၇။ ဘုရားသခင်၏ စိတ်သဘောထားနှင့် သူ၏ အရာအားလုံးနှင့် ဖြစ်ခြင်းတို့နှင့် ပတ်သက်သည့် နှုတ်ကပတ်တော်များ

(၂၅၅) ဘုရားသခင်သည် သူ၏ဖြစ်ခြင်းအတိုင်း သူဖြစ်ပြီး သူ၏ရှိခြင်းအတိုင်း သူရှိပေသည်။ သူဖော်ပြသမျှနှင့် ထုတ်ဖော်သမျှတို့သည် သူ၏အနှစ်သာရနှင့် သူ၏ကိုယ်ပိုင်လက္ခဏာတို့၏ ကိုယ်စားပြုခြင်းများဖြစ်သည်။ သူ၏အရာအားလုံးနှင့် ဖြစ်ခြင်းအပါအဝင် သူ၏အနှစ်သာရနှင့် ကိုယ်ပိုင်လက္ခဏာတို့သည် မည်သည့်လူသားကမျှ အစားထိုး၍မရနိုင်သော အရာများဖြစ်သည်။ သူ၏စိတ်နေသဘောထား၌ လူသားမျိုးနွယ်အတွက် သူ၏ချစ်ခြင်း၊ လူသားမျိုးနွယ်ကို နှစ်သိမ့်ပေးမှု၊ လူသားမျိုးနွယ်အပေါ် မုန်းတီးမှု၊ ထိုမျှမက လူသားမျိုးနွယ်အပေါ် အစုံအစေ့ နားလည်မှုတို့ အကျုံးဝင်သည်။ သို့သော်လည်း လူသား၏ပင်ကိုစရိုက်မှာမူ အကောင်းမြင်ခြင်း၊ ထကြွလုံ့လရှိခြင်း၊ သို့မဟုတ် စာနာစိတ်မရှိခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ ဘုရားသခင်၏ စိတ်နေသဘောထားမှာ သက်ရှိသက်မဲ့ အရာအားလုံးတို့ကို အုပ်စိုးသောသူနှင့် သက်ဆိုင်ပြီး ဖန်ဆင်းခြင်းခပ်သိမ်း၏ သခင်နှင့် သက်ဆိုင်သည်။ သူ၏ စိတ်နေသဘောထားသည် ဂုဏ်ပြုခြင်း၊ တန်ခိုး၊ မြင့်မြတ်ခြင်း၊ ကြီးမြတ်ခြင်းကို ကိုယ်စားပြုပြီး အရေးကြီးဆုံးမှာ သာလွန်ကြီးစိုးခြင်းကို ကိုယ်စားပြုသည်။ သူ၏စိတ်နေသဘောထားသည် သြဇာအာဏာ၏ သင်္ကေတဖြစ်ပြီး ဖြောင့်မတ်သောအရာအားလုံး၏ သင်္ကေတဖြစ်ကာ လှပ၍ ကောင်းမွန်သည့်အရာအားလုံး၏ သင်္ကေတလည်း ဖြစ်ပေသည်။ ထိုထက်မက ထိုစိတ်နေသဘောထားသည် အမှောင်ထုနှင့် မည်သည့် ရန်သူအင်အားကမျှ အနိုင်ယူ၍မရနိုင်သောက၊ သို့မဟုတ် ထိပါး၍ မရနိုင်သော သူ၏ သင်္ကေတဖြစ်ပြီး၊ မည်သည့်ဖန်ဆင်းခံ သတ္တဝါကမျှ ပုန်ကန်ပြစ်မှား၍ မရနိုင်သော (ပုန်ကန်ပြစ်မှားခြင်းကိုလည်း သူသည်းခံမည် မဟုတ်ပေ) သူ၏ သင်္ကေတလည်း ဖြစ်သည်။ သူ၏စိတ်နေသဘောထားသည် အမြင့်ဆုံးသောတန်ခိုး၏ သင်္ကေတဖြစ်၏။ မည်သည့်လူကမျှ၊ သို့မဟုတ် မည်သည့်လူအများကမျှ သူ၏အမှု၊ သို့တည်းမဟုတ် သူ၏စိတ်နေသဘောထားကို မနှောင့်ယှက်နိုင်ပေ၊ သို့မဟုတ် နှောင့်ယှက်ခွင့်ရှိမည်လည်း မဟုတ်ပေ။ သို့သော် လူသား၏ ပင်ကိုစရိုက်မှာမူ သားရဲတိရစ္ဆာန်ထက် လူသားက အနည်းငယ် သာလွန်မှု၏ သင်္ကေတမျှသာဖြစ်သည်။ လူသားသည် သူကိုယ်၌က မည်သည့်သြဇာအာဏာမျှမရှိ၊ မည်သည့်လုပ်ပိုင်ခွင့်မျှမရှိ၊ ထို့ပြင် မိမိကိုယ်ကို ကျော်လွန်နိုင်စွမ်းလည်း မရှိပေ၊ သို့သော်လည်း သူ၏အနှစ်သာရ၌မူ သူသည် လူအမျိုးမျိုး၊ ဖြစ်ရပ်အမျိုးမျိုးနှင့် အခြေအနေအမျိုးမျိုးတို့၏ ပြုသမျှ နုရမည့် ကြောက်ဒူးတုန်နေသူဖြစ်သည်။ ဘုရားသခင်၏ ဝမ်းသာခြင်းသည် ဖြောင့်မတ်ခြင်းနှင့် အလင်းတို့၏ တည်ရှိမှုနှင့် ထွက်ပေါ်လာမှုတို့ကြောင့်ဖြစ်သည်၊ အမှောင်ထုနှင့် ဆိုးယုတ်မှုတို့၏ ပျက်စီးမှုကြောင့်ဖြစ်သည်။ လူသားမျိုးနွယ်အတွက် အလင်းနှင့် ကောင်းမွန်သော အသက်တာကို ယူဆောင်လာပေးခြင်းအပေါ် သူဝမ်းမြောက်သည်၊ သူ၏ဝမ်းသာခြင်းသည် ဖြောင့်မှန်သော ဝမ်းသာခြင်းဖြစ်ပြီး အပြုသဘောဆောင်သော အရာအားလုံးတို့ တည်ရှိမှု၏ သင်္ကေတဖြစ်ကာ ထိုမျှမက မင်္ဂလာရှိခြင်း၏ သင်္ကေတလည်းဖြစ်၏။ ဘုရားသခင်၏ ဒေါသမှာ မတရားမှု၏ တည်ရှိခြင်းနှင့် နှောင့်ယှက်ခြင်းတို့က လူသားမျိုးနွယ်အပေါ် သင့်ရောက်စေသော အန္တရာယ်ကြောင့် ဖြစ်သည်၊ ဆိုးယုတ်မှုနှင့် အမှောင်ထုတို့၏ တည်ရှိမှုကြောင့်ဖြစ်သည်၊ သမ္မာတရားကို နှင်ထုတ်သော အမှုအရာများ၏ တည်ရှိမှုကြောင့်ဖြစ်သည်၊ ထိုမျှမက ကောင်းမွန်ပြီး လှပသောအရာများကို ဆန့်ကျင်သည့် အမှုအရာများ၏ တည်ရှိမှုကြောင့်ဖြစ်သည်။ သူ၏ဒေါသသည် အပျက်သဘောဆောင်သော အရာများအားလုံး မတည်ရှိတော့ခြင်း၏ သင်္ကေတဖြစ်ပြီး ထိုထက်ပို၍ သူ့သန့်ရှင်းခြင်း၏ သင်္ကေတပင်ဖြစ်သည်။ သူ၏ဝမ်းနည်းမှုမှာ မျှော်လင့်ချက်များ သူထားခဲ့သော်ငြားလည်း အမှောင်ထုထဲသို့ ကျဆင်းသွားသော လူသားမျိုးနွယ်ကြောင့်ဖြစ်ပြီး လူသားအပေါ် သူပြုသောအမှုမှာ သူ၏မျှော်မှန်းချက်များအတိုင်း ဖြစ်မလာ သောကြောင့်ဖြစ်ကာ သူချစ်သော လူသားမျိုးနွယ်မှာ အလင်းထဲတွင် အားလုံးမနေနိုင်ကြသောကြောင့်ဖြစ်သည်။ အပြစ်ကင်းမဲ့သော လူသားမျိုးနွယ်အတွက်၊ ရိုးသားသော်လည်း ပညာမဲ့သော လူသားအတွက်၊ ထို့ပြင် လူကောင်းဖြစ်သော်လည်း မိမိကိုယ်ပိုင်အမြင်များ ကင်းမဲ့နေသော လူသားအတွက် သူဝမ်းနည်းရသည်။ သူ၏ဝမ်းနည်းမှုမှာ သူ၏ကောင်းမြတ်ခြင်းနှင့် သူ့ကရုဏာတို့၏ သင်္ကေတဖြစ်ပြီး လှပခြင်းနှင့် ကြင်နာခြင်းတို့၏ သင်္ကေတဖြစ်သည်။ သူ၏ပျော်ရွှင်မှုသည် သူ၏ရန်သူများကို အနိုင်ရခြင်းနှင့် လူသား၏ စိတ်ရင်းကောင်းကို ရရှိခြင်းတို့မှ လာသည်မှာ မှန်ပေ၏။ ထိုမျှမက ထိုပျော်ရွှင်မှုသည် ရန်သူ့အင်အား အားလုံးတို့၏ နှင်ထုတ်ခံရခြင်းနှင့် ပျက်စီးခြင်းတို့မှ ပေါ်ပေါက်လာပြီး ကောင်းမွန်ပြီး ငြိမ်းအေးသော အသက်တာကို လူသားမျိုးနွယ်တို့ ရရှိခြင်းကြောင့် ပေါ်ပေါက်လာသည်။ ဘုရားသခင်၏ ပျော်ရွှင်မှုသည် လူသား၏ ဝမ်းသာမှုနှင့် မတူပေ၊ စင်စစ်အားဖြင့် ထိုပျော်ရွှင်မှုသည် အသီးအပွင့်ကောင်းများကို စုဆောင်းရခြင်း၏ ခံစားချက်ဖြစ်ပြီး ဝမ်းသာမှုထက် ပို၍ကြီးမားသော စိတ်ခံစားချက် ဖြစ်သည်။ သူ၏ပျော်ရွှင်မှုသည် ဤအချိန်မှစ၍ ရှေ့လျှောက်တွင် လူသားမျိုးနွယ်တို့ ဆင်းရဲဒုက္ခမှ လွတ်မြောက်ခြင်း၏ သင်္ကေတဖြစ်ပြီး အလင်းလောကသို့ လူသားမျိုးနွယ်ဝင်ရောက်ခြင်း၏ သင်္ကေတလည်း ဖြစ်၏။ သို့သော်ငြားလည်း လူသားမျိုးနွယ်၏ စိတ်ခံစားမှုများမှာမူ သူ၏ကိုယ်ပိုင်အကျိုးအလို့ငှာသာ ထွက်ပေါ်လာခြင်းဖြစ်ပြီး ဖြောင့်မြတ်ခြင်း၊ အလင်း၊ သို့မဟုတ် လှပသောအရာအလို့ငှာ ထွက်ပေါ်လာခြင်း မဟုတ်သကဲ့သို့ ယုတ်စွအဆုံး ကောင်းကင်ဘုံက ချပေးသနားသော ကျေးဇူးတော်အလို့ငှာ ထွက်ပေါ်လာခြင်းလည်း မဟုတ်ပေ။ လူသားမျိုးနွယ်၏ စိတ်ခံစားမှုများမှာ တစ်ကိုယ်ကောင်းဆန်ပြီး အမှောင်လောကနှင့် သက်ဆိုင်သည်။ ၎င်းတို့သည် ဘုရားသခင်၏ အစီအစဉ်အလို့ငှာ တည်ရှိဖို့ဝေးစွ၊ ဘုရားသခင်၏ အလိုတော်အတွက်ပင် မတည်ရှိပေ၊ ထို့ကြောင့် လူသားနှင့် ဘုရားသခင်ကို တစ်ချိန်တည်းတွင် အတူပြော၍ မရနိုင်ချေ။ ဘုရားသခင်သည် အစဉ်အမြဲ အထွတ်အထိပ်ဖြစ်၍ အမြဲဂုဏ်သရေရှိသည်၊ လူသားမှာမူ အစဉ်အမြဲ ယုတ်ညံ့၍ အစဉ်အမြဲ သုံးမရပေ။ ဤသို့ဖြစ်ရခြင်းမှာ ဘုရားသခင်သည် လူသားမျိုးနွယ်အတွက် စွန့်လွှတ်မှုများ အမြဲပြုပေးကာ သူ့ကိုယ်သူ ပေးအပ်မြှုပ်နှံထားသောကြောင့် ဖြစ်သည်၊ သို့သော်လည်း လူသားမှာမူ အစဉ်အမြဲ မိမိအတွက်သာလျှင် ရယူပြီး ကြိုးပမ်းလေ၏။ ဘုရားသခင်သည် လူသားမျိုးနွယ်၏ ရှင်သန်ရေးအတွက် အစဉ်အမြဲ အပတ်တကုတ် ကြိုးပမ်းနေသော်လည်း လူသားကမူ အလင်းအတွက်၊ သို့မဟုတ် ဖြောင့်မတ်ခြင်းအတွက် မည်သည့်အရာကိုမျှ လုံးဝမထောက်ကူပေးပေ။ လူသားအနေဖြင့် တစ်ခဏတာမျှ လုံ့လစိုက်ထုတ်လျှင်ပင် ထိုးနှက်ချက် တစ်ခုကိုမျှပင် ခံနိုင်မည်မဟုတ်ပေ၊ အကြောင်းမှာ လူသား၏လုံ့လသည် သူ့ကိုယ်ပိုင်အကျိုးအတွက်သာ အစဉ်အမြဲ ဖြစ်နေပြီး အခြားသူများအတွက် မဟုတ်သောကြောင့်ပင် ဖြစ်သည်။ လူသားသည် အစဉ်အမြဲ တစ်ကိုယ်ကောင်းဆန်၏၊ ဘုရားသခင်ကမူ အစဉ်အမြဲ ကိုယ်ကျိုးမငဲ့ပေ။ ဘုရားသခင်သည် တရားမျှတသောအရာ၊ ကောင်းသောအရာနှင့် လှပသောအရာအားလုံး၏ အရင်းအမြစ်ဖြစ်ပြီး လူသားမှာမူ အကျည်းတန်ပြီး ဆိုးယုတ်သော အရာအားလုံးကို ဆက်ခံကာ ထင်ရှားအောင် ပြုလုပ်သူဖြစ်၏။ ဘုရားသခင်သည် သူ၏ဖြောင့်မတ်ပြီး လှပသည့် အနှစ်သာရကို မည်သည့်အခါမျှ ပြောင်းလဲမည် မဟုတ်ပေ၊ သို့သော် လူသားကမူ အချိန်မရွေး၊ အခြေအနေမရွေး၌ ဖြောင့်မတ်ခြင်းကို သစ္စာဖောက်ကာ ဘုရားသခင်ထံမှ လမ်းလွဲသွားကြရန် ကောင်းကောင်းတတ်နိုင်၏။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ စိတ်နေသဘောထားကို နားလည်ရန်မှာ အလွန်အရေးကြီးပေ၏

(၂၅၆) ငါသည် ဖြောင့်မတ်သည်၊ ငါသည် ယုံကြည်စိတ်ချရပြီး၊ လူသား၏ အတွင်းကျကျ စိတ်နှလုံးကို စစ်ဆေးသော ဘုရားသခင် ဖြစ်၏။ မည်သူ စစ်မှန်ပြီး မည်သူ မှားယွင်းသည်ကို ငါသည် မဆိုင်းမတွ ထုတ်ဖော်မည်။ အထိတ်တလန့် မဖြစ်လေနှင့်။ အရာအားလုံးသည် ငါ၏အချိန်အတိုင်း အလုပ်လုပ်၏။ မည်သူက ငါ့အား စစ်မှန်ရိုးသားစွာ လိုချင်ပြီး မည်သူက ငါ့အား စစ်မှန်ရိုးသားစွာ မလိုချင်သည်ကို ငါသည် သင်တို့အား တစ်ယောက်ပြီး တစ်ယောက် ပြောပြမည်။ သင်တို့အနေဖြင့် ငါ၏ မျက်မှောက်သို့ လာကြသည့်အခါ စားဖို့၊ သောက်ဖို့နှင့် ငါ့ထံ တိုးဝင်ချဉ်းကပ်ဖို့သာ ဂရုစိုက်လော့၊ ပြီးလျှင် ငါ၏အလုပ်ကို ငါကိုယ်တိုင်လုပ်မည်။ မြန်ဆန်သော ရလဒ်များအတွက် အလွန် စိုးရိမ်ကြောင့်ကြခြင်း မရှိလေနှင့်။ ငါ၏အလုပ်သည် အားလုံး ချက်ချင်း ပြီးမြောက်နိုင်သည့် အရာတစ်ခု မဟုတ်ပေ။ ထိုအထဲ၌ ငါ၏ခြေလှမ်းများနှင့် ငါ၏ဉာဏ်ပညာတို့ ရှိပြီး ယင်းမှာ ငါ၏ဉာဏ်ပညာကို ထုတ်ဖော်ပြနိုင်ရသည့် အကြောင်းရင်း ဖြစ်သည်။ ဆိုးသောသူကို အပြစ်ပေးခြင်းနှင့် ကောင်းသောသူကို ဆုလာဘ်ချီးမြှင့်ခြင်း ဖြစ်သည့် ငါ၏လက်များဖြင့် မည်သည့်အရာ လုပ်ဆောင်ထားသည်ကို သင်တို့အား ငါမြင်ခွင့်ပေးမည်။ ငါသည် မည်သူကိုမျှ ဘက်မလိုက်သည်မှာ အသေချာဆုံး ဖြစ်သည်။ ငါ့ကို ရိုးသားစစ်မှန်စွာ ချစ်သော အသင်၊ ငါသည် သင့်ကို ရိုးသားစစ်မှန်စွာ ချစ်မည်ဖြစ်ပြီး၊ ငါ့အား ရိုးသားစစ်မှန်စွာ မချစ်သော သူတို့အတွက်မူ ငါသည် စစ်မှန်သော ဘုရားသခင်၊ လူသား၏ အတွင်းကျကျ စိတ်နှလုံးကို ဆန်းစစ်သော ဘုရားသခင်ဖြစ်သည်ကို ၎င်းတို့ ထာဝရတစ်လျှောက် အမှတ်ရနိုင်ဖို့အလို့ငှာ ငါ၏ အမျက်ဒေါသသည် ၎င်းတို့နှင့်အတူ အမြဲရှိလိမ့်မည်။ အခြားသူများ၏ရှေ့တွင် တစ်မျိုး၊ ၎င်းတို့၏ နောက်ကွယ်၌ တစ်ဖုံ မပြုမူလေနှင့်။ ငါသည် သင်ပြုသမျှ အရာအားလုံးကို ရှင်းလင်းစွာမြင်ပြီး၊ သင်သည် အခြားသူများအား အရူးလုပ်ကောင်း လုပ်နိုင်လိမ့်မည် ဖြစ်သော်လည်း၊ ငါ့အား အရူး လုပ်၍မရနိုင်။ ငါသည် အားလုံးကို ရှင်းလင်းစွာ မြင်၏။ မည်သည့်အရာကိုမျှ ဖုံးကွယ်ရန် သင့်အတွက် မဖြစ်နိုင်။ အရာအားလုံး ငါ့ လက်တွင် ရှိ၏။ သင်၏ အရေးမပါသော သေးငယ်သည့် တွက်ချက်မှုများ ပြုလုပ်ခြင်းက သင့်အတွက် အကျိုးအမြတ် ဖြစ်ပေါ်စေခြင်းကြောင့် သင့်ကိုယ်သင် အလွန်တရာ လိမ္မာပါးနပ်သည်ဟု မထင်လေနှင့်။ ငါ သင့်ကို ပြောသည်- လူသားသည် အစီအစဉ်များစွာ၊ ထောင်ချီ သို့မဟုတ် သောင်းချီဖြစ်စေ၊ လျှို့ဝှက်ကြံစည်ကောင်း ကြံစည်နိုင် သော်လည်း၊ နောက်ဆုံး၌ ၎င်းတို့သည် ငါ၏လက်ဖဝါးမှ မလွတ်မြောက်နိုင်ပေ။ လူတစ်ဦးတစ်ယောက် မဆိုထားနှင့်၊ အရာခပ်သိမ်းနှင့် အရာဝတ္ထု အားလုံးသည် ငါ့လက်များ၏ ထိန်းချုပ်ခြင်းခံရကြ၏။ ငါ့အား ရှောင်ပြေးရန် သို့မဟုတ် ပုန်းကွယ်ရန် မကြိုးစားနှင့်၊ မြှောက်ထိုးပင့်ကော်လုပ်ရန် သို့မဟုတ် ဖုံးကွယ်ရန် မကြိုးစားလေနှင့်။ ငါ၏ဘုန်းအသရေ ရှိသော မျက်နှာထား၊ ငါ၏အမျက်ဒေါသနှင့် ငါ၏ တရားစီရင်ခြင်းတို့သည် လူသိရှင်ကြား ထုတ်ဖော်ပြီးဖြစ်သည်ကို သင် မမြင်သေးသည်မှာ ဖြစ်နိုင်သလော။ ငါ့အား ရိုးသားစစ်မှန်စွာ အလိုမရှိသောသူ မည်သူမဆို၊ ငါသည် ၎င်းတို့ကို သနားညှာတာခြင်း မရှိဘဲ ချက်ချင်း တရားစီရင်မည်။ ငါ၏သနားခြင်းကရုဏာသည် အဆုံးသတ်ပြီဖြစ်၏။ ဘာမျှ မကျန်ကြွင်းတော့ပေ။ သူတော်ကောင်းယောင်ဆောင်သောသူ မဖြစ်တော့ဘဲ၊ သင်၏ အထိန်းအကွပ်မဲ့ပြီး အဆင်အခြင်မဲ့သော နည်းလမ်းများကို ရပ်တန့်လော့။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၄၄)

