မေးခွန်း (၃) အသင်းတော်အစည်းအဝေးမှာ သင်းအုပ်ဆရာနဲ့ အကြီးအကဲက သခင်ယေရှုက “ဤအမှုပြီးပြီ” လို့ လက်ဝါးကပ်တိုင်မှာပြောသွားတာက လူသားမျိုးနွယ်ကိုကယ်တင်ခြင်းအမှုပြီးပြီဆိုတာကို သက်သေပြတယ် သခင်ယေရှုကိုယုံကြည်ပြီး သူ့ရှေ့မှာ ကျွန်မတို့ရဲ့အပြစ်တွေကို ဝန်ခံလိုက်ရုံနဲ့ အပြစ်လွှတ်ခြင်းခံရပြီး သခင်က ကျွန်မတို့ကို အပြစ်သားအဖြစ်မမြင်တော့ဘူးဆိုတာကို သက်သေပြတယ်လို့ခဏခဏပြောပါတယ် ယုံကြည်မှုရှိရုံသက်သက်နဲ့ ကျွန်မတို့ဟာ ဖြောင့်မတ်ရာရောက်ပြီး ကျေးဇူးတော်အားဖြင့် ကယ်တင်ခံရပါတယ် သခင်ပြန်လာတဲ့အခါ ကျွန်မတို့ကို ကောင်းကင်နိုင်ငံတော်ကို ဝင်စေမှာဖြစ်ပြီး လူသားတွေကို ကယ်တင်တဲ့အလုပ်တော့ လုပ်တော့မှာ မဟုတ်ဘူးလို့ ဆိုပါတယ် သင်းအုပ်ဆရာနဲ့အကြီးအကဲတွေ နားလည်ထားတာက လက်မခံနိုင်စရာလို့ ကျွန်မ ခံစားရပါတယ် ဒါပေမဲ့ သခင်ယေရှု လက်ဝါးကပ်တိုင်ပေါ်မှာ ရှိနေစဉ် ဤအမှုပြီးပြီလို့ ပြောတဲ့စကားက ဘာကို ဆိုလိုတာပါလဲ ဘာဖြစ်လို့ ဘုရားသခင်က နောက်ဆုံးကာလမှာ အမှန်တရားကို ထုတ်ပြောပြီး လူသားမျိုးနွယ်ကို တရားစီရင်တာတို့ သန့်စင်ပေးတာတို့ လုပ်ဖို့ လိုရတာလဲ

