ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၂)
ပြီးခဲ့သည့် အစည်းအဝေးအတွင်းတွင် အလွန်အရေးကြီးသော အကြောင်းအရာတစ်ခုနှင့်ပတ်သက်၍ ငါတို့မိတ်သဟာယ ပြုခဲ့ကြသည်။ မည်သည့်အရာဆိုသည်ကို သင်တို့ မှတ်မိကြသလော။ ငါ ထပ်ပြောပါရစေ- ပြီးခဲ့သည့် ငါတို့၏ မိတ်သဟာယ ခေါင်းစဉ်မှာ- ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်သည်။ ဤသည်မှာ သင်တို့အဖို့ အရေးကြီးသည့် အကြောင်းအရာတစ်ခု ဖြစ်သလော။ ယင်း၏ မည်သည့်အပိုင်းက သင်တို့အဖို့ အရေးကြီးဆုံး ဖြစ်သနည်း။ ဘုရားသခင်၏ အမှုတော်လော၊ ဘုရားသခင်၏ စိတ်သဘောထားလော၊ သို့မဟုတ် ဘုရားသခင် ကိုယ်တော်တိုင်လော။ မည်သည့်အပိုင်းကို သင်တို့ စိတ်အဝင်စားဆုံးဖြစ်သနည်း။ မည်သည့်အပိုင်းကို သင်တို့ အကြားချင်ဆုံး ဖြစ်သနည်း။ ဘုရားသခင်၏ စိတ်သဘောထားကို သူ၏ အမှုတော် ကဏ္ဍတိုင်း၌ တွေ့မြင်နိုင်ပြီး၊ သူ၏ စိတ်သဘောထားကို သူ၏အမှုတော်နှင့် နေရာတိုင်း၌ အမြဲထုတ်ဖော်ပြထားကာ၊ အကျိုးဆက်အနေဖြင့် ဘုရားသခင် ကိုယ်တော်တိုင်ကို ကိုယ်စားပြုသောကြောင့်၊ သင်တို့အတွက် ထိုမေးခွန်းကို ဖြေရန် ခက်ခဲသည်ကို ငါသိသည်။ ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်အလုံးစုံတွင် ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင်သည် အားလုံး အချင်းချင်း ခွဲ၍ မရနိုင်ပေ။
ဘုရားသခင်၏ အမှုတော်နှင့်ပတ်သက်သည့် ငါတို့၏ ပြီးခဲ့သည့် မိတ်သဟာယ၏ အကြောင်းအရာသည် အချိန်ကြာမြင့်စွာက ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များနှင့် ပတ်သက်သည့် သမ္မာကျမ်းစာထဲမှ ဖြစ်စဉ်များ ပါဝင်လေသည်။ ယင်းတို့သည် လူသားနှင့် ဘုရားသခင်အကြောင်း အဖြစ်အပျက်များသာ ဖြစ်ပြီး၊ လူသားထံ ဖြစ်ပျက်ခဲ့သည့် အမှုအရာများအကြောင်းဖြစ်သော်လည်း၊ ဘုရားသခင်၏ ပါဝင်ခြင်းနှင့် ဖော်ပြချက်တို့လည်း ပါဝင်လေသည်၊ ထို့ကြောင့် ဤအဖြစ်အပျက်များသည် ဘုရားသခင်ကို သိကျွမ်းခြင်း အတွက် သီးသန့် တန်ဖိုးနှင့် အရေးပါမှုတို့ ကိုင်စွဲထားပေသည်။ လူသားမျိုးနွယ်ကို ဖန်ဆင်းပြီးနောက်တွင်ပင်၊ ဘုရားသခင်သည် လူသားနှင့် စတင်ထိတွေ့ကာ စကားပြောခဲ့သည်၊ ပြီးလျှင် သူ၏စိတ်သဘောထားကို လူသားတို့ထံ စတင်ဖော်ပြခဲ့သည်။ တစ်နည်းအားဖြင့် ဘုရားသခင်သည် လူသားမျိုးနွယ်နှင့် ပထမဆုံး စတင်ထိတွေ့မှုရှိသည့်အချိန်မှစ၍၊ သူ၏အနှစ်သာရ၊ သူ၏အရာအားလုံးနှင့် ဖြစ်ခြင်းတို့ကို တုံ့ဆိုင်းခြင်းမရှိဘဲ လူသားထံ စတင်၍ လူသိရှင်ကြား ဖြစ်စေခဲ့သည်။ ယင်းကို ကနဦးလူများ သို့မဟုတ် ယနေ့ လူများက သိမြင်နိုင်သည်ဖြစ်စေ၊ သို့မဟုတ် နားလည်နိုင်သည်ဖြစ်စေ၊ ဘုရားသခင်သည် သူ၏ စိတ်သဘောထားကို ဖွင့်ပြရင်းနှင့် သူ၏အနှစ်သာရကို ဖော်ပြရင်း လူကို စကားပြောကာ လူသားအလယ် အမှုပြုနေသည်- ဤသည်မှာ အမှန်တရား တစ်ခုဖြစ်ပြီး မည်သည့်လူကမျှ ငြင်း၍မရနိုင်ပေ။ ဤသည်မှာ ဘုရားသခင်သည် အမှုပြုပြီး လူသားနှင့် ထိတွေ့သည်နှင့်အမျှ ဘုရားသခင်၏ စိတ်သဘောထား၊ ဘုရားသခင်၏ အနှစ်သာရ၊ သူ၏အရာအားလုံးနှင့် ဖြစ်ခြင်းတို့ကို စဉ်ဆက်မပြတ် ထုတ်ပြန်ကာ ထုတ်ဖော်ပြသည်ဟုလည်း ဆိုလိုပေသည်။ လူသားများထံမှ မည်သည့်အရာကိုမျှ သူလုံးဝ ဖုံးကွယ်မထား သို့မဟုတ် ကွယ်ဝှက်မထားဘဲ၊ ယင်းအစား မည်သည့်အရာကိုမျှ ထိန်ချန်မထားဘဲ သူ၏ကိုယ်ပိုင် စိတ်သဘောထားကို လူသိရှင်ကြား ဖြစ်စေပြီး ထုတ်ပြန်လေသည်။ ထို့ကြောင့် ဘုရားသခင်က လူသားသည် သူ့ကို သိနိုင်ပြီး သူ၏စိတ်သဘောထားနှင့် အနှစ်သာရတို့ကို သိနားလည်နိုင်ဖို့ကို မျှော်လင့်လေသည်။ သူသည် လူသားအား သူ၏စိတ်သဘောထားနှင့် အနှစ်သာရတို့ကို ထာဝရ နက်နဲမှုများအဖြစ် သဘောမထားစေချင်သကဲ့သို့၊ လူသားမျိုးနွယ်အား ဘုရားသခင်ကို လုံးဝဖြေရှင်း၍မရနိုင်သော ပဟေဠိတစ်ခု အဖြစ်လည်း သဘောမထားစေလိုပေ။ လူသားမျိုးနွယ်သည် ဘုရားသခင်ကို သိသည့်အခါမှသာ၊ လူသည် ရှေ့ဆက်ရမည့် လမ်းခရီးကို သိနိုင်ပြီး၊ ဘုရားသခင်၏လမ်းပြမှုကို လက်ခံနိုင်မည်ဖြစ်ကာ ဤသို့သော လူသားမျိုးနွယ်သည်သာ ဘုရားသခင်၏ အုပ်စိုးမှုအောက်၌ အမှန်တကယ် အသက်ရှင်နိုင်ပြီး၊ ဘုရားသခင်၏ ကောင်းကြီးများအလယ်၊ အလင်း၌ အသက်ရှင်နိုင်ပေသည်။
ဘုရားသခင် ထုတ်ပြန်သော နှုတ်ကပတ်တော်များ နှင့် စိတ်သဘောထားသည် သူ၏အလိုကို ကိုယ်စားပြုပြီး၊ သူ၏အနှစ်သာရကိုလည်း ကိုယ်စားပြုလေသည်။ ဘုရားသခင်သည် လူသားနှင့် ထိတွေ့သောအခါတွင် သူ မည်သည့်အရာကို ပြောသည်ဖြစ်စေ၊ လုပ်သည်ဖြစ်စေ၊ သို့မဟုတ် မည်သည့် စိတ်သဘောထားကို သူ ထုတ်ဖော်ပြသည်ဖြစ်စေ၊ ပြီးလျှင် ဘုရားသခင်၏ အနှစ်သာရ၊ သူ၏အရာအားလုံးနှင့် ဖြစ်ခြင်းတို့နှင့် သက်ဆိုင်၍ လူသားက မည်သည့်အရာကို မြင်သည်ဖြစ်စေ၊ ထိုအရာအားလုံးသည် လူသားအတွက် ဘုရားသခင်၏အလိုကို ကိုယ်စားပြုလေသည်။ လူသားအနေဖြင့် မည်မျှ အသိတရား ရနိုင်သည်ဖြစ်စေ၊ မည်မျှသဘောပေါက်နိုင်သည် ဖြစ်စေ၊ သို့မဟုတ် မည်မျှနားလည်နိုင်သည် ဖြစ်စေ ထိုအရာအားလုံးက လူသားများ အတွက် ဘုရားသခင်၏ အလိုကို ကိုယ်စားပြုသည်။ ဤသည်မှာ သေချာ၏။ လူသားမျိုးနွယ်အတွက် ဘုရားသခင်၏ အလိုမှာ လူတို့ကို မည်သို့ ဖြစ်ဖို့ သူတောင်းဆိုသည်၊ ၎င်းတို့အား မည်သည့်အရာကို လုပ်ဖို့ သူတောင်းဆိုသည်၊ လူတို့အား မည်သို့ အသက်ရှင်ဖို့ သူ တောင်းဆိုပြီး၊ သူ၏အလိုကို ဖြည့်ဆည်းခြင်းအား မည်သို့ပြီးမြောက်အောင်မြင် နိုင်စွမ်းရှိဖို့ ၎င်းတို့အား သူ တောင်းဆိုသည်ဆိုသည့်အရာ ဖြစ်၏။ ဤအရာတို့သည် ဘုရားသခင်၏ အနှစ်သာရမှ ခွဲ၍မရသော အရာများဖြစ်သလော။ တစ်နည်းအားဖြင့်ဘုရားသခင်သည် သူ၏စိတ်သဘောထား၊ သူ၏အရာအားလုံးနှင့် ဖြစ်ခြင်းအားလုံးကို လူအား သူ တောင်းဆိုချက်များ ပြုသည့် တစ်ချိန်တည်း၌ ထုတ်ပြန်လေသည်။ မုသား၊ ဟန်ဆောင်မှု၊ ဖုံးကွယ်မှုနှင့် တန်ဆာဆင် ပြောဆိုမှုတို့ မရှိပေ။ သို့တိုင်အောင် လူသည် ဘုရားသခင်၏ စိတ်သဘောထားကို အဘယ့်ကြောင့် သိကျွမ်းနိုင်စွမ်း မရှိသနည်း၊ ပြီးလျှင် ဘုရားသခင်၏ စိတ်သဘောထားကို အဘယ်ကြောင့် မည်သည့်အခါတွင်မျှ ရှင်းလင်းစွာ သဘောမပေါက်နိုင်သေးသနည်း။ လူသားသည် ဘုရားသခင်၏ အလိုကို အဘယ်ကြောင့် မည်သည့်အခါတွင်မျှ နားမလည်ဖူးပါသနည်း။ ဘုရားသခင် ထုတ်ဖော်ပြပြီး ထုတ်ပြန်သည့်အရာသည် ဘုရားသခင်ကိုယ်တော်တိုင်၏ အရာအားလုံးနှင့် ဖြစ်ခြင်းဖြစ်သည်။ ယင်းသည် သူ၏ စစ်မှန်သော စိတ်သဘောထား၏ အပိုင်းအစနှင့် ရှုထောင့်တိုင်း ဖြစ်သည်- ထို့ကြောင့် လူသားသည် အဘယ်ကြောင့် ယင်းကို မမြင်နိုင်သနည်း။ လူသားသည် အဘယ်ကြောင့် နှံ့စပ်သေချာသော အသိရှိနိုင်စွမ်း မရှိသနည်း။ ဤအတွက် အရေးကြီးသည့် အကြောင်းရင်း တစ်ခုရှိသည်။ သို့ဆိုလျှင် ဤအကြောင်းရင်းမှာ အဘယ်အရာနည်း။ ဖန်ဆင်းခြင်းအချိန်ကတည်းက လူသားသည် ဘုရားသခင်ကို ဘုရားသခင်ကဲ့သို့ လုံးဝသဘောမထားခဲ့ပေ။ အစကနဦး အချိန်များတွင်၊ ဖန်ဆင်းခံထားရခါစသာ ရှိသေးသည့် လူသားနှင့်စပ်လျဉ်း၍ ဘုရားသခင်သည် မည်သည့်အရာကို ပြုခဲ့သည်ဖြစ်စေ၊ လူသားအနေဖြင့် ဘုရားသခင်ကို အပေါင်းအဖော်တစ်ဦး၊ ကိုးစားရမည့်သူ တစ်ဦးထက်ပိုပြီး သဘောမထားခဲ့သကဲ့သို့၊ လူသားသည် ဘုရားသခင်နှင့် သက်ဆိုင်သည့် အသိပညာ သို့မဟုတ် သိနားလည်မှု မရှိခဲ့ပေ။ ဆိုလိုသည်မှာ လူသားသည် သူ ကိုးစားရပြီး သူ၏ အပေါင်းအဖော်အဖြစ် သူမြင်သည့် ဤအဖြစ်တော်က ထုတ်ပြန်ထားသည့်အရာသည် ဘုရားသခင်၏ အနှစ်သာရ ဖြစ်သည်ကို မသိခဲ့သကဲ့သို့၊ ဤအဖြစ်တော်သည် အရာခပ်သိမ်း အပေါ် အုပ်စိုးသူတစ်ဦးဖြစ်သည်ကိုလည်း သူမသိခဲ့ချေ။ ရှင်းရှင်းဆိုရလျှင် ထိုအချိန်က လူတို့သည် ဘုရားသခင်ကို လုံးဝ သတိမပြုမိခဲ့ကြပေ။ ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်း အားလုံးကို သူဖန်ဆင်းထားမှန်း ၎င်းတို့ မသိခဲ့ကြသကဲ့သို့၊ သူ အဘယ်အရပ်က လာသည်ကို ၎င်းတို့မသိနားမလည် ခဲ့ကြသည့်အပြင်၊ သူ၏ ဖြစ်ခြင်းကိုလည်း မသိနားမလည်ခဲ့ကြပေ။ မှန်ပေ၏၊ ဤသည်တို့မှာ လူသားမျိုးနွယ်ကို ဖန်ဆင်းပြီးနောက်ပိုင်း အစကနဦးအချိန်ကာလများ ဖြစ်သည့်အတွက်၊ ထိုအချိန်က ဘုရားသခင်သည် လူသားက သူ့ကို သိဖို့ သို့မဟုတ် သဘောပေါက်ဖို့ သို့မဟုတ် သူပြုခဲ့သည့် အရာအားလုံးကို နားလည်ဖို့၊ သို့မဟုတ် သူ၏အလိုနှင့်ပတ်သက်၍ နှံ့စပ်ဖို့ မတောင်းဆိုခဲ့ပေ။ ပညတ်တော်ခေတ်၏ အမှုအတွက် ပြင်ဆင်မှုများ ဘုရားသခင် စတင်ခဲ့ချိန်တွင်၊ လူသားအဖို့ အချို့သောအရာများကို ဘုရားသခင် လုပ်ဆောင်ခဲ့ပြီး၊ ဘုရားသခင်ကို ပူဇော်သက္ကာများ မည်သို့ပေးရမည် ဆိုသည်နှင့် ဘုရားသခင်ကို မည်သို့ကိုးကွယ်ရမည်ဆိုသည်တို့ကို ပြောပြလျက်၊ လူသားတို့အပေါ် တောင်းဆိုချက်မှုများ စတင်ပြုလုပ် နေခဲ့ပေသည်။ ထိုအခါမှသာ လူသည် ဘုရားသခင်နှင့်ပတ်သက်သည့် ရိုးရှင်းသည့် စိတ်ကူးအနည်းငယ်ကို ရရှိခဲ့ကြပြီး၊ ထိုအခါတွင်သာ သူသည် ဘုရားသခင်နှင့် လူသားကြားက ခြားနားချက်နှင့် ဘုရားသခင်သည် လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့သူဖြစ်သည်ကို သိရှိခဲ့သည်။ လူက ဘုရားသခင်သည် ဘုရားသခင်ဖြစ်ပြီး၊ လူသည် လူဖြစ်မှန်း သိရှိခဲ့ချိန်တွင်၊ သူနှင့် ဘုရားသခင်အကြားတွင် ဝေးကွာမှုတချို့ ရှိလာသည်၊ သို့သော် ဘုရားသခင်သည် လူသားအနေဖြင့် သူနှင့်သက်ဆိုင်သည့် ကြီးမားသော အသိပညာ သို့မဟုတ် နက်ရှိုင်းသော သိနားလည်မှု ရှိရမည်ဟု မတောင်းဆိုခဲ့ပေ။ ဤအကြောင်းကြောင့်၊ ဘုရားသခင်သည် သူ၏အမှု အဆင့်များနှင့် အခြေအနေများအပေါ် မူတည်၍ လူသားအပေါ် မတူညီသည့် သတ်မှတ်ချက်များကို ပြုလုပ်ခဲ့သည်။ ဤတွင် သင်တို့ အဘယ်အရာကိုမြင်သနည်း။ ဘုရားသခင်၏ စိတ်သဘောထား၏ မည်သည့်ရှုထောင့်ကို သင်တို့သတိမူမိသနည်း။ ဘုရားသခင်သည် အစစ်အမှန်ဖြစ်သလော။ လူသားနှင့်သက်ဆိုင်သည့် ဘုရားသခင်၏ သတ်မှတ်ချက်များသည် သင့်တင့်လျောက်ပတ်သလော။ လူသားမျိုးနွယ်ကို ဘုရားသခင် ဖန်ဆင်းပြီးနောက် အစကနဦးအချိန်များ အတောအတွင်းတွင်၊ လူသားအပေါ် သိမ်းပိုက်ခြင်းနှင့် စုံလင်စေခြင်းအမှုကို ဘုရားသခင်မဆောင်ရွက်ရသေးသကဲ့သို့ လူသားထံ အလွန်များသော နှုတ်ကပတ်တော်များကို မပြောရသေးချိန်တွင်၊ သူသည် လူသားကို အနည်းငယ်သာ တောင်းဆိုခဲ့သည်။ လူသားအနေဖြင့် မည်သည့်အရာကို လုပ်ခဲ့သည်ဖြစ်စေ၊ မည်ကဲ့သို့ပြုမူခဲ့သည်ဖြစ်စေ၊ သူ့အနေဖြင့် ဘုရားသခင်ကို ပြစ်မှားစော်ကားသည့် အရာအချို့ကို လုပ်ဆောင်ခဲ့လျှင်ပင် ဘုရားသခင်သည် ထိုအရာအားလုံးကို ခွင့်လွှတ်ပြီး လျစ်လျူရှုခဲ့သည်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် လူသားကို သူပေးခဲ့ပြီးသည့်အရာနှင့် လူသားအတွင်း၌ ရှိသည့်အရာကို သိခဲ့သောကြောင့်ဖြစ်ပြီး၊ ထိုအကြောင်းကြောင့်ပင် လူသားနှင့်သက်ဆိုင်၍ သူချမှတ်သင့်သည့် သတ်မှတ်ချက်စံနှုန်းများကို သူသိလေသည်။ ထိုအချိန်က သူ၏သတ်မှတ်ချက်များနှင့်သက်ဆိုင်သည့် စံနှုန်းများသည် အလွန်နိမ့်သော်လည်း၊ ဤသည်မှာ သူ၏စိတ်သဘောထားက ကြီးမြတ်ခြင်းမရှိဟု မဆိုလိုပေ၊ သို့မဟုတ် သူ၏ဉာဏ်ပညာနှင့် အနန္တတန်ခိုးတို့သည် အနှစ်မဲ့သော စကားလုံးများသာဖြစ်သည်ဟု မဆိုလိုပေ။ လူသားအတွက်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင်ကိုယ်တိုင်ကို သိရှိဖို့ နည်းလမ်းတစ်ခုသာ ရှိသည်- ယင်းမှာ ဘုရားသခင်၏ စီမံခန့်ခွဲမှုနှင့် လူသားမျိုးနွယ်ကို ကယ်တင်ခြင်းအမှု၏ အဆင့်များ နောက်လိုက်ခြင်းနှင့် လူသားမျိုးနွယ်ကို ဘုရားသခင်ပြောသော နှုတ်ကပတ်တော်များကို လက်ခံခြင်း အားဖြင့်ဖြစ်သည်။ လူသားအနေဖြင့် ဘုရားသခင်၏ အရာအားလုံးနှင့် ဖြစ်ခြင်းကိုသိပြီး ဘုရားသခင်၏ စိတ်သဘောထားကို သိပါက၊ သူသည် ဘုရားသခင်၏ စစ်မှန်သော ဇာတိအဖြစ်တော်ကို ပြသပေးဖို့ ဘုရားသခင်အား တောင်းဆိုလိမ့်ဦးမည်လော။ သူတောင်းဆိုလိမ့်မည် မဟုတ်သကဲ့သို့၊ ဘုရားသခင်၏စိတ်သဘောထား၊ သူ၏အရာအားလုံးနှင့် ဖြစ်ခြင်းကို သဘောပေါက်လျက်၊ လူသားသည် စစ်မှန်သည့် ဘုရားသခင် ကိုယ်တော်တိုင်နှင့် သူ၏စစ်မှန်သော ဇာတိအဖြစ်တော်ကို တွေ့မြင်နှင့်ပြီးဖြစ်လိမ့်မည် ဖြစ်သည့်အတွက်၊ တောင်းဆိုပင် တောင်းဆိုဝံ့လိမ့်မည်မဟုတ်ပေ။ ဤသည်မှာ မြေကြီးလက်ခတ် မလွဲသော ရလဒ် ဖြစ်၏။
ဘုရားသခင်၏ အမှုတော်နှင့် အစီအစဉ်သည် မရပ်မနား တိုးတက်ခဲ့သည်နှင့်အမျှ၊ ပြီးလျှင် ဘုရားသခင်သည် ရေလွှမ်းမိုးခြင်းကို အသုံးပြုလျက် ကမ္ဘာလောကကို မည်သည့်အခါမျှ ဖျက်ဆီးမည် မဟုတ်သည့် လက္ခဏာတစ်ခုအဖြစ် သက်တံနှင့် သက်ဆိုင်သည့် ပဋိညာဉ်ကို လူသားနှင့် ပြုပြီးနောက်၊ ဘုရားသခင်သည် သူနှင့် တစ်စိတ်တစ်ဝမ်းတည်းရှိနိုင်သူများကို ရယူဖို့ တိုး၍ အပူတပြင်းဖြစ်နေသည့် စိတ်ဆန္ဒတစ်ခု ရှိလေသည်။ ထို့ကြောင့် သူ၏အလိုကို ကမ္ဘာမြေပေါ် လုပ်ဆောင်နိုင်သူကို ရယူဖို့နှင့်၊ ထို့အပြင် အမှောင် အင်အားစုများကို ချိုးဖျက် လွတ်မြောက်နိုင်ပြီး စာတန်ချည်နှောင်ခြင်း မခံရသည့် လူတစ်စု၊ ကမ္ဘာမြေပေါ်တွင် သူ့ကို သက်သေခံနိုင်မည့် တစ်စုကို ရယူဖို့လည်း ယခင်ထက်သာ၍ အရေးတကြီးဖြစ်သည့် စိတ်ဆန္ဒတစ်ခု ရှိခဲ့လေသည်။ ထိုသို့သောလူတစ်စုကို ရယူခြင်းသည် ဘုရားသခင်၏ ကြာမြင့်နေပြီဖြစ်သော ဆန္ဒဖြစ်သည်၊ ယင်းမှာ ဖန်ဆင်းခြင်း အချိန်ကတည်းက သူ စောင့်ဆိုင်းနေခဲ့ပြီးဖြစ်သော အရာဖြစ်သည်။ ထို့ကြောင့် ကမ္ဘာလောကကို ဖျက်ဆီးဖို့ ရေလွှမ်းမိုးမှုအား ဘုရားသခင်၏ အသုံးပြုခြင်းကို ပဓာနမထားဘဲ သို့မဟုတ် လူသားနှင့် ပြုသည့် ပဋိညာဉ်ကို ပဓာနမထားဘဲ၊ ဘုရားသခင်၏အလိုတော်၊ စိတ်နေစိတ်ထား၊ အစီအစဉ်နှင့် မျှော်လင့်ချက်အားလုံးသည် ယခင်အတိုင်းသာ ဆက်လက် တည်ရှိနေသည်။ သူ လုပ်ဆောင်ချင်ခဲ့သည့်အရာ၊ ဖန်ဆင်းခြင်း အချိန် မတိုင်မီ အချိန်ကြာမြင့်စွာက သူတမ်းတခဲ့ပြီးဖြစ်သော အရာမှာ လူသားမျိုးနွယ်အလယ် သူရယူလိုသည့်သူများကို ရယူဖို့- သူ၏စိတ်သဘောထားကို သဘောပေါက်ကာ သိရှိပြီး၊ သူ၏ အလိုကို နားလည်နိုင်သည့် လူတစ်စု၊ သူ့ကို ကိုးကွယ်နိုင်မည့် လူတစ်စုကို ရယူဖို့ဖြစ်သည်။ ထိုသို့သော လူတစ်စုသည် သူ့ကို အမှန်တကယ် သက်သေခံနိုင်မည်ဖြစ်ပြီး၊ ၎င်းတို့သည် သူ၏လူယုံများဖြစ်မည်ဟု ပြော၍ရပေသည်။
ယနေ့တွင် ငါတို့သည် အလွန်အချိန်ကြာမြင့်စွာ “ချိတ်ပိတ်ထား” သည့် အရာအားလုံးဖြစ်သော၊ ဘုရားသခင်၏ အတွေးများနှင့် စိတ်ကူးများ၊ ပြီးလျှင် ဘုရားသခင်နှင့် ပတ်သက်သည့် အမျိုးမျိုးသော အသေးစိတ်အချက်အလက် အားလုံးကို ဖော်ထုတ်ကောင်း ဖော်ထုတ်ဖို့အလို့ငှာ၊ ဘုရားသခင်၏ ခြေလှမ်းများကို ဆက်လက် ခြေရာကောက်ပြီး၊ သူ့အမှု၏ အဆင့်များနောက် ဆက်လိုက်ကြစို့။ ဤအရာများမှတစ်ဆင့် ဘုရားသခင်၏ စိတ်သဘောထားကို ငါတို့ သိလာလိမ့်မည်၊ ဘုရားသခင်၏ အနှစ်သာရကို နားလည်လာနိုင်လိမ့်မည်၊ ဘုရားသခင်ကို ငါတို့နှလုံးသားထဲဝင်ခွင့်ပေးမည်ဖြစ်ပြီး၊ ငါတို့ တစ်ဦးစီတိုင်းသည် ဘုရားသခင်ထံမှ ဝေးကွာမှုကို လျှော့ချရင်း၊ ဘုရားသခင်ထံ တဖြည်းဖြည်းချင်း နီးကပ်လာလိမ့်မည်ဖြစ်သည်။
ပြီးခဲ့သောအခေါက်က ငါတို့ ဆွေးနွေးခဲ့သည့်အရာ၏ တစ်စိတ်တစ်ပိုင်းသည် ဘုရားသခင်က လူသားနှင့် အဘယ်ကြောင့် ပဋိညာဉ်ပြုသည်ဆိုသည်နှင့် ဆက်နွှယ်ပေသည်။ ဤအကြိမ်တွင် အောက်၌ရှိသည့် ကျမ်းပိုဒ်များနှင့်ပတ်သက်၍ မိတ်သဟာယပြုကြစို့။ ကျမ်းပိုဒ်များကို ဖတ်ရှုခြင်းဖြင့် စတင်ကြပါစို့။
က။ အာဗြဟံ
၁။ ဘုရားသခင်က အာဗြဟံကို သားတစ်ဦးပေးမည်ဟု ကတိပေးသည်
ကမ္ဘာ ၁၇:၁၅-၁၇ တစ်ဖန် ဘုရားသခင်က သင်၏မယား စာရဲကိုမူကား စာရဲဟူသောအမည်ဖြင့် မခေါ်ရ၊ စာရာဟူသောအမည်ဖြင့် ခေါ်ရ၏။ သူ့ကို ငါကောင်းကြီးပေး၍ သူ့အားဖြင့်လည်း သင့်အား သားကိုပေးမည်။ အကယ်စင်စစ် သူ့ကိုကောင်းကြီးပေး၍ သူသည် တိုင်းနိုင်ငံအမျိုးမျိုး၏ မိခင်ဖြစ်လိမ့်မည်။ သူ၏ အမျိုးအနွယ်၌လည်း အပြည်ပြည်သော ရှင်ဘုရင် ဖြစ်ရကြလိမ့်မည်ဟု အာဗြဟံအားမိန့်တော်မူ၏။ ထိုအခါ အာဗြဟံသည် ပျပ်ဝပ်လျက် အသက်တစ်ရာရှိသောသူသည် သားကို ရလိမ့်မည်လော။ အသက်ကိုးဆယ်ရှိသော စာရာသည် သားကို ဖွားလိမ့်မည်လောဟု ရယ်လျက် စိတ်နှလုံးထဲမှာ အောက်မေ့ပြီးလျှင်။
ကမ္ဘာ ၁၇:၂၁-၂၂ သို့သော်လည်း နောင်နှစ်ချိန်းချက်သော အချိန်တွင် စာရာသည် သင့်အားဖွားလတံ့သော သားဣဇ်က်၌ ငါ၏ပဋိညာဉ်ကို ငါတည်စေမည်ဟု မိန့်တော်မူပြီးလျှင် မိန့်မြွက်တော်မူသံငြိမ်း၍ ဘုရားသခင်သည် အာဗြံဟံထံမှ တက်ကြွတော်မူ၏။
ဘုရားသခင် လုပ်ဆောင်ဖို့ ဆုံးဖြတ်ထားသည့် အမှုကို မည်သူမျှ မတားဆီးနိုင်
သို့ဆိုလျှင် သင်တို့အားလုံး အာဗြဟံ၏ အဖြစ်အပျက်ကို ယခုပင် ကြားပြီးကြပြီ မဟုတ်လော။ ရေလွှမ်းမိုးခြင်းက ကမ္ဘာလောကကို ဖျက်ဆီးပြီးသည့်နောက်တွင် သူသည် ဘုရားသခင်၏ ရွေးချယ်ခြင်း ခံခဲ့ရလေသည်၊ သူ၏ နာမည်မှာ အာဗြဟံဖြစ်ပြီး၊ သူ အသက်တစ်ရာရှိပြီး သူ၏မိန်းမစာရာက အသက်ကိုးဆယ်ရှိသည့် အချိန်တွင်၊ ဘုရားသခင်၏ ကတိတော်သည် သူ့ထံ ရောက်ရှိ လာခဲ့သည်။ ဘုရားသခင်သည် သူ့ကို မည်သည့်ကတိ ပြုခဲ့ပါသနည်း။ ဘုရားသခင်က၊ “သူ့ကို ငါကောင်းကြီးပေး၍ သူ့အားဖြင့်လည်း သင့်အား သားကိုပေးမည်။” ဟူသည့် ကျမ်းစာထဲတွင် ကိုးကားထားသည့်အရာကို ကတိပေးခဲ့သည်။ သူ့ကို သားပေးမည့် ဘုရားကတိတော်၏ နောက်ခံအကြောင်းရာမှာ မည်သည့်အရာ ဖြစ်ခဲ့သနည်း။ ကျမ်းစာက အောက်ပါ ဖြစ်စဉ်ကို ပံ့ပိုးပေးထားသည်- “အာဗြဟံသည် ပျပ်ဝပ်လျက် အသက်တစ်ရာ ရှိသောသူသည် သားကို ရလိမ့်မည်လော။ အသက်ကိုးဆယ်ရှိသော စာရာသည် သားကို ဖွားလိမ့်မည်လောဟု ရယ်လျက် စိတ်နှလုံးထဲမှာ အောက်မေ့ပြီးလျှင်။” တစ်နည်းအားဖြင့်၊ ဤအရွယ်အို ဇနီးမောင်နှံသည် ကလေးမွေးဖို့ရန် အသက်ကြီးလွန်း ခဲ့ပေသည်။ ဘုရားသခင်က သူ့ကို ကတိပြုပြီးနောက် အာဗြဟံ မည်သည့်အရာကို လုပ်ခဲ့သနည်း။ သူသည် ရယ်မောရင်း ပျပ်ဝပ်ခဲ့ပြီး၊ “အသက်တစ်ရာရှိသောသူသည် သားကို ရလိမ့်မည်လော” ဟု သူ့ကိုယ်သူပြောခဲ့သည်။ ယင်းမှာ မဖြစ်နိုင်ဟု အာဗြဟံက ယုံကြည်ခဲ့သည်- ဆိုလိုသည်မှာ သူ့ကိုပြုခဲ့သည့် ဘုရားသခင်၏ ကတိတော်ကို ဟာသတစ်ခုထက် ဘာမျှမပိုဟု သူ ယုံကြည်ခဲ့ပေသည်။ လူ၏ ရှုထောင့်မှကြည့်ပါက၊ ဤသည်မှာ လူက စွမ်းဆောင်မရရှိနိုင်သည့် အရာတစ်ခုဖြစ်သကဲ့သို့၊ ထိုနည်းတူ ဘုရားသခင်အတွက် စွမ်းဆောင်မရနိုင်သကဲ့သို့ မဖြစ်နိုင်ခြင်းတစ်ခု ဖြစ်သည်။ အာဗြဟံအဖို့ ယင်းမှာ ရယ်စရာဖြစ်ကောင်း ဖြစ်ခဲ့ပေမည်- “ဘုရားသခင်က လူသားကို ဖန်ဆင်းခဲ့သော်လည်း၊ အရွယ်အလွန် အိုသူတစ်ဦးက ကလေးမွေးနိုင်စွမ်းမရှိသည်ကို တစ်နည်းနည်းဖြင့် ကိုယ်တော် မသိရှိပုံပေါ်၏။ ကျွန်ုပ်ကို ကလေးမွေးခွင့် ပေးနိုင်လိမ့်မည်ဟု ဘုရားသခင် ထင်နေသည်၊ ကျွန်ုပ်ကို သားတစ်ယောက်ပေးမည်ဟု ကိုယ်တော်ပြောသည်- ယင်းမှာ ဧကန်မုချ မဖြစ်နိုင်” ဟူ၍ဖြစ်သည်။ ထို့ကြောင့်၊ အာဗြဟံက ပျပ်ဝပ်ပြီး ရယ်သည်၊ သူ့ဘာသာသူ တွေးသည်မှာ- “မဖြစ်နိုင်၊ ဘုရားသခင် ကျွန်ုပ်ကို ရယ်စရာပြောနေခြင်းဖြစ်သည်၊ ဤသည်မှာ မမှန်နိုင်” ဟူ၍ဖြစ်သည်။ သူသည် ဘုရားသခင် နှုတ်ကပတ်တော်များကို အလေးအနက်မထားခဲ့ပေ။ ထို့ကြောင့်ဘုရားသခင်၏အမြင်တွင် အာဗြဟံသည် မည်ကဲ့သို့သော လူစားမျိုးဖြစ်ခဲ့သနည်း။ (ဖြောင့်မတ်သောသူ ဖြစ်ပါသည်။) သူသည် ဖြောင့်မတ်သောသူ ဖြစ်သည်ဟု မည်သည့်နေရာတွင် ဖော်ပြထားပါသနည်း။ ဘုရားသခင် ခေါ်သောသူအားလုံးကို ဖြောင့်မတ်သူ၊ စုံလင်သောသူ ဖြစ်သည်၊ ဘုရားသခင်နှင့် လျှောက်လှမ်းသူ အားလုံးဖြစ်သည်ဟု သင်တို့ထင်ကြသည်။ သင်တို့သည် အယူဝါဒ စောင့်ထိန်းကြပေသည်။ ဘုရားသခင်က တစ်စုံတစ်ယောက်ကို သတ်မှတ်သောအခါတွင်၊ စိတ်ကူးပေါက်ရာ ထိုသို့ မလုပ်ဆောင်သည်ကို သင်တို့ရှင်းလင်းစွာ မြင်ရမည်။ ဤနေရာတွင် ဘုရားသခင်က အာဗြဟံကို ဖြောင့်မတ်သည်ဟု မပြောခဲ့ပေ။ သူ၏ စိတ်နှလုံးထဲတွင်၊ ဘုရားသခင်သည် လူတိုင်းကို တိုင်းတာသည့် စံနှုန်းများရှိသည်။ ဘုရားသခင်က အာဗြဟံသည် မည်ကဲ့သို့သော လူစားမျိုးဖြစ်သည်ကို မပြောခဲ့သော်လည်း၊ သူ၏အပြုအမူအရ၊ အာဗြဟံသည် ဘုရားသခင်၌ မည်သို့သော ယုံကြည်ခြင်းမျိုး ရှိခဲ့သနည်း။ အနည်းငယ် ယေဘုယျဆန်သလော။ သို့မဟုတ် ကြီးမားသော ယုံကြည်ခြင်း သူရှိခဲ့သလော။ မဟုတ်ပေ၊ မရှိခဲ့ချေ။ သူ၏ရယ်သံနှင့် အတွေးများသည် သူမည်သူဆိုသည်ကို ပြသခဲ့သည်၊ ထို့ကြောင့် သူက ဖြောင့်မတ်သည်ဟု သင်တို့၏ ယုံကြည်မှုသည် သင်တို့၏စိတ်ကူးအထင်တစ်ခုသာဖြစ်သည်၊ ယင်းသည် အယူဝါဒကို ကျိုးကြောင်းမမြင်သည့် ကျင့်သုံးမှု ဖြစ်ပြီး၊ နမော်နမဲ့ ဆန်းစစ်ချက်ဖြစ်သည်။ အာဗြဟံ ရယ်ခြင်းနှင့် သူ၏မျက်နှာ အမူအရာလေးများကို ဘုရားသခင် မြင်ခဲ့သလော။ ယင်းတို့ကို ဘုရားသခင် သိခဲ့ပါသလော။ ဘုရားသခင်သိခဲ့သည်။ သို့သော် ဘုရားသခင်သည် သူလုပ်မည်ဟု ဆုံးဖြတ်ထားသည့်အရာကို ပြောင်းမည်လော။ မပြောင်းပေ။ ဤလူကို ရွေးမည်ဟု ဘုရားသခင် စီစဉ်ခဲ့ပြီး ဆုံးဖြတ်ခဲ့ချိန်တွင်၊ ယင်းသည် ဖြစ်မြောက်ခဲ့ပေသည်။ လူသားအတွေးအခေါ်ရော သူ၏အပြုအမူကပါ ဘုရားသခင်ကို စိုးစဉ်းမျှပင် မလွှမ်းမိုးနိုင် သို့မဟုတ် အနှောင့်အယှက် မပေးနိုင်ပေ။ မသိနားမလည်ပင် ဖြစ်ကောင်းဖြစ်နိုင်သည့် အပြုအမူဖြစ်သော၊ လူသား၏ အပြုအမူကြောင့် ဘုရားသခင်သည် သူ၏အစီအစဉ်ကို စိတ်ကူးပေါက်ရာ ပြောင်းမည်မဟုတ်သကဲ့သို့ သူ၏အစီအစဉ်ကို လွှတ်ခနဲ မပြောင်းပေ သို့မဟုတ် ကမောက်ကမ ဖြစ်စေမည် မဟုတ်ပေ။ သို့ဆိုလျှင် ကမ္ဘာဦးကျမ်း ၁၇:၂၁-၂၂ ထဲ၌ အဘယ်အရာ ရေးထားသနည်း။ “သို့သော်လည်း နောင်နှစ်ချိန်းချက်သော အချိန်တွင် စာရာသည် သင့်အားဖွားလတံ့သော သားဣဇာက်၌ ငါ၏ပဋိညာဉ်ကို ငါတည်စေမည်ဟု မိန့်တော်မူပြီးလျှင် မိန့်မြွက်တော်မူသံငြိမ်း၍ ဘုရားသခင်သည် အာဗြဟံထံမှ တက်ကြွတော်မူ၏။” ဘုရားသခင်သည် အာဗြဟံ တွေးခဲ့သည့်အရာ သို့မဟုတ် ပြောခဲ့သည့်အရာကို စိုးစဉ်းမျှ အာရုံမစိုက်ခဲ့ပေ။ သူ၏ အရေးမလုပ်ခြင်းအတွက် အကြောင်းရင်းမှာ အဘယ်နည်း။ ယင်းမှာ အဘယ်ကြောင့်ဆိုသော် ထိုအချိန်၌ ဘုရားသခင်သည် လူသားကို ကြီးမားသည့် ယုံကြည်ခြင်းရှိဖို့ သို့မဟုတ် ဘုရားသခင်နှင့် သက်ဆိုင်သည့် ကြီးမားသော အသိပညာရှိနိုင်စွမ်းရှိဖို့ သို့မဟုတ်၊ သည့်အပြင်၊ ဘုရားသခင် လုပ်ဆောင်ပြီး ပြောခဲ့သည့်အရာကို နားလည်နိုင်ဖို့ မတောင်းဆိုခဲ့သောကြောင့် ဖြစ်သည်။ ထို့ကြောင့် လူသား၏ ဝိညာဉ်ရင့်ကျက်မှုမှာ တကယ်ကို မလုံလောက်သည့် အတွက်၊ သူလုပ်ဖို့ရန် ဆုံးဖြတ်ထားသည့်အရာ၊ သို့မဟုတ် ရွေးချယ်ရန် သူဆုံးဖြတ်ထားသည့် လူများ၊ သို့မဟုတ် သူ၏ လုပ်ဆောင်ချက်များ၏ အခြေခံသဘောတရားများကို အပြည့်အဝ နားလည်ဖို့ လူသားကို သူမတောင်းဆိုခဲ့ချေ။ ထိုအချိန်က အာဗြဟံ အဘယ်အရာပင်လုပ်ခဲ့သည်ဖြစ်စေ မိမိကိုယ်ကိုယ် မည်သို့ ပြုမူခဲ့သည် ဖြစ်စေ ဘုရားသခင်က ပုံမှန်အဖြစ် မှတ်ယူခဲ့သည်။ သူသည် မရှုတ်ချခဲ့ သို့မဟုတ် အပြစ်ဖော်ကာ မဆုံးမခဲ့ဘဲ၊ “နောင်နှစ်ချိန်းချက်သောအချိန်တွင် စာရာက သင့်အား ဣဇာက်ကိုဘွားလတံ့” ဟု မျှသာ ပြောခဲ့သည်။ ဘုရားသခင်အဖို့ ဤနှုတ်ကပတ်တော်များကို ကြေငြာပြီးသည့်နောက်တွင်၊ ဤကိစ္စသည် တစ်ဆင့်ပြီးတစ်ဆင့် အမှန်တကယ်ဖြစ်လာခဲ့သည်။ ဘုရားသခင်၏ အမြင်တွင်၊ သူ၏အစီအစဉ်အားဖြင့် ဖြစ်မြောက်ရမည့်အရာသည် စွမ်းဆောင်ရရှိခဲ့နှင့်ပြီးဖြစ်သည်။ ဤအတွက် အစီအစဉ်များကို ပြီးစီးသည့်နောက်တွင်၊ ဘုရားသခင် ထွက်ခွာသွားခဲ့သည်။ လူသား လုပ်သည့်အရာ သို့မဟုတ် တွေးသည့်အရာ၊ လူသား နားလည်သည့်အရာ၊ လူသား၏ အစီအစဉ်များ- ဤအရာထဲမှ မည်သည့်အရာမျှ ဘုရားသခင်နှင့် မည်သို့မျှ ဆက်နွှယ်ယ်မှုမရှိပေ။ အရာရာတိုင်းက ဘုရားသခင်၏ အစီအစဉ်အတိုင်း၊ ဘုရားသခင် ချမှတ်ထားသော အချိန်ကာလများနှင့် အဆင့်များနှင့်အညီ ရှေ့ဆက်လေသည်။ ယင်းမှာ ဘုရားအမှုတော်၏ အခြေခံသဘောတရားဖြစ်သည်။ ဘုရားသခင်သည် လူသားက အဘယ်အရာတွေးတွေး၊ အဘယ်အရာသိသိ ဝင်ရောက်မစွက်ဖက်ပေ၊ သို့သော် လူသားက မယုံကြည်၊ နားမလည်ရုံမျှကြောင့် သူ၏အစီအစဉ်ကိုလည်း မစွန့်လွှတ်ပေ သို့မဟုတ် သူ၏အမှုတော်ကိုလည်း မစွန့်လွှတ်ပေ။ ထို့ကြောင့် အဖြစ်မှန်များသည် ဘုရားသခင်၏ အစီအစဉ်နှင့် အတွေးများအရ ဖြစ်မြောက်သည်။ ဤသည်မှာ ကျမ်းစာထဲ၌ ငါတို့ အတိအကျ တွေ့ရသည့်အရာဖြစ်သည်- ဘုရားသခင်သည် သူချိန်းချက်ထားသောအချိန်၌ ဣဇာက်ကို မွေးဖွားစေခဲ့သည်။ လူသား ပြုမူနေထိုင်မှုနှင့် အပြုအမူက ဘုရားသခင်၏ အမှုတော်ကို တားဆီးသည်ဟု အချက်အလက်များက သက်သေပြပါသလော။ ယင်းတို့သည် ဘုရားသခင်၏ အမှုတော်ကို မတားဆီးခဲ့ချေ။ ဘုရားသခင်၌ရှိသည့် လူသား၏ သေးငယ်သော ယုံကြည်ခြင်း၊ ဘုရားသခင်နှင့် ပတ်သက်သည့် သူ၏အယူအဆများနှင့် စိတ်ကူးတို့သည် ဘုရားသခင်၏ အမှုတော်ကို ထိခိုက်စေခဲ့ပါသလော။ မထိခိုက်စေခဲ့။ နည်းနည်းလေးမျှ မထိခိုက်စေခဲ့ပေ။ ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်ကို မည်သည့်လူသား၊ မည်သည့်ကိစ္စ၊ သို့မဟုတ် မည်သည့်ဝန်းကျင်ကမျှ မထိခိုက်စေပေ။ သူလုပ်မည်ဟု ဆုံးဖြတ်ထားသည့်အရာ အားလုံးသည် အချိန်မီနှင့် သူ၏အစီအစဉ်အတိုင်း ပြီးပြည့်စုံကာ ဖြစ်မြောက်လိမ့်မည် ဖြစ်သကဲ့သို့၊ သူ၏အမှုကို မည်သည့်လူသားမျှ မနှောင့်ယှက်နိုင်ပေ။ ဘုရားသခင်သည် လူသား၏မိုက်မဲမှုနှင့် မသိနားမလည်မှုနှင့် သက်ဆိုင်သည့် အချို့သော ရှုထောင့်များနှင့် သူ့အပေါ် လူသား၏ ခုခံမှုနှင့် အယူအဆအချို့ကိုပင် လျစ်လျူရှုပြီး၊ ဂရုမထားဘဲ သူလုပ်ရမည့်အမှုကို လုပ်ဆောင်လေသည်။ ဤသည်မှာ ဘုရားသခင်၏ စိတ်သဘောထားဖြစ်ပြီး သူ၏ အရာခပ်သိမ်း တတ်စွမ်းနိုင်ခြင်း၏ ထင်ဟပ်မှုတစ်ခု ဖြစ်သည်။
၂။ အာဗြဟံက ဣဇာက်ကို ပူဇော်ဆက်ကပ်သည်
ကမ္ဘာ ၂၂:၂-၃ သင်သည် အလွန်ချစ်သော တစ်ယောက်တည်းသော သားဣဇာက်ကို ယူ၍ မောရိပြည်သို့ သွားလော့။ ငါပြလတံ့သော တောင်ပေါ်မှာ သူ့ကို မီးရှို့ရာယဇ်ပြု၍ ပူဇော်လော့ဟု မိန့်တော်မူ၏။ အာဗြဟံသည် နံနက်စောစောထ၍ မြည်းကို ကုန်းနှီးတင်ပြီးလျှင် မိမိသားဣဇာက်နှင့် ငယ်သားနှစ်ယောက်ကို ခေါ်၍ ယဇ်ရှို့စရာထင်းကို ခွဲပြီးမှ ဘုရားသခင် မိန့်တော်မူသော အရပ်သို့ ထသွားလေ၏။
ကမ္ဘာ ၂၂:၉-၁၀ ထိုသို့နှစ်ယောက်အတူသွား၍၊ ဘုရားသခင် မိန့်တော်မူသော အရပ်သို့ ရောက်ကြသောအခါ၊ အာဗြဟံသည် ယဇ်ပလ္လင်ကိုတည်၍ ထင်းကိုခင်းပြီးလျှင်၊ သား ဣဇာက်ကို ချည်နှောင်၍၊ ယဇ်ပလ္လင်၌ ထင်းပေါ်မှာ တင်ထား၏။ မိမိလက်ကိုဆန့်၍ သားကိုသတ်ခြင်းငှါ ဓါးကို ကိုင်ယူလေ၏။
ဘုရားသခင်၏ စီမံခန့်ခွဲခြင်း နှင့် လူသားမျိုးနွယ်ကို ကယ်တင်ခြင်း အမှုသည် အာဗြဟံ၏ ဣဇာက်ကို ယဇ်ပူဇော်ခြင်းဖြင့် စတင်သည်
အာဗြဟံကို သားပေးလိုက်ခြင်းဖြင့်၊ အာဗြဟံထံ ဘုရားသခင် ပြောဆိုခဲ့ပြီးသော နှုတ်ကပတ်တော်များ ပြည့်စုံခဲ့လေသည်။ ဤသည်မှာ ဘုရားသခင်၏ အစီအစဉ် ဤတွင် ရပ်သည်ဟု မဆိုလိုပေ။ ဆန့်ကျင်ဘက်အနေဖြင့် လူသားမျိုးနွယ်နှင့် သက်ဆိုင်သည့် စီမံခန့်ခွဲခြင်းနှင့် ကယ်တင်ခြင်းအတွက် ဘုရားသခင်၏ ခမ်းနားသော အစီအစဉ်သည် စတင်ခဲ့ပြီးရုံသာ ရှိသေးပြီး၊ အာဗြဟံကို သားတစ်ဦးပေးခြင်းနှင့် သက်ဆိုင်သည့် သူ၏ ကောင်းကြီးမင်္ဂလာမှာ သူ၏ စီမံခန့်ခွဲမှု အစီအစဉ်တစ်ခုလုံး၏ နိဒါန်းတစ်ခုသာ ဖြစ်ခဲ့ပေသည်။ ထိုအခိုက်အတန့်တွင် အာဗြဟံက ဣဇာက်ကို ပေးပူဇော်သည့်အချိန် အခိုက်အတန့်တွင် ဘုရားသခင်၏ စာတန်နှင့် စစ်ပွဲသည် တိတ်တဆိတ် စတင်ခဲ့ပြီးဖြစ်သည်ကို မည်သူသိခဲ့သနည်း။
ဘုရားသခင်သည် လူသားမိုက်မဲသည်ကို ဂရုမစိုက်ပေ၊ လူသားမှန်ကန်ဖို့သာ တောင်းဆိုသည်
ဆက်လက်၍ ဘုရားသခင်က အာဗြဟံကို အဘယ်အရာပြုသည်ကို ကြည့်ကြစို့။ ကမ္ဘာဦးကျမ်း ၂၂:၂ တွင် ဘုရားသခင်က အောက်ပါအမိန့်အား အာဗြဟံကို ပေးခဲ့သည်။ “သင်သည် အလွန်ချစ်သော တစ်ယောက်တည်းသော သားဣဇာက်ကို ယူ၍ မောရိပြည်သို့သွားလော့။ ငါပြလတံ့သော တောင်ပေါ်မှာ သူ့ကိုမီးရှို့ရာယဇ်ပြု၍ ပူဇော်လော့” ဘုရားသခင် ဆိုလိုချက်က ရှင်းသည်။ အာဗြဟံကို သူ ချစ်သော တစ်ဦးတည်းသောသား ဣဇာက်အား မီးရှို့ရာယဇ် ပူဇော်ရန် သူပြောနေခြင်းဖြစ်သည်။ ယင်းကို ယနေ့ကြည့်ပါက ဘုရားသခင်၏ အမိန့်သည် လူသား၏ အယူအဆများနှင့် သဘောကွဲလွဲသေး သလော။ ကွဲလွဲပါသည်။ ထိုအချိန်က ဘုရားသခင် လုပ်ဆောင်ခဲ့သည့်အရာများအားလုံးသည် လူသားအယူအဆများနှင့် အတော်ဆန့်ကျင်၏။ ယင်းသည် လူသားအဖို့ နားမလည်နိုင်စရာ ဖြစ်ခဲ့သည်။ ၎င်းတို့၏ အယူအဆများ၌ လူများက အောက်ပါအတိုင်း ယုံကြည်ကြသည်- လူသားက မယုံကြည်သကဲ့သို့ မဖြစ်နိုင်ဟု ထင်ခဲ့ချိန်တွင်၊ ဘုရားသခင်သည် သူ့ကို သားတစ်ဦး ပေးခဲ့ပြီး၊ သူသည် သားတစ်ယောက်ရခဲ့ပြီးသည့်နောက်တွင် သူ၏သားကို ယဇ်ပူဇော်ရန် ဘုရားသခင်က တောင်းဆိုခဲ့သည်။ မယုံကြည်နိုင်စရာ ကောင်းလေစွ။ ဘုရားသခင်သည် အမှန်တကယ် အဘယ်အရာကိုလုပ်ရန် ရည်ရွယ်သနည်း။ ဘုရားသခင်၏ တကယ့်ရည်ရွယ်ချက်မှာ မည်သည့်အရာနည်း။ သူသည် အာဗြဟံကို ခြွင်းချက်မရှိ သားတစ်ဦး ပေးခဲ့သော်လည်း၊ အာဗြဟံကို အကြွင်းမဲ့ ပူဇော်ဆက်သမှု တစ်ခုလည်း တောင်းဆိုခဲ့၏။ ဤသည်မှာ လွန်ကဲခဲ့ပါသလော။ ဘေးလူတစ်ဦး၏ အမြင်အရ ဤသည်မှာ လွန်ကဲလွန်းသည်သာမက၊ အတော်အတန် “အကြောင်းမရှိဘဲ ပြဿနာဖန်တီးခြင်း” ကိစ္စတစ်ခုလည်း ဖြစ်သည်။ သို့သော် အာဗြဟံကိုယ်တိုင်က ဘုရားသခင် အလွန်အကျူး တောင်းဆိုသည်ဟု မထင်ခဲ့ပေ။ ယင်းနှင့် ပတ်သက်သည့် နည်းပါးသည့်၊ အရေးမပါသော သူ၏ကိုယ်ပိုင် အတွေးများ ရှိခဲ့သော်လည်း၊ ဘုရားသခင်ကို အနည်းငယ် သူ သံသယဝင်ခဲ့သော်လည်း၊ ယဇ်ပူဇော်ဖို့ ပြင်ဆင်ဆဲ ဖြစ်ခဲ့သည်။ ဤအချိန်တွင် အာဗြဟံသည် သူ၏သားကို ပူဇော်ရန် လိုလားခြင်းရှိခဲ့သည်ဟု သက်သေပြသည့် မည်သည့်အရာကို သင် တွေ့မြင်ပါသနည်း။ ဤဝါကျများတွင် မည်သည့်အရာကို ပြောထားသနည်း။ မူရင်း စာသားက အောက်ပါဖြစ်စဉ်ကို ပေးထား၏- “အာဗြဟံသည် နံနက်စောစောထ၍ မြည်းကို ကုန်းနှီးတင်ပြီးလျှင် မိမိသားဣဇာတ်နှင့် ငယ်သားနှစ်ယောက်ကို ခေါ်၍ ယဇ်ရှို့စရာထင်းကို ခွဲပြီးမှ ဘုရားသခင် မိန့်တော်မူသော အရပ်သို့ ထသွားလေ၏။” (ကမ္ဘာ ၂၂:၃) “ထိုသို့နှစ်ယောက် အတူသွား၍၊ ဘုရားသခင် မိန့်တော်မူသော အရပ်သို့ ရောက်ကြသောအခါ၊ အာဗြဟံသည် ယဇ်ပလ္လင်ကိုတည်၍ ထင်းကိုခင်းပြီးလျှင်၊ သား ဣဇာက်ကိုချည်နှောင်၍၊ ယဇ်ပလ္လင်၌ ထင်းပေါ်မှာ တင်ထား၏။ မိမိလက်ကိုဆန့်၍ သားကိုသတ်ခြင်းငှါ ဓါးကို ကိုင်ယူလေ၏။” (ကမ္ဘာ ၂၂:၉-၁၀) အာဗြဟံက သူ၏လက်ကိုဆန့်ထုတ်ပြီး သူ၏သားကိုသတ်ဖို့ ဓါးကိုကိုင် လိုက်သောအခါ၊ သူ၏လုပ်ရပ်များကို ဘုရားသခင်မြင်သလော။ မြင်ခဲ့သည်။ ဘုရားသခင်က အာဗြဟံကို ဣဇာက်အား ယဇ်ပူဇော်ဖို့တောင်းချိန်မှအစ အာဗြဟံက သူ၏သားကို သတ်ဖို့ အမှန်တကယ် ဓါးမြှောက်ချိန်အထိ- ဖြစ်စဉ်တစ်ခုလုံးသည် ဘုရားသခင်ကို အာဗြဟံ၏ နှလုံးသားအား ပြသခဲ့ပြီး၊ ယခင်က သူ၏မိုက်မဲမှု၊ မသိနားမလည်မှုနှင့် ဘုရားသခင်ကို နားလည်မှုလွဲမှုများကို ပဓာနမထားဘဲ၊ ထိုအချိန်တွင် အာဗြဟံ၏နှလုံးသားသည် ဘုရားသခင်အတွက် မှန်ကန်ခဲ့ပြီး၊ ရိုးသားခဲ့ကာ၊ ဘုရားသခင်ပေးခဲ့သည့်သား ဣဇာက်ကို ဘုရားသခင်ထံ သူအမှန်တကယ်ပြန်ပေးမည် ပြုခဲ့သည်။ သူ့ထံ၌ ဘုရားသခင်သည် သူ လိုချင်ခဲ့သည့် တကယ့်နာခံခြင်းကို တွေ့ရှိခဲ့သည်။
လူသားအဖို့ ဘုရားသခင်သည် နားမလည်နိုင်ဖွယ်ဖြစ်သကဲ့သို့၊ မယုံကြည်နိုင်ဖွယ်ပင်ဖြစ်သည့် အရာများစွာ လုပ်ဆောင်သည်။ ဘုရားသခင်က တစ်စုံတစ်ယောက်ကို စီစဉ်ညွှန်ကြားလိုသောအခါ၊ ဤစီစဉ်ညွှန်ကြားခြင်းသည် လူသား၏ အယူအဆများနှင့် မကြာခဏ သဘောကွဲလွဲပြီး၊ လူသားအဖို့ နားမလည်နိုင်ဖွယ် ဖြစ်သော်လည်း၊ လူနှင့်သက်ဆိုင်သည့် ဘုရားသခင်၏ စမ်းသပ်မှုနှင့် စစ်ဆေးခြင်းသည် ဤသဘောထား ကွဲလွဲမှုနှင့် နားမလည်နိုင်ဖွယ်ခြင်းတို့ အတိအကျ ဖြစ်ပေသည်။ ထိုအတောအတွင်းတွင် အာဗြဟံသည် ဘုရားသခင်၏ သတ်မှတ်ချက်ကို ဖြည့်ဆည်းနိုင်ဖို့ အခြေခံအကျဆုံး အခြေအနေဖြစ်သည့် ဘုရားသခင်အား နာခံမှုကို သူ့ကိုယ်တိုင်အတွင်း၌ ပြနိုင်ခဲ့သည်။ ထို့နောက်တွင်မှ အာဗြဟံသည် ဘုရားသခင်၏ သတ်မှတ်ချက်ကို နာခံနိုင်သောအခါ၊ ဣဇာက်ကို ပူဇော်လိုက်သည့်အခါတွင်၊ ဘုရားသခင်သည် လူသားမျိုးနွယ်အပေါ်- သူရွေးချယ်ထားသည့် အာဗြဟံအပေါ်- စိတ်ချမှုနှင့် လက်ခံမှုတို့ကို အမှန်တကယ် ခံစားခဲ့ရသည်။ ထို့နောက်မှသာ ဘုရားသခင်သည် သူရွေးချယ်ထားသည့် ဤလူမှာ သူ၏ကတိတော်နှင့် သူ၏နောက်ဆက်တွဲ စီမံခန့်ခွဲမှု အစီအစဉ်ကို လက်ခံဆောင်ရွက်နိုင်မည့် မရှိမဖြစ် ခေါင်းဆောင်ဖြစ်သည်ဟု သေချာခဲ့သည်။ ယင်းသည် စမ်းသပ်မှုတစ်ခုနှင့် စစ်ဆေးခြင်းတစ်ခု ဖြစ်ခဲ့သော်လည်း၊ ဘုရားသခင်သည် ကျေနပ်နှစ်သက်မှုကို ခံစားခဲ့ရသည်၊ သူ့အတွက် လူသား၏ ချစ်မေတ္တာကို ခံစားခဲ့ရပြီး ယခင်က လုံးဝမရှိဖူးသကဲ့သို့သော နှစ်သိမ့်မှုကို လူသားအားဖြင့် သူ ခံစားခဲ့ရသည်။ အာဗြဟံက ဣဇာက်ကို သတ်ဖို့ ဓားထုတ်သည့်အခိုက်တွင်၊ ဘုရားသခင်က သူ့ကို တားခဲ့သလော။ ဘုရားသခင်က ဣဇာက်အသက်ကို နုတ်ယူဖို့ တကယ်ကို မရည်ရွယ်ခဲ့သည့်အတွက်၊ အာဗြဟံကို ဣဇာက်အား ပူဇော်ခွင့်မပြုခဲ့ပေ။ ထို့ကြောင့် ဘုရားသခင်က အာဗြဟံကို အချိန်မီ တားခဲ့သည်။ ဘုရားသခင်အတွက် အာဗြဟံ၏ နာခံမှုက စမ်းသပ်မှုကို အောင်မြင်နှင့်ခဲ့ပြီ ဖြစ်သည်၊ သူလုပ်ခဲ့သည့်အရာမှာ လုံလောက်ပြီး ဘုရားသခင်က သူ လုပ်ဆောင်ရန် ရည်ရွယ်ထားသည့်အရာ၏ ရလဒ်ကို မြင်နှင့်ပြီး ဖြစ်သည်။ ဤရလဒ်သည် ဘုရားသခင်ဖို့ ကျေနပ်ဖွယ်ဖြစ်ခဲ့ပါသလော။ ဤရလဒ်သည် ဘုရားသခင်ဖို့ ကျေနပ်ဖွယ်ဖြစ်သည်၊ ယင်းမှာ ဘုရားသခင် လိုချင်ခဲ့သည့်အရာဖြစ်ပြီး၊ ကြာမြင့်စွာက ဘုရားသခင် မြင်ချင်ခဲ့သည့်အရာ ဖြစ်သည်ဟု ပြော၍ရသည်။ မှန်ပါသလော။ အခြေအနေအမျိုးမျိုးတွင် ဘုရားသခင်သည် လူအသီးသီးကို မတူညီသည့် စစ်ဆေးခြင်း နည်းလမ်းများ အသုံးပြုသော်လည်း၊ အာဗြဟံ၌ သူအလိုရှိခဲ့သည့်အရာကို ဘုရားသခင် မြင်ခဲ့သည်၊ အာဗြဟံ၏ နှလုံးသားသည် မှန်ကန်ပြီး သူ၏နာခံမှုက အကြွင်းမဲ့ဖြစ်သည်ကို သူ တွေ့ခဲ့သည်။ ဘုရားသခင် လိုချင်ခဲ့သည်မှာ ဤ “အကြွင်းမဲ့” သောအရာ အတိအကျ ဖြစ်ပေသည်။ လူများက၊ “ဤအရာကို ကျွန်ုပ်ပေးလှူပြီးပြီ၊ ထိုအရာကို ကျွန်ုပ်စွန့်လွှတ်ပြီးပြီ- ဘုရားသခင် ကျွန်ုပ်ကို အဘယ်ကြောင့် စိတ်မကျေနပ်သနည်း။ စမ်းသပ်မှုများကို ကျွန်ုပ်အား အဘယ်ကြောင့် ခံမြဲခံစေရသေးသနည်း။ အဘယ်ကြောင့် ကျွန်ုပ်ကို စစ်ဆေးမြဲ စစ်ဆေးနေသေးသနည်း” ဟု မကြာခဏ ပြောတတ်ကြသည်။ ဤအရာက အချက်တစ်ချက်ကို ပြသည်- ဘုရားသခင်သည် သင့်နှလုံးသားကို မမြင်သေးသကဲ့သို့ သင့်နှလုံးသားကို မရယူသေးပေ။ ဆိုလိုသည်မှာ ဘုရားသခင်သည် အာဗြဟံက သူ၏သားကို သူ့လက်နှင့်သတ်ဖို့ ဓားကိုကိုင်မြှောက်ပြီး ဘုရားသခင်ကို ပူဇော်ဖို့လုပ်သောအချိန်ကကဲ့သို့၊ အင်မတန် ရိုးသားစစ်မှန်မှုကို သူမတွေ့သေးခြင်း ဖြစ်သည်။ သူသည် သင်၏အကြွင်းမဲ့နာခံမှုကို မတွေ့သေးသကဲ့သို့၊ သင့်အားဖြင့် နှစ်သိမ့်ခြင်းမခံရသေးပေ။ သို့ဆိုလျှင် ဘုရားသခင် သင့်ကို စမ်းသပ်မြဲစမ်းသပ်နေသည်မှာ သဘာဝကျပေသည်။ ဤသည်မှာ မှန်သည်မဟုတ်လော။ ဤခေါင်းစဉ်နှင့် ပတ်သက်သရွေ့၊ ဤတွင် ငါတို့ ရပ်မည်။ ဆက်လက်၍ “အာဗြဟံအတွက် ဘုရားသခင်၏ ကတိတော်” ကိုဖတ်ကြမည်။
၃။ အာဗြဟံအတွက် ဘုရားသခင်၏ ကတိတော်
ကမ္ဘာဦးကျမ်း ၂၂:၁၆-၁၈ သင်သည် ဤအမှုကို ပြုပြီး သင်၏သား၊ တစ်ဦးတည်းသောသားကို ထိန်ဝှက်မထားသည့် အတွက်ကြောင့် ကောင်းကြီးမင်္ဂလာဖြင့် သင့်ကို ငါ ကောင်းကြီးပေးမည်၊ တိုးပွားများပြားခြင်း၌ သင်၏ အမျိုးအနွယ်ကို မိုးကောင်းကင် ကြယ်များကဲ့သို့လည်းကောင်း၊ ပင်လယ်ကမ်းခြေ ပေါ်မှ သဲလုံးနှင့်အမျှလည်းကောင်း ငါ တိုးပွားများပြားစေမည်။ သင်၏ အမျိုးအနွယ်သည် သူ့ရန်သူတို့၏ တံခါးတို့ကို အပိုင်ရလိမ့်မည်၊ မြေကြီးပေါ်ရှိ တိုင်းနိုင်ငံတို့သည် သင်၏အမျိုးအနွယ်အားဖြင့် ကောင်းကြီးမင်္ဂလာကို ခံရကြလိမ့်မည်။ သင်သည် ငါ၏စကားသံကို နာခံသောကြောင့် ငါသည် ကိုယ့်ကိုယ်ကိုယ် ကျိန်ဆိုပြီဟု ယေဟောဝါ မိန့်တော်မူ၏။
ဤသည်မှာ အာဗြဟံအတွက် ဘုရားသခင်၏ ကောင်းကြီးမင်္ဂလာနှင့်သက်ဆိုင်သည့် မူရင်းအတိုင်းဖြစ်သော ဖြစ်စဉ်တစ်ခု ဖြစ်သည်။ တိုတောင်းသော်လည်း ပါဝင်သည့်အကြောင်းအရာက ကြွယ်ဝသည်။ ယင်းသည် အာဗြဟံအဖို့ ဘုရားသခင်၏ လက်ဆောင်အတွက် အကြောင်းရင်း၊ နောက်ခံနှင့် အာဗြဟံကို ဘုရားသခင် ပေးခဲ့သည့်အရာက မည်သည့်အရာ ဖြစ်သည်ဆိုသည်တို့ ပါဝင်သည်။ ယင်းသည် ဤနှုတ်ကပတ်တော်များကို ဘုရားသခင် မိန့်မြွက်သည့် ပျော်ရွှင်ခြင်း၊ စိတ်လှုပ်ရှားခြင်းအပြင် သူ၏နှုတ်ကပတ်တော်များကို နားထောင်နိုင်သည့်သူများကို ရယူရန် သူ၏ တောင့်တမှုနှင့် သက်ဆိုင်သည့် အရေးတကြီးဖြစ်မှုနှင့်လည်း ပြည့်လျှမ်း လေသည်။ ဤတွင် သူ၏နှုတ်ကပတ်တော်များကို နာခံပြီး သူ၏အမိန့်များကို လိုက်လျှောက်သူတို့အပေါ် ဘုရားသခင်၏ ချစ်မြတ်နိုးမှုနှင့် ကြင်နာမှုတို့ကို တွေ့ရသည်။ ထို့ကြောင့် လူများကို ရယူဖို့ သူပေးသည့် အဖိုးအခ၊ ၎င်းတို့ကို ရယူရာတွင် သူထားရှိသည့် ဂရုစိုက်မှုနှင့် အတွေးများကိုလည်း ငါတို့တွေ့ရသည်။ ထို့အပြင် “ငါသည် ကိုယ့်ကိုယ်ကိုယ် ကျိန်ဆိုပြီ။” ဟူသော နှုတ်ကပတ်တော်များပါဝင်သည့် ကျမ်းပိုဒ်သည် သူ၏စီမံခန့်ခွဲမှု အစီအစဉ်နှင့်သက်ဆိုင်သည့် သူ၏အမှု မြင်ကွင်းများ နောက်ကွယ်က ဘုရားသခင် တစ်ဦးတည်း ခံရသော အားကောင်းသည့် ခါးသီးမှုနှင့် နာကျင်မှု အသိစိတ်ကို ငါတို့အား ပေးလေသည်။ ယင်းသည် အတွေးကိုစေ့ဆော်ပေးသော ကျမ်းပိုဒ်ဖြစ်ပြီး နောင်လာသည့် သူများအတွက် ထူးခြားသည့် အရေးပါမှုရှိကာ ၎င်းတို့အပေါ် နှံ့နှံ့စပ်စပ် သက်ရောက်မှုတစ်ခုရှိသည့် ကျမ်းပိုဒ်တစ်ပိုဒ်ဖြစ်သည်။
လူသားသည် သူ၏ရိုးသားမှုနှင့် နာခံမှုကြောင့် ဘုရားသခင်၏ ကောင်းကြီးမင်္ဂလာများကို ရရှိသည်
ဤတွင် ငါတို့ ဖတ်ခဲ့ရသည့် အာဗြဟံကို ဘုရားသခင်ပေးခဲ့သော ကောင်းကြီးမင်္ဂလာမှာ ကြီးမားသလော။ မည်မျှကြီးမားသနည်း။ ဤနေရာ၌ အဓိက စာတစ်ကြောင်းရှိသည်- “မြေကြီးပေါ်ရှိ တိုင်းနိုင်ငံတို့သည် သင်၏အမျိုးအနွယ်အားဖြင့် ကောင်းကြီးမင်္ဂလာကို ခံရကြလိမ့်မည်” ဟူ၍ ဖြစ်သည်။ ဤစာကြောင်းက အာဗြဟံသည် ယခင် မည်သူမျှ သို့မဟုတ် နောက်တွင် မည်သူမျှ မရဖူးသည့် ကောင်းကြီးမင်္ဂလာကို ရရှိသည်ကို ပြပေသည်။ ဘုရားသခင်က စေခိုင်းသည်နှင့်အမျှ၊ အာဗြဟံသည် သူ၏ တစ်ဦးတည်းသော သူချစ်မြတ်နိုးရသည့် သားကို ဘုရားသခင်ထံ ပြန်ပေးသောအခါ (ဤနေရာမှာ “ပူဇော်” ဟူသော စကားကို ငါတို့ သုံး၍မရပါ။ သူ၏သားကို ဘုရားသခင်ထံ ပြန်ပေးသည်ဟု သုံးသင့်သည်။)၊ ဘုရားသခင်က အာဗြဟံကို ဣဇာက်အား ပူဇော်ခွင့်မပြုသည်သာမက၊ သူ့ကို ကောင်းကြီးလည်း ပေးခဲ့လေသည်။ သူသည် မည်သည့် ကတိတော်နှင့် အာဗြဟံကို ကောင်းကြီးပေးခဲ့သနည်း။ သူ၏အမျိုးအနွယ်ကို ပွားများစေဖို့ ကတိတော်ဖြင့် ကောင်းကြီးပေးခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့ကို မည်မျှအထိ ပွားများစေမည်နည်း။ ကျမ်းစာက အောက်ပါအတိုင်း မှတ်တမ်းတင်ထား၏- “မိုးကောင်းကင် ကြယ်များကဲ့သို့ လည်းကောင်း၊ ပင်လယ်ကမ်းခြေပေါ်မှ သဲလုံးနှင့်အမျှ လည်းကောင်း...။ သင်၏ အမျိုးအနွယ်သည် သူ့ရန်သူတို့၏ တံခါးတို့ကို အပိုင်ရလိမ့်မည်၊ မြေကြီးပေါ်ရှိ တိုင်းနိုင်ငံတို့သည် သင်၏အမျိုးအနွယ်အားဖြင့် ကောင်းကြီးမင်္ဂလာကို ခံရကြလိမ့်မည်။” ဘုရားသခင်သည် မည်သည့် အခြေအနေတွင် ဤနှုတ်ကပတ်တော်များကို မိန့်မြွက်ခဲ့သနည်း။ ဆိုလိုသည်မှာ ဘုရားသခင်၏ ကောင်းကြီးမင်္ဂလာများကို အာဗြဟံ မည်ကဲ့သို့ ရရှိခဲ့သနည်း။ ဘုရားသခင်က ကျမ်းစာထဲတွင် “သင်သည် ငါ၏စကားသံကို နာခံသောကြောင့်” ဟုပြောသည့်အတိုင်းသာ ထိုကောင်းကြီးတို့ကို သူ ရရှိခဲ့ပေသည်။ ဆိုလိုသည်မှာ အာဗြဟံက ဘုရားသခင်၏ အမိန့်ကို လိုက်လျှောက်ခဲ့သောကြောင့်၊ ဘုရားသခင် ပြောခဲ့ပြီးသမျှ၊ တောင်းခဲ့ပြီးသမျှနှင့် မိန့်ခဲ့ပြီးသမျှကို အနည်းငယ်မျှ ညည်းညူခြင်းမရှိဘ၊ လုပ်ဆောင်ခဲ့ပြီးဖြစ်သောကြောင့် ဘုရားသခင်သည် ထိုသို့သော ကတိတော်မျိုးကို သူ့အား ပြုခဲ့ခြင်းဖြစ်သည်။ ဤကတိတော်၌ ထိုအချိန်က ဘုရားသခင်၏ အတွေးကို ဖော်ပြသည့် အရေးကြီးသော ဝါကျတစ်ကြောင်း ရှိသည်။ သင်တို့ တွေ့ပြီလော။ “ငါသည် ကိုယ့်ကိုယ်ကိုယ် ကျိန်ဆိုပြီ” ဟူသည့် ဘုရားသခင် နှုတ်ကပတ်တော်ကို သင်တို့ အာရုံမစိုက်မိသည်မှာ ဖြစ်ကောင်းဖြစ်နိုင်သည်။ ယင်းတို့ ဆိုလိုသည်မှာ ဘုရားသခင်က ဤနှုတ်ကပတ်တော်များကို မိန့်မြွက်ချိန်တွင်၊ သူ့ကိုယ်သူ တိုင်တည်နေခဲ့ပေသည်။ လူများက ကျမ်းသစ္စာတစ်ခု ပြုသည့်အခါ၊ အဘယ်အရာဖြင့် တိုင်တည်ကြသနည်း။ ကောင်းကင်ဖြင့် ၎င်းတို့ တိုင်တည်ကြသည်၊ ဆိုလိုသည်မှာ၊ ၎င်းတို့သည် ဘုရားသခင်ကို ကျမ်းသစ္စာပြုပြီး ဘုရားသခင်ဖြင့် တိုင်တည်ကြလေသည်။ ဘုရားသခင်က သူ့ကိုယ်သူ တိုင်တည်သော ဖြစ်စဉ်ကို လူတို့ သိပ်နားလည်မည် မဟုတ်သော်လည်း၊ သင်တို့ကို မှန်ကန်သည့် ရှင်းပြချက်တစ်ခု ငါပေးသည့်အခါ၊ သင်တို့ နားလည်နိုင်လိမ့်မည်။ သူ၏ နှုတ်ကပတ်တော်များကို ကြားသာကြားနိုင်ပြီး သူ၏ စိတ်နှလုံးကို နားမလည်နိုင်သောသူနှင့် ရင်ဆိုင်ရလျက်၊ ဘုရားသခင်သည် နောက်ထပ်တစ်ဖန် အထီးကျန်ပြီး ဘာပြောရမှန်းမသိ ဖြစ်လေသည်။ အသည်းအသန်ဖြစ်ခြင်းဖြင့်- ယင်းကို မသိစိတ်၏ စေ့ဆော်မှုအရဟု ပြောနိုင်သည်- ဘုရားသခင်သည် အလွန်သဘာဝကျသော အရာတစ်ခုကို ပြုခဲ့သည်- ဘုရားသခင်သည် အာဗြဟံအပေါ်သို့ ဤကတိကို အပ်နှင်းချိန်တွင် သူ၏လက်ကို သူ၏နှလုံးသားပေါ်တင်ထားပြီး သူ့ကိုယ်သူ တိုင်တည်ခဲ့ကာ၊ ဤသည်မှ ဘုရားသခင်က “ငါသည် ကိုယ့်ကိုယ်ကိုယ် ကျိန်ဆိုပြီ” ဟု ပြောသည်ကို လူသားက ကြားခဲ့ရပေသည်။ ဘုရားသခင်၏ လုပ်ဆောင်ချက်များမှတစ်ဆင့်၊ သင့်ကိုယ်သင် တွေးကောင်းတွေးနိုင်သည်။ သင်၏ နှလုံးသားပေါ် သင့်လက်ကိုတင်ပြီး သင့်ကိုယ်သင် စကားပြောသောအခါ၊ သင် ပြောနေသည့်အရာကို သင် ရှင်းရှင်းလင်းလင်း သိပါသလော။ သင်၏ သဘောထားသည် ရိုးသားစစ်မှန်ပါသလော။ သင်၏ စိတ်နှလုံးဖြင့် ပွင့်ပွင့်လင်းလင်း သင်ပြောသလော။ ထို့ကြောင့် ဘုရားသခင်က အာဗြဟံကို စကားပြောသောအခါ၊ သူသည် အလေးအနက်ထားပြီး စစ်မှန်ရိုးသားခဲ့သည်ကို ဤနေရာ၌ ငါတို့တွေ့ရသည်။ အာဗြဟံကို စကားပြောပြီး ကောင်းကြီးပေးနေခဲ့သည့် တစ်ချိန်တည်းတွင်၊ ဘုရားသခင်သည် သူ့ကိုယ်သူလည်း စကားပြောနေခဲ့သည်။ သူ့ကိုယ်သူ ဤကဲ့သို့ ပြောနေခဲ့ခြင်း ဖြစ်သည်- အာဗြဟံသည် ငါ၏ စကားများကို နာခံခဲ့ပြီး ငါ ရွေးချယ်ထားသည့်သူတစ်ဦး ဖြစ်သောကြောင့်၊ သူ့ကို ငါကောင်းကြီးပေးမည်၊ ပြီးလျှင် သူ၏သားစဉ်မြေးဆက်ကို ကောင်းကင်က ကြယ်များကဲ့သို့ များပြားစေကာ ပင်လယ်ကမ်းစပ်မှ သဲပွင့်ကဲ့သို့ ပွားများစေမည်ဟူ၍ ဖြစ်သည်။ ဘုရားသခင်က “ငါသည် ကိုယ့်ကိုယ်ကိုယ် ကျိန်ဆိုပြီ” ဟု ပြောခဲ့ချိန်တွင်၊ အာဗြဟံ၌ ရွေးချယ်ထားသော ဣသရေလလူမျိုးကို မွေးထုတ်မည်၊ ယင်းနောက်တွင် ဤလူများကို သူ၏ အမှုနှင့်အတူ မြန်မြန်ဆန်ဆန် ဦးဆောင်မည်ဟု ဘုရားသခင် ဆုံးဖြတ်ထားခဲ့ပေသည်။ ဆိုလိုသည်မှာ ဘုရားသခင်က အာဗြဟံ၏ သားစဉ်မြေးဆက်များကို ဘုရားသခင်၏ စီမံခန့်ခွဲခြင်း အမှုနှင့် ဘုရားသခင်၏ အမှုတော်ကို ထမ်းဆောင်စေမည်ဖြစ်ပြီး သူဖော်ပြသောအရာကို အာဗြဟံနှင့် စတင်ပြီး အာဗြဟံ၏ သားစဉ်မြေးဆက်ဖြင့် ဆက်လက်ဆောင်ရွက်မည်ဖြစ်ကာ၊ ထိုသို့ဖြင့် လူကို ကယ်တင်ရန်ဖြစ်သည့် ဘုရားသခင်၏ စိတ်ဆန္ဒ အကောင်အထည်ပေါ်လာမည်ဖြစ်သည်။ သင်တို့ မည်သို့ဆိုမည်နည်း၊ ဤသည်မှာ မင်္ဂလာရှိသောအရာ ဖြစ်သည် မဟုတ်သလော။ လူသားအတွက် ဤအရာထက် သာ၍ ကြီးမြတ်သော ကောင်းကြီးမင်္ဂလာမရှိပေ။ ဤသည်မှာ မင်္ဂလာအရှိဆုံးသောအရာ ဖြစ်သည်ဟု ပြော၍ရသည်။ အာဗြဟံ ရရှိခဲ့သော ကောင်းကြီးမင်္ဂလာသည် သူ၏အမျိုးအနွယ် ပွားများခြင်း မဟုတ်ဘဲ၊ ဘုရားသခင်က သူ၏စီမံခန့်ခွဲမှု၊ သူ၏စေခိုင်းချက်တာဝန်နှင့် သူ၏အမှုကို အာဗြဟံ အမျိုးအနွယ်များ၌ စွမ်းဆောင်ရရှိခြင်းဖြစ်သည်။ ဤသည်မှာ အာဗြဟံခံရသော ကောင်းကြီးသည် ယာယီမဟုတ်ဘဲ၊ ဘုရားသခင် စီမံခန့်ခွဲမှု အစီအစဉ် တိုးတက်သည်နှင့်အမျှ ဆက်လက် ရှိနေသည်ဟု ဆိုလိုသည်။ ဘုရားသခင် စကားပြောသောအခါ၊ ဘုရားသခင်က သူ့ကိုယ်သူ တိုင်တည်သောအခါ၊ စိတ်ပိုင်းဖြတ်မှုတစ်ခု ပြုခဲ့နှင့်ပြီးဖြစ်သည်။ ဤစိတ်ပိုင်းဖြတ်ခြင်း ဖြစ်စဉ်သည် မှန်ကန်ပါသလော။ စစ်မှန်ခဲ့သလော။ ထိုအချိန်မှစ၍ သူ၏ကြိုးပမ်းမှုများ၊ သူပေးဆပ်ခဲ့သော အဖိုးအခ၊ သူ၏အရာ အားလုံးနှင့်ဖြစ်ခြင်း၊ သူ၏အရာရာတိုင်းနှင့် သူ၏အသက်ကိုပင် အာဗြဟံနှင့် အာဗြဟံ၏ အမျိုးအနွယ်များကိုပေးရန် ဘုရားသခင် စိတ်ပိုင်းဖြတ်ခဲ့သည်။ ဤလူအုပ်စုမှ စတင်၍ သူ၏ လုပ်ဆောင်ချက်များကို သူ ထင်ရှားစေမည်ဖြစ်ပြီး သူ၏ဉာဏ်ပညာ၊ အခွင့်အာဏာနှင့် တန်ခိုးကို လူသားအား မြင်ခွင့်ပေးရန်လည်း ဘုရားသခင် စိတ်ပိုင်းဖြတ်ခဲ့လေသည်။
ဘုရားသခင်ကို သိကျွမ်းပြီး သူ့ကို သက်သေခံနိုင်သူများကို ရယူခြင်းသည် ဘုရားသခင်၏ မပြောင်းလဲသော ဆန္ဒဖြစ်သည်
သူ့ကိုယ်သူ စကားပြောနေခဲ့သည့် တစ်ချိန်တည်းတွင်၊ ဘုရားသခင်သည် အာဗြဟံကိုလည်း စကားပြောခဲ့၏၊ သို့သော် ဘုရားသခင်က သူ့ကို ပေးခဲ့သည့် ကောင်းကြီးမင်္ဂလာများကို ကြားရခြင်းမှလွဲ၍ အာဗြဟံသည် ဘုရားသခင်၏ စစ်မှန်သော ဆန္ဒများကို သူ၏နှုတ်ကပတ်တော်များအားလုံး၌ ထိုအချိန်က နားလည်နိုင်ခဲ့ပါသလော။ သူနားမလည်နိုင်ခဲ့ပေ။ ထို့ကြောင့် ထိုအခိုက်အတန့်တွင်၊ ဘုရားသခင်သည် သူ့ကိုယ်သူ တိုင်တည်သောအချိန်တွင်၊ သူ၏နှလုံးသားသည် အထီးကျန်ပြီး ဝမ်းနည်းနေဆဲရှိခဲ့သည်။ သူ ရည်ရွယ်ထားပြီး စီစဉ်ထားသည့်အရာကို နားလည်နိုင်သောသူ သို့မဟုတ် သဘောပေါက်နိုင်သောသူ တစ်ဦးမျှ မရှိခဲ့ချေ။ ထိုအခိုက်အတန့်တွင် သူ လုပ်ဆောင်ရမည့် အမှုကို လုပ်ဆောင်ရာတွင် သူနှင့်အတူ ပူးပေါင်းလုပ်ဆောင်နိုင်သူ တစ်ဦးတစ်လေ ရှိခဲ့ဖို့မဆိုထားနှင့်၊ ဘုရားသခင်ကို ယုံကြည်ချက်ရှိရှိ စကားပြောနိုင်သည့်သူမှာ အာဗြဟံအပါအဝင် မည်သူမျှ မရှိခဲ့ချေ။ အပေါ်ယံအားဖြင့်၊ ဘုရားသခင်သည် သူ၏နှုတ်ကပတ်တော်များကို နာခံနိုင်မည့်သူ တစ်ဦးဖြစ်သည့်၊ အာဗြဟံကို ရရှိခဲ့ပြီဖြစ်သည်။ သို့သော် အမှန်တွင်၊ ဘုရားသခင်နှင့် သက်ဆိုင်သည့် ဤလူ၏ အသိသည် မရှိသလောက် ဖြစ်၏။ ဘုရားသခင်သည် အာဗြဟံကို ကောင်းကြီးပေးခဲ့ပြီး ဖြစ်သော်လည်း၊ ဘုရားသခင်၏ နှလုံးသားသည် မကျေနပ်ခဲ့သေးပေ။ ဘုရားသခင် မကျေနပ်သေး ဆိုသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ ယင်းမှာ သူ၏စီမံခန့်ခွဲမှုသည် စရုံသာရှိသေးသည်ဟု ဆိုလိုသည်၊ သူ ရယူလိုသော လူများ၊ သူ မြင်ရဖို့ တောင့်တခဲ့သည့် လူများ၊ သူ ချစ်သော လူများသည် သူ့ထံမှ ဝေးကွာကြဆဲဖြစ်သည်ဟု ဆိုလိုသည်။ သူ အချိန် လိုအပ်ခဲ့သည်၊ သူ စောင့်ဖို့ လိုအပ်ခဲ့သည်၊ သူစိတ်ရှည်ဖို့ လိုခဲ့သည်။ အကြောင်းမှာ ထိုအချိန်က၊ ဘုရားသခင် ကိုယ်တော်တိုင်မှလွဲ၍၊ သူ လိုအပ်သည့်အရာ၊ သို့မဟုတ် သူ ရယူလိုသည့်အရာ၊ သို့မဟုတ် သူ တောင့်တသည့်အရာကို သိသူ မရှိခဲ့ချေ။ ထို့ကြောင့် ဘုရားသခင် အလွန်စိတ်လှုပ်ရှားသည့် တစ်ချိန်တည်းတွင်၊ ဘုရားသခင်သည် စိတ်လည်းလေးခဲ့သည်။ သို့သော် သူ၏ခြေလှမ်းများကို မရပ်တန့်ခဲ့သကဲ့သို့၊ သူလုပ်ရမည့် အရာ၏ နောက်တစ်ဆင့်ကို သူဆက်လက်စီစဉ်ခဲ့သည်။
