အမျက်ဒေါသ ကျရောက်မည့်နေ့ကို အသွေးအသားရှိသောသူ မည်သူမျှ မလွတ်မြောက်နိုင်

ယနေ့တွင် တိုင်းပြည်များနှင့် တိုင်းနိုင်ငံများအားလုံးရှိ လူများထံသို့ ငါ၏ နှုတ်ကပတ်တော်များ၊ ဩဇာအာဏာ၊ ဘုန်းအာနုဘော်နှင့် တရားစီရင်ခြင်းတို့ကို ထုတ်ဖော်ပြရင်း၊ ငါ၏ အမှု ချောမွေ့စွာ တိုးတက်ရန်အတွက်အလို့ငှာ၊ ပြီးလျှင် စကြဝဠာတစ်ခွင်လုံးအနှံ့ ငါ၏ အစပြုသည့်အမှုသည် သာ၍ သင့်လျော်စွာနှင့် စုံလင်စွာ ဆောင်ရွက်နိုင်ဖို့အလို့ငှာ၊ သင်တို့ကိုယ်တိုင်၏ ရှင်သန်မှုအတွက် သင်တို့ကို ငါ ဤသို့ သတိပေးသည်။ သင်တို့အလယ် ငါလုပ်ဆောင်သော အမှုသည် စကြဝဠာတစ်ခွင်လုံးအနှံ့ ငါ၏ အမှု အစဖြစ်သည်။ ယခုသည် နောက်ဆုံးသောကာလ ဖြစ်နှင့်သော်လည်း၊ “နောက်ဆုံးသော ကာလ” သည် ခေတ်တစ်ခု၏ အမည်သာ ဖြစ်သည်ကို သိလော့။ ပညတ်တော်ခေတ်နှင့် ကျေးဇူးတော်ခေတ်ကဲ့သို့ပင်၊ ယင်းသည် ခေတ်တစ်ခုကို ရည်ညွှန်းပြီး၊ နောက်ဆုံးနှစ်အနည်းငယ် သို့မဟုတ် လအနည်းငယ်တို့ထက်၊ ခေတ်တစ်ခုလုံးကို ညွှန်းပြပေသည်။ သို့သော်လည်း နောက်ဆုံးသော ကာလသည် ပညတ်တော်ခေတ်၊ ကျေးဇူးတော်ခေတ်တို့နှင့် သိပ်မတူချေ။ နောက်ဆုံးသောကာလ၏ အမှုကို ဣသရေလနိုင်ငံတွင် မဆောင်ရွက်ဘဲ၊ တစ်ပါးအမျိုးသားများအလယ်တွင် ဆောင်ရွက်ပေသည်။ စကြဝဠာ တစ်လျှောက်လုံး ငါ၏ ဘုန်းအသရေသည် အာကာသနှင့် မိုးမျက်နှာကြက်တို့ကို ပြည့်စေနိုင်ဖို့အလို့ငှာ၊ ယင်းသည် ဣသရေလ ပြင်ပရှိ တိုင်းနိုင်ငံများနှင့် လူမျိုးစုများမှ လူတို့ကို ငါ၏ပလ္လင်ရှေ့တွင် သိမ်းပိုက်ခြင်း ဖြစ်သည်။ ယင်းမှာ ပိုမိုကြီးမားသော ဘုန်းအသရေကို ငါရရှိဖို့အလို့ငှာ၊ ကမ္ဘာမြေပေါ်ရှိ သတ္တဝါအားလုံးသည် တိုင်းနိုင်ငံတိုင်းသို့ ငါ၏ ဘုန်းအသရေကို လက်ဆင့်ကမ်းနိုင်ဖို့ အလို့ငှာ၊ ကမ္ဘာမြေပေါ်၌ ငါရယူပြီးဖြစ်သည့် ဘုန်းအသရေအားလုံးကို ထာဝရကာလမှသည် မျိုးဆက်အားလုံး၊ ကောင်းကင်နှင့် မြေကြီးပေါ်ရှိ သတ္တဝါအားလုံးက မြင်တွေ့နိုင်ဖို့ရန် ဖြစ်သည်။ နောက်ဆုံးသော ကာလအတွင်း ဆောင်ရွက်သော အမှုသည် သိမ်းပိုက်ခြင်း အမှု ဖြစ်သည်။ ယင်းသည် ကမ္ဘာမြေပေါ်ရှိ လူအားလုံး၏ ဘဝများကို လမ်းပြခြင်း မဟုတ်ဘဲ၊ ကမ္ဘာမြေပေါ်၌ လူသားမျိုးနွယ်၏ မပျက်စီး မပျောက်ပျက်နိုင်သော နှစ်ထောင်ချီကြာ ဆင်းရဲဒုက္ခခံစားရခြင်း ဘဝ၏ အဆုံးသတ် ဖြစ်ပါသည်။ အကျိုးဆက်အနေဖြင့်၊ နောက်ဆုံးသော ကာလ၏အမှုသည် ဣသရေလ၌ နှစ်ထောင်ပေါင်း အချို့ကြာသည့် အမှုနှင့် မတူနိုင်သကဲ့သို့၊ ဘုရားသခင်၏ ဒုတိယအကြိမ် လူ့ဇာတိခံယူခြင်းအထိ ထောင်စုနှစ်နှစ်ခုကြာ ဆက်လက် လုပ်ဆောင်သည့် ယုဒပြည်တွင် နှစ်အချို့မျှကြာခဲ့သော အမှုနှင့်လည်း မတူနိုင်ပေ။ နောက်ဆုံးသောကာလ၏ လူတို့သည် လူ့ဇာတိ၌ ရွေးနုတ်သူ၏ ပြန်လည်ပေါ်ထွန်းခြင်းကိုသာ ကြုံကြရပြီး ဘုရားသခင်၏ ကိုယ်တိုင်ကိုယ်ကျ အမှုနှင့် နှုတ်ကပတ်တော်များကို ရရှိကြလေသည်။ နောက်ဆုံးသောကာလ အဆုံးသတ်သို့ မရောက်မီအထိ၊ နှစ်ပေါင်းနှစ်ထောင် ကြာလိမ့်မည် မဟုတ်ပေ။ ထိုအချိန်များသည် ယုဒပြည်၌ ကျေးဇူးတော်ခေတ်၏ အမှုကို ယေရှု ဆောင်ကြဉ်းခဲ့သည့် အချိန်ကာလကဲ့သို့၊ တိုတောင်းပေသည်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် နောက်ဆုံးသော ကာလသည် ခေတ်ကာလ တစ်ခုလုံး၏ အဆုံးသတ် ဖြစ်သောကြောင့် ဖြစ်သည်။ ယင်းတို့သည် ဘုရားသခင်၏ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ် ပြည့်စုံခြင်းနှင့် အဆုံးသတ် ဖြစ်ပြီး၊ လူသားမျိုးနွယ်၏ ဆင်းရဲဒုက္ခခံစားရခြင်း ဘဝခရီးကို အဆုံးသတ်လေသည်။ ယင်းတို့သည် လူသားမျိုးနွယ် တစ်ရပ်လုံးကို ခေတ်သစ်ထဲသို့ ခေါ်ဆောင်မသွားပေ သို့မဟုတ် လူသားမျိုးနွယ်၏ အသက်တာကို ဆက်လက် အသက်ရှင်ခွင့်မပေးပေ။ ယင်းသည် ငါ၏ စီမံခန့်ခွဲခြင်း အစီအစဉ် သို့မဟုတ် လူသား၏ ဖြစ်တည်မှုအတွက် အရေးပါမှု မရှိပေ။ လူသားမျိုးနွယ်သည် ဤကဲ့သို ဆက်လက် အသက်ရှင်သွားပါက၊ အနှေးနှင့်အမြန် နတ်ဆိုး၏ လုံးဝ ဝါးမျိုခြင်း ခံရမည် ဖြစ်ပြီး၊ ငါနှင့်သက်ဆိုင်သော ဝိညာဉ်များသည် နောက်ဆုံးတွင် ၎င်း၏လက်ဖြင့် ပျက်စီးကြရပေမည်။ ငါ၏ အမှုသည် အနှစ်ခြောက်ထောင်သာ ကြာညောင်းပြီး၊ လူသားမျိုးနွယ်တစ်ရပ်လုံးအပေါ် ဆိုးယုတ်သူ၏ ထိန်းချုပ်ခြင်းသည်လည်း နှစ်ပေါင်းခြောက်ထောင်ထက် ကြာမည် မဟုတ်ဟု ငါကတိပြုခဲ့သည်။ ထို့ကြောင့် ယခု အချိန်ကျပြီ ဖြစ်သည်။ ငါသည် ဆက်လက် လုပ်ဆောင်မည် မဟုတ်သကဲ့သို့၊ နောက်ထပ် နှောင့်နှေးတော့မည် မဟုတ်။ နောက်ဆုံးသောကာလ အတွင်းတွင်၊ စာတန်ကို ငါ နှိမ်နင်းမည်၊ ငါ၏ဘုန်းအသရေ အားလုံးကို ပြန်သိမ်းယူမည် ဖြစ်ပြီး၊ ဤသောကရောက်နေသည့် ဝိညာဉ်အားလုံး ဒုက္ခပင်လယ်မှ လွတ်မြောက်နိုင်စေဖို့အလို့ငှာ၊ ကမ္ဘာမြေပေါ်ရှိ ငါနှင့် သက်ဆိုင်သော ဝိညာဉ်အားလုံးကို ပြန်သိမ်းမည်၊ ထိုသို့ဖြင့် ကမ္ဘာမြေပေါ်ရှိ ငါ၏ အမှုတစ်ခုလုံးကို အဆုံးသတ်မည် ဖြစ်သည်။ ဤနေ့မှစ၍ ငါသည် ကမ္ဘာမြေပေါ်၌ မည်သည့်အခါတွင်မျှ တစ်ဖန် လူ့ဇာတိခံလိမ့်မည် မဟုတ်သကဲ့သို့၊ အရာခပ်သိမ်းကို ထိန်းချုပ်သည့် ငါ၏ဝိညာဉ်တော်သည် ကမ္ဘာမြေပေါ်၌ မည်သည့်အခါတွင်မျှ တစ်ဖန် အမှုပြုလိမ့်မည် မဟုတ်ပေ။ ကမ္ဘာမြေပေါ်တွင် အမှုအရာ တစ်ခုသာ ငါ လုပ်ဆောင်မည်- လူသားမျိုးနွယ်၊ သန့်ရှင်းကာ ကမ္ဘာမြေပေါ်ရှိ ငါ၏သစ္စာရှိသောမြို့ ဖြစ်မည့် လူသားမျိုးနွယ်ကို ငါ အသစ်ပြုပြင်မည်။ သို့သော် တစ်လောကလုံးကို ငါသည် အမြစ်ဖြတ် သုတ်သင်ပယ်ရှင်းမည် မဟုတ်သကဲ့သို့၊ လူသားမျိုးနွယ် တစ်ရပ်လုံးကို အမြစ်ဖြတ် သုတ်သင်ပယ်ရှင်းမည် မဟုတ်သည်ကို သိလော့။ ကျန်ရှိသည့် သုံးပုံတစ်ပုံ- ငါ့ကိုချစ်ပြီး ငါက လုံးလုံးလျားလျား သိမ်းပိုက်ထားသော လူသားမျိုးနွယ်သုံးပုံတစ်ပုံကို ငါ ထိန်းသိမ်းမည် ဖြစ်ပြီး၊ ပေါများစွာသော သိုးများ၊ ကျွဲနွားတိရစ္ဆာန်များနှင့် ကမ္ဘာမြေ၏ ကြွယ်ဝမှုများအားလုံးဖြင့် အာဟာရဖြည့်တင်းပေးလျက်၊ ပညတ်တော်အောက်တွင် ဣသရေလလူမျိုးများ မျိုးပွားဖြစ်ထွန်းကာ ပွားများခဲ့ကြသည့်အတိုင်းပင် ဤလူသားမျိုးနွယ် သုံးပုံတစ်ပုံကိုလည်း ကမ္ဘာပေါ်တွင် ငါ မျိုးပွားဖြစ်ထွန်းစေကာ ပွားများစေမည်။ ဤလူသားမျိုးနွယ်သည် ငါနှင့်အတူ ထာဝရ ကျန်ရှိလိမ့်မည်၊ သို့သော် ယင်းသည် မနှစ်မြို့ဖွယ် ညစ်ညူးသော ယနေ့၏ လူသားမျိုးနွယ်ကဲ့သို့ ဖြစ်လိမ့်မည် မဟုတ်ဘဲ၊ ငါ၏ရယူခြင်းကို ခံရပြီးသောသူ အားလုံး၏ အစုအဝေး ဖြစ်သည့် လူသားမျိုးနွယ် တစ်ခု ဖြစ်လိမ့်မည်။ ထိုသို့သော လူသားမျိုးနွယ်သည် စာတန်၏ ပျက်စီးစေခြင်း၊ နှောင့်ယှက်ခြင်း၊ သို့မဟုတ် ဝိုင်းထားခြင်း ခံရလိမ့်မည် မဟုတ်သကဲ့သို့၊ စာတန်အပေါ် ငါ အောင်နိုင်ပြီးနောက် ကမ္ဘာပေါ်တွင် တည်ရှိသည့် တစ်ခုတည်းသော လူသားမျိုးနွယ် ဖြစ်လိမ့်မည်။ ယင်းသည် ယနေ့တွင် ငါသိမ်းပိုက်ပြီးဖြစ်ကာ ငါ၏ကတိကို ရရှိပြီးသော