အဖြေ- လက်ဝါးကပ်တိုင်ပေါ်မှာ သခင်ယေရှုက “အမှုပြီးပြီ” ဟု ပြောလိုက်သည့်စကားက မည်သည့်အရာကို ရည်ညွှန်းပြီးပြောခဲ့သနည်း။ ရွေးနှုတ်ခြင်း အမှုက ဆုံးခန်းတိုင်သွားပြီဟု ပြောခြင်းလား သို့မဟုတ် ဘုရားသခင်၏ လူသားများကို အပြည့်အဝကယ်ဆယ်ခြင်းအလုပ် ဆုံးခန်းတိုင်သည်ဟု ပြောခြင်းလား။ ထိုအချိန်က လူများက ဤအဖြေကို သိနိုင်ခဲ့ပါသလား။ အမှန်မှာမူ မည်သူမျှ မသိခဲ့ပါ ဟု ပြော၍ရပါသည်။ သခင်ယေရှုက “အမှုပြီးပြီ။” ဆိုသည့် စကားကိုသာ ပြောသွားခဲ့သည်၊ ဘုရားသခင်၏ လူသားများကို ကယ်တင်သည့်အလုပ် ပြီးသွားပြီဟု ပြောခဲ့ခြင်းမဟုတ်ပါ။ သခင်ယေရှု “အမှုပြီးပြီ။” ဟု ပြောခဲ့သည့်စကားအပေါ် မည်သည့်လူသားမျှ စစ်မှန်စွာ နားလည်နိုင်မည် မဟုတ်ပါ။ လူများက သခင့်၏ စကားများကို သူ့၏ ကိုယ်ပိုင် စိတ်ကူးအယူအဆများနှင့် အဘယ့်ကြောင့် ရှင်းပြရဲသနည်း။ “အမှုပြီးပြီ။” ဆိုသည့်စကားကို အဘယ့်ကြောင့် ထင်ရာမြင်ရာ အဓိပ္ပါယ်ဖွင့်ဆိုရဲကြသနည်း။ ဤသည်မှာ သခင့်၏ နှုတ်ကပတ်တော်မှာ လူများ၏ကိုယ်ပိုင်အမြင်ကို ထည့်ပေါင်းပြီး လျှောက်ပြောနေခြင်း သက်သက်သာ ဖြစ်သည်။ အားလုံးပဲ စဉ်းစားကြည့်ကြပါ။ သခင်ယေရှု၏ “အမှုပြီးပြီ” ဆိုသည့် စကားက ဘုရားသခင်၏ လူသားများအပေါ် ကယ်ဆယ်ခြင်း အလုပ်ပြီးသွားပြီ ဖြစ်ကြောင်းကို ရည်ညွှန်းခဲ့သည် ဆိုပါက...သခင်က အဘယ့်ကြောင့် ဤဗျာဒိတ်ကို ထားခဲ့သနည်း။ “သင်တို့အား ငါပြောစရာ စကားအများ ရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။ ထိုဝိညာဉ်တော်သည် ကိုယ်အလိုအလျောက်ဟောပြောမည်မဟုတ်။ ကြားသမျှတို့ကို ဟောပြောလိမ့်မည်။ နောင်လာလတ္တံ့သောအရာတို့ကိုလည်း သင်တို့အား ဖော်ပြလိမ့်မည်။(ရှင်ယောဟန်ခရစ်ဝင် ၁၆:၁၂-၁၃) နောက်ပြီး ရှင်ယောဟန်ခရစ်ဝင်ကျမ်း အခန်း ၁၂ စာပိုဒ် ၄၇-၄၈ မှာ မှတ်တမ်းတင် ထားသေးသည်။ သခင်ယေရှုမိန့်မှာခဲ့သည့် စကားအရ “ငါ့စကားကို ကြားသောသူသည် မယုံကြည်ဘဲနေလျှင် ထိုသူကို ငါသည်အပြစ်မစီရင်။ လောကီသား တို့ကို အပြစ်စီရင်အံ့သောငှါ ငါလာသည်မဟုတ်၊ လောကီသား တို့ကို ကယ်တင်အံ့သောငှါ ငါလာ၏။ ငါ့ကိုပယ်၍ ငါ့စကားကို နာမခံသောသူအား အပြစ်စီရင်သော သူရှိသေး၏။ ငါဟောပြောသော စကားပင် နောက်ဆုံးသောနေ့၌ ထိုသူအား အပြစ်စီရင်လိမ့်မည်။” သခင်ယေရှု၏ နှုတ်ကပတ်တော် များမှာ သခင်က အမှန်တရားကို ထုတ်ဖော်ပြပြီး တရားစီရင်သည့် အလုပ်ကို လုပ်ဆောင်ဦးမည်ဟု အရှင်းသား ဖော်ပြထားပါသည်။ သမ္မာကျမ်းစာ ထဲမှာပင် ဗျာဒိတ်ပေး ထားသည်။ “ဘုရားသခင်၏အိမ်တော်သားတို့ကို ရှေ့ဦးစွာစစ်ကြော စီရင်ရသော အချိန်ရှိပြီ။(ရှင်ပေတရုဩဝါဒစာပဌမစောင် ၄:၁၇) သင်းအုပ်ဆရာနှင့် အကြီးအကဲများပြောကဲ့သို့ သခင်ယေရှု လက်ဝါးကပ်တိုင်မှာ စတေးခံလိုက်ရသည်မှာ လူသားမျိုးနွယ်ကို ကယ်တင်သည့်အမှု အဆုံးသတ်ခြင်းဆိုပါက သခင်ယေရှု၏ ဟောကိန်းတစ်ခုဖြစ်သည့် “သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။” ဆိုသည့်စကားများက မည်ကဲ့သို့ မှန်ကန်နိုင်တော့မည်နည်း။ သခင်ယေရှု ပြန်ရောက် လာပြီး သမ္မာတရားကို ဖွင့်ဟကာ တရားစီရင်မှု လုပ်မည်ဆိုသည့် ဟောကိန်းက ပျက်မသွားပါလား။ ထို့ကြောင့်် သင်းအုပ်ဆရာနှင့် အကြီးအကဲများ ပြောစကားက သခင်ယေရှု၏ နှုတ်ကပတ်တော်များနှင့် လုံးဝမကိုက်ညီ သကဲ့သို့၊ ဘုရားသခင်၏ စစ်မှန်သည့် လုပ်ဆောင်မှုများနှင့်လည်း မကိုက်ညီတော့ပါ။ သခင်ယေရှု ဆောင်ရွက်ခဲ့သည့် အရာများက လူသားမျိုးနွယ်ကို ရွေးနှုတ်ခြင်းအမှု ဖြစ်ကြောင်း ကျွန်မတို့အားလုံး သိသင့်ပါသည်။ ကျွန်မတို့ လုပ်သင့်သည်မှာ သခင်ယေရှုကို လက်ခံရမည်။ သူ့ရှေ့မှာ အပြစ်များကိုဝန်ခံ နောင်တရကြပါက၊ ကျွန်မတို့၏ အပြစ်များက ခွင့်လွှတ်ပေးခြင်းခံကြရမည် ဖြစ်သည်။ ဤကဲ့သို့ ခွင့်လွှတ်ခံရပါက၊ ကျွန်မတို့အနေနှင့် သခင့်ဆီမှာ ဆုတောင်းဖို့ အရည်အချင်း ပြည့်မီသွားမည် ဖြစ်ပြီး၊ သခင်ပေးမည့် ကျေးဇူးတော်ကို ခံစားခွင့်ရကြမည် ဖြစ်သည်။ အပြစ်တရားနှင့် မသက်ဆိုင်တော့ဘဲ၊ ပညတ်တော်များ၏ ဒဏ်ခတ်ခြင်းကို ကျွန်မတို့ခံကြရတော့မည် မဟုတ်ပါ။ ဤသည်မှာ သခင်ယေရှု၏ ရွေးနှုတ်ခြင်းအမှုကနေ ရလာသည့် အကျိုးဆက်ဖြစ်သည်။ ဤသည်မှာ ကျွန်မတို့ ခဏခဏပြောနေကြသည့် ယုံကြည်မှုကြောင့် ကယ်တင်ခြင်းခံရသည် ဆိုသည့် စာပိုဒ်၏ အဓိပ္ပာယ်ဖြစ်သည်။ သခင်ယေရှု၏ လုပ်ဆောင်မှုကနေ ရလာသည့် ရလဒ်ကို ကြည့်ချင်းအားဖြင့် သခင်ယေရှု၏ အလုပ်က လူသားများ အတွက် ပေးဆပ် စတေးခံမှုသက်သက် ဖြစ်ကြောင်းကို ပြနေပါသည်။ နောက်ဆုံးကာလများမှာ လူသားများကို ပြီးပြည့်စုံအောင် သန့်စင်ပေးတာများ တရားစီရင်ပေးသည့် အလုပ် လုံးဝမဟုတ်ပါ။ သခင်ယေရှုအပေါ် ကျွန်မတို့၏ယုံကြည်မှုက ကျွန်မတို့၏ အပြစ်များကို ဆေးကြောပေးပြီး၊ ကျွန်မတို့ကလည်း သိသာသည့် အပြစ်များကို မကျူးလွန်ဘဲ ကောင်းကောင်းမွန်မွန် နေကြသော်လည်း၊ ကျွန်မတို့က အပြစ်များကနေ သေချာ ကင်းကွာသွားပြီး သန့်စင်ပြီး၊ ကယ်တင်ခြင်း အပြည့်အဝရရှိခြင်း မဖြစ် မဟုတ်ပါလား။ ကျွန်မတို့က မုသားများကို ခဏခဏပြောပြီး မကောင်းမှုများကို လုပ်မိနေကြဆဲ မဟုတ်ပါ လား။ ကျွန်မတို့က လောဘကြီးသည့် ကာယကံမှုများ လိမ်လည် လှည့်ဖြားချင်သည့် စိတ်မျိုးများက ဖြစ်တတ်လာဆဲ မဟုတ်ပါလား။ တခြားသူများကို မနာလိုဖြစ်ဆဲ၊ မုန်းတီးဆဲ မဟုတ်ပါလား။ ကျွန်မတို့၏ နှလုံးသားများမှာလည်း၊ မာနတရားများ မောဟများ ကိန်းအောင်း နေဆဲ မဟုတ်ပါလား။ လောကအရာများကို တုပနေဆဲပါလား။ စည်းစိမ် ချမ်းသာကို ဖက်တွယ်ပြီး ဂုဏ်ကို မက်မောနေဆဲပါလား။ တချို့က တရုတ်ကွန်မြူနစ်အစိုးရက လိုက်ဖမ်း၍ မိသွားသည့် အခါမျိုးမှာ ဘုရားသခင်ကိုပင် အပြစ်တင်ချင်တတ် ကြပါသည်။ ဘုရားသခင်ကို ငြင်းဆန် သစ္စာဖောက်ကြောင်း စာနှင့် ထွက်ဆိုချက်များပင် ပေးကြသည်။ အထူးသဖြင့် အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသောကာလ တရားစီရင်မှု နှုတ်ကပတ်တော်များနှင့် သမ္မာတရားကို ထုတ်ဖော်ပြောပြ နေခြင်းနှင့် ပတ်သက်ပြီး လူများက သူတို့နှစ်သက်ရာ အတွေး စိတ်ကူးများကို အခြေခံကာ ဘုရားသခင်၏ လုပ်ဆောင်မှုများ ကိုပင် ဝေဖန်ပြောဆိုမှုများ လုပ်လာကြသည် မဟုတ်ပါလား။ ထို့ကြောင့်် သခင့်ကို ကျွန်မတို့ ယုံသည့်အတွက် ကျွန်မတို့၏ အပြစ်များမှနေ သက်သာခွင့်ပဲရခြင်း ဖြစ်သည်။ သို့သော်လည်း စာတန်၏သဘာဝနှင့် စိတ်သဘောထားတို့က ကျွန်မတို့ အတွင်းထဲမှာ ရှိနေဆဲဖြစ်ပါသည်။ ထို့ကြောင့်် ဘုရားသခင်ကို ကျွန်မတို့ အပြစ်လုပ်ခြင်းများ အာခံခြင်းများ ဖြစ်လာသည်။ ကျွန်မတို့ ကိုယ်တွင်း အပြစ်နှင့်ပြည့်သည့် သဘာဝကို မဖြေရှင်းပါက၊ ဘုရားသခင်ကို အာခံမိကြမည်ဖြစ်သည်၊ သစ္စာဖောက်မိ ကြမည်ဖြစ်သည်။ ပြီးလျှင် ဘုရားသခင်ကို ရန်သူကဲ့သို့ သတ်မှတ်လာလိမ့်မည်။ ထိုကဲ့သို့လူမျိုးက ကောင်းကင်နိုင်ငံတော် ဝင်ရဖို့ အရည်အချင်းရှိသည်ဟု သင်တို့ပြောမလား။ ယခု ရှင်းလင်းသွားပြီဟု ထင်ပါသည်။ “အမှုပြီးပြီ။” ဟု သခင်ယေရှုပြောခဲ့သည့်စကားက ဘုရားသခင်၏ ရွေးနှုတ်ခြင်းအမှု ပြီးဆုံးသွားပြီဟုသာ ဆိုလိုခြင်း ဖြစ်သည်။ အသေချာဆုံးမှာမူ လူသားမျိုးနွယ်များကို ကယ်တင်ဖို့ အလုပ်အားလုံးက ပြီးသွားပြီဟု ဆိုလိုခြင်း မဟုတ်ပါ။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးကာလမှာ လူဇာတိခံယူခြင်းက သမ္မာတရားကို ထုတ်ပြောပြဖို့ ဘုရားသခင်၏ အိမ်တော်ကနေ အစပြုပြီး တရားစီရင်မှုအလုပ်ကို လုပ်ဆောင်ဖို့ ဖြစ်သည်။ ဤကြွလာမှုက လူများကို အပြည့်သန့်စင်ပေးပြီး၊ အပြည့်ကယ်တင်ပေးနိုင်ဖို့နှင့် လူသားများ၏ ကိုယ်တွင်းက မကောင်းမှုနှင့်ဆိုင်သည့် အခြေခံကျသည့် ပြဿနာများကို ဖြေရှင်းပေးဖို့ လာခြင်းဖြစ်သည်။ လူများကို အပြစ်များကနေ လွတ်ကင်းပြီး သန့်စင်မှုကို ရရှိစေဖို့ အပြီးသတ် ကယ်ဆယ်မှုကို ရရှိပြီး ဘုရားသခင်၏ နိုင်ငံတော်ထဲကို ဝင်ခွင့်ရဖို့ဖြစ်ပါသည်။ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော် အချို့ကို ရွတ်ဖတ်လိုက်ရအောင်။ သို့ပါမှ ပိုပြီးရှင်းရှင်း လင်းလင်း နားလည် လာနိုင်မည်။

အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ရွေးနုတ်ခြင်းခံရပြီးစဖြစ်ပြီး မပြောင်းလဲသေးသော၊ သို့မဟုတ် ဘုရားသခင်အားဖြင့် စုံလင်ခြင်းသို့ မရောက်သေးသော သင်တို့ကဲ့သို့ အပြစ်သားတစ်ဦးအနေဖြင့်၊ သင်သည် ဘုရားသခင်၏ စိတ်နှလုံးနှင့် ညီညွတ်နိုင်သလော။ လူဟောင်းအတိုင်း ရှိနေဆဲဖြစ်သည့် သင့်အတွက်၊ သင်သည် ယေရှုအားဖြင့် ကယ်တင်ခံခဲ့ရသည်ဆိုသည်နှင့် ဘုရားသခင်၏ ကယ်တင်ခြင်းကြောင့် သင်သည် အပြစ်သားအဖြစ် ယူဆမခံရသည်မှာ မှန်သော်လည်း၊ ဤအရာက သင်သည် အပြစ်မရှိသကဲ့သို့ မစင်ကြယ်သောသူ မဟုတ်သည်ကို သက်သေမပြပေ။ သင်သည် မပြောင်းလဲသေးပါက၊ မည်ကဲ့သို့ သန့်ရှင်းစင်ကြယ်ခြင်း ရှိနိုင်မည်နည်း။ အတွင်း၌ သင်သည် မစင်ကြယ်ခြင်း၊ အတ္တနှင့် ဆိုးရွားယုတ်မာခြင်းတို့ဖြင့် ပတ်ချာဝိုင်းနေသည့်တိုင်အောင် သင်သည် ယေရှုနှင့်အတူ ဆင်းသက်လိုနေဆဲဖြစ်သည်၊ သင်ထိုမျှ ကံကောင်းသလော။ သင်သည် ဘုရားသခင်၌ သင်၏ယုံကြည်ခြင်းတွင် အဆင့်တစ်ခု ချန်လှပ်မိပြီ ဖြစ်သည်။ သင်သည် ရွေးနုတ်ခြင်း ခံရရုံသာ ရှိသေးသော်လည်း၊ မပြောင်းလဲသေးပေ။ သင့်အတွက် ဘုရားသခင်၏ စိတ်နှလုံးနှင့် ညီညွတ်ရန်မှာ၊ ဘုရားသခင်သည် သင့်ကို ပြောင်းလဲစေခြင်းနှင့် သန့်စင်စေခြင်းအမှုကို ကိုယ်တိုင် လုပ်ရပေမည်။ သင်သည် ရွေးနုတ်ခြင်းသာ ခံရပါက၊ မွန်မြတ်သန့်ရှင်းခြင်းကို ရယူနိုင်စွမ်းရှိမည် မဟုတ်ပေ။ ဤနည်းဖြင့် သင်သည် ပြောင်းလဲခြင်းနှင့် စုံလင်စေခြင်း၏ အဓိကအဆင့်ဖြစ်သော လူကို စီမံခန့်ခွဲသည့် ဘုရားသခင်၏အမှုတွင် အဆင့်တစ်ဆင့်ကို သင်လွတ်သွားခဲ့သည့် အတွက် သင်သည် ဘုရားသခင်၏ ကောင်းမြတ်သော ကောင်းချီးများကို ဝေမျှရန် အရည်အသွေးပြည့်မီလိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် ရွေးနုတ်ခံရပြီးစ အပြစ်သားတစ်ဦးဖြစ်သည့် သင်သည် ဘုရားသခင်၏ အမွေဥစ္စာကို တိုက်ရိုက်အမွေဆက်ခံနိုင်စွမ်း မရှိပေ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အမည်နာမများနှင့် ကိုယ်ပိုင်လက္ခဏာတို့နှင့် ပတ်သက်၍)

မည်ကဲ့သို့သော လူမျိုးကို ငါ လိုချင်သည်ကို သင်သိရမည်။ မဖြူစင်သော သူများကို နိုင်ငံတော်အထဲသို့ ဝင်ရောက်ရန် အခွင့်မပြုထားပေ၊ မဖြူစင်သော သူများကို သန့်ရှင်းသောမြေအား အသရေဖျက်စေရန် အခွင့်မပြုထားပေ။ သင်သည် အလွန်များသော အလုပ်ကို လုပ်ဆောင်ပြီးဖြစ်ကာ နှစ်ပေါင်းများစွာ အလုပ်လုပ်ပြီး ဖြစ်ကောင်းဖြစ်နိုင်သော်လည်း၊ အဆုံး၌ သင်သည် မနှစ်မြို့ဖွယ်ရာ ညစ်ညူးနေဆဲ ဖြစ်ပါက၊ သင်သည် ငါ့နိုင်ငံတော်ထဲသို့ ဝင်ရောက်လိုသည်မှာ ကောင်းကင်ဘုံ၏ ဥပဒေသအဖို့ သည်းမခံနိုင်ဖွယ် ဖြစ်ပေလိမ့်မည်။ ကမ္ဘာလောကကို အုတ်မြစ်ချသည့် အချိန်မှသည် ယနေ့အထိ၊ ငါ့ကို မျက်နှာလို မျက်နှာရ ပြုကြသော ထိုသူများအား ငါ့နိုင်ငံတော်ထဲသို့ မည်သည့်အခါမျှ လွယ်ကူစွာ ဝင်ရောက်ခွင့် မပေးဖူးပေ။ ဤသည်မှာ ကောင်းကင်ဘုံဆိုင်ရာ စည်းမျဉ်း ဖြစ်ပြီး၊ မည်သူမျှ ချိုးဖောက်၍မရနိုင်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အောင်မြင်မှု သို့မဟုတ် ရှုံးနိမ့်မှုသည် လူလျှောက်သော လမ်းကြောင်းအပေါ်တွင် မူတည်သည်)