အာဗြဟံထံ ပြုသည့် ဘုရားသခင်၏ ကတိတော်၌ သင်တို့ အဘယ်အရာမြင်ကြသနည်း။ အာဗြဟံသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နာခံခဲ့သောကြောင့်သက်သက် ဘုရားသခင်က သူ့အပေါ် ကြီးမားသော ကောင်းကြီးမင်္ဂလာများ အပ်နှင်းခဲ့ပေသည်။ အပေါ်ယံအားဖြင့် ဤသည်မှာ သာမန်နှင့် ထုံးစံအတိုင်းဖြစ်ပုံရသော်လည်း၊ ထိုအထဲ၌ ဘုရားသခင်၏ စိတ်နှလုံးကို ငါတို့တွေ့ရသည်။ ဘုရားသခင်သည် သူ့အား လူသား၏နာခံခြင်းကို အထူးသဖြင့် တန်ဖိုးထားပြီး သူ့ကို လူသား၏ နားလည်ခြင်းနှင့် သူ့အပေါ် လူသား၏ ရိုးသားစစ်မှန်ခြင်းကို မြတ်နိုးလေသည်။ ဘုရားသခင်သည် ဤရိုးသားစစ်မှန်မှုကို မည်မျှ မြတ်နိုးသနည်း။ ယင်းကို သူမည်မျှမြတ်နိုးသည်ကို သင်တို့ နားလည်ကောင်း နားလည်နိုင်ကြမည်မဟုတ်သကဲ့သို့၊ ယင်းကို သဘောပေါက်သောသူ မည်သူမျှ မရှိခြင်းလည်း ဖြစ်နိုင်သည်။ ဘုရားသခင်က အာဗြဟံကို သားတစ်ဦး ပေးခဲ့ပြီး၊ ထိုသား အရွယ်ရောက်ခဲ့ပြီးချိန်တွင် ဘုရားသခင်က အာဗြဟံကို သူ့သားအား ပူဇော်ဖို့ စေခိုင်းခဲ့သည်။ အာဗြဟံသည် ဘုရားသခင်၏ အမိန့်ကို အသေးစိတ် အတိအကျ လိုက်နာခဲ့သည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သူနာခံခဲ့ပြီး၊ သူ၏ စစ်မှန်ရိုးသားမှုက ဘုရားသခင်ကို တို့ထိခဲ့ပြီး ယင်းကို ဘုရားသခင်က တန်ဖိုးထားခဲ့သည်။ ဘုရားသခင်က ထိုအရာကို မည်မျှ တန်ဖိုးထားခဲ့သနည်း။ အဘယ်ကြောင့် တန်ဖိုးထားခဲ့သနည်း။ ဘုရားသခင် နှုတ်ကပတ်တော်ကို မည်သူမျှ သဘောမပေါက်ခဲ့ချိန်တွင် သို့မဟုတ် မည်သူမျှ သူ၏နှလုံးသားကို နားမလည်ခဲ့ချိန်တွင်၊ အာဗြဟံသည် ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်စေသည့်အရာတစ်ခုကို လုပ်ခဲ့ဆောင်ပြီး ထိုအရာက ဘုရားသခင်ကို မကြုံစဖူး ကျေနပ်ခြင်း အသိစိတ်တစ်ခု ခံစားစေခဲ့ကာ သူ၏နှုတ်ကပတ်တော်များကို နာခံနိုင်သောသူ တစ်စုံတစ်ဦးကို ရရှိခြင်းနှင့်သက်ဆိုင်သည့် ဝမ်းမြောက်မှုကို ဘုရားသခင်ထံ ယူဆောင်ပေးခဲ့သည်။ ဤစိတ်ကျေနပ်ခြင်းနှင့် ဝမ်းမြောက်ခြင်းသည် ဘုရားသခင်၏ လက်တော်ဖြင့် ဖန်ဆင်းထားသည့် ဖန်ဆင်းခံသတ္တဝါတစ်ဦးထံမှ လာခဲ့ခြင်းဖြစ်ကာ၊ လူသားကို ဖန်ဆင်းခဲ့ကတည်းက လူသားက ဘုရားသခင်ကို ပထမဦးဆုံး ပူဇော်ဖူးခဲ့သည့် “ယဇ်ပူဇော်ခြင်း” ဖြစ်ခဲ့ပြီး ဘုရားသခင်က တန်ဖိုးအထားဆုံးအရာ ဖြစ်ခဲ့သည်။ ဘုရားသခင်သည် ဤယဇ်ပူဇော်ခြင်းကို ခက်ခဲပင်ပန်းစွာ စောင့်မျှော် နေခဲ့ရပြီး၊ ယင်းကို သူဖန်ဆင်းထားခဲ့သည့် လူသားထံမှ ပထမ အရေးပါဆုံးသော လက်ဆောင်အဖြစ် သတ်မှတ်ခဲ့သည်။ ယင်းက လူ၏ အားထုတ်မှုများနှင့် သူပေးဆပ်ခဲ့သည့် အဖိုးအခ၏ အဦးသီးသော အသီးအနှံကို ဘုရားသခင်အား ပြသခဲ့ပြီး၊ လူသားမျိုးနွယ်ထဲရှိ မျှော်လင့်ချက်ကို သူ့အား တွေ့မြင်ခွင့်ပေးခဲ့သည်။ ယင်းနောက်တွင် ဘုရားသခင်သည် သူ့ကို အဖော်ပြုမြဲပြုဖို့၊ စစ်မှန်ရိုးသားမှုဖြင့် သူ့ကို ဆက်ဆံဖို့၊ ပြီးလျှင် စစ်မှန်ရိုးသားမှုဖြင့် သူ့ကို ဂရုစိုက်ဖို့ ထိုသို့သော လူတစ်စုကို သာ၍ပင် ကြီးစွာသော တမ်းတမှု ရှိခဲ့လေသည်။ ဘုရားသခင်သည် သူ၏စီမံခန့်ခွဲမှုကို ဆက်လက်လုပ်ဆောင်သည်နှင့်အမျှ အာဗြဟံ၏ စိတ်နှလုံးကဲ့သို့ စိတ်နှလုံးက သူ့ကို အဖော်ပြုကာ သူနှင့်အတူရှိဖို့ ဘုရားသခင် ဆန္ဒရှိခဲ့သည့်အတွက်၊ အာဗြဟံကို ဆက်လက် အသက်ရှင်သွားဖို့ပင် ဘုရားသခင် မျှော်လင့်ခဲ့သည်။ ဘုရားသခင်က မည်သည့်အရာကို အလိုရှိခဲ့သည်ဖြစ်စေ- အာဗြဟံသည် သူ့ကိုနာခံနိုင်သည့် လူသားတစ်ဦးမျှသာဖြစ်ပြီး ဘုရားသခင်နှင့် သက်ဆိုင်သည့် သိနားလည်မှု သို့မဟုတ် အသိပညာ စိုးစဉ်းမျှ မရှိသည့်အတွက်- ယင်းမှာ စိတ်ဆန္ဒတစ်ခုမျှသာ၊ စိတ်ကူး တစ်ခုသာ ဖြစ်ခဲ့သည်။ အာဗြဟံသည် လူသားအတွက် ဘုရားသခင်၏ သတ်မှတ်ချက်များဖြစ်သည့် စံနှုန်းများနှင့် မပြည့်မီသည့် တစ်စုံတစ်ဦးဖြစ်သည်၊ ထိုစံနှုန်းများမှာ- ဘုရားသခင်ကို သိကျွမ်းခြင်း၊ ဘုရားသခင်အဖို့ သက်သေခံနိုင်ခြင်း၊ ဘုရားသခင်နှင့် တစ်စိတ်တစ်ဝမ်းတည်း ဖြစ်ခြင်းတို့ ဖြစ်သည်။ ထို့ကြောင့် အာဗြဟံသည် ဘုရားသခင်နှင့်အတူ မလျှောက်လှမ်း နိုင်ခဲ့ချေ။ အာဗြဟံ၏ ဣဇာက်ကို ပူဇော်ခြင်းတွင်၊ ဘုရားသခင်သည် အာဗြဟံ၏ စစ်မှန်ရိုးသားခြင်းနှင့် နာခံခြင်းကို တွေ့ခဲ့ပြီး သူနှင့် သက်ဆိုင်သည့် ဘုရားသခင်၏ စစ်ဆေးခြင်းကို ခံရပ်နိုင်ခဲ့သည်ကို တွေ့ရှိခဲ့သည်။ ဘုရားသခင်က သူ၏ စစ်မှန်ရိုးသားမှုနှင့် နာခံခြင်းကို လက်ခံခဲ့သော်လည်း၊ ဘုရားသခင် ယုံကြည်ရသည့်လူ၊ ဘုရားသခင်ကို သိကျွမ်းခဲ့ပြီး သိနားလည်ခဲ့သူ တစ်ဦး၊ ပြီးလျှင် ဘုရားသခင်၏ စိတ်သဘောထားနှင့် ပတ်သက်၍ နှံ့စပ်သောသူတစ်ဦး ဖြစ်လာခြင်းငှာ ထိုက်တန်ခြင်း မရှိခဲ့သေးပေ။ သူသည် ဘုရားသခင်နှင့် တစ်စိတ်တစ်ဝမ်းတည်းဖြစ်ခြင်းနှင့် ဘုရားသခင်၏ အလိုကို လုပ်ဆောင်ခြင်းမှ ဝေးကွာခဲ့သည်။ ထို့ကြောင့် ဘုရားသခင်၏ နှလုံးသားထဲတွင်၊ ဘုရားသခင်သည် အထီးကျန်ပြီး စိုးရိမ်ပူပန်ဆဲရှိခဲ့သည်။ ဘုရားသခင်သည် သာ၍ အထီးကျန်ပြီး စိုးရိမ်ပူပန်လာလေလေ၊ သူ၏ စီမံခန့်ခွဲမှုကို ဖြစ်နိုင်သမျှမြန်မြန် ဆက်လုပ်ဆောင်ဖို့ သာ၍ လိုအပ်လေလေ ဖြစ်ခဲ့ပြီး၊ သူ၏စီမံခန့်ခွဲမှု အစီအစဉ်ကို ပြီးမြောက်ဖို့နှင့် သူ၏အလိုကို ဖြစ်နိုင်သမျှမြန်မြန် စွမ်းဆောင်ရရှိနိုင်ဖို့ လူတစ်စုကို ရွေးချယ်ပြီး ရယူရန် လိုအပ်လေလေဖြစ်ခဲ့သည်။ ဤသည်မှာ ဘုရားသခင်၏ စိတ်ထက်သန်သော ဆန္ဒဖြစ်ခဲ့ပြီး၊ ယင်းသည် တကယ့် အစအဦးကတည်းက ယနေ့ထိ မပြောင်းမလဲ ရှိနေပေသည်။ အစအဦးတွင် ဘုရားသခင်သည် လူသားကို သူဖန်ဆင်းခဲ့ကတည်းက၊ သူနှင့်အတူ လျှောက်ပြီး သူ၏စိတ်သဘောထားကို နားလည်နိုင်သည့်၊ သိရှိနိုင်ပြီး သဘောပေါက်နိုင်သူတစ်စုဖြစ်သည့် အောင်မြင်သောသူများ အုပ်စုတစ်စုကို တမ်းတပြီးဖြစ်သည်။ ဘုရားသခင်၏ ဤဆန္ဒသည် မည်သည့်အခါမျှ မပြောင်းလဲလေပြီ။ သူ မည်မျှကြာကြာ စောင့်ရဦးမည်ဖြစ်စေ၊ ရှေ့တွင်ရှိသော လမ်းခရီးက မည်မျှကြမ်းတမ်းသည် ဖြစ်စေ၊ ပြီးလျှင် သူတောင့်တသော ရည်မှန်းချက်များက မည်မျှ အလှမ်းဝေးသည်ဖြစ်စေ၊ ဘုရားသခင်သည် လူသားအတွက် သူ၏မျှော်လင့်ချက်များကို မည်သည့်အခါမျှ မပြောင်းလဲခဲ့ချေ၊ သို့မဟုတ် မစွန့်လွှတ်ခဲ့ချေ။ ဤအရာကို ယခု ငါပြောပြီးဖြစ်သည်၊ ဘုရားသခင်၏ ဆန္ဒနှင့်ပတ်သက်သည့် အရာတစ်ခုကို သင်တို့ နားလည်ကြ ပါသလော။ သင်တို့ နားလည်ပြီးဖြစ်သည့်အရာမှာ သိပ်နက်နဲကောင်း နက်နဲမည်မဟုတ်- သို့သော် ယင်းသည် တဖြည်းဖြည်း နက်နဲလာပါလိမ့်မည်။
အာဗြဟံနှင့် တစ်ခေတ်တည်းဖြစ်သော ကာလအတော အတွင်းတွင်၊ ဘုရားသခင်သည် မြို့တစ်မြို့ကိုလည်း ဖျက်ဆီးခဲ့သည်။ ဤမြို့မှာ သောဒုံဟု ခေါ်ပေသည်။ လူများစွာသည် သောဒုံ၏ အဖြစ်အပျက်နှင့် ရင်းနှီးကြသော်လည်း၊ ထိုမြို့ကို ဘုရားသခင်၏ ဖျက်ဆီးရခြင်း နောက်ခံအကြောင်းရင်းကို ဖြစ်ပေါ်စေသည့် ဘုရားသခင်၏ အတွေးများနှင့်ပတ်သက်၍ မည်သူမျှ မသိကျွမ်းကြသည်မှာ သေချာသည်။
ထို့ကြောင့် ယနေ့တွင် အောက်ပါအတိုင်း ဘုရားသခင်နှင့် အာဗြဟံ အပြန်အလှန် ပြောဆိုသော စကားများမှတစ်ဆင့်၊ ထိုအချိန်က သူ၏ အတွေးများကို ငါတို့ လေ့လာစဉ်တွင်၊ သူ၏ စိတ်သဘောကိုလည်း လေ့လာကြမည်ဖြစ်သည်။ ဆက်လက်၍ အောက်ပါ ကျမ်းပိုဒ်များကို ဖတ်ကြပါစို့။
ခ။ ဘုရားသခင်သည် သောဒုံမြို့ကို ဖျက်ဆီးရမည်
ကမ္ဘာဦးကျမ်း ၁၈:၂၆ ယေဟောဝါက၊ ငါသည် သောဒုံမြို့တွင် ဖြောင့်မတ်သူ အယောက် ငါးဆယ်ကို မြို့တွင်း၌ ရှာတွေ့လျှင်၊ သူတို့ဖို့အလို့ငှာ နေရာတစ်ခုလုံးကို ငါချမ်းသာပေးမည်ဟု မိန့်တော်မူ၏။
ကမ္ဘာ ၁၈:၂၉ တဖန်တုံ၊ ထိုမြို့၌ လေးဆယ်ကို တွေ့ကောင်းတွေ့တော်မူလိမ့်မည်ဟုလျှောက်ဆိုပြန်လျှင်၊...ငါမပြုဘဲနေမည်ဟု မိန့်တော်မူ၏။
ကမ္ဘာ ၁၈:၃၀ တဖန်တုံ...ထိုမြို့၌ သုံးဆယ်ကို တွေ့ကောင်းတွေ့တော်မူလိမ့်မည်ဟု လျှောက်ဆိုပြန်လျှင်၊...ငါမပြုဟု မိန့်တော်မူ၏။
ကမ္ဘာ ၁၈:၃၁ တဖန်တုံ...ထိုမြို့၌ နှစ်ဆယ်ကို တွေ့ကောင်းတွေ့တော်မူလိမ့်မည်ဟု လျှောက်ဆိုပြန်လျှင်၊...ငါမဖျက်ဆီးဘဲနေမည်ဟု မိန့်တော်မူ၏။
ကမ္ဘာ ၁၈:၃၂ တဖန်တုံ...ထိုမြို့၌ တစ်ဆယ်ကို တွေ့ကောင်းတွေ့တော်မူလိမ့်မည်ဟု လျှောက်ဆိုပြန်လျှင်၊...ငါမဖျက်ဆီးဘဲနေမည်ဟု မိန့်တော်မူ၏။
ဤသည်တို့မှာ သမ္မာကျမ်းမှ ငါရွေးချယ်ထားသော ကောက်နုတ်ချက်အနည်းငယ် ဖြစ်သည်။ ၎င်းတို့မှာ ပြည့်စုံသည့်၊ မူရင်း ပုံစံများ မဟုတ်ပေ။ အကယ်၍ ထိုအရာများကို သင်တို့ မြင်လိုပါက၊ သမ္မာကျမ်းထဲတွင် သင်တို့ကိုယ်တိုင် ရှာ၍ ကြည့်နိုင်သည်။ အချိန်ကုန် သက်သာစေရန်၊ မူရင်း အကြောင်းအရာနှင့် သက်ဆိုင်သည့် အပိုင်းကို ငါ ချန်လှပ်ထားပြီး ဖြစ်သည်။ ဤနေရာတွင် ငါတို့၏ ယနေ့မိတ်သဟာယနှင့် ပတ်သက်၍ ဆက်စပ်မှုမရှိသော စာကြောင်းအချို့ကို ချန်ရင်း၊ အဓိကကျသော ကျမ်းပိုဒ်နှင့် စာကြောင်း အချို့တို့ကိုသာ ငါရွေးချယ်ထားပြီးဖြစ်သည်။ ငါတို့မိတ်သဟာယပြုသည့် ကျမ်းပိုဒ်များနှင့် အကြောင်းအရာ အားလုံးတို့တွင်၊ ငါတို့၏ အာရုံသည် အသေးစိတ် အဖြစ်အပျက်များ၏ အသေးစိတ် အကြောင်းအရာများနှင့် ထိုအဖြစ်အပျက်များထဲက လူတို့၏ အပြုအမူတို့ကို ကျော်သွားသည်။ ယင်းအစား ထိုအချိန်က ဘုရားသခင်၏ အတွေးများနှင့် စိတ်ကူးများက မည်သည့်အရာများ ဖြစ်ခဲ့သည်ကိုသာ ငါတို့ပြောဆိုကြပေသည်။ ဘုရားသခင်၏ အတွေးများနှင့် စိတ်ကူးများထဲတွင်၊ ငါတို့သည် ဘုရားသခင်၏ စိတ်သဘောထားကို မြင်ကြရလိမ့်မည်ဖြစ်ပြီး၊ ဘုရားသခင် ပြုခဲ့သမျှ အရာတိုင်းမှ ငါတို့သည် စစ်မှန်သော ဘုရားသခင် ကိုယ်တိုင်ကို မြင်ကြရလိမ့်မည် ဖြစ်သည်- ဤတွင် ငါတို့၏ ရည်မှန်းချက်ကို ငါတို့ စွမ်းဆောင်ရရှိကြလိမ့်မည် ဖြစ်သည်။
ဘုရားသခင်သည် သူ၏ နှုတ်ကပတ်တော်များကို နာခံနိုင်ပြီး သူ၏ အမိန့်များကို လိုက်လျှောက်နိုင်သော သူများကိုသာ ဂရုစိုက်သည်
အထက်ပါ ကျမ်းပိုဒ်များတွင် အဓိကကျသော စကားလုံးအချို့ ပါရှိ၏- ဂဏန်းများ ဖြစ်သည်။ ပထမဦးစွာ ယေဟောဝါက မြို့ထဲ၌ ဖြောင့်မတ်သောသူ အယောက်ငါးဆယ်ကို သူတွေ့ပါက၊ တစ်နေရာလုံးကို ချမ်းသာပေးမည်ဟု ဆိုခဲ့သည်၊ ယင်းမှာ သူသည် ထိုမြို့ကို ဖျက်ဆီးမည် မဟုတ်ဟု ဆိုရပေမည်။ သို့ဆိုလျှင် သောဒုံမြို့အတွင်းတွင် ဖြောင့်မတ်သောသူ အယောက်ငါးဆယ် အမှန်တကယ် ရှိခဲ့သလော။ မရှိခဲ့ပေ။ နောက်မကြာမီတွင် အာဗြဟံသည် ဘုရားသခင်အား မည်သည့်အရာကို ပြောခဲ့သနည်း။ သူက လေးဆယ်ကို တွေ့ကောင်းတွေ့လျှင် အဘယ်သို့နည်းဟု ဆိုခဲ့သည်။ ထိုအခါ ဘုရားသခင်က ငါမပြုဘဲနေမည်ဟု ဆိုခဲ့၏။ ထို့နောက် အာဗြဟံက သုံးဆယ်ကို တွေ့ကောင်းတွေ့လျှင် အဘယ်သို့နည်းဟု ဆိုပြန်သည်။ ဘုရားသခင်က ငါမပြုဘဲနေမည်ဟု ဆို၏။ ပြီးလျှင် နှစ်ဆယ်ဆိုပါက အဘယ်သို့နည်း။ ငါမပြုဘဲနေမည်။ တစ်ဆယ်ဆိုလျှင် အဘယ်သို့နည်း။ ငါမပြုဘဲနေမည်။ အမှန်တွင် သောဒုံမြို့ထဲ၌ ဖြောင့်မတ်သောသူ ဆယ်ဦး ရှိခဲ့သလော။ ဆယ်ဦး မရှိခဲ့ပါ- သို့သော် တစ်ဦး ရှိခဲ့သည်။ ဤသူမှာ မည်သူ ဖြစ်သနည်း။ လောတဖြစ်သည်။ ထိုအချိန်က သောဒုံမြို့ထဲတွင် ဖြောင့်မတ်သူ တစ်ဦးသာ ရှိခဲ့သော်လည်း၊ ဘုရားသခင်သည် ဤဂဏန်းနှင့်ပတ်သက်လာပါက အလွန်တင်းကျပ် သို့မဟုတ် တိကျခဲ့ပါသလော။ မဟုတ်ပါ၊ သူမတင်းကျပ်ခဲ့ပါ။ ထို့ကြောင့် လူက “လေးဆယ်ဆို အဘယ်နည်း။” “သုံးဆယ်ဆို အဘယ်နည်း။” ဟူ၍ “တစ်ဆယ်ဆို အဘယ်နည်း။” ရောက်သည်အထိ မေးမြဲမေးနေခဲ့သည်။ ဘုရားသခင်က “ဆယ်ဦးသာ ရှိခဲ့လျှင်ပင်၊ ထိုမြို့ကို ငါမဖျက်ဆီး၊ ယင်းကို ငါချမ်းသာပေးမည်ဖြစ်ပြီး၊ ထိုဆယ်ဦးအပြင် အခြားလူများကိုပါ ခွင့်လွှတ်မည်။” ဟု ဆိုခဲ့သည်။ ဆယ်ဦးသာ ရှိခဲ့မည်ဆိုပါက၊ သနားရလောက်အောင် ဖြစ်ခဲ့ပေမည်၊ သို့သော် အမှန်တကယ်တွင်တော့ သောဒုံ၌ ဖြောင့်မတ်သောသူ လူများ ထိုအရေအတွက်မျှပင် မရှိသည်ကို တွေ့ခဲ့ရသည်။ ထိုအခါ ဘုရားသခင်၏ အမြင်တွင် ထိုမြို့သားတို့၏ အပြစ်နှင့် မကောင်းမှုသည် ထိုမျှဖြစ်ခဲ့သည်မှာ ဘုရားသခင်သည် ၎င်းတို့ကို ဖျက်ဆီးဖို့ထက် ရွေးချယ်စရာမရှိသည်အထိ ဖြစ်ခဲ့သည်ကို သင်တို့ မြင်ရပေသည်။ ဘုရားသခင်သည် ဖြောင့်မတ်သောသူ အယောက်ငါးဆယ်ရှိပါက၊ မြို့ကို သူမဖျက်ဆီးဟု ပြောခဲ့ချိန်တွင် အဘယ်အရာကို သူဆိုလိုခဲ့ပါသနည်း။ ဤကိန်းဂဏန်းများမှာ ဘုရားသခင်အဖို့ အရေးမကြီးခဲ့ပေ။ အရေးကြီးသောအရာမှာ မြို့တွင် သူအလိုရှိခဲ့သော ဖြောင့်မတ်သူများ ရှိ မရှိ ဖြစ်သည်။ အကယ်၍ မြို့သည် ဖြောင့်မတ်သောသူ တစ်ဦးသာ ရှိခဲ့ပါက၊ ဘုရားသခင်သည် မြို့ကို သူ၏ဖျက်ဆီးခြင်းကြောင့် ၎င်းတို့ထံ ဘေးအန္တရာယ် ကျရောက်ခွင့်ပြုမည် မဟုတ်ပေ။ ဤသည်မှာ ဘုရားသခင်သည် မြို့ကို ဖျက်ဆီးမည် ဖြစ်စေ မဖျက်ဆီးမည် ဖြစ်စေ၊ ပြီးလျှင် မြို့အတွင်းတွင် ဖြောင့်မတ်သူ မည်မျှရှိသည်ကို ပဓာနမထားဘဲ ဘုရားသခင်အဖို့ ဤအပြစ်နှင့်ပြည့်သော မြို့သည် ကျိန်ခြင်းကိုခံရပြီး မနှစ်သက်စရာဖြစ်ကာ ဖျက်ဆီးခံရသင့်သည်၊ ဘုရားသခင်၏ မြင်ကွင်းမှ ပျောက်ကွယ်သင့်သော်လည်း၊ ဖြောင့်မတ်သော သူတို့မူကား ကျန်ရှိနေသင့်ပေသည်။ ခေတ်ကာလ ကိုပဓာနမထားဘဲ၊ လူသားမျိုးနွယ်၏ တိုးတက်မှု အဆင့်ကို ပဓာနမထားဘဲ၊ ဘုရားသခင်၏ သဘောထားသည် မပြောင်းလဲပေ။ သူသည် မကောင်းမှုကို မုန်းတီးပြီး၊ သူ၏အမြင်တွင် ဖြောင့်မတ်သောသူတို့ကို ဂရုစိုက်၏။ ဘုရားသခင်၏ ရှင်းလင်းသော ဤသဘောထားသည် ဘုရားသခင်၏ အနှစ်သာရနှင့်သက်ဆိုင်သည့် စစ်မှန်သော ဖွင့်ပြခြင်းလည်း ဖြစ်သည်။ မြို့အတွင်းတွင် ဖြောင့်မတ်သူတစ်ဦးသာ ရှိခဲ့သောကြောင့်၊ ဘုရားသခင်သည် ဆိုင်းငံ့ခြင်း မရှိတော့ပေ။ နောက်ဆုံးရလဒ်မှာ သောဒုံသည် မလွဲဧကန် ဖျက်ဆီးခံခဲ့ရလေသည်။ ဤအရာ၌ သင်တို့ မည်သည့်အရာကို မြင်သနည်း။ ထိုခေတ်တွင် ဘုရားသခင်သည် မြို့တစ်မြို့၌ ဖြောင့်မတ်သူ အယောက်ငါးဆယ် ရှိခဲ့ပါက၊ ထိုမြို့ကို ဖျက်ဆီးမည်မဟုတ်သကဲ့သို့၊ ဆယ်ဦးရှိခဲ့မည်ဆိုပါကလည်း ထိုမြို့ကို ဖျက်ဆီးမည်မဟုတ်ပေ၊ ယင်းမှာ ဘုရားသခင်သည် သူ့ကို ကြောက်ရွံ့ပြီး ကိုးကွယ်နိုင်သည့် လူအနည်းငယ်ကြောင့်၊ လူသားမျိုးနွယ်အပေါ် ခွင့်လွှတ်ရန်နှင့် သည်းခံရန် ဆုံးဖြတ်လိမ့်မည် သို့မဟုတ် လမ်းပြခြင်းအမှုကို ပြုလိမ့်မည်ဟု ဆိုလိုပေသည်။ ဘုရားသခင်သည် လူ၏ ဖြောင့်မတ်သော လုပ်ဆောင်ချက်များအပေါ် အလွန်စိတ်ချယုံကြည်သည်၊ သူ့ကို ကိုးကွယ်နိုင်သူများအပေါ် သူသည် အလွန်စိတ်ချယုံကြည်ပြီး သူ့ရှေ့မှောက်တွင် ကောင်းသောလုပ်ဆောင်ချက်များ လုပ်ဆောင်နိုင်သူများကို အလွန်စိတ်ချယုံကြည်လေသည်။
အစောဆုံး ကာလများမှသည် ယနေ့ထိတိုင်၊ လူတစ်ဦးတစ်လေထံ ဘုရားသခင်က သမ္မာတရား သိစေခြင်း သို့မဟုတ် ဘုရားသခင်၏ လမ်းခရီးအကြောင်း ပြောခြင်းကို သမ္မာကျမ်းစာထဲတွင် သင်တို့ ဖတ်ရှုဖူးပါသလော။ မည်သည့်အခါမျှ မဖတ်ရှုဖူးပေ။ ငါတို့ဖတ်ရှုသည့် လူသားထံ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် လူတို့ မည်သည့်အရာ လုပ်ဆောင်ရမည်ကိုသာ ပြောသည်။ အချို့က သွား၍ လုပ်ဆောင်ခဲ့ကြသည်၊ အချို့က မလုပ်ခဲ့ကြပေ။ အချို့က ယုံကြည်ခဲ့ကြပြီး အချို့က မယုံကြည်ခဲ့ကြပေ။ ဖြစ်ခဲ့သမျှမှာ ထိုမျှသာဖြစ်သည်။ ထို့ကြောင့် ထိုခေတ်၏ ဖြောင့်မတ်သောသူများမှာ- ဘုရားသခင်၏အမြင်တွင် ဖြောင့်မတ်သောသူများမှာ- ဘုရားသခင်၏ နှုတ်ကပတ်တော်များကိုကြားပြီး ဘုရားသခင်၏ အမိန့်များကို လိုက်လျှောက်သောသူများမျှသာ ဖြစ်သည်။ ၎င်းတို့သည် လူသားအလယ်၌ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဆောင်ရွက်ခဲ့ကြသော အစေခံများ ဖြစ်ကြသည်။ ထိုသို့သော လူများကို ဘုရားသခင်အား သိကျွမ်းသောသူများဟု ခေါ်ဆို၍ရနိုင်သလော။ ၎င်းတို့ကို ဘုရားသခင်၏ စုံလင်စေခြင်းခံရသောသူများဟု ခေါ်နိုင်သလော။ ၎င်းတို့ကို ထိုသို့ မခေါ်နိုင်ပေ။ ထို့ကြောင့် ၎င်းတို့၏ အရေအတွက်ကို ပဓာနမထားဘဲ၊ ဘုရားသခင်၏ အမြင်တွင် ဤဖြောင့်မတ်သော လူများသည် ဘုရားသခင်၏ လူယုံများဟု ခေါ်ဝေါ်ခြင်း ခံထိုက်ကြပါသလော။ ၎င်းတို့ကို ဘုရားသခင်၏ သက်သေခံများဟု ခေါ်ဆိုနိုင်မည်လော။ လုံးဝ ခေါ်နိုင်မည် မဟုတ်ပေ။ ၎င်းတို့သည် ဘုရားသခင်၏ လူယုံများနှင့် သက်သေခံများဟူ၍ ခေါ်ဝေါ်ခြင်း သေချာပေါက် မခံထိုက်ခဲ့ကြပေ။ သို့ဆိုလျှင် ဘုရားသခင်သည် ထိုသို့သော လူများကို မည်သို့ခေါ်ဆိုခဲ့သနည်း။ သမ္မာကျမ်းစာ၏ ဓမ္မဟောင်းကျမ်းတွင် ဘုရားသခင်သည် ၎င်းတို့ကို “ငါ၏အစေခံ” ဟု ခေါ်သည့် ဖြစ်ရပ်များစွာ ရှိပေသည်။ ဆိုလိုသည်မှာ ထိုအချိန်က ဘုရားသခင်၏ အမြင်တွင် ဤဖြောင့်မတ်လူများသည် ဘုရားသခင်၏ အစေခံများ ဖြစ်ခဲ့ကြသည်၊ ၎င်းတို့သည် ကမ္ဘာမြေပေါ်တွင် ဘုရားသခင်ကို အစေခံခဲ့ကြသည့် လူများ ဖြစ်ကြသည်။ ဘုရားသခင်သည် ဤအမည်နာမကို မည်သို့ တွေးထင်ခဲ့သနည်း။ သူသည် ၎င်းတို့ကို အဘယ်ကြောင့် ထိုသို့ ခေါ်ဆိုခဲ့သနည်း။ ဘုရားသခင်သည် လူတို့ကို သူခေါ်သည့် အမည်နာမများအတွက် သူ၏ စိတ်နှလုံးထဲတွင် စံသတ်မှတ်ချက်များ ရှိပါသလော။ သေချာပေါက် ရှိပေသည်။ ဘုရားသခင်သည် လူတို့ကို ဖြောင့်မတ်သောသူ၊ စုံလင်သောသူ၊ တည်ကြည်သောသူ သို့မဟုတ် အစေခံများဟု မည်သို့ပင် ခေါ်ပါစေ သူ၌ စံနှုန်းများရှိသည်။ သူသည် တစ်စုံတစ်ဦးကို သူ၏အစေခံဟု ခေါ်သည့်အခါ၊ ဤလူသည် သူ၏ စေတမန်များကို လက်ခံနိုင်သည်၊ သူ၏ အမိန့်များကို လိုက်လျှောက်နိုင်ပြီး၊ စေတမန်များ မိန့်သည့် အရာတို့ကို ဆောင်ရွက်နိုင်သည်ဟု ခိုင်မာသော ယုံကြည်မှု ရှိပေသည်။ ဤလူသည် မည်သည့်အရာကို ဆောင်ရွက်သနည်း။ ကမ္ဘာမြေကြီးပေါ်၌ လုပ်ဆောင်ရန်နှင့် ထမ်းရွက်ရန် လူသားကို ဘုရားသခင် မိန့်ကြားထားသော အရာတို့ကို ၎င်းတို့ ဆောင်ရွက်ပေသည်။ ထိုအချိန်က ကမ္ဘာမြေပေါ်တွင် လုပ်ဆောင်ရန်နှင့် ထမ်းရွက်ရန် လူကို ဘုရားသခင် စေခိုင်းခဲ့သော အရာများကို ဘုရားသခင်၏ လမ်းခရီးဟု ခေါ်ဆို၍ရနိုင်မည်လော။ ခေါ်ဆို၍မရနိုင်ပေ။ အကြောင်းမှာ ထိုအချိန်တွင်၊ ဘုရားသခင်သည် လူတို့ကို ရိုးရှင်းသော အမှုအရာ အနည်းငယ်ကိုသာ လုပ်ဆောင်ဖို့ စေခိုင်းခဲ့သည့်အတွက် ဖြစ်သည်။ သူသည် လူကို ဤအရာ သို့မဟုတ် ထိုအရာ လုပ်ရန်သာ ပြောရင်း၊ ရိုးရှင်းသော အမိန့်အနည်းငယ်ကို မိန့်မြွက်ခဲ့ကာ မည်သည့်အရာမျှ မပိုခဲ့ပေ။ ဘုရားသခင်သည် သူ၏ အစီအစဉ်အတိုင်း အမှုပြုနေခဲ့ပေသည်။ ထိုအချိန်က အခြေအနေများစွာတို့သည် ရောက်ရှိခြင်းမရှိခဲ့သေးသောကြောင့်၊ အချိန် မကျသေးသကဲ့သို့ ဘုရားသခင်၏ လမ်းခရီးကို လူတို့ခံယူရန် ခက်ခဲခဲ့သောကြောင့်၊ ဘုရားသခင်၏ လမ်းခရီးကို ဘုရားသခင်၏ စိတ်နှလုံးထဲမှ စတင် မထုတ်ပြန်ရသေးပေ။ သုံးဆယ် ဖြစ်စေ နှစ်ဆယ် ဖြစ်စေ- ဤနေရာတွင် ငါတို့မြင်ရသည့် ဘုရားသခင် ပြောခဲ့သော ဖြောင့်မတ်သောလူများကို သူသည် သူ၏ အစေခံများအဖြစ် မြင်ခဲ့သည်။ ဘုရားသခင်၏ စေတမန်များသည် ဤအစေခံများထံ ရောက်လာသည့်အခါတွင်၊ ၎င်းတို့သည် စေတမန်များကို လက်ခံနိုင်ခဲ့ကြပြီး၊ ၎င်းတို့၏ မိန့်ဆိုချက်များကို လိုက်လျှောက်နိုင်ခဲ့ကြကာ ၎င်းတို့၏ စကားများအတိုင်း ပြုမူနိုင်ခဲ့ကြသည်။ ဤသည်မှာ ဘုရားသခင်၏အမြင်တွင် အစေခံများဖြစ်ခဲ့ကြသူများအနေဖြင့် လုပ်ဆောင်သင့်ပြီး ရရှိသင့်သောအရာ အတိအကျ ဖြစ်ခဲ့ပေသည်။ ဘုရားသခင်သည် လူတို့အတွက် သူ၏အမည်နာမများ၌ အမြော်အမြင်ရှိသည်။ သူက ၎င်းတို့ကို သူ၏ အစေခံများဟု ခေါ်ခဲ့သည်မှာ ၎င်းတို့သည် ယခု သင်တို့ကဲ့သို့ ဖြစ်ကြသောကြောင့် မဟုတ်- တရားဟောချက်များစွာကို ၎င်းတို့ ကြားနာခဲ့ရသောကြောင့်၊ ဘုရားသခင်ပြုရမည့်အရာကို သိခဲ့ကြသောကြာင့်၊ ဘုရားသခင်၏အလိုကို များစွာသိနားလည်ခဲ့ပြီး သူ၏စီမံခန့်ခွဲမှုအစီအစဉ်ကို သဘောပေါက်ခြင်းကြောင့် မဟုတ်ဘဲ- ၎င်းတို့သည် ၎င်းတို့၏ လူ့သဘာဝ၌ ရိုးသားပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လိုက်နာနိုင်ခဲ့ကြသောကြောင့် ဖြစ်သည်၊ ဘုရားသခင်သည် ၎င်းတို့ကို မိန့်ဆိုခဲ့ချိန်တွင်၊ ၎င်းတို့သည် ၎င်းတို့လုပ်နေခဲ့ကြသည့် အရာများကို ဘေးဖယ်နိုင်ခဲ့ကြပြီး ဘုရားသခင်မိန့်ဆိုခဲ့ပြီးသည့် အရာကို ဆောင်ရွက်နိုင်ခဲ့ကြသောကြောင့် ဖြစ်သည်။ ထိုကြောင့် ဘုရားသခင်အတွက် အစေခံ ဂုဏ်ပုဒ်၌ရှိသည့် အခြားသော အဓိပ္ပာယ် အတိမ်အနက်မှာ ၎င်းတို့သည် ကမ္ဘာမြေပေါ်၌ သူ၏အမှုနှင့် ပူးပေါင်းလုပ်ဆောင်ခဲ့ကြပြီး ၎င်းတို့အနေဖြင့် ဘုရားသခင်၏ စေတမန်များ မဟုတ်ခဲ့ကြသော်လည်း၊ ကမ္ဘာမြေပေါ်တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဆောင်ရွက်ပိုင်သူများနှင့် အကောင်အထည်ဖော်ဆောင်သူများ ဖြစ်ခဲ့ကြသည်ဟူ၍ ဖြစ်သည်။ ထို့နောက် ဤအစေခံများ သို့မဟုတ် ဖြောင့်မတ်သောလူများသည် ဘုရားသခင်၏ စိတ်နှလုံးထဲတွင် အလွန်အလေးထားသောသူများဖြစ်သည်ကို သင်တို့ မြင်ကြရသည်။ ကမ္ဘာမြေပေါ်တွင် ဘုရားသခင် စတင်မည့် အမှုသည် သူနှင့် ပူးပေါင်းလုပ်ဆောင်မည့် လူများ မရှိဘဲ ဖြစ်နိုင်ခဲ့မည် မဟုတ်သကဲ့သို့၊ ဘုရားသခင်၏အစေခံများ လက်ခံ ဆောင်ရွက်ခဲ့ကြသော အခန်းကဏ္ဍသည် ဘုရားသခင်၏ စေတမန်များအားဖြင့် အစားထိုး၍ မရနိုင်ပေ။ ဤအစေခံများအပေါ် ဘုရားသခင် မိန့်ဆိုခဲ့သော အလုပ်အသီးသီးသည် သူ့အဖို့ အလွန်အရေးကြီး၏၊ ထို့ကြောင့် သူသည် ၎င်းတို့ကို အဆုံးရှုံး မခံနိုင်ခဲ့ပေ။ ဤအစေခံများ၏ ဘုရားသခင်နှင့် ပူးပေါင်း လုပ်ဆောင်ခြင်း မရှိဘဲ၊ လူသားမျိုးနွယ်အလယ် သူ၏ အမှုသည် လုံးဝဥဿုံရပ်သွားခဲ့မည်ဖြစ်သည်၊ ယင်း၏အကျိုးဆက်အနေဖြင့် ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်နှင့် ဘုရားသခင်၏ မျှော်လင့်ချက်များသည် အချည်းနှီးဖြစ်လာမည် ဖြစ်သည်။
ဘုရားသခင်သည် သူဂရုစိုက်သောသူများအပေါ် အလျှံပယ် သနားကရုဏာစိတ်ရှိပြီး၊ သူရွံ့မုန်းကာ ငြင်းပယ်သောသူများအပေါ် အကြီးအကျယ် ဒေါသထွက်သည်
သမ္မာကျမ်းစာ၏ ဖြစ်စဉ်များတွင် သောဒုံမြို့၌ ဘုရားသခင်၏ အစေခံဆယ်ဦး ရှိခဲ့သလော။ မရှိခဲ့ပေ၊ ထိုမြို့သည် ဘုရားသခင်၏ ချမ်းသာပေးခြင်းနှင့် ထိုက်တန်ခဲ့သလော။ မြို့ထဲမှ တစ်ဦးတည်းသော လူတစ်ဦး- လောတသာ- ဘုရားသခင်၏ စေတမန်များကို လက်ခံခဲ့သည်။ ဤအရာ၏ ဂယက်ရိုက်ခတ်မှုမှာ မြို့ထဲ၌ ဘုရားသခင်၏ အစေခံတစ်ဦးသာ ရှိခဲ့သောကြောင့်၊ ဘုရားသခင်သည် လောတကို ကယ်တင်ရန်နှင့် သောဒုံမြို့ကို ဖျက်ဆီးရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိခဲ့ပေ။ အထက်တွင် ကိုးကားထားသည့် အာဗြဟံနှင့် ဘုရားသခင်ကြားက အပြန်အလှန် စကားပြောဆိုခြင်းများသည် ရိုးရှင်းသည်ဟု ထင်ရသော်လည်း၊ ၎င်းတို့သည် အလွန်နက်နဲသောအရာ တစ်စုံတစ်ခုကို သရုပ်ဖော်ပြပေသည်- ဘုရားသခင်၏ လုပ်ရပ်များအဖို့ အခြေခံသဘောတရားများရှိပြီး ဆုံးဖြတ်ချက်တစ်ခု မချမီတွင် သူသည် လေ့လာရင်းနှင့် ချင့်ချိန်ရင်း အချိန်ကြာမြင့်စွာ ကုန်ဆုံးလေသည်။ အချိန်မတန်မီ သူသည် မည်သည့် ဆုံးဖြတ်ချက်ကိုမျှ ချမှတ်မည်မဟုတ်သကဲ့သို့၊ မည်သည့်ကောက်ချက် ချခြင်းကိုမျှ ချက်ချင်းရမ်းသန်း ပြုမည် မဟုတ်ပေ။ ဘုရားသခင်သည် သောဒုံမြို့ထဲ၌ ဖြောင့်မတ်သောသူ အယောက် လေးဆယ်၊ သုံးဆယ် သို့မဟုတ် နှစ်ဆယ် မရှိသည်ကို သိနှင့်နေခဲ့သည့်အတွက်၊ ထိုမြို့ကို ဖျက်ဆီးရန်ဖြစ်သော ဘုရားသခင်၏ ဆုံးဖြတ်ချက်မှာ အနည်းငယ်မျှပင် မမှားယွင်းသည်ကို အာဗြဟံနှင့် ဘုရားသခင်တို့ ကြားက အပြန်အလှန်ပြောဆိုမှုများက ငါတို့ကို ပြသပေသည်။ ဆယ်ဦးပင် မရှိခဲ့ပေ။ ထိုမြို့၌ ရှိခဲ့သည့် တစ်ဦးတည်းသော ဖြောင့်မတ်သူမှာ လောတဖြစ်သည်။ သောဒုံ၌ ဖြစ်ခဲ့သမျှ အရာအားလုံးနှင့် ယင်း၏ အခြေအနေများကို ဘုရားသခင်သည် လေ့လာစောင့်ကြည့်ခဲ့ပြီး ယင်းတို့ကို ဘုရားသခင်သည် ကောင်းကောင်း သိကျွမ်းခဲ့ပေသည်။ ထို့ကြောင့် သူ၏ဆုံးဖြတ်ချက်မှာ မှားယွင်းနိုင်မည်မဟုတ်ပေ။ ဆန့်ကျင်ဘက် အနေဖြင့်၊ ဘုရားသခင်၏ အနန္တတန်ခိုးနှင့် နှိုင်းဆပါက၊ လူသည် အလွန်ထုံထိုင်းသည်၊ အလွန် မိုက်မဲပြီး မသိနားမလည်ဖြစ်သည်၊ အလွန် အမြော်အမြင် မရှိပေ။ ဤသည်မှာ အာဗြဟံနှင့် ဘုရားသခင်ကြားက အပြန်အလှန် စကားပြောခြင်းများတွင် ငါတို့ မြင်ရသည့်အရာ ဖြစ်သည်။ ဘုရားသခင်သည် သူ၏ စိတ်သဘောထားကို အစအဦးမှ ယနေ့ထိတိုင် ဖော်ပြလျက်ရှိသည်။ ထိုနည်းတူ ဤနေရာတွင် ငါတို့ မြင်သင့်သော ဘုရားသခင်၏ စိတ်သဘောထား ရှိပေသည်။ ကိန်းဂဏန်းများမှာ ရိုးရှင်းသည်- မည်သည့်အရာကိုမျှ သရုပ်ပြခြင်း မရှိ- သို့သော်လည်း ဤနေရာတွင် ဘုရားသခင်၏ စိတ်သဘောထားနှင့်သက်ဆိုင်သည့် အလွန် အရေးကြီးသော ဖော်ပြချက်တစ်ခု ရှိ၏။ ဘုရားသခင်သည် ဖြောင့်မတ်သောသူ အယောက်ငါးဆယ်ကြောင့် မြို့ကိုဖျက်ဆီးလိမ့်မည် မဟုတ်ခဲ့ပေ။ ဤသည်မှာ ဘုရားသခင်၏ သနားကရုဏာကြောင့် ဖြစ်သလော။ ယင်းသည် သူ၏ ချစ်ခြင်းမေတ္တာနှင့် သည်းခံခြင်းကြောင့် ဖြစ်သလော။ သင်တို့သည် ဘုရားသခင် စိတ်သဘောထား၏ ဤရပ်တည်ချက်ကို မြင်ဖူးပါသလော။ ဖြောင့်မတ်သောသူ ဆယ်ဦးရှိခဲ့လျှင်ပင်၊ ဘုရားသခင်သည် ဤဖြောင့်မတ်သောလူ ဆယ်ဦးကြောင့် မြို့ကို ဖျက်ဆီးခဲ့လိမ့်မည် မဟုတ်ပေ။ ဤသည်မှာ ဘုရားသခင်၏ သည်းခံခြင်းနှင့် ချစ်ခြင်းမေတ္တာလော သို့မဟုတ် ဤသည်မှာ ဘုရားသခင်၏ သည်းခံခြင်းနှင့် ချစ်ခြင်းမေတ္တာ မဟုတ်သလော။ ထိုဖြောင့်မတ်သောလူများအပေါ် ဘုရားသခင်၏ သနားကရုဏာ၊ သည်းခံခြင်းနှင့် အရေးထားခြင်းတို့ကြောင့် ထိုမြို့ကို သူဖျက်ဆီးခဲ့လိမ့်မည် မဟုတ်ပေ။ ဤသည်မှာ ဘုရားသခင်၏ သည်းခံခြင်း ဖြစ်သည်။ နောက်ဆုံးတွင် မည်သည့်ရလဒ်ကို ငါတို့မြင်ရသနည်း။ အာဗြဟံက၊ “တစ်ဆယ်ကို တွေ့ကောင်း တွေ့တော်မူလိမ့်မည်။” ဟု ဆိုသောအခါ၊ ဘုရားသခင်က “ငါမဖျက်ဆီးဘဲနေမည်။” ဟု ဆိုခဲ့သည်။ ထို့နောက်တွင်၊ အာဗြဟံသည် နောက်ထပ်မပြောတော့ပေ- အဘယ်ကြောင့်ဆိုသော် သောဒုံမြို့အတွင်းတွင် သူရည်ညွှန်းခဲ့သည့် ဖြောင့်မတ်သောသူ ဆယ်ဦးမရှိခဲ့သည့်အတွက် သူ၌ နောက်ထပ်ပြောစရာ မရှိတော့ပေ၊ ပြီးလျှင် ထိုအချိန်တွင် ဘုရားသခင်သည် သောဒုံကို ဖျက်ဆီးရန် အဘယ်ကြောင့် ဆုံးဖြတ်ခဲ့ပြီးဖြစ်သည်ကို သူနားလည်ခဲ့သည်။ ဤအရာတွင် ဘုရားသခင်၏ မည်သည့်စိတ်သဘောထားကို သင်တို့ မြင်ကြရသနည်း။ ဘုရားသခင်သည် မည်ကဲ့သို့ဆုံးဖြတ်ချက်မျိုးကို ချမှတ်ခဲ့သနည်း။ အကယ်၍ မြို့၌ ဖြောင့်မတ်သောသူ ဆယ်ဦး မရှိခဲ့ပါက၊ ဘုရားသခင်သည် ၎င်းကို တည်ရှိစေရန် အခွင့်ပေးမည် မဟုတ်ဘဲ မလွဲဧကန် ဖျက်ဆီးပစ်မည်ဟု ဘုရားသခင် စိတ်ဆုံးဖြတ်ခဲ့ပေသည်။ ဤသည်မှာ ဘုရားသခင်၏ အမျက်ဒေါသ မဟုတ်လော။ ဤအမျက်သည် ဘုရားသခင်၏ စိတ်သဘောထားကို ကိုယ်စားပြုသလော။ ဤစိတ်သဘောထားသည် ဘုရားသခင်၏ သန့်ရှင်းသော အနှစ်သာရ၏ ဖွင့်ပြချက် ဖြစ်သလော။ ယင်းမှာ လူတို့ ပြစ်မှား၍ မရသည့် ဘုရားသခင်၏ ဖြောင့်မတ်သော အနှစ်သာရနှင့် သက်ဆိုင်သည့် ဖွင့်ပြချက် ဖြစ်သလော။ သောဒုံ၌ ဖြောင့်မတ်သောသူ ဆယ်ဦး မရှိသည်ကို အတည်ပြုလျက်၊ ဘုရားသခင်သည် ထိုမြို့ကို ဖျက်ဆီးရန်မှာ သေချာခဲ့ပြီး ထိုမြို့အတွင်းရှိ လူတို့သည် ဘုရားသခင်ကို ဆန့်ကျင်ခဲ့ကြသည့်အတွက်၊ ပြီးလျှင် ၎င်းတို့သည် အလွန် ညစ်ညူးပြီး ဖောက်ပြန်ပျက်စီးခဲ့ကြသောကြောင့် ၎င်းတို့ကို ပြင်းထန်စွာ အပြစ်ပေးမည် ဖြစ်သည်။
ငါတို့သည် ဤကျမ်းပိုဒ်များကို ဤနည်းဖြင့် အဘယ်ကြောင့် စိစစ်ခဲ့ပြီးဖြစ်သနည်း။ ယင်းမှာ အဘယ်ကြောင့်ဆိုသော် ရိုးရှင်းလှသည့် အနည်းငယ်သော ဤစာကြောင်းများသည် ဘုရားသခင်၏ စိတ်သဘောထား၏ အလျှံပယ်ဖြစ်သော သနားကရုဏာနှင့် အလွန်လေးနက်သော အမျက်ဒေါသတို့၏ အပြည့်အဝ ဖော်ပြချက်တစ်ခု ပေးသောကြောင့် ဖြစ်သည်။ ဖြောင့်မတ်သူတို့ကို တန်ဖိုးထားခြင်းနှင့် ၎င်းတို့ကို သနားကရုဏာထားခြင်း၊ သည်းခံခြင်းနှင့် စောင်မခြင်း ရှိသည့်အတိုင်း တစ်ချိန်တည်းတွင်၊ ဘုရားသခင်၏ စိတ်နှလုံးထဲ၌ သောဒုံမြို့ရှိ ဖောက်ပြန်ပျက်စီးကြပြီးဖြစ်သောသူ အားလုံးအတွက် အလွန် စက်ဆုပ်ရွံရှာမှုတစ်ခု ရှိခဲ့သည်။ ဤသည်မှာ သို့မဟုတ် ယင်းမှာ အလျှံပယ်ဖြစ်သော သနားကရုဏာနှင့် အလွန်လေးနက်သော အမျက်ဒေါသ ဖြစ်ခဲ့သည် မဟုတ်လော။ ဘုရားသခင်သည် ထိုမြို့ကို မည်သည့်နည်းလမ်းဖြင့် ဖျက်ဆီးခဲ့သနည်း။ မီးဖြင့် ဖြစ်သည်။ ပြီးလျှင် သူသည် မီးကို အသုံးပြုလျက် အဘယ်ကြောင့် ဖျက်ဆီးခဲ့သနည်း။ မီးလောင်ကျွမ်းသော တစ်စုံတစ်ရာကို သင်မြင်သည့်အခါ သို့မဟုတ် တစ်စုံတစ်ခုကို သင်မီးရှို့တော့မည့် အချိန်တွင်၊ ယင်းအပေါ် သင်၏ ခံစားချက်များမှာ အဘယ်နည်း။ ယင်းကို သင်အဘယ်ကြောင့် မီးရှို့ချင်သနည်း။ ယင်းကို သင် မလိုအပ်တော့၊ ယင်းကို သင် မကြည့်ချင်တော့ဟု ခံစားရသလော။ ယင်းကို သင်စွန့်ပစ်လိုသလော။ မီးကို ဘုရားသခင် အသုံးပြုရခြင်းသည် စွန့်ပစ်ခြင်းနှင့် မုန်းတီးခြင်းကို ဆိုလိုပြီး၊ သူသည် သောဒုံမြို့ကို မမြင်လိုတော့သည့် အဓိပ္ပာယ်ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်ကို သောဒုံမြို့အား မီးဖြင့် လုံးလုံးလျားလျား ဖြိုပစ်စေခဲ့သော စိတ်ခံစားချက် ဖြစ်သည်။ မီးကို အသုံးပြုခြင်းသည် ဘုရားသခင် မည်မျှအမျက်ထွက်ခဲ့သည်ကိုသာ သရုပ်ဖော်ပေသည်။ ဘုရားသခင်၏ သနားကရုဏာနှင့် သည်းခံခြင်းသည် ဧကန်အမှန် တည်ရှိသော်လည်း၊ ဘုရားသခင်သည် သူ၏ အမျက်ကို လွှတ်သည့်အချိန် ဘုရားသခင်၏ သန့်ရှင်းခြင်းနှင့် ဖြောင့်မတ်ခြင်းတို့သည်လည်း ပြစ်မှားခြင်းကို သည်းခံမည် မဟုတ်သော ဘုရားသခင်၏ သဘောထားကို လူအား ပြသပေသည်။ လူသည် ဘုရားသခင်၏ ပညတ်များကို အပြည့်အဝ နာခံနိုင်စွမ်းရှိပြီး ဘုရားသခင်၏ သတ်မှတ်ချက်များနှင့်အညီ ပြုမူနိုင်စွမ်းရှိသည့်အခါ၊ ဘုရားသခင်သည် လူသားအပေါ် သူ၏ သနားကရုဏာ၌ အလျှံပယ်ဖြစ်လေသည်။ လူသည် ဖောက်ပြန်ပျက်စီးခြင်း၊ မုန်းတီးမှုနှင့် ကိုယ်တော့်ကို ရန်လိုမှုတို့ဖြင့် ပြည့်နှက်သည့်အခါတွင်၊ ဘုရားသခင်သည် အကြီးအကျယ် အမျက်ထွက်လေ၏။ သူသည် မည်သည့် အတိုင်းအတာအထိ အကြီးအကျယ် အမျက်ထွက်သနည်း။ ဘုရားသခင်သည် လူ၏ အတိုက်အခံပြုခြင်းနှင့် မကောင်းမှု ဒုစရိုက်များကို မမြင်ရတော့သည်အထိ၊ ၎င်းတို့သည် သူ၏မျက်စိရှေ့မှောက်တွင် မရှိကြတော့သည့်အထိ သူ၏အမျက်သည် ရှည်ကြာလိမ့်မည်။ ထို့နောက်တွင်မှ ဘုရားသခင်၏ အမျက်ဒေါသသည် ကွယ်ပျောက်လိမ့်မည်။ တစ်နည်းအားဖြင့် လူသည် မည်သူဖြစ်ပါစေ၊ အကယ်၍ ၎င်းတို့၏ စိတ်နှလုံးများသည် ဘုရားသခင်နှင့် ဝေးကွာလာပြီး ဘုရားသခင်ထံမှ လှည့်ထွက်သွားကာ၊ မည်သည့်အခါမျှ ပြန်လာခြင်းမရှိပါက၊ တွေ့မြင်ရသည်မှာ သို့မဟုတ် ၎င်းတို့၏ ဓမ္ဓဓိဌာန်မကျသော လိုအင်များအရ၊ ၎င်းတို့သည် မိမိတို့၏ ခန္ဓာကိုယ် သို့မဟုတ် မိမိတို့၏ အတွေးတွင် ဘုရားသခင်ကို မည်သို့ ကိုးကွယ်ကာ လိုက်လျှောက်ပြီး နာခံရန် ဆန္ဒရှိကြသည်ဖြစ်စေ၊ ဘုရားသခင်၏ အမျက်သည် မရပ်မနား ပွင့်အန်ထွက်မည် ဖြစ်သည်။ ယင်းမှာ လူကို လုံလောက်သော အခွင့်အရေးများ ပေးထားလျက်၊ ဘုရားသခင်သည် သူ၏ အမျက်ဒေါသကို အလွန်အမင်း ထုတ်လွှတ်သည့်အခါတွင်၊ ထုတ်လွှတ်သည်နှင့်တစ်ပြိုင်နက် ပြန်ရုပ်သိမ်းခြင်းငှာ မည်သို့မျှ ဖြစ်နိုင်မည်မဟုတ်သကဲ့သို့၊ သူသည် ထိုသို့သော လူသားမျိုးနွယ်နှင့် သက်ဆိုင်၍၊ တစ်ဖန် လုံးဝ သနားကရုဏာနှင့် သည်းခံခြင်း ရှိမည် မဟုတ်ပေ။ ဤသည်မှာ ပုန်ကန်ပြစ်မှားခြင်းကို သည်းမခံသည့် ဘုရားသခင်၏ စိတ်သဘောထား၏ တစ်ဘက်ခြမ်း ဖြစ်သည်။ ဤနေရာတွင် ဘုရားသခင်၏ အမြင်၌ အပြစ်နှင့် ပြည့်နှက်သော မြို့တစ်မြို့သည် တည်ရှိနိုင်မည်မဟုတ်သကဲ့သို့၊ ဆက်လက် ကျန်ရှိနေ၍ မရနိုင်သည့်အတွက်၊ ပြီးလျှင် ယင်းသည် ဘုရားသခင်၏ ဖျက်ဆီးခြင်းကို ခံသင့်သည်မှာ ယုတ္တိတန်သည့်အတွက်၊ ဘုရားသခင်သည် မြို့တစ်မြို့ကို ဖျက်ဆီးမည်မှာ လူတို့အဖို့ ပုံမှန်ဖြစ်သည်ဟု ထင်ရပေသည်။ သို့သော် သောဒုံမြို့ကို သူ၏ ဖျက်ဆီးခြင်း မတိုင်မီနှင့် နောက်ပိုင်းတွင် ဖြစ်ပျက်ခဲ့သောအရာတွင် ဘုရားသခင်၏ စိတ်သဘောထား အလုံးစုံကို ငါတို့ မြင်ရပေသည်။ သူသည် ကြင်နာမှုရှိကာ လှပပြီး ကောင်းမြတ်သောအရာများအပေါ် သည်းခံပြီး သနားကရုဏာ ရှိသည်။ ဆိုးယုတ်ပြီး အပြစ်နှင့်ပြည့်ကာ ကောက်ကျစ်သော အရာများအပေါ် သူသည် အကြီးအကျယ် အမျက်ထွက်သည်မှာ သူ၏အမျက်၌ မရပ်စဲနိုင်လောက်အောင် ဖြစ်ပေသည်။ ဤသည်တို့မှာ ဘုရားသခင်၏ စိတ်သဘောထား၏ အဓိကကျပြီး အရေးပါဆုံးသော ရှုထောင့်နှစ်ခု- အလျှံပယ်ဖြစ်သော သနားကရုဏာနှင့် အလွန် လေးနက်သော အမျက်ဒေါသ- ဖြစ်သည့်အပြင်၊ ဘုရားသခင်သည် ၎င်းတို့ကို အစမှအဆုံး ထုတ်ဖော်ပြခဲ့ပြီးဖြစ်သည်။ သင်တို့ အများစုသည် ဘုရားသခင်၏ သနားကရုဏာနှင့် သက်ဆိုင်သည့် အရာတစ်ခုကို ခံစားကြရပြီးဖြစ်သော်လည်း၊ သင်တို့ထဲမှ အလွန်နည်းပါးသော သူတို့သည် ဘုရားသခင်၏အမျက်ကို အသိအမှတ်ပြုမိကြပြီး ဖြစ်သည်။ ဘုရားသခင်၏ သနားကရုဏာနှင့် ချစ်ခင်ကြင်နာခြင်းကို လူအယောက်တိုင်း၌ မြင်နိုင်ပေသည်၊ ဆိုလိုသည်မှာ ဘုရားသခင်သည် လူအယောက်တိုင်းအပေါ် အလျှံပယ် သနားကရုဏာ ထားရှိပြီးဖြစ်၏။ သို့သော် ဘုရားသခင်သည် သင်တို့ထဲမှ တစ်ဦးတစ်ယောက်ကို သို့မဟုတ် လူတစ်စုတစ်လေကို အကြီးအကျယ် အမျက်ထွက်ခဲ့ခြင်းမှာ အလွန်ကြုံတောင့်ကြုံခဲဖြစ်သည် သို့မဟုတ် မည်သည့်အခါတွင်မျှ မရှိဟူ၍ ဆိုနိုင်ပါသည်။ စိတ်ကိုလျှော့လော့။ လူအယောက်တိုင်းသည် ဘုရားသခင်၏ အမျက်ကို အနှေးနှင့် အမြန် မြင်ကြရပြီး တွေ့ကြုံကြရလိမ့်မည် ဖြစ်သော်လည်း ယခု အချိန်မကျသေးပေ။ ဤသည်မှာ အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် တစ်စုံတစ်ဦးအပေါ် စဉ်ဆက်မပြတ် အမျက်ထွက်သည့်အခါ၊ သူသည် ၎င်းတို့အပေါ် သူ၏ပြင်းထန်သော အမျက်ကို ထုတ်လွှတ် သည့်အခါတွင်၊ ဤသည်မှာ သူသည် အချိန်ကြာမြင့်စွာကတည်းက ဤလူကို အလွန်မုန်းတီးပြီး ငြင်းပယ်ပြီးဖြစ်သည်၊ သူသည် ၎င်းတို့၏ တည်ရှိခြင်းကို စက်ဆုပ်ပြီး၊ ၎င်းတို့၏ တည်ရှိခြင်းအား သည်းမခံနိုင်သည်ကို ဆိုလိုပေသည်။ ၎င်းတို့အပေါ် သူ၏အမျက် သင့်ရောက်လျှင်သင့်ရောက်ချင်း၊ ၎င်းတို့ ကွယ်ပျောက် သွားကြလိမ့်မည်။ ယနေ့တွင် ဘုရားသခင်၏ အမှုသည် ထိုအဆင့်သို့ မရောက်ရှိသေးပေ။ ဘုရားသခင်သည် အပြင်းအထန် အမျက်ထွက်သည်နှင့်တစ်ပြိုင်နက် သင်တို့ထဲမှ မည်သူမျှ ခံနိုင်ကြလိမ့်မည် မဟုတ်။ ထိုအခါ ဘုရားသခင်သည် ဤအချိန်တွင် သင်တို့အားလုံးအပေါ် အလျှံပယ် သနားကရုဏာသာရှိပြီး၊ သင်တို့သည် သူ၏ပြင်းထန်သော အမျက်ကို မမြင်ကြသေးသည်ကို သင်တို့မြင်ကြရလိမ့်မည်။ အကယ်၍ ယုံကြည်လက်ခံခြင်း မရှိသေးသောလူများ ရှိပါက၊ သင်တို့သည် ဘုရားသခင်၏ အမျက်နှင့် မည်သည့် ပုန်ကန်ပြစ်မှားခြင်းကိုမျှ သည်းမခံသည့် သူ၏ စိတ်သဘောထား အမှန်တကယ် တည်ရှိခြင်း ရှိ မရှိကို သင်တို့ တွေ့ကြုံကောင်း တွေ့ကြုံနိုင်ကြဖို့အလို့ငှာ၊ သင်တို့အပေါ် ဘုရားသခင်၏ အမျက်ဒေါသ ရောက်လာဖို့ သင်တို့ တောင်းဆိုနိုင်သည်။ သင်တို့ လုပ်ဝံ့ပါသလော။
နောက်ဆုံးသော ကာလ၏ လူများသည် ဘုရားသခင်၏ အမျက်ကို သူ၏ နှုတ်ကပတ်တော်များထဲတွင်သာ မြင်ရပြီး ဘုရားသခင်၏ အမျက်ကို အမှန်တကယ် တွေ့ကြုံခံစားရခြင်း မရှိပေ
ဤကျမ်းပိုဒ်များထဲတွင် မြင်ရသည့် ဘုရားသခင်၏ စိတ်သဘောထားနှင့်သက်ဆိုင်သည့် မျက်နှာပြင်နှစ်ဘက်သည် မိတ်သဟာယပြု ထိုက်သလော။ ဤအဖြစ်အပျက်ကို ကြားရခြင်းဖြင့်၊ သင်တို့သည် ဘုရားသခင်နှင့်သက်ဆိုင်သည့် အသစ်ပြုပြင်သော အသိတစ်ခု ရှိကြသလော။ မည်သည့် သိနားလည်မှုမျိုး သင်တို့ ရှိကြသနည်း။ ဖန်ဆင်းခြင်း အချိန်မှသည် ယနေ့ထိတိုင် မည်သည့်အုပ်စုမျှ ဤနောက်ဆုံး အုပ်စုလောက် ဘုရားသခင်၏ ကျေးဇူးတော် သို့မဟုတ် သနားကရုဏာနှင့် ချစ်ခင်ကြင်နာခြင်းကို များစွာပျော်မွေ့ခံစားခဲ့ရခြင်း မရှိဟု ဆိုနိုင်သည်။ နောက်ဆုံးသော အဆင့်တွင် ဘုရားသခင်သည် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းအမှုကို လုပ်ဆောင်ပြီးဖြစ်ကာ သူ၏ အမှုကို ဘုန်းအာနုဘော်နှင့် အမျက်ဒေါသတို့ဖြင့် လုပ်ဆောင်ပြီး ဖြစ်သော်လည်း ဘုရားသခင်သည် သူ၏အမှုကို ပြီးမြောက်ရန် နှုတ်ကပတ်တော်များကိုသာ အချိန်အများစု၌ အသုံးပြုပေသည်။ သူသည် သွန်သင်ကာ ရေလောင်းပေးဖို့၊ ထောက်ပံ့ကာ ကျွေးမွေးဖို့ နှုတ်ကပတ်တော်များကို အသုံးပြုသည်။ ထိုအချိန်အတောအတွင်းတွင် ဘုရားသခင်၏ အမျက်သည် အမြဲတစေ ကွယ်ဝှက်ထားပြီး ဘုရားသခင်၏ အမျက်ဒေါသ စိတ်သဘောထားကို သူ၏ နှုတ်ကပတ်တော်များထဲတွင် တွေ့ကြုံရခြင်းမှလွဲ၍ အလွန်နည်းပါးသော လူများသည် သူ၏အမျက်ကို လူကိုယ်တိုင် တွေ့ကြုံကြရပြီး ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းအမှု အတောအတွင်းတွင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၌ ထုတ်ဖော်ပြထားသော အမျက်သည် လူတို့အား ဘုရားသခင်၏ ဘုန်းအာနုဘော်နှင့် သူ၏ ပုန်ကန်ပြစ်မှားမှု သည်းမခံခြင်းတို့ကို တွေ့ကြုံခွင့်ပေးသော်လည်း၊ ဤအမျက်သည် သူ၏ နှုတ်ကပတ်တော်များကို ကျော်လွန်ခြင်း မရှိဟု ဆိုရပေမည်။ တစ်နည်းအားဖြင့်၊ ဘုရားသခင်သည် လူကို ပြစ်တင်ဖို့၊ ဖော်ထုတ်ဖို့၊ တရားစီရင်ဖို့၊ ပြစ်တင်ဆုံးမဖို့နှင့် လူကို ရှုတ်ချဖို့ပင် နှုတ်ကပတ်တော်များကို အသုံးပြုသော်လည်း- ဘုရားသခင်သည် လူသားအပေါ် အပြင်းအထန် အမျက်မထွက် ရသကဲ့သို့ သူ၏ နှုတ်ကပတ်တော်များမှအပ လူသားအပေါ် သူ၏အမျက်ကို လွှတ်ရုံမျှပင် မရှိသေးချေ။ ထို့ကြောင့် ဤခေတ်၌ လူက တွေ့ကြုံခံစားရသော ဘုရားသခင်၏ သနားကရုဏာနှင့် ချစ်ခင်ကြင်နာခြင်းသည် ဘုရားသခင်၏ စစ်မှန်သော စိတ်သဘောထား၏ ဖွင့်ပြခြင်းဖြစ်သော်လည်း၊ လူက တွေ့ကြုံခံစားရသည့် ဘုရားသခင်၏ အမျက်သည် သူ၏ မိန့်မြွက်ချက်များ၏ သဘောလက္ခဏာနှင့် အထိအတွေ့ သက်ရောက်မှုမျှသာ ဖြစ်သည်။ လူများစွာက ဤသက်ရောက်မှုကို ဘုရားသခင်၏ အမျက်ဒေါသနှင့်သက်ဆိုင်သည့် စစ်မှန်သော တွေ့ကြုံခံစားမှုနှင့် စစ်မှန်သော အသိအဖြစ် တလွဲယူတတ်ကြသည်။ အကျိုးဆက်အနေဖြင့် လူအများစုက ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲက ဘုရားသခင်၏ သနားကရုဏာနှင့် ချစ်ခင်ကြင်နာခြင်းတို့ကို မြင်ခဲ့ဖူးကြပြီ၊ လူ၏ ပုန်ကန်ပြစ်မှားခြင်းအပေါ် ဘုရားသခင်၏ သည်းမခံခြင်းကိုလည်း ရှုမြင်ကြရပြီးဖြစ်သည်ဟု ယုံကြည်ကြပြီး ၎င်းတို့ထဲမှ အများစုသည် လူသားအပေါ် ဘုရားသခင်၏ သနားကရုဏာနှင့် သည်းခံခြင်းကို အသိအမှတ်ပင်ပြု လာကြပြီးဖြစ်သည်။ သို့သော်လည်း လူ၏အပြုအမူ မည်မျှ ဆိုးသည်ဖြစ်စေ၊ သို့မဟုတ် သူ၏ စိတ်သဘောထား မည်မျှ ဖောက်ပြန်ပျက်စီးသည်ဖြစ်စေ၊ ဘုရားသခင်သည် အမြဲ သည်းခံပြီးဖြစ်သည်။ သည်းခံရာတွင် သူ၏ရည်မှန်းချက်မှာ သူပြောဆိုခဲ့သော နှုတ်ကပတ်တော်များ၊ သူပြုပြီးသော အားထုတ်မှုများနှင့် သူပေးပြီးဖြစ်သည့် အဖိုးအခက သူရယူလိုသော သူများ၌ သက်ရောက်မှု တစ်ခုရရှိဖို့ စောင့်ဆိုင်းရန် ဖြစ်သည်။ ဤသို့သော ရလဒ်တစ်ခုကို စောင့်ဆိုင်းခြင်းသည် အချိန်ယူရပြီး၊ လူတို့အနေဖြင့် ၎င်းတို့ မွေးမွေးချင်း အရွယ်ရောက်သူများ မဖြစ်ကြသည့် နည်းအတိုင်း၊ လူအတွက် မတူညီသော ပတ်ဝန်းကျင်များကို ဖန်ဆင်းပေးခြင်းကို လိုအပ်ပေသည်။ ယင်းသည် ဆယ့်ရှစ်နှစ် သို့မဟုတ် ဆယ့်ကိုးနှစ် ကြာပြီး၊ လူအချို့သည် ၎င်းတို့ တကယ့် လူကြီးတစ်ဦး အဖြစ်သို့ အရွယ်ရောက်လာသည်အထိ အနှစ်နှစ်ဆယ် သို့မဟုတ် သုံးဆယ်ပင် လိုအပ်ပေသည်။ ဘုရားသခင်သည် ဤလုပ်ငန်းစဉ် ပြီးစီးခြင်းကို စောင့်ဆိုင်းနေသည်၊ ထိုသို့သော အချိန်တစ်ချိန် ရောက်ရှိခြင်းကို သူ စောင့်ဆိုင်းနေသည်၊ ပြီးလျှင် သူသည် ဤရလဒ် ရောက်ရှိခြင်းကို စောင့်ဆိုင်းနေသည်။ သူစောင့်ဆိုင်းသည့် အချိန်တစ်လျှောက်တွင်၊ ဘုရားသခင်သည် အလျှံပယ် သနားကရုဏာ ပြည့်ဝသည်။ သို့သော် ဘုရားသခင်၏ အမှု ကာလအတောအတွင်းတွင်၊ အလွန့်အလွန် နည်းပါးလွန်းသော လူအရေအတွက်သည် ဒဏ်ခတ်ခြင်းကို ခံရပြီး အချို့သည် ဘုရားသခင်ကို ၎င်းတို့၏ ဆိုးရွားသည့် ဆန့်ကျင်မှုကြောင့် အပြစ်ပေးခံရလေသည်။ ထိုသို့သော ဥပမာများသည် လူ၏ ပုန်ကန်ပြစ်မှားမှုကို သည်းမခံသော ဘုရားသခင်၏ စိတ်သဘောထားနှင့်သက်ဆိုင်သည့် သာ၍ပင် ကြီးမားသော သက်သေဖြစ်ပြီး ရွေးချယ်ထားသောသူများအပေါ် ဘုရားသခင်၏ သည်းခံခြင်းနှင့် ခံနိုင်ရည်တို့ အမှန်တကယ် တည်ရှိခြင်းကို အပြည့်အဝ အတည်ပြုပေသည်။ ဟုတ်ပေ၏၊ ဤဖြစ်ရိုးဖြစ်စဉ် ဥပမာများတွင် ဤလူများထဲ၌ရှိသည့် ဘုရားသခင်၏ စိတ်သဘောထား တစ်စိတ်တစ်ဒေသနှင့်သက်ဆိုင်သည့် ထုတ်ဖော်ပြခြင်းသည် ဘုရားသခင်၏ ယေဘုယျ စီမံခန့်ခွဲမှု အစီအစဉ်ကို မထိခိုက်ပေ။ အမှန်တွင် ဘုရားသခင်၏အမှု၏ ဤနောက်ဆုံး အဆင့်တွင် ဘုရားသခင်သည် သူစောင့်ဆိုင်းနေခဲ့ပြီးဖြစ်သည့်ကာလ တစ်လျှောက်လုံး သည်းခံပြီးဖြစ်ကာ သူ့နောက် လိုက်သောသူများ၏ ကယ်တင်ခြင်းအတွက် သူ၏ ခံနိုင်ရည်နှင့် သူ၏ အသက်တို့ကို အလဲအလှယ်ပြုပြီး ဖြစ်သည်။ ဤအရာကို သင်တို့ မြင်သလော။ ဘုရားသခင်သည် သူ၏ အစီအစဉ်ကို အကြောင်းရင်း မရှိဘဲ ကမောက်ကမ မဖြစ်စေပေ။ သူသည် သူ၏အမျက်ကို ထုတ်လွှတ်နိုင်ပြီး သူသည် သနားကရုဏာလည်း ပြည့်စုံနိုင်ပေသည်။ ဤသည်မှာ ဘုရားသခင်၏ စိတ်သဘောထား၏ အဓိက အစိတ်အပိုင်းနှစ်ပိုင်းနှင့်သက်ဆိုင်သည့် ထုတ်ဖော်ပြခြင်း ဖြစ်သည်။ ဤသည်မှာ အလွန် ရှင်းသည် ဟုတ်သလော၊ မဟုတ်သလော။ တစ်နည်းအားဖြင့် ဘုရားသခင်နှင့် ပတ်သက်လာသည့်အခါ၊ အမှန် အမှား၊ တရားမျှတခြင်းနှင့် မတရားခြင်း၊ အပြုသဘောဆောင်ခြင်းနှင့် အပျက်သဘောဆောင်ခြင်း- ဤအရာအားလုံးကို လူသားထံ ရှင်းရှင်းလင်းလင်း ပြသထားပေသည်။ မည်သည့် အရာကို သူပြုမည်၊ မည်သည့်အရာကို သူနှစ်သက်သည်၊ မည်သည့်အရာကို သူမုန်းသည်- ဤအရာအားလုံးကို သူ၏စိတ်သဘောထားတွင် တိုက်ရိုက် ထင်ဟပ်စေနိုင်ပေသည်။ ထိုသို့သောအရာများကို ဘုရားသခင်၏ အမှုထဲတွင်လည်း သိသာထင်ရှားစွာနှင့် ရှင်းလင်းစွာ မြင်တွေ့နိုင်ပြီး ၎င်းတို့မှာ မရေရာသောအရာ သို့မဟုတ် ယေဘုယျဖြစ်သည့်အရာ မဟုတ်ပေ။ ယင်းအစား ၎င်းတို့သည် ဘုရားသခင်၏ စိတ်သဘောထား၊ သူ၏အရာအားလုံးနှင့် ဖြစ်ခြင်းကို လူအပေါင်းတို့အား အထူးသဖြင့် ခိုင်လုံကာ မှန်ကန်ပြီး လက်တွေ့ကျသည့် ပုံစံဖြင့် ရှုမြင်ခွင့်ပေးလေသည်။ ဤသည်မှာ စစ်မှန်သော ဘုရားသခင် ကိုယ်တိုင် ဖြစ်သည်။
ဘုရားသခင်၏ စိတ်သဘောထားသည် လူသားထံမှ မည်သည့်အခါတွင်မျှ မကွယ်ဝှက်ဖူးပေ- လူ၏ စိတ်နှလုံးသည် ဘုရားသခင်ထံမှ လမ်းလွဲလေပြီ
အကယ်၍ ဤအရာများအကြောင်းကို ငါမိတ်သဟာယ မပြုခဲ့ပါက၊ သင်တို့ထဲမှ မည်သူမျှ သမ္မာကျမ်းစာ၏ ဖြစ်ရပ်များထဲက ဘုရားသခင်၏ စစ်မှန်သော စိတ်သဘောထားကို ရှုမြင်နိုင်ကြမည် မဟုတ်ပေ။ ဤသည်မှာ အမှန်တရား ဖြစ်သည်။ ယင်းမှာ အဘယ်ကြောင့်ဆိုသော် ဤသမ္မာကျမ်းစာလာ ဖြစ်ရပ်များသည် ဘုရားသခင်ပြုခဲ့သော အမှုအရာ အချို့ကို မှတ်တမ်းတင်ခဲ့သော်လည်း၊ ဘုရားသခင်သည် နှုတ်ကပတ်တော် အနည်းငယ်ကိုသာ ပြောဆိုခဲ့ပြီး သူ၏ စိတ်သဘောထားကို တိုက်ရိုက် မမိတ်ဆက်ခဲ့သောကြောင့် သို့မဟုတ် လူသားထံ သူ၏အလိုကို ပွင့်လင်းစွာ မထုတ်ပြန်ခဲ့သောကြောင့် ဖြစ်သည်။ နောင်လာမျိုးဆက်များသည် ဤမှတ်တမ်းများကို ဖြစ်ရပ်များထက် ပို၍ သဘောမထားကြသောကြောင့်၊ ယင်းမှာ လူတို့အဖို့ ဘုရားသခင်သည် လူတို့ထံမှ မိမိကိုယ်ကိုယ် ကွယ်ဝှက်သည့်ပုံ ပေါ်သည်၊ လူသားထံမှ ကွယ်ဝှက်သည်မှာ ဘုရားသခင်၏ ဇာတိအဖြစ်တော်မဟုတ်ဘဲ၊ သူ၏ စိတ်သဘောထားနှင့် အလိုဖြစ်သည့်ပုံ ပေါ်လေသည်။ ယနေ့ ငါ၏မိတ်သဟာယပြီးသည့်နောက်တွင်၊ ဘုရားသခင်သည် လူသားထံမှ အပြည့်အဝ ကွယ်ဝှက်သည်ဟု သင်တို့ ခံစားရဆဲ ဖြစ်သလော။ ဘုရားသခင်၏ စိတ်သဘောထားသည် လူသားထံမှ ကွယ်ဝှက်သည်ဟု သင် ယုံကြည်ဆဲလော။
ဖန်ဆင်းခြင်း အချိန်ကတည်းက၊ ဘုရားသခင်၏ စိတ်သဘောထားသည် သူ၏အမှုနှင့် လိုက်လျောညီထွေရှိပြီး ဖြစ်သည်။ ယင်းသည် လူသားထံမှ မည်သည့်အခါတွင်မျှ မကွယ်ဝှက်ဖူးဘဲ၊ အပြည့်အဝ ကြေငြာထားကာ လူသားထံ ရှင်းလင်းသွားစေပြီးဖြစ်သည်။ သို့သော်၊ အချိန် ကုန်လွန်လာသည်နှင့်အမျှ၊ လူ၏စိတ်နှလုံးသည် ဘုရားသခင်ထံမှ သာ၍ဝေးကွာပြီးဖြစ်ကာ လူ၏ ဖောက်ပြန်ပျက်စီးခြင်းသည် သာ၍ နက်ရှိုင်းလာသည်နှင့်အမျှ၊ လူနှင့် ဘုရားသခင်သည် ပို၍ ပို၍ ဝေးကွာလာပြီဖြစ်သည်။ လူသည် ဘုရားသခင်၏ မျက်စိအောက်မှ ဖြည်းဖြည်းနှင့်မှန်မှန် ပျောက်ကွယ်ပြီးဖြစ်သည်။ လူသည် ဘုရားသခင်ကို မ “မြင်” နိုင် ဖြစ်လာပြီဖြစ်သည်၊ ယင်းက ဘုရားသခင်၏ မည်သည့် “သတင်း” မျှ မရှိဘဲ ဖြစ်ကျန်ရစ်စေပြီး ဖြစ်သည်။ ထို့ကြောင့် သူသည် ဘုရားသခင် တည်ရှိခြင်း ရှိ မရှိဆိုသည်ကို မသိသကဲ့သို့၊ ဘုရားသခင်၏ တည်ရှိခြင်းကို လုံးဝ ငြင်းပယ်သည်အထိပင် ဖြစ်လေသည်။ အကျိုးဆက်အနေဖြင့် လူသည် ဘုရားသခင်၏ စိတ်သဘောနှင့် သူ၏အရာအားလုံးနှင့် ဖြစ်ခြင်းကို လူ၏နားမလည်နိုင်ခြင်းမှာ ဘုရားသခင်သည် လူသားထံမှ ကွယ်ဝှက်သောကြောင့်မဟုတ်ဘဲ၊ သူ၏ စိတ်နှလုံးသည် ဘုရားသခင်ထံမှ လှည့်ထွက်သွားသောကြောင့် ဖြစ်ပေသည်။ လူ၏ စိတ်နှလုံးသည် ဘုရားသခင်ထံ မည်သည့်အခါတွင်မျှ တိုးဝင်ချဉ်းကပ်ခြင်း မရှိသကဲ့သို့၊ သူသည် ဘုရားသခင်ကို အမြဲ ရှောင်တိမ်းသည့်အတွက်၊ လူသည် ဘုရားသခင်ကို ယုံကြည်သော်လည်း၊ လူ၏ စိတ်နှလုံး၌ ဘုရားသခင် မရှိသကဲ့သို့၊ သူသည် ဘုရားသခင်ကို အဘယ်သို့ ချစ်ရမည်ကို မသိနားမလည်သည်သာမက၊ ဘုရားသခင်ကို မချစ်လိုပေ။ အကျိုးဆက်အနေဖြင့် လူ၏စိတ်နှလုံးသည် ဘုရားသခင်ထံမှ ဝေးကွာသွားပြီဖြစ်သည်။ သို့ဆိုလျှင် သူ၏ စိတ်နှလုံးသည် မည်သည့်နေရာတွင် ရှိသနည်း။ အမှန်တွင် လူ၏စိတ်နှလုံးသည် မည်သည့်နေရာကိုမျှ ရောက်သွားခြင်း မရှိပေ- ယင်းကို ဘုရားသခင်အား ပေးမည့်အစား သို့မဟုတ် ဘုရားသခင် မြင်စေရန် ယင်းကို ထုတ်ဖော်ပြမည့်အစား၊ သူသည် ယင်းကို သူကိုယ်တိုင် အတွက် သိမ်းထားလေပြီ။ ဤသည်မှာ အချို့က၊ “အို ဘုရားသခင်၊ ကျွန်ုပ်၏ စိတ်နှလုံးကို ကြည့်ရှုတော်မူပါ- ကျွန်ုပ်တွေးသော အရာမှန်သမျှကို ကိုယ်တော် သိပါ၏၊” ဟု မကြာခဏ ဆုတောင်းကာ ဆိုတတ်ကြသော်ငြားလည်း၊ အချို့တို့က အကယ်၍ ၎င်းတို့၏ ကျမ်းသစ္စာကို ၎င်းတို့ ချိုးဖောက်မိပါက၊ အပြစ်ဒဏ်ခတ်ခြင်းကို ခံရကောင်း ခံရရန် ၎င်းတို့အပေါ် ဘုရားသခင် ကြည့်စေရန် ကျိန်ဆိုခြင်းကိုပင် ပြုကြသည်။ လူသည် ဘုရားသခင်ကို သူ၏ စိတ်နှလုံးအတွင်းသို့ ကြည့်ရန် အခွင့်ပေးသော်လည်း၊ ဤသည်မှာ ထိုလူသည် ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များကို နာခံနိုင်စွမ်း ရှိသည်ဟု မဆိုလိုသကဲ့သို့၊ သူသည် သူ၏ ကံကြမ္မာ၊ တက်လမ်းများနှင့် သူ၏အရာအားလုံးကို ဘုရားသခင်၏ ထိန်းချုပ်မှုအောက်၌ ချန်ထားပြီးဖြစ်သည်ဟုလည်း မဆိုလိုပေ။ ထို့ကြောင့် သင်သည် သင်၏ စိတ်နှလုံးကို ဘုရားသခင်အား ကြည့်ရန်သာ ခွင့်ပြုသော်လည်း၊ ယင်းကို ထိန်းချုပ်ရန် သူ့ကို အခွင့်မပေးသည့်အတွက်၊ ဘုရားသခင်ထံ သင် ပြုသည့် ကျမ်းသစ္စာများ သို့မဟုတ် သူ့ထံ သင် တရားဝင်ကြေငြာသည့် အရာကို ပဓာနမထားဘဲ၊ ဘုရားသခင်၏ အမြင်တွင် သင်၏စိတ်နှလုံးသည် သူနှင့် နီးကပ်လျက်ရှိသေး၏။ တစ်နည်းအားဖြင့် သင်သည် သင်၏ စိတ်နှလုံးကို ဘုရားသခင်အား လုံးဝ မပေးသေးသကဲ့သို့၊ ဘုရားသခင် နားထောင်ဖို့အတွက် ကြားကောင်းသော စကားများကိုသာ ပြောလေသည်။ ထိုအတောအတွင်းတွင် သင်သည် သင်၏ လျှို့ဝှက်ကြံစည်ခြင်းများ၊ အကြံအစည်များနှင့် အစီအစဉ်များနှင့်အတူ သင်၏ လှည့်စားတတ်သော ရည်ရွယ်ချက် အမျိုးမျိုးကို ဘုရားသခင်ထံမှ ကွယ်ဝှက်ထားပြီး၊ သင်သည် သင်၏ တက်လမ်းများနှင့် ကံကြမ္မာကို ဘုရားသခင်က ထိုအရာများအား ယူဆောင်သွားမည်ကို အလွန်အမင်း စိုးရွံ့လျက်၊ သင်၏ လက်ထဲတွင် ဖမ်းဆုပ်ထားလေသည်။ ထို့ကြောင့် ဘုရားသခင်သည် သူ့အပေါ် လူသား၏ ရိုးသားစစ်မှန်မှုကို မည်သည့်အခါမျှ မရှုမြင်ရပေ။ ဘုရားသခင်သည် လူ၏ စိတ်နှလုံး အတိမ်အနက်ကို စောင့်ကြည့်လေ့လာပြီး လူက စဉ်းစားနေသော အရာနှင့် သူ၏စိတ်နှလုံးထဲ၌ ပြုလိုသော အရာများကို မြင်နိုင်ကာ၊ သူ၏ စိတ်နှလုံးအတွင်း၌ မည်သည့် အရာများ သိမ်းထားသည်ကို မြင်နိုင်သော်လည်း၊ လူ၏ စိတ်နှလုံးသည် ဘုရားသခင်နှင့် မသက်ဆိုင်သကဲ့သို့ သူသည် ယင်းကို ဘုရားသခင်၏ ထိန်းချုပ်မှုသို့ မပေးအပ်ရသေးချေ။ ဤသည်မှာ ဘုရားသခင်သည် စောင့်ကြည့်ပိုင်ခွင့်ရှိသော်လည်း၊ ထိန်းချုပ်ပိုင်ခွင့် မရှိဟု ဆိုရပေမည်။ လူ၏ ဓမ္မဓိဌာန်မကျသော အသိဉာဏ်ထဲတွင်၊ လူသည် သူ့ကိုယ်သူ ဘုရားသခင်၏ အစီအစဉ်များသို့ မလွှဲအပ်လိုပေ သို့မဟုတ် လွှဲအပ်ရန် မရည်ရွယ်ပေ။ လူသည် ဘုရားသခင်ထံ မိမိကိုယ်ကို ပိတ်ပင်ထားပြီးဖြစ်သည်သာမက၊ မှားယွင်းသော ထင်မြင်ချက်ကို ဖန်တီးရန်နှင့် ဘုရားသခင်၏ ယုံကြည်မှုကို ရယူရန် ပြေပြစ်သော အပြောအဆိုနှင့် မြှောက်လုံးပင့်လုံးကို အသုံးပြုရင်း၊ ပြီးလျှင် ဘုရားသခင်၏ မြင်ကွင်းမှ မိမိတို့၏ စရိုက်အမှန်ကို ဖုံးကွယ်ရင်း၊ မိမိတို့၏ စိတ်နှလုံးများကို လျှို့ဝှက်ဖို့ နည်းလမ်းများကို စဉ်းစားသော လူများပင် ရှိကြလေသည်။ ဘုရားသခင်ကို မြင်ခွင့်မပေးခြင်းတွင် ၎င်းတို့၏ ရည်မှန်းချက်မှာ ၎င်းတို့ အမှန်တကယ် မည်သည့်အရာနှင့် တူသည်ကို ဘုရားသခင်အား သိမြင်ခွင့်မပေးဖို့ ဖြစ်သည်။ ၎င်းတို့သည် ၎င်းတို့၏ စိတ်နှလုံးများကို ဘုရားသခင်အား မပေးလိုကြဘဲ၊ ၎င်းတို့ ကိုယ်တိုင်အတွက် သိမ်းထားလိုကြသည်။ ဤအရာ၏ ဝှက်ထားသော အဓိပ္ပာယ်မှာ လူပြုသောအရာနှင့် သူအလိုရှိသော အရာအားလုံးကို လူကိုယ်တိုင်က စီစဉ်ထားခြင်းဖြစ်သည်၊ တွက်ချက်ထားခြင်းဖြစ်ပြီး ဆုံးဖြတ်ထားခြင်း ဖြစ်ပေသည်။ သူသည် ဘုရားသခင်၏ စီစဉ်ညွှန်ကြားခြင်းနှင့် စီစဉ်ခြင်းတို့ကို လိုအပ်ဖို့မဆိုထားနှင့် ဘုရားသခင်၏ ပါဝင်ခြင်း သို့မဟုတ် ကြားဝင်ခြင်းကိုပင် မလိုအပ်ပေ။ ထို့ကြောင့် ဘုရားသခင်၏ အမိန့်များ၊ သူ၏ တာဝန်ပေးစေခိုင်းချက် သို့မဟုတ် လူနှင့်သက်ဆိုင်၍ ဘုရားသခင် ပြုလုပ်သော သတ်မှတ်ချက်များနှင့် စပ်လျဉ်း၍ဖြစ်စေ၊ လူ၏ဆုံးဖြတ်ချက်များသည် သူ၏ ကိုယ်ပိုင် ရည်ရွယ်ချက်များနှင့် အကျိုးစီးပွားများ၊ ထိုအချိန်က သူ၏ ကိုယ်ပိုင်အနေအထားနှင့် အခြေအနေများအပေါ် မူတည် ပေသည်။ လူသည် သူ လျှောက်သင့်သည့်လမ်းကြောင်းကို အကဲဖြတ်ကာ ရွေးချယ်ဖို့ သူ ရင်းနှီးကျွမ်းဝင်သော အသိ၊ ထိုးထွင်းအမြင်များနှင့် သူ၏ ကိုယ်ပိုင် အသိဉာဏ်ကို အမြဲ အသုံးပြုပြီး၊ ဘုရားသခင်၏ ဝင်ရောက်စွက်ဖက်ခြင်း သို့မဟုတ် ထိန်းချုပ်ခြင်းကို အခွင့်မပေးပေ။ ဤသည်မှာ ဘုရားသခင် မြင်သော လူ၏ စိတ်နှလုံး ဖြစ်သည်။
