ရွက်ကြွေများ ၎င်းတို့အမြစ်များဆီ ပြန်သွားကြချိန် ပြုပြီးသမျှ မကောင်းမှုအားလုံးကို သင်နောင်တရလတ္တံ့

သင်တို့ကြား၌ ငါပြုခဲ့သော အမှုကို သင်တို့အားလုံး မိမိတို့ကိုယ်တိုင်၏ မျက်စိများဖြင့် မြင်ကြပြီးလေပြီ၊ ငါပြောပြီးသော နှုတ်ကပတ်တော်များကို သင်တို့ကိုယ်တိုင် နားထောင်ကြရပြီဖြစ်ပြီး၊ သင်တို့အပေါ်ထားသော ငါ၏သဘောထားကို သင်တို့အားလုံး သိကြပြီး ဖြစ်သည်၊ ထို့ကြောင့် သင်တို့အထဲ၌ ဤအမှုကို အဘယ်ကြောင့် ငါလုပ်ဆောင်နေသည်ကို သင်တို့ သိသင့်ကြသည်။ သင်တို့ကို အရိုးခံအတိုင်း ငါ ပြောသည်၊ သင်တို့သည် နောက်ဆုံးသောကာလ၌ ငါ၏ သိမ်းပိုက်ခြင်းအလုပ်အတွက် ကိရိယာ တန်ဆာပလာများ၊ တစ်ပါးအမျိုးသား တိုင်းနိုင်ငံများအလယ် ငါ၏ အမှု တိုးချဲ့ခြင်းအတွက် ကိရိယာတန်ဆာပလာများ ဖြစ်သည်မှအပ မည်သည့်အရာမျှ မဟုတ်။ ငါ၏အလုပ်ကို တိုးချဲ့ဖို့ရန်နှင့် တစ်ပါးအမျိုးသား တိုင်းနိုင်ငံများ အလယ်တွင် ငါ၏နာမကို ပိုမိုချဲ့ထွင်နိုင်ရန်အလို့ငှာ၊ ဆိုလိုသည်မှာ ဣသရေလနိုင်ငံအပြင်ဘက် မည်သည့်တိုင်းနိုင်ငံ အလယ်တွင်မဆို ပျံ့နှံ့ဖို့ရန်အလို့ငှာ၊ ငါသည် သင်တို့၏ မတရားသောအမှု၊ ညစ်ညူးမှု၊ ခုခံမှုနှင့် ပုန်ကန်မှုတို့မှတစ်ဆင့် စကားပြောသည်။ ဤသည်မှာ ငါ၏ နာမ၊ ငါ၏လုပ်ဆောင်ချက်များနှင့် ငါ၏အသံတို့သည် တစ်ပါးအမျိုးသား တိုင်းနိုင်ငံများတစ်လျှောက် ဖြန့်ဖြူးနိုင်ပြီး၊ ထိုသို့အားဖြင့် ဣသရေလနှင့် အဲဂုတ္တုမြေများပြင်ပတွင် ငါ၏ သန့်ရှင်းသော မြေများဖြစ်လာကြလျက်၊ ဣသရေလနှင့်မသက်ဆိုင်သော ထိုတိုင်းနိုင်ငံအားလုံးသည် ငါ၏ သိမ်းပိုက်ခြင်းခံရကာ ငါ့ကို ကိုးကွယ်နိုင်ကြဖို့အလို့ငှာ ဖြစ်သည်။ ငါ၏အမှုကို တိုးချဲ့ခြင်းဟူသည်မှာ အမှန်တွင် ငါ၏ သိမ်းပိုက်ခြင်းအမှုကို တိုးချဲ့ခြင်းနှင့် ငါ၏ သန့်ရှင်းသောမြေကို တိုးချဲ့ခြင်းဖြစ်သည်။ ယင်းသည် ကမ္ဘာပေါ်တွင် ငါ၏ခြေကုပ်ကို တိုးချဲ့ခြင်းဖြစ်သည်။ သင်တို့သည် ငါ သိမ်းပိုက်သော တစ်ပါးအမျိုးသား တိုင်းနိုင်ငံများအလယ် အဖန်ဆင်းခံ သတ္တဝါများသာ ဖြစ်ကြသည်ကို သင်တို့ ရှင်းရှင်းလင်းလင်း သိသင့်သည်။ မူလက၊ သင်တို့သည် အသုံးချဖို့အတွက် အဆင့်အတန်းမရှိသကဲ့သို့ မည်သည့် တန်ဖိုးမျှလည်း ရှိကြသည်မဟုတ်၊ ပြီးလျှင် လုံးဝ အသုံးမဝင်ကြသူများ ဖြစ်သည်။ နယ်မြေတစ်ခုလုံးကို ငါသိမ်းပိုက်ခြင်းအတွက် နမူနာများအဖြစ်၊ နယ်မြေ တစ်ခုလုံးကို ငါ၏သိမ်းပိုက်ခြင်းအတွက် “ရည်ညွှန်းချက် ပစ္စည်းများ” အဖြစ်၊ နောက်ချေးပုံထဲက လောက်များကို ငါချီမခဲ့သောကြောင့်သာ၊ ယခု သင်တို့သည် ငါနှင့် အဆက်အသွယ်ဖြစ်ပြီး ငါနှင့်အတူ စုဝေးဖို့ရလောက်အောင် ကံကောင်းကြသောကြောင့် ဖြစ်သည်။ ငါ၏ သိမ်းပိုက်ခြင်း အလုပ်အတွက် စံပြများနှင့် နမူနာများအဖြစ် သင်တို့ကို ငါရွေးချယ်ခဲ့သည်မှာ သင်တို့၏ နိမ့်ကျသော