ဘုရားသခင်သည် ဖန်ဆင်းရာအားလုံး၏ သခင်ဖြစ်တော်မူ၏

လွန်ခဲ့သော ခေတ်နှစ်ခေတ်၏ အလုပ်အဆင့်တစ်ဆင့်ကို ဣသရေလပြည်၌ ဆောင်ရွက်ခဲ့ပြီးဖြစ်၍ ကျန်တစ်ဆင့်ကို ယုဒပြည်တွင် ဆောင်ရွက်ခဲ့ပြီးဖြစ်သည်။ ယေဘုယျအားဖြင့် ပြောရမည်ဆိုလျှင် ထိုအလုပ်၏ မည်သည့်အဆင့်ကမျှ ဣသရေလပြည်မှ ထွက်သွားခဲ့ခြင်း မရှိဘဲ အလုပ်တစ်ခုစီကို ပထမဆုံး ရွေးကောက်ခံထားရသော လူများအပေါ် လုပ်ဆောင်ခဲ့ခြင်းဖြစ်၏။ အကျိုးဆက်အနေဖြင့် ဣသရေလ လူမျိုးတို့က ယေဟောဝါဘုရားသခင်သည် ဣသရေလလူမျိုးတို့၏ ဘုရားသခင်သာဖြစ်သည်ဟု ယုံကြည်ကြလေသည်။ ယေရှုသည် ကားစင်တင်သတ်ခံရခြင်းဟူသည့် အလုပ်ကို ဆောင်ရွက်ခဲ့သည့် နေရာဖြစ်သော ယုဒပြည်၌ အလုပ်လုပ်ခဲ့သောကြောင့် ယုဒလူမျိုးတို့က သူ့ကို ယုဒလူမျိုးတို့၏ ရွေးနုတ်ရှင်အဖြစ် မြင်ကြသည်။ ယေရှုသည် ယုဒလူမျိုးတစ်မျိုးတည်း၏ ရှင်ဘုရင်သာဖြစ်ပြီး အခြားလူမျိုးတို့၏ ရှင်ဘုရင်မဟုတ်ဟု သူတို့ထင်မှတ်ကြသည်။ ယေရှုသည် အင်္ဂလိပ်လူမျိုးကို ရွေးနုတ်ပေးသည့် သခင်မဟုတ်သကဲ့သို့ အမေရိကန်လူမျိုးတို့ကို ရွေးနုတ်ပေးသည့် သခင်လည်း မဟုတ်ဘဲ ဣသရေလ အမျိုးသားတို့ကို ရွေးနုတ်ပေးသည့် သခင်ဖြစ်သည်၊ ထို့အပြင် သူကယ်နုတ်ခဲ့သူတို့သည် ဣသရေလပြည်ရှိ ယုဒလူမျိုးတို့ ဖြစ်သည်ဟု သူတို့ထင်မှတ်ကြလေ၏။ စင်စစ်အားဖြင့် ဘုရားသခင်သည် အရာအားလုံး၏ အရှင်သခင်ဖြစ်၏။ သူသည် ဖန်ဆင်းရာအားလုံး၏ ဘုရားသခင်ဖြစ်သည်။ သူသည် ဣသရေလအမျိုးသားနှင့် ယုဒလူမျိုးတို့၏ ဘုရားသခင်ဖြစ်သည် သာမကဘဲ ဖန်ဆင်းရာအားလုံး၏ ဘုရားသခင်ဖြစ်၏။ လူတို့ထံ၌ အယူအဆအချို့ကို ဖြစ်ပေါ်စေခဲ့သည့် သူ့အလုပ်၏ ယခင်အဆင့်နှစ်ဆင့်သည် ဣသရေလပြည်၌ ဖြစ်ပျက်ခဲ့သည်။ ယေဟောဝါသည် သူ၏အလုပ်ကို ဣသရေလပြည်၌ လုပ်ခဲ့သည်၊ ယေရှုကိုယ်တိုင်သည် ယုဒပြည်၌ သူ၏အလုပ်ကို ဆောင်ရွက်ခဲ့သည်၊ ထို့အပြင် အလုပ်လုပ်ရန်အတွက် လူ့ဇာတိကို ယေရှုခံယူခဲ့ပြီး၊ မည်သို့ပင်ဖြစ်စေကာမူ ထိုအလုပ်သည် ဣသရေလပြည်ကို မကျော်လွန်ခဲ့ချေဟူ၍ သူတို့က ယုံကြည်ကြသည်။ ဘုရားသခင်သည် အဲဂုတ္တုလူမျိုး၊ သို့မဟုတ် အိန္ဒိယလူမျိုးတို့ထံတွင် အလုပ်မလုပ်ခဲ့ပေ။ ဣသရေလအမျိုးသားတို့ထံ၌သာ သူအလုပ်လုပ် ခဲ့၏။ ထို့ကြောင့် လူတို့သည် အမျိုးမျိုးသော အယူအဆများကို ပုံဖော်ကြပြီး ဘုရားသခင်၏အလုပ်ကို အတိုင်းအတာတစ်ခုအတွင်း အသေးစိတ် ရုပ်လုံးဖော်ကြလေသည်။ ဘုရားသခင် အလုပ်လုပ်သောအခါ သူ့အနေဖြင့် ရွေးကောက်ခံထားရသော လူများအကြား၌နှင့် ဣသရေလပြည်၌ လုပ်ရမည်ဖြစ်သည်ဟု သူတို့ပြောကြသည်။ ဣသရေလအမျိုးသားများမှလွဲ၍ ဘုရားသခင်သည် အခြားမည်သူ့အပေါ်၌မျှ အလုပ်မလုပ်သကဲ့သို့ သူ၏အလုပ်နှင့်ပတ်သက်ပြီး ပို၍ကြီးမားသော အတိုင်းအတာလည်း မရှိဟု သူတို့ပြောကြ၏။ လူ့ဇာတိခံ ဘုရားသခင်ကို