အစအဦးမှသည် ယနေ့ထိတိုင်၊ လူသာလျှင် ဘုရားသခင်နှင့် စကားပြောဆိုနိုင်စွမ်း ရှိဖူးလေသည်။ ဆိုလိုသည်မှာ ဘုရားသခင်၏ သက်ရှိအရာများနှင့် အဖန်ဆင်းခံသတ္တဝါ အားလုံးအလယ်တွင် လူသားကလွဲ၍ မည်သူမျှ ဘုရားသခင်နှင့် စကားပြောနိုင်စွမ်း မရှိဖူးပေ။ လူ၌ သူ့ကို ကြားစေနိုင်သော နားများရှိပြီး သူ့ကို မြင်ခွင့်ပေးသော မျက်လုံးများ ရှိသည်။ သူ၌ ဘာသာစကားရှိပြီး သူ၏ ကိုယ်ပိုင် အတွေးအခေါ်များနှင့် လွတ်လပ်သော စိတ်သဘောရှိသည်။ သူသည် ဘုရားသခင် စကားပြောသည်ကိုကြားရန်၊ ဘုရားသခင်၏အလိုကို နားလည်ရန်နှင့် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို လက်ခံရန် လိုအပ်သမျှအားလုံးကို ပိုင်ဆိုင်သည်၊ ထို့ကြောင့် လူကို သူနှင့် တစ်စိတ်တစ်ဝမ်းတည်း ဖြစ်ပြီး သူနှင့်အတူ လျှောက်လှမ်းနိုင်သော အဖော်တစ်ဦး ဖြစ်စေလိုလျက်၊ ဘုရားသခင်သည် သူ၏အလိုဆန္ဒအားလုံးကို လူသားအပေါ် ပေးအပ်လေသည်။ ဘုရားသခင်သည် စီမံခန့်ခွဲရန် စတင်ခဲ့ကတည်းက၊ လူသားအနေဖြင့် မိမိ၏ စိတ်နှလုံးကို ဘုရားသခင်အား ပေးဖို့၊ ယင်းကို ဘုရားသခင်အား သန့်စင်ခွင့်ပေးပြီး ပြင်ဆင်ခွင့်ပေးဖို့၊ ဘုရားသခင်ကို ကျေနပ်စေပြီး ဘုရားသခင်၏ ချစ်ခြင်းကို ခံရစေဖို့၊ ဘုရားသခင်အား ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်ဖို့၊ ဘုရားသခင်သည် စောင့်ဆိုင်းနေပြီးဖြစ်သည်။ ဘုရားသခင်သည် ဤရလဒ်ကို အစဉ် မျှော်လင့်ကာ စောင့်ဆိုင်းပြီးဖြစ်သည်။ သမ္မာကျမ်းစာ၏ မှတ်တမ်းများထဲတွင် ထိုသို့သော လူများ တစ်ဦးတစ်လေ ရှိသလော။ ဆိုလိုသည်မှာ သမ္မာကျမ်းစာထဲတွင် မိမိတို့၏ စိတ်နှလုံးများကို ဘုရားသခင်အား ပေးနိုင်စွမ်းရှိသောသူ တစ်ဦးတစ်လေ ရှိသလော။ ဤခေတ်မတိုင်မီတွင် သာဓက တစ်ခုတစ်လေ ရှိသလော။ ယနေ့တွင် သမ္မာကျမ်းစာ၏ အဖြစ်အပျက်များကို ငါတို့ ဆက်လက် ဖတ်ရှုပြီး ဤပုဂ္ဂိုလ်- ယောဘ- လုပ်ဆောင်ခဲ့သည့်အရာသည် ငါတို့ ယနေ့ ဆွေးနွေးနေကြသည့် “ဘုရားသခင်အား သင်၏ စိတ်နှလုံးကို ပေးခြင်း” ဟူသော အကြောင်းအရာနှင့် ဆက်နွှယ်မှု တစ်ခုတစ်လေ ရှိသည် မရှိသည်ကို တစ်ချက် ကြည့်ကြပါစို့။ ယောဘသည် ဘုရားသခင်အဖို့ ကျေနပ်ဖွယ်ဖြစ်ခဲ့ပြီး ဘုရားသခင်၏ ချစ်ခြင်း ခံခဲ့ရသည် မခံခဲ့ရသည်ကို ကြည့်ကြစို့။
ယောဘနှင့်သက်ဆိုင်သည့် သင်တို့၏ ထင်မြင်ချက်မှာ အဘယ်နည်း။ မူရင်း ကျမ်းစာကို တိုက်ရိုက်ကိုးကားခြင်းဖြင့်၊ ယောဘသည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ရှားခဲ့သည်။ ဟု ဆိုကြသည်။ “ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ရှားခဲ့သည်” ဆိုသည်မှာ ယောဘနှင့် သက်ဆိုင်သည့် အကဲဖြတ်ချက် ဖြစ်သည်။ အကယ်၍ သင်တို့၏ ကိုယ်ပိုင် စကားလုံးများကို အသုံးပြုမည်ဆိုပါက၊ ယောဘကို သင်တို့ မည်ကဲ့သို့ ရှင်းရှင်းလင်းလင်း သတ်မှတ်ဖော်ပြမည်နည်း။ လူအချို့က ယောဘသည် ကောင်းမြတ်ပြီး လက်တွေ့ကျသော လူတစ်ဦး ဖြစ်သည်ဟု ဆိုကြသည်။ အချို့က သူသည် ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်း ရှိခဲ့သည်ဟု ဆိုကြသည်။ အချို့က ယောဘသည် ဖြောင့်မတ်ပြီး လူသားဆန်သော လူတစ်ဦး ဖြစ်ခဲ့သည်ဟု ဆိုကြသည်။ သင်တို့သည် ယောဘ၏ ယုံကြည်ခြင်းကို မြင်ကြပြီးဖြစ်သည်၊ ယင်းမှာ သင်တို့၏ စိတ်နှလုံးများထဲတွင် ယောဘ၏ ယုံကြည်ခြင်းအပေါ် သင်တို့ အလွန်အရေးထားပြီး မနာလိုဖြစ်ကြသည်ဟု ဆိုရပေမည်။ သို့ဆိုလျှင် ယနေ့တွင် ဘုရားသခင်သည် ယောဘနှင့်ပတ်သက်၍ ထိုသို့ ကျေနပ်အားရခြင်းမှာ သူမည်သည့်အရာ ပိုင်ဆိုင်ခြင်းကြောင့် ဖြစ်သည်ကို ကြည့်ကြစို့။ ဆက်လက်၍ အောက်ပါ သမ္မာကျမ်းပိုဒ်များကို ဖတ်ကြပါစို့။
ဂ။ ယောဘ
၁။ ယောဘနှင့်သက်ဆိုင်၍ ဘုရားသခင်နှင့် သမ္မာကျမ်းစာထဲက အကဲဖြတ်မှုများ
ယောဘ ၁:၁ ယောဘ အမည်ရှိသောသူတယောက်သည် ဥဇပြည်၌နေ၏။ ထိုသူသည် စုံလင်ဖြောင့်မတ်ခြင်းရှိ၏။ ဘုရားသခင်ကို ကြောက်ရွံ့သောသူ၊ မကောင်းသောအကျင့်ကို ရှောင်သောသူဖြစ်၏။
ယောဘ ၁:၅ ပွဲခံသောနေ့ရက်လွန်သောအခါ၊ ယောဘသည် သူတို့ကိုခေါ်၍ သန့်ရှင်းစေပြီးလျှင် နံနက်စောစောထ၍ သူတို့အရေအတွက်အတိုင်း မီးရှို့သောယဇ်ကို ပူဇော်လေ့ရှိ၏။ အကြောင်းမူကား၊ ငါ့သားတို့သည် မှားယွင်း၍ စိတ်နှလုံးထဲ၌ ဘုရားသခင်ကို စွန့်ပစ်ကြပြီလောဟု ယောဘ အောက်မေ့၏။ ထိုသို့ ယောဘသည် အစဉ်ပြုမြဲရှိ၏။
ယောဘ ၁:၈ ယေဟောဝါက စာတန်အား၊ ငါ၏ အစေခံ ယောဘကို သင် ဆင်ခြင်မိပြီလော၊ မြေကြီးပေါ်တွင် သူနှင့် တူသောသူ တစ်ဦးမျှမရှိ၊ စုံလင်ပြီး တည်ကြည်သောသူ၊ ဘုရားသခင်ကို ကြောက်ရွံ့ပြီး ဆိုးညစ်မှုကို ရှောင်ကြဉ်သောသူတစ်ဦး ဖြစ်သည်ဟု ဆိုလေသည်။
ဤကျမ်းပိုဒ်များထဲတွင် သင်တို့မြင်ရသော အဓိကအချက်မှာ အဘယ်နည်း။ အကျဉ်းချုပ်ဖြစ်သော ဤကျမ်းပိုဒ် သုံးပိုဒ်လုံးသည် ယောဘနှင့်ဆက်စပ်၏။ တိုတောင်းသော်လည်း၊ ၎င်းတို့က သူ မည်သည့် လူစားမျိုး ဖြစ်သည်ကို ရှင်းလင်းစွာ ဖော်ပြသည်။ ယောဘ၏ နေ့စဉ်အပြုအမူနှင့် သူ၏လုပ်ဆောင်မှုအပေါ် ၎င်းတို့၏ သရုပ်ဖော်ချက်မှတစ်ဆင့်၊ ယောဘနှင့်သက်ဆိုင်သည့် ဘုရားသခင်၏ အကဲဖြတ်မှုများသည် အခြေအမြစ်မဲ့ခြင်းထက် အခြေအမြစ် ရှိသည်ကို အယောက်တိုင်းအား ထိုကျမ်းပိုဒ်များက ပြောနေသည်။ ယောဘနှင့်သက်ဆိုင်သည့် လူ၏သုံးသပ်ချက် ဖြစ်စေ (ယောဘ ၁:၁)၊ သို့မဟုတ် သူ့ကို ဘုရားသခင်၏ သုံးသပ်ချက် ဖြစ်စေ (ယောဘ ၁:၈)၊ နှစ်ခုစလုံးသည် ဘုရားသခင်နှင့် လူ၏ ရှေ့၌ ယောဘ၏ လုပ်ဆောင်ချက်များ၏ ရလဒ် (ယောဘ ၁:၅) ဖြစ်သည်ကို ထိုကျမ်းပိုဒ်များက ငါတို့ကို ပြောပြပေသည်။
ပထမဦးစွာ၊ ပထမ ကျမ်းပိုဒ်ကို ဖတ်ကြပါစို့- “ယောဘ အမည်ရှိသောသူတယောက်သည် ဥဇပြည်၌နေ၏။ ထိုသူသည် စုံလင်ဖြောင့်မတ်ခြင်းရှိ၏။ ဘုရားသခင်ကို ကြောက်ရွံ့သောသူ၊ မကောင်းသောအကျင့်ကို ရှောင်သောသူဖြစ်၏။” ဤသည်မှာ သမ္မာကျမ်းစာထဲက ယောဘနှင့်သက်ဆိုင်သည့် ပထမဆုံး အကဲဖြတ်ချက်ဖြစ်သည်၊ ဤစာကြောင်းသည် ယောဘနှင့် သက်ဆိုင်သည့် ကျမ်းပြုဆရာ၏ သုံးသပ်ချက် ဖြစ်သည်။ သဘာဝအားဖြင့်၊ ယင်းသည်လည်း ယောဘနှင့်သက်ဆိုင်သည့် လူ၏အကဲဖြတ်ချက်ကို ကိုယ်စားပြုခြင်း ဖြစ်သည်၊ ယင်းမှာ “ထိုသူသည် စုံလင်ဖြောင့်မတ်ခြင်းရှိ၏။ ဘုရားသခင်ကို ကြောက်ရွံ့သောသူ၊ မကောင်းသောအကျင့်ကို ရှောင်သောသူဖြစ်၏။” ဟူ၍ ဖြစ်သည်။ ဆက်လက်၍၊ ယောဘနှင့်သက်ဆိုင်သည့် ဘုရားသခင်၏ အကဲဖြတ်ချက်ကို ဖတ်ကြပါစို့- “မြေကြီးပေါ်တွင် သူနှင့် တူသောသူ တစ်ဦးမျှမရှိ၊ စုံလင်ပြီး တည်ကြည်သောသူ၊ ဘုရားသခင်ကို ကြောက်ရွံ့ပြီး ဆိုးညစ်မှုကို ရှောင်ကြဉ်သောသူတစ်ဦး ဖြစ်သည်။” ထိုနှစ်ခုတွင် တစ်ခုသည် လူထံမှ လာခဲ့ခြင်း ဖြစ်ပြီး တစ်ခုမှာ ဘုရားသခင်ထံမှ ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့သည် အကြောင်းအရာတူသော အကဲဖြတ်ချက်နှစ်ခု ဖြစ်ကြသည်။ ထို့နောက် ယောဘ၏ အပြုအမူနှင့် လုပ်ဆောင်မှုတို့ကို လူတို့ သိခဲ့ကြပြီး ဘုရားသခင်၏ ချီးမွမ်းခြင်းကိုလည်း ခံခဲ့ရသည်ကို မြင်နိုင်ပါသည်။ တစ်နည်းအားဖြင့်၊ လူရှေ့၌ ယောဘ၏ အပြုအမူနှင့် ဘုရားသခင် ရှေ့၌ သူ၏ အပြုအမူတို့သည် တူညီခဲ့သည်။ သူသည် ဘုရားသခင်၏ စောင့်ကြည့်လေ့လာမှုကို ခံရနိုင်ဖို့အလို့ငှာ၊ သူ၏အပြုအမူနှင့် ရည်ရွယ်ချက်ကို ဘုရားသခင်ရှေ့တွင် အချိန်တိုင်း ချခင်းထားခဲ့ပြီး၊ သူသည် ဘုရားသခင်ကို ကြောက်ရွံ့ကာ မကောင်းမှုကို ရှောင်သောသူ တစ်ဦးဖြစ်ခဲ့သည်။ ထို့ကြောင့် ဘုရားသခင်၏အမြင်၊ ကမ္ဘာမြေပေါ်က လူတို့၏အမြင်တွင် ယောဘတစ်ဦးတည်းသာ စုံလင်ကာ တည်ကြည်ဖြောင့်မတ်ပြီး ဘုရားသခင်ကို ကြောက်ရွံ့ကာ မကောင်းမှုကို ရှောင်သောသူတစ်ဦး ဖြစ်ခဲ့သည်။
သူ၏ နေ့စဉ်အသက်တာတွင် ယောဘ၏ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ခြင်း၏ တိကျသော သရုပ်သကန်များ
ဆက်လက်၍၊ ဘုရားသခင်အပေါ် ယောဘ၏ ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ခြင်း၏ တိကျသော သရုပ်သကန်များကို ကြည့်ကြပါစို့။ ၎င်းထက် အလျင်ကျပြီး နောက်မှလာသော ကျမ်းပိုဒ်များအပြင်၊ ဘုရားသခင်အပေါ် ယောဘ၏ ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ခြင်း၏ တိကျသော သရုပ်သကန်များထဲမှ တစ်ခုဖြစ်သည့် ယောဘ ၁:၅ ကိုလည်း ဖတ်ရှုကြပါစို့။ ယင်းမှာ သူသည် ဘုရားသခင်ကို မည်ကဲ့သို့ ကြောက်ရွံ့ခဲ့ပြီး သူ၏ နေ့စဉ်အသက်တာတွင် မကောင်းမှုကို မည်သို့ ရှောင်ကြဉ်ခဲ့သည် ဆိုသည်နှင့် ဆက်နွှယ်လေသည်။ အပေါ်လွင်ဆုံးအားဖြင့်၊ သူသည် ဘုရားသခင်အပေါ် သူ၏ ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်းအတွက် သူလုပ်သင့်သည်အတိုင်း လုပ်ဆောင် ခဲ့ရုံသာမက၊ သူ၏သားများ ကိုယ်စား ဘုရားသခင်ရှေ့တွင် မီးရှို့ရာယဇ်များကိုလည်း ပုံမှန်ပူဇော်ခဲ့သည်။ ၎င်းတို့သည် ပွဲခံနေစဉ် မကြာခဏ “မှားယွင်း၍ စိတ်နှလုံးထဲ၌ ဘုရားသခင်ကို စွန့်ပစ်ကြပြီ။” ဟု သူစိုးရွံ့ခဲ့သည်။ ဤကြောက်ရွံ့ခြင်းသည် ယောဘ၌ မည်ကဲ့သို့ ပေါ်လွင် ထင်ရှားခဲ့သနည်း။ မူရင်းစာသားက အောက်ပါ အဖြစ်အပျက်ကို ဖော်ပြပေးသည်- “ပွဲခံသောနေ့ရက် လွန်သောအခါ၊ ယောဘသည် သူတို့ကိုခေါ်၍ သန့်ရှင်းစေပြီးလျှင် နံနက်စောစောထ၍ သူတို့အရေအတွက်အတိုင်း မီးရှို့သောယဇ်ကို ပူဇော်လေ့ရှိ၏။” ယောဘ၏ လုပ်ဆောင်မှုက၊ သူ၏ အပြင်ပန်း အပြုအမူတွင် ပေါ်လွင်ခြင်းထက်၊ ဘုရားသခင်အပေါ် သူ၏ ကြောက်ရွံ့ခြင်းသည် သူ၏ စိတ်နှလုံးအတွင်းမှ လာခဲ့ခြင်းဖြစ်ပြီး၊ သူသည် မကောင်းမှုကို သူကိုယ်တိုင် ရှောင်ခဲ့သည်သာမက၊ သူ၏သားများကိုယ်စား မီးရှို့ရာယဇ်များကို မကြာခဏ ပူဇော်ခဲ့သည့်အတွက် သူ၏ နေ့စဉ်အသက်တာ၏ အခန်း ကဏ္ဍတိုင်းတွင် ဘုရားသခင်အပေါ် သူ၏ကြောက်ရွံ့ခြင်းကို အချိန်တိုင်း မြင်တွေ့ရနိုင်ခဲ့သည်ကို ငါတို့အား ပြသပေသည်။ တစ်နည်းအားဖြင့်၊ ယောဘသည် ဘုရားသခင်ကို ဆန့်ကျင် ပြစ်မှားမိပြီး သူ၏စိတ်နှလုံးထဲ၌ ဘုရားသခင်အား စွန့်လွှတ်မိမည်ကို အလွန်အမင်း စိုးရွံ့ခဲ့သည်သာမက သူ၏သားများက ဘုရားသခင်ကို ဆန့်ကျင်ပြစ်မှားမိပြီး ၎င်းတို့၏ စိတ်နှလုံးများထဲ၌ စွန့်ပယ်မိမည် ကိုလည်း စိုးရိမ်ခဲ့သည်။ ဤအရာမှ၊ ဘုရားသခင်အပေါ် ယောဘ ကြောက်ရွံ့ခြင်း၏ အမှန်တရားသည် စေ့စေ့စပ်စပ် စစ်ဆေးခြင်းကို ခံနိုင်ပြီး၊ မည်သည့်လူတစ်ယောက်မျှသံသယဖြစ်စရာ မလိုသည်ကို မြင်နိုင်ပေသည်။ သူသည် ထိုသို့ ရံဖန်ရံခါ သို့မဟုတ် မကြာခဏ ပြုခဲ့သလော။ စာသား၏ နောက်ဆုံး စာကြောင်းက “ထိုသို့ ယောဘသည် အစဉ်ပြုမြဲရှိ၏။” ဟု ဆိုထားသည်။ ဤစာလုံးများ၏ အဓိပ္ပာယ်မှာ ယောဘသည် သူ၏သားများထံ ရံဖန်ရံခါ သို့မဟုတ် သူကြိုက်သည့် အချိန်၌ သွားကာ ဝင်မကြည့်ခဲ့သည်သာမက၊ ဘုရားသခင်ကို ဆုတောင်းခြင်းမှတစ်ဆင့် ဝန်ချခဲ့ခြင်းလည်းမရှိဟု ဆိုလိုသည်။ ယင်းအစား သူသည် သူ၏သားများကို သန့်စင်ခြင်းခံရစေဖို့ ပုံမှန် စေလွတ်ခဲ့ပြီး၊ ၎င်းတို့အတွက် မီးရှို့ရာယဇ်များကို ပူဇော်ခဲ့သည်။ ဤနေရာတွင် “အစဉ်ပြုမြဲရှိ၏” ဟူသော စကားလုံး၏ အဓိပ္ပာယ်မှာ သူသည် တစ်ရက်၊ နှစ်ရက် သို့မဟုတ် အခိုက်အတန့် တစ်ခုကြာ ထိုသို့ လုပ်ဆောင်ခဲ့သည်ဟု မဆိုလိုပေ။ ယင်းမှာ ဘုရားသခင်အပေါ် ယောဘ ကြောက်ရွံ့ခြင်း၏ သရုပ်သကန်သည် ယာယီမဟုတ်သကဲ့သို့၊ အသိ သို့မဟုတ် နှုတ်ဖြင့်ပြောသော စကားလုံးများ၌ ရပ်သွားခြင်း မဟုတ်သည်ကို ပြောဆိုနေခြင်းဖြစ်သည်။ ယင်းအစား ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်း လမ်းခရီးသည် သူ၏စိတ်နှလုံးကို လမ်းပြခဲ့ပြီး၊ သူ၏ အပြုအမူကို ချမှတ်ပေးခဲ့ပြီး ယင်းမှာ သူ၏စိတ်နှလုံးထဲက သူ၏ဖြစ်တည်ခြင်း၏ အရင်းအမြစ် ဖြစ်ခဲ့သည်။ သူသည် ထိုသို့ အစဉ်ပြုမြဲရှိ၏ ဆိုသည်မှာ သူ၏ စိတ်နှလုံးထဲ၌ သူသည် သူကိုယ်တိုင် ဘုရားသခင်အား ဆန့်ကျင် ပြစ်မှားမိမည်ကို မကြာခဏ ကြောက်ရွံ့ခဲ့ပြီး၊ သူ၏ သားများနှင့် သမီးများက ဘုရားသခင်အား ဆန့်ကျင်ပြစ်မှားမိမည်ကိုလည်း စိုးရွံ့ခဲ့သည်ကို ပြသပေသည်။ ယင်းသည် သူ၏ စိတ်နှလုံးအတွင်း၌ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်း လမ်းခရီးသည် မည်မျှ လွှမ်းမိုးမှုရှိသည်ကို ကိုယ်စားပြုပေသည်။ သူ၏ စိတ်နှလုံးထဲ၌ သူသည် မကောင်းမှု ကျူးလွန်မိခဲ့ပြီး ဘုရားသခင်အား ဆန့်ကျင်ပြစ်မှားမိမည်၊ ပြီးလျှင် ဘုရားသခင်၏ လမ်းခရီးမှ သွေဖည်သွားပြီး၊ ထိုသို့ဖြင့် ဘုရားသခင်အား မကျေနပ်စေနိုင်ခဲ့မည်ကို စိုးရိမ်ပူပန်ပြီး စိုးရွံ့ခဲ့သောကြောင့်၊ သူသည် ထိုသို့ ထပ်တလဲလဲ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ တစ်ချိန်တည်းတွင်၊ သူသည် သူ၏သားများနှင့် သမီးများနှင့်ပတ်သက်၍လည်း ၎င်းတို့က ဘုရားသခင်အား ပုန်ကန်ပြစ်မှားမိမည်ကို ကြောက်ရွံ့လျက် စိုးရိမ်ပူပန်မိခဲ့သည်။ ယင်းမှာ သူ၏ နေ့စဉ် အသက်တာထဲက ယောဘ၏ ပုံမှန်အပြုအမူ ဖြစ်သည်။ ဘုရားသခင်အပေါ် ယောဘ၏ ကြောက်ရွံ့ခြင်းနှင့် မကောင်းမှု ရှောင်ခြင်းသည် အနှစ်မဲ့သော စကားလုံးများ မဟုတ်၊ ယောဘသည် ထိုသို့သော လက်တွေ့အရှိတရားတစ်ခုကို အမှန်တကယ် အသက်ရှင်ခဲ့သည်ကို သက်သေပြသည်မှာ ဤပုံမှန်အပြုအမူ အတိအကျ ဖြစ်ပေသည်။ “ထိုသို့ ယောဘသည် အစဉ်ပြုမြဲရှိ၏”- ဤနှုတ်ကပတ်တော်များက ဘုရားသခင်ရှေ့၌ ယောဘ၏ နေ့စဉ်လုပ်ဆောင်မှုများနှင့်သက်ဆိုင်၍ ငါတို့ကို ပြောပြပေသည်။ သူသည် ထိုသို့ ထပ်တလဲလဲ ပြုခဲ့ချိန်တွင်၊ သူ၏အပြုအမူနှင့် သူ၏စိတ်နှလုံးသည် ဘုရားသခင် ရှေ့သို့ ရောက်ရှိခဲ့ပါသလော။ တစ်နည်းအားဖြင့်၊ ဘုရားသခင်သည် သူ၏စိတ်နှလုံးနှင့် သူ၏အပြုအမူတို့ကို မကြာခဏ ကျေနပ်အားရ ခဲ့သလော။ သို့ဆိုလျှင် မည်သည့် အနေအထားနှင့် အခြေအနေထဲတွင် ယောဘသည် ထိုသို့ ထပ်တလဲလဲ ပြုခဲ့သနည်း။ လူအချို့က “ယင်းမှာ ဘုရားသခင်သည် ယောဘထံ မကြာခဏ ထင်ရှားပြခဲ့ခြင်းကြောင့် သူသည် ထိုသို့ ပြုခဲ့သည်” ဟု ဆိုကြသည်။ အချို့က “သူသည် မကောင်းမှုကို ရှောင်ကြဉ်ဖို့ အလိုဆန္ဒရှိခဲ့သောကြောင့် ထိုသို့ သူ ထပ်တလဲလဲ လုပ်ခဲ့သည်” ဟု ဆိုကြသည်။ ပြီးလျှင် အချို့က “သူ၏ချမ်းသာကြွယ်ဝခြင်းသည် အလွယ်တကူ ရောက်လာခဲ့ခြင်း မဟုတ်သကဲ့သို့၊ ယင်းမှာ ဘုရားသခင် အပ်နှင်းထားခဲ့ခြင်း ဖြစ်သည်ကို သူ သိခဲ့သောကြောင့် သူသည် ဘုရားသခင်ကို ဆန်ကျင်ပြစ်မှားခြင်း သို့မဟုတ် ပုန်ကန်ပြစ်မှားခြင်း၏ အကျိုးဆက်အဖြစ် သူ၏ ပိုင်ဆိုင်မှုဥစ္စာကို ဆုံးရှုံးရမည်ကို လွန်စွာ စိုးရွံ့ခဲ့ခြင်း ဖြစ်ကောင်းဖြစ်မည်”ဟု ဆိုကြလေသည်။ ဤပြောဆိုချက်ထဲမှ တစ်ခုတစ်လေသည် မှန်ကန်ပါသလော။ သိသိသာသာ မမှန်ပေ။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏ အမြင်တွင် ယောဘနှင့်ပတ်သက်၍ ဘုရားသခင်လက်ခံပြီး ချစ်ခင်အမြတ်နိုးဆုံးမှာ သူသည် ထိုသို့ ထပ်တလဲလဲ လုပ်ခဲ့ခြင်းသာ မဟုတ်ပေ၊ ထိုထက်ပို၍၊ ယင်းမှာ သူသည် စာတန်၏လက်သို့ လွဲအပ်ခံခဲ့ရပြီး စုံစမ်းနှောင့်ယှက်ခံရချိန်တွင် ဘုရားသခင်၊ လူနှင့် စာတန်ရှေ့၌ သူ၏အပြုအမူဖြစ်သည်။ အောက်ဖော်ပြပါ အခန်းများသည် ယောဘအား ဘုရားသခင် အကဲဖြတ်ခြင်း၏ အမှန်တရားကို ပြသသည့် အထောက်အထားဖြစ်သည့်၊ ယုံကြည်လောက်ဖွယ် အဖြစ်ဆုံးသော အထောက်အထားကို ပေးလေသည်။ ဆက်လက်၍ အောက်ပါ ကျမ်းပိုဒ်များကို ဖတ်ကြပါစို့။
၂။ စာတန်က ယောဘကို ပထမဆုံးအကြိမ် စုံစမ်းသည် (သူ၏ ခြံမွေးတိရစ္ဆာန်များ အခိုးယူခံရပြီး သူ၏ သားသမီးများအပေါ် ဘေးဒုက္ခဆိုက်သည်)
(က) ဘုရားသခင်ပြောသော နှုတ်ကပတ်တော်များ
ယောဘ ၁:၈ ယေဟောဝါက စာတန်အား၊ ငါ၏ အစေခံ ယောဘကို သင် ဆင်ခြင်မိပြီလော၊ မြေကြီးပေါ်တွင် သူနှင့် တူသောသူ တစ်ဦးမျှမရှိ၊ စုံလင်ပြီး တည်ကြည်သောသူ၊ ဘုရားသခင်ကို ကြောက်ရွံ့ပြီး ဆိုးညစ်မှုကို ရှောင်ကြဉ်သောသူတစ်ဦး ဖြစ်သည်ဟု ဆိုလေသည်။
ယောဘ ၁:၁၂ ယေဟောဝါက စာတန်ကို၊ ကြည့်လော့၊ သူ၌ ရှိသမျှတို့သည် သင်၏အာဏာစက်ထဲ၌ ရှိ၏။ သူ့ကိုယ်ပေါ်သာ သင့်လက်မရောက်စေနှင့်၊ ဟု မိန့်တော်မူ၏။ သို့နှင့် စာတန်သည် ယေဟောဝါ၏ထံတော်မှောက်မှ ထွက်သွားလေသည်။
(ခ) စာတန်၏ ပြန်လည်ဖြေကြားချက်
ယောဘ ၁:၉-၁၁ စာတန်က၊ ယောဘသည် ဘုရားသခင်ကို အချည်းနှီး ကြောက်ရွံ့သလော။ ကိုယ်တော်သည် သူနှင့် သူ၏အိမ်၊ ပိုင်ဆိုင်သမျှတို့ကို အဘက်ဘက်မှ အကာအကွယ်ပြုထားသည် မဟုတ်လော။ သူ့လက်ဖြင့်လုပ်သော အမှုကို ကိုယ်တော်သည် ကောင်းကြီးပေးပြီး မြေတွင် သူ၏ပိုင်ဆိုင်မှု တိုးပွားပေပြီ။ သို့သော်၊ ယခု ကိုယ်တော်၏လက်ကို ဆန့်ကာ သူပိုင်ဆိုင်သမျှတို့ကို ထိပါလော့၊ သူသည် ကိုယ်တော်၏ မျက်နှာကို စေ့စေ့ကြည့်ကာ ကျိန်ဆဲလိမ့်မည်ဟု ယေဟောဝါကို ဖြေကြားလေသည်။
ယောဘ၏ ယုံကြည်ခြင်းကို စုံလင်စေဖို့အလို့ငှာ ယောဘကို စုံစမ်းနှောင့်ယှက်ရန် စာတန်ကို ဘုရားသခင် အခွင့်ပေးသည်
ယောဘ ၁:၈ သည် သမ္မာကျမ်းစာထဲတွင် ငါတို့ မြင်ရသည့် ယေဟောဝါဘုရားသခင်နှင့် စာတန်တို့ကြား အပြန်အလှန် စကားပြောဆိုခြင်း၏ ပထမဆုံးမှတ်တမ်းဖြစ်သည်။ သို့ဆိုလျှင် ဘုရားသခင်သည် မည်သည့်အရာကို ပြောခဲ့သနည်း။ မူရင်းစာသားသည် အောက်ပါဖြစ်စဉ်ကို ဖော်ပြပေးထားသည်- “ယေဟောဝါက စာတန်အား၊ ငါ၏ အစေခံ ယောဘကို သင် ဆင်ခြင်မိပြီလော၊ မြေကြီးပေါ်တွင် သူနှင့် တူသောသူ တစ်ဦးမျှမရှိ၊ စုံလင်ပြီး တည်ကြည်သောသူ၊ ဘုရားသခင်ကို ကြောက်ရွံ့ပြီး ဆိုးညစ်မှုကို ရှောင်ကြဉ်သောသူတစ်ဦး ဖြစ်သည်ဟု ဆိုလေသည်။” ဤသည်မှာ စာတန်ရှေ့တွင် ယောဘနှင့်သက်ဆိုင်သည့် ဘုရားသခင်၏ အကဲဖြတ်ခြင်း ဖြစ်ခဲ့သည်။ ဘုရားသခင်က သူသည် စုံလင်၍ ဖြောင့်မတ်သော လူတစ်ဦးဖြစ်သည်၊ ဘုရားသခင်ကို ကြောက်ရွံ့၍ မကောင်းမှုကို ရှောင်သူတစ်ဦးဖြစ်သည်ဟု ဆိုခဲ့သည်။ ဘုရားသခင်နှင့် စာတန်အကြား ဤစကားများမတိုင်မီတွင်၊ ဘုရားသခင်က သူသည် ယောဘကို စုံစမ်းဖို့ စာတန်ကို အသုံးပြုမည်- ယောဘကို စာတန်လက်သို့ အပ်မည်ဟု ဆုံးဖြတ်ထားပြီး ဖြစ်သည်။ အချက်တစ်ချက်နှင့် စပ်လျဉ်း၍၊ ဤအရာက ယောဘနှင့် သက်ဆိုင်သည့် ဘုရားသခင်၏ လေ့လာစောင့်ကြည့်ခြင်းနှင့် သုံးသပ်ခြင်းတို့သည် တိကျမှန်ကန်ခဲ့ပြီး အမှားအယွင်း မရှိခဲ့သကဲ့သို့၊ ယောဘ၏ သက်သေခံချက်မှတစ်ဆင့် စာတန်ကို အရှက်ရစေမည် ဖြစ်သည်ကို သက်သေပြပေမည်။ အခြားအချက်အနေဖြင့်၊ ယင်းသည် ဘုရားသခင်အား ယောဘ၏ ယုံကြည်ခြင်းနှင့် ကြောက်ရွံ့ခြင်းကို စုံလင်စေမည် ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်ရှေ့သို့ စာတန်လာသည့်အခါတွင်၊ ဘုရားသခင်သည် မရေမရာ မပြောခဲ့ပေ။ သူသည် လိုရင်းတိုရှင်း ဖြတ်၍ စာတန်အား၊ “ငါ၏ အစေခံ ယောဘကို သင် ဆင်ခြင်မိပြီလော၊ မြေကြီးပေါ်တွင် သူနှင့် တူသောသူ တစ်ဦးမျှမရှိ၊ စုံလင်ပြီး တည်ကြည်သောသူ၊ ဘုရားသခင်ကို ကြောက်ရွံ့ပြီး ဆိုးညစ်မှုကို ရှောင်ကြဉ်သောသူတစ်ဦး ဖြစ်သည်။” ဟု မေးခဲ့ခြင်း ဖြစ်သည်။ ဘုရားသခင်၏ မေးခွန်းထဲတွင် အောက်ဖော်ပြပါ အဓိပ္ပာယ်ရှိလေသည်- စာတန်သည် အရပ်တကာသို့ လှည့်လည် သွားလာခဲ့ပြီး ဘုရားသခင်၏ အစေခံဖြစ်သော ယောဘအပေါ် မကြာခဏ လျှို့ဝှက်စွာ စောင့်ကြည့်ခဲ့ပြီးဖြစ်သည်ကို ဘုရားသခင် သိသည်။ ၎င်းသည် ဘုရားသခင်၌ ယောဘ၏ ယုံကြည်ခြင်းနှင့် ဘုရားသခင်အား ကြောက်ရွံ့ခြင်းသည် မခိုင်မြဲနိုင်သည်ကို သက်သေပြရန်အလို့ငှာ ယောဘအပေါ် ပျက်စီးခြင်း ကျရောက်စေမည့် နည်းလမ်းတစ်ခုကို ရှာတွေ့ရန် ကြိုးစားရင်း၊ သူ့ကို မကြာခဏ စုံစမ်းနှောင့်ယှက်ကာ တိုက်ခိုက်ခဲ့လေသည်။ ယောဘသည် ဘုရားသခင်ကို စွန့်ပစ်ပြီး ဘုရားသခင်၏လက်ထဲမှ သူ့ကို ဖမ်းဆီးနိုင်ရန်အလို့ငှာ စာတန်သည် ယောဘကို ယူကျုံးမရဖြစ်စေဖို့ အခွင့်အရေးများကိုလည်း လိုလိုလားလား ရှာခဲ့သည်။ သို့သော် ဘုရားသခင်သည် ယောဘ၏ စိတ်နှလုံးအတွင်းသို့ကြည့်ခဲ့ပြီး၊ သူသည် စုံလင်ကာ ဖြောင့်မတ်သည်၊ ပြီးလျှင် သူသည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်သည်ကို မြင်ခဲ့သည်။ ယောဘသည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်သည့် စုံလင်ပြီး ဖြောင့်မတ်သော လူတစ်ဦးဖြစ်ကြောင်း၊ ယောဘသည် ဘုရားသခင်ကို စွန့်ပစ်ကာ စာတန်နောက် မည်သည့်အခါမျှ လိုက်မည် မဟုတ်ကြောင်းကို စာတန်အား ပြောပြရန် ဘုရားသခင်သည် မေးခွန်းတစ်ခုကို အသုံးပြုခဲ့သည်။ ယောဘနှင့် သက်ဆိုင်သည့် ဘုရားသခင်၏ သုံးသပ်ချက်ကို ကြားရခြင်းဖြင့်၊ စာတန်က တစ်စုံတစ်ဦးသည် စုံလင်၍ ဖြောင့်မတ်နိုင်ကြောင်း၊ သို့မဟုတ် ၎င်းတို့သည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်နိုင်ကြောင်းကို မည်သည့်အခါမျှ မယုံကြည်ခဲ့သည့်အတွက်၊ စာတန်၏အထဲတွင် အရှက်ကွဲခြင်းမှ ဖြစ်ပေါ်သည့် ဒေါသူပုန်ထခြင်းတစ်ခု ဖြစ်လာပြီး စာတန်သည် သာ၍ စိတ်ဆိုးလာကာ ယောဘကို ဆတ်ခနဲအလစ်သုတ်ရန် သာ၍ ဆန္ဒစောလာခဲ့သည်။ တစ်ချိန်တည်းတွင် စာတန်သည် လူအထဲရှိ စုံလင်ခြင်းနှင့် ဖြောင့်မတ်ခြင်းကိုလည်း စက်ဆုပ်ပြီး၊ ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်နိုင်သော လူများကို မုန်းတီးခဲ့သည်။ ထို့ကြောင့် ယောဘ ၁:၉-၁၁ ထဲ၌ “စာတန်က၊ ယောဘသည် ဘုရားသခင်ကို အချည်းနှီး ကြောက်ရွံ့သလော။ ကိုယ်တော်သည် သူနှင့် သူ၏အိမ်၊ ပိုင်ဆိုင်သမျှတို့ကို အဘက်ဘက်မှ အကာအကွယ်ပြုထားသည် မဟုတ်လော။ သူ့လက်ဖြင့်လုပ်သော အမှုကို ကိုယ်တော်သည် ကောင်းကြီးပေးပြီး မြေတွင် သူ၏ပိုင်ဆိုင်မှု တိုးပွားပေပြီ။ သို့သော်၊ ယခု ကိုယ်တော်၏လက်ကို ဆန့်ကာ သူပိုင်ဆိုင်သမျှတို့ကို ထိပါလော့၊ သူသည် ကိုယ်တော်၏ မျက်နှာကို စေ့စေ့ကြည့်ကာ ကျိန်ဆဲလိမ့်မည်ဟု ယေဟောဝါကို ဖြေကြားလေသည်။” ဟု ရေးသားထားပေသည်။ ဘုရားသခင်သည် စာတန်၏ မလိုမုန်းထားသော သဘာဝကို အတွင်းကျကျ သိကျွမ်းပြီး စာတန်သည် ယောဘအပေါ်သို့ ပျက်စီးခြင်း ကျရောက်စေရန် အချိန်ကြာမြင့်စွာက ကြံစည်ခဲ့ပြီးဖြစ်သည်ကို အပြည့်အဝ ကောင်းစွာ သိခဲ့သည်၊ ထို့ကြောင့် ဤအရာ၌ ယောဘသည် စုံလင်ကာ ဖြောင့်မတ်ပြီး၊ သူသည် ဘုရားသခင်ကို ကြောက်ရွံ့ကာ မကောင်းမှုကို ရှောင်ကြဉ်သည်ကို စာတန်အာ နောက်တဖန် ပြောပြခြင်းမှတစ်ဆင့် ဘုရားသခင်သည် စာတန်ကို လိုက်နာစေရန်၊ စာတန်အား သူ၏ စရိုက်မှန်ကို ထုတ်ဖော်ပြစေရန်နှင့် ယောဘကို တိုက်ခိုက်ကာ စုံစမ်းနှောင့်ယှက်စေရန် ဘုရားသခင် ဆန္ဒရှိခဲ့သည်။ တစ်နည်းအားဖြင့်၊ ယောဘသည် စုံလင်ပြီး ဖြောင့်မတ်ကြောင်းနှင့် သူသည် ဘုရားသခင်ကို ကြောက်ရွံ့ကာ မကောင်းမှုကို ရှောင်ကြဉ်ကြောင်းကို ဘုရားသခင်သည် တမင်တကာ အသားပေးခဲ့ပြီး ဤနည်းအားဖြင့် ဘုရားသခင်သည် စာတန်အား ယောဘသည် စုံလင်ပြီး ဖြောင့်မတ်သော လူတစ်ဦးဖြစ်ပုံ၊ ဘုရားသခင်အား ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်သူဖြစ်ပုံအပေါ် ၎င်း၏ မုန်းတီးခြင်းနှင့် အမျက်ဒေါသကြောင့် ယောဘကို တိုက်ခိုက်စေခဲ့သည်။ အကျိုးဆက်အနေဖြင့်၊ ယောဘသည် စုံလင်၍ ဖြောင့်မတ်သောသူ တစ်ဦးဖြစ်သည်၊ ဘုရားသခင်ကို ကြောက်ရွံ့၍ မကောင်းမှုကို ရှောင်သောသူဖြစ်သည်ဆိုသည့် အချက်မှတစ်ဆင့် ဘုရားသခင်သည် စာတန်အပေါ် အရှက်ရစေမည်ဖြစ်ပြီး စာတန်သည် လုံးလုံးလျားလျား အရှက်တကွဲဖြစ်ကာ ရှုံးနိမ့်သွားမည်ဖြစ်သည်။ ယင်းနောက်တွင်၊ စာတန်သည် ယောဘ၏ စုံလင်ခြင်း၊ ဖြောင့်မတ်ခြင်း၊ ဘုရားသခင်ကို ကြောက်ရွံ့ခြင်း သို့မဟုတ် မကောင်းမှု ရှောင်ကြဉ်ခြင်းနှင့်ပတ်သက်၍ သံသယရှိတော့မည်မဟုတ် သို့မဟုတ် စွပ်စွဲချက်များ ပြုတော့မည် မဟုတ်ပေ။ ဤနည်းဖြင့်၊ ဘုရားသခင်၏ စမ်းသပ်မှုနှင့် စာတန်၏ စုံစမ်းနှောင့်ယှက်ခြင်းသည် ရှောင်လွှဲ၍ မရလုနီးပါး ဖြစ်ခဲ့သည်။ ဘုရားသခင်၏ စမ်းသပ်မှုနှင့် စာတန်၏ စုံစမ်းနှောင့်ယှက်ခြင်းကို ကြံ့ကြံ့ခံနိုင်ခဲ့သည့် တစ်ဦးတည်းသောသူမှာ ယောဘ ဖြစ်သည်။ ဤအပြန်အလှန် စကားပြောဆိုခြင်းနောက်တွင် စာတန်သည် ယောဘကို စုံစမ်းနှောင့်ယှက်ရန် အခွင့်ရရှိခဲ့သည်။ ထိုသို့ဖြင့် စာတန်၏ ပထမအချီ တိုက်ခိုက်မှုများ စတင်ခဲ့သည်။ ဤတိုက်ခိုက်မှုများ၏ ပစ်မှတ်မှာ ယောဘ၏ ဥစ္စာပစ္စည်း ဖြစ်ခဲ့သည်၊ အဘယ်ကြောင့်ဆိုသော် စာတန်က ယောဘအား အောက်ပါစွဲချက်ကို တင်ခဲ့သည့်အတွက် ဖြစ်သည်- “ယောဘသည် ဘုရားသခင်ကို အချည်းနှီး ကြောက်ရွံ့သလော။...သူ့လက်ဖြင့်လုပ်သော အမှုကို ကိုယ်တော်သည် ကောင်းကြီးပေးပြီး မြေတွင် သူ၏ပိုင်ဆိုင်မှု တိုးပွားပေပြီ။” အကျိုးဆက်တစ်ခုအနေဖြင့်၊ ဘုရားသခင်သည် ယောဘ၌ ရှိသမျှကို နုတ်ယူရန် စာတန်ကို အခွင့်ပေးခဲ့သည်- ဤသည်မှာ စာတန်အား ဘုရားသခင် စကားပြောခဲ့သည့်အကြောင်းရင်း၏ တကယ့် ရည်ရွယ်ချက် ဖြစ်သည်။ သို့သော်လည်း ဘုရားသခင်သည် စာတန်ကို တောင်းဆိုချက်တစ်ခု ပြုခဲ့သည်- “သူ၌ ရှိသမျှတို့သည် သင်၏အာဏာစက်ထဲ၌ ရှိ၏။ သူ့ကိုယ်ပေါ်သာ သင့်လက်မရောက်စေနှင့်။” (ယောဘ ၁:၁၂) ဟူ၍ ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်သည် ယောဘကို စုံစမ်းနှောင့်ယှက်ရန် စာတန်အား ခွင့်ပြုခဲ့ပြီး ယောဘကို စာတန်၏ လက်ထဲသို့ ထားရှိပြီးသည့်နောက်တွင် ဘုရားသခင် ပြုသော သတ်မှတ်ချက် တစ်ခုဖြစ်ပြီး ဤသည်မှာ စာတန်အတွက် သူချမှတ်ထားသော ကန့်သတ်ချက် ဖြစ်သည်။ ယောဘကို အန္တရာယ်မပြုရန် စာတန်ကို သူအမိန့်ပေးခဲ့သည်။ ယောဘသည် စုံလင်ပြီး ဖြောင့်မတ်သည်ကို ဘုရားသခင် အသိအမှတ်ပြုခဲ့သောကြောင့်၊ ပြီးလျှင် သူ၏ရှေ့၌ ယောဘ၏ စုံလင်ခြင်းနှင့် ဖြောင့်မတ်ခြင်းမှာ သံသယ ဖြစ်ဖွယ်မရှိသကဲ့သို့ စစ်ဆေးမှု ခံစေခြင်းကို ကြံ့ကြံ့ခံနိုင်မည် ဖြစ်သည်ကို ယောဘ၌ ယုံကြည်ခြင်း ရှိခဲ့သောကြောင့်၊ ဘုရားသခင်သည် ယောဘကို စုံစမ်းနှောင့်ယှက်ရန် စာတန်ကို ခွင့်ပြုခဲ့ခြင်း ဖြစ်သော်လည်း၊ စာတန်အပေါ် ကန့်သတ်ချက် တစ်ခုကို ချမှတ်ခဲ့သည်- စာတန်သည် ယောဘ၏ ဥစ္စာပစ္စည်း အားလုံးကို နုတ်ယူရန် အခွင့်ရခဲ့သော်လည်း၊ သူ့အပေါ် ကိုယ်ထိလက်ရောက် မလုပ်နိုင်ခဲ့ပေ။ ဤသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းမှာ ထိုအခိုက်အတန့်တွင် ဘုရားသခင်သည် ယောဘကို စာတန်ထံ လုံးလုံးလျားလျား မပေးအပ်ခဲ့သည်ကို ဆိုလိုပေသည်။ လူ၏ အရာရာတိုင်းကို ဘုရားသခင် ထိန်းချုပ်ထားပြီး လူ ရှင်သည်ဖြစ်စေ သေသည်ဖြစ်စေ ဘုရားသခင်က ဆုံးဖြတ်သောကြောင့်၊ စာတန်သည် ယောဘကို ၎င်းအလိုရှိသည့် မည်သည့် နည်းလမ်းဖြင့်မဆို စုံစမ်းနှောင့်ယှက်နိုင်မည်ဖြစ်သော်လည်း၊ ယောဘကိုယ်တိုင်အား- သူ၏ ဦးခေါင်းပေါ်က ဆံခြည် တစ်မျှင်ကိုပင်- ထိခိုက်နာကျင်စေနိုင်မည် မဟုတ်ပေ။ စာတန်သည် ဤလုပ်ပိုင်ခွင့် မရှိပေ။ ဤစကားများကို စာတန်အား ဘုရားသခင် ဆိုခဲ့ပြီးနောက်တွင် စာတန်သည် အစပြုရန် အလွန် စိတ်အားထက်သန်ခဲ့သည်။ ၎င်းသည် ယောဘကို စုံစမ်းနှောင့်ယှက်ဖို့ နည်းလမ်းတိုင်းကို အသုံးပြုခဲ့ပြီး၊ များမကြာမီတွင် ယောဘသည် သူ့ကို ဘုရားသခင် ပေးထားခဲ့သည့် တောင်တစ်တောင်စာရှိသော သိုး နွားများနှင့် ဥစ္စာပစ္စည်း အားလုံးကို ဆုံးရှုံးခဲ့ပြီးဖြစ်လေသည်...ထိုသို့ဖြင့် ဘုရားသခင်၏ စမ်းသပ်မှုများသည် သူ့အပေါ် ရောက်လာခဲ့သည်။
သမ္မာကျမ်းစာက ငါတို့အား ယောဘ၏ စုံစမ်းနှောင့်ယှက်ခံရခြင်း၏ ဇာစ်မြစ်များကို ပြောပြသော်လည်း၊ ဤစုံစမ်းနှောင့်ယှက်ခြင်းများကို ခံရသည့် ယောဘကိုယ်တိုင်သည် မည်သည့်အရာများ ဖြစ်နေသည်ကို သိခဲ့သလော။ ယောဘသည် သေမျိုးဖြစ်သော လူသားတစ်ဦးသာ ဖြစ်သည်။ ဟုတ်ပေ၏၊ သူ၏အနီးတစ်ဝိုက်တွင် ထုတ်ဖော်ပြလျက်ရှိသည့် အဖြစ်အပျက်နှင့် သက်ဆိုင်၍ မည်သည့်အရာကိုမျှ သူမသိခဲ့ပေ။ သို့သော်ငြားလည်း သူ့အပေါ် ဘုရားသခင်၏ စမ်းသပ်မှုများ ရောက်လာခဲ့ပြီ ဖြစ်သည်ကို ဘုရားသခင်အပေါ် သူ၏ ကြောက်ရွံ့ခြင်း၊ သူ၏ စုံလင်ခြင်းနှင့် ဖြောင့်မတ်ခြင်းတို့က သူ့အား နားလည်စေခဲ့သည်။ ဝိညာဉ်ရေးရာ လောက၌ မည်သည့်အရာ ဖြစ်ပျက်ခဲ့သည်ကို သူ မသိခဲ့သကဲ့သို့၊ ဤစမ်းသပ်မှုများ၏ နောက်ကွယ်တွင် ဘုရားသခင်၏ မည်သည့်ရည်ရွယ်ချက်များမှာ ရှိခဲ့သည်ဆိုသည်ကိုလည်း မသိခဲ့ပေ။ သို့သော် သူ့ထံ မည်သည့်အရာ ဖြစ်ပျက်ခဲ့သည်ကို ပဓာနမထားဘဲ၊ သူ၏စုံလင်ခြင်းနှင့် ဖြောင့်မတ်ခြင်းအတိုင်း သူ ထိန်းသိမ်းသင့်ပြီး ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ခြင်းလမ်းခရီးအား လိုက်နာသင့်သည်ကို သူ သိခဲ့သည်။ ဤကိစ္စရပ်များအဖို့ ယောဘ၏ သဘောထားနှင့် တုန့်ပြန်ချက်များကို ဘုရားသခင် ရှင်းလင်းစွာ ရှုမြင်ခဲ့သည်။ ဘုရားသခင်သည် မည်သည့်အရာကို မြင်ခဲ့သနည်း။ ဘုရားသခင်ကို ကြောက်ရွံ့သည့် ယောဘ၏ စိတ်နှလုံးကို သူမြင်ခဲ့သည်၊ အဘယ်ကြောင့်ဆိုသော် အစအဦးမှသည် ယောဘ စစ်ဆေးခံရသည့် အချိန်အထိ ယောဘ၏ စိတ်နှလုံးသည် ဘုရားသခင်အား ဖွင့်ဟမြဲဖွင့်ဟထားခဲ့သောကြောင့်၊ ယင်းသည် ဘုရားသခင် ရှေ့၌ ချထားခဲ့ပြီး၊ ယောဘသည် သူ၏ စုံလင်ခြင်း သို့မဟုတ် ဖြောင့်မတ်ခြင်းကို မစွန့်လွှတ်ခဲ့သကဲ့သို့ ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်သည့် လမ်းကို မပစ်ပယ်ခဲ့သောကြောင့် သို့မဟုတ် ထိုလမ်းမှ လှည့်မသွား ခဲ့သောကြောင့်ဖြစ်သည်- ဤအရာထက် ဘုရားသခင်ကို သာ၍ စိတ်ကျေနပ်စေသောအရာ မရှိခဲ့ပေ။ ဆက်လက်၍ မည်သည့် စုံစမ်းနှောင့်ယှက်မှုများအား ယောဘ ကြုံခဲ့ရသည်ဆိုသည်နှင့် ဤစမ်းသပ်မှုများကို သူ မည်သို့ ကိုင်တွယ်ဖြေရှင်းခဲ့သည်ဆိုသည်ကို ကျွန်ုပ်တို့ ကြည့်ကြမည် ဖြစ်သည်။ ကျမ်းပိုဒ်များမှ ဖတ်ကြပါစို့။
(ဂ) ယောဘ၏ တုံ့ပြန်မှု
ယောဘ ၁:၂၀-၂၁ ထိုအခါ ယောဘသည် ထကာ၊ မိမိဝတ်လုံကိုဆုတ်ပြီး ဦးခေါင်းကိုရိတ်၍ မြေပြင်ပေါ်တွင် ပျပ်ဝပ်လျက် ကိုးကွယ်ပြီး၊ ငါသည် အမိဝမ်းထဲက အဝတ်အချည်းစည်း ထွက်လာရ၏၊ အဝတ်အချည်းစည်းဖြင့်ပင် ငါပြန်သွားရမည်။ ယေဟောဝါသည် ပေးတော်မူ၏၊ ပြီးလျှင် ယေဟောဝါသည် ပြန်နုတ်သိမ်းတော်မူ၏၊ ယေဟောဝါ၏ နာမတော်သည် မင်္ဂလာရှိပါစေဟု ဆိုလေ၏။
သူပိုင်ဆိုင်သမျှကို ပြန်ပေးဖို့ ယောဘ တာဝန်ယူဆုံးဖြတ်သည်မှာ ဘုရားသခင်အပေါ် သူ၏ ကြောက်ရွံ့ခြင်းမှ အရင်းခံသည်
ဘုရားသခင်က စာတန်အား “သူ၌ ရှိသမျှတို့သည် သင်၏ အာဏာစက်ထဲ၌ ရှိ၏။ သူ့ကိုယ်ပေါ်သာ သင့် လက်မရောက်စေနှင့်။” ဟု ဆိုပြီးနောက်တွင် စာတန်သည် ထွက်သွားပြီး များမကြာမီတွင် ယောဘသည် ရုတ်တရက်နှင့် ပြင်းထန်သော တိုက်ခိုက်မှုများအောက် ရောက်လာခဲ့သည်။ ပထမဦးစွာ၊ သူ၏နွားများနှင့် မြည်းများ လုယက်ခြင်းကို ခံခဲ့ရပြီး သူ၏ အစေခံအချို့ အသတ်ခံခဲ့ရသည်။ ဆက်လက်၍၊ သူ၏သိုးများနှင့် နောက်ထပ်အစေခံအချို့သည် မီးဖြင့် လောင်ခြင်းခံခဲ့ရသည်။ ထို့နောက်တွင်၊ သူ၏ ကုလားအုတ်များ ယူဆောင်သွားခြင်း ခံခဲ့ရပြီး၊ သာ၍ပင်များသော သူ၏ အစေခံများ အသတ်ဖြတ်ခံခဲ့ရသည်။ နောက်ဆုံးတွင် သူ၏ သားများနှင့် သမီးများ၏ အသက်များ နုတ်ယူခြင်း ခံခဲ့ရသည်။ တသီတတန်းဖြစ်သော ဤတိုက်ခိုက်မှုများမှာ ပထမ စုံစမ်းနှောင့်ယှက်မှု အတောအတွင်း ယောဘ ခံစားခဲ့ရသော ညှဉ်းဆဲခြင်း ဖြစ်သည်။ ဘုရားသခင် အမိန့်ပေးခဲ့သည်နှင့်အညီ ဤတိုက်ခိုက်မှုများအတောအတွင်းတွင်၊ စာတန်သည် ယောဘ၏ ဥစ္စာပစ္စည်းနှင့် သူ၏ သားသမီးများကိုသာ ပစ်မှတ်ထားခဲ့ပြီး ယောဘ ကိုယ်တိုင်ကို အန္တရာယ်ပေးခဲ့ခြင်း မရှိပေ။ သို့သော်လည်း ယောဘသည် ကြီးစွာသော ကြွယ်ဝချမ်းသာခြင်းကို ပိုင်ဆိုင်ခဲ့သော သူဌေးတစ်ဦးအဖြစ်မှ မည်သည့်အရာမျှ မရှိသော သူတစ်ဦးအဖြစ် ချက်ချင်း ပြောင်းလဲသွားခဲ့ရသည်။ မျှော်လင့်မထားသော အလွန်အံ့အားသင့်ဖွယ် ဤထိုးနှက်မှုကို မည်သူမျှ ကြံ့ကြံ့ခံနိုင်မည် မဟုတ်၊ သို့မဟုတ် ယင်းကို မှန်မှန်ကန်ကန် တုံ့ပြန်နိုင်ခဲ့မည် မဟုတ်ပေ၊ သို့သော်လည်း ယောဘသည် သူ၏ အံ့မခန်းသော သဘောထားကို ထင်ရှားစေခဲ့သည်။ သမ္မာကျမ်းက အောက်ပါ အဖြစ်အပျက်ကို ဖော်ပြပေး၏- “ထိုအခါ ယောဘသည် ထကာ၊ မိမိဝတ်လုံကိုဆုတ်ပြီး ဦးခေါင်းကိုရိတ်၍ မြေပြင်ပေါ်တွင် ပျပ်ဝပ်လျက် ကိုးကွယ်ပြီး။” ဤသည်မှာ ယောဘသည် သူ၏သားသမီးများနှင့် သူ၏ဥစ္စာပစ္စည်း အားလုံးကို ဆုံးရှုံးခဲ့ပြီ ဖြစ်သည်ကို ကြားသိပြီးနောက် သူ၏ပထမဦးဆုံး တုံ့ပြန်မှု ဖြစ်ခဲ့သည်။ အရာအားလုံးအထက်တွင်၊ သူသည် ဒေါသ သို့မဟုတ် အမုန်းကို ဖော်ပြဖို့ မဆိုထားနှင့်၊ အံ့အားသင့်သည့်ပုံ သို့မဟုတ် အထိတ်တလန့် ဖြစ်သည့်ပုံပင် မပေါ်ခဲ့ပေ။ သူ၏စိတ်နှလုံးထဲတွင် ဤဘေးဒုက္ခများသည် ဝဋ်လည်ခြင်း သို့မဟုတ် ပြစ်ဒဏ်ခတ်ခြင်း ကျရောက်ခြင်း ဖြစ်ခဲ့ဖို့ မဆိုထားနှင့်၊ မတော်တဆဖြစ်မှုတစ်ခု မဟုတ်၊ သို့မဟုတ် လူ၏လက်မှ ဖြစ်ပွားခြင်း မဟုတ်ခဲ့သည်ကို သူက လက်ခံထားနှင့်ပြီး ဖြစ်သည်။ ယင်းအစား၊ ယေဟောဝါ၏ စမ်းသပ်မှုများသည် သူ့အပေါ် ရောက်လာခဲ့ပြီးဖြစ်သည်။ သူ၏ ဥစ္စာပစ္စည်းနှင့် သားသမီးများကို နုတ်ယူရန် အလိုရှိခဲ့သူမှာ ယေဟောဝါ ဖြစ်သည်။ ယောဘသည် ထိုအခါက အလွန်တည်ငြိမ်ပြီး ယုတ္တိရှိရှိ တွေးခေါ်ခဲ့သည်။ သူ၏ စုံလင်ပြီး ဖြောင့်မတ်သော လူ့သဘာဝသည် သူ့အပေါ် ကျရောက်ခဲ့ပြီးသော ဘေးဒုက္ခများနှင့်ပတ်သက်၍ မှန်ကန်သော အကဲဖြတ်မှုများနှင့် ဆုံးဖြတ်ချက်များကို အကျိုးသင့်အကြောင်းသင့်နှင့် သဘာဝကျကျ ချမှတ်နိုင်စေခဲ့ပြီး၊ အကျိုးဆက်အနေဖြင့် “ထိုအခါ ယောဘသည် ထကာ၊ မိမိဝတ်လုံကိုဆုတ်ပြီး ဦးခေါင်းကိုရိတ်၍ မြေပြင်ပေါ်တွင် ပျပ်ဝပ်လျက် ကိုးကွယ်ပြီး” ဟူ၍ သူသည် တစ်မူထူးခြားသော တည်ငြိမ်မှုဖြင့် ပြုမူခဲ့သည်။ “မိမိဝတ်လုံကိုဆုတ်ပြီး” ဆိုသည်မှာ သူသည် အဝတ်မဝတ်ထားသကဲ့သို့ မည်သည့်အရာကိုမျှ မပိုင်ဆိုင်ခဲ့သည်ကို ဆိုလိုသည်။ “ဦးခေါင်းကိုရိတ်၍” ဆိုသည်မှာ သူသည် ဘုရားသခင် ရှေ့သို့ မွေးကင်းစကလေးတစ်ဦးသဖွယ် ပြန်လာခဲ့ပြီးဖြစ်သည်ကို ဆိုလိုသည်။ “မြေပြင်ပေါ်တွင် ပျပ်ဝပ်လျက် ကိုးကွယ်ပြီး” ဆိုသည်မှာ သူသည် လောကထဲသို့ အဝတ်အချည်းစည်း လာခဲ့ပြီး ယနေ့တွင် မည်သည့်အရာမျှ မရှိသေးပေ၊ သူသည် ဘုရားသခင်ထံ မွေးကင်းစကလေးသူငယ်တစ်ဦးအလား ပြန်သွား ခဲ့ရသည်ကို ဆိုလိုသည်။ သူ့အပေါ်သို့ ကျရောက်သမျှအပေါ် ယောဘ၏ သဘောထားကို ဘုရားသခင်၏ မည်သည့် ဖန်ဆင်းခံ သတ္တဝါမျှ စွမ်းဆောင်ရရှိနိုင်မည် မဟုတ်ပေ။ ယေဟောဝါ၌ သူ၏ ယုံကြည်ခြင်းသည် ယုံကြည်မှု နယ်ပယ်ကို ကျော်လွန်သွားခဲ့သည်။ ဤသည်မှာ ဘုရားသခင်အပေါ် သူ၏ကြောက်ရွံ့ခြင်းနှင့် ဘုရားသခင်အား သူ၏နာခံခြင်းဖြစ်ခဲ့သည်။ သူ့အား ပေးခြင်းအတွက် ဘုရားသခင်ကို သူ ကျေးဇူးတင် ရှိနိုင်သည်သာမက သူထံမှ နုတ်ယူခြင်းအတွက်လည်း ကျေးဇူးတင်ရှိနိုင်ခဲ့သည်။ ထို့အပြင်၊ သူသည် သူ၏အသက် အပါအဝင် သူ ပိုင်ဆိုင်သမျှအားလုံးကို ဘုရားသခင်ထံ ပြန်ပေးဖို့ တာဝန်ယူဆုံးဖြတ်နိုင်ခဲ့သည်။
ဘုရားသခင်အပေါ် ယောဘ၏ ကြောက်ရွံ့ခြင်းနှင့် နာခံခြင်းသည် လူသားမျိုးနွယ်အဖို့ ပုံသက်သေတစ်ခု ဖြစ်ပြီး သူ၏စုံလင်ခြင်းနှင့် ဖြောင့်မတ်ခြင်းတို့သည် လူသား ပိုင်ဆိုင်သင့်သည့် လူ့သဘာဝ၏ အထွတ်အထိပ် ဖြစ်ခဲ့သည်။ သူသည် ဘုရားသခင်ကို မမြင်ခဲ့သော်လည်း၊ ဘုရားသခင် အမှန်တကယ် တည်ရှိသည်ကို သူ နားလည်ခဲ့ပြီး၊ ဤနားလည်ခြင်းကြောင့် သူသည် ဘုရားသခင်ကို ကြောက်ရွံ့ခဲ့သည်၊ ဘုရားသခင်ကို သူ၏ ကြောက်ရွံ့ခြင်းကြောင့် ဘုရားသခင်ကို သူနာခံနိုင်ခဲ့ပေသည်။ သူ၌ ရှိခဲ့သည့် မည်သည့်အရာကိုမဆို ယူဆောင်ရန် ဘုရားသခင်အား လွတ်လပ်စွာ လုပ်ပိုင်ခွင့် သူပေးခဲ့သော်လည်း၊ သူသည် ညည်းညူခြင်း မရှိခဲ့သကဲ့သို့၊ ဘုရားသခင် ရှေ့တွင် ပျပ်ဝပ်ကာ ဤအခိုက်အတန့်တွင်ပင် ဘုရားသခင်သည် သူ၏ ခန္ဓာကိုပင် နုတ်ယူခဲ့လျှင်ပင်၊ သူသည် ညည်းညူခြင်းမရှိဘဲ၊ ဝမ်းမြောက်ဝမ်းသာ ထိုသို့ သူ့ကို လုပ်ခွင့်ပေးမည်ဟု ဘုရားသခင်အား ပြောခဲ့လေသည်။ သူ၏ အပြုအမူတစ်ခုလုံးသည် သူ၏ စုံလင်ကာ ဖြောင့်မတ်သော လူ့သဘာဝကြောင့် ဖြစ်ခဲ့သည်။ ဆိုလိုသည်မှာ သူ၏ အပြစ်ကင်းစင်မှု၊ ရိုးသားမှုနှင့် ကြင်နာမှု အကျိုးဆက်တစ်ခုအနေဖြင့်၊ ယောဘသည် ဘုရားသခင်၏ တည်ရှိခြင်းနှင့် သက်ဆိုင်သည့် သူ၏ သဘောပေါက်ခြင်းနှင့် အတွေ့အကြုံတို့တွင် မဆုတ်မနှစ်ဖြစ်ခဲ့သည်။ ဤအခြေခံအုတ်မြစ်ပေါ်တွင် သူသည် သူ့ကိုယ်သူ လိုအပ်ချက်များကို သတ်မှတ်ခြင်းနှင့် သူ၏ အတွေးအခေါ်၊ အပြုအမူ၊ လုပ်ဆောင်မှုနှင့် ဘုရားသခင် ရှေ့တွင် ပြုမူလုပ်ဆောင်မှု အခြေခံသဘောတရားများကို သူနှင့်သက်ဆိုင်သည့် ဘုရားသခင်၏ လမ်းပြမှုနှင့် အရာခပ်သိမ်းအလယ် သူမြင်ခဲ့ပြီးသော ဘုရားသခင်၏ လုပ်ဆောင်ချက်များနှင့်အညီ စံသတ်မှတ်ခဲ့သည်။ အချိန်လွန်လာသည်နှင့်အမျှ၊ သူ၏ အတွေ့အကြုံများသည် သူ့အထဲ၌ ဘုရားသခင်အပေါ် စစ်မှန်သည့် အမှန်တကယ် ကြောက်ရွံ့မှုတစ်ခုကို ဖြစ်စေခဲ့ပြီး သူ့အား မကောင်းမှုကို ရှောင်ရှားစေခဲ့သည်။ ဤသည်မှာ ယောဘက မြဲမြံစွာ ထိန်းသိမ်းခဲ့သည့် တည်ကြည်မှု၏ အရင်းအမြစ် ဖြစ်ခဲ့သည်။ ယောဘသည် ရိုးသားသော၊ အပြစ်ကင်းပြီး ကြင်နာတတ်သော လူ့သဘာဝကို ပိုင်ဆိုင်ခဲ့ပြီး သူသည် ဘုရားသခင်အား ကြောက်ရွံ့ခြင်း၊ ဘုရားသခင်အား နာခံခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်းအပြင်၊ “ယေဟောဝါသည် ပေးတော်မူ၏၊ ပြီးလျှင်ယေဟောဝါသည် ပြန်နုတ်သိမ်းတော်မူ၏၊” ဟူသော အသိပညာနှင့် သက်ဆိုင်သည့် တကယ့်အတွေ့အကြုံ ရှိခဲ့သည်။ ဤအရာများကြောင့်သာ သူသည် စာတန်၏ ထိုသို့သော ရက်စက်သည့် တိုက်ခိုက်မှုများကြားတွင် သူ၏ သက်သေခံချက်၌ အခိုင်အမာ ရပ်တည်နိုင်ခဲ့ပြီး၊ ၎င်းတို့ကြောင့်သာလျှင် သူသည် ဘုရားသခင်၏ စမ်းသပ်မှုများ သူ့အပေါ် ရောက်လာသည့်အခါ၊ ဘုရားသခင်အား စိတ်မပျက်စေနိုင်ခဲ့သကဲ့သို့ အားရကျေနပ်ဖွယ် အဖြေတစ်ခုကို ဘုရားသခင်အား ပေးနိုင်ခဲ့ခြင်း ဖြစ်သည်။ ပထမအကြိမ် စုံစမ်းနှောင့်ယှက်မှု အတောအတွင်း ယောဘ၏ အပြုအမူသည် အလွန် ရိုးရှင်းခဲ့သော်လည်း၊ နောက်မျိုးဆက်များသည် တစ်ဘဝလုံး ကြိုးပမ်းပြီးနောက်တွင်ပင် ထိုသို့သော ရိုးရှင်းမှုမျိုးကို ရယူနိုင်ခြင်းငှာ မသေချာခဲ့ကြသကဲ့သို့၊ ၎င်းတို့သည် အထက်တွင် ဖော်ပြခဲ့သော ယောဘ၏ အပြုအမူကို သေချာပေါက် ပိုင်ဆိုင်ကြမည် မဟုတ်ပေ။ ယနေ့တွင် ယောဘ၏ ရိုးရှင်းသော အပြုအမူကို ရင်ဆိုင်ခဲ့ရလျက်၊ ယင်းကို ဘုရားသခင်အား ယုံကြည်ပြီး ဘုရားသခင် နောက်လိုက်သည်ဟု အခိုင်အမာ ဆိုကြသောသူများက ဘုရားသခင်ထံ ပြသခဲ့သည့် “အကြွင်းမဲ့ နာခံခြင်းနှင့် သေသည့်တိုင် သစ္စာရှိခြင်း” ဟူသော ကြွေးကြော်မှုများ၊ စိတ်ပိုင်းဖြတ်ချက်များနှင့် နှိုင်းယှဉ်ပါက၊ သင်တို့သည် အလွန်အမင်း ရှက်ကြသလော သို့မဟုတ် မရှက်ကြသလော။
သမ္မာကျမ်းထဲတွင် ယောဘနှင့် သူ၏ မိသားစု ခံစားခဲ့ ရသမျှအားလုံးကို သင်ဖတ်ရှုသည့်အခါ၊ သင်၏တုံ့ပြန်မှုမှာ အဘယ်နည်း။ သင်၏ အတွေးများထဲတွင် နှစ်မျောလာမိသလော။ သင် အလွန် အံ့အားသင့်သလော။ ယောဘအပေါ် ကျရောက်သည့် စမ်းသပ်မှုများကို “ထိတ်လန့်တုန်လှုပ်ဖွယ်” အဖြစ် ဖော်ပြ၍ ရနိုင်မည်လော။ တစ်နည်းအားဖြင့်၊ တကယ့်ဘဝတွင် မည်သို့ဖြစ် ခဲ့မည်ကို ထည့်မတွက်နှင့်ဦးတော့၊ သမ္မာကျမ်းထဲတွင် ဖော်ပြထားသော ယောဘ၏ စမ်းသပ်မှုများကို ဖတ်ရှုခြင်းသည်ပင် စိတ်ပျက်ဖွယ်လိလိ ဖြစ်လောက်ပေသည်။ ထိုအခါ သင်သည် ယောဘအပေါ် ကျရောက်ခဲ့သည့် အရာများမှာ၊ “လက်တွေ့ လေ့ကျင့်ခန်း” တစ်ခု မဟုတ်ဘဲ၊ “သေနတ်အစစ်များ” နှင့် “ကျည်ဆန်အစစ်များ” ပါဝင်သော “တိုက်ပွဲ” အစစ်အမှန်တစ်ခု ဖြစ်ကြောင်း မြင်ရသည်။ သို့သော် သူသည် မည်သူ၏ လက်အားဖြင့် ဤစမ်းသပ်မှုများကို ခံခဲ့ရသနည်း။ ဟုတ်ပေ၏၊ ၎င်းတို့မှာ စာတန်၏ လုပ်ဆောင်ချက် ဖြစ်ခဲ့ပြီး၊ ဤအရာများကို စာတန်က မိမိလက်များဖြင့် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ ဤသို့ဖြစ်စေကာမူ ဤအရာများကို ဘုရားသခင်က တရားဝင်ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။ ယောဘအား မည်သည့် နည်းလမ်းများဖြင့် စုံစမ်းနှောင့်ယှက်ရန် စာတန်ကို ဘုရားသခင် ပြောပြခဲ့သလော။ သူမပြောခဲ့ပေ။ ဘုရားသခင်သည် စာတန် လိုက်နာရမည့် သတ်မှတ်ချက် တစ်ခုကို ပြုရုံမျှပြုခဲ့ပြီးနောက် ယောဘအပေါ် စုံစမ်းနှောင့်ယှက်ခြင်း ရောက်လာခဲ့ပေသည်။ ယောဘအပေါ် စုံစမ်းနှောင့်ယှက်ခြင်း ရောက်လာခဲ့ချိန်တွင်၊ ယင်းက လူတို့အား စာတန်၏ ဆိုးယုတ်မှုနှင့် အကျည်းတန်မှု၊ လူအပေါ် ၎င်း၏ လူတို့အား ဆိုးယုတ်မှုနှင့် လူသားကို စက်ဆုပ်ရွံရှာမှုနှင့် ဘုရားသခင်အား ရန်လိုမှုတို့နှင့်သက်ဆိုင်သည့် အသိတစ်ခုကို ပေးခဲ့လေသည်။ ဤတွင် စကားလုံများက ဤစုံစမ်းနှောင့်ယှက်ခြင်း မည်မျှ ရက်စက်သည်ကို ဖော်ပြ၍ မရနိုင်မှန်း ငါတို့မြင်ရသည်။ စာတန်က လူကို နှိပ်စက်ညှဉ်းပန်းဖို့ အသုံးပြုသည့် အငြိုးထားသော သဘာဝနှင့် ၎င်း၏ အကျည်းတန်သော မျက်နှာသည် ဤအခိုက်အတန့်တွင် အပြည့်အဝ ပေါ်ထွက်ခဲ့သည်ဟု ဆိုနိုင်ပေသည်။ စာတန်သည် ယောဘအား ပျာယာခတ်စေပြီး အကြင်နာမဲ့သော ညှဉ်းပန်းနှိပ်စက်မှု၊ ယနေ့ခေတ် လူများ စိတ်ကူး၍မရနိုင်သကဲ့သို့ လုံးဝ ခံနိုင်ကြမည် မဟုတ်သည့် ရက်စက်ကြမ်းကြုတ်မှု နည်းစနစ်နှင့် အဆင့် နှစ်ခုလုံးကို ခံစေဖို့ ဘုရားသခင်၏ ခွင့်ပြုချက်အားဖြင့် ပေးခဲ့သော ဤအခွင့်အရေးကို အသုံးပြုခဲ့လေသည်။ ယောဘသည် စာတန်၏ စုံစမ်းနှောင့်ယှက်ခြင်း ခံခဲ့ရပြီး ဤစုံစမ်းနှောင့်ယှက်မှု အတောအတွင်းတွင် သူ၏ သက်သေခံချက်၌ ခိုင်မာစွာ ရပ်တည်ခဲ့သည်ဟု ဆိုခြင်းထက်၊ သူ့အတွက် ဘုရားသခင် စီစဉ်ခဲ့သော စမ်းသပ်မှုများထဲတွင် ယောဘသည် သူ၏ စုံလင်ခြင်းနှင့် ဖြောင့်မတ်ခြင်းကို ကာကွယ်ရန်နှင့် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုရှောင်ကြဉ်ခြင်း လမ်းခရီးကို ခုခံရန် စာတန်နှင့် ပြိုင်ပွဲတစ်ပွဲကို စတင်ခဲ့သည်ဟု ဆိုရန် သာ၍ကောင်းပေသည်။ ဤပြိုင်ပွဲတွင် ယောဘသည် တောင်တစ်တောင်စာရှိသော သိုးများနှင့် ကျွဲနွားတိရစ္ဆာန်များကို ဆုံးရှုံးခဲ့သည်၊ သူ၏ဥစ္စာပစ္စည်း အားလုံးကို ဆုံးရှုံးခဲ့ပြီး သူ၏သားများနှင့် သမီးများကို ဆုံးရှုံးခဲ့သည်။ သို့သော်၊ သူ၏စုံလင်ခြင်း၊ ဖြောင့်မတ်ခြင်း သို့မဟုတ် ဘုရားသခင်အပေါ် ကြောက်ရွံ့ခြင်းကို သူ မစွန့်လွှတ်ခဲ့ချေ။ တစ်နည်းအားဖြင့်၊ စာတန်နှင့် ယှဉ်ပြိုင်သည့် ဤပြိုင်ပွဲတွင်၊ ယောဘသည် သူ၏စုံလင်ခြင်း၊ ဖြောင့်မတ်ခြင်းနှင့် ဘုရားသခင်အပေါ် ကြောက်ရွံ့ခြင်းတို့ကို ဆုံးရှုံးခြင်းထက် ဥစ္စာပစ္စည်းနှင့် သားသမီးများ ချို့ငဲ့ရမည်ကို ပို၍ နှစ်သက်ခဲ့သည်။ လူသားတစ်ဦးဖြစ်ခြင်း၏ အဓိပ္ပာယ် အရင်းအမြစ်ကို ထိန်းသိမ်းရန် သူ သာ၍ နှစ်သက်ခဲ့သည်။ သမ္မာကျမ်းစာက သူ၏ ပိုင်ဆိုင်မှုများကို ယောဘ ဆုံးရှုံးခဲ့ရသည့် ဖြစ်စဉ်တစ်ခုလုံး၏ ကျစ်လျစ်ပြည့်စုံသည့် မှတ်တမ်းတစ်ခု ပေးထားပြီး၊ ယောဘ၏ အပြုအမူနှင့် သဘောထားကိုလည်း မှတ်တမ်းတင်ထားသည်။ ဤတိုတောင်းပြီး လိုရင်းတိုရှင်းဖြစ်သော ဖြစ်ရပ်များက ယောဘသည် ဤစုံစမ်းနှောင့်ယှက်ခြင်းကို ရင်ဆိုင်ရာတွင် စိုးရိမ်သောက ကင်းလုနီးပါး ဖြစ်ခဲ့သည်ကို သတိပြုမိစေသော်လည်း၊ အကယ်၍ စာတန်၏ အငြိုးထားသော သဘာဝကို ထည့်တွက်လျက် အမှန်တကယ် ဖြစ်ပျက်ခဲ့သည်တို့ကို ပြန်လည်ဖန်တီးခဲ့မည်ဆိုပါက၊ အမှုအရာများသည် ဤစာကြောင်းများထဲ၌ ဖော်ပြထားသလောက် ရိုးရှင်းလိမ့်မည် သို့မဟုတ် လွယ်ကူလိမ့်မည် မဟုတ်ပေ။ လက်တွေ့အရှိတရားသည် များစွာ သာ၍ ရက်စက် ကြမ်းကြုတ် ခဲ့ပေသည်။ ယင်းမှာ လူသားမျိုးနွယ်နှင့် ဘုရားသခင်၏ လက်ခံသောသူ အားလုံးအပေါ် စာတန် ပြုမူသည့် ကြီးစွာသောပျက်စီးခြင်းနှင့် မုန်းတီးမှု၏ အဆင့်ဖြစ်သည်။ အကယ်၍ ယောဘကို မထိခိုက်ရန် စာတန်အား ဘုရားသခင် မတောင်းဆိုခဲ့ပါက၊ စာတန်သည် လိပ်ပြာမလုံခြင်း တစ်ခုတစ်လေမျှမရှိဘဲ သူ့ကို ဧကန်မုချ သတ်ဖြတ်ပြီးဖြစ်ပေမည်။ စာတန်သည် မည်သူ တစ်ဦးတစ်ယောက်ကိုမျှ ဘုရားသခင်အား မကိုးကွယ်စေချင်သကဲ့သို့၊ ၎င်းသည် ဘုရားသခင်၏အမြင်တွင် ဖြောင့်မတ်သောသူများနှင့် စုံလင်ကာ ဖြောင့်မတ်သောသူများက ဘုရားသခင်ကို ဆက်လက် ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ရှားနိုင်ကြမည်ကို အလိုမရှိပေ။ လူတို့အတွက် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်ဖို့ဆိုသည်မှာ ၎င်းတို့သည် စာတန်ကို ရှောင်ရှားကာ ကျောခိုင်းရမည်ကို ဆိုလိုပေသည်၊ ထို့ကြောင့် စာတန်သည် ၎င်း၏ အမျက်ဒေါသနှင့် အမုန်းအားလုံးကို သက်ညှာမှုမရှိဘဲ ယောဘအပေါ် စုပုံရန် ဘုရားသခင်၏ ခွင့်ပြုချက်ကို ကောင်းကောင်း အသုံးချခဲ့လေသည်။ ထိုအခါ စိတ်မှ ခန္ဓာအထိ၊ အပြင်မှ အတွင်းအထိ ယောဘ ခံစားခဲ့ရသည့် ညှဉ်းဆဲမှု မည်မျှကြီးမားခဲ့သည်ကို သင်မြင်ရသည်။ ယနေ့တွင် ထိုအချိန်က မည်ကဲ့သို့ ဖြစ်ခဲ့သည်ကို ငါတို့ မမြင်ရသကဲ့သို့၊ သမ္မာကျမ်းစာ ဖြစ်ရပ်များမှသာ ထိုအချိန်က ညှဉ်းဆဲမှုကို ယောဘ ခံခဲ့ရချိန် သူ၏ စိတ်ခံစားချက်များနှင့် သက်ဆိုင်သည့် အကျဉ်းချုပ် အရိပ်အမြွက် တစ်ခုကို ငါတို့ ရရှိနိုင်ပေသည်။
ယောဘ၏ ယိမ်းယိုင်မှုမရှိသော တည်ကြည်ခြင်းသည် စာတန်အား အရှက်ရစေပြီး ၎င်းအား အထိတ်တလန့် ထွက်ပြေးစေသည်
သို့ဆိုလျှင် ဤညှဉ်းဆဲမှုကို ယောဘ ခံခဲ့ရချိန်တွင် ဘုရားသခင်သည် မည်သည့်အရာကို လုပ်ဆောင်ခဲ့သနည်း။ ဘုရားသခင်သည် လေ့လာ၊ စောင့်ကြည့်ခဲ့ပြီး ရလဒ်ကို စောင့်ဆိုင်းခဲ့သည်။ ဘုရားသခင် လေ့လာကာ စောင့်ကြည့်သည် နှင့်အမျှ၊ သူ မည်ကဲ့သို့ ခံစားခဲ့ရသနည်း။ သူသည် သောကရောက် နေခဲ့ရသည်မှာ အမှန် ဖြစ်၏။ သို့သော် သူ ခံစားခဲ့ရသည့် ပူဆွေးမှုကြောင့် ယောဘအား စာတန် စုံစမ်းနှောင့်ယှက်ရန် စာတန်ကို သူခွင့်ပြုခဲ့ခြင်းအား ဘုရားသခင် နောင်တရနိုင်ခဲ့မည်လော။ အဖြေမှာ မဟုတ်ပေ၊ သူသည် ထိုသို့သော နောင်တရနိုင်ခဲ့မည် မဟုတ်ပေ။ အကြောင်းမှာ ယောဘသည် စုံလင်ပြီး ဖြောင့်မတ်သည်၊ သူသည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်သည်ကို သူအခိုင်အမာ ယုံကြည်ခဲ့သည့်အတွက် ဖြစ်သည်။ ဘုရားသခင်ရှေ့တွင် ယောဘ၏ ဖြောင့်မတ်ခြင်းအား မှန်ကန်ကြောင်းအတည်ပြုရန်နှင့် စာတန် ကိုယ်တိုင်၏ ဆိုးယုတ်မှုနှင့် စက်ဆုပ်ဖွယ်ဖြစ်ခြင်းကို ထုတ်ဖော်ပြရန် ဘုရားသခင်သည် စာတန်အား သက်သက် အခွင့်အရေး ပေးခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် ယင်းသည် ကမ္ဘာသူကမ္ဘာသားများ၊ စာတန်နှင့် ဘုရားသခင်နောက်သို့ လိုက်သောသူများ၏ ရှေ့တွင်ပင်လျှင် သူ၏ဖြောင့်မတ်ခြင်း၊ ဘုရားသခင်အပေါ် သူ၏ ကြောက်ရွံ့ခြင်းနှင့် မကောင်းမှု ရှောင်ကြဉ်ခြင်းတို့ကို သက်သေခံရန် ယောဘအတွက် အခွင့်အရေးတစ်ရပ် ဖြစ်ခဲ့သည်။ နောက်ဆုံးရလဒ်က ယောဘနှင့်သက်ဆိုင်သည့် ဘုရားသခင်၏အကဲဖြတ်ခြင်းသည် မှန်ကန်ပြီး အမှားမရှိခဲ့သည်ကို သက်သေပြခဲ့သလော။ ယောဘသည် စာတန်ကို အမှန်တကယ် အောင်နိုင်ခဲ့သလော။ ဤနေရာတွင် ယောဘ ပြောခဲ့သော သမားရိုးကျ စကားများ၊ စာတန်ကို သူ အောင်နိုင်ခဲ့ပြီးဖြစ်သည့် သက်သေဖြစ်သော စကားများကို ငါတို့ ဖတ်ခဲ့ရသည်။ သူက၊ “ငါသည် အမိဝမ်းထဲက အဝတ်အချည်းစည်း ထွက်လာရ၏၊ အဝတ်အချည်းစည်းဖြင့်ပင် ငါပြန်သွားရမည်။” ဟု ဆိုခဲ့သည်။ ဤသည်မှာ ဘုရားသခင်အပေါ် ယောဘ၏ နာခံမှုရှိသော သဘောထား ဖြစ်သည်။ ဆက်လက်၍၊ သူက၊ “ယေဟောဝါသည် ပေးတော်မူ၏၊ ပြီးလျှင် ယေဟောဝါသည် ပြန်နုတ်သိမ်းတော်မူ၏၊ ယေဟောဝါ၏ နာမတော်သည် မင်္ဂလာရှိပါစေ။” ဟု ဆိုလေ၏။ ယောဘ ပြောခဲ့သော ဤစကားများက ဘုရားသခင်သည် လူသား၏ စိတ်နှလုံး အတိမ်အနက်တို့ကို လေ့လာကြောင်း၊ သူသည် လူသား၏ စိတ်ထဲကို မြင်နိုင်ကြောင်း သက်သေပြသကဲ့သို့၊ ယောဘနှင့်သက်ဆိုင်သည့် သူ၏ ထောက်ခံမှုမှာ အမှားအယွင်း မရှိကြောင်း၊ ဘုရားသခင်၏ ထောက်ခံခြင်း ခံခဲ့ရသော ဤလူသည် ဖြောင့်မတ်ခဲ့ကြောင်းကို သက်သေပြပေသည်။ “ယေဟောဝါသည် ပေးတော်မူ၏၊ ပြီးလျှင် ယေဟောဝါသည် ပြန်နုတ်သိမ်းတော်မူ၏၊ ယေဟောဝါ၏ နာမတော်သည် မင်္ဂလာရှိပါစေ။” ဤစကားများမှာ ဘုရားသခင်အတွက် ယောဘ၏ သက်သေခံချက် ဖြစ်သည်။ စာတန်ကို ချိုးနှိမ်သည်မှာ၊ ၎င်းကို အရှက်ရစေခဲ့ပြီး ထိတ်လန့်မှုဖြင့် ထွက်ပြေးစေခဲ့သည့်အပြင်၊ စာတန်အား ချုပ်နှောင်ပြီး အားကိုးမရှိ ဖြစ်ကျန်ရစ်စေခဲ့သည်မှာ ဤသာမန်စကားများ ဖြစ်ခဲ့သည်။ ထို့ကြောင့် ဤစကားများက စာတန်အား ယေဟောဝါဘုရားသခင်၏ လုပ်ဆောင်ချက်များ၏ အံ့ဖွယ်ဖြစ်ခြင်းနှင့် တန်ခိုးကြီးမားမှုတို့ကို ခံစားစေပြီး၊ ဘုရားသခင်၏ လမ်းခရီးအားဖြင့် အုပ်စိုးခြင်းခံရသည့် စိတ်နှလုံးရှိသော သူတစ်ဦး၏ သာမန်ထက် လွန်ကဲသော သြဇာတိက္ကမနှင့် ပြည့်စုံခြင်းကို သိမြင်ခွင့်ပေးခဲ့သည်။ ထို့အပြင် ၎င်းတို့သည် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်း လမ်းခရီးကို စောင့်ထိန်းရာ၌ သေးနုပ်ပြီး အရေးမပါသော လူသားတစ်ဦးက ပြသခဲ့သည့် အားကောင်းသော အသက်ပါမှုကို စာတန်အား အထင်အရှားပြခဲ့သည်။ ထို့ကြောင့် ပထမအကြိမ် ပြိုင်ပွဲတွင် စာတန် အရေးနိမ့်ခဲ့ရသည်။ “ဤအရာမှ သင်ယူခြင်း” ရှိခဲ့သော်ငြားလည်း၊ စာတန်သည် ယောဘကို အလွတ်ပေးခြင်းငှာ ရည်ရွယ်ချက် မရှိခဲ့သကဲ့သို့၊ ၎င်း၏ မလိုမုန်းထားသော သဘာဝတွင် မည်သည့်အပြောင်းအလဲမျှ မရှိခဲ့ပေ။ စာတန်သည် ယောဘကို ဆက်လက် တိုက်ခိုက်ရန် ကြိုးစားခဲ့ပြီး၊ ထိုကြောင့် ဘုရားသခင် ရှေ့သို့ နောက်တဖန် လာရောက်ခဲ့သည်...