အဆင့်အတန်းကြောင့် ဖြစ်သည်။ သင်တို့ကြားတွင် ငါအမှုပြုပြီး စကားပြောကာ သင်တို့နှင့်အတူ အသက်ရှင်ပြီး နေထိုင်ရခြင်းမှာ ဤအကြောင်းရင်းအတွက်သာ ဖြစ်သည်။ သင်တို့အကြားတွင် ငါစကားပြော နေရသည်မှာ ငါ၏ စီမံခန့်ခွဲမှုနှင့် နောက်ချေးပုံထဲက လောက်တို့ကို အဆုံးစွန် ငါ၏ ရွံရှာမှုကြောင့်သာ ဖြစ်ကြောင်း သင်တို့ သိသင့်သည်- ယင်းမှာ ငါ ဒေါသအမျက်ပြင်းပြင်း ထွက်ရသည့်အဆင့်ထိ ရောက်ရှိပြီးဖြစ်သည်။ သင်တို့ကြား ငါ၏ အလုပ်လုပ်ခြင်းသည် ဣသရေလ၌ ယေဟောဝါ၏ အလုပ်လုပ်ခြင်းနှင့် လုံးဝတူညီခြင်းမရှိသကဲ့သို့ အထူးသဖြင့် ယုဒပြည်၌ ယေရှု လုပ်ဆောင်ခဲ့သည့် အလုပ်နှင့် မတူပေ။ ကြီးမားသော သည်းခံစိတ်ဖြင့် ငါသည် စကားပြောဆိုကာ အလုပ်လုပ်ပြီး ဤအကျင့်တရားပျက်သူတို့ကို ငါသိမ်းပိုက်သည်မှာ အမျက်ဒေါသနှင့် တရားစီရင်ခြင်းတို့ဖြင့် ဖြစ်သည်။ ယင်းသည် ဣသရေလ၌ မိမိလူတို့ကို ယေဟောဝါ လမ်းပြခြင်းနှင့် မည်သို့မျှ မတူပေ။ ဣသရေလ၌ သူ၏အမှုမှာ အစားအစာနှင့် အသက်ရေကို ပေးသနားရန်ဖြစ်ပြီး ၎င်းတို့အတွက် ထောက်ပံ့ပေးနေစဉ်တွင် သူသည် သူ၏လူတို့အတွက် သနားစုံမက်ခြင်းနှင့် ချစ်ခြင်း အပြည့်အဝ ရှိခဲ့သည်။ ယနေ့အမှုကို ရွေးချယ်ခြင်းမခံရသည့်၊ ကျိန်ခြင်းခံရသော တိုင်းနိုင်ငံတစ်ခု၌ လုပ်ဆောင်၏။ ပြည့်လျှံသော ကုန်ပစ္စည်းများ ထောက်ပံ့မှုရှိဖို့ မပြောနှင့်၊ အစာပေါများခြင်းမရှိသကဲ့သို့ ရေငတ်ပြေစေသော အသက်ရေ၏ အာဟာရလည်း မရှိပေ။ ပြည့်လျှံသော တရားစီရင်ခြင်း၊ ကျိန်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း အထောက်အပံ့သာ ရှိသည်။ နောက်ချေးပုံထဲတွင် ရှင်သန်သော ဤလောက်ကောင်များသည် ဣသရေလလူမျိုးပေါ် ငါနှင်းအပ်ခဲ့သကဲ့သို့ တောင်ပုံရာပုံအပြည့်ဖြစ်သော သိုးနွား တိရစ္ဆာန်များ၊ ကြီးစွာသော ချမ်းသာကြွယ်၀မှုနှင့် မြေတစ်ပြင်လုံးက အလှဆုံး ကလေးသူငယ်များကို ရရှိခြင်းနှင့် လုံးဝမထိုက်တန်ကြပေ။ ပညတ်တော်အရ ယေဟောဝါ တောင်းဆိုသော ဆယ်ဖို့တစ်ဖို့ထက် ကျော်လွန်ပြီး မျက်မှောက်ခေတ် ဣသရေလသည် ယင်း၏လူတို့ကို ငါအာဟာရဖြစ်စေသည့် သိုးနွား တိရစ္ဆာန်များနှင့် ရွှေထည်၊ ငွေထည် ပစ္စည်းများကို ယဇ်ပလ္လင်ပေါ်တွင် ပူဇော်ကြ၏၊ ထို့ကြောင့် ၎င်းတို့အား ငါ ပို၍ပင် ပေးခဲ့လေသည်- ပညတ်တရားအရ ဣသရေလတို့ ရရှိဖို့အရာ၏ အဆတစ်ရာကျော်ကို ပေးခဲ့လေသည်။ ဣသရေလကို ငါကျွေးမွေးခဲ့သောအရာသည် အာဗြဟံ ရရှိခဲ့သည့်အရာ အားလုံးထက် ကျော်လွန်ပြီး၊ ဣဇာတ် ရရှိခဲ့သည့်အရာ အားလုံးထက် ကျော်လွန်သည်။ ငါသည် ဣသရေလ၏ မိသားစုကို ဖြစ်ထွန်းစေကာ ပွားများစေမည်ဖြစ်ပြီး၊ ငါ၏ ဣသရေလလူမျိုးကို ကမ္ဘာမြေတစ်လျှောက် ပျံ့နှံစေမည်။ ငါကောင်းချီးပေးပြီး စောင့်ရှောက်သော သူတို့မှာ အရွေးချယ်ခံ ဣသရေလလူမျိုး ဖြစ်လျက်ပင် ရှိသေး၏- ဆိုလိုသည်မှာ ငါ့ကို အရာအားလုံး