ယေရှုသည် လူသားအလယ်တွင် အမှုများစွာ လုပ်ဆောင်ခဲ့သော်လည်း၊ သူသည် လူသားမျိုးနွယ် အားလုံး၏ ရွေးနုတ်ခြင်းကိုသာ ပြီးစီးစေခဲ့ပြီး လူသားတို့၏ အပြစ်ဖြေရာယဇ် ဖြစ်လာခဲ့သည်။ သူသည် လူသားထံမှ သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအားလုံး ဖယ်ရှားမပေးခဲ့ပေ။ စာတန်၏စွမ်းအားမှ လူသားကို အပြည့်အဝ ကယ်တင်ခြင်းသည် ယေရှုအနေဖြင့် အပြစ်ဖြေရာယဇ် ဖြစ်လာပြီး လူသား၏ အပြစ်များကို သယ်ဆောင်ရန် လိုအပ်သည်သာမက၊ ဘုရားသခင်အနေဖြင့် လူသားထံမှ သူ၏ ဆိုးယုတ်စွာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအား လုံးဝဖယ်ရှားပေးရန် သာ၍ပင် ကြီးမားသော အမှုကို လုပ်ဆောင်ရန်လည်း လိုအပ်ပေသည်။ ထို့ကြောင့် လူသားသည် သူ၏အပြစ်များမှ ခွင့်လွှတ်ခံရပြီး ဖြစ်သဖြင့်၊ ဘုရားသခင်သည် လူသားကို ခေတ်သစ်ထဲသို့ ဦးဆောင်ရန် လူ့ဇာတိ ပြန်လည်ခံယူပြီဖြစ်ပြီး၊ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအမှုကို စတင်ပြီဖြစ်သည်။ ဤအမှုသည် လူသားကို သာ၍မြင့်မားသည့် လောကတစ်ခုထဲသို့ ဆောင်ကြဉ်းပြီးဖြစ်သည်။ သူ၏အုပ်စိုးမှုအောက်တွင် ကျိုးနွံနာခံသူအားလုံးသည် သာ၍မြင့်မားသော သမ္မာတရားကို မွေ့လျော်ပြီး သာ၍ကြီးမြတ်သော ကောင်းချီးမင်္ဂလာများကို ရရှိရပေမည်။ ၎င်းတို့သည် အလင်းတွင် အမှန်တကယ် အသက်ရှင်ကြရမည် ဖြစ်ပြီး သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ကို ရရှိကြရလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ကျမ်းဦးစကား)

လူသည် ရွေးနုတ်ခြင်း မခံရမီတွင်၊ စာတန်၏ အဆိပ်အများအပြားသည် သူ့အတွင်းတွင် အခိုင်အမာ တည်ထားနှင့်ပြီးဖြစ်သကဲ့သို့ စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကို နှစ်ထောင်ချီ ခံရပြီးနောက်တွင်၊ လူသည် သူ့အတွင်းတွင် ဘုရားသခင်ကို ဆန့်ကျင်သည့် အခြေခိုင်သည့် သဘာဝ ရှိလေသည်။ သို့ဖြစ်ရာ လူသားသည် ရွေးနုတ်ခံရပြီးသည့်အချိန်တွင်၊ ယင်းသည် လူကို အဖိုးအခကြီးစွာ ပေးဝယ်ထားသည့် ရွေးနုတ်ခြင်း ကိစ္စတစ်ခုထက် ဘာမျှမပိုဘဲ၊ သူ့အတွင်းရှိ အဆိပ်သင့်သော သဘာဝမှာ သုတ်သင်ပယ်ရှင်းခြင်းကို မခံရသေးပေ။ အလွန် ညစ်ညမ်းလှသော လူသည် ဘုရားသခင်ကို အစေခံရန် မထိုက်တန်မီတွင် ပြောင်းလဲခြင်းကို ကြုံရမည် ဖြစ်သည်။ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းနှင့်ဆိုင်သည့် ဤအမှုအားဖြင့်၊ လူသည် သူကိုယ်တိုင်အတွင်းရှိ ညစ်ညူးပြီး ဖောက်ပြန်ပျက်စီးသည့် အနှစ်သာရကို အပြည့်အဝ သိလာလိမ့်မည် ဖြစ်ပြီး၊ သူသည် လုံးဝ ပြောင်းလဲနိုင်လိမ့်မည် ဖြစ်ပြီး သန့်ရှင်းလာလိမ့်မည်။ ဤနည်းဖြင့်သာ လူသည် ဘုရားသခင်၏ ပလ္လင်တော် ရှေ့မှောက်သို့ ပြန်လာရန် ထိုက်တန်နိုင်ပေသည်။ ယနေ့ လုပ်ဆောင်သည့် အမှုအားလုံးသည် လူသားက သန့်ရှင်းစေခြင်းခံရနိုင်ကာ ပြောင်းလဲစေခြင်း ခံရနိုင်ဖို့အလို့ငှာ ဖြစ်သည်။ နှုတ်ကပတ်တော်အားဖြင့် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းမှတစ်ဆင့်အပြင်၊ စစ်ဆေးခြင်းမှတစ်ဆင့်လည်း လူသားသည် သူ၏ ဖောက်ပြန်ပျက်စီးခြင်းကို ဖယ်ရှားသန့်စင်နိုင်ပြီး ဖြူစင်စေခြင်း ခံရနိုင်ပေသည်။ အမှု၏ ဤအဆင့်ကို ကယ်တင်ခြင်း၏အမှုဟု ယူဆခြင်းထက်၊ ယင်းသည် သန့်ရှင်းစင်ကြယ်စေခြင်း၏ အမှုဟု ပြောရန်မှာ ပိုမို ဆီလျော်ပေမည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၄))

အချိန်သည် နီးကပ်လာပြီး ဘုရားသခင်၏နေ့ရက်သည် ရောက်လာပြီဖြစ်သည့်အတွက်၊ နောက်ဆုံးသောကာလ၏ အမှုသည် အားလုံးကို ၎င်းတို့၏ အမျိုးအစားအလိုက် ခွဲခြားရန်နှင့် ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်ကို အပြီးသတ်ရန်ဖြစ်သည်။ ဘုရားသခင်သည် သူ၏နိုင်ငံတော်ထဲသို့ ဝင်ရောက်သူအားလုံး- တကယ့်အဆုံးတိုင် သူ့ကို သစ္စာစောင့်သိသူအားလုံးကို ဘုရားသခင် ကိုယ်တော်တိုင်၏ ခေတ်ထဲသို့ ဆောင်ကြဉ်း၏။ သို့သော် ဘုရားသခင် ကိုယ်တော်တိုင်၏ခေတ် မရောက်ရှိမီတွင်၊ ဘုရားသခင်၏ အမှုသည် လူသား၏လုပ်ဆောင်ချက်များကို စောင့်ကြည့်လေ့လာရန်၊ သို့မဟုတ် လူသား၏ဘဝကို စုံစမ်းရန် မဟုတ်ဘဲ၊ လူသား၏မနာခံမှုကို တရားစီရင်ရန်ဖြစ်၏၊ အကြောင်းမှာ ဘုရားသခင်သည် သူ၏ ပလ္လင်ရှေ့သို့ လာသူတိုင်းကို သန့်စင်ပေးမည် ဖြစ်သောကြောင့်တည်း။ ဤနေ့အထိ ဘုရားသခင်၏ ခြေလှမ်းများနောက် လိုက်လျှောက်ခဲ့သူ အားလုံးသည် ဘုရားသခင်၏ ပလ္လင်ရှေ့သို့ လာကြသူများ ဖြစ်ပြီး၊ ထိုသို့ဖြစ်သဖြင့်၊ ဘုရားသခင်၏ အမှုကို ယင်း၏နောက်ဆုံးအဆင့်တွင် လက်ခံသောလူ တစ်ဦးစီတိုင်းသည် ဘုရားသခင်၏ သန့်စင်စေခြင်းကို ခံရသည့်သူများ ဖြစ်ကြသည်။ တစ်နည်းအားဖြင့်ဆိုသော် ဘုရားသခင်၏အမှုကို ယင်း၏နောက်ဆုံးအဆင့်တွင် လက်ခံသူ အယောက်တိုင်းသည် ဘုရားသခင်၏ တရားစီရင်ခြင်းကို ခံရသည့်သူများဖြစ်ကြ၏။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏)

