လူ့ဇာတိခံ ဘုရားသခင်၏အမှုတော်နှင့် လူ၏တာဝန်ကြား ကွဲပြားခြားနားမှု

သင်တို့သည် ဘုရားသခင့် အမှု၏ ရူပါရုံကို သိလာရမည်ဖြစ်ပြီး သူ့အမှု၏ ယေဘုယျ ဦးတည်ချက်ကို သဘောပေါက်လာရမည်။ ဤသည်မှာ အပြုသဘောဆောင်သော ဝင်ရောက်ခြင်း ဖြစ်သည်။ ရူပါရုံ၏ သမ္မာတရားကို သင် မလွဲမသွေ ကျွမ်းကျင်ပိုင်နိုင်သည်နှင့်တစ်ပြိုင်နက်၊ သင်၏ ဝင်ရောက်ခြင်းမှာ လုံခြုံစိတ်ချရလိမ့်မည်။ ဘုရားသခင် အမှု မည်သို့ပင် ပြောင်းလဲသည်ဖြစ်စေ၊ သင်သည် မိမိ၏စိတ်နှလုံး၌ တည်ကြည်မြဲ တည်ကြည်နေမည်၊ ရူပါရုံနှင့်ပတ်သက်၍ ရှင်းလင်းလိမ့်မည် ဖြစ်ပြီး သင်၏ ဝင်ရောက်ခြင်းနှင့် အားထုတ်ခြင်းအတွက် ရည်မှန်းချက် တစ်ခု ရှိလိမ့်မည်။ ဤနည်းဖြင့် သင့်အတွင်းရှိ အတွေ့အကြုံနှင့် အသိပညာ အားလုံးသည် ပို၍ နက်ရှိုင်းစွာ ကြီးထွားကာ စေ့စပ်လာလိမ့်မည် ဖြစ်သည်။ ယင်း၏ အလုံးစုံ၌ သာ၍ ကြီးမားသည့် အခြေအနေကို သဘောပေါက်ပြီးသည်နှင့်တစ်ပြိုင်နက်၊ ဘဝတွင် မည်သည့် ဆုံးရှုံးမှုမျှ သင် ခံစားရမည် မဟုတ်သကဲ့သို့၊ သွေဖည်သွားလိမ့်မည်လည်း မဟုတ်ပေ။ အမှု၏ ဤအဆင့်များကို သင် သိရှိမလာပါက၊ အဆင့်အသီးသီးတွင် ဆုံးရှုံးမှု ခံစားရလိမ့်မည် ဖြစ်ပြီး၊ အမှုအရာများကို ပြောင်းလဲဖို့ သင်သည် ရက်အနည်းထက် ပိုကြာလိမ့်မည် ဖြစ်သကဲ့သို့၊ ရက်သတ္တပတ် တစ်ပတ်နှစ်ပတ်အကြာတွင်ပင် သင်သည် မှန်သောလမ်းကြောင်းပေါ်သို့ စတင်ရန် စိတ်ပိုင်းဖြတ်နိုင်လိမ့်မည် မဟုတ်ပေ။ ဤအရာက နှောင့်နှေးကြန့်ကြာမှုများကို ဖြစ်ပေါ်စေလိမ့်မည် မဟုတ်လော။ အပြုသဘောဆောင်သည့် ဝင်ရောက်ခြင်းနှင့် လက်တွေ့လုပ်ဆောင်ခြင်း နည်းလမ်းတွင် သင်တို့ ကျွမ်းကျင်ပိုင်နိုင်ရမည့် အရာများစွာ ရှိသည်။ ဘုရားသခင်၏ အမှုနှင့်ဆိုင်သည့် ရူပါရုံများအတွက်မူ၊ အောက်ပါ အချက်များကို သင် သဘောပေါက်ရမည်- သူ၏ သိမ်းပိုက်ခြင်း အမှု၏ အရေးပါပုံ၊ စုံလင်ခံရခြင်းဆီသို့ သွားသည့် အနာဂတ် လမ်းကြောင်း၊ စမ်းသပ်မှုများနှင့် ဘေးဒုက္ခများကို ကြုံတွေ့ခြင်းမှတစ်ဆင့် ရရှိရမည့်အရာ၊ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း၏ အရေးပါမှု၊ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက် နောက်ကွယ်ရှိ အခြေခံသဘောတရားများ၊ စုံလင်စေခြင်းနှင့် သိမ်းပိုက်ခြင်း နောက်ကွယ်ရှိ အခြေခံသဘောတရားများ ဖြစ်သည်။ ဤအရာအားလုံးသည် ရူပါရုံ၏ သမ္မာတရားနှင့် သက်ဆိုင်ပေသည်။ ကျန်သည့်အရာများမှာ ပညတ်တော်ခေတ်၊ ကျေးဇူးတော်ခေတ်နှင့် နိုင်ငံတော်ခေတ်ထဲက အမှု၏ အဆင့်သုံးဆင့်အပြင် အနာဂတ် သက်သေခံချက်လည်း ဖြစ်သည်။ ဤအရာများသည်လည်း ရူပါရုံနှင့်သက်ဆိုင်သော သမ္မာတရားများ ဖြစ်ကြပြီး ယင်းတို့သည် အခြေခံအကျဆုံးအပြင် အရေးပါဆုံးလည်း ဖြစ်ပေသည်။ လက်ရှိအချိန်တွင် သင်တို့ ဝင်ရောက်သင့်ပြီး လက်တွေ့ လုပ်ဆောင်သင့်သောအရာ အလွန် များစွာရှိပြီး ယင်းသည် ယခုတွင် ပို၍ အဆင့်ဆင့်ပြုလုပ်ထားပြီး သာ၍ အသေးစိတ်ကျလေသည်။ အကယ်၍ သင်သည် ဤသမ္မာတရားများနှင့်သက်ဆိုင်သည့် အသိပညာမရှိပါက၊ ဤအရာက သင်သည် ဝင်ရောက်ခြင်း မရရှိသေးသည်ကို သက်သေပြပေသည်။ များသောအားဖြင့် သမ္မာတရားနှင့်သက်ဆိုင်သည့် လူတို့၏ အသိပညာသည် အလွန်တိမ်၏။ ၎င်းတို့သည် အချို့သော အခြေခံကျသည့် သမ္မာတရားအချို့ကို လက်တွေ့မလုပ်ဆောင်နိုင်သကဲ့သို့၊ အသေးအမွှား ကိစ္စများကိုပင် မည်သို့ ကိုင်တွယ်ရမည်ကို မသိကြချေ။ လူတို့သည် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်နိုင်သည့် အကြောင်းရင်းမှာ ၎င်းတို့၏ စိတ်သဘောထားသည် ပုန်ကန်တတ်သောကြောင့်ဖြစ်ပြီး ယနေ့၏ အမှုနှင့်သက်ဆိုင်သော ၎င်းတို့၏အသိပညာသည် အလွန်ပေါ့တန်ကာ တစ်ဖက်သတ် ဆန်လွန်းသောကြောင့် ဖြစ်သည်။ ထို့ကြောင့် စုံလင်စေခြင်းခံရဖို့မှာ လူတို့အတွက် လွယ်ကူသည့် အလုပ် မဟုတ်ပေ။ သင်သည် အလွန်ပုန်ကန်တတ်လွန်းပြီး၊ သင်၏ဇာတိဟောင်းကို သင် များစွာ ထိန်းသိမ်းလွန်း၏။ သင်သည် သမ္မာတရားဘက်တွင် မရပ်တည်နိုင်သကဲ့သို့၊ ပကတိအတိုင်း အထင်ရှားဆုံး ဖြစ်ပြီးသော သမ္မာတရားများကိုပင် လက်တွေ့လုပ်ဆောင်နိုင်ချေ။ ထိုသို့သော လူများသည် ကယ်တင်၍ မရနိုင်သကဲ့သို့၊ သိမ်းပိုက်ခြင်း မခံရသေးသူများ ဖြစ်သည်။ သင်၏ဝင်ရောက်ခြင်းသည် စေ့စပ်ခြင်း မရှိသကဲ့သို့၊ ဓမ္မဓိဌာန်လည်း မကျပါက၊ သင့်အဖို့ ကြီးထွားမှု နှေးကွေးလာပေမည်။ သင်၏ဝင်ရောက်ခြင်းတွင် လက်တွေ့အရှိတရား စိုးစဉ်းမျှ မရှိပါက၊ သင်၏အားထုတ်မှု အချည်းနှီး ဖြစ်လိမ့်မည်။ သင်သည် သမ္မာတရား၏အနှစ်သာရကို သတိမပြုမိပါက၊ မပြောင်းလဲဘဲ ဆက်ရှိနေမည်။ လူ၏ အသက်တာ၌ ကြီးထွားခြင်းနှင့် သူ၏ စိတ်သဘောထား၌ ပြောင်းလဲမှုများကို လက်တွေ့အရှိတရားထဲသို့ ဝင်ရောက်ခြင်းအားဖြင့်အပြင်၊ စေ့စပ်သည့် အတွေ့အကြုံများထဲသို့ ဝင်ရောက်ခြင်းမှတစ်ဆင့် စွမ်းဆောင်ရရှိပေသည်။ သင်၏ ဝင်ရောက်မှု အတောအတွင်းတွင် သင်သည် စေ့စပ်သည့် အတွေ့အကြုံ များစွာ ရှိပြီး၊ တကယ့်‌ အသိပညာနှင့် ဝင်ရောက်မှု များစွာ ရှိပါက၊ သင်၏စိတ်သဘောထား အလျင်အမြန် ပြောင်းလဲလိမ့်မည်။ လက်ရှိတွင် လက်တွေ့လုပ်ဆောင်မှု အကြောင်းကို လုံးဝ မရှင်းလင်းလျှင်ပင်၊ အနည်းဆုံးအနေဖြင့် ဘုရားသခင်၏ အမှုနှင့်ဆိုင်သည့် ရူပါရုံများ အကြောင်းကို ရှင်းလင်းရပေမည်။ သို့မဟုတ်ပါက သင်သည် ဝင်ရောက်နိုင်စွမ်း ရှိမည် မဟုတ်ပေ။ သင်သည် သမ္မာတရားနှင့်သက်ဆိုင်သည့် အသိပညာ ရှိသည့်အခါမှသာ၊ ဝင်ရောက်မှု ဖြစ်နိုင်ပေသည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် သင်၏ အတွေ့အကြုံတွင် သင့်ကို အသိဉာဏ်ပွင့်လင်းစေလျှင်သာ၊ သမ္မာတရားနှင့်သက်ဆိုင်သည့် သာ၍ နက်နဲသည့် သိနားလည်မှုနှင့် သာ၍ နက်ရှိုင်းသည့် ဝင်ရောက်မှု တစ်ခုကို ရရှိလိမ့်မည်ဖြစ်သည်။ သင်တို့သည် ဘုရားသခင်၏ အမှုကို သိရှိလာရမည် ဖြစ်သည်။

