၉၃၂ ဘုရားသည် ကောင်းကင်၊ မြေကြီးနှင့် အရာအားလုံးကို လူတို့အတွက် ဖန်ဆင်းခဲ့၏ကျူး

၁ ဘုရားသခင်က ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းကို လည်းကောင်း၊ နေထိုင်ရန်အတွက် ပတ်ဝန်းကျင်ကိုလည်းကောင်း ဖန်ဆင်းပေးခဲ့သည်မှာ လူသားမျိုးနွယ်အတွက် ဖြစ်သည်။ အရာခပ်သိမ်း၏ အပြန်အလှန် ခွန်အား ဖြည့်ပေးခြင်း၊ ကျွန်းကိုင်းမှီကိုင်းကျွန်းမှီဖြစ်ခြင်းနှင့် ယှဉ်တွဲ နေထိုင်ခြင်းတို့ပင် ဖြစ်သည်။ ဤနိယာမအောက်တွင် လူသားမျိုးနွယ်၏ တည်ရှိရာပတ်ဝန်းကျင်ကို ကာကွယ် ပေးထားသည်၊ ၎င်းသည် တည်ရှိပြီး ရပ်တည်နိုင်သည်။ ဤအကြောင်းကြောင့် လူသားမျိုးနွယ်က ရှင်သန်ပြီး မျိုးပွား နိုင်ကြသည်။ ဘုရားသခင်က အရာခပ်သိမ်း၏ ရှင်သန်မှုနှင့် တည်ရှိခြင်းကို ကာကွယ်စောင့်ရှောက်ဖို့ ဤသို့သော နိယာမနှင့် စည်းမျဉ်းမျိုးကို အသုံးပြုခြင်းဖြစ်သည်။ ဤနည်းအားဖြင့် သူသည် အရာခပ်သိမ်းနှင့် လူသားမျိုးနွယ်ကို ကူညီထောက်ပံ့ပေးသည်။

၂ ဘုရားသခင်သည် အရာခပ်သိမ်း၏ လည်ပတ်မှုကို အုပ်စိုးသည့် စည်းမျဉ်းများကို အမိန့်ပေးချုပ်ကိုင်သည်။ သူသည် အရာခပ်သိမ်း၏ ဆက်လက်ရှင်သန်နိုင်ရေးကို အုပ်ချုပ်သည့် စည်းမျဉ်းများကို ထိန်းချုပ်သည်။ သူသည် အရာခပ်သိမ်းကို သေကြေပျက်စီး မသွားအောင် သို့မဟုတ် ပျောက်ကွယ်မသွားအောင် ထိန်းချုပ် ထားပြီး၊ အချင်းချင်း အားလည်းဖြည့်ပြီး မှီလည်းမှီခိုစေသည်။ ထိုမှသာ လူသားမျိုးနွယ်သည် ဆက်လက်ရှင်သန်နိုင်မည်။ ထိုမှသာ သူတို့သည် ထိုသို့သော ပတ်ဝန်းကျင်မျိုးတွင် ဘုရားသခင်၏ လမ်းပြမှုအောက်၌ နေထိုင်နိုင်မည်။ ဘုရားသခင်သည် ဤလည်ပတ်မှုစည်းမျဉ်းများ၏ အရှင်သခင်ဖြစ်ပြီး၊ မည်သူတစ်ဦး တစ်ယောက်ကမျှ ၎င်းတို့ကို ကြားဝင်နှောင့်ယှက် မရနိုင်သကဲ့သို့၊ ပြောင်းလဲ၍မရနိုင်ပါ။ ဘုရားသခင် ကိုယ်တိုင်သာလျှင် ဤစည်းမျဉ်းများကို သိနားလည်ပြီး သူကိုယ်တိုင်ကသာ ၎င်းတို့ကို စီမံခန့်ခွဲသည်။

၃ အသက်ရှင်သည့်အရာ၊ အသက်ရှိသည့်အရာ အမျိုးအစားတိုင်းမှာ ဘုရားသခင်၏ အုပ်စိုးခြင်းကို ခံရသည်။ သက်ရှိအရာတစ်ခုစီတိုင်း ဖန်ဆင်းခံခဲ့ရသည့်အချိန်တွင် ဘုရားသခင်က အသက်နှင့် ပြည့်ဝစေခဲ့သည်။ သက်ရှိအရာတိုင်း၏ အသက်သည် ဘုရားသခင်ထံမှလာပြီး ထိုအသက်ကို စီမံညွှန်ကြားသည့် လမ်းစဉ်နှင့် ဥပဒေသများကို လိုက်နာရသည်။ ၎င်းကို လူက ပြောင်းလဲစရာ မလိုသကဲ့သို့ ၎င်းက လူသား၏ အကူအညီလည်း မလိုအပ်ပေ။ ၎င်းမှာ ဘုရားသခင်က အရာခပ်သိမ်းကို ကူညီထောက်ပံ့သည့် နည်းလမ်းများထဲက တစ်ခုဖြစ်သည်။ ဘုရားသခင်က လူသားမျိုးနွယ်၏ နေအိမ်၊ သူတို့ရှင်သန်ရာ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းဖို့နှင့် ကာကွယ်စောင့်ရှောက်ဖို့ သူဖန်ဆင်းခဲ့သည့် အရာများတည်းဟူသော အရာခပ်သိမ်းကို အသုံးပြုခြင်းဖြစ်သည်။ ဤနည်းအားဖြင့် ဘုရားသခင်သည် လူသားမျိုးနွယ်နှင့် အရာခပ်သိမ်းကို ကူညီ ထောက်ပံ့ခြင်းဖြစ်သည်။

“နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၇)” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၉၃၁ အရာအားလုံးကို စီမံရာ၌ ဘုရားသခင်၏ အံ့သြဖွယ်လုပ်ဆောင်ချက်ကျူး

နောက်တစ်ခုသို့- ၉၃၃ ဘုရား၏ဖန်ဆင်းရာများကို လူတို့မြတ်နိုးသင့်၏ကျူး

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၇၄၉ ဘုရားရဲ့ ကောင်းချီးအပေါ်ထားတဲ့ ယောဘရဲ့ သဘောထား

၁ယောဘဟာ သူလက်ထဲပိုင်သမျှသူ့ ကြိုးပမ်းမှုမဟုတ်ဘဲ ဘုရားပေးခဲ့တာကိုယုံခဲ့တယ်။ကောင်းချီးတွေကို အခွင့်ကောင်းယူစရာလို့ မမြင်ဘဲသူ လိုက်နာရမယ့်...

၁၆၅ ဘုရား၏ဆင်းကြွခြင်းကို ဘယ်သူမျှ သတိမပြုမိ

၁လူ့သား၏ဘဝသည် မပြောင်းမလဲ ဆက်လက်ရှိနေ လူသား၏နှလုံးသားလည်း ထိုနည်းအတိုင်းပင် ထုံးစံအတိုင်း နေ့ရက်တို့ ကုန်ဆုံး ဘုရားသည် ကျွန်ုပ်တို့ထဲ၌...

၅၀၁ ဇာတိပကတိအား စွန့်လွှတ်ခြင်း

၁ဆင်းရဲဒုက္ခရင်ဆိုင်ဖို့ လိုအပ်တဲ့ အခြေအနေတစ်ခု ဖြစ်လာ ရင်ထိုအချိန် ဘုရား၏အလိုတော်ကို သိရှိ နားလည်ပါကိုယ့်ကိုယ်ကို ကျေနပ်မနေပါနဲ့၊...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။