ဆက်လက်၍၊ ဒုတိယအကြိမ် ယောဘ စုံစမ်းနှောင့်ယှက်ခြင်း ခံခဲ့ရသည်ကို သမ္မာကျမ်းထဲမှ ဖတ်ကြပါစို့။
၃။ ယောဘကို စာတန် နောက်ထပ်တစ်ဖန် စုံစမ်းနှောင့်ယှက်လေ၏ (ယောဘ၏ ခန္ဓာကိုယ်အနှံ့ နာကျင်သော အနာစိမ်းများ စွဲကပ်ခြင်း)
(က) ဘုရားသခင်ပြောသော နှုတ်ကပတ်တော်များ
ယောဘ ၂:၃ ယေဟောဝါက စာတန်အား၊ ငါ၏ အစေခံ ယောဘကို သင် ဆင်ခြင်မိပြီလော၊ မြေကြီးပေါ်တွင် သူနှင့် တူသောသူ တစ်ဦးမျှမရှိ၊ စုံလင်ပြီး တည်ကြည်သောသူ၊ ဘုရားသခင်ကို ကြောက်ရွံ့ပြီး ဆိုးညစ်မှုကို ရှောင်ကြဉ်သောသူတစ်ဦး ဖြစ်သည်၊ အကြောင်းမရှိဘဲ သူ့ကို ဖျက်ဆီးရန် သင်သည် ငါ့ကို သူနှင့်ဆန့်ကျင်စေသော်လည်း သူသည် သူ၏တည်ကြည်မှုကို မြဲမြံစွာ စွဲကိုင်လျက်ရှိသေး၏ဟု မိန့်တော်မူ၏။
ယောဘ ၂:၆ ထိုအခါ ယေဟောဝါက စာတန်အား၊ သူသည် သင့်လက်ထဲ၌ ရှိ၏၊ သို့ရာတွင် သူ၏ အသက်ကို ချန်ထားလော့ဟု မိန့်တော်မူ၏။
(ခ) စာတန် ပြောသော စကားများ
ယောဘ ၂:၄-၅ စာတန်ကလည်း၊ အရေအဖို့အရေ ဆိုသကဲ့သို့ လူသည် သူ၏အသက်အတွက် ပိုင်ဆိုင်သမျှတို့ကို အမှန်စင်စစ် ပေးပါလိမ့်မည်။ သို့သော် ယခု ကိုယ်တော်၏လက်ကို ဆန့်ကာ သူ၏အရိုးနှင့် အသွေးအသားတို့ကို ထိပါလော့၊ သူသည် ကိုယ်တော်၏ မျက်နှာကို စေ့စေ့ကြည့်ကာ ကျိန်ဆဲလိမ့်မည်ဟု ယေဟောဝါကို ဖြေကြားလေသည်။
(ဂ) စမ်းသပ်မှုကို ယောဘ ကိုင်တွယ်ဖြေရှင်းပုံ
ယောဘ ၂:၉-၁၀ ထိုအခါမယားက၊ သင်သည် ဖြောင့်မတ်သောတရားကို စွဲလမ်းသေးသလော။ ဘုရားသခင်ကို စွန့်ပယ်၍ သေလော့ဟုဆို၏။ ယောဘကလည်း၊ မိန်းမမိုက်ပြောတတ်သကဲ့သို့ သင်သည်ပြော၏။ အဘယ်သို့နည်း။ ငါတို့သည် ဘုရားသခင်၏လက်တော်မှ သုခချမ်းသာကို ခံယူသည်ဖြစ်၍၊ ဒုက္ခဆင်းရဲကို မခံမယူရာသလောဟုဆို၏။ ယောဘသည် ဤအမှုများနှင့် တွေ့ကြုံသော်လည်း နှုတ်ဖြင့်မျှမမှားယွင်း။
ယောဘ ၃:၃-၄ ငါဖွားသော နေ့ရက်ပျက်စီးပါစေ။ သားယောက်ျားကို ပဋိသန္ဓေယူပြီဟု သတင်းကြားပြောသော ညဉ့်လည်း ပျက်စီးပါစေ။ ထိုနေ့ရက်မိုက်ပါစေ။ ဘုရားသခင်သည် မျက်နှာပြုတော်မမူပါစေနှင့်။ အလင်းမပေါ်ထွန်းပါ စေနှင့်။
ဘုရားသခင်၏ လမ်းခရီးအပေါ် ယောဘ၏ ချစ်ခြင်းက အခြားအရာခပ်သိမ်းထက် သာလွန်ခြင်း
သမ္မာကျမ်းသည် ဘုရားသခင်နှင့် စာတန်အကြား ပြောသောစကားများကို အောက်ပါအတိုင်း မှတ်တမ်းတင်ထားသည်- “ယေဟောဝါက စာတန်အား၊ ငါ၏ အစေခံ ယောဘကို သင် ဆင်ခြင်မိပြီလော၊ မြေကြီးပေါ်တွင် သူနှင့် တူသောသူ တစ်ဦးမျှမရှိ၊ စုံလင်ပြီး တည်ကြည်သောသူ၊ ဘုရားသခင်ကို ကြောက်ရွံ့ပြီး ဆိုးညစ်မှုကို ရှောင်ကြဉ်သောသူတစ်ဦး ဖြစ်သည်၊ အကြောင်းမရှိဘဲ သူ့ကို ဖျက်ဆီးရန် သင်သည် ငါ့ကို သူနှင့်ဆန့်ကျင်စေသော်လည်း သူသည် သူ၏တည်ကြည်မှုကို မြဲမြံစွာ စွဲကိုင်လျက်ရှိသေး၏ဟု မိန့်တော်မူ၏။” (ယောဘ၂:၃) ဤအပြန်အလှန်ပြောဆိုခြင်းတွင်၊ ဘုရားသခင်သည် စာတန်အား တူညီသောမေးခွန်းကို ထပ်၍ မေးလေ၏။ ယင်းမှာ ပထမအကြိမ် စမ်းသပ်မှုအတောအတွင်း ယောဘ လက်တွေ့ပြခဲ့ပြီး အသက်ရှင်နေထိုင်ခဲ့သော အရာနှင့် သက်ဆိုင်သည့် ယေဟောဝါဘုရားသခင်၏ ထောက်ခံကြောင်းပြသည့် အကဲဖြတ်ချက်ကို ငါတို့အား ပြသသော မေးခွန်းတစ်ခုဖြစ်ပြီး စာတန်၏ စုံစမ်းနှောင့်ယှက်ခြင်းကို မကြုံရမီ ယောဘနှင့် သက်ဆိုင်သည့် ဘုရားသခင်၏ အကဲဖြတ်ချက်နှင့် မကွဲပြားသော အရာတစ်ခု ဖြစ်သည်။ ဆိုလိုသည်မှာ ယောဘအပေါ် စုံစမ်းနှောင့်ယှက်ခြင်း မရောက်လာမီ၊ ဘုရားသခင်၏ အမြင်တွင် သူသည် စုံလင်၏၊ ထို့ကြောင့် ဘုရားသခင်သည် သူနှင့် သူ၏မိသားစုကို ကွယ်ကာခဲ့ကာ သူ့ကို ကောင်းချီးပေးခဲ့ခြင်း ဖြစ်သည်။ သူသည် ဘုရားသခင်၏ အမြင်တွင် ကောင်းချီးပေးခြင်းကို ခံထိုက်သောသူ ဖြစ်ခဲ့သည်။ စုံစမ်းနှောင့်ယှက်ခြင်းပြီးနောက်တွင်၊ ယောဘသည် သူ၏ဥစ္စာပစ္စည်းနှင့် သားသမီးများကို ဆုံးရှုံးခဲ့ရခြင်းကြောင့် သူ၏နှုတ်ခမ်းများဖြင့် မပြစ်မှားခဲ့ဘဲ ယေဟောဝါ၏နာမကို ဆက်၍ ချီးမွမ်းခဲ့သည်။ သူ၏ တကယ့် အပြုအမူသည် ဘုရားသခင်က သူ့ကို ချီးကျူးဖို့ ဖြစ်စေခဲ့ပြီး၊ ယင်းကြောင့် ဘုရားသခင်က သူ့ကို အမှတ်ပြည့်ပေးခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ယောဘ၏ အမြင်တွင်၊ သူ၏သားသမီး သို့မဟုတ် သူ၏ ပိုင်ဆိုင်မှုများသည် ဘုရားသခင်အား သူ စွန့်ပစ်ရလောက်အောင် မဖြစ်ခဲ့ပေ။ တစ်နည်းအားဖြင့်၊ သူ၏ စိတ်နှလုံးထဲရှိ ဘုရားသခင်၏ နေရာကို သူ၏သားသမီးများ သို့မဟုတ် ဥစ္စာပစ္စည်း တစ်ခုတစ်လေက အစားမထိုးနိုင်ခဲ့ပေ။ ယောဘ၏ ပထမဦးဆုံး စုံစမ်းနှောင့်ယှက်ခြင်း အတောအတွင်းတွင်၊ ဘုရားသခင်အတွက် သူ၏ချစ်ခြင်းနှင့် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်း လမ်းခရီးကို သူ၏နှစ်သက်ခြင်းသည် အခြား အရာအားလုံးထက် သာလွန်သည်ကို ဘုရားသခင်အား သူပြခဲ့သည်။ ဤစမ်းသပ်မှုသည် ယောဘအား ယေဟောဝါဘုရားသခင်ထံမှ ဆုလာဘ်တစ်ခုကို လက်ခံရရှိပြီး သူ၏ ဥစ္စာပစ္စည်းနှင့် သားသမီးများကို ဘုရားသခင် ရုပ်သိမ်းသည့် အတွေ့အကြုံကို ပေးခဲ့ရုံမျှသာ ဖြစ်သည်။
ယောဘအတွက်မူ၊ ဤသည်မှာ သူ၏ စိတ်ဝိညာဉ်ကို သန့်စင်ဆေးကြောပေးခဲ့သည့် စစ်မှန်သော အတွေ့အကြုံတစ်ခု ဖြစ်ခဲ့သည်။ ယင်းမှာ သူ၏ ဖြစ်တည်ခြင်းကို ပြည့်စုံစေသည့် အသက်နှင့်ဆိုင်သော ဗတ္တိဇံတစ်ခု ဖြစ်သည့်အပြင်၊ ဘုရားသခင်ကို သူ၏ နာခံခြင်းနှင့် ကြောက်ရွံ့ခြင်းတို့ကို စစ်ဆေးခဲ့သည့် ခမ်းနားသော ဧည့်ခံပွဲ တစ်ခုဖြစ်ခဲ့သည်။ ဤစုံစမ်းနှောင့်ယှက်ခြင်းသည် သူဌေးသူကြွယ်တစ်ဦးမှသည် ဘာမျှမရှိသောသူ တစ်စုံတစ်ဦးအဖြစ်သို့ ယောဘ၏ အဆင့်အတန်းကို ပြောင်းလဲခဲ့ပြီး ယင်းသည် လူသားမျိုးနွယ်အပေါ် စာတန်၏ စော်ကားမှုကိုလည်း သူ့အား ကြုံတွေ့ခံစားခွင့်ပေးခဲ့သည်။ သူ၏ခိုကိုးရာမဲ့ဘဝက သူ့အား စာတန်ကို ရွံရှာဖို့ဖြစ်စေခဲ့သည် မဟုတ်။ ယင်းထက်၊ သူသည် စာတန်၏ ဆိုးညစ်သော လုပ်ရပ်များထဲက စာတန်၏ အကျည်းတန်မှုနှင့် စက်ဆုပ်ဖွယ်ဖြစ်ခြင်းအပြင် ဘုရားသခင်အပေါ် စာတန်၏ ရန်လိုမှုနှင့် ပုန်ကန်မှုတို့ကို တွေ့မြင်ခဲ့ပြီး၊ ဤအရာက ဘုရားသခင်အား ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်း လမ်းခရီးကို ခိုင်မြဲစွာ အစဉ် ထိန်းသိမ်းရန် သူ့အား သာ၍ တိုက်တွန်းအားပေးခဲ့သည်။ သူသည် ဥစ္စာပစ္စည်း၊ သားသမီးများ သို့မဟုတ် ဆွေမျိုးရင်းချာများ ကဲ့သို့သော ပြင်ပ အကြောင်းရင်းများကြောင့် မည်သည့်အခါမျှ ဘုရားသခင်ကို စွန့်ပယ်ပြီး ဘုရားသခင်၏ လမ်းခရီးကို ကျောခိုင်းမည် မဟုတ်သကဲ့သို့ စာတန်၊ ပစ္စည်းဥစ္စာ၊ သို့မဟုတ် လူတစ်ဦးတစ်ယောက်၏ ကျွန်တစ်ဦးဖြစ်မည် မဟုတ်ဟု သူ သစ္စာဆိုခဲ့သည်။ ယေဟောဝါဘုရားသခင်မှအပ၊ မည်သူမျှ သူ၏အရှင်သခင် သို့မဟုတ် သူ၏ဘုရားသခင် ဖြစ်နိုင်မည် မဟုတ်ပေ။ ယင်းမှာ ယောဘ၏ ပြင်းပြသောဆန္ဒများ ဖြစ်ခဲ့သည်။ အခြားတစ်ဖက်တွင်၊ ယောဘသည် ဤစုံစမ်းနှောင့်ယှက်ခြင်းမှ တစ်စုံတစ်ခုကိုလည်း ရရှိခဲ့သည်- သူ့အပေါ် ဘုရားသခင်ပေးခဲ့သော စမ်းသပ်မှုများအလယ်တွင် ကြီးစွာသော ချမ်းသာကြွယ်ဝမှုများကို သူရရှိခဲ့သည်။
ယခင်ဆယ်စုနှစ်အချို့တစ်လျှောက် ယောဘ၏ အသက်တာကာလအတွင်းတွင်၊ ယောဘသည် ယေဟောဝါ၏ လုပ်ဆောင်ချက်များကို ရှုမြင်ခဲ့ပြီးဖြစ်ကာ သူ့အတွက် ယေဟောဝါဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကို ရခဲ့ပြီး ဖြစ်သည်။ သူသည် ဘုရားသခင်အတွက် မည်သည့်အရာကိုမျှ လုပ်ဆောင်ခဲ့ခြင်း မရှိသော်လည်း၊ ထိုသို့သော ကြီးမားသည့် ကောင်းချီးမင်္ဂလာများ ပေးအပ်ခြင်းကို ခံခဲ့ရပြီး မြောက်မြားစွာသော ကျေးဇူးတော်ကို မွေ့လျော်ခံစားခဲ့ရပြီးဖြစ်သည်ဟု သူယုံကြည်ခဲ့သည့်အတွက်၊ ယင်းတို့မှာ သူ့အား အလွန့်အလွန် နေမထိထိုင်မသာ ဖြစ်စေပြီး အကြွေးတင်ရှိကြောင်း ခံစားစေခဲ့သော ကောင်းချီးမင်္ဂလာများ ဖြစ်ခဲ့သည်။ ဤအကြောင်းကြောင့်၊ သူသည် ဘုရားသခင်အား ပြန်ပေးဆပ်နိုင်မည်ဟု မျှော်လင့်ရင်း၊ ဘုရားသခင်၏ လုပ်ဆောင်ချက်များနှင့် ကြီးမြတ်ခြင်းတို့ကို သက်သေခံဖို့ အခွင့်အရေးရမည်ဟု မျှော်လင့်ရင်း၊ ပြီးလျှင် သူ၏နာခံခြင်းနှင့် ယုံကြည်ခြင်းသည် ဘုရားသခင်၏ ထောက်ခံမှုကို ရရှိသည်အထိ ဘုရားသခင်သည် သူ၏နာခံမှုကို အစစ်ဆေးခံစေမည်ဖြစ်သည့်အပြင် သူ၏ ယုံကြည်ခြင်းသည် သန့်စင်ခံရနိုင်မည်ဟု မျှော်လင့်ရင်း၊ သူ၏စိတ်နှလုံးထဲတွင် မကြာခဏ သူ ဆုတောင်းခဲ့သည်။ ထိုသို့ဖြင့်၊ ယောဘအပေါ် စမ်းသပ်မှု ရောက်လာသောအခါ၊ ဘုရားသခင်သည် သူ၏ ဆုတောင်းချက်များကို နားညောင်းခဲ့ပြီဟု သူယုံကြည်ခဲ့သည်။ သူ၏ အကြီးမားဆုံးသော ရာသက်ပန်ဆန္ဒ တကယ်ဖြစ်ပေါ် လာနိုင်မည်ဖြစ်သည့်အတွက်၊ ယောဘသည် ဤအခွင့်အရေးကို အခြားမည်သည့်အရာမဆိုထက် ပို၍ မြတ်နိုးခဲ့သောကြောင့် သူသည် ယင်းကို ပေါ့ပေါ့တန်တန် သဘောမထားဝံ့ခဲ့ပေ။ ဤအခွင့်အရေး ရောက်ရှိလာခြင်းမှာ ဘုရားသခင်အပေါ် သူ၏နာခံခြင်းနှင့် ကြောက်ရွံ့ခြင်းတို့ကို စမ်းသပ်၍ရနိုင်ပြီး သန့်စင်၍ရနိုင်သည်ဟု အဓိပ္ပာယ်သက်ရောက်ပေသည်။ ထို့အပြင်၊ ယင်းမှာ ယောဘသည် ဘုရားသခင်၏ ထောက်ခံမှုကိုရပြီး၊ ထိုသို့ဖြင့် သူ့ကို ဘုရားသခင်ထံ သာ၍ နီးကပ်စေမည့် အခွင့်အရေးတစ်ခု ရှိခဲ့သည်ဟု အဓိပ္ပာယ်သက်ရောက်ပေသည်။ စမ်းသပ်မှု အတောအတွင်းတွင်၊ ထိုသို့သော ယုံကြည်ခြင်းနှင့် လိုက်စားခြင်းသည် သူ့အား သာ၍ စုံလင်လာစေခဲ့ပြီး ဘုရားသခင်၏ အလိုနှင့်သက်ဆိုင်သည့် သာ၍ ကြီးမားသော သိနားလည်မှုတစ်ခုကို ရရှိစေခဲ့သည်။ ယောဘသည်လည်း ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများနှင့် ကျေးဇူးတော်များအတွက် သာ၍ ကျေးဇူးတင်ရှိခဲ့သည်၊ သူ၏စိတ်နှလုံးထဲတွင် ဘုရားသခင်၏ လုပ်ဆောင်ချက်များအပေါ် သာ၍ကြီးစွာသော ချီးမွမ်းခြင်းကို သွန်းလောင်းခဲ့ပြီး သူသည် ဘုရားသခင်အား သာ၍ ကြောက်ရွံ့ကာ ကြည်ညိုခဲ့ပြီး၊ ဘုရားသခင်၏ နှစ်လိုဖွယ်ကောင်းခြင်း၊ ကြီးမြတ်ခြင်းနှင့် သန့်ရှင်းခြင်းတို့ကို သာ၍ တောင့်တခဲ့သည်။ ဤအချိန်တွင် ယောဘသည် ဘုရားသခင်၏ အမြင်တွင် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်သော သူတစ်ဦး ဖြစ်နေဆဲဖြစ်သော်လည်း၊ သူ၏ အတွေ့အကြုံများနှင့် စပ်လျဉ်း၍ ယောဘ၏ ယုံကြည်ခြင်းနှင့် အသိပညာသည် ရုတ်ခြည်းဆိုသလို တိုးတက်သွားခဲ့ပြီးဖြစ်သည်- သူ၏ ယုံကြည်ခြင်း တိုးပွားခဲ့ပြီး ဖြစ်သည်၊ သူ၏ နာခံခြင်းသည် ခြေကုပ်တစ်ခု ရခဲ့ပြီးဖြစ်ကာ ဘုရားသခင်အပေါ် သူ၏ ကြောက်ရွံ့ခြင်းသည် သာ၍ နက်နဲ လာခဲ့သည်။ ဤစမ်းသပ်မှုသည် ယောဘ၏ စိတ်ဝိညာဉ်နှင့် အသက်ကိုအသွင်ပြောင်းလဲစေခဲ့သော်လည်း၊ ထိုသို့သော အသွင်ပြောင်းလဲမှုတစ်ခုသည် ယောဘကို မကျေနပ်စေခဲ့သကဲ့သို့၊ သူ၏ ရှေ့ဆက် တိုးတက်မှုကို နှောင့်နှေးစေခဲ့ခြင်းလည်း မရှိပေ။ ဤစမ်းသပ်မှုမှ သူ ရရှိခဲ့ပြီးသည့်အရာကို တွက်ချက်နေပြီး သူ၏ ကိုယ်ပိုင် မပြည့်စုံမှုများကို ဆင်ခြင်သုံးသပ်နေသည်နှင့်အမျှ တစ်ချိန်တည်းတွင်၊ ဘုရားသခင်အပေါ် သူ၏ ယုံကြည်ခြင်း၊ နာခံခြင်းနှင့် ကြောက်ရွံ့ခြင်းတို့သည် ဘုရားသခင်၏ နောက်ထပ် စမ်းသပ်မှုအတောအတွင်းတွင် မြှင်တင်ခံရဖို့အတွက် သူ တမ်းတခဲ့သောကြောင့်၊ မိမိအပေါ် ရောက်လာမည့် နောက်ထပ် စမ်းသပ်မှုကို စောင့်ဆိုင်းရင်း တိတ်ဆိတ်စွာ သူ ဆုတောင်းခဲ့လေသည်။
ဘုရားသခင်သည် လူသား၏ သိုဝှက်ထားသော အတွေးများနှင့် လူသား ပြောသမျှနှင့် ပြုသမျှတို့ကို လေ့လာစောင့်ကြည့်၏။ ယောဘ၏ အတွေးများသည် ယေဟောဝါဘုရားသခင်၏ နားသို့ရောက်ရှိပြီး၊ သူ၏ ဆုတောင်းသံများကို ဘုရားသခင် နားထောင်ခဲ့သည်၊ ဤနည်းဖြင့် ယောဘအတွက် ဘုရားသခင်၏ နောက်ထပ် စမ်းသပ်မှုသည် မျှော်လင့်ထားခဲ့သည့်အတိုင်း ရောက်ရှိခဲ့သည်။
ပြင်းထန်လွန်းသော ဒုက္ခဆင်းရဲကြားတွင် လူသားမျိုးနွယ်အတွက် ဘုရားသခင်၏ စောင့်ရှောက်မှုကို ယောဘ စစ်မှန်စွာ သဘောပေါက်မိသည်
စာတန်ထံ ယေဟောဝါဘုရားသခင်၏ မေးခွန်းများနောက်တွင်၊ စာတန်သည် တိတ်တဆိတ် ပျော်ရွှင်ခဲ့သည်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် စာတန်သည် ဘုရားသခင်၏ အမြင်တွင် စုံလင်သော လူသားတစ်ဦးကို နောက်ထပ်တစ်ကြိမ် တိုက်ခိုက်ရန် အခွင့်ရရှိမည်ကို သိခဲ့သောကြောင့် ဖြစ်သည်- စာတန်အတွက် ဤသည်မှာ ကြုံတောင့်ကြုံခဲ အခွင့်အရေးတစ်ခု ဖြစ်ခဲ့သည်။ စာတန်သည် ယောဘ၏ ခံယူချက်ကို လုံးဝ လျော့ပါးစေရန်၊ ဘုရားသခင်၌ သူ၏ယုံကြည်ခြင်းအား ဆုံးရှုံးစေပြီး၊ ထိုသို့ဖြင့် ဘုရားသခင်အား မကြောက်ရွံ့တော့စေရန် သို့မဟုတ် ယေဟောဝါ၏ နာမကို ကောင်းချီးပေးခြင်း မရှိတော့စေရန် ဤအခွင့်အရေးကို အသုံးပြုလိုခဲ့သည်။ ဤအရာသည် စာတန်အား အခွင့်အရေးတစ်ခုကို ပေးလိမ့်မည် ဖြစ်သည်- မည်သည့်နေရာ သို့မဟုတ် မည်သည့် အချိန်တွင်မဆို၊ ၎င်းသည် ယောဘအား ၎င်း၏ အမိန့်ပေးခြင်းကို မဖြစ်မနေလုပ်ရသည့် ကစားစရာတစ်ခု ဖြစ်စေနိုင်မည် ဖြစ်သည်။ စာတန်သည် ၎င်း၏ ဆိုးယုတ်သော ရည်ရွယ်ချက်များကို သဲလွန်စ မကျန်စေဘဲ ဝှက်ခဲ့သော်လည်း၊ ၎င်းသည် ၎င်း၏ ဆိုးယုတ်သော သဘာဝကိုမူ ထိန်းမထားနိုင်ခဲ့ပေ။ ဤအမှန်တရားသည် သမ္မာကျမ်းထဲတွင် မှတ်တမ်းတင်ခဲ့သည့်အတိုင်း၊ ယေဟောဝါ ဘုရားသခင်၏ စကားများကို ပြန်ဖြေသော ၎င်း၏ အဖြေထဲတွင် အရိပ်အမြွက်ပြထားသည်- “စာတန်ကလည်း၊ အရေအဖို့အရေ ဆိုသကဲ့သို့ လူသည် သူ၏အသက်အတွက် ပိုင်ဆိုင်သမျှတို့ကို အမှန်စင်စစ် ပေးပါလိမ့်မည်။ သို့သော် ယခု ကိုယ်တော်၏လက်ကို ဆန့်ကာ သူ၏အရိုးနှင့် အသွေးအသားတို့ကို ထိပါလော့၊ သူသည် ကိုယ်တော်၏ မျက်နှာကို စေ့စေ့ကြည့်ကာ ကျိန်ဆဲလိမ့်မည်ဟု ယေဟောဝါကို ဖြေကြားလေသည်။” (ယောဘ၂:၄-၅) ဘုရားသခင်နှင့် စာတန်အကြား ဤအပြန်အလှန် ပြောဆိုခြင်းမှ စာတန်၏ မလိုမုန်းထားမှုနှင့်သက်ဆိုင်သည့် အခြေအမြစ်ရှိသော အသိပညာနှင့် အသိစိတ်တစ်ခုကိုရရန် ဖြစ်နိုင်ခြေရှိသည်။ စာတန်၏ ဤအတွေးမှားများကို ကြားရခြင်းဖြင့်၊ သမ္မာတရားကို ချစ်မြတ်နိုးပြီး မကောင်းမှုကို ရွံမုန်းသောသူအားလုံးသည် စာတန်၏ ယုတ်ညံ့ခြင်းနှင့် အရှက်ကင်းမဲ့ခြင်းကို သာ၍ ကြီးမားသည့် မုန်းတီးမှု ဧကန် ရှိကြပေလိမ့်မည်၊ စာတန်၏ အတွေးမှားများအားဖြင့် စိတ်ပျက်ပြီး စက်ဆုပ်ရွံရှာကြလိမ့်မည်ဖြစ်ပြီး၊ တစ်ချိန်တည်းတွင် ဖြောင့်မတ်သော ဤလူသားသည် စုံလင်ခြင်းကို ရရှိနိုင်ဖို့ ဆုတောင်းရင်း၊ ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်သော ဤလူသားသည် စာတန်၏ စုံစမ်းနှောင့်ယှက်ခြင်းများကို အစဉ် အောင်မြင်ပြီး အလင်းထဲတွင်၊ ဘုရားသခင်၏ လမ်းပြမှုနှင့် ကောင်းချီးမင်္ဂလာများ အလယ်တွင် အသက်ရှင်ရမည့်အကြောင်း ဆန္ဒပြုရင်း၊ ယောဘအတွက် နက်ရှိုင်းသော ဆုတောင်းချက်များနှင့် လေးနက်သော တောင်းဆုများကို ပေးကြလိမ့်မည်ဖြစ်သည်။ ထို့ကြောင့် ထိုသို့သော လူများသည်လည်း ယောဘ၏ ဖြောင့်မတ်သော လုပ်ဆောင်ချက်များက ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်း လမ်းခရီးကို လေ့လာလိုက်စားသော သူအပေါင်းကို အစဉ် လှုံ့ဆော်ပေးပြီး တိုက်တွန်းအားပေးနိုင်ဖို့လည်း ဆန္ဒပြုကြပေလိမ့်မည်။ ဤထုတ်ဖော်ပြောဆိုချက်ထဲတွင် စာတန်၏ မလိုမုန်းထားသော အကြံကို မြင်၍ရနိုင်သော်လည်း၊ ဘုရားသခင်သည် စာတန်၏ “တောင်းဆိုချက်” ကို အပူအပင်ကင်းစွာ ခွင့်ပြုခဲ့သည်- သို့သော် သူသည် သတ်မှတ်ချက်တစ်ခုလည်း ပြုလုပ်ခဲ့သည်- “သူသည် သင့်လက်ထဲ၌ ရှိ၏၊ သို့ရာတွင် သူ၏ အသက်ကို ချန်ထားလော့။” (ယောဘ ၂:၆) ဟူ၍ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဤအကြိမ်တွင် စာတန်သည် သူ၏လက်ကို ဆန့်တန်းကာ ယောဘ၏ ခန္ဓာကိုယ်နှင့် အရိုးများကို ထိခိုက်ရန် တောင်းဆိုခဲ့သောကြောင့်၊ ဘုရားသခင်က “သူ၏ အသက်ကို ချန်ထားလော့။” ဟု ဆိုခဲ့ခြင်း ဖြစ်သည်။ ဤစကားများ၏ အဓိပ္ပာယ်မှာ သူသည် ယောဘ၏ ခန္ဓာကိုယ်ကို စာတန်အား ပေးခဲ့သော်လည်း၊ ယောဘ၏ အသက်မှာ ဘုရားသခင်၏ ထိန်းသိမ်းဖို့ ဖြစ်သည်ဟု ဆိုလိုပေသည်။ စာတန်သည် ယောဘ၏ အသက်ကို မနုတ်ယူနိုင်ခဲ့သော်လည်း၊ ဤအရာမှလွဲ၍ စာတန်သည် ယောဘကို ဆန့်ကျင်၍ မည်သည့် နည်းလမ်း သို့မဟုတ် နည်းစနစ်ကိုမဆို အသုံးပြုနိုင်ခဲ့သည်။
ဘုရားသခင်၏ ခွင့်ပြုချက်ကို ရပြီးနောက်၊ စာတန်သည် ယောဘထံ အလျင်အမြန် သွားပြီး၊ ၎င်း၏ လက်ကို ဆန့်ကာ သူ၏တစ်ကိုယ်လုံး၌ နာကျင်သောအနာစိမ်းများ ပေါက်စေလျက် သူ၏အရေပြားကို နှိပ်စက်လေသည်၊ ယောဘသည် သူ၏ အရေပြားပေါ်တွင် နာကျင်မှုကို ခံစားခဲ့ရ၏။ ယောဘသည် ယေဟောဝါဘုရားသခင်၏ အံ့သြဖွယ်ဖြစ်ခြင်းနှင့် သန့်ရှင်းခြင်းတို့ကို ချီးမွမ်းခဲ့သည်၊ ယင်းက စာတန်အား ၎င်း၏ ရဲတင်းမှုဖြင့် ပို၍ပင် ပြောင်ပြောင်တင်းတင်း ကျူးလွန်စေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် လူသားအား နာကျင်စေခြင်း၏ အရသာကို ခံစားခဲ့ရပြီး ဖြစ်သောကြောင့်၊ စာတန်သည် ၎င်း၏လက်ကိုဆန့်၍ ယောဘ၏ နာကျင်အနာစိမ်းများကို ပြည်တည်စေရင်း သူ၏ ခန္ဓာကိုယ်ကို မွှေနှောက်ခဲ့လေသည်။ ယောဘသည် နှိုင်းယှဉ်စရာ မရှိအောင်ပင် သူ၏ ခန္ဓာကိုယ်ပေါ်၌ နာကျင်မှုနှင့် ညှဉ်းဆဲမှုကို ချက်ချင်း ခံစားရခဲ့ပြီး၊ သူသည် ဤခန္ဓာကိုယ် နာကျင်မှုမှတစ်ဆင့် သူ၏ ဝိညာဉ်အား ထိုးနှက်မှုကို သက်သာရာရစေမည့်အလား ဦးခေါင်းမှ ခြေထောက်တိုင်အောင် သူ၏ လက်ဖြင့် မနှိပ်နယ်ဘဲ မနေနိုင်ခဲ့ပေ။ ဘုရားသခင်သည် သူ့အား စောင့်ကြည့်ရင်း သူ၏နံဘေး၌ ရှိသည်ကို သူသဘောပေါက်ခဲ့ပြီး သူ့ကိုယ်သူ စိတ်တင်းထားရန် အကောင်းဆုံး ကြိုးစားခဲ့သည်။ သူသည် မြေပေါ် နောက်ထပ်တစ်ကြိမ် ဒူးထောက်ပြီး၊ “ကိုယ်တော်သည် လူသား၏ စိတ်နှလုံးအတွင်းကို ကြည့်တော်မူ၏၊ ကိုယ်တော်သည် သူ၏ နာကျင်မှုဝေဒနာကို သတိပြုမိပါ၏။ သူ၏ အားနည်းခြင်းသည် ကိုယ်တော်နှင့် အဘယ်သို့ သက်ဆိုင်သနည်း။ ယေဟောဝါ ဘုရားသခင်၏ နာမသည် ချီးမွမ်းခြင်းခံထိုက်ပေ၏။” ဟု ဆိုခဲ့သည်။ စာတန်သည် ယောဘ၏ သည်းမခံနိုင်လောက်သော နာကျင်မှုကို မြင်ခဲ့သော်လည်း၊ ယေဟောဝါဘုရားသခင်၏ နာမကို ယောဘ စွန့်ပစ်သည်ကို မမြင်ခဲ့ပေ။ ထို့ကြောင့် ၎င်းသည် ၎င်း၏ လက်ကို အလျင်အမြန် ဆန့်ကာ ယောဘ၏ အရိုးများကို ဖိစီးနှိပ်စက်ပြီး ခြေလက်အင်္ဂါ အပိုင်းပိုင်း ဆုတ်ဖြဲပစ်ရန် အသည်းအသန် ဖြစ်လေ၏။ ချက်ချင်း၊ ယောဘသည် မကြုံစဖူးသော ညှဉ်းဆဲခြင်းကို ခံစားခဲ့ရသည်။ ယင်းမှာ သူ၏ ခန္ဓာသည် အရိုးများမှ ဆုတ်ဖြဲထွက်သည့်အလား၊ သူ၏ အရိုးများသည် အပိုင်းပိုင်း ရိုက်ချိုးခြင်းကို ခံရသည့်အလား ဖြစ်ခဲ့သည်။ မချိမဆံ့ခံစားရသော ဤညှဉ်းဆဲမှုသည် သူ့အား သေဆုံးရန်မှာ သာ၍ ကောင်းမည်ဟု တွေးစေခဲ့သည်...ဤနာကျင်မှုကို သူ၏ သည်းခံနိုင်စွမ်းသည် အဆုံးစွန်ရောက်ခဲ့ပြီး ဖြစ်သည်...သူ အော်ဟစ်လိုခဲ့သည်၊ နာကျင်မှု သက်သာစေရန် ကြိုးပမ်းရာတွင် သူ၏ ကိုယ်ခန္ဓာပေါ်မှ အရေပြားကို ဆုတ်ခွာလိုခဲ့သည်- သို့သော် သူ၏အားနည်းချက်ကို စာတန်အား မမြင်စေလိုသည့်အတွက်၊ သူ၏ အော်သံများကို သူချုပ်တည်းခဲ့ပြီး သူ၏ ကိုယ်ခန္ဓာပေါ်မှ အရေပြားကို မဆုတ်ခွာခဲ့ပေ။ ထို့ကြောင့် ယောဘသည် နောက်ထပ်တစ်ကြိမ် ဒူးထောက်ခဲ့သော်လည်း၊ ဤအကြိမ်တွင် သူသည် ယေဟောဝါ ဘုရားသခင်၏ မျက်မှောက်ကို မခံစားခဲ့ရပေ။ သူသည် မကြာခဏ သူ၏ အရှေ့၊ သူ၏ အနောက်နှင့် နံဘေးတစ်ဖက်ဖက်တွင် ရှိသည်ကို သူသိခဲ့သည်။ သို့သော်လည်း သူ၏ နာကျင်မှုကာလအတွင်းတွင် ဘုရားသခင်သည် မည်သည့်အခါမျှ စောင့်ကြည့်ခဲ့ခြင်း မရှိပေ။ လူသားကို သူဖန်ဆင်းခြင်း၏ အဓိပ္ပာယ်မှာ လူသားအပေါ် ဒုက္ခဆင်းရဲကို ယူဆောင်လာရန် မဟုတ်သည့်အတွက်၊ သူသည် သူ၏မျက်နှာကို ကာပြီး ပုန်းကွယ်ခဲ့သည်။ ဤအကြိမ်တွင် ယောဘသည် ငိုကြွေးလျက်နေခဲ့ပြီး ဤရုပ်ပိုင်းဆိုင်ရာ မချိမဆံ့ ဝေဒနာကို တောင့်ခံရန် သူအကောင်းဆုံး ကြိုးပမ်းနေခဲ့သော်လည်း၊ ဘုရားသခင်အား ကျေးဇူးတင်ရှိခြင်းကို မထိန်းထားနိုင်တော့ပေ- “လူသည် ပထမ ထိုးနှက်ချက်တွင် ကျဆုံးသည်၊ သူသည် အားနည်း၍ တန်ခိုး မရှိပေ၊ သူသည် ငယ်ရွယ်ပြီး မသိနားမလည်ပေ။ ကိုယ်တော်သည် အဘယ်ကြောင့် သူ့အပေါ် အလွန်ဂရုစိုက်၍ ကြင်နာရန် ဆန္ဒရှိသနည်း။ ကိုယ်တော်သည် ကျွန်ုပ်ကို ရိုက်နှက်သော်လည်း၊ ထိုသို့ရိုက်နှက်ခြင်းသည် ကိုယ်တော့်အား နာကျင်စေ၏။ လူသားသည် ကိုယ်တော်၏ ဂရုစိုက်ခြင်းနှင့် စိုးရိမ်ခြင်းကို အဘယ်သို့ ခံထိုက်သနည်း။” ယောဘ၏ ဆုတောင်းသံများသည် ဘုရားသခင်၏ နားသို့ ရောက်ရှိခဲ့ပြီး၊ ဘုရားသခင်သည် မည်သည့်အသံမျှ မပြုဘဲ စောင့်ကြည့်ရုံ စောင့်ကြည့်ရင်း နှုတ်ဆိတ်နေခဲ့သည်...။ စာတန်သည် တတ်နိုင်သမျှနည်းလမ်းတိုင်းကို အချည်းနှီး ကြိုးစားခဲ့ပြီးနောက်၊ တိတ်ဆိတ်စွာ ထွက်သွားခဲ့သည်၊ သို့သော် ဤအရာသည် ယောဘ နှင့်သက်ဆိုင်သည့် ဘုရားသခင်၏ စမ်းသပ်မှု အဆုံးသတ်သို့ မရောက်စေခဲ့ပေ။ ယောဘ၌ ထုတ်ဖော်ခဲ့သော ဘုရားသခင်၏ တန်ခိုးသည် လူသိရှင်ကြား မဖြစ်စေခဲ့သေးသောကြောင့်၊ ယောဘ၏ အဖြစ်အပျက်သည် စာတန်၏ နောက်ဆုတ်ခြင်းဖြင့် အဆုံးမသတ် သွားခဲ့ပေ။ အခြားဇာတ်ကောင်များ ဝင်ရောက် လာခဲ့သည်နှင့်အမျှ၊ သာ၍ ခမ်းနားကြီးကျယ်သော အဖြစ်အပျက်များ ရောက်လာဖို့ ရှိသေးသည်။
ဘုရားသခင်အပေါ် ယောဘ၏ ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်း၏ အခြားသော သရုပ်သကန်မှာ အရာခပ်သိမ်း၌ ဘုရားသခင်၏နာမကို ထောမနာပြုခြင်း ဖြစ်သည်
ယောဘသည် စာတန်၏ ရက်စက်ကြမ်းကြုတ်မှုများကို ခံစားခဲ့ရသော်လည်း၊ သူသည် ယေဟောဝါဘုရားသခင်၏ နာမကို မစွန့်ပစ်ခဲ့သေးပေ။ လူ၏ မျက်စိတွင် မြင်နိုင်သည့် ပုံစံဖြင့် စာတန်၏ အခန်းကဏ္ဍကို လုပ်ဆောင်ရင်း၊ ပထမဦးစွာ ထွက်လာပြီး တိုက်ခိုက်ခဲ့သူမှာ သူ၏ ဇနီး ဖြစ်ခဲ့သည်။ မူရင်းစာသားက ဤသို့ ဖော်ပြထားသည်- “ထိုအခါမယားက၊ သင်သည် ဖြောင့်မတ်သောတရားကို စွဲလမ်းသေးသလော။ ဘုရားသခင်ကို စွန့်ပယ်၍ သေလော့ဟုဆို၏။” (ယောဘ ၂:၉) ဤအရာများသည် စာတန်သည် လူသားယောင်ဆောင်၍ ပြောခဲ့သော စကားများ ဖြစ်သည်။ ၎င်းတို့မှာ တိုက်ခိုက်မှု၊ စွပ်စွဲမှုအပြင် သိမ်းသွင်းမှု၊ စုံစမ်းနှောင့်ယှက်ခြင်းနှင့် အသရေဖျက်မှုတို့ ဖြစ်သည်။ ယောဘ၏ ခန္ဓာကိုယ်အား တိုက်ခိုက်ရာ၌ ရှုံးနိမ့်ခဲ့ပြီးနောက်၊ စာတန်သည် ယောဘအား သူ၏ တည်ကြည်မှုကို လက်လွှတ်စေရန်၊ ဘုရားသခင်ကို စွန့်လွှတ်စေရန်နှင့် ဆက်လက် အသက်ရှင်မသွားတော့စေရန် ဤအရာကို အသုံးပြုဖို့ ဆန္ဒရှိလျက်၊ ယောဘ၏ တည်ကြည်မှုကို တိုက်ရိုက် တိုက်ခိုက်ခဲ့သည်။ ထိုနည်းတူ စာတန်သည် ယောဘကို စုံစမ်းနှောင့်ယှက်ဖို့ ထိုသို့သော စကားများကို အသုံးပြုရန်လည်း ဆန္ဒရှိခဲ့သည်- အကယ်၍ ယောဘသည် ယေဟောဝါ၏ နာမကို စွန့်ပစ်ခဲ့ပါက၊ သူသည် ထိုသို့သော ညှဉ်းဆဲမှုကို တောင့်ခံရန် မလိုအပ်ပေ။ သူသည် ခန္ဓာကိုယ် ညှဉ်းဆဲမှုမှ မိမိကိုယ်ကိုယ် လွတ်မြောက်စေနိုင်ခဲ့မည် ဖြစ်သည်။ သူ့ဇနီး၏ အကြံဉာဏ်နှင့် ရင်ဆိုင်ခဲ့ရလျက်၊ ယောဘက၊ “မိန်းမမိုက် ပြောတတ်သကဲ့သို့ သင်သည် ပြော၏။ အဘယ်သို့နည်း။ ငါတို့သည် ဘုရားသခင်၏လက်တော်မှ သုခချမ်းသာကို ခံယူသည် ဖြစ်၍၊ ဒုက္ခဆင်းရဲကို မခံမယူရာသလော။” (ယောဘ ၂:၁၀) ဟုဆိုရင်း သူမအား အပြစ်ဖော်ပြ ဆုံးမခဲ့သည်။ ယောဘသည် ဤနှုတ်ကပတ်တော်များကို အချိန်ကြာမြင့်စွာကတည်းက သိခဲ့ပြီး ဖြစ်သော်လည်း၊ ဤအချိန်တွင် ထိုနှုတ်ကပတ်တော်များနှင့် သက်ဆိုင်သည့် ယောဘ၏ စစ်မှန်သော အသိသည် အတည်ပြုခြင်း ခံခဲ့ရလေသည်။
ဘုရားသခင်အား ကျိန်ဆဲပြီး သေရန် သူ၏ဇနီးက သူ့အား အကြံပေးခဲ့ချိန်တွင်၊ သူမ ဆိုလိုသည့် အဓိပ္ပာယ်မှာ- “သင်၏ ဘုရားသခင်သည် သင့်အား ထိုသို့ ဆက်ဆံသည်၊ ထို့ကြောင့် သူ့အား အဘယ်ကြောင့် မကျိန်ဆဲသနည်း။ သင် ဘာအတွက်ကြောင့် ဆက်၍ အသက်ရှင်နေသနည်း။ သင်၏ ဘုရားသခင်သည် သင့်အဖို့ မတရားလွန်းသော်လည်း၊ ‘ယေဟောဝါ၏နာမ မင်္ဂလာ ရှိစေသတည်း။’ ဟု သင် ဆိုသေးသည်။ သူ၏နာမကို သင်ကောင်းချီးပေးချိန်တွင် သူသည် သင့်အပေါ် ဘေးဒုက္ခကို အဘယ်ကြောင့် ဆောင်လာခဲ့ နိုင်သနည်း။ မြန်မြန်လုပ်ပြီး ဘုရားသခင်၏နာမကို စွန့်ပစ်ကာ သူ့နောက် ထပ်မလိုက်နှင့်။ သို့ဆိုလျှင် သင်၏ ဒုက္ခပြဿနာများ ပြီးဆုံးသွားလိမ့်မည်။” ဤအခိုက်အတန့်တွင် ယောဘ၌ ဘုရားသခင် မြင်လိုသော သက်သေခံချက် ထွက်ပေါ်ခဲ့သည်။ မည်သည့်သာမန်လူမျှ ထိုသို့သော သက်သေခံချက်ကို သက်သေခံနိုင်ခဲ့မည် မဟုတ်သကဲ့သို့ ယင်းနှင့်သက်ဆိုင်၍ သမ္မာကျမ်းစာ၏ မည်သည့်အဖြစ်အပျက်တွင်မျှ ငါတို့ မဖတ်ရှုရပေ- သို့သော် ဤစကားများကို ယောဘ မပြောဆိုမီ အချိန်ကြာမြင့်စွာကတည်းက ယင်းကို ဘုရားသခင် မြင်ခဲ့ပြီး ဖြစ်သည်။ ဘုရားသခင် မှန်ကန်ခဲ့သည်ကို အားလုံးထံ ယောဘကို သက်သေပြ ခွင့်ပေးဖို့ ဘုရားသခင်သည် ဤအခွင့်အရေးကို အသုံးပြုရန် ဆန္ဒရှိရုံမျှ ရှိခဲ့ပေသည်။ သူ့ဇနီး၏ အကြံဉာဏ်နှင့် ရင်ဆိုင်ရလျက်၊ ယောဘသည် သူ၏ တည်ကြည်မှုကို လက်မလွှတ်ခဲ့သကဲ့သို့ ဘုရားသခင်ကိုလည်း မစွန့်လွှတ်ခဲ့ရုံသာမက၊ သူ၏ ဇနီးအား၊ “ငါတို့သည် ဘုရားသခင်၏ လက်တော်မှ သုခချမ်းသာကို ခံယူသည်ဖြစ်၍၊ ဒုက္ခဆင်းရဲကို မခံမယူရာသလော။” ဟူ၍လည်း ဆိုခဲ့သည်။ ဤစကားများသည် အလွန် ဩဇာသက်ရောက်မှု ရှိပါသလော။ ဤနေရာတွင် ဤစကားများ၏ ဩဇာသက်ရောက်မှုကို သက်သေပြနိုင်စွမ်းရှိသည့် အချက်တစ်ခုတည်းသာ ရှိသည်။ ဤစကားများ၏ ဩဇာသက်ရောက်မှုမှာ ဘုရားသခင်သည် ထိုစကားများကို သူ၏ စိတ်နှလုံးထဲတွင် လက်ခံသည်၊ ၎င်းတို့သည် ဘုရားသခင် တောင့်တခဲ့သော အရာ ဖြစ်သည်၊ ၎င်းတို့သည် ဘုရားသခင် ကြားလိုသော အရာဖြစ်ပြီး၊ ဘုရားသခင်မြင်ရန် တမ်းတခဲ့သော ရလဒ် ဖြစ်ပေသည်။ ဤစကားများသည် ယောဘသက်သေခံချက်၏ ခြင်ဆီအနှစ်လည်း ဖြစ်သည်။ ဤတွင် ယောဘ၏ စုံလင်ခြင်း၊ ဖြောင့်မတ်ခြင်း၊ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်းတို့ အတည်ပြုခံခဲ့ရသည်။ ယောဘ၏ အဖိုးတန်မှုသည် သူ စုံစမ်းနှောင့်ယှက်ခြင်း ခံခဲ့ရချိန်နှင့် သူ၏ တစ်ကိုယ်လုံးကို နာကျင်သောအနာစိမ်းများ ဖုံးလွှမ်းခဲ့သည့် အချိန်တွင်ပင်၊ ပြီးလျှင် အဆုံးစွန် ညှဉ်းဆဲမှုကို သူတောင့်ခံခဲ့သည့် အချိန်နှင့် သူ၏ဇနီးနှင့် ဆွေမျိုးရင်းချာတို့က သူ့ကို အကြံပေးခဲ့ချိန်တွင်၊ ထိုသို့သော စကားများကို သူ မြွက်ဆိုဆဲရှိခဲ့ပုံတွင် တည်ရှိပေသည်။ ၎င်းကို အခြားနည်းဖြင့်ဆိုပါက မည်သည့် စုံစမ်းနှောင့်ယှက်မှုများ ဖြစ်ပါစေ၊ သို့မဟုတ် ဆင်းရဲဒုက္ခများ သို့မဟုတ် ညှဉ်းဆဲမှု မည်သို့ပင် ဆိုးရွားပါစေ၊ အကယ်၍ သေခြင်းသည် သူ့အပေါ် ရောက်လာခဲ့လျှင်ပင် သူသည် ဘုရားသခင်ကို စွန့်လွှတ်မည် မဟုတ်၊ သို့မဟုတ် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်း လမ်းခရီးကို ပစ်ပယ်မည် မဟုတ်မှန်း သူ၏ စိတ်နှလုံးထဲတွင် သူယုံကြည်ခဲ့သည်။ ထိုအခါ သူ၏ စိတ်နှလုံးထဲတွင် အရေးကြီးဆုံးသော နေရာကို ဘုရားသခင် ထိန်းထားခဲ့ပြီး၊ သူ၏ စိတ်နှလုံးထဲ၌ ဘုရားသခင်သာရှိသည်ကို သင်မြင်ရပေသည်။ ယောဘသည် ဤအမှုများနှင့် တွေ့ကြုံသော်လည်း၊ နှုတ်ဖြင့်မျှမမှားယွင်း ဟူ၍ ကျမ်းစာထဲတွင် သူနှင့် သက်ဆိုင်သည့် ထိုသို့သော ဖော်ပြချက်များကို ငါတို့ ဖတ်ရှုရသည်မှာ ဤအရာကြောင့် ဖြစ်သည်။ သူသည် သူ၏နှုတ်ဖြင့် မမှားယွင်းခဲ့သည်သာမက၊ သူ၏ စိတ်နှလုံးထဲ၌လည်း ဘုရားသခင်နှင့်ပတ်သက်၍ မကျေမနပ်ဖြစ်ခြင်း မရှိခဲ့ပေ။ ဘုရားသခင်နှင့် ပတ်သက်၍ ထိခိုက်စေသော စကားများကို သူမပြောခဲ့သကဲ့သို့၊ ဘုရားသခင်ကို ဆန့်ကျင်ပြစ်မှားခဲ့ခြင်းလည်း မရှိပေ။ သူ၏နှုတ်က ဘုရားသခင်၏ နာမကို ကောင်းချီး ပေးခဲ့သည်သာမက၊ သူ၏စိတ်နှလုံးတွင်လည်း သူသည် ဘုရားသခင်၏ နာမကို ကောင်းချီးပေးခဲ့သည်။ သူ၏နှုတ်နှင့် စိတ်နှလုံးတို့သည် တစ်ခုတည်းကဲ့သို့ ဖြစ်ခဲ့သည်။ ဤသည်မှာ ဘုရားသခင် မြင်ခဲ့သော စစ်မှန်သည့် ယောဘဖြစ်ပြီး၊ ဤသည်မှာ ယောဘကို ဘုရားသခင် တန်ဖိုးထားခဲ့သည့် တကယ့် အကြောင်းရင်း ဖြစ်ခဲ့သည်။
ယောဘနှင့်ပတ်သက်၍ လူတို့၏ များစွာသော နားလည်မှု လွဲမှားခြင်းများ
ယောဘခံစားခဲ့ရသည့် ဆင်းရဲဒုက္ခသည် ဘုရားသခင် စေလွှတ်ခဲ့သော စေတမန်များ၏ လုပ်ဆောင်ချက် မဟုတ်ခဲ့သကဲ့သို့၊ ဘုရားသခင် ကိုယ်တိုင်၏လက်က ဖြစ်ပေါ်စေခဲ့ခြင်း မဟုတ်ပေ။ ယင်းအစား ထိုအရာမှာ ဘုရားသခင်၏ ရန်သူဖြစ်သော စာတန်က ကိုယ်တိုင်ကိုယ်ကျ ဖြစ်စေခဲ့ခြင်း ဖြစ်သည်။ အကျိုးဆက်အနေဖြင့် ယောဘ ခံစားခဲ့ရသော ဆင်းရဲဒုက္ခ၏ အဆင့်မှာ နက်နဲခဲ့သည်။ သို့သော် ဤအခိုက်အတန့်တွင် ယောဘသည် သူ၏ စိတ်နှလုံးထဲမှ ဘုရားသခင်ကို နေ့စဉ်သိသော အသိ၊ သူ၏ နေ့စဉ် လုပ်ဆောင်ချက်များ၏ နိယာမများနှင့် ဘုရားသခင်အပေါ် သူ၏ သဘောထားတို့ကို ကန့်သတ်ချက် မရှိဘဲ၊ လက်တွေ့ပြသခဲ့ပြီး ဤသည်မှာ အမှန်တရား ဖြစ်သည်။ အကယ်၍ ယောဘသည် စုံစမ်းနှောင့်ယှက်ခြင်းကို မခံခဲ့ရပါက၊ အကယ်၍ ဘုရားသခင်သည် ယောဘအပေါ် စမ်းသပ်မှုများကို ယူဆောင်လာခဲ့ခြင်း မရှိပါက၊ “ယေဟောဝါသည် ပေးတော်မူ၏၊ ပြီးလျှင် ယေဟောဝါသည် ပြန်နုတ်သိမ်းတော်မူ၏၊ ယေဟောဝါ၏ နာမတော်သည် မင်္ဂလာရှိပါစေ။” ဟု ယောဘ ပြောသည့်အခါ၊ သင်က ယောဘသည် သူတော်ကောင်း ယောင်ဆောင်သောသူ တစ်ဦးဖြစ်သည်၊ ဘုရားသခင်သည် သူ့အား ပစ္စည်းဥစ္စာများစွာ ပေးခဲ့ပြီး ဖြစ်သောကြောင့်၊ သူသည် ယေဟောဝါ၏ နာမကို ဧကန် ကောင်းချီးပေးခဲ့ခြင်း ဖြစ်သည်ဟု သင်ဆိုလိမ့်မည် ဖြစ်သည်။ အကယ်၍ စမ်းသပ်မှုများကို မခံစားရမီ ယောဘက၊ “ငါတို့သည် ဘုရားသခင်၏လက်တော်မှ သုခချမ်းသာကို ခံယူသည်ဖြစ်၍၊ ဒုက္ခဆင်းရဲကို မခံမယူရာသလော။” ဟုဆိုခဲ့ပါက ယောဘသည် ပုံကြီးချဲ့ပြောနေခြင်းဖြစ်ပြီး သူသည် ဘုရားသခင်၏ လက်အားဖြင့် မကြာခဏ ကောင်းချီးပေးခံခဲ့ရသောကြောင့်၊ ဘုရားသခင်၏ နာမကို စွန့်ပယ်လိမ့်မည် မဟုတ်ဟု သင်ဆိုပေမည်။ အကယ်၍ ဘုရားသခင်သည် သူ့အပေါ် ဘေးဒုက္ခကို ဆောင်ယူခဲ့ပါက၊ သူသည် ဘုရားသခင်၏နာမကို ဧကန်အမှန် စွန့်ပယ်မည်ဟု သင်ဆိုမည် ဖြစ်သည်။ သို့သော် ယောဘသည် သူ့ကိုယ်သူ မည်သူမျှ အလိုမရှိမည့် သို့မဟုတ် မည်သူမျှ မမြင်လိုမည့် အခြေအနေများ၊ ၎င်းတို့အပေါ် ကျရောက်မည်ကို ကြောက်ရွံ့သည့်အတွက် ၎င်းတို့အပေါ်ကျရောက်ရန် မည်သူမျှအလိုမရှိသည့် အခြေအနေများ၊ ဘုရားသခင်ပင်လျှင် ကြည့်ရက်နိုင်ခြင်း မရှိသော အခြေအနေများ၌ ရောက်ရှိနေခဲ့သည်ကို သိရှိသည့်အခါ၊ “ယေဟောဝါသည် ပေးတော်မူ၏၊ ပြီးလျှင် ယေဟောဝါသည် ပြန်နုတ်သိမ်းတော်မူ၏၊ ယေဟောဝါ၏ နာမတော်သည် မင်္ဂလာရှိပါစေ။”၊ ပြီးလျှင် “ငါတို့သည် ဘုရားသခင်၏ လက်တော်မှ သုခချမ်းသာကို ခံယူသည်ဖြစ်၍၊ ဒုက္ခဆင်းရဲကို မခံမယူရာသလော။” ဟူ၍ ယောဘသည် သူ၏ တည်ကြည်ခြင်းကို ဆက်၍ ထိန်းထားနိုင်ခဲ့သည်။ ယောဘ၏ပြုမူပုံနှင့် ဤအကြိမ်တွင် ရင်ဆိုင်ရလျက်၊ ကြီးကျယ်သော စကားများ ပြောရသည်ကို နှစ်ခြိုက်သောသူများနှင့် စကားများနှင့် အယူဝါဒများ ပြောဆိုရသည်ကို နှစ်ခြိုက်သောသူများသည် အာစေးမိကုန်ကြသည်။ ဘုရားသခင်၏နာမကို အပြောဖြင့်သာ ထောမနာပြုသော်လည်း၊ ဘုရားသခင်၏ စမ်းသပ်မှုများကို မည်သည့်အခါမျှ လက်မခံခဲ့သော သူများသည် ယောဘ မြဲမြံစွာ ထိန်းထားခဲ့သော တည်ကြည်မှုအားဖြင့် ပြစ်တင်ရှုတ်ချခြင်းကို ခံရကြပြီး လူသားသည် ဘုရားသခင်၏ လမ်းခရီးကို မြဲမြံစွာ ထိန်းထားနိုင်မည် ဟု မည်သည့်အခါကမျှ မယုံကြည်ဖူးသော သူများသည် ယောဘ၏ သက်သေခံချက်အားဖြင့် စီရင်ခြင်းကို ခံရကြလေသည်။ ဤစမ်းသပ်မှုများ အတောအတွင်း ယောဘ၏ အပြုအမူနှင့် သူပြောခဲ့သော စကားများဖြင့် ရင်ဆိုင်ရလျက်၊ လူအချို့သည် စိတ်ရှုပ်ထွေးကြလိမ့်မည်၊ အချို့တို့သည် မနာလို ဖြစ်ကြလိမ့်မည်၊ အချို့တို့သည် သံသယဖြစ်ကြလိမ့်မည်ဖြစ်ပြီး အချို့တို့သည် ၎င်းတို့အနေဖြင့် စမ်းသပ်မှုများ အတောအတွင်းတွင် ယောဘအပေါ် ကျရောက်ခဲ့သော ညှဉ်းဆဲမှုကို မြင်ရကြပြီး ယောဘပြောခဲ့သော စကားများကို ဖတ်ရကြသည်သာမက၊ သူ့အပေါ် စမ်းသပ်မှုများ ရောက်လာခဲ့သည့်အချိန်တွင် ယောဘပြခဲ့သော လူသား “အားနည်းချက်” ကိုလည်း မြင်ကြရသောကြောင့်၊ ယောဘ၏ သက်သေခံချက်အပေါ် ၎င်းတို့၏ နှာခေါင်းများကို ရှုံ့ကြရင်း စိတ်မဝင်စားပုံပင်ပေါ်ကြလိမ့်မည်ဖြစ်သည်။ ၎င်းတို့ ယုံကြည်သော ဤ “အားနည်ချက်” မှာ ယောဘ၏ စုံလင်ခြင်းထဲက မစုံလင်ခြင်း၊ ဘုရားသခင်၏ အမြင်တွင် စုံလင်ခဲ့သည့် လူသားတစ်ဦးထဲက အပြစ်အနာအဆာ ဖြစ်ရမည်ဖြစ်သည်။ ဆိုလိုသည်မှာ စုံလင်သောသူများသည် အပြစ်အနာအဆာကင်းကြသည်၊ အစွန်းအထင်း သို့မဟုတ် ညစ်နွမ်းမှုမရှိ၊ ၎င်းတို့သည် အားနည်းချက်များ မရှိကြ၊ နာကျင်မှုအသိ မရှိကြ၊ မပျော်မရွှင် ဖြစ်ခြင်း သို့မဟုတ် စိတ်ဓာတ်ကျခြင်း မည်သည့်အခါမျှ မခံစားရကြသကဲ့သို့၊ မုန်းတီးခြင်း သို့မဟုတ် အပြင်ပိုင်းအားဖြင့် အစွန်းရောက်သော အပြုအမူ တစ်ခုတစ်လေ မရှိသောသူများ ဖြစ်သည်ဟု ယုံကြည်တတ်ကြသည်။ အကျိုးဆက်အနေဖြင့် ယောဘသည် အမှန်တကယ် စုံလင်ခဲ့သည်ဟု လူအများစုတို့က မယုံကြည်ကြပေ။ သူ၏ စမ်းသပ်မှုများ အတောအတွင်း သူ၏အပြုအမူများစွာကို လူတို့က လက်မခံကြပေ။ ဥပမာအားဖြင့် ယောဘသည် သူ၏ ဥစ္စာပစ္စည်းနှင့် သားသမီးများကို ဆုံးရှုံးခဲ့ရချိန်တွင်၊ သူသည် လူတို့ စိတ်ကူးသကဲ့သို့ မျက်ရည်ကျ ငိုကြွေးခဲ့ခြင်း မရှိခဲ့ပေ။ သူသည် သူ၏မိသားစုအတွက် မျက်ရည်များ သို့မဟုတ် ချစ်ခင်ခြင်း မရှိခဲ့သည့်အတွက်၊ သူ၏ “တင့်တယ်လျောက်ပတ်သော အမူအကျင့် ကင်းမဲ့ခြင်း” သည် သူ့အား အေးစက်သောသူ ဖြစ်သည်ဟု လူတို့ကို ထင်စေသည်။ ဤသည်မှာ ယောဘနှင့်သက်ဆိုင်၍ လူတို့ရှိကြသည့် ကနဦး မကောင်းသည့် ထင်မြင်ချက် ဖြစ်သည်။ ထို့နောက် ၎င်းတို့သည် သူ၏အပြုအမူသည် သာ၍ပင် ဦးနှောက်ခြောက်စရာ ဖြစ်သည်ဟု မြင်ကြသည်- “မိမိဝတ်လုံကိုဆုတ်ပြီး” ဆိုသည်ကို လူတို့က ဘုရားသခင်အတွက် သူ၏ မရိုသေခြင်း ဖြစ်သည်ဟူ၍ အဓိပ္ပာယ် ကောက်ခဲ့ကြပြီး၊ “ဦးခေါင်းကိုရိတ်၍” ဆိုသည်ကို ဘုရားသခင်အား ယောဘ၏ စော်ကားခြင်းနှင့် ဆန့်ကျင်ခြင်းကို ဆိုလိုသည်ဟု တလွဲယုံကြည်ကြလေသည်။ “ယေဟောဝါသည် ပေးတော်မူ၏၊ ပြီးလျှင် ယေဟောဝါသည် ပြန်နုတ်သိမ်းတော်မူ၏၊ ယေဟောဝါ၏ နာမတော်သည် မင်္ဂလာရှိပါစေ။” ဟူသော ယောဘ၏ စကားများ မှလွဲ၍၊ လူတို့သည် ယောဘထဲ၌ ဘုရားသခင်၏ ချီးကျူးခြင်းကို ခံခဲ့ရသော မည်သည့် ဖြောင့်မတ်ခြင်းကိုမျှ မမြင်ကြပေ၊ ထို့ကြောင့် ၎င်းတို့ အများစု ပြုလုပ်ကြသည့် ယောဘနှင့်သက်ဆိုင်သည့် အကဲဖြတ်ချက်မှာ နားမလည်နိုင်ခြင်း၊ နားလည်မှုလွဲခြင်း၊ သံသယဖြစ်ခြင်း၊ ပြစ်တင်ရှုတ်ချခြင်းနှင့် သဘောတရားဖြင့်သာ လက်ခံခြင်းထက် မပိုပေ။ ယောဘသည် စုံလင်ပြီး ဖြောင့်မတ်သော လူသားတစ်ဦး ဖြစ်သည်၊ ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်ခဲ့သောသူတစ်ဦး ဖြစ်သည်ဟူသော ယေဟောဝါ ဘုရားသခင်၏ စကားများကို ၎င်းတို့ထဲမှ မည်သူမျှ အမှန်တကယ် နားမလည်နိုင်ကြသကဲ့သို့ အသိအမှတ်မပြုနိုင်ကြပေ။
ယောဘနှင့်သက်ဆိုင်သည့် ၎င်းတို့၏ အထက်ပါ ထင်မြင်ချက်ကို အခြေခံ၍ သမ္မာကျမ်းစာထဲတွင် မှတ်တမ်းတင်ထားခဲ့သည့် ယောဘ၏ လုပ်ဆောင်ချက်များနှင့် သူ၏ အပြုအမူသည် လူတို့ စိတ်ကူးထားပြီး ဖြစ်မည့်အတိုင်း အလွန်အံ့အားသင့်လောက်အောင် တို့ထိခြင်း မရှိသည့်အတွက်၊ လူတို့သည် သူ၏ ဖြောင့်မတ်ခြင်းနှင့်စပ်လျဉ်းပြီး နောက်ထပ် သံသယများ ရှိကြလေသည်။ သူသည် မည်သည့် ကြီးမားသော စွမ်းဆောင်မှုကိုမျှ မဆောင်ရွက်ခဲ့သည်သာမက၊ သူသည် ပြာထဲတွင် ထိုင်နေစဉ် မိမိကိုယ်ကိုယ် ကုတ်ခြစ်ရန် အိုးခြမ်းပဲ့ကိုလည်း ယူခဲ့သည်။ ယောဘသည် သူ့ကိုယ်သူ ခြစ်နေစဉ် ဘုရားသခင်ထံ ဆုမတောင်းခဲ့သကဲ့သို့၊ သို့မဟုတ် ဘုရားသခင်အား ကတိ မပေးခဲ့သည့်အပြင်၊ သူသည် နာကျင်မှု မျက်ရည်များဖြင့် ငိုကြွေးသည်ကို မမြင်ခဲ့ရသည့်အတွက်၊ ဤလုပ်ရပ်သည်လည်း လူတို့အား အံ့အားသင့်စေပြီး ယောဘ၏ ဖြောင့်မတ်ခြင်းကို သံသယ ဖြစ်စေကာ ငြင်းပင်ငြင်းပယ်စေလေသည်။ ဤအကြိမ်တွင် လူတို့သည် ယောဘ၏ အားနည်ချက်ကိုသာ မြင်ကြပြီး အခြားမည်သည့်အရာကိုမျှ မမြင်ကြသောကြောင့်၊ “ငါတို့သည် ဘုရားသခင်၏လက်တော်မှ သုခချမ်းသာကို ခံယူသည်ဖြစ်၍၊ ဒုက္ခဆင်းရဲကို မခံမယူရာသလော။” ဟု ယောဘ ဆိုသည်ကို ၎င်းတို့ ကြားကြချိန်တွင်ပင် လုံးဝ တို့ထိခံရခြင်း မရှိကြပေ၊ သို့မဟုတ် ချီတုံချတုံ ဖြစ်ခြင်း မရှိသကဲ့သို့၊ ယောဘ၏ စကားများမှ သူ၏ ဖြောင့်မတ်ခြင်းကို သိမြင်နိုင်ခြင်း မရှိကြသေးပေ။ သူ၏စမ်းသပ်မှုများနှင့်သက်ဆိုင်သည့် ညှဉ်းဆဲခြင်း အတောအတွင်းတွင် လူတို့အား ယောဘပေးသည့် အခြေခံကျသော ထင်မြင်ချက်မှာ သူသည် ကြောက်ရွံ့တွန့်ဆုတ်နေခြင်းလည်း မရှိခဲ့သကဲ့သို့၊ မာနလည်း မထောင်လွှားခဲ့ဟူ၍ ဖြစ်သည်။ သူ၏ စိတ်နှလုံး အတွင်းနက်နက်နေရာများ၌ ဖြစ်ပျက်ခဲ့သော သူ၏အပြုအမူ နောက်ကွယ်မှ အဖြစ်အပျက်ကို လူတို့ မမြင်ကြသည်သာမက၊ သူ၏စိတ်နှလုံးထဲက ဘုရားသခင်ကို ကြောက်ရွံ့ခြင်း သို့မဟုတ် မကောင်းမှု ရှောင်ကြဉ်ခြင်း လမ်းခရီး၏ အခြေခံသဘောတရားကို သူ၏ စောင့်ထိန်းခြင်းအားလည်း မမြင်ကြပေ။ သူ၏ စိတ်တည်ငြိမ်ခြင်းသည် သူ၏ စုံလင်ခြင်းနှင့် ဖြောင့်မတ်ခြင်းတို့မှာ အနှစ်မဲ့သော စကားများသာဖြစ်သည်၊ ဘုရားသခင်အပေါ် သူ၏ ကြောက်ရွံ့ခြင်းမှာ ကောလာဟလမျှသာ ဖြစ်သည်ဟု လူတို့အား ထင်စေသည်။ ထိုစဉ်အတောအတွင်း အပြင်ပန်းအားဖြင့် သူထုတ်ဖော်ပြခဲ့သော “အားနည်ချက်” သည် ဘုရားသခင်က စုံလင်ကာ ဖြောင့်မတ်သည်ဟု သတ်မှတ်သော လူသားအပေါ် “အမြင်သစ်” တစ်ခုနှင့် “နားလည်မှုအသစ်” တစ်ခုကိုပင် ပေးလျက်၊ ၎င်းတို့အပေါ် အလွန်နက်နဲသော ထင်မြင်ချက်ကို ချန်ထား ရစ်လေသည်။ ယောဘက သူ၏နှုတ်ကိုဖွင့်ကာ သူမွေးဖွားခဲ့သော နေ့ရက်ကို ကျိန်ဆဲခဲ့ချိန်တွင်၊ ထိုသို့သော “အမြင်သစ်” နှင့် “နားလည်မှုအသစ်” များကို အတည်ပြုလိုက်ပေသည်။
သူခံစားခဲ့ရသော ညှဉ်းဆဲမှု အတိုင်းအတာသည် မည်သည့်လူသားမျှ မတွေးတတ်အောင်ဖြစ်ပြီး နားမလည်နိုင်အောင် ဖြစ်လည်း၊ သူသည် မိစ္ဆာဒိဋ္ဌိစကားများကို မပြောခဲ့ဘဲ၊ သူ၏ ကိုယ်ခန္ဓာ နာကျင်မှုဝေဒနာကို သူ၏ ကိုယ်ပိုင် နည်းလမ်းဖြင့် သက်သာရုံ သက်သာစေခဲ့သည်။ သမ္မာကျမ်းထဲ၌ မှတ်တမ်းတင်ခဲ့သည်နှင့်အညီ၊ “ငါဖွားသော နေ့ရက်ပျက်စီးပါစေ။ သားယောက်ျားကို ပဋိသန္ဓေ ယူပြီဟု သတင်းကြားပြောသော ညဉ့်လည်း ပျက်စီးပါစေ။” (ယောဘ ၃:၃) ဟု သူဆိုခဲ့သည်။ ဤစကားများကို အရေးကြီးသည်ဟု မည်သူမျှက တစ်ခါမျှ သဘောထားကောင်း ထားမည်မဟုတ်သကဲ့သို့၊ ထိုအရာများကို အာရုံစိုက်ပြီးသော လူများ ရှိကောင်းရှိပေမည်။ သင်တို့၏ အမြင်တွင်၊ ယောဘသည် ဘုရားသခင်ကို ဆန့်ကျင် ခဲ့သည်ဟု ထိုစကားများက ဆိုလိုသလော။ ထိုစကားများသည် ဘုရားသခင်ကို မကျေမနပ်ဖြစ်ခြင်း တစ်ခု ဖြစ်သလော။ သင်တို့ထဲမှ များစွာသည် ယောဘပြောခဲ့သော ဤစကားများနှင့်ပတ်သက်၍ အချို့သော အတွေးအခေါ်များ ရှိကြပြီး၊ အကယ်၍ ယောဘသည် စုံလင်ပြီး ဖြောင့်မတ်ပါက၊ သူသည် အားနည်းချက် သို့မဟုတ် ပူဆွေးသောက တစ်စုံတစ်ရာကို မပြသင့်သကဲ့သို့၊ ယင်းအစား စာတန်ထံမှ မည်သည့်တိုက်ခိုက်မှုကိုမဆို အပြုသဘောဆန်စွာဖြင့် ရင်ဆိုင်ခဲ့သင့်ပြီး စာတန်၏ စုံစမ်းနှောင့်ယှက်မှုများကို ရင်ဆိုင်ရာတွင် ပြုံးပင် ပြုံးခဲ့သင့်သည်ဟု ယုံကြည်ကြသည်ကို ငါသိသည်။ သူသည် သူ၏ခန္ဓာကိုယ်ပေါ် စာတန် ဆောင်ကြဉ်းခဲ့သည့် ညှဉ်းဆဲမှု တစ်ခုတစ်လေကို အနည်းငယ်မျှ တုံ့ပြန်မှု မရှိသင့်သကဲ့သို့၊ သူ၏ စိတ်နှလုံးအတွင်းရှိ စိတ်ခံစားချက် တစ်ခုတစ်လေကို မပြခဲ့သင့်ပေ။ ဘုရားသခင်သည် ဤစမ်းသပ်မှုများကို ပို၍ပင် ပြင်းထန်စေရန် ဘုရားသခင်အား သူတောင်းလျှောက်ခဲ့သင့်ပေသည်။ ဤသည်မှာ မဆုတ်မနစ်ဖြစ်ပြီး ဘုရားသခင်ကို စစ်မှန်စွာ ကြောက်ရွံ့ကာ မကောင်းမှုကို ရှောင်သောသူ တစ်စုံတစ်ဦးက လက်တွေ့ပြသပြီး ပိုင်ဆိုင်သင့်သည့်အရာ ဖြစ်သည်။ အလွန်ပြင်းထန်သော ဤညှဉ်းဆဲမှု အလယ်တွင်၊ ယောဘသည် သူမွေးဖွားသော နေ့ရက်ကိုသာ ကျိန်ဆဲခဲ့သည်။ သူသည် ဘုရားသခင်ကို ဆန့်ကျင်ခြင်းငှာ ရည်ရွယ်ချက် တစ်ခုတစ်လေရှိဖို့မဆိုထားနှင့်၊ ဘုရားသခင်ကို ညည်းညူခြင်းပင် မပြုခဲ့ပေ။ ရှေးခေတ် အချိန်ကာလများမှစ၍ ယနေ့အထိ၊ ယောဘပေါ် ကျရောက်ခဲ့သည့် ထိုသို့သော စုံစမ်းနှောင့်ယှက်မှုများကို မည်သူမျှ မတွေ့ကြုံဖူးသည့်အတွက် သို့မဟုတ် မခံစားဖူးသည့်အတွက်၊ ဤအရာသည် အပြောက အလုပ်ထက် ပို၍ လွယ်ကူပေသည်။ ထို့ကြောင့်၊ ယောဘကဲ့သို့ တူညီသည့် စုံစမ်းနှောင့်ယှက်မှုမျိုးကို မည်သူမျှ အဘယ်ကြောင့် မခံစားရဖူးပါသနည်း။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင် မြင်သလောက်က မည်သူမျှ ထိုသို့သော တာဝန် သို့မဟုတ် တာဝန်ပေး စေခိုင်းချက်တစ်ခုကို တာဝန်ယူနိုင်ခဲ့ခြင်း မရှိ၊ ယောဘ လုပ်ဆောင်ခဲ့သကဲ့သို့၊ မည်သူမျှ မလုပ်ဆောင်နိုင်ခဲ့သည့်အပြင်၊ ယောဘအပေါ် ထိုသို့သော နှိပ်စက်ညှဉ်းပန်းမှုကျရောက်ချိန် သူပြုခဲ့သည်နည်းတူ၊ မည်သူမျှက ၎င်းတို့ မွေးဖွားခဲ့သော နေ့ရက်ကို ကျိန်ဆဲခြင်းမှ လွဲ၍ ဘုရားသခင်၏နာမကို မစွန့်ပယ်သကဲ့သို့၊ ယေဟောဝါဘုရားသခင်၏ နာမကို ဆက်လက်ကောင်းချီးပေးဆဲ မပြုနိုင်ကြသောကြောင့် ဖြစ်သည်။ တစ်ဦးတစ်ယောက်သည် ဤအရာကို လုပ်ဆောင်နိုင်မည်လော။ ယောဘနှင့်ပတ်သက်၍ ဤအရာကို ငါတို့ ပြောသောအခါတွင်၊ ငါတို့သည် သူ၏အပြုအမူကို ချီးကျူးနေခြင်း ဖြစ်သလော။ သူသည် ဖြောင့်မတ်သော လူသားတစ်ဦးဖြစ်ခဲ့ပြီး ဘုရားသခင်အဖို့ ထိုသို့သော သက်သေကို ခံနိုင်ခဲ့ကာ၊ သူ့အား စွပ်စွဲရန် ဘုရားသခင်၏ ရှေ့သို့ စာတန်ကို မည်သည့်အခါတွင်မျှ တစ်ဖန် ပြန်မလာစေဖို့အလို့ငှာ စာတန်အား စိတ်ပျက်လက်ပျက်ဖြင့်ထွက်ပြေးစေနိုင်စွမ်းရှိခဲ့သည်- ထို့ကြောင့် သူ့ကို ချီးကျူးခြင်းနှင့်ပတ်သက်၍ မည်သည့်အရာ မှားယွင်းပါသနည်း။ သင်တို့သည် ဘုရားသခင်ထက် ပိုမြင့်သော စံနှုန်းများ ရှိနေခြင်း ဖြစ်နိုင်မည်လော။ သင်တို့အပေါ်သို့ စမ်းသပ်မှုများ ကျရောက် လာချိန်တွင် သင်တို့သည် ယောဘထက် ပို၍ပင် ကောင်းစွာ ပြုမူနိုင်မည်မှာ ဖြစ်နိုင်မည်လော။ ယောဘသည် ဘုရားသခင်၏ ချီးမွမ်းခြင်းကို ခံခဲ့ရသည်- မည်သည့် ကန့်ကွက်ချက်များ သင်တို့ ရှိနိုင်မည်နည်း။
ယောဘသည် သူ့အားဖြင့် ဘုရားသခင်ကို မနာကျင်စေလိုသောကြောင့် သူမွေးဖွားခဲ့သော နေ့ရက်ကို ကျိန်ဆဲသည်