အစအဦး၌ လူသားမျိုးနွယ်၏ ဖန်ဆင်းခြင်းနောက်တွင်၊ ဘုရားသခင်၏ အမှု အခြေခံအကြောင်းရင်းအဖြစ် အစေခံသူများမှာ ဣသရေလလူများ ဖြစ်ခဲ့သည်။ ဣသရေလမျိုးနွယ် တစ်ခုလုံးသည် ကမ္ဘာမြေကြီးပေါ်တွင် ယေဟောဝါ၏အမှု အခြေခံ ဖြစ်ခဲ့သည်။ ယေဟောဝါ၏အမှုမှာ လူသားအနေဖြင့် ပုံမှန် အသက်တာကို အသက်ရှင်နိုင်ပြီး ကမ္ဘာမြေပေါ်တွင် ယေဟောဝါကို ပုံမှန်နည်းဟန်ဖြင့် ကိုးကွယ်နိုင်ဖို့အလို့ငှာ၊ ပညတ်တရားများ ချမှတ်ခြင်းအားဖြင့် လူသားကို တိုက်ရိုက် ဦးဆောင်ပြီး ထိန်းကျောင်းဖို့ ဖြစ်ခဲ့သည်။ ပညတ်တော်ခေတ်ထဲက ဘုရားသခင်ကို လူသားက တွေ့မြင်နိုင်သကဲ့သို့၊ ထိလည်းမထိတွေ့နိုင်ခဲ့ပေ။ သူ လုပ်ဆောင်ခဲ့သမျှ အားလုံးမှာ စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်း ခံခဲ့ရသော အစောဆုံး လူတို့ကို သွန်သင်ရင်းနှင့် ထိန်းကျောင်းရင်း လမ်းပြခြင်းသာ ဖြစ်ခဲ့ပြီး၊ သူ၏နှုတ်ကပတ်တော်များသည် ပညတ်တရားများ၊ စီရင်ထုံးဖွဲ့ချက်များနှင့် လူသား အပြုအမူ၏ စံများသာ ပါရှိပြီး၊ ၎င်းတို့ကို အသက်တာနှင့်ဆိုင်သည့် သမ္မာတရားများ မပေးခဲ့ပေ။ သူ၏ ဦးဆောင်မှုအောက်က ဣသရေလလူများသည် စာတန်အားဖြင့် နက်နက်နဲနဲ ဖောက်ပြန်ပျက်စီးခြင်း မရှိခဲ့ကြပေ။ ပညတ်တော်နှင့်ဆိုင်သည့် သူ၏အမှုသည် ကယ်တင်ခြင်းအမှုတွင် ပထမဦးဆုံးသော အဆင့်၊ ကယ်တင်ခြင်းအမှု၏ တကယ့် အစအဦး ဖြစ်ပြီး၊ လူ၏ အသက်စိတ်သဘောထားရှိ ပြောင်းလဲမှုများနှင့် ဘာမျှ မပတ်သက်လုနီးနီး ဖြစ်သည်။ ထို့ကြောင့် ကယ်တင်ခြင်းအမှု၏ အစအဦးတွင် ဣသရေလပြည်၌ သူ၏အမှုအတွက် သူ့အနေဖြင့် လူ့ဇာတိခံယူရန် မလိုအပ်ခဲ့ချေ။ ဤသည်မှာ သူသည် လူသားနှင့် ထိတွေ့ဆက်ဆံရန်- တန်ဆာပလာတစ်ခု- ကြားခံတစ်ခု လိုအပ်ခဲ့သည့် အကြောင်းရင်း ဖြစ်သည်။ ထို့ကြောင့် ဖန်ဆင်းခံသတ္တဝါများထဲမှ ယေဟောဝါ၏ကိုယ်စား စကားပြောကာ အမှုပြုမည့်သူများ ထွက်ပေါ်ခဲ့ပြီး၊ ယင်းမှာ လူ့အလယ်တွင် အမှုပြုဖို့ လူသားများနှင့် ပရောဖက်များ ရောက်လာခဲ့ကြပုံ ဖြစ်သည်။ လူသားများသည် လူတို့အလယ်တွင် ယေဟောဝါ၏ကိုယ်စား အမှုပြုခဲ့ကြသည်။ ယေဟောဝါအားဖြင့် “လူသားများ” ဟု အခေါ်ခံရဖို့ဆိုသည်မှာ ထိုသို့သော လူများသည် ယေဟောဝါ၏ကိုယ်စား ပညတ်တရားများကို ကြေညာသည်ဟု ဆိုလိုပေသည်။ ၎င်းတို့သည် ဣသရေလလူမျိုးများ အလယ်တွင် ယေဟောဝါ၏ စောင့်ရှောက်ခြင်းနှင့် ကွယ်ကာခြင်း ခံခဲ့ရပြီး၊ ၎င်းတို့အထဲတွင် ယေဟောဝါ၏ ဝိညာဉ် အမှုပြုခဲ့သည့် ယဇ်ပရောဟိတ်များလည်း ဖြစ်ခဲ့ကြသည်။ ၎င်းတို့သည် လူတို့အလယ်တွင် ခေါင်းဆောင်များ ဖြစ်ကြပြီး ယေဟောဝါကို တိုက်ရိုက် အစေခံခဲ့ကြသည်။ တစ်နည်းအားဖြင့် ပရောဖက်များသည် နယ်မြေများနှင့် လူမျိုးစုအားလုံး၏ လူများကို ယေဟောဝါ၏ကိုယ်စား စကားပြောခြင်းငှာ ဆက်ကပ်ထားခဲ့ကြပေသည်။ ၎င်းတို့သည် ယေဟောဝါ၏အမှုကိုလည်း ပရောဖက်ပြုခဲ့ကြသည်။ ၎င်းတို့သည် လူသားများဖြစ်စေ ပရောဖက်များ ဖြစ်စေ၊ အားလုံးကို ယေဟောဝါကိုယ်တိုင်၏ ဝိညာဉ်တော်က ပေါ်ထွန်းစေခဲ့ပြီး၊ ၎င်းတို့အထဲတွင် ယေဟောဝါ၏အမှု ရှိစေခဲ့ခြင်း ဖြစ်သည်။ လူတို့အလယ်တွင်၊ ၎င်းတို့သည် ယေဟောဝါကို တိုက်ရိုက် ကိုယ်စားပြုခဲ့သော သူများ ဖြစ်ကြသည်။ ၎င်းတို့သည် ၎င်းတို့၏ အလုပ်ကို လုပ်ဆောင်ခဲ့သည်မှာ ယေဟောဝါက ၎င်းတို့ကို ပေါ်ထွန်းစေခဲ့သောကြောင့်သာ ဖြစ်ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော် ကိုယ်တိုင်က ၎င်းတို့၏ ဇာတိခန္ဓာအထဲတွင် လူ့ဇာတိခံယူခြင်း ကြောင့် မဟုတ်ပေ။ ထို့ကြောင့် ၎င်းတို့အနေဖြင့် ဘုရားသခင်၏ကိုယ်စား ထပ်တူထပ်မျှ စကားပြောပြီး အမှုပြုခဲ့ကြသော်လည်း၊ ပညတ်တော်ခေတ်ထဲက လူသားများနှင့် ပရောဖက်များသည် လူ့ဇာတိခံ ဘုရားသခင်၏ ဇာတိခန္ဓာ မဟုတ်ခဲ့ကြပေ။ ကယ်တင်ခြင်းအမှုနှင့် လူကို တရားစီရင်ခြင်းအမှု နှစ်ခုလုံးကို လူ့ဇာတိခံ ဘုရားသခင် ကိုယ်တိုင် ပြုခဲ့ခြင်းဖြစ်ပြီး၊ ထို့ကြောင့် သူ၏ကိုယ်စား အမှုပြုရန် ပရောဖက်များနှင့် လူသားများကို နောက်တစ်ဖန် ပေါ်ထွန်းစေရန် တကယ်ကို မလိုအပ်သည့်အတွက်၊ ကျေးဇူးတော်ခေတ်ထဲက ဘုရားသခင်၏ အမှုနှင့် နောက်ဆုံးအဆင့်သည် အတိအကျ ဆန့်ကျင်လေသည်။ လူ၏ အမြင်တွင် ၎င်းတို့ အလုပ်၏ အနှစ်သာရနှင့် နည်းစနစ်ကြားတွင် ပဓာနကျသော ကွာခြားမှုများ မရှိပေ။ ဤအကြောင်းရင်းကြောင့် လူတို့သည် လူ့ဇာတိခံ ဘုရားသခင်၏ အမှုကို ပရောဖက်များနှင့် လူသားများ၏ အမှုနှင့် စဉ်ဆက်မပြတ် ရောထွေးမိကြခြင်း ဖြစ်ပေသည်။ လူ့ဇာတိခံ ဘုရားသခင်၏ သွင်ပြင်သည် အခြေခံအားဖြင့် ပရောဖက်များနှင့် လူသားများ၏ သွင်ပြင်နှင့် တူညီသည်။ ပြီးလျှင် လူ့ဇာတိခံ ဘုရားသခင်သည် ပရောဖက်များထက် သာ၍ပင် ပုံမှန်ဖြစ်ပြီး စစ်မှန်လေသည်။ ထိုကြောင့် လူသည် ၎င်းတို့ကြား ခွဲခြားနိုင်စွမ်း မရှိပေ။ နှစ်ဦးက အမှုပြုခြင်းနှင့် စကားပြောခြင်းတွင် ညီတူညီမျှ ဖြစ်ကြသော်လည်း၊ ၎င်းတို့ကြားတွင် ပဓာနကျသည့် ခြားနားချက် တစ်ခုရှိသည်ကို လုံးဝ သတိမမူမိဘဲ၊ လူသည် သွင်ပြင်လက္ခဏာများအပေါ် လုံးဝဥဿုံ အာရုံစိုက်လေသည်။ လူ၏ အမှုအရာများကို ခွဲခြားသိမြင်နိုင်စွမ်းသည် အလွန် ညံ့ဖျင်းသောကြောင့်၊ သူသည် အလွန် ရှုပ်ထွေးသည့်အရာ တစ်ခုကို မဆိုထားနှင့်၊ ရိုးရှင်းသည့်ကိစ္စရပ်များကိုပင် မခွဲခြားနိုင်ပေ။ ပရောဖက်များနှင့် သန့်ရှင်းသောဝိညာဉ်တော်၏ အသုံးပြုခြင်း ခံရသည့် လူများ အလုပ်လုပ်ပြီး စကားပြောခဲ့ချိန်တွင်၊ ဤသည်မှာ လူ၏တာဝန်များကို ဆောင်ရွက်ခြင်း ဖြစ်ခဲ့သည်၊ ဖန်ဆင်းခံ သတ္တဝါတစ်ဦး၏ အလုပ်တာဝန်ကို အစေခံခြင်း ဖြစ်ခဲ့ပြီး၊ ယင်းမှာ လူက လုပ်ဆောင်သင့်သည့် အရာတစ်ခု ဖြစ်ခဲ့သည်။ သို့သော် လူ့ဇာတိခံ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အမှုသည် သူ၏အမှုတော်ကို ဆောင်ရွက်ရန် ဖြစ်ခဲ့သည်။ သူ၏ အပြင်ပန်း အသွင်သဏ္ဌာန်သည် ဖန်ဆင်းခံတစ်ဦး၏ အသွင်သဏ္ဌာန် ဖြစ်ခဲ့သော်လည်း၊ သူ၏အမှုမှာ သူ၏အလုပ်တာဝန်ကို မဟုတ်ဘဲ၊ သူ၏အမှုတော်ကို ဆောင်ရွက်ရန်ဖြစ်ခဲ့သည်။ “တာဝန်” ဟူသော ဝေါဟာရကို ဖန်ဆင်းခံသတ္တဝါများနှင့်စပ်လျဉ်း၍ အသုံးပြုသော်လည်း၊ “အမှုတော်” ဟူသော ဝေါဟာရကိုမူ လူ့ဇာတိခံ ဘုရားသခင်၏ ဇာတိခန္ဓာနှင့်စပ်လျဉ်း၍ အသုံးပြုပေသည်။ ထိုဝေါဟာရ နှစ်ခုကြားတွင် ခြေခြေမြစ်မြစ်ရှိသော ကွာခြားမှု တစ်ခုရှိ၏- ယင်းတို့သည် အချင်းချင်း ဖလှယ်၍ မရနိုင်ပေ။ လူ၏အလုပ်မှာ သူ၏တာဝန်ကို လုပ်ဆောင်ရန်သာ ဖြစ်သည်၊ ဘုရားသခင်၏အမှုမှာမူ သူ၏အမှုတော်ကို စီမံခန့်ခွဲရန်နှင့် ဆောင်ရွက်ရန် ဖြစ်သည်။ ထို့ကြောင့် တမန်တော်များစွာသည် သန့်ရှင်းသောဝိညာဉ်တော်၏ အသုံးပြုခြင်းကို ခံခဲ့ရပြီး ပရောဖက်များစွာသည် သန့်ရှင်းသောဝိညာဉ်တော်ဖြင့် ပြည့်ဝခဲ့ကြသော်လည်း၊ ၎င်းတို့၏ အမှုနှင့် စကားများသည် ၎င်းတို့၏တာဝန်ကို ဖန်ဆင်းခံသတ္တဝါများအနေဖြင့် ဆောင်ရွက်ရုံမျှ ဆောင်ရွက်ဖို့သာ ဖြစ်ခဲ့သည်။ ၎င်းတို့၏ ပရောဖက်ပြုချက်များသည် လူ့ဇာတိခံ ဘုရားသခင် ပြောဆိုသည့် အသက်လမ်းခရီးထက် သာလွန်ပြီး ဖြစ်ကောင်းဖြစ်နိုင်ကာ ၎င်းတို့၏ လူ့သဘာဝသည် လူ့ဇာတိခံ ဘုရားသခင်၏ လူ့သဘာဝကို ကျော်လွန်ပြီး ဖြစ်ကောင်းဖြစ်နိုင်သော်လည်း၊ ၎င်းတို့သည် ၎င်းတို့၏တာဝန်ကို လုပ်ဆောင်နေခြင်းသာ ဖြစ်ပြီး အမှုတော်ကို ဖြည့်ဆည်းနေခြင်း မဟုတ်ခဲ့ပေ။ လူ၏တာဝန်သည် လူ၏ အလုပ်တာဝန်ကို ရည်ညွှန်းသည်။ ယင်းသည် လူက ရယူနိုင်သောအရာ ဖြစ်သည်။ သို့သော်လည်း လူ့ဇာတိခံ ဘုရားသခင် ထမ်းရွက်သောအမှုတော်သည် သူ၏စီမံခန့်ခွဲမှုနှင့် ဆက်နွှယ်ပြီး ဤသည်မှာ လူက မရယူနိုင်ပေ။ လူ့ဇာတိခံ ဘုရားသခင် စကားပြောသည်ဖြစ်စေ၊ အမှုပြုသည်ဖြစ်စေ သို့မဟုတ် အံ့သြဖွယ်ရာများ ထင်ရှားစေသည် ဖြစ်စေ၊ သူသည် သူ၏စီမံခန့်ခွဲမှု အလယ်တွင် ကြီးမြတ်သောအမှုကို ပြုနေခြင်း ဖြစ်ပြီး ထိုသို့သောအမှုကို လူက သူ၏ကိုယ်စား လုပ်ဆောင်၍ မရနိုင်ပေ။ လူသားများ၏အလုပ်မှာ သတ်မှတ်ထားသည့် ဘုရားသခင်၏ စီမံခန့်ခွဲခြင်း အမှု၏ သတ်မှတ်ထားသည့် အဆင့်တစ်ဆင့်တွင် ဖန်ဆင်းခံသတ္တဝါတစ်ဦးအနေဖြင့် သူ၏တာဝန်ကိုသာ လုပ်ဆောင်ရန် ဖြစ်သည်။ ဘုရားသခင်၏စီမံခန့်ခွဲမှု မရှိဘဲ၊ ဆိုလိုသည်မှာ လူ့ဇာတိခံ ဘုရားသခင်၏ အမှုတော် ဆုံးရှုံးခြင်းသို့ ရောက်ခဲ့မည်ဆိုပါက၊ ဖန်ဆင်းခံသတ္တဝါတစ်ဦး၏ တာဝန်သည်လည်း ဆုံးရှုံးခြင်းသို့ရောက်မည် ဖြစ်သည်။ သူ၏အမှုတော်ကို ဆောင်ရွက်ရာတွင် ဘုရားသခင်၏ အမှုမှာ လူသားကို စီမံခန့်ခွဲရန် ဖြစ်သည်၊ ၎င်း၏ တာဝန်နှင့်ဆိုင်သည့် လူ၏ ဆောင်ရွက်မှုမှာမူ ဖန်ဆင်းရှင်၏ တောင်းဆိုချက်များကို စွမ်းဆောင်ဖို့ ၎င်း၏ကိုယ်ပိုင် ဝတ္တရားကို ဖြည့်ဆည်းခြင်း ဖြစ်ပြီး၊ မိမိ၏ အမှုတော်ကို ဆောင်ရွက်နေသည်ဟု ယူဆ၍မရနိုင်ပေ။ ဘုရားသခင်၏ ပင်ကိုအနှစ်သာရအဖို့- သူ၏ဝိညာဉ်တော်အဖို့- ဘုရားသခင် အမှုမှာ သူ၏စီမံခန့်ခွဲမှု ဖြစ်သော်လည်း၊ ဖန်ဆင်းခံ တစ်ဦး၏ အပြင်ပန်း အသွင်သဏ္ဌာန်ကို ယူတင်ဝတ်ဆင်သည့် လူ့ဇာတိခံ ဘုရားသခင်အဖို့မှာမူ သူ၏အမှုမှာ သူ၏အမှုတော်ကို ဆောင်ရွက်ခြင်း ဖြစ်သည်။ သူပြုသော မည်သည့်အမှုမဆိုသည် သူ၏အမှုတော်ကို ထမ်းရွက်ရန် ဖြစ်သည်။ လူသား လုပ်ဆောင်နိုင်သောအရာအားလုံးမှာ ဘုရားသခင်၏စီမံခန့်ခွဲမှု အတိုင်းအတာအတွင်းနှင့် သူ၏ လမ်းပြမှုအောက်တွင် အစွမ်းကုန် ကြိုးစား ဆောင်ရွက်ဖို့ ဖြစ်ပေသည်။

