ဘုရားသခင်သည် ကျွန်ုပ်တို့အလယ်၌ ရှိသည်

ခြေဆင်း

ကျွန်ုပ်တို့ ကမ္ဘာမြေအနှံ့မှ လာကြသည်။

ဘုရားသခင်၏ ပလ္လင်တော်ရှေ့ ကျွန်ုပ်တို့ ကိုးကွယ်ကြ။

ဘုရားသခင်၏ နှုတ်ကပတ်တော်၏ ထောက်ပံ့ခြင်းကို ကျွန်ုပ်တို့ခံရပြီး

သိုးသငယ်၏ မင်္ဂလာစားသောက်ပွဲကို ကျွန်ုပ်တို့ တက်ရောက်။


အပိုဒ် ၁

နောက်ဆုံးသောကာလ၏ ခရစ်တော်သည် စာတန်နှင့် တိုက်ပွဲတွင်

ကျွန်ုပ်တို့ကို ဦးဆောင်သည်။

လမ်းခရီးက အတက်အကျများဖြင့် ပြည့်နှက်ပြီး

ဆင်းရဲဒုက္ခများကို ကျွန်ုပ်တို့ သည်းခံသည်။


အပိုဒ် ၂

ကျွန်ုပ်တို့ကို လမ်းပြဖို့ ဘုရားသခင်၏ နှုတ်ကပတ်တော်များ ရှိခြင်းအားဖြင့်၊

ကျွန်ုပ်တို့အနားမှာ သူ၏ ချစ်ခြင်းနှင့်အတူ၊

အမှောင်စွမ်းအားတို့ကို ကျွန်ုတို့ ထိုးဖောက်ကာ

ကျွန်ုပ်တို့၏ တိုက်ပွဲကို ရှေ့တက်တိုက်ခိုက်ကြပေ။


အပိုဒ် ၃

ဘုရားသခင်၏ ဘုန်းတန်ခိုးနှင့် ဉာဏ်ပညာကို မြင်ကာ

ကျွန်ုပ်တို့၏ ယုံကြည်မှု အားကောင်းလာ။

ဘုရားသခင်ကို ကျွန်ုပ်တို့ သက်သေခံနေကြပေ။

သူ၏ အပြုံးကို မြင်ရခြင်းက ကျွန်ုပ်တို့ စိတ်နှလုံးကို ဝမ်းမြောက်စေ။

ပြန်ဆိုအပိုဒ်

ကျွန်ုပ်တို့ဘေးတွင် ဘုရားသခင်နှင့်အတူ

နိုင်ငံတော်တွင်းရှိ အသက်တာသည် ဝမ်းမြောက်မှုပင်။

ဘုရား၏ချစ်ခြင်းကို ပြန်လည်ပေးဆပ်ဖို့

လေးလံသောဝန်ကို ကျွန်ုပ်တို့ ထမ်းဆောင်မည်။

ဘုရားနှုတ်ကပတ်တော် ကမ္ဘာမြေတစ်လျှောက် ပျံ့နှံ့ဖို့ရန်၊

ကျွန်ုပ်တို့ ညီအစ်ကိုမောင်နှမများ ကျွန်ုပ်တို့၏ခပ်သိမ်းကို ပေးဆပ်သည်။

ဘုရားသခင်၏ အလိုတော်ကို ဆောင်ရွက်ရန် ဖြစ်ပေ။

ဘုရားသခင်၏ အလိုတော်ကို ဆောင်ရွက်ရန်ဖြစ်ပေ။


အပိုဒ် ၄

သမ္မာတရားကို လိုက်လျှောက်ကာ သန့်စင်ပေးခြင်းခံရဖို့နှင့်

ဘုရားသခင်၏ စုံလင်ခြင်းကို ရရှိဖို့၊

တရားစီရင်ခြင်း၊ စမ်းသပ်မှုများကို ကျွန်ုပ်တို့ လက်ခံကာ

ဘုရားနှုတ်ကပတ်တော်၏ စစ်ဆေးခြင်းများကို ကျွန်ုပ်တို့ လက်ခံသည်။


အပိုဒ် ၅

အားနည်းသောအခါ ကျွန်ုပ်တို့ အချင်းချင်း ကူညီပြီး

တစ်ယောက်နှင့်တစ်ယောက် တွန်းအားပေးသည်။

သန့်ရှင်းသောဝိညာဉ်တော် အလုပ်၏ ချိုမြိန်မှုနှင့် ဝမ်းမြောက်မှုတို့ကို

ကျွန်ုပ်တို့ မျှဝေသည်။


အပိုဒ် ၆

နားလည်ခြင်းက ကျွန်ုပ်တို့ ဝိညာဉ်များကို နှောင်ဖွဲ့သည်။

နောက်ထပ်စကားများ ကျွန်ုပ်တို့ မလိုတော့။

ဘုရားသခင်၏ ချစ်ခြင်းက ကျွန်ုပ်တို့ကို တင်းကြပ်စွာ ရစ်ပတ်သည်။

သူ၏ နှုတ်ကပတ်တော်တို့သည် ကျွန်ုပ်တို့ စိတ်နှလုံးများအား ပေါင်းစပ်ပေးသည်။


ပြန်ဆိုအပိုဒ်

ကျွန်ုပ်တို့ဘေးတွင် ဘုရားသခင်နှင့်အတူ