နောက်ဆုံးသော ကာလသည် ရောက်ရှိနှင့်ပြီ ဖြစ်သည်။ ဖန်ဆင်းခြင်းထဲက အရာအားလုံးသည် ၎င်းတို့၏ အမျိုးအစားအလိုက် ခွဲခြားခံရလိမ့်မည်ဖြစ်ပြီး၊ ၎င်းတို့၏ သဘာဝအပေါ် အခြေခံ၍ မတူကွဲပြားသော အမျိုးအစားများအဖြစ် ခွဲခြားခံရလိမ့်မည်။ ဤသည်မှာ ဘုရားသခင်က လူသားမျိုးနွယ်၏ အဆုံးသတ်နှင့် ၎င်းတို့၏ ပန်းတိုင်ကို ထုတ်ဖော်ပြသည့် အချိန် အခိုက်အတန့် ဖြစ်သည်။ အကယ်၍ လူတို့သည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းကို မကြုံကြရပါက၊ ၎င်းတို့၏ မနာခံမှုနှင့် မဖြောင့်မတ်မှုကို ဖော်ထုတ်ခြင်း နည်းလမ်းရှိလိမ့်မည် မဟုတ်ပေ။ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းမှတစ်ဆင့်သာ ဖန်ဆင်းခြင်း အားလုံး၏ အဆုံးသတ်သည် ထုတ်ဖော်ပြ ခံရနိုင်ပေသည်။ လူသည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း ခံရသော အခါမှသာ သူ၏စရိုက်အမှန်ကို ပြသသည်။ မကောင်းမှု ပြုသူများကို မကောင်းသောသူများနှင့်အတူ၊ ကောင်းသောသူများကို ကောင်းသောသူများနှင့်အတူ ထားရှိလိမ့်မည်ဖြစ်ပြီး၊ လူသားမျိုးနွယ် အားလုံးသည် ၎င်းတို့၏ အမျိုးအစားအလိုက် ခွဲခြားခံရကြလိမ့်မည်။ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းမှတစ်ဆင့်၊ မကောင်းသော သူများသည် အပြစ်ဒဏ်ပေးခံရပြီး ကောင်းသောသူများသည် ဆုလာဘ်များရရှိကာ လူအားလုံးတို့သည် ဘုရားသခင်၏ အုပ်စိုးခြင်းကို ခံကြရဖို့အလို့ငှာ၊ ဖန်ဆင်းခြင်း အားလုံး၏ အဆုံးသတ်သည် ထုတ်ဖော်ပြခံရလိမ့်မည်။ ဤအမှုအားလုံးကို ဖြောင့်မတ်သော ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းမှတစ်ဆင့် ရရှိရပေမည်။ လူသား၏ ဖောက်ပြန်ပျက်စီးခြင်းသည် အမြင့်ဆုံးသို့ ရောက်ရှိပြီးဖြစ်ကာ သူ၏ မနာခံခြင်းသည် အလွန့်အလွန် ပြင်းထန်လာသောကြောင့်၊ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ အဓိကအားဖြင့် ပေါင်းစပ်ထားပြီး၊ နောက်ဆုံးသောကာလအတွင်းတွင် ထုတ်ဖော်ပြခံရသည့် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားသည်သာ လူကို အပြည့်အဝ ပြောင်းလဲနိုင်ပြီး ပြည့်စုံစေနိုင်ပေသည်။ ဤစိတ်သဘောထားသည်သာ မကောင်းမှုကို ဖော်ထုတ်နိုင်ပြီး၊ ထိုသို့ဖြင့် မဖြောင့်မတ်သောသူအားလုံးကို ပြင်းထန်စွာ အပြစ်ပေးနိုင်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၃))

ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း အမှု၏ ပဓာနကျသော ရည်ရွယ်ချက်မှာ လူသားမျိုးနွယ်ကို သန့်ရှင်းစေရန်နှင့် ၎င်းတို့၏ နောက်ဆုံးသော ငြိမ်သက်ခြင်း ချမ်းသာအတွက် ၎င်းတို့ကို ပြင်ဆင်ရန် ဖြစ်သည်။ ထိုသို့သော သန့်ရှင်းစေခြင်း မရှိဘဲနှင့်၊ လူသားမျိုးနွယ်ထဲမှ တစ်ဦးမျှသည် မတူညီသော အမျိုးအစားအလိုက် ခွဲခြားခံရနိုင်မည် မဟုတ်ပေ၊ သို့မဟုတ် ငြိမ်သက်ခြင်း ချမ်းသာထဲသို့ ဝင်ရောက်နိုင်ကြမည် မဟုတ်ပေ။ ဤအမှုသည် ငြိမ်သက်ခြင်း ချမ်းသာထဲသို့ ဝင်ရောက်ရန် လူသားမျိုးနွယ်၏ တစ်ခုတည်းသော လမ်းကြောင်းဖြစ်သည်။ ဘုရားသခင်၏ သန့်စင်စေခြင်းအမှုသည်သာ လူသားများကို ၎င်းတို့၏ မဖြောင့်မတ်ခြင်းမှ သန့်စင်စေလိမ့်မည်ဖြစ်ပြီး သူ၏ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း အမှုသည်သာလျှင် လူသားမျိုးနွယ်ထဲမှ မနာခံသော ထိုလူစုများကို ဖော်ထုတ်လိမ့်မည်၊ ထိုသို့ဖြင့် ကယ်တင်ခံရနိုင်သူတို့ကို ကယ်တင်မခံရနိုင်သူတို့မှ ခွဲခြားပြီး ကျန်ရှိမည့်သူများကို မကျန်ရှိမည့်သူများမှ ခွဲခြားထားလိမ့်မည်ဖြစ်သည်။ ဤအမှု အဆုံးသတ်သောအခါတွင်၊ ကျန်ရှိခွင့် ပေးထားသောလူများ အားလုံး သန့်စင်စေခြင်း ခံရလိမ့်မည်ဖြစ်ပြီး၊ ကမ္ဘာမြေပေါ်တွင် သာ၍ နှစ်သက်ဖွယ်ဖြစ်သော ဒုတိယ လူ့ဘဝကို ၎င်းတို့ မွေ့လျော်မည့် သာ၍ မြင့်မားသော လူ့သဘာဝ၏ အခြေအနေထဲသို့ ဝင်ရောက်ကြလိမ့်မည်။ တစ်နည်းအားဖြင့် ၎င်းတို့သည် ၎င်းတို့၏ လူသား အနားယူရာနေ့ကို စတင်ကြလိမ့်မည် ဖြစ်ပြီး၊ ဘုရားသခင်နှင့်အတူ ယှဉ်တွဲနေထိုင်ကြလိမ့်မည်။ ကျန်ရှိခွင့် မရကြသူတို့ ပြစ်တင်ဆုံးမခံရကာ တရားစီရင်ခံကြရ ပြီးနောက်တွင်၊ ၎င်းတို့၏ စရိုက်အမှန်သည် လုံးဝ ဖော်ထုတ်ခံရလိမ့်မည်၊ ယင်းနောက်တွင် ၎င်းတို့အားလုံးသည် စာတန်ကဲ့သို့ ဖျက်ဆီးခြင်းကိုခံကြရမည်ဖြစ်ပြီး ကမ္ဘာမြေကြီးပေါ်တွင် ရှင်သန်ခွင့်ရှိတော့မည် မဟုတ်ပေ။ အနာဂတ် လူသားမျိုးနွယ်တွင် ဤလူစားမျိုးထဲမှ မည်သူမျှ ပါဝင်တော့မည် မဟုတ်ပေ။ ထိုသို့သော လူများသည် အဆုံးစွန် ငြိမ်သက်ခြင်း ချမ်းသာခြင်းနှင့်ဆိုင်သည့် ပြည်ထဲသို့ ဝင်ရောက်ရန် မသင့်တော်ကြသကဲ့သို့၊ ၎င်းတို့သည် အပြစ်ပေးခြင်းနှင့်ဆိုင်သည့် ပစ်မှတ်များ ဖြစ်ကြပြီး ဆိုးယုတ်ကာ၊ မဖြောင့်မတ်သောလူများ ဖြစ်ကြသည့်အတွက်၊ ဘုရားသခင်နှင့် လူသားမျိုးနွယ်တို့ မျှဝေခံစားကြမည့် အနားယူရာ နေ့ရက်၌ အတူပါဝင်ရန်လည်း မသင့်တော်ကြပေ။...မကောင်းသောသူများကို အပြစ်ဒဏ်ပေးခြင်းနှင့် ကောင်းသောသူများကို ဆုလာဘ်ပေးခြင်းဟူသည့် ဘုရားသခင်၏ အဆုံးစွန် အမှုနောက်ကွယ်က ရည်ရွယ်ချက် တစ်ခုလုံးမှာ သူသည် သန့်ရှင်းသော လူသားမျိုးနွယ် သက်သက်ကို ထာဝရ ငြိမ်သက်ခြင်း ချမ်းသာထဲသို့ ဆောင်ယူသွားနိုင်ဖို့အလို့ငှာ လူသားများ အားလုံးကို လုံးလုံးလျားလျား သန့်စင်စေရန် ဖြစ်သည်။ သူ့အမှု၏ ဤအဆင့်သည် အရေးကြီးဆုံး ဖြစ်သည်။ ယင်းသည် သူ၏ စီမံခန့်ခွဲခြင်း အမှုတစ်ခုလုံး၏ နောက်ဆုံးအဆင့် ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် လူသားသည် ငြိမ်သက်ခြင်းချမ်းသာထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည်)

