအား မရှောင်ကြဉ်နိုင်ပါက၊ အချိန် အလွန်မနှောင်းမီ ထွက်သွားသည်က အကောင်းဆုံး ဖြစ်ပေမည်။ သို့မဟုတ်ပါက၊ သင်တို့၏ သဘာဝသည် တကယ်ကို ဖောက်ပြန်ပျက်စီးလွန်းလှသောကြောင့်၊ သင်တို့အတွက် အမှုအရာများ ဆိုးရွားစွာ ဖြစ်သွားဖို့ အခွင့်အရေး အလွန့်အလွန် မြင့်မားပေသည်။

၂ သင်တို့သည် ဤလမ်းကြောင်းကို လျှောက်နိုင်သည်ဟု ယုံကြည်ခြင်း အမှန်တကယ်ရှိပါက၊ ဆက်လက် လိုက်လျှောက်လော့။ သို့သော် သင်တို့သည် ဘုရားသခင်ကို ဆန့်ကျင်ခြင်းအား မရှောင်ကြဉ်နိုင်ပါက၊ အချိန် အလွန်မနှောင်းမီ ထွက်သွားသည်က အကောင်းဆုံး ဖြစ်ပေမည်။ သို့မဟုတ်ပါက၊ သင်တို့၏ သဘာဝသည် တကယ်ကို ဖောက်ပြန်ပျက်စီးလွန်းလှသောကြောင့်၊ သင်တို့အတွက် အမှုအရာများ ဆိုးရွားစွာ ဖြစ်သွားဖို့ အခွင့်အရေး အလွန့်အလွန် မြင့်မားပေသည်။ သစ္စာစောင့်သိမှု သို့မဟုတ် နာခံမှု၊ သို့မဟုတ် ဖြောင့်မတ်ခြင်းတရားနှင့် သမ္မာတရားကို ဆာငတ်သော စိတ်နှလုံးတစ်ခု သို့မဟုတ် ဘုရားသခင်ကို ချစ်ခြင်းတို့နှင့် ပတ်သက်၍၊ သင်တို့ စိုးစဉ်းမျှ၊ တစ်စက်မျှ မရှိပေ။ ဘုရားသခင်ရှေ့တွင် သင်တို့၏ အခြေအနေသည် လုံးလုံး ပရမ်းပတာဖြစ်သည်ဟု ဆိုနိုင်ပေသည်။ သင်တို့သည် လိုက်နာသင့်သည့်အရာကို မလိုက်နာနိုင်ကြသကဲ့သို့၊ ပြောသင့်သည့်အရာကို မပြောနိုင်ကြပေ။ သင်တို့ လက်တွေ့လုပ်ဆောင်သင့်သည့် အရာကို၊ သင်တို့ လက်တွေ့လုပ်ဆောင်ရန် ပျက်ကွက်ကြလေပြီ။ ပြီးလျှင် သင်တို့ ဖြည့်ဆည်းသင့်သည့် လုပ်ငန်းတာဝန်ကို၊ သင်တို့ မဖြည့်ဆည်းနိုင်ကြလေပြီ။ သင်တို့ရှိသင့်သည့် သစ္စာစောင့်ခြင်း၊ အသိတရား၊ နာခံမှု၊ သို့မဟုတ် စိတ်ဆုံးဖြတ်ချက် သင်တို့ မရှိကြချေ။ သင်တို့ ခံရပ်အပ်သည့် ဆင်းရဲဒုက္ခကို သင်တို့ ခံရပ်ခြင်း မရှိကြလေပြီ၊ ပြီးလျှင် သင်တို့ ရှိသင့်သော ယုံကြည်ခြင်း သင်တို့၌ မရှိကြပေ။ အတော်ကို သိသိသာသာပင်၊ သင်တို့သည် မည်သည့်ကောင်းမြတ်ခြင်းမျှ လုံးဝ မရှိကြချေ- သင်တို့သည် ဆက်လက်အသက်ရှင်ရန် မရှက်ကြသလော။

