အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၅)

ဘုရားသခင်၏ သန့်ရှင်းခြင်း (၂)

ညီအစ်ကို မောင်နှမတို့ ယနေ့ ဓမ္မသီချင်းတစ်ပုဒ် သီဆိုကြစို့။ သင်တို့ ကြိုက်နှစ်သစ်ပြီး ပုံမှန်သီဆိုသော သီချင်းတစ်ပုဒ်ကို ရှာကြလော့။ (“အပြစ်အနာအဆာကင်းသည့် သန့်စင်သော ချစ်ခြင်းမေတ္တာ” ဟူသည့် ဘုရားသခင်၏နှုတ်ကပတ်တော်၏ အမှတ် ၇၆၀ ဓမ္မသီချင်းကို သီဆိုပါမည်။)

၁  “ချစ်ခြင်းမေတ္တာ”သည် ဖြူစင်ပြီး အပြစ်အနာအဆာကင်းသော စိတ်ခံစားမှုတစ်ခုကို ရည်ညွှန်းသည်၊ ချစ်ရန်၊ ခံစားရန်နှင့် ထောက်ထားရန် သင်၏ စိတ်နှလုံးကို သင် အသုံးပြုသည့်အခိုက်ကို ရည်ညွှန်းပေသည်။ ချစ်ခြင်းမေတ္တာတွင် သတ်မှတ်ချက်များမရှိ၊ အတားအဆီးများမရှိသကဲ့သို့၊ အကွာအဝေးမရှိပေ။ ချစ်ခြင်းမေတ္တာတွင် သံသယစိတ်မရှိ၊ လှည့်ဖြားခြင်းမရှိသကဲ့သို့၊ ကောက်ကျစ်စဉ်းလဲခြင်း မရှိပေ။ ချစ်ခြင်းမေတ္တာတွင် အရောင်းအဝယ်မရှိသကဲ့သို့၊ မဖြူစင်သည့်အရာ မည်သည့်အရာမျှ မရှိပေ။ သင်ချစ်ပါက၊ လှည့်ဖြားမည် မဟုတ်၊ မကျေမနပ်ဖြစ်မည် မဟုတ်၊ သစ္စာဖောက်မည် မဟုတ်၊ ပုန်ကန်မည် မဟုတ်၊ အတင်းတောင်းဆိုမည် မဟုတ်၊ သို့မဟုတ် တစ်စုံတစ်ခုကို ရရှိဖို့၊ ပမာဏတစ်ခုခုကို ရရှိဖို့ ကြိုးစားမည် မဟုတ်ပေ။

၂  “ချစ်ခြင်းမေတ္တာ”သည် ဖြူစင်ပြီး အပြစ်အနာအဆာကင်းသော စိတ်ခံစားမှုတစ်ခုကို ရည်ညွှန်းသည်၊ ချစ်ရန်၊ ခံစားရန်နှင့် ထောက်ထားရန် သင်၏ စိတ်နှလုံးကို သင် အသုံးပြုသည့်အခိုက်ကို ရည်ညွှန်းပေသည်။ ချစ်ခြင်းမေတ္တာတွင် သတ်မှတ်ချက်များမရှိ၊ အတားအဆီးများမရှိသကဲ့သို့၊ အကွာအဝေးမရှိပေ။ ချစ်ခြင်းမေတ္တာတွင် သံသယစိတ်မရှိ၊ လှည့်ဖြားခြင်းမရှိသကဲ့သို့၊ ကောက်ကျစ်စဉ်းလဲခြင်း မရှိပေ။ ချစ်ခြင်းမေတ္တာတွင် အရောင်းအဝယ်မရှိသကဲ့သို့၊ မဖြူစင်သည့်အရာ မည်သည့်အရာမျှ မရှိပေ။သင်ချစ်လျှင်၊ သင်သည် သင့်ကိုယ်သင် ဝမ်းမြောက်ဝမ်းသာ ဆက်ကပ်မြှုပ်နှံလိမ့်မည်၊ အခက်အခဲကို ဝမ်းမြောက်ဝမ်းသာ ခံစားလိမ့်မည်။ သင်သည် ငါနှင့်သဟဇာတဖြစ်လိမ့်မည်၊ ငါ့အတွက် သင်၌ ရှိသမျှအားလုံးကို စွန့်လွှတ်လိမ့်မည်၊ သင်၏ မိသားစု၊ သင်၏ အနာဂတ်၊ သင်၏ ငယ်ရွယ်နုပျိုမှုနှင့် သင်၏ အိမ်ထောင်ရေးကို စွန့်လွှတ်လိမ့်မည်။ ထိုသို့မဟုတ်ပါက၊ သင်၏ ချစ်ခြင်းမေတ္တာသည် ချစ်ခြင်းမေတ္တာ လုံးဝ ဖြစ်မည်မဟုတ်ဘဲ၊ လှည့်ဖြားခြင်းနှင့် သစ္စာဖောက်ခြင်းတို့သာ ဖြစ်ပေမည်။

—သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ

ဤဓမ္မသီချင်းသည် ကောင်းသော ရွေးချယ်မှုတစ်ခု ဖြစ်၏။ ထိုသီချင်းကို သီဆိုခြင်းအား သင်တို့ နှစ်သက်ကြပါသလော။ ထိုသီချင်းကို သီဆိုပြီးနောက်တွင် သင်တို့ မည်သည့်အရာ ခံစားရသနည်း။ သင်တို့အတွင်းတွင် ဤကဲ့သို့ ချစ်ခြင်းမေတ္တာမျိုးကို ခံစားရသလော။ (မခံစားရသေးပါ။) ထိုသီချင်း၏ မည်သည့်စာသားက သင့်ကို အနက်ရှိုင်းဆုံး တို့ထိသနည်း။ (“ချစ်ခြင်းမေတ္တာတွင် သတ်မှတ်ချက်များမရှိ၊ အတားအဆီးများမရှိသကဲ့သို့၊ အကွာအဝေးမရှိပေ။ ချစ်ခြင်းမေတ္တာတွင် သံသယစိတ်မရှိ၊ လှည့်ဖြားခြင်းမရှိသကဲ့သို့၊ ကောက်ကျစ်စဉ်းလဲခြင်း မရှိပေ။ ချစ်ခြင်းမေတ္တာတွင် အရောင်းအဝယ်မရှိသကဲ့သို့၊ မဖြူစင်သည့်အရာ မည်သည့်အရာမျှ မရှိပေ။” သို့ရာတွင် ကျွန်ုပ်ကိုယ်အတွင်းတွင် မသန့်စင်မှု အများအပြားနှင့် ဘုရားသခင်နှင့် အပေးအယူလုပ်ရန် ကြိုးစားသော ကျွန်ုပ်၏ အစိတ်အပိုင်းများစွာ ကျွန်ုပ်မြင်ရဆဲ ဖြစ်သည်။ ကျွန်ုပ်သည် သန့်စင်ပြီး အပြစ်အနာအဆာကင်းသော ချစ်ခြင်းမေတ္တာမျိုးကို အမှန်တကယ် မရရှိသေးပါ။) သင်သည် သန့်စင်ပြီး အပြစ် အနာအဆာကင်းသည့် ချစ်ခြင်းမေတ္တာမျိုးကို မရရှိသေးပါက သင်၏ ချစ်ခြင်းမေတ္တာ အတိုင်းအတာမှာ အဘယ်နည်း။ (ကျွန်ုပ်မှာ ရှာဖွေရန် လိုလားနေပြီး မျှော်လင့် တမ်းတနေသည့် အဆင့် တွင်သာ ရှိနေသေးပါသည်။) သင်၏ကိုယ်ပိုင် ဝိညာဉ် အသက်တာအပေါ် အခြေခံပြီး သင်ကိုယ်တိုင်၏ အတွေ့အကြုံများမှ ပြောဆိုရလျှင်၊ သင်သည် မည်သည့် အတိုင်းအတာကို ရရှိထားပြီနည်း။ သင့်တွင် လှည့်ဖြားခြင်း ရှိသလော၊ သင့်တွင် ညည်းညူခြင်းများ ရှိသလော။ သင်၏ စိတ်နှလုံးအတွင်းတွင် တောင်းဆိုချက်များ ရှိသလော။ ဘုရားသခင်ထံမှ သင်လိုချင်ပြီး ဆန္ဒရှိသောအရာများ ရှိသလော။ (ရှိပါ၏။ ကျွန်ုပ်အတွင်း၌ စွန်းထင်းနေသည့် ဤအရာများ ရှိပါသည်။) မည်သည့် အခြေအနေများတွင် ၎င်းတို့ ထွက်ပေါ်လာသနည်း။ (ကျွန်ုပ်အတွက် ဘုရားသခင် စီစဉ် ပေးထားသည့် အခြေအနေသည် ကျွန်ုပ်၏ အယူအဆများနှင့် မကိုက်ညီသည့်အခါ၊ သို့မဟုတ် ကျွန်ုပ်၏ လိုအင်ဆန္ဒများ မပြည့်ဝသည့်အခါ ဖြစ်ပါသည်။ ထိုသို့သော အခိုက်အတန့်များတွင် ကျွန်ုပ်သည် ဤကဲ့သို့သော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားမျိုးကို ထုတ်ဖော်ပြပါသည်။) ထိုင်ဝမ်မှ လာကြသည့် အသင် ညီအစ်ကို မောင်နှမတို့ ဤဓမ္မသီချင်းကို သင်တို့လည်း မကြာခဏ သီဆိုကြသလော။ “အပြစ်အနာအဆာ ကင်းသည့်သန့်စင်သော ချစ်ခြင်းမေတ္တာ” ဆိုသည်ကို သင်တို့ မည်သို့နားလည်သည်ကို အနည်းငယ် ပြောပြနိုင်ကြသလော။ ဘုရားသခင်သည် ချစ်ခြင်းမေတ္တာကို အဘယ်ကြောင့် ဤနည်းဖြင့် အနက်ဖွင့်သနည်း။ (ဤချစ်ခြင်းမေတ္တာသည် ပြီးပြည့်စုံသော ချစ်ခြင်းမေတ္တာ ဖြစ်သည်ကို တွေ့ရသောကြောင့် ဤသီချင်းကို ကျွန်ုပ် အလွန်နှစ်သက်ပါ၏။ သို့ရာတွင် ကျွန်ုပ်မှာ ထိုစံချိန် စံညွှန်းကို မီရန် ဝေးနေသေးပြီး၊ ကျွန်ုပ်သည် စစ်မှန်သော ချစ်ခြင်းမေတ္တာကို ရရှိခြင်းမှ အလွန် အလှမ်းဝေးနေသေးသည်။ သူ၏ နှုတ်ကပတ်တော်များက ပေးသည့် ခွန်အားနှင့် ဆုတောင်းခြင်းတို့မှတစ်ဆင့် တိုးတက်မှုနှင့် ပူးပေါင်း လုပ်ဆောင်မှု ကျွန်ုပ် ပြုလုပ်နိုင်ခဲ့သည့် အရာတစ်ချို့ ရှိသည်။ သို့ရာတွင် အချို့သော စမ်းသပ်မှုများ သို့မဟုတ် ထုတ်ဖော်ပြခြင်းများကို ရင်ဆိုင်ရသည့်အချိန်တွင်၊ ကျွန်ုပ်တွင် အနာဂတ် သို့မဟုတ် ကံကြမ္မာမရှိ၊ ကျွန်ုပ်တွင် ခရီးပန်းတိုင်မရှိဟု ခံစားရပါသည်။ ထိုသို့သော အခိုက်အတန့်များတွင်၊ ကျွန်ုပ်သည် အလွန် အားနည်းသည်ဟု ခံစားရပြီး၊ ဤကိစ္စက ကျွန်ုပ်ကို မကြာခဏ အနှောင့်အယှက် ပေးပါသည်။) “အနာဂတ်နှင့် ကံကြမ္မာ” ဟု သင်ပြောသည့်အခါ အခြေခံအားဖြင့် အဘယ်အရာကို သင် ရည်ညွှန်းနေသနည်း။ သင်ရည်ညွှန်းနေသည့် အရာတစ်စုံတစ်ခု အတိအကျရှိသလော။ ယင်းသည် ရုပ်ပုံတစ်ခု သို့မဟုတ် သင်စိတ်ကူးသော အရာတစ်ခုခုလော၊ သို့မဟုတ် သင်၏ အနာဂတ်နှင့် ကံကြမ္မာသည် သင်အမှန်တကယ် မြင်နိုင်သော အရာလော။ ထိုအရာသည် အမှန်တကယ်ရှိသော အရာဝတ္ထုလော။ သင်တို့ တစ်ဦးစီကို ထိုအရာနှင့်ပတ်သက်၍ ငါ စဉ်းစားစေလိုသည်။ သင်တို့၏အနာဂတ်နှင့် သင်တို့၏ ကံကြမ္မာအတွက် သင်တို့ ရှိသည့် ပူပန်မှုက အဘယ်အရာကို ရည်ညွှန်းသနည်း။ (ယင်းမှာ ကျွန်ုပ် ရှင်သန်နိုင်ဖို့ ကယ်တင်ခြင်း ခံရနိုင်ခြင်း ဖြစ်သည်။) အသင် အခြားညီအစ်ကို မောင်နှမတို့၊ သင်တို့သည်လည်း “အပြစ်အနာအဆာကင်းသည့် သန့်စင်သော ချစ်ခြင်းမေတ္တာ” နှင့်ပတ်သက်၍ သင်တို့၏ သိနားလည်မှုကို အနည်းငယ် ပြောဆို ဆွေးနွေးကြသည်။ (လူတစ်ဦး၌ ထိုအရာ ရှိသည့်အခါ ၎င်းတို့ တစ်ဦးချင်း ဆီမှလာသည့် မသန့်စင်မှုမရှိသလို၊ သူတို့၏ အနာဂတ်နှင့် ကံကြမ္မာတို့ဖြင့် ၎င်းတို့ ထိန်းချုပ်ခြင်း မခံရပေ။ သူတို့ကို ဘုရားသခင် မည်သို့ဆက်ဆံသည်ဖြစ်စေ၊ သူတို့သည် ဘုရားသခင်၏ အမှုနှင့် သူ၏ စီစဉ်ညွှန်ကြားခြင်းများကို အပြည့်အဝ နာခံနိုင်ကြပြီး သူ့နောက်သို့ တကယ့်အဆုံးထိ လိုက်လျှောက် နိုင်ကြသည်။ ဘုရားသခင် အတွက် ဤချစ်ခြင်းမေတ္တာမျိုးသည်သာ ဖြူစင်ပြီး အပြစ်အနာအဆာ ကင်းသည့် ချစ်ခြင်းမေတ္တာ ဖြစ်သည်။ ထိုချစ်ခြင်းမေတ္တာ နှင့်ယှဉ်၍ ကျွန်ုပ်ကိုယ်ကျွန်ုပ် တိုင်းတာရာတွင်၊ ပြီးခဲ့သည့် နှစ်အနည်းငယ်တွင် ကျွန်ုပ်သည် ဘုရားသခင်ကို ယုံကြည်ရာ၌ မိမိကိုယ်ကိုယ် အသုံးတော်ခံပြီးဖြစ်သည် သို့မဟုတ် အချို့သော အရာများကို စွန့်လွှတ်ပြီးဖြစ်သည့်ပုံပေါ်သော်လည်း သူ့ကို ကျွန်ုပ်၏ နှလုံးသား အမှန်တကယ် မပေးနိုင်သေးသည်ကို တွေ့ရှိရလေသည်။ ဘုရားသခင်က ကျွန်ုပ်ကို ဖော်ထုတ်သောအခါ ကျွန်ုပ်သည် ကယ်တင်ခြင်း မခံရနိုင်ဟု ခံစားရပြီး အပျက်သဘောဆောင်သော အခြေအနေတစ်ခုတွင် နေထိုင် မိလေသည်။ ကျွန်ုပ်သည် တာဝန်များကို ထမ်းဆောင်နေသော်လည်း တစ်ချိန်တည်းမှာပင် ဘုရားသခင်နှင့် အပေးအယူ လုပ်ရန် ကြိုးပမ်းနေပြီး ဘုရားသခင်ကို ကျွန်ုပ်၏ စိတ်နှလုံး အကြွင်းမဲ့ဖြင့် မချစ်နိုင်ဘဲရှိကာ ကျွန်ုပ်၏ခရီးပန်းတိုင်၊ ကျွန်ုပ်၏ အနာဂတ်နှင့် ကျွန်ုပ်၏ကံကြမ္မာတို့သည် ကျွန်ုပ်၏ စိတ်ထဲတွင် အစဉ်အမြဲ ရှိနေခဲ့သည်ကို မြင်ရသည်။) ဤဓမ္မသီချင်းနှင့်သက်ဆိုင်သော သဘောပေါက်မှုတချို့ သင်တို့ ရှိကြပုံ ရပြီး၊ ယင်းနှင့် သင်တို့၏ တကယ့်အတွေ့အကြုံကြား နှင့် ဆက်နွှယ်မှုအချို့ ပြုလုပ်ထားပြီးဖြစ်ပုံရလေသည်။ သို့ရာတွင် “အပြစ်အနာအဆာကင်းသည့် သန့်စင်သော ချစ်ခြင်းမေတ္တာ” ဓမ္မသီချင်းထဲက စကားစု တစ်ခုချင်းစီကို မတူညီသည့် လက်ခံမှု အတိုင်းအတာများ သင်တို့ ရှိကြသည်။ လူချို့က ယင်းသည် လိုလိုလားလားရှိခြင်းအကြောင်း ဖြစ်သည်ဟု ထင်မြင်ကြသည်၊ လူအချို့က သူတို့၏ အနာဂတ်များကို ဘေးဖယ်ထားဖို့ ကြိုးစား နေကြသည်၊ လူအချို့သည် သူတို့၏ မိသားစုများကို လက်လွှတ်ရန် ကြိုးစားနေကြပြီး၊ အချို့လူများသည် မည်သည့် အရာကိုမျှ ရရှိရန် ကြိုးစားခြင်း မရှိကြချေ။ လှည့်ဖြားခြင်း၊ ညည်းညူခြင်းမရှိရန်နှင့် ဘုရားသခင်ကို ဆန့်ကျင်ပုန်ကန်ခြင်း မရှိစေရန် အခြားသူများက မိမိတို့ကိုယ်ကိုယ် တာဝန်ရှိသည်ဟု ခံယူနေကြဆဲ ဖြစ်သည်။ ဘုရားသခင်က ဤကဲ့သို့ ချစ်ခြင်းမေတ္တာမျိုးကို အဘယ်ကြောင့် အဆိုပြုပြီး လူများအနေဖြင့် သူ့ကို ဤနည်းဖြင့်ချစ်ရန် သတ်မှတ်လိုသနည်း။ ဤသည်မှာ လူတို့ ရရှိနိုင်သော ချစ်ခြင်းမျိုးလော။ ဆိုလိုသည်မှာ၊ လူတို့သည် ဤနည်းဖြင့် ချစ်နိုင်ကြသလော။ လူတို့အနေဖြင့် သူတို့ မချစ်နိုင်သည်ကို မြင်ကောင်းမြင်နိုင်သည်၊ အဘယ်ကြောင့် ဆိုသော် သူတို့သည် ဤချစ်ခြင်းမေတ္တာမျိုး အရိပ်အမြွက်မျှ မပိုင်ဆိုင်ကြသောကြောင့် ဖြစ်သည်။ ထိုအရာကို လူတို့ မပိုင်ဆိုင်သောအခါ၊ ချစ်ခြင်းမေတ္တာအကြောင်းကို အခြေခံအားဖြင့် သူတို့မသိကြသောအခါ၊ ဘုရားသခင်က ဤနှုတ်ကပတ်တော်များကို ပြောဆိုပြီး၊ သူတို့သည် ဤနှုတ်ကပတ်တော်များနှင့် ရင်းနှီးကျွမ်းဝင်ခြင်း မရှိကြချေ။ လူတို့သည် ဤလောကနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားထဲတွင် အသက်ရှင်ကြသည့်အတွက်၊ လူတို့အနေဖြင့် ဤချစ်ခြင်းမေတ္တာမျိုးရှိပါက သို့မဟုတ် လူတစ်ဦးသည် တောင်းခံမှုများနှင့် တောင်းဆိုမှုများ မပြုသည့် ချစ်ခြင်းမေတ္တာ၊ မိမိတို့ကိုယ်ကိုယ် ဆက်ကပ်လိုပြီး ဆင်းရဲဒုက္ခကို သည်းခံလိုစိတ်ရှိကာ သူတို့ပိုင်ဆိုင်သမျှကို စွန့်လွှတ်လိုသည့် ချစ်ခြင်းမေတ္တာဖြစ်သော ဤချစ်ခြင်းမေတ္တာမျိုးကို ပိုင်ဆိုင် နိုင်ပါက၊ ဤချစ်ခြင်းမေတ္တာမျိုး ပိုင်ဆိုင်သောသူ တစ်စုံတစ်ယောက်ကို အခြားသူများက မည်သို့ တွေးထင် ကြမည်နည်း။ ထိုသို့သော လူတစ်ဦးသည် စုံလင်သောသူ ဖြစ်လိမ့်မည်မဟုတ်လော။ (ဟုတ်ပါ၏။) ဤလောကတွင် ထိုကဲ့သို့ စုံလင်သောလူတစ်ဦး ရှိသလော။ ဤကဲ့သို့လူမျိုးသည် ဤလောကတွင် လုံးဝ မရှိပေ။ ဤသည်မှာ အကြွင်းမဲ့ ဖြစ်ပေသည်။ သို့ဖြစ်ရာ လူအချို့သည်၊ ၎င်းတို့၏ အတွေ့အကြုံများမှတစ်ဆင့်၊ ဤနှုတ်ကပတ်တော်များဖြင့် ယှဉ်၍ မိမိတို့ကိုယ်ကိုယ် တိုင်းတာဖို့ ကြီးမားသည့် အားထုတ်မှုကို အသုံးပြုကြသည်။ သူတို့ကိုယ်သူတို့ ကိုင်တွယ်ဖြေရှင်းကြသည်၊ သူတို့ကိုယ်သူတို့ ချုပ်ထိန်းကြပြီး၊ သူတို့ကိုယ်သူတို့ အစဉ်တစိုက် စွန့်လွှတ်ခြင်းပင် ပြုကြသည်- သူတို့သည် ဆင်းရဲဒုက္ခခံကြပြီး မိမိတို့၏ အယူအဆများကို စွန့်လွှတ်ကြသည်။ ၎င်းတို့၏ ပုန်ကန်မှု၊ ၎င်းတို့၏ ကိုယ်ပိုင် ဆန္ဒများနှင့် လိုချင်မှုများကို စွန့်လွှတ်ကြသည်။ သို့ရာတွင် အဆုံးတွင် သူတို့ မယှဉ်နိုင်ကြသေးပေ။ အဘယ်ကြောင့် ထိုသို့ဖြစ်သနည်း။ လူတို့အတွက် လိုက်နာဖို့ စံချိန်စံညွှန်း တစ်ခုပေးရန် ဘုရားသခင်က ဤအရာများကို ပြောခြင်းဖြစ်သည်၊ ထို့ကြောင့် လူတို့အနေဖြင့် သူတို့အတွက် ဘုရားသခင် တောင်းဆိုသည့် စံချိန်စံညွှန်းကို သိလိမ့်မည်ဖြစ်သည်။ သို့ရာတွင် လူတို့က ဤအရာကို ချက်ချင်း ရရှိရမည်ဟု ဘုရားသခင်က ပြောဖူးသလော။ ဤအရာကို ရရှိဖို့ လူတို့အနေဖြင့် အချိန် မည်မျှရှိသည်ဟု ဘုရားသခင်ကပြောဖူးပါသလော။ (မပြောခဲ့ဖူးပါ။) ဘုရားသခင်က လူတို့အနေဖြင့် သူ့အား ဤနည်းဖြင့်ချစ်ရမည်ဟု ပြောခဲ့ဖူးသလော။ ဤစာပိုဒ်က ထိုသို့ ပြောထားသလော။ မဟုတ်ပေ၊ ထိုသို့ မပြောချေ။ ဘုရားသခင်သည် လူများကို သူရည်ညွှန်းသည့် ချစ်ခြင်းမေတ္တာ အကြောင်း ပြောရုံသာ ပြောခြင်းဖြစ်သည်။ လူတို့က ဤနည်းဖြင့် ဘုရားသခင်ကို ချစ်နိုင်ပြီး ဆက်ဆံနိုင်ခြင်း ရှိမရှိဆိုသည့် အရာအတွက်မူ လူသားများအပေါ် ဘုရားသခင်၏ သတ်မှတ်ချက်များမှာ အဘယ်အရာများ ဖြစ်သနည်း။ ယင်းတို့ကို ချက်ချင်း လက်လှမ်းမီရန် မလိုအပ်ပေ၊ အဘယ်ကြောင့်ဆိုသော် ယင်းသည် လူတို့၏ တတ်စွမ်းနိုင်ခြင်းများထက် ကျော်လွန် သောကြောင့် ဖြစ်သည်။ ဤနည်းဖြင့် ချစ်ရန် လူတို့အနေဖြင့် မည်သည့်အခြေအနေမျိုးများ ပြည့်စုံရန် လိုအပ်ကြောင်းကို သင်တို့ တွေးကြည့်ဖူးသလော။ လူများအနေဖြင့် ဤနှုတ်ကပတ်တော်များကို မကြာခဏဖတ်ပါက သူတို့အနေဖြင့် ဤချစ်ခြင်းမေတ္တာမျိုး တဖြည်းဖြည်း ရှိလာလိမ့်မည်လော။ (ရှိမလာနိုင်ပါ။) သို့ဖြစ်ပါက သတ်မှတ်ချက်များက အဘယ်နည်း။ ပထမဦးစွာ ဘုရားသခင်နှင့်ပတ်သက်၍ သံသယများမှ လူတို့သည် အဘယ်သို့ လွတ်ကင်းနိုင်သနည်း။ (ရိုးသားသူတို့သာလျှင် ဤအရာကို ရရှိနိုင်ပါသည်။) လှည့်ဖြားခြင်းမှ ကင်းဝေးခြင်းကော အဘယ်သို့နည်း။ (သူတို့သည်လည်း ရိုးသားသူများ ဖြစ်ရပါမည်။) ဘုရားသခင်နှင့် အပေးအယူများ မပြုလုပ်သူ တစ်ဦးဖြစ်ခြင်းကော အဘယ်သို့နည်း။ ဤသည်လည်း ရိုးသားသော လူတစ်ဦးဖြစ်ခြင်း တစ်စိတ်တစ်ပိုင်းဖြစ်သည်။ ကောက်ကျစ်မှုနှင့် ကင်းရှင်းခြင်း သည်ကော အဘယ်သို့နည်း။ ချစ်ခြင်းမေတ္တာတွင် ရွေးချယ်စရာ မရှိဆိုသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ ဤအရာ အားလုံးသည် ရိုးသားသူတစ်ဦး ဖြစ်ခြင်းကို ပြန်ညွှန်းဆိုသလော။ ဤတွင် အချက်လက်များ အများအပြားရှိသည်။ ဘုရားသခင်က ဤချစ်ခြင်းမေတ္တာမျိုး အကြောင်းကို ဤနည်းဖြင့် ပြောဆိုနိုင်ပြီး ဖွင့်ဆိုနိုင်သည်မှာ မည်သည့်အရာကို သက်သေ ပြပါသနည်း။ ဘုရားသခင်က ဤချစ်ခြင်းမေတ္တာမျိုး ပိုင်ဆိုင်သည်ဟု ငါတို့ပြောနိုင်သလော။ (ပြောနိုင်ပါသည်။) ဤသည်ကို မည်သည့်နေရာတွင် သင်တို့တွေ့သနည်း။ (လူသားအတွက် ဘုရားသခင်ထားသည့် ချစ်ခြင်းမေတ္တာတွင် တွေ့ပါသည်။) လူသားအတွက် ဘုရားသခင်၏ ချစ်ခြင်းသည် အခြေအနေပေါ် မူတည်သလော။ ဘုရားသခင်နှင့် လူသားအကြားတွင် အတားအဆီးများ သို့မဟုတ် ဝေးကွာမှု ရှိသလော။ ဘုရားသခင်သည် လူသားနှင့်ပတ်သက်၍ သံသယများရှိသလော။ (မရှိပါ။) ဘုရားသခင်သည် လူသားကို လေ့လာပြီး လူသားကို နားလည်သည်။ သူသည် လူသားကို အမှန်တကယ် နားလည်သည်။ ဘုရားသခင်သည် လူသားအပေါ် လှည့်ဖြားသလော။ (မလှည့်ဖြားပါ။) ဘုရားသခင်သည် ဤချစ်ခြင်းမေတ္တာ အကြောင်းကို အလွန်စုံလင်စွာ ပြောသည့်အတွက် သူ၏ စိတ်နှလုံး သို့မဟုတ် သူ၏ အနှစ်သာရသည်လည်း အလွန်စုံလင် နိုင်မည်လော။ (စုံလင် နိုင်ပါသည်။) သံသယဖြစ်ဖွယ်မရှိအောင်ပင် ၎င်းတို့စုံလင်ပေသည်။ လူများ၏ တွေ့ကြုံခြင်းများသည် အတိုင်းအတာတစ်ခုအထိ ရောက်ပြီးဖြစ်သည့်အခါတွင်၊ ၎င်းတို့သည် ဤအရာကို ခံစားနိုင်ကြသည်။ လူများသည် ချစ်ခြင်းမေတ္တာကို ဤနည်းဖြင့် အဓိပ္ပာယ်ဖွင့်ဆိုဖူးသလော။ မည်သည့်အခြေအနေများတွင် လူသားသည် ချစ်ခြင်းမေတ္တာကို အဓိပ္ပာယ်ဖွင့်ဆိုသနည်း။ လူသားသည် ချစ်ခြင်းမေတ္တာ အကြောင်း မည်သို့ပြောဆိုသနည်း။ လူသားသည် ပေးကမ်းခြင်း သို့မဟုတ် ပူဇော်ခြင်းအရ ချစ်ခြင်းမေတ္တာကို ပြောဆိုသလော။ (ဟုတ်ပါသည်။) ချစ်ခြင်းမေတ္တာနှင့်ဆိုင်သော ဤအဓိပ္ပာယ် ဖွင့်ဆိုမှုသည် လွယ်သယောင် ပြုထားသည်၊ အနှစ်သာရ ကင်းမဲ့လေသည်။

ချစ်ခြင်းမေတ္တာနှင့်ဆိုင်သော ဘုရားသခင်၏ အဓိပ္ပာယ် ဖွင့်ဆိုချက်နှင့် ချစ်ခြင်းမေတ္တာနှင့်ဆိုင်၍ ဘုရားသခင်၏ ပြောဆိုပုံတို့သည် သူ၏အနှစ်သာရနှင့်ဆိုင်သော သွင်ပြင် လက္ခဏာတစ်ခုနှင့် ဆက်နွှယ်နေသည်၊ သို့သော်လည်း ယင်းမှာ မည်သည့် သွင်ပြင်လက္ခဏာဖြစ်သနည်း။ ပြီးခဲ့သည့်အချိန်က လူတို့ ယခင်က မကြာခဏ ဆွေးနွေးကြပြီးဖြစ်သည့် အလွန်အရေးကြီးသော အကြောင်းအရာနှင့် ပတ်သက်၍ ငါတို့ မိတ်သဟာယပြုခဲ့ကြသည်။ ဤအကြောင်းအရာတွင် ဘုရားသခင်ကို ယုံကြည်ခြင်းဖြစ်စဉ်၌ မကြာခဏ ပြောရလေ့ရှိသော စကားတစ်လုံး ပါဝင်လေသည်၊ သို့ရာတွင် ယင်းသည် အယောက်တိုင်းက ရင်းနှီးသကဲ့သို့ စိမ်းနေသလိုလည်း ခံစားရသည့် စကားတစ်ခွန်း ဖြစ်သည်။ အဘယ်ကြောင့် ဤအရာကို ငါဆိုသနည်း။ ယင်းသည် လူသား၏ ဘာသာစကားများမှလာသော စကားလုံးဖြစ်သည်၊ သို့ရာတွင် လူတို့အကြားတွင် ယင်း၏အဓိပ္ပာယ်သည် ထင်ရှားသလို မထင်မရှားလည်း ဖြစ်သည်။ ဤသည်မှာ အဘယ်စကားလုံး ဖြစ်သနည်း။ (သန့်ရှင်းခြင်း ဖြစ်ပါသည်။) သန့်ရှင်းခြင်း- ယင်းသည် ယခင်တစ်ခေါက်က ငါတို့ မိတ်သဟာယပြုခဲ့သော ခေါင်းစဉ်ဖြစ်သည်။ ငါတို့သည် ဤခေါင်းစဉ်နှင့်ပတ်သက်၍ အပိုင်းတစ်ခုကို မိတ်သဟာယပြုခဲ့သည်။ ကျွန်ုပ်တို့၏ ပြီးခဲ့သည့် မိတ်သဟာယမှတစ်ဆင့်၊ အယောက်တိုင်းသည် ဘုရားသခင်၏ သန့်ရှင်းခြင်း အနှစ်သာရနှင့်ပတ်သက်၍ အသစ်သော နားလည်မှုအချို့ ရရှိခဲ့ကြသလော။ ဤနားလည်မှု၏ မည်သည့် ကဏ္ဍကို လုံးဝ သစ်လွင်သည်ဟု သင်တို့ ထင်သနည်း။ ဤနားလည်မှုမှဖြစ်စေ၊ ထိုစကားများတွင်းမှဖြစ်စေ အဘယ်အရာက ဘုရားသခင်၏ သန့်ရှင်းခြင်းနှင့် သက်ဆိုင်သည့် သင်တို့၏ နားလည်သဘောပေါက်ခြင်းသည် မိတ်သဟာယ အတွင်း ငါပြောသွားသည့် ဘုရားသခင်၏ သန့်ရှင်းခြင်းနှင့် ကွဲပြားသည်ဟု သင့်တို့ကို ခံစားရစေသနည်း။ ဤအရာနှင့် ပတ်သက်၍ ထင်မြင်ချက် တစ်ခုခု သင်တို့ ရှိသလော။ (ဘုရားသခင်က သူ့စိတ်နှလုံးထဲတွင် ခံစားရသည့်အရာကို ပြောဆိုခြင်းဖြစ်သည်။ သူ၏နှုတ်ကပတ်တော်များသည် အစွန်းအထင်း မဲ့သည်။ ဤသည်မှာ သန့်ရှင်းခြင်းနှင့် ပတ်သက်သည့် ရှုထောင့်တစ်ခု၏ သရုပ်သကန် ဖြစ်သည်။) (ဘုရားသခင်သည် လူသားအပေါ် အမျက်ဒေါသ ဖြစ်သည့် အခါလည်း သန့်ရှင်းခြင်းရှိပါသည်၊ သူ၏ အမျက်ဒေါသသည် အပြစ်အနာအဆာမရှိပါ။) (ဘုရားသခင်၏ သန့်ရှင်းခြင်း အတွက်မူ၊ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထား အတွင်းတွင် ကိုယ်တော်၏ အမျက်ဒေါသနှင့် သနားခြင်း ကရုဏာ နှစ်ခုလုံးရှိသည်ဟု ကျွန်ုပ် နားလည် ပါသည်။ ဤအရာက ကျွန်ုပ်အပေါ် အားကောင်းသော ထင်မြင်ချက် ကျန်ရစ်စေပါသည်။ ကျွန်ုပ်တို့၏ ပြီးခဲ့သည့် မိတ်သဟာယတွင်၊ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားသည် အတုမရှိ ဖြစ်သည်ဟုလည်း ဖော်ပြခဲ့သည်။ ယခင်က ဤအရာကို ကျွန်ုပ် နားမလည်ခဲ့ပါ။ ဘုရားသခင်၏ အမျက်ဒေါသသည် လူသား၏ ဒေါသနှင့် ကွာခြားသည်ကို ဘုရားသခင် မိတ်သဟာယပြုခဲ့ပြီးသည့်အရာကို ကြားပြီးနောက်တွင်မှ ကျွန်ုပ် နားလည်ခဲ့သည်။ ဘုရားသခင်၏ အမျက်ဒေါသသည် အပြုသဘောဆောင်သော အရာဖြစ်ပြီး၊ ယင်းတွင် မူရှိပါသည်။ ဘုရားသခင်၏ ပင်ကို အနှစ်သာရကြောင့် ထိုအရာက ထွက်ပေါ် လာခြင်းဖြစ်ပါသည်။ ဘုရားသခင်သည် အပျက်သဘောဆောင်သည့် အရာတစ်ခုကို တွေ့ခဲ့သောကြောင့်၊ သူ၏ အမျက်ဒေါသကို လွှတ်တော်မူခြင်း ဖြစ်ပါသည်။ ဤသည်မှာ မည်သည့်ဖန်ဆင်းခံသတ္တဝါကမျှ မပိုင်ဆိုင်သည့် အရာတစ်ခုဖြစ်သည်။) ယနေ့ ငါတို့၏ ခေါင်းစဉ်မှာ ဘုရားသခင်၏ သန့်ရှင်းခြင်း ဖြစ်သည်။ လူများအားလုံးသည် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားနှင့်ပတ်သက်၍ တစ်စုံတစ်ရာကို ကြားကာ သင်ယူကြပြီးဖြစ်သည်။ ထို့အပြင် လူများစွာက ဘုရား၏ သန့်ရှင်းခြင်းနှင့် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထား အကြောင်းကို တစ်ချိန်တည်းတွင် မကြာခဏ ပြောဆိုကြသည်။ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားသည် သန့်ရှင်းသည်ဟု ပြောသည်။ “သန့်ရှင်းခြင်း” ဟူသော စကားလုံးသည် မည်သူနှင့်မျှ မစိမ်းသည်မှာ သေချာပေသည်- ထိုစကားလုံးသည် အများ သုံးစွဲသော စကားလုံးတစ်ခု ဖြစ်သည်။ သို့သော် ထိုစကားလုံး အတွင်းရှိ အနက်အဓိပ္ပါယ်နှင့် စပ်လျဉ်း၍မူ၊ ဘုရားသခင်၏ သန့်ရှင်းခြင်းနှင့်ဆိုင်သော မည်သည့် ဖော်ပြချက်များကို လူများက မြင်နိုင်ကြသနည်း။ လူတို့ သတိပြုမိနိုင်သည့် မည်သည့်အရာကို ဘုရားသခင် ထုတ်ဖော်ပြထားပါသနည်း။ ဤသည်မှာ မည်သူမျှ မသိသောအရာ တစ်စုံတစ်ခု ဖြစ်ပေ၏။ ဘုရားသခင်၏ စိတ်သဘောထားသည် ဖြောင့်မတ်သော်လည်း အကယ်၍ သင်သည် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားကိုယူပြီး ယင်းမှာ သန့်ရှင်းပါသည်ဟု ပြောပါက၊ ယင်းသည် အနည်းငယ် ဝေဝါးနေပုံပေါ်သည်၊ အနည်းငယ် ရှုပ်ထွေးနေပုံပေါ်သည်။ အဘယ်ကြောင့် ဤသို့ဖြစ်ရသနည်း။ ဘုရားသခင်၏ စိတ်သဘောထားသည် ဖြောင့်မတ်သည်ဟု သင်ပြောသည်၊ သို့မဟုတ် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားသည် သန့်ရှင်းသည်ဟု သင်ပြောသည်။ သို့ဖြစ်ရာ သင်တို့၏ စိတ်နှလုံးတွင် ဘုရားသခင်၏ သန့်ရှင်းခြင်းကို မည်သို့ သတ်မှတ်ကြသနည်း။ ယင်းကို သင်တို့ မည်သို့နားလည်ကြသနည်း။ ဆိုလိုသည်မှာ၊ ဘုရားသခင် ဖော်ထုတ်ခဲ့သည့်အရာ သို့မဟုတ် သူ၏ အရာအားလုံးနှင့် ဖြစ်ခြင်းမှာ အဘယ်သို့နည်း၊ လူတို့သည် သန့်ရှင်းသည်ဟု အသိအမှတ်ပြုကြမည်လော။ ယခင်က ဤအရာကို သင်တို့ တွေးဖူးကြပါသလော။ ငါမြင်တွေ့ခဲ့ရသည်မှာ လူများသည် အများအသုံးပြုသော စကားလုံးများကို မကြာခဏ ပြောဆို တတ်ကြသည်၊ သို့တည်းမဟုတ် အထပ်ထပ်အခါခါ ပြောပြီးသော စကားစုများရှိတတ်ကြသည်၊ သို့သော် သူတို့ ပြောနေသည့် အရာကို သိပင်မသိကြခြင်း ဖြစ်သည်။ ယင်းမှာ ထိုအကြောင်း လူတိုင်းပြောဆိုပုံဖြစ်ပြီး ၎င်းတို့ ပြောဆိုနေကျ ဖြစ်သည်။ သို့ဖြစ်ရာ ယင်းသည် သတ်မှတ်ထားသော စကားရပ်တစ်ခု ဖြစ်လာသည်။ သို့ရာတွင် သူတို့သည် အသေးစိတ် အချက်အလက်များကို စုံစမ်းစစ်ဆေးပြီး အမှန်တကယ် လေ့လာမည်ဆိုပါက ထိုအရာ၏ တကယ့်အဓိပ္ပာယ် သို့မဟုတ် မည်သည့်အရာရည်ညွှန်းသည်ကို ၎င်းတို့မသိကြောင်း တွေ့ရမည် ဖြစ်သည်။ “သန့်ရှင်းခြင်း” ဟူသော စကားလုံးကဲ့သို့ပင် သူတို့ပြောသော ဘုရားသခင်၏ သန့်ရှင်းခြင်းနှင့် စပ်လျဉ်း၍ ဘုရားသခင်၏ အနှစ်သာရ နှင့်ဆိုင်သော မည်သည့် သွင်ပြင်လက္ခဏာကို အတိအကျ ညွှန်းဆိုသည်ကို မည်သူမျှ မသိသကဲ့သို့ “သန့်ရှင်းခြင်း” ဟူသောစကားလုံးကို ဘုရားသခင်နှင့် မည်သို့ သဟဇာတဖြစ်စေရမည်ကို မည်သူမျှမသိပေ။ လူတို့သည် ၎င်းတို့၏ စိတ်နှလုံးများထဲတွင် မရှင်းမလင်းဖြစ်ကြပြီး၊ ဘုရားသခင်၏ သန့်ရှင်းခြင်းအပေါ် ၎င်းတို့၏ သိမှတ်ခြင်းသည်လည်း မရေမရာနှင့် မရှင်းမလင်း ဖြစ်လေသည်။ ဘုရားသခင်၏ သန့်ရှင်းပုံအနေနှင့်မူ မည်သူမျှ သိပ်ရှင်းလင်းသည် မဟုတ်ပေ။ ယနေ့တွင် လူတို့အနေဖြင့် ဘုရားသခင်၏ သန့်ရှင်းခြင်း အနှစ်သာရနှင့်ဆိုင်သော တကယ့် အကြောင်းအရာကို မြင်နိုင်ကြဖို့အလို့ငှာ “သန့်ရှင်းခြင်း” ဟူသောစကားလုံးကို ဘုရားသခင်နှင့် သဟဇာတဖြစ်စေဖို့အလို့ငှာ ဤခေါင်းစဉ်ကို ငါတို့ မိတ်သဟာယပြုကြမည်။ ဤအရာက လူများကို ဤစကားလုံးများအား ဂရုမစိုက်ဘဲ အကျင့်ပါပြီး အသုံးပြုခြင်းနှင့် မည်သည့်အရာဆိုလိုသည်ကို မသိသည့်အခါ သို့မဟုတ် မှန်ကန် တိကျခြင်း ရှိမရှိကို မသိသည့်အခါ အမှုအရာများကို နမော်နမဲ့ပြောဆိုခြင်းမှ တားဆီးလိမ့်မည် ဖြစ်သည်။ လူတို့သည် ဤကဲ့သို့ အမြဲပြောဆိုကြပြီး ဖြစ်သည်။ သင် ပြောဖူးသည်၊ သူပြောဖူးသည်၊ ထိုသို့ဖြင့် ယင်းသည် ပြောနေကျ စကား တစ်ခုဖြစ်လာသည်။ ဤအရာ အမှတ်တမဲ့ဖြင့် “သန့်ရှင်းခြင်း” ဟူသော စကားလုံးကို အရောင်စွန်းထင်း စေခဲ့သည်။