အနန္တတန်ခိုးရှင်ဘုရားသခင်က နောက်ဆုံးသောကာလမှာ ဘုရားသခင်၏ တရားစီရင်ခြင်းအမှုကနေ ရရှိသည့် ရလဒ်များနှင့် ရည်ရွယ်ချက်အကြောင်းကို ရှင်းရှင်းလင်းလင်း မိန့်မြွက်ထား ပါသည်။ ဤစကားများမှနေ သိရသည်မှာ၊ နောက်ဆုံးကာလမှာ ဘုရားသခင်၏ တရားစီရင်မှု အလုပ်များက လူသားမျိုးနွယ်ကို အလုံးစုံသန့်စင်ပေးပြီး၊ ကယ်တင်ပေးသည့် အလုပ်ဖြစ်ကြောင်းကို သေချာသွားစေပါသည်။ သခင်ယေရှု လုပ်ဆောင်ခဲ့သည့် ရွေးနှုတ်ခြင်းအမှုက နောက်ဆုံးသောကာလ ဘုရားသခင်၏ တရားစီရင်ခြင်းအမှုကို လမ်းဖွင့်ပေးခဲ့ပါသည်။ အနန္တတန်ခိုးရှင် ဘုရားသခင်က သခင်ယေရှု၏ ရွေးနှုတ်ခြင်းအမှု၏ အခြေခံအုတ်မြစ်ပေါ်ကနေ တရားစီရင်ခြင်းနှင့် သန့်စင်ခြင်းအမှုကို လုပ်ဆောင်ပါသည်။ လူသားမျိုးနွယ်ကို မကောင်းမှုများကနေ လုံးဝ သန့်စင်ပေးပြီး ဘုရားသခင်၏ နိုင်ငံတော်ထဲ ဝင်ခွင့်ရအောင် လုပ်ပေးတာဖြစ်သည်။ ဘုရားသခင်က ဤကဲ့သို့ လုပ်ဆောင်ခြင်းက အရမ်းလက်တွေ့မကျပါလား။ ကျွန်မတို့က သခင်ယေရှု၏ ရွေးနှုတ်ခြင်းအမှုကိုသာလက်ခံပြီး၊ နောက်ဆုံးသောကာလ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် သန့်စင်ခြင်းအမှုကို လက်မခံပါက ဘုရားသခင်၏ နိုင်ငံတော်ထဲကို ဝင်ခွင့်ရဖို့ မည်ကဲ့သို့ အရည်အချင်းပြည့်မီတော့မည်နည်း။ ဘုရားသခင်ကို ယုံကြည်ဖို့ဆိုပါက ဘုရားသခင်၏ အမှုတော်ကိုလည်း နားလည်ဖို့လိုပါသည်။ ဤသည်မှာ သိပ်အရေးကြီးပါသည်။ သို့သော်လည်း ဘာသာရေးလောကက လူအများစုက ကယ်တင်ခြင်းအပေါ် ယုံကြည်ရာမှာ ယုံကြည်မှု တစ်ခုတည်းကိုသာ အားထားနေကြသည်။ သူတို့က သခင့်ကို ယုံကြည်ခြင်းက အပြစ်များကို ခွှင့်လွှတ်ပေးသည်၊ ပြဿနာအားလုံးကို ဖြေရှင်းပေးသည့်၊ သနားကြင်နာ စိတ်ကြီးသည့် သခင်က လူတစ်ဦးကျူးလွန်သမျှ အပြစ်အားလုံးကို ခွင့်လွှတ်ပေးမည်ဟု ယုံနေကြသည်။ ယုံကြည်ခြင်းနှင့်ပင် အားလုံးကို ကောင်းကင်နိုင်ငံတော်ဆီ ခေါ်သွားခံရမည် ထင်နေခြင်းဖြစ်သည်။ ထို့ကြောင့်် သူတို့က အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးကာလ တရားစီရင်မှုကို လက်ခံဖို့ ငြင်းနေခြင်းဖြစ်သည်။ ဤသည်မှာ မည်ကဲ့သို့ ပြဿနာမျိုး ဖြစ်သနည်း။ ထိုသို့သော လူမျိုးများက ဘုရားသခင်၏ အလုပ်များကို နားလည်နိုင်ဦးမလား။ ဘုရားသခင်၏ မှန်ကန်သည့် သဘောထားကို နားလည်နိုင်ဦးမလား။ ဘုရားသခင်က သူ့ကို ပုန်ကန်ပြီး ဆန့်ကျင်သည့် စာတန်ကဲ့သို့ လူကို သူ့၏နိုင်ငံတော်ကို ဝင်ခွင့်ပေးလိမ့်မည်ဟု ပြောမလား။ ပေးမည်မဟုတ်ပါ။ ထိုကဲ့သို့လူမျိုးများ ဘုရားသခင်နိုင်ငံတော်ထဲ ဝင်လာပါက၊ မည်ကဲ့သို့ ရလဒ်မျိုးရမည်ကို စဉ်းစားကြည့်ပါ။ ဥပမာ တစ်ခုလောက် စဉ်းစားကြည့်ရအောင်။ ယေဟောဝါ ဘုရားသခင်ကိုသာ ယုံကြည်သည့် ဣသရေလများကို ဘုရားသခင်နိုင်ငံတော်ထဲ ခေါ်ခဲ့မည်ဆိုပါက၊ မည်သည့်အရာများ ဖြစ်လာမည်ဟု ထင်ပါသနည်း။ သူတို့က လူ့ဇာတိခံယူသည့် ဘုရားသခင်ဖြစ်သည့် သခင်ယေရှုကိုပင် လက်မခံခဲ့ပါ။ ပြီးလျှင် သခင်ယေရှုကို အသရေဖျက်ဖို့ နည်းမျိုးစုံနှင့် ကြိုးစားခဲ့ကဲ့သို့ လက်ဝါးကပ်တိုင်ပေါ်မှာပင် သခင်ယေရှုကို ရိုက်ထားခဲ့သေးသည်။ ဤကဲ့သို့ ဘုရားသခင်ကို ရူးမိုက်စွာ ဆန့်ကျင်သည့် ဤစာတန် အမျိုးအစားများက ကောင်းကင်နိုင်ငံတော်အတွင်းကို ခေါ်ယူခံ ရပါက၊ ဘုရားသခင်ကို ဆက်လက် ဆန့်ကျင်နေကြ ဦးမလား။ သူတို့ ပုန်ကန်ကြမလား။ သခင့်၏အာဏာကို လုယူဖို့ ကြိုးစားကြမလား။ သခင်ယေရှုက ဂျူးဝတ်ပြုကျောင်းများမှာ အဘယ့်ကြောင့် တရားသွားမဟောခဲ့သနည်း။ သင်သိပါသလား။ ဂျူးကိုးကွယ်မှု၏ ဘုန်းကြီးခေါင်းဆောင်များ၊ ကျမ်းပြုသူများနှင့် ဖာရိရှဲများက တော်တော်ဆိုးယုတ်သည့်အတွက် ဖြစ်ပါသည်။ သူတို့က မည်သည့်အရာမဆို ကျူးလွန်နိုင်သည်။ အားလုံး သိထားသည့် အတိုင်းပင် သခင်ယေရှုကို သူတို့ဖမ်းဆီးပြီးသည့် နောက်တွင် ရိုက်နှက် နှိပ်စက်ပြီး တံတွေးများနှင့်ပင် ထွေးခဲ့ကြသည်။ ပြီးလျှင် ရောမအစိုးရထံ ကားစင်တင်ခံရဖို့ပင် အပ်ခဲ့ကြသည်။ သခင်ယေရှုက သူတို့သည် စေတန်၏ဖမ်းစားမှု ခံထားရကြောင်း သိသည့်အတွက် ဂျူးဘုရားကျောင်း များမှာ သွားတရားမဟောခဲ့ပါ။ ယခုနောက်ဆုံးကာလ သခင်ယေရှု ပြန်လာပြီးသည့်နောက် သူက အသင်းတော်များကို အဘယ့်ကြောင့် မသွားခဲ့သနည်း။ အသင်းတော်များ၏ ခေါင်းဆောင်များက အရမ်းကို ဆိုးဝါးလာကြ သောကြောင့် ဖြစ်သည်။ လူ့ဇာတိခံယူထားသည့် အနန္တတန်ခိုးရှင်ဘုရားသခင်က အသင်းတော်များကို သွားပါက၊ သူတို့က သေချာပေါက် ရဲကို ခေါ်ကြမှာဖြစ်သည်။ သူတို့က အနန္တတန်ခိုးရှင် ဘုရားသခင်ကို တရုတ်ကွန်မြူနစ်အစိုးရဆီ ကျိမ်းသေပေါက်ကို အပ်ကြမှာ မဟုတ်ပါ။ ယခု ကျွန်မတို့ရော အနန္တတန်ခိုးရှင်ဘုရားသခင် အကြောင်း ပြောပြဖို့ ဘုရားကျောင်းများထဲကို သွားရဲပါသလား။ အနန္တတန်ခိုးရှင်ဘုရားသခင်အကြောင်းကို သူတို့ကို ပြောပြခဲ့ပါက၊ သူတို့က သေချာပေါက်ဝိုင်းဖမ်းပြီး သိက္ခာချကြမည်။ ပြည်သူ့လုံခြုံရေး အဖွဲ့ဆီကိုပင် အပ်ကြလိမ့်မည်။ ဤကဲ့သို့ အကြောင်းချင်းရာများကြောင့် ယနေ့ခေတ် ဘုရားကျောင်း များက ယခင်က ဂျူးဘာသာဝင်တို့၏ ဂျူးဘုရားကျောင်းများကဲ့သို့ ဖြစ်သည်။ ၎င်းတို့က ဘုရားသခင်ကို နှင်ထုတ်မည်၊ ဆန့်ကျင်မည်၊ ရှုတ်ချကြမည် နေရာများသာ ဖြစ်ပါသည်။ ထိုသို့ ဖြစ်နေခြင်း မဟုတ်ပါလား။ ဤသည်မှာ လူသားမျိုးနွယ်က မည်မျှအထိပျက်စီး နေကြောင်းကို ပြနေခြင်းဖြစ်သည်။ သူတို့က အမှန်တရားကို စိတ်ကုန်နေပြီး၊ အမှန်တရားကို ငြင်းဆန်နေ ကြသည်။ သူတို့အားလုံးက ဘုရားသခင် ဆိုက်ရောက်လာမှုကို ငြင်းပယ်ပြီး၊ စေတန်၏ လက်ပါးစေများကဲ့သို့ ဖြစ်ကာ ဘုရားသခင်ကို ဆန့်ကျင်နေကြပြီ။ အကယ်၍ ဘုရားသခင်သာ နောက်ဆုံးကာလမှာ လူ့ဇာတိကိုခံယူပြီး၊ အမှန်တရားကို ချမပြပါက လူများကို တရားစီရင်ပြီး မသန့်စင်ပေးပါက၊ လူသားမျိုးနွယ်က ဘုရားသခင်ကို ဆန့်ကျင်၍ ဘုရားသခင်၏ ချေဖျက်ခြင်းကို ခံကြရလိမ့်မည်။