ဆက်ကပ်ပြီး ငါ့ထံမှ အရာအားလုံး ရရှိပြီးဖြစ်သည့် လူများ ဖြစ်သည်။ ထိုသို့ဖြစ်ရသည်မှာ ငါ၏ပြန်ကြွလာခြင်းကို စောင့်စားမျှော်လင့်ရာတွင် ၎င်းတို့၏ မွေးကင်းစ သားဦးတို့ကို ပူဇော်ကြသည်အထိ ငါ၏သန့်ရှင်းသော ယဇ်ပလ္လင်ထက်တွင် ၎င်းတို့၏ မွေးကင်းစ နွားသားပေါက်များနှင့် သိုးသူငယ်များကို ၎င်းတို့ယဇ်ပူဇော်ကြပြီး ငါ၏ရှေ့မှောက်တွင် ၎င်းတို့ ရှိသမျှတိုင်းကို ဆက်ကပ်ပူဇော်ကာ ငါ့ကို အမှတ်ထားကြသောကြောင့် ဖြစ်သည်။ သင်တို့ရော အဘယ်သို့နည်း။ သင်တို့သည် ငါ၏ အမျက်ဒေါသကို နှိုးဆွကြ၏၊ ငါ့ကို တောင်းဆိုချက်များ ပြုလုပ်ကြပြီး၊ ငါ့အား ဆက်ကပ်ပူဇော်သော သူတို့၏ ယဇ်များကို ခိုးယူကြပြီး ငါ့ကို သင်တို့ စော်ကားနေကြသည်ကို သင်တို့ မသိကြ၊ ထို့ကြောင့် သင်တို့ရရှိသမျှမှာ အမှောင်တွင် ငိုကျွေးခြင်းနှင့် ပြစ်ဒဏ်ပေးခြင်းတို့ ဖြစ်သည်။ သင်တို့သည် ငါ၏ အမျက်ကို အကြိမ်ပေါင်းများစွာ ဆွခဲ့ကြပြီး လူအတော်အတန် အနည်းငယ်သည် ဝမ်းနည်းဖွယ် အဆုံးသတ်ခြင်းနှင့် တွေ့ကြုံကြရပြီးဖြစ်ကာ ပျော်ရွှင်ဖွယ်ရာအိမ်များသည် ပျက်စီးခြောက်ကပ်သော သင်္ချိုင်းများ ဖြစ်သွားသည်အထိ ငါ၏ လောင်သောမီးများကို ငါ ရွာချခဲ့လေပြီ။ ဤလောက်ကောင်များအတွက် ငါ၌ရှိသမျှမှာ မပြေနိုင်သော အမျက်ဒေါသဖြစ်ပြီး ၎င်းတို့ကို ကောင်းချီးပေးရန် ငါ၌ ရည်ရွယ်ချက်မရှိ။ ငါ၏အမှုအတွက်သာ ငါသည် ခြွင်းချက်တစ်ခု ပြုလုပ်ခဲ့ပြီး သင်တို့ကို အားပေးခဲ့သကဲ့သို့၊ ကြီးမားသော အရှက်ရခြင်းကို သည်းခံကာ သင်တို့၏အလယ်၌ အမှုပြုခဲ့ခြင်း ဖြစ်သည်။ ငါ့ခမည်းတော်၏ အလိုတော်အတွက်သာ မဟုတ်ခဲ့ပါက၊ နောက်ချေးပုံထဲ လူးလွန့်နေကြသော လောက်ကောင်များနှင့်အတူ တစ်အိမ်တည်းတွင် ငါ မည်သို့ နေနိုင်မည်နည်း။ သင်တို့၏ လုပ်ရပ်များနှင့် စကားများအားလုံးအတွက် အလွန့်အလွန် စက်ဆုပ်ရွံရှာမှုကို ငါခံစားရပြီး၊ မည်သို့ဆိုစေ သင်တို့၏ အညစ်အကြေးနှင့် ပုန်ကန်မှုတို့ကို ငါ “စိတ်ဝင်စားမှု” အချို့ရှိသောကြောင့်၊ ဤသည်မှာ ငါ၏ နှုတ်ကပတ်တော်များနှင့်ဆိုင်သော ကြီးမားသည့် စုဆောင်းမှုတစ်ခု ဖြစ်လာလေပြီ။ သို့မဟုတ်ပါက၊ သင့်တို့အကြားတွင် အလွန်အချိန်ကြာမြင့်စွာ ငါလုံးဝ ရှိခဲ့လိမ့်မည်မဟုတ်။ ထို့ကြောင့် ဤအရာကို ငါ၏အလုပ်အတွက်သာ လုပ်ဆောင်ခြင်း ဖြစ်သောကြောင့် သင်တို့အပေါ် ငါ၏သဘောထားမှာ ကိုယ်ချင်းစာတရားနှင့် သနားခြင်းတို့သာဖြစ်သည်ကို သင်တို့ သိသင့်ကြသည်။ သင်တို့အတွက် ချစ်ခြင်းမေတ္တာ တစ်စက်မျှပင် ငါ၌မရှိ။ ငါသည် ဤအရာကို ငါ၏ အမှုအတွက်သာ လုပ်ဆောင်သောကြောင့်၊ သင်တို့အတွက် ငါ ရှိသည့်အရာမှာ သည်းခံခြင်းသာ ဖြစ်၏။ ထို့အပြင် ငါသည် ညစ်ညမ်းမှုနှင့် ပုန်ကန်ခြင်းတို့ကို “ကုန်ကြမ်းများ” အဖြစ် ရွေးချယ်ခဲ့ခြင်း ကြောင့်သာ ငါ၏ လုပ်ဆောင်ချက်တို့ကို သင်တို့ မြင်ခဲ့ကြရခြင်း