၎င်းတို့၏တာဝန်နှင့်သက်ဆိုင်သည့် လူ၏ ဆောင်ရွက်မှုသည် အမှန်အားဖြင့် လူသားအတွင်းရှိ ရှိရင်းစွဲ အရာအားလုံးနှင့်ဆိုင်သည့် ပြီးမြောက်အောင်မြင်ခြင်း ဖြစ်သည်၊ ဆိုလိုသည်မှာ လူသားအတွက် ဖြစ်နိုင်သည့် အရာဖြစ်သည်။ ထိုအခါ ယင်းမှာ ၎င်း၏တာဝန်ကို ဖြည့်ဆည်းခြင်း ဖြစ်ပေသည်။ သူ၏အစေခံမှုအတွင်း လူသား၏ အပြစ်အနာအဆာများသည် တိုးတက်သည့် အတွေ့ကြုံနှင့် တရားစီရင်ခြင်းအား သူ၏ကြုံရခြင်း ဖြစ်စဉ်မှတစ်ဆင့် တဖြည်းဖြည်း လျော့နည်းလာသည်။ ယင်းတို့သည် လူသား၏တာဝန်ကို မတားဆီးပေ၊ သို့မဟုတ် မထိခိုက်ပေ။ အစေခံမှုကို ရပ်စဲသောသူ သို့မဟုတ် ၎င်းတို့၏ အစေခံမှုတွင် ချွက်ယွင်းချက်များ ရှိကောင်းရှိနိုင်သည်ဟု ကြောက်ရွံ့ခြင်းအတွက် အလျှော့ပေးကာ နောက်ပြန်ဆုတ်သူများသည် အားလုံးထဲတွင် သတ္တိ အနည်းဆုံးသောသူများ ဖြစ်သည်။ လူတို့သည် အစေခံမှုအတွင်းတွင် ၎င်းတို့ ဖော်ပြသင့်သည့်အရာကို မဖော်ပြနိုင်သကဲ့သို့ သို့မဟုတ် ၎င်းတို့အတွက် ပင်ကိုအားဖြင့် ဖြစ်နိုင်သည့်အရာကို စွမ်းဆောင် မရရှိနိုင်သကဲ့သို့၊ ယင်းအစား တည်ကြည်လေးနက်မှု မရှိဘဲ ဟန်ဆောင်လုပ်ပြပါက ၎င်းတို့သည် ဖန်ဆင်းခံ တစ်ဦး ရှိသင့်သည့် အလုပ်တာဝန်ကို ဆုံးရှုံးကြပြီး ဖြစ်ပေသည်။ ထိုသို့သော လူတို့သည် “သာမညောင်ညများ” ဟု သိရသောအရာများ ဖြစ်သည်။ ၎င်းတို့သည် အသုံးမဝင်သော အမှိုက်သရိုက် ဖြစ်ကြသည်။ ထိုသို့သောလူတို့ကို ဖန်ဆင်းခံများဟု အဘယ်သို့ ကောင်းမွန်စွာ ခေါ်ဆို၍ ရနိုင်မည်နည်း။ ၎င်းတို့သည် အပြင်ပန်းတွင် တောက်ပြောင်သော်လည်း အတွင်း၌ ပုပ်သိုးသော ဖောက်ပြန်ပျက်စီးသည့် သတ္တဝါများ ဖြစ်သည် မဟုတ်လော။ အကယ်၍ လူသားတစ်ဦးသည် မိမိကိုယ်ကိုယ် ဘုရားသခင်ဟူ၍ ခေါ်ဝေါ်သမုတ်သော်လည်း၊ ဘုရားသဘောသဘာဝ၏ ဖြစ်ခြင်းကို မဖော်ပြနိုင်ပါက၊ ဘုရားသခင် ကိုယ်တိုင်၏အမှုကို မပြုနိုင်ပါက၊ သို့မဟုတ် ဘုရားသခင်ကို ကိုယ်စားမပြုနိုင်ပါက၊ သူသည် ဘုရားသခင်၏ အနှစ်သာရ မရှိသည့်အတွက်၊ ဘုရားသခင် မဟုတ်သည်မှာ သေချာပြီး၊ ဘုရားသခင်က ပင်ကိုအားဖြင့် စွမ်းဆောင်ရရှိနိုင်သည့်အရာသည် သူ၏ အတွင်းတွင် မတည်ရှိပေ။ အကယ်၍ လူသားသည် ပင်ကိုအားဖြင့် သူ ရယူနိုင်သည့်အရာကို ဆုံးရှုံးရပါက၊ ၎င်းကို လူသားဟု ယူဆ၍ မရနိုင်တော့သကဲ့သို့၊ ဖန်ဆင်းခံသတ္တဝါအဖြစ် ရပ်တည်ရန် သို့မဟုတ် ဘုရားသခင် ရှေ့မှောက် လာရန်နှင့် သူ့ကို အစေခံရန် မထိုက်တန်ချေ။ ထို့အပြင် ၎င်းသည် ဘုရားသခင်၏ကျေးဇူးတော်ကို ရရှိရန် သို့မဟုတ် ဘုရားသခင်၏ ကြည့်ရှုစောင့်ရှောက်ခြင်း ခံရရန်၊ ကွယ်ကာခြင်း ခံရရန်နှင့် ဘုရားသခင်၏ စုံလင်စေခြင်းကို ခံရရန် မထိုက်တန်ပေ။ ဘုရားသခင်၏ ယုံကြည်မှုကို ဆုံးရှုံးသောသူ များစွာသည် ဘုရားသခင်၏ ကျေးဇူးတော်ကို ဆက်လက် ဆုံးရှုံးရသည်။ ၎င်းတို့သည် မိမိတို့၏ မကောင်းမှုများကို မစက်ဆုပ်ကြသည်သာမက၊ ဘုရားသခင်၏ လမ်းခရီးသည် မမှန်ကန်ဟူသော အယူအဆကို အရှက်မရှိ ဖြန့်ကြပြီး၊ ပုန်ကန်တတ်သောသူများသည် ဘုရားသခင်၏ တည်ရှိခြင်းကိုပင် ငြင်းပယ်ကြလေသည်။ ထိုသို့သော ပုန်ကန်မှုကို ပိုင်ဆိုင်သည့် ထိုသို့သော လူများသည် ဘုရားသခင်၏ ကျေးဇူးတော်ကို မွေ့လျော်ခံစားပိုင်ခွင့် မည်သို့ ရှိနိုင်မည်နည်း။ မိမိတို့၏တာဝန်ကို မဆောင်ရွက်သောသူတို့သည် ဘုရားသခင်ကို အလွန် ပုန်ကန်တတ်ကြပြီး ဘုရားသခင်နှင့်ပတ်သက်၍ များစွာအကြွေးတင် ရှိကြပေသည်၊ သို့သော် ၎င်းတို့သည် လှည့်ကာ ဘုရားသခင် မှားယွင်းသည်ဟု ပယ်ပယ်နယ်နယ် ဝေဖန်ရှုတ်ချကြလေသည်။ ထိုသို့သော လူစားမျိုးသည် စုံလင်စေခြင်းခံရရန် မည်ကဲ့သို့ ထိုက်တန်နိုင်မည်နည်း။ ဤသည်မှာ ပယ်ထုတ်ခြင်းနှင့် အပြစ်ပေးခြင်းကို ခံရဖို့ဖြစ်သည့် ရှေ့ပြေးနိမိတ်ဖြစ်သည် မဟုတ်လော။ ဘုရားသခင်၏ရှေ့မှောက်တွင် မိမိ၏တာဝန်ကို မလုပ်ဆောင်သော လူတို့သည် ပြစ်မှုများထဲမှ စက်ဆုပ်ရွံရှာဖွယ် အကောင်းဆုံးသော အပြစ်ရှိနှင့်ပြီးသားဖြစ်သည်၊ ယင်းအတွက် သေခြင်းတရားသည်ပင် မလုံလောက်သော ပြစ်ဒဏ်တစ်ခု ဖြစ်သည်၊ သို့သော် ၎င်းတို့သည် ဘုရားသခင်နှင့် ငြင်းခုံရဲကြသည်သာမက၊ မိမိတို့ကိုယ်ကိုယ် ဘုရားသခင်နှင့် တုပြိုင်ရဲကြလေသည်။ ထိုသို့သော လူများကို စုံလင်စေခြင်း၏ ထိုက်တန်မှုမှာ အဘယ်နည်း။ အကယ်၍ လူတို့သည် ၎င်းတို့၏တာဝန်ကို မဖြည့်ဆည်းနိုင်ပါက၊ ၎င်းတို့သည် အပြစ်ရှိခြင်းနှင့် အကြွေးတင်ရှိခြင်းတို့ကို ခံစားသင့်သည်။ ၎င်းတို့သည် ၎င်းတို့၏ အားနည်းချက်နှင့် အသုံးမကျမှု၊ ၎င်းတို့၏ ဆန့်ကျင်ပုန်ကန်မှုနှင့် ဖောက်ပြန်ပျက်စီးမှုတို့ကို စက်ဆုပ်ရွံရှာသင့်သည်၊ ထို့အပြင် ၎င်းတို့၏ အသက်တာကို ဘုရားသခင်အား ပေးသင့်ကြသည်။ ထိုအခါမှသာ ၎င်းတို့သည် ဘုရားသခင်ကို အမှန်တကယ် ချစ်မြတ်နိုးသော ဖန်ဆင်းခံများ ဖြစ်ကြပြီး၊ ထိုသို့သော လူများသည်သာ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများနှင့် ကတိတော်ကို မွေ့လျော်ခံစားထိုက်ပြီး သူ၏ စုံလင်စေခြင်း ခံရထိုက်ပေသည်။ ပြီးလျှင် သင်တို့ အများစုသည် အဘယ်သို့နည်း။ သင်တို့အလယ် အသက်ရှင်သော ဘုရားသခင်ကို သင်တို့ မည်သို့ ဆက်ဆံကြသနည်း။ သင်တို့သည် သူ၏ ရှေ့မှောက်တွင် သင်တို့၏တာဝန်ကို မည်သို့ ဆောင်ရွက်ကြသနည်း။ သင်တို့ လုပ်ဆောင်ရန် ပန်ကြားသည့် အရာအားလုံးကို သင်တို့၏ ကိုယ်ပိုင် အသက်ကိုပင် အဆုံးရှုံးအနစ်နာခံလျက်၊ လုပ်ဆောင်ကြပြီးပြီလော။ သင်တို့သည် မည်သည့်အရာကို စွန့်လွှတ်အနစ်နာခံပြီးပြီနည်း။ ငါ့ထံမှ သင်တို့ များစွာ မရရှိသေးသလော။ သင်တို့ သိမြင်နိုင်သလော။ သင်တို့သည် ငါ့အား မည်မျှ သစ္စာစောင့်သိကြသနည်း။ ငါ့အား မည်သို့ အစေခံကြပြီး ပြီနည်း။ ပြီးလျှင် သင်တို့အပေါ် ငါအပ်နှင်းပြီးဖြစ်ကာ သင်တို့အတွက် ငါပြုပြီးသော အရာအားလုံးသည် သင်တို့နှင့် မသက်ဆိုင်တော့ပြီလော။ ထိုအရာအားလုံးကို သင်တို့နှိုင်းဆချင့်ချိန်ပြီးပြီလော။ သင်တို့အားလုံးသည် ဤအရာကို သင်တို့အတွင်းရှိသည့် အသိစိတ် အနည်းငယ်ဖြင့် အကဲဖြတ်ကာ နှိုင်းယှဉ် ပြီးပြီလော။ မည်သူသည် သင်တို့၏စကားများ၊ လုပ်ရပ်များနှင့် ထိုက်တန်နိုင်မည်နည်း။ သင်တို့၏ ထိုသို့သော မပြောပလောက်သည့် စွန့်လွှတ်အနစ်နာခံခြင်းသည် သင်တို့အပေါ် ငါ ပေးအပ်ခဲ့သမျှနှင့် ထိုက်တန်နိုင်သလော။ ငါသည် အခြားရွေးချယ်စရာ မရှိဘဲ၊ သင်တို့ကို စိတ်ပါလက်ပါ အစဉ်ချစ်ခင်ကာ သစ္စာရှိခဲ့သော်လည်း၊ သင်တို့သည် ဆိုးယုတ်သည့် ရည်ရွယ်ချက်များကို သိုထားကြပြီး ငါ့အပေါ် စိတ်မပါတပါ ဖြစ်ကြသည်။ ယင်းမှာ သင်တို့ တာဝန်၏ အတိုင်းအတာ၊ သင်တို့၏ တစ်ခုတည်းသော လုပ်ငန်းတာဝန် ဖြစ်သည်။ ဤသို့ မဟုတ်သလော။ သင်တို့သည် ဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို လုံးဝ မဖြည့်ဆည်းနိုင်သေးသည်ကို မသိကြသလော။ သင်တို့ကို ဖန်ဆင်းခံသတ္တဝါဟူ၍ မည်သို့ ယူဆနိုင်မည်နည်း။ သင်တို့ ဖော်ပြနေပြီး အသက်ရှင်နေထိုင်နေသောအရာသည် မည်သည့်အရာ ဖြစ်သည်မှာ သင်တို့အဖို့ မရှင်းလင်းသလော။ သင်တို့သည် သင်တို့၏တာဝန်ကို မဖြည့်ဆည်းနိုင်သေးသော်လည်း၊ ဘုရားသခင်၏ သည်းခံခြင်းနှင့် အလျှံအပယ်ဖြစ်သော ကျေးဇူးတော်ကို ရရှိရန် သင်တို့ ကြိုးစားကြသည်။ ထိုသို့သော ကျေးဇူးတော်သည် သင်တို့ကဲ့သို့ အသုံးမကျသကဲ့သို့၊ ယုတ်ညံ့သောသူများအတွက် ပြင်ဆင်ထားသည် မဟုတ်ဘဲ၊ မည်သည့်အရာကိုမျှ မတောင်းဆိုဘဲ ဝမ်းမြောက်ဝမ်းသာ စွန့်လွှတ်အနစ်နာခံသော သူများအတွက် ဖြစ်သည်။ သင်တို့ကဲ့သို့သော သာမညောင်ညလူများ၊ ကောင်းကင်ဘုံ၏ ကျေးဇူးတော်ကို မွေ့လျော်ခံစားခြင်းငှာ လုံးဝ မထိုက်တန်ပေ။ အခက်အခဲနှင့် မဆုံးနိုင်သော အပြစ်ပေးခြင်းသာ သင်တို့၏ နေ့ရက်များကို အဖော်ပြုလိမ့်မည်။ အကယ်၍ သင်တို့သည် ငါ့ကို သစ္စာမရှိနိုင်ပါက၊ သင်တို့၏ကံကြမ္မာသည် ဆင်းရဲဒုက္ခခံရသော ကံကြမ္မာတစ်ခု ဖြစ်လေမည်။ အကယ်၍ သင်တို့သည် ငါ၏ နှုတ်ကပတ်တော်များနှင့် ငါအမှုများကို တာဝန်ခံနိုင်ခြင်း မရှိပါက၊ သင်တို့၏ ရလဒ်သည် ပြစ်ဒဏ်ပေးခြင်း ခံရသော ရလဒ်တစ်ခု ဖြစ်လိမ့်မည်။ ကျေးဇူးတော်၊ ကောင်းချီးမင်္ဂလာများနှင့် နှစ်သက်ဖွယ် နိုင်ငံတော် အသက်တာအားလုံးသည် သင်တို့နှင့် မည်သို့မျှ ပတ်သက်မည် မဟုတ်။ ဤသည်မှာ သင်တို့ ကြုံထိုက်သော အဆုံးသတ်ဖြစ်ပြီး သင်တို့ ကိုယ်တိုင်ပြုသည့် အကျိုးဆက်တစ်ခု ဖြစ်သည်။ မသိနားမလည်သကဲ့သို့ မာနထောင်လွှားသူများသည် အစွမ်းကုန် မကြိုးစားကြသကဲ့သို့ ၎င်းတို့၏တာဝန်ကို မဆောင်ရွက်ကြသည်သာမက၊ ၎င်းတို့ တောင်းသောအရာသည် ၎င်းတို့နှင့် ထိုက်တန်သည့်အလား၊ ၎င်းတို့၏ လက်များကို ဆန့်တန်းကာ ကျေးဇူးတော်ကိုလည်း တောင်းခံကြလေသည်။ ပြီးလျှင် ၎င်းတို့ တောင်းသောအရာကို မရရှိပါက၊ ၎င်းတို့သည် ယခင်ထက် သာ၍ပင် သစ္စာလျော့လာကြလေသည်။ ထိုသို့သောလူများကို ယုတ္တိတန်သောသူများဟု အဘယ်သို့ ယူဆနိုင်မည်နည်း။ သင်တို့သည် စီမံခန့်ခွဲခြင်း အမှုအတွင်းတွင် သင်တို့ ဖြည့်ဆည်းသင့်သည့် တာဝန်ကို လုံးဝ ဖြည့်ဆည်းနိုင်စွမ်းမရှိဘဲ၊ ညံ့ဖျင်းသော အရည်အချင်းရှိကြပြီး၊ ဆင်ခြင်တုံတရား ကင်းမဲ့ကြလေသည်။ သင်တို့၏တန်ဖိုးသည် ထိုးစိုက်ကျနှင့်ပြီး ဖြစ်သည်။ သင်တို့ကို ထိုသို့သော ကျေးဇူးတော် ပြသခြင်းအတွက် ငါ့ကို သင်တို့၏ ပြန်မပေးဆပ်နိုင်ခြင်းသည် လွန်ကဲသော ပုန်ကန်ခြင်း လုပ်ရပ်တစ်ခု ဖြစ်နှင့်ကာ၊ သင်တို့ကို ရှုတ်ချရန်နှင့် သင်တို့၏သူရဲဘောနည်းခြင်း၊ ညံ့ဖျင်းခြင်း၊ ယုတ်ညံ့ခြင်းနှင့် အသုံးမကျခြင်းတို့ကို ဖော်ပြရန် လုံလောက်ပေသည်။ သင်တို့၏လက်များကို ဆန့်တန်းရန် မည်သည့်အရာက သင်တို့ကို အခွင့်ရှိစေသနည်း။ သင်တို့သည် ငါ၏အမှုကို စိုးစဉ်းမျှ အထောက်အကူမဖြစ်နိုင်သည်မှာ၊ သစ္စာမစောင့်သိနိုင်သကဲ့သို့ ငါ့အတွက် သက်သေမရပ်တည်နိုင်သည်မှာ သင်တို့၏ မကောင်းမှုများနှင့် ချွတ်ယွင်းချက်များ ဖြစ်သော်လည်း၊ ယင်းအစား သင်တို့သည် ငါ့ကို တိုက်ခိုက်ကြသည်၊ ငါနှင့်သက်ဆိုင်၍ မုသားများပြောကြပြီး ငါသည် မဖြောင့်မတ်ဟု ညည်းညူကြလေသည်။ ဤသည်မှာ သင်တို့၏ သစ္စာစောင့်သိခြင်းနှင့် ညီမျှသောအရာ ဖြစ်သလော။ ဤသည်မှာ သင်တို့၏ချစ်ခြင်းနှင့် ညီမျှသောအရာ ဖြစ်သလော။ ဤအရာကိုကျော်လွန်၍ အခြားမည်သည့်အမှုကို သင်တို့ ပြုနိုင်သနည်း။ လုပ်ဆောင်ပြီးဖြစ်သည့် အမှုအားလုံးကို သင်တို့သည် မည်သို့ ပံ့ပိုးကြပြီနည်း။ သင်တို့ မည်မျှ အသုံခံကြပြီးဖြစ်သနည်း။ ငါသည် သင်တို့ကို အပြစ်မတင်ခြင်းအားဖြင့် ကြီးမားသော သည်းခံမှုကို ပြသနှင့်ပြီးဖြစ်သည်၊ သို့သော် သင်တို့သည် အရှက်ကင်းမဲ့စွာဖြင့် ငါ့ကို ဆင်ခြေများပေးကာ ငါနှင့်ပတ်သက်၍ သီးသန့် မကျေမနပ်ပြောဆိုကြဆဲ ဖြစ်သည်။ သင်တို့သည် လူ့သဘာဝ အရိပ်အယောင် အနည်းငယ်မျှပင် ရှိကြသလော။ လူ၏တာဝန်သည် လူ၏စိတ်နှင့် သူ၏အယူအဆများဖြင့် စွန်းထင်းသော်လည်း၊ သင်၏တာဝန်ကို သင် လုပ်ဆောင်ရမည် ဖြစ်ပြီး