အပေါ်ယံအားဖြင့်၊ “သန့်ရှင်းခြင်း” ဟူသည့် စကားလုံးသည် နားလည်ရန် အလွန်လွယ်ကူသည်ဟု ထင်ရသည် မဟုတ်လော။ အနည်းဆုံးအနေဖြင့် လူများသည် “သန့်ရှင်းခြင်း” ဟူသော စကားလုံးကို စင်ကြယ်ခြင်း၊ သန့်ပြန့်ခြင်း၊ အလေးအမြတ် ဖြစ်ခြင်းနှင့် ဖြူစင်ခြင်းကို ဆိုလိုသည်ဟု ယုံကြည်ကြသည်။ ယခုပင် ငါတို့ သီဆိုခဲ့ကြသည့် “အပြစ်အနာအဆာကင်းသည့် သန့်စင်သော ချစ်ခြင်းမေတ္တာ” ဟူသော ဓမ္မသီချင်းထဲတွင် “သန့်ရှင်းခြင်း” ကို “ချစ်ခြင်းမေတ္တာ” နှင့် ဆက်စပ်သော သူအချို့လည်း ရှိသည်။ ဤသည်မှာ မှန်ကန်ပေသည်။ ဤသည်မှာ ယင်း၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် သူ့အနှစ်သာရ၏ တစ်စိတ်တစ်ဒေသ ဖြစ်သော်လည်း အလုံးစုံကား မဟုတ်ချေ။ သို့ရာတွင်၊ လူတို့၏ အယူအဆများတွင် ထိုစကားလုံးကို မြင်ပြီး ဖြူစင်ပြီး သန့်စင်သကဲ့သို့ သူတို့ကိုယ်တိုင် ရှုမြင်သည့် အရာများဖြင့် သို့မဟုတ် သန့်ပြန့်သည်၊ အပြစ်အနာအဆာကင်းသည်ဟု သူတို့ကိုယ်တိုင်ထင်သော အရာများနှင့် ဆက်စပ်တတ်ကြသည်။ ဥပမာအားဖြင့်၊ လူအချို့က ကြာပန်းသည် သန့်ရှင်းသည်၊ ပြီးလျှင် ညစ်ပတ်သော ရွှံ့နွံမှ အပြစ်အနာအဆာကင်းစွာ ပွင့်သည်ဟု ဆိုကြသည်။ ထို့ကြောင့် လူများက “သန့်ရှင်းခြင်း” စကားလုံးကို ကြာပန်းအတွက် စတင်သုံးစွဲကြသည်။ လူအချို့က လုပ်ကြံဖန်တီးထားသော အချစ်ဇာတ်လမ်းများကို သန့်ရှင်း သကဲ့သို့ မြင်ကြသည်၊ သို့မဟုတ် သူတို့သည် စိတ်ကူးယဉ်၊ အံ့ဖွယ်ကောင်းသော ဇာတ်ကောင်များကို သန့်ရှင်းသည်ဟု မြင်ကောင်းမြင်ကြမည်။ ထို့အပြင် အချို့က သမ္မာကျမ်းစာထဲမှ လူများ သို့မဟုတ် သန့်ရှင်းသူများ၊ တမန်တော်များ၊ သို့မဟုတ် တစ်ချိန်က ဘုရားသခင်သည် သူ၏အမှုကို ပြုစဉ် သူ့နောက်လိုက်ခဲ့ကြသူများကဲ့သို့သော ဝိညာဉ်ရေးရာ စာအုပ်များတွင် ရေးသားထားသည့် အခြားသူများကို သန့်ရှင်းသည့် ဝိညာဉ်ရေးရာ အတွေ့အကြုံများ ရှိခဲ့သည်ဟု ယူဆကြသည်။ ဤအရာအားလုံးသည် လူများ တွေးထင်ခဲ့ကြသော အရာများဖြစ်သည်။ ၎င်းတို့သည် လူများ ကိုင်စွဲထားသည့် အယူအဆများ ဖြစ်ကြသည်။ လူများသည် ဤသို့သော အယူအဆများကို အဘယ်ကြောင့် ကိုင်စွဲ ထားကြသနည်း။ အကြောင်းရင်းမှာ အလွန်ရိုးရှင်းသည်- ယင်းမှာ လူတို့သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ကြားတွင် အသက်ရှင်ကြပြီး၊ ဆိုးယုတ်ပြီး ညစ်ညမ်းသည့် လောကတွင် နေထိုင်သောကြောင့်ဖြစ်သည်။ ၎င်းတို့မြင်သော အရာအားလုံး၊ ထိတွေ့သော အရာအားလုံး၊ တွေ့ကြုံသော အရာအားလုံးသည် စာတန်၏ ဆိုးယုတ်မှုနှင့် ဖောက်ပြန်ပျက်စီးခြင်းအပြင် စာတန်၏ စွမ်းအားအောက်တွင် ရှိသော လူများကြား ဖြစ်ပွားသည့် အကြံအစည်၊ ခွက်စောင်းခုတ်ခြင်းနှင့် စစ်ပွဲများကြောင့် ဖြစ်ကြသည်။ သို့ဖြစ်ရာ ဘုရားသခင်သည် သူ၏အမှုကို လူတို့ထဲတွင် ဆောင်ရွက် သည့်အခါတွင်ပင်၊ သူတို့ကို စကားပြောဆိုပြီး သူ၏ စိတ်သဘောထားနှင့် အနှစ်သာရကို ဖော်ပြသည့်အခါတွင်ပင် ဘုရားသခင်၏ သန့်ရှင်းခြင်းနှင့် အနှစ်သာရတို့ကို ၎င်းတို့ မမြင်နိုင် သို့မဟုတ် မသိနိုင်ကြပေ။ ဘုရားသခင်သည် သန့်ရှင်းသည်ဟု လူတို့က မကြာခဏ ပြောကြသော်လည်း စစ်မှန်သော သိနားလည်မှု ကင်းမဲ့ကြသည်။ ၎င်းတို့သည် အနှစ်မဲ့သော စကားလုံးများကို ပြောနေကြခြင်းသာဖြစ်သည်။ လူတို့သည် ညစ်ညမ်းမှုနှင့် ဖောက်ပြန်ပျက်စီးမှုအလယ်တွင် အသက်ရှင်ကြပြီး စာတန်၏ အုပ်စိုးမှုထဲတွင် ရှိကြသကဲ့သို့ အလင်းကို မမြင်ကြသောကြောင့်၊ အပြုသဘောဆောင်သော ကိစ္စရပ်များကို ၎င်းတို့ဘာမျှမသိကြချေ၊ ထို့အပြင် သမ္မာတရားကို မသိကြ၊ “သန့်ရှင်းခြင်း” က မည်သည့်အရာကို ဆိုလိုသည်ကို မည်သူမျှ မှန်ကန်စွာ မသိကြပေ။ ထို့ကြောင့် ဤဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်ကြားတွင် သန့်ရှင်းသောအရာများ သို့မဟုတ် သန့်ရှင်းသောလူများ ရှိသလော။ ငါတို့ သေချာပေါက် ပြောနိုင်သည်။ မရှိချေ။ ဘုရားသခင်၏ အနှစ်သာရသာလျှင် သန့်ရှင်းသောကြောင့် မရှိခြင်း ဖြစ်သည်။

ပြီးခဲ့သည့် အခေါက်က၊ ဘုရားသခင်၏ အနှစ်သာရ အဘယ်သို့ သန့်ရှင်းသည်ဆိုသည့် ရှုထောင့်တစ်ခုနှင့် ပတ်သက်၍ ငါတို့ မိတ်သဟာယပြုခဲ့ကြသည်။ ဤအရာက လူတို့အတွက် ဘုရားသခင်၏ သန့်ရှင်းခြင်းနှင့်ဆိုင်သော အသိပညာရရှိဖို့ရန် လှုံ့ဆော်မှုတစ်ချို့ကို ပေးသော်လည်း မလုံလောက်ပေ။ ယင်းသည် ဘုရားသခင်၏ သန့်ရှင်းခြင်းကို ပြည့်ဝစွာ သိရှိနိုင်ရန် လူတို့ကို အလုံအလောက် မတတ်နိုင်စေသကဲ့သို့ ဘုရားသခင်၏ သန့်ရှင်းခြင်းသည် အတုမရှိ ဖြစ်သည်ကို သူတို့အား အပြည့်အဝ နားလည်စေနိုင်ခြင်း မရှိပေ။ ထို့အပြင် ဘုရားသခင်တွင် အပြည့်အဝသရုပ်ထင်သည့် သန့်ရှင်းခြင်း၏ စစ်မှန်သော အဓိပ္ပာယ်ကို လူတို့အား လုံလောက်စွာ နားလည်စေနိုင်ခြင်း မရှိပေ။ ထို့ကြောင့် ဤအကြောင်းအရာပေါ် ငါတို့၏ မိတ်သဟာယကို ဆက်လုပ်ရန် လိုအပ်သည်။ နောက်ဆုံး တစ်ခေါက်က၊ ငါတို့ မိတ်သဟာယသည် အကြောင်းအရာသုံးခုကို ဆွေးနွေးခဲ့သည်၊ ထို့ကြောင့် ယခုတွင် စတုတ္ထမြောက်ကို ငါတို့ ဆွေးနွေးသင့်၏။ သမ္မာကျမ်းစာများကို ဖတ်ရှုခြင်းဖြင့် စတင် ရပေမည်။

စာတန်၏ စုံစမ်းသွေးဆောင်ခြင်း

ရှင်မဿဲခရစ်ဝင် ၄:၁-၄ ထိုအခါ မာရ်နတ်၏ စုံစမ်းသွေးဆောင်ခြင်းကို ခံစေမည်အကြောင်း၊ ဝိညာဉ်တော်သည် ယေရှုကို တောသို့ ပို့ဆောင်တော်မူ၍၊ ယေရှုသည် အရက် လေးဆယ်ပတ်လုံး အစာအာဟာရကို မသုံးဆောင်ဘဲ နေပြီးမှ မွတ်သိပ်ခြင်းသို့ ရောက်တော်မူ၏။ ထိုအခါ စုံစမ်းသွေးဆောင်သောသူသည် ချဉ်းကပ်၍၊ ကိုယ်တော်သည် ဘုရားသခင်၏သားတော်မှန်လျှင်၊ ဤကျောက်ခဲတို့ကို မုန့်ဖြစ်စေခြင်းငှါ အမိန့်ရှိတော်မူပါဟု လျှောက်လေ၏။ ယေရှုကလည်း၊ လူသည် မုန့်အားဖြင့် အသက်ကိုမွေးရ မည်မဟုတ်။ ဘုရားသခင် မိန့်တော်မူသမျှ အားဖြင့် အသက်ကို မွေးရမည် ကျမ်းစာလာသည်ဟု ပြန်ပြောတော်မူ၏။

ဤစကားများသည် စာတန်သည် သခင်ယေရှုကို ပထမဆုံး အကြိမ် စုံစမ်းသွေးဆောင်ရန် ကြိုးစားရာတွင် သုံးခဲ့သည့် စကားများဖြစ်သည်။ မာရ်နတ် ပြောဆိုခဲ့သည့် အကြောင်းအရာမှာ အဘယ်နည်း။ (“ကိုယ်တော်သည် ဘုရားသခင်၏ သားတော် မှန်လျှင်၊ ဤကျောက်ခဲတို့ကို မုန့်ဖြစ်စေခြင်းငှါ အမိန့် ရှိတော်မူပါ။”) မာရ်နတ် ပြောခဲ့သည့် ဤစကားများသည် အတော်ရိုးရှင်းသော်လည်း၊ ၎င်းတို့၏ အနှစ်သာရနှင့်ပတ်သက်၍ ပြဿနာရှိပါသလော။ မာရ်နတ်က၊ “ကိုယ်တော်သည် ဘုရားသခင်၏ သားတော်မှန်လျှင်၊” ဟု ပြောခဲ့သည်၊ သို့သော်လည်း ၎င်း၏ စိတ်နှလုံးထဲတွင် ယေရှုသည် ဘုရားသခင်၏ သားတော် ဖြစ်သည်ကို သိခဲ့သလော၊ မသိခဲ့သလော။ သူသည် ခရစ်တော်ဖြစ်သည်ကို ၎င်းက သိခဲ့သလော၊ မသိခဲ့သလော။ (သိခဲ့ပါသည်။) သို့ဖြစ်လျှင် အဘယ်ကြောင့် ၎င်းသည်၊ “မှန်လျှင်” ဟု ပြောခဲ့သနည်း။ (၎င်းမှာ ဘုရားသခင်ကို စုံစမ်းသွေးဆောင်ရန် ကြိုးပမ်းနေခဲ့ခြင်း ဖြစ်ပါသည်။) သို့သော် ထိုသို့လုပ်ဆောင်ရာတွင် ၎င်း၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ “ကိုယ်တော်သည် ဘုရားသခင်၏ သားတော်မှန်လျှင်၊” ဟု ၎င်းကပြောခဲ့သည်။ ၎င်း၏ စိတ်နှလုံးတွင် ယေရှုခရစ်သည် ဘုရားသခင်၏ သားတော် ဖြစ်သည်ကို ၎င်းက သိခဲ့၏၊ ၎င်း၏ စိတ်နှလုံးတွင် ဤအရာနှင့် ပတ်သက်၍ အလွန်ရှင်းသည်၊ သို့သော် ဤအရာကို သိသော်လည်း ၎င်းသည် သူ့ကို နာခံခဲ့သလော သို့မဟုတ် ကိုးကွယ်ခဲ့သလော။ (မကိုးကွယ်ခဲ့ပါ။) ၎င်းက အဘယ်အရာကို လုပ်ဆောင်လိုခဲ့သနည်း။ ၎င်းက သခင်ယေရှုကို ဒေါသထွက်စေပြီးနောက် ၎င်း၏ ရည်ရွယ်ချက်များနှင့်အညီ ပြုမူစေရန် ဤနည်းလမ်းနှင့် ဤစကားများကို အသုံးပြုချင်ခဲ့သည်။ ဤသည်မှာ မာရ်နတ်၏ စကားများ နောက်ကွယ်က အဓိပ္ပါယ် မဟုတ်ခဲ့ပါသလော။ စာတန်၏ စိတ်နှလုံးထဲတွင် ဤသည်မှာ သခင်ယေရှုခရစ်တော် ဖြစ်မှန်း ရှင်းလင်းစွာ သိခဲ့သော်လည်း မည်သို့ပင်ဖြစ်စေ ဤစကားများကို ပြောဆိုခဲ့သည်။ ဤသည်မှာ စာတန်၏ သဘာဝဖြစ်သည် မဟုတ်လော။ စာတန်၏ သဘာဝက အဘယ်အရာနည်း။ (လှည့်ဖြားရန်၊ ဆိုးယုတ်ရန်နှင့် ဘုရားသခင်ကို ကြောက်ရွံ့ခြင်း မရှိရန် ဖြစ်ပါသည်။) ဘုရားသခင်ကို ချစ်ကြောက်ရိုသေမှုမရှိခြင်းမှ မည်သည့် အကျိုးဆက်များ ပေါ်ပေါက်မည်နည်း။ ၎င်းသည် ဘုရားသခင်ကို တိုက်ခိုက်လိုခဲ့သည် မဟုတ်လော။ ၎င်းသည် ဘုရားသခင်ကို တိုက်ခိုက်ရန် ဤနည်းလမ်းကို အသုံးပြုချင်ခဲ့သောကြောင့်၊ “ကိုယ်တော်သည် ဘုရားသခင်၏ သားတော် မှန်လျှင်၊ ဤကျောက်ခဲတို့ကို မုန့်ဖြစ်စေခြင်းငှါ အမိန့် ရှိတော်မူပါ” ဟူ၍ ပြောခဲ့သည်။ ဤသည်မှာ စာတန်၏ ဆိုးယုတ်သော ရည်မှန်းချက် မဟုတ်သလော။ ၎င်းသည် အမှန်တကယ်တွင် အဘယ်အရာကို လုပ်ဆောင်ရန် ကြိုးပမ်း နေခဲ့သနည်း။ ၎င်း၏ရည်ရွယ်ချက်မှာ အလွန် သိသာထင်ရှား လှသည်။ ၎င်းသည် သခင်ယေရှု ခရစ်တော်၏ ရပ်တည်ချက်နှင့် ပင်ကိုလက္ခဏာကို ငြင်းပယ်ရန် ဤနည်းလမ်းကို အသုံးပြုဖို့ ကြိုးပမ်းနေခဲ့ခြင်းဖြစ်သည်။ ထိုစကားများဖြင့် စာတန် ဆိုလိုသည့် အရာမှာ၊ “သင်သည် ဘုရားသခင်၏ သားတော်မှန်လျှင်၊ ဤကျောက်ခဲတို့ကို မုန့်အဖြစ်သို့ ပြောင်းလိုက်ပါ။ သင်မလုပ် နိုင်ပါက သင်သည် ဘုရားသခင်၏သားတော် မဟုတ်၊ ထို့ကြောင့် သင်၏အမှုတော်ကို မဆောင်ရွက်သင့်တော့ပါ” ဟူ၍ ဖြစ်သည်။ ဤသည်မှာ ထိုသို့ မဟုတ်လော။ ၎င်းသည် ဘုရားသခင်ကို တိုက်ခိုက်ရန် ဤနည်းလမ်းကို အသုံးပြုချင်ခဲ့သည်၊ ၎င်းသည် ဘုရားသခင်၏အမှုကို ဖြိုဖျက်ပြီး ဖျက်ဆီးချင်ခဲ့သည်။ ဤသည်မှာ ၎င်း၏ ယုတ်မာမှုဖြစ်သည်။ ၎င်း၏ ယုတ်မာမှုသည် ၎င်း၏ သဘာဝကို သဘာဝအတိုင်း ဖော်ပြခြင်း ဖြစ်ပါသည်။ သခင်ယေရှုခရစ်တော်သည် ဘုရားသခင်၏ သားတော်၊ ဘုရားသခင်ကိုယ်တော်တိုင်၏ တကယ့် လူ့ဇာတိခံယူခြင်း ဖြစ်သည်ကို ၎င်းက သိခဲ့သော်လည်း၊ ဘုရားသခင်ကို နောက်မှ ထပ်ကြပ် မကွာလိုက်ရင်း၊ ဘုရားသခင်ကို မရမကတိုက်ခိုက်ကာ ဘုရားသခင်၏ အမှုတော်ကို နှောင့်ယှက်ရန်နှင့် တမင်ဖျက်ဆီးရန် လွန်စွာအားထုတ်လျက်၊ ဤသို့သောအရာကို ၎င်းမလုပ်ဆောင်ဘဲ မနေနိုင်ပေ။

ယခုတွင်၊ စာတန် ပြောဆိုခဲ့သည့်- “ဤကျောက်ခဲတို့ကို မုန့်ဖြစ်စေခြင်းငှါ အမိန့်ရှိတော်မူပါ။” ဟူသည့် ဤစကားစုကို ဆန်းစစ် ကြည့်စို့။ ကျောက်ခဲကို ပေါင်မုန့်အဖြစ်သို့ ပြောင်းရန်- ဤအရာက အဓိပ္ပာယ်တစ်ခုခု ရှိသလော။ အစားအစာရှိလျှင် အဘယ်ကြောင့် မစားသနည်း။ အဘယ်ကြောင့် ကျောက်ခဲကို အစားအစာအဖြစ် ပြောင်းလဲရန် လိုသနည်း။ ဤတွင် အဓိပ္ပာယ် မရှိဟု ဆို၍ရသလော။ ထိုအချိန်က သခင်ယေရှုသည် အစာရှောင် နေခဲ့သော်လည်း သူသည် ဧကန်မုချ စားစရာ အစာရှိခဲ့သလော။ (ရှိခဲ့ပါသည်။) သို့ဆိုလျှင် ဤနေရာတွင် စာတန် စကားများ၏ ရယ်ဖွယ်ရာကောင်းခြင်းကို ငါတို့မြင်ရသည်။ စာတန်၏ သစ္စာမဲ့မှုနှင့် မလိုမုန်းထားစိတ်တို့အားလုံးအတွက် ငါတို့သည် ယင်း၏ ယုတ္တိမဲ့ခြင်းနှင့် ရယ်ဖွယ်ကောင်းခြင်းကို မြင်ရဆဲ ဖြစ်သည်။ ၎င်း၏ မလိုမုန်းထားသော သဘာဝကို သင်မြင်ရသည့် အမှုအရာများစွာကို စာတန်က လုပ်ဆောင်သည်။ ၎င်းသည် ဘုရားသခင်၏ အမှုကို ဖျက်ဆီးသည့်အရာများ လုပ်ဆောင် နေသည်ကို သင် တွေ့နိုင်ပြီး ဤအရာကို မြင်သည့်အခါ ၎င်းသည် မနှစ်သက်ဖွယ်ဖြစ်ကာ ဒေါသထွက်စရာ ကောင်းသည်ကို သင်မြင်ရသည်။ သို့ရာတွင် အခြားတစ်ဘက်၌ ၎င်း၏ စကားလုံးများနှင့် လုပ်ဆောင်မှုများနောက်ကွယ်က ကလေးဆန်ပြီး ရယ်ဖွယ်ရာဖြစ်သော သဘာဝကို သင်မတွေ့သလော။ ဤသည်မှာ စာတန်၏ သဘာဝနှင့် ပတ်သက်၍ ထုတ်ဖော်ပြခြင်းတစ်ခု ဖြစ်သည်။ ၎င်းသည် ထိုသို့သော သဘာဝရှိသည့်အတွက်၊ ထိုသို့သော အရာကို လုပ်ဆောင်လိမ့်မည်ဖြစ်သည်။ ယနေ့လူများအဖို့၊ ဤစကားစုသည် ယုတ္တိမရှိသကဲ့သို့ ရယ်ဖွယ်ရာ ဖြစ်သည်။ သို့ရာတွင် စာတန်သည် ထိုသို့သော စကားများကို ဧကန်အမှန် ပြောနိုင်စွမ်းရှိလေသည်။ ၎င်းကို မသိမနားလည်သောသူနှင့် အဓိပ္ပါယ်မရှိသောသူဟု ငါတို့ပြော၍ရပါသလော။ စာတန်၏ ဆိုးယုတ်မှုသည် နေရာတိုင်းတွင်ရှိပြီး အစဉ်မပြတ် ထုတ်ဖော်ပြခြင်း ခံရလျက် ရှိသည်။ ပြီးလျှင် သခင်ယေရှုက ယင်းကို မည်ကဲ့သို့ပြန်ဖြေ ခဲ့သနည်း။ (“လူသည် မုန့်အားဖြင့် အသက်ကိုမွေးရမည်မဟုတ်။ ဘုရားသခင် မိန့်တော်မူသမျှ အားဖြင့် အသက်ကိုမွေးရမည်။”) ဤစကားလုံးများတွင် တန်ခိုး တစ်ခုတစ်လေ ရှိသလော။ (ရှိပါ၏။) ယင်းတို့တွင် တန်ခိုး ရှိသည်ဟု ငါတို့ အဘယ်ကြောင့် ပြောသနည်း။ အဘယ့်ကြောင့် ဆိုသော် ဤနှုတ်ကပတ်တော်များသည် သမ္မာတရား ဖြစ်သောကြောင့် ဖြစ်သည်။ ကိုင်း၊ လူသည် ပေါင်မုန့်အားဖြင့်သာ အသက်ရှင်သလော။ သခင်ယေရှုသည် ရက် လေးဆယ်ပတ်လုံး အစာရှောင်ခဲ့သည်။ အစာငတ်ပြီး သူသေသွားသလော။ အစာငတ်ပြီး သူမသေပါ၊ ထို့ကြောင့် စာတန်က “ကိုယ်တော်သည် ကျောက်ခဲများကို အစာအဖြစ်ပြောင်းလဲလျှင် ကိုယ်တော့်တွင် စားစရာရှိမည်မဟုတ်လော။ သို့ဆိုလျှင် ကိုယ်တော်သည် အစာရှောင်ရန်မလို၊ ဆာလောင်မှုကို ခံနေရန် မလိုတော့မည် မဟုတ်လော။” ဟူသောအရာများကို ပြောဆိုခြင်းဖြင့် ကျောက်ခဲများကို အစာအဖြစ်ပြောင်းလဲစေရန် သူ့ကို တိုက်တွန်းလျက် ချဉ်းကပ်ခဲ့သည်။ သို့ရာတွင် ယေရှုက၊ “လူသည် မုန့်အားဖြင့် အသက်ကိုမွေးရမည်မဟုတ်၊” ဟု ပြောဆိုခဲ့သည်။ ဆိုလိုသည်မှာ လူသည် ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်တွင် အသက်ရှင်သော်လည်း သူ၏ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကို ရှင်သန်ခွင့်၊ အသက်ရှူခွင့်ပေးသည်မှာ အစာ မဟုတ်ဘဲ ဘုရားသခင်၏နှုတ်က မိန့်မြွက်သော နှုတ်ကပတ်တော် တစ်ခွန်းစီတိုင်း ဖြစ်သည်။ တစ်ဘက်တွင်၊ ဤနှုတ်ကပတ်တော်များသည် သမ္မာတရားဖြစ်၏။ ၎င်းတို့သည် လူတို့ကို ၎င်းတို့အနေဖြင့် ဘုရားသခင်အပေါ် မှီခိုနိုင်ပြီး ဘုရားသခင်သည် သမ္မာတရားဖြစ်သည်ဟု ခံစားစေလျက် ယုံကြည်ခြင်းပေးလေသည်။ အခြားတစ်ဘက်တွင်၊ ဤနှုတ်ကပတ်တော်များတွင် လက်တွေ့ကျသော ရှုထောင့် ရှိသလော။ သခင်ယေရှုသည် ရက် လေးဆယ်ပတ်လုံး အစာရှောင်ပြီးနောက် သူသည် မတ်တပ်ရပ်နေပြီး အသက်ရှင် နေဆဲ ဖြစ်သည်မဟုတ်လော။ ဤသည်မှာ စစ်မှန်သော သာဓက တစ်ခု မဟုတ်လော။ သူသည် မည်သည့် အစာကိုမျှ ရက် လေးဆယ်ပတ်လုံး မစားခဲ့ချေ၊ သို့သော်လည်း သူသည် အသက်ရှင်ဆဲဖြစ်ခဲ့သည်။ ဤသည်မှာ သူ၏ နှုတ်ကပတ်တော် နှင့်ဆိုင်သော သမ္မာတရားကို အတည်ပြုနေသည့် အားကောင်းသော သက်သေအထောက်အထား ဖြစ်သည်။ ဤနှုတ်ကပတ်တော်များသည် ရိုးရှင်းသော်လည်း သခင်ယေရှုအတွက် စာတန်က သူ့ကို စုံစမ်းနှောင့်ယှက်သည့်အခါမှသာ ဤနှုတ်ကပတ်တော်များကို သူ‌ ပြောဆိုခဲ့သလော သို့တည်းမဟုတ် ၎င်းတို့သည် သူ၏ တစ်စိတ်တစ်ပိုင်း အလိုအလျောက် ဖြစ်နှင့်ကြသလော။ တစ်နည်းအားဖြင့်ဆိုရလျှင်၊ ဘုရားသခင်သည် သမ္မာတရားဖြစ်ပြီး ဘုရားသခင်သည် အသက်ဖြစ်သည်၊ သို့သော် ဘုရားသခင်၏ သမ္မာတရားနှင့် အသက်မှာ နောက်ပိုင်းတွင်မှ ဖြည့်စွက်ထားခြင်း ဖြစ်သလော။ နောက်ပိုင်း အတွေ့အကြုံမှ ပေါက်ဖွားလာခဲ့ကြခြင်း ဖြစ်သလော။ မဟုတ်ပေ- ထိုနှုတ်ကပတ်တော်များသည် ဘုရားသခင်တွင် မွေးရာပါဖြစ်သည်။ ဆိုလိုသည်မှာ သမ္မာတရား နှင့် အသက်သည် ဘုရားသခင်၏ အနှစ်သာရဖြစ်သည်။ သူ့အပေါ် မည်သည့်အရာ ဖြစ်ပျက်ပါစေ၊ သူထုတ်ဖော်သမျှသည် သမ္မာတရား ဖြစ်၏။ သူ၏ စကားပါ အကြောင်းအရာက ရှည်သည်ဖြစ်စေ တိုသည်ဖြစ်စေ- ဤသမ္မာတရား၊ ဤနှုတ်ကပတ်တော်များသည် လူသားကို ရှင်သန်စေနိုင်ပြီး အသက်ပေးနိုင်သည်။ ၎င်းတို့သည် လူတို့ကို သမ္မာတရား ရရှိစေနိုင်ပြီး လူ့အသက်တာ လမ်းကြောင်းနှင့် ပတ်သက်၍ ကြည်လင်ပြတ်သားမှုကို ရရှိစေနိုင်ကာ ဘုရားသခင်၌ ယုံကြည်ခြင်း ရှိစေနိုင်သည်။ တစ်နည်းအားဖြင့်၊ ဤနှုတ်ကပတ်တော်များကို ဘုရားသခင် အသုံးပြုခြင်း၏ အရင်းအမြစ်မှာ အပြုသဘောဆောင်၏။ သို့ဖြစ်ရာ ဤအပြုသဘောဆောင်သော အရာသည် သန့်ရှင်းသည်ဟု ငါတို့ပြောနိုင်သလော။ (ပြောနိုင်ပါသည်။) စာတန်၏ ထိုစကားများသည် စာတန်၏သဘာဝမှ လာသည်။ စာတန်သည် ၎င်း၏ ဆိုးယုတ်ပြီး မလိုမုန်းထားသည့် သဘာဝကို နေရာတိုင်းတွင် အစဉ်တစိုက် ထုတ်ဖော်ပြသည်။ ကိုင်း၊ ဤထုတ်ဖော်ပြချက်များကို စာတန်သည် အလိုအလျောက် ပြုသလော။ ဤအရာကို လုပ်ဆောင်ရန် ၎င်းကို တစ်ဦး တစ်ယောက်က လှုံ့ဆော်သလော။ တစ်ဦးတစ်ယောက်က ၎င်းကို ကူညီသလော။ တစ်ဦးတစ်ယောက်က ၎င်းကို အတင်းအကျပ် စေခိုင်းသလော။ မစေခိုင်းပါ။ ဤထုတ်ဖော်ပြချက်အားလုံးကို ၎င်းသည် မိမိသဘောအလျောက် ပြုလုပ်ခြင်းဖြစ်သည်။ ဤသည်မှာ စာတန်၏ ဆိုးယုတ်သည့်သဘာဝ ဖြစ်သည်။ ဘုရားသခင်ပြုသည့် မည်သည့်အရာကို မဆို၊ ပြီးလျှင် ဘုရားသခင် မည်သို့ပြုသည်ဖြစ်စေ၊ စာတန်သည် နောက်မှ ထက်ကြပ် မကွာလိုက်သည်။ စာတန်ပြောပြီး လုပ်ဆောင်သည့် ဤအရာများ၏ အနှစ်သာရနှင့် စစ်မှန်သော သဘာဝမှာ စာတန်၏ အနှစ်သာရဖြစ်သည်- ဆိုးယုတ်ပြီး မလိုမုန်းထားသော အနှစ်သာရဖြစ်သည်။ ယခု ငါတို့ ဖတ်သည်နှင့်အမျှ စာတန်က အခြား မည်သည့်အရာ ပြောဆိုသေးသနည်း။ ဆက်ဖတ်ကြစို့။