ဖြစ်သည်။ သို့မဟုတ်ပါက ဤလောက်ကောင်များအား ငါ၏ လုပ်ဆောင်ချက်များကို ငါ လုံးဝထုတ်ဖော်ပြမည် မဟုတ်။ ငါသည် ဣသရေလ၌ ငါ့အလုပ်ကို အဆင်သင့်ရှိခြင်းနှင့် လိုလားခြင်းတို့ဖြင့် လုပ်ဆောင်ခဲ့သကဲ့သို့ လုံးဝမဟုတ်ဘဲ၊ မလိုလားခြင်းဖြင့်သာ သင်တို့ထဲ၌ ငါ အလုပ်လုပ်သည်။ သင်တို့ကြားတွင် ငါ့ကိုယ်ငါ စကား အတင်းအကျပ် ပြောစေစဉ်တွင် ငါ၌ အမျက်ဒေါသ ရှိနေ၏။ ငါ၏ သာ၍ကြီးမားသော အမှုအတွက် မဟုတ်ပါက၊ ထိုသို့သော လောက်ကောင်များကို ဆက်၍ မြင်နေခြင်းအား ငါအဘယ်သို့ သည်းခံနိုင်မည်နည်း။ ငါ၏ နာမဖို့အလို့ငှာမဟုတ်ပါက၊ ငါသည် အမြင့်ဆုံးသော အထွတ်သို့ တက်သွားပြီး ဤလောက်ကောင်များကို ၎င်းတို့၏နောက်ချေးပုံ နှင့်အတူ ငါလုံးလုံးလျားလျား မီးရှို့ဖျက်ဆီးခဲ့ပြီးဖြစ်လိမ့်မည်။ ငါ၏ ဘုန်းအသရေအဖို့အလို့ငှာ မဟုတ်ခဲ့ပါက၊ ဤဆိုးညစ်သော နတ်ဆိုးများအား ငါ၏ မျက်လုံးများရှေ့တွင် ၎င်းတို့၏ ဦးခေါင်းများ လှုပ်ယမ်းကာ ငါ့ကို ပွင့်ပွင့်လင်းလင်း ခုခံတွန်းလှန်ရန် ငါ အဘယ်ကြောင့် ခွင့်ပြုနိုင်မည်နည်း။ အနည်းငယ်မျှ အတားအဆီးမရှိဘဲ ငါ၏ အမှုကို ချောချောမွေ့မွေ့ ဆောင်ရွက်နိုင်ဖို့သာ မဟုတ်ခဲ့ပါက၊ ဤလောက်ကောင်နှင့်တူသော လူတို့အား အကြောင်းမဲ့သက်သက် ငါ့ကို စော်ကားရန် ငါ အဘယ်သို့ ခွင့်ပြုနိုင်မည်နည်း။ ဣသရေလရှိ ရွာတစ်ရွာမှ လူပေါင်းတစ်ရာက ငါ့ကို ဤသို့ အတိုက်အခံလုပ်ရန် ထကြွခဲ့ကြပါက၊ ငါ့အား ယဇ်ပူဇော်မှုများ ၎င်းတို့လုပ်ဆောင်ခဲ့ကြလျှင်ပင်၊ အခြားမြို့များမှ လူများကို မည်သည့်အခါမျှ နောက်တစ်ဖန် ပုန်ကန်မှုမပြုရန် တားဆီးဖို့ရန်အလို့ငှာ ၎င်းတို့ကို ငါ ချေဖျက်ကာ မြေထဲက အက်ကြောင်းများ ထဲသို့ ပစ်ချလိမ့်ဦးမည် ဖြစ်သည်။ ငါသည် အလုံးစုံ ကျွမ်းလောင်သောမီးဖြစ်ကာ ပုန်ကန်ပြစ်မှားမှုကို သည်းမခံပေ။ လူသားအားလုံးကို ငါ ဖန်ဆင်း ထားသောကြောင့်၊ ငါမည်သည့်အရာကို ပြောဆိုလုပ်ဆောင်သည်ဖြစ်စေ၊ ၎င်းတို့ နာခံကြရမည် ဖြစ်ကာ မပုန်ကန်ရပေ။ လူတို့သည် ငါ၏ အမှု၌ ၎င်းတို့ ဝင်စွက်ဖက်ပိုင်ခွင့်မရှိပေ၊ ထို့အပြင် ငါ၏အမှုနှင့် ငါ၏ စကားများ၌ မည်သည့်အရာ မှန်သည်၊ မှားသည်ကို စိစစ်ရန် သာ၍ပင် အရည်အချင်းမမီပေ။ ငါသည် ဖန်ဆင်းခြင်း၏ အရှင်သခင်ဖြစ်ပြီး အဖန်ဆင်းခံ သတ္တဝါများအနေဖြင့် ငါ့အား ကြောက်ရွံ့သော စိတ်နှလုံးဖြင့် ငါသတ်မှတ်ထားသော အရာတိုင်းကို ရရှိသင့်ကြ၏။ ၎င်းတို့သည် ငါနှင့်အတူ အကျိုးသင့် အကြောင်းသင့်ပြောဖို့ မကြိုးစားသင့်သကဲ့သို့ အထူးသဖြင့် ငါ့ကို မခုခံသင့်ပေ။ ငါသည် ငါ၏ဩဇာအာဏာဖြင့် ငါ၏လူတို့ကို အုပ်စိုးပြီး ငါ၏ဖန်ဆင်းခြင်းနှင့် သက်ဆိုင်သော သူအားလုံးသည် ငါ၏ သြဇာအာဏာကို ကျိုးနွံနာခံသင့်ကြ၏။ ယနေ့ ငါ၏ရှေ့တွင် သင်တို့သည် ရဲရင့်ကြပြီး မိမိကိုယ်ကိုယ် ယုံကြည်မှု လွန်ကဲကြသော်လည်း၊ သင်တို့ကို ငါသင်ပေးသော