၂၆၅ ဘုရားသခင်၏ စစ်ကြောစီရင်ခြင်းကို ဘဝတလျှောက်ခံယူရန်ဆန္ဒရှိပါသည်

၁ အို ဘုရားသခင်။ ကိုယ်တော်၏ ချစ်ခြင်းမေတ္တာသည် အလွန် အဖိုးတန်ပြီး လှပလွန်းလှပါ၏။ ဆိုးယုတ်သောသူတစ်ဦး၏ လက်ထဲတွင် ကျွန်ုပ် မည်သို့ အသက်ရှင်ရန် ဆန္ဒရှိနိုင်ပါမည်နည်း။ ကျွန်ုပ်ကို ကိုယ်တော် ဖန်ဆင်းခဲ့သည် မဟုတ်ပါလော။ စာတန်၏ အုပ်စိုးမှုအောက်တွင် ကျွန်ုပ် မည်သို့ အသက်ရှင်နိုင်ပါမည်နည်း။ ကျွန်ုပ်၏ ဖြစ်တည်မှု တစ်ခုလုံး ကိုယ်တော်၏ ပြစ်တင်ဆုံးမမှုအလယ် အသက်ရှင်ရန် ကျွန်ုပ်သာ၍ နှစ်သက်ပါမည်။ ကျွန်ုပ်သည် ဆိုးယုတ်သောသူ၏ အုပ်စိုးမှုအောက်တွင် အသက်ရှင်ရန် လိုလားခြင်းမရှိပါ။ ကျွန်ုပ်သည် ဖြူစင်စေခြင်းခံရနိုင်ကာ ကျွန်ုပ်၏အလုံးစုံကို ကိုယ်တော့်ထံ ဆက်ကပ်အပ်နှံနိုင်ပါက၊ စာတန်ကို ကျွန်ုပ်စက်ဆုပ်ပြီး သူ၏အုပ်စိုးမှု အောက်တွင် အသက်မရှင်လိုသည့်အတွက်၊ ကျွန်ုပ်သည် ကျွန်ုပ်၏ ခန္ဓာနှင့်စိတ်ကို ကိုယ်တော်၏တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှုတို့အတွက် ပူဇော်ဆက်ကပ်ဖို့ ကျွန်ုပ် လိုလားနေပါ၏။ ကျွန်ုပ်ကို တရားစီရင်ခြင်းမှတစ်ဆင့်၊ ကိုယ်တော်သည် ကိုယ်တော်၏ ဖြောင့်မတ်သော စိတ်သဘောထားကို ပြသပါသည်။ ကျွန်ုပ်သည် ပျော်ရွှင်ပြီး စောဒက အနည်းငယ်မျှ မရှိပါ။ သတ္တဝါတစ်ဦး၏ တာဝန်ကို ကျွန်ုပ်ထမ်းဆောင်နိုင်ပါက၊ ကျွန်ုပ်၏ ဘဝတစ်ခုလုံးတွင် ကိုယ်တော်၏ တရားစီရင်မှု အတူပါရှိရန် လိုလားပါသည်၊ ယင်းမှတစ်ဆင့် ကိုယ်တော်၏ ဖြောင့်မတ်သော စိတ်သဘောထားကို ကျွန်ုပ်သိလာမည်ဖြစ်ကာ၊ ဆိုးယုတ်သောသူ၏ သြဇာလွှမ်းမိုးမှုမှ မိမိကိုယ်ကိုယ် ကျွန်ုပ်ဖယ်ရှားနိုင်ပါမည်။

၂ ကျွန်ုပ်သည် ကိုယ်တော်၏ ပြစ်တင်ဆုံးမမှုနှင့် တရားစီရင်မှု အလယ်၌ အသက်ရှင်ရသော်လည်း၊ ဖြစ်ပေါ်စေသော အခက်အခဲများကို ပဓာနမထားဘဲ၊ စာတန်၏ အုပ်စိုးမှုအောက်တွင် ကျွန်ုပ် အသက်ရှင်ရန် လိုလားခြင်း မရှိသေး၊ စာတန်၏လှည့်စားမှုကို ခံစားရန် ကျွန်ုပ် လိုလားခြင်းမရှိသေးပါ။ ကိုယ်တော်၏ ကျိန်ခြင်းများအလယ် အသက်ရှင်ခြင်းမှ ဝမ်းမြောက်မှုကို ကျွန်ုပ် ရယူပြီး စာတန်၏ ကောင်းချီးများ အကြားတွင် အသက်ရှင်ခြင်းက ကျွန်ုပ်ကို နာကျင်စေပါသည်။ ကိုယ်တော်၏ တရားစီရင်ခြင်း အလယ်၌ အသက်ရှင်ခြင်းအားဖြင့် ကိုယ်တော့်ကို ကျွန်ုပ်ချစ်ပြီး၊ ဤအရာက ကျွန်ုပ်ကို ကြီးမားသော ဝမ်းမြောက်ခြင်း ဆောင်ကြဉ်း ပေးပါသည်။ ကိုယ်တော်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းသည် ဖြောင့်မတ်ပြီး သန့်ရှင်းသည်။ ယင်းသည် ကျွန်ုပ်ကို သန့်ရှင်းစေဖို့နှင့် ထို့ထက်ပို၍ပင် ကျွန်ုပ်ကို ကယ်တင်ရန်အလို့ငှာ ဖြစ်သည်။ ကိုယ်တော်၏ စောင့်ရှောက်မှု အောက်တွင် ကျွန်ုပ်ရှိနိုင်ဖို့အလို့ငှာ၊ ကိုယ်တော်၏ တရားစီရင်မှု အလယ်၌ ကျွန်ုပ်၏ ဘဝတစ်ခုလုံး ကုန်ဆုံးသွားရန် ကျွန်ုပ်သာ၍ နှစ်သက်ပါသည်။ စာတန်၏ အုပ်စိုးမှုအောက်တွင် တစ်ခဏလေးမျှ ကျွန်ုပ် အသက်ရှင်ရန် လိုလားခြင်းမရှိပါ။ ကိုယ်တော်၏ သန့်စင်စေခြင်းကို ကျွန်ုပ်ခံရန် ဆန္ဒရှိပါ၏။ အခက်အခဲကို ခံစားရလျှင်ပင်၊ စာတန်၏ အသုံးချမှုနှင့် လှည့်စားမှုကို ခံရန် ကျွန်ုပ် လိုလားခြင်းမရှိပါ။

