ကယ်တင်ရှင်သည် “ဖြူသောမိုးတိမ်” စီးလျက် ပြန်ကြွလာနှင့်ပြီးဖြစ်သည်

လူသားတို့သည် ကယ်တင်ရှင်၏ ရောက်ရှိခြင်းကို မျက်မြင်တွေ့နိုင်ရန် ထောင်စုနှစ်အချို့ကြာ တောင့်တကြပြီး ဖြစ်သည်။ ကယ်တင်ရှင် ယေရှုသည် နှစ်ထောင်ပေါင်းများစွာကြာ သူ့ကို အောက်မေ့ကာ တမ်းတကြသူများအလယ် ကိုယ်တိုင်ကိုယ်ကျ ဖြူသောမိုးတိမ်စီးလျက် ဆင်းသက်သည်ကို ရှုမြင်ရန် လူသားက တောင့်တပြီးဖြစ်သည်။ လူသားသည် ကယ်တင်ရှင်က ပြန်ကြွလာပြီး ၎င်းတို့နှင့် ပြန်လည် ပေါင်းစည်းရန်အတွက်လည်း တောင့်တပြီးဖြစ်သည်။ ဆိုလိုသည်မှာ နှစ်ထောင်ပေါင်းများစွာကြာ လူတို့နှင့် ကွဲကွာပြီးဖြစ်သည့် ကယ်တင်ရှင် ယေရှုကို ပြန်ကြွလာဖို့နှင့် ယုဒလူမျိုးများအလယ် သူပြုခဲ့သည့် ရွေးနုတ်ခြင်းအမှုကို တစ်ဖန် ဆောင်ရွက်ဖို့၊ လူသားအပေါ် သနားကရုဏာနှင့်ပြည့်စုံပြီး ချစ်ခင်ရန်၊ လူသား၏ အပြစ်များကို ခွင့်လွှတ်ပြီး လူသား၏အပြစ်များကို သယ်ဆောင်ပြီး လူသား၏ အပြစ်ဒုစရိုက်များအားလုံးကိုပင် သယ်ဆောင်ရန်နှင့် လူသားအား အပြစ်မှ ကယ်လွှတ်ရန် တောင့်တခဲ့ကြသည်။ လူသားက တောင့်တသည်မှာ ကယ်တင်ရှင် ယေရှုသည် ယခင်အတိုင်း ဖြစ်ဖို့ရန် ဖြစ်သည်- ချစ်မြတ်နိုးဖွယ်ကောင်းသည့်၊ ကြင်နာပြီး၊ ကြည်ညို လေးစားဖွယ်ကောင်းသော၊ လူသားအပေါ် မည်သည့်အခါမျှ အမျက်ဒေါသ မရှိသကဲ့သို့၊ လူသားကို အပြစ်ဆိုခြင်း မရှိဘဲ၊ ခွင့်လွှတ်ကာ လူသား၏ အပြစ်များအားလုံးကို ဆောင်ယူပြီး ယခင်အတိုင်း လူသားအတွက် ကားတိုင်တွင်ပင် အသေခံသည့် ကယ်တင်ရှင်အဖြစ် ဖြစ်သည်။ ယေရှု ထွက်ခွာသွားခဲ့ကတည်းက၊ သူ့ နောက်လိုက်ခဲ့ကြသည့် တပည့်တော်များအပြင်၊ သူ၏နာမဖြင့် ကယ်တင်ခံခဲ့ကြရသည့် သန့်ရှင်းသူအားလုံးသည် သူ့အား အသည်းအသန် အောက်မေ့ကာ စောင့်ဆိုင်းနေကြပြီး ဖြစ်သည်။ ကျေးဇူးတော်ခေတ်အတွင်းတွင် ယေရှုခရစ်တော်၏ ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းခံခဲ့ရသူ အားလုံးသည် ကယ်တင်ရှင်ယေရှုက ဖြူသော မိုးတိမ်စီးလျက် လူအားလုံးအလယ် ပေါ်ထွန်းမည့်အချိန် နောက်ဆုံးသော ကာလထဲက ဝမ်းမြောက်ဖွယ်ရာနေ့ရက်ကို တောင့်တနေခဲ့ကြသည်။ ဟုတ်ပေ၏၊ ဤသည်မှာ ယနေ့ခေတ် ကယ်တင်ရှင် ယေရှု၏ နာမကို လက်ခံသူအားလုံး၏ စုပေါင်းဆန္ဒလည်း ဖြစ်သည်။ စကြဝဠာရှိ ကယ်တင်ရှင်ယေရှု၏ ကယ်တင်ခြင်း အကြောင်းကို သိသူ အယောက်စီတိုင်းသည် ကမ္ဘာမြေပေါ်တွင် ယေရှု ရှိစဉ်က “ငါထွက်ခွာသွားသကဲ့သို့ပင် တဖန်ပြန်လည်ရောက်ရှိလာလိမ့်မည်။” ဟု