နှုတ်ကပတ်တော်များကို သင်တို့ မနာခံကြသကဲ့သို့ ကြောက်ရွံ့မှုမရှိကြသော်လည်း၊ ငါသည် သင်တို့၏ ပုန်ကန်မှုကို သည်းခံခြင်းဖြင့်သာ ရင်ဆိုင်၏။ အလွန်သေးငယ်၍ အရေးမပါသော လောက်တို့သည် နောက်ချေးပုံထဲ၌ အညစ်အကြေးကို မွှေနှောက်ကြသောကြောင့် ငါသည် အမျက်ဒေါသထွက်မည် မဟုတ်သကဲ့သို့ ငါ၏အလုပ်အပေါ် သက်ရောက်စေမည် မဟုတ်ပေ။ ခမည်းတော်၏ အလိုတော်အဖို့အလို့ငှာ ငါမနှစ်မြို့သော အရာတိုင်းနှင့် ငါစက်ဆုပ်သောအရာအားလုံး၏ ဆက်လက် တည်ရှိခြင်းကို ငါသည်းခံပြီး၊ ငါ၏ မိန့်မြွက်ချက်များ ပြည့်စုံသည်အထိ၊ ငါ၏ နောက်ဆုံး အခိုက်အတန့်အထိ ငါထိုသို့ လုပ်ဆောင်မည်ဖြစ်သည်။ မစိုးရိမ်နှင့်။ ငါသည် အမည်မဲ့ လောက်တစ်ကောင်ကဲ့သို့ အလားတူအဆင့်ထိ နစ်မြုပ် မသွားနိုင်သကဲ့သို့ ငါ၏ ကျွမ်းကျင်မှုအဆင့်ကို သင်နှင့် နှိုင်းယှဉ်မည်မဟုတ်။ ငါသည် သင့်ကို စက်ဆုပ်သော်လည်း သည်းခံနိုင်၏။ သင်သည် ငါ့ကို မနာခံသော်လည်း ငါ၏ ခမည်းတော်က ငါ့အား ကတိထားတော်မူသည့်အတိုင်း သင့်ကို ငါ ပြစ်တင်ဆုံးမမည့် နေ့ရက်ကို သင် မလွတ်မြောက်နိုင်ပေ။ အဖန်ဆင်းခံ လောက်တစ်ကောင်သည် ဖန်ဆင်းခြင်း၏ အရှင်နှင့် နှိုင်းယှဉ်နိုင်သလော။ ဆောင်းဦးရာသီတွင် ရွက်ကြွေများသည် ၎င်းတို့ အမြစ်များဆီ ပြန်သွားကြ၏။ သင်သည် သင့် “အဖ” ၏ အိမ်သို့ ပြန်သွားမည်ဖြစ်ပြီး၊ ငါသည် ငါ့ခမည်းတော် ထံပါးသို့ ပြန်သွားလိမ့်မည်။ ငါ့ခမည်းတော်၏ နူးညံ့သော ချစ်ခြင်းမေတ္တာသည် ငါနှင့်အတူ ပါရှိလိမ့်မည်ဖြစ်ပြီး သင်မူကား သင့်အဖ၏ နင်းခြေခြင်းက သင့်နောက်မှ လိုက်လာလိမ့်မည် ဖြစ်သည်။ ငါသည် ငါ့ခမည်းတော်၏ ဘုန်းအသရေကို ရရှိလိမ့်မည်ဖြစ်ကာ၊ သင်သည် သင့်အဖ၏ အရှက်ကို ရရှိလိမ့်မည်။ ငါသည် သင့်ကို အဖော်ပြုရန် ရှည်ကြာစွာ ထိန်းထားခဲ့သော ပြစ်တင်ဆုံးမမှုကို အသုံးပြုမည်ဖြစ်ပြီး သင်သည် ငါ၏ ပြစ်တင်ဆုံးမမှုကို နှစ်သောင်းချီ ပျက်ဆီးပြီးဖြစ်သော ဆီချေးဆော်နံသည့် သင်၏ ဇာတိ အသွေးအသားဖြင့် ကြုံတွေ့လိမ့်မည်။ ငါသည် သည်းခံစိတ်နှင့်အတူ၊ သင့်အထဲက ငါ၏နှုတ်ကပတ်တော်များနှင့်ဆိုင်သော အမှုကို ငါအဆုံးသတ်မည် ဖြစ်ပြီး သင်သည် ငါ၏နှုတ်ကပတ်တော်များမှ ဘေးအန္တရာယ် ခံစားခြင်း အခန်းကဏ္ဍကို စတင် ဖြည့်ဆည်းရလိမ့်မည်။ ငါသည် ကြီးစွာ ဝမ်းမြောက်ကာ ဣသရေလ၌ အလုပ်လုပ်မည်။ သင်သည် နွံထဲ၌ တည်ရှိကာ သေအံ့ဆဲဆဲ ဖြစ်လျက်၊ ငိုကြွေးကာ အံသွားခဲကြိတ်လိမ့်မည်။ ငါသည် ငါ၏နဂိုမူလ ပုံသဏ္ဌာန်ကို ပြန်လည် ရရှိလိမ့်မည်ဖြစ်ပြီး သင်နှင့်အတူ အညစ်အကြေးထဲ၌ ဆက်ရှိနေတော့မည် မဟုတ်ချိန်တွင်၊ သင်သည် သင်၏ မူလ အကျည်းတန်မှုကို ပြန်လည်ရရှိကာ နောက်ချေးပုံတစ်ဝိုက် ဆက်၍ လိုဏ်ခေါင်းတူးလိမ့်မည် ဖြစ်သည်။ ငါ၏ အလုပ်နှင့် နှုတ်ကပတ်တော်များ ပြီးဆုံးသွားသည့်အခါ၊ ယင်းသည် ငါ့အဖို့ ဝမ်းမြောက်ခြင်း နေ့တစ်နေ့ ဖြစ်လိမ့်မည်။ သင်၏ ခုခံခြင်းနှင့် ပုန်ကန်ခြင်း ပြီးဆုံးသွားသောအခါ၊ သင့်အဖို့ ငိုကြွေးရာနေ့တစ်နေ့ ဖြစ်လိမ့်မည်။ ငါသည် သင့်ကို စာနာလိမ့်မည် မဟုတ်သကဲ့သို့ သင်သည် ငါ့ကို နောက်တစ်ဖန် လုံးဝ မြင်ရလိမ့်မည် မဟုတ်။ ငါသည် သင်နှင့်အတူ အပြန်အလှန် စကားပြောဆိုတော့မည် မဟုတ်သကဲ့သို့၊ သင်သည် ငါနှင့် နောက်ထပ် ဆုံရလိမ့်မည်မဟုတ်။ ငါသည် သင်၏ ပုန်ကန်မှုကို မုန်းတီးလိမ့်မည်ဖြစ်ကာ၊ သင်သည် ငါ၏ ချစ်ဖွယ်ဖြစ်ခြင်းကို အောက်မေ့လိမ့်မည်။ ငါသည် သင့်ကို ဒဏ်ခတ်မည်ဖြစ်ပြီး သင်သည် ငါ့ကို တမ်းတလိမ့်မည်။ ငါသည် သင့်ထံမှ ဝမ်းမြောက်ဝမ်းသာစွာ ထွက်သွားလိမ့်မည် ဖြစ်ပြီး သင်သည် ငါ့ထံတင်ရှိနေသည့် သင်၏ ကြွေးမြီကို သတိပြုမိလိမ့်မည်။ ငါသည် သင့်ကို တစ်ဖန် လုံးဝ တွေ့လိမ့်မည် မဟုတ်သော်လည်း၊ သင်သည် ငါ့ကို အမြဲ မျှော်လင့်လိမ့်မည်။ လောလောဆယ်တွင် သင်သည် ငါ့ကို ခုခံသောကြောင့် သင့်ကို ငါ မုန်းမည်ဖြစ်ပြီး၊ လောလောဆယ် သင့်ကို ငါ ပြစ်တင်ဆုံးမသောကြောင့် သင်သည် ငါ့ကို အောက်မေ့လိမ့်မည်။ ငါသည် သင်နှင့်အတူ တွဲဖက်၍ အသက်ရှင်ဖို့ လိုလားလျက်ရှိလိမ့်မည် မဟုတ်သော်လည်း၊ သင်သည် ထိုအရာအတွက် ခါးသီးစွာ တမ်းတကာ ထာဝရ ငိုကြွေးရလိမ့်မည်၊ အဘယ်ကြောင့်ဆိုသော် ငါ့အား သင်ပြုသမျှ အရာအားလုံးအတွက် သင်နောင်တရလိမ့်မည် ဖြစ်သည့်အတွက် ဖြစ်သည်။ သင်၏ ပုန်ကန်မှုနှင့် ခုခံခြင်းအတွက် သင်နောင်တရလိမ့်မည် ဖြစ်ပြီး နောင်တဖြင့် မြေပြင်ပေါ် မျက်နှာပင်အပ်ကာ ငါ၏ရှေ့တွင် လဲကျလျက် ငါ့ကို နောက်ထပ် လုံးဝ မနာခံဘဲ မနေတော့ဖို့ရန် သင်ကျိန်ဆိုလိမ့်မည်။ သို့သော် သင်၏ စိတ်နှလုံးထဲ၌ သင်သည် ငါ့ကို ချစ်ရုံသာ ချစ်မည်ဖြစ်သော်လည်း၊ ငါ့စကားသံကို ဘယ်သောအခါမျှ ကြားနိုင်လိမ့်မည် မဟုတ်။ ငါသည် သင့်ကိုယ်သင် အရှက်ရစေမည်။ 

ငါ့ကို နားပူနားဆာလုပ်ခဲ့သည့် သင်၏ အလိုလိုက်သောဇာတိကို ယခု ငါကြည့်နေပြီး၊ ငါသည် သင့်ကို ပြစ်တင်ဆုံးမမှုဖြင့် “အစေခံ” မည် မဟုတ်သော်လည်း၊ သင့်အတွက် သေးငယ်သော သတိပေးချက်တစ်ခုသာ ငါ၌ ရှိ၏။ ငါ၏ အလုပ်၌ သင် မည်သည့် အခန်းကဏ္ဍ၌ ပါဝင်သည်ကို သိသင့်ပြီး၊ ထို့နောက်တွင် ငါ စိတ်ကျေနပ်လိမ့်မည်ဖြစ်သည်။ ဤအရာထက် ကျော်လွန်သော ကိစ္စရပ်များတွင်၊ သင်သည် ငါ့ကို ခုခံပါက၊ သို့မဟုတ် ငါ၏ ငွေကို သုံးပါက၊ သို့မဟုတ် ငါ ယေဟောဝါအတွက် ဖြစ်သော ယဇ်ကောင်များကို စားသုံးပါက၊ သို့မဟုတ် အသင် လောက်ကောင်တို့သည် အချင်းချင်း ကိုက်ကြပါက၊ သို့မဟုတ် အသင် ခွေးနှင့်တူသော သတ္တဝါများသည် ပဋိပက္ခများ ရှိပါက သို့မဟုတ် အချင်းချင်း စော်ကားခြင်းများ ရှိပါက- ထိုသို့သောအရာ တစ်ခုတစ်လေကို ငါ စိတ်ဝင်စားခြင်းမရှိ။ သင်တို့ မည်သည့်အရာ အမျိုးအစားများ ဖြစ်ကြသည်ကိုသာ သင်တို့သိဖို့လိုပြီး ငါသည် စိတ်ကျေနပ်လိမ့်မည်။ ဤအရာများအားလုံးမှအပ၊ သင်တို့အချင်းချင်း တစ်ဦးပေါ်တစ်ဦး လက်နက်များ ဆွဲထုတ်လိုကြပါက သို့မဟုတ် စကားလုံးများဖြင့် အချင်းချင်း တိုက်ခိုက်လိုကြပါက၊ ကိစ္စမရှိပေ။ ထိုသို့သော အရာများ၌ စွက်ဖက်ဖို့ရန် ငါဆန္ဒမရှိသကဲ့သို့၊ လူသားကိစ္စရပ်များတွင် ငါသည် အနည်းငယ်မျှ ပါဝင်ပတ်သက်မှု မရှိပေ။ ယင်းမှာ သင်တို့ကြားက ပဋိပက္ခများကို ငါအရေးမစိုက်ခြင်း မဟုတ်။ ငါသည် သင်တို့ထဲက တစ်ဦးမဟုတ်သောကြောင့် သင်တို့အကြားရှိသည့် အရေးကိစ္စများတွင် ငါမပါဝင်ခြင်း ဖြစ်သည်။ ငါကိုယ်တိုင်သည် အဖန်ဆင်းခံသတ္တဝါ တစ်ဦးမဟုတ်သကဲ့သို့၊ လောကနှင့် မဆိုင်ချေ၊ ထို့ကြောင့် ငါသည် လူတို့၏ ယောက်ယက်ခတ်နေသော ဘဝနှင့် ၎င်းတို့ကြားက ရှုပ်ထွေးသော၊ မလျော်ကန်သော ဆက်ဆံရေးများကို ငါ စက်ဆုပ်၏။ ငါသည် ကျွက်ကျွက်ညံသော လူအစုအဝေးများကို အထူးသဖြင့် စက်ဆုပ်၏။ သို့သော် အဖန်ဆင်းခံ သတ္တဝါအသီးသီး၏ စိတ်နှလုံးများထဲက မစင်ကြယ်မှုများနှင့်ဆိုင်သော နက်နဲသည့် အသိပညာတစ်ခု ငါ၌ရှိပြီး၊ သင်တို့ကို မဖန်ဆင်းမီတွင်၊ လူသား စိတ်နှလုံးထဲတွင် နက်နက်ရှိုင်းရှိုင်း တည်ရှိခဲ့သည့် မတရားမှုကို ငါသိနှင့်ပြီးဖြစ်ကာ၊ လူသားစိတ်နှလုံးထဲက လှည့်စားခြင်းနှင့် ကောက်ကျစ်ခြင်းများအားလုံးကို ငါသိခဲ့သည်။ ထို့ကြောင့် လူတို့က မတရားသောအမှုတို့ကို လုပ်ဆောင်သည့်အခါ သဲလွန်စများ လုံးဝမရှိသော်လည်း သင်တို့၏ စိတ်နှလုံးများထဲတွင် သိုထားသော မတရားမှုသည် ငါဖန်ဆင်းခဲ့သော အရာခပ်သိမ်း၏ ပေါများကြွယ်ဝမှုထက် သာလွန်ကြောင်းကို ငါသိနေဆဲဖြစ်၏။ သင်တို့ အယောက်တိုင်းသည် လူအမြောက်အများ၏ အမြင့်ဆုံးသော အထွတ်သို့ တက်ကြပြီးဖြစ်သည်။ လူအမြောက်အများ၏ ဘိုးဘေးများဖြစ်ဖို့ရန် သင်တို့ တက်ခဲ့ကြပြီးဖြစ်သည်။ သင်တို့သည် အလွန့်အလွန် ထင်တိုင်းကြဲကြကာ ငြိမ်းအေးသော နေရာတစ်ခုကို ရှာဖွေရင်းနှင့် သင်တို့ထက် ပိုသေးငယ်သော လောက်ကောင်များကို ဝါးမျိုရန် ကြိုးပမ်းလျက်၊ လောက်ကောင်များ အားလုံးကြားတွင် ဒေါသတကြီး လျှောက်ရမ်းကြသည်။ သင်တို့သည် သမုဒ္ဒရာအောက်ခြေ၌ နစ်မြုပ်သွားကြသော သရဲတစ္ဆေများထက်ပင် ကျော်လွန်ပြီး သင်တို့၏ စိတ်နှလုံးများတွင် မလိုမုန်းထားကြကာ ရက်စက် ယုတ်မာတတ်ကြသည်။ သင်တို့သည် လောက်ကောင်များကို မငြိမ်းချမ်းစေသည်အထိ ထိပ်မှ အောက်ခြေသို့တိုင် နှောင့်ယှက်ကြရင်း၊ အချင်းချင်း တစ်ခဏမျှ တိုက်ခိုက်ကြပြီးနောက် ပြန်ငြိမ်သွားကြရင်း နောက်ချေး၏ အောက်ခြေတွင် နေထိုင်ကြသည်။ သင်တို့၏နေရာကို သင်တို့မသိကြ၊ သို့သော် နောက်ချေးထဲ၌ အချင်းချင်း တိုက်ခိုက်နေကြဆဲဖြစ်၏။ ထိုသို့သော ရုန်းကန်လှုပ်ရှားခြင်းမှ သင်တို့ မည်သည့်အရာ ရရှိနိုင်သနည်း။ သင်တို့ စိတ်နှလုံးထဲတွင် ငါ့အတွက် ကြောက်ရွံ့မှု အမှန်တကယ် ရှိခဲ့ပါက၊ ငါ၏ကွယ်ရာတွင် သင်တို့အချင်းချင်း