ထိန်းချုပ်သည့်အရေးနှင့်ပတ်သက်လာလျှင် သူတို့သည် အထူးသဖြင့် တိကျကြပြီး ဣသရေလပြည်၏ နယ်နိမိတ်ကိုလွန်၍ သူ့အား လှုပ်ရှားခွင့် မပြုကြပေ။ ဤအရာအားလုံးမှာ လူသားတို့၏ အယူအဆများသာ ဖြစ်ကြသည် မဟုတ်လော။ ဘုရားသခင်သည် ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းကို ဖန်ဆင်းခဲ့၏၊ ဖန်ဆင်းရာအားလုံးကို သူဖန်ဆင်းခဲ့၏၊ ထို့အတွက်ကြောင့် သူ့အနေဖြင့် သူ၏အလုပ်ကို မည်သို့လျှင် ဣသရေလပြည်၌သာ ကန့်သတ်ထား၍ ရနိုင်မည်နည်း။ ထိုအတိုင်းသာဖြစ်နေပါက ဖန်ဆင်းရာအားလုံးကို သူဖန်ဆင်းခြင်းမှာ အဘယ်အကျိုးရှိ လိမ့်မည်နည်း။ တစ်လောကလုံးကို သူဖန်ဆင်းခဲ့၏၊ ထို့ပြင် သူ၏အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှုအစီအစဉ်ကို ဣသရေလပြည်၌ သာ မဟုတ်ဘဲ စကြဝဠာရှိ လူပုဂ္ဂိုလ်အယောက်ချင်းစီတိုင်းအပေါ်၌ သူဆောင်ရွက်ခဲ့လေ၏။ ထိုသူတို့အနေဖြင့် တရုတ်ပြည်၌ နေကြသည်ဖြစ်စေ၊ အမေရိကန်ပြည်ထောင်စု၌ နေကြသည်ဖြစ်စေ၊ ဗြိတိသျှ၊ သို့မဟုတ် ရုရှားနိုင်ငံ၌ နေကြသည်ဖြစ်စေ လူတိုင်းသည် အာဒံ၏ သားစဉ်မြေးဆက်များ ဖြစ်ကြ၏။ သူတို့အားလုံးကို ဘုရားသခင်က ဖန်ဆင်းထားခြင်းဖြစ်သည်။ သူတို့ထဲမှ မည်သူတစ်ဦးတစ်ယောက်ကမျှ ဖန်ဆင်းခြင်း၏နယ်နိမိတ်များကို မရှောင်တိမ်းနိုင်ကြ၊ ထို့ပြင် သူတို့ထဲမှ မည်သူတစ်ဦး တစ်ယောက်ကမျှ “အာဒံ၏ သားစဉ်မြေးဆက်” ဟူသည့် အမှတ်သညာမှ မိမိတို့ကိုယ်ကို မခွဲနိုင်ကြ။ သူတို့အားလုံးသည် ဘုရားသခင်၏ ဖန်ဆင်းခံသတ္တဝါများဖြစ်ကြသည်၊ သူတို့ အားလုံးသည် အာဒံ၏ ဆွေစဉ်မျိုးဆက်ဖြစ်ကြသည်၊ ထို့အပြင် သူတို့အားလုံးသည် အာဒံနှင့် ဧဝတို့၏ ဖောက်ပြန်ပျက်စီးနေသော သားစဉ်မြေးဆက်များလည်း ဖြစ်ကြ၏။ ဘုရားသခင်၏ ဖန်ဆင်းရာမှာ ဣသရေလတစ်မျိုးတည်းသာ မဟုတ်ဘဲ လူမျိုးအားလုံးဖြစ်သည်။ အချို့က ကျိန်ဆဲခံထားရပြီး အချို့က ကောင်းချီးပေးခံထားရခြင်းသာ ဖြစ်၏။ ဣသရေလအမျိုးသားနှင့် ပတ်သက်၍ နှစ်လိုဖွယ်ကောင်းသော အရာများ များစွာရှိသည်၊ သူတို့သည် အနည်းဆုံး ဖောက်ပြန်သောလူများ ဖြစ်ကြသောကြောင့် ဘုရားသခင်က အစအဦး၌ သူတို့အပေါ်တွင် အလုပ်လုပ်ခဲ့ခြင်း ဖြစ်သည်။ တရုတ်လူမျိုးတို့ကို သူတို့နှင့် သွားယှဉ်၍မရပေ၊ တရုတ်လူမျိုးတို့က များစွာ ပို၍နိမ့်ကျ၏။ ထို့ကြောင့် ဘုရားသခင်သည် ကနဦးတွင် ဣသရေလပြည်ရှိ လူတို့အကြား၌ အလုပ်လုပ်ခဲ့ခြင်းဖြစ်ပြီး သူ့အလုပ်၏ ဒုတိယအဆင့်ကို ယုဒပြည်၌သာ ဆောင်ရွက်ခဲ့၏၊ ယင်းက လူတို့အကြား၌ အယူအဆ များစွာနှင့် စည်းမျဉ်းများစွာကို ဖြစ်ပေါ်စေခဲ့သည်။ စင်စစ်အားဖြင့် ဘုရားသခင်သည် လူသားတို့၏အယူအဆများအတိုင်း လုပ်မည် ဆိုပါက သူသည် ဣသရေလအမျိုးသားတို့၏ ဘုရားသခင်သာ ဖြစ်နေလိမ့်မည်ဖြစ်၍ သူ၏အလုပ်ကို တစ်ပါးအမျိုးသား တိုင်းနိုင်ငံများထံ ချဲ့ထွင်ခြင်းငှာ တတ်စွမ်းနိုင်မည် မဟုတ်ချေ၊ အကြောင်းမှာ သူသည် ဣသရေလအမျိုးသားတို့၏ ဘုရားသခင်သာ ဖြစ်နေလိမ့်မည်ဖြစ်ပြီး ဖန်ဆင်းရာအားလုံး၏ ဘုရားသခင် ဖြစ်နေမည် မဟုတ်သောကြောင့်ဖြစ်သည်။ ယေဟောဝါ၏ အမည်နာမသည် တစ်ပါးအမျိုးသား တိုင်းနိုင်ငံများအကြားတွင် ထင်ရှားလိမ့်မည်၊ တစ်ပါးအမျိုးသား တိုင်းနိုင်ငံများသို့ ပျံ့နှံ့သွားလိမ့်မည်ဟု ပရောဖက်ပြုချက်များက ဆိုထားသည်။ အဘယ်ကြောင့် ထိုအရာကို ပရောဖက်ပြုထားသနည်း။ အကယ်၍ ဘုရားသခင်သည် ဣသရေလအမျိုးသားတို့၏ ဘုရားသခင်သာ ဖြစ်နေခဲ့ပါက သူသည် ဣသရေလပြည်၌သာ အမှုပြုခဲ့ပေလိမ့်မည်။ ထို့အပြင် ဤအလုပ်ကို သူဖြန့်ကြက်လိမ့်မည် မဟုတ်သကဲ့သို့ ထိုသို့သော ပရောဖက်ပြုချက်ကိုလည်း သူပြုခဲ့မည် မဟုတ်ချေ။ ထိုပရောဖက်ပြုချက်ကို သူပြုခဲ့သောကြောင့် သူသည် သူ၏အလုပ်ကို တစ်ပါးအမျိုးသား တိုင်းနိုင်ငံများအကြား၊ တိုင်းနိုင်ငံအားလုံးနှင့် ကုန်းမြေအားလုံးအကြား ဧကန်အမှန် ချဲ့ထွင်လိမ့်မည် ဖြစ်သည်။ ထိုသို့သူပြောခဲ့သောကြောင့် ထိုအရာကို သူလုပ်ရပေလိမ့်မည်။ ဤသည်မှာ သူ၏အစီအစဉ်ဖြစ်သည်၊ အကြောင်းမှာ သူသည် ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းကို ဖန်ဆင်းခဲ့သော သခင်ဖြစ်ပြီး ဖန်ဆင်းရာအားလုံး၏ ဘုရားသခင် ဖြစ်သောကြောင့် ဖြစ်ပေသည်။ ဣသရေလအမျိုးသားတို့အကြား၌ သူအလုပ်လုပ်သည်ဖြစ်စေ၊ သို့မဟုတ် ယုဒပြည်တစ်ဝှမ်းလုံး၌ သူအလုပ်လုပ်သည်ဖြစ်စေ သူလုပ်သော အလုပ်သည် စကြဝဠာ တစ်ခွင်လုံး၏ အလုပ်ဖြစ်ပြီး လူသားအားလုံး၏ အလုပ်ဖြစ်သည်။ တစ်ပါးအမျိုးသား တိုင်းနိုင်ငံဖြစ်သော အဆင်းနီသည့် နဂါးကြီး၏ တိုင်းနိုင်ငံ၌ ယနေ့သူလုပ်သော အလုပ်သည် လူသားအားလုံး၏ အလုပ်ဖြစ်နေဆဲပင်ဖြစ်သည်။ ဣသရေလပြည်သည် မြေကြီးပေါ်ရှိ သူ၏အလုပ်အတွက် အခြေစိုက်စခန်း ဖြစ်နိုင်ခဲ့၏၊ တရုတ်နိုင်ငံ သည်လည်း တစ်ပါးအမျိုးသား တိုင်းနိုင်ငံများအကြားရှိ သူ၏အလုပ် အတွက် အခြေစိုက်စခန်း ဖြစ်နိုင်သည်။ “ယေဟောဝါ၏ အမည်နာမသည် တစ်ပါးအမျိုးသား တိုင်းနိုင်ငံများအကြားတွင် ထင်ရှားလိမ့်မည်” ဟူသော ပရောဖက်ပြုချက်ကို သူယခု ပြည့်စုံစေခဲ့ပြီ မဟုတ်လော။ တစ်ပါးအမျိုးသား တိုင်းနိုင်ငံများ အကြားရှိ သူ့အလုပ်၏ ပထမအဆင့်မှာ အဆင်းနီသော နဂါးကြီး၏ တိုင်းနိုင်ငံ၌ သူလုပ်သော အလုပ်ဖြစ်သည့် ဤအလုပ်ပင်ဖြစ်သည်။ လူ့ဇာတိခံ ဘုရားသခင်သည် ဤတိုင်းပြည်၌ အလုပ်လုပ်ပြီး ကျိန်ဆဲခံထားရသော ဤလူတို့အကြား၌ အလုပ်လုပ်သည် ဟူသည်မှာ လူသားတို့၏ အယူအဆများနှင့် အထူးသဖြင့် ဆန့်ကျင် ကွဲလွဲနေသည်။ ထိုလူတို့မှာ အားလုံးအထဲတွင် အနိမ့်ကျဆုံးသောသူများ ဖြစ်ကြသည်၊ သူတို့၌ ဘာတန်ဖိုးမျှ မရှိကြ၊ ထို့အပြင် သူတို့သည် ကနဦး၌ ယေဟောဝါ၏ စွန့်ပစ်ထားခြင်းကို ခံခဲ့ရသူများ ဖြစ်ကြသည်။ လူတို့သည် အခြားလူများ၏ ပစ်ပယ်ခြင်းကို ခံနိုင်သော်လည်း ဘုရားသခင်၏ ပစ်ပယ်ခြင်းကို ခံရလျှင်မူ ထိုသူတို့ထက် အဆင့်အတန်း ပို၍မဲ့သောသူ၊ တန်ဖိုးပို၍နိမ့်ကျသောသူ မရှိတော့ပေ။ ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦးအတွက် စာတန်၏ ပိုင်ဆိုင်ခြင်းကို ခံရခြင်း၊ သို့မဟုတ် လူတို့၏ ပစ်ပယ်ခြင်းကို ခံရခြင်းသည် အလွန်နာကျင်ခံစားရသော အရာဖြစ်၏၊ သို့သော်လည်း ဖန်ဆင်းရှင်၏ စွန့်ပစ်ခြင်းကို ခံရသော ဖန်ဆင်းခံသတ္တဝါတစ်ဦးအတွက်မူ ပို၍နိမ့်ကျသော အဆင့်အတန်း မရှိနိုင်တော့ချေ။ မောဘ၏ သားစဉ်မြေးဆက်တို့သည် ကျိန်ဆဲခြင်းကို ခံခဲ့ရသည်၊ ထို့ပြင် သူတို့သည် ခေတ်နောက်ကျန်သော ဤနိုင်ငံ၌ မွေးဖွားလာခဲ့ကြသည်။ အမှောင်ထု၏ လွှမ်းမိုးမှုအောက်တွင် ရှိကြကုန်သော လူအားလုံးထဲတွင် မောဘ၏ သားစဉ်မြေးဆက်တို့သည် အဆင့်အတန်းအနိမ့်ဆုံးဖြစ်ကြသည်မှာ သံသယဝင်ဖွယ်ရာ မရှိပေ။ ဤလူတို့သည် ယခင်က အနိမ့်ကျဆုံးသော အဆင့်အတန်း ရှိခဲ့ဖူးသူများဖြစ်ကြသောကြောင့် သူတို့အပေါ်၌ လုပ်သော အလုပ်သည် လူသားတို့၏ အယူအဆများကို အကောင်းဆုံးချေဖျက်နိုင်စွမ်းရှိပြီး ဘုရားသခင်၏ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှုအစီအစဉ် တစ်ခုလုံးအတွက်လည်း အကျိုးအရှိဆုံးဖြစ်၏။ ဤလူတို့အကြား၌ ထိုသို့သောအလုပ်ကို လုပ်ခြင်းသည် လူသားတို့၏ အယူအဆများကို အကောင်းဆုံးချေဖျက်သည့် နည်းလမ်းဖြစ်ပြီး ထိုအလုပ်နှင့် ဘုရားသခင်သည် ခေတ်တစ်ခေတ်ကို အစပျိုး၏။ ထိုအလုပ်နှင့် သူသည် လူသားတို့၏ အယူအဆအားလုံးကို ချေဖျက်၏။ ထိုအလုပ်နှင့် ကျေးဇူးတော်ခေတ်တစ်ခေတ်လုံး၏ အလုပ်ကို အဆုံးသတ်လေသည်။ သူ၏ပထမအလုပ်ကို ဣသရေလပြည်၏ နယ်နိမိတ်အတွင်းရှိ ယုဒပြည်၌ ဆောက်ရွက်ခဲ့သည်။ တစ်ပါးအမျိုးသား တိုင်းနိုင်ငံများအကြားတွင် သူသည် ခေတ်သစ်ကို အစပျိုးရန်အလို့ငှာ မည်သည့်အလုပ်ကိုမျှ မလုပ်ခဲ့ပေ။ အလုပ်၏ နောက်ဆုံးအဆင့်ကို တစ်ပါးအမျိုးသားတို့အကြားတွင် ဆောင်ရွက်သည်သာမကသေးဘဲ ကျိန်ဆဲခြင်းခံထားရသော သူများအကြားတွင် ပို၍ဆောင်ရွက်၏။ ဤအချက်တစ်ချက်က စာတန်ကို အရှက်အခွဲနိုင်ဆုံးသော သက်သေဖြစ်သည်။ ဤအကြောင်းကြောင့် ဘုရားသခင်သည် စကြဝဠာထဲရှိ ဖန်ဆင်းရာအားလုံး၏ ဘုရားသခင်၊ အရာခပ်သိမ်း၏ သခင်၊ အသက်ရှိသမျှတို့ ကိုးကွယ်ရသည့်အရာ “ဖြစ်လာ” လေသည်။

ယနေ့တွင် ဘုရားသခင် မည်သည့်အလုပ်သစ်ကို အစပြုပြီးဖြစ်သည်ကို နားမလည်ကြသေးသောသူများရှိသည်။ တစ်ပါးအမျိုးသား တိုင်းနိုင်ငံများအကြားတွင် ဘုရားသခင်သည် အသစ်သော အစအဦးတစ်ခုကို ဖွင့်လှစ်ခဲ့ပြီးဖြစ်သည်။ ခေတ်သစ်တစ်ခေတ်ကို သူစတင်ခဲ့ပြီး အလုပ်သစ်ကို သူအစပြုခဲ့၏၊ ထို့အပြင် သူသည် ဤအလုပ်ကို မောဘ၏ သားစဉ် မြေးဆက်များအပေါ် လုပ်ဆောင်သည်။ ယင်းသည် သူ၏ အသစ်ဆုံးသော