၁၅၉ ခရစ်တော်၏လူ့သဘာဝကို ဘုရားသခင်၏ ဘုရားသဘာဝက စီမံ၏ကျူး

၁ ခရစ်တော်၏ လူ့သဘာဝကို သူ၏ဘုရားသဘောသဘာဝက အုပ်စိုးထားသည်။ သူသည် လူ့ဇာတိ၌ ရှိသော်လည်း၊ သူ၏ လူ့သဘာဝသည် ခန္ဓာရှိသည့် လူတစ်ဦး၏ လူ့သဘာဝနှင့် လုံးလုံးမတူညီပေ။ သူသည် သူ၏ ကိုယ်ပိုင် တစ်မူထူးခြားသော ဝိသေသလက္ခဏာရပ်ရှိပြီး ဤအရာကိုလည်း သူ၏ ဘုရားသဘောသဘာဝက အုပ်စိုးထားသည်။ သူ၏ဘုရားသဘာဝသည် အားနည်းမှု မရှိပေ။ ခရစ်တော်၏ အားနည်းချက်သည် သူ၏လူ့သဘာဝကို ရည်ညွှန်းပေသည်။ အတိုင်းအတာ တစ်ခုအထိ၊ ဤအားနည်းချက်က သူ၏ဘုရားသဘောသဘာဝကို ဘောင်ခတ်သော်လည်း၊ ထိုသို့သော အကန့်အသတ်များမှာ နယ်ပယ်နှင့် အချိန်ကာလအချို့ အတွင်း၌သာရှိပြီး အတိုင်းမသိ မဟုတ်ပေ။ သူ၏ ဘုရားသဘောသဘာဝနှင့်ဆိုင်သည့် အမှုကို ဆောင်ရွက်ဖို့ ရှိလာသည့်အခါတွင်၊ သူ၏ လူ့သဘာဝကို ပဓာနမထားဘဲ လုပ်ဆောင်လေသည်။ ခရစ်တော်၏ လူ့သဘာဝကို သူ၏ဘုရားသဘောသဘာဝက လုံးဝ ညွှန်ကြားလေသည်။ သူ၏ လူ့သဘာဝနှင့်ဆိုင်သည့် သာမန်ဘဝမှအပ သူ၏ လူ့သဘာဝနှင့်ဆိုင်သည့် အခြားလုပ်ဆောင်မှု အားလုံးတို့သည် သူ၏ဘုရားသဘောသဘာဝအားဖြင့် လွှမ်းမိုးခံရသည်၊ အကျိုးသက်ရောက်ခံရပြီး ညွှန်ကြားခံရလေသည်။