လူသားမျိုးနွယ် ဖြစ်သည်။ ထို့ကြောင့် နောက်ဆုံးသောကာလအတွင်း သိမ်းပိုက်ခံရပြီးဖြစ်သည့် လူသားမျိုးနွယ်သည် ချမ်းသာပေးခြင်း ခံရပြီး ငါ၏ ထာဝရ ကောင်းချီးမင်္ဂလာများကို ရရှိမည့် လူသားမျိုးနွယ်လည်း ဖြစ်လိမ့်မည်။ ယင်းသည် စာတန်အပေါ် ငါ၏အောင်နိုင်ခြင်းနှင့်ဆိုင်သည့် တစ်ခုတည်းသော သက်သေအထောက်အထားနှင့် စာတန်နှင့် ငါ၏တိုက်ပွဲမှ တစ်ခုတည်းသော လက်ရပစ္စည်းများ ဖြစ်လိမ့်မည်။ စစ်ပွဲ၏ ဤလက်ရပစ္စည်းများသည် စာတန်အုပ်စိုးခြင်းမှ ငါ၏ ကယ်တင်ခြင်း ခံရပြီး၊ ငါ၏ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှုအစီအစဉ်၏ တစ်ခုတည်းသော ပုံပေါ်လာခြင်းနှင့် အသီးအပွင့် ဖြစ်သည်။ ၎င်းတို့သည် တိုင်းနိုင်ငံနှင့် အသင်းတော်ဂိုဏ်းဂဏတိုင်း၊ နေရာတိုင်းနှင့် စကြဝဠာ တစ်လျှောက်လုံးရှိ တိုင်းပြည်တိုင်းမှ လာကြပေသည်။ ၎င်းတို့သည် မတူကွဲပြားသော မျိုးနွယ်စုများမှ ဖြစ်သည်၊ မတူကွဲပြားသော ဘာသာစကားများ၊ ဓလေ့များနှင့် အသားအရောင်များ ရှိကြပြီး၊ ကမ္ဘာလုံး၏ တိုင်းနိုင်ငံတိုင်း၊ အသင်းတော်ဂိုဏ်းဂဏတိုင်းနှင့် ကမ္ဘာ့အရပ်လေးမျက်နှာသို့ပင် အနှံ့အပြား ပျံ့နှံ့ကြလေသည်။ နောက်ဆုံးတွင် ၎င်းတို့သည် စာတန်၏ အင်အားစုများ လက်လှမ်း မမီနိုင်သော လူသားအစုအဝေးတစ်ခု၊ ပြီးပြည့်စုံသော လူသားမျိုးနွယ် တစ်ခုကို ဖွဲ့စည်းရန် အတူတကွ ရောက်လာကြလိမ့်မည်။ လူသားမျိုးနွယ်ထဲမှ ငါ၏ကယ်တင်ခြင်းမခံရသကဲ့သို့ သိမ်းပိုက်ခြင်း မခံရသေးသူများသည် ပင်လယ်၏ နက်ရှိုင်းသော နေရာများသို့ တိတ်တဆိတ် နစ်မြုပ်သွားကြလိမ့်မည် ဖြစ်ပြီး၊ ငါ၏ လောင်မြိုက်နေသည့် မီးလျှံများအားဖြင့် ထာဝရကာလကြာ လောင်ကျွမ်းခြင်းကို ခံရကြလိမ့်မည် ဖြစ်သည်။ သိုးသငယ်၏ အသားကိုစား၊ သိုးသငယ်၏ အသွေးကိုသောက်ကာ‌ ၎င်းတို့၏ တံခါးထုပ်များကို သိုးသငယ်၏ အသွေးဖြင့် အမှတ်အသား ပြုခဲ့ကြသော ဣသရေလလူမျိုးများကိုသာ ချန်ရစ်လျက်၊ အဲဂုတ္တုပြည်၏ သားဦးနှင့် ကျွဲနွားတိရစ္ဆာန်များကို ငါသည် အမြစ်ဖြတ် သုတ်သင်ပယ်ရှင်း ခဲ့သကဲ့သို့ပင်၊ ဤအိုဟောင်းသည့်၊ အလွန့်အလွန် ညစ်ညမ်းသော လူသားမျိုးနွယ်ကို ငါအမြစ်ဖြတ် သုတ်သင်ပယ်ရှင်းမည်။ ငါ သိမ်းပိုက်ထားပြီးဖြစ်သည့် လူများနှင့် ငါ၏မိသားစုဝင်များသည် သိုးသငယ်ဖြစ်သည့် ငါ့အသားကိုစား၊ သိုးသငယ်ဖြစ်သည့် ငါ၏ အသွေးကို သောက်သောသူများ ဖြစ်ကြပြီး၊ ငါ၏ ရွေးနုတ်ခြင်း ခံရပြီးသောသူများနှင့် ငါ့ကို ကိုးကွယ်သောသူများ ဖြစ်ကြသည် မဟုတ်လော။ ထိုသို့သော လူတို့သည် ငါ၏ ဘုန်းအသရေနှင့်အတူ အမြဲ ပါရှိကြသည် မဟုတ်သလော။ သိုးသငယ်ဖြစ်သည့် ငါ၏အသားမပါသော သူများသည် ပင်လယ်၏ နက်ရှိုင်းသော နေရာများထဲသို့ တိတ်တဆိတ် နှစ်မြုပ်သွားကြနှင့်ပြီး ဖြစ်သည် မဟုတ်လော။ ယနေ့တွင် သင်တို့သည် ငါ့ကို ဆန့်ကျင်ပြီး၊ ယနေ့တွင် ငါ၏စကားများသည် ဣသရေလ၏ သားများနှင့် မြေးများထံ ယေဟောဝါ ပြောခဲ့သည့် စကားကဲ့သို့သာ ဖြစ်သည်။ သို့သော်လည်း သင်တို့ နှလုံးသားများ၏ နက်ရှိုင်းသော နေရာများရှိ မာကျောမှုသည် သင်တို့၏ ကိုယ်ခန္ဓာအပေါ် ဆင်းရဲဒုက္ခကို ပိုမို ယူဆောင်လာလျက်၊ သင်တို့၏ အပြစ်များအပေါ် တရားစီရင်မှု ပိုမို ယူဆောင်လာပြီး၊ သင်တို့၏ မဖြောင့်မတ်ခြင်းအပေါ် အမျက်ဒေါသကို ပိုမိုယူဆောင်လာကာ၊ ငါ၏အမျက်ဒေါသကို စုပုံလာနေစေသည်။ ယနေ့ ငါ့ကို သင်တို့ ဤသို့ ဆက်ဆံချိန်တွင်၊ ငါ၏အမျက်ဒေါသနေ့တွင် အဘယ်သူ လွတ်ကင်းနိုင်မည်နည်း။ ငါ၏ ပြစ်တင်ဆုံးမခြင်း မျက်စိများကို အဘယ်သူ၏ ဖြောင့်မတ်ခြင်းက လွတ်မြောက်နိုင်မည်နည်း။ အနန္တတန်ခိုးရှင် ငါ၏လက်များမှ အဘယ်သူ၏ အပြစ်များသည် လွတ်မြောက်နိုင်မည်နည်း။ အနန္တတန်ခိုးရှင် ငါ၏တရားစီရင်ခြင်းမှ အဘယ်သူ၏ အာခံခြင်းသည် လွတ်မြောက်နိုင်မည်နည်း။ ငါ ယေဟောဝါသည် တစ်ပါးအမျိုးသား မိသားစု၏ သားစဉ်မြေးဆက်များဖြစ်သည့် သင်တို့ကို ဤသို့ ပြောပြီး၊ သင်တို့ကို ငါ ပြောသော စကားများသည် ပညတ်တော်ခေတ်နှင့် ကျေးဇူးတော်ခေတ်၏ မိန့်မြွက်ချက်များ အားလုံးကို ကျော်လွန်ပေသည်၊ သို့သော် သင်တို့သည် အဲဂုတ္တုလူမျိုးများ အားလုံးထက် သာ၍ မာကျော ကြပေသည်။ ငါသည် ငါ၏အမှုကို ငြိမ်းချမ်းစွာ လုပ်ဆောင်သည်နှင့်အမျှ၊ ငါ၏ အမျက်ဒေါသကို သင်တို့ သိုထားကြသည် မဟုတ်လော။ အနန္တတန်ခိုးရှင် ငါ၏နေ့ရက်မှ သင်တို့သည် အထိအခိုက်မရှိဘဲ အဘယ်သို့ လွတ်မြောက်နိုင်မည်နည်း။

ငါသည် သင်တို့အလယ်တွင် ဤနည်းဖြင့် အမှုပြုကာ စကားပြောပြီး ဖြစ်သည်၊ အလွန်များစွာသော အားအင်များနှင့် အားထုတ်မှုကို ငါ အသုံးပြုပြီး ဖြစ်သည်၊ သို့သော် သင်တို့ကို ရှင်းလင်းစွာ ငါပြောသည့် အရာကို မည်သည့်အချိန်တွင် သင်တို့ နားထောင်ဖူးကြသနည်း။ အနန္တတန်ခိုးရှင် ငါ့ကို သင်တို့ အဘယ်မှာ ပျပ်ဝပ်ဖူးကြသနည်း။ သင်တို့သည် အဘယ်ကြောင့် ဤကဲ့သို့ ငါ့ကို ဆက်ဆံကြသနည်း။ အဘယ်ကြောင့် သင်တို့ ပြောသမျှနှင့် လုပ်ဆောင်သမျှတိုင်းသည် ငါ၏အမျက်ဒေါသကို နှိုးဆော်သနည်း။ အဘယ်ကြောင့် သင်တို့၏ နှလုံးသားများသည် အလွန် မာကျောသနည်း။ ငါသည် သင်တို့ကို အလဲထိုးဖူးပါသလော။ ငါ့ကို ဝမ်းနည်းစေကာ ပူပန်စေသည်မှလွဲ၍ သင်တို့ အဘယ်ကြောင့် မည်သည့်အရာကိုမျှ မလုပ်ဆောင်ကြသနည်း။ သင်တို့အပေါ် ငါယေဟောဝါ၏ အမျက်ဒေါသ ကျရောက်မည့်နေ့ကို သင်တို့ စောင့်ဆိုင်းနေကြသလော။ သင်တို့၏ မနာခံမှုက ဆွပေးသည့် ငါ၏အမျက်ဒေါသကို စေလွှတ်ဖို့ သင်တို့ စောင့်ဆိုင်းနေကြသလော။ ငါလုပ်ဆောင်သမျှတိုင်းသည် သင်တို့အတွက် မဟုတ်သလော။ သို့သော်လည်း သင်တို့သည် ယေဟောဝါ ဖြစ်သည့် ငါ့ကို ဤနည်းလမ်းဖြင့် အမြဲ ဆက်ဆံကြလေပြီ- ငါ၏ ပူဇော်သက္ကာများကို ခိုးယူခြင်း၊ ငါ၏ ယဇ်ပလ္လင်ပေါ်ရှိ လှူဖွယ်ပစ္စည်းများကို သားပေါက်များနှင့် သားပေါက်များ၏ သားပေါက်များကို ကျွေးဖို့ အိမ်မှ ဝံပုလွေ၏ သားရဲတွင်းသို့ ယူသွားခြင်းတို့ဖြစ်သည်။ လူတို့သည် ဒေါသထွက်သည့် စိန်းစိန်းဝါးဝါး အကြည့်များ၊ ဓါးများနှင့် လှံများဖြင့် အချင်းချင်း ရင်ဆိုင်ကြလျက်၊ အနန္တတန်ခိုးရှင် ငါ၏ စကားကို မစင်ကဲ့သို့ ညစ်ညမ်းလာဖို့ အိမ်သာထဲသို့ ပစ်လျက်၊ အချင်းချင်း ဆန့်ကျင်တိုက်ခိုက်ကြ၏။ သင်တို့၏ တည်ကြည်မှုမှာ အဘယ်မှာနည်း။ သင်တို့၏ လူ့သဘာဝသည် သားရဲသဘောဆန်ခြင်း ဖြစ်လာလေပြီ။ သင်တို့၏ နှလုံးသားများသည် ကျောက်တုံးအဖြစ်သို့ ပြောင်းသွားပြီး ဖြစ်သည်မှာ အချိန်ကြာမြင့်စွာကတည်းက ဖြစ်သည်။ ငါ၏ အမျက်ဒေါသနေ့ရက် ကျရောက်မည့်အချိန်သည် အနန္တတန်ခိုးရှင် ငါ့ကို ယနေ့ ဆန့်ကျင်လျက် သင်တို့ ကျူးလွန်သည့် မကောင်းမှုကို ငါက တရားစီရင်မည့်အချိန် ဖြစ်သည်ကို သင်တို့ မသိကြသလော။ ဤနည်းဖြင့် ငါ့ကို လှည့်စားခြင်းအားဖြင့်၊ ငါ၏စကားများကို ရွှံ့နွံထဲသို့ ပစ်ချခြင်းနှင့် ယင်းတို့ကို