ရှင်မဿဲခရစ်ဝင် ၄:၅-၇ ထိုအခါ မာရ်နတ်သည် ယေရှုကို သန့်ရှင်းသောမြို့တော်သို့ ဆောင်သွား၍ ဗိမာန်တော်၏ အထွတ်၌ တင်ထားပြီးလျှင်၊ ကျမ်းစာလာသည်ကား၊ ကောင်းကင်တမန်တို့အား သင့်အဘို့မှာထားတော်မူသည်ဖြစ်၍၊ သင်၏ခြေကို ကျောက်နှင့် မထိမခိုက်စေခြင်းငှါ သူတို့သည်သင့်ကို လက်နှင့်မစချီပင့်ကြလိမ့်မည် ဟုလာ၏။ ထို့ကြောင့် ဘုရားသခင်၏ သားတော်မှန်လျှင် ကိုယ်ကိုအောက်သို့ ချလိုက်တော်မူပါဟု လျှောက်လေ၏။ ယေရှုကလည်း သင်၏ ဘုရားသခင် ထာဝရဘုရားကို သင်သည် အစုံအစမ်းမပြုရဟု ကျမ်းစာလာပြန် သည်ဟု မိန့်တော်မူ၏။

ဤနေရာတွင် စာတန်ပြောဆိုခဲ့သည့် စကားများကို ပထမဦးစွာ ကြည့်ကြစို့။ “ဘုရားသခင်၏သားတော်မှန်လျှင်၊ ကိုယ်ကိုအောက်သို့ ချလိုက်တော်မူပါ၊” ဟု စာတန်က ပြောခဲ့ပြီးနောက် “ကောင်းကင်တမန်တို့အား သင့်အဘို့မှာ ထားတော်မူသည် ဖြစ်၍၊ သင်၏ခြေကို ကျောက်နှင့် မထိမခိုက်စေခြင်းငှါ သူတို့သည် သင့်ကို လက်နှင့် မစချီပင့်ကြလိမ့်မည်” ဟူ၍ သမ္မာကျမ်းစာထဲမှ ကိုးကားခဲ့သည်။ စာတန်၏ စကားလုံးများကို ကြားသည့်အခါ သင်မည်သို့ ခံစားရသနည်း။ ၎င်းတို့သည် ကလေးကလားနိုင်လွန်းသည် မဟုတ်လော။ ယင်းတို့သည် ကလေးကလား နိုင်သည်၊ ရယ်ဖွယ်ရာကောင်းပြီး စက်ဆုပ်ရွံရှာဖွယ်ကောင်းသည်။ ငါ အဘယ်ကြောင့် ဤအရာကို ပြောသနည်း။ စာတန်သည် မကြာခဏ မိုက်မဲသော အရာများကို လုပ်ဆောင်ပြီး၊ ၎င်းကိုယ်၎င်း အလွန်တော်သည်ဟု ယုံသည်။ ၎င်းသည် ဘုရားသခင်၏ အမှုနှင့်ဆိုင်သော အစီအစဉ်ကို ဖျက်ဆီးခြင်းတည်းဟူသော ၎င်း၏ ရည်ရွယ်ချက်ကို ရရှိဖို့ ကြိုးပမ်းရာတွင် ဘုရားသခင်ကို တိုက်ခိုက်ရန်နှင့် သွေးဆောင်ဖြားယောင်းရန် ထိုနှုတ်ကပတ်တော်များကို ဘုရားသခင်အား ပံ့ပိုးရာမှ ဘုရားသခင်အား ဆန့်ကျင်ဖို့ ကြိုးစားရင်း- ဘုရားသခင် ပြောဆိုသည့် တကယ့် နှုတ်ကပတ်တော်များပင်ဖြစ်သည့် ကျမ်းစာကို မကြာခဏ ကိုးကား၏။ စာတန်ပြောသည့် ဤစကားများထဲတွင် တစ်ခုခုကို သင်မြင်နိုင်ပါသလော။ (ဆိုးယုတ်သည့် ရည်ရွယ်ချက်များကို စာတန် သိုထားပါသည်။) စာတန် ပြုလုပ်သမျှအားလုံးတွင်၊ ၎င်းသည် လူသားမျိုးနွယ်ကို သွေးဆောင်ရန် အစဉ်အမြဲ ကြိုးစားလေပြီ။ စာတန်သည် တည့်တည့်မပြောသော်လည်း၊ ဝေ့ဝိုက်သော နည်းလမ်းဖြင့် စုံစမ်းသွေးဆောင်ခြင်း၊ လှည့်ဖြားမှုနှင့် ဖြားယောင်းမှုတို့ကို အသုံးပြုနေပေသည်။ စာတန်က ဘုရားသခင်သည်လည်း မသိနားမလည်ကာ၊ မိုက်မဲပြီး၊ လူက မလုပ်နိုင်သည့်အတိုင်း အမှုအရာများ၏ စစ်မှန်သော သွင်ပြင်ကို ဘုရားသခင်ကလည်း ရှင်းလင်းစွာ မခွဲခြားနိုင်ဟု ယုံကြည်လျက်၊ ၎င်း၏ စုံစမ်းသွေးဆောင်ခြင်းနှင့်သက်ဆိုင်၍ ဘုရားသခင်ကို သာမန် လူသားတစ်ယောက်ဖြစ်သည့်အလား ချဉ်းကပ်လေသည်။ ဘုရားသခင်နှင့် လူသားတို့နှစ်ဦးလုံးသည် အလားတူစွာ ၎င်း၏ အနှစ်သာရ၊ ၎င်း၏ လှည့်ဖြားမှုနှင့် အန္တရာယ်ပေးနိုင်သော ရည်ရွယ်ချက်တို့ကို မရိပ်မိနိုင်ဟု စာတန်က တွေးထင်သည်။ ဤသည်မှာ စာတန်၏ မိုက်မဲမှု ဖြစ်သည် မဟုတ်လော။ ထို့အပြင်၊ စာတန်သည် သမ္မာကျမ်းစာမှ ဗြောင်ကျကျ ကိုးကားသည်။ ထိုသို့လုပ်ခြင်းက အများ ယုံကြည်မှုကို ရရှိစေပြီး၊ သင်သည် ၎င်း၏ စကားများထဲတွင် အမှားအယွင်းတစ်ခုတစ်လေ ဖော်ထုတ် နိုင်မည်မဟုတ် သို့မဟုတ် အရူးလုပ်ခံရခြင်းကို ရှောင်လွှဲနိုင်မည် မဟုတ်ဟု ၎င်းကထင်သည်။ ဤသည်မှာ စာတန်၏ ရယ်ဖွယ်ရာကောင်းပြီး ကလေးကလားဆန်ခြင်း မဟုတ်လော။ ဤသည်မှာ လူတို့က ဧဝံဂေလိတရားကို ဖြန့်ဝေပြီး ဘုရားသခင်ကို သက်သေခံသည့်အခါကဲ့သို့ပင် ဖြစ်သည်- မယုံကြည်သူများက စာတန် ပြောခဲ့သည့်အရာနှင့် အလားတူသော အရာတစ်စုံတစ်ခုကို တစ်ခါတစ်ရံ ပြောကြလိမ့်မည်မဟုတ်လော။ လူတို့က အလားတူသောအရာ တစ်စုံတစ်ခုပြောသည်ကို သင်တို့ ကြားဖူး ကြသလော။ ထိုသို့သော အရာများကို ကြားသောအခါ သင်တို့ မည်သို့ခံစားရသနည်း။ စက်ဆုပ်ရွံရှာသလော။ (ရွံရှာပါသည်။) သင်တို့စက်ဆုပ်ရွံရှာသည့်အခါ မနှစ်သက်ခြင်းနှင့် မုန်းတီးခြင်း ကိုလည်း ခံစားရသလော။ ဤခံစားချက်များကို သင်တို့ ရှိသည့်အခါ သင်တို့သည် စာတန်နှင့် လူသားထဲတွင် စာတန် လုပ်ဆောင်သော ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် ဆိုးယုတ်သည်ကို သတိပြုမိနိုင်သလော။ သင်တို့၏ စိတ်နှလုံးများ ထဲတွင်၊ သင်တို့သည် ဤနားလည်ခြင်း ရှိဖူးသလော- “စာတန် စကားပြောသည့်အခါ၊ ၎င်းသည် တိုက်ခိုက်မှုနှင့် စုံစမ်းသွေးဆောင်မှုအဖြစ် ပြောလေသည်- စာတန်၏ စကားများသည် အဓိပ္ပာယ်မဲ့သည်၊ ရယ်ဖွယ်ရာကောင်းသည်၊ ကလေးကလားဆန်ပြီး စက်ဆုပ် ရွံရှာဖွယ်ကောင်းလေသည်။ သို့ရာတွင် ဘုရားသခင်သည် ထိုသို့သောနည်းဖြင့် ဘယ်သောအခါမျှ မပြောဆို၊ မလုပ်ဆောင်သကဲ့သို့ ဧကန်အမှန် ထိုသို့ လုံးဝ မလုပ်ဆောင်ဖူးပေ။” ဟုတ်ပေသည်၊ ဤအခြေအနေတွင် လူတို့သည် ထိုအရာကို ယဲ့ယဲ့မျှသာ ခံစားနိုင်ပြီး ဘုရားသခင်၏ သန့်ရှင်းခြင်းကို သဘောမပေါက်နိုင်မြဲရှိလေသည်။ သင်တို့၏ ယခု ဝိညာဉ်အသက်တာဖြင့်၊ သင်တို့သည်- “ဘုရားသခင် ပြောသမျှတိုင်းသည် သမ္မာတရား ဖြစ်၏၊ ကျွန်ုပ်တို့အတွက် အကျိုးရှိပြီး ကျွန်ုပ်တို့ လက်ခံရမည်” ဟု ခံစားရုံမျှ ခံစားရသည်။ သင်သည် ဤအရာကို လက်ခံ နိုင်သည်ဖြစ်စေ၊ လက်မခံနိုင်သည်ဖြစ်စေ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် သမ္မာတရားဖြစ်ပြီး ဘုရားသခင်သည် သမ္မာတရားဖြစ်သည်ဟု ခြွင်းချက်မရှိ သင်ပြောသည်၊ သို့ရာတွင် သမ္မာတရားကိုယ်၌က သန့်ရှင်းပြီး ဘုရားသခင် သန့်ရှင်းသည်ကို သင်မသိပေ။

သို့ဆိုလျှင်၊ စာတန်၏ဤစကားများကို ယေရှု၏ တုံ့ပြန်ချက်မှာ အဘယ်နည်း။ “ယေရှုကလည်း သင်၏ ဘုရားသခင် ထာဝရဘုရားကို သင်သည် အစုံအစမ်း မပြုရဟု ကျမ်းစာလာပြန်သည်ဟု မိန့်တော်မူ၏။” ယေရှု ပြောသော ဤစကားများတွင် သမ္မာတရား ရှိသလော။ ၎င်းတို့တွင် သမ္မာတရား အသေအချာ ရှိသည်။ အပေါ်ယံတွင်၊ ဤစကားများသည် လူတို့အတွက် လိုက်နာရမည့် ပညတ်ချက်တစ်ခု၊ ရိုးရှင်းသော စကားစု တစ်ခု ဖြစ်စေကာမူ လူသားနှင့် စာတန် နှစ်ဦးလုံးက ဤစကားများကို မကြာခဏ ပြစ်မှားစော်ကားကြပြီး ဖြစ်သည်။ သို့ဖြစ်ရာ သခင်ယေရှုက စာတန်ကို၊ “သင်၏ဘုရားသခင် ထာဝရဘုရားကို သင်သည် အစုံအစမ်း မပြုရ၊” ဟု ဆိုခဲ့သည်၊ အဘယ်ကြောင့်ဆိုသော် ယင်းမှာ စာတန် မကြာခဏ လုပ်သောအရာဖြစ်ပြီး ၎င်းသည် ထိုသို့လုပ်ရန် အလုံးစုံ ကြိုးပမ်း အားထုတ်သည်။ စာတန်သည် မျက်နှာပြောင်တိုက်၍ အရှက်မရှိ ထိုသို့ လုပ်သည်ဟုပင် ပြောနိုင်သည်။ ဘုရားသခင်ကို မကြောက်ရွံ့ရန်နှင့် ၎င်း၏ စိတ်နှလုံးထဲတွင် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းမရှိဖို့မှာ စာတန်၏ သဘာဝနှင့် အနှစ်သာရ၌ ရှိပေသည်။ စာတန်သည် ဘုရားသခင်၏ နံဘေးတွင်ရပ်တည်ပြီး သူ့ကို မြင်တွေ့နိုင်သည့်အချိန်တွင်ပင် စာတန်သည် ဘုရားသခင်ကို သွေးဆောင်ဖြားယောင်းခြင်း မပြုဘဲမနေနိုင်ခဲ့ပေ။ ထို့ကြောင့် သခင်ယေရှုက စာတန်ကို၊ “သင်၏ဘုရားသခင် ထာဝရ ဘုရားကို သင်သည် အစုံအစမ်းမပြုရ။” ဟု ဆိုခဲ့သည်။ ဤအရာများသည် ဘုရားသခင်က စာတန်ကို မကြာခဏ ပြောပြီးဖြစ်သည့် စကားများ ဖြစ်သည်။ ထို့ကြောင့်၊ မျက်မှောက်ခေတ်တွင် ဤစကားစုကို သုံးစွဲရန် သင့်တော်ပါသလော။ (သင့်တော်ပါသည်၊ ကျွန်ုပ်တို့ သည်လည်း ဘုရားသခင်ကို မကြာခဏ သွေးဆောင် ဖြားယောင်းသည့်အတွက် ဖြစ်သည်။) အဘယ်ကြောင့် လူတို့သည် ဘုရားသခင်ကို မကြာခဏ စုံစမ်းသွေးဆောင် ပါသနည်း။ ယင်းမှာ လူတို့သည် ဖောက်ပြန်ပျက်စီးသည့် ဆိုးယုတ်သော စိတ်သဘောထားနှင့် ပြည့်နေကြသောကြောင့် ဖြစ်သလော။ (ဟုတ်ပါသည်။) ထို့ကြောင့် အထက်က စာတန်၏ စကားများသည် လူတို့ မကြာခဏ ပြောသည့်အရာ တစ်ခုလော။ ပြီးလျှင် မည်သည့် အခြေအနေများတွင် ဤစကားများကို လူတို့ ပြောကြသနည်း။ လူတို့သည် ဤသို့သော အရာများကို မည်သည့်အချိန် မည်သည့် နေရာတွင်မဆို ပြောဆိုနေကြပြီး ဖြစ်သည်ဟု ဆိုနိုင်သည်။ လူတို့၏ စိတ်သဘောထားသည် စာတန်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့် ကွဲပြားခြားနားမှုမရှိသည်ကို ဤအရာက သက်သေပြသည်။ သခင်ယေရှုသည် သမ္မာတရားကို ကိုယ်စားပြုသော နှုတ်ကပတ်တော်များ၊ လူတို့လိုအပ်သည့် နှုတ်ကပတ်တော်များ ဖြစ်သည့် ရိုးရှင်းသော နှုတ်ကပတ်တော်အနည်းငယ်ကို ပြောသည်။ သို့ရာတွင် ဤအခြေအနေ၌ သခင်ယေရှုသည် စာတန်နှင့် ငြင်းခုန်ဖို့ ထိုသို့သောနည်းလမ်းဖြင့် ပြောဆိုခဲ့ခြင်းလော။ စာတန်ကို သူပြောခဲ့သည့် အထဲတွင် ထိပ်တိုက် ရင်ဆိုင် ဖြေရှင်းသောအရာ တစ်စုံတစ်ရာ ပါဝင်သလော။ (မပါဝင်ပါ။) စာတန်၏ ဖြားယောင်းသွေးဆောင်မှုကို သူ၏စိတ်နှလုံးတွင် သခင်ယေရှုက မည်သို့ ခံစားခဲ့သနည်း။ သူသည် စက်ဆုပ်ခြင်းနှင့် အော့နှလုံးနာခြင်းတို့ကို ခံစားခဲ့ရသလော။ သခင်ယေရှုသည် အော့နှလုံးနာမှုနှင့် စက်ဆုပ်ရွံမုန်းမှုကို ခံစားခဲ့ရပါသည်၊ သို့သော် သူသည် စာတန်နှင့် မငြင်းခုန်ခဲ့သကဲ့သို့၊ ကြီးကျယ်သော အခြေခံသဘောတရားများ တစ်ခုတစ်လေကို ပို၍ပင် သူမပြောဆိုခဲ့ချေ။ အဘယ်ကြောင့်နည်း။ (အဘယ်ကြောင့်ဆိုသော် စာတန်သည် အစဉ်အမြဲ ဤကဲ့သို့ဖြစ်သောကြောင့်ဖြစ်သည်။ ၎င်းသည် မည်သည့်အခါမျှ မပြောင်းလဲနိုင်ပါ။) စာတန်သည် ကျိုးကြောင်းဆင်ခြင်၍ မရနိုင်ဟု ငါတို့ ပြောနိုင်သလော။ (ပြောနိုင်ပါသည်။) ဘုရားသခင်သည် သမ္မာတရား ဖြစ်သည်ဟု စာတန်က အသိအမှတ်ပြုနိုင်သလော။ ဘုရားသခင်သည် သမ္မာတရားဖြစ်သည်ဟု စာတန်သည် မည်သည့်အခါတွင်မျှ အသိအမှတ်ပြုမည် မဟုတ်သကဲ့သို့ ဘုရားသခင်သည် သမ္မာတရား ဖြစ်သည်ဟု မည်သည့်အခါမျှ ဝန်ခံမည် မဟုတ်ပေ။ ဤသည်မှာ ၎င်း၏ သဘာဝဖြစ်သည်။ စာတန်၏ သဘာဝတွင် စက်ဆုပ်ဖွယ်သော နောက်ထပ် သွင်ပြင်လက္ခဏာတစ်ခု ရှိသေး၏။ ထိုအရာမှာ အဘယ်နည်း။ သခင်ယေရှုကို ဖြားယောင်းသွေးဆောင်ရန် ၎င်း၏ ကြိုးပမ်းမှုများတွင်၊ ၎င်းက မအောင်မြင်လျှင်ပင်၊ မည်သို့ပင်ဖြစ်စေ ၎င်းသည် ထိုသို့ လုပ်ဆောင်ဖို့ ကြိုးစားဦးမည်ဟု စာတန်က တွေးခဲ့သည်။ ၎င်းသည် အပြစ်ဒဏ်ပေးခံရမည်ဖြစ်သော်လည်းဘဲ၊ မည်သို့ပင်ဖြစ်စေ ကြိုးစားဖို့ ရွေးချယ်ခဲ့သည်။ ထိုသို့လုပ်ဆောင်ခြင်းကြောင့် မည်သည့်အကျိုးကျေးဇူးမျှ မရရှိသည့်တိုင် အဆုံးတိုင်သို့ တိုင်အောင် ၎င်း၏ အားထုတ်မှုများနှင့် ဘုရားသခင်ကို ဆန့်ကျင်ရပ်တည်ခြင်းတွင် မရမကဆက်လုပ်လျက် မည်သို့ပင်ဖြစ်စေ ၎င်းက လုပ်ဆောင်မည်ဖြစ်သည်။ ဤသည်မှာ မည်သည့် သဘာဝမျိုးဖြစ်သနည်း။ ဆိုးယုတ်သည် မဟုတ်လော။ ဘုရားသခင်အကြောင်း ထုတ်ဖော်ပြောဆိုသောအခါ လူတစ်ဦးသည် ဒေါသထွက်ပြီး ဒေါသူပုန်ထပါက၊ သူသည် ဘုရားသခင်ကို မြင်ဖူးပြီလော။ ဘုရားသခင် အဘယ်သူဖြစ်သည်ကို ၎င်းက သိပါသလော။ ဘုရားသခင် မည်သူမည်ဝါဖြစ်သည်ကို သူမသိပေ၊ ဘုရားသခင်ကို မယုံကြည်သကဲ့သို့၊ ဘုရားသခင်သည် သူ့ကို စကားပြောဆိုဖူးခြင်း မရှိပေ။ ဘုရားသခင်က သူ့ကို မည်သည့်အခါမျှ မနှောင့်ယှက်ဖူးချေ။ ထို့ကြောင့် သူသည် အဘယ်ကြောင့် ဒေါသဖြစ်ရမည်နည်း။ ဤလူသည် ဆိုးယုတ်သည်ဟု ငါတို့ ဆိုနိုင်သလော။ လောကီ ရေပန်းစားမှုများ၊ အစားအသောက်နှင့် ကာမဂုဏ်လိုက်စားခြင်း၊ ကျော်ကြားသောသူများနောက်လိုက်ခြင်း- ဤအရာများထဲမှ မည်သည့်အရာကမျှ ထိုသို့သော လူတစ်ယောက်ကို အနှောင့်အယှက် မပေးပေ။ သို့သော် “ဘုရားသခင်” သို့မဟုတ် “ဘုရားနှုတ်ကပတ်တော် သမ္မာတရား” ဆိုသည့် စကား တစ်ခွန်းကို ပြောဆိုသည်နှင့် သူသည် ဒေါသူပုန်ထ လေတော့သည်။ ဤသည်မှာ ဆိုးယုတ်သော သဘာဝတစ်ခု ရှိခြင်း ဖြစ်သည်မဟုတ်လော။ ဤသည်မှာ လူသား၏ ဆိုးယုတ်သည့် သဘာဝဖြစ်သည်ကို သက်သေပြဖို့ လုံလောက်ပေသည်။ ကိုင်း၊ မိမိအတွက် ပြောဆိုသည့်အခါ၊ သမ္မာတရားကို ပြောဆိုသောအခါ သို့မဟုတ် လူသားမျိုးနွယ် နှင့်ဆိုင်သော ဘုရားသခင်၏ စမ်းသပ်ခြင်းများ သို့မဟုတ် လူသားကို တရားစီရင်ခြင်း နှင့်ဆိုင်သည့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပြောဆိုသောအခါ၊ သင်တို့သည် မနှစ်သက်မှုခံစားရ၏။ အော့နှလုံးနာမှုကို ခံစားရပြီး ထိုသို့သောအရာများကို သင်တို့ မကြားချင်ကြသည့် အချိန်များ ရှိသည် မဟုတ်လော။ သင်၏ စိတ်နှလုံးက၊ “ဘုရားသခင်သည် သမ္မာတရားဖြစ်သည်ဟု လူအားလုံးက ပြောကြသည် မဟုတ်လော။ ဤစကား အချို့တို့သည် သမ္မာတရားမဟုတ်ပါ၊ ၎င်းတို့သည် လူသားအပေါ် ဆုံးမခြင်းနှင့်ဆိုင်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များသာ ဖြစ်သည်မှာ သိသာ ထင်ရှားသည်။” ဟု စဉ်းစားကောင်း စဉ်းစားနိုင်သည်။ အချို့သော လူတို့က ၎င်းတို့၏ စိတ်နှလုံးထဲတွင် အားကောင်းသော မနှစ်သက်မှုတစ်ခုကို ခံစားရနိုင်ပြီး၊ “ဤအရာကို နေ့စဉ် ပြောဆိုသည်- သူ၏ စမ်းသပ်မှု၊ သူ၏ တရားစီရင်ခြင်း၊ မည်သည့်အချိန်တွင် အဆုံးသတ် မည်နည်း။ ကောင်းမွန်သော ခရီးပန်းတိုင်ကို မည်သည့် အချိန်တွင် ငါတို့ ရရှိမည်နည်း” ဟု တွေးကြသည်။ မလျော်ကန်သော ဤဒေါသသည် အဘယ်နေရာမှ လာသည်ကို မသိရပေ။ ဤသည်မှာ မည်သည့် သဘာဝ ဖြစ်သနည်း။ (ဆိုးယုတ်သည့် သဘာဝဖြစ်ပါသည်။) စာတန်၏ ဆိုးယုတ်သည့် သဘာဝက ယင်းကို ညွှန်ကြားပေးပြီး လမ်းပြသည်။ ဘုရားသခင်၏ ရှုထောင့်မှ၊ စာတန်၏ ဆိုးယုတ်သည့် သဘာဝ၊ ပြီးလျှင် လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့်စပ်လျဉ်း၍ ဘုရားသခင်သည် လူများနှင့် မည်သည့်အခါမျှ မငြင်းခုန် သို့မဟုတ် အာဃာတမထားသကဲ့သို့၊ လူများက မိုက်မဲစွာ ပြုမူသည့်အခါ သူသည် မည်သည့်အခါမျှ ရေးကြီးခွင်ကျယ် လုပ်လေ့မရှိပေ။ လူသားနှင့်ပတ်သက်၍ အမှုအရာများ ပေါ်တွင် ဘုရားသခင်သည် အလားတူ အမြင်မျိုးများ ကိုင်စွဲထားသည်ကို သင် မည်သည့်အခါတွင်မျှ တွေ့ရ လိမ့်မည်မဟုတ်သည့်အပြင် ကိစ္စရပ်များကို ကိုင်တွယ်ရန် လူသားမျိုးနွယ်၏ ရှုထောင့်အမြင်များ၊ အသိပညာ၊ သိပ္ပံပညာ၊ အတွေးအခေါ် သို့မဟုတ် စိတ်ကူးများကို သူအသုံးပြုသည်ကို တွေ့ရလိမ့်မည်မဟုတ်။ ယင်းထက် ဘုရားသခင် လုပ်ဆောင်သမျှတိုင်းနှင့် သူထုတ်ဖော် ပြသမျှတိုင်းသည် သမ္မာတရားနှင့် ဆက်စပ် နေသည်။ ဆိုလိုသည်မှာ၊ သူပြောခဲ့သော နှုတ်ကပတ်တော်တိုင်းနှင့် သူလုပ်ဆောင်ခဲ့သော လုပ်ဆောင်ချက်တိုင်းသည် သမ္မာတရားနှင့် စပ်ဆိုင်သည်။ ဤသမ္မာတရားသည် အခြေအမြစ်မရှိသော စိတ်ကူးအချို့၏ ရလဒ်မဟုတ်ပေ။ ဤသမ္မာတရားနှင့် ဤနှုတ်ကပတ်တော်များကို ဘုရားသခင်က သူ၏ အနှစ်သာရနှင့် သူ၏ အသက်တို့ကို အကြောင်းပြု၍ ဖော်ပြထားခြင်းဖြစ်သည်။ ဤနှုတ်ကပတ်တော်များနှင့် ဘုရားသခင် လုပ်ဆောင်ခဲ့သမျှ အရာခပ်သိမ်း၏ အနှစ်သာရသည် သမ္မာတရား ဖြစ်သောကြောင့်၊ ဘုရားသခင်၏ အနှစ်သာရသည် သန့်ရှင်းသည်ဟု ငါတို့ပြောနိုင်သည်။ တစ်နည်းအားဖြင့် ဆိုသော်၊ ဘုရားသခင် ပြောဆို၊ လုပ်ဆောင်သမျှ အရာခပ်သိမ်းတို့သည် လူတို့ထံ အသက်ပါခြင်းနှင့် အလင်းကို ယူဆောင်လာပေးသည်၊ လူတို့ကို အပြုသဘောဆောင်သော အရာများနှင့် ထိုအပြုသဘောဆောင်သော အရာများ၏ စစ်မှန်မှုကို မြင်ခွင့်ပေးပြီး ၎င်းတို့အနေဖြင့် မှန်ကန်သော လမ်းကြောင်းပေါ် လျှောက်လှမ်းနိုင်ဖို့အလို့ငှာ လူသားမျိုးနွယ်အတွက် လမ်းညွှန်ပေးသည်။ ဤအရာအားလုံးကို ဘုရားသခင်၏ အနှစ်သာရနှင့် သူ၏ သန့်ရှင်းခြင်းနှင့်ဆိုင်သော အနှစ်သာရတို့က သတ်မှတ် ထားခြင်းဖြစ်သည်။ ယခု ဤအရာကို သင်တို့ တွေ့မြင်ကြပြီ မဟုတ်လော။ ယခု၊ သမ္မာကျမ်းစာမှ နောက်ထပ် ဆက်လက် ဖတ်ရှုကြပါစို့။

ရှင်မဿဲခရစ်ဝင် ၄:၈-၁၁ တဖန်မာရ်နတ်သည် ယေရှုကို အလွန်မြင့်လှစွာသော တောင်ပေါ်သို့ ဆောင်သွား၍၊ ဤလောက၌ ရှိသမျှသော တိုင်းနိုင်ငံတို့ကို၎င်း၊ ထိုတိုင်းနိုင်ငံတို့၏ ဘုန်းစည်းစိမ်ကို၎င်း ပြညွှန်၍၊ ကိုယ်တော်သည် ငါ့ကို ညွတ်ပြပ်ကိုးကွယ်လျှင် ယခုပြလေသမျှတို့ကို ငါပေးမည်ဟုဆိုလေ၏။ ယေရှုကလည်း အချင်းစာတန်၊ ငါ့နောက်သို့ဆုတ်လော့။ သင်၏ဘုရားသခင် ထာဝရဘုရားကို ကိုးကွယ်ရမည်၊ ထိုဘုရားသခင်ကိုသာ အစေခံရမည် ကျမ်းစာလာသည်ဟု မိန့်တော်မူ၏။ ထိုအခါ မာရ်နတ်သည် အထံတော်မှထွက်သွား၍ ကောင်းကင်တမန်တို့သည် ချဉ်းကပ်လျက် လုပ် ကျွေးကြ၏။

စာတန် မာရ်နတ်သည် ၎င်း၏ ယခင်နှစ်ကြိမ် လှည့်ဖြားခြင်းများ မအောင်မြင်သောကြောင့် နောက်တစ်ကြိမ် ထပ်ကြိုးစားခဲ့သေးသည်။ ၎င်းက ကမ္ဘာပေါ်ရှိ တိုင်းနိုင်ငံများ အားလုံးနှင့် ထိုတိုင်းနိုင်ငံတို့၏ ကြွယ်ဝချမ်းသာမှုကို သခင်ယေရှုအားပြပြီး ၎င်းကို ကိုးကွယ်ခိုင်းသည်။ ဤအခြေအနေမှ မာရ်နတ်၏ အင်္ဂါရပ်အစစ်အမှန်များ နှင့်ပတ်သက်၍ မည်သည့်အရာကို သင်မြင်ရသနည်း။ စာတန်မာရ်နတ်သည် လုံးဝ အရှက်မဲ့သည် မဟုတ်လော။ (ဟုတ်ပါသည်။) ၎င်းသည် အဘယ်သို့ အရှက်မဲ့သနည်း။ အရာခပ်သိမ်းကို ဘုရားသခင်က ဖန်ဆင်းခဲ့သည့်တိုင် စာတန်က ပြောင်းပြန်လှည့်ပြီး၊ “ဤတိုင်းနိုင်ငံ အားလုံးတို့၏ ဘုန်းစည်းစိမ်တို့ကို ကြည့်ပါ၊ ကိုယ်တော်သည် ငါ့ကိုညွတ်ပြပ် ကိုးကွယ်လျှင် ယခုပြလေသမျှတို့ကို ငါပေးမည်။” ဟု ပြောရင်း ဘုရားသခင်ကို အရာခပ်သိမ်း ပြသခဲ့သည်။ ဤသည်မှာ အခန်းကဏ္ဍ လုံးဝ ပြောင်းပြန်ဖြစ်နေခြင်း မဟုတ်လော။ စာတန်သည် အရှက်မဲ့သည် မဟုတ်လော။ ဘုရားသခင်သည် အရာခပ်သိမ်းကို ဖန်ဆင်းခဲ့သည်၊ သို့သော် သူ၏ ပျော်ရွှင်မှုအတွက် အရာခပ်သိမ်းကို ဖန်ဆင်းခဲ့သလော။ သူသည် အရာခပ်သိမ်းကို လူသားမျိုးနွယ်အား ပေးခဲ့သည်၊ သို့သော် စာတန်သည် ထိုအရာအားလုံးကို သိမ်းပိုက်လိုခဲ့ပြီး၊ ထိုအရာအားလုံးကို သိမ်းပိုက်ထားပြီးနောက်၊ ဘုရားသခင်ကို၊ “ငါ့ကို ကိုးကွယ်လော့။ ငါ့ကို ကိုးကွယ်ပါက ဤအရာအားလုံးကို သင့်အား ငါပေးမည်။” ဟု ပြောခဲ့လေသည်။ ဤသည်မှာ စာတန်၏ အကျည်းတန်သော သွင်ပြင်ဖြစ်သည်။ ၎င်းသည် လုံးဝ အရှက်ကင်းမဲ့သည် မဟုတ်လော။ စာတန်သည် “အရှက်” ဟူသော စကား၏ အဓိပ္ပာယ်ကိုပင် မသိပေ။ ဤသည်မှာ ၎င်း၏ ဆိုးယုတ်ခြင်းနှင့်ဆိုင်သော နောက်ထပ် နမူနာဖြစ်သည်။ ၎င်းသည် အရှက်ဟူသည့်အရာကိုပင် မသိပေ။ ဘုရားသခင်သည် အရာခပ်သိမ်းကို ဖန်ဆင်းခဲ့ပြီး အရာခပ်သိမ်းအပေါ် စီမံခန့်ခွဲကာ အုပ်စိုးသည်ကို စာတန်က ရှင်းရှင်းလင်းလင်း သိ၏။ အရာခပ်သိမ်းသည် လူသားနှင့် သက်ဆိုင်ခြင်းမရှိသကဲ့သို့ စာတန်နှင့် သာ၍မသက်ဆိုင်ဘဲ ဘုရားသခင်နှင့် သက်ဆိုင် ပေသည်၊ သို့သော် စာတန်မာရ်နတ်သည် အရာခပ်သိမ်းကို ဘုရားသခင်အား ပေးမည်ဟု အရှက်မရှိ ပြောခဲ့၏။ ဤသည်မှာ စာတန်က အဓိပ္ပာယ်ကင်းမဲ့ပြီး အရှက်မဲ့စွာ နောက်တစ်ဖန် လုပ်ဆောင်ခြင်းနှင့်ဆိုင်သော နောက်ထပ် ဥပမာတစ်ခု ဖြစ်သည် မဟုတ်လော။ ဤအရာက ဘုရားသခင်အား စာတန်ကို သာ၍ မုန်းတီးဖို့ ဖြစ်စေသည်၊ မဟုတ်လော။ သို့သော် စာတန်သည် မည်သည့်အရာကို ကြိုးစားသည်ဖြစ်စေ သခင်ယေရှုသည် လှည့်စားခံခဲ့ရသလော။ သခင်ယေရှုက မည်သည့်အရာ ပြောခဲ့သနည်း။ (“သင်၏ဘုရားသခင် ထာဝရဘုရားကို ကိုးကွယ်ရမည်၊ ထိုဘုရားသခင်ကိုသာ အစေခံရမည်။”) ဤနှုတ်ကပတ်တော်များတွင် လက်တွေ့ကျသော အဓိပ္ပာယ် ရှိသလော။ (ရှိပါသည်။) မည်သည့် လက်တွေ့ကျသော အဓိပ္ပာယ်မျိုးနည်း။ စာတန်၏ပြောဆိုချက်တွင် ၎င်း၏ ဆိုးယုတ်မှုနှင့် အရှက်ကင်းမဲ့မှုကို ငါတို့တွေ့ရသည်။ ထို့ကြောင့် လူသားသည် စာတန်ကို ကိုးကွယ်လျှင် ရလဒ်မှာ အဘယ်အရာဖြစ်မည်နည်း။ သူတို့သည် တိုင်းနိုင်ငံများအားလုံး၏ ကြွယ်ဝချမ်းသာခြင်းနှင့် ဘုန်းစည်းစိမ်တို့ကို ရရှိမည်လော။ (ရရှိမည် မဟုတ်ပါ။) သူတို့ မည်သည့်အရာ ရကြမည်နည်း။ လူသားမျိုးနွယ်သည် စာတန်ကဲ့သို့ အရှက်မဲ့ကာ လှောင်ပြောင်ဖွယ်ဖြစ်လာလိမ့်မည် မဟုတ်လော။ (ဟုတ်ပါသည်။) ထိုအခါ ၎င်းတို့သည် စာတန်နှင့် မခြားနားဘဲ ဖြစ်လိမ့်မည်။ ထို့ကြောင့် သခင်ယေရှုသည် လူသားတစ်ဦးချင်းစီတိုင်းအတွက် အရေးကြီးသော ဤနှုတ်ကပတ်တော်များကို ပြောခဲ့ခြင်းဖြစ်သည်- “သင်၏ဘုရားသခင် ထာဝရဘုရားကို ကိုးကွယ်ရမည်၊ ထိုဘုရားသခင်ကိုသာ အစေခံရမည်။” ဆိုလိုသည်မှာ သခင့်အတွက်မှ လွဲ၍၊ ဘုရားသခင်ကိုယ်တော်တိုင်အတွက်မှလွဲ၍ အခြားသူကို သင်အစေခံလျှင်၊ စာတန်မာရ်နတ်ကို သင်ကိုးကွယ်လျှင်၊ သင်သည် စာတန်နည်းတူ အညစ်အကြေးတွင် လူးလိမ့်ပျော်မြူးနေခြင်းဖြစ်မည်။ ထိုအခါ သင်သည် စာတန်၏ အရှက်မဲ့ခြင်းနှင့် ၎င်း၏ ဆိုးယုတ်ခြင်းတို့ကို ဝေမျှခံစားလိမ့်မည် ဖြစ်ပြီး၊ စာတန်ကဲ့သို့ပင် သင်သည် ဘုရားသခင်ကို ဖြားယောင်း သွေးဆောင်ကာ တိုက်ခိုက်လိမ့်မည်။ ထိုအခါတွင် သင့်အတွက် နိဂုံးသည် မည်သည့်အရာ ဖြစ်မည်နည်း။ သင်သည် ဘုရားသခင်၏ စက်ဆုပ်ခြင်းကို ခံရမည်၊ ဘုရားသခင်၏ ရိုက်ချခြင်းကို ခံရမည်၊ ဘုရားသခင်၏ ဖျက်ဆီးခြင်းကို ခံရမည်။ စာတန်သည် သခင်ယေရှုကို အောင်မြင်ခြင်းမရှိဘဲ အကြိမ်ကြိမ် ဖြားယောင်း သွေးဆောင်ပြီးနောက်တွင် နောက်တစ်ကြိမ် ကြိုးစားခဲ့သလော။ စာတန်သည် နောက်တစ်ကြိမ် မကြိုးစားတော့ဘဲ ထွက်ခွာသွားခဲ့သည်။ ဤအရာက အဘယ်အရာကို သက်သေပြ သနည်း။ ယင်းမှာ စာတန်၏ ဆိုးယုတ်သောသဘာဝ၊ ၎င်း၏ မလိုတမာစိတ်၊ ရယ်ဖွယ်ကောင်းမှုနှင့် ယုတ္တိမရှိခြင်းတို့သည် ဘုရားသခင်ရှေ့မှောက်တွင် ဖော်ပြရန် မထိုက်တန်သည်ကို သက်သေပြသည်။ သခင်ယေရှုက စာတန်ကို ဝါကျသုံးကြောင်း ဖြင့်သာ အနိုင်ယူခဲ့သည်။ ထို့နောက်တွင် ၎င်းသည် အမြီးကုတ်၍ ၎င်း၏မျက်နှာပြရန် အလွန်ရှက်လျက် သုတ်သုတ်ပျာပျာ ပြေးထွက်သွားခဲ့ပြီး၊ သခင်ယေရှုကို နောက်တစ်ကြိမ် လုံးဝ ဖြားယောင်းသွေးဆောင်ခြင်း မပြုတော့ပေ။ သခင်ယေရှုသည် စာတန်၏ ဤသွေးဆောင်ဖြားယောင်းခြင်းကို အနိုင်ယူခဲ့ပြီး ဖြစ်သည့်အတွက်၊ သူသည် သူ လုပ်ဆောင်ရမည့်အမှုနှင့် သူ၏ရှေ့မှောက်၌ ချခင်းထားသော အမှုကို ယခု အလွယ်တကူ ဆက်လုပ်ဆောင်နိုင်ခဲ့သည်။ ဤအခြေအနေတွင် သခင်ယေရှု ပြောဆို လုပ်ဆောင်ခဲ့သော အရာအားလုံးသည် မျက်မှောက်ခေတ် အဖို့ အသုံးပြုမည်ဆိုပါက လူတိုင်းအတွက် လက်တွေ့ကျသော အဓိပ္ပာယ် တစ်ခုတစ်လေ ရှိသလော။ (ရှိပါသည်။) မည်သို့သော လက်တွေ့အဓိပ္ပာယ် ဖြစ်သနည်း။ စာတန်ကို အနိုင်ယူခြင်းမှာ လုပ်ဆောင်ရန် လွယ်ကူသော အရာဖြစ်သလော။ စာတန်၏ ဆိုးယုတ်သော သဘာဝနှင့်သက်ဆိုင်သည့် ရှင်းလင်းသော သိနားလည်မှုကို လူတို့ ရှိရမည်လော။ စာတန်၏ သွေးဆောင်မှုများနှင့်ဆိုင်သော တိကျမှန်ကန်သည့် သိနားလည်မှုကို လူတို့ ရှိရမည်လော။ (ရှိရပါမည်။) သင် ကိုယ်တိုင်၏ အသက်တာတွင် စာတန်၏ သွေးဆောင်မှုကို တွေ့ကြုံသည့်အခါ၊ သင်သည် စာတန်၏ ဆိုးယုတ်သော သဘာဝကို ရိပ်စားမိနိုင်ပါက၊ ၎င်းကို အနိုင်ယူနိုင်မည် မဟုတ်လော။ အကယ်၍ စာတန်၏ ရယ်ဖွယ်ကောင်းမှုနှင့် ယုတ္တိမရှိမှုတို့ကို သင်သိရှိခဲ့ပါက သင်သည် စာတန်ဘက်တွင် ရပ်တည်ပြီး ဘုရားသခင်ကို တိုက်ခိုက်ဦးမည်လော။ အကယ်၍ စာတန်၏ မလိုမုန်းထားမှုနှင့် အရှက်မဲ့ခြင်းတို့သည် သင်မှတစ်ဆင့် မည်သို့ ဖော်ထုတ်ပြခံရသည်ကို သင်နားလည်ပါက- ဤအရာများကို ရှင်းလင်းစွာ သင် သတိပြုမိပြီး နားလည်ပါက- သင်သည် ဤနည်းဖြင့် ဘုရားသခင်ကို တိုက်ခိုက်၍ သွေးဆောင်ဦးမည်လော။ (သွေးဆောင်မည် မဟုတ်ပါ။) မည်သည့်အရာကို သင် လုပ်မည်နည်း။ (ကျွန်ုပ်တို့သည် စာတန်ကို ဆန့်ကျင်ပုန်ကန်ပြီး စွန့်ပစ်ပါမည်။) ယင်းမှာ လုပ်ဆောင်ရန် လွယ်ကူသော အရာတစ်ခုလော။ ယင်းသည် မလွယ်ကူပေ။ ဤအရာကို လုပ်ဆောင်ရန်၊ လူတို့အနေဖြင့် မကြာခဏ ဆုတောင်း ရမည်၊ ဘုရားသခင် ရှေ့မှောက်၌ မိမိတို့ကိုယ်ကိုယ် ထားရှိရမည် ဖြစ်ပြီး မိမိတို့ကိုယ်ကိုယ် ဆန်းစစ်ရမည်ဖြစ်သည်။ ပြီးလျှင် ၎င်းတို့သည် ဘုရားသခင်၏ ဆုံးမပဲ့ပြင်ခြင်း၊ သူ၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှုတို့အား သူတို့ပေါ် ကျရောက် ခွင့်ပေးရမည်။ ဤနည်းလမ်းဖြင့်သာ လူတို့သည် စာတန်၏ လှည့်ဖြားခြင်းနှင့် ထိန်းချုပ်မှုမှ မိမိကိုယ်ကိုယ် တဖြည်းဖြည်း လွတ်မြောက်စေလိမ့်မည်။