၂ ခရစ်တော်သည် လူ့သဘာဝ ရှိလင့်ကစား၊ ယင်းသည် သူ၏ဘုရားသဘောသဘာဝ၏ အမှုကို မနှောင့်ယှက်သကဲ့သို့၊ ဤသည်မှာ ခရစ်တော်၏ လူ့သဘာဝကို သူ၏ဘုရားသဘောသဘာဝက တိုက်ရိုက် ညွှန်ကြားသောကြောင့် အတိအကျ ဖြစ်ပေသည်။ သူ၏လူ့သဘာဝသည် အခြားသူများနှင့် ပြုမူနေထိုင်ပုံတွင် မရင့်ကျက်သော်လည်း၊ သူ၏ ဘုရားသဘာဝ၏ ပုံမှန်အမှုကို မထိခိုက်ပေ။ သူ၏လူ့သဘာဝသည် ဖောက်ပြန်ပျက်စီးစေခြင်း မခံရသေးဟု ငါပြောရာတွင်၊ ခရစ်တော်၏ လူ့သဘာဝကို သူ၏ဘုရားသဘောသဘာဝက တိုက်ရိုက် ကွပ်ကဲနိုင်ပြီး၊ သူသည် သာမန်လူထက် သာ၍ မြင့်မားသည့် အသိစိတ် ပိုင်ဆိုင်သည်ကို ဆိုလိုပေသည်။ သူ၏ လူ့သဘာဝသည် သူ၏အမှုတွင် ဘုရားသဘောသဘာဝ၏ လမ်းညွှန်မှုကို ခံရဖို့ အသင့်လျော်ဆုံး ဖြစ်သည်၊ သူ၏လူ့သဘာဝသည် ဘုရားသဘာဝ၏အမှုကို အဖော်ပြနိုင်ဆုံး ဖြစ်ပြီး၊ ထိုသို့သော အမှုကို အကျိုးနွံအနာခံနိုင်ဆုံး ဖြစ်သည်။ ဘုရားသခင်သည် လူ့ဇာတိဖြင့် အမှုပြုသည်နှင့်အမျှ၊ လူ့ဇာတိ၌ရှိသည့် လူတစ်ဦးအနေဖြင့် ဖြည့်ဆည်းသင့်သည့် တာဝန်ကို ဘယ်သောအခါမျှ မျက်ခြည်မပြတ်ပေ။ သူသည် ကောင်းကင်ဘုံရှိ ဘုရားသခင်ကို စစ်မှန်သည့် နှလုံးသားဖြင့် ကိုးကွယ်နိုင်လေသည်။ သူသည် ဘုရားသခင်၏ အနှစ်သာရရှိပြီး၊ သူ၏ပင်ကိုလက္ခဏာသည် ဘုရားကိုယ်တိုင်၏ ပင်ကိုလက္ခဏာ ဖြစ်သည်။

“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ခရစ်တော်၏ အနှစ်သာရမှာ ကောင်းကင်ဘုံရှိ ခမည်းတော်၏ အလိုတော်ကို နာခံခြင်းဖြစ်သည်” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၁၅၈ လူ့သဘာဝထဲမှ ဘုရားအမှု၏ နည်းလမ်းနှင့် နိယာမကျူး

နောက်တစ်ခုသို့- ၁၆၀ လက်တွေ့ကျသော ဘုရားသခင်ကို သိနည်းကျူး

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၈၀၄ ဘုရားသခင်ကို သိကျွမ်းခြင်း အကျိုးရလဒ်

၁ဖန်ဆင်းရှင်ဟာ ပဟေဠိတစ်ပုဒ် မဟုတ်တော့တာ တစ်နေ့ သင်သိလာမယ် သိလာမယ်ဖန်ဆင်းရှင်ဟာ ဘယ်တော့မှ မပုန်းကွယ်၊မျက်နှာတော်လည်း ဘယ်တော့မှ သင့်ဆီက...

၇၉၉ ဘုရားအမှုတော်၏ ရည်ရွယ်ချက်ပန်းတိုင်

၁ဘုရားရဲ့အမှုတော်များစွာထဲမှာစစ်မှန်သောကိုယ်တွေ့ ရှိသူတိုင်း ဘုရားကို ချစ်ကြောက်ကြသည်ဘုရားရဲ့စစ်ကြောခြင်းနှင့်ဆုံးမခြင်းက လူသားတို့ကို...

၃၈၄ ဘုရားကိုယုံကြည်ခြင်းရဲ့ စင်စစ်အဓိပ္ပာယ်

၁ များစွာသော လူတို့သည် ဘုရားသခင်ကို ယုံကြည်ကြသော်လည်း၊ ဘုရားသခင်ကို ယုံကြည်ခြင်းမှာ အဘယ်အရာကို ဆိုလိုကြောင်းနှင့် ဘုရားသခင်၏ အလိုနှင့်...

၂၀၇ ထာဝရအသက်၏မူလအရင်းအမြစ် ကို သင်သိပါသလား

၁ ဘုရားဟာ လူ့အသက်ရဲ့အရင်းအမြစ်၊ဘုရားရဲ့တန်ခိုးတော်ကြောင့် ကောင်းကင်နဲ့မြေကြီး တည်ရှိဘယ်သက်ရှိအရာမျှ ဘုရားရဲ့အုပ်စိုးခြင်း၊အခွင့်တန်ခိုးနဲ့...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။