နားမထောင်ခြင်းအားဖြင့်- ငါ၏နောက်ကွယ်တွင် ဤကဲ့သို့ ပြုမူခြင်းအားဖြင့် ငါ၏အမျက်ဒေါသနှင့် ပြည့်နေသော အကြည့်ကို လွတ်မြောက်နိုင်မည်ဟု သင်တို့ ထင်ကြသလော။ ငါ၏ ပူဇော်သက္ကာများကို ခိုးယူပြီး ငါ၏ ပိုင်ဆိုင်မှုများကို သင်တို့ တပ်မက်ချိန်တွင်၊ ငါယေဟောဝါ၏ မျက်စိများဖြင့် သင်တို့ကို တွေ့မြင်နှင့်ပြီးဖြစ်သည်ကို သင်တို့မသိကြသလော။ ငါ၏ ပူဇော်သက္ကာများကို သင်တို့ ခိုးယူချိန်တွင်၊ ပူဇော်သက္ကာကို ပေးလှူသည့်နေရာ ယဇ်ပလ္လင် ရှေ့မှောက်တွင် ထိုသို့ သင်တို့ လုပ်ဆောင်ခဲ့ကြသည်ကို သင်တို့မသိကြသလော။ ဤနည်းဖြင့် ငါ့ကို လှည့်ဖြားရလောက်အောင် ပါးနပ်လှသည်ဟု သင်တို့ကိုယ်သင်တို့ အဘယ်သို့ ယုံကြည်နိုင်ကြသနည်း။ စက်ဆုပ်ရွံရှာဖွယ်ကောင်းသော သင်တို့၏ အပြစ်များမှ ငါ၏အမျက်ဒေါသ အဘယ်သို့ ထွက်သွားနိုင်မည်နည်း။ သင်တို့၏ မကောင်းသည့် လုပ်ဆောင်ချက်များမှ အဘယ်သို့ ငါ၏ပြင်းထန်သော အမျက်သည်းခြင်းသည် ကျော်သွားနိုင်မည်နည်း။ ယနေ့ သင်တို့ ကျူးလွန်သည့် မကောင်းမှုသည် သင်တို့အတွက် လမ်းမဖွင့်ပေးဘဲ၊ မနက်ဖြန်အတွက် သင်တို့၏ ပြစ်တင်ဆုံးမခြင်းကို သိုထားလေပြီ။ ယင်းသည် သင်တို့အပေါ် အနန္တတန်ခိုးရှင် ငါ၏ ပြစ်တင်ဆုံးမခြင်းကို လှုံ့ဆော်လေသည်။ သင်တို့၏ မကောင်းသည့် လုပ်ဆောင်ချက်များနှင့် မကောင်းသော စကားလုံးများသည် ငါ၏ ပြစ်တင်ဆုံးမခြင်းမှ အဘယ်သို့ လွတ်မြောက်နိုင်မည်နည်း။ သင်တို့၏ ဆုတောင်းချက်များသည် အဘယ်သို့ ငါ၏နားများဆီသို့ ရောက်ရှိနိုင်မည်နည်း။ သင်တို့၏ မဖြောင့်မတ်ခြင်းအတွက် အဘယ်သို့ ငါ ထွက်ပေါက် ဖွင့်ပေး နိုင်မည်နည်း။ ငါကို ဖီဆန်ခြင်းဖြင့် သင်တို့၏ မကောင်းသည့် လုပ်ဆောင်ချက်များကို အဘယ်သို့ ငါလွှတ်လိုက်နိုင်မည်နည်း။ မြွေ၏ အဆိပ်လောက် အဆိပ်ပြင်းသည့် သင်တို့၏ လျှာများကို အဘယ်ကြောင့် ငါမဖြတ်နိုင်ရမည်နည်း။ သင်တို့သည် သင်တို့၏ ဖြောင့်မတ်ခြင်းအတွက် ငါ့ကို မခေါ်ကြဘဲ၊ ယင်းအစား သင်တို့၏ မဖြောင့်မတ်ခြင်း၏ အကျိုးဆက်အဖြစ် ငါ၏အမျက် ဒေါသကို သိုထားကြပေသည်။ သင်တို့ကို အဘယ်သို့ ငါခွင့်လွှတ်နိုင်မည်နည်း။ အနန္တတန်ခိုးရှင် ငါ၏ မျက်စိထဲတွင် သင်တို့၏ စကားများနှင့် အပြုအမူများသည် ညစ်ညူးနေသည်။ အနန္တတန်ခိုးရှင် ငါ၏ မျက်စိများက သင်တို့၏ မဖြောင့်မတ်ခြင်းအား ရက်စက်သော ပြစ်တင်ဆုံးမခြင်းအဖြစ် မြင်သည်။ ငါ၏ ဖြောင့်မတ်သော တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းသည် သင်တို့ထံမှ အဘယ်သို့ ထွက်ခွာသွားနိုင်မည်နည်း။ ငါ့ကို ဝမ်းနည်းစေကာ အမျက်ထွက်စေလျက်၊ ဤအရာကို ငါ့အား သင်တို့ လုပ်ဆောင်ကြသောကြောင့်၊ သင်တို့ကို အဘယ်သို့ ငါ၏ လက်များမှ လွတ်မြောက်ခွင့်ပေးပြီး ငါ ယေဟောဝါက သင်တို့ကို ပြစ်တင်ဆုံးမကာ ကျိန်ဆဲသည့် နေ့ရက်မှ သင်တို့ကို သွေဖည်ခွင့်ပေးနိုင်မည်နည်း။ မကောင်းသည့် သင်တို့စကားများနှင့် မြွက်ဆိုချက်တို့သည် ငါ၏နားသို့ ရောက်နှင့်ပြီးဖြစ်သည်ကို သင်တို့မသိသလော။ သင်တို့၏ မဖြောင့်မတ်မှုသည် ငါ၏ သန့်ရှင်းသော ဖြောင့်မတ်ခြင်းဝတ်လုံကို အသရေဖျက်နှင့်ပြီဖြစ်သည်ကို သင်တို့မသိသလော။ သင်တို့၏ မနာခံမှုသည် ငါ၏ ပြင်းထန်သော ဒေါသကို ဆွပေးနှင့်ပြီးဖြစ်သည်ကို သင်တို့ မသိကြသလော။ သင်တို့သည် အချိန်ကြာမြင့်စွာကတည်းက ငါ့ကို ဒေါသအမျက်ခြောင်းခြောင်း ထွက်စေရစ်ခဲ့ကြပြီး အချိန်ကြာမြင့်စွာကတည်းက