ကျွန်မကိစ္စကို ဝင်မပါနဲ့ ၏ ရုပ်ရှင် ဇာတ်ညွှန်း မှ

အရှေ့သို့- မေးခွန်း (၂) နောက်ဆုံးသောကာလမှာ သမ္မာတရားကို ဖော်ထုတ်ဖို့၊ တရားစီရင်ဖို့အတွက် သခင်ယေရှုဟာ ပြန်ပြီးကြွလာခဲ့ပြီလို့ ခင်ဗျားတို့က သက်သေထူတယ် ကျွန်တော်ကျတော့ ဒါကို ဘာလို့မမြင်ခဲ့မိတာလဲ သခင်ဟာ တိမ်တွေကိုစီးရင်း ပြန်ကြွလာမယ်လို့ပဲ ကျွန်တော်က ယုံကြည်တယ် သခင် ပြန်ကြွလာရင်လည်း၊ သခင့်အပေါ်ယုံကြည်သူတွေအားလုံးဟာ ပြောင်းလဲခြင်းခံရမယ့်အပြင် သခင့်ကို ဖူးနိုင်ဖို့ ကောင်းကင်ဆီ ချီဆောင်ခံရမယ်လို့ပဲ ကျွန်တော်က ယုံကြည်တယ် ရှင်ပေါလု မိန့်ခဲ့သလိုပဲပေါ့. “ငါတို့ကျင့်သော အကျင့်မူကား၊ ကောင်းကင်ဘုံနှင့် စပ်ဆိုင်လျက်ရှိ၏။ ကယ်တင်တော်မူသောအရှင် သခင်ယေရှုခရစ်သည် ကောင်းကင်ဘုံမှ ကြွလာတော်မူမည်ဟု ငါတို့သည် မျှော်လင့်လျက်နေကြ၏။ ထိုသခင်သည် ခပ်သိမ်းသောအရာကိုပင် မိမိ အောက်၌ နှိမ့်ချနိုင်တော်မူသော ပြုပြင်အားထုတ်ခြင်း အားဖြင့် ယုတ်ညံ့သော ငါတို့၏ ကိုယ်ခန္ဓာကိုပင်၊ ဘုန်းအသရေနှင့်ပြည့်စုံသော ကိုယ်ခန္ဓာတော်၏ နည်းတူ ဖြစ်စေခြင်းငှါ အသစ်ပြင်ဆင်တော်မူလတံ့။” (ဖိလေမုန် သြဝါဒစာ ၃:၂၀-၂၁) ပြီးတော့ သခင် ပြန်ပြီးကြွလာတာဟာ လူ့ဇာတိခံပြီး၊ လူသားအဖြစ်ကို ရောက်ရှိဖို့ နောက်ဆုံးသောကာလမှာ တရားစီရင်ဖို့အတွက် သမ္မာတရားကို ဖော်ထုတ်ပြဖို့ဆိုပြီး ခင်ဗျားတို့က ပြောတယ် ကျွန်တော်ကတော့ မဖြစ်နိုင်ဘူးလို့ထင်တယ် ဘုရားသခင်ဟာ အရာရာကိုစွမ်းနိုင်သူဖြစ်တာကြောင့် ဘုရားသခင်ဟာ နှုတ်ထွက်စကားတစ်ခွန်းတည်းနဲ့တင် ကောင်းကင်ဘုံရယ်၊ ကမ္ဘာကြီးနဲ့ တခြားအရာတွေအားလုံးကို ဖန်တီးခဲ့တယ်။ သေသူကို ပြန်ရှင်စေခဲ့တယ် ဘုရားသခင်ဟာ ကျွန်တော်တို့ကိုလည်း စကားတစ်ခွန်းတည်းနဲ့ သန့်ရှင်းခြင်းအဖြစ်ကို ရောက်စေနိုင်ပါတယ် ဒီတော့ သမ္မာတရားကို ဖော်ပြဖို့၊ လူတွေကို တရားစီရင်ဖို့နဲ့ သန့်ရှင်းစေဖို့အတွက် ဘုရားသခင်ဟာ လူ့ဇာတိကို ခံယူစရာလိုပါ့မလား