၃ သင်တို့သည် ဘုရားသခင်ကို ယုံကြည်ကြသော်လည်း၊ သူ၏အလိုကို မသိကြပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင်တို့ စားသောက်သော်လည်း၊ လူသားကို ဘုရားသခင် တောင်းဆိုသည့်အရာအား မလိုက်နာနိုင်ကြချေ။ သင်တို့သည် ဘုရားသခင်ကို ယုံကြည်ကြသော်လည်း၊ သူ့ကို မသိကြသည့်အပြင်၊ ကြိုးပမ်းရမည့် ရည်မှန်းချက်တစ်ခု မရှိဘဲ၊ မည်သည့်တန်ဖိုးမျှမရှိဘဲ၊ မည်သည့်အဓိပ္ပါယ်မျှ မရှိဘဲ၊ အသက်ရှင်မြဲရှင်ကြလေသည်။ သင်တို့သည် လူသားအဖြစ် အသက်ရှင်သော်လည်း၊ အသိတရား၊ ဂုဏ်သိက္ခာ သို့မဟုတ် ယုံကြည်လက်ခံနိုင်မှု အတိုင်းအတာ စိုးစဉ်းမျှမရှိကြချေ- သင်တို့သည် မိမိတို့ကိုယ်ကိုယ် လူသားများအဖြစ် ခေါ်ဆိုနိုင်သေးသလော။ သင်တို့သည် ဘုရားသခင်ကို ယုံသော်လည်း၊ သူ့ကို လှည့်ဖြားကြသည်။ ထို့အပြင်၊ ဘုရားသခင်၏ ငွေကို သင်တို့ ယူပြီး၊ ဘုရားသခင်ထံပြုသော ပူဇော်သက္ကာများကိုလည်း စားပစ်လိုက်ကြသည်။ သို့သော် အဆုံးတွင် ဘုရားသခင်၏ ခံစားချက်များကို စာနာထောက်ထားမှု အနည်းငယ်မျှပြရန် သို့မဟုတ် ဘုရားသခင်အပေါ် အသိတရား ရေးရေးမျှပြရန် ပျက်ကွက်ဆဲ ဖြစ်သည်။ ဘုရားသခင်၏ အသေးအဖွဲအဖြစ်ဆုံးသော တောင်းဆိုချက်များကိုပင် သင်တို့ မဖြည့်ဆည်းနိုင်ကြ။ သင်တို့ကိုယ်သင်တို့ လူသားများဟု ခေါ်ဆိုနိုင်သေးသလော။ သင့်ကို ဘုရားသခင်ပေးသော အစာကို စားရင်းနှင့် သင့်ကို သူ ပေးသည့် အောက်ဆီဂျင်ကို ရှူရှိုက်ရင်း၊ သူ၏ ကျေးဇူးတော်ကို မွေ့လျော်ရင်းဖြစ်သော်လည်း၊ နောက်ဆုံးတွင် ဘုရားသခင်နှင့် သက်ဆိုင်သော အသိပညာ အနည်းငယ်မျှ သင်တို့ မရှိကြချေ။ ဆန့်ကျင်ဘက်အနေဖြင့်၊ သင်တို့သည် ဘုရားသခင်ကို ဆန့်ကျင်သည့် အသုံးမကျသူများ ဖြစ်လာကြလေပြီ။ ယင်းသည် သင်တို့ကို ခွေးထက်ပင် နိမ့်ကျသည့် သားရဲတစ်ကောင် ဖြစ်စေသည် မဟုတ်လော။ တိရစ္ဆာန်များ ကြားတွင်၊ သင်တို့ထက် သာ၍ မလိုမုန်းထားသောသူ တစ်ဦးတစ်လေ ရှိသလော။

“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို မသိသောသူ အားလုံးသည် ဘုရားသခင်ကို ဆန့်ကျင်သောသူများ ဖြစ်ကြသည်” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၃၆၄ သင်သည် အလွန်တော်လှန်ပုန်ကန်၏ကျူး

နောက်တစ်ခုသို့- ၃၆၆ ဘုရားအမှုကို အမီမလိုက်နိုင်သော သူတို့သည် ပယ်ရှင်းခြင်းခံရလိမ့်မည်ကျူး

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၈၁ နောက်ဆုံးသောကာလ၌ စီရင်ခြင်းသည် ခေတ်ကို အဆုံးသတ်စေမည်

၁ နောက်ဆုံးသောကာလသည် ကျေးဇူးတော်ခေတ်၊ ပညတ်တော်ခေတ်တို့နှင့် အလွန်ကွဲပြားခြားနား။နောက်ဆုံးသောကာလ၏ အမှုတော်ကို အစ္စရေးပြည်မှာ မပြု၊...

၈၉၇ ဘုရားသည် လူကို အတတ်နိုင်ဆုံး ကယ်နိုင်လောက်သည်အထိ ကယ်တင်လိုသည်

၁ဘုရားသခင်၏ ကယ်တင်ခြင်းအမှုလုပ်ဆောင်နေစဉ်သူသည် ကယ်တင်နိုင်သမျှသောသူတို့ကို ကယ်တင်လိမ့်မည်၊ကယ်တင်နိုင်သမျှသောသူတို့အား...

၄၆၇ ဘုရား စကားသည်လူသားတို့ လိုက်လျှောက်သင့်သောလမ်းခရီး

၁ခေတ်အဆက်ဆက် ဘုရား လောကတွင် အမှုတော်ဆောင်ရွက်စဉ်ခါလူတွေကို စကားတချို့ သူအမြဲမိန့်မှာ သမ္မာတရားများ ဟောကြားဤသမ္မာတရားများ...

၄၀၀ ယုံကြည်သူတို့ လိုက်လံ သင့်သည့် လမ်းစဉ်

၁ သင် ယခု မည်သည့်အရာကို မီအောင်လိုက်သင့်သနည်း။ သင်သည် ဘုရားသခင်၏ အမှုကို သက်သေခံနိုင်စွမ်းရှိမရှိ၊ သင်သည် ဘုရားသခင်၏ သက်သေခံချက်တစ်ခုနှင့်...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။