လူတို့သည် လူတို့၏ အပြင်ပန်းများကို ကြည့်စဉ်တွင်၊ ဘုရားသခင်သည် လူတို့၏ အတွင်းစိတ်နှလုံးကို ကြည့်သည်ဟု ငါမကြာခဏ ပြောသည်။ ဘုရားသခင်သည် လူတို့၏ အတွင်းစိတ်နှလုံးကို ကြည့်သောကြောင့်၊ သူသည် ၎င်းတို့၏ အနှစ်သာရကို နားလည်လေသည်၊ လူတို့မှာမူ အခြားလူတို့၏ အနှစ်သာရကို ၎င်းတို့၏ အပြင်ပန်းကို အခြေခံ၍ ဖွင့်ဆိုကြလေသည်။ ယောဘသည် သူ၏နှုတ်ကိုဖွင့်ကာ သူမွေးဖွားခဲ့သော နေ့ရက်ကို ကျိန်ဆဲခဲ့ချိန်တွင်၊ ဤလုပ်ရပ်သည် ယောဘ၏ မိတ်ဆွေသုံးဦး အပါအဝင် ဝိညာဉ်ရေးရာ ပုဂ္ဂိုလ် အားလုံးကို အံ့အားသင့်စေခဲ့သည်။ လူသားသည် ဘုရားသခင်ထံမှ လာခဲ့ခြင်းဖြစ်ပြီး၊ ဘုရားသခင် သူ့အပေါ် ပေးအပ်ခဲ့သော အသက်နှင့် ခန္ဓာကိုသာမက သူမွေးဖွားခဲ့သော နေ့ရက်အတွက် ကျေးဇူးတင်ရှိသင့်ပြီး၊ ယင်းတို့ကို မကျိန်ဆဲသင့်ပေ။ ဤသည်မှာ သာမန်လူများ နားလည်နိုင်ပြီး စိတ်ကူးနိုင်သည့် အရာတစ်ခု ဖြစ်သည်။ ဘုရားသခင် နောက်သို့ လိုက်လျှောက်သောသူ မည်သူအတွက်မဆို၊ ဤသိနားလည်မှုသည် အထွတ်အမြတ်ဖြစ်ပြီး မချိုးဖောက်အပ်ပေ၊ ပြီးလျှင် ယင်းသည် မည်သည့်အခါမျှ မပြောင်းလဲနိုင်သည့် သမ္မာတရားတစ်ခု ဖြစ်သည်။ တစ်နည်းအားဖြင့် ယောဘသည် စည်းမျဉ်းများကို ချိုးဖောက်ခဲ့ပေသည်- သူသည် သူမွေးဖွားခဲ့သော နေ့ရက်ကို ကျိန်ဆဲခဲ့သည်။ ဤသည်မှာ တားမြစ်ထားသော နယ်မြေထဲသို့ ဖြတ်ကူးခြင်း အဖြစ် သာမန်လူများက ယူဆသည့် လုပ်ရပ်တစ်ခု ဖြစ်သည်။ ယောဘသည် လူတို့၏ နားလည်ခြင်းနှင့် စာနာသနားခြင်းကို ခံစားပိုင်ခွင့်မရှိသည်သာမက၊ ဘုရားသခင်၏ ခွင့်လွှတ်ခြင်းကိုလည်း ခံစားပိုင်ခွင့် မရှိပေ။ တစ်ချိန်တည်းတွင် သူ့အပေါ် ဘုရားသခင်၏ မျက်နှာသာပေးခြင်းက ယောဘအား မိမိကိုယ်ကိုယ် အလိုလိုက်စေသည်၊ ယင်းသည် သူ့အား အလွန် ရဲတင်းစေပြီး မဆင်မခြင် ဖြစ်စေခဲ့သည်မှာ သူသည် သူ၏ တစ်သက်တာအတောအတွင်း သူ့အား ကောင်းချီးပေးခြင်းနှင့် စောင့်ရှောက်ခြင်းအတွက် ဘုရားသခင်အား ကျေးဇူးမတင်ခဲ့ရုံ သာမကဘဲ၊ သူမွေးဖွားခဲ့သော နေ့ရက်ကိုလည်း ပျက်စီးခြင်းသို့ ရှုတ်ချခဲ့ပုံရသည့်အတွက်၊ သာ၍ပင်များသော လူတို့သည် ယောဘ၏ ဖြောင့်မတ်ခြင်းအပေါ် သံသယ ဖြစ်လာကြလေသည်။ ဤသည်မှာ ဘုရားသခင်ကို ဆန့်ကျင်ခြင်း မဟုတ်ပါက အဘယ်အရာ ဖြစ်သနည်း။ ထိုသို့သော ပေါ့ပြက်မှုများသည် ယောဘ၏ ဤလုပ်ရပ်ကို ပြစ်တင်ရှုတ်ချရန် လူတို့အား အထောက်အထားကို ပေးသော်လည်း၊ ထိုအချိန်က ယောဘသည် မည်သည့်အရာကို အမှန်တကယ် တွေးနေခဲ့သည်ကို မည်သူ သိနိုင်ပါသနည်း။ ယောဘသည် အဘယ်ကြောင့် ထိုသို့ပြုမူခဲ့သည့် အကြောင်းရင်းကို မည်သူသိနိုင်သနည်း။ ဤနေရာတွင် ဘုရားသခင်နှင့် ယောဘ ကိုယ်တိုင်သာ အတွင်းကျကျ အဖြစ်အပျက်နှင့် အကြောင်းရင်းများကို သိနိုင်ပေသည်။
စာတန်သည် ယောဘ၏ အရိုးများကို ဖိစီးနှိပ်စက်ဖို့ ၎င်း၏လက်ကိုဆန့်ခဲ့ချိန်တွင်၊ ယောဘသည် လွတ်မြောက်ရန် နည်းလမ်းများ သို့မဟုတ် ခုခံရန်ခွန်အား မရှိဘဲ၊ ၎င်း၏ လက်ခုပ်တွင်းသို့ ကျဆင်းခဲ့ရသည်။ သူ၏ ကိုယ်ခန္ဓာနှင့် စိတ်ဝိညာဉ်သည် အလွန်ကြီးစွာသော နာကျင်မှုဝေဒနာကို ခံစားခဲ့ရပြီး ဤနာကျင်မှုသည် သူ့အား ခန္ဓာ၌ ရှင်သန်နေသည့် လူသား၏ အရေးမပါမှု၊ အားနည်းခြင်းနှင့် အစွမ်းတန်ခိုးကင်းမဲ့ခြင်းတို့ကို အလွန်အမင်း သတိပြုမိစေခဲ့သည်။ တစ်ချိန်တည်းတွင် ဘုရားသခင်သည် အဘယ်ကြောင့် လူသားမျိုးနွယ်ကို ဂရုစိုက်ကာ ကြည့်ရှုစောင့်ရှောက်လိုသည့် စိတ်တစ်ခုရှိရသည်ဆိုသည်နှင့် သက်ဆိုင်သည့် နက်နဲသော အသိအမှတ်ပြုခြင်းနှင့် သိနားလည်မှု တစ်ခုကိုလည်း ရရှိခဲ့သည်။ စာတန်၏ လက်တွင်း၌ အသွေးအသား ရှိသော လူသားမှာ အမှန်တကယ် အလွန် အစွမ်းတန်ခိုးမဲ့ပြီး အားနည်းသည်ဟု ယောဘ နားလည်ခဲ့ရသည်။ သူသည် ဒူးထောက်ကာ ဘုရားသခင်ထံ ဆုတောင်းခဲ့ချိန်တွင်၊ ဘုရားသခင်သည် သူ့အား စာတန်၏ လက်ထဲသို့ လုံးလုံးလျားလျား ထားရှိခဲ့ပြီး ဖြစ်သောကြောင့်၊ ဘုရားသခင်သည် သူ၏မျက်နှာကို ဖုံးထားပြီး ကွယ်ဝှက်နေသည့်အလား သူခံစားခဲ့ရသည်။ တစ်ချိန်တည်းတွင် ဘုရားသခင်သည်လည်း သူ့အတွက် ငိုကြွေးခဲ့သည့်အပြင်၊ သူ့အတွက် စိတ်ထိခိုက်ခဲ့ရသည်။ ဘုရားသခင်သည် သူ၏နာကျင်မှုအားဖြင့် နာကျင်ခဲ့ရပြီး သူ၏ အနာတရဖြစ်ခြင်းအားဖြင့် အနာတရ ဖြစ်ခဲ့ရသည်...ယောဘသည် ဘုရားသခင်၏ နာကျင်မှုကို ခံစားမိခဲ့သည့်အပြင် ဘုရားသခင်အတွက် ယင်းမှာ ဘုရားသခင် အတွက် မည်မျှ မခံမရပ်နိုင်ဖွယ် ဖြစ်သည်ကိုလည်း ခံစားမိခဲ့သည်...ယောဘသည် သူ့အားဖြင့် ဘုရားသခင် နာကျင်ရသည်ကို မြင်လိုရန်မဆိုထားနှင့်၊ ဘုရားသခင်အပေါ် နောက်ထပ် ပူဆွေးမှု တစ်စုံတစ်လေကိုမျှ ရောက်စေလိုခြင်း မရှိသကဲ့သို့၊ ဘုရားသခင်အား သူ့အတွက် မငိုကြွေးစေလိုခဲ့ပေ။ ဤအခိုက်အတန့်တွင်၊ ယောဘသည် သူ၏ နာကျင်မှုအားဖြင့် ဘုရားသခင် ညှဉ်းဆဲခံရခြင်းကို ဤအရာက ရပ်တန့်စေနိုင်မည် ဖြစ်သည့်အတွက်၊ ဤခန္ဓာကိုယ်အားဖြင့် သူ့အပေါ် ကျရောက်ခဲ့သော နာကျင်မှုကို သည်းညည်းမခံတော့ရန် သူ၏ ခန္ဓာကိုယ်ကို အာရုံထဲမှ ဖျောက်ပစ်လိုခဲ့သည်- သို့သော် သူမဖျောက်ပစ်နိုင်ခဲ့သကဲ့သို့ သူသည် ခန္ဓာကိုယ်၏ နာကျင်မှုကို သည်းခံခဲ့ရသည် သာမက၊ ဘုရားသခင်အား မပူပန်စေလိုသည့် ဆန္ဒ၏ ညှဉ်းဆဲခြင်းကိုလည်း ခံခဲ့ရသည်။ နာကျင်မှုတစ်ခုသည် ခန္ဓာကိုယ်မှ လာပြီး နောက်တစ်ခုသည် ဝိညာဉ်မှလာသည့်- ဤနာကျင်မှု နှစ်ခုသည် ယောဘအပေါ် စိတ်နှလုံးကွဲလုမတတ်၊ အူကလီစာများ ဆောင့်ဆွဲခံရသည့် နာကျင်မှုကို ဆောင်ယူလာခဲ့ပြီး အသွေးအသားရှိသော လူသား၏ အားနည်းချက်များသည် တစ်ဦးတစ်ယောက်အား မည်ကဲ့သို့ မချင့်မရဲဖြစ်စေပြီး ခိုကိုးရာမဲ့စေသည်ကို သူ့အား ခံစားရစေခဲ့သည်။ ဤအခြေအနေများအောက်တွင်၊ ဘုရားသခင်ကို သူ၏ တမ်းတခြင်းသည် သာ၍ပြင်းထန်လာခဲ့ပြီး စာတန်အား သူ၏ စက်ဆုပ်ရွံရှာခြင်းသည် သာ၍ ပြင်းပြလာခဲ့သည်။ ဤအချိန်တွင်၊ ယောဘသည် သူ့အတွက် ဘုရားသခင် မျက်ရည်ကျငိုကြွေးသည်ကို မြင်ရသည်ထက် သို့မဟုတ် နာကျင်ခြင်း ခံစားရသည်ကို မြင်ရသည်ထက် လူ့လောကထဲသို့ မည်သည့်အခါကမျှ သူမမွေးဖွားလာခဲ့ရန်၊ သူ မဖြစ်တည်ခဲ့ဖို့ရန် သာ၍ပင် ဆန္ဒရှိခဲ့သည်။ သူသည် သူ၏ ဇာတိပကတိကို စတင်၍ လွန်စွာ စက်ဆုပ်ရွံရှာ လာခဲ့သည်၊ မိမိကိုယ်ကိုယ်၊ သူမွေးဖွားခဲ့သော နေ့ရက်နှင့် သူနှင့်သက်ဆိုင်သမျှ အားလုံးကိုပင် ငြီးငွေ့ပြီး စိတ်ကုန်လာခဲ့သည်။ သူမွေးဖွားခဲ့သော နေ့ရက် သို့မဟုတ် ယင်းနှင့် ပတ်သက်သည့် မည်သည့်အရာကိုမျှ နောက်ထပ် မည်သို့မျှ ဖော်ပြရန် သူအလိုမရှိခဲ့ပေ၊ ထို့ကြောင့် သူသည် သူ၏နှုတ်ကိုဖွင့်ကာ သူ၏မွေးဖွားရာနေ့ရက်ကို ဤသို့ကျိန်ဆဲခဲ့သည်- “ငါဖွားသော နေ့ရက်ပျက်စီးပါစေ။ သားယောက်ျားကို ပဋိသန္ဓေယူပြီဟု သတင်းကြားပြောသော ညဉ့်လည်း ပျက်စီးပါစေ။ ထိုနေ့ရက်မိုက်ပါစေ။ ဘုရားသခင်သည် မျက်နှာပြုတော်မမူပါစေနှင့်။ အလင်းမပေါ်ထွန်းပါစေနှင့်။” (ယောဘ ၃:၃-၄) ယောဘ၏ စကားများသည် သူ့ကိုယ်သူ စက်ဆုပ်ရွံရှာခြင်းဖြစ်သည့် “ငါဖွားသော နေ့ရက်ပျက်စီးပါစေ။ သားယောက်ျားကို ပဋိသန္ဓေယူပြီဟု သတင်းကြားပြောသော ညဉ့်လည်း ပျက်စီးပါစေ။” ဟူ၍အပြင်၊ မိမိကိုယ်ကိုယ်အပေါ် သူ ခံစားရသည့် အပြစ်တင်မှုနှင့် ဘုရားသခင်ကို နာကျင်စေခြင်းအတွက် အကြွေးတင်ရှိသည့် သူ၏ အသိစိတ်ဖြစ်သော “ထိုနေ့ရက်မိုက်ပါစေ။ ဘုရားသခင်သည် မျက်နှာပြုတော်မမူပါစေနှင့်။ အလင်း မပေါ်ထွန်းပါစေနှင့်၊” ဟူသည်ကို ပြပေသည်။ ဤကျမ်းပိုဒ်နှစ်ပိုဒ်သည် ထိုအခါက ယောဘ ခံစားခဲ့ရပုံနှင့် သက်ဆိုင်သည့် အဆုံးစွန် ဖော်ပြချက်ဖြစ်ပြီး၊ အားလုံးထံ သူ၏စုံလင်ခြင်းနှင့် ဖြောင့်မတ်ခြင်းတို့ကို အပြည့်အဝ ထင်ရှားစေခဲ့သည်။ တစ်ချိန်တည်းတွင် ယောဘ ဆန္ဒရှိခဲ့သည့်အတိုင်းပင်၊ ဘုရားသခင်အပေါ် သူ၏ယုံကြည်ခြင်းနှင့် နာခံခြင်းအပြင်၊ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းတို့မှာ အမှန်ပင် ချီးမြှောက်ခြင်း ခံခဲ့ရသည်။ ဟုတ်ပေ၏၊ ဤချီးမြှောက်ခြင်းသည် ဘုရားသခင် မျှော်လင့်ခဲ့ပြီးဖြစ်သည့် အကျိုးဆက် အတိအကျဖြစ်ပေသည်။
ယောဘသည် စာတန်ကို အနိုင်ယူကာ ဘုရားသခင်၏ အမြင်တွင် စစ်မှန်သော လူသားတစ်ဦး ဖြစ်လာသည်
ယောဘသည် သူ၏ စမ်းသပ်မှုများကို ပထမဦးဆုံး ကြုံရချိန်တွင်၊ သူ၏ ဥစ္စာပစ္စည်းအားလုံးနှင့် သားသမီး အားလုံး ယူဆောင်သွားခြင်း ခံခဲ့ရသော်လည်း၊ အကျိုးဆက်အနေဖြင့် သူသည် လဲမကျခဲ့ပေ သို့မဟုတ် ဘုရားသခင်ကို ဆန့်ကျင်ပြစ်မှားမှုတစ်ခုဖြစ်သည့် မည့်သည့်အရာကိုမျှ မဆိုခဲ့ပေ။ သူသည် စာတန်၏ စုံစမ်းနှောင့်ယှက်မှုများကို အောင်မြင်ခဲ့ပြီး သူ၏ ရုပ်ဝတ္ထု ပစ္စည်းများ၊ သူ၏သားသမီးများနှင့် သူ၏လောကီပိုင်ဆိုင်မှု အားလုံး ဆုံးရှုံးခြင်းနှင့်သက်ဆိုင်သည့် စမ်းသပ်မှုကို အောင်မြင်ခဲ့သည်၊ ယင်းမှာ သူသည် ဘုရားသခင်က သူ့ထံမှ အမှုအရာများကို ယူဆောင် သွားသည်နှင့်အမျှ ဘုရားသခင်ကို နာခံနိုင်ခဲ့ပြီး၊ ဘုရားသခင် လုပ်ဆောင်ခဲ့သည့်အရာကြောင့် ဘုရားသခင်ထံ ကျေးဇူးတင်ရှိခြင်းနှင့် ချီးမွမ်းခြင်းတို့ကိုလည်း ပူဇော်ဆက်ကပ်နိုင်ခဲ့သည်။ ယင်းမှာ စာတန်၏ ပထမအကြိမ် စုံစမ်းနှောင့်ယှက်မှုအတောအတွင်း ယောဘ၏ အပြုအမူဖြစ်ခဲ့ပြီး ယင်းမှာ ဘုရားသခင်၏ ပထမအကြိမ် စမ်းသပ်မှု အတောအတွင်း ယောဘ၏ သက်သေခံချက်လည်း ဖြစ်ခဲ့သည်။ ဒုတိယအကြိမ် စမ်းသပ်မှုတွင်၊ စာတန်သည် ယောဘကို တိုက်ခိုက်ဖို့ ၎င်း၏လက်ကိုဆန့်ခဲ့ပြီး၊ ယောဘသည် သူယခင်က ခံစားခဲ့ရသည်ထက် သာ၍ ကြီးမားသော နာကျင်မှုကို ခံစားခဲ့ရသော်လည်း၊ သူ၏သက်သေခံချက်သည် လူတို့ကို အံ့အားသင့်ရစ်စေရလောက်သည်အထိ ဖြစ်ဆဲရှိခဲ့သည်။ သူသည် သူ၏ခံနိုင်ရည်၊ ခံယူချက်နှင့် ဘုရားသခင်ကို နာခံမှုအပြင်၊ ဘုရားသခင်ကို သူ၏ ကြောက်ရွံ့ခြင်းတို့အား စာတန်ကို နောက်ထပ်တစ်ကြိမ် အနိုင်ယူရန် အသုံးပြုခဲ့ပြီး၊ သူ၏ အပြုအမူနှင့် သူ၏သက်သေခံချက်တို့သည် ဘုရားသခင်၏ နောက်တစ်ကြိမ် ထောက်ခံခြင်းနှင့် မျက်နှာသာပေးခြင်းကို ခံခဲ့ရသည်။ ဤစုံစမ်းနှောင့်ယှက်မှုအတောအတွင်းတွင်၊ ယောဘသည် ခန္ဓာကိုယ် နာကျင်မှုသည် ဘုရားသခင်အပေါ် သူ၏ယုံကြည်ခြင်းနှင့် နာခံခြင်းတို့ကို မပြောင်းလဲစေနိုင်ကြောင်း သို့မဟုတ် ဘုရားသခင်အပေါ် သူ၏ ဆက်ကပ်မှုနှင့် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးအား ယူဆောင်မသွားနိုင်ကြောင်း၊ သို့မဟုတ် သေခြင်းကို သူရင်ဆိုင်ခဲ့ရသောကြောင့် ဘုရားသခင်ကို စွန့်လွှတ်မည်မဟုတ် သို့မဟုတ် သူ၏စုံလင်ခြင်းနှင့် ဖြောင့်မတ်ခြင်းတို့ကို စွန့်လွှတ်မည်မဟုတ်သည်ကို စာတန်အား ကြေညာရန် သူ၏တကယ့်အပြုအမူကို အသုံးပြုခဲ့သည်။ ယောဘ၏ စိတ်ပိုင်းဖြတ်ချက်သည် စာတန်အား သူရဲဘောကြောင်စေခဲ့သည်၊ သူ၏ယုံကြည်ခြင်းသည် စာတန်အား အသည်းငယ်စေကာ တုန်လှုပ်စေရစ်ခဲ့သည်၊ ၎င်းတို့၏ သေရေး ရှင်ရေးတိုက်ပွဲအတွင်းတွင် စာတန်ကို သူ တိုက်ခိုက်ခဲ့သည့် ပြင်းပြခြင်းသည် စာတန်ထဲတွင် နက်ရှိုင်းသော မုန်းတီးမှုနှင့် မကျေမချမ်းမှုတို့ကို ပေါက်ဖွားစေခဲ့သည်။ သူ၏စုံလင်ခြင်းနှင့် ဖြောင့်မတ်ခြင်းတို့က စာတန်သည် သူ့ကို နောက်ထပ်မည်သည့်အရာမျှ မလုပ်ဆောင်နိုင်စေခဲ့သည်မှာ စာတန်သည် ယောဘအပေါ် ၎င်း၏ တိုက်ခိုက်မှုများကို စွန့်ပစ်ပြီး ယေဟောဝါဘုရားသခင်ရှေ့တွင် ချခင်းထားသည့် ယောဘအား စွပ်စွဲချက်များကိုလည်း စွန့်လွှတ်ခဲ့လေသည်။ ဤသည်မှာ ယောဘသည် လောကကြီးကို အောင်မြင်ခဲ့ပြီးဖြစ်သည်၊ ဇာတိပကတိကို အောင်မြင်ခဲ့ပြီးဖြစ်သည်၊ သူသည် စာတန်ကို အောင်မြင်ခဲ့ပြီးဖြစ်ကာ သေခြင်းကို အောင်မြင်ခဲ့ပြီးဖြစ်သည်ဟု ဆိုလိုခဲ့ပေသည်။ သူသည် အကြွင်းမဲ့နှင့် လုံးလုံးလျားလျား ဘုရားသခင်နှင့် သက်ဆိုင်သော လူတစ်ဦး ဖြစ်ခဲ့သည်။ ဤစမ်းသပ်မှုနှစ်ခုအတောအတွင်းတွင်၊ ယောဘသည် သူ၏ သက်သေခံချက်၌ မြဲမြံစွာ ရပ်တည်ခဲ့ပြီး သူ၏ စုံလင်ခြင်းနှင့် ဖြောင့်မတ်ခြင်းတို့ကို အမှန်တကယ် အသက်ရှင်နေထိုင်ခဲ့သည်၊ ပြီးလျှင် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ခြင်းနှင့်သက်ဆိုင်သော သူ၏ အသက်ရှင်မှု နိယာမများ၏ နယ်ပယ်ကို ကျယ်ပြန့်လာစေခဲ့သည်။ ဤစမ်းသပ်မှုနှစ်ခုကို ကြုံရလျက်ဖြင့်၊ ယောဘထဲ၌ သာ၍ကြွယ်ဝသော အတွေ့အကြုံတစ်ခု ပေါက်ဖွားလာခဲ့ပြီး ဤအတွေ့အကြုံသည် သူ့ကို သာ၍ ရင့်ကျက်စေကာ ဝါရင့်စေခဲ့သည်၊ ယင်းသည် သူ့ကို သာ၍ သန်မာစေခဲ့ပြီး သာ၍ ကြီးမားသော ခံယူချက် ရှိစေခဲ့ကာ၊ သူစွဲမြဲစွာ ထိန်းထားခဲ့သော တည်ကြည်ခြင်း၏ မှန်ကန်မှုနှင့် အဖိုးထိုက်တန်ခြင်းတို့နှင့် သက်ဆိုင်၍ သူ့အား သာ၍ စိတ်ချယုံကြည်မှု ရှိစေခဲ့သည်။ ယောဘနှင့်သက်ဆိုင်သည့် ယေဟောဝါ ဘုရားသခင်၏ စမ်းသပ်မှုများသည် သူ့အား လူသားအတွက် ဘုရားသခင်၏ ပူပန်မှုနှင့်သက်ဆိုင်သော နက်ရှိုင်းသည့် သိနားလည်ခြင်းနှင့် အသိစိတ်ကို ပေးခဲ့ပြီး ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ အဖိုးထိုက်ခြင်းကို သူ့အား သတိပြုမိခွင့်ပေးခဲ့ကာ၊ ယင်းအခြေအနေမှ ဘုရားသခင်အပေါ် အရေးထားခြင်းနှင့် ချစ်ခြင်းတို့ကို သူ၏ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းထဲသို့ ပေါင်းထည့်ခဲ့လေသည်။ ယေဟောဝါဘုရားသခင်၏ စမ်းသပ်မှုများသည် ယောဘအား ဘုရားထံမှ မကင်းကွာစေခဲ့သည် သာမက သူ၏ စိတ်နှလုံးကို ဘုရားသခင်နှင့် သာ၍ နီးကပ်စေခဲ့သည်။ ယောဘသည်းခံခဲ့သော ခန္ဓာနာကျင်မှုသည် ယင်း၏ အထွတ်အထိပ်သို့ ရောက်ခဲ့ချိန်တွင်၊ ယေဟောဝါဘုရားသခင်ထံမှ သူခံစားခဲ့ရသော စိုးရိမ်ပူပန်မှုသည် သူ့အား သူ၏ မွေးဖွားရာနေ့ရက်ကို ကျိန်ဆဲဖို့မှလွဲ၍ ရွေးချယ်စရာ မပေးခဲ့ပေ။ ထိုသို့သော အပြုအမူသည် အချိန်ကြာမြင့်စွာ စီစဉ်ထားသည့်အရာမဟုတ်ခဲ့ဘဲ၊ သူ၏ စိတ်နှလုံးအတွင်းမှ ဘုရားသခင်အတွက် အရေးထားခြင်းနှင့် ချစ်ခြင်း၏ အလိုအလျောက် ထုတ်ဖော်ပြခြင်းတစ်ခု ဖြစ်ခဲ့သည်။ ယင်းမှာ ဘုရားသခင်အတွက် သူ၏ အရေးထားခြင်းနှင့် ချစ်ခြင်းတို့မှ လာခဲ့သည့် အလိုအလျောက် ထုတ်ဖော်ပြခြင်းတစ်ခုဖြစ်သည်။ ဆိုလိုသည်မှာ သူသည် မိမိကိုယ်ကိုယ် စက်ဆုပ်ရွံရှာခဲ့ပြီး ဘုရားသခင်အား ညှဉ်းဆဲရန် လိုလားခြင်း မရှိသကဲ့သို့ ခံနိုင်ခြင်းလည်း မရှိသောကြောင့်၊ သူ၏ အရေးထားခြင်းနှင့် ချစ်ခြင်းသည် ကိုယ်ကျိုးမငဲ့သည့် အဆင့်အထိ ရောက်ရှိခဲ့ပေသည်။ ဤအချိန်တွင် ယောဘသည် ဘုရားသခင်အတွက် အချိန်ကြာမြင့်စွာ တည်ရှိနေခဲ့သော ကြည်ညိုခြင်းနှင့် တမ်းတခြင်း၊ ပြီးလျှင် ဘုရားသခင်အား ဆက်ကပ်ခြင်းတို့ကို အရေးထားခြင်းနှင့် မြတ်နိုးခြင်း အဆင့်အထိ မြှင့်တင်ခဲ့သည်။ တစ်ချိန်တည်းတွင် သူသည် ဘုရားသခင်ကို သူ၏ ယုံကြည်ခြင်းနှင့် နာခံခြင်း၊ ပြီးလျှင် ဘုရားသခင်အား ကြောက်ရွံ့ခြင်းတို့ကိုလည်း အရေးထားခြင်းနှင့် မြတ်နိုးခြင်း အဆင့်အထိ မြှင့်တင်ခဲ့သည်။ သူသည် ဘုရားသခင်ကို ထိခိုက်နစ်နာစေမည့် မည်သည့်အရာကိုမျှ လုပ်ဆောင်ရန် မိမိကိုယ်ကိုယ် အခွင့်မပေးခဲ့ပေ၊ ဘုရားသခင်ကို နာကျင်စေမည့် မည်သည့်အပြုအမူကိုမျှ မိမိကိုယ်ကိုယ် လုပ်ဆောင်ခွင့်မပေးခဲ့သကဲ့သို့၊ သူ၏ ကိုယ်ပိုင် အကြောင်းရင်းများအတွက် ဘုရားသခင်အပေါ် မည်သည့် ဝမ်းနည်းခြင်း၊ ပူဆွေးခြင်း သို့မဟုတ် မပျော်ရွှင်ခြင်းကိုမျှပင် ယူဆောင်လာဖို့ မိမိကိုယ်ကိုယ် အခွင့်မပေးခဲ့ချေ။ ဘုရားသခင်၏ အမြင်တွင် ယောဘသည် ယခင်က ယောဘပင် ဖြစ်နေဆဲ ဖြစ်သော်လည်း၊ ဘုရားသခင်နှင့်သက်ဆိုင်သည့် ယောဘ၏ ယုံကြည်ခြင်း၊ နာခံခြင်းနှင့် ကြောက်ရွံ့ခြင်းသည် ဘုရားသခင်အား ပြီးပြည့်စုံသော ကျေနပ်အားရမှုနှင့် သာယာကြည်နူးမှုကို ဆောင်ကြဉ်းခဲ့ပြီး ဖြစ်သည်။ ဤအချိန်တွင် ယောဘသည် သူရရှိဖို့ ဘုရားသခင် မျှော်လင့်ထားခဲ့သော စုံလင်ခြင်းကို ရရှိခဲ့ပြီးဖြစ်သည်။ သူသည် ဘုရားသခင်၏ အမြင်တွင် “စုံလင်ဖြောင့်မတ်သည်” ဟုခေါ်ဝေါ်ခြင်းငှာ အမှန်တကယ် ခံထိုက်သောသူတစ်ဦး ဖြစ်လာခဲ့ပြီ ဖြစ်သည်။ သူ၏ ဖြောင့်မတ်သော လုပ်ဆောင်ချက်များသည် စာတန်အား အောင်နိုင်ခွင့်ပေးခဲ့ပြီး၊ ဘုရားသခင်အဖို့ သူ၏ သက်သေခံချက်၌ ခိုင်ခံ့စွာ ရပ်တည်အခွင့်ပေးခဲ့သည်။ ထိုကြောင့် သူ၏ဖြောင့်မတ်သော လုပ်ဆောင်ချက်များသည်လည်း သူ့အား စုံလင်စေပြီး သူ၏ အသက်တန်ဖိုးကို ယခင်ထက် သာ၍ မြှင့်တင်ခံရစေကာ ကျော်လွန်စေခဲ့ပြီး၊ စာတန်၏ တိုက်ခိုက်ခြင်းနှင့် စုံစမ်းနှောင့်ယှက်ခြင်းကို မခံရတော့မည့် ပထမဦးဆုံးသော လူတစ်ဦးလည်း ဖြစ်စေခဲ့သည်။ ယောဘသည် ဖြောင့်မတ်ခဲ့သောကြောင့်၊ သူသည် စာတန်၏ စွပ်စွဲခြင်းခံခဲ့ရကာ စုံစမ်းနှောင့်ယှက်ခြင်းကို ခံခဲ့ရသည်။ ယောဘသည် ဖြောင့်မတ်ခဲ့သောကြောင့်၊ သူသည် စာတန်ထံသို့ လွှဲအပ်ခြင်းကို ခံခဲ့ရပြီး၊ ယောဘသည် ဖြောင့်မတ်ခဲ့သောကြောင့်၊ သူသည် စာတန်ကို အောင်နိုင်ကာ ရှုံးနိမ့်စေခဲ့ပြီး၊ သူ၏ သက်သေခံချက်၌ ခိုင်မြဲစွာ ရပ်တည်ခဲ့သည်။ ထိုအချိန်မှစ၍ ယောဘသည် စာတန်ထံသို့ မည်သည့်အခါတွင်မျှ တစ်ဖန် အပ်နှံမခံရတော့မည့် ပထမဦးဆုံး လူသားတစ်ဦး ဖြစ်လာခဲ့သည်၊ သူသည် ဘုရားသခင်၏ ပလ္လင်ရှေ့သို့ အမှန်တကယ် လာရောက်ခဲ့ပြီး စာတန်၏ စောင့်ကြည့်ခြင်း သို့မဟုတ် ဖျက်ဆီးခြင်း မရှိဘဲ၊ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာအောက်၊ အလင်းထဲတွင် အသက်ရှင်ခဲ့ရသည်...။ သူသည် ဘုရားသခင်၏ အမြင်၌ စစ်မှန်သော လူသားတစ်ဦး ဖြစ်လာခဲ့ပြီးဖြစ်သည်။ သူသည် လွတ်မြောက်ခဲ့ပြီး ဖြစ်သည်...။
ယောဘအကြောင်း
စမ်းသပ်မှုများကို ယောဘ မည်ကဲ့သို့ ဖြတ်ကျော်ခဲ့ပုံကို သိရခြင်းဖြင့်၊ သင်တို့ထဲမှ အများစုသည် ယောဘကိုယ်တိုင်နှင့် ပတ်သက်သည့်၊ အထူးသဖြင့် ဘုရားသခင်၏ ချီးမွမ်းခြင်းကို သူရခဲ့သည့် လျှို့ဝှက်ချက်နှင့်စပ်လျဉ်း၍ နောက်ထပ် အသေးစိတ်အချက်အလက်များကို သိလိုကြပေမည်။ ထို့ကြောင့် ယနေ့တွင် ယောဘအကြောင်း ပြောကြပါစို့။
ယောဘ၏ နေ့စဉ် အသက်တာတွင်၊ သူ၏ စုံလင်ခြင်း၊ ဖြောင့်မတ်ခြင်း၊ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှု ရှောင်ကြဉ်ခြင်းတို့ကို ငါတို့တွေ့ရသည်
အကယ်၍ ငါတို့သည် ယောဘအကြောင်းကို ဆွေးနွေးရမည် ဆိုပါက၊ “မြေကြီးပေါ်တွင် သူနှင့် တူသောသူ တစ်ဦးမျှမရှိ၊ စုံလင်ပြီး တည်ကြည်သောသူ၊ ဘုရားသခင်ကို ကြောက်ရွံ့ပြီး ဆိုးညစ်မှုကို ရှောင်ကြဉ်သောသူတစ်ဦး ဖြစ်သည်။” ဟူ၍ သူနှင့်သက်ဆိုင်သည့် ဘုရားသခင် ကိုယ်တိုင်၏နှုတ်မှ မြွက်ဆိုခဲ့သော အကဲဖြတ်ချက်ဖြင့် စတင်ကြရမည် ဖြစ်သည်။
ပထမဦးစွာ ယောဘ၏ စုံလင်ခြင်းနှင့် ဖြောင့်မတ်ခြင်းတို့ကို လေ့လာကြပါစို့။
“စုံလင်သည်” နှင့် “ဖြောင့်မတ်သည်” ဟူသော စကားလုံးများနှင့်သက်ဆိုင်သည့် သင်တို့၏ သိနားလည်မှုမှာ အဘယ်နည်း။ ယောဘသည် အပြစ်တင်စရာ မရှိသောသူ ဖြစ်သည်၊ သူသည် ဂုဏ်သရေရှိသောသူ ဖြစ်သည်ဟု သင်တို့ ယုံကြည်သလော။ ဟုတ်ပေ၏၊ ဤအရာသည် “စုံလင်သည်” နှင့် “ဖြောင့်မတ်သည်” ဟူသည့် စကားလုံးများနှင့် သက်ဆိုင်သည့် တိုက်ရိုက် အဓိပ္ပာယ်ကောက်ယူချက်နှင့် နားလည်မှုတစ်ခု ဖြစ်ပေမည်။ စစ်မှန်သော အသက်တာနှင့်သက်ဆိုင်သည့် ဆက်စပ်စဉ်းစားရမည့် အကြောင်းအရာမှာ ယောဘနှင့်သက်ဆိုင်သည့် စစ်မှန်သော သိနားလည်ခြင်းနှင့် တစ်သားတည်းဖြစ်သော အရာဖြစ်သည်- နှုတ်ကပတ်တော်များ၊ စာအုပ်များနှင့် အယူအဆ ချည်းသက်သက်သည် မည်သည့်အဖြေကိုမျှ ပေးလိမ့်မည် မဟုတ်။ ယောဘ၏ အိမ်၌နေသော အသက်တာကို ကြည့်ခြင်းဖြင့်၊ သူ၏ အသက်တာတစ်လျှောက်လုံးတွင် သူ၏ ပုံမှန် အပြုအမူက မည်သည့်အရာနှင့်တူခဲ့သည်ကို ကြည့်ခြင်းဖြင့် ငါတို့အစပြုကြမည်။ ဤအရာက အသက်တာထဲတွင် သူ၏ နိယာမများနှင့် ရည်မှန်းချက်များအကြောင်းအပြင်၊ သူ၏ ပင်ကိုစရိုက်နှင့် လိုက်စားမှု အကြောင်းကို ငါတို့အား ပြောပြလိမ့်မည် ဖြစ်သည်။ ယခု ယောဘဝတ္ထု ၁:၃ ၏ နောက်ဆုံး စကားများကို ဖတ်ကြပါစို့- “ထိုသူသည် အရှေ့မျက်နှာအရပ်သားတကာတို့ထက် သာ၍ကြီးသောသူဖြစ်၏။” ဤစကားများက ဆိုနေသောအရာမှာ ယောဘ၏ အဆင့်အတန်းနှင့် ရပ်တည်ချက်တို့သည် အလွန်မြင့်မားခဲ့ပြီး သူသည် အရှေ့အရပ်မှ လူသားအားလုံးထဲတွင် အကြီးမြတ်ဆုံးသောသူ ဖြစ်ခဲ့ရခြင်း အကြောင်းအရင်းမှာမှာ သူ၏ ပေါကြွယ်ဝသော ပိုင်ဆိုင်မှုများကြောင့် သို့မဟုတ် သူသည် စုံလင်ပြီး ဖြောင့်မတ်ကာ ဘုရားသခင်ကို ကြောက်ရွံ့စဉ်တွင် မကောင်းမှုကို ရှောင်ခြင်းကြောင့် ဖြစ်သည် မဖြစ်သည်ကို ငါတို့အား ပြောမပြထားသော်လည်း၊ ယေဘုယျအားဖြင့် ယောဘ၏ အဆင့်အတန်းနှင့် ရပ်တည်ချက်တို့သည် များစွာ တန်ဖိုးထားခြင်းကို ခံခဲ့ရသည်ကို ငါတို့သိပေသည်။ သမ္မာကျမ်းစာထဲတွင် မှတ်တမ်းတင်ခဲ့သည်နှင့်အညီ ယောဘနှင့် သက်ဆိုင်သည့် လူတို့၏ ပထမဆုံး ထင်မြင်ချက်များမှာ ယောဘသည် စုံလင်ခဲ့သည်၊ သူသည် ဘုရားသခင်ကို ကြောက်ရွံ့ခဲ့ပြီး မကောင်းမှုကို ရှောင်ကြဉ်ခဲ့ကာ သူသည် ကြီးမားသော ကြွယ်ဝချမ်းသာနှင့် အလေးထားအပ်သော အဆင့်အတန်းကို ပိုင်ဆိုင်ခဲ့သည်ဟူ၍ဖြစ်သည်။ သာမန် လူပုဂ္ဂိုလ်တစ်ဦးအတွက်၊ ထိုသို့သော ပတ်ဝန်းကျင်တစ်ခုထဲနှင့် ထိုသို့သော အခြေအနေများအောက်တွင် အသက်ရှင်ရခြင်း၊ ယောဘ၏ စားနေကျအစားအစာ၊ ဘဝအဆင့်အတန်းနှင့် သူ၏ ကိုယ်ပိုင် အသက်တာ၏ အမျိုးမျိုးသော ရှုထောင့်များသည် လူအများစု၏ အာရုံစူးစိုက်မှု ဖြစ်ခဲ့ပေမည်။ ထို့ကြောင့် သမ္မာကျမ်းကို ငါတို့ ဆက်လက်ဖတ်ရှုရမည်- “ယောဘ၏ သားတို့သည် နှစ်စဉ်အတိုင်း အသီးအသီးဖွားသောနေ့ရောက်လျှင်၊ မိမိတို့အိမ်၌ ပွဲခံသဖြင့်၊ နှမသုံးယောက်ကိုလည်းခေါ်၍ အတူစားသောက်လေ့ ရှိကြ၏။ ပွဲခံသောနေ့ရက်လွန်သောအခါ၊ ယောဘသည်သူတို့ကိုခေါ်၍ သန့်ရှင်းစေပြီးလျှင် နံနက်စောစောထ၍ သူတို့အရေအတွက်အတိုင်း မီးရှို့သောယဇ်ကိုပူဇော်လေ့ရှိ၏။ အကြောင်းမူကား၊ ငါ့သားတို့သည် မှားယွင်း၍ စိတ်နှလုံးထဲ၌ ဘုရားသခင်ကို စွန့်ပစ်ကြပြီလောဟု ယောဘအောက်မေ့၏။ ထိုသို့ယောဘသည် အစဉ်ပြုမြဲ ရှိ၏။” (ယောဘ ၁:၄-၅) ဤကျမ်းပိုဒ်သည် ငါတို့အား အချက် နှစ်ချက်ကို ပြောသည်- ပထမ အချက်မှာ ယောဘ၏ သားများနှင့် သမီးများသည် များစွာ စားသောက်ကြလျက်၊ ပုံမှန်ပွဲခံလေ့ရှိခဲ့ခြင်း ဖြစ်သည်။ ဒုတိယ အချက်မှာ ယောဘသည် ၎င်းတို့သည် အပြစ်ပြုနေကြမည်၊ ၎င်းတို့၏ စိတ်နှလုံးများထဲ၌ ဘုရားသခင်ကို စွန့်လွှတ်ခဲ့မိကြပြီးဖြစ်မည်ကို ကြောက်ရွံ့ရင်း၊ သူ၏ သားများနှင့် သမီးများအတွက် မကြာခဏ စိုးရိမ်ပူပန်ခဲ့သောကြောင့် မကြာမကြာ မီးရှို့သောယဇ်များကို ပူဇော်လေ့ရှိခဲ့ခြင်း ဖြစ်သည်။ ဤအရာတွင် မတူညီသော လူအမျိုးအစား နှစ်မျိုး၏ အသက်တာများကို ဖော်ပြထားသည်။ ပထမမှာ ယောဘ၏ သားများနှင့် သမီးများသည် ၎င်းတို့၏ ကြွယ်ဝခြင်းကြောင့် မကြာခဏ ပွဲခံကြသည်၊ ကြီးကျယ်ခမ်းနားစွာ အသက်ရှင်ခဲ့ကြသည်၊ ၎င်းတို့ စိတ်နှလုံး အလိုပြည့်သည်အထိ အစားအသောက်နှင့် ဧည့်ခံခဲ့ကြပြီး၊ ရုပ်ဝတ္ထု ကြွယ်ဝချမ်းသာခြင်းက ယူဆောင်လာခဲ့သည့် မြင့်မားသော ဘဝ အဆင့်အတန်းကို ပျော်မွေ့ခဲ့ကြသည်။ ထိုသို့သော အသက်တာတစ်ခု၌ နေထိုင်ခြင်းဖြင့်၊ ၎င်းတို့သည် မကြာခဏ အပြစ်ပြုကာ ဘုရားသခင်ကို ပုန်ကန်ပြစ်မှားမိခဲ့မည်မှာ မလွဲမသွေ ဖြစ်သည်- သို့သော် ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် သန့်ရှင်းစင်ကြယ်စေခြင်း သို့မဟုတ် မီးရှို့ရာယဇ်များကို ပူဇော်ခဲ့ကြခြင်း မရှိခဲ့ပေ။ ထိုအခါ ၎င်းတို့၏ စိတ်နှလုံးများထဲ၌ ဘုရားသခင် နေရာမရှိခဲ့ကြောင်း၊ ဘုရားသခင်၏ ကျေးဇူးတော်များကို တွေးတောခဲ့ကြခြင်း မရှိသကဲ့သို့၊ ၎င်းတို့၏ စိတ်နှလုံးများထဲတွင် ဘုရားသခင်ကို စွန့်လွှတ်မိမည်ကို ကြောက်ရွံ့ခြင်းငှာ မဆိုထားနှင့်၊ ဘုရားသခင်ကို ပြစ်မှား မိမည်ကိုလည်း ကြောက်ရွံ့ခြင်း မရှိခဲ့ကြသည်ကို သင်မြင်ရပေသည်။ ဟုတ်ပေ၏၊ ငါတို့၏ အာရုံပြုချက်မှာ ယောဘ၏ သားသမီးများအပေါ်၌ မဟုတ်ဘဲ၊ ထိုသို့သော အရာများနှင့် ရင်ဆိုင်ခဲ့ရချိန်တွင် ယောဘပြုခဲ့သည့် အရာအပေါ် ဖြစ်သည်။ ဤသည်မှာ ယောဘ၏ နေ့စဉ်အသက်တာနှင့် သူ၏ လူ့သဘာဝ အနှစ်သာရ ပါဝင်သည့် ကျမ်းပိုဒ်ထဲ၌ ဖော်ပြထားသော အခြားသော ကိစ္စရပ်ဖြစ်သည်။ ယောဘ၏သားများနှင့် သမီးများ ပွဲခံခြင်းကို သမ္မာကျမ်းစာက ဖော်ပြသည့်နေရာတွင် ယောဘအကြောင်းကို ဖော်ပြခြင်း မရှိပေ။ သူ၏သားများနှင့် သမီးများ မကြာခဏ အတူတကွ စားသောက်ခဲ့ကြသည်ဟုသာ ဆိုထားသည်။ တစ်နည်းအားဖြင့် သူသည် ပွဲခံခြင်းများကို မပြုခဲ့သကဲ့သို့၊ သူသည် သူ၏သားများနှင့် သမီးများ အလွန်အကျူး စားသောက်ရာ၌ ပါဝင်ခြင်း မရှိခဲ့ပေ။ ကြွယ်ဝပြီး ဥစ္စာပစ္စည်းများစွာနှင့် အစေခံများစွာကို ပိုင်ဆိုင်ခဲ့သော်လည်း၊ ယောဘ၏ အသက်တာမှာ စည်းစိမ်ဖြင့် ယစ်မူးသော အသက်တာတစ်ခု မဟုတ်ခဲ့ပေ။ သူသည် သူ၏အကောင်းဆုံး ရှင်သန်မှုပတ်ဝန်းကျင်အားဖြင့် အချိန်ကို ပျော်ပါးကုန်လွန်စေခဲ့ခြင်း မရှိဘဲ၊ ယင်းက သူ၏ စိတ်နှလုံးထဲတွင် ဘုရားသခင်ကို တဖြည်းဖြည်း ရှောင်ရှားစေဖို့မဆိုထားနှင့်၊ သူ၏ ချမ်းသာကြွယ်ဝမှုကြောင့် ဇာတိပကတိ ပျော်မွေ့ဖွယ်ရာများအပေါ် လွန်ကျူးစွာ ခံစားခဲ့ခြင်း သို့မဟုတ် မီးရှို့သောယဇ်များကို ပူဇော်ရန် မေ့လျော့ခဲ့ခြင်း မရှိပေ။ ထိုအခါ ယောဘသည် သူ၏ နေပုံထိုင်ပုံ၌ သိသိသာသာပင် စည်းကမ်းရှိခဲ့သည်၊ သူ့ကို ပေးသည့် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများ၏ အကျိုးဆက်အဖြစ် လောဘကြီးခြင်း သို့မဟုတ် အပျော်အပါးလိုက်စားခြင်းသည် ပဓာနကျသည်ဟူသော ခံယူချက် မရှိခဲ့သကဲ့သို့၊ သူ၏ ဘဝ အဆင့်အတန်းအပေါ် အစွဲအလန်းကြီးခဲ့ခြင်း မရှိပေ။ ယင်းအစား သူသည် နှိမ့်ချပြီး ရိုးရိုးကုပ်ကုပ်နေခဲ့သည်၊ ဝင့်ကြွားတတ်ခြင်းလည်း မရှိသကဲ့သို့၊ ဘုရားသခင်ရှေ့တွင် သတိရှိပြီး ဂရုတစိုက်ရှိခဲ့သည်။ ဘုရားသခင်၏ ကျေးဇူးတော်များနှင့် ကောင်းချီးမင်္ဂလာများကို မကြာခဏ သူဆင်ခြင်တွေးတောခဲ့ပြီး ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးကို စဉ်ဆက်မပြတ် ထားသိုခဲ့သည်။ သူ၏ နေ့စဉ်အသက်တာတွင်၊ ယောဘသည် မကြာခဏ စောစီးစွာ နိုးထကာ သူ၏ သားများနှင့် သမီးများအတွက် မီးရှို့ရာယဇ်များကို ပူဇော်ခဲ့သည်။ တစ်နည်းအားဖြင့် ယောဘသည် သူကိုယ်တိုင် ဘုရားသခင်ကို ကြောက်ရွံ့ခဲ့သည်သာမက သူ၏သားသမီးများသည်လည်း ထို့နည်းတူ ဘုရားသခင်ကို ကြောက်ရွံ့ပြီး ဘုရားသခင်ကို ဆန့်ကျင်ပြစ်မှားမည်မဟုတ်ဟုလည်း သူမျှော်လင့်ခဲ့သည်။ ယောဘ၏ ရုပ်ဝတ္ထုဆိုင်ရာ ကြွယ်ဝ ချမ်းသာမှုသည် သူ၏ စိတ်နှလုံးအတွင်း၌ နေရာမရှိခဲ့သကဲ့သို့၊ ယင်းသည် ဘုရားသခင်ထိန်းသိမ်းထားသော နေရာကို အစားထိုးခဲ့ခြင်း မရှိပေ။ သူကိုယ်တိုင်အတွက် ဖြစ်စေ သူ၏သားသမီးများအတွက် ဖြစ်စေ ယောဘ၏နေ့စဉ် လုပ်ဆောင်ချက် အားလုံးသည် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်းနှင့် ဆက်နွှယ်ခဲ့သည်။ ယေဟောဝါဘုရားသခင်အပေါ် သူ၏ကြောက်ရွံ့ခြင်းသည် သူ၏နှုတ်၌ ရပ်တန့်ခဲ့ခြင်းမရှိဘဲ၊ သူ အကောင်အထည်ဖော်လုပ်ဆောင်ခဲ့ပြီး သူ၏ နေ့စဉ်အသက်တာ၏ အစိတ်အပိုင်းတစ်ခုစီတွင် ထင်ဟပ်ခဲ့သည့်အရာ တစ်ခု ဖြစ်သည်။ ယောဘ၏ ဤတကယ့် အပြုအမူက ယောဘသည် ရိုးသားပြီး တရားမျှတမှုနှင့် အပြုသဘောဆောင်သော အရာများကို နှစ်သက်သည့် အနှစ်သာရတစ်ခုကို ပိုင်ဆိုင်ခဲ့သည်ကို ငါတို့အား ပြသပေသည်။ ယောဘသည် သူ၏သားများနှင့် သမီးများကို မကြာခဏ စေလွှတ်ကာ သန့်ရှင်းစေခဲ့သည် ဟူသည်မှာ သူသည် သူ၏ သားသမီးများ၏ အပြုအမူကို ခွင့်ပြုခြင်း သို့မဟုတ် လက်ခံခြင်း မရှိခဲ့သည်ကို ဆိုလိုသည်။ ယင်းအစား သူ၏စိတ်နှလုံးထဲ၌ ၎င်းတို့၏ အပြုအမူနှင့်ပတ်သက်၍ စိတ်ပျက်ခဲ့ပြီး၊ ၎င်းတို့အား ပြစ်တင်ဝေဖန်ခဲ့သည်။ သူ၏သားများနှင့် သမီးများ၏ အပြုအမူသည် ယေဟောဝါဘုရားသခင်ကို ကျေနပ်စေခဲ့ခြင်း မရှိဟု သူ ကောက်ချက်ချခဲ့ပြီး၊ ထို့ကြောင့် ယေဟောဝါဘုရားသခင်ရှေ့သို့ သွားကာ ၎င်းတို့၏အပြစ်များကို ဝန်ခံဖို့ ၎င်းတို့ကို သူမကြာခဏ ခေါ်ယူခဲ့သည်။ ယောဘ၏ လုပ်ဆောင်ချက်များက သူသည် မကြာခဏ အပြစ်ပြုပြီး ဘုရားသခင်ကို ပြစ်မှားသောသူများနှင့်အတူ မည်သည့်အခါတွင်မျှ ပေါင်းသင်းခြင်း မရှိခဲ့ဘဲ၊ ယင်းအစား ၎င်းတို့ကို ရှောင်ဖယ်ပြီး ရှောင်ရှားခဲ့သည့် သူ၏ လူ့သဘာဝ၏ အခြားတစ်ဖက်ကို ငါတို့အား ပြပေသည်။ ဤလူများသည် သူ၏ သားများနှင့် သမီးများ ဖြစ်သော်လည်း၊ ၎င်းတို့သည် သူ၏မိသားစုနှင့် ဆွေမျိုးသားချင်း ဖြစ်သောကြောင့် သူ၏ ကိုယ်ပိုင် ပြုမူနေထိုင်ခြင်း အခြေခံသဘောတရားများကို ပစ်ပယ်ခဲ့ခြင်း မရှိသကဲ့သို့၊ သူ၏ ကိုယ်ပိုင် ခံစားချက်များကြောင့် ၎င်းတို့၏ အပြစ်များ၌ လိုက်လျောခဲ့ခြင်း မရှိပေ။ ယင်းထက် ၎င်းတို့အား ဝန်ချကာ ယေဟောဝါဘုရားသခင်၏ သည်းခံခြင်းကို ရယူရန် တိုက်တွန်းခဲ့ပြီး ၎င်းတို့၏ အလိုကြီးသော ပျော်ရွှင်မှုအတွက် ဘုရားသခင်ကို မစွန့်ပယ်ရန် ၎င်းတို့အား သူသတိပေးခဲ့သည်။ အခြားသူများအား ယောဘ ဆက်ဆံခဲ့ပုံနှင့် သက်ဆိုင်သော အခြေခံသဘောတရားများကို ဘုရားသခင်အား သူ၏ ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်း အခြေခံသဘောတရားများမှ ခွဲခြား၍ မရနိုင်ပေ။ ဘုရားသခင် လက်ခံခဲ့သော အရာကို သူနှစ်သက်ခဲ့ပြီး၊ ဘုရားသခင် ပစ်ပစ်ခါခါ ငြင်းပယ်ခဲ့သော အရာကို သူစက်ဆုပ်ရွံရှာခဲ့သည်။ ဘုရားသခင်ကို မိမိတို့၏ စိတ်နှလုံး၌ ကြောက်ရွံ့သောသူများကို သူနှစ်သက်ခဲ့ပြီး မကောင်းမှုကို ကျူးလွန်သူများ သို့မဟုတ် ဘုရားသခင်ကို ပြစ်မှားသောသူများကို သူစက်ဆုပ်ရွံရှာခဲ့သည်။ ထိုသို့သော ချစ်ခင်နှစ်သက်မှုနှင့် စက်ဆုပ်ရွံရှာမှုတို့ကို သူ၏ နေ့စဉ် အသက်တာထဲ၌ လက်တွေ့ပြသခဲ့ပြီး ယင်းမှာ ဘုရားသခင်၏ အမြင်ဖြင့် မြင်ခဲ့သော ယောဘ၏ ဖြောင့်မတ်ခြင်း ဖြစ်ခဲ့သည်။ သဘာဝအားဖြင့်၊ ဤသည်မှာ သူ၏ နေ့စဉ်အသက်တာထဲတွင် အခြားသူများနှင့် သူ၏ ဆက်ဆံရေးထဲက ယောဘ၏ စစ်မှန်သော လူ့သဘာဝကို ဖော်ပြခြင်းနှင့် အသက်ရှင်နေထိုင်ခြင်းလည်း ဖြစ်ပြီး၊ ငါတို့လေ့လာကြရမည့် အကြောင်းအရာ ဖြစ်သည်။
သူ၏ စမ်းသပ်မှုများအတောအတွင်း ယောဘ၏ လူ့သဘာဝ သရုပ်သကန်များ (သူ၏ စမ်းသပ်မှုများအတောအတွင်း ယောဘ၏ စုံလင်ခြင်း၊ ဖြောင့်မတ်ခြင်း၊ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှု ရှောင်ကြဉ်ခြင်းတို့အား နားလည်ခြင်း)
အထက်တွင် ငါတို့ဝေငှခဲ့သော အရာများမှာ သူ၏စမ်းသပ်မှုများမတိုင်မီ ယောဘ၏ နေ့စဉ် အသက်တာ၌ ပြသခဲ့သော သူ၏ လူ့သဘာဝနှင့်သက်ဆိုင်သည့် အမျိုးမျိုးသော ရှုထောင့်များ ဖြစ်သည်။ ဤအမျိုးမျိုးသော သရုပ်သကန်များသည် ယောဘ၏ ဖြောင့်မတ်ခြင်း၊ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်းတို့နှင့်ပတ်သက်၍ ကနဦး အကျွမ်းဝင်မှုနှင့် သိနားလည်မှုကို ပေးပြီး ကနဦး အတည်ပြုချက်ကို အလိုအလျောက်ပေးသည်မှာ သေချာပေသည်။ “ကနဦး” ဟု ငါဆိုရသည့် အကြောင်းရင်းမှာ လူအများစုသည် ယောဘ၏ ပင်ကိုစရိုက်နှင့် ဘုရားသခင်အပေါ် နာခံခြင်းနှင့် ကြောက်ရွံ့ခြင်း လမ်းခရီးကို သူလိုက်စားခဲ့သည့် အတိုင်းအတာအပေါ် စစ်မှန်သော သိနားလည်မှုတစ်ခု မရှိကြသေးသောကြောင့် ဖြစ်သည်။ ဆိုလိုသည်မှာ ယောဘနှင့်သက်ဆိုင်သည့် လူအများစု၏ သိနားလည်ခြင်းသည် “ယေဟောဝါသည် ပေးတော်မူ၏၊ ပြီးလျှင် ယေဟောဝါသည် ပြန်နုတ်သိမ်းတော်မူ၏၊ ယေဟောဝါ၏ နာမတော်သည် မင်္ဂလာရှိပါစေ။” နှင့် “ငါတို့သည် ဘုရားသခင်၏လက်တော်မှ သုခချမ်းသာကို ခံယူသည်ဖြစ်၍၊ ဒုက္ခဆင်းရဲကို မခံမယူရာသလော။” ဟူသည့် ယောဘ၏စကားများပါဝင်သော သမ္မာကျမ်းစာထဲရှိ ကျမ်းပိုဒ်နှစ်ပိုဒ်က ပေးထားသည့် အတော်အတန် ကောင်းသော သူ၏ထင်မြင်ချက်ထက် သာ၍နက်ရှိုင်းမှု မရှိပေ။ ထို့ကြောင့် ယောဘသည် ဘုရားသခင်၏ စမ်းသပ်မှုများကို ရရှိခဲ့သည်နှင့်အမျှ၊ သူသည် သူ၏လူ့သဘာဝကို မည်ကဲ့သို့ အသက်ရှင်နေထိုင်ခဲ့သည်ကို ငါတို့နားလည်ရန် အလွန်လိုအပ်သည်။ ဤနည်းဖြင့် ယောဘ၏ စစ်မှန်သော လူ့သဘာဝသည် အလုံးစုံဖြင့် အယောက်တိုင်းအဖို့ သိသာလိမ့်မည် ဖြစ်သည်။
ယောဘသည် သူ၏ဥစ္စာပစ္စည်းများ အခိုးယူခံခဲ့ရပြီးဖြစ်ကြောင်း၊ သူ၏သားများနှင့် သမီးများ အသက်ဆုံးရှုံးခဲ့ရပြီးဖြစ်ကြောင်းနှင့်၊ သူ၏အစေခံများ အသတ်ခံခဲ့ရပြီးဖြစ်ကြောင်းတို့ကို ကြားခဲ့ချိန်တွင်၊ အောက်ပါအတိုင်း သူတုံ့ပြန်ခဲ့သည်- “ထိုအခါ ယောဘသည် ထကာ၊ မိမိဝတ်လုံကိုဆုတ်ပြီး ဦးခေါင်းကိုရိတ်၍ မြေပြင်ပေါ်တွင် ပျပ်ဝပ်လျက် ကိုးကွယ်ပြီး။” (ယောဘ ၁:၂၀) ဤစကားများသည် ငါတို့အား အချက်တစ်ချက်ကို ပြောပြသည်- ဤသတင်းကို ကြားပြီးနောက် ယောဘသည် ထိတ်ထိတ်ပျာပျာ မဖြစ်ခဲ့ပေ၊ သူသည် အသေးစိတ် အချက်အလက်များကို စုံစမ်းစစ်ဆေးပြီး မှန်ကန်ကြောင်း အတည်ပြုကာ မည်သည့်အရာ အမှန်တကယ် ဖြစ်ပျက်ခဲ့သည်ကို သိရဖို့ အခင်းဖြစ်ပွားရာနေရာကို စစ်ဆေးခဲ့ဖို့ မဆိုထားနှင့်၊ သူသည် ငိုပင် မငိုကြွေးခဲ့ပေ သို့မဟုတ် သူ့အား သတင်းပေးသော အစေခံများကို အပြစ်မတင်ခဲ့ပေ။ သူ၏ ပိုင်ဆိုင်မှုများကို ဆုံးရှုံးရာတွင် မည်သည့်နာကျင်ခြင်း သို့မဟုတ် နောင်တရခြင်းကိုမျှ မပြသခဲ့သကဲ့သို့၊ သူသားသမီးများနှင့် ချစ်ရသူများကို ဆုံးရှုံးရခြင်းကြောင့်လည်း ရုတ်တရက် မျက်ရည်ကျငိုကြွေးခဲ့ခြင်း မရှိပေ။ ဆန့်ကျင်ဘက် အနေဖြင့်၊ သူသည် သူ၏ ဝတ်လုံကို ဆုတ်ခဲ့ပြီး၊ သူ၏ ဦးခေါင်းကို ရိတ်ခဲ့သည်၊ မြေပေါ်တွင် ပျပ်ဝပ်ကာ ကိုးကွယ်ခဲ့လေသည်။ ယောဘ၏ လုပ်ဆောင်ချက်များသည် မည်သည့် သာမန် လူတစ်စုံတစ်ယောက်မျှ၏ လုပ်ဆောင်ချက်များနှင့် မတူညီပေ။ ထိုလုပ်ဆောင်ချက်များသည် လူများစွာကို စိတ်ရှုပ်ထွေးစေပြီး ၎င်းတို့၏ စိတ်နှလုံးများထဲ၌ ယောဘအား သူ၏ “သွေးအေးမှု” အတွက် အပြစ်ဖော်ဆုံးမမိစေလေသည်။ မိမိတို့၏ ပိုင်ဆိုင်မှုများကို ရုတ်တရက် ဆုံးရှုံးရာတွင်၊ ပုံမှန်လူများသည် ဝမ်းနည်းပက်လက် ဖြစ်သည့်ပုံ သို့မဟုတ် မျှော်လင့်ချက်ကုန်သည့်ပုံ ပေါက်ကြပေမည်- သို့မဟုတ်၊ အချို့လူများ၏ အခြေအနေတွင် ၎င်းတို့သည် အလွန် စိတ်ဓာတ်ကျခြင်း ဖြစ်ကောင်းဖြစ်ပေမည်။ ယင်းမှာ အဘယ်ကြောင့်ဆိုသော်၊ ၎င်းတို့၏ စိတ်နှလုံးများထဲတွင် လူတို့၏ ဥစ္စာပစ္စည်းသည် တစ်သက်တာ အားထုတ်မှုတစ်ခုကို ကိုယ်စားပြုသည်- ယင်းအပေါ်တွင် ၎င်းတို့၏ ရှင်သန်မှု မူတည်သည်၊ ယင်းသည် ၎င်းတို့အား ဆက်အသက်ရှင်စေသော မျှော်လင့်ချက် ဖြစ်သည်။ ၎င်းတို့၏ ဥစ္စာပစ္စည်း ဆုံးရှုံးခြင်းသည် ၎င်းတို့၏ အားထုတ်မှုများ အချည်းနှီး ဖြစ်ရပြီးဖြစ်သည်၊ ၎င်းတို့သည် မျှော်လင့်ချက် မရှိသကဲ့သို့၊ အနာဂတ်ပင် မရှိသည်ကို ဆိုလိုပေသည်။ ဤသည်မှာ ၎င်းတို့၏ ဥစ္စာပစ္စည်းအပေါ် မည်သည့် ပုံမှန်လူမဆို၏ သဘောထားဖြစ်ပြီး ယင်းနှင့်အတူ ၎င်းတို့ထားရှိသည့် နီးကပ်သော ဆက်နွှယ်မှုဖြစ်ပြီး ဤသည်မှာ လူတို့၏ အမြင်တွင် ဥစ္စာပစ္စည်း၏ အရေးပါမှုလည်း ဖြစ်သည်။ ထိုသို့ဖြင့် လူအများစုသည် မိမိ၏ ဥစ္စာပစ္စည်း ဆုံးရှုံးခြင်းအပေါ် ယောဘ၏ ဂရုမစိုက်သော သဘောထားဖြင့် စိတ်ရှုပ်သွားကြသည်။ ယနေ့တွင် ယောဘ၏ စိတ်နှလုံးအတွင်း မည်သည်အရာ ဖြစ်နေခဲ့သည်ကို ရှင်းပြခြင်းအားဖြင့် ဤလူအားလုံး၏ စိတ်ရှုပ်ထွေးမှုကို ငါတို့ ပပျောက်စေမည် ဖြစ်သည်။
ဘုရားသခင်က ထိုသို့သော အလျှံအပယ် ပိုင်ဆိုင်မှုများကို ပေးအပ် ထားသည်ကို ခံရခြင်းဖြင့်၊ သူသည် ၎င်းတို့အား စောင့်ရှောက်ခြင်း သို့မဟုတ် ဂရုစိုက်မှု မရှိခဲ့သည့်အတွက်၊ ဘုရားသခင် ပေးခဲ့သော ပိုင်ဆိုင်မှုများကို မထိန်းသိမ်းခဲ့သည့်အတွက်၊ ဤပိုင်ဆိုင်မှုများ ဆုံးရှုံးရခြင်းကြောင့် ယောဘသည် ဘုရားသခင်ရှေ့တွင် ရှက်သင့်သည်ဟု သာမန် လူပြိန်းအသိက ဆုံးဖြတ်ပေးသည်။ ထို့ကြောင့် သူ၏ ဥစ္စာပစ္စည်းများ အခိုးယူခံခဲ့ရပြီးဖြစ်သည်ကို သူကြားသည့်အခါ၊ သူ၏ ပထမဦးဆုံး တုံ့ပြန်မှုမှာ အခင်းဖြစ်သော နေရာသို့ သွားကာ ဆုံးရှုံးခဲ့ပြီးဖြစ်သည့် အရာတိုင်း၏ စာရင်းကိုယူရန်၊ ပြီးနောက် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကို နောက်ထပ်တစ်ဖန် ရကောင်းရရှိဖို့အလို့ငှာ ဘုရားသခင်ထံ ဝန်ချရန် ဖြစ်ခဲ့သင့်ပေသည်။ သို့သော် ယောဘသည် ဤသို့မလုပ်ဆောင်ခဲ့သကဲ့သို့၊ သူသည် ထိုသို့ မလုပ်ဆောင်ခြင်း အတွက် မိမိ၏ ကိုယ်ပိုင်အကြောင်းရင်း အလိုအလျောက် ရှိခဲ့ပေသည်။ ယောဘ၏ စိတ်နှလုံးထဲတွင်၊ သူပိုင်ဆိုင်သမျှသည် သူ့အပေါ် ဘုရားသခင် ပေးအပ်ခဲ့ခြင်းဖြစ်ပြီး သူ၏ ကိုယ်ပိုင် အားထုတ်မှု၏ ရလဒ် မဟုတ်ကြောင်းကို အလေးအနက် သူ ယုံကြည်ခဲ့ပေသည်။ ထို့ကြောင့် သူသည် ဤကောင်းချီးမင်္ဂလာများကို အရင်းအနှီးပြုရမည့် အရာတစ်ခုအဖြစ် သူမမြင်ခဲ့ပေ၊ သို့သော် ယင်းအစား သူ ထိန်းသိမ်းသင့်သော လမ်းခရီးကို သူ၏ အစွမ်းရှိသမျှဖြင့် ထိန်းသိမ်းရာတွင် သူ၏ ရှင်သန်မှု အခြေခံသဘောတရားများကို အခြေပြုထားခဲ့သည်။ သူသည် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကို မြတ်နိုးခဲ့ပြီး ယင်းတို့အတွက် ကျေးဇူးတော် ချီးမွမ်းခဲ့သည်၊ သို့သော် သူသည် ကောင်းချီးမင်္ဂလာများအပေါ် မစွဲမက်ခဲ့သကဲ့သို့၊ နောက်ထပ် ကောင်းချီးမင်္ဂလာများကိုလည်း မရှာဖွေခဲ့ပေ။ ယင်းမှာ ဥစ္စာပစ္စည်းအပေါ် သူ၏ သဘောထား ဖြစ်ခဲ့သည်။ ကောင်းချီးမင်္ဂလာများ ရခြင်းအလို့ငှာ မည်သည့်အရာကိုမျှ သူမလုပ်ဆောင်ခဲ့သကဲ့သို့၊ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများ ကင်းမဲ့ခြင်း သို့မဟုတ် ဆုံးရှုံးခြင်းအားဖြင့် စိုးရိမ်ခြင်း သို့မဟုတ် စိတ်ထိခိုက်ခြင်း မရှိခဲ့ပေ။ သူသည် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကြောင့် လွန်လွန်ကဲကဲ၊ အရူးအမူး ပျော်ရွှင်ခဲ့ခြင်း မရှိသကဲ့သို့၊ သူမကြာခဏ မွေ့လျော်ခံစားခဲ့ရသော ကောင်းချီးမင်္ဂလာများကြောင့် ဘုရားသခင်၏ လမ်းခရီးကို လျစ်လျူရှုခြင်း မရှိခဲ့ပေ၊ သို့မဟုတ် ဘုရားသခင်၏ ကျေးဇူးတော်ကို မေ့လျော့ခြင်း မရှိခဲ့ပေ။ သူ၏ဥစ္စာပစ္စည်းအပေါ် ယောဘ၏ သဘောထားသည် သူ၏ စစ်မှန်သော လူ့သဘာဝကို လူတို့ထံ ထုတ်ဖော်ပြလေသည်- ပထမဦးစွာ ယောဘသည် လောဘကြီးသော လူတစ်ဦး မဟုတ်ခဲ့သကဲ့သို့၊ သူ၏ ရုပ်ပိုင်းဆိုင်ရာ အသက်တာတွင် နားပူနားဆာ မလုပ်ခဲ့ပေ။ ဒုတိယအနေဖြင့် ယောဘသည် သူ၌ ရှိသမျှကို ဘုရားသခင် ယူဆောင်သွားမည်ကို စိုးရိမ်ခြင်း သို့မဟုတ် ကြောက်ရွံ့ခြင်း မရှိခဲ့ပေ၊ ယင်းမှာ သူ၏ စိတ်နှလုံးထဲက ဘုရားသခင်အပေါ် သူ၏ နာခံမှု သဘောထား ဖြစ်ခဲ့သည်။ ဆိုလိုသည်မှာ သူ့ထံမှ ဘုရားသခင်သည် မည်သည့် အချိန်တွင် ယူဆောင်သွားမည် သို့မဟုတ် ရုပ်သိမ်းခြင်း ပြုမည် မပြုမည်နှင့်ပတ်သက်၍ သူသည် တောင်းဆိုချက်များ သို့မဟုတ် ညည်းညူမှုများ မရှိခဲ့သကဲ့သို့ အကြောင်းရင်းကိုလည်း မမေးခဲ့ဘဲ၊ ဘုရားသခင်၏ အစီအစဉ်များကို နာခံရန်သာ ကြိုးစားခဲ့သည်။ တတိယအနေဖြင့် သူ၏ ပိုင်ဆိုင်မှုများသည် သူ၏ ကိုယ်ပိုင် အားထုတ်မှုများမှ ရလာသည်ဟု မည်သည့်အခါမျှ သူမယုံကြည်ခဲ့ဘဲ ထိုအရာများကို ဘုရားသခင်က သူ့အပေါ် ပေးအပ်ခဲ့ခြင်းဖြစ်သည်ဟု ယုံကြည်ခဲ့သည်။ ဤသည်မှာ ဘုရားသခင်၌ ယောဘ၏ ယုံကြည်ခြင်း ဖြစ်ခဲ့ပြီး သူ၏ ခံယူချက်နှင့်သက်ဆိုင်သည့် အရိပ်အမြွက်တစ်ခု ဖြစ်သည်။ ယောဘ၏ လူ့သဘာဝနှင့် သူ၏ နေ့စဉ် စစ်မှန်သော လိုက်စားမှုတို့သည် သူနှင့်သက်ဆိုင်သည့် ဤအကျဉ်းချုပ် အချက်သုံးချက်တွင် ရှင်းလင်းသိသာပါသလော။ ယောဘ၏ လူ့သဘာဝနှင့် လိုက်စားမှုတို့သည် သူ၏ ဥစ္စာပစ္စည်းများ ဆုံးရှုံးခြင်းနှင့် ရင်ဆိုင်ခဲ့ရချိန်တွင် သူ၏ အေးစက်သော အပြုအမူနှင့် တစ်သားတည်း ဖြစ်ခဲ့သည်။ ယောဘအနေဖြင့် ဘုရားသခင်၏ စမ်းသပ်မှုများအတောအတွင်းတွင်၊ “ယေဟောဝါသည် ပေးတော်မူ၏၊ ပြီးလျှင် ယေဟောဝါသည် ပြန်နုတ်သိမ်းတော်မူ၏၊ ယေဟောဝါ၏ နာမတော်သည် မင်္ဂလာရှိပါစေ။” ဟု ပြောရန် ဝိညာဉ်ရင့်ကျက်မှုနှင့် ခံယူချက် ရှိခဲ့သည်မှာ သူ၏ နေ့စဉ် လိုက်စားမှုကြောင့် အတိအကျ ဖြစ်ပေသည်။ ဤစကားများကို ညတွင်းချင်း ရရှိခဲ့ခြင်း မဟုတ်သကဲ့သို့၊ ထိုစကားများသည် ယောဘ၏ခေါင်းထဲ၌ ထွက်ပေါ်ရုံထွက်ပေါ်ခဲ့သည် မဟုတ်ပေ။ ယင်းတို့သည် နှစ်ပေါင်းများစွာကြာ ဘဝ အတွေ့အကြုံ တစ်လျှောက် မြင်ခဲ့ပြီး ရရှိခဲ့ပြီးဖြစ်သော အရာများဖြစ်သည်။ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကိုသာ ရှာဖွေပြီး ၎င်းတို့ထံမှ ဘုရားသခင် ယူဆောင်သွားမည်ကို ကြောက်ရွံ့သောသူ၊ ပြီးလျှင် ယင်းကို မုန်းတီးပြီး ယင်းနှင့်ပတ်သက်၍ ညည်းညူသောသူ အားလုံးနှင့် နှိုင်းယှဉ်ပါက၊ ယောဘ၏ နာခံခြင်းသည် အလွန် စစ်မှန်သည် မဟုတ်လော။ ဘုရားသခင် တစ်ပါးရှိသည်ကို ယုံကြည်သော်လည်း၊ အရာခပ်သိမ်းအပေါ် ဘုရားသခင် အုပ်စိုးသည်ကို မည်သည့်အခါမျှ မယုံကြည်ဖူးသော သူအားလုံးနှင့် နှိုင်းယှဉ်ပါက၊ ယောဘသည် ကြီးမားသော ရိုးသားမှုနှင့် ဖြောင့်မတ်ခြင်းတို့ကို ပိုင်ဆိုင်သည် မဟုတ်လော။
ယောဘ၏ ဆင်ခြင်တုံတရား
ယောဘ၏ တကယ့် အတွေ့အကြုံများနှင့် သူ၏ ဖြောင့်မတ်ပြီး ရိုးသားသော လူ့သဘာဝမှာ သူသည် သူ၏ ပိုင်ဆိုင်မှုများနှင့် သားသမီးများကို ဆုံးရှုံးခဲ့ချိန်တွင်၊ ယုတ္တိအတန်ဆုံးသော အကဲဖြတ်မှုနှင့် ရွေးချယ်မှုများကို ပြုခဲ့သည်ဟု ဆိုလိုပေသည်။ ထိုသို့သော ဆင်ခြင်တုံတရားရှိသည့် ရွေးချယ်မှုများကို သူ၏ တစ်နေ့ချင်း အသက်တာအချိန်အတောအတွင်း သူသိရှိလာခဲ့ပြီးသော သူ၏ နေ့စဉ် လိုက်စားမှုများနှင့် ဘုရားသခင်၏ လုပ်ဆောင်ချက်များမှ ခွဲထုတ်၍ မရနိုင်ခဲ့ပေ။ ယောဘ၏ ရိုးသားခြင်းသည် သူ့အား ယေဟောဝါဘုရားသခင်၏ လက်သည် အရာခပ်သိမ်းအပေါ် အုပ်စိုးသည်ကို ယုံကြည်နိုင်စေခဲ့သည်။ သူ၏ယုံကြည်မှုသည် အရာခပ်သိမ်းအပေါ်၌ ယေဟောဝါ၏ အချုပ်အခြာ အာဏာနှင့် သက်ဆိုင်သည့် အမှန်တရားကို သူ့အား သိခွင့်ပေးခဲ့သည်။ သူ၏ အသိပညာသည် ယေဟောဝါ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို နာခံရန် လိုလားနေစေခဲ့ပြီး နာခံနိုင်စေခဲ့သည်။ သူ၏ နာခံခြင်းသည် သူ့အား ယေဟောဝါ ဘုရားသခင်အပေါ် သူ၏ ကြောက်ရွံ့ခြင်း၌ ပို၍ ပို၍ စစ်မှန်စေခဲ့သည်။ သူ၏ ကြောက်ရွံ့ခြင်းသည် သူ၏ မကောင်းမှု ရှောင်ကြဉ်ခြင်း၌ ပို၍ ပို၍ စစ်မှန်စေခဲ့သည်။ နောက်ဆုံးတွင် ယောဘသည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်ခဲ့သောကြောင့် စုံလင်လာခဲ့သည်။ သူ၏ စုံလင်ခြင်းသည် သူ့အား ဉာဏ်ပညာရှိစေခဲ့ပြီး အဆုံးစွန်သော ဆင်ခြင်တုံတရားကို ပေးခဲ့သည်။