ပြောဆိုခဲ့သည့်စကားကို ဖြည့်ဆည်းပေးရန် ယေရှုခရစ်တော် ရုတ်တရက် ရောက်ရှိဖို့ အသည်းအသန် တမ်းတလျက် ရှိကြပြီးဖြစ်သည်။ ကားစင်တင်ခံရခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်း နောက်တွင်၊ ယေရှုသည် အမြင့်ဆုံးသော ဘုရား၏ လက်ျာတော် အရပ်ရှိ သူ၏ နေရာကိုယူဖို့ ဖြူသော မိုးတိမ်စီးလျက် ကောင်းကင်ဘုံသို့ ပြန်သွားခဲ့သည်ဟု လူသားက ယုံကြည်သည်။ ထိုနည်းတူ ယေရှုသည် နှစ်ထောင်ပေါင်းများစွာကြာ သူ့အား အသည်းအသန် တမ်းတကြပြီးဖြစ်သူများအလယ် ဖြူသောမိုးတိမ် (ဤမိုးတိမ်မှာ ယေရှု ကောင်းကင်ဘုံသို့ ပြန်သွားချိန်က စီးနင်းသွားခဲ့သည့် မိုးတိမ်ကိုဆိုလိုသည်) စီးလျက် တစ်ဖန် ဆင်းသက်လာလိမ့်မည် ဖြစ်ပြီး၊ သူသည် ယုဒလူမျိုးများ၏ ပုံသဏ္ဌာန်ကို ယူပြီး အဝတ်အစားများကို ဝတ်စားထားလိမ့်မည်။ လူသားထံ ပေါ်ထွန်းပြီးနောက်တွင်၊ ၎င်းတို့အပေါ် အစားအစာ ပေးသနားမည် ဖြစ်ပြီး၊ ၎င်းတို့အတွက် အသက်ရေများ ပန်းထွက်စေလိမ့်မည် ဖြစ်ကာ၊ ကျေးဇူးတော်နှင့် ချစ်ခြင်းမေတ္တာဖြင့် ပြည့်ဝလျက်၊ လူသားအလယ် အထင်းသားနှင့် စစ်မှန်စွာ အသက်ရှင်လိမ့်မည် ဖြစ်သည်။ ထိုသို့သော အယူအဆအားလုံးသည် လူတို့ ယုံကြည်သည့်အရာ ဖြစ်သည်။ သို့သော် ကယ်တင်ရှင် ယေရှုက ဤသို့ မလုပ်ဆောင်ခဲ့ပေ။ လူသား စိတ်ကူးပေါက်သည့်အရာနှင့် ဆန့်ကျင်ဘက် လုပ်ဆောင်ခဲ့သည်။ သူ၏ပြန်ကြွလာခြင်းကို တမ်းတခဲ့ကြသူများ အလယ်တွင် သူ ကြွရောက်မလာခဲ့သကဲ့သို့၊ ဖြူသော မိုးတိမ်ကို စီးနင်းလျက် လူအားလုံးထံသို့ သူ ပေါ်ထွန်းမလာခဲ့ပေ။ သူသည် ရောက်ရှိနှင့်ပြီးဖြစ်သော်လည်း၊ လူသားက မသိသကဲ့သို့၊ မသိနားမလည်ဘဲ ရှိနေဆဲဖြစ်သည်။ “ဖြူသောမိုးတိမ်”ပေါ် (သူ၏ ဝိညာဉ်တော်၊ သူ၏ နှုတ်ကပတ်တော်များ၊ သူ၏ ပင်ကိုစိတ်သဘောထားနှင့် သူ၏ ဖြစ်ခြင်း အားလုံးဖြစ်သော မိုးတိမ်) သူ ဆင်းကြွနှင့်ပြီးဖြစ်ကာ နောက်ဆုံးသောကာလအတွင်း သူပြုမည့် အောင်မြင်သူများ အုပ်စုအလယ်တွင် ယခု ရှိနေသည်ကို မသိဘဲလျက်၊ လူသားသည် ရောက်တတ်ရာရာ သူ့ကို စောင့်ဆိုင်းရုံမျှ စောင့်ဆိုင်းနေလေသည်။ ဤအရာကို လူသားက မသိပေ- သန့်ရှင်းသော ကယ်တင်ရှင် ယေရှုသည် လူသားတို့အတွက် ချစ်ခင်မှုနှင့် ချစ်ခြင်းမေတ္တာများရှိ သော်ငြားလည်း၊ အညစ်အကြေးများနှင့် မသန့်စင်သော ဝိညာဉ်များ နေရာယူ ထားသည့် “ဗိမာန်တော်များ”တွင် သူအဘယ်သို့ အမှုပြုနိုင်မည်နည်း။ လူသားသည် သူ၏ကြွရောက်ခြင်းကို စောင့်စားနေပြီးဖြစ်သော်လည်း၊ မဖြောင့်မတ်သော သူ၏အသားကို စားသူ၊ မဖြောင့်မတ်သောသူ၏ သွေးကို သောက်ပြီး၊ မဖြောင့်မတ်သောသူ၏ အဝတ်အစားများကို ဝတ်ဆင်သူ၊ သူ့ကို ယုံကြည်သော်လည်း သူ့ကို မသိသောသူ၊ သူ့ကို စဉ်ဆက်မပြတ် ခြိမ်းခြောက်သူများထံ အဘယ်သို့ ပေါ်ထွန်းနိုင်မည်နည်း။ ကယ်တင်ရှင် ယေရှုသည် ချစ်ခြင်းမေတ္တာနှင့် ပြည့်ပြီး၊ သနားကရုဏာဖြင့် ပြည့်လျှံကာ၊ သူသည် ရွေးနုတ်ခြင်းနှင့် ပြည့်ဝသည့် အပြစ်ဖြေရာယဇ်ဖြစ်သည်ကိုသာ လူသားက သိရှိထားသည်။ သို့ရာတွင် သူသည် ဖြောင့်မတ်မှု၊ ဘုန်းအာနုဘော်၊ အမျက်ဒေါသ၊ တရားစီရင်မှုတို့ဖြင့် ပြည့်လျှမ်းပြီး ဩဇာအာဏာကို ပိုင်ဆိုင်ကာ ဂုဏ်သိက္ခာအပြည့် ရှိသည့် ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်သည်ကိုမူ လူသားက မသိချေ။ ထို့ကြောင့် လူသားသည် ရွေးနုတ်ရှင်၏ ပြန်ကြွလာခြင်းကို စိတ်အားထက်သန်စွာ တမ်းတပြီး ဆန္ဒပြင်းပြကာ၊ ၎င်းတို့၏ ဆုတောင်းချက်များက ကောင်းကင်ဘုံကိုပင် လှုပ်ရှားသွားစေသော်လည်း၊ ကယ်တင်ရှင်ယေရှုသည် သူ့ကို ယုံကြည်သော်လည်း သူ့အား မသိကျွမ်းသူများထံ မပေါ်ထွန်းပေ။

“ယေဟောဝါ” ဆိုသည်မှာ ဣသရေလ၌ ငါအမှုပြုသည့် အတောအတွင်း ငါခံယူခဲ့သောနာမ ဖြစ်ပြီး ယင်းမှာ လူသားအပေါ် သနားညှာတာနိုင်သူ၊ လူသားကို ကျိန်ဆဲနိုင်ပြီး၊ လူသား၏ဘဝကို လမ်းပြပေးနိုင်သည့် ဣသရေလလူမျိုးများ (ဘုရားသခင် ရွေးချယ်ထားသောလူမျိုး)၏ ဘုရားသခင်ဟု အဓိပ္ပာယ်ရသည်။ ကြီးမြတ်သော တန်ခိုးကို ပိုင်ဆိုင်ပြီး ဉာဏ်ပညာနှင့် ပြည့်ဝသည့် ဘုရားသခင် ဖြစ်သည်။ “ယေရှု” သည် ဧမာနွေလဖြစ်ပြီး၊ ယင်းက ချစ်ခြင်းမေတ္တာနှင့် ပြည့်ဝသည့်၊ သနားခြင်းကရုဏာဖြင့် ပြည့်ဝသကဲ့သို့ လူသားကို ရွေးနုတ်သည့် အပြစ်ဖြေရာယဇ်ဟု ဆိုလိုသည်။ သူသည် ကျေးဇူးတော်ခေတ်၏ အမှုကို လုပ်ဆောင်ခဲ့ကာ၊ ကျေးဇူးတော်ခေတ်ကို ကိုယ်စားပြုပြီး၊ စီမံခန့်ခွဲခြင်း အစီအစဉ်နှင့်ဆိုင်သော အမှု၏ တစ်စိတ်တစ်ဒေသကိုသာ ကိုယ်စားပြုနိုင်သည်။ ယင်းမှာ ယေဟောဝါသည်သာ ရွေးကောက်ခံ ဣသရေလလူမျိုးတို့၏ ဘုရားသခင်၊ အာဗြဟံ၏ဘုရားသခင်၊ ဣဇာက်၏ဘုရားသခင်၊ ယာကုပ်၏ ဘုရားသခင်၊ မောရှေ၏ ဘုရားသခင်၊ ဣသရေလအမျိုးတို့၏ ဘုရားသခင် ဖြစ်သည်ဟု ဆိုရပေမည်။ ထို့ကြောင့် လတ်တလော ခေတ်တွင် ယုဒလူမျိုးများမှလွဲ၍ ဣသရေလအမျိုးသား အားလုံးတို့သည် ယေဟောဝါကို ကိုးကွယ်ကြ၏။ ၎င်းတို့သည် ယဇ်ပလ္လင်ပေါ်တွင် ယေဟောဝါထံ ယဇ်ပူဇော်ခြင်းများ ပြုကြပြီး၊ ဗိမာန်တော်ထဲတွင် ယဇ်ပုရောဟိတ် ဝတ်ရုံများကို ဝတ်ဆင်လျက် ယေဟောဝါအား အစေခံကြသည်။ ၎င်းတို့ မျှော်လင့်သော အရာမှာ ယေဟောဝါ၏ ပြန်လည် ပေါ်ထွန်းခြင်း ဖြစ်သည်။ ယေရှုသည်သာ လူသားမျိုးနွယ်တို့၏ ရွေးနုတ်ရှင် ဖြစ်ပြီး၊ သူသည် လူသားမျိုးနွယ်ကို အပြစ်မှရွေးနုတ်ခဲ့သည့် အပြစ်ဖြေရာယဇ် ဖြစ်သည်။ ယင်းမှာ ယေရှု၏ အမည်နာမသည် ကျေးဇူးတော်ခေတ်မှလာပြီး ကျေးဇူးတော်ခေတ်၌ ပြုခဲ့သော ရွေးနုတ်ခြင်း အမှုကြောင့် ဖြစ်တည်လာခဲ့သည်ဟု ဆိုရပေမည်။ ကျေးဇူးတော်ခေတ်၏ လူများကို ပြန်လည် မွေးဖွားစေပြီး ကယ်တင်ခံရခွင့်ပေးရန် ယေရှု၏ အမည်နာမ ဖြစ်တည်လာခဲ့ကာ လူသားမျိုးနွယ် တစ်ရပ်လုံး၏ ရွေးနုတ်ခြင်းအတွက် သီးသန့် နာမတစ်ခုဖြစ်သည်။ ထို့ကြောင့် ယေရှု၏အမည်နာမသည် ရွေးနုတ်ခြင်းကို ကိုယ်စားပြုပြီး ကျေးဇူးတော်ခေတ်ကို ရည်ညွှန်းပေသည်။ ယေဟောဝါဟူသော အမည်နာမသည် ပညတ်တရားအောက်တွင် အသက်ရှင်ခဲ့ကြသည့် ဣသရေလ လူမျိုးတို့အတွက် သီးသန့် အမည်နာမ ဖြစ်သည်။ ခေတ်အသီးသီးနှင့် အမှု၏ အဆင့်အသီးသီးတွင်၊ ငါ၏နာမသည် အခြေအမြစ်ကင်းမဲ့ခြင်း မရှိဘဲ၊ အရေးပါမှုကို ကိုယ်စားပြု ထိန်းသိမ်းပေသည်- အမည်နာမ အသီးသီးက ခေတ်တစ်ခုကို ကိုယ်စားပြုသည်။ “ယေဟောဝါ” သည် ပညတ်တော်ခေတ်ကို ကိုယ်စားပြုပြီး၊ ဣသရေလလူမျိုးများက ၎င်းတို့ ကိုးကွယ်သော ဘုရားသခင်ကို ခေါ်သည့် ချီးမြှောက်သော အမည်နာမ ဖြစ်သည်။ “ယေရှု” သည် ကျေးဇူးတော်ခေတ်ကို ကိုယ်စားပြုပြီး ကျေးဇူးတော်ခေတ် အတွင်း ရွေးနုတ်ခံခဲ့ရသူ အားလုံး၏ ဘုရားသခင်၏နာမ ဖြစ်သည်။ နောက်ဆုံးသော ကာလအတွင်းတွင် ကယ်တင်ရှင်ယေရှု၏ ကြွရောက်ခြင်းကို လူသားက တောင့်တဆဲ ဖြစ်ပြီး၊ ယုဒပြည်တွင် ခံယူခဲ့သော ရုပ်သွင်ဖြင့် ကြွလာရန် သူ့ကို မျှော်လင့်ဆဲ ဖြစ်ပါက၊ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်တစ်ခုလုံးသည် ရွေးနုတ်ခြင်းခေတ်၌ ရပ်တန့်သွားပြီးဖြစ်မည် ဖြစ်ကာ၊ နောက်ထပ် မည်သို့မျှ တိုးတက်နိုင်မည် မဟုတ်ပေ။ ထို့အပြင် နောက်ဆုံးသော ကာလသည် မည်သည့်အခါမျှ ရောက်ရှိမည် မဟုတ်သကဲ့သို့၊ ခေတ်သည် မည်သည့်အခါမျှ အဆုံးသတ်သို့ ရောက်မည် မဟုတ်ပေ။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် ကယ်တင်ရှင်ယေရှုသည် လူသားမျိုးနွယ်တို့၏ ရွေးနုတ်ခြင်းနှင့် ကယ်တင်ခြင်းအတွက်သာ ဖြစ်သောကြောင့် ဖြစ်သည်။ ကျေးဇူးတော်ခေတ်ရှိ အပြစ်သားအားလုံး အတွက် ယေရှု၏နာမကို ငါခံယူခဲ့ခြင်း ဖြစ်သော်လည်း၊ ယင်းသည် လူသားမျိုးနွယ် တစ်ရပ်လုံးကို အဆုံးသတ်တစ်ခုဆီသို့ ငါဆောင်ကြဉ်းမည့် နာမ မဟုတ်ပေ။ ယေဟောဝါ၊ ယေရှုနှင့် မေရှိယတို့အားလုံးသည် ငါ၏ဝိညာဉ်တော်ကို ကိုယ်စားပြုသော်လည်း၊ ဤအမည်နာမများသည် ငါ၏စီမံခန့်ခွဲခြင်း အစီအစဉ်နှင့်ဆိုင်သော မတူကွဲပြားသည့် ခေတ်များကိုသာ ရည်ညွှန်းပြီး ငါ၏အလုံးစုံ၌ ငါ့ကို ကိုယ်စားမပြုပေ။ ကမ္ဘာမြေပေါ်ရှိ လူတို့က ငါ့အားခေါ်ဝေါ်သော အမည်နာမများသည် ငါ၏အလုံးစုံသော စိတ်သဘောထားနှင့် ငါ၏ဖြစ်ခြင်းအားလုံးကို ရှင်းလင်းစွာ မပြောဆိုနိုင်ပေ။ ၎င်းတို့သည် မတူကွဲပြားသော ခေတ်များအတွင်း ငါ့အားခေါ်ဝေါ်ကြသော မတူညီသည့် အမည်နာမများမျှသာ ဖြစ်ပေသည်။ ထို့ကြောင့် နောက်ဆုံးခေတ်- နောက်ဆုံးသော ကာလ၏ ခေတ်- ရောက်ရှိသည့်အခါ၊ ငါ၏အမည်နာမသည် တစ်ဖန် ပြောင်းလဲလိမ့်မည်။ ငါ့ကို မေရှိယဟု ခေါ်ဖို့ မဆိုထားနှင့်၊ ယေဟောဝါ၊ သို့မဟုတ် ယေရှုဟုပင် ခေါ်မည်မဟုတ်၊ ငါ့ကို တန်ခိုးကြီးသော အနန္တတန်ခိုးရှင် ဘုရားသခင် ကိုယ်တော်တိုင်ဟူ၍ ခေါ်ကြမည် ဖြစ်ပြီး၊ ဤအမည်နာမအောက်တွင် ငါသည် ခေတ်ကာလ တစ်ခုလုံးကို အဆုံးသတ်သို့ ဆောင်ကြဉ်းမည် ဖြစ်သည်။ ငါ့ကို တစ်ချိန်က ယေဟောဝါဟု သိရှိခဲ့ကြသည်။ ငါ့ကို မေရှိယဟုလည်း ခေါ်ခဲ့ကြပြီး၊ လူတို့က ချစ်ခြင်းမေတ္တာနှင့် ရိုသေကြည်ညိုမှုဖြင့် ငါ့ကို ကယ်တင်ရှင်ယေရှုဟု တစ်ချိန်က ခေါ်ခဲ့ကြသည်။ သို့သော်လည်း ယနေ့တွင် ငါသည် လူအများက အတိတ်ကာလများတွင် သိခဲ့ကြသည့် ယေဟောဝါ သို့မဟုတ် ယေရှု မဟုတ်တော့ပေ။ ငါသည် နောက်ဆုံးသောကာလတွင် ပြန်ကြွလာပြီး ဖြစ်သည့် ဘုရားသခင်၊ ခေတ်ကို အဆုံးသတ်မည့် ဘုရားသခင် ဖြစ်ပေသည်။ ငါသည် မြေကြီးစွန်းမှ ထမြောက်တော်မူသော၊ ငါ၏အလုံးစုံသော စိတ်သဘောထားနှင့် ပြည့်ဝသကဲ့သို့၊ သြဇာအာဏာ၊ ဂုဏ်သိက္ခာ၊ ဘုန်းအာနုဘော်တို့နှင့် ပြည့်ဝနေသော ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်သည်။ လူတို့သည် ငါနှင့် မည်သည့်အခါမျှ မဆက်ဆံဖူးပေ၊ ငါ့ကို မည်သည့်အခါမျှ မသိကျွမ်းဖူးကြသကဲ့သို့၊ ငါ၏စိတ်သဘောထားကို အမြဲတစေ မသိနားမလည် ဖြစ်ကြသည်။ ကမ္ဘာမြေကြီးကို ဖန်ဆင်းခြင်းမှသည် ယနေ့ထိတိုင်၊ လူတစ်ဦးတစ်ယောက်မျှ ငါ့အား မမြင်ဖူးလေပြီ။ ဤသည်မှာ နောက်ဆုံးသောကာလ၌ လူသားထံ ပေါ်ထွန်းသော်လည်း၊ လူသားအလယ် ကွယ်ဝှက်သည့် ဘုရားသခင် ဖြစ်ပေသည်။ သူသည် လောင်ကျွမ်းနေသော နေမင်းနှင့် တောက်လောင်နေသော မီးလျှံကဲ့သို့၊ တန်ခိုးနှင့်ပြည့်ကာ သြဇာအာဏာဖြင့် ပြည့်လျှမ်းလျက်၊ လူသားအလယ် အမှန်တကယ်နှင့် စစ်မှန်စွာ နေထိုင်လျက် ရှိသည်။ ငါ၏နှုတ်ကပတ်တော်များအားဖြင့် တရားစီရင်ခြင်း မခံရမည့် လူ သို့မဟုတ် အမှုအရာ တစ်ခုမျှ မရှိသကဲ့သို့၊ မီးလျှံ၏ လောင်ကျွမ်းခြင်းမှတစ်ဆင့် သန့်စင်ခြင်း မခံရမည့် လူ သို့မဟုတ် အမှုအရာ တစ်ခုမျှ မရှိပေ။ နောက်ဆုံးတွင် တိုင်းနိုင်ငံအားလုံးသည် ငါ့နှုတ်ကပတ်တော်များကြောင့် ကောင်းချီးပေးခံရမည် ဖြစ်ပြီး ငါ့နှုတ်ကပတ်တော်များကြောင့်လည်း တစ်စစီ ကြေမွပျက်စီး သွားလိမ့်မည် ဖြစ်သည်။ ဤနည်းဖြင့် နောက်ဆုံးသောကာလ အတွင်းရှိ လူအားလုံးက ငါသည် ပြန်ကြွလာသည့် ကယ်တင်ရှင် ဖြစ်ပြီး၊ လူသားမျိုးနွယ်အားလုံးကို သိမ်းပိုက်သော အနန္တတန်ခိုးရှင် ဘုရားသခင် ဖြစ်သည်ကို တွေ့မြင်ကြပေမည်။ ပြီးလျှင် ငါသည် တစ်ချိန်က လူသားအတွက် အပြစ်ဖြေရာယဇ် ဖြစ်ခဲ့သော်လည်း၊ နောက်ဆုံးသောကာလတွင် ခပ်သိမ်းသောအရာတို့ကို မီးရှို့ဖျက်ဆီးသည့် နေမင်း၏ မီးတောက်မီးလျှံများလည်း ဖြစ်လာသည့်အပြင်၊ ခပ်သိမ်းသောအရာတို့ကို ထုတ်ဖော်ပြသည့် ဖြောင့်မတ်ခြင်း၏ နေမင်းလည်း ဖြစ်လာသည်ကို အားလုံး တွေ့မြင်ရလိမ့်မည်။ ဤသည်မှာ နောက်ဆုံးသောကာလ၌ ငါ၏အမှု ဖြစ်သည်။ လူအားလုံးက ငါသည် ဖြောင့်မတ်သော ဘုရားသခင်၊ လောင်ကျွမ်းနေသော နေမင်းနှင့် တောက်လောင်နေသော မီးလျှံဖြစ်သည်ကို တွေ့မြင်နိုင်ရန်အလို့ငှာနှင့် အားလုံးက တစ်ပါးတည်း စစ်မှန်သော ဘုရားသခင် ငါ့ကို ကိုးကွယ်နိုင်ကြဖို့အလို့ငှာ၊ ပြီးလျှင် ၎င်းတို့သည် ငါ၏စစ်မှန်သော မျက်နှာကို တွေ့မြင်နိုင်ကြရန်အလို့ငှာ ဤအမည်နာမကို ငါယူပြီး ဤစိတ်သဘောထားကို ငါပိုင်ဆိုင်ပေသည်- ငါသည် ဣသရေလအမျိုးသားတို့၏ ဘုရားသခင် ဖြစ်သည်သာမက၊ ရွေးနုတ်ရှင်သာ ဖြစ်သည် မဟုတ်ပေ။ ငါသည် ကောင်းကင်၊ မြေကြီးနှင့် ပင်လယ်ပြင် တစ်လျှောက်လုံးရှိ အဖန်ဆင်းခံ သတ္တဝါအားလုံး၏ ဘုရားသခင် ဖြစ်ပေသည်။

ကယ်တင်ရှင်သည် နောက်ဆုံးသောကာလအတွင်းတွင် ရောက်ရှိပြီး၊ ယေရှုဟု ခေါ်ဆိုခြင်းခံရဆဲဖြစ်ကာ၊ တစ်ဖန် ယုဒပြည်တွင် မွေးဖွားပြီး၊ ထိုနေရာတွင် အမှုပြုခဲ့ပါက၊ ဤအရာက ငါသည် ဣသရေလလူမျိုးကိုသာ ဖန်ဆင်းခဲ့ပြီး၊ ဣသရေလလူမျိုးကိုသာ ကယ်နုတ်ခဲ့ကာ တစ်ပါးအမျိုးသားများနှင့် ငါမည်သို့မျှ မသက်ဆိုင်သည်ကို သက်သေပြမည် ဖြစ်သည်။ ဤအရာက “ငါသည် ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းကို ဖန်ဆင်းသော သခင်ဖြစ်၏။” ဟူသော