(၂၅၇) ငါသည် အစဖြစ်ပြီး၊ ငါသည် အဆုံးလည်း ဖြစ်၏။ ငါသည် ရှင်ပြန်ထမြောက်သူ ဖြစ်၍ တစ်ဆူတည်းသော စုံလင်ကာ စစ်မှန်သည့် ဘုရားသခင် ဖြစ်သည်။ ငါသည် ငါ၏နှုတ်ကပတ်တော်တို့ကို သင်တို့ရှေ့၌ မိန့်ဆိုပြီး၊ သင်တို့သည် ငါပြောသည့်အရာကို ပြတ်သားစွာ ယုံကြည်ရမည်။ ကောင်းကင်နှင့်မြေကြီး မတည်သော်လည်း၊ ငါဆိုသော စာလုံးတစ်လုံး သို့မဟုတ် ကလောင်တံတစ်ချက်မျှ မည်သည့်အခါမျှ မတည်ဘဲရှိမည် မဟုတ်။ ဤသည်ကို သတိရကြလော့။ ယင်းကို သတိရကြလော့။ ငါသည် ယင်းကို တစ်ခါ မိန့်မြွက်ပြီးပါက၊ စကားလုံး တစ်လုံးကိုမျှ ပြန်လည် ရုပ်သိမ်းမည် မဟုတ်သည့်အပြင်၊ စကားလုံး တစ်လုံးစီတိုင်းကို ပြည့်စုံစေလိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၅၃)

(၂၅၈) စကြာဝဠာနှင့် အရာခပ်သိမ်းတို့သည် ငါ၏လက်များအထဲတွင် ရှိကြသည်။ ငါသည် မြွက်တော်မူလျှင် ထိုအတိုင်းဖြစ်သည်။ ငါချမှတ်ဆုံးဖြတ်လျှင်၊ ထိုအတိုင်းဖြစ်လိမ့်မည်။ စာတန်သည် ငါ၏ခြေအောက်တွင်ရှိသည်- ၎င်းသည် အနက်ဆုံးသောတွင်း အထဲ၌ရှိသည်။ ငါ၏အသံတော် ထွက်သောအခါ၊ ကောင်းကင်နှင့်မြေကြီးသည် တည်ရှိတော့မည် မဟုတ်ဘဲ၊ မည်သည့်အရာမျှ ရှိတော့မည် မဟုတ်ပေ။ အရာခပ်သိမ်းတို့သည် အသစ်ပြုခြင်းကို ခံရကြလိမ့်မည်၊ ၎င်းသည် အကြွင်းမဲ့ မှန်ကန်သော ပြောင်းလဲ၍မရနိုင်သည့် သမ္မာတရား တစ်ခုဖြစ်သည်။ ငါသည် လောကအပြင် ဆိုးယုတ်သောသူများကို အောင်နိုင်ပြီးဖြစ်သည်။ ငါသည် ဤနေရာတွင် ထိုင်တော်မူကာ သင်တို့အား မိန့်မြွက်တော်မူသည်၊ ထို့ကြောင့် နားရှိသောသူအားလုံး ကြားသင့်ပြီး၊ အသက်ရှင်နေသောသူ အားလုံး လက်ခံသင့်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၁၅)

(၂၅၉) ငါသည် ငါပြောသောအရာအပေါ် ခိုင်ခိုင်မာမာရပ်တည်ပြီး၊ ငါ ခိုင်ခိုင်မာမာ ရပ်တည်သောအရာကို ငါ အမြဲစုံလင်စေကာ၊ ဤအရာကို မည်သူမျှ မပြောင်းလဲနိုင်ပေ- ယင်းမှာ အကြွင်းမဲ့ ဖြစ်သည်။ အတိတ်က ငါပြောဆိုပြီးသည့် နှုတ်ကပတ်တော်များဖြစ်စေ၊ အနာဂတ်တွင် ငါပြောဆိုမည့် နှုတ်ကပတ်တော်များ ဖြစ်စေ ၎င်းတို့အားလုံးကို တစ်ခုပြီးတစ်ခု ငါ တကယ်ဖြစ်လာစေမည်ဖြစ်ပြီး ၎င်းတို့အားလုံး တကယ်ဖြစ်လာသည်ကို လူသားမျိုးနွယ်အားလုံးကို မြင်ခွင့်ပေးမည်။ ဤသည်မှာ ငါ၏ နှုတ်ကပတ်တော်များနှင့် ငါ၏ အမှုနောက်ကွယ်က အခြေခံသဘောတရား ဖြစ်သည်။...စကြဝဠာတွင် ဖြစ်ပေါ်သော အရာရာတိုင်းတွင်၊ ငါ အဆုံးအဖြတ်မပေးသောအရာ တစ်ခုမျှ မရှိချေ။ ငါ့လက်ထဲတွင်မရှိသည့်အရာ တစ်စုံတစ်ရာ ရှိသလော။ ငါပြောသည့်အရာအတိုင်းသည် ဆောင်ရွက်ပြီးကြပြီး၊ လူသားများထဲမှ မည်သူသည် ငါ၏ စိတ်ကို ပြောင်းလဲစေနိုင်သနည်း။ ယင်းသည် ကမ္ဘာမြေပေါ် ငါ ပြုသောပဋိညာဉ် ဖြစ်နိုင်မည်လော။ မည်သည့်အရာမျှ ငါ၏ အစီအစဉ်ကို ရှေ့ဆက်သွားရာမှ မတားဆီးနိုင်ပေ။ ငါသည် ငါ၏အမှုအပြင် ငါ၏ စီမံခန့်ခွဲမှုအစီအစဉ်တွင် အစဉ် ပါရှိ၏။ လူသားများထဲမှ မည်သူသည် ဝင်စွက်ဖက်နိုင်သနည်း။ ဤအစီအစဉ်များကို ကိုယ်တိုင်ကိုယ်ကျ ပြုလုပ်ခဲ့သူမှာ ငါ ဖြစ်သည် မဟုတ်လော။ ယနေ့ ဤနယ်ပယ်ထဲသို့ ဝင်ရောက်ခြင်းသည် ငါ၏ အစီအစဉ် သို့မဟုတ် ငါ ကြိုမြင်ပြီးဖြစ်သည့်အရာ၏ အပြင်သို့ မသွေဖည်ပေ။ ထိုအရာအားလုံးကို ငါသည် ကာလကြာမြင့်စွာက ချမှတ်ထားခဲ့ပေသည်။ သင်တို့ထဲမှ မည်သူသည် ငါ၏ အစီအစဉ်၏ ဤအဆင့်ကို နားလည်သဘောပေါက်နိုင်သနည်း။ ငါ၏ လူတို့သည် ငါ၏ အသံကို သေချာစွာ နားထောင်ကြလိမ့်မည်ဖြစ်ပြီး၊ ငါ့ကို စစ်မှန်ရိုးသားစွာ ချစ်ကြသူများထဲမှ အယောက်တိုင်းသည် ငါ၏ ပလ္လင်ရှေ့သို့ အသေအချာ ပြန်လာကြလိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၁)

(၂၆၀) ငါ့အတွက် ရိုးသားစစ်မှန်စွာ အသုံးခံကြပြီး မိမိတို့ကိုယ်ကိုယ် ငါ့အဖို့ ဆက်ကပ်အပ်နှံသူ အားလုံးကို ငါ ချစ်၏။ ငါ့ထံမှ မွေးဖွားသော်လည်း၊ ငါ့ကို မသိဘဲ အာခံခြင်းပင် ပြုသောသူအားလုံးကို ငါ မုန်း၏။ ငါ့အတွက် ရိုးသားစစ်မှန်သောသူ မည်သူကိုမဆို ငါ စွန့်လိမ့်မည်မဟုတ်။ ယင်းထက်၊ ထိုလူ၏ ကောင်းကြီးမင်္ဂလာများကို ငါ နှစ်ဆဖြစ်စေမည်။ ကျေးဇူးကန်းပြီး ငါ၏ ကြင်နာမှုကို စော်ကားသူများကို ငါသည် နှစ်ဆ ပြစ်ဒဏ်ပေးမည်ဖြစ်ပြီး ၎င်းတို့ကို သက်ညှာမည် မဟုတ်။ ငါ၏ နိုင်ငံတော်တွင် ကောက်ကျစ်ခြင်း သို့မဟုတ် လှည့်စားခြင်း မရှိသကဲ့သို့ လောကီဆန်ခြင်းမရှိ။ ယင်းမှာ လူသေအနံ့မရှိဟု ဆိုလိုသည်။ ယင်းထက်၊ အားလုံးသည် ရိုးသားခြင်းနှင့် ဖြောင့်မတ်ခြင်းတို့ ရှိလေသည်။ မည်သည့်အရာမျှ ကွယ်ဝှက်ခြင်း သို့မဟုတ် ဖုံးကွယ်ခြင်း မရှိဘဲနှင့် အရာအားလုံး ဖြူစင်ခြင်းနှင့် ပွင့်လင်းခြင်း ရှိလေသည်။ အရာရာသည် လတ်ဆတ်၏၊ အရာရာမှာ ပျော်မွေ့စရာဖြစ်ပြီး၊ အရာရာသည် တည်ဆောက်စရာ ဖြစ်လေသည်။ လူသေ အနံ့ထွက်နေသေးသူ မည်သူမဆိုသည် ငါ၏ နိုင်ငံတော်ထဲတွင် မကျန်ရှိနိုင်သကဲ့သို့၊ ယင်းအစား ငါ၏ သံမဏိတောင်ဝှေးဖြင့် အုပ်စိုးခြင်း ခံရမည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၇၀)

(၂၆၁) ငါသည် အလုံးစုံ ကျွမ်းလောင်သောမီးဖြစ်ကာ ပုန်ကန်ပြစ်မှားမှုကို သည်းမခံပေ။ လူသားအားလုံးကို ငါ ဖန်ဆင်း ထားသောကြောင့်၊ ငါမည်သည့်အရာကို ပြောဆိုလုပ်ဆောင်သည်ဖြစ်စေ၊ ၎င်းတို့ နာခံကြရမည် ဖြစ်ကာ မပုန်ကန်ရပေ။ လူတို့သည် ငါ၏ အမှု၌ ၎င်းတို့ ဝင်စွက်ဖက်ပိုင်ခွင့်မရှိပေ၊ ထို့အပြင် ငါ၏အမှုနှင့် ငါ၏ စကားများ၌ မည်သည့်အရာ မှန်သည်၊ မှားသည်ကို စိစစ်ရန် သာ၍ပင် အရည်အချင်းမမီပေ။ ငါသည် ဖန်ဆင်းခြင်း၏ အရှင်သခင်ဖြစ်ပြီး အဖန်ဆင်းခံ သတ္တဝါများအနေဖြင့် ငါ့အား ကြောက်ရွံ့သော စိတ်နှလုံးဖြင့် ငါသတ်မှတ်ထားသော အရာတိုင်းကို ရရှိသင့်ကြ၏။ ၎င်းတို့သည် ငါနှင့်အတူ အကျိုးသင့် အကြောင်းသင့်ပြောဖို့ မကြိုးစားသင့်သကဲ့သို့ အထူးသဖြင့် ငါ့ကို မခုခံသင့်ပေ။ ငါသည် ငါ၏ဩဇာအာဏာဖြင့် ငါ၏လူတို့ကို အုပ်စိုးပြီး ငါ၏ဖန်ဆင်းခြင်းနှင့် သက်ဆိုင်သော သူအားလုံးသည် ငါ၏ သြဇာအာဏာကို ကျိုးနွံနာခံသင့်ကြ၏။ ယနေ့ ငါ၏ရှေ့တွင် သင်တို့သည် ရဲရင့်ကြပြီး မိမိကိုယ်ကိုယ် ယုံကြည်မှု လွန်ကဲကြသော်လည်း၊ သင်တို့ကို ငါသင်ပေးသော နှုတ်ကပတ်တော်များကို သင်တို့ မနာခံကြသကဲ့သို့ ကြောက်ရွံ့မှုမရှိကြသော်လည်း၊ ငါသည် သင်တို့၏ ပုန်ကန်မှုကို သည်းခံခြင်းဖြင့်သာ ရင်ဆိုင်၏။ အလွန်သေးငယ်၍ အရေးမပါသော လောက်တို့သည် နောက်ချေးပုံထဲ၌ အညစ်အကြေးကို မွှေနှောက်ကြသောကြောင့် ငါသည် အမျက်ဒေါသထွက်မည် မဟုတ်သကဲ့သို့ ငါ၏အလုပ်အပေါ် သက်ရောက်စေမည် မဟုတ်ပေ။ ခမည်းတော်၏ အလိုတော်အဖို့အလို့ငှာ ငါမနှစ်မြို့သော အရာတိုင်းနှင့် ငါစက်ဆုပ်သောအရာအားလုံး၏ ဆက်လက် တည်ရှိခြင်းကို ငါသည်းခံပြီး၊ ငါ၏ မိန့်မြွက်ချက်များ ပြည့်စုံသည်အထိ၊ ငါ၏ နောက်ဆုံး အခိုက်အတန့်အထိ ငါထိုသို့ လုပ်ဆောင်မည်ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ရွက်ကြွေများ ၎င်းတို့အမြစ်များဆီ ပြန်သွားကြချိန် ပြုပြီးသမျှ မကောင်းမှုအားလုံးကို သင်နောင်တရလတ္တံ့

(၂၆၂) သင်သည် ငါ့ကို အစေခံရန် စိတ်ပိုင်းဖြတ်နှင့်ပြီး ဖြစ်သည့်အတွက်၊ ငါသည် သင့်ကို အလွတ်ပေးမည် မဟုတ်။ ငါသည် အပြစ်ရှိသည်ဟု ယုံလွယ်သော ဘုရားသခင်ဖြစ်ပြီး လူသားမျိုးနွယ်ကို အပြစ်ရှိသည်ဟု ယုံလွယ်သော ဘုရားသခင် ဖြစ်၏။ သင်သည် သင်၏ စကားများကို ယဇ်ပလ္လင်ထက် ထားရှိနှင့်ပြီးဖြစ်သည့်အတွက်၊ ငါ၏ ပကတိ မျက်စိရှေ့မှ သင် ထွက်ပြေးသည်ကို ငါ သည်းခံမည် မဟုတ်သကဲ့သို့၊ သခင်နှစ်ဦးအား သင်အစေခံနေသည်ကို ငါ သည်းခံမည် မဟုတ်။ ငါ၏ ယဇ်ပလ္လင်ထက်နှင့် ငါ၏ မျက်စိရှေ့တွင် သင်၏ စကားများကို ထားရှိပြီးနောက်၊ သင် ဒုတိယအချစ် ရှိနိုင်မည်ဟု သင် ထင်ခဲ့လေသလော။ ငါသည် လူတို့ကို ထိုပုံစံဖြင့် ငါ့ကို အရူးလုပ်ရန် အဘယ်သို့ အခွင့်ပေးနိုင်မည်နည်း။ သင်သည် ငါ့အား အဓိဌာန်များနှင့် သစ္စာများကို သာမန်ကာလျှံကာ ပြုနိုင်မည်ဟု ထင်ခဲ့သလော။ အမြင့်ဆုံးသော ဘုရားသခင်၊ ငါ၏ပလ္လင်ဖြင့် သင်သည် သစ္စာများကို အဘယ်သို့ ကျိန်ဆိုနိုင် မည်နည်း။ သင်၏ သစ္စာများသည် ဆိတ်သုဉ်းနှင့်ပြီဟု သင် ထင်ခဲ့သလော။ သင်တို့ကို ငါ ပြောမည်- သင်တို့၏ ဇာတိခန္ဓာ ဆိတ်သုဉ်းသွားသော်လည်း၊ သင်တို့၏ သစ္စာများ မဆိတ်သုဉ်းနိုင်။ နောက်ဆုံးတွင် ငါသည် သင်တို့၏ သစ္စာများအပေါ် အခြေခံကာ သင်တို့ကို စီရင်မည်ဖြစ်သည်။ သို့ရာတွင် သင်တို့၏စကားများကို ငါ့ရှေ့တွင် ထားရှိလျက် ငါ့ကို ကိုင်တွယ်ဖြေရှင်းနိုင်ပြီး၊ သင်တို့၏ စိတ်နှလုံးများက ညစ်ညူးသော ဝိညာဉ်များနှင့် နတ်ဆိုးများကို အစေခံနိုင်သည်ဟု သင်တို့ ယုံကြည်ကြသည်။ ငါ၏ အမျက်ဒေါသသည် ငါ့ကို လိမ်လည်လှည့်ဖြားသော ခွေးတူ၊ ဝက်တူ လူများကို အဘယ်သို့ သည်းခံနိုင်မည်နည်း။ ငါ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို ငါဆောင်ရွက်ရမည်ဖြစ်ပြီး၊ ငါ့အား စည်းစနစ်ကျသော ပုံစံဖြင့် “လိုလေသေးမရှိ ပြုစု” နိုင်ကြဖို့၊ ငါ၏နွားထီးများ၊ ငါ၏မြင်းများဖြစ်ကာ ငါ၏ သတ်ဖြတ်ခြင်းမှ ချမ်းသာရာရရှိကြဖို့အလို့ငှာ၊ ငါ၌ ယုံကြည်ခြင်းရှိသော ကိန်းကြီးခန်းကြီးနိုင်သော၊ “ဘာသာတရားကိုင်းရှိုင်းသော” သူများအားလုံးကို ညစ်ညူးသော ဝိညာဉ်များ၏ လက်ထဲမှ ငါ ပြန်ဆွဲလုရမည်။ ငါသည် သင့်အား သင်၏ ယခင်က စိတ်ပိုင်းဖြတ်ချက်ကို ကောက်ယူပြီး ငါ့အား နောက်တစ်ဖန် ပြန်အစေခံစေမည်။ ငါ့ကို လိမ်လည်လှည့်ဖြားသော မည်သည့် ဖန်ဆင်းခြင်းကိုမျှ ငါ သည်းခံမည် မဟုတ်။ သင်သည် ငါ၏ ရှေ့တွင် လက်လွတ်စပယ် တောင်းဆိုမှုများသာ ပြုပြီး လိမ်ညာနိုင်မည်ဟု သင် ထင်ခဲ့သလော။ ငါသည် သင်၏စကားများနှင့် လုပ်ဆောင်ချက်များကို မကြား သို့မဟုတ် မမြင်ခဲ့ဟု သင် ထင်ခဲ့သလော။ သင်၏ စကားများနှင့် လုပ်ဆောင်ချက်များသည် ငါ၏ မြင်ကွင်းတွင် အဘယ်သို့ မရှိနိုင်မည်နည်း။ ငါသည် လူတို့ကို ထိုသို့ ငါ့ကို လှည့်ဖြားရန် အဘယ်သို့ အခွင့်ပေးနိုင်မည်နည်း။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်တို့အားလုံးသည် အကျင့်စရိုက် အလွန် ယုတ်ညံ့ကြသည်တကား

(၂၆၃) ငါသည် အတုမရှိ ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်သည့်အပြင်၊ ငါသည် တစ်ဆူတည်းသော ဘုရားသခင်၏ ဇာတိအဖြစ်တော်လည်း ဖြစ်သည်။ ထို့ထက်ပင်ပို၍၊ ဇာတိပကတိ အလုံးစုံဖြစ်သော ငါသည် ဘုရားသခင်၏ စုံလင်သော သရုပ်သကန်ဖြစ်သည်။ ငါ့ကို မကြည်ညိုဘဲ နေဝံ့သူ၊ မိမိတို့၏ မျက်စိများတွင် ခုခံမှုကို ဖော်ပြဝံ့သူနှင့် ငါ့အား အာခံသော စကားများ ပြောဝံ့သောသူ မည်သူမဆိုတို့သည် ငါ၏ကျိန်ခြင်းများနှင့် အမျက်ကြောင့် ဧကန်မုချ သေကြရမည် (ငါ၏အမျက်ကြောင့် ကျိန်ခြင်း ရှိလိမ့်မည်)။ ထို့အပြင် ငါ့ကို သစ္စာမစောင့်သိဝံ့သူ သို့မဟုတ် ရင်းနှီးကျွမ်းဝင်ခြင်း မရှိဘဲ နေဝံ့သောသူ မည်သူမဆိုနှင့် ငါ့ကို လှည့်ဖြားရန် ကြိုးစားဝံ့သောသူ မည်သူမဆိုသည် ငါ၏ အမုန်းတရားကြောင့် ဧကန်အမှန် သေကြရမည်။ ငါ၏ ဖြောင့်မတ်ခြင်း၊ ဘုန်းအာနုဘော်နှင့် တရားစီရင်ခြင်းတို့သည် ထာဝရကာလပတ်လုံး တည်တံ့လိမ့်မည်။ ဦးစွာပထမ၊ ငါသည် ချစ်တတ်ပြီး သနားကရုဏာနှင့် ပြည့်သော်ငြားလည်း၊ ဤသည်မှာ ငါ၏ပြီးပြည့်စုံသော ဘုရားသဘောသဘာဝ၏ စိတ်သဘောထား မဟုတ်ပေ။ ဖြောင့်မတ်ခြင်း၊ ဘုန်းအာနုဘော်နှင့် တရားစီရင်ခြင်းတို့သည် စုံလင်သော ဘုရားသခင် ကိုယ်တော်တိုင်ဖြစ်သည့် ငါ၏ စိတ်သဘောထားတွင် ဖွဲ့စည်းပါဝင်ရုံမျှ ဖြစ်သည်။ ကျေးဇူးတော်ခေတ်အတောအတွင်းတွင်၊ ငါသည် ချစ်တတ်ပြီး ကရုဏာတရား ပြည့်ဝသည်။ ငါပြီးစီးရမည့်အမှုကြောင့် ငါသည် မေတ္တာနှင့် သနားကရုဏာတို့ ပိုင်ဆိုင်ခဲ့သည်။ သို့သော်၊ နောက်ပိုင်းတွင် ထိုသို့သော အရာများ မလိုအပ်တော့ပေ (ထို့အပြင် ထိုအချိန်ကတည်းကစပြီး တစ်ခုမှ မရှိတော့ပေ)။ ယင်းသည် ဖြောင့်မတ်ခြင်း၊ ဘုန်းအာနုဘော်နှင့် တရားစီရင်ခြင်းသာ ဖြစ်ပြီး၊ ဤသည်မှာ ငါ၏ စုံလင်သော ဘုရားသဘာဝနှင့် ယှဉ်တွဲရှိနေသော ငါ၏ ပုံမှန် လူ့သဘာဝ၏ စုံလင်သော စိတ်သဘောထား ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၇၉)

(၂၆၄) အရာခပ်သိမ်းကို ငါ အုပ်စိုးသည်...၊ ငါသည် ဩဇာအာဏာ အပြည့်အဝကို ကိုင်စွဲသည့် ဉာဏ်ပညာရှိသော ဘုရားသခင် ဖြစ်ပြီး ငါသည် မည်သူ့ကိုမျှ သက်ညှာခြင်းမရှိ။ ငါသည် လုံးဝ ရက်စက်၏၊ ပုဂ္ဂိုလ်ရေး ခံစားချက်များ လုံးဝ ကင်းမဲ့၏။ ငါသည် မည်သူကိုမဆို (သူမည်မျှ အပြောကောင်းသည်ဖြစ်စေ၊ ငါသည် သူ့ကို သက်ညှာမည်မဟုတ်) ငါ၏ ဖြောင့်မတ်ခြင်း၊ ရိုးသားခြင်းနှင့် ဘုန်းအာနုဘော်တို့ဖြင့် ဆက်ဆံ၏၊ ထိုအတောအတွင်း ငါ့လုပ်ဆောင်ချက်များ၏ အံ့ဖွယ်ရာအပြင် ငါ၏ လုပ်ဆောင်ချက်များ မည်သည့်အရာ ဆိုလိုသည်တို့ကို အယောက်တိုင်းအား ပိုမိုကောင်းမွန်စွာ မြင်နိုင်စေသည်။ ငါသည် ဆိုးယုတ်သောဝိညာဉ်များကို အနက်ဆုံးသော တွင်းထဲသို့ အသီးသီး ပစ်ချရင်း၊ ၎င်းတို့ ကျူးလွန်သည့် လုပ်ရပ်မျိုးစုံတို့အတွက် အပြစ်ပေးခဲ့သည်။ ၎င်းတို့ကို ရာထူးမရှိ ဖြစ်ကျန်ရစ်စေကာ၊ ၎င်းတို့အား အလုပ်လုပ်ရန် နေရာမရှိ ဖြစ်ကျန်ရစ်စေလျက်၊ အချိန်ကာလ မစတင်မီ ဤအမှုကို ငါ ပြီးစီးခဲ့သည်။ ငါ၏ကြိုတင်ပြဌာန်းခြင်း ခံရပြီး ရွေးချယ်ခံရသည့် သူများဖြစ်သော ငါ ရွေးချယ်ထားသောလူများထဲမှ မည်သူမျှ ဆိုးယုတ်သောဝိညာဉ်များ၏ ဝင်ပူးခြင်းကို မခံရနိုင်ဘဲ၊ ယင်းအစား အစဉ်အမြဲ သန့်ရှင်းကြပေလိမ့်မည်။ ငါ ကြိုတင်ပြဌာန်းထားခြင်း မရှိသကဲ့သို့ ရွေးချယ်မခံရသူတို့ အတွက်မူ၊ ငါသည် ၎င်းတို့ကို စာတန်ထံ လွှဲပြောင်းပေးမည် ဖြစ်ပြီး ၎င်းတို့ကို ဆက်လက်တည်ရှိရန် အခွင့်ပေးတော့မည် မဟုတ်။ အားလုံးကို ကြည့်လျှင်၊ ငါ၏ စီမံခန့်ခွဲမှုအမိန့်များသည် ငါ၏ ဖြောင့်မတ်ခြင်းနှင့် ငါ၏ ဘုန်းအာနုဘော်တို့ ပါဝင်သည်။ စာတန်အမှုပြုသည့်သူတို့ထဲမှ မည်သူတစ်ဦး တစ်ယောက်ကိုမျှပင် ငါသည် သက်ညှာမည် မဟုတ်ဘဲ၊ စာတန်ကို ငါ မုန်းတီးသည့်အတွက် ၎င်းတို့ကို ၎င်းတို့၏ ခန္ဓာများနှင့်အတူ မရဏနိုင်ငံထဲသို့ ပစ်ချမည်။ ယင်းကို ငါသည် လုံးဝ အလွယ်တကူ ချမ်းသာပေးမည် မဟုတ်ဘဲ သူ၏ အလုပ်ကို လုပ်ဆောင်ရန် နည်းနည်းမျှ အခွင့်အရေး မပေးဘဲလျက်၊ ငါလုံးဝ ဖျက်စီးမည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၇၀)

(၂၆၅) ငါ၏အမျက်ဒေါသ၊ ငါ၏ ကြီးမားသောတန်ခိုးနှင့် ငါ၏ ပြည့်ဝသော ဉာဏ်ပညာတို့ကို ထင်ရှားစေရန်အတွက် ငါ့ထံမှ မွေးဖွားသော်လည်း၊ ငါ့အား မသိသောသူတိုင်းအား ငါ ပြစ်တင်ဆုံးမမည်။ ငါ၌ အရာအားလုံးသည် ဖြောင့်မတ်ပြီး မဖြောင့်မတ်ခြင်း၊ လိမ်လည်လှည့်ဖြားခြင်း၊ ကောက်ကျစ်ခြင်း လုံးဝမရှိပေ။ ကောက်ကျစ်စဉ်းလဲသောသူ မည်သူမဆို မရဏနိုင်ငံတွင် မွေးဖွားသည့် ငရဲသားပင်ဖြစ် ရမည်။ ငါ၌ အရာရာတိုင်းသည် ဖုံးကွယ်ခြင်း မရှိ၊ ပြီးမြောက်မည်ဟု ငါဆိုသမျှသည် ပြီးမြောက်ရမည်။ တည်မြဲမည်ဟု ငါဆိုသမျှသည် တည်မြဲမည်ဖြစ်ပြီး၊ မည်သူမျှ ဤအရာများကို ပြောင်းလဲခြင်း သို့မဟုတ် အတုယူခြင်း မပြုလုပ်နိုင်၊ အဘယ့်ကြောင့်ဆိုသော် ငါသည် တစ်ဆူတည်းသော ဘုရားသခင်ကိုယ်တော်တိုင် ဖြစ်သောကြောင့်ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၉၆)

(၂၆၆) ငါသည် မတရားသော သူတို့ကို အပြစ်ပေး၍၊ တရားသောသူတို့ကို ဆုလာဘ်ပေးမည် ဖြစ်ပြီး၊ ငါ၏ ဖြောင့်မတ်ခြင်းတရားကို တည်စေကာ၊ တရားစီရင်ခြင်းကို ငါ ဆောင်ရွက်မည်။ အရာရာကို ပြီးမြောက်အောင်မြင်စေရန် ငါ၏ နှုတ်ကပတ်တော်များကို ငါအသုံးပြုမည်ဖြစ်ပြီး၊ အယောက်တိုင်းနှင့် အရာခပ်သိမ်းတို့အား ငါ၏ ပြစ်တင်ဆုံးမတတ်သော လက်နှင့် တွေ့ကြုံစေကာ၊ လူအပေါင်းတို့အား ငါ၏ ပြည့်ဝသော ဘုန်းအသရေ၊ ငါ၏ ပြည့်ဝသော ဉာဏ်ပညာနှင့် ငါ၏ ပြည့်ဝသော ကြွယ်ဝလျှံပယ်ခြင်းကို ငါမြင်စေမည်။ အရာခပ်သိမ်းသည် ငါ့အထဲ၌ ပြီးမြောက်ကြသည့်အတွက် မည်သူမျှ တရားစီရင်ခြင်း၌ ပုန်ကန်ဝံ့မည် မဟုတ်သကဲ့သို့၊ ခပ်သိမ်းသောအရာတို့သည် ငါနှင့်အတူ ထင်ရှားကြသည့်အတွက် ဤတွင် လူအယောက်တိုင်းသည် ငါ၏ ပြည့်ဝသော ဂုဏ်အသရေကို မြင်ရလိမ့်မည် ဖြစ်ကာ၊ ငါ၏ ပြည့်ဝသော အောင်မြင်ခြင်းကို မြည်းစမ်း ကြရလိမ့်မည်။ ဤအရာမှ ငါ၏ ကြီးမြတ်သော တန်ခိုးနှင့် ငါ၏ သြဇာအာဏာတို့ကို မြင်ရဖို့ ဖြစ်နိုင်သည်။ ငါ့အား မည်သူမျှ ပုန်ကန်ပြစ်မှားဝံ့လိမ့်မည် မဟုတ်သကဲ့သို့၊ ငါ့အား မည်သူမျှ တားဆီးဝံ့လိမ့်မည် မဟုတ်။ ငါ့အထဲတွင် အရာခပ်သိမ်း ဖွင့်ဟခြင်း ခံရလိမ့်မည်။ မည်သူသည် တစ်စုံတစ်ရာကို ကွယ်ဝှက်ဝံ့လိမ့်မည်နည်း။ ငါသည် ထိုသူအား သက်ညှာမည် မဟုတ်သည်မှာ သေချာ၏။ ထိုသို့သော လူယုတ်များသည် ငါ၏ ပြင်းထန်သော အပြစ်ပေးခြင်းကို ခံရကြမည် ဖြစ်ပြီး၊ ထိုသို့သော လူဖျင်းသည် ငါ၏ မြင်ကွင်းမှ ဖယ်ရှားခြင်းကို ခံရမည်။ ငါသည် စိတ်ခံစားချက် မရှိဘဲ၊ ဘုန်းအာနုဘော်ရှိပြီး၊ ပုန်ကန်ပြစ်မှား၍ မရနိုင်သော ဘုရားသခင်ကိုယ်တော်တိုင် ဖြစ်သည့်အတွက်၊ ၎င်းတို့ကို သက်ညှာခြင်း အနည်းငယ်မျှ မရှိသကဲ့သို့၊ ၎င်းတို့၏ ခံစားချက်များအပေါ် လုံးဝ ညှာတာခြင်း မရှိဘဲ၊ ၎င်းတို့အား သံလှံတံဖြင့် အုပ်စိုးမည် ဖြစ်ပြီး ၎င်းတို့အား တရားစီရင်ရန်အတွက် ငါ၏ သြဇာအာဏာကို အသုံးပြုမည်။ ငါ၏ လှံတံသည် ငါ့အား ပုန်ကန်ပြစ်မှားသောသူ အားလုံးကို အဆုံးစီရင်မည် ဖြစ်သည့်အတွက်၊ ၎င်းတို့အနေဖြင့် “အကြောင်းတရား သို့မဟုတ် အကြောင်းရင်း မရှိဘဲ” ငါ၏အဆုံးစီရင်ခြင်းနှင့် အမြစ်ဖြတ်သုတ်သင်မှုကို ခံလာရမည် စိုးရ၍ အားလုံးသည် ဤအရာကို နားလည်ကာ မြင်သင့်၏။ ငါ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို ၎င်းတို့ သိ မသိဆိုသည်ကို ငါ ဂရုမစိုက်။ ငါ၏ ဇာတိအဖြစ်သည် မည်သူ၏ ပုန်ကန်ပြစ်မှားမှုကိုမျှ သည်းမခံနိုင်သည်နှင့်အမျှ ယင်းသည် ငါ့အဖို့ အရေးပါလိမ့်မည်မဟုတ်ပေ။ ဤသည်မှာ ငါသည် ခြင်္သေ့တစ်ကောင် ဖြစ်သည်ဟု ဆိုကြသည့် အကြောင်းအရင်း ဖြစ်သည်၊ ငါ ထိသော မည်သူ့ကိုမဆို၊ ငါ အဆုံးစီရင်သည်။ ယင်းကြောင့် ငါသည် သနားကရုဏာ ပြည့်စုံပြီး မေတ္တာကျေးဇူးတော်ရှိသော ဘုရားသခင် ဖြစ်သည်ဟု ပြောဆိုခြင်းသည် ယခု ငါ့အား ပြစ်မှားစော်ကားခြင်းဖြစ်သည်ဟု ဆိုရသည့်အကြောင်းရင်း ဖြစ်သည်။ အနှစ်သာရအားဖြင့် ငါသည် သိုးသငယ် တစ်ကောင် မဟုတ်၊ ခြင်္သေ့တစ်ကောင် ဖြစ်သည်။ ငါ့အား မည်သူမျှ ပုန်ကန်ပြစ်မှားခြင်း မပြုဝံ့ပေ။ ငါ့ကို ပုန်ကန်ပြစ်မှားသောသူ မည်သူ့ကိုမဆို ငါသည် သက်ညှာခြင်း မရှိဘဲ သေခြင်းဖြင့် ချက်ချင်း အပြစ်ပေးမည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၁၂၀)

(၂၆၇) ငါ၏ အသံသည် တရားစီရင်ခြင်းနှင့် အမျက်ဒေါသ ဖြစ်သည်။ ငါသည် ဖြောင့်မတ်သော ဘုရားသခင်ကိုယ်တိုင်ဖြစ်ပြီး အမျက်ဒေါသကို ပိုင်ဆိုင်သောကြောင့်၊ မည်သူ့ကိုမျှ နူးညံ့သိမ်မွေ့စွာ ငါမဆက်ဆံသကဲ့သို့ မည်သူ့ကိုမျှ မသက်ညှာပေ။ ငါသည် တောက်လောင်ခြင်း၊ သန့်စင်စေခြင်းနှင့် ဖျက်ဆီးခြင်းတို့ကို ပိုင်ဆိုင်၏။ ငါ့အထဲတွင်၊ မည်သည့်အရာမျှ ကွယ်ဝှက်မထား သို့မဟုတ် စိတ်ခံစားမှုနှင့် ဆိုင်သောအရာ မရှိဘဲ၊ ဆန့်ကျင်ဘက်အနေဖြင့် အရာရာသည် ပွင့်လင်းသည်၊ ဖြောင့်မတ်ပြီး၊ သမာသမတ်ကျလေသည်။ ငါ၏ သားဦးများသည် တိုင်းနိုင်ငံအပေါင်းနှင့် လူမျိုးအပေါင်းတို့အား အုပ်စိုးလျက်၊ ငါနှင့်အတူ ပလ္လင်ပေါ်တွင် ရှိနှင့်ကြပြီး ဖြစ်သောကြောင့်၊ မတရားသကဲ့သို့ မဖြောင့်မတ်သော လူများသည် တရားစီရင်ခြင်း ယခု စတင် ခံရလျက်ရှိသည်။ ငါသည် တစ်စုံတစ်ခုကိုမျှ မလွတ်စေဘဲ ၎င်းတို့ကို အလျှင်း ထုတ်ဖော်လျက်၊ တစ်ယောက်ပြီး တစ်ယောက် ၎င်းတို့ကို စုံစမ်းစစ်ဆေးမည်။ အကြောင်းမူကား ငါ၏ တရားစီရင်ခြင်းကို အပြည့်အဝ ထုတ်ဖော်ကာ ဖွင့်ပြပြီးဖြစ်သောကြောင့် ဖြစ်သည်။ ပြီးလျှင် ငါသည် မည်သည့်အရာကိုမျှ လုံးဝ ထိန်ချန်ခြင်း မရှိလေပြီ။ ငါ၏ အလိုနှင့် မကိုက်ညီသော အရာတိုင်းကို ငါလွှင့်ပစ်မည်ဖြစ်ပြီး၊ အနက်ဆုံးသောတွင်းထဲတွင် ထာဝရ ကာလပတ်လုံး ပျက်စီးဆုံးရှုံးစေမည်။ ထိုနေရာတွင် ယင်းကို ငါ ထာဝရ လောင်ကျွမ်းစေမည်။ ဤသည်မှာ ငါ၏ ဖြောင့်မတ်ခြင်း ဖြစ်ပြီး၊ ဤသည်မှာ ငါ၏ တည်ကြည်မှု ဖြစ်သည်။ ဤ အရာကို မည်သူမျှ မပြောင်းလဲနိုင်ဘဲ၊ အားလုံး ငါ၏ ကွပ်ကဲမှု အောက်တွင်ရှိရမည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၁၀၃)