အဘယ်ကြောင့် တိုက်ခိုက်နိုင် ကြမည်နည်း။ သင့်အဆင့်အတန်း မည်မျှမြင့်မားပါစေ သင်သည် နောက်ချေး ထဲက နံဟောင်နေသော တီကောင်ငယ်လေး ဖြစ်နေဆဲ မဟုတ်လော။ သင်သည် အတောင်ပေါက်ကာ ကောင်းကင်၌ ချိုးငှက်တစ်ကောင် ဖြစ်လာ နိုင်လိမ့်မည်လော။ အသင် နံဟောင်နေသော တီကောင်ငယ်လေးများသည် ငါယေဟောဝါ၏ ယဇ်ပလ္လင်ထက်က ယဇ်များကို ခိုးယူကြ၏။ ထိုသို့လုပ်ဆောင်ခြင်းဖြင့် သင်တို့၏ ပျက်စီးနေသော၊ ကျရှုံးခဲ့သော နာမည်ဂုဏ်သတင်းကို ဆယ်တင်နိုင်ကာ အရွေးချယ်ခံ ဣသရေလ၏လူမျိုး ဖြစ်လာနိုင်သလော။ သင်တို့သည် အရှက်မဲ့သော စုတ်ချာနေသည့်သူများ ဖြစ်ကြသည်။ ယဇ်ပလ္လင်ပေါ်က ထိုယဇ်များသည် ငါ့ကို ကြောက်ရွံ့ကြသော သူများထံမှလာသည့် သဒ္ဓါတရားရှိသော စိတ်ခံစားချက်များကို ဖော်ပြချက် အနေဖြင့် လူတို့က ငါ့ကို ပူဇော်ခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့သည် ငါထိန်းချုပ်ဖို့အတွက်ဖြစ်ပြီး ငါအသုံးပြုဖို့အတွက် ဖြစ်သည်၊ ထို့ကြောင့် ငါ့ကို လူတို့ ပေးထားသော ချိုးငှက်ငယ်လေးများကို ငါ့ထံမှ သင်တို့ အဘယ်သို့ လုယက်ဖို့ ဖြစ်နိုင်သနည်း။ ယုဒတစ်ဦး ဖြစ်လာမည်ကို သင် မကြောက်သလော။ သင့်မြေသည် သွေးမြေဖြစ်လာမည်ကို သင်မကြောက်သလော။ အရှက်မဲ့လိုက်သည့် အသင်။ လူတို့ပူဇော်ထားသည့် ချိုးငှက်ငယ်လေးများသည် အသင် လောက်ကောင်၏ ဝမ်းကို အာဟာရ ဖြည့်တင်းဖို့ဟု ထင်သလော။ သင့်ကို ငါပေးပြီးသောအရာသည် ငါ အားရကျေနပ်ကာ လိုလိုလားလား ပေးခဲ့သော အရာဖြစ်သည်။ ငါသင့်ကို မပေးထားသော အရာသည် ငါအလိုရှိသလို အသုံးပြုနိုင်သော အရာဖြစ်၏။ ငါ၏ ယဇ်များကို သင် လုံးဝခိုးယူ၍ မရ။ အလုပ်လုပ်သောသူမှာ ငါ ယေဟောဝါ- ဖန်ဆင်းခြင်း၏ အရှင် - ဖြစ်ပြီး ငါ့ကြောင့် လူတို့က ယဇ်များကို ပူဇော်ကြခြင်း ဖြစ်သည်။ ဤသည်မှာ သင်အလုပ်များသမျှ အားလုံးအတွက် ဆုလာဘ်ဟု သင်ထင်သလော။ သင်သည် အမှန်တကယ် အရှက်မဲ့သောသူပါတကား။ မည်သူ့အတွက် သင်အလုပ်များ နေရသနည်း။ သင်ကိုယ်တိုင်အတွက် မဟုတ်လော။ သင်သည် အဘယ်ကြောင့် ငါ၏ ယဇ်များကို ခိုးယူသနည်း။ ငါ၏ ငွေအိတ်မှ ငွေကို သင်အဘယ်ကြောင့် ခိုးယူသနည်း။ သင်သည် ယုဒရှကာယုတ်၏သား မဟုတ်လော။ ငါ ယေဟောဝါအဖို့ဖြစ်သော ယဇ်များသည် ယဇ်ပုရောဟိတ်များ ပျော်မွေ့ဖို့ရာ ဖြစ်သည်။ သင်သည် ယဇ်ပုရောဟိတ်တစ်ဦးလော။ သင်သည် ငါ၏ ယဇ်များကို ဘဝင်ခိုက်စွာ စားဝံ့ပြီး ၎င်းတို့ကို စားပွဲပေါ်၌ပင် တည်ခင်း၏၊ သင်သည် တန်ဖိုးအလျှင်း မရှိသူ ဖြစ်သည်။ အသင် အသုံးမကျသည့် စုတ်ချာသောသူ။ ငါ၏မီး၊ ယေဟောဝါ၏ မီးသည် သင့်ကို ပြာကျစေလိမ့်မည်။

အရှေ့သို့- ယုံကြည်ခြင်းအကြောင်း သင် မည်သည့်အရာ သိရှိသနည်း

နောက်တစ်ခုသို့- အမျက်ဒေါသ ကျရောက်မည့်နေ့ကို အသွေးအသားရှိသောသူ မည်သူမျှ မလွတ်မြောက်နိုင်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။