ယခု၊ စာတန်ပြောခဲ့သည့် ဤစကားများအားလုံးကို ကြည့်ခြင်းဖြင့်၊ စာတန်၏အနှစ်သာရကို ဖန်တီးသည့်အရာများကို ငါတို့ အကျဉ်းချုပ်မည်ဖြစ်သည်။ ပထမဦးစွာ စာတန်၏ အနှစ်သာရသည် ဘုရားသခင်၏ သန့်ရှင်းခြင်းနှင့် မတူ ကွဲပြားလျက်၊ ယေဘုယျအားဖြင့် ဆိုးယုတ်သည်ဟု ပြောနိုင်သည်။ စာတန်၏ အနှစ်သာရသည် ဆိုးယုတ်သည်ဟု ငါအဘယ်ကြောင့် ပြောသနည်း။ ဤမေးခွန်းကို ဖြေဖို့ရန်၊ လူတို့ကို စာတန် လုပ်ဆောင်သည့်အရာ၏ အကျိုးဆက်များကို ဆန်းစစ်ရမည်။ စာတန်သည် လူကို ဖောက်ပြန်ပျက်စီးစေပြီး ထိန်းချုပ်သည်၊ ပြီးလျှင် လူသားသည် စာတန်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအောက်တွင် ပြုမူပြီး၊ စာတန်က ဖျက်ဆီးထားသော လူတို့၏ လောကတစ်ခုတွင် အသက်ရှင်လေသည်။ လူသားမျိုးနွယ်သည် အမှတ်တမဲ့ စာတန်၏ ပိုင်ဆိုင်မှုနှင့် သိမ်းသွင်းခြင်းကို ခံကြရသည်။ ထို့ကြောင့် လူသားတွင် စာတန်၏ သဘာဝဖြစ်သော သူ၏ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားရှိသည်။ စာတန် ပြောဆို၊ လုပ်ဆောင်ခဲ့သမျှတိုင်းမှ၊ ၎င်း၏မာနထောင်လွှားမှုကို သင်မြင်ပြီလော။ ၎င်း၏ လှည့်ဖြားမှုနှင့် မလိုမုန်းထားမှုတို့ကို မြင်ပြီလော။ စာတန်၏မာနထောင်လွှားမှုကို အဓိကအားဖြင့် မည်သို့ ပြသထားသနည်း။ စာတန်သည် ဘုရားသခင်၏နေရာကို အစဉ်အမြဲ ယူလိုသော ဆန္ဒသိုထားသလော။ လူတို့အနေဖြင့် စာတန်နောက်လိုက်ပြီး၊ သူ့ကို ပံ့ပိုးကာ ကိုးကွယ်ဖို့ရန်အလို့ငှာ၊ စာတန်သည် ဘုရားသခင်၏ အမှုနှင့် ဘုရားသခင်၏နေရာကို ဖျက်ဆီးပြီး မိမိကိုယ်ကိုယ်အတွက် ရယူလိုသည်။ ဤသည်မှာ စာတန်၏ မာနထောင်လွှားသော သဘာဝဖြစ်သည်။ စာတန်က လူတို့ကို ဖောက်ပြန်ပျက်စီးစေသည့်အခါ ၎င်းတို့ လုပ်သင့်သည့် အရာကို တိုက်ရိုက်ပြောသလော။ ဘုရားသခင်ကို စာတန် သွေးဆောင်သောအခါ ၎င်းသည် ထွက်လာပြီး “ငါသည် သင့်ကို သွေးဆောင်နေသည်၊ သင့်ကို ငါတိုက်ခိုက်မည်” ဟု ပြောသလော။ လုံးဝမပြောပေ။ သို့ဖြစ်ရာ စာတန်က မည်သည့်နည်းလမ်းကို သုံးသနည်း။ ၎င်းသည် ဖြားယောင်း၏၊ သွေးဆောင်၏၊ တိုက်ခိုက်ပြီး၊ ထောင်ချောက်ဆင်၏။ သမ္မာကျမ်းစာများမှပင် ကိုးကားလေ၏။ စာတန်သည် ၎င်း၏ အန္တရာယ်ပေးနိုင်သော ရည်ရွယ်ချက်များနှင့် အကြံများ ပြည့်စုံရန်အတွက် နည်းလမ်းမျိုးစုံဖြင့် ပြောဆိုပြုမူသည်။ ဤအရာကို စာတန်က လုပ်ဆောင်ပြီးသည့်အခါ၊ လူသားတွင် ပြသထားသည့်အရာမှ မည်သည့်အရာကို မြင်ရသနည်း။ လူတို့သည်လည်း မာနထောင်လွှားလာကြသည် မဟုတ်လော။ လူသားသည် စာတန်၏ ဖောက်ပြန်ဖျက်ဆီးခြင်းမှ နှစ်ထောင်ပေါင်းများစွာ ဒုက္ခခံစားရပြီးဖြစ်၏၊ ထို့ကြောင့် လူသားသည် မာနထောင်လွှား လာသည်၊ လှည့်ဖြားတတ်လာသည်၊ မလိုမုန်းထားစိတ် ရှိလာသည်၊ အလွန်အမင်း မိုက်မဲလာသည်။ ဤအရာများ အားလုံးသည် စာတန်၏သဘာဝကြောင့် ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်သည်။ စာတန်၏သဘာဝသည့် ဆိုးယုတ်သည့်အတွက်၊ ဤဆိုးယုတ်သောသဘာဝကို လူသားအားပေးပြီးဖြစ်ကာ ဤဆိုးယုတ်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို လူသားထံ ယူဆောင်ပြီးဖြစ်သည်။ ထို့ကြောင့်၊ လူသားသည် ဖောက်ပြန်ပျက်စီးသော စာတန်ဆန်သည့် စိတ်သဘောထား အောက်တွင် အသက်ရှင်ပြီး စာတန်ကဲ့သို့ ဘုရားသခင်ကို အာခံသည်၊ တိုက်ခိုက်ပြီး စုံစမ်းသွေးဆောင်သည်မှာ ဘုရားသခင်ကို လူသားက မကိုးကွယ်နိုင်သကဲ့သို့ သူ့ကို ကြောက်ရွံ့သည့် စိတ်နှလုံး မရှိတော့သည်အထိ ဖြစ်သည်။

စာတန်က လူကို ဖောက်ပြန်ပျက်စီးစေသည့် နည်းလမ်းငါးခု

ဘုရားသခင်၏ သန့်ရှင်းခြင်းနှင့် စပ်လျဉ်း၍၊ ရင်းနှီးသော ခေါင်းစဉ်တစ်ခုဖြစ်နိုင်သော်လည်း ဆွေးနွေးပြောဆိုသည့်အခါ အချို့ လူတို့အတွက် စိတ်ကူးသက်သက် အနည်းငယ် ဖြစ်ကောင်းဖြစ်လာနိုင်ပြီး အနည်းငယ် နက်နဲကာ ၎င်းတို့ အလှမ်းဝေးကောင်းဝေးနေနိုင်သည်။ သို့ရာတွင် စိုးရိမ်ပူပန်စရာမလိုပေ။ ဘုရားသခင်၏ သန့်ရှင်းခြင်းမှာ အဘယ်အရာဖြစ်သည်ကို သင်တို့နားလည်စေရန် ငါကူညီမည်။ လူတစ်ဦးသည် မည်သို့သော လူအမျိုးအစား ဖြစ်ကြောင်း နားလည်ဖို့ရန်၊ ၎င်းတို့ လုပ်ဆောင်သည့်အရာနှင့် ၎င်းတို့ လုပ်ရပ်များ၏ ရလဒ်တို့ကို ကြည့်လော့၊ ထို့နောက် ထိုလူ၏ အနှစ်သာရကို သင်မြင်နိုင်လိမ့်မည် ဖြစ်သည်။ ဤနည်းအတိုင်း ဆို၍ရနိုင်ပါသလော။ (ဆိုနိုင်ပါသည်။) ထိုသို့ဖြစ်လျှင် ပထမဦးစွာ ဘုရားသခင်၏ သန့်ရှင်းခြင်းနှင့် ပတ်သက်၍ ဤရှုထောင့်မှ မိတ်သဟာယပြုကြစို့။ စာတန်၏ အနှစ်သာရသည် ဆိုးယုတ်သည်၊ ထို့ကြောင့် စာတန်၏ လူသားအပေါ် လုပ်ဆောင်ချက်များသည် ၎င်းတို့ကို မရပ်မနား ဖောက်ပြန်ပျက်စီးစေရန် ဖြစ်သည်။ စာတန်သည် ဆိုးယုတ်သည်၊ ထို့ကြောင့် ၎င်းဖျက်ဆီးထားသော လူများသည်လည်း ဧကန်မုချ ဆိုးယုတ်၏။ “စာတန်က ဆိုးယုတ်သော်လည်း ၎င်းဖျက်ဆီးထားသော တစ်စုံတစ်ယောက်သည် သန့်ရှင်းကောင်း သန့်ရှင်းလိမ့်မည်” ဟု တစ်ဦးတစ်လေက ပြောမည်လော။ ယင်းသည် ရယ်စရာတစ်ခု ဖြစ်လိမ့်မည်၊ မဟုတ်လော။ ထိုသို့သောအရာသည် ဖြစ်နိုင်မည်လော။ (မဖြစ်နိုင်ပါ။) စာတန်သည် ဆိုးယုတ်သည်၊ ၎င်းတွင် ဆိုးယုတ်မှုတွင် ပဓာနကျသည့်အရာတစ်ခုနှင့် လက်တွေ့ကျသည့်ဖက် နှစ်ခုလုံးရှိသည်။ ဤသည်မှာ အချည်းနှီး စကားမျှသာ မဟုတ်။ ငါတို့သည် စာတန်ကို သွားပုပ်လေလွင့် ပြောဆိုရန် ကြိုးပမ်းနေခြင်း မဟုတ်ပေ။ ငါတို့သည် သမ္မာတရားနှင့် လက်တွေ့အရှိတရားအကြောင်းကို မိတ်သဟာယ ပြုနေခြင်းသာ ဖြစ်သည်။ ဤအကြောင်းအရာ၏ လက်တွေ့ အရှိတရားအပေါ် မိတ်သဟာယပြုခြင်းသည် လူအချို့ သို့မဟုတ် အချို့သော လူအုပ်စုများကို ထိခိုက်ကောင်း ထိခိုက်မိလိမ့်မည်၊ သို့ရာတွင် မလိုမုန်းထားသော ရည်ရွယ်ချက်မရှိပေ။ သင်တို့သည် ယနေ့တွင် ဤအရာကို ကြားကြရပြီး အနည်းငယ် မသက်မသာ ဖြစ်နိုင်ကောင်းဖြစ်နိုင်သည်၊ သို့သော် မကြာမီ တစ်နေ့နေ့တွင် ထိုအရာကို သင်တို့ အသိအမှတ် ပြုလာနိုင်သောအခါ သင်တို့သည် မိမိတို့ကိုယ်ကိုယ် စက်ဆုပ်ရွံရှာကြလိမ့်မည်ဖြစ်ပြီး ယနေ့ ငါတို့ပြောဆိုသည့်အရာသည် သင်တို့အဖို့ အလွန်အသုံးဝင်ပြီး အလွန်တန်ဖိုးရှိသည်ဟု သင်တို့ခံစား ကြရလိမ့်မည်။ စာတန်၏ အနှစ်သာရသည် ဆိုးယုတ်သည်။ ထို့ကြောင့် စာတန် လုပ်ရပ်များ၏ အကျိုးဆက်များသည် မလွဲဧကန် ဆိုးယုတ်သည် သို့မဟုတ် အနည်းဆုံးအနေဖြင့် ဆိုးယုတ်မှုနှင့် ဆက်နွှယ်သည်ဟု ငါတို့ပြောနိုင်သလော။ (ပြောနိုင်ပါသည်။) သို့ဖြစ်လျှင် စာတန်သည် လူကို မည်သို့ဖောက်ပြန်ပျက်စီးစေသနည်း။ လောကထဲနှင့် လူသားမျိုးနွယ်များကြား စာတန် လုပ်ဆောင်သည့် ဆိုးယုတ်မှုထဲမှ၊ မည်သည့် တိကျသော ရှုထောင့်များသည် လူတို့အဖို့ မြင်သာပြီး သတိထားမိ လောက်စရာ ဖြစ်သနည်း။ ဤအရာကို သင်တို့ ယခင်က စဉ်းစားဖူးသလော။ သင်တို့သည် ထိုကိစ္စကို သိပ်ထည့်စဉ်းစားကောင်း စဉ်းစားမည်မဟုတ်၊ ထို့ကြောင့် အဓိကကျသော အချက်အချို့ကို ငါတင်ပြပါရစေ။ စာတန်အဆိုပြုသည့် ဆင့်ကဲဖြစ်စဉ်သီအိုရီကို လူတိုင်း သိကြသည်၊ ဟုတ်ပါ၏လော။ ဤသည်မှာ လူက လေ့လာသင်ကြားသည့် အသိပညာနယ်ပယ်တစ်ခု ဖြစ်သည်၊ မဟုတ်လော။ (ဟုတ်ပါသည်။) သို့ဖြစ်ရာ၊ စာတန်သည် ပထမဦးစွာ လူကို ဖောက်ပြန်ပျက်စီးစေဖို့ အသိပညာကို အသုံးပြုပြီး ၎င်းတို့အား အသိပညာ ပေးဖို့ရန် မိမိကိုယ်တိုင်၏ ဆိုးယုတ်သော နည်းလမ်းများကို အသုံးပြုလေသည်။ ထို့နောက် ၎င်းသည် အသိပညာ၊ သိပ္ပံနှင့် နက်နဲသော အရာများ သို့မဟုတ် လူအများ လေ့လာစူးစမ်းလိုစိတ်ရှိသော ကိစ္စရပ်များတွင် သူတို့၏ စိတ်ဝင်စားမှုကို နှိုးဆွပေးရင်း လူကို ဖောက်ပြန်ပျက်စီးစေဖို့ သိပ္ပံပညာကို အသုံးပြုလေသည်။ လူကို ဖျက်ဆီးရန် စာတန် နောက်ထပ်သုံးသော အရာများမှာ ရိုးရာယဉ်ကျေးမှုနှင့် အယူသီးခြင်းတို့ဖြစ်ပြီး ယင်းနောက်တွင် လူမှုရေး ရေပန်းစားမှုများ ဖြစ်သည်။ ဤအရာများအားလုံးသည် လူတို့အနေဖြင့် ၎င်းတို့၏ နေ့စဉ် အသက်တာများတွင် ကြုံရသည့် အရာများဖြစ်ပြီး အားလုံးသည် လူတို့နှင့် ကပ်လျက် တည်ရှိကြလေသည်။ ထိုအရာများအားလုံးသည် ၎င်းတို့ မြင်သောအရာ၊ ၎င်းတို့ကြားသောအရာ၊ ၎င်းတို့ ထိတွေ့သောအရာနှင့် ၎င်းတို့ တွေ့ကြုံသော အရာများနှင့် ဆက်နွှယ်နေသည်။ လူသားအယောက်စီတိုင်းသည် ၎င်းတို့ ဖြစ်ချင်လျှင်ပင် ထိုအရာများမှ မိမိကိုယ်ကိုယ် မလွတ်မြောက်နိုင် သို့မဟုတ် မလွတ်ကင်းစေနိုင်ဘဲ ၎င်းတို့၏ အသက်တာများကို ဤအရာများ ဝန်းရံလျက် အသက်ရှင်ကြလေသည်။ ဤအရာများနှင့် ရင်ဆိုင်ရာတွင်၊ လူသားမျိုးနွယ်သည် အကူအညီမဲ့ပြီး၊ လူသား လုပ်နိုင်သမျှမှာ အလွှမ်းမိုးခံရဖို့၊ ကူးစက်ခံရဖို့၊ ထိန်းချုပ်ခံရဖို့နှင့် ထိုအရာများဖြင့် ချုပ်နှောင် ခံရဖို့သာ ဖြစ်သည်။ လူသားသည် ထိုအရာများမှ မိမိကိုယ်ကိုယ် လွတ်မြောက်စေဖို့ အစွမ်းတန်ခိုး ကင်းမဲ့လေသည်။

(က) လူသားကို ဖောက်ပြန်ပျက်စီးစေရန် စာတန်က အသိပညာကို အသုံးပြုပုံ

ပထမဦးစွာ၊ အသိပညာအကြောင်း ငါတို့ပြောကြမည်။ အသိပညာသည် အပြုသဘောဆောင်သော အရာတစ်ခုအဖြစ် အယောက်တိုင်း စဉ်းစားသည့်အရာတစ်ခု ဖြစ်သလော။ အနည်းဆုံးအနေဖြင့် လူများသည် “အသိပညာ” ဟူသော စကားလုံး၏ ဂယက်အနက်သည် အပျက်သဘောထက် အပြုသဘောဖြစ်သည်ဟု လူတို့ ထင်ကြသည်။ သို့ဆိုလျှင် စာတန်က လူကို ဖောက်ပြန်ပျက်စီးစေဖို့ အသိပညာကို အသုံးပြုသည်ဟု ဤနေရာတွင် ငါတို့ အဘယ်ကြောင့် ဖော်ပြနေကြသနည်း။ ဆင့်ကဲဖြစ်စဉ်သီအိုရီသည် အသိပညာ၏ ရှုထောင့်တစ်ခု မဟုတ်လော။ နယူတန်၏ သိပ္ပံပညာဆိုင်ရာ ဥပဒေသများသည် အသိပညာ၏ အစိတ်အပိုင်းဖြစ်သည် မဟုတ်လော။ ကမ္ဘာကြီး၏ ဆွဲငင်အားသည်လည်း အသိပညာ၏ အစိတ်အပိုင်းဖြစ်သည်၊ မဟုတ်လော။ (ဟုတ်ပါသည်။) သို့ဖြစ်လျှင် လူသားမျိုးနွယ်ကို ဖောက်ပြန်ပျက်စီးစေရန် စာတန်အသုံးပြုသော အရာများအကြားတွင် အသိပညာကို အဘယ်ကြောင့် စာရင်းပြုထားသနည်း။ ဤအရာအပေါ် သင်၏ အမြင်မှာ အဘယ်နည်း။ အသိပညာတွင် သမ္မာတရား အနည်းငယ်မျှပင် ရှိပါသလော။ (မရှိပါ။) သို့ဆိုလျှင် အသိပညာ၏ အနှစ်သာရက အဘယ်နည်း။ မည်သည့်အခြေခံအကြောင်းရင်း ပေါ်တွင် လူသား ဆည်းပူးသည့် အသိပညာအားလုံးကို လေ့လာသင်ယူရသနည်း။ ဆင့်ကဲဖြစ်စဉ် သီအိုရီပေါ်တွင် အခြေခံသလော။ စူးစမ်းရှာဖွေခြင်းနှင့် ပေါင်းရုံးဖော်ပြချက်တို့ မှတစ်ဆင့် လူက ရရှိထားသည့် အသိပညာမှာ ဘုရားမဲ့ဝါဒကို အခြေခံသည် မဟုတ်လော။ ဤအသိပညာ တစ်ခုတစ်လေသည် ဘုရားသခင်နှင့် ဆက်နွှယ်မှု ရှိသလော။ ယင်းသည် ဘုရားသခင်ကို ကိုးကွယ်ခြင်းနှင့် ဆက်နွှယ်သလော။ ယင်းသည် သမ္မာတရားနှင့် ဆက်နွှယ် သလော။ (မဆက်နွှယ်ပါ။) သို့ဆိုလျှင် စာတန်သည် လူကို ဖောက်ပြန်ပျက်စီးစေဖို့ အသိပညာကို မည်သို့ အသုံးပြုသနည်း။ ဤအသိပညာ၏ မည်သည့်အရာကမျှ ဘုရားသခင်ကို ကိုးကွယ်ခြင်း သို့မဟုတ် သမ္မာတရားနှင့် ဆက်နွှယ်ခြင်းမရှိဟု ယခုပင် ငါပြောခဲ့သည်။ လူအချို့က ထိုအရာကို ဤကဲ့သို့ စဉ်းစားကြသည်- “အသိပညာသည် သမ္မာတရားနှင့် မည်သို့မျှ သက်ဆိုင်ခြင်းရှိကောင်းရှိလိမ့်မည် မဟုတ်သော်လည်း ယင်းသည် လူကိုမပျက်စီးစေသေးပါ။” ဤအရာအပေါ် သင်တို့၏ အမြင်မှာ အဘယ်နည်း။ လူတစ်ဦး၏ ပျော်ရွှင်မှုကို မိမိတို့၏ ကိုယ်ပိုင် လက်နှစ်ဖက်ဖြင့် ဖန်တီးရမည်ဟူသော အသိပညာကို သင့်အား သင်ပေးခဲ့သလော။ လူ၏ ကံကြမ္မာသည် သူ၏ကိုယ်ပိုင် လက်ထဲတွင် ရှိသည်ဟု အသိပညာက သင့်ကို သင်ပေး ခဲ့ဖူးသလော။ (သင်ပေးခဲ့ပါသည်။) ဤသည်မှာ မည်သို့သော ပြောဆိုမှုမျိုးဖြစ်သနည်း။ (ယင်းသည် ဆိုးယုတ်သော ပြောဆိုမှု ဖြစ်ပါသည်။) လုံးဝမှန်သည်။ ယင်းသည် ဆိုးယုတ်သော ပြောဆိုမှု ဖြစ်ပေသည်။ အသိပညာသည် ဆွေးနွေးရန် ရှုပ်ထွေးသည့် အကြောင်းအရာ ဖြစ်သည်။ သင့်အနေဖြင့် အသိပညာ နယ်ပယ်တစ်ခုသည် အသိပညာထက် ဘာမျှမပိုဟု ရိုးရှင်းစွာ ဖော်ပြနိုင်သည်။ ယင်းမှာ ဘုရားသခင်ကို ကိုးကွယ်မှု မပြုခြင်းနှင့် ဘုရားသခင်က ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူသည်ကို နားမလည်ခြင်းပေါ် အခြေခံ၍ လေ့လာသင်ကြားရသည့် အသိပညာ၏ နယ်ပယ်တစ်ခုဖြစ်သည်။ လူတို့သည် ဤကဲ့သို့သော အသိပညာမျိုးကို လေ့လာသည့်အခါ ဘုရားသခင်သည် ခပ်သိမ်းသော အရာများအပေါ် အချုပ်အခြာ အာဏာရှိသည်ကို ၎င်းတို့မမြင်ကြချေ။ ခပ်သိမ်းသော အရာများကို ဘုရားသခင် ကွပ်ကဲအုပ်ချုပ်သည် သို့မဟုတ် စီမံခန့်ခွဲလျက်ရှိသည်ကို ၎င်းတို့မမြင်ကြချေ။ ယင်းအစား ၎င်းတို့ လုပ်ဆောင်သမျှမှာ အသိပညာ၏ ထိုနယ်ပယ်ကို မပြီးနိုင်မဆုံးနိုင် သုတေသနပြုကာ စူးစမ်းရှာဖွေပြီး အသိပညာပေါ်တွင် အခြေခံသော အဖြေများကို ရှာဖွေကြခြင်း ဖြစ်သည်။ သို့ရာတွင်၊ လူတို့သည် ဘုရားသခင်ကို မယုံကြည်ဘဲ ယင်းအစား သုတေသနကိုသာ လုပ်နေပါက ၎င်းတို့သည် မှန်ကန်သော အဖြေများကို မည်သည့်အခါမျှ ရှာတွေ့မည်မဟုတ်သည်မှာ မှန်ကန်သည် မဟုတ်လော။ အသိပညာက သင့်ကို ပေးနိုင်သမျှမှာ သင် ဆာလောင် မသွားဖို့ရန်အလို့ငှာ အသက်မွေးမှု၊ အလုပ်တစ်ခု၊ ဝင်ငွေတစ်ခုသာ ဖြစ်သည်။ သို့ရာတွင် ယင်းသည် သင့်ကို မည်သည့်အခါတွင်မျှ ဘုရားသခင်အား ကိုးကွယ်စေမည် မဟုတ်သကဲ့သို့ သင့်ကို မကောင်းမှုမှ ဝေးရာသို့ ဘယ်သောအခါမျှ ထိန်းသိမ်းပေးလိမ့်မည် မဟုတ်ပေ။ လူများက အသိပညာကို ပိုမိုသင်ယူလေ၊ ၎င်းတို့သည် ဘုရားသခင်ကို ဆန့်ကျင် ပုန်ကန်ရန်၊ ဘုရားသခင်ကို လေ့လာမှုများပြုရန်၊ ဘုရားသခင်ကို စုံစမ်းသွေးဆောင်ရန်နှင့် ဘုရားသခင်ကို ဆန့်ကျင်ရန် ဆန္ဒပိုရှိလေ ဖြစ်လိမ့်မည်။ သို့ဖြစ်ရာ ယခုတွင် အသိပညာက လူတို့ကို မည်သည့်အရာ သင်ပေး နေသည်ကို ငါတို့မြင်သနည်း။ စာတန်၏အတွေးခေါ်သာ ဖြစ်သည်။ ဖောက်ပြန်ပျက်စီးသော လူများကြားတွင် စာတန် ပျံ့နှံ့စေသည့် ရှင်သန်ခြင်းနှင့်ဆိုင်သော အတွေးအခေါ်များနှင့် စည်းမျဉ်းများသည် သမ္မာတရား နှင့် ဆက်နွှယ်မှု တစ်ခုတစ်လေ ရှိသလော။ ထိုအရာတို့သည် သမ္မာတရားနှင့် မည်သို့မျှ မသက်ဆိုင်သကဲ့သို့၊ အမှန်တွင် သမ္မာတရား၏ ဆန့်ကျင်ဘက် ဖြစ်ကြသည်။ လူတို့က၊ “ဘဝသည် လှုပ်ရှားမှုဖြစ်၏” ဟူ၍ လည်းကောင်း၊ “လူသည် သံဖြစ်သည်၊ ထမင်းသည် သံမဏိ ဖြစ်သည်၊ အစာတစ်နပ် လွတ်ပါက လူသည် ငတ်မွတ်မှုကို ခံစားရသည်။” ဟူ၍ လည်းကောင်း မကြာခဏ ပြောကြသည်။ ဤဆိုရိုးစကားများမှာ အဘယ်နည်း။ ၎င်းတို့သည် ယုတ္တိအမှားများဖြစ်ကြပြီး၊ ၎င်းတို့ကို ကြားရခြင်းက စက်ဆုပ်ရွံရှာဖွယ် ခံစားချက်တစ်ခု ဖြစ်စေသည်။ လူသား၏ အသိပညာဟုဆိုသည့် အရာတွင်၊ စာတန်သည် ၎င်း၏ အသက်ရှင်မှုအတွက် အတွေးအခေါ်နှင့် ၎င်း၏ အတွေးကို အနည်းငယ် စိမ့်ဝင်စေသည်။ ဤအရာကို စာတန်က လုပ်သည် နှင့်အမျှ၊ လူသားအနေဖြင့် ဘုရားသခင်၏ တည်ရှိခြင်းကို ငြင်းပယ်နိုင်ဖို့၊ အရာခပ်သိမ်းနှင့် လူသား၏ ကံကြမ္မာအပေါ် ဘုရားသခင်၏ အုပ်စိုးခြင်းကို ငြင်းပယ်နိုင်ဖို့အလို့ငှာ စာတန်သည် ၎င်း၏ စဉ်းစားမှု၊ အတွေးအခေါ်နှင့် ရှုထောင့် အမြင်များကို လူအား ခံယူခွင့်ပေးလေသည်။ ထို့ကြောင့် လူ၏ လေ့လာသင်ယူမှုများ တိုးတက်လာပြီး သာ၍များသော အသိပညာကို သူရရှိသည်နှင့်အမျှ၊ ဘုရားသခင်၏ တည်ရှိမှုမှာ မှေးမှိန်လာသည်ဟု သူခံစားရပြီး ဘုရားသခင် တည်ရှိသည်ဟုပင် ခံစားကောင်း ခံစားရတော့မည်မဟုတ်ပေ။ စာတန်သည် လူသားအတွင်းသို့ အချို့သော အတွေးများ၊ အမြင်များနှင့် အယူအဆများ သွတ်သွင်းပြီးဖြစ်သောကြောင့် စာတန်သည် လူသားအထဲသို့ ဤအဆိပ်ကို သွတ်သွင်းပြီးသည်နှင့် တစ်ပြိုင်နက် လူသားသည် စာတန်၏ လှည့်စားခြင်းနှင့် ဖောက်ပြန်ပျက်စီးစေခြင်းကို ခံရသည်မဟုတ်လော။ ဤသို့ဆိုလျှင် ယနေ့ခေတ်လူတို့သည် မည်သည့်အရာနှင့် ရှင်သန်ကြသည်ဟု သင်ဆိုမည်နည်း။ ၎င်းတို့သည် စာတန်သွတ်သွင်းထားသော အသိပညာနှင့် အတွေးများဖြင့် ရှင်သန်ကြသည်မဟုတ်လော။ ပြီးလျှင် ဤအသိပညာနှင့် အတွေးများအတွင်း ဖုံးကွယ်နေသော အရာများသည် စာတန်၏ အဆိပ်နှင့် အတွေးအမြင်များဖြစ်သည်မဟုတ်လော။ လူသားသည် စာတန်၏ အဆိပ်နှင့် အတွေးအမြင်များဖြင့် အသက်ရှင်၏။ လူသားကို စာတန်ဖျက်ဆီးခြင်း၏ အဓိကအချက်သည် မည်သည့်အရာဖြစ်သနည်း။ စာတန်သည် ၎င်းကဲ့သို့ပင် လူသားအား ဘုရားသခင်ကို ငြင်းဆန်စေလိုသည်၊ ဆန့်ကျင်ပြီး တွန်းလှန်အန်တုစေလိုသည်။ ဤသည်မှာ လူသားကို ဖျက်ဆီးရာတွင် စာတန်၏ ပန်းတိုင်ဖြစ်သည်။ စာတန်က လူသားကို ဖျက်ဆီးသည့် နည်းလမ်းများလည်း ဖြစ်သည်။