(၂၆၈) ငါမိန့်မြွက်သမျှ ဝါကျတိုင်း၌ သြဇာအာဏာနှင့် တရားစီရင်မှုတို့ ပါဝင်ပြီး၊ ငါ၏နှုတ်ကပတ်တော်များကို အဘယ်သူမျှ မပြောင်းလဲနိုင်ပေ။ ငါ၏နှုတ်ကပတ်တော်များကို ထုတ်ပြန်လိုက်သည်နှင့် တစ်ပြိုင်နက် ငါ၏နှုတ်ကပတ်တော်များနှင့်အညီ အမှုအရာများ ပြီးမြောက်ဖို့ သေချာပေသည်။ ဤသည်ကား ငါ၏စိတ်သဘောထား ဖြစ်၏။ ငါ၏နှုတ်ကပတ်တော်များသည် သြဇာအာဏာဖြစ်ပြီး ၎င်းတို့ကို ပြင်ဆင်သူ မည်သူမဆိုသည် ငါ၏ပြစ်တင်ဆုံးမခြင်းကို ပုန်ကန်ပြစ်မှားသောကြောင့် ၎င်းတို့ကို ငါဒဏ်ခတ်ရမည်။ ပြင်းထန်သည့်အခြေအနေများ၌ ၎င်းတို့သည် မိမိတို့၏ အသက်တာများပေါ် ပျက်စီးယိုယွင်းခြင်း ကျရောက်စေကြပြီး မရဏနိုင်ငံသို့ဖြစ်စေ၊ အနက်ဆုံးသော တွင်းထဲသို့ဖြစ်စေ သွားကြလေသည်။ ဤသည်ကား လူသားမျိုးနွယ်ကို ငါကိုင်တွယ်ဖြေရှင်းသည့် တစ်ခုတည်းသော နည်းလမ်းဖြစ်ပြီး၊ ယင်းကို ပြောင်းလဲရန် လူသား၌ နည်းလမ်းတစ်ခုမျှ မရှိပေ— ဤသည်မှာ ငါ၏စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်ဖြစ်၏။ ဤအရာကို သတိရလော့။ ငါ၏အမိန့်ကို အဘယ်သူမျှ ပုန်ကန်ပြစ်မှားခွင့်မရှိ။ အမှုအရာတို့ကို ငါ၏အလိုအတော်အတိုင်း လုပ်ဆောင်ရမည်။ ယခင်က ငါသည် သင်တို့အပေါ် သက်ညှာလွန်းခဲ့ပြီး ငါ၏နှုတ်ကပတ်တော်များကိုသာ သင်တို့တွေ့ကြုံခဲ့ကြသည်။ လူများကို ဒဏ်ခတ်ခြင်းနှင့်ပတ်သက်၍ ငါမိန့်မြွက်ခဲ့သော နှုတ်ကပတ်တော်များမှာ ဖြစ်မလာသေးပေ။ သို့သော် ယနေ့မှစ၍ ငါ၏အလိုတော်နှင့် မကိုက်ညီသူ အားလုံးကို အပြစ်ဒဏ်ပေးရန်အတွက် (ငါ၏စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များနှင့် ဆက်နွှယ်သော) ကပ်ဘေးများအားလုံးသည် တစ်ခုပြီးတစ်ခု ကျရောက်လာလိမ့်မည်။ ဖြစ်ရပ်မှန်များ ပေါ်ထွန်းလာရမည်- သို့မဟုတ်လျှင် လူတို့သည် ငါ၏အမျက်ဒေါသကို မြင်နိုင်ကြမည်မဟုတ်ဘဲ ကိုယ်ကျင့်တရားများ အကြိမ်ကြိမ် ပျက်ပြားကြလိမ့်မည်။ ဤသည်ကား ငါ့စီမံခန့်ခွဲမှုအစီအစဉ်၏ အဆင့်တစ်ခုဖြစ်ပြီး၊ ငါ့အမှု၏နောက်တစ်ဆင့်ကို ငါလုပ်ဆောင်သည့် နည်းလမ်းဖြစ်သည်။ သင်တို့အနေဖြင့် ပြစ်မှားမှုကျူးလွန်ခြင်းနှင့် ထာဝရပြစ်ဒဏ်ပေးခံရခြင်းကို ရှောင်ရှားနိုင်ရန်အလို့ငှာ ဤအရာကို ငါကြိုတင်ပြောဆိုထားခြင်းဖြစ်၏။ ဆိုလိုသည်မှာ၊ ယနေ့မှစကာ ငါ၏သားဦးများမှလွဲ၍ ခပ်သိမ်းသောလူတို့အား ငါ၏အလိုတော်နှင့်အညီ သင့်တော်သောနေရာများကို ယူစေမည်ဖြစ်ပြီး ၎င်းတို့ကို တစ်ယောက်ပြီးတစ်ယောက် ငါပြစ်တင်ဆုံးမမည်။ ငါသည် ၎င်းတို့ တစ်ယောက်တလေကိုမျှ လွတ်ငြိမ်းခွင့်ပေးမည်မဟုတ်။ သင်တို့အနေဖြင့် ကိုယ်ကျင့်တရား ထပ်မံပျက်ပြားဝံ့ကြသေးပါက ပျက်ကြည့်ကြလော့။ ပုန်ကန်ဝံ့ကြသေးပါက ထပ်မံပုန်ကန်ကြည့်ကြလော့။ ငါသည် အားလုံးအပေါ် ဖြောင့်မတ်သည်၊ ငါ၌ စိတ်ခံစားချက် တစိုးတစိမျှမရှိဟု ယခင်က ငါပြောဆိုပြီးဖြစ်ကာ၊ ငါ၏စိတ်သဘောထားအား မပြစ်မှားသင့်ကြောင်းကို ဤအရာက ပြသ၏။ ဤသည်မှာ ငါ၏ဇာတိအဖြစ်တော်ဖြစ်၏။ ဤအရာကို အဘယ်သူမျှ မပြောင်းလဲနိုင်။ ခပ်သိမ်းသောသူတို့သည် ငါ၏နှုတ်ကပတ်တော်များကို ကြားကြပြီး၊ ငါ၏ဘုန်းကြီးသော မျက်နှာထားကိုမြင်ကြ၏။ ခပ်သိမ်းသောသူတို့သည် ငါ့အား လုံးဝအကြွင်းမဲ့နာခံကြရမည်— ဤသည်မှာ ငါ၏စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်ဖြစ်၏။ ငါသည် အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် ဖြစ်သည့်အတွက်၊ ငါသည် ဘုရားသခင်၏ ဇာတိအဖြစ်တော် ဖြစ်သည့်အတွက် စကြဝဠာအနှံ့နှင့် မြေကြီးစွန်းရှိ ခပ်သိမ်းသောသူတို့သည် ငါ့အား ချီးမွမ်းပြီး ဘုန်းထင်ရှားစေသင့်ကြ၏။ ငါ၏နှုတ်ကပတ်တော်များနှင့် မိန့်မြွက်ချက်များ၊ ငါ၏စကားနှင့် အပြုအမူများသည် ငါတစ်ပါးတည်းနှင့်သာဆိုင်သည့် ကိစ္စရပ်များဖြစ်ပြီး ရှေးအကျဆုံးသော အချိန်ကာလများမှ ငါပိုင်ဆိုင်ထားသည့် အရာများဖြစ်ကာ ထာဝရတည်ရှိနေမည့် အရာများဖြစ်သောကြောင့် ၎င်းတို့ကို မည်သူမျှ မပြောင်းလဲနိုင်ပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၁၀၀)

(၂၆၉) အားလုံးသည် ငါ၏စကားများဖြင့် ပြီးမြောက်ရလိမ့်မည်။ မည်သည့်လူသားမျှ မပါဝင်နိုင်သကဲ့သို့၊ ငါ ဆောင်ရွက်မည့် အမှုကို မည်သည့်လူသားမျှ မလုပ်ဆောင်နိုင်။ ငါသည် နယ်မြေအားလုံး၏ လေထုကို သန့်စင်စေမည်ဖြစ်ပြီး ကမ္ဘာမြေပေါ်တွင် နတ်ဆိုးတို့ကို အရိပ်အယောင် အားလုံးကို အမြစ်ဖြတ်မည်။ ငါသည် စတင်နှင့်ပြီဖြစ်ကာ၊ အဆင်းနီသောနဂါးကြီး၏ နေထိုင်ရာနေရာတွင် ပြစ်တင်ဆုံးမခြင်းနှင့်ဆိုင်သည့် ငါ့အမှု၏ ပထမအဆင့်ကို စတင်မည်။ ထို့ကြောင့် ငါသည် နယ်မြေအားလုံးကို ကြည့်ရှုသည့်အတွက်၊ စကြဝဠာတစ်ခုလုံးအပေါ်သို့ ငါ၏ ပြစ်တင်ဆုံးမခြင်း ကျရောက်ပြီးဖြစ်ကာ အဆင်းနီသောနဂါးကြီးနှင့် ညစ်ညူးသော ဝိညာဉ်မျိုးစုံတို့သည် ငါ၏ ပြစ်တင်ဆုံးမမှုမှ လွတ်မြောက်နိုင်စွမ်း မရှိသည်ကို တွေ့နိုင်ပေသည်။ မြေကြီးပေါ်တွင် ငါ၏အမှု ပြီးစီးသည့်အခါ၊ ဆိုလိုသည်မှာ တရားစီရင်ရာကာလ အဆုံးသတ်သည့်အခါတွင်၊ ငါသည် အဆင်းနီသောနဂါးကြီးကို တရားဝင် ပြစ်တင်ဆုံးမမည်။ ငါ၏လူတို့သည် အဆင်းနီသောနဂါးကြီးအပေါ် ငါ၏ဖြောင့်မတ်သည့် ပြစ်တင်ဆုံးမမှုကို တွေ့ကြရလိမ့်မည်၊ ငါ၏ဖြောင့်မတ်မှုကြောင့် ချီးမွမ်းခြင်းကို ဧကန်မုချ သွန်းလောင်းကြလိမ့်မည် ဖြစ်ပြီး၊ ငါ၏ဖြောင့်မတ်ခြင်းကြောင့် ငါ၏ သန့်ရှင်းသော နာမကို ဧကန်မုချ အစဉ်ချီးကျူးထောမနာ ပြုကြလိမ့်မည်။ ထို့ကြောင့် သင်တို့သည် သင်တို့၏တာဝန်ကို တရားဝင် ထမ်းဆောင်ကြလိမ့်မည် ဖြစ်ပြီး၊ နယ်မြေတစ်လျှောက်လုံးတွင် ငါ့ကို ကာလအစဉ်အဆက် တရားဝင် ချီးမွမ်းကြလိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၂၈)

(၂၇၀) ယခုအချိန်သည် လူတစ်ဦးစီအတွက် အဆုံးသတ်ခြင်းကို ငါဆုံးဖြတ်သည့်အချိန်ဖြစ်ပြီး လူသားကို ငါ စတင် အမှုပြုသည့် အဆင့် မဟုတ်ပေ။ လူတစ်ဦးစီ၏ စကားများနှင့် လုပ်ဆောင်ချက်များ၊ ငါ့နောက်သို့ လိုက်ရာတွင် ထိုသူတို့၏လမ်းကြောင်းများ၊ အရင်းခံ ထူးခြားသော လက္ခဏာများနှင့် သူတို့နောက်ဆုံးတွင် မည်သို့ကျင့်ကြံပြုမူသည် ဆိုသည်တို့ကို ငါ၏မှတ်တမ်းစာအုပ်ထဲတွင် တစ်ခုပြီးတစ်ခု ငါချရေးသည်။ ဤနည်းအားဖြင့် ထိုသူတို့သည် မည်သို့သောလူစားမျိုး ဖြစ်နေပါစေ၊ မည်သူမျှ ငါ၏လက်မှ မလွတ်မြောက်နိုင်။ ထို့အပြင် ခပ်သိမ်းသောလူတို့သည် ငါချမှတ်ပေးသည့်အတိုင်း ၎င်းကဲ့သို့သော လူစားများနှင့် ရှိနေရမည်။ ငါသည် လူတစ်ဦးစီ၏ ပန်းတိုင်ကို အသက်၊ ဝါရင့်ခြင်း၊ ဒုက္ခခံရသည့်ပမာဏနှင့် အနည်းဆုံးအနေဖြင့် ၎င်းအပေါ် သနားစိတ်ပေါ်စေသည့် အတိုင်းအတာတို့ကို အခြေပြု၍ ဆုံးဖြတ်ခြင်း မဟုတ်ဘဲ၊ သမ္မာတရားကို ၎င်းတို့ ပိုင်ဆိုင်ခြင်း ရှိမရှိအပေါ်တွင် မူတည်၍ ဆုံးဖြတ်ခြင်းဖြစ်၏။ ဤအရာမှတစ်ပါး တခြားရွေးချယ်စရာ မရှိ။ ဘုရားသခင်၏ အလိုတော်ကို မလိုက်သူအားလုံး အပြစ်ပေးခြင်း ခံရမည်ကို သင်တို့ သဘောပေါက်ရမည်။ ဤသည်မှာ မပြောင်းလဲနိုင်သော အချက်ဖြစ်၏။ ထို့ကြောင့် အပြစ်ပေးခံရသူအားလုံးသည် ဘုရားသခင်၏ ဖြောင့်မတ်တော်မူခြင်းကြောင့်လည်းကောင်း၊ ၎င်းတို့၏ များလှစွာသော ဆိုးယုတ်သည့် လုပ်ရပ်များကြောင့် ဒဏ်ခတ်ခြင်း အဖြစ်လည်းကောင်း ဤသို့ အပြစ်ပေးခံရခြင်း ဖြစ်၏။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်၏ ပန်းတိုင်အတွက် လုံလောက်သော ကောင်းမှုများကို ပြင်ဆင်လော့

(၂၇၁) သင့်အနေဖြင့် ယုံကြည်လာသည်မှာ နှစ်ပေါင်းများစွာကြာနေပြီး ငါနှင့်ပေါင်းသင်းဆက်ဆံ လာခဲ့သည်မှာ ကာလကြာမြင့်နေပြီဖြစ်သော်လည်း ငါနှင့် ဝေးကွာ နေသေးလျှင် သင်သည် ဘုရားသခင်၏ စိတ်သဘောထားကို မကြာခဏ စော်ကားသောကြောင့် ဖြစ်ရမည်ဖြစ်ပြီး သင်၏အဆုံးကိုလည်း ခန့်မှန်းဖို့ အလွန်ခက်ပေလိမ့်မည်ဟု ငါပြော၏။ ငါနှင့် နှစ်ပေါင်းများစွာကြာအောင် ပေါင်းသင်းဆက်ဆံခဲ့ခြင်းက သင့်ကို လူ့သဘာဝရှိသောသူ၊ သမ္မာတရားရှိသောသူအဖြစ် ပြောင်းလဲအောင် ဆောင်ရွက်နိုင်ခြင်း မရှိသည်သာမက သင်၏ဆိုးယုတ်သော စရိုက်များကို သင်၏သဘာဝထဲတွင် အရိုးစွဲသွားအောင်ပြုပါက၊ ထို့အပြင် သင်သည် ယခင်ကထက် နှစ်ဆနှစ်ပြန် မာနထောင်လွှားလာသည်သာမကဘဲ ငါ့အပေါ် သင်၏အထင်အမြင်လွဲခြင်းများသည်လည်း တိုးပွားလာလိုက် သည်မှာ ငါ့ကိုပင် သင်၏လက်ထောက်လေးတစ်ဦးအဖြစ် သဘောထား လာသည်အထိ ဖြစ်လာပါက သင်၏ရောဂါသည် အရေပြား၌သာမက အရိုးထိတိုင်အောင် စွဲနေပြီဟု ငါပြော၏။ သင်လုပ်ရန်မှာ သင့်အတွက် အသုဘအစီအစဉ် လုပ်ပေးသည်ကို စောင့်ရန်သာ ကျန်တော့၏။ သို့ပြုလျှင် သင်သည် ငါ့ကို သင်၏ဘုရားသခင်ဖြစ်ပေးပါရန် အသနားခံဖို့ မလိုတော့ပေ၊ အကြောင်းမှာ သင်သည် ခွင့်မလွှတ်နိုင်သောအပြစ်၊ သေဒဏ်ပေးထိုက်သောအပြစ်ကို ကျူးလွန်ထားသောကြောင့် ဖြစ်သည်။ ငါသည် သင့်ကို ကရုဏာထားနိုင်သော်မှ ကောင်းကင်ဘုံ၌ရှိသော ဘုရားသခင်က သင်၏အသက်ကို နုတ်ယူဖို့ အပြင်းအထန် တောင်းဆိုမည်ဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏ စိတ်သဘောထားကို သင်၏စော်ကားခြင်းသည် သာမန်ပြဿနာတစ်ခု မဟုတ်ဘဲ အလွန်ကြီးလေးသည့်သဘာဝရှိသော ပြဿနာတစ်ခု ဖြစ်သောကြောင့်ဖြစ်သည်။ အချိန်တန်လျှင် သင့်ကို ကြိုတင်၍ သတိမပေးဟု ငါ့ကို အပြစ်မတင်နှင့်။ အစပြန်ကောက်ရမည်ဆိုလျှင်- သင်သည် မြေကြီးပေါ်၌ရှိသော ဘုရားသခင်ဖြစ်သူ ခရစ်တော်ကို သာမန်လူတစ်ဦးအဖြစ်သာ သတ်မှတ်ဆက်ဆံလျှင်၊ တစ်နည်းအားဖြင့် ဤဘုရားသခင်သည် သာမန်လူတစ်ယောက်ထက်မပိုဟု ယုံကြည်လျှင် သင်ပျက်စီးရပေလိမ့်မည်။ ဤသည်မှာ သင်တို့အားလုံးအတွက် ငါ၏တစ်ခုတည်းသော သတိပေးချက်ပင်တည်း။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ မြေကြီးပေါ်ရှိ ဘုရားသခင်ကို သိရှိနိုင်ပုံ

(၂၇၂) ငါ့ကိုချစ်ပြီး မိမိကိုယ်ကို ငြင်းပယ်သူတို့အား ငါ၏သနားကရုဏာကို ဖော်ပြ၏။ သို့သော်လည်း ကောက်ကျစ်စဉ်းလဲသူတို့အပေါ် ကျရောက်သည့် အပြစ်ဒဏ်မှာ ငါ၏ဖြောင့်မတ်သော စိတ်သဘောထား၏ သက်သေအတိအကျဖြစ်ပြီး ငါ့အမျက်ဒေါသအား သက်သေခံချက် သာ၍ပင် ဖြစ်၏။ ဘေးဒုက္ခ ရောက်လာသည့်အခါ ငါ့ကိုဆန့်ကျင်သူ အားလုံးသည် ၎င်းတို့အပေါ် အငတ်ဘေးနှင့် ကပ်ဆိုးကျရောက်သည်နှင့်အမျှ ငိုကြွေးကြလိမ့်မည်။ ကောက်ကျစ် စဉ်းလဲမှုအမျိုးမျိုး ကျူးလွန်ခဲ့သော်လည်း ငါ့နောက်သို့ နှစ်ပေါင်းများစွာ လိုက်ခဲ့သူများသည် မိမိတို့၏အပြစ်များအတွက် ပေးဆပ်ရခြင်းမှ လွတ်မြောက်လိမ့်မည် မဟုတ်။ ၎င်းတို့သည်လည်း နှစ်သန်းပေါင်းများစွာ တစ်လျှောက်လုံး မြင်တွေ့ရခဲသော ဘေးဒုက္ခမျိုးထဲသို့ ထိုးဆင်း၍ စဉ်ဆက်မပြတ် ထိတ်လန့်တုန်လှုပ်၊ ကြောက်ရွံ့ခြင်း၌ အသက်ရှင်ရလိမ့်မည်။ ထို့အပြင် ငါ့အပေါ်၌ သစ္စာစောင့်သိမှုကို ပြသပြီးဖြစ်သော ငါ၏နောက်လိုက်များသည် ဝမ်းမြောက်၍ ငါ၏အစွမ်းသတ္တိကို ချီးမွမ်းကြလိမ့်မည်။ သူတို့သည် ပြောမပြနိုင်လောက်သော ရောင့်ရဲတင်းတိမ်မှုကို ကြုံတွေ့ရပြီး ယခင်က လူသားမျိုးနွယ်အပေါ် ငါမနှင်းအပ်ခဲ့ဖူးသော ဝမ်းမြောက်ခြင်းအလယ် အသက်ရှင်ကြလိမ့်မည်။ အကြောင်းမူကား ငါသည် လူသား၏ ကောင်းမွန်သော လုပ်ဆောင်ချက်များကို တန်ဖိုးထား၍ ၎င်းတို့၏ ဆိုးယုတ်သော လုပ်ဆောင်ချက်များကို စက်ဆုပ်သောကြောင့်ဖြစ်၏။ ငါသည် လူသားမျိုးနွယ်ကို စတင်ဦးဆောင်ခဲ့စဉ်မှစ၍ ငါ၏စိတ်တော်နှင့် တညီတညွတ်တည်းဖြစ်သော လူတစ်စုကိုရရှိရန် စိတ်အားထက်သန်စွာဖြင့် မျှော်လင့်နေခဲ့သည်။ သို့သော်လည်း ငါ၏စိတ်တော်နှင့် တညီတညွတ်တည်း မရှိသောသူတို့ကိုမူ ငါသည် မည်သည့်အခါမျှ မေ့လျော့ခြင်း မရှိပေ။ ထိုသူတို့အပေါ် အပြစ်ဒဏ်ခတ်ရန် အခွင့်အရေးကို မြင်တွေ့ရလျှင် ငါသည် သဘောတွေ့မည် ဖြစ်ပြီး၊ ယင်းအခွင့်အရေးကိုသာ စောင့်စားလျက် ငါ့နှလုံးသားထဲတွင် သူတို့ကို ငါအမြဲတစေ စက်ဆုပ်ရွံရှာ၏။ ယခု ငါ၏နေ့ရက်သည် နောက်ဆုံးတွင် ရောက်လာပြီဖြစ်ပြီး ငါသည် ဆက်လက် စောင့်ဆိုင်းရန် မလိုတော့ပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်၏ ပန်းတိုင်အတွက် လုံလောက်သော ကောင်းမှုများကို ပြင်ဆင်လော့

(၂၇၃) လူ့လောက၏ မတရားမှုများကို ငါပြင်မည်။ ငါ၏ လူများကို တစ်ဖန် ဘေးပြုခြင်းမှ စာတန်ကို တားမြစ်လျက်၊ ရန်သူများကို ၎င်းတို့စိတ်ကြိုက် တစ်ဖန် လုပ်ဆောင်နေခြင်းမှ တားမြစ်လျက်၊ လောကတစ်လျှောက် ငါ၏ အမှုကို ငါကိုယ်တိုင်၏ လက်များဖြင့် ငါဆောင်ရွက်မည်။ ငါ၏ ရန်သူများ အားလုံးကို မြေပေါ်သို့ လဲကျစေလျက်၊ ပြီးလျှင် ၎င်းတို့၏ ပြစ်မှုများကို ငါ့ရှေ့မှောက် ဝန်ခံလာစေရင်း၊ ငါသည် ကမ္ဘာမြေကြီးပေါ်၌ ရှင်ဘုရင် ဖြစ်လာမည်ဖြစ်ပြီး ငါ၏ပလ္လင်ကို ထိုနေရာသို့ ရွှေ့မည်။ ငါ၏ ဝမ်းနည်းမှုထဲတွင် အမျက်ဒေါသသည် ရောထွေးစပ်ယှက်နေသည်၊ ငါသည် မည်သူ့ကိုမျှ ချမ်းသာမပေးဘဲ၊ ပြီးလျှင် ငါ့ရန်သူများ၏ နှလုံးသားများထဲသို့ ထိတ်လန့်ကြောက်ရွံ့ခြင်းကို စွဲစေလျက်၊ စကြဝဠာတစ်ခုလုံးကို ပြားချပ်သွားအောင် ငါနင်းခြေမည်။ ငါသည် ကမ္ဘာမြေတစ်ခုလုံးကို အပျက်အစီးများအဖြစ်သို့ ယုတ်လျော့စေမည် ဖြစ်ပြီး၊ ထိုအချိန်မှစ၍ ၎င်းတို့သည် လူသားမျိုးနွယ်ကို နောက်ထပ် ဖောက်ပြန်မပျက်စီးစေနိုင်ဖို့အလို့ငှာ၊ ငါ၏ ရန်သူများကို ထိုအပျက်အစီးများအထဲသို့ လဲကျစေမည်။ ငါ၏ အစီအစဉ်သည် သတ်မှတ်ထားပြီး ဖြစ်သည်၊ မည်သူမျှ၊ ၎င်းတို့ မည်သူမည်ဝါ ဖြစ်ပါစေ၊ ထိုအစီအစဉ်ကို မပြောင်းလဲရ။ စကြဝဠာအထက်တွင် ငါသည် ဘုန်းအာနုဘော်နှင့် ပြည့်စုံသော ခမ်းနားထည်ဝါမှုဖြင့် လှည့်လည် သွားလာသည်နှင့်အမျှ၊ လူသားမျိုးနွယ် အပေါင်းတို့သည် အသစ်ပြုပြင်ခြင်း ခံရလိမ့်မည် ဖြစ်ပြီး အရာရာတိုင်း ပြန်လည်နိုးထကြလိမ့်မည်။ လူသားသည် နောက်ထပ် ငိုကြွေးတော့မည် မဟုတ်၊ အကူအညီအတွက် ငါ့ထံ နောက်ထပ် အော်ဟစ်တော့မည် မဟုတ်။ ထို့နောက် ငါ၏ နှလုံးသားသည် ရွှင်လန်းလိမ့်မည် ဖြစ်ပြီး၊ လူတို့သည် အောင်ပွဲခံခြင်းဖြင့် ငါ့ထံသို့ ပြန်လာကြလိမ့်မည်။ ထိပ်ဆုံးမှ အောက်ခြေအထိ၊ စကြဝဠာ တစ်ခုလုံးသည် ဂုဏ်ယူဝင့်ကြွားခြင်းဖြင့် လှုပ်ရှားကြလိမ့်မည်...