သင်၏သစ္စာစောင့်သိမှုကို ပြသရမည်ဖြစ်သည်။ လူ၏ လုပ်ဆောင်ချက်ထဲရှိ မစင်ကြယ်မှုများမှာ သူ၏ အရည်အချင်းနှင့်ဆိုင်သည့် ပြဿနာတစ်ခု ဖြစ်သည်၊ စင်စစ်အားဖြင့် လူသည် သူ၏တာဝန်ကို မထမ်းဆောင်ပါက၊ ယင်းသည် သူ၏ပုန်ကန်ခြင်းကို ပြသပေသည်။ လူ၏တာဝန်နှင့် သူ ကောင်းချီးခံစားရခြင်း သို့မဟုတ် ကျိန်ခြင်းခံရခြင်း ရှိမရှိဆိုသည်တို့ကြားတွင် အချင်းချင်း ဆက်နွှယ်နေမှု မရှိပေ။ တာဝန်သည် လူက ဖြည့်ဆည်းသင့်သည့်အရာ ဖြစ်သည်။ ယင်းသည် ကောင်းကင်ဘုံက လာသည့် သူ၏ဘဝပေးတာဝန်ဖြစ်ပြီး ဆုလာဘ်၊ အခြေအနေများ သို့မဟုတ် အကြောင်းရင်းများပေါ်တွင် မမူတည်သင့်ပေ။ ထိုအခါမှသာ သူ၏တာဝန်ကို သူ လုပ်ဆောင်နေခြင်း ဖြစ်သည်။ ကောင်းချီးမင်္ဂလာ ခံစားရဖို့ဟူသည်မှာ တစ်စုံတစ်ဦးသည် တရားစီရင်ခြင်းကို ကြုံရပြီးနောက် စုံလင်စေခြင်းခံရကာ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကို မွေ့လျော်ရခြင်း ဖြစ်သည်။ ကျိန်ခြင်းအမင်္ဂလာခံရဖို့ဟူသည်မှာ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ကို ကြုံရပြီးနောက် တစ်စုံတစ်ဦး၏ စိတ်သဘောထား မပြောင်းလဲခြင်း ဖြစ်သည်၊ ယင်းမှာ ၎င်းတို့သည် စုံလင်စေခြင်းကို မတွေ့ကြုံရဘဲ အပြစ်ပေးခံရသည့်အချိန် ဖြစ်သည်။ ၎င်းတို့ ကောင်းချီးပေး ခံရသည်ဖြစ်စေ၊ ကျိန်ခြင်းခံရသည်ဖြစ်စေ၊ ဖန်ဆင်းခံသတ္တဝါများသည် ၎င်းတို့ လုပ်ဆောင်သင့်သည့်အရာကို လုပ်ဆောင်ရင်းနှင့် လုပ်ဆောင်နိုင်သည့်အရာကို လုပ်ဆောင်ရင်း၊ ၎င်းတို့၏တာဝန်ကို ဖြည့်ဆည်းသင့်ကြပေသည်။ ဤသည်မှာ ဘုရားသခင်နောက်ကိုလိုက်သည့် လူတစ်ဦးက အနည်းဆုံး လုပ်ဆောင်သင့်သည့်အရာ ဖြစ်သည်။ သင်သည် ကောင်းချီးမင်္ဂလာ ခံစားရရန်သာ သင်၏တာဝန်ကို မလုပ်ဆောင်သင့်သကဲ့သို့၊ ကျိန်ခြင်း ခံရမည်ကို ကြောက်ရွံ့ခြင်းအတွက် ဆောင်ရွက်ရန် မငြင်းဆန်သင့်ပေ။ ဤအရာတစ်ခုကို သင်တို့အား ငါပြောပါရစေ- သူ၏တာဝန်နှင့်သက်ဆိုင်သည့် လူ၏ စွမ်းဆောင်မှုသည် သူလုပ်ဆောင်သင့်သည့်အရာ ဖြစ်ပြီး သူသည် သူ၏တာဝန်ကို ဆောင်ရွက်နိုင်စွမ်း မရှိပါက ဤသည်မှာ သူ၏ ပုန်ကန်မှုဖြစ်သည်။ လူသည် တဖြည်းဖြည်း ပြောင်းလဲသည်မှာ သူ၏တာဝန်ကို လုပ်ဆောင်ခြင်း ဖြစ်စဉ်မှတစ်ဆင့်ဖြစ်ပြီး သူ၏ သစ္စာစောင့်သိမှုကို ပြသသည်မှာ ဤဖြစ်စဉ်မှတစ်ဆင့် ဖြစ်ပေသည်။ ထိုသို့ဖြင့် သင်သည် သင်၏တာဝန်ကို ပို၍ လုပ်ဆောင်နိုင်လေ၊ သာ၍ များသည့် သမ္မာတရားကို သင် ရရှိလေဖြစ်လိမ့်မည် ဖြစ်ပြီး သင်၏ဖော်ပြချက်သည် သာ၍ စစ်မှန်လာလေ ဖြစ်လိမ့်မည် ဖြစ်သည်။ ၎င်းတို့၏တာဝန်ကို လုပ်ဆောင်ရာတွင် ဟန်ဆောင်လုပ်ပြရုံမျှလုပ်ပြပြီး သမ္မာတရားကို မရှာဖွေသောသူတို့သည် အဆုံးတွင် ပယ်ထုတ်ခြင်းကို ခံရလိမ့်မည်၊ အဘယ့်ကြောင့်ဆိုသော် ထိုသို့သော လူတို့သည် ၎င်းတို့၏ တာဝန်ကို သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းဖြင့် မလုပ်ဆောင်ကြသကဲ့သို့၊ ၎င်းတို့၏ တာဝန်ကို ဖြည့်ဆည်းခြင်းတွင် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ကြသည့် အတွက် ဖြစ်သည်။ ၎င်းတို့သည် မပြောင်းမလဲ ရှိနေသူများဖြစ်ပြီး ကျိန်ခြင်းကို ခံကြရလိမ့်မည်။ ၎င်းတို့၏ ဖော်ပြချက်များသည် မစင်ကြယ်သည်သာမက၊ ၎င်းတို့ ဖော်ပြသည့် အရာတိုင်းသည် ဆိုးယုတ်လေသည်။

ကျေးဇူးတော်ခေတ်တွင် ယေရှုသည်လည်း နှုတ်ကပတ်တော်များစွာ ပြောဆိုခဲ့ပြီး အမှုများစွာ ပြုခဲ့သည်။ သူသည် ဟေရှာယနှင့် မည်သို့ ကွာခြားသနည်း။ သူသည် ဒံယေလနှင့် မည်သို့ ကွာခြားသနည်း။ သူသည် ပရောဖက်တစ်ပါး ဖြစ်သလော။ သူသည် ခရစ်တော် ဖြစ်သည်ဟု အဘယ်ကြောင့် ဆိုထားသနည်း။ ၎င်းတို့ကြားတွင် ကွာခြားမှုများမှာ အဘယ်နည်း။ ၎င်းတို့အားလုံးသည် နှုတ်ကပတ်တော်များ ပြောဆိုခဲ့သည့် လူသားများ ဖြစ်ကြပြီး ၎င်းတို့၏ နှုတ်ကပတ်တော်များသည် လူသားအဖို့ အနည်းနှင့်အများ တူညီလေသည်။ ၎င်းတို့အားလုံးသည် နှုတ်ကပတ်တော်များ ပြောဆိုခဲ့ကြပြီး အမှု ပြုခဲ့ကြသည်။ ဓမ္မဟောင်းကျမ်း၏ ပရောဖက်များသည် ပရောဖက်ပြုချက်များကို ပြောဆိုခဲ့ကြပြီး၊ ထိုနည်းတူ ယေရှုသည်လည်း ပြောဆိုနိုင်ခဲ့သည်။ ဤသည်မှာ အဘယ်ကြောင့်နည်း။ ဤနေရာတွင် ကွဲပြားခြားနားချက်မှာ အမှု၏သဘောသဘာဝအပေါ် အခြေခံပေသည်။ ဤကိစ္စရပ်ကို ပိုင်းခြားသိမြင်ရန်၊ သင်သည် ဇာတိပကတိ၏ သဘောသဘာဝကို ထည့်သွင်းစဉ်းစားရမည် မဟုတ်သကဲ့သို့၊ ၎င်းတို့၏ နှုတ်ကပတ်တော်များ၏ အတိမ်အနက် သို့မဟုတ် ပေါ့ပြက်မှုကို ထည့်သွင်းစဉ်းစားရမည် မဟုတ်။ ၎င်းတို့၏ အမှုနှင့် လူ့အထဲတွင် ၎င်းတို့အမှု စွမ်းဆောင်ရရှိသည့် အကျိုးသက်ရောက်မှုများကို ဦးစွာပထမ အမြဲ သင် ထည့်သွင်းစဉ်းစားရမည်။ ထိုအချိန်က ပရောဖက်များ ပြောဆိုခဲ့ကြသည့် ပရောဖက်ပြုချက်များသည် လူ၏အသက်တာကို မထောက်ပံ့ပေးခဲ့သကဲ့သို့၊ ဟေရှာယ နှင့် ဒံယေလ ကဲ့သို့သောသူများက ရရှိခဲ့သည့် လှုံ့ဆော်မှုများမှာ ပရောဖက်ပြုချက်များမျှသာ ဖြစ်ပြီး၊ အသက်လမ်းခရီး မဟုတ်ခဲ့ပေ။ ယေဟောဝါ၏ တိုက်ရိုက် ဖွင့်ပြခြင်းကြောင့်သာ မဟုတ်ပါက၊ သေမျိုးများအတွက် မဖြစ်နိုင်သည့် ထိုအမှုကို မည်သူမျှ လုပ်ဆောင်နိုင်ပြီး ဖြစ်ခဲ့မည် မဟုတ်ပေ။ ယေရှုသည်လည်း နှုတ်ကပတ်တော်များစွာ ပြောဆိုခဲ့သည်၊ သို့သော် ထိုသို့သော နှုတ်ကပတ်တော်များသည် လက်တွေ့လုပ်ဆောင်ရမည့် လမ်းကြောင်းတစ်ခုကို လူသားက ရှာတွေ့နိုင်သည့် အသက်လမ်းခရီး ဖြစ်ခဲ့ပေသည်။ ဆိုလိုသည်မှာ ပထမအနေဖြင့် ယေရှုသည် အသက်ဖြစ်သည့်အတွက် လူသား၏ အသက်ကို သူ ထောက်ပံ့နိုင်ခဲ့သည်။ ဒုတိယအနေဖြင့် သူသည် လူသား၏ သွေဖည်မှုများကို ပြောင်းပြန် ဖြစ်စေနိုင်ခဲ့သည်။ တတိယအနေဖြင့် ခေတ်နှင့်ပတ်သက်၍ ဆောင်ရွက်ရန်အလို့ငှာ သူ၏ အမှုသည် ယေဟောဝါ၏ အမှုကို ဆက်ခံနိုင်ခဲ့သည်။ စတုတ္ထအချက်အနေဖြင့် သူသည် လူသားအတွင်းရှိ လိုအပ်ချက်များကို သဘောပေါက်နိုင်ပြီး လူသား ချို့တဲ့သည့်အရာကို နားလည်နိုင်ခဲ့သည်။ ပဉ္စမအနေဖြင့် သူသည် ခေတ်သစ်ကို ဖွင့်လှစ်ပေးနိုင်ပြီး ခေတ်ဟောင်းကို နိဂုံးချုပ်နိုင်ခဲ့သည်။ ယင်းမှာ သူ့ကို ဘုရားသခင်နှင့် ခရစ်တော်ဟု ခေါ်ဆိုခဲ့ရသည့် အကြောင်းရင်း ဖြစ်သည်။ သူသည် ဟေရှာယနှင့် သာမက အခြားသော ပရောဖက်များအားလုံးနှင့် ကွာခြားသည်။ ပရောက်ဖက်များ၏ အမှုအတွက် ဟေရှာယကို နှိုင်းယှဉ်ပြချက် တစ်ခုအဖြစ် ကြည့်လော့။ ပထမအနေဖြင့် သူသည် လူသား၏အသက်ကို မထောက်ပံ့နိုင်ခဲ့ပေ။ ဒုတိယအနေဖြင့် သူသည် ခေတ်သစ်တစ်ခုကို ဖွင့်လှစ်ပေးနိုင်ခြင်း မရှိခဲ့ပေ။ သူသည် ယေဟောဝါ၏ ဦးဆောင်မှုအောက်တွင် အမှုပြုခဲ့ခြင်းဖြစ်ပြီး ခေတ်သစ်တစ်ခုကို ဖွင့်လှစ်ရန် မဟုတ်ခဲ့ပေ။ တတိယအနေဖြင့် သူပြောဆိုခဲ့သည့် နှုတ်ကပတ်တော်များကို သူ ဉာဏ်မမီနိုင်ခဲ့ပေ။ သူသည် ဘုရားသခင်၏ ဝိညာဉ်တော်ထံမှ ဖွင့်ပြချက်များကို တိုက်ရိုက် ရရှိခဲ့ခြင်းဖြစ်ပြီး ယင်းတို့ကို နားထောင်ပြီးလျက်ပင်၊ အခြားသူများက နားလည်မည် မဟုတ်ပေ။ ထိုအနည်းငယ်သော အရာများသည်ပင် သူ၏ နှုတ်ကပတ်တော်များက ပရောဖက်ပြုချက်များထက် မပို၊ ယေဟောဝါ၏ ကိုယ်စား လုပ်ဆောင်ပြီးသည့် အမှု၏ ရှုထောင့်တစ်ခုထက် မပိုခဲ့သည်ကို သက်သေပြဖို့ လုံလောက်ပေသည်။ သို့သော် သူသည် ယေဟောဝါကို အပြည့်အဝ ကိုယ်စားမပြုနိုင်ခဲ့ပေ။ သူသည် ယေဟောဝါ၏ အစေခံ၊ ယေဟောဝါ၏ အမှုထဲက တန်ဆာပလာတစ်ခု ဖြစ်ခဲ့သည်။ သူသည် ပညတ်တော်ခေတ်အတွင်းနှင့် ယေဟောဝါ၏ အမှု နယ်ပယ်အတွင်း၌သာ အမှုပြုခဲ့ခြင်းဖြစ်သည်။ သူသည် ပညတ်တော်ခေတ်ကို ကျော်လွန်၍ အမှုမပြုခဲ့ပေ။ ဆန့်ကျင်ဘက်အနေဖြင့် ယေရှု၏အမှုသည် ကွာခြား၏။ သူသည် ယေဟောဝါ၏ အမှု နယ်ပယ်ကို ကျော်လွန်ခဲ့သည်။ သူသည် လူ့ဇာတိခံ ဘုရားသခင်အဖြစ် အမှုပြုခဲ့ပြီး၊ လူသားမျိုးနွယ် အားလုံးကို ရွေးနုတ်ရန် ကားစင်တင်ခြင်းကို ခံခဲ့ရသည်။ ယင်းမှာ သူသည် ယေဟောဝါပြုခဲ့သော အမှု၏အပြင်မှ အမှုအသစ်ကို ပြုခဲ့သည်ဟု ဆိုရပေမည်။ ဤသည်မှာ ခေတ်အသစ်တစ်ခုကို ဖွင့်လှစ်ခြင်း ဖြစ်သည်။ ထို့အပြင် သူသည် လူသားက စွမ်းဆောင်မရရှိနိုင်သည့် အရာကို ပြောဆိုနိုင်ခဲ့သည်။ သူ၏အမှုသည် ဘုရားသခင်၏ စီမံခန့်ခွဲမှုအတွင်းရှိ အမှုဖြစ်ပြီး လူသားမျိုးနွယ်တစ်ခုလုံး ပါဝင်ပတ်သက်သည်။ သူသည် လူအနည်းငယ်အထဲ၌သာ အမှုမပြုခဲ့သကဲ့သို့ သူ၏အမှုသည် အရေအတွက် ကန့်သတ်ထားသည့် လူများကို ဦးဆောင်ရန်လည်း ရည်ရွယ်ခဲ့သည် မဟုတ်ပေ။ ဘုရားသခင်သည် လူသားတစ်ဦးအဖြစ် မည်သို့လူ့ဇာတိခံခဲ့သည်၊ ထိုအချိန်က သန့်ရှင်းသော ဝိညာဉ်တော်သည် ဗျာဒိတ်များကို မည်သို့ပေးခဲ့ပြီး၊ အမှုပြုရန် ဝိညာဉ်တော်သည် လူသားတစ်ဦးအပေါ် မည်သို့ဆင်းသက်ခဲ့သည် ဆိုသည်တို့အတွက်မူ- ဤအရာများသည် လူက မမြင်နိုင် သို့မဟုတ် မထိတွေ့နိုင်သည့် ကိစ္စရပ်များ ဖြစ်သည်။ သူသည် လူ့ဇာတိခံ ဘုရားသခင် ဖြစ်သည်ဟူသော သက်သေအဖြစ် ဤသမ္မာတရားများက အသုံးတော် ခံဖို့ဆိုသည်မှာ လုံးဝ မဖြစ်နိုင်ပေ။ ထိုသို့ဖြင့် လူအဖို့ လက်ဆုပ်လက်ကိုင် ပြနိုင်သည့် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အမှုအလယ်တွင်သာ ပိုင်းခြားခြင်းကို ပြု၍ရနိုင်ပေသည်။ ဤအရာသည်သာ စစ်မှန်၏။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ဝိညာဉ်တော်နှင့်ဆိုင်သော ကိစ္စရပ်များသည် သင့်အဖို့ မြင်၍မရနိုင်သကဲ့သို့၊ ဘုရားသခင် ကိုယ်တော်တိုင်သာ ရှင်းရှင်းလင်းလင်း သိနိုင်ပြီး၊ ဘုရားသခင်၏ လူ့ဇာတိခံ ဇာတိခန္ဓာသည်ပင် အလုံးစုံ မသိနိုင်သောကြောင့်‌ ဖြစ်သည်။ သင်သည် သူလုပ်ဆောင်ပြီးဖြစ်သည့် အမှုမှသာ သူ ဘုရားသခင် ဖြစ်သည်၊ မဖြစ်သည်ကို အတည်ပြု စစ်ဆေးနိုင်သည်။ ပထမအနေဖြင့် သူ၏အမှုမှ သူသည် ခေတ်သစ်တစ်ခု ဖွင့်လှစ်ပေးနိုင်သည်။ ဒုတိယအနေဖြင့် သူသည် လူသား၏ အသက်ကို ထောက်ပံ့ပေးနိုင်ပြီး လိုက်လျှောက်ရမည့် လမ်းကို လူသားအား ပြသနိုင်သည်ကို မြင်နိုင်ပေသည်။ ဤသည်မှာ သူသည် ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်သည်ကို အခိုင်အမာ သက်သေထူရန် လုံလောက်ပေသည်။ အနည်းဆုံးအနေဖြင့် သူပြုသောအမှုသည် ဘုရားသခင်၏ ဝိညာဉ်တော်ကို အပြည့်အဝ ကိုယ်စားပြုနိုင်ပြီး ထို့သို့သောအမှုမှ ဘုရားသခင်၏ ဝိညာဉ်တော်သည် သူ၏အတွင်း၌ ရှိသည်ကို မြင်နိုင်သည်။ လူ့ဇာတိခံ ဘုရားသခင် ပြုခဲ့သည့်အမှုသည် အဓိကအားဖြင့် ခေတ်သစ်တစ်ခုကို ဖွင့်လှစ်ပေးရန်၊ အမှုသစ်ကို ဦးဆောင်ရန်နှင့် နယ်ပယ်သစ် တစ်ခုကို ဖွင့်လှစ်ရန် ဖြစ်ခဲ့သည်နှင့်အားလျော်စွာ၊ ဤအရာများကသာလျှင် သူသည် ဘုရားသခင်ကိုယ်တော်တိုင် ဖြစ်ကြောင်းကို အခိုင်အမာ သက်သေထူရန် လုံလောက်ပေသည်။ ထို့ကြောင့် ဤအရာသည် သူ့အား ဟေရှာယ၊ ဒံယေလနှင့် ကြီးမြတ်သော အခြားပရောဖက်များမှ ကွဲပြားခြားနားစေသည်။ ဟေရှာယ၊ ဒံယေလနှင့် အခြားသူများ အားလုံးသည် အလွန်ပညာတတ်ကာ ပညာဗဟုသုတ ကြွယ်ဝသောလူများ ဖြစ်ခဲ့ကြသည်။ ၎င်းတို့သည် ယေဟောဝါ၏ ဦးဆောင်မှုအောက်တွင် သာမန်ထက် ထူးခြားသူများ ဖြစ်ခဲ့သည်။ လူ့ဇာတိခံ ဘုရားသခင်၏ ဇာတိခန္ဓာသည်လည်း ဗဟုသုတ နှံ့စပ်ခဲ့သကဲ့သို့ အသိစိတ် မကင်းမဲ့ခဲ့ပေ၊ သို့သော် သူ၏ လူ့သဘာဝသည် အထူးသဖြင့် ပုံမှန် ဖြစ်ခဲ့သည်။ သူသည် သာမန်လူ တစ်ဦးဖြစ်ခဲ့ပြီး၊ သူနှင့်ပတ်သက်၍ မည်သည့် အထူး လူ့သဘာဝကိုမျှ ပကတိမျက်စိက မသိမြင်နိုင်ပေ သို့မဟုတ် အခြားသူများ၏ လူ့သဘာဝနှင့်မတူသည့် အရာတစ်ခုတစ်လေကို သူ၏ လူ့သဘာဝထဲတွင် သတိမပြုမနိုင်ပေ။ သူသည် လုံးဝ သဘာဝလွန်မဟုတ် သို့မဟုတ် တစ်မူမထူးခြားခဲ့သကဲ့သို့ သူသည် ပို၍အဆင့်မြင့်သော ပညာရေး၊ အသိပညာ သို့မဟုတ် သဘောတရား တစ်ခုတစ်လေမျှ မပိုင်ဆိုင်ခဲ့ပေ။ သူပြောခဲ့သော အသက်နှင့် သူဦးဆောင်ခဲ့သော လမ်းကြောင်းသည် သဘောတရားမှတစ်ဆင့်၊ အသိပညာမှတစ်ဆင့်၊ ဘဝအတွေ့အကြုံမှတစ်ဆင့် သို့မဟုတ် မိသားစုက ပြုစုပျိုးထောင်ခြင်းမှတစ်ဆင့် ရရှိခဲ့သည် မဟုတ်ပေ။ ယင်းထက် ၎င်းတို့သည် လူ့ဇာတိခံ ဇာတိခန္ဓာ၏ အမှုဖြစ်သည့် ဝိညာဉ်တော်၏ တိုက်ရိုက်အမှု ဖြစ်ခဲ့ပေသည်။ ယင်းမှာ အဘယ်ကြောင့်ဆိုသော် လူသည် ဘုရားသခင်နှင့်သက်ဆိုင်သည့် ကြီးမားသော အယူအဆများ ရှိခဲ့သောကြောင့် ဖြစ်ပြီး၊ အထူးသဖြင့် ဤအယူအဆများက မရေရာမှုနှင့် သဘာဝလွန် အစိတ်အပိုင်းများဖြင့် ပြုလုပ်ထားသောကြောင့်၊ လူ၏အမြင်တွင် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်အမှုများကို မပြုနိုင်သည့် လူ၏အားနည်းချက်များရှိသည့် ပုံမှန်ဘုရားသခင်သည် သေချာပေါက် ဘုရားသခင် မဟုတ်ဟု မြင်ကြလေသည်။ ဤသည်တို့သည် လူသားများ၏ မှားယွင်းသောအယူအဆများ မဟုတ်လော။ အကယ်၍ လူ့ဇာတိခံ ဘုရားသခင်၏ ဇာတိခန္ဓာသည် ပုံမှန်လူတစ်ဦး မဟုတ်ခဲ့ပါက၊ သူသည် လူ့ဇာတိကို ခံယူခဲ့သည်ဟု အဘယ်သို့ ဆိုနိုင်မည်နည်း။ လူ့ဇာတိ ရှိဖို့ဆိုသည်မှာ သာမန်၊ ပုံမှန်လူတစ်ဦး ဖြစ်ဖို့ ဖြစ်သည်။ အကယ်၍ သူသည် သာမန်ထက်လွန်ကဲသော သက်ရှိတစ်ဦးဖြစ်ခဲ့ပါက၊ သူသည် လူ့ဇာတိ ရှိပြီးလေမည် မဟုတ်ပေ။ သူ လူ့ဇာတိ ရှိသည်ကို သက်သေပြရန်၊ လူ့ဇာတိခံ ဘုရားသခင်သည် ပုံမှန် ဇာတိခန္ဓာတစ်ခုကို ပိုင်ဆိုင်ရန် လိုအပ်သည်။ ဤသည်မှာ လူ့ဇာတိခံယူခြင်း၏အရေးပါမှုကို ပြည့်စုံစေရန် သက်သက် ဖြစ်သည်။ သို့သော် ဤသည်မှာ ပရောဖက်များ၊ လူသားများနှင့် မသက်ဆိုင်ခဲ့ပေ။ ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အသုံးပြုခြင်း ခံခဲ့ရသည့် ဆုကျေးဇူးရှိကြသည့် လူများဖြစ်ခဲ့ကြသည်။ လူ၏အမြင်တွင် ၎င်းတို့၏ လူ့သဘာဝသည် အထူးသဖြင့် ကြီးမြတ်ပြီး ပုံမှန် လူ့သဘာဝထက် ကျော်လွန်သော ဆောင်ရွက်ချက်များစွာကို ၎င်းတို့ ဆောင်ရွက်ခဲ့ကြသည်။ ဤအကြောင်းကြောင့် လူသားသည် ၎င်းတို့အား ဘုရားသခင်အဖြစ် မှတ်ယူခဲ့ကြသည်။ ယင်းသည် အတိတ်ခေတ်ကာလများထဲက လူအားလုံးကို အလွယ်တကူ မရှင်းမလင်း အဖြစ်စေဆုံးသော ပြဿနာဖြစ်သည့်အတွက်၊ ယခု သင်တို့အားလုံး ဤအရာကို ရှင်းလင်းစွာ နားလည်ရမည်ဖြစ်သည်။ ထို့အပြင် လူ့ဇာတိခံယူခြင်းသည် အရာအားလုံးထဲမှ အနက်နဲဆုံးဖြစ်ပြီး၊ လူ့ဇာတိခံ ဘုရားသခင်သည် လူသားအတွက် လက်ခံရန် အခက်အခဲဆုံး ဖြစ်သည်။ ငါပြောသောအရာမှာ သင်တို့၏ အလုပ်တာဝန်ကို ဖြည့်ဆည်းခြင်းနှင့် လူ့ဇာတိခံယူခြင်း၏ နက်နဲမှုကို သင်၏ သိနားလည်ခြင်းအဖို့ အထောက်အကူ ဖြစ်ပေသည်။ ဤသည်မှာ ဘုရားသခင်၏ စီမံခန့်ခွဲမှု၊ ရူပါရုံများနှင့်သာ သက်ဆိုင်သည်။ ဤအရာနှင့်သက်ဆိုင်သည့် သင်တို့၏သိနားလည်ခြင်းသည် ဘုရားသခင်၏ စီမံခန့်ခွဲခြင်းအမှုဖြစ်သည့်၊ ရူပါရုံများနှင့်သက်ဆိုင်သည့် အသိပညာကို ရရှိဖို့ သာ၍ အကျိုးပြုပေလိမ့်မည်။ ဤနည်းဖြင့် သင်တို့သည် မတူညီသော လူအမျိုးအစားများက ထမ်းဆောင်သင့်သော တာဝန်နှင့်သက်ဆိုင်သည့် သိနားလည်မှုများစွာကိုလည်း ရရှိကြလိမ့်မည်ဖြစ်သည်။ ဤစကားများသည် သင်တို့ကို လမ်းခရီးကို တိုက်ရိုက် မပြသော်လည်း၊ သင်တို့၏ လက်ရှိ အသက်တာများသည် ရူပါရုံများ အလွန်ချို့တဲ့နေသကဲ့သို့၊ ဤသည်မှာ သင်တို့၏ ဝင်ရောက်ခြင်းကို ဟန့်တားနေသည့် သိသာထင်ရှားသော အတားအဆီးတစ်ခု ဖြစ်လာလိမ့်မည် ဖြစ်သည့်အတွက်၊ ထိုစကားများသည် သင်တို့၏ဝင်ရောက်ခြင်းအဖို့ များစွာ အကူအညီ ဖြစ်ဆဲဖြစ်သည်။ အကယ်၍ သင်တို့သည် ဤကိစ္စရပ်များကို နားမလည်နိုင်ကြသေးပါက၊ သင်တို့၏ ဝင်ရောက်ခြင်းကို တိုက်တွန်းနေသည့် အရင်းခံအကြောင်းရင်း ရှိလိမ့်မည် မဟုတ်။ ပြီးလျှင် ထိုသို့သော အားထုတ်ခြင်းတစ်ခုသည် သင်တို့၏တာဝန်ကို အဘယ်သို့ သင့်အား အကောင်းဆုံး ဖြည့်ဆည်းနိုင်စေမည်နည်း။

အရှေ့သို့- ဘုရားသခင်နှင့် သူ၏ အမှုကို သိရှိသူတို့သာ ဘုရားသခင်ကို ကျေနပ်စေနိုင်၏

နောက်တစ်ခုသို့- ဘုရားသခင်သည် ဖန်ဆင်းရာအားလုံး၏ သခင်ဖြစ်တော်မူ၏

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။