ငါ့ကို စိတ်အနှောင့်အယှက် ဖြစ်စေပြီးဖြစ်သည်ကို သင်တို့ မသိကြသလော။ သင်တို့သည် ငါ၏ကိုယ်ခန္ဓာကို အဝတ်စုတ်များဖြစ် စေလျက် ဖျက်ဆီးနှင့်ကြပြီး ဖြစ်သည်ကို သင်တို့ မသိကြသလော။ ယခုအချိန်ထိ ငါ သည်းခံပြီးဖြစ်သည်မှာ ငါသည် ငါ၏အမျက်ဒေါသကို ထွက်စေပြီး၊ သင်တို့အပေါ် စိတ်ရှည်သည်းခံခြင်း မရှိတော့ပေ။ သင်တို့၏ မကောင်းသည့် အပြုအမူများသည် ငါ၏ မျက်စိများဆီသို့ ရောက်ရှိနှင့်ကြပြီးဖြစ်သကဲ့သို့၊ ငါ၏ငိုကြွေးမှုများသည် ငါ့အဖခမည်းတော်၏ နားများဆီသို့ ရောက်ရှိနှင့်ပြီးဖြစ်သည်ကို သင်တို့ မသိကြသလော။ သူသည် ငါ့ကို ဤကဲ့သို့ ဆက်ဆံခွင့် သင်တို့အား အဘယ်သို့ ပေးနိုင်မည်နည်း။ သင်တို့အထဲတွင် ငါလုပ်ဆောင်သော အမှုတစ်ခုတစ်လေသည် သင်တို့အတွက် မဟုတ်သလော။ သို့သော်လည်း ငါ ယေဟောဝါ၏ အမှုကို သင်တို့ထဲမှ မည်သူက သာ၍ ချစ်ခင်နှစ်သက် လာသနည်း။ ငါသည် အားနည်းသောကြောင့်၊ ငါခံစားရပြီးဖြစ်သည့် မချိတင်ကဲဝေဒနာကြောင့်၊ ငါ့ခမည်းတော်၏ အလိုကို သစ္စာ ရှိနိုင်မည်လော။ ငါ့စိတ်နှလုံးကို သင်တို့ နားမလည်ကြသလော။ ငါသည် ယေဟောဝါ လုပ်ဆောင်ခဲ့သကဲ့သို့ သင်တို့ကို စကားပြော၏- သင်တို့အတွက် ငါသည် များစွာသောအရာတို့ကို ရည်စူးအပ်နှံပြီးဖြစ်သည် မဟုတ်လော။ ငါ့ခမည်းတော်၏ အမှုအတွက် ဤဆင်းရဲဒုက္ခ အားလုံးကိုခံရန် လိုလားနေသော်လည်း၊ ငါ၏ ဆင်းရဲဒုက္ခ အကျိုးဆက် တစ်ခုအနေဖြင့် သင်တို့အပေါ် ငါယူဆောင်လာသည့် ပြစ်တင်ဆုံးမခြင်းမှ သင်တို့ အဘယ်သို့ လွတ်နိုင်မည်နည်း။ ငါ့ကို အလွန်များစွာ သင်တို့ မွေ့လျော်ခံစားကြပြီး ‌ဖြစ်သည် မဟုတ်လော။ ယနေ့တွင် ငါ၏ ခမည်းတော်သည် သင်တို့အပေါ် ငါ့ကို အပ်နှင်းထားပြီး ဖြစ်သည်။ ငါ၏ ရက်ရောသော စကားများထက် သာ၍အလွန်များစွာ သင်တို့ မွေ့လျော် ခံစားကြသည်ကို သင်တို့ မသိကြသလော။ ငါ၏ အသက်သည် သင်တို့၏ အသက်နှင့် သင်တို့ မွေ့လျော်ခံစားသောအရာတို့အတွက် အလဲအလှယ် ပြုခံရသည်ကို သင်တို့မသိကြသလော။ ငါ၏ ခမည်းတော်သည် ငါ့အသက်ကို စာတန်နှင့် တိုက်ပွဲဝင်ရန် အသုံးပြုသကဲ့သို့၊ သင်တို့ကို အဆတစ်ရာ ရရှိစေကာ၊ အလွန်များသည့် စုံစမ်းသွေးဆောင်မှုများစွာကို သင်တို့အား ရှောင်ရှားခွင့်ပေးလျက်၊ ငါ၏ အသက်ကိုလည်း သင်တို့အပေါ် သူအပ်နှင်းပြီးဖြစ်သည်ကို သင်တို့မသိကြသလော။ များစွာသော စုံစမ်းသွေးဆောင်ခြင်းနှင့် များစွာသော ပြင်းထန်သည့် ပြစ်တင်ဆုံးမခြင်းများမှ သင်တို့ ကင်းလွတ်ပြီးဖြစ်သည်မှာ ငါ၏ အမှုမှတစ်ဆင့်သာ ဖြစ်သည်ကို သင်တို့မသိကြသလော။ ယခုအချိန်ထိ ငါ၏ ခမည်းတော်က သင်တို့ကို မွေ့လျော်ခံစားခွင့်ပေးသည်မှာ ငါ့ကြောင့်ဖြစ်သည်ကို သင်တို့ မသိကြသလော။ သင်တို့၏ နှလုံးသားများအပေါ်တွင် အသားမာများ တက်ပြီး ဖြစ်သည့်အလား သင်တို့သည် ယနေ့တွင် အဘယ်ကြောင့် အလွန် မာကျောပြီး အလျှော့မပေးဘဲ ရှိနေနိုင်ကြသနည်း။ ယနေ့ သင်တို့ ကျူးလွန်သော မကောင်းမှုသည် ကမ္ဘာမြေမှ ငါ၏ ထွက်ခွာခြင်းနောက် လိုက်လာမည့် အမျက်ဒေါသကျရောက်သည့်နေ့ကို အဘယ်သို့ လွတ်မြောက် နိုင်မည်နည်း။ အလွန်မာကျောပြီး အလျှော့မပေးသော သူတို့ကို ယေဟောဝါ၏ အမျက်ဒေါသမှ ငါအဘယ်သို့ လွတ်မြောက်ခွင့် ပေးနိုင်မည်နည်း။