အလုပ်ပင်ဖြစ်သည် မဟုတ်လော။ သမိုင်းတစ်လျှောက် မည်သူကမျှ ဤအလုပ်ကို မတွေ့ကြုံဖူးကြပေ။ ဤအလုပ်ကို နားလည်ဖို့ မဆိုထားနှင့် မည်သူကမျှ မကြားဖူးကြပေ။ ဘုရားသခင်၏ဉာဏ်ပညာ၊ ဘုရားသခင်၏အံ့သြဖွယ်ရာ၊ ဘုရားသခင်၏ဉာဏ်မမီနိုင်မှု၊ ဘုရားသခင်၏ကြီးမြတ်မှု၊ ထို့ပြင် ဘုရားသခင်၏သန့်ရှင်းမှု အားလုံးတို့သည် နောက်ဆုံးသောကာလ၏ အလုပ်ဖြစ်သည့် အလုပ်၏ဤအဆင့်မှတစ်ဆင့် ထင်ရှားစေခြင်းကို ခံကြရသည်။ ဤသည်မှာ လူသားတို့၏ အယူအဆများကို ချေဖျက်သည့် အလုပ်ဖြစ်သော အသစ်သောအလုပ်ပင်ဖြစ်သည် မဟုတ်လော။ “ဘုရားသခင်သည် မောဘကို ကျိန်ဆဲခဲ့ပြီး မောဘ၏သားစဉ်မြေးဆက်များကို ပစ်ပယ်မည်ဟု ဆိုခဲ့သည့်အတွက် သူသည် ယခု သူတို့ကို မည်ကဲ့သို့ ကယ်တင်နိုင်မည်နည်း” ဟူ၍ တွေးကြသောသူများ ရှိကြသည်။ ထိုသူတို့မှာ ဘုရားသခင်၏ ကျိန်ဆဲခြင်းကို ခံခဲ့ရပြီး ဣသရေလပြည်မှ မောင်းထုတ်ခံခဲ့ရသည့် တစ်ပါးအမျိုးသားများ ဖြစ်ကြ၏၊ ဣသရေလအမျိုးသားတို့က ထိုသူတို့ကို “တစ်ပါးအမျိုးသားခွေးများ” ဟုခေါ်ခဲ့ကြသည်။ လူတိုင်း၏ အမြင်တွင် သူတို့သည် တစ်ပါးအမျိုးသားခွေးများ ဖြစ်ကြသည် သာမကဘဲ ပို၍ဆိုးသည်မှာ သူတို့သည် ဖျက်ဆီးခြင်း၏ သားများဖြစ်နေကြသည်၊ တစ်နည်းဆိုရလျှင် သူတို့သည် ဘုရားသခင်၏ ရွေးကောက်ခံလူများ မဟုတ်ကြပေ။ သူတို့သည် ဣသရေလနိုင်ငံ၏နယ်နိမိတ်အတွင်း၌ မွေးဖွားလာခဲ့ခြင်း ဖြစ်ကောင်းဖြစ်နိုင်သော်လည်း သူတို့သည် ဣသရေလ အမျိုးသားများနှင့် မသက်ဆိုင်ကြဘဲ တစ်ပါးအမျိုးသား တိုင်းနိုင်ငံများသို့ နှင်ထုတ်ခြင်းခံထားရသူများ ဖြစ်ကြသည်။ သူတို့သည် လူအားလုံးအထဲ၌ အနိမ့်ကျဆုံးသောသူများ ဖြစ်ကြသည်။ လူတို့အထဲတွင် သူတို့သည် အနိမ့်ကျဆုံးသောသူများ ဖြစ်ကြသည့် အကြောင်းရင်းအတိအကျကြောင့်ပင် ဘုရားသခင်သည် ခေတ်သစ်တစ်ခေတ်ကို အစပျိုးသည့် သူ၏အလုပ်ကို သူတို့အကြားတွင် ဆောင်ရွက်ခြင်းဖြစ်၏၊ အကြောင်းမှာ သူတို့သည် ဖောက်ပြန်သော လူသားတို့ကို ကိုယ်စားပြုသောကြောင့် ဖြစ်လေသည်။ ဘုရားသခင်၏ အလုပ်သည် သီးသန့်ဖြစ်ပြီး သတ်သတ်မှတ်မှတ်ရှိ၏။ ဤလူတို့၌ ယနေ့သူလုပ်သောအလုပ်သည် ဖန်ဆင်းရာအပေါ်၌ သူဆောင်ရွက်ခဲ့သော အလုပ်လည်းဖြစ်သည်။ နောဧသည် ဘုရားသခင်၏ ဖန်ဆင်းခံသတ္တဝါတစ်ဦးဖြစ်ခဲ့သည်၊ နောဧ၏ သားစဉ်မြေးဆက်များသည်လည်း ထို့အတူပင် ဖြစ်သည်။ လောကကြီးထဲ၌ အသွေးနှင့် အသားရှိကြကုန်သော မည်သူမဆိုသည် ဘုရားသခင်၏ ဖန်ဆင်းခံသတ္တဝါများဖြစ်ကြ၏။ ဘုရားသခင်၏ အလုပ်သည် ဖန်ဆင်းရာအားလုံးအတွက် ရည်ရွယ်ထားခြင်းဖြစ်သည်။ တစ်စုံတစ်ဦးအနေဖြင့် ဖန်ဆင်းခံရပြီးနောက်တွင် ကျိန်ဆဲခြင်းကို ခံခဲ့ရ၏၊ မခံခဲ့ရ၏အပေါ်တွင် ထိုအရာက မူတည်သည်မဟုတ်ပေ။ သူ၏စီမံခန့်ခွဲမှု အလုပ်သည် ဖန်ဆင်းရာအားလုံးတို့အတွက် ရည်ရွယ်ထားခြင်းဖြစ်၏၊ ကျိန်ဆဲခြင်းကို