နောက်တစ်ခုသို့- မေးခွန်း (၄) အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေကိုဖတ်ပြီး တော်တော်ပြင်းထန်တာလေးတွေရှိတာတွေ့ရပါတယ် လူသားကိုတရားစီရင်ခြင်း ရှုတ်ချခြင်းနဲ့ ကျိန်ဆိုခြင်းတွေပါ ဘုရားသခင်ကလူသားတွေကိုတရားစီရင်ပြီး ကျိန်ရင် သူတို့တွေရှုတ်ချခံရပြီးအပြစ်ပေးခံရမလားလို့တွေးမိတယ် ဘယ်လိုဖြစ်ပြီး ဒီလိုတရားစီရင်မှုမျိုးက လူသားမျိုးနွယ်ကိုသန့်စင်ပြီးကယ်တင်ဖို့လို့ ပြောလို့ရမှာလဲ

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

မေးခွန်း (၁)- သခင်ယေရှုက အခု ပြန်ကြွလာပြီဖြစ်ပြီး သူဟာ အနန္တတန်ခိုးရှင် ဘုရားသခင်ဆိုတဲ့ အမည်နာမအသစ်ရှိပါတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ဟာ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲက နှုတ်ကပတ်တော်တွေကို ဖော်ပြခဲ့ပြီး အဲဒါက မင်္ဂလာဆောင်လုလင်ရဲ့ အသံဖြစ်ပါတယ်။ ဒါပေမဲ့ ဒီကနေ့မှာ၊ ညီအစ်ကိုမောင်နှမတော်တော်များများက ဘုရားသခင်ရဲ့အသံကို မခွဲခြားနိုင်ကြသေးပါဘူး။ ဒါကြောင့် ဒီနေ့၊ အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်က ညီမရှန့်ကို ဖိတ်ထားပါတယ်။ ဘုရားသခင်ရဲ့အသံကို ဘယ်လိုခွဲခြားသိနိုင်မလဲဆိုတာနဲ့ပတ်သက်ပြီး မိတ်သဟာယပြုဖို့အတွက် သူတို့ကို ဖိတ်ထားတာပါ။ ဒါကြောင့် အနန္တတန်ခိုးရှင်ဘုရားသခင်ဟာ သခင်ယေရှု ပြန်လာခြင်းဖြစ်ကြောင်း ဘယ်လိုအတည်ပြုမလဲဆိုတာကို ကျွန်တော်တို့သိလာလိမ့်မယ်။

အဖြေ- ခုနတင် မေးလိုက်တဲ့မေးခွန်းဟာ အရေးကြီးဆုံးပါပဲ။ ဘုရားသခင်ရဲ့နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံဖို့၊ ဘုရားသခင်ရဲ့ပေါ်ထွန်းခြင်းကို...

မေးခွန်း (၁)- ကျွန်တော် ယုံကြည်လာခဲ့တဲ့နှစ်တွေတစ်လျှောက်လုံး၊ သခင်ယေရှုဆိုတာ ဘုရားသခင် လူ့ဇာတိခံခြင်းဖြစ်တယ်လို့ သိပေမယ့်၊ လူ့ဇာတိခံခြင်းရဲ့အကြောင်းရင်းမှန်ကို ကျွန်တော် နားမလည်ခဲ့ပါဘူး။ ဒုတိယအကြိမ်ပြန် ကြွခြင်းအဖြစ် သခင်ပေါ်ထွန်းခြင်းဟာ ဟိုးတစ်ချိန်တုန်းက သခင်ယေရှု လူသားအဖြစ် လူ့ဇာတိခံခဲ့ပုံနဲ့ အတူတူပဲဆိုရင်တော့၊ ကျွန်တော်တို့အနေနဲ့ သခင်ယေရှုကို မှတ်မိနိုင်မှာမဟုတ်သလို၊ သခင်ကြွရောက်တာကိုလည်း ကြိုဆိုနိုင်ကြမှာမဟုတ်ဘူး။ လူ့ဇာတိခံယူတယ်ဆိုတာ တော်တော့်ကို နက်နဲတဲ့ကိစ္စလို့ ယုံကြည်ပါတယ်။ လူ့ဇာတိခံခြင်းရဲ့အကြောင်းရင်းမှန်ကို စစ်စစ်မှန်မှန်နားလည်နိုင်သူ မရှိသလောက်ပါပဲ။ ဒါကြောင့် ဒီနေ့မှာ အဲဒီအကြောင်းကိုဆွေးနွေးကြမယ်။ လူ့ဇာတိခံခြင်းဆိုတာ အတိအကျ ဘာလဲပေါ့။

အဖြေ- လူ့ဇာတိခံခြင်းဟာ မယုံနိုင်လောက်အောင် နက်နဲလွန်းတဲ့ကိစ္စပါ။ လူ့ဇာတိခံခြင်းရဲ့အဖြစ်မှန်ကို နားမလည်နိုင်ခဲ့ကြတာဟာ...

မေးခွန်း (၁)- သခင်ယေရှုဟာ တို့တွေအတွက် ကားတိုင်ထက်မှာ အသေခံခဲ့ပေးပြီးပြီ တို့တွေရဲ့အပြစ်တွေကနေ ရွေးနုတ်ခဲ့ပြီး တို့အပြစ်တွေကိုခွင့်လွှတ်ခဲ့ပြီးပြီ တို့တတွေ ဆက်လက် အပြစ်ပြုကြပြီး သန့်စင်ခံရဖို့ လိုနေကြသေးပေမယ့်လည်း ကိုယ်တော်ဟာ တို့ရဲ့အပြစ်တွေအားလုံးကို ခွင့်လွှတ်ပေးခဲ့ပါပြီ။ သူ့အပေါ်ယုံကြည်ခြင်းကို ထောက်ပြီး တို့တွေကို ဖြောင့်မတ်ရာသို့ရောက်စေခဲ့တယ် တို့တွေ ကိုယ်တော့်အတွက် အရာရာကို စွန့်လွှတ်အနစ်နာခံရင်း ဒုက္ခဝေဒနာတွေ ခံထမ်းပြီး ပေးဆပ်နေသမျှကာလပတ်လုံး တို့ဟာ ကောင်းကင်နိုင်ငံတော်ဝင်ခွင့်ရလိမ့်မယ်လို့ ထင်ခဲ့တယ်၊ ဒါဟာ ကိုယ်တော့်ကတိတော်ပဲလို့ ထင်ခဲ့တယ် ဒါပေမဲ့လည်း ခုချိန်မှာ တချို့ ညီအစ်ကိုမောင်နှမတွေဟာ ဒီယုံကြည်ချက်နဲ့ပတ်သက်ပြီး မေးခွန်းတွေထုတ်လာကြတယ် သူတို့ပြောလာတာက တို့တွေဟာ ကိုယ်တော့်အမှုတော်ကိုဆောင်နေကြပေမဲ့လည်း မကြာခဏ အပြစ်ပြုလိုက်၊ နောင်တရလိုက်ဖြစ်နေကြတယ်၊ ခုထိလည်း ဘာစင်ကြယ်မှုမှမရကြသေးဘူး ကိုယ်တော်ဟာ သန့်ရှင်းတော်မူတာကြောင့် မသန့်ရှင်းတဲ့သူတွေဟာ ကိုယ်တော့်ကို မဖူးတွေ့နိုင်ဘူးဆိုပြီး ပြောလာကြတယ် ကျွန်မ မေးချင်တာက တို့တွေ ကိုယ်တော့်အတွက် အရာရာကို စွန့်လွှတ်ပေးဆပ်ပြီး အမှုတော်ဆောင်ခဲ့တာဟာ တကယ်ပဲ ကောင်းကင်နိုင်ငံတော်ဝင်ခွင့်ကို ရစေနိုင်မှာလား ဒီမေးခွန်းရဲ့အဖြေကို တို့တွေ တကယ်ပဲ သဘောမပေါက်သေးလို့ပါ၊ ဒီအကြောင်းကို ဆွေးနွေးပေးစေချင်တယ်။

အဖြေ- ကိုယ်တော့်ကိုယုံကြည်သူတွေအားလုံး ထင်ကြတာက သခင်ယေရှုဟာ တို့ကိုရွေးနှုတ်ကယ်တင်ဖို့ ကားတိုင်ပေါ်မှာ အသေခံခဲ့ပြီ၊ ဒါကြောင့် တို့အပြစ်တွေ...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။