အတိတ်ကို ပြန်တွေးကြည့်လော့- မည်သည့်အချိန်တွင် သင်တို့အပေါ် ငါ၏အကြည့်သည် ဒေါသခိုးလျှံထန်ဖူးကာ ငါ၏အသံ တင်းမာဖူးသနည်း။ ဘယ်အချိန်က သင်တို့နှင့်ပတ်သက်၍ ငါ ရေးကြီးခွင်ကျယ် လုပ်ဖူးသနည်း။ ဘယ်အချိန်က သင်တို့ကို လွန်လွန်ကဲကဲ ငါအပြစ်ဖော်ဆုံးမဖူးသနည်း။ မည်သည့်အချိန်တွင် ငါသည် သင်တို့ကို ဗြောင်ကျကျ အပြစ်ဖော် ဆုံးမဖူးသနည်း။ သင်တို့ကို သွေးဆောင်ဖြားယောင်းခြင်းတိုင်းမှ ထိန်းသိမ်းရန် ငါ့ခမည်းတော်ကို ငါတောင်းခံသည်မှာ ငါ၏ အမှုအတွက် ဖြစ်သည် မဟုတ်လော။ သင်တို့သည် အဘယ်ကြောင့် ဤကဲ့သို့ ငါ့ကို ဆက်ဆံကြသနည်း။ သင်တို့ ကိုယ်ခန္ဓာကို ဒဏ်ခတ်ဖို့ ငါ၏ ဩဇာအာဏာကို ငါ အသုံးပြုဖူးပါသလော။ အဘယ်ကြောင့် ငါ့ကို ဤသို့ ပြန်ဆပ်ကြသနည်း။ ငါ့အပေါ် သင်တို့၏ သဘောထားကို ခုတစ်မျိုး တော်ကြာတစ်မျိုး ပြောင်းပြီးနောက်၊ သင်တို့သည် အေးလည်းမအေး၊ ပူလည်းမပူသကဲ့သို့၊ ထို့နောက်တွင် သင်တို့သည် ငါ့ကို နားပူနားဆာလုပ်ရန်နှင့် ငါ့ထံမှ အမှုအရာများကို ကွယ်ဝှက်ရန် ကြိုးစားကြပြီး၊ သင်တို့၏ နှုတ်များသည် မဖြောင့်မတ်သောသူများ၏ တံတွေးဖြင့် ပြည့်နှက်လေသည်။ သင်တို့၏ လျှာများသည် ငါ၏ ဝိညာဉ်တော်ကို လိမ်လည်နိုင်မည်ဟု သင်တို့ ထင်ကြသလော။ သင်တို့၏ လျှာများသည် ငါ၏အမျက်ဒေါသမှ ရုန်းထွက်လွတ်မြောက်နိုင်မည်ဟု သင်တို့ ထင်ကြသလော။ သင်တို့၏ လျှာများသည် ၎င်းတို့ ဆန္ဒရှိသည်အတိုင်း ငါ ယေဟောဝါ၏ လုပ်ဆောင်ချက်များအပေါ် အကဲဖြတ်ဝေဖန်နိုင်သည်ဟု သင်တို့ ထင်ကြသလော။ ငါသည် လူသားက အကဲဖြတ်ဝေဖန်ခံရသည့် ဘုရားသခင် ဖြစ်သလော။ သေးငယ်သော လောက်ကောင်တစ်ကောင်ကို ငါ့ကို ထိုသို့ ပြစ်မှားစော်ကားဖို့ ငါခွင့်ပြုနိုင်မည်လော။ ထိုသို့သော ငြင်းဆန်သောသူတို့ကို ငါ၏ ထာဝရ ကောင်းကြီးမင်္ဂလာများအလယ် အဘယ်သို့ ငါ ထားရှိနိုင်မည်နည်း။ သင်တို့၏စကားများနှင့် လုပ်ရပ်များသည် အချိန်ကြာမြင့်စွာကတည်းက သင်တို့ကို ဖော်ထုတ်ကာ ပြစ်တင်ရှုတ်ချကြပြီး ဖြစ်သည်။ ငါသည် မိုးကောင်းကင်ကို ဖြန့်ကြက်ပြီး အရာခပ်သိမ်းကို ဖန်ဆင်းခဲ့ချိန်တွင်၊ ငါသည် အမှုအရာတစ်ခုတစ်လေက ငါ၏ အမှုနှင့် စီမံခန့်ခွဲခြင်းကို ဆန္ဒရှိသည်အတိုင်း နှောင့်ယှက်ခွင့်ပေးဖို့ မဆိုထားနှင့်၊ မည်သည့် အဖန်ဆင်းခံ သတ္တဝါကိုမျှ ၎င်းတို့ နှစ်သက်သည်အတိုင်း ပါဝင်ရန် ငါ အခွင့်မပေးခဲ့ပေ။ ငါသည် မည်သည့် လူသား သို့မဟုတ် မည်သည့်အရာဝတ္ထုကိုမျှ သည်းမခံပေ။ ငါ့အပေါ် ရက်စက်ပြီး လူမဆန်သောသူများကို ငါသည် အဘယ်သို့ ချမ်းသာပေးနိုင်မည်နည်း။ ငါ၏ စကားများကို ပုန်ကန်သောသူတို့အား အဘယ်သို့ ငါခွင့်လွှတ်နိုင်မည်နည်း။ ငါ့ကို မနာခံသောသူတို့ကို ငါအဘယ်သို့ ချမ်းသာပေးနိုင်မည်နည်း။ လူသား၏ ကံကြမ္မာသည် ငါ၊ အနန္တတန်ခိုးရှင်၏ လက်တွင် ရှိသည်မဟုတ်လော။ သင်၏ မဖြောင့်မတ်ခြင်းနှင့် မနာခံခြင်းတို့ကို သန့်ရှင်းသည်ဟု အဘယ်သို့ ငါမှတ်ယူနိုင်မည်နည်း။ သင်၏အပြစ်သည် ငါ၏သန့်ရှင်းခြင်းကို အဘယ်သို့ ညစ်ညမ်းစေနိုင်မည်နည်း။ ငါသည် မဖြောင့်မတ်သော သူများ၏ မစင်ကြယ်ခြင်းဖြင့် အညစ်ညမ်းမခံသကဲ့သို့၊ မဖြောင့်မတ်သူများ၏ လှူဖွယ်ပစ္စည်းများကိုလည်း ငါမမွေ့လျော်ပေ။ ယေဟောဝါဖြစ်သည့် ငါ့အပေါ် သင်သည် သစ္စာစောင့်သိခဲ့မည်ဆိုပါက၊ ငါ၏ယဇ်ပလ္လင်ပေါ်ရှိ ပူဇော်သက္ကာကို သင့်အတွက် သင် ယူဆောင်နိုင်မည်လော။ ငါ၏သန့်ရှင်းသောနာမကို ပြစ်မှားစော်ကားရန် အဆိပ်ရှိသော သင်၏လျှာကို သင် အသုံးပြုနိုင်မည်လော။ ဤနည်းဖြင့် ငါ၏စကားများကို သင် ပုန်ကန်နိုင်မည်လော။ ငါ၏ဘုန်းအသရေနှင့် သန့်ရှင်းသော