“ဆင်ခြင်တုံတရားရှိသော” ဟူသည့် ဤစကားလုံးကို ငါတို့ အဘယ်သို့ နားလည်သင့်သနည်း။ တိုက်ရိုက် အဓိပ္ပာယ်ကောက်ခြင်းတစ်ခုမှာ ကောင်းသောအသိ ရှိခြင်း၊ မိမိ၏ အတွေးတွင် ကျိုးကြောင်းဆီလျော်ခြင်းနှင့် စဉ်းစားချင့်ချိန်တတ်ခြင်း၊ အခြေအမြစ် ရှိသော စကားများ၊ လုပ်ရပ်များနှင့် အကဲဖြတ်မှုတို့ရှိခြင်း၊ ပြီးလျှင် အခြေအမြစ်ရှိပြီး ပုံမှန် ကိုယ်ကျင့်တရား စံနှုန်းများကို ပိုင်ဆိုင်ခြင်းအား ဆိုလိုပေသည်။ သို့သော် ယောဘ၏ ဆင်ခြင်တုံတရားကို အလွန်လွယ်ကူစွာ ရှင်းပြထားခြင်း မရှိပေ။ ဤနေရာ၌ ယောဘသည် အဆုံးစွန်သော ဆင်ခြင်တုံတရားကို ပိုင်ဆိုင်ခဲ့သည်ဟု ဆိုသောအခါ၊ ဤအရာကို သူ၏ လူ့သဘာဝနှင့် ဘုရားသခင်ရှေ့၌ သူ၏ အပြုအမူတို့နှင့်ပတ်သက်၍ ပြောဆိုထားခြင်း ဖြစ်သည်။ ယောဘသည် ရိုးသားခဲ့သောကြောင့်၊ သူသည် ဘုရားသခင်၏ အချုပ်အခြာအာဏာကို ယုံကြည်ပြီး နာခံနိုင်ခဲ့သည်၊ ယင်းက အခြားသူများ မရနိုင်သော အသိပညာ တစ်ခုကို သူ့အား ပေးခဲ့ပြီး ဤအသိပညာသည် သူ့အပေါ် ကျရောက်ခဲ့သည့်အရာကို ပို၍ တိကျမှန်ကန်စွာ သိမြင်နိုင်စေသည်၊ အကဲဖြတ်နိုင်စေပြီး အနက်ဖွင့် နိုင်စေခဲ့သည်၊ ယင်းက မည်သည့်အရာ လုပ်ဆောင်ရမည်ဆိုသည်နှင့် မည်သည့်အရာကို ဆက်လက် ယုံကြည်ရမည် ဆိုသည်တို့ကို သာ၍ မှန်ကန်တိကျစွာနှင့် အမြော်အမြင်ကြီးစွာ သူ့အား ရွေးချယ်နိုင် စေခဲ့သည်။ ဆိုလိုသည်မှာ သူ၏ စကားများ၊ အပြုအမူ၊ သူ၏ လုပ်ရပ်များ နောက်ကွယ်မှ အခြေခံသဘောတရားများနှင့် သူ ပြုမူခဲ့သည့် ကျင့်ဝတ်တို့မှာ ပုံမှန် ဖြစ်ခဲ့သည်၊ ရှင်းလင်းပြီး တိကျခဲ့ကာ၊ ကျိုးကြောင်းမမြင်ခြင်း၊ စိတ်လိုက်မာန်ပါဖြစ်ခြင်း သို့မဟုတ် စိတ်ခံစားမှုနှင့် မဆိုင်ခဲ့ပေ။ သူ့အပေါ် ကျရောက်ခဲ့သည့် မည်သည့်အရာကိုမဆို မည်သို့ သဘောထားရမည်ကို သူသိခဲ့သည်၊ ခက်ခဲရှုပ်ထွေးသော ဖြစ်ရပ်များအကြားမှ ဆက်ဆံရေးများကို မည်ကဲ့သို့ ဟန်ချက်ညီစေပြီး ကိုင်တွယ်ရမည်ကို သူသိခဲ့သည်၊ မြဲမြံစွာ ထိန်းသိမ်းထားသင့်သော လမ်းခရီးကို မည်ကဲ့သို့ မြဲမြံစွာ ထိန်းသိမ်းထားရမည်ကို သူသိခဲ့သည်၊ ထို့အပြင် သူသည် ယေဟောဝါဘုရားသခင်၏ ပေးခြင်းနှင့် ယူဆောင်သွားခြင်းအပေါ် မည်သို့ သဘောထားရမည်ကို သိခဲ့သည်။ ဤသည်မှာ ယောဘ၏ တကယ့် ဆင်ခြင်တုံတရား ဖြစ်ခဲ့သည်။ ယောဘသည် သူ၏ပိုင်ဆိုင်မှုများနှင့် သူ၏သားများနှင့် သမီးများကို ဆုံးရှုံးခဲ့ ရသည့်အခါ၊ “ယေဟောဝါသည် ပေးတော်မူ၏၊ ပြီးလျှင် ယေဟောဝါသည် ပြန်နုတ်သိမ်းတော်မူ၏၊ ယေဟောဝါ၏ နာမတော်သည် မင်္ဂလာရှိပါစေ။” ဟု သူဆိုခဲ့သည်မှာ ထိုသို့သော ဆင်ခြင်တုံတရားဖြင့် အသင့်ပြင်ဆင်ခဲ့ခြင်းကြောင့် အတိအကျ ဖြစ်ပေသည်။
ယောဘသည် ကိုယ်ခန္ဓာ၏ အလွန်ကြီးစွာသော နာကျင်မှုနှင့် သူ၏ ဆွေမျိုးသားချင်းနှင့် မိတ်ဆွေများ၏ ကန့်ကွက်မှုများကို ရင်ဆိုင်ခဲ့ရချိန်၊ ပြီးလျှင် သေခြင်းနှင့် ရင်ဆိုင်ခဲ့ရချိန်တွင်၊ သူ၏ တကယ့်အပြုအမူသည် လူတိုင်းထံ သူ၏ စစ်မှန်သော သဘောသဘာဝကို နောက်ထပ်တစ်ကြိမ် ပြသခဲ့သည်။
ယောဘ၏ စစ်မှန်သော သဘောသဘာဝ- မှန်ကန်၊ ဖြူစင်ပြီး လိမ်ညာမှု ကင်းခြင်း
ယောဘ ၂:၇-၈ ကို ဖတ်ကြပါစို့- “သို့ဖြင့် စာတန်သည် ယေဟောဝါ၏ထံတော်မှောက်မှ ထွက်သွားပြီးလျှင် ယောဘကို ခြေဖဝါးမှ ဦးခေါင်းထိပ်ထိတိုင် အနာဆိုးပေါက်စေပြီး လုပ်ကြံလေ သည်၊ သူသည် ကိုယ်ကို ခြစ်ဖို့ အိုးခြမ်းကို ယူပြီးလျှင် မီးဖိုပြာထဲတွင် ထိုင်လေ၏။” ဤသည်မှာ ယောဘ၏ ကိုယ်ခန္ဓာပေါ်၌ ဆိုးသောအနာစိမ်းများ ပေါက်ခဲ့ချိန်တွင် သူ၏အပြုအမူနှင့် သက်ဆိုင်သည့် ဖော်ပြချက်တစ်ခု ဖြစ်သည်။ ဤအကြိမ်တွင်၊ ယောဘသည် နာကျင်မှုဝေဒနာကို သည်းခံသည်နှင့်အမျှ ပြာထဲ၌ ထိုင်ခဲ့ရသည်။ မည်သူမျှ သူ့အား မကုသပေးခဲ့သကဲ့သို့၊ သူ၏ ကိုယ်ခန္ဓာ နာကျင်မှုဝေဒနာ သက်သာစေရန် သူ့အား မည်သူမျှ မကူညီခဲ့ပေ။ ယင်းအစား သူသည် ဆိုးသောအနာစိမ်းများ၏ အပေါ်ယံလွှာကို ခြစ်ရန် အိုးခြမ်းပဲ့ တစ်ခုကို အသုံးပြုခဲ့သည်။ အပေါ်ယံအားဖြင့် ယောဘသည် ဤအကြိမ်တွင် သူ၏ စိတ်နေစိတ်ထားနှင့် အမြင်များကို ဖော်ပြရန် မည်သည့်စကားမျှ မပြောခဲ့သည့်အတွက်၊ ဤသည်မှာ ယောဘ၏ အကြီးအကျယ် ဒုက္ခရောက်ခြင်းထဲက အဆင့်တစ်ခုမျှသာ ဖြစ်ခဲ့ပြီး သူ၏ လူ့သဘာဝနှင့် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် ဆက်နွှယ်ခြင်း မရှိခဲ့ပေ။ သို့သော်လည်း ယောဘ၏ လုပ်ရပ်များနှင့် သူ၏ အပြုအမူတို့သည် သူ၏ လူ့သဘာဝနှင့်သက်ဆိုင်သည့် စစ်မှန်သည့် ဖော်ပြချက်တစ်ခု ဖြစ်နေဆဲဖြစ်သည်။ ယခင် အခန်းကြီး၏ မှတ်တမ်းတွင်၊ ယောဘသည် အရှေ့အရပ်မှ လူသားများ အားလုံးထဲတွင် အကြီးမြတ်ဆုံး ဖြစ်ခဲ့ကြောင်းကို ငါတို့ ဖတ်ခဲ့ကြရသည်။ ထိုအတောအတွင်းတွင် ဒုတိယ အခန်းကြီးမှ ဤစာပိုဒ်က အရှေ့အရပ်၏ ဤကြီးမြတ်သော လူသည် ပြာများအလယ် ထိုင်နေစဉ် သူ့ကိုယ်သူ ခြစ်ရန် အိုးခြမ်းပဲ့တစ်ခုကို အမှန်တကယ် ယူခဲ့သည်ကို ငါတို့အား ပြသသည်။ ဤဖော်ပြချက် နှစ်ခုအကြားတွင် သိသာထင်ရှားသော ခြားနားချက်တစ်ခု ရှိသည်မဟုတ်လော။ ယင်းမှာ ငါတို့အား ယောဘ၏ စစ်မှန်သော ဇာတိကိုပြသည့် ခြားနားချက် တစ်ခု ဖြစ်သည်- သူ၏ ဂုဏ်သတင်းကြီးသော အဆင့်အတန်းနှင့် ဂုဏ်များရှိသော်လည်း၊ သူသည် ဤအရာများကို မည်သည့်အခါမျှ မချစ်ခဲ့ဖူးသကဲ့သို့ မည်သည့်အာရုံမျှလည်း မစိုက်ခဲ့ဖူးပေ။ သူ၏အဆင့်အတန်းကို အခြားသူများ မည်ကဲ့သို့ ရှုမြင်ခဲ့သည်ကို သူဂရုမစိုက်ခဲ့သကဲ့သို့၊ သူ၏ လုပ်ရပ်များ သို့မဟုတ် အပြုအမူတို့သည် သူ၏အဆင့်အတန်းအပေါ် အပျက်သဘောဆောင်သည့် သက်ရောက်မှု တစ်ခုတစ်လေရှိမည်၊ မရှိမည်ကို သူပူပန်ခဲ့ခြင်းလည်း မရှိပေ။ သူသည် ဂုဏ်နှင့် သက်ဆိုင်သည့် အကျိုးကျေးဇူးများထဲတွင် သူမွေ့လျော်ခဲ့ခြင်း မရှိသကဲ့သို့၊ ဂုဏ်နှင့် အဆင့်အတန်းတို့နှင် အတူ ပါရှိလာသည့် ထင်ပေါ်ကျော်ကြားမှုတွင်လည်း မပျော်မွေ့ခဲ့ပေ။ သူသည် ယေဟောဝါဘုရားသခင်၏ အမြင်တွင် သူ၏ ရှင်သန်ခြင်း တန်ဖိုးနှင့် အရေးပါမှုကိုသာ ဂရုစိုက်ခဲ့သည်။ ယောဘ၏ စစ်မှန်သော ဇာတိမှာ သူ၏ တကယ့် အနှစ်သာရ ဖြစ်ခဲ့သည်- သူသည် ကျော်ကြားမှုနှင့် အခွင့်အလမ်းကို မချစ်ခဲ့သကဲ့သို့၊ ကျော်ကြားမှုနှင့် အခွင့်အလမ်း အတွက် အသက်မရှင်ခဲ့ပေ။ သူသည် မှန်ကန်ပြီး ဖြူစင်ကာ လိမ်ညာမှု ကင်းခဲ့သည်။
ချစ်ခြင်းနှင့် မုန်းခြင်းအပေါ် ယောဘ၏ ခွဲခြားမှု
ယောဘ၏ လူ့သဘာဝနှင့်သက်ဆိုင်သည့် အခြားဖက်ခြမ်းကို သူနှင့် သူ၏ဇနီးအကြား ဤအပြန်အလှန်ပြောဆိုမှုတွင် ပြထားပေသည်- “ထိုအခါမယားက၊ သင်သည် ဖြောင့်မတ်သော တရားကို စွဲလမ်းသေးသလော။ ဘုရားသခင်ကို စွန့်ပယ်၍ သေလော့ဟုဆို၏။ ယောဘကလည်း၊ မိန်းမမိုက်ပြောတတ်သကဲ့သို့ သင်သည်ပြော၏။ အဘယ်သို့နည်း။ ငါတို့သည် ဘုရားသခင်၏ လက်တော်မှ သုခချမ်းသာကို ခံယူသည်ဖြစ်၍၊ ဒုက္ခဆင်းရဲကို မခံမယူရာသလောဟုဆို၏။” (ယောဘ ၂:၉-၁၀) ယောဘ ခံစားနေရသော ညှဉ်းဆဲမှုကို မြင်တွေ့ရလျက်၊ သူ၏ဇနီးက ယောဘအား သူ၏ ညှဉ်းဆဲမှုထဲမှ လွတ်မြောက်ရန် ကူညီဖို့ အကြံဉာဏ်ပေးရန် ကြိုးစားခဲ့သည်၊ သို့သော်လည်း သူမ၏ “စေတနာများ” မှာ ယောဘ၏ လက်ခံခြင်းကို မရခဲ့ပေ။ ယင်းအစား သူမသည် ယေဟောဝါဘုရားသခင်ကို သူ၏ယုံကြည်ခြင်းနှင့် နာခံခြင်းတို့အား ငြင်းပယ်ခဲ့ပြီး၊ ယေဟောဝါဘုရားသခင်၏ တည်ရှိခြင်းကိုလည်း ငြင်းပယ်ခဲ့သည့်အတွက်၊ ထိုအကြံပြုချက်များက သူ၏ဒေါသကို နှိုးဆွခဲ့လေသည်။ သူသည် အခြားသူများကို ထည့်မတွက်နှင့်ဦးတော့၊ ဘုရားသခင်ကို ဆန့်ကျင်သည့် အရာ တစ်ခုတစ်လေ သို့မဟုတ် ထိခိုက်နာကျင်စေသော အရာ တစ်ခုတစ်လေကို ပြုရန် သူ့ကိုယ်သူ မည်သည့်အခါမျှ အခွင့်မပေးခဲ့သည့်အတွက်၊ ဤသည်မှာ ယောဘအဖို့ သည်းမခံနိုင်စရာ ဖြစ်ခဲ့သည်။ ဘုရားသခင်ကို ပြစ်မှားပြီး စော်ကားသည့် စကားများကို ပြောဆိုသော အခြားသူများကို သူမြင်သည့်အခါ၊ သူသည် အဘယ်သို့ ဂရုမစိုက်ဘဲ နေနိုင်ခဲ့မည်နည်း။ ထို့ကြောင့် သူ၏ဇနီးအား “မိန်းမမိုက်” တစ်ဦးဟု ခေါ်ခဲ့ခြင်းဖြစ်သည်။ သူ၏ဇနီးအပေါ် ယောဘ၏ သဘောထားမှာ ဒေါသနှင့် အမုန်းပါသည့်အပြင် အပြစ်တင်ပြီး အပြစ်ဖော်ဆုံးမသည့် သဘောထားတစ်ခု ဖြစ်ခဲ့သည်။ ဤသည်မှာ ယောဘ၏ သဘောထားနှင့်သက်ဆိုင်သည့် အလိုအလျောက် ဖြစ်သော ဖော်ပြချက်- ချစ်ခြင်းနှင့် မုန်းခြင်းအကြား ပိုင်းခြားမှု- ဖြစ်ပြီး သူ၏ ဖြောင့်မတ်သော လူ့သဘာဝ၏ စစ်မှန်သည့် ကိုယ်စားပြုချက်တစ်ခု ဖြစ်ခဲ့သည်။ ယောဘသည် တရားမျှတသော အသိစိတ်တစ်ခု- ဆိုးယုတ်မှု လေများနှင့် လှိုင်းများကို မုန်းတီးပြီး၊ ဖြစ်နိုင်အခြေမရှိသော မိစ္ဆာဒိဌိအယူ၊ အဓိပ္ပာယ်မရှိသော အငြင်းပွားမှုများနှင့် သဘာဝမကျသည့် အဆိုများကို စက်ဆုပ်ရွံရှာစေသည့်၊ ပြစ်တင်ရှုတ်ချစေပြီး ငြင်းပယ်စေကာ သူသည် လူစုလူဝေးများ၏ ငြင်းပယ်ခံခဲ့ရပြီး သူနှင့် ရင်းနှီးခဲ့သော သူများ၏ စွန့်ခွာခြင်းကို ခံခဲ့ရချိန်၊ မိမိကိုယ်ကိုယ်၊ မှန်ကန်သော အခြေခံသဘောတရားများနှင့် ရပ်တည်ချက်တို့ကို သူ့အား ဆုပ်ကိုင်စေခဲ့သည်။
ယောဘ၏ ကြင်နာမှုနှင့် ရိုးသားစစ်မှန်မှု
ယောဘ၏ အပြုအမူမှ၊ သူ၏ လူ့သဘာဝနှင့်သက်ဆိုင်သည့် အမျိုးမျိုးသော ရှုထောင့်များ၏ ဖော်ပြချက်ကို ငါတို့ မြင်နိုင်သည့်အတွက်၊ သူ၏မွေးဖွားရာနေ့ရက်ကို ကျိန်ဆဲဖို့ သူ၏နှုတ်ကိုဖွင့်ချိန်တွင် ယောဘ၏ မည်သည့် လူ့သဘာဝကို ငါတို့မြင်ကြရသနည်း။ ဤသည်မှာ ငါတို့အောက်တွင် ဝေငှပြောဆိုမည့် အကြောင်းအရာ ဖြစ်သည်။
အထက်တွင် ယောဘသည် သူ၏မွေးဖွားရာနေ့ရက်ကို ကျိန်ဆဲရခြင်း၏ အကြောင်းရင်းများကို ငါပြောခဲ့ပြီးဖြစ်သည်။ ဤအရာတွင် သင်တို့မည်သည့်အရာကို မြင်ရသနည်း။ အကယ်၍ ယောဘသည် စိတ်နှလုံးမာကြောပြီး ချစ်ခြင်းမေတ္တာ မရှိခဲ့ပါက၊ အကယ်၍ သူသည် အေးစက်ပြီး ခံစားချက်မဲ့ကာ လူ့သဘာဝ ကင်းမဲ့ခဲ့ပါက၊ သူသည် ဘုရားသခင်၏ စိတ်နှလုံးအလိုဆန္ဒကို ဂရုစိုက်နိုင်ခဲ့မည်လော။ သူသည် ဘုရားသခင်၏ စိတ်နှလုံးကို ဂရုစိုက်သောကြောင့် သူ၏မွေးဖွားရာနေ့ရက်ကို သူစက်ဆုပ်ရွံရှာနိုင်ဦး မည်လော။ တစ်နည်းအားဖြင့် အကယ်၍ ယောဘသည် စိတ်နှလုံးမာကြောပြီး လူ့သဘာဝ ကင်းမဲ့ခဲ့ပါက၊ သူသည် ဘုရားသခင်၏ နာကျင်မှုအားဖြင့် စိတ်သောကရောက်နိုင်ဦးမည်လော။ ဘုရားသခင်သည် သူ့အားဖြင့် စိတ်ထိခိုက်ခဲ့သောကြောင့်၊ သူသည် သူ၏မွေးဖွားရာ နေ့ရက်ကို ကျိန်ဆဲနိုင်ဦးမည်လော။ အဖြေမှာ လုံးဝမဟုတ်ပေ။ ယောဘသည် ကြင်နာစိတ်ရှိခဲ့သောကြောင့်၊ ဘုရားသခင်၏ စိတ်နှလုံးကို သူဂရုစိုက်ခဲ့သည်။ ဘုရားသခင်၏ စိတ်နှလုံးကို သူဂရုစိုက်ခဲ့သောကြောင့်၊ ဘုရားသခင်၏ နာကျင်မှုကို ယောဘက သတိပြုမိခဲ့သည်။ သူသည် ကြင်နာစိတ်ရှိသောကြောင့်၊ ဘုရားသခင်၏ နာကျင်မှုကို သတိပြုမိခြင်း၏ အကျိုးဆက် တစ်ခုအနေဖြင့် သာ၍ကြီးသော ညှဉ်းဆဲမှုကို သူခံစားခဲ့ရသည်။ ဘုရားသခင်၏ နာကျင်မှုကို သတိပြုမိခဲ့သောကြောင့်၊ သူ၏မွေးဖွားရာ နေ့ရက်ကို စတင်ကာ သူစက်ဆုပ်ရွံရှာပြီး၊ ထို့ကြောင့် သူ၏ မွေးဖွားရာ နေ့ရက်ကို ကျိန်ဆဲခဲ့ခြင်းဖြစ်သည်။ အပြင်လူများအဖို့၊ ယောဘ၏ စမ်းသပ်မှုများအတောအတွင်း သူ၏အပြုအမူတစ်ခုလုံးမှာ စံထားထိုက်ပေသည်။ သူ၏မွေးဖွားရာနေ့ရက်ကို သူ၏ ကျိန်ဆဲခြင်းသည်သာ သူ၏စုံလင်ခြင်းနှင့် ဖြောင့်မတ်ခြင်းအပေါ် မေးခွန်းထုတ်စရာ ဖြစ်စေသည် သို့မဟုတ် မတူညီသော အကဲဖြတ်ချက် တစ်ခုကို ပေးပေသည်။ အမှန်တွင် ဤသည်မှာ ယောဘ၏ လူ့သဘာဝအနှစ်သာရနှင့် သက်ဆိုင်သည့် အစစ်မှန်ဆုံးသော ဖော်ပြချက် ဖြစ်ခဲ့သည်။ သူ၏ လူ့သဘာဝ အနှစ်သာရမှာ ဖုံးကွယ်မထားပေ၊ သို့မဟုတ် ပြရုပ်မတင်ထားပေ၊ သို့မဟုတ် အခြားသူ တစ်စုံတစ်ဦးက စိစစ်ပြင်ဆင် မထားခဲ့ပေ။ သူ၏ မွေးဖွားရာနေ့ရက်ကို သူကျိန်ဆဲခဲ့ချိန်တွင်၊ သူသည် သူ၏နက်ရှိုင်းသော အတွင်းစိတ်နှလုံးရှိ ကြင်နာမှုနှင့် ရိုးသားစစ်မှန်မှုတို့ကို ထင်ရှားစွာပြခဲ့သည်။ သူသည် အောက်ခြေကိုပင် မြင်ရသည့် အလွန်ကြည်လင်ကာ ရှင်းသန့်သော ရေများရှိသည့် ရေကြည်စမ်း တစ်ခုကဲ့သို့ ဖြစ်ခဲ့သည်။
ယောဘနှင့်ပတ်သက်၍ ဤအရာအားလုံးကို လေ့လာရခြင်းဖြင့်၊ လူအများစုသည် ယောဘ၏ လူ့သဘာဝ အနှစ်သာရနှင့် သက်ဆိုင်သည့် အတန်အသင့် တိကျမှန်ကန်ပြီး မျှတသော အကဲဖြတ်ချက်တစ်ခု ဧကန်မုချ ရှိကြလိမ့်မည် ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်ပြောခဲ့သည့်အတိုင်း ယောဘ၏ စုံလင်ခြင်းနှင့် ဖြောင့်မတ်ခြင်းအပေါ် နက်နဲကာ၊ လက်တွေ့ကျပြီး သာ၍ အဆင့်မြင့်သော နားလည်ခြင်းနှင့် အသိအမှတ်ပြုခြင်းတစ်ခုလည်း ရှိသင့်ကြပေသည်။ ဤနားလည်ခြင်းနှင့် အသိအမှတ်ပြုခြင်းသည် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုရှောင်ကြဉ်ခြင်း လမ်းခရီးပေါ် စတင်ရန် လူတို့အား အထောက်အကူ ဖြစ်စေလိမ့်မည်ဟု မျှော်လင့်ပါသည်။
ယောဘအား စာတန်ထံသို့ ဘုရားသခင် လွှဲအပ်ခြင်းနှင့် ဘုရားသခင်အမှု၏ ရည်မှန်းချက်များအကြားရှိ ဆက်နွှယ်မှု
ယခုတွင် လူအများစုက ယောဘသည် စုံလင်ကာ ဖြောင့်မတ်ပြီး သူသည် ဘုရားသခင်ကို ကြောက်ရွံ့ကာ မကောင်းမှု ရှောင်ကြဉ်သည်ကို အသိအမှတ်ပြုကြသော်လည်း၊ ဤအသိအမှတ်ပြုခြင်းသည် ၎င်းတို့အား ဘုရားသခင်၏ ရည်ရွယ်ချက်နှင့်သက်ဆိုင်သည့် သာ၍ ကြီးမားသော သိနားလည်မှုကို မပေးချေ။ တစ်ချိန်တည်းတွင် ယောဘ၏ လူ့သဘာဝနှင့် လိုက်စားမှုကို အားကျသည်နှင့်အညီ၊ ၎င်းတို့သည် အောက်ပါ မေးခွန်းကို ဘုရားသခင်အား မေးကြသည်- ယောဘသည် အလွန် စုံလင်ကာ ဖြောင့်မတ်ခဲ့သည်၊ သူ့ကို လူတို့က အလွန်ကြည်ညို ခဲ့ကြသည်၊ သို့ဆိုလျှင် ဘုရားသခင်သည် အဘယ်ကြောင့် သူ့အား စာတန်လက်သို့အပ်ကာ မြောက်မြားစွာသော ညှဉ်းပန်းမှုကို ခံစေခဲ့သနည်း။ ထိုသို့သော မေးခွန်းများသည် လူများစွာတို့၏ စိတ်နှလုံးထဲ၌ တည်ရှိမည်မှာ သေချာပေသည်- သို့မဟုတ် ယင်းထက်၊ ဤသံသယသည် လူများစွာ၏ စိတ်နှလုံးများထဲက မေးခွန်းဖြစ်သည်။ ယင်းသည် မြောက်မြားစွာသော လူတို့ကို ဝေခွဲမရ ဖြစ်စေခဲ့သည့်အတွက်၊ ငါတို့သည် ဤမေးခွန်းကို စတင် ဆွေးနွေးကာ ကောင်းစွာ ရှင်းပြရမည် ဖြစ်သည်။
လူသားအထဲ၌ ဘုရားသခင် ပြုသမျှသည် သူ၏စီမံခန့်ခွဲမှုနှင့် လူသားမျိုးနွယ်ကို ကယ်တင်ခြင်းနှင့် သက်ဆိုင်သည့်အတွက်၊ ဘုရားသခင် ပြုသော အရာရာတိုင်းသည် လိုအပ်ပြီး ထူးခြားသော အရေးပါမှု ပိုင်ဆိုင်ပေသည်။ ပင်ကိုအားဖြင့် ဘုရားသခင်၏အမြင်တွင် ယောဘသည် စုံလင်ကာ ဖြောင့်မတ်သော်လည်း၊ ယောဘ၌ ဘုရားသခင်ပြုခဲ့သော အမှုသည် ကွဲပြားခြင်း မရှိပေ။ တစ်နည်းအားဖြင့် ဘုရားသခင် မည်သည့်အရာ ပြုသည် သို့မဟုတ် သူ ပြုသည့် နည်းလမ်းကို ပဓာနမထားဘဲ၊ အဖိုးအခကို ပဓာနမထားဘဲ၊ သို့မဟုတ် သူ၏ ရည်မှန်းချက်ကို ပဓာနမထားဘဲ၊ သူ၏ လုပ်ဆောင်ချက်များ၏ ရည်ရွယ်ချက်မှာ မပြောင်းလဲပေ။ သူ၏ ရည်ရွယ်ချက်မှာ လူသားထဲသို့ ဘုရားသခင်၏ နှုတ်ကပတ်တော်များ အပြင်၊ လူသားအတွက် ဘုရားသခင်၏ သတ်မှတ်ချက်များနှင့် ဘုရားသခင်၏အလိုတို့ကို လုပ်ဆောင်ရန် ဖြစ်သည်။ တစ်နည်းအားဖြင့် ယင်းမှာ ဘုရားသခင်၏ စိတ်နှလုံးကို လူသားအား နားလည်စေရင်းနှင့် ဘုရားသခင်၏ အနှစ်သာရကို သဘောပေါက်စေရင်း၊ ပြီးလျှင် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို လူသားအား နာခံစေရင်း၊ ထိုသို့ဖြင့် လူသားအား ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုရှောင်ကြဉ်ခြင်းအား ရရှိခွင့်ပေးရင်း၊ ဘုရားသခင်သည် အပြုသဘောဆောင်သည်ဟု သူယုံကြည်သော အရာခပ်သိမ်းကို သူ၏ခြေလှမ်းများနှင့်အညီ လူသားထဲ၌ အမှုပြုရန် ဖြစ်သည်- ထိုအရာအားလုံးမှာ ဘုရားသခင်ပြုသမျှအားလုံးထဲက သူ၏ရည်ရွယ်ချက်၏ ကဏ္ဍတစ်ခုဖြစ်သည်။ အခြားသောကဏ္ဍမှာ စာတန်သည် ဘုရားသခင်၏ အမှုတွင် အဖြည့်ခံနှင့် အသုံးတော်ခံ ဖြစ်သောကြောင့်၊ လူသားသည် စာတန်ထံ မကြာခဏပေးအပ်ခံရခြင်း ဖြစ်သည်။ ဤသည်မှာ လူတို့အား စာတန်၏ စုံစမ်းနှောင့်ယှက်မှုများကို မြင်ခွင့်ပေးရန်နှင့် စာတန်၏ ဆိုးယုတ်မှု၊ အကျည်းတန်မှုနှင့် စက်ဆုပ်ဖွယ်ကောင်းမှုတို့ကို တိုက်ခိုက်ခွင့်ပေးရန် ဘုရားသခင် အသုံးပြုသော နည်းလမ်းဖြစ်သည်၊ ထိုသို့ဖြင့် လူတို့အား စာတန်ကို မုန်းတီးစေပြီး အပျက်သဘောဆောင်သောအရာကို သိရှိကာ အသိအမှတ်ပြုစေလေသည်။ ဤနည်းစနစ်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ ဘုရားသခင်အပေါ် ၎င်းတို့၏ အသိနှင့် နာခံမှု၊ ပြီးလျှင် ဘုရားသခင်၌ ၎င်းတို့၏ ယုံကြည်ခြင်းနှင့် သူ့ကို ကြောက်ရွံ့ခြင်းတို့ကြောင့် စာတန်၏ တိုက်ခိုက်မှုများနှင့် စွပ်စွဲမှုများအပေါ် အောင်မြင်သည်အထိ- ၎င်းတို့အား စာတန်၏ ထိန်းချုပ်မှုနှင့် စွပ်စွဲမှုများ၊ နှောင့်ယှက်မှုနှင့် တိုက်ခိုက်မှုတို့မှ မိမိကိုယ်ကိုယ် တဖြည်းဖြည်း လွတ်မြောက်စေခွင့်ပေးလေသည်။ ထိုအခါမှသာ ၎င်းတို့သည် စာတန်၏ တန်ခိုးအောက်မှ လုံးလုံးလျားလျား ကယ်ဆယ်ခြင်းကို ခံရလိမ့်မည် ဖြစ်သည်။ လူတို့၏ ကယ်တင်ခံရခြင်း ဆိုသည်မှာ စာတန်သည် ရှုံးနိမ့်ပြီးဖြစ်သည်ဟု ဆိုလိုသည်၊ ယင်းမှာ ၎င်းတို့သည် စာတန်၏ ပါးစပ်ထဲက အစာ မဟုတ်တော့- စာတန်သည် ၎င်းတို့အား မျိုချရမည့်အစား ၎င်းတို့ကို စွန့်လွှတ်ပြီးဖြစ်သည်ဟု ဆိုလိုပေသည်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် ထိုသို့သော လူများမှာ ဖြောင့်မတ်ကြသောကြောင့်၊ ၎င်းတို့သည် ယုံကြည်ခြင်း၊ နာခံခြင်းနှင့် ဘုရားသခင်အပေါ် ကြောက်ရွံ့ခြင်းရှိကြသောကြောင့်ဖြစ်ပြီး ၎င်းတို့သည် စာတန်နှင့် လုံးလုံးလျားလျား အဆက်ပြတ်ကြသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် စာတန်ကို အရှက်ရစေသည်၊ စာတန်အား သူရဲဘောကြောင်စေပြီး စာတန်ကို လုံးဝ အနိုင်ယူကြလေသည်။ ဘုရားသခင်နောက်သို့လိုက်ရာတွင် ၎င်းတို့၏ခံယူချက်၊ ပြီးလျှင် ဘုရားသခင်အား နာခံခြင်းနှင့် ကြောက်ရွံ့ခြင်းတို့သည် စာတန်ကို ရှုံးနိမ့်စေပြီး စာတန်အား ၎င်းတို့ကို လုံးလုံးလျားလျား လက်လျှော့စေသည်။ ဤသို့သော လူများသာ ဘုရားသခင်၏ရယူခြင်းကို အမှန်တကယ်ခံရကြပြီးဖြစ်ကာ လူသားကို ကယ်တင်ရာ၌ ဘုရားသခင်၏ အဆုံးစွန်သော ရည်မှန်းချက်မှာ ဤအရာ ဖြစ်ပေသည်။ အကယ်၍ ၎င်းတို့သည် အကယ်တင်ခံရရန် ဆန္ဒရှိကြပြီး ဘုရားသခင်၏ လုံးဝ ရယူခြင်းကို ခံလိုပါက၊ ဘုရားသခင် နောက်လိုက်သောသူ အားလုံးသည် စာတန်ထံမှ စုံစမ်းနှောင့်ယှက်ခြင်းများနှင့် တိုက်ခိုက်မှုများကို အကြီး အသေးနှစ်ခုလုံး ရင်ဆိုင်ကြရမည်ဖြစ်သည်။ ဤစုံစမ်းနှောင့်ယှက်ခြင်းများနှင့် တိုက်ခိုက်မှုများမှ လွတ်မြောက်လာသော သူများနှင့် စာတန်ကို အပြည့်အဝ ရှုံးနိမ့်စေနိုင်သောသူများသည် ဘုရားသခင်၏ ကယ်တင်ခြင်းကို ခံရသောသူများ ဖြစ်ကြသည်။ ဆိုလိုသည်မှာ ဘုရားသခင်ထံ ကယ်တင်ခံရသော သူများသည် ဘုရားသခင်၏ စမ်းသပ်မှုများကို ကြုံရပြီးသောသူများနှင့် စာတန်၏ စုံစမ်းနှောင့်ယှက်မှုနှင့် တိုက်ခိုက်ခြင်းကို အကြိမ်အရေအတွက် ပြောမပြနိုင်အောင် များစွာခံခဲ့ပြီးသောသူများ ဖြစ်သည်။ ဘုရားသခင်ထံ ကယ်တင်ခံရသောသူများသည် ဘုရားသခင်၏ အလိုနှင့် သတ်မှတ်ချက်များကို နားလည်ပြီး ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို သဘောတူညီနိုင်သကဲ့သို့၊ ၎င်းတို့သည် စာတန်၏ စုံစမ်းနှောင့်ယှက်မှုများအလယ်တွင် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်း လမ်းခရီးကို မစွန့်ပစ်ကြချေ။ ဘုရားသခင်ထံ ကယ်တင်ခံရသော သူများသည် ရိုးသားမှုကို ပိုင်ဆိုင်ကြသည်၊ ၎င်းတို့သည် ကြင်နာစိတ်ရှိကြသည်၊ အချစ်နှင့် အမုန်းကြား ပိုင်းခြားသိမြင်ကြသည်၊ ၎င်းတို့သည် တရားသော အသိစိတ်တစ်ခုရှိပြီး ဆင်ခြင်တုံတရား ရှိကြကာ ၎င်းတို့သည် ဘုရားသခင်ကို အလိုရှိကြပြီး ဘုရားသခင်နှင့် သက်ဆိုင်သည့် အရာခပ်သိမ်းကို တန်ဖိုးထားတတ်ကြသည်။ ထိုသို့သော လူများသည် စာတန်အားဖြင့် ချုပ်နှောင်မခံရပေ၊ စောင့်ကြည့်မခံရပေ၊ စွပ်စွဲမခံရ သို့မဟုတ် နှိပ်စက်မခံရပေ။ ၎င်းတို့သည် လုံးဝ လွတ်လပ်ကြသည်၊ လုံးဝ ချုပ်ချယ်မှုကင်းပြီး လွတ်မြောက်ကြသည်။ ယောဘသည် ထိုသို့သော လွတ်မြောက်ခြင်း ရှိသည့် လူသားတစ်ဦးသာဖြစ်ပြီး ဤသည်မှာ ဘုရားသည် အဘယ်ကြောင့် သူ့အား စာတန်လက်သို့ လွှဲအပ်ခဲ့ပြီးဖြစ်သည့် အကြောင်းရင်း၏ အဓိပ္ပာယ်အတိအကျဖြစ်ပေသည်။
ယောဘသည် စာတန်၏ နှိပ်စက်ခြင်းကို ခံခဲ့ရသော်လည်း၊ သူသည် ထာဝရ လွတ်လပ်မှုနှင့် လွတ်မြောက်ခြင်းကိုလည်း ရခဲ့ပြီး စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်း၊ နှိပ်စက်ခြင်းနှင့် စွပ်စွဲခြင်းများကို မည်သည့်အခါမျှ တစ်ဖန် မခံရဖို့ရန်၊ ယင်းအစား ဘုရားသခင်၏ မျက်နှာ အလင်းတွင် လွတ်လပ်ပြီး ဝန်ထုပ်ဝန်ပိုးမဖြစ်ဘဲ အသက်ရှင်ရန်နှင့် သူ့အား ဘုရားသခင်ပေးသော ကောင်းချီးမင်္ဂလာများအလယ်တွင် အသက်ရှင်ရန် အခွင့်ကို ရရှိခဲ့သည်။ ဤအခွင့်ကို မည်သူမျှ ယူဆောင်သွားနိုင်မည်မဟုတ်၊ သို့မဟုတ် ဖျက်ဆီးနိုင်မည်မဟုတ် သို့မဟုတ် သိမ်းယူနိုင်မည် မဟုတ်ပေ။ ယင်းကို ယောဘအား သူ၏ ယုံကြည်ခြင်း၊ စိတ်ပိုင်းဖြတ်ချက်နှင့် ဘုရားသခင်ကို နာခံခြင်းနှင့် ကြောက်ရွံ့ခြင်းကို တုံ့ပြန်သည့်အနေဖြင့် ပေးထားခဲ့ခြင်းဖြစ်သည်။ ယောဘသည် ကမ္ဘာမြေပေါ်တွင် ဝမ်းမြောက်ခြင်းနှင့် ပျော်ရွှင်ခြင်းကို ရရှိရန်နှင့် လုံးဝ သဘာဝကျပြီး ကျိုးကြောင်းခိုင်လုံမျှတသည့် လုပ်ပိုင်ခွင့်နှင့် ခံစားပိုင်ခွင့်တို့ကို ရရှိရန်၊ ကမ္ဘာမြေပေါ်ရှိ ဘုရားသခင်၏ စစ်မှန်သော ဖန်ဆင်းခံ တစ်ဦးအဖြစ် အနှောင့်အယှက်မရှိ ဖန်ဆင်းရှင်ကို ကိုးကွယ်ရန် သူ၏အသက်နှင့်သက်ဆိုင်သည့် အဖိုးအခကို ပေးခဲ့လေသည်။ ယင်းမှာ ယောဘသည်းခံခဲ့ရသော စုံစမ်းနှောင့်ယှက်ခြင်းများ၏ အကြီးမားဆုံးသော ရလဒ်လည်း ဖြစ်ခဲ့သည်။
လူတို့သည် ကယ်တင်ခြင်းကို မခံရသေးချိန်တွင်၊ ၎င်းတို့၏ အသက်တာများသည် စာတန်၏ နှောင့်ယှက်ခြင်းနှင့် ထိန်းချုပ်ခြင်းကိုပင် မကြာခဏ ခံရလေသည်။ တစ်နည်းအားဖြင့်၊ ကယ်တင်ခြင်း မခံရသေးသော လူများသည် စာတန်အဖို့ အကျဉ်းသားများ ဖြစ်ကြသည်၊ ၎င်းတို့သည် လွတ်လပ်မှု မရှိပေ၊ ၎င်းတို့သည် စာတန်၏ စွန့်လွှတ်ခြင်းကို မခံရကြသေးပေ၊ ၎င်းတို့သည် ဘုရားသခင်အား ကိုးကွယ်ရန် အရည်အချင်း မပြည့်မီကြပေ သို့မဟုတ် အခွင့်မရှိကြပေ၊ ပြီးလျှင် ၎င်းတို့သည် စာတန်၏ နီးကပ်စွာ လိုက်ခြင်းကို ခံရပြီး ပြင်းထန်စွာ တိုက်ခိုက်ခြင်းကို ခံရသည်။ ထိုသို့သော လူများသည် ပြောစရာ ပျော်ရွှင်မှု မရှိကြချေ၊ ၎င်းတို့သည် ပုံမှန် တည်ရှိခြင်းအဖို့ ပြောစရာ လုပ်ပိုင်ခွင့်မရှိကြသည့်အပြင်၊ ၎င်းတို့သည် ပြောစရာ ဂုဏ်သိက္ခာ မရှိကြပေ။ သင်သည် ဘုရားသခင်၌ သင်၏ ယုံကြည်ခြင်း၊ နာခံခြင်းနှင့် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းအား စာတန်နှင့် သေရေး ရှင်ရေး တိုက်ပွဲကို တိုက်ရန် လက်နက်များအဖြစ် အသုံးပြုရင်း၊ ၎င်းသည် သင့်အပေါ် တိုက်ခိုက်မှုများနှင့် စွပ်စွဲချက်များကို လုံးလုံးလျားလျား စွန့်ပစ်ဖို့အလို့ငှာ၊ ထရပ်ကာ စာတန်နှင့် တိုက်မှသာ ထိုသို့ဖြင့် သင်သည် စာတန်ကို လုံးလုံးလျားလျား ရှုံးနိမ့်စေပြီး ၎င်းသည် သင့်ကို မြင်သည့်အချိန်တိုင်း လှည့်၍ ပြေးစေကာ သူရဲဘောကြောင်လာစေပေသည်- ထိုအခါမှသာ သင်သည် ကယ်တင်ခံရလိမ့်မည် ဖြစ်ပြီး လွတ်မြောက်လာလိမ့်မည်။ အကယ်၍ သင်သည် စာတန်နှင့် အပြည့်အဝ အဆက်ဖြတ်ရန် စိတ်ဆုံးဖြတ်ပြီးသော်လည်း၊ စာတန် ရှုံးနိမ့်စေရန် သင့်အား အထောက်အကူပေးမည့် လက်နက်များဖြင့် အသင့်မပြင်ထားပါက၊ သင်သည် အန္တရာယ်ထဲ၌ ရှိလိမ့်ဦးမည်ဖြစ်သည်။ အချိန်ကုန်လွန်သည် နှင့်အမျှ၊ သင်သည် စာတန်၏ နှိပ်စက်ခြင်းကို ခံခဲ့ရသဖြင့် သင့်အထဲ၌ ခွန်အား တစ်စက်မျှ မကျန်ရှိသော်လည်း၊ သင်သည် သက်သေမခံနိုင်သေးသည့်အချိန်တွင်၊ သင့်အား စာတန်၏ စွပ်စွဲမှုများနှင့် တိုက်ခိုက်မှုများမှ သင့်ကိုယ်သင် လုံးလုံးလျားလျား မလွတ်မြောက်နိုင်သေးချိန်တွင်၊ သင်သည် ကယ်တင်ခြင်း မျှော်လင့်ချက် အနည်းငယ်သာ ရှိလိမ့်မည် ဖြစ်သည်။ နောက်ဆုံးတွင် ဘုရားသခင်၏ အမှုပြီးဆုံးခြင်း ကြေညာသည့်အခါတွင်၊ သင်သည် မိမိကိုယ်ကိုယ် မလွတ်မြောက်နိုင်ဘဲ စာတန်၏ လက်တွင်း၌သာ ရှိနေဦးမည်ဖြစ်ပြီး၊ ထိုသို့ဖြင့် သင်သည် မည်သည့်အခါမျှ အခွင့်အရေး သို့မဟုတ် မျှော်လင့်ချက် ရှိလိမ့်မည် မဟုတ်ပေ။ ထိုအခါ ဆိုလိုချက်မှာ ထိုသို့သော လူများသည် စာတန်၏ အကျဉ်းချခံရခြင်းတွင် လုံးလုံးလျားလျား ရှိကြလိမ့်မည်ဖြစ်သည်။
ဘုရားသခင်၏ စစ်ဆေးမှုများကို လက်ခံလော့၊ စာတန်၏ စုံစမ်းနှောင့်ယှက်မှုများကို အနိုင်ယူပြီး သင်၏ ဖြစ်တည်မှု တစ်ခုလုံးကို ဘုရားသခင်အား ရယူခွင့်ပေးလော့
လူနှင့်သက်ဆိုင်သည့် ဘုရားသခင်၏ စွဲမြဲသော ထောက်ပံ့ခြင်းနှင့် ချီးမြှောက်ခြင်း အမှုအတောအတွင်းတွင်၊ ဘုရားသခင်သည် သူ၏အလိုနှင့် သတ်မှတ်ချက်များ အလုံးစုံကို လူသားထံ ပြောပြပြီး သူ၏ လုပ်ဆောင်ချက်များ၊ စိတ်သဘောထားနှင့် သူ၏ အရာအားလုံးနှင့် ဖြစ်ခြင်းတို့ကို လူသားထံ ပြသလေသည်။ ရည်မှန်းချက်မှာ လူသားကို ဝိညာဉ်ရင့်ကျက်မှုဖြင့် အသင့်ပြင်ဆင် ပေးရန်နှင့် လူသားသည် ဘုရားသခင်၏ နောက်လိုက်နေစဉ် သူ့ထံမှ အမျိုးမျိုးသော သမ္မာတရားများကို- စာတန်ကို တိုက်ခိုက်ရန် လူသားကို ဘုရားသခင်က ပေးထားသည့် လက်နက်များဖြစ်သည့် သမ္မာတရားများကို- ရရှိစေရန်ဖြစ်သည်။ ထိုသို့ဖြင့် အသင့်ပြင်ဆင်လျက်၊ လူသားသည် ဘုရားသခင်၏ စစ်ဆေးမှုများကို ရင်ဆိုင်ရမည် ဖြစ်သည်။ လူသားကို စစ်ဆေးရန် ဘုရားသခင်၌ နည်းလမ်းများနှင့် လမ်းကြောင်းများစွာ ရှိသော်လည်း၊ ထိုအရာများ တစ်ခုစီတိုင်းသည် ဘုရားသခင်၏ ရန်သူဖြစ်သော စာတန်၏ “ပူးပေါင်းဆောင်ရွက်မှု” ကို လိုအပ်သည်။ ဆိုလိုသည်မှာ၊ စာတန်နှင့် တိုက်ရန် လက်နက်များကို လူသားအား ပေးပြီးလျက်၊ ဘုရားသခင်သည် လူသားကို စာတန်ထံ လွှဲအပ်လိုက်ပြီး စာတန်အား လူသား၏ ဝိညာဉ်ရင့်ကျက်မှုကို “စစ်ဆေး” ခွင့်ပေးလေသည်။ အကယ်၍ လူသားသည် စာတန်၏ တိုက်ပွဲဆင်သည့် ပုံစံများထဲမှ ထိုးဖောက်နိုင်ပါက၊ သူသည် စာတန်၏ ဝန်းရံခြင်းမှ လွတ်မြောက်ပြီး အသက်ရှင်နိုင်ဆဲဖြစ်ပါက၊ လူသားသည် စစ်ဆေးမှုကို အောင်မြင် လိမ့်မည် ဖြစ်သည်။ သို့သော်လည်း အကယ်၍ လူသားသည် စာတန်၏ တိုက်ပွဲဆင်သည့် ပုံစံများထဲကို မစွန့်နိုင်သကဲ့သို့၊ စာတန်ကို ကျိုးနွံနာခံပါက၊ သူသည် စစ်ဆေးမှုကို အောင်မြင်မည် မဟုတ်ပေ။ လူသား၏ မည်သည့် ရှုထောင့်ကို ဘုရားသခင် စစ်ဆေးသည်ဖြစ်စေ သူ၏ စစ်ဆေးခြင်း စံသတ်မှတ်ချက်များမှာ လူသားသည် စာတန်၏ တိုက်ခိုက်ခြင်းကို ခံရသည့်အချိန်တွင် သူ၏ သက်သေခံချက်၌ မြဲမြံစွာ ရပ်တည်နိုင်ခြင်း ရှိ မရှိဆိုသည်နှင့် သူသည် စာတန်၏ ကျော့ကွင်း၌ မိနေစဉ် ဘုရားသခင်ကို စွန့်ပယ်ပြီး စာတန်ထံ အညံ့ခံကာ ကျိုးနွံနာခံခြင်း ရှိ မရှိ ဆိုသည်တို့ ဖြစ်သည်။ လူသားသည် ကယ်တင်ခံရနိုင်ခြင်း ရှိမရှိဆိုသည်မှာ သူသည် စာတန်ကို အောင်နိုင်ကာ အနိုင်ယူနိုင်ခြင်း ရှိ မရှိဆိုသည့်အပေါ် မူတည်ပြီး သူသည် လွတ်လပ်မှုကို ရနိုင်ခြင်း ရှိ မရှိဆိုသည်မှာ သူသည် စာတန်အား မျှော်လင့်ချက် လုံးလုံးလျားလျား စွန့်လွှတ်စေပြီး သူ့ကို အသာထားစေလျက်၊ စာတန်၏ ချုပ်နှောင်မှုကို ကျော်လွှားရန် ဘုရားသခင် သူ့အား ပေးထားသော လက်နက်များကို သူကိုယ်တိုင် မနိုင်စွမ်း ရှိ မရှိဆိုသည့်အပေါ် မူတည်သည်ဟု ဆိုကောင်း ဆိုနိုင်ပေသည်။ အကယ်၍ စာတန်သည် မျှော်လင့်ချက်ကို စွန့်လွှတ်ပြီး တစ်စုံတစ်ဦးအား လက်လျှော့ပါက၊ ဤသည်မှာ စာတန်သည် ဤလူအား ဘုရားသခင်ထံမှယူရန် မည်သည့်အခါမျှ တစ်ဖန် ကြိုးစားမည် မဟုတ်၊ ဤလူနှင့်ပတ်သက်၍ မည်သည့်အခါမျှ တစ်ဖန်စွပ်စွဲမည်မဟုတ်သကဲ့သို့ နှောင့်ယှက်မည် မဟုတ်၊ ၎င်းတို့အား မည်သည့်အခါမျှ တစ်ဖန် အကြောင်းမဲ့ ညှဉ်းဆဲမည် မဟုတ်၊ သို့မဟုတ် တိုက်ခိုက်မည် မဟုတ်သည်ကို ဆိုလိုပေသည်။ ဤသို့သော လူတစ်စုံတစ်ဦးသည်သာ ဘုရားသခင်၏ ရယူခြင်းကို အမှန်တကယ် ခံရပြီးဖြစ်လိမ့်မည်။ ဤသည်မှာ ဘုရားသခင်သည် လူတို့အား ရယူသည့် ဖြစ်စဉ်တစ်ခုလုံး ဖြစ်သည်။
နောင်မျိုးဆက်များကို ယောဘ၏ သက်သေခံချက်က ပေးသည့် သတိပေးချက်နှင့် အသိဉာဏ်ပွင့်လင်းခြင်း
ဘုရားသခင်က တစ်စုံတစ်ဦးကို လုံးလုံးလျားလျား ရယူသော ဖြစ်စဉ်ကို နားလည်သည်နှင့် တစ်ချိန်တည်းတွင်၊ ယောဘကို စာတန်ထံ ဘုရားသခင် အပ်နှံခြင်း၏ ရည်မှန်းချက်များနှင့် အဓိပ္ပာယ်ကို လူတို့ နားလည်ကြလိမ့်မည် ဖြစ်သည်။ လူတို့သည် ယောဘ၏ ညှဉ်းဆဲမှုအားဖြင့် စိတ်အနှောင့်အယှက် မဖြစ်ကြတော့ သကဲ့သို့၊ ယင်း၏အဓိပ္ပာယ်နှင့်သက်ဆိုင်သည့် အသစ်သော နားလည်မှုတစ်ခု ရှိကြလေသည်။ ၎င်းတို့သည် ၎င်းတို့ကိုယ်တိုင် ယောဘကဲ့သို့ အလားတူ စုံစမ်းနှောင့်ယှက်ခြင်းကို ခံရမည်၊ မခံရမည်ကို မစိုးရိမ်ကြတော့သကဲ့သို့၊ ဘုရားသခင်၏ စမ်းသပ်မှုများ ရောက်လာခြင်းကို ဆန့်ကျင်ခြင်း သို့မဟုတ် ငြင်းပယ်ခြင်း မပြုကြတော့ပေ။ စာတန်ကို အောင်မြင်ခြင်းအဖို့ ယောဘ၏ ယုံကြည်ခြင်း၊ နာခံခြင်းနှင့် သူ၏သက်သေခံချက်တို့သည် လူတို့အဖို့ ကြီးမားသော အထောက်အကူနှင့် အားပေးတိုက်တွန်းမှု အရင်းအမြစ်တစ်ခု ဖြစ်ပြီးဖြစ်သည်။ ယောဘထဲ၌ ၎င်းတို့သည် ၎င်းတို့ကိုယ်တိုင်၏ ကယ်တင်ခြင်းအတွက် မျှော်လင့်ချက်ကိုမြင်ကြပြီး ယုံကြည်ခြင်း၊ ဘုရားသခင်ကို နာခံခြင်းနှင့် ကြောက်ရွံ့ခြင်းမှတစ်ဆင့် စာတန်ကို အနိုင်ယူရန်၊ စာတန်ကို အောင်နိုင်ရန် လုံးဝ ဖြစ်နိုင်သည်ကို မြင်ကြရသည်။ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို ၎င်းတို့ သဘောတူသရွေ့၊ ပြီးလျှင် အရာရာတိုင်းကို ဆုံးရှုံးခဲ့ပြီးသည့်နောက်တွင် ဘုရားသခင်ကို မစွန့်ပစ်ဖို့ စိတ်ပိုင်းဖြတ်ချက်နှင့် ယုံကြည်ခြင်းတို့ ၎င်းတို့ ပိုင်ဆိုင်သရွေ့၊ ၎င်းတို့သည် စာတန်အပေါ် အရှက်ရစေပြီး ရှုံးနိမ့်မှု ယူဆောင်နိုင်သည်ကို မြင်ကြပြီး ၎င်းတို့သည် စာတန်အနေဖြင့် ကြောက်လန့်ပြီး အလောတကြီးဆုတ်ခွာစေရန်အတွက်- ၎င်းတို့၏ အသက်များ ဆုံးရှုံးရမည်ဆိုလျှင်ပင်- ၎င်းတို့၏ သက်သေခံချက်ထဲတွင် မြဲမြံစွာ ရပ်တည်ရန် စိတ်ပိုင်းဖြတ်ချက်နှင့် လုံ့လဝီရိယရှိရန်သာ လိုအပ်သည်ကို မြင်ကြလေသည်။ ယောဘ၏ သက်သေခံချက်သည် နောင်မျိုးဆက်များအဖို့ သတိပေးချက်တစ်ခု ဖြစ်ပြီး ဤသတိပေးချက်က အကယ်၍ ၎င်းတို့သည် စာတန်ကို အနိုင်မယူပါက၊ စာတန်၏ စွပ်စွဲချက်များနှင့် နှောင့်ယှက်မှုများမှ မိမိတို့ကိုယ်ကိုယ် မည်သည့်အခါမျှ ဖယ်ရှားနိုင်မည် မဟုတ်သကဲ့သို့၊ စာတန်၏ နှိပ်စက်မှုနှင့် တိုက်ခိုက်ခြင်းများမှ မည်သည့်အခါမျှ လွတ်မြောက်နိုင်မည်မဟုတ်သည်ကို ၎င်းတို့အား ပြောပြလေသည်။ ယောဘ၏ သက်သေခံချက်သည် နောင်မျိုးဆက်များကို အသိဉာဏ်ပွင့်လင်းစေပြီးဖြစ်သည်။ ဤဉာဏ်အလင်းက လူတို့အား အကယ်၍ ၎င်းတို့သည် စုံလင်ကာ ဖြောင့်မတ်မှသာလျှင် ၎င်းတို့သည် ဘုရားသခင်ကို ကြောက်ရွံ့ကာ မကောင်းမှုကို ရှောင်ကြဉ်နိုင်မည် ဖြစ်သည်ကို သွန်သင်သည်။ ယင်းက ၎င်းတို့အနေဖြင့် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်မှသာလျှင် ဘုရားသခင်အား ခိုင်မာပြီး ထူးကဲသော သက်သေခံချက်အား ခံနိုင်မည်၊ ဘုရားသခင်ထံ ခိုင်မာပြီး ထူးကဲသော သက်သေခံချက်ကို ခံနိုင်မှသာလျှင်၊ ၎င်းတို့သည် စာတန်၏ ထိန်းချုပ်ခြင်းကို မည်သည့်အခါမျှ မခံရဘဲ၊ ဘုရားသခင်၏ လမ်းပြမှုနှင့် ကွယ်ကာမှုအောက်တွင် အသက်ရှင်နိုင်သည်- ထိုအခါမှသာ ၎င်းတို့သည် အမှန်တကယ် ကယ်တင်ခံရပြီး ဖြစ်လိမ့်မည်ကို သွန်သင်ပေးလေသည်။ ယောဘ၏ ပင်ကိုစရိုက်နှင့် သူ၏ အသက်တာ၏ လိုက်စားမှုတို့ကို ကယ်တင်ခြင်းကို လိုက်စားသောသူ အယောက်တိုင်းက အတုယူသင့်ပေသည်။ သူ၏ အသက်တာတစ်ခုလုံးတစ်လျှောက် အသက်ရှင်နေထိုင်ခဲ့သည့်အရာနှင့် သူ၏စမ်းသပ်မှုများအတောအတွင်း သူ၏ အပြုအမူတို့သည် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှု ရှောင်ကြဉ်ခြင်း လမ်းခရီးကို လိုက်စားသောသူ အားလုံးအဖို့ အဖိုးထိုက်သော ရတနာတစ်ပါး ဖြစ်ပေသည်။
ယောဘ၏ သက်သေခံချက်သည် ဘုရားသခင်ကို စိတ်ချမ်းသာစေသည်
ယောဘသည် နှစ်လိုဖွယ်ကောင်းသော လူတစ်ဦး ဖြစ်သည်ဟု သင်တို့အား ယခု ငါပြောပါက၊ သင်တို့သည် ဤစကားများအတွင်းရှိ အနက်အဓိပ္ပာယ်ကို နားလည်ကောင်းနားလည်နိုင်မည်မဟုတ်သကဲ့သို့၊ ဤအရာအားလုံးကို ငါပြောရသည့် အကြောင်းရင်း နောက်ကွယ်က ခံစားချက်ကို သဘောပေါက်ကောင်း သဘောပေါက်နိုင်မည်မဟုတ်ပေ။ သို့သော် ယောဘ၏ စမ်းသပ်မှုများနှင့် တူညီသော သို့မဟုတ် ဆင်တူသော စမ်းသပ်မှုများကို သင်တို့ခံဖူးသည့် နေ့ရက်၊ အတိဒုက္ခကို သင်တို့ ဖြတ်သန်းဖူးသည့် နေ့ရက်၊ သင်တို့အတွက် ဘုရားသခင် ကိုယ်တိုင်ကိုယ်ကျ စီစဉ်ထားသော စမ်းသပ်မှုများကို သင်တို့ တွေ့ကြုံဖူးသည့် နေ့ရက်၊ စုံစမ်းနှောင့်ယှက်ခြင်းများအလယ်တွင် စာတန်ကို အောင်နိုင်ရန်နှင့် ဘုရားသခင်ကို သက်သေခံရန်အလို့ငှာ သင်၌ရှိသမျှကို ပေးပြီး အရှက်ရခြင်းနှင့် အခက်အခဲကို သည်းခံသည့် နေ့ရက်အထိ စောင့်ဆိုင်းကြလော့- ထိုအခါ သင်တို့သည် ငါပြောသော ဤစကားများ၏ အဓိပ္ပာယ်ကို နားလည်နိုင်ကြလိမ့်မည်။ ထိုအချိန်တွင် သင်သည် ယောဘထက် အလွန်နိမ့်ကျကြောင်း၊ ယောဘသည် မည်မျှ နှစ်လိုဖွယ်ကောင်းပြီး၊ သူသည် အတုယူထိုက်ကြောင်းကို သင် ခံစားမိလိမ့်မည်။ ထိုအချိန် ရောက်လာသောအခါတွင်၊ သင်သည် ယောဘပြောခဲ့သည့် ထိုဂန္တဝင်စကားများမှာ ဖောက်ပြန်ပျက်စီးပြီး ဤခေတ်ကာလများ၌ အသက်ရှင်သောသူတစ်ဦးအတွက် မည်မျှ အရေးကြီးသည်ကို သင် နားလည်လိမ့်မည်ဖြစ်ပြီး၊ ယောဘ စွမ်းဆောင်ရရှိခဲ့သောအရာကို ယနေ့လူများ စွမ်းဆောင်ရရှိရန် မည်မျှ ခက်ခဲသည်ကို သင် နားလည်လိမ့်မည် ဖြစ်သည်။ ခက်ခဲသည်ဟု သင်ခံစားရချိန်တွင်၊ ဘုရားသခင်၏ စိတ်နှလုံးမှာ မည်မျှ ပူပန်ကာ စိုးရိမ်သည်ကို သင်နားလည်လိမ့်မည်၊ ထိုသို့သော လူများကို ရယူခြင်းအတွက် ဘုရားသခင် ပေးခဲ့သော အဖိုးအခ မည်မျှ မြင့်မားပြီး လူသားမျိုးနွယ်အတွက် ဘုရားသခင် ပြုခဲ့ပြီး အသုံးပြုခဲ့သည့်အရာ မည်မျှ အဖိုးထိုက်သည်ကို သင်နားလည်လိမ့်မည် ဖြစ်သည်။ ယခုအခါ သင်တို့သည် ဤစကားများကို ကြားခဲ့ပြီးဖြစ်သောကြောင့်၊ ယောဘအပေါ် တိကျမှန်ကန်သည့် သိနားလည်မှုနှင့် မှန်သော အကဲဖြတ်ချက်တစ်ခု သင်တို့ ရှိကြသလော။ သင်တို့၏ အမြင်တွင် ယောဘသည် ဘုရားသခင်ကို ကြောက်ရွံ့၍ မကောင်းမှုကို ရှောင်သော အမှန်တကယ် စုံလင်ကာ ဖြောင့်မတ်သည့်လူတစ်ဦး ဖြစ်ခဲ့သလော။ လူအများစုက ဖြစ်ခဲ့သည်ဟူ၍ သေချာပေါက်ပြောကြလိမ့်မည်ဟု ငါယုံကြည်သည်။ အကြောင်းမှာ ယောဘ လုပ်ဆောင်ခဲ့ပြီး ထုတ်ဖော်ခဲ့ပြသော အချက်များမှာ မည်သည့် လူကမျှ သို့မဟုတ် စာတန်အနေဖြင့် မငြင်းနိုင်သောကြောင့် ဖြစ်သည်။ ထိုအရာများသည် စာတန်အပေါ် ယောဘ၏ အောင်နိုင်ခြင်းနှင့်သက်ဆိုင်သည့် အားအကောင်းဆုံးသော သက်သေဖြစ်သည်။ ဤသက်သေသည် ယောဘထဲတွင် ထွက်ပေါ်ခဲ့ခြင်းဖြစ်ပြီး ဘုရားသခင် ရရှိသည့် ပထမဦးဆုံး သက်သေခံချက် ဖြစ်ခဲ့သည်။ ထို့ကြောင့် စာတန်၏ စုံစမ်းနှောင့်ယှက်မှုများတွင် ယောဘအောင်နိုင်ပြီး ဘုရားသခင်ထံ သက်သေခံခဲ့ချိန်တွင်၊ ဘုရားသခင်သည် ယောဘထဲ၌ မျှော်လင့်ချက်ကို မြင်ခဲ့ပြီး သူ၏စိတ်နှလုံးသည် ယောဘအားဖြင့် သက်သာရာ ရခဲ့သည်။ ဖန်ဆင်းမှုအချိန်ကတည်းမှစ၍ ယောဘ၏ အချိန်ကာလအထိ၊ ဤသည်မှာ ဘုရားသခင်က ကိုယ်စိတ်ချမ်းသာခြင်းမှာ အဘယ်အရာ ဖြစ်ပြီး၊ လူသားအားဖြင့် နှစ်သိမ့်မှု ရရှိခြင်းမှာ မည်သည့်အရာဆိုလိုသည်ကို အမှန်တကယ် တွေ့ကြုံခံစားခဲ့ရသည့် ပထမဆုံးအကြိမ် ဖြစ်သည်။ ယင်းသည် သူ့အတွက် ခံခဲ့သည့် စစ်မှန်သော သက်သေခံချက်ကို သူမြင်ဖူးခဲ့ပြီး ရရှိခဲ့ဖူးသည့် ပထမဆုံးအကြိမ် ဖြစ်ခဲ့ပေသည်။
ယောဘ၏ သက်သေခံချက်နှင့် ယောဘ၏ အမျိုးမျိုးသော ရှုထောင့်များ၏ ဖြစ်စဉ်များကို ကြားရခြင်းဖြင့်၊ လူအများစုသည် ၎င်းတို့ ရှေ့၌ရှိသော လမ်းကြောင်းအတွက် အစီအစဉ်များ ရှိကြလိမ့်မည်ဟု ငါယုံကြည်သည်။ ထို့ကြောင့် စိုးရိမ်ပူပန်မှုနှင့် ကြောက်ရွံ့မှုဖြင့် ပြည့်နှက်နေသော လူအများစုသည် ကိုယ်ရောစိတ်ပါ တဖြည်းဖြည်း စတင်ငြိမ်းအေးလာပြီး တဖြည်းဖြည်း စိတ်သက်သာမှု ခံစားကြရလိမ့်မည်ဟုလည်း ငါယုံကြည်သည်...။
အောက်ပါကျမ်းပိုဒ်များသည်လည်း ယောဘနှင့်သက်ဆိုင်သော ဖြစ်စဉ်များ ဖြစ်သည်။ ဆက်လက် ဖတ်ရှုကြပါစို့။
၄။ ယောဘသည် ဘုရားသခင်အကြောင်းကို နားနှင့်ကြားရ၏
ယောဘ ၉:၁၁ ငါ့ရှေ့မှာကြွတော်မူ၍ ကိုယ်တော်ကိုငါမမြင်ရ။ လျှောက်သွားတော်မူ၍ ကိုယ်တော်ကို ငါမရိပ်မိရ။
ယောဘ ၂၃:၈-၉ ယခုမူကား၊ ငါတက်လျှင် ဘုရားသခင်ရှိတော်မမူ။ ဆုတ်လျှင် ကိုယ်တော်ကို မရိပ်မိ၊ လုပ်တော်မူရာ လက်ဝဲဘက်သို့သွားလျှင် ကိုယ်တော်ကို မဖူးမတွေ့ရ။ လက်ျာဘက်၌ ပုန်းရှောင်လျက် နေတော်မူသောကြောင့်၊ ကိုယ်တော်ကို မမြင်ရ။
ယောဘ ၄၂:၂-၆ ကိုယ်တော်သည် အလုံးစုံတို့ကို တတ်နိုင်တော်မူ ကြောင်းကို၎င်း၊ အကြံအစည်တော်ကို အဘယ်သူမျှ မဆီးတား နိုင်ကြောင်းကို၎င်း အကျွန်ုပ်သိပါ၏။ ပညာမရှိဘဲ အကြံအစည်တော်ကို မိုက်စေသော သူကားအဘယ်သူနည်း။ သို့ရာတွင် အကျွန်ုပ်သည် နားမလည်သောအရာတို့ကို၎င်း၊ ကိုယ်တိုင်မသိ၊ အံ့ဩ၍ မကုန်နိုင်သော အရာတို့ကို၎င်း ပြောမိပါပြီ။ နားထောင်တော်မူပါ။ အကျွန်ုပ်လျှောက်ပါမည်။ အကျွန်ုပ်မေးလျှောက်သော အရာတို့ကို သွန်သင်တော်မူပါ။ သတင်းတော်ကို အကျွန်ုပ်သည် နားနှင့်ကြားဖူး ပါပြီ။ ယခုမူကား၊ ကိုယ်တော်ကို မျက်စိနှင့်မြင်ရပါ၏။ ထို့ကြောင့် အကျွန်ုပ်သည် ကိုယ်ကိုရွံရှာပါ၏။ မြေမှုန့်နှင့် မီးဖိုပြာ၌ထိုင်၍ နောင်တရပါ၏။
ဘုရားသခင်သည် သူ့ကိုယ်သူ ယောဘထံ ထုတ်ဖော်မပြခဲ့သော်လည်း၊ ယောဘသည် ဘုရားသခင်၏ အချုပ်အခြာအာဏာကို ယုံကြည်၏
ဤစကားများ၏ ဆိုလိုရင်းမှာ အဘယ်နည်း။ ဤနေရာတွင် အမှန်တရားတစ်ခု ရှိသည်ကို သင်တို့ထဲမှ တစ်ဦးတစ်လေက သဘောပေါက်ပြီးပြီလော။ ပထမဦးစွာ ဘုရားသခင် တစ်ပါးရှိသည်ကို ယောဘ မည်ကဲ့သို့ သိရှိခဲ့သနည်း။ ထို့နောက် ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းအား ဘုရားသခင် အုပ်စိုးသည်ကို သူ မည်သို့ သိရှိခဲ့သနည်း။ ဤမေးခွန်းနှစ်ခုကို အဖြေပေးသော ကျမ်းပိုဒ်တစ်ပိုဒ် ရှိသည်- “သတင်းတော်ကို အကျွန်ုပ်သည် နားနှင့်ကြားဖူး ပါပြီ။ ယခုမူကား၊ ကိုယ်တော်ကို မျက်စိနှင့်မြင်ရပါ၏။ ထို့ကြောင့် အကျွန်ုပ်သည် ကိုယ်ကိုရွံရှာပါ၏။ မြေမှုန့်နှင့်မီးဖိုပြာ၌ထိုင်၍ နောင်တရပါ၏။” ယောဘသည် ဘုရားသခင်ကို သူ၏မျက်စိဖြင့် မြင်ဖူးခြင်းထက်၊ ဘုရားသခင်အကြောင်းကို ဒဏ္ဍာရီမှ လေ့လာသိရှိခဲ့သည်ကို ဤနှုတ်ကပတ်တော်များမှ ငါတို့သိရသည်။ ဘုရားသခင် နောက်လိုက်လျှောက်သော လမ်းကြောင်းကို သူစတင် လျှောက်လှမ်းခဲ့သည်မှာ ဤအခြေအနေများအောက်၌ ဖြစ်ခဲ့သည်၊ ယင်းနောက်တွင် သူသည် သူ၏အသက်တာထဲနှင့် အရာခပ်သိမ်း အလယ်တွင် ဘုရားသခင်၏ တည်ရှိခြင်းကို သူအတည်ပြုခဲ့သည်။ ဤနေရာ၌ မငြင်းနိုင်သော အမှန်တရား တစ်ခုရှိသည်- ထိုအမှန်တရား အဘယ်နည်း။ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်း လမ်းခရီးကို လိုက်လျှောက်နိုင်ခြင်းရှိသော်လည်း၊ ယောဘသည် ဘုရားသခင်ကို မည်သည့်အခါမျှ မမြင်ဖူးခဲ့ပေ။ ဤအရာ၌ သူသည် ယနေ့ခေတ် လူများနှင့် တူညီခဲ့သည် မဟုတ်လော။ ယောဘသည် ဘုရားသခင်ကို မည်သည့်အခါမျှ မမြင်ဖူးခဲ့ပေ၊ ယင်း၏ ဆိုလိုချက်မှာ သူသည် ဘုရားသခင်အကြောင်းကို ကြားဖူးခဲ့သော်လည်း၊ ဘုရားသခင် မည်သည့်နေရာ၌ ရှိခဲ့သည် သို့မဟုတ် ဘုရားသခင် မည်ကဲ့သို့ရှိသည် သို့မဟုတ် ဘုရားသခင် မည်သည့်အရာ လုပ်ဆောင်နေခဲ့သည်ကို သူမသိခဲ့ပေ။ ဤအရာအားလုံးသည် ဓမ္မဓိဌာန်မကျသော အကြောင်းရင်းများ ဖြစ်သည်။ ဓမ္မဓိဌာန်ကျကျ ပြောရလျှင်၊ သူသည် ဘုရားသခင်နောက်သို့ လိုက်လျှောက်ခဲ့သော်လည်း၊ ဘုရားသခင်သည် သူ့ထံ မည်သည့်အခါမျှ ပေါ်ထွန်းခဲ့ခြင်းမရှိပေ သို့မဟုတ် သူ့ကို စကားပြောခဲ့ခြင်း မရှိပေ။ ဤသည်မှာ အဖြစ်မှန်တစ်ခု ဖြစ်သည် မဟုတ်လော။ ဘုရားသခင်သည် ယောဘကို စကားမပြောခဲ့ဖူးသော်လည်း သို့မဟုတ် ယောဘကို အမိန့်တစ်ခုတစ်လေ မပေးဖူးခဲ့သော်လည်း၊ ယောဘသည် ဘုရားသခင်၏ တည်ရှိခြင်းကို မြင်ခဲ့ပြီးဖြစ်ကာ အရာခပ်သိမ်း အလယ်နှင့် သူ၏နားဖြင့် ဘုရားသခင်အကြောင်း ကြားခဲ့ဖူးသော ဒဏ္ဍာရီထဲမှ ဘုရားသခင်၏ အချုပ်အခြာအာဏာကို ရှုမြင်ခဲ့ရပြီး ဖြစ်သည်၊ ယင်းနောက်တွင် သူသည် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်း အသက်တာကို စတင်ခဲ့လေသည်။ ယင်းမှာ ဘုရားသခင်နောက်သို့ ယောဘ လိုက်လျှောက်ခဲ့သည့် ဇာစ်မြစ်များနှင့် ဖြစ်စဉ်တို့ ဖြစ်ခဲ့ပေသည်။ သို့သော် သူသည် ဘုရားသခင်ကို မည်သို့ ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ခဲ့သည်ဖြစ်စေ၊ သူ၏ တည်ကြည်မှုကို မည်မျှ ခိုင်မြဲစွာ သူ ထိန်းသိမ်းခဲ့ပါစေ၊ ဘုရားသခင်သည် သူ့ထံ လုံးဝ မပေါ်ထွန်းခဲ့ပေ။ ဤကျမ်းပိုဒ်ကို ဖတ်ကြပါစို့။ သူက၊ “ငါ့ရှေ့မှာကြွတော်မူ၍ ကိုယ်တော်ကိုငါမမြင်ရ။ လျှောက်သွားတော်မူ၍ ကိုယ်တော်ကို ငါမရိပ်မိရ။” (ယောဘ ၉:၁၁) ဟူ၍ ဆိုခဲ့သည်။ ဤနှုတ်ကပတ်တော်များက ဆိုနေသောအရာမှာ ယောဘသည် သူ၏ အနီးအနားတွင် ဘုရားသခင်ကို ခံစားရကောင်း ခံစားရမည် သို့မဟုတ် ခံစားရကောင်းခံစားရမည်မဟုတ်- သို့သော်လည်း သူသည် ဘုရားသခင်ကို မည်သည့်အခါမျှ မြင်ဖူးခြင်း မရှိနိုင်ခဲ့ပေ။ ဘုရားသခင်သည် သူ၏ရှေ့၌ ဖြတ်သွားခြင်း သို့မဟုတ် လုပ်ဆောင်နေခြင်း သို့မဟုတ် လူသားကို လမ်းပြနေခြင်းအား သူစိတ်ကူးမိခဲ့သည့် အချိန်များ ရှိခဲ့သော်လည်း၊ မည်သည့်အခါမျှ သူ မသိခဲ့ဖူးပေ။ ဘုရားသခင်သည် လူသားအပေါ် လူသား မမျှော်လင့်ထားသည့် အချိန်၌ ကြွလာတတ်သည်။ လူသားသည် သူ့ထံ ဘုရားသခင် မည်သည့်အချိန်၌ ကြွလာသည်ကို သို့မဟုတ် သူ့အပေါ် မည်သည့်နေရာတွင် ကြွလာသည်ကို မသိပေ။ အဘယ့်ကြောင့်ဆိုသော် လူသားသည် ဘုရားသခင်ကို မမြင်နိုင်သောကြောင့်ဖြစ်ပြီး၊ ထိုကြောင့် လူသားအဖို့ ဘုရားသခင်သည် သူ့ထံမှ ကွယ်ဝှက်လေသည်။
ဘုရားသခင်၌ ယောဘ၏ ယုံကြည်ခြင်းသည် ဘုရားသခင်က သူ့ထံမှ ကွယ်ဝှက်သည်ဟူသော အချက်အားဖြင့် တုန်လှုပ်ခြင်း မရှိပေ