နိုင်ငံတော်တွင်းရှိ အသက်တာသည် ဝမ်းမြောက်မှုပင်။

ဘုရား၏ချစ်ခြင်းကို ပြန်လည်ပေးဆပ်ဖို့

လေးလံသောဝန်ကို ကျွန်ုပ်တို့ ထမ်းဆောင်မည်။

ဘုရားနှုတ်ကပတ်တော် ကမ္ဘာမြေတစ်လျှောက် ပျံ့နှံ့ဖို့ရန်၊

ကျွန်ုပ်တို့ ညီအစ်ကိုမောင်နှမများ ကျွန်ုပ်တို့၏ခပ်သိမ်းကို ပေးဆပ်သည်။

ဘုရားသခင်၏ အလိုတော်ကို ဆောင်ရွက်ရန် ဖြစ်ပေ။

ဘုရားသခင်၏ အလိုတော်ကို ဆောင်ရွက်ရန်ဖြစ်ပေ။


အကူးအပြောင်း

လက်တွဲလုပ်ဆောင်လျက်

ကျွန်ုပ်တို့ ဆက်လက်၍ ဆုတောင်းပြီး အချင်းချင်း တိုက်တွန်းကြသည်။

လှပသောမနက်ဖြန်ဆီသို့ ဘုရားသခင်ခေါ်ဆောင်သည်။

ဘုရားသခင်ကို ချစ်ရန် ကျွန်ုပ်တို့ ကြိုးပမ်းသည်။

ဆက်လက်အသက်ရှင်ခြင်း မရပ်တန့်မီ

ရုန်းကန်ကြိုးစားခြင်းကို ရပ်တန့်မည်မဟုတ်။

ဘုရားသခင်၏ တိုက်တွန်းအားပေးမှုတို့ကို ကျွန်ုပ်တို့ စိတ်ထဲတွင် ထိန်းသိမ်းကာ

ကိုယ်တော်ကို သက်သေခံရာ၌ သစ္စာရှိပါမည်။


ပြန်ဆိုအပိုဒ်

ကျွန်ုပ်တို့ဘေးတွင် ဘုရားသခင်နှင့်အတူ

နိုင်ငံတော်တွင်းရှိ အသက်တာသည် ဝမ်းမြောက်မှုပင်။

ဘုရား၏ချစ်ခြင်းကို ပြန်လည်ပေးဆပ်ဖို့

လေးလံသောဝန်ကို ကျွန်ုပ်တို့ ထမ်းဆောင်မည်။

ဘုရားနှုတ်ကပတ်တော် ကမ္ဘာမြေတစ်လျှောက် ပျံ့နှံ့ဖို့ရန်၊

ကျွန်ုပ်တို့ ညီအစ်ကိုမောင်နှမများ ကျွန်ုပ်တို့၏ခပ်သိမ်းကို ပေးဆပ်သည်။

ဘုရားသခင်၏ အလိုတော်ကို ဆောင်ရွက်ရန် ဖြစ်ပေ။

ဘုရားသခင်၏ အလိုတော်ကို ဆောင်ရွက်ရန်ဖြစ်ပေ။

အရှေ့သို့- စစ်မှန်သော ဘုရားရှင်၏နှုတ်ကပတ်တော်သည် လွန်စွာတန်ဖိုးရှိလှ

နောက်တစ်ခုသို့- ကျွန်ုပ်နှလုံးသားရဲ့ဆန္ဒသည် ဘုရားကို ချစ်ရန်ဖြစ်၏

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ကျွန်ုပ်ကို ကယ်တင်ခဲ့သူမှာ ဘုရားသခင် ဖြစ်သည်

၁ လူ့ဇာတိခံကာ လူသားဖြစ်လာရင်း၊ လေနှင့်မိုးများစွာကို ဖြတ်သန်ရင်းဖြင့်၊ လူတို့ကြား ကိုယ်တော် နှိမ့်ချကာ ကွယ်ဝှက်သည်- မည်သူမျှ ကိုယ်တော်ကို...

၄၀၀ ယုံကြည်သူတို့ လိုက်လံ သင့်သည့် လမ်းစဉ်

၁ဘုရားသခင်သည် သင့်အသက်တာအတွင်းအမှုတော် မည်မျှဆောင်ရွက်ပြီးပြီလဲ။မည်မျှတွေ့ကြုံပြီး၍ လုပ်ဆောင်ခဲ့ပြီး ပြီလဲ။ဘုရားက သင့်ကို စစ်ဆေးပြီး...

၂၅၆ အရာခပ်သိမ်းကို ဘုရားဘယ်လိုအုပ်စိုးကြောင်း

၁ဤလောကထဲသို့ ငိုကြွေးခြင်းနှင့် သင်ရောက်လာသင်လုပ်ငန်းတို့ကိုစတင်လုပ်ဆောင်ဘုရားရဲ့ဘိသိက်ပေးခြင်းနှင့် အကြံတော် ကိုယ့်တာဝန်ကိုယ်ယူသင့်ဘဝခရီး...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသော ကာလ ခရစ်တော်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်