၉၄၃ ဘုရား၏စိတ်သဘောထားသည် သက်ညှာပြီး ကြင်နာကာ ဖြောင့်မတ်၍ ဘုန်းအာနုဘော်နှင့် ပြည့်၏ကျူး

၁ သောဒုံမြို့ကို ဖျက်ဆီးဖို့ရန် မီးကို ဘုရားသခင်အသုံးပြုခြင်းသည် လူသားမျိုးနွယ်၊ သို့မဟုတ် အခြားမည်သည့်အရာကိုမဆို လုံးလုံးလျားလျား အမြစ်ဖြတ်သည့် သူ၏အမြန်ဆုံးနည်းလမ်းပင်ဖြစ်သည်။ သောဒုံမြို့သားတို့ကို လောင်ကျွမ်းစေခြင်းက သူတို့၏ရုပ်ခန္ဓာများကိုသာ ဖျက်ဆီးခဲ့ခြင်းမဟုတ်ပေ။ မြို့ထဲရှိ လူတို့သည် ရုပ်လောကနှင့် လူသားတို့မမြင်နိုင်သည့်လောက နှစ်ခုစလုံး၌ မတည်ရှိတော့စေရေးအတွက် သူတို့၏ဝိညာဉ်၊ သူတို့၏စိတ်နှင့် သူတို့၏ကိုယ်ခန္ဓာအလုံးစုံတို့ကို ဖျက်ဆီးခဲ့သည်။ ဤသည်မှာ ဘုရားသခင်က သူ့အမျက်ဒေါသကို ထုတ်ဖော်သည့်နည်းနှင့် ဖော်ပြသည့်နည်းတစ်ခုဖြစ်သည်။ ဤထုတ်ဖော်ခြင်းနှင့် ဖော်ပြခြင်းပုံစံက ဘုရားသခင်၏အမျက်ဒေါသဆိုင်ရာ အနှစ်သာရ၏ ရှုထောင့်တစ်ခုဖြစ်သည်။ ၎င်းသည် ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားဆိုင်ရာ အနှစ်သာရကို ထုတ်ဖော်ခြင်း အလိုအလျောက် ဖြစ်သကဲ့သို့ပင်ဖြစ်သည်။

၂ ဘုရားသခင်က သူ၏အမျက်ဒေါသကို ထုတ်လွှတ်သည့်အခါ သူသည် မည်သည့်သနားကရုဏာ၊ သို့မဟုတ် မည်သည့်စာနာသနားမှုကိုမျှ မထုတ်ဖော်ပြတော့သကဲ့သို့ သူ၏သည်းခံခြင်း၊ သို့တည်းမဟုတ် စိတ်ရှည်ခြင်းတို့ကိုလည်း ထပ်မပြတော့ပေ။ သူ့ကို ဆက်ပြီး စိတ်ရှည်စေဖို့၊ သူ၏သနားကရုဏာကို ထပ်ပေးဖို့၊ သူ၏သည်းခံခြင်းကို နောက်တစ်ကြိမ် ပေးသနားဖို့ ဖျောင်းဖျနိုင်သည့် လူ၊ အရာဝတ္ထု၊ သို့မဟုတ် အကြောင်းပြချက်တို့ မရှိပေ။ ဤအရာများအစား ဘုရားသခင်သည် ခဏလေးမျှ တုံ့ဆိုင်းခြင်းမရှိဘဲ သူဆန္ဒရှိသည့်အတိုင်းပြုလျက် သူ၏အမျက်ဒေါသနှင့် ဘုန်းအာနုဘော်တို့ကို စေလွှတ်လိမ့်မည်။ သူသည် သူ၏ကိုယ်ပိုင်ဆန္ဒနှင့်အညီ လျင်မြန်ပြီး ရှင်းလင်းသည့်ပုံစံနှင့် ဤအရာများကို လုပ်ဆောင်လိမ့်မည်။ ဤသည်မှာ လူသားအနေဖြင့် ထိပါးခြင်း မပြုလုပ်ရသည့် သူ၏အမျက်ဒေါသနှင့် ဘုန်းအာနုဘော်ကို ဘုရားသခင်ထုတ်လွှတ်သည့် နည်းလမ်းဖြစ်သည်။ ထို့ပြင် သူ၏ဖြောင့်မတ်သည့် စိတ်သဘောထားဆိုင်ရာ ရှုထောင့်တစ်ခု၏ ဖော်ပြချက်လည်း ဖြစ်သည်။