အသိပညာ၏ အပေါ်ယံအကျဆုံးသော သွင်ပြင်လက္ခဏာကို ဆွေးနွေးခြင်းဖြင့် ငါတို့ အစပြုမည်။ ဘာသာစကားများထဲက သဒ္ဒါနှင့် စကားလုံးများက လူတို့ကို ဖောက်ပြန်ပျက်စီး စေနိုင်သလော။ စကားလုံးများက လူတို့ကို ဖောက်ပြန်ပျက်စီး စေနိုင်သလော။ စကားလုံးများက လူကို မပျက်စီးစေပေ။ ယင်းတို့သည် လူများက စကားပြောဖို့ အသုံးပြုသည့် တန်ဆာပလာတစ်ခုဖြစ်သကဲ့သို့ ဘုရားသခင်နှင့် လူတို့ ဆက်သွယ်ရန် အသုံးပြုသည့် တန်ဆာပလာလည်း ဖြစ်သည်။ ဘာသာစကားနှင့် စကားလုံးများသည် ယခုအခါ ဘုရားသခင်က လူတို့နှင့် ဆက်သွယ်သောနည်းဖြစ်သည်ကို ပြောဖို့မလိုပေ။ ယင်းတို့သည် တန်ဆာပလာများဖြစ်ပြီး မရှိမဖြစ် လိုအပ်သည်။ တစ်နှင့်တစ်ပေါင်း နှစ်ဖြစ်ပြီး နှစ်အမြောက်နှစ် ညီမျှခြင်း လေးဖြစ်သည်။ ဤသည်မှာ အသိပညာ မဟုတ်လော။ သို့သော် ဤအရာက သင့်ကို ဖောက်ပြန်ပျက်စီးစေနိုင်သလော။ ဤသည်မှာ သာမန်အသိ- သတ်မှတ်ထားသော ပုံစံတစ်ခု ဖြစ်ပြီး၊ ထို့ကြောင့် လူကို ဖောက်ပြန်မပျက်စီးစေနိုင်ပေ။ သို့ဖြစ်ရာ မည်သည့်အသိပညာအမျိုးအစားက လူကို ဖောက်ပြန်ပျက်စီး စေသနည်း။ ဖောက်ပြန်ပျက်စီးစေသော အသိပညာမှာ စာတန်၏ ရှုထောင့်အမြင်များနှင့် အတွေးများ ရောယှက်နေသော အသိပညာ ဖြစ်သည်။ စာတန်သည် ဤရှုထောင့်အမြင်များနှင့် အတွေးများကို အသိပညာ ကြားခံမှတစ်ဆင့် လူသားမျိုးနွယ်ထဲသို့ စွဲမှတ်အောင် သွန်သင်ရန် ကြိုးစားသည်။ ဥပမာအားဖြင့်၊ ဆောင်းပါး တစ်ခုတွင်၊ ၎င်းတို့ကိုယ်၌ထဲက ရေးသားထားသော စကားလုံးများတွင် အမှားဘာမျှမရှိပေ။ ပြဿနာမှာ ဆောင်းပါး ရေးသားသည့်အချိန်၌ စာရေးသူ၏ ရှုထောင့်အမြင်များနှင့် ရည်ရွယ်ချက်အပြင်၊ ၎င်းတို့ အတွေးများ၏ အကြောင်းအရာပေါ် တည်လေသည်။ ဤအရာများသည် စိတ်ဝိညာဉ်နှင့် ဆိုင်သော အရာများဖြစ်ပြီး လူတို့ကို ဖောက်ပြန်ပျက်စီးစေနိုင်သည်။ ဥပမာအနေဖြင့်၊ သင်သည် ရုပ်မြင်သံကြား ဖျော်ဖြေမှု အစီအစဉ်တစ်ခုကို ကြည့်နေပါက၊ ယင်းအထဲက မည်သည့်အရာ အမျိုးအစားသည် သင်၏ အမြင်ကို ပြောင်းလဲစေနိုင်သနည်း။ သရုပ်ဆောင်များ ပြောသော စကားလုံးများကိုယ်၌က လူတို့ကို ဖောက်ပြန်ပျက်စီးစေနိုင်သလော။ (မပျက်စီးစေနိုင်ပါ။) မည်သို့သောအရာမျိုးများက လူတို့ကို ဖောက်ပြန်ပျက်စီး စေလိမ့်မည်နည်း။ ယင်းသည် ဒါရိုက်တာ၏ အမြင်များကို ကိုယ်စားပြုသည့် အစီအစဉ်၏ အဓိက စိတ်ကူးများနှင့် အကြောင်းအရာများဖြစ်ပေမည်။ ယင်းအမြင်များကို သယ်ဆောင် လာသော အချက်အလက်များသည် လူများ၏ စိတ်နှလုံးများနှင့် စိတ်ဓာတ်ကို ယိမ်းယိုင်စေနိုင်သည်။ ထိုသို့မဟုတ်လော။ လူများကို ဖျက်ဆီးရန် စာတန်က အသိပညာကို အသုံးပြုခြင်း အကြောင်း ငါ၏ဆွေးနွေးချက်ထဲ၌ အဘယ်အရာကို ငါရည်ညွှန်း နေကြောင်း ယခု သင်တို့သိကြပြီ။ သင်တို့ နားလည်မှု လွဲမည်မဟုတ်၊ မှန်၏လော။ ထို့ကြောင့် သင်သည် နောက်တစ်ခါ ဝတ္ထု သို့မဟုတ် ဆောင်းပါးတစ်ပုဒ် ဖတ်သည့်အခါ ရေးသားထားသည့် စကားများတွင် ဖော်ပြထားသော အတွေးများသည် လူသားမျိုးနွယ်ကို ဖောက်ပြန်ပျက်စီးစေခြင်း ရှိမရှိ သို့မဟုတ် လူသားမျိုးနွယ်ကို ဖြည့်ဆည်း ပေးခြင်း ရှိမရှိ ဆိုသည်ကို သင်သုံးသပ်နိုင်မည်လော။ (ကျွန်ုပ်တို့ အတိုင်းအတာ အနည်းငယ် လုပ်နိုင်ပါသည်။) ဤသည်မှာ တဖြည်းဖြည်းချင်း လေ့လာပြီး တွေ့ကြုံရမည့် တစ်စုံတစ်ရာမျိုးဖြစ်ပြီး ယင်းမှာ ချက်ချင်း အလွယ်တကူ နားလည်ရသည့် တစ်စုံတစ်ရာ မဟုတ်ပေ။ ဥပမာအားဖြင့်၊ အသိပညာ နယ်ပယ်တစ်ခုကို သုတေသန ပြုလုပ်ခြင်း သို့မဟုတ် လေ့လာခြင်း လုပ်သည့်အခါ ထိုအသိပညာ၏ အချို့သော အပြုသဘောဆောင်သော ရှုထောင့်များသည် ယင်းနယ်ပယ် အကြောင်းနှင့်ဆိုင်သည့် ယေဘုယျ အသိပညာကို သင် နားလည်စေရန် ကူညီကောင်း ကူညီနိုင်သော်လည်း၊ လူတို့သည် မည်သည့်အရာကို ရှောင်ရှားသင့်သည်ကိုလည်း သိစေနိုင်သည်။ ဥပမာအားဖြင့်၊ “လျှပ်စစ်” ကိုကြည့်ပါ- ဤသည်မှာ အသိပညာနယ်ပယ် တစ်ခုဖြစ်သည် မဟုတ်လော။ လျှပ်စစ်က လူကို ဓာတ်လိုက်ပြီး ထိခိုက်နိုင်သည်ကို သင်မသိခဲ့ပါက၊ သင်သည် အလွန်မသိ နားမလည်ဖြစ်လိမ့်မည် မဟုတ်လော။ သို့သော် ဤအသိပညာ နယ်ပယ်ကို သင်နားလည်လာသည်နှင့်တစ်ပြိုင်နက်၊ လျှပ်စစ် ပစ္စည်းများကို ထိကိုင်ခြင်းနှင့်ပတ်သက်၍ သင်သည် သတိမမူဘဲ ဖြစ်လိမ့်မည်မဟုတ်သကဲ့သို့၊ လျှပ်စစ်ကို မည်သို့ အသုံးပြုရမည်ကို သိလိမ့်မည်။ ဤအရာများသည် နှစ်ခုစလုံး အပြုသဘောဆောင်သောအရာများ ဖြစ်သည်။ အသိပညာက လူတို့ကို ပျက်စီးစေပုံအရ၊ ငါတို့ ဆွေးနွေးနေခဲ့ပြီး ဖြစ်သည့်အရာနှင့်ပတ်သက်၍ သင်တို့ရှင်းလင်းသလော။ ကမ္ဘာပေါ်တွင် လေ့လာရသည့် အသိပညာ အမျိုးအစားများစွာရှိပြီး ၎င်းတို့ကို မိမိအတွက် ခွဲခြားသိဖို့ရန် သင့်အနေဖြင့် အချိန်ယူရမည်ဖြစ်သည်။

(ခ) လူသားကို ဖောက်ပြန်ပျက်စီးစေရန် စာတန်က သိပ္ပံပညာကို အသုံးပြုပုံ

သိပ္ပံပညာဆိုသည်မှာ အဘယ်နည်း။ လူသား အယောက်စီတိုင်း၏ စိတ်ထဲတွင် သိပ္ပံပညာသည် သိက္ခာ မြင့်မြင့်မားမား စွဲကိုင်ထားပြီး နက်နဲ သိမ်မွေ့လှသည်ဟု ယူဆခံထားရသည် မဟုတ်လော။ သိပ္ပံပညာကို ဖော်ပြသည့်အခါ၊ “ဤသည်မှာ သာမန်လူများ နားမလည်နိုင်သည့် အရာဖြစ်သည်၊ သိပ္ပံဆိုင်ရာ သုတေသနပညာရှင်များ သို့မဟုတ် ကျွမ်းကျင်သူများ ကသာ မီနိုင်သည့် အကြောင်းအရာ တစ်ခုဖြစ်သည်။ ကျွန်ုပ်တို့ ကဲ့သို့သော သာမန်လူတို့နှင့် ဘာမျှသက်ဆိုင်ခြင်း မရှိပါ” ဟု လူတို့ မခံစားရသလော။ ယင်းသည် သာမန်လူတို့နှင့် ဆက်စပ်မှု တစ်ခုတစ်လေ ရှိပါသလော။ (ရှိပါသည်။) လူသားကို ဖောက်ပြန်ပျက်စီးစေရန် စာတန်က သိပ္ပံပညာကို မည်သို့ အသုံးပြုသနည်း။ ဤတွင် ကျွန်ုပ်တို့၏ ဆွေးနွေးချက်ထဲတွင်၊ မိမိတို့၏ကိုယ်ပိုင် အသက်တာများထဲ၌ လူတို့ မကြာခဏ ကြုံတွေ့ရသည့် အရာများအကြောင်းသာ ငါတို့ ဆွေးနွေးပြောဆို ကြမည်ဖြစ်ပြီး အခြားကိစ္စရပ်များကို လျစ်လျူရှုကြမည်ဖြစ်သည်။ “ဗီဇ” ဟူသည့် စကားလုံးတစ်လုံး ရှိ၏။ ယင်းကို သင်ကြား ဖူးပါသလော။ သင်တို့အားလုံးသည် ဤဝေါဟာရနှင့် အကျွမ်းတဝင် ရှိကြသည်။ မျိုးစေ့ဗီဇများကို သိပ္ပံပညာအားဖြင့် ရှာဖွေတွေ့ရှိခဲ့သည် မဟုတ်လော။ လူတို့အဖို့ ဗီဇများသည် အတိအကျ မည်သည့်အဓိပ္ပာယ်ရှိသနည်း။ ကိုယ်ခန္ဓာသည် လျှို့ဝှက်ဆန်းကျယ်သော အရာတစ်ခုဖြစ်သည်ဟု လူတို့ကို ခံစားစေသည် မဟုတ်လော။ လူတို့ကို ဤအကြောင်းအရာ အစပျိုး လိုက်သည့်အချိန်တွင်၊ အသေးစိတ်များကို ပိုသိလိုပြီး ပိုလိုချင်ကြမည့် အထူးသဖြင့် စူးစမ်းချင်စိတ်ပြင်းပြသည့် လူအချို့ ရှိကြမည်မဟုတ်လော။ ဤစူးစမ်းချင်စိတ် ပြင်းပြသည့် လူတို့သည် ဤအကြောင်းအရာအပေါ် မိမိတို့၏အင်အားကို ဗဟိုပြုထားလိမ့်မည်ဖြစ်ပြီး၊ လုပ်စရာ အခြားအရာများ မရှိသည့်အခါ ထိုအရာနှင့်ပတ်သက်၍ အသေးစိတ် ပိုမို လေ့လာသင်ယူဖို့ရန် စာအုပ်များထဲနှင့် အင်တာနက်ပေါ်တွင် သတင်းအချက်အလက် ရှာဖွေကြလိမ့်မည်ဖြစ်သည်။ သိပ္ပံပညာ ဆိုသည်မှာ အဘယ်နည်း။ ရှင်းရှင်းပြောရလျှင်၊ သိပ္ပံပညာ ဆိုသည်မှာ လူသားက စူးစမ်းလိုစိတ် ပြင်းပြနေသည့် အတွေးများ နှင့် အရာဝတ္ထုများ၏ သဘောတရားများ၊ လူတို့ မသိရှိသည့်အရာနှင့် ဘုရားသခင်က ၎င်းတို့ကို ပြောပြမထားသည့် အရာများ ဖြစ်သည်။ သိပ္ပံပညာဆိုသည်မှာ လူသားက စူးစမ်းရှာဖွေလိုသည့် နက်နဲမှုများအကြောင်း အတွေးအခေါ်နှင့် သဘောတရားများ ဖြစ်သည်။ သိပ္ပံပညာ၏ နယ်ပယ်ကား အဘယ်နည်း။ ယင်းက တော်တော်ကျယ်ပြန့်သည်ဟု သင် ဆိုနိုင်သည်။ လူသားသည် မိမိ စိတ်ဝင်စားသောအရာတိုင်းကို သုတေသနပြုပြီး လေ့လာကြသည်။ သိပ္ပံပညာတွင် ဤအရာများ နှင့်ဆိုင်သော အသေးစိတ်အချက်များနှင့် ဥပဒေသများကို သုတေသနပြုခြင်း ပါဝင်ပြီးနောက်၊ လူတိုင်းကို “ဤသိပ္ပံပညာရှင်များသည် တကယ်ကို အံ့ဩချီးမွမ်းဖွယ် ဖြစ်သည်။ ဤအရာများကို နားလည်လောက်သည့် များလှစွာသော အရာများကို ၎င်းတို့ သိရှိကြသည်။” ဟု စဉ်းစားစေဖို့ ဖြစ်စေသည့် ယုတ္တိရှိသော သဘောတရားများကို တင်ပြခြင်းတို့ ပါဝင်သည်။ ၎င်းတို့သည် သိပ္ပံပညာရှင်များကို အလွန် လေးစားကြည်ညိုမှု ရှိကြသည်၊ မဟုတ်လော။ သိပ္ပံပညာကို သုတေသနပြုကြသည့် လူတို့သည် မည်သည့် အမြင်မျိုးကို သင်စွဲကိုင်သနည်း။ ၎င်းတို့သည် စကြဝဠာကို သုတေသန ပြုချင်ကြသည် မဟုတ်လော၊ သူတို့စိတ်ဝင်စားသည့် နယ်ပယ်တွင်ရှိသော နက်နဲသည့်အရာများကို သုတေသန ပြုချင်ကြသည် မဟုတ်လော။ ဤအရာ၏ နောက်ဆုံးရလဒ်မှာ အဘယ်နည်း။ အချို့သော သိပ္ပံပညာရပ်များ၌၊ လူတို့သည် ထင်မြင်ချက်ဖြင့် ၎င်းတို့၏ ကောက်ချက်များချတတ်ကြပြီး အခြားအရာများ၌မူ လူတို့သည် ကောက်ချက်များချရန် လူသား၏ အတွေ့အကြုံအပေါ် အမှီပြု ကြသည်။ သို့တိုင် အခြားသိပ္ပံပညာနယ်ပယ်များ၌၊ လူတို့သည် သမိုင်းနှင့် နောက်ခံအကြောင်းတို့ လေ့လာခြင်းများအပေါ် အခြေခံ၍ ၎င်းတို့၏ ကောက်ချက်များ ချလာတတ်ကြသည်။ ဤသည်မှာ မှန်သည်မဟုတ်လော။ ထိုသို့လျှင် သိပ္ပံပညာက လူတို့အတွက် မည်သည့်အရာ လုပ်ဆောင် ပေးသနည်း။ သိပ္ပံပညာက လုပ်ဆောင်ပေးသည်မှာ ရုပ်ဝတ္ထုကမ္ဘာရှိ အရာဝတ္ထုများကို လူတို့အား မြင်ခွင့်ပေးခြင်းမျှသာဖြစ်ပြီး၊ လူတို့၏ စူးစမ်းလိုစိတ်ကို ကျေနပ်စေရုံမျှသာ ဖြစ်သည်၊ သို့သော် ထိုအရာက အရာခပ်သိမ်းကို ဘုရားသခင် အုပ်စိုးသည့် ဥပဒေသများကို လူတို့အားမသိစေနိုင်ပေ။ လူသည် သိပ္ပံပညာ ထဲတွင် အဖြေများကို ရှာတွေ့ပုံရသော်လည်း၊ ထိုအဖြေများသည် ပဟေဠိဆန်ပြီး လူသား၏စိတ်နှလုံးကို ရုပ်ဝတ္ထုကမ္ဘာတွင် အကျဉ်းကျစေရန်သာ ပြုသည့် ကျေနပ်မှုဖြစ်သော ယာယီ စိတ်ကျေနပ်မှုကိုသာ ယူဆောင်ပေးသည်။ သိပ္ပံပညာမှ အဖြေများ ရရှိပြီဟု လူက ခံစားရသည်၊ ထို့ကြောင့် မည်သည့် ပြဿနာ ပေါ်ပေါက်ပါစေ၊ ထိုပြဿနာကို သက်သေပြဖို့နှင့် လက်ခံဖို့ ၎င်းတို့၏ သိပ္ပံပညာအမြင်များကို အခြေပြု အကြောင်းအရင်း အဖြစ် အသုံးပြုကြလေသည်။ လူ၏ နှလုံးသားသည် သိပ္ပံပညာ၏ ဖြားယောင်းခြင်းကို ခံလာရပြီး ဘုရားသခင်ကို သိရှိဖို့၊ ဘုရားသခင်ကို ကိုးကွယ်ဖို့နှင့် ခပ်သိမ်းသောအရာတို့သည် ဘုရားသခင်ထံမှ လာပြီး အဖြေများ အတွက် ဘုရားသခင်ကို ရှာဖွေသင့်သည်ဆိုသောစိတ် မရှိတော့သည့် အဆင့်အထိ ပိုင်ဆိုင်ခြင်းကို ခံရလေသည်။ ဤသည်မှာ မှန်သည်မဟုတ်လော။ လူတစ်ဦးသည် သိပ္ပံပညာကို ပိုယုံကြည်လေ၊ အရာရာတိုင်းတွင် သိပ္ပံပညာဆိုင်ရာ ဖြေရှင်းမှု တစ်ခုရှိကာ သုတေသန ပြုခြင်းက မည်သည့်အရာကိုမဆို ဖြေရှင်းနိုင်သည်ဟု ယုံကြည်လျက်၊ ပို၍ အဓိပ္ပါယ်မဲ့လေ ဖြစ်လာကြသည်။ ၎င်းတို့သည် ဘုရားသခင်ကို မရှာဖွေကြသကဲ့သို့ သူတည်ရှိသည်ကို မယုံကြည်ကြပေ။ ပြဿနာတစ်ခုခုနှင့် ရင်ဆိုင်ရသည့်အခါတွင် အကြောင်းအရာများကို ရှာဖွေပြီး အဖြေရှာရန်အတွက် ကွန်ပြူတာကို အသုံးပြုမည့် ရေရှည်ယုံကြည်သူများစွာ ရှိကြသည်။ ၎င်းတို့သည် သိပ္ပံပညာဆိုင်ရာ အသိပညာကိုသာ ယုံကြည်ကြလေသည်။ ဘုရားနှုတ်ကပတ်တော်တို့သည် သမ္မာတရားများဖြစ်သည်ကို ၎င်းတို့မယုံကြည်ကြပေ။ ဘုရားနှုတ်ကပတ်တော်များသည် လူသားမျိုးနွယ်၏ ပြဿနာများအားလုံးကို ဖြေရှင်းနိုင်သည်ဟု ၎င်းတို့မယုံကြည်ကြပေ။ လူသားမျိုးနွယ်၏ အသင်္ချေများသော ပြဿနာများကို သမ္မာတရားရှုထောင့်မှ မကြည့်ရှုကြပေ။ မည်သည့်ပြဿနာကို ကြုံရသည်ဖြစ်စေ ၎င်းတို့သည် ဘုရားသခင်ကို မည်သည့်အခါမျှ ဆုတောင်းမကြ၊ သို့မဟုတ် ဘုရားနှုတ်ကပတ်တော်ထဲတွင် သမ္မာတရားကို ရှာဖွေခြင်းအားဖြင့် ဖြေရှင်းချက်ကို မရှာကြပေ။ ကိစ္စများစွာတွင် ၎င်းတို့သည် အသိပညာက ပြဿနာကို ဖြေရှင်းနိုင်သည်ဟု ယုံကြည်ရန် ပိုမိုနှစ်သက်ကြသည်။ ၎င်းတို့အတွက် သိပ္ပံပညာက အဆုံးစွန်အဖြေဖြစ်သည်။ ထိုကဲ့သို့သောလူတို့၏ စိတ်နှလုံးတွင် ဘုရားသခင်က လုံးဝ မတည်ရှိပေ။ ၎င်းတို့သည် မယုံကြည်သူများဖြစ်ကြ၏၊ ဘုရားသခင်ကို ယုံကြည်မှုအပေါ် ၎င်းတို့၏ အမြင်များသည် သိပ္ပံနည်းလမ်းများ အသုံးပြုပြီး ဘုရားသခင်ကို စစ်ဆေးရန် အစဉ်ကြိုးစားကြသော အောင်မြင်ကျော်ကြားသည့် ပညာရှင်များ၊ သိပ္ပံပညာရှင်များ အများအပြားနှင့် မည်သို့မျှ မခြားနားပေ။ ဥပမာအားဖြင့်၊ သင်္ဘောရပ်နားသည့် တောင်ကို သွားရောက်သည့် ဘာသာရေး ပညာရှင်များစွာ ရှိသည်၊ ထိုသို့ဖြင့် သင်္ဘောရှိခဲ့ကြောင်းကို ၎င်းတို့ သက်သေပြခဲ့ကြသည်။ သို့သော် သင်္ဘော၏ ပေါ်ထွန်းခြင်းတွင် ဘုရားသခင်၏ တည်ရှိခြင်းကို ၎င်းတို့မမြင်ကြပေ။ ၎င်းတို့သည် ဇာတ်လမ်းများ နှင့် သမိုင်းကိုသာ ယုံကြည်ကြ၏။ ဤသည်မှာ ၎င်းတို့၏ သိပ္ပံပညာ သုတေသနပြုခြင်းနှင့် ရုပ်ဝတ္ထုကမ္ဘာကို လေ့လာခြင်း၏ ရလဒ်ဖြစ်သည်။ သင်သည် ရုပ်ဝတ္ထုအရာများကို သုတေသန ပြုပါက၊ ယင်းသည် အဏုဇီဝဗေဒဖြစ်စေ၊ နက္ခဗေဒ ဖြစ်စေ၊ သို့မဟုတ် ဘူမိဗေဒဖြစ်စေ၊ ဘုရားသခင် တည်ရှိသည် သို့မဟုတ် သူသည် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ ရှိသည် ဆိုသည်ကို ဆုံးဖြတ်ပေးသည့် ရလဒ်တစ်ခုကို ဘယ်သောအခါမျှ ရှာတွေ့လိမ့်မည် မဟုတ်ပေ။ သို့ဖြစ်လျှင် သိပ္ပံပညာသည် လူသားအတွက် မည်သည့်အရာ လုပ်ဆောင် သနည်း။ ယင်းသည် လူကို ဘုရားသခင်ထံမှ ဝေးကွာစေသည် မဟုတ်လော။ ယင်းက လူကို ဘုရားသခင်အား လေ့လာသင်ယူ စေသည် မဟုတ်လော။ ယင်းသည် လူတို့အား ဘုရားသခင်၏ တည်ရှိခြင်းနှင့် အချုပ်အခြာအာဏာကို ပိုမိုသံသယဝင်စေပြီး ထိုသို့ဖြင့် ဘုရားသခင်ကို ငြင်းပယ်ကာ သစ္စာဖောက်စေသည် မဟုတ်လော။ ဤသည်မှာ အကျိုးဆက်ဖြစ်၏။ ဤသို့လျှင် စာတန်က လူသားကို ဖောက်ပြန်ပျက်စီးစေရန် သိပ္ပံပညာကို အသုံးပြုသည့်အခါ စာတန်သည် မည်သည့်ရည်ရွယ်ချက်ကို ရရှိရန် ကြိုးစားနေခြင်း ဖြစ်သနည်း။ လူတို့ကို လှည့်ဖြား၍ ထုံအစေရန် ၎င်းသည် သိပ္ပံပညာဆိုင်ရာ ကောက်ချက်များကို အသုံးပြုလိုပြီး လူတို့အနေဖြင့် ဘုရားသခင်၏ တည်ရှိခြင်းကို မရှာဖွေဖို့ သို့မဟုတ် မယုံကြည်ဖို့ရန်အလို့ငှာ လူတို့၏ စိတ်နှလုံးမျာကို စွဲကိုင်ထားရန် ဒွိဟဖြစ်စေသော အဖြေများကို အသုံးပြုချင်သည် မဟုတ်လော။ ထို့အတွက်ကြောင့် ဤသည်မှာ သိပ္ပံပညာသည် လူတို့ကို ဖောက်ပြန်ပျက်စီးစေရန် စာတန်အသုံးပြုသည့် နည်းလမ်းများ ထဲမှ တစ်ခုဖြစ်သည်ဟု ငါပြောရသည့်အကြောင်းရင်း ဖြစ်သည်။

(ဂ) လူသားကို ဖောက်ပြန်ပျက်စီးစေရန် စာတန်က ရိုးရာယဉ်ကျေးမှုကို အသုံးပြုပုံ

ရိုးရာယဉ်ကျေးမှု၏ အစိတ်အပိုင်းအဖြစ် မှတ်ယူခြင်း ခံရသည့် အရာများစွာရှိသလော သို့မဟုတ် ရှိသည်မဟုတ်လော။ (ရှိပါသည်။) ဤ “ရိုးရာယဉ်ကျေးမှု” သည် မည်သည့်အရာကို ဆိုလိုသနည်း။ လူအချို့က ၎င်းကို ဘိုးဘွားဘီဘင်များမှ လက်ဆင့်ကမ်းခဲ့ခြင်းဖြစ်သည်ဟု ပြောကြသည်- ဤသည်မှာ ရှုထောင့်တစ်ခုဖြစ်သည်။ အစအဦး ကတည်းက၊ ဘဝ၏ နည်းလမ်းများ၊ ဓလေ့ထုံးတမ်းများ၊ ဆိုရိုးစကားများနှင့် စည်းမျဉ်းစည်းကမ်းများကို မိသားစုများ၊ လူမျိုးစုများနှင့် လူသားမျိုးနွယ်တစ်ခုလုံးအတွင်းတွင်ပင် လက်ဆင့်ကမ်းခဲ့ကြပြီး လူတို့၏အတွေးများထဲတွင် သွတ်သွင်းခြင်းခံလာခဲ့ရသည်။ လူတို့က ယင်းတို့ကို ၎င်းတို့ ဘဝများ၏ မရှိမဖြစ် အစိတ်အပိုင်း တစ်ခုအဖြစ် ယူဆကြပြီး ယင်းတို့ကို ဘဝသက်သက် ဖြစ်သည့်အလား လိုက်နာလျက်၊ စည်းမျဉ်းစည်းကမ်းများအဖြစ် မှတ်ယူကြလေသည်။ အမှန်တွင်၊ ယင်းတို့ကို ၎င်းတို့၏ ဘိုးဘွားဘီဘင်များမှ လက်ဆင့်ကမ်းခဲ့ခြင်း ဖြစ်သောကြောင့် ၎င်းတို့သည် ဤအရာများကို ဘယ်သောအခါမျှ မပြောင်းလဲချင်ကြ သို့မဟုတ် မပစ်ပယ်လိုကြပေ။ ကွန်ဖြူးရှပ်နှင့် မင်းရှပ်စ်တို့မှ လက်ဆင့်ကမ်းလာကြသည့် အရာများနှင့် တရုတ် တာအိုဝါဒနှင့် ကွန်ဖြူးရှပ်ဝါဒတို့က လူတို့ကို သင်ကြားပေးခဲ့သည့် အရာများကဲ့သို့သော လူတို့ တကယ့်အရိုးစွဲ ချိုးကပ်ခဲ့သည့် အခြားသော ရိုးရာယဉ်ကျေးမှု သွင်ပြင် လက္ခဏာများရှုထောင့်များ ရှိသည်။ ဤသည်မှာ မှန်၏လော။ ရိုးရာယဉ်ကျေးမှုတွင် မည်သည့်အရာများ ပါဝင် သနည်း။ လူတို့ ဆင်နွှဲသော အားလပ်ရက်များ ပါဝင်သလော။ ဥပမာအားဖြင့်၊ နွေဦးပွဲတော်၊ မီးပုံးပွဲတော်၊ သင်္ချိုင်းကန်တော့ပွဲ၊ နဂါးလှေပွဲတော်အပြင် တစ္ဆေပွဲတော်နှင့် လမုန့်ပွဲတော်တို့ ဖြစ်ကြသည်။ မိသားစုအချို့တို့သည် သက်ကြီးသူများ အသက် အပိုင်းအခြားတစ်ခုသို့ ရောက်ရှိသည့်အခါ သို့မဟုတ် ကလေးများ အသက်တစ်လပြည့်၊ သို့မဟုတ် ရက်တစ်ရာ ပြည့်သည့် နေ့များကိုပင် ဆင်နွှဲကြသည်။ စသည်ဖြင့် ဖြစ်၏။ ဤအရာအားလုံးသည် ရိုးရာယဉ်ကျေးမှုဆိုင်ရာ အားလပ်ရက်များပင် ဖြစ်သည်။ ဤအားလပ်ရက်များကို အခြေခံနေသော ရိုးရာယဉ်ကျေးမှု ရှိသည် မဟုတ်လော။ ရိုးရာယဉ်ကျေးမှု၏ အဓိကအချက်က အဘယ်အရာ ဖြစ်သနည်း။ ယင်းသည် ဘုရားသခင်ကို ကိုးကွယ်ခြင်းနှင့် တစ်ခုတစ်လေ ပတ်သက်မှုရှိသလော။ ယင်းသည် လူတို့အား သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် ပြောဆိုခြင်းနှင့် တစ်ခုတစ်လေ ပတ်သက်မှုရှိသလော။ ဘုရားသခင်ကို ယဇ်ပူဇော်ရန်၊ ဘုရားသခင်၏ ယဇ်ပလ္လင်သို့သွားပြီး သူ၏ သွန်သင်မှုများကို ခံယူရန်အတွက် လူတို့တွင် အားလပ်ရက် တစ်ခုတစ်လေ ရှိသလော။ ဤသို့သော အားလပ်ရက်များ ရှိသလော။ (မရှိပါ။) ဤအားလပ်ရက်များအားလုံးတွင် လူတို့သည် မည်သည့်အရာကို လုပ်ဆောင်ကြသနည်း။ ခေတ်သစ်ကာလများတွင် ယင်းတို့ကို စားခြင်း၊ သောက်ခြင်းနှင့် အပျော်အတွက် အခါသမယများ အဖြစ် မြင်ကြသည်။ ရိုးရာယဉ်ကျေးမှုကို အခြေခံနေသော အရင်းအမြစ်မှာ အဘယ်နည်း။ ရိုးရာယဉ်ကျေးမှုသည် မည်သူ့ထံမှ လာသနည်း။ ၎င်းသည် စာတန်ထံမှလာသည်။ ဤရိုးရာယဉ်ကျေးမှု အားလပ်ရက်များ၏ မြင်ကွင်းများ နောက်ကွယ်တွင်၊ စာတန်သည် လူသားထဲသို့ အချို့သော အရာများကို သွတ်သွင်းလေသည်။ ဤအရာများမှာ အဘယ်နည်း။ လူတို့အနေဖြင့် ၎င်းတို့၏ ဘိုးဘေးဘီဘင်များကို သတိရသည်ကို သေချာစေခြင်းဖြစ်သည်- ယင်းသည် ထိုအရာများထဲမှ တစ်ခုမဟုတ်သလော။ ဥပမာအားဖြင့် သင်္ချိုင်းကန်တော့ပွဲနေ့ အတွင်းတွင် လူတို့သည် အုတ်ဂူများကို ရှင်းလင်းကြပြီး မိမိတို့၏ဘိုးဘေးဘီဘင်များကို မမေ့စေရန်အလို့ငှာ မိမိတို့၏ ဘိုးဘေးဘီဘင်များကို ပူဇော်ပသကြသည်။ ထို့ပြင်၊ လူတို့ မျိုးချစ်စိတ်ရှိဖို့ စာတန်က သေချာသတိရစေသည်၊ ယင်းနှင့်ဆိုင်သော ဥပမာမှာ နဂါးလှေပွဲတော် ဖြစ်သည်။ လမုန့်ပွဲတော်ကော အဘယ်သို့နည်း။ (မိသားစု ပြန်လည် ဆုံတွေ့ခြင်းများ ဖြစ်ပါ၏။) မိသားစု ပြန်လည်ဆုံတွေ့ခြင်းများ၏ နောက်ခံအကြောင်းက အဘယ်နည်း။ ယင်းအတွက် အကြောင်းပြချက်မှာ အဘယ်နည်း။ စိတ်လှုပ်ရှားစွာ ဆက်သွယ်ရန်နှင့် ဆက်နွှယ်ရန်ဖြစ်သည်။ ဟုတ်ပေ၏၊ တရုတ်နှစ်သစ်ကူး အကြိုနေ့ ကျင်းပသည်ဖြစ်စေ သို့မဟုတ် မီးပုံးပွဲတော်ကို ကျင်းပသည်ဖြစ်စေ၊ ဤပွဲလမ်းသဘင် ကျင်းပခြင်းများ၏ နောက်ကွယ်က အကြောင်းရင်းများကို ဖော်ပြသည့် နည်းလမ်းများစွာရှိသည်။ ထိုအကြောင်းရင်းများကို မည်သို့ဖော်ပြသည်ဖြစ်စေ၊ တစ်ခုစီသည် ဘုရားသခင်ထံမှ ၎င်းတို့ လမ်းလွှဲသွားစေရန်နှင့် ဘုရားသခင် ရှိသည်ကို မသိဘဲလျက် ၎င်းတို့၏ ဘိုးဘေးဘီဘင်များ သို့မဟုတ် စာတန်ထံသို့ ယဇ်ပူဇော် ဆက်ကပ်ကြစေရန်၊ လူ့ဇာတိ၏လိုအင်များအတွက် စားရန်၊ သောက်ရန်နှင့် ပျော်ပါးကြရန်အလို့ငှာ သူ၏ အတွေးအခေါ်များ နှင့် စဉ်းစားမှုတို့ကို လူတို့ထဲသို့ သွတ်သွင်းသည့် စာတန်၏ နည်းလမ်းဖြစ်သည်။ ဤအားလပ်ရက်များ တစ်ခုစီကို ကျင်းပသည်နှင့်အမျှ၊ စာတန်၏ အတွေးများနှင့် အမြင်များသည် လူတို့၏ စိတ်များအတွင်းတွင် ၎င်းတို့ သိရှိခြင်းမရှိဘဲ နက်နက်ရှိုင်းရှိုင်း နေရာယူထားလေသည်။ လူတို့သည် ၎င်းတို့၏ လေးဆယ်အရွယ်များ ငါးဆယ်အရွယ်များ သို့မဟုတ် ပိုကြီးရင့်သည့် အသက်အရွယ်များ ရောက်လာသည့်အခါ၊ စာတန်၏ ဤအတွေးများနှင့် ရှုထောင့်အမြင်များသည် ၎င်းတို့၏ စိတ်နှလုံးများထဲတွင် နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နှင့်ပြီး ဖြစ်သည်။ ထို့အပြင် လူတို့သည် ဤအယူအဆများကို မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ လက်လွတ်စပယ် သံသယကင်းစွာ နောက်မျိုးဆက်ဆီသို့ လက်ဆင့်ကမ်းရန် အစွမ်းကုန် လုပ်ဆောင်ကြသည်။ ဤသည်မှာ မှန်၏လော။ (မှန်ပါသည်။) ရိုးရာယဉ်ကျေးမှုနှင့် ဤအားလပ်ရက်များသည် လူတို့ကို မည်သို့ဖောက်ပြန်ပျက်စီးစေသနည်း။ သင်သိသလော။ (လူတို့သည် ဤရိုးရာဓလေ့များ၏ စည်းမျဉ်းများဖြင့် ဘောင်ခတ်ခံရပြီး ချည်နှောင်ခြင်းခံရသည်မှာ ၎င်းတို့သည် ဘုရားသခင်ကို ရှာဖွေရန် အချိန် သို့မဟုတ် အားအင် မရှိကြချေ။) ဤသည်မှာ ရှုထောင့်တစ်ခုဖြစ်သည်။ ဥပမာအားဖြင့်၊ တရုတ်နှစ်သစ်ကူးအတွင်းတွင် လူတိုင်း ဆင်နွှဲကြသည်၊ သင်မဆင်နွှဲရပါက ဝမ်းနည်းမှုကိုသင်ခံစားရသည် မဟုတ်လော။ သင်၏ စိတ်နှလုံးထဲတွင် သင်ထိန်းသိမ်းထားသော အယူသည်းမှုများ တစ်ခုတစ်လေ ရှိသလော။ “နှစ်သစ်ကူးကို ကျွန်ုပ်မဆင်နွှဲလိုက်ရပါ၊ တရုတ်နှစ်သစ်ကူးနေ့သည် ဆိုးဝါးသည့်နေ့ဖြစ်သည့်အတွက် ကျန်သည့် တစ်နှစ်လုံး ဆိုးဝါးလိမ့်မည် မဟုတ်လော” ဟု သင်ခံစားရကောင်း ခံစား ရလိမ့်မည်။ သင်သည် နေမထိထိုင်မသာ ဖြစ်ပြီး အနည်းငယ် စိုးရွံ့လိမ့်မည် မဟုတ်လော။ မိမိတို့၏ ဘိုးဘွားဘီဘင်များကို နှစ်များစွာကြာ ပူဇော်ပသမှု မပြုခဲ့သည့် လူအချို့နှင့် သေဆုံးသောသူက ၎င်းတို့ကို ငွေတောင်းသည့် အိပ်မက်တစ်ခု ရုတ်တရက် မက်ကြသည့် လူအချို့ပင် ရှိကြလေသည်။ ၎င်းတို့ မည်ကဲ့သို့ခံစားရမည်နည်း။ “ယခု သေသွားသည့် ဤလူက သုံးရန်ငွေလိုသည်မှာ ဝမ်းနည်းဖို့ ကောင်းလေစွ။ သူတို့အတွက် စက္ကူငွေ အချို့ကို ကျွန်ုပ်မီးရှို့မည်၊ ကျွန်ုပ်မလုပ်ပါက မကောင်းရာ ကျပေမည်။ အသက်ရှင်နေသော ကျွန်ုပ်တို့အတွက် ဒုက္ခ ဖြစ်ကောင်းဖြစ်စေလိမ့်မည်- မည်သည့်အချိန်တွင် ကံဆိုးမိုးမှောင် ဆိုက်ရောက်လာမည်ကို အဘယ်သူပြောနိုင်သနည်း။” ၎င်းတို့၏ စိတ်နှလုံးထဲ၌ ဤကြောက်ရွံ့ခြင်းနှင့် စိုးရိမ်ခြင်း တိမ်တိုက်လေးက အမြဲတစေ ရှိပေလိမ့်မည်။ ဤစိုးရိမ်ပူပန်မှုကို ၎င်းတို့အား အဘယ်သူ ပေးသနည်း။ စာတန်သည် ဤစိုးရိမ်ပူပန်မှု၏ အရင်းအမြစ်ဖြစ်သည်။ ဤသည်မှာ လူသားကို ဖောက်ပြန်ပျက်စီးစေသည့် စာတန်၏ နည်းလမ်းများထဲက တစ်ခုမဟုတ်သလော။ သင့်အနေဖြင့် မှင်တက်မိခြင်းသို့ ဆိုက်ရောက်ဖို့၊ ၎င်းကို အလျှော့ပေးကာ ကျိုးနွံနာခံဖို့အလို့ငှာ သင့်ကိုထိန်းချုပ်ရန်၊ သင့်ကို ခြိမ်းခြောက်ရန် နှင့် သင့်ကို ချည်နှောင်ရန်၊ ၎င်းသည် မတူညီသော ရည်ရွယ်ချက်များနှင့် အကြောင်းပြချက်များကို အသုံးပြု လေသည်။ ဤသည်ကား စာတန်က လူကို ဖောက်ပြန်ပျက်စီး စေပုံဖြစ်သည်။ မကြာခဏပင် လူတို့သည် အားနည်းသည့်အခါ သို့မဟုတ် အခြေအနေကို ၎င်းတို့ အပြည့်အဝ သတိမပြု မိသည့်အခါ၊ အမှုမဲ့အမှတ်မဲ့ဖြင့် နားဝေတိမ်တောင်ဖြစ်သည့် ပုံစံဖြင့် တစ်စုံတစ်ရာကို ပြုလုပ်ကောင်းပြုလိမ့်မည်။ ဆိုလိုသည်မှာ၊ ၎င်းတို့သည် စာတန်၏ လက်ထဲသို့ အမှုမဲ့အမှတ်မဲ့ ကျရောက်သွားပြီး အမှတ်တမဲ့ ပြုမူမိကောင်း ပြုမူမိလိမ့်မည် ဖြစ်ကာ ၎င်းတို့ လုပ်ဆောင်နေသည့်အရာကို မသိဘဲ အမှုအရာ များစွာကို လုပ်ဆောင်မိကောင်း လုပ်ဆောင်မိကြလိမ့်မည်။ ဤသည်မှာ စာတန်က လူကို ဖောက်ပြန်ပျက်စီးစေသည့် နည်းလမ်းဖြစ်သည်။ ယခုတွင် နက်နက်ရှိုင်းရှိုင်း အမြစ်စွဲနေသည့် ရိုးရာယဉ်ကျေးမှုများကို စွန့်ခွာရန် တွန့်ဆုတ်နေသော၊ မစွန့်လွှတ်နိုင်သော လူအတော်များများ ရှိ၏။ ဤသို့သော အားလပ်ရက်များကို ၎င်းတို့ ဆင်နွှဲဖို့ ဆန္ဒရှိကြပြီး စာတန်ကို တွေ့ဆုံကာ တစ်ဖန် စိတ်ကျေစေလိုသည့်၊ မိမိတို့၏ စိတ်နှလုံးများကို နှစ်သိမ့်မှုယူဆောင်လိုသည့် ဆန္ဒရှိကြသည်မှာ အထူးသဖြင့် ၎င်းတို့ အားနည်းပြီး ပြုသမျှနုကြရသည့်အခါတွင် ဖြစ်သည်။ ရိုးရာယဉ်ကျေးမှုအဖို့ နောက်ခံအကြောင်းရင်းကား အဘယ်နည်း။ မြင်ကွင်းများနောက်ကွယ်တွင် စာတန်၏လက်မဲက ကြိုးများဆွဲနေခြင်းဖြစ်သလော။ စာတန်၏ ဆိုးယုတ်သည့် သဘာဝက ဤအရာအားလုံးကို ကြိုးကိုင်ခြယ်လှယ်ပြီး ထိန်းချုပ်နေခြင်း ဖြစ်သလော။ စာတန်က ဤအရာများအားလုံး အပေါ် ဩဇာလွှမ်းမိုးသလော။ (လွှမ်းမိုးပါသည်။) လူတို့သည် ရိုးရာယဉ်ကျေးမှုထဲ အသက်ရှင်ကြပြီး ဤရိုးရာဓလေ့ အားလပ်ရက်မျိုးများကို ဆင်နွှဲသည့်အခါ၊ ဤသည်မှာ စာတန်အားဖြင့် ၎င်းတို့ လှည့်စားခံရပြီး ဖောက်ပြန်ပျက်စီး ရသည့်အပြင်၊ စာတန်၏ အရူးလုပ်ခံရပြီး၊ ဖောက်ပြန်ဖျက်ဆီးခြင်း ခံရသည်ကို ပျော်ရွှင်ကြသည့် ပတ်ဝန်းကျင်တစ်ခုဖြစ်သည်ဟု ငါတို့ ပြောနိုင်သလော။ (ပြောနိုင်ပါသည်။) ဤသည်မှာ သင်တို့အားလုံး အသိအမှတ် ပြုသည့်၊ သိထားကြသည့် အရာတစ်ခု ဖြစ်သည်။