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၂၇)

(၂၇၄) ဇိအုန်။ ဝမ်းမြောက်လော့။ ဇိအုန်။ ရွှင်လန်းစွာ သီချင်းဆိုလော့။ ငါသည် အောင်ခြင်းဖြင့် ပြန်လာပြီ၊ ငါသည် အောင်မြင်လျက် ပြန်လာပြီ။ လူအပေါင်းတို့။ အစဉ်အလိုက် အလျင်အမြန် စီတန်းကြလော့။ ဖန်ဆင်းခြင်း အရာခပ်သိမ်းတို့၊ ငါ၏ ဇာတိအဖြစ်သည် စကြဝဠာ တစ်ခုလုံးကို မျက်နှာမူပြီး၊ ကမ္ဘာမြေကြီး၏ အရှေ့အရပ်၌ ပေါ်ထွန်းသည့်အတွက် ယခု လာ၍ရပ်နားကြလော့။ မည်သူသည် ကိုးကွယ်ခြင်းဖြင့် ဒူးမထောက်ဝံ့သနည်း။ ငါ့ကို စစ်မှန်သော ဘုရားသခင်ဟု အဘယ်သူ မခေါ်ဝံ့သနည်း။ မည်သူသည် ကြောက်ရွံ့မှုဖြင့် မော်မကြည့်ဘဲနေဝံ့သနည်း။ မည်သူသည် မချီးမွမ်းဘဲ နေဝံ့သနည်း။ မည်သူသည် ဝမ်းမြောက်ပျော်ရွှင်ခြင်းမရှိဘဲ နေဝံ့သနည်း။ ငါ၏ လူတို့သည် ငါ၏ အသံကို ကြားကြလိမ့်မည်ဖြစ်ပြီး၊ ငါ၏ သားများသည် ငါ၏ နိုင်ငံတော်အတွင်း ရှင်သန်ကြလိမ့်မည်။ တောင်များ၊ မြစ်များနှင့် အရာခပ်သိမ်းသည် အဆုံးမဲ့ သြဘာပေးကာ၊ မရပ်မနား ခုန်ပေါက်ကြလိမ့်မည်။ ဤအချိန်တွင် မည်သူမျှ နောက်ပြန်ဆုတ်ဝံ့ကြမည် မဟုတ်သကဲ့သို့၊ မည်သူမျှ ထ၍ ခုခံခြင်းပြုဝံ့ကြမည် မဟုတ်ပေ။ ဤသည်မှာ ငါ၏ အံ့သြဖွယ် လုပ်ဆောင်ချက် ဖြစ်ပြီး၊ ထို့ထက်ပို၍ ငါ၏ ကြီးမားသော တန်ခိုးအာဏာ ဖြစ်သည်။ ငါသည် အရာခပ်သိမ်းအား ၎င်း၏ စိတ်နှလုံးထဲတွင် ငါ့ကို ကြောက်ရွံ့စေမည်ဖြစ်ကာ၊ ဤမျှမက ခပ်သိမ်းသော အရာတို့ကို ငါ့အား ချီးမွမ်းစေမည်။ ဤသည်မှာ ငါ၏ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်၏ အဆုံးစွန်ရည်မှန်းချက် ဖြစ်ပြီး၊ ငါ ချမှတ်ထားသည့်အရာ ဖြစ်သည်။ လူတစ်ဦးတစ်ယောက် ဖြစ်စေ၊ အရာဝတ္ထုတစ်ခုဖြစ်စေ၊ အဖြစ်အပျက် တစ်ခုဖြစ်စေ၊ ငါ့အား ထ၍ မခုခံဝံ၊ မဆန့်ကျင်ဝံ့ပေ။ ငါ၏ လူအားလုံးသည် (တစ်နည်းအားဖြင့်၊ နောက်ပိုင်းတွင် ငါ ဖန်ဆင်းမည့် ကမ္ဘာလောကဖြစ်သည့်) ငါ၏ တောင်သို့ စီးဆင်းကြလိမ့်မည် ဖြစ်ပြီး၊ ငါသည် ဘုန်းအာနုဘော်နှင့် တရားစီရင်ခြင်း ရှိကာ သြဇာအာဏာ ရှိသောကြောင့် ၎င်းတို့သည် ငါ့ရှေ့တွင် ကျိုးနွံနာခံကြလိမ့်မည်။ (ဤသည်မှာ ငါ့အနေဖြင့် ကိုယ်ခန္ဓာထဲ၌ ရှိသောအချိန်ကို ရည်ညွှန်းခြင်း ဖြစ်၏။ ငါသည် ဇာတိပကတိ၌လည်း သြဇာအာဏာ ရှိ၏၊ သို့သော် အချိန်နှင့် နေရာ၏ ကန့်သတ်ချက်များကို ဇာတိပကတိ၌ ကျော်လွန်နိုင်ခြင်း မရှိသောကြောင့်၊ ငါသည် ပြည့်စုံသော ဘုန်းအသရေကို ရရှိထားပြီဟု မဆိုနိုင်ချေ။ ငါသည် ဇာတိပကတိ၌ သားဦးများကို ရရှိသော်လည်း၊ ဘုန်းအသရေကို ငါရရှိထားပြီဟု မဆိုနိုင်ပေ။ ဇိအုန်သို့ ငါ ပြန်ကြွပြီး၊ ငါ၏ ပုံပန်းကို ပြောင်းလဲသည့်အခါမှသာ၊ ငါသည် သြဇာအာဏာ ရှိသည်- ဆိုလိုသည်မှာ ဘုန်းအသရေကို ငါရပြီဟု ဆိုကောင်းဆိုနိုင်ပေသည်။) ငါ့အတွက် မည်သည့်အရာမျှ ခက်ခဲလိမ့်မည်မဟုတ်။ ငါ၏ နှုတ်မှ နှုတ်ကပတ်တော်များအားဖြင့် အရာခပ်သိမ်း ဖျက်ဆီးခြင်း ခံရလိမ့်မည်ဖြစ်ပြီး၊ ငါ၏ နှုတ်မှ နှုတ်ကပတ်တော်များ အားဖြင့် အရာခပ်သိမ်း ဖြစ်တည်လာကာ၊ စုံလင်စေခြင်း ခံရကြလိမ့်မည်။ ယင်းမှာ ငါ၏ ကြီးမြတ်သော တန်ခိုးနှင့် ငါ၏ သြဇာအာဏာ ဖြစ်သည်။ ငါသည် တန်ခိုးနှင့် ပြည့်ဝပြီး၊ သြဇာအာဏာဖြင့် ပြည့်နှက်ခြင်းကြောင့်၊ မည်သူမျှ ငါ့ကို မတားဆီးဝံ့ချေ။ ငါသည် အရာရာအပေါ် အောင်နိုင်နှင့်ပြီး ဖြစ်ကာ၊ အဓမ္မလူအပေါင်းတို့ အားလုံးအပေါ် အောင်မြင်ခြင်း ရရှိနှင့်ပြီးဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၁၂၀)

(၂၇၅) ဘုရားသခင်သည် လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့၏။ ၎င်းတို့ ဖောက်ပြန်ဖျက်ဆီးခံရပြီးသည်ဖြစ်စေ သို့မဟုတ် သူ့နောက်လိုက်လျှောက်ကြသည်ဖြစ်စေ ပဓာနမထားဘဲ၊ ဘုရားသခင်သည် လူသားများကို သူ၏ကစားစရာများကဲ့သို့ မဟုတ်ဘဲ၊ သူ အမြတ်နိုးရဆုံး ချစ်ရသူများအဖြစ်- သို့မဟုတ် လူသားများ ပြောသကဲ့သို့ သူ့အဖို့ အချစ်မြတ်နိုးရဆုံးသော လူများအဖြစ်- ဆက်ဆံလေသည်။ ဘုရားသခင်က သူသည် ဖန်ဆင်းရှင်ဖြစ်ပြီး လူသားသည် သူ၏ဖန်ဆင်းခြင်း ဖြစ်သည်ဟု ပြောသော်လည်း၊ ယင်းသည် အဆင့်အတန်းဖြင့် ကွာခြားမှုအနည်းငယ် ရှိသည်ဟု ထင်ကောင်းထင်ရနိုင်သော်လည်း၊ လက်တွေ့အရှိတရားမှာ လူသားမျိုးနွယ်အတွက် ဘုရားသခင် လုပ်ဆောင်ပြီးဖြစ်သည့် အရာတိုင်းသည် ဤသဘောသဘာဝနှင့်သက်ဆိုင်သည့် ဆက်နွှယ်မှုကို များစွာကျော်လွန်ပေသည်။ ဘုရားသခင်သည် လူသားမျိုးနွယ်ကို ချစ်၏၊ လူသားမျိုးနွယ်ကို ဂရုစိုက်ပြီး၊ လူသားမျိုးနွယ်အတွက် ပူပန်မှုကို ပြသည့်အပြင်၊ လူသားမျိုးနွယ်အတွက် စဉ်ဆက်မပြတ် ရပ်တန့်ခြင်း မရှိဘဲ ထောက်ပံ့ပေးလျက်ရှိသည်။ ဤသည်မှာ အပိုအလုပ်ဖြစ်ပြီး နာမည်ကောင်းများစွာ ရထိုက်သည့်အရာ ဖြစ်သည် သို့မဟုတ် များစွာ ချီးကျူးထိုက်သည့်အရာတစ်ခုဟု သူ၏နှလုံးသားတွင် ဘုရားသခင်သည် လုံးဝ မခံစားရပေ။ လူသားမျိုးနွယ်ကို ကယ်တင်ခြင်း၊ ထောက်ပံ့ခြင်းနှင့် အရာရာ ပေးအပ်ခြင်းသည် လူသားမျိုးနွယ်ကို ဧရာမ အထောက်အကူပြုခြင်းတစ်ခု ဖြစ်သည်ဟုလည်း သူမခံစားရချေ။ သူသည် လူသားမျိုးနွယ်ကို သူ၏ ကိုယ်ပိုင်နည်းလမ်း၊ သူ၏အနှစ်သာရနှင့် သူ၏အရာအားလုံးနှင့်ဖြစ်ခြင်းတို့မှတစ်ဆင့် တိတ်ဆိတ်စွာနှင့် ငြိမ်သက်စွာ သက်သက် ထောက်ပံ့ ပေးလေသည်။ လူသားမျိုးနွယ်သည် သူ့ထံမှ မည်မျှထောက်ပံ့မှုနှင့် မည်မျှအကူအညီတို့ကို ရရှိသည် ဖြစ်စေ၊ ဘုရားသခင်သည် ချီးကျူးမှုရဖို့ လုံးဝ မစဉ်းစား သို့မဟုတ် မကြိုးစားပေ။ ဤအရာကို ဘုရားသခင်၏ အနှစ်သာရက သတ်မှတ်ပေးထားပြီး ဘုရားသခင်၏ စိတ်သဘောထား၏ စစ်မှန်သည့် ဖော်ပြချက်လည်း အတိအကျ ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၁)

(၂၇၆) လူသား၏အလုပ်အတွက် ဘုရားသခင် ကြံ့ကြံ့ခံခဲ့သည့် အိပ်မပျော်သောညများမှာ များစွာဖြစ်၏။ အထက်အမြင့်အရပ်မှ အနိမ့်ဆုံးအနက်များအထိ ကိုယ်တော်သည် သူ၏နေ့ရက်များကို လူသားနှင့်အတူ ကျော်လွန်ရန်၊ လူသားနေထိုင်သော အသက်ရှင်လျက် ငရဲရောက်နေသကဲ့သို့ ခံစားရသည့်အရပ်သို့ ဆင်းသက်လာခဲ့ကာ ကိုယ်တော်သည် လူသားအကြားယုတ်ညံ့မှုကို မည်သည့်အခါမျှ ညည်းညူခဲ့ဖူးခြင်းမရှိ၊ ထို့အပြင် လူသားအား ၎င်း၏နာခံမှု မရှိခြင်းအတွက် အပြစ်တင်ခဲ့ဖူးခြင်း မရှိဘဲ၊ သူ၏အမှုကို သူကိုယ်တိုင် ထမ်းဆောင်ရင်း အကြီးမားဆုံးသော အရှက်ကွဲခြင်းကို ကြံ့ကြံ့ခံတော်မူ၏။ ဘုရားသခင်သည် ငရဲနှင့် အဘယ်သို့ သက်ဆိုင်နိုင်အံ့နည်း။ ကိုယ်တော်သည် ကိုယ်တော်၏ အသက်တာကို ငရဲ၌ အဘယ်သို့ ကုန်ဆုံးနိုင်အံ့သနည်း။ သို့သော် လူသားမျိုးနွယ် တစ်ရပ်လုံးသည် သာ၍ဆောလျင်စွာ ချမ်းသာခြင်းသို့ ရောက်ရန် ကိုယ်တော်သည် လူသားမျိုးနွယ် တစ်ရပ်လုံးအတွက် ကမ္ဘာမြေကြီးသို့ လာရန် အရှက်ကွဲခြင်းကို ကြံ့ကြံ့ခံခဲ့ကာ တရားမျှတမှုမရှိခြင်းကို ခံခဲ့သည့်အပြင်၊ လူသားကို ကယ်တင်ရန် သူကိုယ်တိုင် “ငရဲ” နှင့် “မရဏနိုင်ငံ” အတွင်း၊ ကျားအောင်းဂူအတွင်းသို့ ဝင်ရောက်ခဲ့၏။ လူသားသည် ဘုရားသခင်အား ဆန့်ကျင်ရန် အဘယ်သို့ အရည်အချင်း မီသနည်း။ ဘုရားသခင်အကြောင်း မကျေမနပ်ပြောရန် ၎င်းတွင် မည်သည့်အကြောင်းရင်း ရှိသနည်း။ ဘုရားသခင်ကို ကြည့်ရန် သူသည် အဘယ်သို့ ရဲတင်း၍ အရှက်မရှိ မျက်နှာပြောင်တိုက်နိုင်မည်နည်း။ ကောင်းကင်ဘုံ၏ ဘုရားသခင်သည် အညစ်ပေဆုံးသော ဤဒုစရိုက်ပြည်သို့ လာရောက်ခဲ့ပြီး ကိုယ်တော်၏ မကျေနပ်မှုများကို မည်သည့်အခါမျှ ထွက်ပေါက်ရှာခဲ့ဖူးခြင်း သို့မဟုတ် လူသားအကြောင်း ညည်းညူခဲ့ခြင်း မရှိဘဲ၊ ယင်းအစား လူသား၏ ဒဏ်ရာဒဏ်ချက်များနှင့် ဖိနှိပ်မှုတို့ကို တိတ်ဆိတ်စွာ လက်ခံ၏။ လူသား၏ မလျော်ကန်သော တောင်းဆိုမှုများကို မည်သည့်အခါမျှ တုံ့ပြန်ထိုးနှက်တိုက်ခိုက်ခြင်း မရှိ၊ လူသားအပေါ် လွန်ကဲသော တောင်းဆိုမှုများ မည်သည့်အခါမျှ မပြုခဲ့ဖူးသလို၊ လူသားအပေါ် မလျော်ကန်သော တောင်းဆိုမှုများ မည်သည့်အခါမျှ မပြုလုပ်ခဲ့ဖူးပေ၊ သူသည် သင်ကြားခြင်း၊ အသိဉာဏ် ပွင့်လင်းစေခြင်း၊ အပြစ်တင်ခြင်း၊ နှုတ်ကပတ်တော်များအား စစ်ဆေးခြင်း၊ သတိပေးခြင်း၊ အလေးအနက် တိုက်တွန်းခြင်း၊ နှစ်သိမ့်ခြင်း၊ တရားစီရင်ခြင်းနှင့် ထုတ်ဖော်ခြင်းစသည့် လူသား လိုအပ်သည့်အလုပ်ကို ညည်းညူမှုမရှိဘဲ၊ လုပ်ဆောင်ရုံသာ လုပ်ဆောင်၏။ ကိုယ်တော်၏ အဆင့်များအနက် အဘယ်အဆင့်သည် လူသား၏ ဘဝအတွက် မဟုတ်သနည်း။ ကိုယ်တော်သည် လူသား၏ မျှော်လင့်ချက်များနှင့် ကံကြမ္မာကို ဖယ်ရှားခဲ့သော်လည်း၊ ဘုရားသခင် ဆောင်ရွက်ခဲ့သည့် အဆင့်များအနက် မည်သည့်အဆင့်သည် လူသား၏ကံကြမ္မာအတွက် မဟုတ်ခဲ့သနည်း။ ၎င်းတို့အနက် မည်သည့်အဆင့်သည် လူသား၏ရှင်သန်နိုင်ရေးအတွက် မဟုတ်သနည်း။ ၎င်းတို့အနက် မည်သည့်အဆင့်သည် ဤဒုက္ခဝေဒနာနှင့် ညတမျှ မည်းနက်သော အမှောင်စွမ်းအားများ၏ ဖိနှိပ်ခြင်းတို့မှ လူသားအား လွတ်မြောက်စေရန် မဟုတ်ခဲ့သနည်း။ ၎င်းတို့အနက် မည်သည့်အဆင့်သည် လူသားအတွက် မဟုတ်သနည်း။ ချစ်ခင်ကြင်နာသော မိခင်၏ နှလုံးသားကဲ့သို့ဖြစ်သည့် ဘုရားသခင်၏ နှလုံးသားကို မည်သူ နားလည်နိုင်သနည်း။ ဘုရားသခင်၏ စိတ်အားထက်သန်သော နှလုံးသားကို မည်သူနားလည်နိုင်သနည်း။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အမှုတော်နှင့် ဝင်ရောက်ခြင်း (၉)

(၂၇၇) ကမ္ဘာမြေကြီးပေါ်သို့ ဘုရားသခင် ကြွလာခဲ့ချိန်တွင်၊ သူသည် လောကနှင့် မသက်ဆိုင်ခဲ့သကဲ့သို့၊ လောကကို ပျော်မွေ့ရန် လူ့ဇာတိခံယူခဲ့ခြင်း မဟုတ်ပေ။ အမှုပြုခြင်းက သူ၏ စိတ်သဘောထားကို ထုတ်ဖော်ပြပြီး အဓိပ္ပါယ်အရှိဆုံး ဖြစ်မည့်နေရာမှာ သူမွေးဖွားခဲ့သော နေရာဖြစ်သည်။ ယင်းမှာ သန့်ရှင်းသော တိုင်းပြည်ဖြစ်စေ၊ ညစ်ညူးသော တိုင်းပြည် တစ်ပြည်ဖြစ်စေ၊ မည်သည့်နေရာတွင် သူအမှုပြုပါစေ၊ သူသည် သန့်ရှင်း၏။ အရာအားလုံးသည် စာတန်၏ ဖျက်ဆီးခြင်း ခံရပြီးဖြစ်သော်လည်း၊ လောကထဲရှိ အရာရာတိုင်းကို သူ ဖန်ဆင်းထားခြင်းဖြစ်၏။ သို့သော်လည်း အရာအားလုံးသည် သူနှင့် သက်ဆိုင်ဆဲဖြစ်၏။ ၎င်းတို့ အားလုံးသည် သူ၏ လက်ထဲတွင် ရှိကြသည်။ သူသည် သူ၏ သန့်ရှင်းခြင်းကို ထုတ်ဖော်ပြဖို့အလို့ငှာ ညစ်ညူးသော တိုင်းပြည်တစ်ပြည်သို့ ကြွလာပြီး ထိုနေရာတွင် အမှုပြုလေသည်။ သူသည် ဤအရာကို သူ၏အမှုအတွက်သာ ပြုခြင်းဖြစ်သည်၊ ဆိုလိုသည်မှာ ဤညစ်ညူးသောတိုင်းပြည်မှ လူတို့ကို ကယ်တင်ရန်အလို့ငှာ၊ သူသည် ထိုသို့သော အမှုကိုပြုဖို့ ကြီးစွာသော အရှက်ရခြင်းကို ခံရပ်လေသည်။ ဤသည်မှာ‌ လူသားမျိုးနွယ်အားလုံးအတွက် သက်သေခံဖို့ရန် လုပ်ဆောင်ခြင်း ဖြစ်သည်။ ထိုသို့သော အမှုက လူတို့ကို ပြသသည်မှာ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းဖြစ်ပြီး၊ ယင်းသည် ဘုရားသခင်၏ကြီးစိုးမှုကို ပို၍ကောင်းစွာ ပြသနိုင်သည်။ အခြားသူများက အထင်အမြင်သေးသည့် အောက်တန်းကျသော လူစုတစ်စုကို ကယ်တင်ခြင်းတွင် သူ၏ကြီးမြတ်ခြင်းနှင့် ဖြောင့်မတ်တည်ကြည်ခြင်းတို့ ထင်ရှားပေသည်။ ညစ်ညူးသော တိုင်းပြည်တစ်ခုတွင် မွေးဖွားခြင်းက သူသည် အရေးမပါသည်ကို သက်သေပြခြင်း လုံးဝ မဟုတ်ပေ။ ယင်းက သူ၏ ကြီးမြတ်ခြင်းနှင့် လူသားမျိုးနွယ်အတွက် သူ၏ စစ်မှန်သော ချစ်ခြင်းမေတ္တာကို ဖန်ဆင်းထားသောအရာအားလုံးအား မြင်ခွင့်ပေးခြင်း သက်သက် ဖြစ်သည်။ ထိုသို့ သူလုပ်ဆောင်လေလေ၊ လူသားအတွက် သူ၏ဖြူစင်သော ချစ်ခြင်းမေတ္တာ၊ သူ၏ အပြစ်အနာအဆာ မရှိသော ချစ်ခြင်းမေတ္တာကို ထုတ်ဖော်ပြလေလေ ဖြစ်သည်။ ဘုရားသခင်သည် သန့်ရှင်းပြီး ဖြောင့်မတ်၏။ သူသည် ညစ်ညူးသော တိုင်းပြည်တစ်ပြည်တွင် မွေးဖွားခဲ့ပြီး၊ ညစ်ညူးမှုနှင့် ပြည့်နှက်နေသော လူတို့နှင့်အတူ အသက်ရှင်သော်လည်း၊ ကျေးဇူးတော်ခေတ်တွင် အပြစ်သားများ နှင့်အတူ ယေရှု အသက်ရှင်ခဲ့သည့်အတိုင်း သူ၏အမှုအားလုံးသည် လူသားမျိုးနွယ်အားလုံး၏ ရှင်သန်ရေးအတွက် လုပ်ဆောင်ခြင်း မဟုတ်လော။ လူသားမျိုးနွယ်အနေဖြင့် ကြီးမားသော ကယ်တင်ခြင်းကို ရရှိနိုင်ဖို့အလို့ငှာသာ ဖြစ်သည်မဟုတ်သလော။ လွန်ခဲ့သော နှစ်ပေါင်းနှစ်ထောင်က၊ သူသည် အပြစ်သားများ နှင့်အတူ နှစ်အနည်းငယ် အသက်ရှင်ခဲ့သည်။ ယင်းမှာ ရွေးနုတ်ခြင်းအတွက် ဖြစ်ခဲ့သည်။ ယနေ့တွင် သူသည် ညစ်ညူးကာ အရေးမပါသော လူတစ်စုနှင့်အတူ နေထိုင်လျက် ရှိသည်။ ဤသည်မှာ ကယ်တင်ခြင်းအတွက် ဖြစ်သည်။ သူ၏အမှုအားလုံးသည် သင်တို့လူသားများ အတွက် မဟုတ်လော။ လူသားမျိုးနွယ်ကို ကယ်တင်ရန် မဟုတ်ခဲ့ပါက၊ သူသည် နွားစားခွက်ထဲတွင် မွေးဖွားခဲ့ပြီးနောက် အဘယ်ကြောင့် အပြစ်သားများနှင့်အတူ နှစ်ပေါင်းများစွာ အသက်ရှင်ပြီး ဒုက္ခဆင်းရဲခံခဲ့မည်နည်း။ ပြီးလျှင် လူသားမျိုးနွယ်ကို ကယ်တင်ရန် မဟုတ်ခဲ့ပါက၊ သူသည် အဘယ်ကြောင့် ဒုတိယအကြိမ် လူ့ဇာတိပြန်လည်ခံယူကာ၊ နတ်ဆိုးများ စုဝေးရာ ဤတိုင်းပြည်တွင် မွေးဖွားပြီး စာတန်၏ နက်ရှိုင်းစွာ ဖျက်ဆီးခြင်း ခံခဲ့ရသော ဤလူတို့နှင့်အတူ အသက်ရှင်လိမ့်မည်နည်း။ ဘုရားသခင်သည် သစ္စာရှိသည် မဟုတ်လော။ သူ့အမှု၏ မည်သည့်အပိုင်းသည် လူသားမျိုးနွယ်အတွက် မဟုတ်ခဲ့သနည်း။ မည်သည့် အပိုင်းသည် သင်တို့၏ ကံကြမ္မာအတွက် မဟုတ်ခဲ့သနည်း။ ဘုရားသခင်သည် သန့်ရှင်းတော်မူ၏- ဤသည်မှာ ပြောင်းလဲ၍ မရနိုင်ပေ။ သူသည် ညစ်ညူးသော တိုင်းပြည်တစ်ပြည်သို့ ကြွလာခဲ့သော်လည်း၊ အညစ်အကြေးများဖြင့် ညစ်ညမ်းမသွားခဲ့ပေ။ ဤအရာအားလုံးမှာ လူသားမျိုးနွယ်အတွက် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် အလွန့်အလွန် ကိုယ်ကျိုးမငဲ့သကဲ့သို့၊ သူခံရပ်သည့် ဒုက္ခဆင်းရဲနှင့် အရှက်ရခြင်းတို့သည် အလွန့်အလွန် ကြီးမားသည်ကိုသာ ဆိုလိုနိုင်ပေသည်။ သင်တို့အားလုံးနှင့် သင်တို့၏ ကံကြမ္မာအတွက် သူ ခံစားသည့် အရှက်ရခြင်း မည်မျှ ကြီးမားသည်ကို သင်တို့ မသိကြသလော။ ကြီးမြတ်သောလူများ သို့မဟုတ် ကြွယ်ဝချမ်းသာပြီး သြဇာကြီးသော မိသားစုများ၏ သားများကို ကယ်တင်ခြင်းထက်၊ အရေးမပါသကဲ့သို့ အထင်အမြင်သေးခြင်း ခံရသောသူများကို ကယ်တင်ခြင်းအား သူ မပျက်မကွက် လုပ်လေသည်။ ဤအရာအားလုံးသည် သူ၏သန့်ရှင်းခြင်း ဖြစ်သည် မဟုတ်လော။ ဤအရာအားလုံးသည် သူ၏ ဖြောင့်မတ်ခြင်း ဖြစ်သည် မဟုတ်လော။ လူသားမျိုးနွယ် အားလုံး၏ ရှင်သန်ခြင်းအတွက် သူသည် ညစ်ညူးသော တိုင်းပြည်တစ်ပြည်တွင် မွေးဖွားကာ အရှက်ရခြင်းအားလုံးကို ခံစားရန် သာ၍လိုလားခဲ့သည်။ ဘုရားသခင်သည် အလွန် စစ်မှန်၏- သူသည် မမှန်သောအမှုကို မပြုပေ။ အမှု၏ အဆင့်တိုင်းသည် အင်မတန် လက်တွေ့ကျသည့် နည်းလမ်းဖြင့် လုပ်ဆောင်ထားသည် မဟုတ်လော။ လူအားလုံးက သူ့ကို မကောင်းပြောကြပြီး သူသည် အပြစ်သားများနှင့် စားပွဲတွင် အတူထိုင်သည်ဟု ဆိုကြသော်လည်း၊ လူအားလုံးက သူ့ကို သရော်ကြပြီး သူသည် ညစ်ညူးမှု၏သားများနှင့်အတူ အသက်ရှင်သည်၊ လူတို့ထဲတွင် အနိမ့်ကျဆုံးဖြစ်သော သူများနှင့်အတူ အသက်ရှင်သည်ဟု ဆိုကြသော်လည်း၊ သူသည် ကိုယ်ကျိုးမငဲ့ဘဲ မိမိကိုယ်ကိုယ် ပေးအပ်နေဆဲဖြစ်ပြီး၊ ထိုကဲ့သို့ လူသားမျိုးနွယ်ကြားတွင် ငြင်းပယ်ခံရဆဲ ဖြစ်သည်။ သူခံရပ်ရသော ဒုက္ခဆင်းရဲသည် သင်တို့၏ ဒုက္ခဆင်းရဲထက် ပို၍ကြီးမားသည် မဟုတ်သလော။ သူ ပြုသောအမှုသည် သင်ပေးခဲ့သော အဖိုးအခထက် ပိုများသည် မဟုတ်သလော။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ မောဘ၏ သားစဉ်မြေးဆက်များကို ကယ်တင်ခြင်း အဓိပ္ပါယ်

(၂၇၈) ညစ်ညူး၍ ဖောက်ပြန်ပျက်စီးနေသည့် ဤလူတို့အကြားတွင် သူ၏အလုပ်ကို လုပ်ဆောင်ရန်အလို့ငှာနှင့် ဤလူစုကို စုံလင်စေရန်အလို့ငှာ ဘုရားသခင်သည် မိမိကိုယ်မိမိ ဤအဆင့်အထိ နှိမ့်ချခဲ့သည်။ ဘုရားသခင်သည် လူသားများကြားတွင် နေထိုင်စားသောက်ရန်၊ လူသားများကို လမ်းပြဖို့ရန်နှင့် လူသားများ၏ လိုအပ်သည့်အရာများကို ဖြည့်ဆည်းပေးဖို့ရန်အလို့ငှာ လူ့ဇာတိခံယူခဲ့သည်သာ မဟုတ်ချေ။ သာ၍ အရေးကြီးသည်မှာ သူ၏ကြီးမားသော ကယ်တင်ခြင်းနှင့် သည်းမခံနိုင်လောက်အောင် ဖောက်ပြန်ပျက်စီးနေသည့် လူသားများကို သိမ်းပိုက်ရန်အလုပ်ကို လုပ်ခြင်း ဖြစ်သည်။ လူသားများ အားလုံးအားပြောင်းလဲကာ အသစ်ပြုပြင်ရန်အလို့ငှာ သူသည် ဖောက်ပြန်ပျက်စီးဆုံး ဤလူတို့ကို ကယ်တင်ရေးအတွက် အဆင်းနီသောနဂါးကြီး၏ နှလုံးသားထဲသို့ လာခဲ့ခြင်း ဖြစ်သည်။ ဘုရားသခင် ခံစားရသည့် ကြီးမားသော အခက်အခဲသည် လူ့ဇာတိခံယူသည့် ဘုရားသခင် ခံစားရသည့် အခက်အခဲမျှသာ မဟုတ်ဘဲ၊ အဓိကအားဖြင့် ဘုရားသခင်၏ ဝိညာဉ်တော်သည် အဆုံးစွန်သော အရှက်ခွဲခံရခြင်း ဖြစ်သည်၊ ဘုရားသခင်သည် မိမိကိုယ်ကို နှိမ့်ချလွန်းပြီး သိုဝှက်လွန်းသည့်အတွက် သူသည် သာမန်လူတစ်ယောက် ဖြစ်လာခဲ့သည်။ လူသားများသည် သူ့အား သာမန်လူ့ဘ၀ရှိပြီး သာမန်လူသား၏ လိုအပ်ချက်များကို သူလည်းလိုအပ်ကြောင်း မြင်စေရန်အလို့ငှာ ဘုရားသခင်သည် လူ့ဇာတိကိုခံယူခဲ့ပြီး ဇာတိပကတိ၏ သဏ္ဌာန်ကို ဆောင်ခဲ့သည်။ ဘုရားသခင်သည် ကြီးမားသော အတိုင်းအတာအထိ နှိမ့်ချခဲ့ကြောင်းကို သက်သေပြရန် ဤအရာက လုံလောက်သည်။ ဘုရားသခင်၏ ဝိညာဉ်တော်ကို ဇာတိပကတိ၌ အကောင်အထည် ဖော်ထားသည်။ ဘုရားသခင်၏ ဝိညာဉ်တော်သည် အလွန်တရာ မြင့်မားကာ ကြီးမြတ်သည့်အရာဖြစ်၏၊ သို့သော် သူသည် သူ၏ဝိညာဉ်တော်၏ အလုပ်ကို လုပ်ဆောင်ရန်အလို့ငှာ၊ သာမန်လူတစ်ယောက်၏ သဏ္ဌာန်ကို ခံယူခဲ့သည်။ သင်တို့အသီးသီး၏ အရည်အချင်း၊ ထိုးထွင်းဉာဏ်၊ အာရုံခံစားမှု၊ လူ့သဘာဝနှင့် အသက်တာများတို့သည် ဘုရားသခင်၏ ဤအလုပ်မျိုးကို လက်ခံရန် အကယ်ပင် မထိုက်တန်ကြောင်းကို ပြသည်။ သင်တို့သည် ဘုရားသခင်ကို သင်တို့အတွက် ထိုကဲ့သို့ အခက်အခဲ ကြုံတွေ့စေရန် အကယ်ပင် မထိုက်တန်ပေ။ ဘုရားသခင်သည် အထွတ်အထိပ် ဖြစ်လွန်းလှပြီး၊ သူသည် လူတို့သည် အလွန်နိမ့်ကျသည်၊ သို့သော် သူသည် လူသားများအပေါ် လုပ်ဆောင်မြဲ ဖြစ်သည်။ သူသည် လူသားများအတွက် ထောက်ပံ့ပေးရန်၊ လူတို့နှင့် စကားပြောရန်၊ လူ့ဇာတိခံယူသည်သာမက၊ သူသည် လူသားများနှင့် အတူတကွပင် နေထိုင်ခဲ့သည်။ ဘုရားသခင်သည် အလွန်ပင်နှိမ့်ချကာ ချစ်ဖွယ်ကောင်းသော ဘုရားသခင်ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လက်တွေ့လုပ်ဆောင်ခြင်းကို အာရုံစိုက်သူများသာ စုံလင်စေခြင်းခံရနိုင်သည်

(၂၇၉) ဘုရားသခင် လုပ်ဆောင်သမျှတိုင်းသည် လက်တွေ့ကျသည်။ သူလုပ်ဆောင်သည့် မည်သည့်အရာမျှ အနှစ်မမဲ့သကဲ့သို့၊ အားလုံးကို မိမိဘာသာ တွေ့ကြုံ ခံစားလေသည်။ ဘုရားသခင်သည် လူသားမျိုးနွယ်အတွက် ခရီးပန်းတိုင်တစ်ခုအတွက် ဖလှယ်ရာတွင် သူကိုယ်တိုင်၏ ဆင်းရဲဒုက္ခ အတွေ့အကြုံနှင့်ဆိုင်သည့် အဖိုးအခကို သူပေးလေသည်။ ဤသည်မှာ လက်တွေ့ကျသော အမှုဖြစ်သည် မဟုတ်သလော။ မိဘများသည် ၎င်းတို့ သားသမီးများဖို့အလို့ငှာ လေးနက်သော အဖိုးအခတစ်ခုကို ပေးနိုင်ကြပြီး၊ ဤအရာက ၎င်းတို့၏ စိတ်ရင်းမှန်ဖြင့် လုပ်ဆောင်ခြင်းကို ကိုယ်စားပြုသည်။ ဟုတ်ပေ၏၊ ဤအရာလုပ်ဆောင်ခြင်းဖြင့်၊ လူ့ဇာတိခံ ဘုရားသခင်သည် လူသားမျိုးနွယ် အဖို့ စိတ်ရင်းအမှန်ဆုံးနှင့် သစ္စာအရှိဆုံး ဖြစ်လေသည်။ ဘုရားသခင်၏ အနှစ်သာရမှာ သစ္စာနှင့်ပြည့်ဝသည်၊ သူပြောသည့်အတိုင်း သူပြုပြီး သူပြုသမျှ ဖြစ်မြောက်သည်။ လူသားများအတွက် သူ လုပ်ဆောင်သမျှတိုင်းသည် စိတ်ရင်းမှန်ဖြင့် လုပ်ဆောင်ခြင်းဖြစ်သည်။ မိန့်မြွက်ချက်များ လုပ်ဆောင်ခြင်း သက်သက်ကို သူ မပြုပေ၊ အဖိုးအခ သူပေးမည်ဟု ဆိုသည့်အခါ၊ အဖိုးအခကို သူအမှန်တကယ် ပေး၏။ လူသားမျိုးနွယ်၏ ဆင်းရဲဒုက္ခကို သူတာဝန်ယူပြီး သူတို့ကိုယ်စား ဆင်းရဲဒုက္ခခံမည်ဟု သူ ဆိုသည့်အခါ၊ ဤဆင်းရဲဒုက္ခကို ကိုယ်တိုင်ကိုယ်ကျ ခံစားကာ တွေ့ကြုံရင်း၊ သူတို့ကြားတွင် အသက်ရှင်ဖို့ သူ အမှန်တကယ် ကြွလာလေသည်။ ထို့နောက်တွင်၊ စကြဝဠာထဲရှိ အရာခပ်သိမ်းတို့သည် ဘုရားသခင် လုပ်သမျှတိုင်းက မှန်ကန်ကာ ဖြောင့်မတ်သည်၊ ဘုရားသခင် လုပ်ဆောင်သည့်အရာအားလုံး လက်တွေ့ကျသည်တို့ကို အသိအမှတ်ပြုကြလိမ့်မည်။ ဤသည်မှာ အားကောင်းသော သက်သေတစ်ခု ဖြစ်သည်။ ထို့အပြင်၊ လူသားမျိုးနွယ်သည် အနာဂတ်တွင် လှပသော ခရီးပန်းတိုင်တစ်ခု ရှိလိမ့်မည်ဖြစ်ပြီး၊ ကျန်ရှိသူအားလုံးက ဘုရားသခင်ကို ချီးမွမ်းကြလိမ့်မည်၊ ဘုရားသခင်၏ လုပ်ဆောင်ချက်များအား လူသားမျိုးနွယ်အတွက် သူ၏ ချစ်ခြင်းမေတ္တာမှ အမှန်လုပ်ဆောင်သည်ကို သူတို့ ချီးမွမ်းကြလိမ့်မည်။ ဘုရားသခင်သည် သာမန် လူတစ်ဦးအဖြစ် လူသားအလယ် နှိမ့်ချစွာ ကြွလာသည်။ သူသည် အမှုအချို့ကို ဆောင်ရွက်ရုံ၊ နှုတ်ကပတ်တော်အချို့ကို ပြောရုံမျှပြုလျက် ထို့နောက်တွင် ထွက်ခွာသွားခြင်း မဟုတ်ပေ၊ ယင်းအစား သူသည် လူသားအလယ် အမှန်တကယ် ကြွလာပြီး လောက၏ နာကျင်မှုဝေဒနာကို တွေ့ကြုံခံစားလေသည်။ ဤနာကျင်မှု ဝေဒနာကို သူ တွေ့ကြုံခံစားပြီးသည့်နောက်တွင်မှ သူ ထွက်ခွာမည်ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ အမှု စစ်မှန်ပုံနှင့် လက်တွေ့ကျပုံ ဖြစ်သည်။ ကျန်ရှိသူအားလုံးသည် ယင်းကြောင့် ဘုရားသခင်ကို ချီးမွမ်းကြလိမ့်မည်ဖြစ်ပြီး၊ လူသားအဖို့ ဘုရားသခင်၏ သစ္စာတရားနှင့် သူ၏ ကြင်နာသောစိတ်ရှိခြင်းတို့ကို ၎င်းတို့ မြင်ရကြလိမ့်မည်။ ဘုရားသခင်၏ အလှတရားနှင့် ကောင်းမြတ်မှု အနှစ်သာရကို သူ၏ဇာတိပကတိ၌ လူ့ဇာတိခံယူခြင်း၏ အရေးပါမှုတွင် တွေ့မြင်နိုင်သည်။ သူ လုပ်ဆောင်သမျှတိုင်းသည် စိတ်ရင်းမှန်ဖြင့် လုပ်ဆောင်ခြင်းဖြစ်သည်၊ သူ ပြောသမျှတိုင်းသည် လေးနက်ပြီး သစ္စာရှိသည်။ သူ လုပ်ဆောင်ဖို့ ရည်ရွယ်သမျှအားလုံးနှင့်ပတ်သက်၍၊ သူ အမှန်တကယ် လုပ်ဆောင်ပြီး၊ အဖိုးအခတစ်ခုကို ပေးသည့်အခါ၊ သူ အမှန်တကယ် ပေးလေသည်၊ မိန့်မြွက်ချက်များ လုပ်ဆောင်ခြင်း သက်သက်ကို သူ မပြုပေ။ ဘုရားသခင်သည် ဖြောင့်မတ်သော ဘုရားသခင်ဖြစ်သည်၊ ဘုရားသခင်သည် သစ္စာရှိသော ဘုရားသခင် ဖြစ်ပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ လူ့ဇာတိခံယူခြင်း ရည်ရွယ်ချက်၏ ဒုတိယ ရှုထောင့်