၃ ဤသတ္တဝါဖြစ်သော ကျွန်ုပ်အား ကိုယ်တော် အသုံးပြုသင့်ပါသည်၊ ကိုယ်တော် ပိုင်ဆိုင်သင့်ပါသည်၊ ကိုယ်တော် တရားစီရင်သင့်ပြီး၊ ပြစ်တင်ဆုံးမသင့်ပါသည်။ ကျွန်ုပ်သည် ကိုယ်တော်၏ ကျိန်ခြင်းကိုပင် ခံသင့်ပါသည်။ ကိုယ်တော်၏မေတ္တာကို ကျွန်ုပ်မြင်ရပြီးဖြစ်သည့်အတွက်၊ ကျွန်ုပ်အား ကိုယ်တော် ကောင်းချီး ပေးရန် လိုလားသည့်အခါ၊ ကျွန်ုပ်၏ စိတ်နှလုံးသည် ဝမ်းမြောက်ပါ၏။ ကိုယ်တော်သည် ဖန်ဆင်းရှင်ဖြစ်ပြီး ကျွန်ုပ်သည် ဖန်ဆင်းခံ သတ္တဝါတစ်ဦး ဖြစ်သည်။ ကျွန်ုပ်သည် ကိုယ်တော်ကို သစ္စာဖောက်ပြီး စာတန်၏အုပ်စိုးမှုအောက်တွင် အသက်မရှင်သင့်သကဲ့သို့၊ စာတန်၏ အသုံးချခြင်းကို မခံသင့်ပါ။ ကျွန်ုပ်သည် စာတန်အတွက် အသက်ရှင်မည့်အစား ကိုယ်တော်၏မြင်း၊ သို့မဟုတ် နွားဖြစ်သင့်ပါသည်။ ကျွန်ုပ်သည် ရုပ်ပိုင်းဆိုင်ရာသုခများ မရှိဘဲ ကိုယ်တော်၏ ပြစ်တင်ဆုံးမမှု အလယ်၌သာ အသက်ရှင်ပါမည်၊ အကယ်၍ ကျွန်ုပ်သည် ကိုယ်တော်၏ ကျေးဇူးတော်ကို ကျွန်ုပ်ဆုံးရှုံးရလျှင်ပင် ဤအရာက ကျွန်ုပ်အား ပျော်ရွှင်မှုကို ဆောင်ကြဉ်းပေးပါလိမ့်မည်။ ကိုယ်တော်၏ ကျေးဇူးတော်သည် ကျွန်ုပ်နှင့်အတူမရှိသော်လည်း၊ ကိုယ်တော်အားဖြင့် ပြစ်တင်ဆုံးမခံရခြင်းနှင့် တရားစီရင် ခံရခြင်းတို့ကို ကျွန်ုပ်ပျော်မွေ့ပါသည်။ ဤသည်မှာ ကိုယ်တော်၏ အကောင်းဆုံးသော ကောင်းချီးမင်္ဂလာ၊ ကိုယ်တော်၏ အကြီးမားဆုံးသော ကျေးဇူးတော်ဖြစ်သည်။

အရှေ့သို့- ၂၆၄ ကိုယ်တော်၏ဆုံးမခြင်းနှင့်စီရင်ခြင်းမရှိလျှင် ကျွန်ုပ်မဖြစ်နိုင်ပါ

နောက်တစ်ခုသို့- ၂၆၆ အသင်းတော် ဓမ္မတေးသီချင်း

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၂၄၆ နောက်ထပ် လူပေါင်းများစွာ ကယ်တင်ခြင်းရဖို့ ဘုရားသခင် အလိုရှိတယ်

၁ ဘုရားရဲ့နှုတ်ကပတ်တော်နဲ့ အမှုတော်ကို ကြုံရစဉ်အရေးကြီးတဲ့ ထိုနှုတ်ကပတ်တော်ကို ကိုင်းရှိုင်းတဲ့နှလုံးသားနဲ့ တိုးဝင်ကာ၊စေ့စေ့လေ့လာဖို့...

၁၀၁၅ လူသားအပေါ် ဘုရား ပေးတဲ့ အကြီးမားဆုံး ကောင်းချီး

၁သခင်ဘုရားနှုတ်တော် စုံခြင်းဖြင့် နိုင်ငံရဲ့ပုံပေါ်ထွက်လာလူပြန်လှည့်ခြင်း အားဖြင့် မူလနေရာကို ဘုရားနိုင်ငံတည်လာဘုရားရဲ့လူတွေ နိုင်ငံထဲ...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။