မခံထားရသည့် ရွေးကောက်ခံလူတို့အတွက် ရည်ရွယ်ထားခြင်း မဟုတ်ချေ။ ဘုရားသခင်သည် သူ၏အလုပ်ကို သူ၏ဖန်ဆင်းရာအကြား၌ ဆောင်ရွက်လိုသည့်အတွက် ထိုအလုပ်ကို သူသည် အောင်အောင်မြင်မြင် ပြီးမြောက်သွားသည်အထိ မလွဲဧကန် လုပ်လိမ့်မည်ဖြစ်ပြီး သူ၏အလုပ်အတွက် အကျိုးရှိသော ထိုလူတို့အကြားတွင် သူအလုပ်လုပ်လိမ့်မည်ဖြစ်သည်။ ထို့ကြောင့် သူသည် လူသားတို့အကြားတွင် အလုပ်လုပ်သောအခါ အစဉ်အလာများ အားလုံးကို ချေဖျက်လိုက်၏၊ သူ့အတွက် “ကျိန်ဆဲခံရသည်”၊ “ပြစ်တင်ဆုံးမခံရသည်” နှင့် “ကောင်းချီးပေးခံရသည်” ဟူသော စကားလုံးတို့သည် အဓိပ္ပာယ်မရှိသော စကားလုံးများဖြစ်သည်။ ယုဒလူမျိုးတို့သည် ကောင်းမွန်ကြပြီး ဣသရေလပြည်ရှိ ရွေးကောက်ခံ လူတို့မှာလည်း ထိုနည်းအတိုင်းပင် ဖြစ်သည်။ သူတို့သည် ကောင်းသော အစွမ်းအစနှင့် လူ့သဘာဝတို့ ရှိကြသောသူများဖြစ်သည်။ အစအဦးတွင် ယေဟောဝါ သူ၏အလုပ်ကို အစပျိုးခဲ့ပြီး သူ၏အစောဆုံးအလုပ်ကို လုပ်ဆောင်ခဲ့သည်မှာ ထိုသူတို့အကြားတွင်ဖြစ်သည်၊ သို့သော်လည်း ထိုသူတို့အပေါ်၌ သိမ်းပိုက်ခြင်းအလုပ်ကို ယနေ့လုပ်ဆောင်မည်ဆိုပါက အဓိပ္ပာယ်မရှိ ဖြစ်နေပေလိမ့်မည်။ ထိုသူတို့သည်လည်း ဖန်ဆင်းရာ၏ တစ်စိတ်တစ်ဒေသ ဖြစ်နေနိုင်ပြီး ထိုသူတို့နှင့် ပတ်သက်၍ အပြုသဘောဆောင်သောအရာ များစွာရှိနေနိုင်သော်လည်း အလုပ်၏ဤအဆင့်ကို သူတို့အကြား၌ လုပ်ဆောင်မည်ဆိုပါက အကျိုးမရှိ ဖြစ်နေပေလိမ့်မည်။ ဘုရားသခင်သည် လူတို့ကို သိမ်းပိုက်နိုင်လိမ့်မည် မဟုတ်သကဲ့သို့ ဖန်ဆင်းရာအားလုံးကိုလည်း သိမ်းသွင်းစည်းရုံးနိုင်မည် မဟုတ်ချေ။ ဘုရားသခင်သည် သူ၏အလုပ်ကို အဆင်းနီသော နဂါးကြီး၏ တိုင်းနိုင်ငံရှိ ဤလူတို့ထံ လှည့်ပြောင်းလိုက်ခြင်းမှာ ထိုအကြောင်းရင်းအတိအကျကြောင့်ပင် ဖြစ်သည်။ ဤနေရာ၌ အဓိပ္ပာယ်အရှိဆုံးသောအရာမှာ ခေတ်တစ်ခုကို ဘုရားသခင်အစပျိုးခြင်း၊ စည်းမျဉ်းများအားလုံးနှင့် လူသားတို့၏ အယူအဆများအားလုံးကို သူချေဖျက်ခြင်းနှင့် ကျေးဇူးတော်ခေတ် တစ်ခေတ်လုံး၏ အလုပ်ကို သူအဆုံးသတ်ခြင်း တို့ဖြစ်သည်။ အကယ်၍ သူ၏လက်ရှိအလုပ်ကို ဣသရေလ အမျိုးသားတို့အကြားတွင် ဆောင်ရွက်မည်ဆိုပါက သူ၏ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှုအစီအစဉ်က အဆုံးသတ်သို့ ရောက်လာသည့်အချိန်တွင် ဘုရားသခင်သည် ဣသရေလ အမျိုးသားတို့၏ ဘုရားသခင်သာဖြစ်သည်၊ ဣသရေလအမျိုးသားတို့ သာလျှင် ဘုရားသခင်၏ ရွေးကောက်ခံရသော လူတို့ဖြစ်ကြသည်၊ ဣသရေလအမျိုးသားတို့သာလျှင် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာ နှင့် ကတိတော်ကို အမွေခံထိုက်သည်ဟု ယုံကြည်သွားကြ ပေလိမ့်မည်။ နောက်ဆုံးသောကာလအတောအတွင်း အဆင်းနီသော နဂါးကြီး၏နိုင်ငံဖြစ်သည့် တစ်ပါးအမျိုးသား တိုင်းနိုင်ငံ၌ ဘုရားသခင်လူ့ဇာတိခံယူခြင်းသည် ဖန်ဆင်းရာအားလုံး၏ ဘုရားဟူသည့် ဘုရားသခင်၏ အလုပ်ကို အထမြောက်စေ၏။ သူ၏ စီမံခန့်ခွဲမှုအလုပ် အလုံးစုံကို သူအပြီးသတ်၏၊ ထို့ပြင် အဆင်းနီသော နဂါးကြီး၏ တိုင်းနိုင်ငံရှိ သူ့အလုပ်၏ အချက်အချာကျသော အပိုင်းကို သူအဆုံးသတ်၏။ ဤအလုပ်အဆင့်သုံးဆင့်၏ အဓိကအချက်မှာ လူသားကို ကယ်တင်ခြင်းဖြစ်သည်၊ အတိအကျဆိုရလျှင် ဖန်ဆင်းရှင်အား ဖန်ဆင်းရာအားလုံးက ဝတ်ပြုလာအောင် လုပ်ဆောင်ခြင်းဖြစ်သည်။ ထို့ကြောင့် အလုပ်၏ အဆင့်တစ်ဆင့်စီ၌ ကြီးမားသော အဓိပ္ပာယ်ရှိသည်။ ဘုရားသခင်သည် အဓိပ္ပာယ်၊ သို့မဟုတ် တန်ဖိုးတို့ မရှိဘဲနှင့် မည်သည့်အရာကိုမျှ မလုပ်ပေ။ တစ်ဖက်တွင် အလုပ်၏ ဤအဆင့်သည် ခေတ်သစ်တစ်ခုကို ဖွင့်လှစ်ပေးပြီး လွန်လေပြီးသော ခေတ်နှစ်ခေတ်ကို အဆုံးသတ်ပေး၏။ အခြားတစ်ဖက်တွင်မူ ယင်းသည် လူသားတို့၏ အယူအဆအားလုံးကို ချေဖျက်ပြီး၊ လူသားတို့၏ယုံကြည်မှုနှင့် အသိပညာတို့၏ နည်းလမ်းဟောင်း အားလုံးကို ချေဖျက်လေသည်။ ယခင်ခေတ်နှစ်ခေတ်၏ အလုပ်ကို လူသားတို့၏ ကွဲပြားသော အယူအဆများအတိုင်း ဆောင်ရွက်ခဲ့၏။ သို့သော်လည်း ဤအဆင့်ကမူ လူသားတို့၏ အယူအဆများကို လုံးဝဥဿုံ ဖယ်ထုတ်ပစ်ပြီး ထိုသို့အားဖြင့် လူတို့ကို လုံးလုံးလျားလျား သိမ်းပိုက်၏။ မောဘ၏ သားစဉ်မြေးဆက်တို့ကို သိမ်းပိုက်ခြင်းအားဖြင့်၊ မောဘ၏ သားစဉ်မြေးဆက်တို့အကြားတွင် ဆောင်ရွက်သော အလုပ်အားဖြင့် ဘုရားသခင်သည် စကြဝဠာတစ်ခွင်ရှိ လူအားလုံးကို သိမ်းပိုက်မည်ဖြစ်သည်။ ဤသည်မှာ သူ့အလုပ်၏ ဤအဆင့်ရှိ အနက်ရှိုင်းဆုံးသော အဓိပ္ပာယ်ဖြစ်၏၊ ထို့အပြင် သူ့အလုပ်၏ ဤအဆင့်နှင့်ဆိုင်သည့် အဖိုးအတန်ဆုံးသော ရှုထောင့်လည်းဖြစ်သည်။ အကယ်၍ သင်ကိုယ်တိုင်၏ အဆင့်အတန်း နိမ့်ကျနေသည်ကို သင်ယခုသိပြီး မိမိတန်ဖိုးနိမ့်ကျသည်ကို သိသော်လည်း- သင်သည် ကြီးစွာသော ကောင်းချီးမင်္ဂလာကို အမွေခံထားရပြီး ကြီးစွာသော ကတိတော်ကို ရရှိထားသည်၊ ထို့ပြင် ဘုရားသခင်၏ ကြီးမြတ်သော ဤအလုပ် အထမြောက်အောင် သင်ကူညီနိုင်၏ဟူသော ဝမ်းမြောက်ဖွယ် အကောင်းဆုံးသောအရာနှင့် ကြုံတွေ့ခဲ့ရသည်ဟု ခံစားရဦးမည် ဖြစ်သည်။ ဘုရားသခင်၏ စစ်မှန်သော ရုပ်သွင်ကို သင်ဖူးမြင်ခဲ့ရပြီ၊ ဘုရားသခင်၏ ပင်ကိုစိတ်သဘောထားကို သင်သိ၏၊ ထို့ပြင် ဘုရားသခင်၏ အလိုတော်ကို သင်လုပ်ဆောင်သည်။ ဘုရားသခင်၏အလုပ်၏ ယခင်အဆင့်နှစ်ဆင့်ကို ဣသရေလပြည်၌ ဆောင်ရွက်ခဲ့သည်။ အကယ်၍ နောက်ဆုံးသောကာလ အတောအတွင်း သူ့အလုပ်၏ ဤအဆင့်ကိုလည်း ဣသရေလ အမျိုးသားတို့အကြားတွင် ဆောင်ရွက်မည်ဆိုပါက ဣသရေလ အမျိုးသားတို့ သာလျှင် ဘုရားသခင်၏ ရွေးကောက်ခံလူများ ဖြစ်ကြသည်ဟု ဖန်ဆင်းရာအားလုံးက ယုံကြည်သွားကြမည် သာမကဘဲ ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ် တစ်ခုလုံး သည်လည်း