(ဃ) လူသားကို ဖောက်ပြန်ပျက်စီးစေရန် စာတန်က အယူသီးခြင်းကို အသုံးပြုပုံ

“အယူသီးခြင်း” ဟူသည့် ဝေါဟာရနှင့် သင်ရင်းနှီးသည်၊ ဟုတ်ပါသလော။ အယူသီးခြင်းနှင့် ရိုးရာယဉ်ကျေးမှု အကြားတွင် ဆက်နွှယ်မှုအချို့ ရှိ၏၊ သို့သော် ယနေ့တွင် ထိုအရာတို့ကို ငါတို့ ပြောမည်မဟုတ်။ ယင်းထက် အများဆုံး ကြုံရသည့် အယူသီးခြင်း ပုံစံများကို ငါဆွေးနွေးမည်- ဂမ္ဘီရပညာ၊ ဗေဒင်ဟောခြင်း၊ အမွှေးနံ့သာထွန်းခြင်းနှင့် ဗုဒ္ဓကိုကိုးကွယ်ခြင်းတို့ ဖြစ်ကြသည်။ လူအချို့က ဂမ္ဘီရပညာကို ကျင့်သုံးကြသည်၊ အခြားသူတို့က ဗုဒ္ဓကို ကိုးကွယ်ပြီး အမွှေးနံ့သာ ထွန်းကြသည်၊ သို့သော် အခြားသူများက ၎င်းတို့၏ ကံကြမ္မာများကို ဖတ်ရှုစေသည် သို့မဟုတ် တစ်စုံတစ်ယောက်အား ၎င်းတို့၏ မျက်နှာရုပ်အင် လက္ခဏာကို ဖတ်စေပြီး ၎င်းတို့၏ ကံကြမ္မာများကို ပြောပြ စေကြသည်။ သင်တို့ထဲမှ ဘယ်နှစ်ဦးသည် သင်တို့၏ ကံကြမ္မာကို ဟောစေခြင်း သို့မဟုတ် မျက်နှာဖတ်စေခြင်းများ ပြုလုပ်ခဲ့ကြပြီး ဖြစ်သနည်း။ ဤသည်မှာ လူအများစု စိတ်ဝင်စားကြသည့် တစ်စုံတစ်ခု ဖြစ်သည်မဟုတ်လော။ (ဟုတ်ပါသည်။) အဘယ်ကြောင့်နည်း။ ဗေဒင်ဟောခြင်းနှင့် ဂမ္ဘီရပညာမှ လူတို့သည် အဘယ်သို့သော အကျိုးအမြတ်မျိုးကို ရကြသနည်း။ ထိုအရာမှ မည်ကဲ့သို့သော စိတ်ကျေနပ်မှုမျိုးကို ရကြသနည်း။ (သိချင်စိတ်ပြင်းပြခြင်း ဖြစ်ပါသည်။) ယင်းမှာ သိချင်စိတ်ပြင်းပြခြင်းသာဖြစ်သလော။ ငါမြင်သလောက်မှာမူ ယင်းလည်း သေချာပေါက် မဟုတ်ပေ။ ဂမ္ဘီရပညာနှင့် ဗေဒင်ဟောခြင်း၏ ရည်မှန်းချက်ပန်းတိုင်မှာ အဘယ်နည်း။ အဘယ်ကြောင့် ယင်းကို လုပ်ဆောင်ရသနည်း။ အနာဂတ်ကို မြင်ရန် မဟုတ်လော။ လူအချို့သည် အနာဂတ်ကို ဟောကိန်းထုတ်ရန် ၎င်းတို့၏ ရုပ်အင်ကို ဖတ်စေကြသည်၊ အခြားသူများက ၎င်းတို့တွင် ကံကောင်းခြင်း ရှိမရှိကို မြင်ရန် ထိုအရာကို လုပ်ဆောင်ကြသည်။ အချို့သောလူတို့က ၎င်းတို့၏ အိမ်ထောင်ရေး မည်သို့ဖြစ်မည်ကို ကြည့်ရန် ထိုအရာကို လုပ်ဆောင်ကြပြီး၊ သို့တိုင် အခြားသူများက လာမည့်နှစ်တွင် ကံဇာတာမည်သို့ဖြစ်မည်ကို ကြည့်ရန် လုပ်‌ဆောင်ကြသည်။ လူအချို့တို့က ၎င်းတို့၏ ရှေ့ရေးများနှင့် ၎င်းတို့ သားများ သမီးများ၏ ရှေ့ရေးများ မည်သို့ဖြစ်မည်ကို ကြည့်ရန် ၎င်းတို့၏ရုပ်အင်ကို ဖတ်စေကြပြီး၊ အချို့သော စီးပွားရေးသမားများက မည်သည့်လုပ်ဆောင်ချက်များ လုပ်ဆောင်သင့်သည်နှင့်ပတ်သက်၍ မျက်နှာဖတ်သူ၏ လမ်းပြမှုကို ရှာဖွေရင်း၊ ၎င်းတို့ငွေမည်မျှ ရမည်ကို သိဖို့ရန် လုပ်ဆောင်ကြလေသည်။ ထို့ကြောင့်၊ သိလိုစိတ် ပြင်းပြမှုကို ကျေနပ်မှုပေးရန်သာ ဤအရာကို လုပ်ဆောင်ခြင်းဖြစ်သလော။ လူတို့သည် ၎င်းတို့၏ရုပ်အင်ကို ဖတ်စေသည့်အခါ သို့မဟုတ် ဤအရာမျိုးများကို လုပ်ဆောင်သည့်အခါ၊ ၎င်းတို့၏ ကိုယ်ပိုင် အနာဂတ် ပုဂ္ဂိုလ်ရေးရာ အကျိုးအမြတ် အတွက်ဖြစ်သည်။ ဤအရာအားလုံးက ၎င်းတို့၏ ကိုယ်ပိုင်ကံကြမ္မာနှင့် နီးစပ်စွာ ဆက်နွှယ်နေသည်ဟု ၎င်းတို့ ယုံကြည်ကြသည်။ ဤအရာသည် တစ်ခုတစ်လေ အသုံးဝင်သလော။ (အသုံးမဝင်ပါ။) အဘယ်ကြောင့် အသုံးမဝင်သနည်း။ ဤအရာများမှတစ်ဆင့် အသိပညာအချို့ကို ရရှိသည်မှာ ကောင်းသည့်အရာ မဟုတ်သလော။ ဤကျင့်သုံးမှုများသည် သင့်ကို ဒုက္ခပြဿနာက ထိုးနှက်သောအခါ အကူအညီပေးကောင်းပေးနိုင်ပြီး၊ ဤဒုက္ခ ပြဿနာများ မကျရောက်ခင် ယင်းတို့ကို သင်သိပါက သင်ရှောင်ရှားနိုင်မည် မဟုတ်လော။ သင်သည် သင်၏ကံကြမ္မာကို ပြောပြစေလျှင် သင့်အနေဖြင့် လာမည့်နှစ်၌ ကံကောင်းခြင်းကို ခံစားနိုင်ဖို့နှင့် သင်၏စီးပွားရေးလုပ်ငန်းမှတဆင့် ကြီးမားသော ချမ်းသာကြွယ်ဝခြင်း ရှိလာနိုင်ဖို့အလို့ငှာ ဝင်္ကပါထဲမှ မှန်ကန်သော လမ်းကြောင်းအား ရှာရမည့်ပုံကို သင့်အား ထိုအရာက ပြသကောင်းပြသလိမ့်မည်။ ထို့ကြောင့် ယင်းသည် အသုံးဝင်သလော၊ အသုံးမဝင်သလော။ အသုံးဝင်သည်ဖြစ်စေ မဝင်သည်ဖြစ်စေ ငါတို့နှင့် ဆက်နွှယ်မှုမရှိသကဲ့သို့ ယနေ့ ငါတို့၏ မိတ်သဟာယပြုခြင်းတွင် ဤခေါင်းစဉ် ပါဝင်လိမ့်မည်မဟုတ်ပေ။ လူသားကို ဖောက်ပြန်ပျက်စီးစေရန် စာတန်သည် အယူသီးခြင်းကို မည်သို့အသုံးပြုသနည်း။ လူတို့အားလုံးသည် မိမိတို့၏ ကံကြမ္မာကို သိချင်ကြ၏၊ ထို့ကြောင့် စာတန်သည် ၎င်းတို့ကို သွေးဆောင်ဖြားယောင်းရန် ၎င်းတို့၏ သိလိုစိတ်ပြင်းပြမှုကို ကောင်းကောင်း အသုံးချလေသည်။ လူတို့သည် အနာဂတ်တွင် ၎င်းတို့ကို မည်သည့်အရာ ဖြစ်ပျက်မည်၊ ပြီးလျှင် ရှေ့တွင် မည်သည့်လမ်းမျိုးရှိနေသည်တို့ကို လေ့လာသိရှိဖို့ရန်အလို့ငှာ ဂမ္ဘီရပညာ၊ ဗေဒင်ဟောခြင်းနှင့် ရုပ်အင်ဖတ်ခြင်းတို့တွင် စိတ်ပါဝင်စား ကြ၏။ သို့သော်လည်း၊ အဆုံးတွင်၊ လူတို့ အလွန် စိတ်ဝင်စားကြသည့် ကံကြမ္မာနှင့် ရှေ့ရေးများက မည်သူ၏လက်ထဲတွင် ရှိပါသနည်း။ (ဘုရားသခင်၏ လက်တော်တွင် ရှိပါသည်။) ဤအရာများအားလုံးသည် ဘုရားသခင်၏ လက်ထဲတွင်ရှိသည်။ ဤနည်းလမ်းများကို အသုံးပြုရာတွင်၊ စာတန်က လူတို့အား အဘယ်အရာကိုသိစေလိုသနည်း။ ၎င်းသည် လူတို့၏ အနာဂတ် ကံကြမ္မာကို ၎င်းကသိပြီး၊ ဤအရာများကို သိရုံမျှမက ၎င်းက ထိန်းချုပ်သည်ကို လူတို့အား ပြောပြရန် စာတန်က ရုပ်အင်ဖတ်ခြင်းနှင့် ဗေဒင်ဟောခြင်းတို့ကို အသုံးပြုချင်သည်။ စာတန်သည် လူတို့အနေဖြင့် ၎င်းကို မျက်စိမှိတ်ပြီးယုံကြည်ကာ ၎င်း၏ စကားတစ်လုံးမကျန် လိုက်နာသည်အထိ လူတို့ကို ထိန်းချုပ်ဖို့ ဤအခွင့်အရေးကို အခွင့်ကောင်းယူပြီး ဤနည်းလမ်းများကို အသုံးပြုချင်လေသည်။ ဥပမာအနေဖြင့်၊ သင်သည် ရုပ်အင်ဗေဒဖတ်ခြင်း လုပ်ဆောင်ပါက၊ ဗေဒင်ဆရာက သူ၏မျက်လုံးများကို မှိတ်ပြီး လွန်ခဲ့သည့် ဆယ်စုနှစ် အနည်းငယ်က သင့်ကို ဖြစ်ပျက်ခဲ့သည်များ အားလုံးအား ပြောပြပါက၊ စိတ်ထဲတွင် သင် မည်ကဲ့သို့ခံစားရမည်နည်း။ သင်က၊ “သူ အလွန်တိကျမှန်ကန်သည်။ ငါ၏ အတိတ်ကို ယခင်က မည်သူ့ကိုမျှ ငါမပြောခဲ့ဖူးပါ၊ သူ ဤအရာကို မည်ကဲ့သို့သိသနည်း။ ငါ ဤဗေဒင်ဆရာကို အမှန်ပင်လေးစား သွားပြီ။” ဟု ချက်ချင်း ခံစားရလိမ့်မည်။ စာတန်အတွက်က သင့်အတိတ်ကို သိရန် အလွန်လွယ်ကူသည် မဟုတ်လော။ ဘုရားသခင်က သင့်ကို ယနေ့ထိတိုင် လမ်းပြပြီးဖြစ်သကဲ့သို့၊ စာတန်က ထိုအချိန် တစ်လျှောက်လုံး လူတို့ကို ဖောက်ပြန်ပျက်စီးစေပြီး၊ သင့်နောက်သို့ လိုက်နေခဲ့သည်။ သင့်ဘဝ၏ ဆယ်စုနှစ်များကုန်လွန်ခြင်းက စာတန်အဖို့ ဘာမျှမဟုတ်သလို ဤအရာများကို သိရန် စာတန်အတွက် မခက်ခဲပေ။ စာတန်ပြောခဲ့သမျှ တိကျမှန်ကန်သည်ကို သင်သိသောအခါ၊ သင့်စိတ်နှလုံးကို သူ့အားပေးနေသည် မဟုတ်လော။ သင်၏အနာဂတ်နှင့် ကံကြမ္မာတို့ကို ထိန်းချုပ်ဖို့ ၎င်းအပေါ် မှီခိုနေသည် မဟုတ်လော။ တစ်ခဏချင်းတွင် သင်၏ စိတ်နှလုံးသည် ၎င်းကို လေးစားမှုအချို့နှင့် ကြောက်ရွံ့မှုကို ခံစားရလိမ့်မည်ဖြစ်ပြီး လူအချို့အတွက် ၎င်းတို့၏ ဝိညာဉ်များသည် ဤအချိန်တွင် ၎င်း၏လုယူခြင်းကိုခံရနှင့်ပြီး ဖြစ်ကောင်းဖြစ်နိုင်သည်။ ပြီးလျှင် သင်သည် ဗေဒင်ဆရာကို ချက်ချင်းမေးလိမ့်မည်- “နောက်ရော ကျွန်ုပ်ဘာလုပ်သင့်သနည်း။ လာမည့်နှစ်ထဲမှာ ကျွန်ုပ် အဘယ်အရာကို ရှောင်ရှားသင့် သနည်း။ အဘယ်အရာတို့ကို ကျွန်ုပ် မလုပ်ရမည်နည်း။” ထို့နောက်တွင်၊ သူက “သင် ထိုနေရာသို့ မသွားရ၊ ဒီအရာကို မလုပ်ရ၊ ထိုထိုသောအရောင်ရှိသည့် အဝတ်အစားများကို မဝတ်နှင့်၊ သင်သည် အကြင်မည်သော နေရာများကို သွားတာ လျှော့သင့်သည်၊ အချို့သော အရာများကို ပိုမိုလုပ်ဆောင်ပါ...” ဟုပြောလိမ့်မည်။ သူပြောသမျှအားလုံးကို သင်သည် စိတ်နှလုံး ထဲတွင် ချက်ချင်း မှတ်ယူလိမ့်မည် မဟုတ်လော။ သင်သည် သူ၏ စကားများကို ဘုရားသခင်၏ နှုတ်ကပတ်တော်ထက် ပိုမိုလျင်မြန်စွာ အာဂုံဆောင်ထားလိမ့်မည်။ ၎င်းတို့ကို အဘယ်ကြောင့် အလွန်လျင်မြန်စွာ သင် အလွတ်ရမည်နည်း။ အဘယ်ကြောင့်ဆိုသော် သင်သည် ကံကောင်းခြင်းအတွက် စာတန်ကို အမှီပြုချင်သောကြောင့် ဖြစ်သည်။ ဤသည်မှာ ၎င်းက သင်၏စိတ်နှလုံးကို သိမ်းလိုက်သည့်အချိန် ဖြစ်သည် မဟုတ်လော။ ၎င်း၏ ဟောကိန်းထုတ်မှုများ တစ်ခုပြီးတစ်ခု အမှန်တကယ် ဖြစ်လာသောအခါ၊ သင်သည် လာမည့်နှစ်က မည်သည့်ကံကြမ္မာကို ယူဆောင်လာမည်ကို သိရှိရဖို့ ၎င်းထံသို့ ချက်ချင်းပြန်သွားချင်လိမ့်မည် မဟုတ်လော။ (ပြန်သွားချင် ပါမည်။) စာတန်က သင့်အား လုပ်ဆောင်ရန် ပြောသည့် မည်သည့်အရာကိုမဆို သင်လုပ်ဆောင်လိမ့်မည်ဖြစ်ပြီး ၎င်းက ရှောင်ရန်ပြောသည့် အရာများကိုလည်း သင်ရှောင်ကြဉ်လိမ့်မည် ဖြစ်သည်။ ဤနည်းဖြင့်၊ သူပြောသမျှ အားလုံးကို သင်နာခံနေသည် မဟုတ်လော။ အလွန်လျင်မြန်စွာ၊ သင်သည် သူကို လက်ခံယုံကြည်ခြင်းထဲသို့ ကျရောက်သွားလိမ့်မည်၊ လှည့်ဖြားခံရမည်ဖြစ်ပြီး သူ၏ထိန်းချုပ်မှုအောက်သို့ ရောက်လာ လိမ့်မည်။ ဤသို့ဖြစ်ရခြင်းမှာ သူပြောသည့်အရာကို သမ္မာတရား အဖြစ် သင်ယုံကြည်သောကြောင့် ဖြစ်ပြီး၊ သင်၏ အတိတ်က အသက်တာ၊ သင်၏ယခုအသက်တာနှင့် အနာဂတ်က အဘယ်အရာ ဆောင်ကြဉ်းလာမည့် အကြောင်းကို သူသိသည်ဟု သင်ယုံကြည်သောကြောင့် ဖြစ်သည်။ ဤကား လူတို့ကို ထိန်းချုပ်ရန် စာတန် အသုံးပြုသည့် နည်းလမ်းဖြစ်သည်။ သို့ရာတွင် အမှန်အားဖြင့်၊ မည်သူက အမှန်တကယ် ထိန်းချုပ် နေပါသနည်း။ ဘုရားသခင် ကိုယ်တော်တိုင်က ထိန်းချုပ်၏၊ စာတန်မဟုတ်ပေ။ စာတန်သည် ဤနေရာတွင် မသိနားမလည်သည့် လူများကို လှည့်စားရန်၊ ရုပ်ဝတ္ထု လောကကိုသာမြင်ပြီး ထိုအရာအပေါ် အားကိုးနေသည့် လူတို့ကို လှည့်စားရန် သူ၏ပရိယာယ်များကို အသုံးပြုနေခြင်း သာဖြစ်သည်။ ထို့နောက်၊ ၎င်းတို့သည် စာတန်၏ လက်ထဲသို့ ကျရောက်ကြပြီး သူ၏စကားတစ်လုံးစီတိုင်းကို နာခံကြ လေသည်။ သို့ရာတွင် လူတို့က ဘုရားသခင်ကို ယုံကြည်လိုပြီး ဘုရားသခင် နောက်သို့ လိုက်လိုသည့်အခါ၊ စာတန်က အလျှော့ပေးဖူးပါသလော။ စာတန်က အလျှော့မပေးပေ။ ဤအခြေအနေတွင်၊ လူတို့သည် စာတန်၏ လက်ထဲသို့ အမှန်တကယ် ကျရောက်နေကြသလော။ (ကျရောက်နေပါသည်။) ဤအရာနှင့်စပ်လျဉ်း၍ စာတန်၏ အပြုအမူက အရှက် ကင်းမဲ့သည်ဟု ငါတို့ ပြောနိုင်သလော။ (ပြောနိုင်ပါသည်။) အဘယ်ကြောင့် ပြောနိုင်သနည်း။ မမှန်မကန်နှင့် လှည့်စားတတ်သော နည်းဗျူဟာများ ရှိသောကြောင့်ဖြစ်သည်။ စာတန်သည် အရှက်ကင်းမဲ့ပြီး လူတို့ကို ၎င်းတို့နှင့် ပတ်သက်သမျှတိုင်းကို ၎င်းက ထိန်းချုပ်ထားသကဲ့သို့ ၎င်းတို့၏ တကယ့်ကံကြမ္မာကို ထိန်းချုပ်ထားသည်ဟု တွေးမိစေခြင်းထဲသို့ လူတို့ကို လှည့်စားသည်။ ဤအရာက မသိမနားလည်သည့် လူတို့ကို ၎င်းအား လုံးဝ နာခံဖို့ ဖြစ်စေသည်။ စကားအနည်းငယ်မျှဖြင့် ၎င်းတို့ အလှည့်စားခံရကြလေသည်။ မှင်တက်မိခြင်းဖြင့် လူတို့သည် ၎င်း၏ရှေ့မှောက်တွင် ဦးညွှတ် ကြသည်။ ထိုသို့လျှင်၊ စာတန်သည် မည်သည့်နည်းလမ်းမျိုးကို အသုံးပြုသနည်း၊ ၎င်းကို သင်ယုံကြည်ရန် မည်သည့်အရာကို ၎င်းက ပြောသနည်း။ ဥပမာ၊ သင့်မိသားစုတွင် လူဘယ်နှစ်ဦး ရှိသည်ကို သင့်အနေဖြင့် စာတန်ကို ပြောကောင်း ပြောခဲ့မည် မဟုတ်သော်လည်း၊ ၎င်းက သင့်မိသားစု၌ လူဘယ်နှစ်ယောက် ရှိသည်ဆိုသည်နှင့် သင့်မိဘများနှင့် သားသမီးများ၏ အသက်အရွယ်များကို ပြောကောင်းပြောနိုင် လိမ့်ဦးမည်ဖြစ်သည်။ ဤအရာမတိုင်မီ သင့်အနေဖြင့် စာတန်နှင့်ပတ်သက်၍ မယုံသင်္ကာမှုများနှင့် သံသယများရှိကောင်း ရှိမည်ဖြစ်သော်လည်း၊ ဤအရာများအား ၎င်းက ပြောသည်ကို ကြားပြီးနောက်တွင်၊ သင်သည် နည်းနည်းပိုပြီး ယုံကြည်ဖွယ်ရာ ကောင်းသည်ဟု ခံစားလာရမည် မဟုတ်လော။ ထိုအခါ စာတန်က၊ သင့်အတွက် အလုပ်အကိုင်က အခုတလော မည်မျှ ခက်ခဲနေကြောင်း၊ သင့် အထက်လူကြီးများက သင်နှင့်ထိုက်သည့် အသိအမှတ်ပြုခြင်းကို မပေးဘဲ သင့်အား ဆန့်ကျင်၍ အမြဲတစေ လုပ်နေကြသည်၊ စသဖြင့် ပြောကောင်းပြောလိမ့်မည်။ ယင်းကို ကြားပြီးသည့်နောက်တွင်၊ သင်က၊ “လုံးဝ မှန်လေစွ။ အလုပ်မှာ ကိစ္စတွေက အဆင်ကိုပြေမနေခဲ့တာပဲ” ဟု သင်တွေးမိလိမ့်မည်။ ထိုသို့ဖြင့် သင်သည် စာတန်ကို အနည်းငယ် ပို၍ယုံကြည်လိမ့်မည်။ ထို့နောက် ၎င်းသည် သင်ကို ပို၍ပင် ယုံကြည်လာစေလျက် သင့်ကို လှည့်ဖြားရန် အခြားတစ်စုံတစ်ရာကို ပြောလိမ့်မည်။ နည်းနည်းချင်းစီဖြင့်၊ သင်သည် ခုခံနိုင်စွမ်းမရှိတော့ဘဲ သို့မဟုတ် ၎င်းကို နောက်ထပ် မယုံသင်္ကာဖြစ်ခြင်း တစ်စုံတစ်ရာ မရှိတော့သည်ကို သင့်ကိုယ်သင် တွေ့ရှိရလိမ့်မည်။ စာတန်သည် အသေးအဖွဲ လှည့်စားမှုလေးများ၊ မဖြစ်စလောက်သည့် လှည့်စားမှု သေးသေးလေးတို့ကိုပင် အသုံးပြုရုံမျှပြုပြီး ဤနည်းဖြင့် သင့်ကို ဝေခွဲမရဖြစ်စေသည်။ သင်သည် ဝေခွဲမရဖြစ်လာသည်နှင့်အမျှ၊ သင်၏ တိကျသော ရပ်တည်မှုကို ရှာတွေ့နိုင်လိမ့်မည် မဟုတ်၊ သင်ဘာလုပ်ရမည်ကို မသိဖြစ်လိမ့်မည်ဖြစ်ပြီး၊ စာတန် ပြောသည့်အရာကို သင်သည် စတင်လိုက်နာလိမ့်မည်။ ဤသည်မှာ လူကို ဖောက်ပြန်ပျက်စီးစေရန် စာတန်အသုံးပြုသော “ထူးခြားပြောင်မြောက်သော” နည်းလမ်းဖြစ်ပြီး၊ ယင်းက သင့်ကို သူ၏ထောင်ချောက်ထဲသို့ အမှတ်တမဲ့ ကျရောက်စေပြီး သူ၏ ဖြားယောင်းခြင်းကိုခံရစေလေသည်။ လူတို့က ကောင်းသည့် အရာများအဖြစ် စိတ်ကူးထားသည့် အရာ အနည်းငယ်ကို စာတန်က သင့်ကိုပြောပြီးနောက်၊ မည်သည့်အရာ လုပ်ရမည် ဆိုသည်နှင့် မည်သည့်အရာ ရှောင်ရမည်ဆိုသည်ကို ၎င်းက သင့်ကို ပြောသည်။ ဤသည်မှာ သင် အမှတ်တမဲ့ လှည့်ဖြားခံရသည့် ပုံဖြစ်သည်။ ယင်းအတွက် အလှည့်ဖြားခံရသည်နှင့်တစ်ပြိုင်နက် အမှုအရာများသည် သင့်အတွက် ခွတီးခွကျ ဖြစ်ပေလိမ့်မည်။ စာတန်ပြောသည့် အရာနှင့် သင့်ကို သူလုပ်ခိုင်းထားသည့်အရာကို စဉ်ဆက်မပြတ် သင်တွေးတော နေလိမ့်မည်ဖြစ်ပြီး၊ သင်သည် အမှတ်တမဲ့ဖြင့် ၎င်း၏ ပိုင်ဆိုင်ခြင်းကို ခံရလိမ့်မည်။ ဤသည်မှာ အဘယ်ကြောင့်နည်း။ ဤသို့ဖြစ်ရခြင်းမှာ လူသားမျိုးနွယ်သည် သမ္မာတရား ကင်းမဲ့သောကြောင့် ဖြစ်၏၊ ထို့ကြောင့် စာတန်၏ ဖြားယောင်းမှု နှင့် စုံစမ်းသွေးဆောင်မှုတို့ကို ခိုင်ခိုင်မာမာ ခံရပ်နိုင်ခြင်း မရှိကြပေ။ စာတန်၏ ဆိုးယုတ်မှုနှင့် ၎င်း၏ လှည့်ဖြားမှု၊ သစ္စာဖောက်မှုနှင့် မလိုမုန်းထားမှုတို့ကို ရင်ဆိုင်ရာတွင်၊ လူသားမျိုးနွယ်သည် အလွန် မသိနားမလည်ကြ‌၊ မရင့်ကျက် ကြသကဲ့သို့ အားနည်းကြ၏၊ ဟုတ်သည် မဟုတ်လော။ ဤသည်မှာ လူကို စာတန်က ဖောက်ပြန်ပျက်စီးစေသည့် နည်းလမ်းများထဲမှ တစ်ခုမဟုတ်သလော။ (ဟုတ်ပါသည်။) လူသားသည် စာတန်၏ အမျိုးမျိုးသော နည်းလမ်းများဖြင့်၊ နည်းနည်းချင်း အမှတ်တမဲ့ လှည့်ဖြားခံရပြီး လှည့်စားခံရသည်၊ အဘယ်ကြောင့် ဆိုသော် ၎င်းတို့သည် အပြုသဘောနှင့် အပျက်သဘောကြားတွင် ပိုင်းခြားသိမြင်ဖို့ အစွမ်းအစ ကင်းမဲ့ သောကြောင့်ဖြစ်သည်။ ၎င်းတို့သည် ဤဝိညာဉ် အသက်တာနှင့် စာတန်အပေါ် အောင်နိုင်သည့် အစွမ်းအစ ကင်းမဲ့ကြလေသည်။

(င) လူသားကို ဖောက်ပြန်ပျက်စီးစေရန် စာတန်က လူမှုခေတ်ရေစီးကြောင်းများကို အသုံးပြုပုံ