သမ္မာကျမ်း၏ အောက်ပါကျမ်းပိုဒ်တွင်၊ ထိုအခါ ယောဘက၊ “ယခုမူကား၊ ငါတက်လျှင် ဘုရားသခင်ရှိတော်မမူ။ ဆုတ်လျှင် ကိုယ်တော်ကို မရိပ်မိ၊ လုပ်တော်မူရာ လက်ဝဲဘက်သို့သွားလျှင် ကိုယ်တော်ကို မဖူးမတွေ့ရ။ လက်ျာဘက်၌ ပုန်းရှောင်လျက် နေတော်မူသောကြောင့်၊ ကိုယ်တော်ကိုမမြင်ရ။” (ယောဘ ၂၃:၈-၉) ဟု ဆိုလေသည်။ ဤဖြစ်စဉ်၌၊ ယောဘ၏ အတွေ့အကြုံများတွင် ဘုရားသခင်သည် တစ်လျှောက်လုံး သူ့အဖို့ ပုန်းကွယ်ခဲ့ပြီးဖြစ်သည်ကို ငါတို့သိရသည်။ ဘုရားသခင်သည် သူ့ထံ ပွင့်ပွင့်လင်းလင်း ပေါ်မလာခဲ့ဖူးသကဲ့သို့၊ သူ့အား စကားတစ်ခွန်းကိုမျှ ပွင့်ပွင့်လင်းလင်း မပြောခဲ့ဖူးပေ၊ သို့သော် သူ၏ စိတ်နှလုံးထဲ၌ ယောဘသည် ဘုရားသခင်၏ တည်ရှိခြင်းနှင့်သက်ဆိုင်၍ စိတ်ချယုံကြည်ခဲ့သည်။ ဘုရားသခင်သည် သူ၏ရှေ့၌ လျှောက်လှမ်းနေနိုင်သည်၊ သို့မဟုတ် သူ၏နံဘေး၌ အရေးယူဆောင်ရွက်နေနိုင်ပြီး၊ ဘုရားသခင်ကို သူမမြင်နိုင်ခဲ့သော်လည်း၊ ဘုရားသခင်သည် သူနှင့်ပတ်သက်သမျှ အရာရာတိုင်းကို အုပ်စိုးရင်း သူ၏ဘေး၌ ရှိခဲ့သည်ဟု အမြဲ ယုံကြည်ခဲ့သည်။ ယောဘသည် ဘုရားသခင်ကို မည်သည့်အခါမျှ မမြင်ခဲ့ဖူးသော်လည်း၊ သူ၏ ယုံကြည်ခြင်းအတိုင်း နေနိုင်ခဲ့သည်၊ ယင်းမှာ အခြားမည်သည့်လူမျှ မလုပ်ဆောင်နိုင်ခဲ့သည့် အရာ ဖြစ်သည်။ အဘယ်ကြောင့် ယင်းကို အခြားလူများ မလုပ်နိုင်ခဲ့သနည်း။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် ယောဘထံ စကားမပြောခဲ့သောကြောင့် သို့မဟုတ် သူ့ထံ ပေါ်မလာခဲ့သောကြောင့် ဖြစ်ပြီး၊ အကယ်၍ သူသည် အမှန်တကယ် မယုံကြည်ခဲ့ဖူးပါက၊ သူရှေ့ဆက်သွားနိုင်ခဲ့မည် မဟုတ်သကဲ့သို့ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်း လမ်းခရီးကို မြဲမြံစွာ ထိန်းထားနိုင်ခဲ့မည် မဟုတ်ပေ။ ဤသည်မှာ မှန်သည် မဟုတ်လော။ ယောဘက ဤစကားများ ပြောနေသည်ကို သင်ဖတ်ရသည့်အခါ မည်ကဲ့သို့ ခံစားရသနည်း။ ယောဘ၏ စုံလင်ခြင်းနှင့် ဖြောင့်မတ်ခြင်း၊ ပြီးလျှင် ဘုရားသခင်ရှေ့၌ သူ၏ဖြောင့်မတ်ခြင်းတို့မှာ စစ်မှန်ပြီး ဘုရားသခင်ဘက်မှ ပုံကြီးချဲ့ပြောခြင်းတစ်ခု မဟုတ်သည်ကို သင် ခံစားရသလော။ ဘုရားသခင်သည် ယောဘအား အခြားလူများနည်းတူ ဆက်ဆံခဲ့ပြီး သူ့ထံ ပေါ်မလာခဲ့သော်လည်း သို့မဟုတ် စကားမပြောခဲ့သော်လည်း၊ ယောဘသည် သူ၏တည်ကြည်မှုကို ဆက်၍ မြဲမြံစွာ ထိန်းသိမ်းဆဲဖြစ်ခဲ့သည်၊ ဘုရားသခင်၏ အချုပ်အခြာအာဏာကို ယုံကြည်ဆဲဖြစ်ခဲ့သည့်အပြင်၊ ဘုရားသခင်ကို ပြစ်မှားမိမည်ကို သူ၏ ကြောက်ရွံ့မှု အကျိုးဆက်အနေဖြင့် ဘုရားသခင်ရှေ့၌ မီးရှို့ရာယဇ်များကို မကြာခဏ ပူဇော်ဆက်ကပ်ကာ ဆုတောင်းခဲ့သည်။ ဘုရားသခင်ကို မမြင်ရဘဲ ဘုရားသခင်အား ယောဘ၏ ကြောက်ရွံ့နိုင်စွမ်းတွင်၊ သူသည် အပြုသဘောဆောင်သော အရာများကို မည်မျှ ချစ်မြတ်နိုးသည်ဆိုသည်နှင့် သူ၏ယုံကြည်ခြင်းက မည်မျှ ခိုင်မာပြီး စစ်မှန်သည်ကို ငါတို့မြင်ကြရသည်။ ဘုရားသခင်သည် သူ့ထံမှ ပုန်းကွယ်ခဲ့သောကြောင့်၊ ဘုရားသခင်၏ တည်ရှိမှုကို သူ မငြင်းပယ်ခဲ့သကဲ့သို့၊ ဘုရားသခင်ကို မည်သည့်အခါမျှ မမြင်ခဲ့ဖူးသောကြောင့်၊ သူ၏ယုံကြည်ခြင်းကို မဆုံးရှုံးခဲ့သကဲ့သို့ ဘုရားသခင်ကို မစွန့်ပစ်ခဲ့ပေ။ ယင်းအစား အရာခပ်သိမ်းအပေါ် အုပ်စိုးခြင်းနှင့်သက်ဆိုင်သည့် ဘုရားသခင်၏ ကွယ်ဝှက်သော အမှုအလယ်တွင် ဘုရားသခင်၏ တည်ရှိခြင်းကို သူ နားလည်ခဲ့ပြီး ဖြစ်ကာ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် တန်ခိုးကို ခံစားခဲ့ရပြီး ဖြစ်သည်။ ဘုရားသခင် ပုန်းကွယ်ခဲ့သောကြောင့် ဖြောင့်မတ်ခြင်း အပေါ် သူလက်မလျှော့ခဲ့သာမက၊ ဘုရားသခင်သည် မည်သည့်အခါမျှ သူ့ထံ မပေါ်ထွန်းခဲ့သောကြောင့် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှု ရှောင်ကြဉ်ခြင်း လမ်းခရီးကို သူမစွန့်ပယ်ခဲ့ပေ။ ယောဘသည် အရာခပ်သိမ်း၏အလယ်၌ ဘုရားသခင်၏ အချုပ်အခြာ အာဏာကို ရှုမြင်ခဲ့နှင့်ပြီးဖြစ်သကဲ့သို့ သူသည် အခြားသူများ မရခဲ့ဖူးသည့် ကောင်းချီးမင်္ဂလာများနှင့် ကျေးဇူးတော်များကို ရရှိခဲ့ပြီးဖြစ်သည်ဟု ယုံကြည်ခဲ့သည့်အတွက်၊ ဘုရားသခင်၏ တည်ရှိမှုကို သက်သေပြရန် ဘုရားသခင်အား သူ့ထံ ပွင့်လင်းစွာ ပေါ်ထွန်းလာဖို့ မည်သည့်အခါမျှ သူ မတောင်းဆိုခဲ့ပေ။ ဘုရားသခင်သည် ယောဘထံမှ ကွယ်ဝှက်မြဲကွယ်ဝှက် နေခဲ့သော်လည်း၊ ဘုရားသခင်၌ ယောဘ၏ ယုံကြည်ခြင်းသည် မည်သည့်အခါမျှ မတုန်လှုပ်ခဲ့ပေ။ ထို့ကြောင့် သူသည် အခြားသူများ မရိတ်သိမ်းခဲ့ဖူးသည့် ဘုရားသခင်၏ လက်ခံခြင်းနှင့် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာကို ရိတ်သိမ်းခဲ့ရပေသည်။
ယောဘသည် ဘုရားသခင်၏ နာမကို ကောင်းချီးပေးပြီး ကောင်းချီးမင်္ဂလာများ သို့မဟုတ် ဘေးဒုက္ခ အကြောင်း မတွေးပေ
သမ္မာကျမ်းစာထဲရှိ ယောဘ၏ အဖြစ်အပျက်များကို မည်သည့်အခါမျှ ရည်ညွှန်းခဲ့ခြင်း မရှိသော အမှန်တရား တစ်ခုရှိပြီး၊ ဤအမှန်တရားမှာ ယနေ့ ငါတို့အာရုံပြုမည့်အရာ ဖြစ်သည်။ ယောဘသည် ဘုရားသခင်ကို မည်သည့်အခါမျှ မမြင်ခဲ့ဖူးသော်လည်း သို့မဟုတ် သူ၏ နားဖြင့် ဘုရားသခင်၏ စကားများကို မကြားခဲ့ဖူးသော်လည်း၊ ဘုရားသခင်သည် ယောဘ၏ စိတ်နှလုံးထဲ၌ နေရာတစ်ခု ရှိခဲ့သည်။ ဘုရားသခင်အပေါ် ယောဘ၏ သဘောထားမှာ အဘယ်အရာဖြစ်ခဲ့သနည်း။ ယင်းမှာ ယခင်က ရည်ညွှန်း ခဲ့သည့်အတိုင်း၊ “ယေဟောဝါ၏ နာမတော်သည် မင်္ဂလာရှိပါစေ။” ဟူ၍ ဖြစ်သည်။ ဘုရားသခင်၏နာမကို သူ၏ကောင်းချီးပေးခြင်းသည် ခြွင်းချက်မရှိပေ၊ မည်သည့် အခြေအနေတွင်မဆို ဖြစ်ပြီး၊ မည်သည့်အကြောင်းရင်းဖြင့်မျှ ဘောင်ခတ်မထားပေ။ ယောဘသည် ဘုရားသခင်အား ထိန်းချုပ်ခွင့်ပေးလျက် သူ၏စိတ်နှလုံးကို ပေးခဲ့သည်ကို ငါတို့မြင်ရသည်။ သူတွေးသမျှ၊ သူဆုံးဖြတ်သမျှနှင့် သူ၏စိတ်နှလုံးထဲ၌ သူကြံစည်သမျှအားလုံးသည် ဘုရားသခင်အဖို့ ဖွင့်ချထားခဲ့ပြီး ဘုရားသခင်ထံမှ ပိတ်ပင်မထားခဲ့ပေ။ သူ၏ စိတ်နှလုံးသည် ဘုရားသခင်ကို မဆန့်ကျင်ခဲ့သကဲ့သို့၊ ဘုရားသခင်အား သူ့အတွက် တစ်ခုတစ်လေ လုပ်ဆောင်ပေးရန် သို့မဟုတ် သူ့အား တစ်ခုတစ်လေ ပေးရန် မည်သည့်အခါမျှ မတောင်းဆိုခဲ့ပေ၊ ပြီးလျှင် ဘုရားသခင်အား သူ၏ကိုးကွယ်ခြင်းမှ တစ်ခုတစ်လေကို ရရှိမည်ဟူသော လွန်ကဲသည့် အလိုဆန္ဒများကို သူ သိုထားခြင်း မရှိခဲ့ပေ။ ယောဘသည် ဘုရားသခင်နှင့် အပေးအယူစကားများ မပြောခဲ့သကဲ့သို့၊ ဘုရားသခင်အပေါ် တောင်းခံချက်များနှင့် တောင်းဆိုချက်များ မပြုလုပ်ခဲ့ပေ။ ဘုရားသခင်၏နာမကို သူ၏ချီးမွမ်းခြင်းသည် အရာခပ်သိမ်းကို အုပ်စိုးခြင်းထဲက ဘုရားသခင်၏ ကြီးမြတ်သော တန်ခိုးနှင့် ဩဇာအာဏာကြောင့် ဖြစ်ခဲ့ပြီး၊ ယင်းသည် ကောင်းချီးမင်္ဂလာများကို သူရခဲ့ခြင်း ရှိမရှိ သို့မဟုတ် ဘေးဒုက္ခ ဆိုက်ရောက်သည်ကို ခံခဲ့ရခြင်း ရှိမရှိဆိုသည့်အပေါ် မမူတည်ခဲ့ပေ။ ဘုရားသခင်သည် လူတို့အား ကောင်းချီးပေးသည် ဖြစ်စေ၊ ၎င်းတို့အပေါ် ဘေးဒုက္ခ ကျရောက်စေသည်ဖြစ်စေ၊ ဘုရားသခင်၏ တန်ခိုးနှင့် ဩဇာအာဏာသည် ပြောင်းလဲလိမ့်မည် မဟုတ်သကဲ့သို့ ထိုသို့ဖြင့်၊ လူတစ်ဦး၏ အခြေအနေများကို ပဓာနမထားဘဲ၊ ဘုရားသခင်၏ နာမကို ချီးမွမ်းသင့်သည်ဟု သူ ယုံကြည်ခဲ့သည်။ လူသားသည် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာကို ခံစားရသည်မှာ ဘုရားသခင်၏ အချုပ်အခြာအာဏာကြောင့် ဖြစ်ပြီး လူသားအပေါ် ဘေးဒုက္ခ ကျရောက်သည့်အခါတွင်လည်း ယင်းမှာ ဘုရားသခင်၏ အချုပ်အခြာ အာဏာကြောင့် ဖြစ်ပေသည်။ ဘုရားသခင်၏ တန်ခိုးနှင့် ဩဇာအာဏာသည် လူသားနှင့်ပတ်သက်သည့် အရာရာတိုင်းအပေါ် အုပ်စိုးပြီး ပြင်ဆင်၏။ လူသား ကံကြမ္မာ၏ မတည်တံ့ခြင်းများမှာ ဘုရားသခင်၏ တန်ခိုးနှင့် ဩဇာအာဏာတို့၏ သရုပ်သကန်များ ဖြစ်ကြပြီး၊ တစ်ဦးတစ်ယောက်၏ အမြင်ကို ပဓာနမထားဘဲ၊ ဘုရားသခင်၏ နာမကို ချီးမွမ်းသင့်ပေသည်။ ဤသည်မှာ ယောဘသည် သူ၏ အသက်တာ နှစ်ကာလများအတွင်းတွင် တွေ့ကြုံခံစားခဲ့ပြီး သိရှိလာခဲ့သည့် အရာ ဖြစ်သည်။ ယောဘ၏ အတွေးများနှင့် လုပ်ရပ်အားလုံးသည် ဘုရားသခင်၏ နားသို့ရောက်ရှိခဲ့ပြီး ဘုရားသခင်ရှေ့သို့ ရောက်ရှိခဲ့ကာ ဘုရားသခင်က အရေးကြီးသည်ဟု မြင်ခဲ့သည်။ ဘုရားသခင်သည် ယောဘ၏ ဤအသိပညာကို မြတ်နိုးခဲ့ပြီး ထိုသို့သော စိတ်နှလုံး တစ်ခုရှိခြင်းအတွက် ယောဘကို တန်ဖိုးထားခဲ့သည်။ ဤစိတ်နှလုံးသည် ဘုရားသခင်၏ အမိန့်ကို အမြဲတစေ စောင့်ဆိုင်းခဲ့ပြီး နေရာအားလုံးနှင့် မည်သည့်အချိန် သို့မဟုတ် မည်သည့်နေရာတွင်ဖြစ်စေ ယင်းသည် သူ့အပေါ် ကျရောက်သည့် အရာမှန်သမျှကို လက်ခံကြိုဆိုခဲ့သည်။ ယောဘသည် ဘုရားသခင်အပေါ် မည်သည့်တောင်းဆိုချက်မျှ မပြုခဲ့ပေ။ မိမိကိုယ်ကိုယ် သူတောင်းဆိုခဲ့သည်မှာ ဘုရားသခင်ထံမှလာသော အစီအစဉ်အားလုံးကို စောင့်ဆိုင်းရန်၊ လက်ခံရန်၊ ရင်ဆိုင်ရန်နှင့် နာခံရန်ဖြစ်သည်။ ဤသည်မှာ သူ၏တာဝန်ဖြစ်သည်ဟု ယောဘယုံကြည်ခဲ့ပြီး ယင်းမှာ ဘုရားသခင် အလိုရှိခဲ့သောအရာ အတိအကျ ဖြစ်ခဲ့ပေသည်။ ယောဘသည် ဘုရားသခင်ကို တစ်ကြိမ်တစ်ခါမျှ မြင်ဖူးခဲ့ခြင်း မရှိသကဲ့သို့၊ စကားတစ်ခွန်းတစ်လေ သူပြောသည်ကို၊ အမိန့်တစ်ခုတစ်လေ သူထုတ်ပြန်သည်ကို၊ သွန်သင်ချက် တစ်ခုတစ်လေ သူပေးသည်ကို သို့မဟုတ် သူ့အား တစ်ခုတစ်လေ ညွှန်ကြားသည်ကို ကြားခဲ့ဖူးခြင်းလည်း မရှိပေ။ ယနေ့ စကားများဖြင့်၊ ဘုရားသခင်သည် သူ့အား သမ္မာတရားနှင့် စပ်လျဉ်းသည့် အသိဉာဏ်ပွင်းလင်းစေခြင်း၊ လမ်းပြခြင်း သို့မဟုတ် ထောက်ပံ့မှုတို့ကို မပေးခဲ့ချိန်တွင် သူ့အတွက် ထိုသို့သော အသိပညာတစ်ခုနှင့် ဘုရားသခင်အပေါ် သဘောထားကို ပိုင်ဆိုင်နိုင်ဖို့ဆိုသည်မှာ- ဤသည်မှာ အဖိုးထိုက်ပြီး သူ့အတွက်မူကား ထိုသို့သော အရာများကို ထင်ရှားစေခြင်းသည် ဘုရားသခင်အတွက် လုံလောက်ခဲ့ပြီး သူ၏ သက်သေခံချက်သည် ဘုရားသခင်၏ ချီးကျူးခြင်းနှင့် ဘုရားသခင်၏ မြတ်နိုးခြင်းကို ခံခဲ့ရလေသည်။ ယောဘသည် ဘုရားသခင်ကို တစ်ကြိမ်တစ်ခါမျှ မြင်ခဲ့ဖူးခြင်း မရှိ သို့မဟုတ် သူ့ထံ ဘုရားသခင်က ကိုယ်တိုင်ကိုယ်ကျ သွန်သင်ချက် တစ်ခုတစ်လေကို ဖွင့်ဟပြောဆိုခြင်းကို ကြားခဲ့ဖူးခြင်း မရှိသော်လည်း၊ ဘုရားသခင်အတွက် သူ၏ စိတ်နှလုံးနှင့် သူကိုယ်တိုင်သည် ဘုရားသခင်ရှေ့တွင် အလွန်လေးနက်သော သဘောတရားအရသာ ပြောဆိုနိုင်သောသူများ၊ ဝါကြွားရုံသာဝါကြွားနိုင်သောသူများနှင့် ယဇ်များကို ပူဇော်ခြင်း အကြောင်း ပြောသော်လည်း၊ ဘုရားသခင်နှင့်သက်ဆိုင်သည့် စစ်မှန်သော အသိပညာ လုံးဝ မရှိခဲ့ဖူးသကဲ့သို့၊ ဘုရားသခင်ကို မည်သည့်အခါမှ အမှန်တကယ် မကြောက်ရွံ့ခဲ့ဖူးသောသူများထက် သာ၍ပင် အဖိုးထိုက်တန် ခဲ့ပေသည်။ အကြောင်းမှာ ယောဘ၏ စိတ်နှလုံးသည် ဖြူစင်ခဲ့ပြီး ဘုရားသခင်ထံမှ မကွယ်ဝှက်ခဲ့သကဲ့သို့၊ သူ၏လူ့သဘာဝသည် ရိုးသားပြီး ကြင်နာစိတ်ရှိကာ တရားမျှတမှုနှင့် အပြုသဘောဆောင်သော အရာကို နှစ်သက်ခဲ့သောကြောင့် ဖြစ်သည်။ ထိုသို့သော စိတ်နှလုံးနှင့် လူ့သဘာဝကို ပိုင်ဆိုင်ထားခဲ့သော ဤကဲ့သို့ လူသားတစ်ဦးတည်းသာ ဘုရားသခင်၏ လမ်းခရီးနောက်သို့ လိုက်နိုင်ပြီး ဘုရားသခင်ကို ကြောက်ရွံ့ကာ မကောင်းမှုကို ရှောင်ကြဉ်နိုင်စွမ်းရှိခဲ့ပေသည်။ ထိုသို့သော လူသား တစ်ဦးသည် ဘုရားသခင်၏ အချုပ်အခြာအာဏာကို မြင်နိုင်မည်ဖြစ်သည်၊ သူ၏ ကြဇာအာဏာနှင့် တန်ခိုးကို မြင်နိုင်မည်ဖြစ်ပြီး သူ၏ အချုပ်အခြာ အာဏာနှင့် အစီအစဉ်များကို နာခံခြင်းအား စွမ်းဆောင် ရရှိနိုင်ခဲ့ပေသည်။ ဤကဲ့သို့သော လူသားတစ်ဦးတည်းသာ ဘုရားသခင်၏နာမကို အမှန်တကယ် ချီးမွမ်းနိုင်ခဲ့ပေသည်။ ယင်းမှာ အဘယ်ကြောင့်ဆိုသော် သူသည် ဘုရားသခင်က သူ့အား ကောင်းချီးပေးမည် မပေးမည် သို့မဟုတ် သူ့အပေါ် ဘေးဒုက္ခ ရောက်စေမည် မရောက်စေမည်ကို မကြည့်ခဲ့သောကြောင့် ဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် အရာရာတိုင်းသည် ဘုရားသခင်၏ လက်တော်ဖြင့် ထိန်းချုပ်ခံရပြီး လူသားအတွက် စိုးရိမ်ဖို့ဆိုသည်မှာ မိုက်မဲမှု၊ မသိနားမလည်မှုနှင့် ဆင်ခြင်တုံတရား ကင်းမဲ့မှု၊ အရာခပ်သိမ်းအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် သက်ဆိုင်သည့် အမှန်တရားအပေါ် သံသယဖြစ်ခြင်းနှင့် ဘုရားသခင်အား မကြောက်ရွံ့ခြင်းတို့၏ လက္ခဏာရပ်တစ်ခု ဖြစ်သည်။ ယောဘ၏ အသိပညာမှာ ဘုရားသခင် အလိုရှိခဲ့သော အရာ အတိအကျ ဖြစ်ခဲ့ပေသည်။ သို့ဆိုလျှင် ယောဘသည် သင်တို့ထက် ဘုရားသခင်နှင့်သက်ဆိုင်သည့် သာ၍ကြီးမားသော အယူအဆဆိုင်ရာ အသိပညာ ရှိခဲ့သလော။ ထိုအချိန်က ဘုရားသခင်၏ အမှုနှင့် မိန့်မြွက်ချက်များမှာ နည်းပါးခဲ့သောကြောင့်၊ ဘုရားသခင်နှင့် သက်ဆိုင်သည့် အသိပညာကို ရရန်မှာ လွယ်သည့်ကိစ္စ မဟုတ်ခဲ့ပေ။ ယောဘ၏ ထိုသို့သော အောင်မြင်မှုတစ်ခုမှာ ခက်ခဲသည့် စွမ်းဆောင်မှုမဟုတ်ခဲ့ပေ။ သူသည် ဘုရားသခင်၏ အမှုကို ကြုံတွေ့ခဲ့ဖူးခြင်း မရှိခဲ့သကဲ့သို့၊ ဘုရားသခင် စကားပြောသည်ကို ကြားဖူးခြင်း သို့မဟုတ် ဘုရားသခင်၏ မျက်နှာကို မြင်ဖူးခြင်းလည်း မရှိပေ။ ဘုရားသခင်အပေါ် ထိုသို့သော သဘောထားတစ်ခု သူရှိနိုင်ခဲ့သည်မှာ ယနေ့ခေတ်လူတို့ ပိုင်ဆိုင်ခြင်းမရှိသော သူ၏ လူ့သဘာဝနှင့် သူ၏ ကိုယ်တိုင်ကိုယ်ကျ လိုက်စားမှုတို့၏ အကျိုးဆက် လုံးလုံးလျားလျား ဖြစ်ခဲ့ပေသည်။ ထို့ကြောင့် ထိုခေတ်၌ ဘုရားသခင်က၊ “မြေကြီးပေါ်တွင် သူနှင့် တူသောသူ တစ်ဦးမျှမရှိ၊ စုံလင်ပြီး တည်ကြည်သောသူ” ဟုဆိုခဲ့ခြင်း ဖြစ်သည်။ ထိုခေတ်၌ ဘုရားသခင်သည် သူနှင့်သက်ဆိုင်သည့် ထိုသို့သော အကဲဖြတ်ချက်တစ်ခုကို ပြုလုပ်နှင့်ပြီးဖြစ်ကာ ထိုသို့သော ကောက်ချက်ချမှုတစ်ခုကို ချမှတ်ခဲ့ခြင်း ဖြစ်သည်။ ယင်းသည် ယနေ့တွင် မည်မျှ သာ၍ မှန်ကန်မည်နည်း။
ဘုရားသခင်သည် လူသားထံမှ ကွယ်ဝှက်သော်လည်း၊ အရာခပ်သိမ်း အလယ် သူ၏ လုပ်ဆောင်ချက်များသည် လူသားအတွက် သူ့ကို သိရန် လုံလောက်ပေသည်
ယောဘသည် ဘုရားသခင်၏ အမှုကို ကိုယ်တိုင်ကိုယ်ကျ တွေ့ကြုံခဲ့ဖူးရန်မဆိုထားနှင့်၊ ဘုရားသခင်၏ မျက်နှာကို မြင်ဖူးခဲ့ခြင်း သို့မဟုတ် ဘုရားသခင်ပြောဆိုသော စကားများကို ကြားဖူးခဲ့ခြင်း မရှိပေ၊ သို့သော် သူ၏စမ်းသပ်မှုများအတောအတွင်းတွင် ဘုရားသခင်ကို သူ၏ကြောက်ရွံ့ခြင်းနှင့် သူ၏သက်သေခံချက်ကို အားလုံး မျက်မြင်တွေ့ကြရကာ၊ ယင်းတို့သည် ဘုရားသခင်၏ချစ်ခြင်း၊ နှစ်သက်ခြင်းနှင့် ချီးကျူးခြင်းကို ခံရလေသည်၊ ပြီးလျှင် လူတို့သည် ယင်းတို့ကို အားကျကြပြီး သဘောကျကြကာ၊ ယင်းထက်ပို၍ပင် ၎င်းတို့၏ ချီးမွမ်းခြင်းများကို သီဆိုကြလေသည်။ သူ၏အသက်တာနှင့် ပတ်သက်၍ ကြီးမြတ်သည့်အရာ သို့မဟုတ် သာမန်ထက် လွန်ကဲသည့်အရာ မည်သည့်အရာမျှမရှိခဲ့ပေ။ သာမန်လူ တစ်ဦးတစ်လေကဲ့သို့ပင်၊ သူသည် နေထွက်ချိန် အလုပ်သွားပြီး နေဝင်ချိန် အနားယူရန် အိမ်ပြန်လာရင်း၊ သာမည အသက်တာ တစ်ခုကို အသက်ရှင်ခဲ့သည်။ ကွဲပြားခြားနားမှုမှာ သူ့ဘဝ၏ အချို့သော သာမည ဆယ်စုနှစ်များတစ်လျှောက်လုံးတွင် အခြားမည်သည့်လူကမျှ မရရှိဖူးသကဲ့သို့၊ ဘုရားသခင်၏လမ်းခရီးကို ထိုးထွင်းသိမြင်မှုတစ်ခု သူရရှိခဲ့ပြီး ဘုရားသခင်၏ ကြီးမြတ်သော တန်ခိုးနှင့် အချုပ်အခြာအာဏာကို သဘောပေါက်ကာ နားလည်ခဲ့သည်။ သူသည် မည်သည့်သာမန်လူမျှထက် သာ၍ မလိမ္မာမပါးနပ်ခဲ့ပေ၊ သူ၏အသက်တာသည် အထူးသဖြင့် ဇွဲမကြီးခဲ့သည့်အပြင်၊ သူသည် မမြင်ရသော အထူး ကျွမ်းကျင်မှုများလည်း မရှိခဲ့ပေ။ သို့သော် သူအမှန်တကယ် ပိုင်ဆိုင်ခဲ့သည်မှာ ရိုးသားပြီး ကြင်နာစိတ်ရှိကာ၊ ဖြောင့်မတ်သော လူ့သဘာဝ၊ မျှတမှု၊ ဖြောင့်မတ်ခြင်းတရားနှင့် အပြုသဘောဆောင်သော အရာများကို နှစ်သက်သော လူ့သဘာဝ တစ်ခု ဖြစ်သည်- ဤအရာများထဲမှာ မည်သည့်အရာကိုမျှ သာမန်လူ အများစုက မပိုင်ဆိုင်ကြပေ။ သူသည် ချစ်ခြင်းနှင့် မုန်းခြင်းကြား ပိုင်းခြားသိမြင်ခဲ့သည်၊ တရားသော အသိစိတ်တစ်ခု ရှိခဲ့သည်၊ အလျှော့မပေးတတ်သကဲ့သို့ ဇွဲကောင်းခဲ့ပြီး၊ သူ၏ စဉ်းစားတွေးခေါ်မှုတွင် အသေးစိတ်ကို စေ့စေ့စပ်စပ် အာရုံစိုက်ခဲ့သည်။ ထို့ကြောင့် ကမ္ဘာမြေပေါ်က သူ၏ သာမည အချိန်ကာလ တစ်လျှောက်လုံးတွင် ဘုရားသခင် ပြုခဲ့ပြီးသော သာမန်ထက် လွန်ကဲသည့် အမှုအရာများ အားလုံးကို သူမြင်ခဲ့ရပြီး ဘုရားသခင်၏ ကြီးမြတ်ခြင်း၊ သန့်ရှင်းခြင်းနှင့် ဖြောင့်မတ်ခြင်းတို့ကို မြင်ခဲ့ရသည်၊ ဘုရားသခင်၏ ပူပန်မှု၊ သဘောထားကြီးမှုနှင့် လူသားအတွက် ကွယ်ကာမှုတို့ကို သူမြင်ခဲ့ရပြီး အထွတ်အမြတ်ဖြစ်သော ဘုရားသခင်၏ ဂုဏ်အသရေရှိခြင်းနှင့် ဩဇာအာဏာကို သူမြင်ခဲ့ရလေသည်။ မည်သည့် ပုံမှန်လူကိုမဆို ကျော်လွန်သည့် ဤအရာများကို ယောဘရနိုင်ခဲ့သည့် ပထမဆုံး အကြောင်းရင်းမှာ သူသည် ဖြူစင်သော စိတ်နှလုံးရှိခဲ့ပြီး၊ သူ၏ စိတ်နှလုံးသည် ဘုရားသခင်နှင့် သက်ဆိုင်ကာ ဖန်ဆင်းရှင်၏ ဦးဆောင်မှုကို ခံခဲ့ရသောကြောင့် ဖြစ်သည်။ ဒုတိယ အကြောင်းရင်းမှာ သူ၏လိုက်စားမှုဖြစ်သည်- အပြစ်အနာအဆာကင်းကာ စုံလင်ခြင်းနှင့် ကောင်းကင်ဘုံ၏အလိုနှင့် ကိုက်ညီသည့်၊ ဘုရားသခင်၏ ချစ်ခြင်းကိုခံရကာ မကောင်းမှုကို ရှောင်ကြဉ်သည့် လူတစ်ဦးဖြစ်ခြင်းနှင့်သက်ဆိုင်သော သူ၏ လိုက်စားခြင်း ဖြစ်သည်။ ယောဘသည် ဘုရားသခင်ကို မမြင်နိုင်စဉ်တွင် သို့မဟုတ် ဘုရားသခင်၏ စကားများကို မကြားနိုင်စဉ်တွင် ဤအရာများကို ပိုင်ဆိုင်ပြီး လိုက်စားခဲ့သည်။ သူသည် ဘုရားသခင်ကို တစ်ကြိမ်တစ်ခါမျှ မမြင်ခဲ့ဖူးသော်လည်း၊ အရာခပ်သိမ်းအပေါ် ဘုရားသခင် အုပ်စိုးသော နည်းလမ်းများကို သူသိလာခဲ့ပြီးဖြစ်ကာ ထိုသို့ ဘုရားသခင်ပြုသော ဉာဏ်ပညာကို နားလည်ခဲ့သည်။ ယောဘသည် ဘုရားသခင် ပြောဆိုသော စကားများကို တစ်ကြိမ်တစ်ခါမျှ မကြားခဲ့ဖူးသော်လည်း၊ သူသည် လူကို ဆုချီးမြှင့်ခြင်းနှင့် လူသားထံမှ ယူဆောင်သွားခြင်း လုပ်ဆောင်ချက် အားလုံးက ဘုရားသခင်ထံမှ လာသည်ကို သိခဲ့သည်။ သူ၏ အသက်တာ နှစ်များမှာ အခြားသော မည်သည့် သာမန်လူမဆို၏ နှစ်များနှင့် မကွာခြားခဲ့သော်လည်း၊ သူ၏ အသက်တာ သာမည ဖြစ်ခြင်းကို အရာခပ်သိမ်းအပေါ် ဘုရားသခင်၏ အချုပ်အခြာ အာဏာနှင့် ပတ်သက်သည့် သူ၏အသိပညာကို ထိခိုက်ဖို့ သို့မဟုတ် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်း လမ်းခရီးနောက် သူ၏လိုက်လျှောက်ခြင်းအပေါ် ထိခိုက်စေရန် သူအခွင့်မပေးခဲ့ပေ။ သူ၏အမြင်တွင်၊ အရာခပ်သိမ်း၏ နိယာမများသည် ဘုရားသခင်၏ လုပ်ဆောင်ချက်များဖြင့် ပြည့်လျက်ရှိပြီး၊ ဘုရားသခင်၏ အချုပ်အခြာအာဏာကို လူတစ်ဦး အသက်တာ၏ မည်သည့် အစိတ်အပိုင်း၌မဆို မြင်၍ရနိုင်ခဲ့သည်။ သူသည် ဘုရားသခင်ကို မြင်ခဲ့ဖူးခြင်း မရှိသော်လည်း၊ ဘုရားသခင်၏ လုပ်ဆောင်ချက်များသည် နေရာတကာ၌ ရှိသည်ကို သူသဘောပေါက်နိုင်ခဲ့ပြီး၊ ကမ္ဘာမြေကြီးပေါ်၌ သူ၏ သာမည အချိန်ကာလအတောအတွင်း၊ သူ၏ အသက်တာ၏ နေရာတိုင်းတွင် ဘုရားသခင်၏ သာမန်ထက် လွန်ကဲပြီး အံ့သြဖွယ်ကောင်းသော လုပ်ဆောင်ချက်များကို သူ မြင်နိုင်ခဲ့သကဲ့သို့ သဘောပေါက်နိုင်ခဲ့ပြီး၊ ဘုရားသခင်၏ အံ့သြဖွယ်ကောင်းသော အစီအစဉ်များကို မြင်နိုင်ခဲ့သည်။ ဘုရားသခင်၏ ကွယ်ဝှက်ခြင်းနှင့် နှုတ်ဆိတ်ခြင်းသည် ဘုရားသခင်၏ လုပ်ဆောင်ချက်များအပေါ် ယောဘ၏ နားလည်သဘောပေါက်ခြင်းအား မတားဆီးခဲ့သကဲ့သို့၊ ယင်းတို့သည် အရာခပ်သိမ်းအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် သက်ဆိုင်သည့် သူ၏ အသိပညာကို မထိခိုက်ခဲ့ပေ။ သူ၏ နေ့စဉ် အသက်တာ ကာလတစ်လျှောက်လုံးတွင် သူ၏ ဘဝသည် ခပ်သိမ်းသောအရာတို့၏ အလယ်၌ ကွယ်ဝှက်နေသော ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို သဘောပေါက်မိခြင်း ဖြစ်ခဲ့ပေသည်။ သူ၏ နေ့စဉ် အသက်တာထဲတွင် အရာခပ်သိမ်း အလယ်၌ နှုတ်ဆိတ်နေသော်လည်း၊ အရာခပ်သိမ်း၏ ဥပဒေသများကို စိုးမိုးခြင်းဖြင့် သူ၏ စိတ်နှလုံး သဘောထားနှင့် သူ၏ နှုတ်ကပတ်တော်များကို ဖော်ပြသော ဘုရားသခင်၏ စိတ်နှလုံး သဘောထားနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကိုလည်း ကြားပြီး နားလည်ခဲ့သည်။ ထိုအခါတွင် အကယ်၍ လူတို့သည် ယောဘကဲ့သို့ အလားတူ လူ့သဘာဝနှင့် လိုက်စားမှုရှိပါက၊ ယောဘကဲ့သို့ အလားတူ သဘောပေါက်ခြင်းနှင့် အသိပညာကို ရရှိနိုင်ပြီး၊ အရာခပ်သိမ်းအပေါ် ဘုရားသခင်၏ အချုပ်အခြာ အာဏာနှင့်သက်ဆိုင်သည့် အလားတူ သိနားလည်မှုနှင့် အသိပညာတို့ကို ယောဘကဲ့သို့ ရရှိနိုင်သည်ကို သင်တို့ မြင်ရပေသည်။ ဘုရားသခင်သည် ယောဘထံ မပေါ်ထွန်ဖူးခဲ့ သို့မဟုတ် သူ့ကို စကားမပြောခဲ့ဖူးသော်လည်း၊ ယောဘသည် စုံလင်ပြီး ဖြောင့်မတ်နိုင်ခဲ့သကဲ့သို့၊ ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်နိုင်ခဲ့သည်။ တစ်နည်းအားဖြင့် လူသားထံ ဘုရားသခင် ပေါ်ထွန်းလာခြင်း သို့မဟုတ် စကားပြောဆိုခြင်း မရှိဘဲ၊ အရာခပ်သိမ်းအလယ် ဘုရားသခင်၏ လုပ်ဆောင်ချက်များနှင့် အရာခပ်သိမ်းအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာတို့သည် ဘုရားသခင်၏ တည်ရှိခြင်း၊ တန်ခိုးနှင့် ဩဇာအာဏာကို သိလာရန် လူသားအတွက် လုံလောက်ပြီး ဘုရားသခင်၏တန်ခိုးနှင့် ဩဇာအာဏာသည် လူအား ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှု ရှောင်ကြဉ်ခြင်း လမ်းခရီးကို လိုက်လျှောက်စေဖို့ လုံလောက်ပေသည်။ ယောဘကဲ့သို့သော သာမန်လူသားတစ်ဦးသည် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်းအား စွမ်းဆောင်ရရှိနိုင်ခဲ့သည့်အတွက်၊ ဘုရားသခင်နောက်သို့လိုက်သော သာမန်လူတိုင်းသည်လည်း စွမ်းဆောင်ရရှိနိုင်သင့်သည်။ ဤစကားများသည် ကျိုးကြောင်းဆီလျော်သော ကောက်ချက်သဖွယ် ထင်ရနိုင်သော်လည်း၊ ဤအရာသည် အမှုအရာများ၏ ဥပဒေသများကို ဆန့်ကျင်ခြင်း မရှိပေ။ သို့သော်လည်း အဖြစ်မှန်များသည် မျှော်လင့်ချက်များနှင့် ကိုက်ညီခြင်း မရှိသေးပေ- ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်းသည် ယောဘနှင့် ယောဘ တစ်ဦးတည်း၏ ကျွမ်းကျင်မှု ဖြစ်သည်ဟု ထင်ရပေမည်။ “ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်း” ဟုဆိုရာတွင်၊ လူတို့က ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်း လမ်းခရီးမှာ ယောဘ၏ အမည်ဖြင့်သာ တံဆိပ်တပ်ထားပြီး အခြားလူများနှင့် မည်သို့မျှ မပတ်သက်သည့်အလား၊ ဤသည်မှာ ယောဘသာလျှင် လုပ်ဆောင်သင့်သည်ဟု ထင်ကြလေသည်။ ဤအရာအတွက် အကြောင်းရင်းမှာ သိသာထင်ရှားပေသည်- ယောဘ တစ်ဦးတည်းသာလျှင် ရိုးသားသော၊ ကြင်နာစိတ်ရှိကာ ဖြောင့်မတ်သကဲ့သို့၊ မျှတမှုနှင့် ဖြောင့်မတ်ခြင်းအပြင် အပြုသဘောဆောင်သော အရာများကို နှစ်သက်သည့် ပင်ကိုစရိုက်တစ်ခုကို ပိုင်ဆိုင်ခဲ့သောကြောင့်ဖြစ်သည်၊ ထို့ကြောင့် ယောဘ တစ်ဦးတည်းသာလျှင် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ခြင်း လမ်းခရီးကို လိုက်လျှောက်နိုင်ခဲ့ခြင်း ဖြစ်သည်။ ဤနေရာတွင် ဆိုလိုချက်ကို သင်တို့အားလုံး နားလည်ထားပြီးဖြစ်ရမည်- အဘယ်ကြောင့်ဆိုသော် ရိုးသားသော၊ ကြင်နာစိတ်ရှိပြီး၊ ဖြောင့်မတ်ကာ၊ မျှတမှုနှင့် ဖြောင့်မတ်ခြင်း၊ ပြီးလျှင် အပြုသဘောဆောင်သော အရာကို နှစ်သက်သော လူ့သဘာဝတစ်ခုကို မည်သူမျှ မပိုင်ဆိုင်သောကြောင့်၊ ဘုရားသခင်ကို မည်သူမျှ မကြောက်ရွံ့နိုင်သကဲ့သို့ မကောင်းမှုကို မရှောင်နိုင်ကြပေ၊ ထို့ကြောင့် ၎င်းတို့သည် ဘုရားသခင်၏ ဝမ်းမြောက်ခြင်းကို မည်သည့်အခါမျှ မရရှိနိုင်ပေ သို့မဟုတ် စမ်းသပ်မှုများအလယ်တွင် မြဲမြံစွာ မရပ်တည်နိုင်ကြပေ။ ဤသည်မှာ ယောဘမှလွဲ၍ လူအားလုံးသည် စာတန်၏ ချုပ်နှောင်ခြင်းကို ခံရဆဲဖြစ်ပြီး ပိတ်မိခြင်း ခံရဆဲဖြစ်သည်ကိုလည် ဆိုလိုပေသည်။ ၎င်းတို့ အားလုံးသည် စာတန်၏ စွပ်စွဲခြင်း၊ တိုက်ခိုက်ခြင်းနှင့် နှိပ်စက်ခြင်းကို ခံကြရသည်။ ၎င်းတို့သည် စာတန်က ဝါးမြိုရန် ကြိုးစားနေသည့် သူများဖြစ်ကြပြီး၊ ၎င်းတို့အားလုံးသည် လွတ်လပ်မှု ကင်းမဲ့ကြသည်၊ စာတန်၏ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီးသော အကျဉ်းသားများ ဖြစ်ကြလေသည်။
အကယ်၍ လူ၏ စိတ်နှလုံးသည် ဘုရားသခင်ကို ရန်လိုပါက၊ လူသည် ဘုရားသခင်ကို အဘယ်သို့ ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်နိုင်မည်နည်း
ယနေ့ လူများသည် ယောဘကဲ့သို့ အလားတူ လူ့သဘာဝကို မပိုင်ဆိုင်ကြသည့်အတွက်၊ ၎င်းတို့၏ သဘာဝ အနှစ်သာရ အဖြစ်အနေနှင့် ဘုရားသခင်အပေါ် ၎င်းတို့၏ သဘောထားမှာ အဘယ်နည်း။ ၎င်းတို့သည် ဘုရားသခင်ကို ကြောက်ရွံ့ကြသလော။ မကောင်းမှုကို ရှောင်ကြဉ်ကြသလော။ ဘုရားသခင်ကို မကြောက်ရွံ့သောသူများ သို့မဟုတ် မကောင်းမှု မရှောင်ကြဉ်သူများကို စကားလုံးအနည်းငယ်ဖြင့်သာ ပေါင်းရုံးဖော်ပြ၍ ရသည်- “ဘုရားသခင်၏ ရန်သူများ” ဟူ၍ ဖြစ်သည်။ သင်တို့သည် ဤစကားများကို မကြာခဏ ပြောကြသော်လည်း၊ ယင်းတို့၏ အဓိပ္ပာယ်အမှန်ကို လုံးဝ မသိကြပေ။ “ဘုရားသခင်၏ ရန်သူများ” ဟူသော စကားလုံးများတွင် အနှစ်သာရရှိသည်- ယင်းတို့က ဘုရားသခင်သည် လူသားကို ရန်သူအဖြစ် မြင်သည်ဟု ပြောနေခြင်း မဟုတ်ဘဲ၊ လူက ဘုရားသခင်ကို ရန်သူအဖြစ် မြင်နေခြင်း ဖြစ်သည်။ ပထမဦးစွာ လူတို့သည် ဘုရားသခင်ကို စတင်ယုံကြည်သည့်အခါတွင်၊ ၎င်းတို့ထဲမှ မည်သူသည် မိမိတို့၏ ကိုယ်ပိုင် ရည်မှန်းချက်များ၊ ကြံရွယ်ချက်များနှင့် မျှော်မှန်းချက်များ မရှိသနည်း။ ၎င်းတို့၏ တစ်စိတ်တစ်ဒေသသည် ဘုရားသခင်၏ တည်ရှိခြင်းကို ယုံကြည်ပြီး ဘုရားသခင်၏ တည်ရှိခြင်းကို မြင်ဖူးသော်လည်း၊ ဘုရားသခင်၌ ၎င်းတို့၏ ယုံကြည်မှုတွင် ကြံရွယ်ချက်များ ပါရှိနေဆဲဖြစ်ပြီး ဘုရားသခင်ကို ယုံကြည်ရာတွင် ၎င်းတို့၏ အဆုံးစွန်သော ရည်မှန်းချက်မှာ သူ၏ကောင်းချီးမင်္ဂလာများနှင့် ၎င်းတို့ အလိုရှိသော အရာများကို ရရှိရန် ဖြစ်သည်။ လူတို့၏ ဘဝအတွေ့အကြုံများတွင်၊ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် မကြာခဏ တွေးတတ်ကြသည်၊ ကျွန်ုပ်သည် ဘုရားသခင်အတွက် ကျွန်ုပ်၏ မိသားစုနှင့် အသက်မွေးအလုပ်ကို လက်လွှတ်ပြီးလေပြီ၊ ကိုယ်တော်သည် အကျွန်ုပ်ကို မည်သည့်အရာ ပေးပြီးပြီနည်း။ ကျွန်ုပ်သည် ထပ်ဖြည့်ကာ အတည်ပြုရမည်- လတ်တလောတွင် ကောင်းချီးမင်္ဂလာ တစ်ခုတစ်လေကို ကျွန်ုပ် ရရှိပြီးပြီလော။ အကျွန်ုပ်သည် ဤအချိန်အတောအတွင်းတွင် များစွာ ပေးပြီးဖြစ်သည်၊ အကျွန်ုပ် ပြေးလျက်နေခဲ့ပြီး များစွာ ဆင်းရဲဒုက္ခခံစားရပြီးဖြစ်သည်- ဘုရားသခင်သည် အပြန်အလှန်အနေဖြင့် အကျွန်ုပ်အား ကတိတစ်ခုတစ်လေကို ပေးပြီးပြီလော။ ကိုယ်တော်သည် အကျွန်ုပ်၏ ကောင်းသော လုပ်ဆောင်ချက်များကို အမှတ်ရပြီးပြီလော။ ကျွန်ုပ်၏ အဆုံးသတ်မှာ အဘယ်အရာ ဖြစ်လိမ့်မည်နည်း။ ကျွန်ုပ်သည် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကို ရရှိနိုင်သလော...။ အယောက်တိုင်းသည် ထိုသို့သော တွက်ချက်မှုများကို ၎င်းတို့၏ စိတ်နှလုံးအတွင်းတွင် စဉ်ဆက်မပြတ် ပြုတတ်ကြပြီး ဘုရားသခင်ထံ ၎င်းတို့၏ ကြံရွယ်ချက်များ၊ ရည်မှန်းချက်များနှင့် အပေးအယူဆိုင်ရာ စိတ်နေစိတ်ထားပါရှိသည့် တောင်းဆိုချက်များကို ပြုလုပ်ကြသည်။ ဆိုလိုသည်မှာ လူသားသည် သူ၏ စိတ်နှလုံးထဲတွင် ဘုရားသခင်ကို စဉ်ဆက်မပြတ် စစ်ဆေးနေသည်၊ ဘုရားသခင်နှင့်ပတ်သက်၍ အစီအစဉ်များကို စဉ်ဆက်မပြတ် ဖန်တီးနေပြီး၊ သူ၏ကိုယ်ပိုင် တစ်ကိုယ်ရေ အဆုံးသတ်အတွက် အရေးကိစ္စကို ဘုရားသခင်နှင့် အဆက်မပြတ် ငြင်းခုံနေသကဲ့သို့၊ ဘုရားသခင်ထံမှ ထွက်ဆိုချက်တစ်ခုကို နှိုက်ယူရန် ကြိုးစားနေသည်၊ ဘုရားသခင်က သူအလိုရှိသော အရာကို ပေးမည်၊ မပေးမည်ကို ကြည့်နေလေသည်။ တစ်ချိန်တည်းတွင် ဘုရားသခင်ကို လိုက်စားနေသည်နှင့်အမျှ၊ လူသားသည် ဘုရားသခင်ကို ဘုရားသခင်အဖြစ် သဘောမထားပေ။ လူသည် ဘုရားသခင်အပေါ် မရပ်မနား တောင်းဆိုချက်များ ပြုလုပ်ရင်းနှင့် ခြေလှမ်းတိုင်းတွင် သူ့ကို ဖိအားပေးလျက်၊ ရလေလိုလေ အိုတစ္ဆေ ဖြစ်လျက်၊ ဘုရားသခင်နှင့် အပေးအယူများ လုပ်ရန် အမြဲကြိုးစားပြီးဖြစ်သည်။ ဘုရားသခင်နှင့် အပေးအယူများ လုပ်ရန် ကြိုးစားနေသည်နှင့်အမျှ တစ်ချိန်တည်းတွင် လူသားသည် ဘုရားသခင်နှင့်ငြင်းခုံပြီး စမ်းသပ်မှုများ ၎င်းတို့အပေါ် ကျရောက်ချိန်တွင် သို့မဟုတ် အချို့သော အခြေအနေများ၌ ၎င်းတို့ မိမိတို့ကိုယ်ကိုယ် ရောက်ရှိနေသည်ကို သိချိန်တွင် မကြာခဏ အားနည်းလာကာ၊ မတုန်မလှုပ် ဖြစ်လာပြီး ၎င်းတို့၏ အလုပ်၌ ပေါ့ဆလာပြီး ဘုရားသခင်နှင့်ပတ်သက်၍ ညည်းညူမှုများ အပြည့်ရှိသည့် လူများပင် ရှိလေသည်။ လူက ဘုရားသခင်ကို ပထမဦးဆုံး စတင်ယုံကြည်ခဲ့ချိန်မှစ၍၊ သူသည် ဘုရားသခင်ကို ပေါင်းလန်အောင် များပြားခြင်းတစ်ခု၊ ဆွစ်တပ်မတော် စွယ်စုံသုံးဓားတစ်ခုအဖြစ် သဘောထားခဲ့ပြီး ဘုရားသခင်ထံမှ ကောင်းချီးမင်္ဂလာများနှင့် ကတိများကိုရရန် ကြိုးစားခြင်းမှာ သူ၏ ရှိရင်းစွဲ အခွင့်အရေးနှင့် တာဝန်ဝတ္တရားဖြစ်စဉ်တွင် ဘုရားသခင်၏ တာဝန်မှာ လူသားကို ကာကွယ်ကာ စောင့်ရှောက်ရန်နှင့် ထောက်ပံ့ရန် ဖြစ်သည့်အလား၊ သူ့ကိုယ်သူ ဘုရားသခင်၏ အကြီးဆုံးသော ကြွေးရှင်အဖြစ် သဘောထားခဲ့လေသည်။ ယင်းမှာ ဘုရားသခင်ကို ယုံကြည်သော သူအားလုံး၏ “ဘုရားသခင်အပေါ် ယုံကြည်မှု” ၏ အခြေခံသိနားလည်မှုဖြစ်ပြီး၊ ယင်းမှာ ဘုရားသခင်၌ ယုံကြည်မှု အယူအဆနှင့်ဆိုင်သော ၎င်းတို့၏ အနက်ရှိုင်းဆုံးသော သိနားလည်မှု ဖြစ်သည်။ လူ၏ သဘာဝ အနှစ်သာရမှသည် သူ၏ ဓမ္မဓိဋ္ဌာန်မကျသော လိုက်စားမှုအထိ၊ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် သက်ဆိုင်သောအရာ တစ်ခုမျှ မရှိပေ။ ဘုရားသခင်ကို ယုံကြည်ရာ၌ လူသား၏ ရည်မှန်းချက်မှာ ဘုရားသခင်ကို ကိုးကွယ်ခြင်းနှင့် မည်သည့်အရာမျှ ပတ်သက်နိုင်ခြေ မရှိပေ။ ဆိုလိုသည်မှာ ဘုရားသခင်၌ ယုံကြည်ခြင်းသည် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် ဘုရားသခင်ကို ကိုးကွယ်ခြင်း လိုအပ်သည်ကို လူသားက မည်သည့်အခါမျှ မယူဆဖူးသကဲ့သို့ နားလည်ဖူးခြင်းလည်း မရှိပေ။ ထိုသို့သော အခြေအနေများအရ လူသား၏ အနှစ်သာရသည် သိသာထင်ရှားပေသည်။ ဤအနှစ်သာရမှာ အဘယ်အရာ ဖြစ်သနည်း။ လူသား၏ စိတ်နှလုံးသည် မလိုမုန်းထားတတ်သည်၊ သစ္စာမဲ့ခြင်းနှင့် လှည့်ဖြားမှုကို သိုထားသည်၊ မျှတမှုနှင့် ဖြောင့်မတ်ခြင်း သို့မဟုတ် အပြုသဘောဆောင်သော အရာကို မနှစ်သက်သကဲ့သို့၊ ယင်းသည် စက်ဆုပ်ဖွယ်ဖြစ်ကာ အလိုကြီးလေသည်။ လူသား၏ စိတ်နှလုံးသည် ဘုရားသခင်နှင့် သာ၍ နီးကပ်နိုင်ခြင်း မရှိပေ။ သူသည် စိတ်နှလုံးကို ဘုရားသခင်အား လုံးဝ ပေးအပ်ခြင်း မရှိလေပြီ။ ဘုရားသခင်သည် လူသား၏ စစ်မှန်သော စိတ်နှလုံးကို တစ်ကြိမ်တစ်ခါမျှ မမြင်ဖူးသကဲ့သို့ သူသည် လူသား၏ ကိုးကွယ်ခြင်းကိုလည်း ခံရဖူးခြင်း မရှိပေ။ ဘုရားသခင် ပေးသည့် အဖိုးအခ မည်မျှ ကြီးမားသည်ဖြစ်စေ သို့မဟုတ် အမှုမည်မျှကို သူ ပြုပါစေ၊ သို့မဟုတ် လူသားကို မည်မျှ ထောက်ပံ့ပါစေ၊ လူသားသည် ကျိုးကြောင်းမမြင်မြဲရှိသကဲ့သို့ ယင်းကို လုံးဝ စိတ်ဝင်စားမှု မရှိပေ။ လူသားသည် သူ၏ စိတ်နှလုံးကို ဘုရားသခင်အား မည်သည့်အခါမျှ ပေးဖူးခြင်း မရှိပေ၊ သူ၏စိတ်နှလုံးကို သူကိုယ်တိုင်သာ ဂရုစိုက်ရန်၊ သူ၏ ကိုယ်ပိုင် ဆုံးဖြတ်ချက်များကို ချရန် အလိုရှိလေသည်- ယင်း၏ သွယ်ဝိုက်သော အဓိပ္ပာယ်မှာ လူသားသည် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်း လမ်းခရီးကို မလိုက်လျှောက်ချင် သို့မဟုတ် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို မနာခံချင်သကဲ့သို့ ဘုရားသခင်ကို ဘုရားသခင်အဖြစ် မကိုးကွယ်ချင်ပေဟု ဖြစ်သည်။ ယင်းမှာ ယနေ့ လူသား၏ အခြေအနေ ဖြစ်သည်။ ယခုတွင် ငါတို့ ယောဘကို တစ်ဖန် ကြည့်ကြစို့။ ပထမဆုံးအနေဖြင့်၊ သူသည် ဘုရားသခင်နှင့် အပေးအယူ တစ်ခု လုပ်ခဲ့သလော။ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်း လမ်းခရီးကို မြဲမြံစွာ ထိန်းသိမ်းရာတွင် ဖုံးကွယ်ထားသော ရည်မှန်းချက် တစ်ခုတစ်လေ သူ၌ရှိခဲ့ပါသလော။ ထိုအချိန်က ဘုရားသခင်သည် ရောက်လာမည့် အဆုံးသတ်ကို တစ်ဦးတစ်ယောက်အား ပြောဖူးပါသလော။ ထိုအချိန်က ဘုရားသခင်သည် အဆုံးသတ်နှင့် ပတ်သက်၍ မည်သူကိုမျှ ကတိများ မပေးခဲ့ဖူးသကဲ့သို့၊ ယင်းသည် ယောဘက ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်နိုင်ခဲ့သည်ဟူသော ဤနောက်ခံအကြောင်းအရာနှင့် ဆန့်ကျင်ဘက် ဖြစ်ခဲ့ပေသည်။ ယနေ့လူများသည် ယောဘနှင့် နှိုင်းယှဉ်ခြင်းကို ခံနိုင်ပါသလော။ ကွာဟချက် အလွန်များလှ၏။ ၎င်းတို့သည် မတူညီသော အတန်းအစားများ၌ ရှိကြသည်။ ယောဘသည် ဘုရားသခင်နှင့် သက်ဆိုင်သည့် အသိပညာ များစွာ မရှိခဲ့သော်လည်း၊ သူသည် သူ၏စိတ်နှလုံးကို ဘုရားသခင်ထံ ပေးခဲ့ပြီးဖြစ်ကာ ယင်းသည် သူ၏ ဘုရားသခင်နှင့် သက်ဆိုင်ခဲ့သည်။ သူသည် ဘုရားသခင်နှင့် မည်သည့်အခါမျှ အပေးအယူ မလုပ်ခဲ့သကဲ့သို့၊ ဘုရားသခင်အပေါ် လွန်ကဲသော အလိုဆန္ဒများ သို့မဟုတ် တောင်းဆိုချက်များ မရှိခဲ့ပေ။ ယင်းအစား “ယေဟောဝါသည် ပေးတော်မူ၏၊ ပြီးလျှင် ယေဟောဝါသည် ပြန်နုတ်သိမ်းတော်မူ၏။” ဟူ၍ သူယုံကြည်ခဲ့သည်။ ဤသည်မှာ ဘဝ၏ နှစ်များစွာတစ်လျှောက်လုံးတွင် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်း လမ်းခရီးအတိုင်း ထိန်းသိမ်းရာမှ သူမြင်ပြီး ရရှိခဲ့ပြီးဖြစ်သည့်အရာ ဖြစ်သည်။ ထို့နည်းတူ “ငါတို့သည် ဘုရားသခင်၏လက်တော်မှ သုခချမ်းသာကို ခံယူသည်ဖြစ်၍၊ ဒုက္ခဆင်းရဲကို မခံမယူရာသလော” ဟူသည့် နှုတ်ကပတ်တော်များတွင် ပါရှိသည့် ရလဒ်ကိုလည်း သူရခဲ့ပြီးဖြစ်သည်။ ဤဝါကျနှစ်ကြောင်းမှာ သူ၏အသက်တာ အတွေ့အကြုံများကာလအတောအတွင်း ဘုရားသခင်အပေါ် သူ၏နာခံခြင်း သဘောထား၏ အကျိုးဆက်တစ်ခုအဖြစ် သူမြင်ခဲ့ကာ သိလာခဲ့ပြီးဖြစ်သည့် အရာဖြစ်ပြီး၊ ယင်းတို့သည် စာတန်၏ စုံစမ်းနှောင့်ယှက်မှုများအတောအတွင်းတွင် သူ့ကို အောင်နိုင်စေခဲ့သော တန်ခိုးအရှိဆုံး လက်နက်များလည်း ဖြစ်သကဲ့သို့၊ ဘုရားသခင်ကို သက်သေခံရာတွင် သူ၏ မြဲမြံစွာ ရပ်တည်ရခြင်း အုတ်မြစ်လည်း ဖြစ်ခဲ့ပေသည်။ ဤနေရာတွင် သင်တို့သည် ယောဘအား နှစ်လိုဖွယ်ကောင်းသူ တစ်ဦးအဖြစ် တွေးကြည့်ကြသလော။ သင်တို့သည် ထိုသို့သော သူတစ်ဦးဖြစ်ရန် မျှော်လင့်ကြသလော။ သင်တို့သည် စာတန်၏ စုံစမ်းနှောင့်ယှက်မှုများကို ကြုံရမည်ကို ကြောက်ရွံ့မိကြသလော။ ယောဘကဲ့သို့ တူညီသော စမ်းသပ်မှုများကို သင်တို့အား ခံစေရန် ဘုရားသခင်ထံ ဆုတောင်းဖို့ သင်တို့ စိတ်ဆုံးဖြတ်ပါသလော။ ထိုသို့သောအရာများအတွက် လူအများစုသည် ဆုတောင်းဝံ့မည် မဟုတ်သည်မှာ သံသယ ဖြစ်ဖွယ် မရှိပေ။ သို့ဆိုလျှင် သင်တို့၏ ယုံကြည်ခြင်းသည် သနားစရာကောင်းလောက်အောင် သေးငယ်သည်မှာ သိသာပေသည်။ ယောဘနှင့် နှိုင်းယှဉ်ပါက၊ သင်တို့၏ ယုံကြည်ခြင်းသည် ဖော်ပြရန်ပင် မထိုက်တန်ပေ။ သင်တို့သည် ဘုရားသခင်၏ ရန်သူများ ဖြစ်ကြ၏၊ သင်တို့သည် ဘုရားသခင်ကို ကြောက်ရွံ့ခြင်း မရှိကြ၊ ဘုရားသခင်အား သင်တို့ သက်သေခံချက်တွင် မြဲမြံစွာ ရပ်တည်နိုင်စွမ်း မရှိကြသကဲ့သို့၊ စာတန်၏ တိုက်ခိုက်မှုများ၊ စွပ်စွဲချက်များနှင့် စုံစမ်းနှောင့်ယှက်မှုများကို သင်တို့ မအောင်မြင်နိုင်ကြပေ။ ဘုရားသခင်၏ ကတိများကို ရရှိရန် မည်သည့်အရာက သင်တို့ကို အရည်အချင်းပြည့်မီစေသနည်း။ ယောဘ၏ အဖြစ်အပျက်ကို ကြားကာ လူသားကို ကယ်တင်ရာ၌ ဘုရားသခင်၏ ရည်ရွယ်ချက်နှင့် လူသား၏ ကယ်တင်ခြင်း အဓိပ္ပာယ်ကို နားလည်လျက်ဖြင့်၊ ယောဘကဲ့သို့ တူညီသော စမ်းသပ်မှုများကို လက်ခံရန် ယခု သင်တို့၌ ယုံကြည်ခြင်း ရှိသလော။ ဘုရားသခင်ကို ကြောက်ရွံ့ခြင်း မကောင်းမှုကို ရှောင်ကြဉ်ခြင်း လမ်းခရီးကို လိုက်လျှောက်ဖို့ မိမိတို့ကိုယ်ကိုယ် အခွင့်ပေးရန် သင်တို့၌ စိတ်ဆုံးဖြတ်ချက် အနည်းငယ် ရှိသင့်သည် မဟုတ်လော။
ဘုရားသခင်၏ စမ်းသပ်မှုများနှင့် ပတ်သက်၍ ဒွိဟများ မရှိစေနှင့်
ယောဘ၏ စမ်းသပ်မှုများ အဆုံးသတ်ပြီးနောက် သူ့ထံမှ သက်သေခံချက်ကို ရပြီးသည့်နောက်တွင်၊ ယောဘကဲ့သို့သော လူများ ပါဝင်သည့် အုပ်စုတစ်စု- သို့မဟုတ် တစ်စုထက်ပိုသော- အုပ်စုများကို ရယူမည်ဟု ဘုရားသခင် စိတ်ဆုံးဖြတ်ခဲ့သည်၊ သို့သော် စာတန်က ဘုရားသခင်နှင့် အလောင်းအစား လုပ်ခြင်းအားဖြင့် ယောဘအား စုံစမ်းနှောင့်ယှက်ကာ၊ တိုက်ခိုက်ခဲ့ပြီး နှိပ်စက်ညှဉ်းပန်းခဲ့သော နည်းလမ်းများကို အသုံးပြုလျက် အခြားမည်သည့်လူကိုမျှ တိုက်ခိုက်ရန် သို့မဟုတ် နှိပ်စက်ရန် စာတန်ကို မည်သည့်အခါမျှ တစ်ဖန် အခွင့်မပေးရန် ဘုရားသခင် စိတ်ဆုံးဖြတ်ခဲ့သည်။ ခွန်အားနည်းပြီး မိုက်မဲကာ မသိနားမလည်သော လူသားအပေါ် ထိုသို့သော အရာများကို တစ်ဖန်လုပ်ဆောင်ရန် စာတန်အား ဘုရားသခင် ခွင့်မပြုခဲ့ပေ- ယောဘကို စာတန် စုံစမ်းနှောင့်ယှက်ခဲ့ပြီးဖြစ်သည်မှာ လုံလောက်ခဲ့ပေသည်။ လူတို့ကို အလိုရှိသည့်အတိုင်း နှိပ်စက်ညှဉ်းပန်းရန် စာတန်အား ဘုရားသခင် အခွင့်မပေးခြင်းသည် ဘုရားသခင်၏ သနားခြင်းကရုဏာ ဖြစ်သည်။ ဘုရားသခင်အတွက်မူကား ယောဘသည် စာတန်၏ စုံစမ်းနှောင့်ယှက်ခြင်းနှင့် နှိပ်စက်မှုကို ခံခဲ့ပြီးသည်မှာ လုံလောက်ခဲ့သည်။ ဘုရားသခင်နောက်သို့ လိုက်သောလူများ၏ အသက်နှင့် အရာရာတိုင်းကို ဘုရားသခင်အုပ်စိုးပြီး စီစဉ်ညွှန်ကြားသည့်အတွက်၊ ထိုသို့သော အရာများကို တစ်ဖန်လုပ်ဆောင်ရန် စာတန်ကို ဘုရားသခင် ခွင့်မပြုခဲ့သကဲ့သို့၊ စာတန်သည် အလိုရှိသည်အတိုင်း ဘုရားသခင် ရွေးချယ်ထားသောသူများကို ကြိုးကိုင်ညွှန်ကြားရန် အခွင့်မရှိပေ- ဤအချက်နှင့်ပတ်သက်ပြီး သင်တို့ ရှင်းလင်းစွာ သိသင့်သည်။ ဘုရားသခင်သည် လူသား၏ အားနည်းချက်ကို ဂရုစိုက်ပြီး သူ၏မိုက်မဲခြင်းနှင့် မသိနားမလည်မှုကို နားလည်၏။ လူသားအနေဖြင့် အလျှင်း ကယ်တင်ခံရနိုင်ရန်အလို့ငှာ၊ ဘုရားသခင်သည် သူ့ကို စာတန်လက်သို့ လွှဲအပ်လိုက်ရသော်လည်း၊ စာတန်၏အရူးလုပ်ခြင်းနှင့် နှိပ်စက်ညှဉ်းပန်းခြင်းတို့အား လူသားခံရသည်ကို မြင်ရန် ဘုရားသခင် လိုလားခြင်းမရှိသကဲ့သို့၊ လူသား အမြဲတစေ ဆင်းရဲဒုက္ခ ခံစားရသည်ကိုလည်း ဘုရားသခင် မမြင်ချင်ပေ။ လူသားကို ဘုရားသခင်က ဖန်ဆင်းခဲ့ပြီး လူသားနှင့် ပတ်သက်၍ အရာရာတိုင်းကို ဘုရားသခင် အုပ်စိုးကာ စီစဉ်သည်မှာ လုံးဝ သဘာဝကျပြီး ကျိုးကြောင်းခိုင်လုံမျှတခြင်း ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ တာဝန်ဖြစ်ပြီး အရာခပ်သိမ်းအပေါ် ဘုရားသခင် အုပ်စိုးသည့် ဩဇာအာဏာ ဖြစ်သည်။ ဘုရားသခင်သည် စာတန်အား လူသားကို သဘောရှိ ညှဉ်းပန်းရန်နှင့် နှိပ်စက်ရန် ခွင့်မပြုပေ၊ လူသားကို လမ်းလွှဲစေရန် အမျိုးမျိုးသော နည်းလမ်းများကို အသုံးပြုဖို့ စာတန်အား သူအခွင့်မပေးသည့်အပြင်၊ လူသားအပေါ် ဘုရားသခင်၏ အချုပ်အခြာ အာဏာကို ဝင်ရောက်နှောင့်ယှက်ရန် စာတန်အား အခွင့်မပေးသကဲ့သို့၊ လူသားမျိုးနွယ်ကို စီမံခန့်ခွဲပြီး ကယ်တင်သော ဘုရားသခင်၏ ကြီးမြတ်သည့် အမှုကို ထည့်မတွက်နှင့်ဦးတော့၊ အရာခပ်သိမ်းအပေါ် ဘုရားသခင် အုပ်စိုးသော ဥပဒေသများကို နင်းခြေရန်နှင့် ဖျက်ဆီးရန် ခွင့်မပြုပေ။ ဘုရားသခင် ကယ်တင်လိုသောသူများနှင့် ဘုရားသခင်အား သက်သေခံနိုင်သောသူများသည် ဘုရားသခင်၏ နှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်နှင့်သက်ဆိုင်သည့် အမှု၏ အချက်အချာနှင့် ပုံဆောင်ခဲဖြစ်သည့်အပြင် သူ၏ နှစ်ခြောက်ထောင် အမှုထဲက သူ၏ကြိုးပမ်းမှုများ၏ အဖိုးအခလည်း ဖြစ်သည်။ ဘုရားသခင်သည် ဤလူများကို စာတန်အား သာမန်ကာလျှံကာ အဘယ်သို့ ပေးနိုင်မည်နည်း။
လူတို့သည် ဘုရားသခင်၏ စမ်းသပ်မှုများနှင့်ပတ်သက်၍ မကြာခဏ စိုးရိမ်ကြပြီး ကြောက်ရွံ့တတ်ကြသော်လည်း၊ ၎င်းတို့သည် စာတန်၏ ကျော့ကွင်းနှင့် စာတန် တိုက်ခိုက်မှုနှင့် နှိပ်စက်မှုတို့ကို ၎င်းတို့ခံရသည့် အန္တရာယ်များသော နယ်မြေထဲ၌ အချိန်တိုင်း အသက်ရှင်နေသည်- သို့သော် ၎င်းတို့သည် ကြောက်ရွံ့ရမှန်း မသိကြသကဲ့သို့ တုန်လှုပ်ချောက်ချားခြင်းလည်း မရှိပေ။ အဘယ်သို့ ဖြစ်ကုန်သနည်း။ ဘုရားသခင်၌ လူသား၏ ယုံကြည်ခြင်းသည် သူမြင်နိုင်သော အရာများအထိသာ ကန့်သတ်ထားပေသည်။ သူသည် လူသားအတွက် ဘုရားသခင်၏ ချစ်ခြင်းနှင့် ပူပန်ခြင်း သို့မဟုတ် လူသားအပေါ် သူ၏ကြင်နာမှုနှင့် စာနာထောက်ထားမှုတို့ကို အနည်းငယ်မျှ အသိအမှတ်ပြုခြင်း မရှိပေ။ သို့သော် ဘုရားသခင်၏ စမ်းသပ်မှုများ၊ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း၊ ဘုန်းအာနုဘော်နှင့် အမျက်ဒေါသတို့ နှင့်ပတ်သက်၍ အနည်းငယ် စိုးရိမ်ပူပင်ခြင်းနှင့် ကြောက်ရွံ့ခြင်းတို့အတွက်မူ၊ လူသားသည် ဘုရားသခင်၏ ကောင်းသော ရည်ရွယ်ချက်များအပေါ် အနည်းငယ်မျှ သိနားလည်မှု မရှိပေ။ စမ်းသပ်မှုများအကြောင်း ဖော်ပြရာတွင်၊ လူတို့သည် ဘုရားသခင်၌ ဖုံးကွယ်ထားသော ရည်မှန်းချက်များ ရှိသည့်အလား ထင်မြင်ကြပြီး၊ အချို့က ဘုရားသခင်သည် ၎င်းတို့ကို မည်သည့်အရာ အမှန်တကယ် ပြုမည်ကို မသိဘဲ၊ ဘုရားသခင်သည် မကောင်းသော အကြံအစည်များ သိုထားသည်ဟုပင် ယုံကြည်ကြလေသည်။ ထို့ကြောင့် ဘုရားသခင်၏ အချုပ်အခြာ အာဏာနှင့် အစီအစဉ်များကို နာခံသည်ဟု ကြွေးကြော် နေသည်နှင့်အမျှ တစ်ချိန်တည်းတွင်၊ အကယ်၍ ၎င်းတို့သည် သတိမထားပါက ဘုရားသခင်၏ လှည့်စားခြင်း ခံရကြမည်၊ အကယ်၍ ၎င်းတို့သည် ၎င်းတို့၏ ကိုယ်ပိုင် ကံကြမ္မာကို ဆက်လက်မဆုပ်ကိုင်ပါက၊ ၎င်းတို့၌ ရှိသမျှကို ဘုရားသခင် ရုပ်သိမ်းနိုင်ပြီး ၎င်းတို့၏ အသက်ပင်လျှင် အဆုံးသတ်နိုင်သည်ဟု ယုံကြည်ကြသည့်အတွက်၊ ၎င်းတို့သည် လူသားအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် လူသားအတွက် အစီအစဉ်များကို ခုခံရန်နှင့် ဆန့်ကျင်ရန် ၎င်းတို့ တတ်နိုင်သမျှကို လုပ်ဆောင်ကြလေသည်။ လူသားသည် စာတန်၏ စခန်းထဲ၌ ရှိသော်လည်း၊ သူသည် စာတန်အားဖြင့် နှိပ်စက်ခံရခြင်းအကြောင်းကို တစ်ကြိမ်တစ်ခါမျှ စိုးရိမ်ပူပန်ခြင်း မရှိသကဲ့သို့၊ သူသည် စာတန်၏ နှိပ်စက်ခြင်းကို ခံရသော်လည်း၊ စာတန်၏ ဖမ်းဆီးချုပ်နှောင်ခြင်း ခံရမည်ကို တစ်ကြိမ်တစ်ခါမျှ ကြောက်ရွံ့ခြင်း မရှိပေ။ သူသည် ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်ခံသည်ဟု ဆိုမြဲဆိုနေသော်လည်း၊ ဘုရားသခင်ကို ယုံကြည်ခြင်း သို့မဟုတ် ဘုရားသခင်သည် စာတန်၏ လက်ခုပ်မှလူသားကို အမှန်တကယ် ကယ်တင်လိမ့်မည်ဟု မည်သည့်အခါမျှ ယုံကြည်ခြင်း မရှိပေ။ အကယ်၍ လူသားသည် ယောဘကဲ့သို့ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များကို ကျိုးနွံနာခံနိုင်ပြီး သူ၏ ဖြစ်တည်မှုတစ်ခုလုံးကို ဘုရားသခင်၏ လက်ထဲသို့ ပေးအပ်နိုင်ပါက၊ လူသား၏ အဆုံးသတ်သည် ယောဘ၏ အဆုံးသတ်ကဲ့သို့ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကို လက်ခံရရှိခြင်းနှင့် တူညီလိမ့်မည် မဟုတ်လော။ အကယ်၍ လူသားသည် ဘုရားသခင်၏ အုပ်စိုးမှုကို လက်ခံကာ ကျိုးနွံနာခံနိုင်ပါက၊ ဆုံးရှုံးရန်အကြောင်း အဘယ်ရှိသနည်း။ ထို့ကြောင့်၊ သင်တို့အား သင်တို့၏ လုပ်ရပ်များတွင် ဂရုစိုက်ရန်နှင့် သင်တို့အပေါ် ရောက်လာတော့မည့် အရာရာတိုင်းအပေါ် သတိရှိရန် ငါအကြံပြုသည်။ မဆင်မခြင် သို့မဟုတ် စိတ်လိုက်မာန်ပါ မပြုကြနှင့်၊ ပြီးလျှင် ဘုရားသခင်နှင့် သင့်အတွက် သူ စီစဉ်ပြီးဖြစ်သော လူများ၊ ကိစ္စရပ်များ၊ အရာဝတ္ထုများအပေါ် သင်၏ ပူသောသွေး သို့မဟုတ် သင်၏ သဘာဝဖြစ်ခြင်းပေါ် မူတည်၍ သို့မဟုတ် သင်၏ စိတ်ကူးများနှင့် အယူအဆများအတိုင်း မဆက်ဆံနှင့်။ သင်တို့သည် ဘုရားသခင်၏ အမျက်ဒေါသအား လှုံ့ဆော်မိခြင်းကို ရှောင်ရှားရန် သင်တို့၏ လုပ်ရပ်များ၌ သတိရှိရမည် ဖြစ်ပြီး ဆုတောင်းကာ သာ၍ ရှာဖွေရမည် ဖြစ်သည်။ ဤအရာကို အောက်မေ့လော့။