အမည်နာမကို ဆိုးယုတ်သောသူ ဖြစ်သည့် စာတန်ကို အစေခံရန် တန်ဆာပလာ တစ်ခုအဖြစ် သင် အသုံးပြုနိုင်မည်လော။ ငါ၏ အသက်ကို သန့်ရှင်းသောသူများ၏ ပျော်မွေ့ခြင်းအတွက် ပေးထားခြင်း ဖြစ်သည်။ သင် ဆန္ဒရှိသည့်အတိုင်း ငါ၏အသက်ကို ကစားရန် နှင့် သင်တို့အလယ် သဘောထားကွဲလွဲမှုအတွက် တန်ဆာပလာတစ်ခုအဖြစ် အသုံးပြုရန် အဘယ်သို့ ငါခွင့်ပြုပေးနိုင်မည်နည်း။ အဘယ်ကြောင့် သင်တို့သည် ငါ့အပေါ် ဆက်ဆံရာတွင်၊ အလွန်အကြင်နာကင်းမဲ့ကာ ကောင်းမြတ်သောသူ၏ ပြုမူပုံ အလွန် ချို့တဲ့လွန်းရသနည်း။ အသက်နှင့်ဆိုင်သော ဤနှုတ်ကပတ်တော်များတွင် သင်တို့၏ မကောင်းသည့် လုပ်ဆောင်ချက်များကို ရေးသားထားနှင့်ပြီး ဖြစ်သည်ကို သင်တို့ မသိကြသလော။ ငါသည် အဲဂုတ္တုပြည်ကို ဆုံးမသောအချိန်၌ အမျက်ဒေါသ ကျရောက်မည့်နေ့ကို သင်တို့ အဘယ်သို့ လွတ်မြောက်နိုင်မည်နည်း။ ဤနည်းဖြင့် ငါ့ကို ထပ်ခါတလဲလဲ ဆန့်ကျင်ကာ အာခံရန်၊ ငါသည် သင်တို့ကို အဘယ်သို့ ခွင့်ပြုနိုင်မည်နည်း။ သင်တို့ကို ငါ ရှင်းရှင်းလင်းလင်း ပြောမည်- အချိန်ကျရောက်သောအခါ၊ သင်တို့ကို ပြစ်တင်ဆုံးမခြင်းသည် အဲဂုတ္တုပြည်၏ ပြစ်တင်ဆုံးမခြင်းထက် သာ၍ မခံမရပ်နိုင်အောင် ဖြစ်လိမ့်မည်။ ငါ၏ အမျက်ဒေါသ ကျရောက်မည့်နေ့ကို အဘယ်သို့ သင်တို့ လွတ်မြောက်နိုင် မည်နည်း။ သင်တို့အား ငါ အမှန်အကန် ဆိုသည်ကား- ငါ၏သည်းခံခြင်းသည် သင်တို့၏ မကောင်းသော လုပ်ဆောင်ချက်များအတွက် ပြင်ဆင် ထားခြင်းဖြစ်ပြီး၊ ထိုနေ့ရက်၌ သင်တို့၏ ပြစ်တင်ဆုံးမခြင်းအတွက် တည်ရှိခြင်း ဖြစ်သည်။ သင်တို့သည် ငါ၏ သည်းခံခြင်း အဆုံးသို့ ရောက်ရှိပြီးဖြစ်သည်နှင့်တစ်ပြိုင်နက်၊ အမျက်ဒေါသ တရားစီရင်ခြင်းကို ခံရမည့်သူများ ဖြစ်ကြသည် မဟုတ်လော။ အရာခပ်သိမ်းသည် ငါအနန္တတန်ခိုးရှင်၏ လက်ထဲတွင် ရှိသည် မဟုတ်လော။ ကောင်းကင်အောက်တွင်၊ ငါ့ကို ထိုသို့ မနာခံဖို့ သင်တို့ကို အဘယ်သို့ ငါ ခွင့်ပြုနိုင်မည်နည်း။ ကြွရောက်လာမည်ဟု ပြောထားခဲ့သော်လည်း၊ မည်သည့်အခါမျှ ကြွမလာခဲ့သည့် မေရှိယကို သင်တို့တွေ့ဆုံပြီး ဖြစ်သောကြောင့် သင်တို့ အသက်တာများသည် အလွန် ခက်ခဲလိမ့်မည်။ သင်တို့သည် သူ၏ရန်သူများ ဖြစ်ကြသည် မဟုတ်သလော။ ယေရှုသည် သင်တို့နှင့် မိတ်ဆွေဖြစ်ပြီးသော်လည်း၊ သင်တို့သည် မေရှိယ၏ ရန်သူများဖြစ်ကြဆဲ ဖြစ်သည်။ သင်တို့သည် ယေရှုနှင့် မိတ်ဆွေများ ဖြစ်သော်လည်း၊ သင်တို့၏ မကောင်းသော လုပ်ဆောင်ချက်များက စက်ဆုပ်ဖွယ်ကောင်းသော သူများ၏ တန်ဆာများကို ဖြည့်ကြပြီးဖြစ်သည်ကို သင်တို့ မသိကြသလော။ သင်တို့သည် ယေဟောဝါနှင့် အလွန် ရင်းနှီးသော်လည်း၊ သင်တို့၏ မကောင်းသော စကားများသည် ယေဟောဝါ၏ နားများသို့ရောက်ရှိပြီး သူ၏ အမျက်ဒေါသကို ဆွပေးပြီးဖြစ်သည်ကို သင်တို့မသိကြသလော။ သူသည် အဘယ်သို့ သင်နှင့်ရင်းနှီးနိုင်မည်နည်း၊ ပြီးလျှင် မကောင်းသော လုပ်ဆောင်ချက်များနှင့် ပြည့်နှက်သည့် သင်၏တန်ဆာများကို သူသည် အဘယ်သို့ မီးမရှို့ဘဲနေနိုင်မည်နည်း။ အဘယ်သို့ သူသည် သင်၏ ရန်သူ မဖြစ်နိုင်မည်နည်း။

အရှေ့သို့- ရွက်ကြွေများ ၎င်းတို့အမြစ်များဆီ ပြန်သွားကြချိန် ပြုပြီးသမျှ မကောင်းမှုအားလုံးကို သင်နောင်တရလတ္တံ့

နောက်တစ်ခုသို့- ကယ်တင်ရှင်သည် “ဖြူသောမိုးတိမ်” စီးလျက် ပြန်ကြွလာနှင့်ပြီးဖြစ်သည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။