(၂၈၀) ဘုရားသခင်သည် လူသားမျိုးနွယ်ကို သူ၏ စီမံခန့်ခွဲခြင်းနှင့် ဆိုင်သည့်၊ လူသားမျိုးနွယ်ကို သူ၏ ကယ်တင်ခြင်းနှင့်ဆိုင်သည့် ဤဖြစ်ရပ်ကို အခြားမည်သည့် အရာမဆိုထက် သာ၍ အရေးကြီးသကဲ့သို့ ယူဆသည်။ သူသည် ဤအရာတို့ကို သူ၏စိတ်နှင့် နှင့်သာ၊ သူ၏နှုတ်ကပတ်တော်များနှင့်သာ၊ ပြီးလျှင် သာမန်ကာလျှံကာဖြစ်သော သဘောထားဖြင့်သာ သေချာပေါက် မလုပ်ဆောင်ပေ- သူသည် ဤအရာအားလုံးကို အစီအစဉ်တစ်ခု၊ ပန်းတိုင်တစ်ခု၊ စံနှုန်းများနှင့် သူ၏အလိုတို့ဖြင့် လုပ်ဆောင်သည်။ လူသားမျိုးနွယ်ကို ကယ်တင်ရန်ဖြစ်သော ဤအမှုသည် ဘုရားသခင်နှင့် လူသားနှစ်ဦးစလုံးတို့အတွက် ကြီးမားသော အရေးပါမှုကို ကိုင်စွဲထားသည်မှာ သိသာရှင်းလင်းပေသည်။ အမှု မည်မျှ ခက်ခဲသည်ဖြစ်စေ၊ အတားအဆီးများ မည်မျှကြီးမားသည် ဖြစ်စေ၊ လူသားများက မည်မျှ အားနည်းကြသည်ဖြစ်စေ၊ သို့မဟုတ် လူသားမျိုးနွယ်၏ ပုန်ကန်ခြင်းက မည်မျှ နက်ရှိုင်းသည်ဖြစ်စေ၊ ဤအရာထဲက မည်သည့်အရာမျှ ဘုရားသခင်အတွက် မခက်ခဲချေ။ ဘုရားသခင်သည် သူ၏ ပင်ပန်းတကြီးလုပ်ရသော အားထုတ်မှုကို အသုံးချရင်းနှင့် သူကိုယ်တိုင် ဆောင်ရွက်လိုသော အမှုကို စီမံခန့်ခွဲရင်း မိမိဘာသာ အလုပ်ရှုပ်မြဲရှုပ်နေလေသည်။ သူသည် အရာရာတိုင်းကိုလည်း စီစဉ်နေပြီး၊ သူအမှုပြုမည့် လူများအားလုံးနှင့် သူ ပြီးစီးလိုသည့် အမှုအားလုံးအပေါ် သူ၏ အချုပ်အခြာအာဏာကို ကျင့်သုံးနေသည်- ဤအရာထဲက မည်သည့်အရာကိုမျှ ယခင်က မလုပ်ခဲ့ဖူးချေ။ ဤသည်မှာ လူသားမျိုးနွယ်ကို စီမံခန့်ခွဲခြင်းနှင့် ကယ်တင်ခြင်းနှင့် သက်ဆိုင်သည့် ဤအဓိက စီမံကိန်းအတွက် ဘုရားသခင်က ဤနည်းလမ်းများကို အသုံးပြုပြီး၊ ကြီးမားသော အဖိုးအခကို ပေးခဲ့သည့် ပထမဆုံးအကြိမ် ဖြစ်သည်။ ဤအမှုကို ဘုရားသခင် ဆောင်ရွက်နေစဉ်တွင်၊ သူသည် ထိမ်ချန်ထားခြင်း မရှိဘဲ သူ၏ အပင်ပန်းခံ ကြိုးစားအားထုတ်မှု၊ သူ၏အရာအားလုံးနှင့်ဖြစ်ခြင်း၊ သူ၏ဉာဏ်ပညာနှင့် အနန္တတန်ခိုး၊ ပြီးလျှင် သူ့စိတ်သဘောထား၏ ရှုထောင့်တိုင်းကို လူသားမျိုးနွယ်ထံ နည်းနည်းချင်း ဖော်ပြနေပြီး ထုတ်ပြန် ပေးနေပေသည်။ သူသည် ယခင်က တစ်ကြိမ်တစ်ခါမျှ မလုပ်ဖူးသည့်အတိုင်း ဤအရာများကို ထုတ်ပြန်ကာ ဖော်ပြသည်။ ထို့ကြောင့် စကြဝဠာတစ်ခုလုံးတွင်၊ ဘုရားသခင်က စီမံရန်နှင့် ကယ်တင်ရန် ရည်ရွယ်ထားသော လူများမှလွဲ၍ ဘုရားသခင်နှင့် ထိုသို့သော ရင်းနှီးသည့်ဆက်ဆံရေးရှိသော၊ ဘုရားသခင်နှင့် အလွန်နီးကပ်သော မည်သည့်ဖန်ဆင်းခံမျှ လုံးဝ မရှိခဲ့ဖူးပေ။ သူ၏ စိတ်နှလုံးထဲတွင် သူစီမံလိုပြီး ကယ်တင်လိုသော လူသားမျိုးနွယ်သည် အရေးကြီးဆုံးဖြစ်၏။ သူသည် ဤလူသားမျိုးနွယ်ကို အခြားအရာအားလုံးထက် တန်ဖိုး ထားသည်။ သူသည် ၎င်းတို့အတွက် ကြီးမားသော အဖိုးအခ တစ်ခုကို ပေးဆပ်ခဲ့ပြီး ၎င်းတို့က သူ့ကို အဆက်မပြတ် နာကျင်စေကာ မနာခံကြသော်လည်း၊ ၎င်းတို့အပေါ် သူ လုံးဝ လက်မလျှော့သကဲ့သို့၊ ညည်းညူခြင်း၊ သို့မဟုတ် နောင်တရခြင်း မရှိဘဲ၊ သူ၏အမှုဖြင့် မမောနိုင်မပန်းနိုင် ဆက်လက် လုပ်ဆောင်လေသည်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် လူတို့သည် သူ၏ခေါ်ခြင်းဆီသို့ အနှေးနှင့်အမြန် နိုးထကြလိမ့်မည် ဖြစ်ပြီး သူ၏နှုတ်ကပတ်တော်များအားဖြင့် တို့ထိခြင်း ခံရကြလိမ့်မည်၊ သူသည် ဖန်ဆင်းခြင်း၏ အရှင်ဖြစ်သည်ကို သတိပြုမိကာ သူ့ထံပါးသို့ ပြန်လာကြလိမ့်မည်ကို သူ သိသောကြောင့်ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၃)

(၂၈၁) သင်သည် လူသားမျိုးနွယ်အပေါ် ဘုရားသခင်၏ အတွေးများနှင့် သဘောထားကို အမှန်တကယ် အသိအမှတ် ပြုနိုင်သောအခါတွင်၊ သင်သည် ဘုရားသခင်၏ စိတ်ခံစားမှုများနှင့် ဖန်ဆင်းခံတစ်ဦးစီအတွက် သူ၏ ပူပန်မှုကို အမှန်တကယ် နားလည်နိုင်သောအခါတွင်၊ ဖန်ဆင်းရှင်က ဖန်ဆင်းခဲ့သော လူတို့တစ်ဦးချင်းစီတိုင်းအပေါ် ကုန်ဆုံးခဲ့သော ကြီးမားသောသံယောဇဉ်နှင့် ချစ်ခြင်းမေတ္တာကို သင် နားလည်နိုင်လိမ့်မည် ဖြစ်သည်။ ဤအရာ ဖြစ်ပျက်သောအခါတွင်၊ ဘုရားသခင်၏ ချစ်ခြင်းကို ဖော်ပြရန် စကားလုံးနှစ်လုံးကို သင်အသုံးပြုလိမ့်မည်။ ထို စကားလုံး နှစ်လုံးမှာ မည်သည်အရာများ ဖြစ်သနည်း။ လူအချို့က “ကိုယ်ကျိုးမငဲ့” ဟုပြောကြပြီး လူအချို့က “ပရဟိတ” ဟုပြောကြသည်။ ဤနှစ်ခုထဲမှ “ပရဟိတ” သည် ဘုရားသခင်၏ ချစ်ခြင်းကိုဖော်ပြရန် မသင့်တော်ဆုံးသော စကားလုံးဖြစ်သည်။ ဤသည်မှာ သဘောထားကြီးသောသူ သို့မဟုတ် တစ်ယူသန်အစွဲမထားသော သူတစ်ဦးကို ဖော်ပြရန် လူတို့ အသုံးပြုသော စကားလုံးတစ်လုံးဖြစ်သည်။ ဤစကားလုံးကို ငါ စက်ဆုပ်ရွံရှာ၏၊ အဘယ့်ကြောင့်ဆိုသော် ယင်းသည် အခြေခံသဘောတရားကို မစဉ်းစားဘဲ၊ လက်လွတ်စပယ် အလှူဒါနကို ကြုံရာကျပန်း ပေးဝေခြင်းကို ရည်ညွှန်းသောကြောင့် ဖြစ်သည်။ ယင်းသည် မိုက်မဲပြီး စိတ်မရှင်းလင်းသော လူတို့အဖို့ ဖြစ်နေကျအရာဖြစ်သည့် အလွန် စိတ်ကူးယဉ်ဆန်သော လိုအင်ဆန္ဒတစ်ခု ဖြစ်သည်။ ဤစကားလုံးကို ဘုရားသခင်၏ချစ်ခြင်းအား ဖော်ပြရန် အသုံးပြုသောအခါ၊ ပြစ်မှားစော်ကားသော ဂယက်အနက် မလွဲမသွေ ရှိသည်။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ပိုပြီး လိုက်ဖက်စွာ ဖော်ပြသော စကားလုံးနှစ်လုံး ငါ့မှာရှိသည်။ ၎င်းတို့သည် မည်သည့်အရာများ ဖြစ်သနည်း။ ပထမတစ်ခုက “အလွန့်အလွန် ကြီးမားသော” ဖြစ်သည်။ ဤစကားလုံးသည် စိတ်အာရုံကို အလွန်နှိုးဆွပေးသည် မဟုတ်လော။ ဒုတိယမှာ “အလွန်ကြီးမားကျယ်ပြန့်သော” ဖြစ်သည်။ ဘုရားသခင်၏ ချစ်ခြင်းကို ဖော်ပြရန် ငါ အသုံးပြုသော ဤစကားလုံးနှစ်လုံး နောက်တွင် စစ်မှန်သော အဓိပ္ပာယ်ရှိ၏။ တိုက်ရိုက်ယူရလျှင်၊ “အလွန့်အလွန်ကြီးမားသော”က အရာဝတ္ထု တစ်ခု၏ ထုထည်၊ သို့မဟုတ် လုပ်နိုင်စွမ်းကို ဖော်ပြသည်၊ သို့သော် ထိုအရာက မည်မျှကြီးသည်ကို ပဓာနမထားဘဲ၊ ယင်းသည် လူတို့ ထိနိုင်၊ မြင်နိုင်သော အရာတစ်ခု ဖြစ်သည်။ ဤသည်မှာ ထိုအရာ တည်ရှိသောကြောင့် ဖြစ်သည်- ယင်းသည် စိတ်ကူးသက်သက် ဖြစ်သော အရာဝတ္ထုတစ်ခု မဟုတ်ဘဲ၊ အတော်အတန် မှန်ကန်တိကျပြီး လက်တွေ့ကျသော နည်းလမ်းဖြင့် လူတို့ကို စိတ်ကူးများပေးနိုင်သည့် အရာတစ်ခု ဖြစ်သည်။ ယင်းသည် စစ်မှန်သော နည်းလမ်းဖြင့် တကယ်တည်ရှိသော အရာဖြစ်သောကြောင့်၊ သင်သည် ယင်းကို ရှုထောင့် နှစ်ခုမှ ကြည့်သည်ဖြစ်စေ သုံးခုမှ ကြည့်သည်ဖြစ်စေ၊ ယင်း၏ တည်ရှိမှုကို သင် စိတ်ကူးကြည့်ရန် မလိုအပ်ပေ။ ဘုရားသခင်၏ ချစ်ခြင်းကို ဖော်ပြရန် “အလွန့်အလွန် ကြီးမားသော” ဆိုသည်ကို အသုံးပြုခြင်းသည် သူ၏ချစ်ခြင်းကို တိုင်းတာဖို့ ကြိုးစားအားထုတ်မှုတစ်ခု ကဲ့သို့ ခံစားရနိုင်သော်လည်း၊ ယင်းက သူ၏ ချစ်ခြင်းမေတ္တာသည် တိုင်းတာ၍မရနိုင်ဟူသော ခံစားချက်ကိုလည်း ပေးသည်။ ဘုရားသခင်၏ ချစ်ခြင်းသည် အနှစ်မဲ့မဟုတ်သကဲ့သို့၊ ဒဏ္ဍာရီနှင့်ဆိုင်သည့် အရာတစ်ခုလည်း မဟုတ်သောကြောင့် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို တိုင်းတာ၍ ရနိုင်သည်ဟု ငါပြောလိုသည်။ ယင်းထက် ထိုအရာသည် ဘုရားသခင်၏ အုပ်စိုးမှုအောက်၌ အရာခပ်သိမ်း ဝေမျှခံစားသော အရာတစ်ခု၊ အဆင့်အမျိုးမျိုးနှင့် မတူညီသော ရှုထောင့်တို့မှ ဖန်ဆင်းခံအားလုံးက မွေ့လျော်ခံစားရသော အရာတစ်ခု ဖြစ်သည်။ လူတို့သည် ယင်းကို မမြင်နိုင်သကဲ့သို့ မထိနိုင်သော်လည်း၊ ဤချစ်ခြင်းသည် အရာအားလုံးထံ ၎င်းတို့၏ အသက်တာများတွင် နည်းနည်းချင်း ထုတ်ဖော် ပြသည်နှင့်အမျှ အာဟာရနှင့် အသက်ကို ဆောင်ကြဉ်းပေးပြီး၊ ၎င်းတို့သည် ကုန်လွန်သည့် အချိန်တိုင်း၌ ၎င်းတို့ မွေ့လျော်ခံစားသည့် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ရေတွက်ပြီး သက်သေခံလေသည်။ အရာအားလုံးကို ဘုရားသခင် ပံ့ပိုးပေးခြင်းနှင့် အားဖြည့်ပေးခြင်းတို့နှင့် သက်ဆိုင်သည့် နက်နဲမှုသည် အရာခပ်သိမ်းအတွက် နှင့် အထူးသဖြင့် လူသားမျိုးနွယ်အတွက် ဘုရားသခင်၏ အတွေးများနည်းတူ လူသားများအတွက် နားလည် သဘောပေါက်ရန် ခက်ခဲသော အရာတစ်ခု ဖြစ်သောကြောင့်၊ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် တိုင်းတာ၍ မရနိုင်ဟု ငါ ပြောမည်။ ဆိုလိုသည်မှာ၊ လူသားမျိုးနွယ်အတွက် ဖန်ဆင်းရှင် သွန်းလောင်းခဲ့ရသော သွေးနှင့် မျက်ရည်များကို အဘယ်သူမျှ မသိပေ။ သူကိုယ်တိုင်၏လက်များဖြင့် ဖန်ဆင်းခဲ့သော လူသားမျိုးနွယ် အတွက် ဖန်ဆင်းရှင်၏ချစ်ခြင်း၏ နက်ရှိုင်းမှု သို့မဟုတ် အလေးချိန်ကို မည်သူမျှသဘောမပေါက်နိုင်၊ မည်သူမျှ နားမလည်နိုင်ပေ။ ဘုရားသခင်၏ ချစ်ခြင်းကို အလွန့်အလွန် ကြီးမားသောအရာအဖြစ် ဖော်ပြခြင်းက ယင်း၏ အကျယ်အဝန်းနှင့် ယင်း၏ဖြစ်တည်မှု အမှန်တရားကို လူတို့အား အသိအမှတ်ပြုကာ နားလည်စေရန် ကူညီပေးဖို့ ဖြစ်သည်။ ယင်းသည် “ဖန်ဆင်းရှင်” ဟူသော စကားလုံး၏ တကယ့်အဓိပ္ပာယ်ကို လူတို့ သာ၍ နက်ရှိုင်းစွာ နားလည်သဘောပေါက်နိုင်ရန်အလို့ငှာနှင့် “ဖန်ဆင်ခြင်း” ဟူသော အမည်နာမ၏ စစ်မှန်သော အဓိပ္ပာယ်နှင့် သက်ဆိုင်သည့် သာ၍ နက်ရှိုင်းသော သိနားလည်မှုကို လူတို့ ရရှိနိုင်ရန်အလို့ငှာလည်း ဖြစ်သည်။ “အလွန်ကြီးမားကျယ်ပြန့်သော” ဆိုသည့် စကားလုံးက မည်သည့်အရာကို ဖော်ပြလေ့ရှိသနည်း။ ယင်းကို သမုဒ္ဒရာ သို့မဟုတ် စကြဝဠာကို ဖော်ပြရန် ယေဘုယျအားဖြင့် အသုံးပြုသည်၊ ဥပမာအားဖြင့်- အလွန်ကြီးမားကျယ်ပြန့်သော စကြဝဠာ၊ သို့မဟုတ် အလွန်ကြီးမားကျယ်ပြန့်သော သမုဒ္ဒရာ ဟူ၍ ဖြစ်သည်။ စကြဝဠာ၏ ကျယ်ပြန့်မှုနှင့် ဆိတ်ငြိမ်သော နက်ရှိုင်းမှုသည် လူသား၏ နားလည်မှုကို ကျော်လွန်၏။ ယင်းသည် လူသား၏ စိတ်ကူးစိတ်သန်းကို ဖမ်းစားသော အရာတစ်ခု၊ ၎င်းတို့ ကြီးမားသည့် ရှုမောမှုခံစားရသည့် အရာတစ်ခု ဖြစ်သည်။ ယင်း၏ ထူးခြားဆန်းကြယ်မှုနှင့် နက်နဲမှုသည် မြင်ကွင်းအတွင်းတွင် ရှိသော်လည်း၊ လက်လှမ်း မမီနိုင်သော နေရာ၌ရှိ၏။ သမုဒ္ဒရာကို သင် စဉ်းစားသောအခါ၊ ယင်း၏ အကျယ်အဝန်းကို သင်စဉ်းစားသည်- အကန့်အသတ် မရှိဘူးဟု ထင်ရပြီး၊ ယင်း၏ ဆန်းကြယ်မှုနှင့် အမှုအရာများကို ကြီးမားသည့် ထိန်းသိမ်းနိုင်စွမ်းအား သင်ခံစားနိုင်သည်။ ဤသည်မှာ ဘုရားသခင်၏ချစ်ခြင်းကို ဖော်ပြရန်၊ ယင်းက မည်မျှ တန်ဖိုးရှိသည် ခံစားစေဖို့ လူများကို ကူညီပေးရန်၊ သူ၏ ချစ်ခြင်းမေတ္တာ၏ နက်နဲသည့် လှပမှုနှင့် ဘုရားသခင် ချစ်ခြင်းမေတ္တာ၏ တန်ခိုးသည် အဆုံးမဲ့ဖြစ်ကာ ကျယ်ပြန့်သည်ကို ခံစားစေဖို့ “အလွန်ကြီးမားကျယ်ပြန့်သော” ဟူသည့် စကားလုံးကို ငါ အသုံးပြုရသည့် အကြောင်းရင်း ဖြစ်သည်။ သူ၏ချစ်ခြင်းမေတ္တာ၏ သန့်ရှင်းခြင်းနှင့် သူ၏ချစ်ခြင်း မှတစ်ဆင့် ထုတ်ဖော်ပြသော ဘုရားသခင်၏ ဂုဏ်သိက္ခာနှင့် ပုန်ကန်ပြစ်မှား၍ မရခြင်းတို့ကို ခံစားနိုင်ရန် လူတို့ကို ကူညီပေးဖို့ ဤစကားလုံးကို ငါ အသုံးပြုခဲ့သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၃)