၃ ဘုရားသခင်က လူသားအပေါ် ပူပန်ခြင်းနှင့် ချစ်ခြင်းတို့ ပြသည်ကို လူတို့မြင်သောအခါ သူတို့သည် သူ၏အမျက်ဒေါသကို သတိမပြုမိနိုင်ကြ၊ သူ၏ဘုန်းအာနုဘော်ကို မမြင်နိုင်ကြ၊ သို့တည်းမဟုတ် ထိပါးစော်ကားမှုအပေါ် သူ၏သည်းမခံခြင်းကို မခံစားနိုင်ကြပေ။ ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားသည် သနားကရုဏာ၊ သည်းခံခြင်းနှင့် ချစ်ခြင်းမေတ္တာသက်သက်ပင် ဖြစ်သည်ဟု ဤအရာများက လူတို့ကို ယုံကြည်သွားစေခဲ့သည်။ သို့သော်လည်း ဘုရားသခင်က မြို့တစ်မြို့ကို ဖျက်ဆီးခြင်း၊ သို့မဟုတ် လူသားမျိုးနွယ်တစ်စုကို ရွံမုန်းခြင်းကို တစ်ဦးတစ်ယောက်က တွေ့ရသည့်အခါ လူသားကို ဖျက်ဆီးခြင်းထဲရှိ သူ၏အမျက်ဒေါသနှင့် သူ၏ဘုန်းအာနုဘော်တို့က လူတို့အား သူ၏ဖြောင့်မတ်သည့် စိတ်သဘောထား၏ အခြားတစ်ဖက်ကို ရိပ်ခနဲမြင်စေသည်။ ဤသည်မှာ ထိပါးစော်ကားခြင်းကို ဘုရားသခင်၏ သည်းမခံခြင်းဖြစ်သည်။

“နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၂)” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၉၄၂ ဘုရားသခင် သည် ကြွယ်ဝသောကရုဏာနှင့် ကြီးစွာသော အမျက်ဒေါသ ဖြစ်၏

နောက်တစ်ခုသို့- ၉၄၄ ဘုရားသည် သူ၏ဖြောင့်မတ်သော စိတ်သဘောထားဖြင့် လူတို့ကို ဆက်လက်တည်ရှိစေ၏ကျူး

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၃၃၀ သင့်အပေါ် ဘုရားရဲ့မျှော်လင့်ချက် သိပြီလား

၁ အဆုံးမဲ့ဒီကမ္ဘာကြီးထဲ ဘယ်သူ့ကို ဘုရားဆန်းစစ်ခဲ့လဲဝိညာဉ်တော်ဘုရားရဲ့စကားများ ကိုယ်တိုင်ဘယ်သူကြားဖူးလဲများစွာသောလူတို့ အမှောင်ထုထဲကို...

၁၈၃ လူ့ဇာတိခံဘုရားတွင် ထင်ရှားနေသည့် ဘုရား၏ သြဇာအာဏာနှင့် တန်ခိုး

၁ဘုရားသည် နှုတ်ကပတ်တော်ကို ပြည့်စုံစေဖို့ကမ္ဘာပေါ်သို့ကြွလာပြီ နှုတ်ကပတ်တော်သည် လူ့ဇာတိကိုခံသည်သူ၏လူ့ဇာတိအားဖြင့် နှုတ်ကပတ်တော်...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။