ဆက်လက်၍ သူ၏စမ်းသပ်မှုများပြီးသည့်နောက်တွင် ယောဘသည် မည်သို့ ဖြစ်ခဲ့သည်ကို ငါတို့ ကြည့်ကြမည်။
၅။ သူ၏စမ်းသပ်မှုများပြီးသည့်နောက် ယောဘ
ယောဘ ၄၂:၇-၉ ထိုသို့ ယေဟောဝါက ယောဘကို ဤစကားများ မိန့်တော်မူပြီးလျှင်၊ တေမန်လူမျိုး ဧလိဖတ်အား ယေဟောဝါက၊ သင်နှင့် သင်၏ မိတ်ဆွေနှစ်ဦးတို့တဘက်၌ ငါသည် အမျက်ထွက်၏၊ အဘယ်ကြောင့်ဆိုသော် ငါ့ကျွန်ယောဘကဲ့သို့ သင်တို့သည် ငါ့အကြောင်းကို မှန်ကန်စွာ ပြောဆိုခြင်းမရှိကြ၊ သို့ဖြစ်၍ ယခု သင်တို့နှင့်အတူ နွားထီးခုနှစ်ကောင်နှင့် သိုးခုနှစ်ကောင်ကို ယူ၍ ငါ့ကျွန်ယောဘထံသို့ သွားပြီးလျှင် ကိုယ်အဘို့ မီးရှို့ရာယဇ်ကို ပူဇော်ကြလော့။ ငါ၏ကျွန်ယောဘသည် သင်တို့အဘို့ ဆုတောင်းပတ္ထနာပြုရလိမ့်မည်၊ ငါသည် သူ့အတွက်ကြောင့် လက်ခံမည်။ သင်တို့သည် ငါ့ကျွန်ယောဘကဲ့သို့ ငါ့အကြောင်း မှန်သောအရာကို မပြောကြသည့် အကြောင်းကြောင့် ငါသည် သင်တို့၏ မိုက်မဲခြင်းနှင့် ပတ်သက်၍ ရိုက်နှက်ဆုံးမမည်ကို စိုးရိမ်စရာရှိ၏ဟု မိန့်တော်မူ၏။ ထို့ကြောင့် တေမန်လူမျိုး ဧလိဖတ်နှင့် ရှုအာလူမျိုး ဗိလဒဒ်၊ နေမတ်လူမျိုး ဇောဖာတို့သည် ထွက်သွား၍ သူတို့အား ယေဟောဝါ မှာထားတော်မူသည်နှင့်အညီ လုပ်ဆောင်ကြ၏။ ယေဟောဝါသည်လည်း ယောဘကို လက်ခံတော်မူ၏။
ယောဘ ၄၂:၁၀ ယောဘသည် မိမိအဆွေတို့အဘို့ ဆုတောင်းပတ္ထနာပြုသောအခါ ယေဟောဝါသည် သူခံရသော ဒုက္ခကို လွတ်ငြိမ်းစေခဲ့ပြီး ယခင်က သူပိုင်ဆိုင်ခဲ့သမျှ ဥစ္စာ၏ နှစ်ဆကို ယေဟောဝါ ပေးတော်မူ၏။
ယောဘ ၄၂:၁၂ ထိုသို့ ယေဟောဝါသည် ယောဘ၏ နောက်ပိုင်းအဆုံးသတ်ကို သူ၏အစပိုင်းထက်သာ၍ ကောင်းကြီးပေးတော်မူသဖြင့်၊ သူသည် သိုးတစ်သောင်းလေးထောင်၊ ကုလားအုတ်ခြောက်ထောင်၊ နွားရှဉ်းတစ်ထောင်နှင့် မြည်းမတစ်ထောင်တို့ကို ရခဲ့လေသည်။
ယောဘ ၄၂:၁၇ အသက်ကြီးရင့်၍ နေ့ရက်ကာလနှင့် ကြွယ်ဝသော်၊ အနိစ္စ ရောက်လေ၏။
ဘုရားသခင်ကို ကြောက်ရွံ့ကာ မကောင်းမှု ရှောင်ကြဉ်သောသူများကို ဘုရားသခင်သည် ချစ်ခင်မြတ်နိုးမှုဖြင့် ကြည့်ရှုသော်လည်း၊ မိုက်မဲသောသူများကို အရေးမပါသူများအဖြစ် ဘုရားသခင် မြင်၏
ယောဘ ၄၂:၇-၉ တွင် ဘုရားသခင်က ယောဘသည် သူ၏ အစေခံဖြစ်သည်ဟု ဆိုထားသည်။ ယောဘကို ရည်ညွှန်းဖို့ “အစေခံ” ဟူသော ဝေါဟာရကို သူ၏အသုံးပြုခြင်းသည် သူ၏ စိတ်နှလုံးထဲ၌ ယောဘ၏ အရေးပါမှုကို ထင်ရှားစေသည်။ ဘုရားသခင်သည် ယောဘအား သာ၍ တန်ဖိုးထားသော အရာတစ်ခုအဖြစ် မခေါ်ခဲ့သော်လည်း၊ ဤအမည်နာမသည် ဘုရားသခင်၏ စိတ်နှလုံးအတွင်းရှိ ယောဘ၏ အရေးပါခြင်းနှင့် ဆက်စပ်မှု မရှိခဲ့ပေ။ ဤနေရာတွင် “အစေခံ” ဟူသည်မှာ ယောဘအတွက် ဘုရားသခင်ပေးသည့် ချစ်စနိုးအမည် ဖြစ်သည်။ “ငါ့ကျွန်ယောဘ” ဟူ၍ ဘုရားသခင်၏ ကြိမ်ဖန်များစွာ ရည်ညွှန်းချက်များက ဘုရားသခင်သည် ယောဘနှင့်ပတ်သက်၍ မည်မျှ ကျေနပ် အားရခဲ့သည်ကို ပြသသည်။ “အစေခံ” ဟူသော စကားလုံး နောက်ကွယ်မှ အဓိပ္ပာယ်ကို ဘုရားသခင် မပြောခဲ့သော်လည်း၊ “အစေခံ” ဟူသော စကားလုံးနှင့်သက်ဆိုင်သည့် ဘုရားသခင်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို သမ္မာကျမ်း၏ ဤကျမ်းပိုဒ်ထဲရှိ သူ၏ နှုတ်ကပတ်တော်များမှ မြင်နိုင်ပေသည်။ တေမန်အမျိုးသား ဧလိဖတ်အား ဘုရားသခင်က၊ “သင်နှင့် သင်၏ မိတ်ဆွေနှစ်ဦးတို့တဘက်၌ ငါသည် အမျက်ထွက်၏၊ အဘယ်ကြောင့်ဆိုသော် ငါ့ကျွန်ယောဘကဲ့သို့ သင်တို့သည် ငါ့အကြောင်းကို မှန်ကန်စွာ ပြောဆိုခြင်းမရှိကြ။” ဟူ၍ ဦးစွာ ဆိုခဲ့သည်။ ဤနှုတ်ကပတ်တော်များမှာ ယောဘနှင့်သက်ဆိုင်သည့် ဘုရားသခင်၏ စမ်းသပ်မှုများပြီးသည့်နောက် ယောဘ ပြောခဲ့သမျှနှင့် ပြုခဲ့သမျှအားလုံးကို ဘုရားသခင်က သူလက်ခံကြောင်း ပထမဆုံးအကြိမ် လူတို့အား ပွင့်ပွင့်လင်းလင်း ပြောခဲ့ခြင်းဖြစ်ပြီး၊ ယောဘ ပြုခဲ့ပြီးသမျှနှင့် ပြောခဲ့ပြီးသမျှ၏ တိကျမှုနှင့် မှန်ကန်မှုကို ပထမဆုံးအကြိမ် ပွင့်ပွင့်လင်းလင်း သူအတည်ပြုခဲ့ခြင်း ဖြစ်သည်။ ဘုရားသခင်သည် ဧလိဖတ်နှင့် အခြားသူများအား ၎င်းတို့၏ မဟုတ်မှန်သော၊ အဓိပ္ပာယ်မရှိသော အပြောကြောင့်၊ ၎င်းတို့သည် ယောဘကဲ့သို့ ဘုရားသခင်၏ ပုံသဏ္ဌာန်ကို မမြင်နိုင်ခဲ့ကြသောကြောင့် သို့မဟုတ် ၎င်းတို့၏ အသက်တာများထဲ၌ သူပြောခဲ့သော နှုတ်ကပတ်တော်များကို မကြားနိုင်ခဲ့ကြကြောင့် အမျက် ထွက်ခဲ့သော်လည်း၊ ယောဘသည် ဘုရားသခင်နှင့် သက်ဆိုင်သည့် အင်မတန် တိကျမှန်ကန်သော အသိတစ်ခု ရှိခဲ့သည်၊ ၎င်းတို့မှာမူ ဘုရားသခင်၏အလိုကို စော်ကားကာ ၎င်းတို့ပြုခဲ့သမျှအားလုံး ဘုရားသခင်၏ စိတ်ရှည်ခြင်းကို စမ်းသပ်ရင်း၊ ဘုရားသခင် အကြောင်းကို ကျိုးကြောင်းမမြင်ဘဲ မှန်းဆရုံ မှန်းဆနိုင်ခဲ့ကြသည်။ အကျိုးဆက်အနေဖြင့်၊ ယောဘပြုခဲ့သမျှနှင့် ပြောခဲ့သမျှအားလုံးကို လက်ခံသည်နှင့်အမျှ တစ်ချိန်တည်းတွင်၊ ဘုရားသခင်သည် အခြားသူများအပေါ် အမျက်ထွက်လာခဲ့သည်၊ အဘယ်ကြောင့်ဆိုသော် ၎င်းတို့ထဲ၌ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် သက်ဆိုင်သည့် လက်တွေ့အရှိတရား တစ်ခုတစ်လေမျှ မမြင်နိုင်ခဲ့ဘဲ၊ ၎င်းတို့ ပြောခဲ့သော အရာထဲတွင် ဘုရားသခင်ကို ကြောက်ရွံ့ခြင်း နှင့်သက်ဆိုင်သည့် မည်သည့်အရာကိုမျှ မကြားခဲ့ရသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်က ၎င်းတို့အား ဆက်လက်၍ အောက်ပါ တောင်းဆိုချက်ကို ပြုခဲ့လေသည်- “သို့ဖြစ်၍ ယခု သင်တို့နှင့်အတူ နွားထီးခုနစ်ကောင်နှင့် သိုးခုနစ်ကောင်ကို ယူ၍ ငါ့ကျွန်ယောဘထံသို့ သွားပြီးလျှင် ကိုယ်အဘို့ မီးရှို့ရာယဇ်ကို ပူဇော်ကြလော့။ ငါ၏ကျွန်ယောဘသည် သင်တို့အဘို့ ဆုတောင်းပတ္ထနာပြုရလိမ့်မည်၊ ငါသည် သူ့အတွက်ကြောင့် လက်ခံမည်။...ငါသည် သင်တို့၏ မိုက်မဲခြင်းနှင့် ပတ်သက်၍ ရိုက်နှက်ဆုံးမမည်ကို စိုးရိမ်စရာရှိ၏။” ဤကျမ်းပိုဒ်တွင် ဘုရားသခင်သည် ဧလိဖတ်နှင့် အခြားသူတို့အား ၎င်းတို့၏ မိုက်မဲမှုသည် ယေဟောဝါဘုရားသခင်အား ဆန့်ကျင်ပြစ်မှားသည့် အပြစ်တစ်ခု ဖြစ်ခဲ့သည့်အတွက် ၎င်းတို့၏အပြစ်များမှ ရွေးနုတ်မည့် အရာတစ်စုံတစ်ခုကိုပြုရန် ပြောနေခြင်းဖြစ်ပြီး၊ ထိုသို့ဖြင့် ၎င်းတို့သည် ၎င်းတို့၏ အမှားများကို ကုစားရန်အလို့ငှာ မီးရှို့ရာယဇ်များကို ပူဇော်ခဲ့ကြရသည်။ မီးရှို့ရာယဇ်များကို မကြာခဏ ဘုရားသခင်ထံ ပူဇော်ရသော်လည်း၊ ဤမီးရှို့ရာယဇ်များနှင့်ပတ်သက်၍ တစ်မူထူးခြားသော အရာမှာ ထိုယဇ်များကို ယောဘအား ပူဇော်ခဲ့ခြင်းပင် ဖြစ်သည်။ ယောဘသည် သူ၏စမ်းသပ်မှုများ အတောအတွင်းတွင် ဘုရားသခင်ကို သက်သေခံခဲ့ခြင်းကြောင့် သူ့ကို ဘုရားသခင် လက်ခံခဲ့သည်။ ထိုစဉ်အတောအတွင်းတွင် ယောဘ၏ ဤမိတ်ဆွေများသည် သူစမ်းသပ်မှုများအတောအတွင်းတွင် ဖော်ထုတ် ခံခဲ့ကြရလေသည်။ ၎င်းတို့၏ မိုက်မဲမှုကြောင့် ၎င်းတို့သည် ဘုရားသခင်၏ ရှုတ်ချခြင်းကို ခံခဲ့ရပြီး၊ ဘုရားသခင်၏ အမျက်ဒေါသကို ၎င်းတို့ နှိုးဆွခဲ့ကာ ဘုရားသခင်၏ အပြစ်ပေးခြင်းကို ခံသင့်ပေသည်- ယောဘ၏ ရှေ့တွင် မီးရှို့ရာယဇ်များကို ပြုလုပ်ခြင်းဖြင့် အပြစ်ပေးခံရသင့်သည်- ယင်းနောက် ယောဘသည် ၎င်းတို့အပေါ် ဘုရားသခင်၏ အပြစ်ပေးခြင်းနှင့် အမျက်ဒေါသကို ပပျောက်စေရန် ဆုတောင်းခဲ့လေသည်။ ၎င်းတို့သည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်သောလူများ မဟုတ်သကဲ့သို့၊ ယောဘ၏ တည်ကြည်မှုကို ၎င်းတို့ ပြစ်တင်ရှုတ်ချခဲ့ပြီး ဖြစ်သည့်အတွက်၊ ဘုရားသခင်၏ ရည်ရွယ်ချက်မှာ ၎င်းတို့ကို အရှက်ရစေရန် ဖြစ်သည်။ တစ်ဖက်တွင် ဘုရားသခင်သည် ၎င်းတို့၏ လုပ်ရပ်များကို လက်မခံသော်လည်း၊ ယောဘကို လွန်စွာ လက်ခံပြီး ကျေနပ်အားရသည်ကို ၎င်းတို့အား ပြောပြနေခဲ့ခြင်း ဖြစ်သည်။ အခြားတစ်ဖက်တွင် ဘုရားသခင်၏လက်ခံခြင်းကို ခံရခြင်းသည် ဘုရားသခင်၏ရှေ့သို့ လူသားကို မြှင့်တင်ပေးကြောင်း၊ လူသားသည် သူ၏ မိုက်မဲမှုကြောင့် ဘုရားသခင်၏ စက်ဆုပ်ရွံရှာခြင်းကို ခံရကြောင်း၊ ပြီးလျှင် မိုက်မဲမှုကြောင့် ဘုရားသခင်ကို ပြစ်မှားမိကာ ဘုရားသခင်၏ အမြင်တွင် အောက်တန်းကျပြီး ဆိုးညစ်ကြောင်း ပြောပြနေခဲ့ခြင်း ဖြစ်သည်။ ဤသည်တို့မှာ လူအမျိုးအစား နှစ်မျိုးနှင့် သက်ဆိုင်သည့် ဘုရားသခင် ပေးခဲ့သော အဓိပ္ပာယ်ဖွင့်ဆိုချက်များ ဖြစ်သည်၊ ယင်းတို့သည် ဤလူအမျိုးအစား နှစ်မျိုးအပေါ် ဘုရားသခင်၏ သဘောထားများဖြစ်ပြီး ယင်းတို့မှာ ဤလူအမျိုးအစား နှစ်မျိုး၏ တန်ဖိုးနှင့် အဆင့်အတန်းကို ဘုရားသခင်၏ ရှင်းလင်းစွာ ပြောဆိုခြင်း ဖြစ်သည်။ ဘုရားသခင်သည် ယောဘအား သူ၏အစေခံဟု ခေါ်ခဲ့သော်လည်း၊ ဘုရားသခင်၏အမြင်တွင် ဤအစေခံမှာ ချစ်လှစွာသောသူဖြစ်ခဲ့ပြီး အခြားသူများအတွက် ဆုတောင်းပေးရန်နှင့် ၎င်းတို့၏ အမှားများကို ခွင့်လွှတ်ရန် ဩဇာအာဏာ ပေးအပ်ခံခဲ့ရသောသူ ဖြစ်သည်။ ဤအစေခံသည် ဘုရားသခင်ကို တိုက်ရိုက် စကားပြောနိုင်ပြီး ဘုရားသခင်ရှေ့သို့ တိုက်ရိုက် လာရောက်နိုင်ခဲ့သည်၊ ပြီးလျှင် သူ၏ အဆင့်အတန်းသည် အခြားသူများ၏ အဆင့်အတန်းထက် သာ၍မြင့်မားပြီး သာ၍ ဂုဏ်သရေရှိခဲ့သည်။ ဤသည်မှာ ဘုရားသခင် ပြောခဲ့သော “အစေခံ” ဟူသည့် စကားလုံး၏ စစ်မှန်သော အဓိပ္ပာယ်ဖြစ်သည်။ ယောဘသည် ဘုရားသခင်အပေါ် သူ၏ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်းကြောင့် ဤအထူးဂုဏ်သရေကို ပေးအပ်ခံခဲ့ရပြီး အခြားသူများကို ဘုရားသခင်က အစေခံများဟူ၍ မခေါ်ခဲ့သည့် အကြောင်းရင်းမှာ ၎င်းတို့သည် ဘုရားသခင်ကို မကြောက်ရွံ့ခဲ့သကဲ့သို့ မကောင်းမှုကို မရှောင်ကြဉ်ခဲ့သောကြောင့် ဖြစ်သည်။ သိသိသာသာ ကွဲပြားသော ဘုရားသခင်၏ ဤသဘောထား နှစ်ခုသည် လူအမျိုးအစား နှစ်မျိုးအပေါ် သူ၏သဘောထားများဖြစ်သည်- ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်သော သူများသည် ဘုရားသခင်၏ လက်ခံခြင်းခံရပြီး၊ သူ၏အမြင်တွင် အဖိုးတန်သကဲ့သို့ အမြင်ခံရသော်လည်း၊ မိုက်မဲသောသူတို့သည် ဘုရားသခင်ကို မကြောက်ရွံ့ကြ၊ မကောင်းမှုကို ရှောင်နိုင်စွမ်း မရှိကြသကဲ့သို့၊ ဘုရားသခင်၏ မျက်နှာသာပေးမှုကို မရနိုင်ကြပေ။ ၎င်းတို့သည် ဘုရားသခင်၏ စက်ဆုပ်ရွံရှာမှုနှင့် ရှုတ်ချခြင်းကို မကြာခဏခံရပြီး ဘုရားသခင်၏ အမြင်တွင် အရေးမပါကြပေ။
ဘုရားသခင် ယောဘအပေါ် ဩဇာအာဏာ အပ်နှင်းသည်
ယောဘသည် သူ၏မိတ်ဆွေများအတွက် ဆုတောင်ပေးခဲ့ပြီး၊ ထို့နောက် ယောဘ၏ ဆုတောင်းချက်များကြောင့် ဘုရားသခင်သည် ၎င်းတို့၏ မိုက်မဲမှုနှင့် သင့်လျော်သည့်အတိုင်း ၎င်းတို့အား ကိုင်တွယ်ဖြေရှင်းခဲ့ခြင်း မရှိပေ- သူသည် ၎င်းတို့အား အပြစ်မပေးခဲ့ပေ သို့မဟုတ် ၎င်းတို့အပေါ် ဒဏ်ခတ်ခြင်းတစ်ခုတစ်လေ မရောက်စေခဲ့ပေ။ အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့အတွက် ပြုလုပ်သော ဘုရားသခင်၏ အစေခံ ယောဘ၏ ဆုတောင်းချက်များသည် ဘုရားသခင်၏နားသို့ ရောက်ရှိ ခဲ့သောကြောင့် ဖြစ်သည်။ ဘုရားသခင်သည် ယောဘ၏ ဆုတောင်းချက်များကို လက်ခံခဲ့သောကြောင့်၊ ၎င်းတို့အား ခွင့်လွှတ်ခဲ့ခြင်း ဖြစ်သည်။ သို့ဆိုလျှင် ဤအရာ၌ မည်သည့်အရာကို ငါတို့ မြင်ရသနည်း။ ဘုရားသခင်သည် တစ်စုံတစ်ဦးကို ကောင်းချီးပေးသောအခါ၊ သူသည် ၎င်းတို့အား ဆုလာဘ် များစွာ ပေးပြီး၊ ရုပ်ဝတ္ထုပစ္စည်းများသာ မဟုတ်ခဲ့ပေ- ဘုရားသခင်သည် ၎င်းတို့အား သြဇာအာဏာကိုလည်းပေးပြီး အခြားသူများအတွက် ဆုတောင်းပေးရသည့်အခွင့်ကို ၎င်းတို့အား ပေးသည်၊ ပြီးလျှင် ဘုရားသခင်သည် ဤဆုတောင်းချက်များကို နားညောင်းသောကြောင့် ထိုလူတို့၏ ပြစ်မှားခြင်းများကို မအောက်မေ့ဘဲ လျစ်လျူရှုလေသည်။ ဤသည်မှာ ယောဘအား ဘုရားသခင် ပေးခဲ့သော တကယ့် ဩဇာအာဏာ ဖြစ်သည်။ ၎င်းတို့၏ ပြစ်ဒဏ်ကို ရပ်တန့်ရန်ဖြစ်သည့် ယောဘ၏ ဆုတောင်းချက်များ မှတစ်ဆင့်၊ ယေဟောဝါ ဘုရားသခင်သည် ထိုမိုက်မဲသော လူများကို အရှက်ရစေခဲ့သည်- ယင်းမှာ ဧလိဖတ်နှင့် အခြားသူများအတွက် သူ၏ အထူး အပြစ်ဒဏ်ပေးခြင်း အမှန်ဖြစ်ခဲ့ပေသည်။
ယောဘသည် ဘုရားသခင်၏ ကောင်းချီးပေးခြင်းကို နောက်တစ်ဖန် ခံစားရပြီး စာတန်၏ စွပ်စွဲခြင်းကို ဘယ်သောအခါမျှ တစ်ဖန် မခံရပေ
ယေဟောဝါဘုရား၏ မိန့်မြွက်ချက်များထဲမှ နှုတ်ကပတ်တော်များမှာ “အဘယ်ကြောင့်ဆိုသော် ငါ့ကျွန် ယောဘကဲ့သို့ သင်တို့သည် ငါ့အကြောင်းကို မှန်ကန်စွာ ပြောဆိုခြင်းမရှိကြ။” ဟူ၍ဖြစ်သည်။ ယောဘ ပြောခဲ့ပြီးသော အရာမှာ အဘယ်အရာ ဖြစ်သနည်း။ ယင်းမှာ ယခင်က ငါတို့ပြောခဲ့သော အရာအပြင်၊ ယောဘ ပြောခဲ့သည်ဟူ၍ မှတ်တမ်းတင်ထားသည့် ယောဘဝတ္ထုထဲမှ များစွာသော စာမျက်နှာများပေါ်ရှိ နှုတ်ကပတ်တော်များ ဖြစ်သည်။ များစွာသော ဤစာမျက်နှာပေါ်ရှိ နှုတ်ကပတ်တော်များအားလုံးတွင် ယောဘသည် ဘုရားသခင်နှင့် ပတ်သက်၍ မည်သည့်အခါတွင်မျှ ညည်းတွားခြင်း တစ်ခုတစ်လေ သို့မဟုတ် ဒွိဟဖြစ်ခြင်းများ မရှိခဲ့ပေ။ သူသည် ရလဒ်ကိုသာ စောင့်ဆိုင်းလေ၏။ သူ၏ နာခံသော သဘောထားမှာ ဤစောင့်ဆိုင်းခြင်းဖြစ်ပြီး ယင်း၏ အကျိုးဆက်အနေဖြင့်၊ ပြီးလျှင် ဘုရားသခင်အား သူပြောခဲ့သော စကားများ၏ အကျိုးဆက်အနေဖြင့်၊ ယောဘသည် ဘုရားသခင်၏ လက်ခံခြင်းကို ခံခဲ့ရလေသည်။ သူသည် စမ်းသပ်မှုများကို သည်းခံပြီး အခက်အခဲများကို ခံစားခဲ့ရချိန်တွင်၊ ဘုရားသခင်သည် သူ၏နံဘေး၌ ရှိခဲ့ပြီး၊ သူ၏ အခက်အခဲသည် ဘုရားသခင်၏ မျက်မှောက်ကြောင့် မလျော့ပါးခဲ့သော်လည်း၊ ဘုရားသခင်သည် သူမြင်လိုသော အရာကို မြင်ခဲ့ရပြီး သူကြားလိုသော အရာကို ကြားခဲ့ရသည်။ ယောဘ၏ လုပ်ဆောင်မှုများနှင့် စကား တစ်ခွန်းတိုင်းသည် ဘုရားသခင်၏ နားနှင့် မျက်စိရှေ့ ရောက်ရှိခဲ့သည်။ ဘုရားသခင် မြင်ခဲ့၊ ကြားခဲ့သည်- ဤသည်မှာ အမှန်တရား ဖြစ်သည်။ ဘုရားသခင်နှင့် သက်ဆိုင်သည့် ယောဘ၏ အသိနှင့် ထိုအချိန်က သူ၏ စိတ်နှလုံးထဲက ဘုရားသခင်နှင့်ပတ်သက်သည့် သူ၏အတွေးများမှာ ထိုကာလအတောအတွင်းတွင် ယနေ့ လူများ၏ အတွေးများလောက် အမှန်တကယ် အတိအကျ မဖြစ်ခဲ့ပေ၊ သို့သော် ခေတ်ကာလနှင့် ဆက်စပ်စဉ်းစားရာ၌၊ ယောဘ၏ အပြုအမူနှင့် သူ၏ စိတ်နှလုံးထဲမှ အတွေးများအပြင် သူဖော်ပြခဲ့ပြီး ထုတ်ဖော်ပြခဲ့ပြီးသည့် အရာတို့သည် ဘုရားသခင်၏ သတ်မှတ်ချက်များအတွက် လုံလောက်ခဲ့သောကြောင့် သူပြောခဲ့သမျှကို ဘုရားသခင် အသိအမှတ်ပြုဆဲ ဖြစ်ခဲ့လေသည်။ စမ်းသပ်မှုများကို ယောဘခံခဲ့ရသည့် အချိန်အတောအတွင်းတွင်၊ သူ၏ စိတ်နှလုံးထဲ၌ စဉ်းစားခဲ့ပြီး လုပ်ဆောင်ရန် စိတ်ဆုံးဖြတ်ခဲ့သည့် အရာက ဘုရားသခင်အတွက် ကျေနပ်ဖွယ်ဖြစ်ခဲ့သည့် ရလဒ်တစ်ခုကို ဘုရားသခင်အား ပြခဲ့ပြီး၊ ဤအရာပြီးသည့်နောက်တွင် ဘုရားသခင်သည် ယောဘ၏ စမ်းသပ်မှုများကို ရုပ်သိမ်းခဲ့သည်၊ ယောဘသည် သူ၏ဒုက္ခဆင်းရဲများမှ ထွက်ပေါ်လာခဲ့ပြီး သူ၏ စမ်းသပ်မှုများ ကုန်လွန်ခဲ့ကာ သူ့အပေါ် မည်သည့်အခါတွင်မျှ တစ်ဖန် မကျေရောက်တော့ပေ။ ယောဘသည် စမ်းသပ်မှုများကို ခံခဲ့ရနှင့်ပြီး ဖြစ်ကာ ဤစမ်းသပ်မှုများအတွင်းတွင် မြဲမြံစွာ ရပ်တည်ခဲ့ပြီး စာတန်အပေါ် လုံးလုံးလျားလျား အောင်နိုင်ခဲ့ပြီးဖြစ်သောကြောင့်၊ ဘုရားသခင်သည် သူ အလွန် တရားသဖြင့် ရသင့်ရထိုက်သော ကောင်းချီးမင်္ဂလာများကို သူ့အား ပေးခဲ့သည်။ ယောဘ ၄၂:၁၀၊ ၁၂ တွင် မှတ်တမ်းတင်ခဲ့သည်နှင့်အညီ ယောဘသည် နောက်ထပ်တစ်ဖန် ကောင်းချီးခံစားခဲ့ရပြီး ပထမ ဖြစ်စဉ်ထက် သာ၍ ကောင်းချီးမင်္ဂလာကို ခံစားခဲ့ရသည်။ ဤအချိန်တွင် စာတန်သည် နောက်ဆုတ်ခဲ့ပြီးဖြစ်ကာ မည်သည့်အရာကိုမျှ မပြောတော့ သို့မဟုတ် မပြုတော့သကဲ့သို့၊ ထိုအချိန်မှစ၍ ယောဘသည် စာတန်၏ နှောင့်ယှက်မှု သို့မဟုတ် တိုက်ခိုက်မှုကို မခံခဲ့ရတော့ပေ၊ ပြီးလျှင် စာတန်သည် ယောဘနှင့်သက်ဆိုင်သည့် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကို ဆန့်ကျင်၍ စွပ်စွဲချက်များကို မပြုခဲ့တော့ပေ။
ယောဘသည် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများအလယ်တွင် သူ၏ အသက်တာ နှောင်းပိုင်းတစ်ဝက်ကို ကုန်လွန်သည်
ထိုအချိန်က ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများသည် သိုးများ၊ ကျွဲနွားတိရစ္ဆာန်၊ ကုလားအုပ်များ၊ ရုပ်ဝတ္ထုပိုင်ဆိုင်မှုများ၊ အစရှိသည်တို့အထိသာ ကန့်သတ်ခဲ့သော်လည်း၊ ဘုရားသခင်သည် သူ၏ စိတ်နှလုံးထဲ၌ ယောဘအပေါ် အပ်နှင်းလိုသော ကောင်းချီးမင်္ဂလာများမှာ ဤအရာထက် လွန်စွာပိုခဲ့လေသည်။ ထိုအချိန်တွင် ယောဘအား မည်ကဲ့သို့သော ထာဝရကတိများကို ဘုရားသခင် ပေးလိုခဲ့သည်ကို မှတ်တမ်းတင်ထားခဲ့ပါသလော။ ယောဘနှင့်သက်ဆိုင်သည့် သူ၏ကောင်းချီးမင်္ဂလာများထဲတွင် ဘုရားသခင်သည် ယောဘ၏ အဆုံးသတ်ကို ဖော်ပြခြင်း သို့မဟုတ် ထည့်သွင်းစဉ်းစားခြင်း မရှိခဲ့ပေ၊ ပြီးလျှင် ဘုရားသခင်၏ စိတ်နှလုံးအတွင်း၌ ယောဘသည် မည်သည့် အရေးပါမှု သို့မဟုတ် အနေအထား၌ ရှိသည်ကို ပဓာနမထားဘဲ၊ အချုပ်အားဖြင့် ဘုရားသခင်သည် သူ၏ကောင်းချီးမင်္ဂလာများတွင် အလွန် ချင့်ချင့်ချိန်ချိန် ရှိခဲ့သည်။ ဘုရားသခင်သည် ယောဘ၏ အဆုံးသတ်ကို မကြေညာခဲ့ပေ။ ဤသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ ထိုအချိန်တွင် ဘုရားသခင်၏ အစီအစဉ်သည် လူသား၏ အဆုံးသတ်ကို ကြေညာသည့် အဆင့်အထိ မရောက်ခဲ့သေးချေ၊ ထိုအစီအစဉ်သည် ဘုရားသခင်၏ အမှု နောက်ဆုံးအဆင့်ထဲသို့ ဝင်ရောက်ခဲ့သေးပေ၊ ဘုရားသခင်သည် လူသားအပေါ် ရုပ်ဝတ္ထု ကောင်းချီးမင်္ဂလာများ ပေးအပ်ရုံမျှ ပေးအပ်ရင်း၊ အဆုံးသတ်ကို ဖော်ပြခဲ့ခြင်း မရှိပေ။ ဤအရာ ဆိုလိုသည်မှာ ယောဘ၏ အသက်တာ နှောင်းပိုင်းတစ်ဝက်သည် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများ အလယ်၌ ကုန်လွန်ခဲ့ပြီး ယင်းက သူ့အား အခြားလူများနှင့် ကွဲပြားစေခဲ့သည်- သို့သော် ၎င်းတို့နည်းတူ သူသည် အသက်အိုမင်းခဲ့ပြီး အခြားပုံမှန်လူတစ်ဦး ကဲ့သို့ပင်၊ လောကကြီးအား နှုတ်ဆက်သည့် နေ့ရက်အချိန်အခါ ရောက်လာခဲ့လေသည်။ ထို့ကြောင့် “အသက်ကြီးရင့်၍ နေ့ရက်ကာလနှင့် ကြွယ်ဝသော်၊ အနိစ္စ ရောက်လေ၏။” (ယောဘ ၄၂:၁၇) ဟူ၍ မှတ်တမ်းတင်ထားခြင်း ဖြစ်သည်။ ဤနေရာတွင် “နေ့ရက်ကာလနှင့် ကြွယ်ဝသော် အနိစ္စ ရောက်လေ၏။” ဟူသောအရာ၏ အဓိပ္ပာယ်မှာ အဘယ်နည်း။ လူတို့၏ အဆုံးသတ်ကို ဘုရားသခင် မကြေညာမီခေတ်တွင်၊ ဘုရားသခင်သည် ယောဘအတွက် သက်တမ်းတစ်ခုကို သတ်မှတ်ပေးခဲ့ပြီး အသက်အရွယ်စေ့သည့်အခါတွင်၊ သူသည် ယောဘအား ဤလောကထဲမှ သဘာဝအလျောက် ထွက်ခွာခွင့်ပေးခဲ့သည်။ ယောဘ၏ ဒုတိယအကြိမ် ကောင်းချီးမင်္ဂလာမှသည် သူ၏ သေဆုံးခြင်းအထိ၊ ဘုရားသခင်သည် နောက်ထပ် မည်သည့် အခက်အခဲကိုမျှ ထပ်မဖြည့်ခဲ့ပေ။ ဘုရားသခင်အဖို့၊ ယောဘ၏ သေခြင်းသည် သဘာဝအလျောက်ဖြစ်ပြီး လိုလည်းလိုအပ်ခဲ့သည်။ ယင်းမှာ အလွန် ပုံမှန် ဖြစ်သော အရာတစ်ခု ဖြစ်ပြီး၊ တရားစီရင်ခြင်း မဟုတ်သကဲ့သို့ ရှုတ်ချခြင်းတစ်ခုလည်း မဟုတ်ခဲ့ပေ။ ယောဘသည် သူအသက်ရှင်စဉ်တွင် ဘုရားသခင်ကို ကိုးကွယ်ပြီး ကြောက်ရွံ့ခဲ့သည်။ သူသေဆုံးပြီးနောက် မည်သည့် အဆုံးသတ်မျိုး သူ ရှိခဲ့သည်နှင့် စပ်လျဉ်း၍ ဘုရားသခင်သည် မည်သည့်အရာကိုမျှ မပြောခဲ့သကဲ့သို့၊ ယင်းနှင့်ပတ်သက်၍ မည်သည့် မှတ်ချက်မျှလည်း မပြုခဲ့ပေ။ ဘုရားသခင်သည် သူပြောသောအရာနှင့် ပြုသောအရာတို့တွင် အားကောင်းသည့် သင့်တင့်လျောက်ပတ်သော အသိစိတ်တစ်ခုရှိပြီး သူ၏ နှုတ်ကပတ်တော်များနှင့် လုပ်ရပ်များ၏ အကြောင်းအရာနှင့် နိယာမများသည် သူ့အမှု၏ အဆင့်နှင့် သူအမှုပြုနေသော အချိန်ကာလနှင့်အညီ ဖြစ်ပေသည်။ ယောဘကဲ့သို့ တစ်စုံတစ်ဦးသည် ဘုရားသခင်၏ စိတ်နှလုံးထဲတွင် မည်ကဲ့သို့ အဆုံးသတ်မျိုး ရှိခဲ့ပါသနည်း။ ဘုရားသခင်သည် သူ၏ စိတ်နှလုံးထဲတွင် ဆုံးဖြတ်ချက် အမျိုးအစားတစ်ခုတစ်လေကို ချမှတ်ခဲ့ပြီး ဖြစ်သလော။ သူချမှတ်ခဲ့ပြီးသည်မှာ မှန်ပေ၏။ ယင်းမှာ လူသားသည် ဤအရာကို မသိခြင်းသာ ဖြစ်၏၊ ဘုရားသခင်သည် လူသားကို မပြောပြလိုသကဲ့သို့၊ လူသားကို ပြောပြခြင်းငှာ မည်သည့်ရည်ရွယ်ချက်မျှလည်း မရှိခဲ့ပေ။ ထို့ကြောင့် အပေါ်ယံအားဖြင့် ပြောရမည်ဆိုပါက၊ ယောဘသည် နေ့ရက်ကာလစေ့လျက် သေဆုံးခဲ့ပြီး ယင်းမှာ ယောဘ၏ အသက်တာ ဖြစ်ခဲ့ပေသည်။
သူ၏ တစ်သက်တာအတောအတွင်းတွင် ယောဘ အသက်ရှင် နေထိုင်ခဲ့သည့် တန်ဖိုး
ယောဘသည် တန်ဖိုးရှိသော အသက်တာတစ်ခုကို အသက်ရှင်ခဲ့သလော။ ယင်းတန်ဖိုးသည် အဘယ်မှာ ရှိခဲ့သနည်း။ သူသည် တန်ဖိုးရှိသော အသက်တာတစ်ခုဖြင့် အသက်ရှင်ခဲ့သည်ဟု အဘယ်ကြောင့် ဆိုရသနည်း။ လူသားအဖို့ မည်သည့်အရာသည် သူ၏တန်ဖိုးမှာ ဖြစ်ခဲ့သနည်း။ လူသား၏ ရှုထောင့်မှ ကြည့်ပါက၊ စာတန်နှင့် လောက လူများ၏ရှေ့တွင် ဘုရားသခင်အား ထူးကဲသော သက်သေခံချက်တစ်ခုကို သက်သေခံရာ၌ သူသည် ဘုရားသခင် ကယ်တင်ရန် အလိုရှိသော လူသားမျိုးနွယ်ကို ကိုယ်စားပြုခဲ့သည်။ သူသည် ဘုရားသခင်၏ ဖန်ဆင်းခံတစ်ဦး ဖြည့်ဆည်းသင့်သော တာဝန်ကို ဖြည့်ဆည်းခဲ့ပြီး ဘုရားသခင်ကို အမှီပြုခြင်းအားဖြင့် စာတန်ကို အောင်နိုင်ရန် လုံးဝ ဖြစ်နိုင်သည်ကို လူတို့အား မြင်ခွင့်ပေးရင်း၊ ဘုရားသခင် ကယ်တင်လိုသော သော သူအားလုံးအတွက် စံတစ်ခု ချမှတ်ကာ နမူနာတစ်ခုအဖြစ် အသက်ရှင်ခဲ့သည်။ ဘုရားသခင်အဖို့ သူ၏တန်ဖိုးမှာ အဘယ်အရာ ဖြစ်ခဲ့သနည်း။ ဘုရားသခင်အဖို့ ယောဘ အသက်တာ၏ တန်ဖိုးမှာ ဘုရားသခင်အား ကိုယ်စိတ်ချမ်းသာမှုနှင့် မွေ့လျော်စရာ တစ်စုံတစ်ခုကို ဆောင်ယူလာရင်း၊ ဘုရားသခင်ကို ကြောက်ရွံ့နိုင်စွမ်း၊ ကိုးကွယ်နိုင်စွမ်း၊ ဘုရားသခင်၏ လုပ်ဆောင်ချက်များကို သက်သေခံနိုင်စွမ်းနှင့် ချီးမွမ်းနိုင်စွမ်းတို့၌ တည်ရှိလေသည်။ ဘုရားသခင်အဖို့ ယောဘ အသက်တာ၏ တန်ဖိုးမှာ လူသားမျိုးနွယ်အလယ်၌ ဘုန်းအသရေကို ဘုရားသခင်ရရှိစေရန်အလို့ငှာ သူ၏စိတ်နှလုံးကို နှစ်သိမ့်စေကာ သူ၏ စိတ်အားထက်သန်သော စိတ်နှလုံးကို ရလဒ်တစ်ခုအား ရှုမြင်စေပြီး မျှော်လင့်ချက်ကို မြင်စေရင်း၊ ယောဘသည် သူမသေဆုံးမီတွင် စမ်းသပ်မှုများကို မည်သို့ တွေ့ကြုံခံစားခဲ့ပြီး စာတန်အပေါ် အောင်နိုင်ခဲ့ကာ စာတန်နှင့် လောက လူတို့၏ ရှေ့၌ ဘုရားသခင်အား ထူးကဲသော သက်သေခံချက်ကို မည်သို့ သက်သေခံခဲ့သည် ဆိုသည့်အရာ၌လည်း တည်ရှိခဲ့သည်။ သူ၏သက်သေခံချက်သည် ဘုရားသခင်အဖို့ တစ်ဦးတစ်ယောက်၏ သက်သေခံချက်၌ မြဲမြံစွာ ရပ်တည်နိုင်စွမ်းနှင့် လူသားမျိုးနွယ်ကို ဘုရားသခင်၏ စီမံခန့်ခွဲခြင်း အမှု၌ ဘုရားသခင်၏ ကိုယ်စား စာတန်အား အရှက်ရစေနိုင်ခြင်း အတွက် အစဉ်အလာတစ်ခုကို သတ်မှတ်ပေးခဲ့သည်။ ဤသည်မှာ ယောဘ အသက်တာ၏ တန်ဖိုး ဖြစ်သည် မဟုတ်လော။ ယောဘသည် ဘုရားသခင်၏ စိတ်နှလုံးကို နှစ်သိမ့်မှု ယူဆောင်ပေးခဲ့သည်၊ သူသည် ဘုရားသခင်အား ဘုန်းအသရေကို ရရှိခြင်းနှင့်သက်ဆိုင်သည့် ဝမ်းမြောက်ခြင်း အမြည်းတစ်ခုကို ပေးခဲ့ပြီး ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်အတွက် ဝမ်းမြောက်ဖွယ်ကောင်းသော အစပြုခြင်းတစ်ခုကို ပေးခဲ့သည်။ ဤအချိန်မှစ၍ ရှေ့လျှောက်၊ ယောဘ၏အမည်သည် ဘုန်းအသရေကို ဘုရားသခင်ရရှိခြင်း၏ သင်္ကေတတစ်ခုနှင့် စာတန်အပေါ် လူသားမျိုးနွယ်၏ အောင်နိုင်မှု အမှတ်အသားတစ်ခု ဖြစ်လာခဲ့သည်။ သူ၏ ဘဝတစ်လျှောက်လုံး ယောဘ အသက်ရှင်နေထိုင်ခဲ့သည့် အရာအပြင် စာတန်အပေါ် သူ၏ ထူးခြားသော အောင်နိုင်မှုတို့သည် အစဉ်ထာဝရ ဘုရားသခင်၏ မြတ်နိုးခြင်းခံရမည်ဖြစ်ပြီး၊ သူ၏ စုံလင်ခြင်း၊ ဖြောင့်မတ်ခြင်းနှင့် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းသည် နောင်လာမည့် မျိုးဆက်များအားဖြင့် အမွန်အမြတ်ထားခံရကာ အတုယူခံရလိမ့်မည် ဖြစ်သည်။ သူသည် အပြစ်အနာအဆာကင်းပြီး တောက်ပသော ပုလဲလုံး တစ်လုံးကဲ့သို့ ဘုရားသခင်၏ အစဉ်ချစ်ခင်မြတ်နိုးခြင်းကို ထာဝရ ခံရမည်ဖြစ်ပြီး၊ သူသည် လူ၏ တန်ဖိုးထားခံရခြင်းငှာလည်း ထိုက်တန်ပေသည်။
ဆက်လက်၍၊ ပညတ်တော်ခေတ်အတွင်း ဘုရားသခင်၏ အမှုကို ကြည့်ကြပါစို့။
ဃ။ ပညတ်တော်ခေတ်၏ စည်းမျဉ်းများ
ပညတ်တော်ဆယ်ပါး
ယဇ်ပလ္လင် တည်ခြင်းအတွက် နိယာမများ
အစေခံများအပေါ် ဆက်ဆံခြင်းအတွက် စည်းမျဉ်းများ
ခိုးမှုနှင့် အလျော်ပေးခြင်းအတွက် စည်းမျဉ်းများ
ဥပုသ်နှစ် နှင့် ပွဲတော်သုံးခုကို ထိန်းသိမ်းခြင်း
ဥပုသ်နေ့အတွက် စည်းမျဉ်းများ
ပူဇော်သက္ကာများအတွက် စည်းမျဉ်းများ
မီးရှို့ရာယဇ်များ
ဘောဇဉ်ပူဇော်သက္ကာများ
မိတ်ဿဟာယယဇ်များ
အပြစ်ဖြေရာယဇ်များ
ဒုစရိုက်ဖြေရာယဇ်များ
ယဇ်ပုရောဟိတ်များ ပူဇော်သက္ကာဆက်ကပ်ခြင်းအတွက် စည်းမျဉ်းများ (အာရုန်နှင့် သူ၏ သားများ လိုက်နာရန် ညွှန်ကြားခံရသည်)
ယဇ်ပုရောဟိတ်များ၏ မီးရှို့ရာယဇ်များ
ယဇ်ပုရောဟိတ်များ၏ ဘောဇဉ်ပူဇော်သက္ကာများ
ယဇ်ပုရောဟိတ်များ၏ အပြစ်ဖြေရာယဇ်များ
ယဇ်ပုရောဟိတ်များ၏ ဒုစရိုက်ဖြေရာယဇ်များ
ယဇ်ပုရောဟိတ်များ၏ မိတ်သဟာယယဇ်များ
ယဇ်ပုရောဟိတ်များ ပူဇော်သက္ကာ မှီဝဲခြင်းအတွက် စည်းမျဉ်းများ
စင်ကြယ်သော တိရစ္ဆာန်များနှင့် မစင်ကြယ်သော တိရစ္ဆာန်များ (စား၍ရသည့် အကောင်များနှင့် မစားအပ်သည့် အကောင်များ)
သားဖွားပြီးသော အမျိုးသမီးများကို စင်ကြယ်စေခြင်းအတွက် စည်းမျဉ်းများ
နူနာစွဲခြင်းကို စစ်ဆေးခြင်းအတွက် စံနှုန်းများ
နူနာပျောက်ကင်းသောသူများအတွက် စည်းမျဉ်းများ
မစင်ကြယ်သောအိမ်များကို သန့်ရှင်းစေခြင်းအတွက် စည်းမျဉ်းများ
ပုံမှန်မဟုတ်သော ရိနာစွဲသောသူများအတွက် စည်းမျဉ်းများ
တစ်နှစ်တစ်ကြိမ် ကျင်းပရမည့် အပြစ်ဖြေရာနေ့
ကျွဲနွားတိရစ္ဆာန်နှင့် သိုးများကို သတ်ဖြတ်ခြင်းအတွက် စီရင်ထုံးဖွဲ့ချက်များ
တစ်ပါးအမျိုးသားများ၏ စက်ဆုပ်ဖွယ် အလေ့အထများ နောက်သို့ လိုက်လျှောက်ခြင်းအပေါ် တားမြစ်ချက် (သွေးရင်း စပ်ယှက်မှု မကျူးလွန်ရ၊ အစရှိသဖြင့်)
လူမျိုးတော် လိုက်နာရမည့် စည်းမျဉ်းများ (“သင်တို့၏ ဘုရားသခင် ငါယေဟောဝါသည် သန့်ရှင်းသောကြောင့် သင်တို့လည်း သန့်ရှင်းကြရမည်” (ဝတ်ပြုရာကျမ်း ၁၉:၂))
မိမိတို့၏ သားသမီးများကို မောလုတ်ဘုရားအား ပူဇော်သောသူများကို ကွပ်မျက်ခြင်း
သူ့မယားကိုပြစ်မှားသော အပြစ်ကို အပြစ်ပေးခြင်းအတွက် စည်းမျဉ်းများ
ယဇ်ပုရောဟိတ်များ လိုက်နာရမည့် စီရင်ထုံးဖွဲ့ချက်များ (၎င်းတို့၏ နေ့စဉ် အပြုအမူအတွက် စီရင်ထုံးဖွဲ့ချက်များ၊ သန့်ရှင်းသော အရာများကို စားသုံးခြင်းအတွက် စီရင်ထုံးဖွဲ့ချက်များ၊ ယဇ်ပူဇော်ခြင်းအတွက် စီရင်ထုံးဖွဲ့ချက်များနှင့် အစရှိသဖြင့်)
ကျင်းပရမည့် ပွဲတော်များ (ဥပုသ်နေ့၊ ပဿခါ၊ ပင်တေကုတ္တေ၊ အပြစ်ဖြေရာနေ့နှင့် အစရှိသဖြင့်)
အခြားသော စည်းမျဉ်းများ (ဆီမီးခုံများကို မီးထွန်းခြင်း၊ ယုဘိလနှစ်၊ မြေကို ရွေးနုတ်ခြင်း၊ သစ္စာကတိပြုခြင်း၊ ဆယ်ဖို့တစ်ဖို့ ပေးခြင်းနှင့် အစရှိသဖြင့်)
ပညတ်တော်ခေတ်၏ စည်းမျဉ်းများမှာ လူသားမျိုးနွယ် တစ်ရပ်လုံးနှင့်သက်ဆိုင်သည့် ဘုရားသခင်၏ လမ်းညွှန်ချက်၏ စစ်မှန်သော သက်သေ ဖြစ်သည်
သို့ဆိုလျှင် သင်တို့သည် ပညတ်ခေတ်၏ ဤစည်းမျဉ်းများနှင့် အခြေခံသဘောတရားများကို ဖတ်ခဲ့ပြီး ဖြစ်ပါသလော။ စည်းမျဉ်းများသည် များပြားသော အမျိုးအစားကို ခြုံငုံမိပါ၏လော။ ပထမဦးစွာ ၎င်းတို့သည် ပညတ်တော်ဆယ်ပါးကို ခြုံငုံသည်၊ ထို့နောက်တွင် ယဇ်ပလ္လင်များတည်ပုံနှင့် အစရှိသည်တို့အတွက် စည်းမျဉ်းများကို ခြုံငုံထားလေသည်။ ဤသည်တို့နောက်တွင် ဥပုသ်နေ့စောင့်ထိန်းခြင်းနှင့် ပွဲသုံးခုကျင်းပခြင်းကို စောင့်ထိန်းခြင်း အတွက် စည်းမျဉ်းများက လိုက်လာပြီး၊ ထို့နောက်တွင် ပူဇော်သက္ကာများအတွက် စည်းမျဉ်းများ ဖြစ်သည်။ ပူဇော်သက္ကာများ အမျိုးအစားမည်မျှရှိသည်ကို သင်တို့ မြင်ခဲ့သလော။ မီးရှို့ရာယဇ်များ၊ ဘောဇဉ်ပူဇော်သက္ကာများ၊ မိတ်ဿဟာယယဇ်များ၊ အပြစ်ဖြေရာယဇ်များ စသည်တို့ ရှိသည်။ ၎င်းတို့နောက်တွင် ယဇ်ပုရောဟိတ်များ၏ မီးရှို့ရာယဇ်များနှင့် ဘောဇဉ်ပူဇော်သက္ကာများ၊ ပြီးလျှင် အခြားသော ပူဇော်သက္ကာအမျိုးအစားများ အပါအဝင် ယဇ်ပုရောဟိတ်များ၏ ပူဇော်သက္ကာများအတွက် စည်းမျဉ်းများ ဖြစ်ကြသည်။ အဌမမြောက်စည်းမျဉ်းတစ်စုံမှာ ယဇ်ပုရောဟိတ်များက ပူဇော်သက္ကာများကို စားသုံးခြင်းအတွက် ဖြစ်သည်။ ထို့နောက်တွင် လူတို့၏ အသက်တာများအတွင်း လိုက်နာသင့်သည့်အရာအတွက် စည်းမျဉ်းများ ရှိသည်။ ၎င်းတို့ စားအပ်သောအရာ သို့မဟုတ် မစားအပ်သောအရာအတွက်၊ သားဖွားပြီးသော အမျိုးသမီးများကို စင်ကြယ်စေခြင်းအတွက် စည်းမျဉ်းများနှင့် နူနာပျောက်ကင်းသော သူများအတွက် စည်းမျဉ်းများကဲ့သို့သော လူတို့၏ အသက်တာကဏ္ဍ များစွာအတွက် ပြဌာန်းချက်များရှိသည်။ ဤစည်းမျဉ်းများထဲတွင်၊ ဘုရားသခင်သည် အနာရောဂါ အကြောင်းအထိ ပြောခဲ့ပြီး၊ သိုးများနှင့် ကျွဲနွားတိရစ္ဆာန်များကို သတ်ဖြတ်ခြင်းအတွက် စီရင်ထုံးဖွဲ့ချက်များနှင့် အစရှိသည်တို့ပင် ရှိလေသည်။ သိုးများနှင့် ကျွဲနွားတိရစ္ဆာန်များကို ဘုရားသခင် ဖန်ဆင်းခဲ့ခြင်းဖြစ်ပြီး၊ သင်သည် ဘုရားသခင် သင့်အားပြောသည့် မည်သည့်နည်းဖြင့်မဆို ၎င်းတို့အား သတ်ဖြတ်သင့်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များအဖို့ အကြောင်းရင်း ရှိသည်မှာ သေချာသည်။ ဘုရားသခင် အမိန့်ပေးသည့်အတိုင်း ပြုမူရန်မှာ သေချာပေါက် မှန်ကန်ပြီး လူတို့ဖို့ ဧကန်မုချ အကျိုးရှိပေသည်။ ဥပုသ်နေ့၊ ပဿခါနှင့် နောက်ထပ်ပွဲများ ကဲ့သို့သော လိုက်နာရမည့် ပွဲတော်များနှင့် စီရင်ထုံးဖွဲ့ချက်များလည်း ရှိသည်- ဘုရားသခင်သည် ဤအရာအားလုံးကို ပြောခဲ့လေသည်။ နောက်ဆုံး စည်းမျဉ်းများကို ကြည့်ကြစို့- ဆီမီးခုံများကို မီးထွန်းခြင်း၊ ယုဘိလနှစ်၊ မြေကို ရွေးနုတ်ခြင်း၊ သစ္စာကတိပြုခြင်း၊ ဆယ်ဖို့တစ်ဖို့ပေးခြင်းနှင့် စသဖြင့်- အခြားသောစည်းမျဉ်းများ ဖြစ်သည်။ ဤစည်းမျဉ်းများသည် များပြားသော အမျိုးအစားကို ခြုံငုံမိပါသလော။ ပထမဆုံး ပြောရမည့်အရာမှာ လူတို့၏ ပူဇော်သက္ကာများနှင့်သက်ဆိုင်သည့် ကိစ္စရပ် ဖြစ်သည်။ ထို့နောက် ခိုးမှုနှင့် အလျော်ပေးခြင်း၊ ပြီးလျှင် ဥပုသ်နေ့ ကျင်းပခြင်းတို့အတွက် စည်းမျဉ်းများရှိသည်။ အသက်တာ၏ အသေးစိတ်အချက်အလက် တစ်ခုစီတိုင်းသည် ပါဝင်၏။ ဆိုလိုသည်မှာ ဘုရားသခင်သည် သူ၏စီမံခန့်ခွဲမှု အစီအစဉ်၏ တရားဝင်အမှုကို စတင်ခဲ့ချိန်တွင်၊ သူသည် လူသား လိုက်နာရမည့် စည်းမျဉ်းများစွာကို ချမှတ်ခဲ့လေသည်။ ဤစည်းမျဉ်းများသည် လူသားကို ကမ္ဘာမြေပေါ်တွင် လူသား၏ ပုံမှန်အသက်တာတစ်ခု၊ ဘုရားသခင်နှင့် သူ၏ လမ်းပြမှုအောက်မှ ခွဲထုတ်၍မရသော လူသား၏ ပုံမှန် အသက်တာတစ်ခုကို အသက်ရှင်နေထိုင်ခွင့် ပေးရန်အလို့ငှာ ဖြစ်လေသည်။ ဘုရားသခင်သည် လူသားကို ယဇ်ပလ္လင်များ ပြုလုပ်ပုံ၊ ယဇ်ပလ္လင်များ မည်ကဲ့သို့တည်ပုံကို ဦးစွာ ပြောပြခဲ့သည်။ ထို့နောက်တွင် သူသည် လူသားအား ပူဇော်သက္ကာများကို ပူဇော်ပုံကို ပြောပြခဲ့ပြီး လူသားက မည်သို့ အသက်ရှင်ရမည်- အသက်တာထဲ၌ မည်သည့်အရာကို အာရုံစိုက်ရမည်၊ မည်သည်အရာကို လိုက်နာရမည်၊ ပြီးလျှင် မည်သည့်အရာ ပြုသင့်ပြီး မည်သည့်အရာ မပြုသင့်သည်- ဆိုသည်ကို ပြဌာန်းခဲ့သည်။ လူသားအတွက် ဘုရားသခင် ချမှတ်ပေးခဲ့သည့်အရာမှာ အလုံးစုံအကျုံးဝင်ပြီး၊ ဤထုံးတမ်းများ၊ စည်းမျဉ်းများနှင့် အခြေခံသဘောတရားများဖြင့် သူသည် လူတို့၏ အပြုအမူကို စံသတ်မှတ်ပေးခဲ့သည်၊ ၎င်းတို့၏ အသက်တာများကို လမ်းပြပေးခဲ့သည်၊ ဘုရားသခင်၏ ပညတ်တရားများကို ၎င်းတို့၏ အစပျိုးခြင်းကို လမ်းပြခဲ့သည်၊ ဘုရားသခင်၏ ပလ္လင်ရှေ့သို့လာရန် ၎င်းတို့အား လမ်းပြခဲ့သည်၊ အရာခပ်သိမ်းထဲမှ လူသားအတွက် ဘုရားသခင် ပြုလုပ်ပေးခဲ့သည့် စနစ်ကျမှု၊ ပုံမှန်ဖြစ်ပေါ်မှုနှင့် ထိန်းချုပ်နိုင်ခြင်းတို့ကို ပိုင်ဆိုင်သည့် အသက်တာရှိခြင်းတွင် ၎င်းတို့အား လမ်းပြခဲ့သည်။ လူသားသည် ကမ္ဘာမြေကြီးပေါ်တွင် ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်သည့် ပုံမှန်အသက်တာတစ်ခု၊ လူသား၏ ပုံမှန်အသက်တာတစ်ခုကို ရရှိဖို့အလို့ငှာ၊ ဘုရားသခင်သည် လူသားအတွက် ကန့်သတ်ချက်များကို ချမှတ်ပေးရန် ရိုးရှင်းသော ဤစည်းမျဉ်းများနှင့် အခြေခံသဘောတရားများကို ဦးစွာ အသုံးပြုခဲ့သည်။ ယင်းမှာ သူ၏ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ် အစပြုခြင်း၏ အကြောင်းအရာအတိအကျ ဖြစ်သည်။ စည်းမျဉ်းများနှင့် စီရင်ထုံးဖွဲ့ချက်များသည် အလွန်ကျယ်ပြန့်သော အကြောင်းအရာ တစ်ခုကို ခြုံငုံလေသည်၊ ၎င်းတို့သည် ပညတ်တော်ခေတ်အတွင်း လူသားများကို ဘုရားသခင်၏ လမ်းပြခြင်းနှင့်ဆိုင်သည့် အသေးစိတ်အချက်အလက်များ ဖြစ်သည်၊ ယင်းတို့ကို ပညတ်တော်ခေတ်မတိုင်မီ ရှိခဲ့သောလူများက လက်ခံကာ လိုက်နာစောင့်ထိန်းကြရမည် ဖြစ်သည်၊ ယင်းတို့သည် ပညတ်တော်ခေတ်အတွင်း ဘုရားသခင်ပြုခဲ့သော အမှုမှတ်တမ်း တစ်ခုဖြစ်ပြီး ယင်းတို့သည် လူသားမျိုးနွယ် တစ်ရပ်လုံးအပေါ် ဘုရားသခင်၏ ဦးဆောင်မှုနှင့် လမ်းပြမှုတို့၏ စစ်မှန်သော သက်သေ ဖြစ်ပေသည်။
လူသားမျိုးနွယ်သည် ဘုရားသခင်၏ သွန်သင်ချက်များနှင့် ထောက်ပံ့မှုများမှ အစဉ်ထာဝရ ခွဲမရပေ
ဤစည်းမျဉ်းများတွင် သူ၏ အမှု၊ စီမံခန့်ခွဲမှုနှင့် လူသားမျိုးနွယ် အပေါ် ဘုရားသခင်၏ သဘောထားမှာ တည်ကြည်လေးနက်သည်၊ တာဝန်ကျေပွန်သည်၊ တင်းကျပ်ပြီး၊ တာဝန်ရှိသည်ကို ငါတို့ မြင်ရသည်။ သူသည် လူသားမျိုးနွယ်အား ပြောရမည့် စကားများကို အနည်းငယ်မျှ မှားယွင်းခြင်း သို့မဟုတ် ထိမ်ချန်မှု မရှိဘဲ သူပြောရင်းနှင့် လူသားသည် ဘုရားသခင်၏ ဦးဆောင်မှုမှ ခွဲထုတ်၍ မရသည်ကို မြင်ခွင့်ပေးရင်း၊ ပြီးလျှင် လူသားမျိုးနွယ်ထံ ဘုရားသခင် ပြုသမျှနှင့် ပြောသမျှတို့ မည်မျှ အရေးကြီးသည်ကို သူ့အား ပြသရင်း၊ သူ၏ခြေလှမ်းများနှင့်အညီ လူသားမျိုးနွယ်အလယ် သူ လုပ်ဆောင်ရမည့် အမှုကို အနည်းငယ် ကွာဟချက်မရှိဘဲ သူလုပ်ဆောင်လေသည်။ လူသားသည် နောင်လာမည့် ခေတ်တွင် မည်သည့်အရာနှင့် တူသည်ကို ပဓာနမထားဘဲ၊ အစအဦးတွင်- ပညတ်တော်ခေတ်အတွင်းတွင်- ဘုရားသခင်သည် ရိုးရှင်းသော ဤအရာများကို လုပ်ဆောင်ခဲ့ပေသည်။ ဘုရားသခင်အဖို့ ဘုရားသခင်၊ လောကနှင့် ထိုခေတ်ထဲက လူသားမျိုးနွယ်နှင့်သက်ဆိုင်သည့် လူတို့၏ အယူအဆများသည် စိတ်ကူးသက်သက်ဖြစ်ပြီး နားလည်ရ ခက်ခဲခဲ့သည်၊ ပြီးလျှင် ၎င်းတို့သည် သတိရှိသော စိတ်ကူးနှင့် ရည်ရွယ်ချက်အချို့ ရှိခဲ့ကြသော်လည်း၊ ထိုအရာများအားလုံးသည် မရှင်းလင်းသကဲ့သို့ မမှန်ကန်ခဲ့ပေ၊ ထို့ကြောင့် လူသားမျိုးနွယ်သည် ဘုရားသခင်၏ သွန်သင်ချက်များနှင့် ၎င်းတို့အတွက် ထောက်ပံ့မှုများထံမှ ခွဲထုတ်၍ မရနိုင်ခဲ့ပေသည်။ အစောဆုံး လူသားမျိုးနွယ်သည် မည်သည့် အရာကိုမျှ မသိခဲ့ကြပေ၊ ထို့ကြောင့် ဘုရားသခင်သည် ရှင်သန်မှုအတွက် အပေါ်ယံအကျဆုံးနှင့် အခြေခံအကျဆုံး နိယာမများနှင့် အသက်ရှင်ခြင်းအတွက် လိုအပ်သော စည်းမျဉ်းများမှ စတင်သွန်သင်ပေးခဲ့ရပြီး လူသား၏ စိတ်နှလုံးထဲတွင် ဤအရာများကို ဖြည်းဖြည်းချင်း စိမ့်ဝင်စေခဲ့သည်။ နှုတ်ကပတ်တော်များဖြစ်သည့် ဤနိယာမများမှတစ်ဆင့်၊ ပြီးလျှင် ဤစည်းမျဉ်းများမှတစ်ဆင့် သူနှင့်ပတ်သက်၍ ဖြည်းဖြည်းချင်း နားလည်ခြင်း၊ သူ၏ ဦးဆောင်မှုကို ဖြည်းဖြည်းချင်း အသိအမှတ်ပြုခြင်းနှင့် သဘောပေါက်ခြင်း၊ ပြီးလျှင် သူနှင့် လူသားတို့အကြား ဆက်ဆံရေးနှင့်ပတ်သက်သည့် အခြေခံကျသော ရှုထောင့်တို့ကို လူတို့အား သူပေးအပ်ခဲ့သည်။ ဤရလဒ်ကို ရရှိပြီးနောက်၊ ထိုအခါမှသာ ဘုရားသခင်သည် နောင်တွင် သူလုပ်မည့် အမှုကို တဖြည်းဖြည်း လုပ်နိုင်ခဲ့ခြင်းဖြစ်သည်၊ ထို့ကြောင့် ပညတ်တော်ခေတ် အတောအတွင်း ဤစည်းမျဉ်းများနှင့် ဘုရားသခင် ပြုခဲ့သော အမှုမှာ လူသားမျိုးနွယ်ကို ကယ်တင်ခြင်းနှင့်သက်ဆိုင်သည့် သူ့အမှု၏ အခြေခံမူဖြစ်ပြီး ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်ထဲက အမှု၏ ပထမဆုံး အဆင့် ဖြစ်သည်။ ပညတ်တော်ခေတ်၏ အမှုမတိုင်မီ ဘုရားသခင်သည် အာဒံ၊ ဧဝနှင့် ၎င်းတို့၏ သားစဉ်မြေးဆက်တို့ကို စကားပြောခဲ့ပြီးဖြစ်သော်လည်း၊ ထိုအမိန့်များနှင့် သွန်သင်ချက်များသည် လူသားထံ တစ်ဦးချင်းစီ ထုတ်ပြန်ရန်အတွက် အလွန်စနစ်ကျခြင်း သို့မဟုတ် တိကျခြင်း မရှိခဲ့သကဲ့သို့၊ ယင်းတို့ကို ရေးချခဲ့ခြင်း မရှိခဲ့ဘဲ၊ ယင်းတို့သည် စည်းမျဉ်းများ ဖြစ်လာခဲ့ခြင်းလည်း မရှိပေ။ ယင်းမှာ အဘယ်ကြောင့်ဆိုသော် ထိုအချိန်က ဘုရားသခင်၏ အစီအစဉ်မှာ ထိုအထိ မရောက်ခဲ့သေးသောကြောင့် ဖြစ်သည်။ ဘုရားသခင်သည် လူသားကို ဤအဆင့်အထိ ဦးဆောင်ခဲ့ပြီးချိန်မှသာ ဘုရားသခင်သည် ပညတ်တော်ခေတ်၏ ဤစည်းမျဉ်းများကို စတင်ပြောဆိုပြီး ယင်းတို့ကို လူသားအား စတင်ကာ ဆောင်ရွက်နိုင်စေမည် ဖြစ်သည်။ ယင်းမှာ လိုအပ်သော လုပ်ငန်းစဉ်တစ်ခုဖြစ်ခဲ့ပြီး ရလဒ်မှာ ကျိန်းသေခဲ့သည်။ ရိုးရှင်းသော ဤထုံးတမ်းများနှင့် စည်းမျဉ်းများသည် ဘုရားသခင်၏ စီမံခန့်ခွဲခြင်း အမှုအဆင့်များနှင့် သူ၏ စီမံခန့်ခွဲမှု အစီအစဉ်ထဲတွင် ထုတ်ဖော်ပြခဲ့သော ဘုရားသခင်၏ ဉာဏ်ပညာကို လူသားအား ပြသပေသည်။ ဘုရားသခင်သည် သူ့အား သက်သေခံသည့် လူတစ်စုကို ရယူနိုင်ဖို့အလို့ငှာနှင့် သူနှင့် တစ်စိတ်တစ်ဝမ်းတည်းဖြစ်သော လူတစ်စုကို ရယူနိုင်ဖို့အလို့ငှာ အစပြုရန် မည်သည့် အကြောင်းအရာနှင့် နည်းလမ်းကို အသုံးပြုရမည်၊ ဆက်လက် လုပ်ဆောင်ရန် မည်သည့် နည်းလမ်းကို အသုံးပြုရမည်ဆိုသည်နှင့် အဆုံးသတ်ရန် မည်သည့် နည်းလမ်းကို အသုံးပြုရမည်ဆိုသည်တို့ကို သိသည်။ ဘုရားသခင်သည် လူသား၏ အတွင်း၌ မည်သည့် အရာရှိသည်၊ လူသား၌ မည်သည့်အရာ ကင်းမဲ့သည်တို့ကို သိ၏။ လူသားကို မည်သည့်အရာ ထောက်ပံ့ရမည်ဆိုသည်နှင့် မည်ကဲ့သို့ ဦးဆောင်သင့်သည်ဆိုသည်ကို သူသိသကဲ့သို့၊ လူသား လုပ်သင့်သော အရာနှင့် မလုပ်သင့်သောအရာမှာ မည်သည့် အရာကိုလည်း သူသိလေသည်။ လူသားသည် ရုပ်သေးရုပ် တစ်ရုပ်ကဲ့သို့ ဖြစ်သည်- သူသည် ဘုရားသခင်၏ အလိုကို သိနားလည်ခြင်း မရှိခဲ့သော်လည်း၊ သူသည် တစ်ဆင့်ပြီး တစ်ဆင့်၊ ယနေ့ထိတိုင် ဘုရားသခင်၏ စီမံခန့်ခွဲခြင်း အမှု၏ ဦးဆောင်ခြင်းကို မခံဘဲ မနေနိုင်ခဲ့ပေ။ ဘုရားသခင်၏ စိတ်နှလုံးထဲတွင် သူပြုရမည့် အရာနှင့်ပတ်သက်၍ မထင်မရှားဖြစ်ခြင်း မရှိပေ။ သူ၏ စိတ်နှလုံးထဲတွင် အလွန်ရှင်းလင်းပြီး ထက်မြက်သော အစီအစဉ်တစ်ခု ရှိခဲ့ပြီး သူသည် အပေါ်ယံမှသည် အလွန်လေးနက်သည်အထိ တိုးတက်စေရင်း၊ သူကိုယ်တိုင် လုပ်ဆောင်လိုခဲ့သော အမှုကို သူ၏ ခြေလှမ်းများနှင့် သူ၏ အစီအစဉ်နှင့်အညီ ဆောင်ရွက်ခဲ့သည်။ သူသည် နောက်ပိုင်းလုပ်မည့် အမှုကို အရိပ်အယောင်မပြခဲ့ဖူးသော်လည်း၊ သူ၏ နောက်ဆက်တွဲ အမှုကို ဆက်လက် လုပ်ဆောင်နေဆဲဖြစ်ခဲ့ပြီး သူ၏ အစီအစဉ်နှင့်အညီ အတိအကျ ဆက်လက်တိုးတက်ဆဲ ဖြစ်ခဲ့သည်၊ ယင်းမှာ ဘုရားသခင်၏အရာအားလုံးနှင့် ဖြစ်ခြင်း၏ သရုပ်သကန်တစ်ခုဖြစ်ပြီး ဘုရားသခင်၏ ဩဇာအာဏာလည်း ဖြစ်သည်။ သူ၏ စီမံခန့်ခွဲမှု အစီအစဉ်၏ မည်သည့်အဆင့်၌ သူလုပ်ဆောင်နေသည်ကို ပဓာနမထားဘဲ၊ သူ၏ စိတ်သဘောထားနှင့် သူ၏ အနှစ်သာရသည် သူကိုယ်တိုင်ကို ကိုယ်စားပြုသည်။ ဤသည်မှာ အကြွင်းမဲ့ မှန်ကန်၏။ မည်သည့် ခေတ် သို့မဟုတ် အမှုအဆင့်ဖြစ်စေ၊ ဘယ်သောအခါမျှ မပြောင်းလဲမည့် အရာများရှိ၏- မည်သည့်လူစားမျိုးကို ဘုရားသခင်ချစ်သည်၊ မည်သည့် လူစားမျိုးကို သူစက်ဆုပ်ရွံရှာသည်၊ သူ၏ စိတ်သဘောထားနှင့် သူ၏အရာအားလုံးနှင့် ဖြစ်ခြင်းတို့ ဖြစ်သည်။ ပညတ်တော်ခေတ်၏ အမှုအတောအတွင်းတွင် ဘုရားသခင် ပြဌာန်းခဲ့သော ဤစည်းမျဉ်းများနှင့် အခြေခံသဘောတရားများသည် ယနေ့ လူများအတွက် အလွန်ရိုးရှင်းပြီး အပေါ်ယံဆန်သည်ဟု ထင်ရသော်လည်း၊ ၎င်းတို့ကို နားလည်ရန်နှင့် စွမ်းဆောင်ရရှိရန် လွယ်ကူသော်လည်း၊ ယင်းစည်းမျဉ်းများနှင့် အခြေခံသဘောတရားများ ထဲတွင် ဘုရားသခင်၏ ဉာဏ်ပညာ ရှိဆဲဖြစ်ပြီး၊ သူ၏ စိတ်သဘောထားနှင့် သူ၏အရာအားလုံးနှင့် ဖြစ်ခြင်းတို့ ရှိနေဆဲဖြစ်သည်။ အပြင်ပန်းအားဖြင့် ရိုးရှင်းသော ဤစည်းမျဉ်းများ အတွင်းတွင် လူသားမျိုးနွယ်အပေါ် ဘုရားသခင်၏တာဝန်နှင့် စောင့်ရှောက်မှုအပြင် သူ့အကြံအစည်များ၏ လှပသိမ်မွေ့သော အနှစ်သာရတို့ကို ဖော်ပြထားပြီး၊ ထိုသို့ဖြင့် ဘုရားသခင်သည် အရာခပ်သိမ်းအပေါ် အုပ်စိုးပြီး အရာခပ်သိမ်းကို သူ၏ လက်ဖြင့် ထိန်းချုပ်ထားသည်ဟူသော အမှန်တရားကို လူသားအား အမှန်တကယ် သဘောပေါက်ခွင့်ပေးလေသည်။ လူသားမျိုးနွယ်သည် အသိပညာမည်မျှကို ကျွမ်းကျင်ပိုင်နိုင်ပါစေ သို့မဟုတ် သဘောတရားများ သို့မဟုတ် နက်နဲမှုများ မည်မျှကို သူနားလည်ပါစေ၊ ဘုရားသခင်အဖို့ ဤအရာများထဲမှ တစ်ခုမျှသည် လူသားမျိုးနွယ် အပေါ် သူ၏ ထောက်ပံ့ခြင်းနှင့် ခေါင်းဆောင်မှုတို့ကို အစားထိုးနိုင်ခြင်း မရှိပေ။ လူသားမျိုးနွယ်သည် ဘုရားသခင်၏ ဦးဆောင်လမ်းပြမှုနှင့် ဘုရားသခင်၏ ကိုယ်ပိုင်အမှုမှ အစဉ်ထာဝရခွဲ၍ ရလိမ့်မည် မဟုတ်ပေ။ ယင်းမှာ လူသားနှင့် ဘုရားသခင်အကြား ခွဲထုတ်၍မရသော ဆက်နွှယ်မှုဖြစ်သည်။ ဘုရားသခင်သည် သင့်အား သူ၏အလိုကို နားလည်စေရန် သင့်အတွက် ပညတ်ချက် တစ်ခု၊ သို့မဟုတ် စည်းမျဉ်းတစ်ခုကို ပေးသည် သို့မဟုတ် သမ္မာတရားအား ထောက်ပံ့ပေးသည်ကို ပဓာနမထားဘဲ၊ သူမည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ၊ ဘုရားသခင်၏ ရည်မှန်းချက်မှာ လူသားအား လှပသော မနက်ဖြန်တစ်ခုသို့ ဦးဆောင်လမ်းပြရန် ဖြစ်သည်။ ဘုရားသခင် မိန့်မြွက်ခဲ့သော နှုတ်ကပတ်တော်များနှင့် သူပြုသော အမှုနှစ်ခုလုံးသည် သူ့အနှစ်သာရ၏ ရှုထောင့်တစ်ခုနှင့်ဆိုင်သည့် ထုတ်ဖော်ပြခြင်း ဖြစ်ပြီး၊ သူ၏ စိတ်သဘောထားနှင့် သူ၏ ဉာဏ်ပညာတို့၏ ရှုထောင့်တစ်ခုနှင့်ဆိုင်သည့် ထုတ်ဖော်ပြခြင်း ဖြစ်သည်။ ယင်းတို့သည် သူ၏ စီမံခန့်ခွဲမှု အစီအစဉ်၏ မရှိမဖြစ်သော အဆင့်တစ်ဆင့်ဖြစ်သည်။ ဤအရာကို လျစ်လျူရှု၍ မရပေ။ ဘုရားသခင်၏ အလိုသည် သူပြုလေသမျှ၌ ရှိ၏။ ဘုရားသခင်သည် အံမကိုက်သော မှတ်ချက်များကို မကြောက်ရွံ့သကဲ့သို့၊ သူနှင့် ပတ်သက်သည့် လူသား၏ မည်သည့် အယူအဆကိုမျှ သို့မဟုတ် အတွေးများကို စိုးရွံ့ခြင်းလည်း မရှိပေ။ သူသည် သူ၏အမှုကို ပြုရုံမျှပြုပြီး သူ၏ စီမံခန့်ခွဲမှုကို မည်သည့်လူ၊ ကိစ္စရပ် သို့မဟုတ် အရာဝတ္ထုမျှ၏ ဘောင်ခတ်ခြင်းကို မခံဘဲ၊ သူ၏ စီမံခန့်ခွဲမှု အစီအစဉ်နှင့်အညီ ဆက်လက်လုပ်ဆောင်လေသည်။
ကောင်းပေ၏။ ယနေ့အတွက် ဤမျှသာ ဖြစ်သည်။ နောက်တစ်ခေါက်တွင် ပြန်တွေ့ကြစို့။
၂ဝ၁၃ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်