(၂၈၂) ဘုရားသခင်၏ အနှစ်သာရနှင့် စိတ်သဘောထားထဲတွင် အားလုံး သတိမမူမိဖို့ လွယ်ကူလွန်းလှသည့် အရာတစ်ခု၊ အခြားသူများက ကြီးမြတ်သည့်လူများ၊ သူတော်ကောင်းများ၊ သို့မဟုတ် ၎င်းတို့စိတ်ကူးထဲက ဘုရားအဖြစ် တွေးထင်ကြသည့် သူများအပါအဝင်၊ မည်သည့် လူကမျှ မပိုင်ဆိုင်ဘဲ၊ ဘုရားသခင်သာလျှင် ပိုင်ဆိုင်သည့် အရာတစ်ခုရှိပေသည်။ ဤအရာမှာ အဘယ်နည်း။ ဘုရားသခင်၏ ကိုယ်ကျိုးမငဲ့မှု ဖြစ်သည်။ ကိုယ်ကျိုးမငဲ့မှုအကြောင်းဆိုသည့်အခါ၊ သင်သည် သင်၏သားသမီးများနှင့် ပတ်သက်လာသည့်အခါတွင်၊ ၎င်းတို့နှင့် ပတ်သက်၍ မကတ်သတ် သို့မဟုတ် ရက်ရောတတ်သောကြောင့် မိမိမှာလည်း အင်မတန်မှပင် ကိုယ်ကျိုးမငဲ့တတ်သည့်သူ ဖြစ်သည်ဟု သင်တွေးကောင်းတွေးနိုင်သည် သို့မဟုတ် သင်၏ မိဘနှင့် ပတ်သက်လာသည့်အခါ သင်သည်လည်း အလွန်ကိုယ်ကျိုးမငဲ့ဟု သင် ထင်တတ်သည်။ သင် မည်သည့်အရာကို တွေးသည်ဖြစ်စေ၊ အနည်းဆုံးအနေဖြင့် သင်သည် “ကိုယ်ကျိုးမငဲ့” ဟူသည့်စကားလုံးနှင့် သက်ဆိုင်သည့် အယူအဆ တစ်ခုရှိပြီး၊ ယင်းကို အပြုသဘောဆောင်သည့် စကားလုံးတစ်လုံးအဖြစ် တွေးထင်ကာ၊ ကိုယ်ကျိုးမငဲ့သောသူတစ်ဦး ဖြစ်ခြင်းမှာ အင်မတန် မြင့်မြတ်သည်ဟု တွေးထင်လေသည်။ သင်သည် ကိုယ်ကျိုးမငဲ့သည့်အခါတွင်၊ မိမိကိုယ်ကိုယ် မြင့်မြင့်မားမား အထင်ကြီးခြင်း ဖြစ်သည်။ သို့ရာတွင် အရာခပ်သိမ်းတွင်၊ လူများ၊ အဖြစ်အပျက်များ၊ အရာဝတ္ထုများအလယ်နှင့် ဘုရားသခင်၏ အမှုတို့တွင် ဘုရားသခင်၏ ကိုယ်ကျိုးမငဲ့ခြင်းကို မြင်နိုင်သူ မည်သူမျှ မရှိပေ။ အဘယ်ကြောင့် ထိုသို့ဖြစ်ရသနည်း။ အဘယ်ကြောင့်ဆိုသော် လူသားသည် အလွန်အမင်း တစ်ကိုယ်ကောင်းဆန်သောကြောင့် ဖြစ်သည်။ အဘယ်ကြောင့် ငါသည် ထိုသို့ပြောရသနည်း။ လူသားမျိုးနွယ်သည် ရုပ်ဝတ္ထုလောကထဲတွင် အသက်ရှင်၏။ သင်သည် ဘုရားသခင်နောက်ကို လိုက်ကောင်း လိုက်နိုင်သော်လည်း၊ ဘုရားသခင်သည် သင့်ကို မည်သို့ထောက်ပံ့ပေးသည်၊ မည်သို့ချစ်ပြီး မည်သို့ အရေးထားသည်ကို မည်သည့်အခါမျှ သင် မမြင် သို့မဟုတ် နားမလည်ပေ။ သို့ဆိုလျှင် မည်သည့်အရာကို သင်မြင်သနည်း။ သင့်ကို ချစ်မြတ်နိုးသည့် သို့မဟုတ် သင့်ကို တုန်နေအောင်ချစ်ကြသည့် သွေးသားရင်းချာ ဆွေမျိုးများကို သင်မြင်သည်။ သင်၏ အသွေးအသားအတွက် အကျိုးရှိသည့် အရာများကို သင် မြင်သည်၊ သင်ချစ်သည့် လူများနှင့် အမှုအရာများနှင့် ပတ်သက်၍ သင် ဂရုစိုက်သည်။ ဤသည်မှာ လူသားက ကိုယ်ကျိုးမငဲ့ခြင်းဟု ခေါ်သည့်အရာ ဖြစ်တော့သည်။ သို့ရာတွင် ထိုသို့သော “ကိုယ်ကျိုးမငဲ့သည့်” လူများသည် ၎င်းတို့ကိုအသက်ပေးသည့် ဘုရားသခင်ကိုမူ မည်သည့်အခါတွင်မျှ အလေးမထားခဲ့ကြပေ။ ဘုရားသခင်၏ ကိုယ်ကျိုးမငဲ့ခြင်းနှင့် ဆန့်ကျင်စွာ၊ လူသား၏ ကိုယ်ကျိုးမငဲ့မှုသည် တစ်ကိုယ်ကောင်းဆန် လာပြီး စက်ဆုပ်ရွံရှာဖွယ် ဖြစ်လာသည်။ လူသားက ယုံကြည်သည့် ကိုယ်ကျိုးမငဲ့မှုသည် အနှစ်မဲ့ပြီး သဘာဝမကျပေ၊ ဖောက်ပြန်ကာ၊ ဘုရားသခင်နှင့် သဟဇာတမဖြစ်သကဲ့သို့၊ ဘုရားသခင်နှင့် ဆက်နွှယ်ခြင်း မရှိပေ။ လူ၏ ကိုယ်ကျိုးမငဲ့ခြင်းသည် မိမိကိုယ်ကိုယ်အတွက် ဖြစ်သော်လည်း၊ ဘုရားသခင်၏ ကိုယ်ကျိုးမငဲ့ခြင်းသည် သူ၏အနှစ်သာရ၏ စစ်မှန်သည့် ဖော်ပြချက် ဖြစ်ပေသည်။ လူသည် ဘုရားသခင်၏ စဉ်ဆက်မပြတ် ထောက်ပံ့မှုခံရသည်မှာ ဘုရားသခင်၏ ကိုယ်ကျိုးမငဲ့မှုကြောင့် အတိအကျ ဖြစ်ပေသည်။ ယနေ့ငါပြောသည့် ဤအကြောင်းအရာနှင့် ပတ်သက်၍ သင်တို့အနေဖြင့် အလွန် စိတ်ထိခိုက်ခြင်း ရှိကောင်း ရှိမည်မဟုတ်သကဲ့သို့၊ ထောက်ခံမှုဖြင့် ခေါင်းညိတ်ရုံမျှ ညိတ်နေကြသော်လည်း၊ သင်၏နှလုံးသားထဲတွင် ဘုရားသခင်၏ စိတ်နှလုံးကို နားလည်ဖို့ ကြိုးစားသည့်အခါတွင်၊ သင်သည် ဤအရာကို အမှတ်တမဲ့ သိရလိမ့်မည်- သင့်အတွက် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည်သာ အခြေအနေပေါ် မမူတည်သကဲ့သို့ ပြစ်မျိုး မှဲ့မထင်သောကြောင့်၊ ဤလောကကြီးထဲ၌ သင်ခံစား သိရှိနိုင်သော လူများ၊ ကိစ္စရပ်များနှင့် အမှုအရာများ အားလုံးအထဲတွင် ဘုရားသခင်၏ ကိုယ်ကျိုးမငဲ့ခြင်းသည်သာ စစ်မှန်ပြီး ခိုင်မာသည် ဟူ၍ ဖြစ်သည်။ ဘုရားသခင်မှလွဲ၍၊ အခြားမည်သူမဆို၏ ကိုယ်ကျိုးမငဲ့မှုဟုခေါ်သော အရာသည် အယောင်ဆောင်ထားခြင်း ဖြစ်သည်၊ အပေါ်ယံဖြစ်ပြီး အစစ်အမှန်မဟုတ်ပေ။ ယင်းသည် ရည်မှန်းချက်တစ်ခု၊ ရည်ရွယ်ချက်အချို့ရှိသည်၊ အပေးအယူသဘော ပါရှိပြီး၊ စမ်းသပ်ခြင်းကို မခံနိုင်ပေ။ ယင်းသည် ညစ်ညူးကာ စက်ဆုပ်ဖွယ် ဖြစ်သည်ဟုပင် သင်တို့ ပြောနိုင်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၁)

(၂၈၃) လူသားသည် ဘုရားသခင်ကို ရန်လိုခဲ့သောကြောင့် ဘုရားသခင်သည် လူသားကို စက်ဆုပ်ရွံရှာခဲ့သော်လည်း၊ သူ့စိတ်နှလုံးထဲတွင်၊ လူသားမျိုးနွယ်အတွက် သူ၏စောင့်ရှောက်မှု၊ ပူပန်မှုနှင့် သနားကရုဏာတို့သည် မပြောင်းမလဲ ဆက်လက် တည်ရှိနေခဲ့သည်။ လူသားမျိုးနွယ်ကို သူဖျက်ဆီးခဲ့ချိန်တွင်ပင်၊ သူ့စိတ်နှလုံးသည် မပြောင်းမလဲ ဆက်လက် ရှိနေခဲ့သည်။ လူသားမျိုးနွယ်သည် ဖောက်ပြန်ပျက်စီးမှုနှင့်ပြည့်ခဲ့ပြီး၊ ဘုရားသခင်အပေါ် ဆိုးရွားသည့် အတိုင်းအတာ တစ်ခုအထိ မနာခံသည့်အခါတွင်၊ သူ၏ စိတ်သဘောထားနှင့် အနှစ်သာရကြောင့်၊ ပြီးလျှင် သူ၏ အခြေခံသဘောတရားများနှင့်အညီ ဘုရားသခင်သည် လူသားတို့ကို ဖျက်ဆီးခဲ့ရသည်။ သို့ရာတွင် ဘုရားသခင်၏ အနှစ်သာရကြောင့်၊ သူသည် လူသားမျိုးနွယ်ကို သနားဆဲဖြစ်ပြီး ၎င်းတို့ ဆက်လက်ရှင်သန်နိုင်ရန်အလို့ငှာ လူသားမျိုးနွယ်ကို ရွေးနုတ်ရန် နည်းလမ်းအမျိုးမျိုးပင် အသုံးပြုချင်ခဲ့သည်။ သို့ရာတွင် လူသားသည် ဘုရားသခင်ကိုဆန့်ကျင်ကာ ဘုရားသခင်ကို ဆက်လက်မနာခံခဲ့သကဲ့သို့၊ ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်ခံရန် ငြင်းပယ်ခဲ့သည်။ ဆိုလိုသည်မှာ၊ ဘုရားသခင်၏ ကောင်းမွန်သည့် ရည်ရွယ်ချက်များကို လက်ခံဖို့ ငြင်းဆန်ခဲ့ပေသည်။ ဘုရားသခင်သည် ၎င်းတို့ကို မည်သို့ ခေါ်သည်ဖြစ်စေ၊ မည်သို့ သတိပေးခဲ့သည်ဖြစ်စေ၊ မည်သို့ ပံ့ပိုးပေးသည်ဖြစ်စေ၊ မည်သို့ ကူညီခဲ့သည်ဖြစ်စေ သို့မဟုတ် ၎င်းတို့ကို မည်သို့သည်းခံခဲ့သည်ဖြစ်စေ၊ လူသားသည် ထိုအရာကို နားမလည်ခဲ့ သို့မဟုတ် အသိအမှတ်မပြုခဲ့သကဲ့သို့ အာရုံလည်း မစိုက်ခဲ့ပေ။ သူ၏ နာကျင်မှုတွင်၊ ဘုရားသခင်သည် လူသားတို့ လမ်းကြောင်းပြောင်းရန် စောင့်ဆိုင်းရင်း၊ သူ၏ အကြီးမားဆုံး သည်းခံမှုကို ပေးဖို့ ဘုရားသခင်သည် မမေ့လျော့သေးပေ။ သူ၏အကန့်အသတ်ကို ရောက်ရှိသည့်နောက်တွင်၊ သူသည် သူ လုပ်ဆောင်ရမည့်အရာကို တွန့်ဆုတ်ခြင်းမရှိဘဲ လုပ်ဆောင်ခဲ့သည်။ တစ်နည်းအားဖြင့် ဘုရားသခင်သည် လူသားမျိုးနွယ်ကို ဖျက်ဆီးရန် စီစဉ်ခဲ့သည့်အခိုက်အတန့်မှ လူသားကို ဖျက်ဆီးခြင်းဖြင့် သူ၏ အမှုကို အစပြုခြင်းအထိ တိကျသည့် အချိန်ကာလနှင့် ဖြစ်စဉ်တစ်ခု ရှိခဲ့ပေသည်။ ဤဖြစ်စဉ်သည် လူသားကို လမ်းကြောင်း ပြောင်းနိုင်စေခြင်းတည်းဟူသော ရည်ရွယ်ချက်အတွက် တည်ရှိခဲ့ခြင်းဖြစ်ပြီး ဤသည်မှာ ဘုရားသခင်က လူသားကိုပေးခဲ့သည့် နောက်ဆုံးအခွင့်အရေးဖြစ်သည်။ သို့ဆိုလျှင် လူသားမျိုးနွယ်ကို မဖျက်ဆီးမီတွင်၊ ဘုရားသခင်သည် ဤအချိန်ကာလတွင် မည်သည့်အရာကို လုပ်ဆောင်ခဲ့သနည်း။ ဘုရားသခင်သည် သတိပေးခြင်းနှင့် တိုက်တွန်းခြင်း အမှုကို သိသာသော ပမာဏတစ်ခု လုပ်ဆောင်ခဲ့သည်။ ဘုရားသခင်၏နှလုံးသားသည် မည်မျှ နာကျင်မှု၊ ဝမ်းနည်းမှုများ၌ ရှိခဲ့သည်ဖြစ်စေ သူ၏ဂရုစိုက်မှု၊ ပူပန်မှုနှင့် များပြားပြည့်လျှံသည့် သနားကရုဏာတို့ကို လူသားမျိုးနွယ်၌ ဆက်လက်ထားရှိခဲ့သည်။ ဤအရာမှ မည်သည့်အရာကို ငါတို့ တွေ့ရသနည်း။ ဧကန်မုချ၊ လူသားမျိုးနွယ်အတွက် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် စစ်မှန်ပြီး သူ အပြောသက်သက် ဖြစ်သည့်အရာတစ်ခု မဟုတ်သည်ကို ငါတို့ မြင်တွေ့ရသည်။ ယင်းသည် စစ်မှန်သည်၊ လက်ဆုပ်လက်ကိုင်ပြနိုင်ပြီး သိသာသည်၊ အယောင်ဆောင်ထားခြင်းမဟုတ်၊ ရောနှောခြင်းမရှိ၊ လှည့်စားခြင်း သို့မဟုတ် ဟန်ဆောင်ခြင်း မရှိပေ။ သူသည် ချစ်ခင်ဖွယ်ဖြစ်သည်ဟု လူတို့ မြင်စေရန် ဘုရားသခင်သည် မည်သည့်လှည့်စားမှုမျှ လုံးဝ အသုံးမပြုပေ သို့မဟုတ် ပုံရိပ်အတုအယောင်များ မဖန်တီးပေ။ သူ၏ ချစ်ခင်နှစ်လိုဖွယ်ဖြစ်ခြင်းကို လူတို့ မြင်တွေ့စေဖို့ရန် သို့မဟုတ် သူ၏ချစ်ခင်နှစ်လိုဖွယ်ဖြစ်ခြင်းနှင့် သန့်ရှင်းခြင်းကို ကြွားလုံးထုတ်ဖို့ရန် မှားယွင်းသည့်သက်သေကို မည်သည့်အခါမျှ သူအသုံးမပြုပေ။ ဘုရားသခင်၏ စိတ်သဘောထားနှင့် သက်ဆိုင်သည့် ဤသွင်ပြင်လက္ခဏာများသည် လူသား၏ချစ်ခြင်းနှင့် ထိုက်တန်သည် မဟုတ်လော။ ယင်းတို့ကို ကိုးကွယ်ခြင်းငှာ မထိုက်တန်သလော။ ချစ်ခင်နှစ်သက်ခြင်းငှာ မထိုက်တန်သလော။ ဤအချိန်တွင်၊ သင်တို့ကို ငါ မေးလိုသည်- ဤနှုတ်ကပတ်တော်များကို ကြားရပြီးနောက်၊ ဘုရားသခင်၏ကြီးမြတ်ခြင်းသည် စာတစ်ရွက်ပေါ်က အနှစ်မဲ့သည့် စကားလုံးများမျှသာ ဖြစ်သည်ဟု သင်တို့ထင်သလော။ ဘုရားသခင်၏ ချစ်ခင်နှစ်လိုဖွယ် ဖြစ်ခြင်းသည် အနှစ်မဲ့သည့် စကားလုံးများသာ ဖြစ်သလော။ မဟုတ်ပေ။ သေချာပေါက် မဟုတ်ပေ။ ဘုရားသခင်၏ သာလွန်ခြင်း၊ ကြီးမြတ်ခြင်း၊ သန့်ရှင်းခြင်း၊ သည်းခံခြင်း၊ ချစ်ခြင်း၊ အစရှိသည့်- ဘုရားသခင်၏ စိတ်သဘောထားနှင့် အနှစ်သာရ၏ အမျိုးမျိုးသော သွင်ပြင်လက္ခဏာ တစ်ခုစီတိုင်း၏ အသေးစိတ်အချက်အလက်တိုင်းသည် သူအမှုပြုသည့်အခါတိုင်း လက်တွေ့ကျသည့် ဖော်ပြမှု၌ တွေ့ရှိရပြီး လူသားအပေါ်ထားရှိသည့် သူ၏အလို၌ သရုပ်ထင်ကာ လူတိုင်း၌လည်း ပြည့်စုံကာ ထင်ဟပ်ပေသည်။ သင်သည် ယခင်က ထိုအရာကို ခံစားဖူးသည်ဖြစ်စေ မခံစားဖူးသည်ဖြစ်စေ၊ ဘုရားသခင်သည် လူတစ်ဦးချင်းစီ၏ နှလုံးသားကို နွေးထွေးစေရန်နှင့် လူတစ်ဦးချင်းစီ၏ စိတ်ဝိညာဉ်ကို နိုးထစေရန် သူ၏ ရိုးသားစစ်မှန်သည့် နှလုံးသား၊ ဉာဏ်ပညာနှင့် အမျိုးမျိုးသောနည်းလမ်းများကို အသုံးပြုရင်း၊ လူတိုင်းကို ဖြစ်နိုင်သမျှ နည်းလမ်းတိုင်းဖြင့် စောင့်ရှောက်နေပေသည်။ ဤသည်မှာ ငြင်း၍မရသည့် အချက်တစ်ချက် ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၁)

အောက်ခြေမှတ်စု(များ)-

၁။ လူသားတို့၏ နာခံမှုမရှိခြင်းကို ဖော်ထုတ်ရန် “ဒဏ်ရာဒဏ်ချက်များ” ကို အသုံးပြုထား၏။

က။ မူရင်းစာသားတွင် “အနိုင်ယူခြင်း မခံရနိုင်သော သင်္ကေတ”။

ခ။ မူရင်းစာသားတွင် “ပုန်ကန်ပြစ်မှားခြင်းကို မခံရနိုင်သော (ထို့ပြင် ပုန်ကန်ပြစ်မှားခံရခြင်းကို သည်းမခံသော) သင်္ကေတ”။

အရှေ့သို့- ၆။ သမ္မာကျမ်းစာနှင့် ပတ်သက်သည့် နှုတ်ကပတ်တော်များ

နောက်တစ်ခုသို့- ၈။ ဘုရားသခင်၏ အမှုတော်ကို သိကျွမ်းခြင်းနှင့်ပတ်သက်သည့် နှုတ်ကပတ်တော်များ

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။