ငါ၏နှုတ်ကပတ်တော်များနှင့် ဆန့်ကျင်မည် မဟုတ်လော။ ငါသည် ဣသရေလ လူမျိုးတို့၏ ဘုရားသခင်မျှသာ မဟုတ်ဘဲ၊ အဖန်ဆင်းခံ သတ္တဝါ အားလုံး၏ ဘုရားသခင်ဖြစ်သောကြောင့်၊ ယုဒပြည်ကို ငါ စွန့်ခွာခဲ့ပြီး တစ်ပါးအမျိုးသားတို့အလယ်တွင် ငါ၏ အမှုကို ပြုပေသည်။ ငါသည် ဣသရေလ အမျိုးတို့၏ ဘုရားသခင်၊ ယေဟောဝါဖြစ်သည်သာမက၊ ထို့အပြင် တစ်ပါးအမျိုးသားတို့အလယ်ရှိ ငါ၏ ရွေးချယ်ခြင်း ခံရသူအားလုံး၏ ဖန်ဆင်းရှင် ဖြစ်သောကြောင့်၊ နောက်ဆုံးသောကာလ အတွင်းတွင် တစ်ပါးအမျိုးသားများအလယ် ငါ ပေါ်ထွန်းပေသည်။ ဣသရေလ၊ အဲဂုတ္တုနှင့် လေဗနွန်တို့ကို ငါ ဖန်ဆင်းခဲ့သည်သာမက၊ ဣသရေလ အလွန် တစ်ပါးအမျိုးသား တိုင်းနိုင်ငံများ အားလုံးတို့ကိုလည်း ဖန်ဆင်းခဲ့သည်။ ဤအရာကြောင့် ငါသည် ခပ်သိမ်းသော အဖန်ဆင်းခံ သတ္တဝါများ အားလုံး၏ အရှင်သခင်ဖြစ်သည်။ ဣသရေလကို ငါ့အမှု၏ အစပြုရာ အဖြစ်မျှသာ ငါအသုံးပြုခဲ့သည်၊ ယုဒနှင့် ဂါလိလဲပြည်များကို ငါ၏ ရွေးနုတ်ခြင်း အမှုနှင့်ဆိုင်သော အမာခံနယ်မြေများအဖြစ် အသုံးပြုခဲ့ပြီး၊ ယခုတွင် ခေတ်တစ်ခေတ်လုံးအား အဆုံးသတ် တစ်ခုသို့ ဆောင်ကြဉ်းရန် အခြေပြုရာအဖြစ် တစ်ပါးအမျိုးသား တိုင်းနိုင်ငံများကို ငါ အသုံးပြုပေသည်။ ငါသည် ဣသရေလပြည်၌ အမှု၏ အဆင့်နှစ်ဆင့်ကို လုပ်ဆောင်ခဲ့သည် (ပညတ်တော်ခေတ်နှင့် ကျေးဇူးတော်ခေတ် ဖြစ်သည့် ဤအမှုအဆင့်နှစ်ဆင့်)၊ ပြီးလျှင် ဣသရေလ အလွန်ရှိ တိုင်းပြည်များတစ်လျှောက် နောက်ထပ်အမှု၏ (ကျေးဇူးတော်ခေတ်နှင့် နိုင်ငံတော်ခေတ်) အဆင့်နှစ်ဆင့်ကို ငါ ဆောင်ရွက်နေပြီး ဖြစ်သည်။ တစ်ပါးအမျိုးသား တိုင်းနိုင်ငံများ အလယ်တွင် ငါသည် သိမ်းပိုက်ခြင်းအမှုကို လုပ်ဆောင်မည် ဖြစ်ပြီး၊ ခေတ်ကိုလည်း နိဂုံးချုပ်မည် ဖြစ်သည်။ လူသားသည် ငါ့ကို ယေရှုခရစ်တော်ဟု အမြဲခေါ်သော်လည်း၊ နောက်ဆုံးသော ကာလအတွင်းတွင် ခေတ်သစ်တစ်ခုကို ငါအစပြုပြီးဖြစ်သကဲ့သို့၊ အမှုသစ်တစ်ခုကို စတင်ပြီးဖြစ်သည်ကို လူသားက မသိရှိသကဲ့သို့၊ လူသည် ကယ်တင်ရှင်ယေရှု၏ ကြွရောက်ခြင်းကို သဲသဲမဲမဲ ဆက်လက် စောင့်ဆိုင်းမည်ဆိုပါက၊ ဤကဲ့သို့သော လူများကို ငါ့ကို မယုံကြည်သောသူများဟု ငါ ခေါ်မည်။ ၎င်းတို့သည် ငါ့အား မသိကျွမ်းသော လူများဖြစ်ပြီး ငါ၌ ၎င်းတို့၏ ယုံကြည်မှုသည် မှားယွင်းပေသည်။ ထိုသို့သော လူများသည် ကယ်တင်ရှင်ယေရှု ကောင်းကင်မှ ကြွရောက်ခြင်းကို တွေ့မြင်နိုင်ကြမည်လော။‌ ၎င်းတို့ စောင့်ဆိုင်းသည်မှာ ငါ၏ ကြွရောက်ခြင်း မဟုတ်ဘဲ၊ ယုဒရှင်ဘုရင်၏ ကြွရောက်ခြင်းသာ ဖြစ်သည်။ မသန့်စင်သော ဤအိုဟောင်းသည့် ကမ္ဘာလောကကို အမြစ်ဖြတ်ချေမှုန်းရန် ငါ့ကို ၎င်းတို့ မတမ်းတကြဘဲ၊ ယင်းအစား၊ ၎င်းတို့ ရွေးနုတ်ခြင်းခံရမည် ဖြစ်သည့် ယေရှု၏ ဒုတိယကြိမ်မြောက် ပြန်ကြွလာခြင်းအား တမ်းတနေကြပေသည်။ ၎င်းတို့သည် ဤညစ်ညမ်းပြီး မဖြောင့်မတ်သည့် နယ်မြေမှ လူသားမျိုးနွယ်အားလုံးကို ယေရှု နောက်တစ်ကြိမ် ရွေးနုတ်ပေးခြင်းကို မျှော်လင့်စောင့်စားနေကြပေသည်။ ထိုသို့သောလူများသည် နောက်ဆုံးသော ကာလ၌ ငါ၏အမှုကို ပြီးစီးစေသည့်သူများ အဘယ်သို့ ဖြစ်လာနိုင်ကြမည်နည်း။ လူသားသည် ယခင်က ငါ လုပ်ဆောင်ပြီးဖြစ်သည့် အမှုကို လေးစားရုံမျှ လေးစားပြီး၊ သို့မဟုတ် မြတ်နိုးရုံမျှ မြတ်နိုးပြီး၊ ငါသည် အမြဲ သစ်လွင်ကာ မည်သည့်အခါမျှ အိုဟောင်းခြင်းမရှိသည့် ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်သည်ကို ၎င်းတို့ မသိကြသည့်အတွက်၊ လူသား၏ စိတ်ဆန္ဒများသည် ငါ၏အလိုဆန္ဒများကို ဖြည့်ဆည်းနိုင်စွမ်းမရှိပေ၊ သို့မဟုတ် ငါ၏ အမှုကို ပြီးမြောက်စေနိုင်စွမ်း မရှိပေ။ လူသားက ငါသည် ယေဟောဝါ ဖြစ်ပြီး ယေရှုဖြစ်သည်ကိုသာ သိပြီး၊ ငါသည် လူသားမျိုးနွယ်ကို အဆုံးသတ်သို့ ဆောင်ကြဉ်းမည့် နောက်ဆုံးသော ကာလနှင့် သက်ဆိုင်သူ ဖြစ်သည်ကို အရိပ်အမြွက်မျှ မသိရှိချေ။ လူသားက တမ်းတပြီး သိရှိသည့်အရာအားလုံးသည် ၎င်းတို့၏ ကိုယ်ပိုင် အယူအဆများမှ လာပြီး ၎င်းတို့ ကိုယ်ပိုင် မျက်လုံးများဖြင့် မြင်နိုင်သည့်အရာမျှသာ ဖြစ်သည်။ ယင်းက ငါလုပ်ဆောင်သော အမှုနှင့် မကိုက်ညီဘဲ၊ ယင်းနှင့် သဟဇာတလည်း မဖြစ်ပေ။ ငါ၏အမှုကို လူသား၏ စိတ်ကူးများအတိုင်း စီမံဆောင်ရွက်ခဲ့မည်ဆိုပါက၊ ယင်းသည် မည်သည့်အချိန်တွင် အဆုံးသတ်မည်နည်း။ လူသားမျိုးနွယ်သည် မည်သည့်အချိန်တွင် ငြိမ်သက်ခြင်းချမ်းသာထဲသို့ ဝင်ရောက်နိုင်မည်နည်း။ ပြီးလျှင် ငါသည် ဥပုသ်နေ့ဖြစ်သည့် သတ္တမမြောက်နေ့ရက်ထဲသို့ အဘယ်သို့ ဝင်ရောက်နိုင်မည်နည်း။ ငါသည် လူသား၏ ရည်ရွယ်ချက်များအတိုင်း မဟုတ်ဘဲ- ငါ၏ အစီအစဉ်အတိုင်းနှင့် ငါ၏ ရည်ရွယ်ချက်အတိုင်း အမှုပြုပေသည်။

အရှေ့သို့- အမျက်ဒေါသ ကျရောက်မည့်နေ့ကို အသွေးအသားရှိသောသူ မည်သူမျှ မလွတ်မြောက်နိုင်

နောက်တစ်ခုသို့- ဧဝံဂေလိတရားကို ဖြန့်ဝေသည့် အလုပ်သည် လူသားကို ကယ်တင်သည့် အလုပ်လည်းဖြစ်သည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။