လိုချင်သော အကျိုးရလဒ်ကို ရနိုင်လိမ့်မည် မဟုတ်ပေ။ သူ့အလုပ်၏ အဆင့်နှစ်ဆင့်ကို ဣသရေလပြည်၌ သူလုပ်ဆောင်ခဲ့သည့် အချိန်အတောအတွင်းတွင် တစ်ပါးအမျိုးသား တိုင်းနိုင်ငံများအကြား၌ အလုပ်အသစ်ကိုသော်လည်းကောင်း၊ ခေတ်သစ်တစ်ခေတ်ကို အစပျိုးသည့် အလုပ်ကိုသော်လည်းကောင်း မဆောင်ရွက်ခဲ့ပေ။ ခေတ်သစ်တစ်ခေတ်ကို အစပျိုးသည့် အလုပ်ဖြစ်သော အလုပ်၏ ယနေ့အဆင့်ကို တစ်ပါးအမျိုးသား တိုင်းနိုင်ငံများအကြား၌ ဦးစွာဆောင်ရွက်နေသည့်အပြင် မောဘ၏ သားစဉ်မြေးဆက်တို့အကြားတွင် ကနဦးဆောင်ရွက်နေပြီ ဖြစ်သည်။ ထို့ကြောင့် ခေတ်တစ်ခုလုံးကို အစပျိုးလျက်ရှိသည်။ လူသားတို့၏ အယူအဆများအတွင်း၌ ရှိနေသော အသိပညာ အားလုံးကို တစ်ခုတလေမျှ ကြွင်းကျန်ခွင့်မပေးဘဲ ဘုရားသခင်သည် ချေဖျက်ခဲ့၏။ သူ၏သိမ်းပိုက်ခြင်းအလုပ်တွင် သူသည် လူသားတို့၏ အယူအဆများ၊ ဟောင်းနေသည့် ထိုကနဦးလူတို့၏ အသိပညာနည်းလမ်းတို့ကို ချေဖျက်ခဲ့သည်။ ဘုရားသခင်ထံတွင် မည်သည့်စည်းမျဉ်းများမျှ မရှိကြောင်း၊ ဘုရားသခင်နှင့်ပတ်သက်၍ ဟောင်းသည့်အရာ ဘာမျှမရှိကြောင်း၊ သူလုပ်သော အလုပ်သည် လုံးဝချုပ်ချယ်မှုကင်းပြီး လုံးဝလွတ်လပ်ကြောင်း၊ ထို့အပြင် သူသည် လုပ်လေရာရာ၌ မှန်ကန်ကြောင်း လူတို့ကို သူမြင်စေသည်။ ဖန်ဆင်းရာအကြား၌ သူလုပ်သော မည်သည့်အလုပ်ကိုမဆို သင်သည် အပြည့်အဝနာခံရမည်။ သူလုပ်သော အလုပ်အားလုံး၌ အဓိပ္ပာယ်ရှိပြီး ထိုအလုပ်ကို သူ၏ကိုယ်ပိုင်အလိုတော်၊ သူ၏ကိုယ်ပိုင်ဉာဏ်ပညာနှင့်အညီ ဆောင်ရွက်ခြင်းဖြစ်ကာ လူသားတို့၏ ရွေးချယ်ချက်များ၊ အယူအဆများနှင့်အညီ ဆောင်ရွက်ခြင်း မဟုတ်ချေ။ အကယ်၍ တစ်စုံတစ်ခုသည် သူ၏အလုပ်အတွက် အကျိုးရှိပါက ထိုအရာကို သူလုပ်၏။ ထို့ပြင် အကယ်၍ တစ်စုံတစ်ခုသည် သူ၏အလုပ်အတွက် အကျိုးမရှိပါက ထိုအရာသည် မည်မျှပင် ကောင်းနေသည်ဖြစ်စေ သူမလုပ်ချေ။ သူ၏အလုပ်ကို လက်ခံရရှိမည့်သူများနှင့် သူ့အလုပ်၏ တည်နေရာကို သူ့အလုပ်၏ အဓိပ္ပာယ်၊ ရည်ရွယ်ချက်တို့နှင့်အညီ ရွေးချယ်ပြီး သူအလုပ်လုပ်သည်။ သူအလုပ်လုပ်သောအခါ အတိတ်က စည်းမျဉ်းများကို သူမလိုက်နာသကဲ့သို့ ပုံသေနည်း အဟောင်းများကိုလည်း သူမလိုက်နာပေ။ ထိုသို့ပြုမည့်အစား သူ၏အလုပ်ကို အလုပ်၏အဓိပ္ပာယ်နှင့်အညီ သူစီစဉ်သည်။ နောက်ဆုံးတွင် သူသည် စစ်မှန်သော အကျိုးရလဒ်နှင့် မျှော်လင့်ထားသော ပန်းတိုင်ကို ရရှိပေလိမ့်မည်။ ဤအရာများကို ယနေ့ သင်နားမလည်ပါက ဤအလုပ်သည် သင့်အပေါ် အကျိုးသက်ရောက်လိမ့်မည် မဟုတ်ပေ။

အရှေ့သို့- လူ့ဇာတိခံ ဘုရားသခင်၏အမှုတော်နှင့် လူ၏တာဝန်ကြား ကွဲပြားခြားနားမှု

နောက်တစ်ခုသို့- အောင်မြင်မှု သို့မဟုတ် ရှုံးနိမ့်မှုသည် လူလျှောက်သော လမ်းကြောင်းအပေါ်တွင် မူတည်သည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။