လူမှုခေတ်ရေစီးကြောင်းများက မည်သည့်အချိန်တွင် စတင် တည်ရှိလာခဲ့သနည်း။ မျက်မှောက်ခေတ်တွင်မှ ထိုအရာများ ဖြစ်တည်လာခဲ့သလော။ စာတန်က လူတို့ကို စတင် ဖောက်ပြန် နေစေသည့်အချိန်တွင် လူမှုခေတ်ရေစီးကြောင်းများ ဖြစ်လာ ခဲ့သည်ဟု ပြောနိုင်သည်။ လူမှုခေတ် ရေစီးကြောင်းများထဲတွင် မည်သည့်အရာ ပါဝင်သနည်း။ (ဝတ်ပုံစားပုံများနှင့် မိတ်ကပ်တို့ ပါဝင်ပါသည်။) ဤအရာများသည် လူတို့ မကြာခဏ ထိတွေ့ လာရသည့် အရာများ ဖြစ်ကြသည်။ ဝတ်ပုံစားပုံများ၊ ဖက်ရှင်နှင့် ခေတ်ရေစီးကြောင်းများ၊ ဤအရာများက သေးငယ်သည့် ကဏ္ဍတစ်ခုကို ဖန်တီးလေသည်။ အခြားတစ်ခုတစ်လေ ရှိသေး သလော။ လူတို့ ပြောနေကျဖြစ်သည့် ကျော်ကြားသည့် စကားရပ်များလည်း ပါဝင်သလော။ လူတို့လိုချင်ကြသည့် ဘဝနေထိုင်မှု ပုံစံများကော ပါဝင်သလော။ ဂီတကြယ်ပွင့်များ၊ ထင်ရှားကျော်ကြားသူများ၊ မဂ္ဂဇင်းများနှင့် လူတို့ နှစ်သက်သည့် ဝတ္ထုများ ပါဝင်သလော။ (ပါဝင်ပါသည်။) သင်တို့၏ စိတ်ထဲတွင်၊ မည်သည့် ခေတ်ရေစီးကြောင်း၏ သွင်ပြင်လက္ခဏာက လူကို ဖောက်ပြန်ပျက်စီးစေနိုင်သနည်း။ ဤခေတ်ရေစီးကြောင်းများထဲမှ မည်သည်က သင်တို့အဖို့ အဆွဲဆောင်ဆုံး ဖြစ်သနည်း။ လူအချို့က၊ “ကျွန်ုပ်တို့အားလုံး အရွယ်တစ်ခုကို ရောက်ခဲ့ကြပြီ၊ ကျွန်ုပ်တို့က အသက် ငါးဆယ်၊ ခြောက်ဆယ်၊ ခုနှစ်ဆယ် သို့မဟုတ် ရှစ်ဆယ်ထဲ ဝင်နေကြပြီဖြစ်ပြီး ဤခေတ်ရေစီးကြောင်းများနှင့် အံမဝင်နိုင်တော့သကဲ့သို့ ၎င်းတို့သည် အမှန်တကယ် ကျွန်ုပ်တို့ကို မဆွဲဆောင်ပါ” ဟုပြောကြသည်။ ဤသည်မှာ မှန်သလော။ အခြားသူများက၊ “ထင်ရှားကျော်ကြားသူများနောက် ကျွန်ုပ်တို့ မလိုက်ပါ၊ ယင်းမှာ လူငယ်လူရွယ်များက ၎င်းတို့၏ အသက်နှစ်ဆယ်အရွယ်တွင် လုပ်ဆောင်သည့် အရာတစ်ခု ဖြစ်သည်။ ကျွန်ုပ်တို့က ခေတ်ဆန်သည့် အဝတ်အစားများကိုလည်း မဝတ်ပါ၊ ၎င်းမှာ အသွင်အပြင်ကို ဂရုစိုက်သည့် လူများပြုလုပ်သည့် အရာတစ်ခု ဖြစ်သည်” ဟုပြောကြသည်။ ထိုသို့ဆိုလျှင်၊ ဤအရာများထဲမှ မည်သည့်အရာက သင်တို့ကို ဖောက်ပြန် ပျက်စီးစေနိုင်သနည်း။ (လူကြိုက်များသည့် ဆိုရိုးစကားများ ဖြစ်ပါသည်။) ဤဆိုရိုးစကားများက လူတို့ကို ဖောက်ပြန်ပျက်စီး စေနိုင်သလော။ ဥပမာတစ်ခုကို သင်တို့အား ငါပေးမည်၊ ပြီးလျှင် ၎င်းက လူတို့ကို ဖောက်ပြန်ပျက်စီးစေနိုင်ခြင်း ရှိမရှိ သင်တို့ မြင်နိုင်သည်- “ငွေက ကမ္ဘာကို လည်ပတ်စေသည်”- ဤသည်မှာ ခေတ်ရေစီးကြောင်းတစ်ခုလော။ သင်တို့ပြောခဲ့သည့် ဖက်ရှင်နှင့် အစားအသောက်ကောင်း ခေတ်ရေစီးကြောင်းများနှင့် နှိုင်းယှဉ်ပါက ဤသည်မှာ ပို၍များစွာဆိုးရွားသည် မဟုတ်လော။ “ငွေက ကမ္ဘာကို လည်ပတ်စေသည်” ဆိုသည်မှာ စာတန်၏ အတွေးအခေါ်တစ်ခုဖြစ်သည်။ ယင်းသည် လူသားမျိုးနွယ် တစ်ခုလုံးအကြား၊ လူ့အသိုင်းအဝိုင်းတိုင်းတွင် ပျံ့နှံ့လေသည်။ ၎င်းကို ခေတ်ရေစီးကြောင်းတစ်ခု ဖြစ်သည်ဟု သင်ပြောနိုင်သည်။ ဤသည်မှာ ယင်းသည် ကနဦးက ဤဆိုရိုးစကားကို လက်မခံခဲ့ကြသော်လည်း ထို့နောက် လက်တွေ့ဘဝနှင့် ထိတွေ့လာရချိန်တွင် ထိုဆိုရိုးစကားကို သိသိသာသာ လက်ခံကြပြီး ဤစကားများက ဧကန်အမှန် မှန်ကန်သည်ဟု စတင်ခံစားကြရသည့် လူတစ်ဦးစီတိုင်း၏ စိတ်နှလုံးထဲ သွတ်သွင်းခံရသောကြောင့်ဖြစ်သည်။ ဤသည်မှာ စာတန်က လူသားကို ဖောက်ပြန်ပျက်စီးစေခြင်း ဖြစ်စဉ် မဟုတ်လော။ လူတို့သည် ဤဆိုရိုးစကားကို တူညီသည့်အတိုင်းအတာဖြင့် နားလည်ကောင်း နားလည်မည်မဟုတ်သော်လည်း၊ အယောက်တိုင်းသည် အနီးတစ်ဝိုက်တွင် ဖြစ်နေသည့် အရာများနှင့် ၎င်းတို့၏ ပုဂ္ဂိုလ်ရေး အတွေ့အကြုံများကို အခြေခံပြီး၊ ဤဆိုရိုးစကား နှင့်ဆိုင်သော မတူကွဲပြားသည့် အနက်ပြန်ခြင်းနှင့် သိမှတ်မှု အတိုင်းအတာများ ရှိကြသည်။ ယင်းမှာ မှန်၏လော။ တစ်စုံတစ်ယောက်သည် ဤဆိုရိုးစကားနှင့် သက်ဆိုင်သော အတွေ့အကြုံမည်မျှရှိပါစေ၊ တစ်စုံတစ်ယောက်၏ စိတ်နှလုံးသား အပေါ် မည်သည့် အပျက်သဘောဆောင်သော သက်ရောက်မှု ရှိနိုင်သနည်း။ သင်တို့ အယောက်စီတိုင်းအပါအဝင် ဤလောက ထဲက လူတို့၏ လူသား စိတ်သဘောထားမှတစ်ဆင့် တစ်စုံတစ်ခု ထုတ်ဖော်ပြခံရသည်။ ယင်းက မည်သည့်အရာနည်း။ ယင်းသည် ငွေကို ကိုးကွယ်ခြင်းဖြစ်သည်။ ယင်းကို တစ်စုံတစ်ယောက်၏ စိတ်နှလုံးသားထဲမှ ဖယ်ရှားဖို့ ခက်ခဲသလော။ အင်မတန် ခက်ခဲသည်။ လူသားနှင့်ဆိုင်သော စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းသည် ဧကန်အမှန် အလွန် နက်ရှိုင်း၏။ စာတန်သည် လူများကို စုံစမ်းသွေးဆောင်ဖို့ ငွေကို အသုံးပြုပြီး လူတို့အား ငွေကို ကိုးကွယ်အောင်နှင့် ရုပ်ဝတ္ထုပစ္စည်းများကို အမွန်အမြတ်ထားအောင် ဖောက်ပြန်ပျက်စီးစေသည်။ ဤငွေကို ကိုးကွယ်ခြင်းသည် လူတို့၌ မည်သို့ပေါ်လွင်သနည်း။ ဤလောကတွင် ငွေတစ်ခုတစ်လေမျှမရှိဘဲ အသက်ရှင်မနေနိုင်၊ ငွေမရှိဘဲ တစ်ရက်မျှပင် မဖြစ်နိုင်ဟု သင်တို့ခံစားသလော။ လူတို့၏ အဆင့်အတန်းသည် ၎င်းတို့ ခံယူသည့် လေးစားမှုကဲ့သို့ ငွေမည်မျှရှိသည်ဆိုသည့်အပေါ် အခြေခံနေသည်။ ဆင်းရဲသားတို့၏ နောက်ကျောသည် အရှက်တရားတို့ဖြင့် ကွေးညွှတ်နေစဉ်၊ လူချမ်းသာတို့သည် ၎င်းတို့၏ မြင့်မားသည့် အဆင့်အတန်းကို သာယာ နေကြသည်။ သူတို့သည် ရဲရင့်ပြီး မော်ကြွားကြသည်၊ ကျယ်လောင်စွာ စကားပြောကြပြီး၊ မာန်မာနထောင်လွှားစွာ နေထိုင်ကြသည်။ ဤဆိုရိုးစကားနှင့် ခေတ်ရေစီးကြောင်းသည် လူသားတို့အား အဘယ်အရာကို ယူဆောင်လာပေးသနည်း။ ငွေကို လိုက်စားရှာဖွေရာတွင် မည်သည့်စွန့်လွှတ်မှုကိုမဆို လူများစွာက ပြုကြသည်မှာ မှန်သည်မဟုတ်လော။ လူတို့သည် ငွေကို ပိုမိုလိုက်စား ရှာဖွေရာတွင်‌ ၎င်းတို့၏ ဂုဏ်သိက္ခာနှင့် သမာဓိတို့ကို မစွန့်လွှတ်သလော။ ငွေကြေးအတွက် များစွာသော လူတို့သည် မိမိတို့၏တာဝန်များကို ထမ်းဆောင်ရန်နှင့် ဘုရားသခင်နောက်လိုက်ရန် အခွင့်အရေးကို ဆုံးရှုံးကြသည် မဟုတ်လော။ သမ္မာတရားကို ရရှိကာ ကယ်တင်ခံရမည့် အခွင့်အရေးကို ဆုံးရှုံးခြင်းသည် ဆုံးရှုံးမှုများ အားလုံးထဲတွင် လူတို့အတွက် အကြီးမားဆုံးသော ဆုံးရှုံးမှုကြီးဖြစ်သည် မဟုတ်သလော။ စာတန်သည် ဤနည်းလမ်းနှင့် ဤဆိုရိုးစကားကို ထိုသို့သော အတိုင်းအတာတစ်ခုထိ အသုံးပြုသည်မှာ အန္တရာယ်ပြုမည့် လက္ခဏာ မဟုတ်သလော။ ဤသည်မှာ မလိုမုန်းထားသည့် လှည့်ကွက်တစ်ခု မဟုတ်လော။ ဤလူသိများသည့် ဆိုရိုးစကားကို ကန့်ကွက်ရာမှ သင်သည် နောက်ဆုံးတွင် ယင်းကို သမ္မာတရားအဖြစ် လက်ခံ လာသည်နှင့်အမျှ၊ သင်၏စိတ်နှလုံးသည် စာတန်၏ လက်ထဲသို့ လုံးဝကျရောက်သွားသောကြောင့် သင်သည် ထိုဆိုရိုးစကားဖြင့် အမှတ်တမဲ့ အသက်ရှင်လာသည်။ ဤဆိုရိုးစကားက သင့်ကို အဘယ်အတိုင်းအတာအထိ အကျိုးသက်ရောက်မှု ဖြစ်စေသနည်း။ သင်က မှန်သောလမ်းကို သိကောင်းသိမည်ဖြစ်ပြီး၊ သမ္မာတရားကို သိကောင်းသိမည် ဖြစ်သော်လည်း၊ ယင်းကို လိုက်စားရှာဖွေရန် အစွမ်းမဲ့လေသည်။‌ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သမ္မာတရားဖြစ်သည်ကို သင် ရှင်းရှင်းလင်းလင်း သိကောင်းသိနိုင်သော်လည်း၊ သမ္မာတရားကို ရရှိဖို့အလို့ငှာ သင်သည် အဖိုးအခကို ပေးရန် သို့မဟုတ် ဆင်းရဲဒုက္ခခံရန် လိုလားခြင်းမရှိပေ။ ယင်းအစား၊ ဘုရားသခင်ကို အဆုံးတိုင်အောင် ဆန့်ကျင်ရန် သင်၏ ကိုယ်ပိုင်အနာဂတ်နှင့် ကံကြမ္မာကို သင် သာ၍စွန့်လွှတ်လိမ့်မည်။ ဘုရားသခင် အဘယ်အရာကို ပြောသည် ဖြစ်စေ၊ အဘယ်အရာကို လုပ်သည်ဖြစ်စေ၊ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာက သင့်အတွက် မည်မျှကြီးမြတ်ပြီး နက်ရှိုင်းသည်ကို သင်သိသည်ဖြစ်စေ မသိသည်ဖြစ်စေ၊ သင်သည် ခေါင်းမာစွာဖြင့် ဤဆိုရိုးစကား အတွက် မိမိသဘောအတိုင်း လုပ်ဆောင်ပြီး အဖိုးအခ ပေးလိမ့်မည်ဖြစ်သည်။ ဆိုလိုသည်မှာ ဤအဆိုသည် သင့်အတွေးများကို လှည့်စားပြီး ထိန်းချုပ်ထားနှင့်ပြီဖြစ်သည်၊ သင့်အပြုအမူကို အုပ်စိုးထားနှင့်ပြီးဖြစ်သည်။ သင်သည် ချမ်းသာမှုကို လိုက်စားခြင်းအား ဘေးဖယ်ထားမည့်အစား ယင်းအဆိုကို သင့်ကံကြမ္မာအပေါ် အုပ်စိုးခွင့်ပေးလိမ့်မည်။ လူတို့သည် ဤနည်းဖြင့် ပြုမူနိုင်ခြင်း၊ စာတန်၏ စကားများဖြင့် လူတို့ကို ထိန်းချုပ်ပြီး ခြယ်လှယ်၍ ရနိုင်ခြင်း— ဤအရာက ၎င်းတို့သည် စာတန်၏ လှည့်စားခြင်းနှင့် ဖောက်ပြန်ပျက်စီးစေခြင်းကို ခံရပြီးဖြစ်သည်ဟု အဓိပ္ပာယ်မရသလော။ စာတန်၏ အတွေးအမြင်နှင့် စဉ်းစားပုံ၊ စာတန်၏ စိတ်သဘောထားသည် သင်၏ စိတ်နှလုံးထဲ၌ အမြစ်တွယ်နေပြီမဟုတ်လော။ သင်သည် ကြွယ်ဝချမ်းသာခြင်းနောက်သို့ မမြင်မကန်းဖြင့်လိုက်ပြီး သမ္မာတရားကို လိုက်စားခြင်းအား စွန့်လွှတ်သောအခါတွင် စာတန်က သင့်ကို လှည့်စားရန်ဖြစ်သည့် ၎င်း၏ ရည်ရွယ်ချက်ကို ရရှိသွားပြီးဖြစ်သည် မဟုတ်လော။ ဤအတိုင်းပင် အတိအကျဖြစ်၏။ ဤသို့ဆိုလျှင် သင်သည် စာတန်၏ လှည့်စားခြင်းနှင့် ဖောက်ပြန်ပျက်စီးစေခြင်းကို ခံရသောအခါ ယင်းကို ခံစားသိရှိနိုင်သလော။ မသိရှိနိုင်ပေ။ သင်၏ရှေ့တည့်တည့်တွင် စာတန်ရပ်နေသည်ကို မမြင်နိုင်လျှင်၊ သို့မဟုတ် မှောင်ရိပ်ထဲတွင် ဆောင်ရွက်နေသည်မှာ စာတန်ဖြစ်သည်ကို မခံစားနိုင်လျှင် စာတန်၏ ကောက်ကျစ်ဆိုးယုတ်မှုကို သင်မြင်နိုင်မည်လော။ လူသားမျိုးနွယ်အား စာတန်မည်သို့ဖောက်ပြန်ပျက်စီးစေသည်ကို သင်သိနိုင်မည်လော။ စာတန်သည် လူကို ခပ်သိမ်းသော အချိန်များနှင့် ခပ်သိမ်းသော နေရာများတွင် ဖောက်ပြန်ပျက်စီး စေသည်။ စာတန်သည် လူသားအား ဤဖောက်ပြန်ပျက်စီးမှုကို ဆန့်ကျင်ဖို့ မဖြစ်နိုင်စေရန် လုပ်ဆောင်ပြီး ယင်းနှင့်ပတ်သက်၍ လူသားကို ကူကယ်ရာမဲ့ဖြစ်အောင် လုပ်ဆောင်သည်။ စာတန်သည် သင်အမှုမဲ့အမှတ်မဲ့ ဖြစ်နေသည့် အခြေအနေများနှင့် သင့်ထံတွင် မည်သည့်အရာဖြစ်နေသည်ကို သင် သတိမပြု မိချိန်တွင် ၎င်း၏အတွေးများ၊ ၎င်း၏ရှုထောင့်အမြင်များနှင့် ၎င်းထံမှလာသည့် ဆိုးယုတ်သည့် အရာများကို သင့်အား လက်ခံစေသည်။ လူတို့သည် ဤအရာများကို လက်ခံကြပြီး၊ ယင်းတို့ကို ပယ်ချကန့်ကွက်ခြင်း မပြုကြပေ။ ၎င်းတို့သည် ဤအရာများကို ချစ်ခင်မြတ်နိုးပြီး ရတနာကဲ့သို့ သိမ်းထား ကြသည်၊ ဤအရာများအား ၎င်းတို့ကို ကြိုးကိုင် ညွှန်ကြားခွင့်ပေးကြပြီး၊ ၎င်းတို့နှင့် ကစားကြသည်။ ဤကား စာတန်၏တန်ခိုးအောက်တွင် လူတို့အသက်ရှင်ပြီး မသိလိုက်ပါဘဲနှင့် စာတန်ကို နာခံကြပုံနှင့် စာတန်၏ လူသားတို့ကို ဖောက်ပြန်ပျက်စီးစေခြင်း နက်ရှိုင်းသည်ထက် နက်ရှိုင်းလာပုံ ဖြစ်ပေသည်။

စာတန်သည် လူကို ဖောက်ပြန်ပျက်စီးစေရန် ဤနည်းလမ်း အချို့ကို အသုံးပြုသည်။ လူသည် အသိပညာနှင့် အချို့သော သိပ္ပံဆိုင်ရာ အခြေခံမူများကို သိနားလည်ခြင်းတစ်ခု ရှိသည်၊ လူသည် ရိုးရာယဉ်ကျေးမှု၏ လွှမ်းမိုးမှုအောက်တွင် နေထိုင်ပြီး၊ လူသားတိုင်းသည် ရိုးရာယဉ်ကျေးမှု၏ အမွေခံသူနှင့် သယ်ဆောင်သူ တစ်ဦးဖြစ်သည်။ လူသားသည် သူ့ကို စာတန် ပေးထားသည့် ရိုးရာယဉ်ကျေးမှုကို ဝတ္တရားအရ ဆက်လက် လုပ်ဆောင်ရပြီး၊ စာတန်က လူသားမျိုးနွယ်ကို ပံ့ပိုးပေးသည့် ခေတ်ရေစီးကြောင်းကိုလည်း လိုက်လုပ်ရသည်။ တစ်ချိန်လုံး စာတန် လုပ်သမျှကို လိုက်လုပ်လျက်၊ ၎င်း၏ ဆိုးယုတ်မှု၊ လှည့်ဖြားမှု၊ မလိုမုန်းထားမှုနှင့် မာနထောင်လွှားမှုတို့ကို လက်ခံရင်း လူသားသည် စာတန်နှင့် ခွဲခြား၍မရချေ။ လူသားသည် စာတန်၏ ဤစိတ်သဘောထားများကို ပိုင်ဆိုင် လာသည်နှင့်တစ်ပြိုင်နက်၊ သူသည် ဤဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်ကြားတွင် ပျော်ရွှင်ဖွယ်ဖြစ်သော ရှင်သန်ခြင်း ရှိလေသလော သို့မဟုတ် ဝမ်းနည်းဖွယ် ရှင်သန်ခြင်း ရှိလေသလော။ (ဝမ်းနည်းဖွယ် ဖြစ်ပါမည်။) အဘယ်ကြောင့် သင် ထိုသို့ပြောသနည်း။ (အဘယ်ကြောင့်ဆိုသော် လူသားသည် ဤအရာများဖြင့် ချည်နှောင်ခံရပြီး ထိန်းချုပ်ခံရသောကြောင့်၊ သူသည် အပြစ်တွင် အသက်ရှင်ကာ ခက်ခဲကြမ်းတမ်းသော ရုန်းကန်လှုပ်ရှားမှုဖြင့် လွှမ်းမိုးခံရပါသည်။) လူအချို့သည် အလွန်ဉာဏ်ပညာရှိပုံပေါ်လျက် မျက်မှန်တပ်ကြ၏။ ၎င်းတို့သည် အပြောကောင်းခြင်းနှင့် ဆင်ခြင်တုံတရားတို့ဖြင့် အလွန် သိက္ခာရှိစွာ စကားပြောဆိုကောင်းပြောဆိုကြလိမ့်မည်ဖြစ်ပြီး၊ အမှုအရာများစွာကို ဖြတ်သန်းရပြီးဖြစ်သောကြောင့်၊ ၎င်းတို့ အလွန် အတွေ့အကြုံရှိကာ ခေတ်မီကောင်း ခေတ်မီကြပေလိမ့်မည်။ ၎င်းတို့သည် ကိစ္စကြီးငယ်များနှင့်ပတ်သက်၍ အသေးစိတ် ပြောကောင်းပြောနိုင်ကြလိမ့်မည်။ ၎င်းတို့အနေဖြင့် အမှုအရာများ၏ စစ်မှန်မှုနှင့် အကြောင်းပြချက်များကိုလည်းအကဲဖြတ်ကောင်း အကဲဖြတ်နိုင်ကြလိမ့်မည်။ အချို့သည် ဤလူတို့၏ အပြုအမူ၊ သွင်ပြင်တို့အပြင် ၎င်းတို့၏ အကျင့်စရိုက်၊ လူ့သဘာဝ၊ အပြုအမူ စသည်တို့ကို ကြည်ပြီး ယင်းတို့နှင့်ပတ်သက်၍ အပြစ်ရှာတွေ့ကောင်းတွေ့မည်မဟုတ်ချေ။ ထိုသို့သော လူတို့သည် လက်ရှိ လူမှုခေတ် ရေစီးကြောင်းကို အထူးသဖြင့် ကျင့်သားရနိုင်ကြလေသည်။ ဤလူတို့သည် ပို၍အသက်ကြီးကောင်း ကြီးမည်ဖြစ်သော်လည်း၊ ဘယ်သောအခါမျှ ခေတ်နောက်ကျခြင်း မရှိသကဲ့သို့ သင်ယူရန်လည်း ဘယ်သောအခါမျှ အိုမင်းမသွားပေ။ အပေါ်ယံတွင်၊ ထိုသို့သော လူတစ်ဦးနှင့်ပတ်သက်၍ မည်သူမျှ အပြစ်ရှာမတွေ့နိုင်သော်လည်း၊ ၎င်းတို့သည် ၎င်းတို့၏ အတွင်းပိုင်း အနှစ်သာရကအစ အားလုံး၌ စာတန်အားဖြင့် အကြွင်းမဲ့နှင့် လုံးဝ ဖောက်ပြန်ပျက်စီး ခံရကြလေသည်။ ဤလူများနှင့်ပတ်သက်၍ အပြင်ပန်း အမှားကို ရှာမတွေ့နိုင်သော်လည်း၊ အပေါ်ယံတွင် ၎င်းတို့သည် သိမ်မွေ့သည်၊ ခံ့ညားပြီး၊ အသိပညာနှင့် အချို့သော အကျင့်သိက္ခာကို ပိုင်ဆိုင်ထားပြီး၊ သမာဓိရှိသော်လည်း၊ အသိပညာအရ ၎င်းတို့သည် ငယ်ရွယ်သူများထက် မနိမ့်ကျ သော်လည်း၊ ၎င်းတို့၏သဘာဝနှင့် အနှစ်သာရနှင့် စပ်လျဉ်း၍ ထိုသို့သော လူတို့သည် စာတန်၏ ပြည့်ဝပြီး အသက်ရှင်သော ပုံစံငယ် ဖြစ်လေသည်။ ၎င်းတို့သည် စာတန်နှင့် တထေရာတည်း တူသောသူဖြစ်သည်။ ဤကား လူကို စာတန် ဖောက်ပြန်ပျက်စီး စေခြင်း၏ “အကျိုးတရား” ဖြစ်သည်။ ငါပြောပြီးသည့် အရာသည် သင်တို့အဖို့ နာကျင်စရာဖြစ်နိုင်သော်လည်း အားလုံး မှန်ကန်၏။ လူလေ့လာသည့် အသိပညာ၊ သူနားလည်သည့် သိပ္ပံပညာ၊ လူမှုခေတ် ရေစီးကြောင်းများနှင့် အံဝင်ခွင်ကျ ဖြစ်အောင် သူရွေးချယ်သည့် နည်းနာတို့သည်၊ ခြွင်းချက်မရှိ စာတန်၏ ဖောက်ပြန်ပျက်စီးစေသည့် တန်ဆာပလာများ ဖြစ်သည်။ ဤသည်မှာ အကြွင်းမဲ့ မှန်ကန်၏။ ထို့ကြောင့် လူသားသည် စာတန်အားဖြင့် လုံးဝ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားအတွင်းတွင် အသက်ရှင်ပြီး၊ ဘုရားသခင်၏ သန့်ရှင်းခြင်းက မည်သည့်အရာဖြစ်သည် သို့မဟုတ် ဘုရားသခင်၏ အနှစ်သာရက မည်သည့်အရာဖြစ်သည်ကို မသိနိုင်ပေ။ ဤသို့ဖြစ်ရခြင်း၏ အကြောင်းရင်းမှာ အပေါ်ယံတွင် စာတန်က လူကို ဖောက်ပြန်ပျက်စီးစေသည့် နည်းလမ်းများနှင့် ပတ်သက်၍ မည်သူမျှ အပြစ်ရှာမတွေ့နိုင်ပေ။ တစ်စုံတစ်ယောက်၏ အပြုအမူမှ တစ်ခုခုလွဲနေသည်ဟု တစ်ယောက်ယောက်က မပြောနိုင်ပေ။ အယောက်တိုင်းသည် မိမိတို့၏အလုပ်ကို ပုံမှန် လုပ်ဆောင်နေကြပြီး ပုံမှန် အသက်တာများကို အသက်ရှင်နေကြသည်။ ပုံမှန်အားဖြင့် စာအုပ်များနှင့် သတင်းစာများကို ၎င်းတို့ ဖတ်ရှုပြီး ပုံမှန် လေ့လာသင်ယူကာ စကားပြောကြသည်။ လူအချို့သည် လူ့ကျင့်ဝတ် အနည်းငယ်ကို သင်ယူကြပြီး အပြောကောင်းကြသည်၊ နားလည်မှုရှိပြီး ဖော်ရွေကြသည်၊ ကူညီတတ်ပြီး ရက်ရောတတ်ကြသကဲ့သို့၊ အရေးမပါသော ရန်စမှုများ သို့မဟုတ် လူတို့ကို အခွင့်အရေးယူခြင်းများ မလုပ်ဆောင်ကြချေ။ သို့ရာတွင်၊ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသည့် ဆိုးယုတ်သော စိတ်သဘောထားများသည် ၎င်းတို့အတွင်းတွင် နက်နက်ရှိုင်းရှိုင်း အမြစ်စွဲနေပြီး၊ ဤအနှစ်သာရကို အပြင်ပန်း အားထုတ်ခြင်းအပေါ် မှီခိုခြင်းဖြင့် ပြောင်းလဲ၍မရနိုင်ပေ။ ဤအနှစ်သာရကြောင့် လူသားသည် ဘုရားသခင်၏ သန့်ရှင်းခြင်းကို မသိနိုင်သကဲ့သို့၊ ဘုရားသခင်၏ သန့်ရှင်းခြင်း အနှစ်သာရကို လူသားထံသို့ ဖွင့်ပြပါသော်လည်း၊ လူက ထိုအရာကို အလေးအနက်မထားပေ။ ဤသို့ဖြစ်ရခြင်းမှာ စာတန်သည် လူသား၏ ခံစားချက်များ၊ အယူအဆများ၊ ရှုထောင့်အမြင်များနှင့် အတွေးများကို နည်းလမ်း အမျိုးမျိုးဖြင့် လုံးဝပိုင်ဆိုင်လာနှင့်ပြီးဖြစ်သောကြောင့် ဖြစ်သည်။ ဤပိုင်ဆိုင်ခြင်းနှင့် ဖောက်ပြန်ပျက်စီးစေခြင်းတို့သည် ခေတ္တ သို့မဟုတ် ရံဖန်ရံခါမဟုတ်ဘဲ၊ နေရာတကာနှင့် အချိန်တိုင်းတွင် ရှိလေသည်။ ထိုသို့ဖြင့်၊ ဘုရားသခင်ကို သုံးနှစ် လေးနှစ် သို့မဟုတ် ငါးနှစ် ခြောက်နှစ်ပင်- ယုံကြည်ခဲ့ကြသည့် ကြီးမြတ်သော လူများစွာတို့သည်၊ ၎င်းတို့ထဲသို့ စာတန် သွတ်သွင်းပေးလိုက်သည့် ဤဆိုးယုတ်သော အတွေးများ၊ အမြင်များ၊ ဆင်ခြင်တွေးခေါ်မှုနှင့် အတွေးအခေါ်များကို ရတနာများအဖြစ် သဘောထားကြပြီး ၎င်းတို့ကို လက်မလွှတ်နိုင်ကြချေ။ လူသည် ဆိုးယုတ်မှု၊ စာတန်၏ သဘာဝမှလာသည့် မာနထောင်လွှားပြီး မလိုမုန်းထားသော အရာများကို လက်ခံပြီးဖြစ်သောကြောင့်၊ လူ၏ အချင်းချင်း ဆက်ဆံမှုများတွင် စာတန်၏ မာနထောင်လွှားသော သဘာဝ၏ အကျိုးဆက်အဖြစ် လာသည့် သဘောထားကွဲလွဲမှုများ၊ အငြင်းအခုံများနှင့် သဟဇာတမဖြစ်ခြင်းများသည် မလွှဲမရှောင်သာ မကြာခဏ ရှိပေသည်။ အကယ်၍ စာတန်သည် လူသားမျိုးနွယ်ကို အပြုသဘောဆောင်သည့် အရာများ ပေးခဲ့ပါက၊ ဥပမာ၊ လူသားတို့ လက်ခံထားသည့် ရိုးရာယဉ်ကျေးမှုနှင့်ဆိုင်သော ကွန်ဖြူးရှပ်ဝါဒနှင့် တာအိုဝါဒတို့သည် ကောင်းသောအရာများ ဖြစ်ပါက၊ အလားတူသည့် လူများသည် ထိုအရာများကို လက်ခံ ပြီးသည့်နောက်တွင် အချင်းချင်း အဆင်ပြေနိုင်သင့် ပေသည်။ ထို့ကြောင့်၊ တူညီသည့်အရာများကို လက်ခံထားသည့် လူများကြားတွင် အဘယ်ကြောင့် ထိုသို့သော ကြီးမားသည့် ကွဲပြားခြင်းတစ်ခု ရှိပါသနည်း။ ယင်းသည် အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်နည်းမူကား ဤအရာများသည် စာတန်ထံမှလာပြီး စာတန်သည် လူများအကြားတွင် ကွဲပြားခြင်းကို ဖန်တီးသည်။ စာတန်ထံမှ လာသည့်အရာများသည်၊ အပေါ်ယံတွင် မည်မျှပင် ဂုဏ်သိက္ခာရှိပုံရသည်ဖြစ်စေ သို့မဟုတ် ကြီးမြတ်ပုံရသည်ဖြစ်စေ၊ လူသားထံသို့ မာနထောင်လွှားခြင်းကိုသာ ယူဆောင်လာပြီး လူသားအသက်တာမှ မာနထောင်လွှားခြင်းကိုသာ ပေါ်ထွက် လာစေကာ၊ စာတန်၏ ဆိုးယုတ်သည့် သဘာဝ၏ လှည့်ဖြားမှုထက် ဘာမျှမပိုပေ။ ၎င်းမှာ ထိုသို့မဟုတ်လော။ မိမိကိုယ်ကိုယ် ရုပ်ဖျက်နိုင်သည့် တစ်စုံတစ်ယောက်၊ ကြွယ်ဝသည့် အသိပညာ ပိုင်ဆိုင်ထားသည့်သူ သို့မဟုတ် ကောင်းမွန်စွာ ကြီးပြင်းခဲ့သူသည် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသည့် ဆိုးယုတ်သော စိတ်သဘောထားကို ဖုံးကွယ်ရန် ခက်ခဲသည့်အချိန် ရှိနိုင်သေး၏။ ဆိုလိုသည်မှာ၊ ဤလူသည် နည်းလမ်းမည်မျှဖြင့် သူ့ကိုယ်သူ ဖုံးအုပ်စေကာမူ၊ ၎င်းတို့ကို သူတော်စင်တစ်ဦးအဖြစ် သင်တွေးထင်သည်ဖြစ်စေ မထင်သည်ဖြစ်စေ၊ သို့မဟုတ်‌ ၎င်းတို့ စုံလင်မှုရှိသည်ဟု သင်ထင်သည်ဖြစ်စေ၊ မထင်သည်ဖြစ်စေ၊ သို့မဟုတ် ၎င်းတို့ကို ကောင်းကင်တမန်ဟု သင်တွေးထင်သည်ဖြစ်စေ မထင်သည်ဖြစ်စေ၊ ၎င်းတို့ မည်မျှ ဖြူစင်သည်ဟု သင် တွေးထင်ပါစေ၊ မြင်ကွင်းများ နောက်ကွယ်တွင် ၎င်းတို့၏ ဘဝသည် မည်သည့်အရာနှင့်တူ သနည်း။ ၎င်းတို့ စိတ်သဘောထား၏ ထုတ်ဖော်မှုတွင် မည်သည့်အနှစ်သာရကို သင်မြင်မည်နည်း။ စာတန်၏ ဆိုးယုတ်သည့် သဘာဝကို သင်မြင်မည်မှာ ယုံမှားဖွယ်ရာ မရှိပေ။ ထိုသို့ ပြောနိုင်သလော။ (ပြောနိုင်ပါသည်။) ဥပမာအားဖြင့်၊ လူကောင်း တစ်ယောက်ဟု သင်ထင်ထားသည့် သင်တို့နှင့် နီးစပ်သည့် လူတစ်ဦးကို သင်သိသည်ဆိုပါစို့၊ သင်မြတ်နိုး ကိုးကွယ်သည့် တစ်စုံတစ်ယောက် ဖြစ်ကောင်းဖြစ်မည်။ သင်၏လက်ရှိ ဝိညာဉ်အသက်တာဖြင့်၊ ၎င်းတို့ကို သင် မည်သို့ တွေးထင်သနည်း။ ပထမဦးစွာ၊ ဤကဲ့သို့သော လူစားသည် ကိုယ်ချင်းစာနာခြင်း ရှိမရှိ၊ ရိုးသားခြင်း ရှိမရှိ၊ လူတို့အတွက် စစ်မှန်သော ချစ်ခြင်းမေတ္တာ ၎င်းတို့ ရှိမရှိ၊ ၎င်းတို့၏ စကားများနှင့် လုပ်ရပ်များသည် အခြားသူများ အတွက် အကျိုးရှိပြီး အကူအညီဖြစ်မဖြစ်ကို ကြည့်လော့။ (အကူအညီမဖြစ်ပါ) လူတို့ ထုတ်ဖော်ပြသည့် ကြင်နာခြင်း၊ ချစ်ခြင်း သို့မဟုတ် ကောင်းမြတ်ခြင်း ဆိုသည်များက မည်သည့် အရာနည်း။ ထိုအရာအားလုံးသည် အယောင်ဆောင်များ ဖြစ်ပြီး၊ အားလုံးက အပေါ်ယံမျက်နှာစာဖြစ်သည်။ ဤအပေါ်ယံ မျက်နှာစာ၏ နောက်ကွယ်တွင် ဖုံးကွယ်ထားသည့် ဆိုးယုတ်သော ရည်ရွယ်ချက်တစ်ခု ရှိသည်- ထိုပုဂ္ဂိုလ်ကို နှစ်သက်ကြည်ညို စေရန်နှင့် နှစ်သက်ကိုးကွယ်စေရန်ဖြစ်သည်။ ဤအရာကို သင်တို့ ရှင်းလင်းစွာမြင်သလော။ (မြင်ပါသည်။)

လူတို့ကို ဖောက်ပြန်ပျက်စီးစေရန် စာတန်အသုံးပြုသည့် နည်းလမ်းများက မည်သည့်အရာကို လူသားမျိုးနွယ်ထံ ယူဆောင်ပါသနည်း။ ၎င်းတို့သည် အပြုသဘောဆောင်သည့် တစ်ခုတစ်လေ ယူဆောင်ပေးပါသလော။ ပထမဦးစွာ၊ လူသည် အကောင်းနှင့် အဆိုးကြား ခွဲခြားနိုင်သလော။ ဤလောကထဲတွင် တစ်စုံတစ်ခု ကောင်းမြတ်သည်၊ ဆိုးယုတ်သည်၊ မှန်သည် မှားသည် အကဲဖြတ်ဖို့ ကျော်ကြားသော သို့မဟုတ် ကြီးမြတ်သောပုဂ္ဂိုလ် တစ်ချို့တို့ကိုဖြစ်စေ၊ မဂ္ဂဇင်းတစ်ချို့ သို့မဟုတ် အခြား ပုံနှိပ်ထုတ်ဝေမှုတို့ကိုဖြစ်စေ ၎င်းတို့ အသုံးပြုသည်ဟု သင် ပြောမည်၊ မှန်ပါသလော။ ဖြစ်ရပ်များနှင့် လူတို့နှင့် သက်ဆိုင်သော ၎င်းတို့၏ အကဲဖြတ်ခြင်းများက တရားမျှတ ပါသလော။ ၎င်းတို့အနေဖြင့် သမ္မာတရား ပါရှိသလော။ ဤလောက၊ ဤလူသားမျိုးနွယ်သည် သမ္မာတရား၏ စံနှုန်းကို အခြေခံပြီး အပြုသဘောနှင့် အပျက်သဘောဆောင်သော အရာများကို အကဲဖြတ်သလော။ (အကဲမဖြတ်ပါ။) လူတို့သည် အဘယ်ကြောင့် ထိုအစွမ်းအစ မရှိကြသနည်း။ လူတို့သည် အသိပညာများစွာကို သင်ယူခဲ့ကြပြီး၊ သိပ္ပံပညာအကြောင်း များစွာသိရှိကြသောကြောင့် ၎င်းတို့သည် ကြီးမြတ်သည့် အစွမ်းအစများ ပိုင်ဆိုင်ကြသည် မဟုတ်လော။ ထို့ဆိုလျှင် ၎င်းတို့သည် အပြုသဘောနှင့် အပျက်သဘောဆောင်သည့် အရာများအကြား အဘယ်ကြောင့် ခွဲခြားနိုင်စွမ်းမရှိကြသနည်း။ အဘယ်ကြောင့် ဤသို့ဖြစ်ရသနည်း။ (လူတို့တွင် သမ္မာတရား မရှိကြသောကြောင့် ဖြစ်ပါသည်၊ သိပ္ပံပညာနှင့် အသိပညာတို့သည် သမ္မာတရား မဟုတ်ပါ။) လူသားမျိုးနွယ်ထံသို့ စာတန် ယူဆောင်သမျှတိုင်းသည် ဆိုးယုတ်သည်၊ ဖောက်ပြန်ပျက်စီး စေပြီး သမ္မာတရား၊ အသက်နှင့် လမ်းခရီး ကင်းမဲ့နေသည်။ လူသားထံ စာတန် ယူဆောင်လာသည့် ဆိုးယုတ်မှုနှင့် ဖောက်ပြန်ပျက်စီးခြင်းတို့နှင့်အတူ၊ စာတန်တွင် ချစ်ခြင်းမေတ္တာ ရှိသည်ဟု သင်ပြောနိုင်သလော။ လူသားတွင် ချစ်ခြင်းမေတ္တာ ရှိသည်ဟု သင်ပြောနိုင်သလော။ လူအချို့က၊ “ကိုယ်တော် မှားသည်၊ ကမ္ဘာတစ်ဝှမ်းတွင် ဆင်းရဲသား သို့မဟုတ် အိမ်ယာမဲ့များကို ကူညီနေသည့် လူများစွာရှိသည်။ ထိုသူတို့သည် လူကောင်းများ မဟုတ်သလော။ ကောင်းသည့်အလုပ်များကို လုပ်သည့် အများအကျိုးဆောင်သည့် အဖွဲ့အစည်းများစွာလည်း ရှိသည်၊ သူတို့ လုပ်သည့် အလုပ်သည် ကောင်းသည့် အလုပ် မဟုတ်လော” ဟု ပြောကောင်း ပြောလိမ့်မည်။ ယင်းနှင့်ပတ်သက်၍ သင် မည်သည့်အရာ ပြောမည်နည်း။ စာတန်သည် လူသားကို ဖောက်ပြန်ပျက်စီးစေရန် မတူညီသည့် နည်းလမ်းများနှင့် သဘောတရားများကို အသုံးပြုသည်- လူ၏ ဤဖောက်ပြန်ပျက်စီးခြင်းသည် မရေရာသော အယူအဆ တစ်ခုလော။ မဟုတ်ပေ၊ ယင်းသည် မရေမရာ မဖြစ်ပေ။ စာတန်သည် အချို့သော လက်တွေ့ကျသည့် အရာများကိုလည်း လုပ်ဆောင်ပြီး၊ ၎င်းသည် ဤလောက သို့မဟုတ် လူမှုအဖွဲ့အစည်းထဲတွင် ရှုထောင့်အမြင်တစ်ခု သို့မဟုတ် သဘောတရားတစ်ခုကိုလည်း အားပေးလေသည်။ မင်းဆက်တိုင်း နှင့် ခေတ်တိုင်းတွင် ၎င်းသည် သဘောတရားတစ်ခုကို ထောက်ခံအားပေးပြီး လူ၏ စိတ်ထဲသို့ အတွေးအခေါ်များကို သွတ်သွင်းပေးသည်။ ဤအတွေးအခေါ်များနှင့် သဘောတရားများသည် လူတို့၏ စိတ်နှလုံးထဲတွင် တဖြည်းဖြည်း နှင့် အမြစ်စွဲလာ ပြီးနောက်၊ လူတို့သည် ၎င်းတို့ဖြင့် စတင် အသက်ရှင်လာကြသည်။ ဤအရာများဖြင့် ၎င်းတို့ စတင် အသက်ရှင်သည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် အမှတ်တမဲ့ဖြင့် စာတန် ဖြစ်လာကြသည် မဟုတ်လော။ ထိုအခါ လူတို့သည် စာတန်နှင့် တစ်ကိုယ်တည်း ဖြစ်လာကြသည် မဟုတ်လော။ လူတို့သည် စာတန်နှင့် တစ်ကိုယ်တည်း ဖြစ်လာသည့်အခါ၊ အဆုံးတွင် ဘုရားသခင်အပေါ် ၎င်းတို့၏ သဘောထားမှာ အဘယ်နည်း။ ဘုရားသခင်အပေါ် စာတန် ထားရှိသည့် သဘောထားနှင့် တူသည် မဟုတ်လော။ မည်သူမျှ ဤအရာကို ဝန်မခံဝံ့ချေ၊ ဟုတ်ပါသလော။ ထိတ်လန့်ဖွယ်ရာ ကောင်းပေစွ။ စာတန်၏ သဘာဝသည် ဆိုးယုတ်သည်ဟု အဘယ်ကြောင့် ငါဆိုသနည်း။ ငါသည် ဤအရာကို အခြေအမြစ်မရှိဘဲ မပြော၊ ယင်းထက် စာတန် လုပ်ဆောင်ခဲ့သည့်အရာနှင့် ထုတ်ဖော်ပြခဲ့သည့် အရာတို့အပေါ် အခြေခံ၍ စာတန်၏ သဘာဝကို သတ်မှတ်ကာ စိစစ်ခြင်းဖြစ်သည်။ စာတန်က ဆိုးယုတ်သည်ဟုသာ ငါပြောပါက၊ သင်တို့ မည်ကဲ့သို့ တွေးမည်နည်း။ သင်တို့က၊ “စာတန်က ဆိုးယုတ်သည်မှာ သိသာလှပါသည်” ဟု တွေးပေလိမ့်မည်။ သို့ဖြစ်လျှင်၊ “စာတန်၏ မည်သည့်သွင်ပြင် လက္ခဏာက ဆိုးယုတ်သနည်း” ဟု သင့်ကို ငါမေး၏။ “စာတန်၏ ဘုရားသခင်ကို ဆန့်ကျင်ခြင်းက ဆိုးယုတ် ပါသည်” ဟု သင်ပြောလျှင်၊ သင်သည် ရှင်းလင်းပြတ်သားစွာ ပြောလိမ့်ဦးမည် မဟုတ်ချေ။ ယခုတွင် ဤနည်းလမ်းဖြင့် တိတိကျကျ ငါပြောပြီ။ စာတန်၏ ဆိုးယုတ်မှု အနှစ်သာရ နှင့်ဆိုင်သော အသေးစိတ် အကြောင်းအရာနှင့် ပတ်သက်၍ သင်တို့နားလည်သလော။ (နားလည်ပါသည်။) အကယ်၍ သင်သည် စာတန်၏ ဆိုးယုတ်သော သဘာဝကို ရှင်းလင်းစွာ တွေ့မြင်နိုင်ပါက သင်ကိုယ်တိုင်၏ အခြေအနေများကို သင်တွေ့မြင်လိမ့်မည်။ ဤအရာနှစ်ခုကြားတွင် ဆက်စပ်မှု တစ်ခုတစ်လေ ရှိသလော။ ဤအရာသည် သင့်အဖို့ အကူအညီ ဖြစ်သလော၊ မဖြစ်သလော။ (ဖြစ်ပါသည်။) ဘုရားသခင်၏ သန့်ရှင်းခြင်း အနှစ်သာရကို ငါမိတ်သဟာယပြုသည့်အခါ၊ စာတန်၏ ဆိုးယုတ်သည့် အနှစ်သာရကို မိတ်သဟာယပြုရန် လိုအပ်ပါသလော။ ဤအရာနှင့်ပတ်သက်၍ သင်တို့၏ ထင်မြင်ချက်ကား အဘယ်နည်း။ (ဟုတ်ပါသည်၊ လိုအပ်ပါသည်။) အဘယ်ကြောင့်နည်း။ (စာတန်၏ ဆိုးယုတ်မှုသည် ဘုရားသခင်၏ သန့်ရှင်းခြင်းကို ရုပ်လုံးကြွထင်ရှားစေပါသည်။) ထိုသို့ ဖြစ်သလော။ စာတန်၏ ဆိုးယုတ်ခြင်းမရှိဘဲ၊ လူတို့သည် ဘုရားသခင်၏ သန့်ရှင်းခြင်းကို မသိနိုင်ဆိုသည့် အသိစိတ်အရ ဤသည်မှာ တစ်စိတ်တစ်ပိုင်း မှန်ကန်၏။ သို့ရာတွင်၊ ဘုရားသခင်၏ သန့်ရှင်းခြင်းသည် စာတန်၏ ဆိုးယုတ်မှုနှင့် ဆန့်ကျင်သောကြောင့်သာ တည်ရှိနေခြင်း ဖြစ်သည်ဟုဆိုလျှင်၊ ဤသည်မှာ မှန်၏လော။ ဤယုတ္တိဗေဒနည်းကျ ဆန်းစစ် ရှာဖွေခြင်းဆိုင်ရာ တွေးတောပုံနည်းလမ်းက မှားသည်။ ဘုရားသခင်၏ သန့်ရှင်းခြင်းက ဘုရားသခင်၏ ပင်ကို အနှစ်သာရဖြစ်သည်။ ဘုရားသခင်သည် သူ၏ လုပ်ဆောင်ချက်များ မှတစ်ဆင့် ထိုအရာကို ထုတ်ဖော်သည့် အခါတွင်ပင်၊ ဤသည်မှာ ဘုရားသခင်၏ ပင်ကိုအနှစ်သာရကို သဘာဝအလျောက် ဖော်ပြခြင်းပင်ဖြစ်နေသေးပြီး၊ ဘုရားသခင်၏ ပင်ကိုအနှစ်သာရ ဖြစ်နေသေး၏။ ယင်းသည် အမြဲတည်ရှိကာ လူက မမြင်နိုင်သော်လည်း ဘုရားသခင်ကိုယ်တော်တိုင်အဖို့ ပင်ကိုနှင့် မွေးရာပါ ဖြစ်၏။ ဤသို့ဖြစ်ရခြင်းမှာ၊ လူသားသည် စာတန်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကြားနှင့် စာတန်၏ လွှမ်းမိုးမှုအောက်တွင် အသက်ရှင်ပြီး၊ ဘုရားသခင်၏ သန့်ရှင်းခြင်းနှင့်ဆိုင်သော တိကျသည့် အကြောင်းအရာကို သိဖို့မဆိုထားနှင့်၊ သန့်ရှင်းခြင်းအကြောင်းကိုပင် မသိသောကြောင့် ဖြစ်သည်။ ထို့ကြောင့်၊ ငါတို့သည် စာတန်၏ ဆိုးယုတ်သည့် အနှစ်သာရကို ပထမဆုံး မိတ်သဟာယပြုရန် လိုအပ်သလော။ (လိုအပ်ပါသည်။) လူအချို့တို့သည်၊ “ကိုယ်တော်သည် ဘုရားသခင် ကိုယ်တော်တိုင်အကြောင်းကို မိတ်သဟာယပြုသည်၊ သို့ဆိုလျှင် စာတန်က လူကို မည်သို့ အကျင့်ပျက်စေပြီး စာတန်၏ သဘာဝက မည်ကဲ့သို့ ဆိုးယုတ်သည်ကိုသာ ကိုယ်တော်က အဘယ်ကြောင့် အမြဲပြောဆို နေသနည်း” ဟူ၍ သံသယအချို့ကို ဖော်ပြကောင်း ဖော်ပြပေမည်။ ယခုတွင် သင်သည် ဤသံသယများကို အဆုံးသတ် နိုင်ကြပြီဖြစ်သည်၊ မဟုတ်လော။ လူတို့သည် စာတန်၏ ဆိုးယုတ်မှုကို သိမြင်ခြင်းရှိသည့်အခါနှင့် ယင်းကို တိကျသည့် အနက်ဖွင့်မှု ရှိကြသည့်အခါ၊ ဆိုးယုတ်ခြင်း၏ တိကျသော အကြောင်းအရာနှင့် သရုပ်သကန်၊ ဆိုးယုတ်မှု၏ အရင်းအမြစ် နှင့် အနှစ်သာရတို့ကို လူတို့ ရှင်းရှင်းလင်းလင်း မြင်နိုင် ကြသည့်အခါ၊ ထိုအခါတွင်မှ ဘုရားသခင်၏ သန့်ရှင်းခြင်း နှင့်ဆိုင်သော ဆွေးနွေးခြင်းမှတဆင့် ဘုရားသခင်၏ သန့်ရှင်းခြင်းက မည်သည့်အရာ ဖြစ်သည်၊ သန့်ရှင်းခြင်းက မည်သည့်အရာဖြစ်သည် ဆိုသည်ကို လူတို့ ရှင်းရှင်းလင်းလင်း နားလည်နိုင်ပေသည်၊ သို့မဟုတ် သတိပြုနိုင်ပေသည်။ စာတန်၏ ဆိုးယုတ်မှုကို ငါမဆွေးနွေးပါက၊ လူအချို့တို့က လူ့အဖွဲ့အစည်းထဲနှင့် လူတို့ကြားတွင် လူတို့လုပ်ဆောင်နေသည့် အရာတစ်ချို့၊ သို့မဟုတ် ဤကမ္ဘာလောကတွင်ရှိသည့် တစ်ချို့သော အရာတို့သည် သန့်ရှင်းခြင်းနှင့် ဆက်နွှယ်မှု တစ်ချို့တစ်လေ ရှိကောင်းရှိမည်ဟု မှားယွင်းစွာ ယုံကြည်ကြလိမ့်မည်။ ဤသည်မှာ မှားယွင်းသော ရှုထောင့်အမြင်တစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။)

ယခုတွင် စာတန်၏ အနှစ်သာရနှင့်ပတ်သက်၍ ဤသို့ ငါ မိတ်သဟာယပြုပြီးဖြစ်သည်၊ ပြီးခဲ့သည့် နှစ်အနည်းငယ် အတွင်းတွင် သင်၏ အတွေ့အကြုံများမှတဆင့်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင်၏ ဖတ်ရှုခြင်းနှင့် သူ၏ အမှုကို တွေ့ကြုံခြင်းမှ ဘုရားသခင်၏ သန့်ရှင်းခြင်းနှင့်ဆိုင်သော မည်သည့် သိနားလည်မှုမျိုးကို သင် ရရှိပြီးဖြစ်သနည်း။ ထိုအကြောင်းကို ဆက်ပြောလော့။ သင့်အနေဖြင့် နားဝင်ချိုသော စကားများကို အသုံးပြုစရာမလိုဘဲ၊ သင်၏ကိုယ်ပိုင် အတွေ့အကြုံများမှသာ ပြောဆိုလော့။ ဘုရားသခင်၏ သန့်ရှင်းခြင်းက သူ၏ချစ်ခြင်းမေတ္တာ တစ်ခုတည်း ပါရှိသလော။ သန့်ရှင်းခြင်းအဖြစ် ငါတို့ ဖော်ပြသည်မှာ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာမျှသာလော။ ယင်းသည် တစ်ဖက်သတ်ဆန်လွန်း လိမ့်မည် မဟုတ်လော။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာအပြင်၊ ဘုရားသခင်၏ အနှစ်သာရနှင့်ဆိုင်သော အခြား သွင်ပြင် လက္ခဏာများ ရှိပါသလော။ သင်တို့ မြင်ကြပြီလော။ (မြင်ပါသည်။ ဘုရားသခင်သည် ပွဲတော်များနှင့် အားလပ်ရက်များ၊ ဓလေ့ထုံးတမ်းများနှင့် အယူသီးခြင်းများကို စက်ဆုပ်ပါသည်။ ဤသည်မှာလည်း ဘုရားသခင်၏ သန့်ရှင်းခြင်းဖြစ်ပါသည်။) ဘုရားသခင်သည် သန့်ရှင်းတော်မူ၏၊ ထို့ကြောင့် သူသည် အမှုအရာများကို စက်ဆုပ်သည်၊ ယင်းမှာ သင်တို့ ဆိုလိုသည့်အရာ ဟုတ်ပါသလော။ ယင်းနှင့် ပတ်သက်လာလျှင်၊ မည်သည့်အရာက ဘုရားသခင်၏ သန့်ရှင်းခြင်းဖြစ်သနည်း။ ဘုရားသခင်၏ သန့်ရှင်းခြင်းတွင် များပြားသော အကြောင်းအရာ မပါသလော၊ မုန်းတီးခြင်းသာလော။ သင်တို့၏စိတ်ထဲတွင် “ဘုရားသခင်က ဤဆိုးယုတ်သည့် အရာများကို မုန်းတီးသောကြောင့်၊ ဘုရားသခင်သည် သန့်ရှင်းသည်ဟု ပြောနိုင်ပါသည်” ဟု တွေးနေ ကြသလော။ ဤသည်မှာ ထင်မြင်ချက်တစ်ခု မဟုတ်လော။ ဤကား တွက်ချက်ခန့်မှန်းခြင်းနှင့် အကဲဖြတ်ခြင်း ပုံစံတစ်ခု မဟုတ်လော။ ဘုရားသခင်၏ အနှစ်သာရကို ငါတို့ သိနားလည်ခြင်းနှင့် ပတ်သက်လာသည့်အခါ၊ လုံးဝ ရှောင်ရှား ရမည့် အကြီးမားဆုံးသော လွဲမှားသည့်ခြေလှမ်းမှာ အဘယ်နည်း။ (ယင်းသည် စစ်မှန်မှုကို နောက်ချန်ထားပြီး၊ ထိုအလား အယူဝါဒများကို ပြောကြသည့်အခါ ဖြစ်သည်။) ဤသည်မှာ အလွန်ကြီးမားသော ခြေလှမ်းအမှား ဖြစ်သည်။ အခြား တစ်ခုတစ်လေ ရှိသေးသလော။ (ထင်မြင်ချက်ပေးခြင်းနှင့် စိတ်ကူးခြင်းတို့ ဖြစ်ပါသည်။) ဤအရာတို့သည်လည်း အလွန်ဆိုးရွားသည့် ခြေလှမ်းအမှားများ ဖြစ်ကြသည်။ ထင်မြင်ချက်ပေးခြင်းနှင့် စိတ်ကူးခြင်းနှစ်ခုတို့သည် အဘယ်ကြောင့် အသုံးမဝင်သနည်း။ သင်ထင်ကြေးပေးပြီး စိတ်ကူးပုံဖော်နေသည့် အရာများကို သင်အမှန်တကယ် မြင်နိုင်သလော။ ၎င်းတို့သည် ဘုရားသခင်၏ စစ်မှန်သော အနှစ်သာရလော။ (မဟုတ်ပါ။) အခြားမည်သည့်အရာကို ရှောင်ရှားရမည်နည်း။ ဘုရားသခင်၏ အနှစ်သာရကို ဖော်ပြဖို့ သာယာနာပျော်ဖွယ် စကားများကို သီကုံးပြောဆိုရန်မှာ ခြေလှမ်း အမှားတစ်ခုလော။ (ဟုတ်ပါသည်။) ဤသည်မှာ ဟိတ်ဟန်များပြီး အဓိပ္ပာယ်မရှိရာကျသည် မဟုတ်လော။ နားထောင်ကောင်းသည့် စကားများကို ရွေးချယ်သည့် လုပ်ရပ်က အဓိပ္ပါယ် မရှိသကဲ့သို့၊ အကဲဖြတ်ခြင်းနှင့် ထင်ကြေးပေးခြင်းတို့သည် အဓိပ္ပာယ်မရှိချေ။ အနှစ်မဲ့သည့် ချီးမွမ်းမှုသည်လည်း အဓိပ္ပာယ် မရှိသည် မဟုတ်လော။ ဤသို့သော အဓိပ္ပာယ် မရှိသည့်အရာမျိုး လူတို့ပြောဆိုသည်ကို နားထောင်ခြင်းအား ဘုရားသခင် နှစ်သက် သလော။ (မနှစ်သက်ပါ။) ထိုအရာကို ကြားသည့်အခါ ဘုရားသခင်သည် အနေရခက်၏။ ဘုရားသခင်သည် လူတစ်စုကို ဦးဆောင်လမ်းပြပြီး ကယ်တင်သည့်အခါ၊ ဤလူစုသည် သူ၏ နှုတ်ကပတ်တော်များကို ကြားပြီးသည့်နောက်တွင်၊ မည်သို့ပင် ဆိုစေကာမူ သူ မည်သည့်အရာဆိုလိုသည်ကို ၎င်းတို့ လုံးဝ နားမလည်ကြပေ။ တစ်စုံတစ်ယောက်က၊ “ဘုရားသခင်သည် ကောင်းမြတ်ပါသလော” ဟု မေးကောင်းမေးနိုင်ပြီး၊ “ကောင်းမြတ်ပါသည်” ဟု ၎င်းတို့ တုံ့ပြန်လိမ့်မည်၊ “မည်ကဲ့သို့ ကောင်းမြတ်သနည်း။” “အလွန် ကောင်းမြတ်လှပါသည်။” “ဘုရားသခင်က လူသားကို ချစ်မြတ်နိုးပါသလော။” “ချစ်ပါသည်။” “အဘယ်မျှလောက်နည်း။ သင်ဖော်ပြနိုင် သလော။” “အလွန့်အလွန်ပင် ဖြစ်ပါ၏။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် ပင်လယ်ထက်နက်ပြီး ကောင်းကင်ထက် မြင့်မားပါသည်။” ဤနှုတ်ကပတ်များသည် အဓိပ္ပာယ်မဲ့သည် မဟုတ်လော။ ဤအဓိပ္ပာယ်မဲ့သောအရာသည်၊ “ဘုရားသခင်သည် စာတန်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို မုန်းတီးသည်၊ ထို့ကြောင့် ဘုရားသခင်သည် သန့်ရှင်းသည်” ဟု သင်တို့ ပြောလိုက်သည့်အရာနှင့် တူညီသည် မဟုတ်လော။ (ဟုတ်ပါသည်။) သင်တို့ ယခုပင်ပြောလိုက်သည့်အရာမှာ အဓိပ္ပာယ်မဲ့သည် မဟုတ်လော။ ပြောခဲ့သည့် အဓိပ္ပာယ် မရှိသည့်အရာ အများစုမှာ မည်သည့်နေရာက လာသနည်း။ ပြောခဲ့သည့် အဓိပ္ပါယ်မရှိသော အရာများသည် အဓိကအားဖြင့် ဘုရားသခင်ကို လူတို့၏ တာဝန်မဲ့ခြင်းနှင့် မကြောက်ရွံ့ခြင်းမှလာ၏။ ထိုကဲ့သို့ ငါတို့ ပြောနိုင်သလော။ သင်သည် မည်သည့် သိနားလည်ခြင်းမျှ မရှိဘဲ၊ အဓိပ္ပာယ်မရှိ ပြောနေဆဲဖြစ်သည်။ ယင်းသည် တာဝန်မဲ့ခြင်း ဖြစ်သည်မဟုတ်သလော။ ယင်းသည် ဘုရားသခင်ကို မလေးစားရာကျသည် မဟုတ်လော။ သင်သည် အသိပညာ အချို့ကို သင်ယူပြီးဖြစ်သည်၊ အချို့သော ကျိုးကြောင်း ဆင်ခြင်ခြင်းနှင့် ယုတ္တိဗေဒတို့ကို နားလည်ပြီး ဖြစ်သည်၊ ဤအရာများကို သင် အသုံးပြုပြီးဖြစ်ကာ၊ ထို့ထက်ပို၍၊ ဘုရားသခင်ကို သိကျွမ်းသည့် နည်းလမ်းတစ်ခုအဖြစ် ထိုသို့ လုပ်ဆောင်ပြီးဖြစ်သည်။ သင် ထိုသို့ပြောဆိုသည်ကို ဘုရားသခင် ကြားသည့်အခါ သူ သက်သောင့်သက်သာရှိသည်ဟု သင်ထင် သလော။ ဤနည်းလမ်းများကို သင်သည် အသုံးပြုလျက် ဘုရားသခင်ကို သိဖို့ သင် အဘယ်သို့ ကြိုးစားနိုင်သနည်း။ ထိုသို့ သင် ပြောဆိုသည့်အခါ၊ ယင်းသည် ခွတီးခွကျ ဖြစ်သည် မဟုတ်လော။ ထို့ကြောင့်၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် ပတ်သက်လာသည့်အခါ၊ အလွန်သတိရှိရမည်။ ဘုရားသခင်ကို သိသည်ဟူသည့်‌ အတိုင်းအတာထိသာ ပြောဆိုလော့။ ရိုးရိုးသားသားနှင့် လက်တွေ့ကျကျပြောဆိုပြီး၊ သင်၏ စကားများကို ပေါ့ပျက်ပျက် ချီးမွမ်းစကားများဖြင့် မဆင်ယင်နှင့်၊ ပြီးလျှင် မြှောက်ပင့်ပြောဆိုခြင်းများ မသုံးနှင့်။ ဘုရားသခင်က ထိုအရာကို မလိုအပ်ပေ။ ဤအရာမျိုးသည် စာတန်ထံမှလာ၏။ စာတန်၏ စိတ်သဘောထားသည် မာနထောင်လွှား၏။ စာတန်သည် မြှောက်ပင့်ပြောဆိုခံရဖို့နှင့် နာပျော်ဖွယ်သော စကားများကို ကြားရဖို့ နှစ်သက်သည်။ လူတို့သည် ၎င်းတို့ သင်ယူခဲ့ကြသည့် နာပျော်ဖွယ်စကားလုံးများကို ရွတ်ပြပြီး စာတန်အတွက် အသုံးပြုပါက စာတန် ကျေနပ်အားရပါလိမ့်မည်။ သို့ရာတွင် ဤအရာကို ဘုရားသခင် မလိုအပ်ပေ။ ဘုရားသခင်သည် လွန်ကဲစွာမြှောက်စားခြင်း သို့မဟုတ် မြှောက်ပင့်ခြင်းတို့ကို မလိုအပ်သကဲ့သို့၊ လူတို့က အဓိပ္ပာယ် မရှိသည်ကို ပြောဆိုပြီး သူ့ကို မျက်စိမှိတ် ချီးမွမ်းဖို့ သူ မတောင်းဆိုပေ။ လက်တွေ့အရှိတရားနှင့် မအပ်စပ်သည့် ချီးမွမ်းခြင်းနှင့် မြှောက်ပင့်ခြင်းတို့ကို ဘုရားသခင်က စက်ဆုပ်ပြီး နားပင်ထောင်လိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် လူအချို့တို့သည် ဘုရားသခင်ကို မရိုးမသား ချီးမွမ်းပြီး၊ မျက်စိစုံမှိတ် သစ္စာပြုကာ သူ့ကို ဆုတောင်းကြသည့်အခါ၊ ဘုရားသခင် လုံးဝ နားမထောင်ပေ။ သင်ပြောသည့်အရာအတွက် သင်တာဝန် ယူရမည်။ တစ်စုံတစ်ခုကို မသိပါက၊ ပြောသာပြောလော့။ သင်တစ်စုံတစ်ခုကို သိပါက၊ လက်တွေ့ကျသည့် နည်းလမ်းဖြင့် ၎င်းကိုဖော်ပြလော့။ ဤသို့လျှင် ဘုရားသခင်၏ သန့်ရှင်းခြင်းက အတိအကျနှင့် အမှန်တကယ် ဖြစ်ပေါ်စေသည့်အရာနှင့်ပတ်သက်၍ သင်တို့သည် စစ်မှန်သော သိနားလည်မှုရှိသလော။ (ကျွန်ုပ်သည် ပုန်ကန်မှုကို ဖော်ပြခဲ့ချိန်တွင်၊ အပြစ်တစ်ခု ကျူးလွန်ခဲ့ချိန်တွင်၊ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို ကျွန်ုပ် ရရှိခဲ့ပြီး၊ ယင်း၌ ဘုရားသခင်၏ သန့်ရှင်းခြင်းကို ကျွန်ုပ် တွေ့ရှိခဲ့ပါ၏။ ပြီးလျှင် ကျွန်ုပ်မျှော်လင့်ချက်များနှင့် မကိုက်သည့် ပတ်ဝန်းကျင်များကို ကြုံခဲ့ရချိန်တွင်၊ ဤအရာများနှင့်ပတ်သက်၍ ကျွန်ုပ်ဆုတောင်းခဲ့ပြီး ဘုရားသခင်၏ ရည်ရွယ်ချက်များကို ရှာဖွေခဲ့ကာ၊ ဘုရားသခင်သည် ကျွန်ုပ်ကို သူ၏ နှုတ်ကပတ်တော်များဖြင့် အသိဉာဏ်ပွင့်လင်းစေပြီး ဦးဆောင် လမ်းပြခဲ့သည်နှင့်အမျှ၊ ဘုရားသခင်၏ သန့်ရှင်းခြင်းကို ကျွန်ုပ်မြင်တွေ့ခဲ့ရပါသည်။) ဤသည်မှာ သင်၏ကိုယ်ပိုင် အတွေ့အကြုံမှဖြစ်သည်။ (ယင်းနှင့်ပတ်သက်၍ ဘုရားသခင် ပြောခဲ့သည့်အရာမှ၊ လူသားသည် စာတန်၏ ဖောက်ပြန်ပျက်စီစေခြင်းနှင့် အန္တရာယ်ပြုခြင်းကို ခံရပြီးနောက် အဘယ်အရာ ဖြစ်လာသည်ကို ကျွန်ုပ်တွေ့ပြီးဖြစ်သည်။ မည်သို့ပင် ဆိုစေကာမူ ဘုရားသခင်သည် ကျွန်ုပ်တို့ကို ကယ်တင်ရန် အရာရာတိုင်းကို ပေးခဲ့ပြီး၊ ဤအရာမှ ဘုရားသခင်၏ သန့်ရှင်းခြင်းကို ကျွန်ုပ်မြင်ပါသည်။) ဤကား လက်တွေ့ကျကျ ပြောဆိုသည့် ပုံစံဖြစ်၏၊ မှန်ကန်သည့် အသိပညာဖြစ်သည်။ ဤအရာနှင့်ပတ်သက်၍ မတူညီသော သိနားလည်မှု ပုံစံများ ရှိသေးသလော။ (ဧဝကို အပြစ်ပြုမိစေရန် စာတန်ပြောဆိုခဲ့သည့် စကားများနှင့် သခင်ယေရှုကို ၎င်း၏ ဖြားယောင်းသွေးဆောင်မှုမှ စာတန်၏ ဆိုးယုတ်မှုကို ကျွန်ုပ်မြင်ရပါသည်။ ဘုရားသခင်က အာဒံနှင့် ဧဝအား မည်သည်ကို စားနိုင်ပြီး မည်သည်ကို စား၍မရကြောင်း ပြောသည့် နှုတ်ကပတ်တော်များမှ ဘုရားသခင်၏ တိုက်ရိုက် ချောမွေ့စွာနှင့် ယုံကြည်စိတ်ချလောက်စွာ ပြောဆိုခဲ့သည်ကို ကျွန်ုပ် မြင်ပါသည်။ ဤအရာမှ ဘုရားသခင်၏ သန့်ရှင်းခြင်းကို ကျွန်ုပ် မြင်ပါသည်။) အထက်က မှတ်ချက်များကို ကြားရသည့်အခါ၊ မည်သူ၏ စကားများကို သင်တို့ကို “အာမင်” ထူးဖို့ အလှုံ့ဆော်ဆုံး ဖြစ်ပါသနည်း။ မည်သူ၏ မိတ်သဟာယပြုခြင်းက ယနေ့ ငါတို့၏ မိတ်သဟာယပြုခြင်း အကြောင်းအရာနှင့် အနီးစပ်ဆုံး ဖြစ်သနည်း။ မည်သူ၏ စကားများသည် လက်တွေ့အကျဆုံး ဖြစ်ခဲ့သနည်း။ နောက်ဆုံးညီမ၏ မိတ်သဟာယပြုခြင်းက မည်သို့ရှိသနည်း။ (ကောင်းပါသည်။) သူပြောခဲ့သည့်အရာကို သင်တို့ “အာမင်” ဆိုခဲ့သည်။ သူပြောခဲ့သည့်အရာသည် မချွတ်မလွဲ မှန်ကန်ပါ သလော။ (ခုလေးတင် ညီမပြောသွားသည့် စကားများထဲတွင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် တိုက်ရိုက်ဖြစ်ပြီး အင်မတန်ရှင်းလင်းကာ၊ ယင်းသည် စာတန်၏ ဝေ့လည်ကြောင်ပတ် ပြောဆိုခြင်းနှင့် လုံးဝမတူကြောင်း ကျွန်ုပ် ကြားခဲ့သည်။ ဘုရားသခင်၏ သန့်ရှင်းခြင်းကို ဤအရာတွင် ကျွန်ုပ်တွေ့ခဲ့ပါသည်။) ဤသည်မှာ ၎င်း၏တစ်စိတ်တစ်ပိုင်း ဖြစ်သည်။ ယင်းသည် မှန်ကန်ခဲ့ပါသလော။ (မှန်ကန်ခဲ့ပါသည်။) အင်မတန် ကောင်း၏။ ပြီးခဲ့သည့် မိတ်သဟာယနှစ်ခုမှ သင်တို့ တစ်စုံတစ်ခု ရရှိခဲ့သည်ကို ငါမြင်သည်၊ သို့ရာတွင် သင်တို့သည် ဆက်လက်၍ ကြိုးစားလုပ်ဆောင်ရမည်။ ကြိုးစားလုပ်ဆောင် ရမည့် အကြောင်းရင်းမှာ၊ ဘုရားသခင်၏ အနှစ်သာရကို သိနားလည်ခြင်းသည် အလွန် နက်နဲသိမ်မွေ့သည့် သင်ခန်းစာ ဖြစ်သောကြောင့် ဖြစ်သည်။ ယင်းသည် တစ်ယောက်ယောက်က ညတွင်းချင်း နားလည်လာနိုင်သောအရာမဟုတ် သို့မဟုတ် စကားလုံး အနည်းငယ်မျှဖြင့် ရှင်းလင်းစွာ ဖော်ပြနိုင်သည့်အရာ မဟုတ်ချေ။

လူတို့၏ ဖောက်ပြန်ပျက်စီးသော ဆိုးယုတ်သည့် စိတ်သဘောထား၊ အသိပညာ၊ အတွေးအခေါ်၊ လူတို့၏ အတွေးများ နှင့် ရှုထောင့်အမြင်များ၏ သွင်ပြင်လက္ခဏာတိုင်းနှင့် လူတစ်ဦးစီ၏ ပုဂ္ဂိုလ်ရေးရာ ရှုထောင့် အချို့တို့သည် ဘုရားသခင်၏ အနှစ်သာရကို သိခြင်းမှ ၎င်းတို့ကို ကြီးမားစွာ ဟန့်တားလေသည်။ ထို့ကြောင့်၊ ဤအကြောင်းအရာများကို သင်တို့ ကြားသည့်အခါ၊ ၎င်းတို့ထဲမှ အချို့ကို သင်တို့ လက်လှမ်းမှီကောင်း မမှီနိုင်ပေ၊ အချို့တို့ကို သင်တို့ နားမလည် နိုင်သော်လည်း၊ အချို့သည် အခြေခံအားဖြင့် လက်တွေ့ အရှိတရားနှင့် ကိုက်ညီမှုမရှိ ဖြစ်ကောင်းဖြစ်နိုင်သည်။ မည်သို့ပင် ဆိုစေကာမူ၊ ဘုရားသခင်၏ သန့်ရှင်းခြင်းနှင့်ဆိုင်သော သင်တို့၏ သိနားလည်မှုအကြောင်းကို ငါကြားပြီးဖြစ်ကာ၊ သင်တို့၏ စိတ်နှလုံးထဲတွင် ဘုရားသခင်၏ သန့်ရှင်းခြင်းအကြောင်း ငါပြောခဲ့သည့်အရာနှင့် မိတ်သဟာယပြုခဲ့သည့်အရာကို စတင် အသိအမှတ်ပြုနေသည်ကို ငါသိသည်။ သင်တို့၏ စိတ်နှလုံးထဲတွင် ဘုရားသခင်၏ သန့်ရှင်းခြင်း အနှစ်သာရကို နားလည်လိုသည့်ဆန္ဒ စတင်ပေါက်ဖွား လာနေသည်ကို ငါသိသည်။ သို့သော်လည်း ငါ့ကိုသာ၍ပင် ပျော်ရွှင်စေသည်မှာ သင်တို့ထဲမှအချို့သည် ဘုရားသခင်၏ သန့်ရှင်းခြင်းနှင့်ဆိုင်သော သင်တို့၏အသိပညာကို ဖော်ပြဖို့ အရိုးရှင်းဆုံး စကားများကို အသုံးပြုနိုင်ကြနှင့်ပြီးဖြစ်သည့်အရာ ဖြစ်သည်။ ဤသည်မှာ ပြောရန် ရိုးရှင်းသောအရာဖြစ်ပြီး ယခင်က ဤအရာကို ငါပြောပြီးဖြစ်သော်လည်း၊ သင်တို့အများစု၏ စိတ်နှလုံးများ ထဲတွင် ဤစကားများကို သင်တို့ လက်ခံ ရဦးမည်ဖြစ်ကာ ထိုစကားများသည် သင်တို့ စိတ်ထဲတွင် မည်သည့်ထင်မြင်ချက်မျှ မပေးပေ။ မည်သို့ပင်ဆိုစေကာမူ၊ သင်တို့ထဲမှ အချို့တို့သည် ဤစကားများကို မှတ်ကျုံးကြပြီး ဖြစ်သည်။ ဤသည်မှာ အလွန်ကောင်းပြီး အလွန်အလားအလာ ကောင်းသည့် စတင်ခြင်းဖြစ်သည်။ လေးနက်သိမ်မွေ့သည်ဟု သင်တို့ထင်သည့် အကြောင်းအရာများအပေါ် သို့မဟုတ် သင်တို့ လက်လှမ်းမမှီနိုင်သည့် အကြောင်းအရာများအပေါ်၊ သင်တို့ ဆက်လက်၍ ချင့်ချိန်တွေးဆပြီး၊ သာ၍ သာ၍ မိတ်သဟာယ ပြုကြလိမ့်မည်ဟု ငါမျှော်လင့်သည်။ သင်တို့ လက်လှမ်း မမှီနိုင်သည့် ကိစ္စများအတွက်၊ သင်တို့ကို ပို၍လမ်းညွှန်ပေးမည့်သူ တစ်စုံတစ်ယောက် ရှိလိမ့်မည်။ ယခု သင်လက်လှမ်း မှီနိုင်သည့်အတွင်း ရှိသော နယ်ပယ်များနှင့်စပ်လျဉ်း၍ မိတ်သဟာယပြုခြင်းတွင် သင်တို့ ပိုမိုပါဝင်ပါက၊ သန့်ရှင်းသော ဝိညာဉ်တော်က သူ၏အမှုကို လုပ်ဆောင်မည် ဖြစ်ပြီး၊ သင်တို့သည် ပိုပြီးနားလည်လာလိမ့်မည်။ ဘုရားသခင်၏ အနှစ်သာရကို သိနားလည်ခြင်းနှင့် ဘုရားသခင်၏ အနှစ်သာရကို သိခြင်းတို့သည် လူတို့၏ အသက်တာထဲသို့ ဝင်ရောက်ခြင်းအဖို့ အဆုံးစွန်အရေးပါခြင်းနှင့် စပ်ဆိုင်သည်။ သင်တို့သည် ယင်းကို မသိကျိုးကျွန်မပြုဖို့ သို့မဟုတ် ကစားနည်းတစ်ခုအဖြစ် မမြင်ဖို့ရန် ငါမျှော်လင့်သည်၊ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်ကို သိကျွမ်းခြင်းသည် လူ၏ ယုံကြည်ခြင်း အခြေခံအုတ်မြစ်ဖြစ်ပြီး သမ္မာတရားကို လိုက်စားပြီး ကယ်တင်ခြင်းကို ရရှိဖို့ လူသားအတွက် အဓိက သော့ချက်ဖြစ်သောကြောင့် ဖြစ်သည်။ အကယ်၍ လူတို့သည် ဘုရားသခင်ကို ယုံကြည်သော်လည်း သူ့ကို မသိပါက၊ ၎င်းတို့သည် ကျမ်းဟောင်းတရားများနှင့် သြဝါဒများ ထဲတွင်သာ အသက်ရှင်ကြပါက၊ ၎င်းတို့သည် သမ္မာတရား၏ အပေါ်ယံအဓိပ္ပာယ်နှင့်အညီ လုပ်ဆောင်ပြီး အသက်ရှင်နေလျှင်ပင် ကယ်တင်ခြင်းကို ရရှိရန် ၎င်းတို့အတွက် ဘယ်သောအခါမျှ ဖြစ်နိုင်လိမ့်မည်မဟုတ်ပေ။ ဆိုလိုသည်မှာ၊ သင်သည် ဘုရားသခင်ကို ယုံကြည်သော်လည်း သူ့ကို မသိကျွမ်းပါက၊ သင်၏ယုံကြည်ခြင်းသည် အချည်းနှီးအတွက်သာ ဖြစ်ပြီး စစ်မှန်မှု ဘာမျှ ရှိမည် မဟုတ်ပါပေ။ သင်နားလည်သည်၊ မဟုတ်လော။ (ဟုတ်ကဲ့၊ ကျွန်ုပ်တို့ နားလည်ပါသည်။) ယနေ့အတွက် ငါတို့၏ မိတ်သဟာယပြုခြင်းကို ဤတွင် အဆုံးသတ်မည်။

၂ဝ၁၄ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်

အရှေ့သို့- အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၄)

နောက်တစ်ခုသို့- အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၆)

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။