ယုံကြည်ခြင်းအကြောင်း သင် မည်သည့်အရာ သိရှိသနည်း

လူသားတွင် ယုံကြည်ခြင်းနှင့်ပတ်သက်သည့် မသေချာသော စကားလုံးသာ ရှိသည်၊ သို့ရာတွင် လူသားသည် သူ ယုံကြည်ခြင်း ရှိရသည့်အကြောင်းရင်းကို မဆိုထားနှင့် မည်သည့်အရာက ယုံကြည်ခြင်း ဖြစ်သည်ကို မသိပေ။ လူသားနားလည်သည်မှာ အလွန်နည်းပါးပြီး၊ လူသားကိုယ်တိုင်သည် အလွန် ချို့တဲ့နေသည်။ ငါ၌ သူ၏ ယုံကြည်ခြင်းသည် အကြောင်းမဲ့ဖြစ်ပြီး မသိနားမလည်ခြင်းသာ ဖြစ်ပေသည်။ ယုံကြည်ခြင်းက မည်သည့်အရာ ဖြစ်သည်ကို သူ မသိသကဲ့သို့၊ သူသည် ငါ၌ အဘယ်ကြောင့် ယုံကြည်ခြင်း ရှိသည်ကို သူ မသိသော်လည်း၊ ငါ့ကို သူ စွဲစွဲလမ်းလမ်း ဆက်၍ ယုံကြည်လေသည်။ ငါလုပ်ဆောင်သည့် အမှုမှာ လူသားက ငါ့ကို တွေ့မြင်နိုင်ဖို့နှင့် သိရှိဖို့ရန်ဖြစ်ပြီး၊ လူသားက အထင်ကြီးပြီး နားလည်မှုအသစ်ဖြင့် ငါ့ကို ကြည့်ရန်အလို့ငှာ မဟုတ်သည့်အတွက်၊ ငါသည် လူသားကို တောင်းဆိုသည်မှာ ဤနည်းဖြင့် ငါ့ကို သဲသဲမဲမဲ တောင်းလျှောက်ရုံမျှ သို့မဟုတ် ရောက်တတ်ရာရာ ပုံစံဖြင့် ယုံကြည်ရုံမျှ ယုံကြည်ဖို့ မဟုတ်ပေ။ ငါသည် တစ်ချိန်က နိမိတ်များစွာနှင့် အံ့ဖွယ်အရာများကို ထင်ရှားစေခဲ့ပြီး၊ နိမိတ်လက္ခဏာများစွာကို ဆောင်ရွက်ခဲ့ကာ၊ ထိုအချိန်က ဣသရေလလူမျိုးများသည် ငါ့ကို ကြီးစွာသောလေးစားမှု ပြခဲ့ပြီး နာမကျန်းဖြစ်သူများကို အနာရောဂါငြိမ်းစေပြီး မကောင်းဆိုးဝါးတို့ကို နှင်ထုတ်သည့် ငါ၏ ထူးခြားသောအစွမ်းကို အလွန် ချစ်ကြောက်ရိုသေခဲ့ကြသည်။ ထိုအချိန်က ယုဒလူမျိုးတို့သည် ငါ၏အနာရောဂါငြိမ်းစေသည့် တန်ခိုးတို့မှာ ပိုင်နိုင်သည်၊ အံ့မခန်းဖြစ်သည်ဟု ထင်ခဲ့ကြသည်- ပြီးလျှင် ငါ၏ လုပ်ဆောင်ချက်များစွာကြောင့်၊ ၎င်းတို့အားလုံး ငါ့ကို အမွန်အမြတ် ထားခဲ့ကြပြီး၊ ငါ၏တန်ခိုးအားလုံးအတွက် ကြီးစွာသော ကြည်ညိုလေးစားခဲ့ကြသည်။ သို့ဖြစ်၍ နိမိတ်လက္ခဏာများ ငါ ဆောင်ရွက်သည်ကို မြင်ခဲ့သောသူအားလုံးသည် ငါ့နောက်သို့ နီးကပ်စွာ လိုက်ခဲ့ကြသည်မှာ၊ နာမကျန်းသူတို့အား ငါ အနာရောဂါ ငြိမ်းစေသည်ကို ကြည့်ရှုရန် ထောင်ပေါင်းများစွာက ငါ့ကို ဝိုင်းရံခဲ့ကြသည်။ ငါသည် နိမိတ်လက္ခဏာနှင့် အံ့ဖွယ်အရာ များစွာကို ပြသခဲ့သော်လည်း၊ လူတို့သည် ငါ့ကို ပိုင်နိုင်သည့် သမားတော်တစ်ဦးအဖြစ်မျှသာ ရှုမြင်ခဲ့ကြသည်။ ထို့ကြောင့် ထိုအချိန်က လူတို့ကို သွန်သင်ခြင်း စကားများစွာ ငါပြောခဲ့သည် ဖြစ်သော်လည်း၊ ငါ့ကို မိမိ၏တပည့်များထက် သာသည့်ဆရာ တစ်ယောက် အဖြစ်မျှသာ ၎င်းတို့ မှတ်ယူခဲ့ကြသည်။ ယနေ့တွင်ပင် ငါ့အမှု၏ သမိုင်းဝင် မှတ်တမ်းများကို လူသားများ တွေ့ပြီးသည်နောက်၊ ငါ့ကို နာမကျန်းဖြစ်သူတို့အား အနာရောဂါ ငြိမ်းစေသည့် ကြီးမြတ်သော သမားတော်တစ်ပါးနှင့် မသိနားမလည်သူတို့အဖို့ ဆရာတစ်ဆူအဖြစ် ၎င်းတို့ ဆက်လက် အဓိပ္ပာယ် ကောက်ကြသကဲ့သို့၊ ငါ့ကို သနားကရုဏာနှင့် ပြည့်စုံသော သခင်ယေရှု ခရစ်တော် အဖြစ် သတ်မှတ်ခဲ့ကြသည်။ ကျမ်းစာကို အနက်ပြန်သောသူတို့သည် အနာရောဂါငြိမ်းစေရာတွင် ငါ၏ အစွမ်းအစကို ကျော်လွန်ပြီးဖြစ်ကောင်း ဖြစ်နိုင်သည်၊ သို့မဟုတ် ယခု ၎င်းတို့၏ ဆရာထက် သာလွန်သည့် တပည့်များပင် ဖြစ်ကောင်း ဖြစ်နိုင်ပါသည်၊ သို့သော် ၎င်းတို့၏အမည်များကို ကမ္ဘာတစ်ဝှမ်း သိကြသည့် ထိုသို့သော အလွန် ထင်ရှားကျော်ကြားသည့် လူများသည် ငါ့ကို သမားတော် တစ်ဦးမျှအဖြစ် အလွန်နိမ့်ကျစွာ မှတ်ယူကြသည်။ ငါ၏ လုပ်ဆောင်ချက်များသည် ကမ်းခြေများရှိ သဲလုံးများထက် အရေအတွက်သာ၍ များပြားပြီး ငါ၏ဉာဏ်ပညာသည် ရှောလမုန်၏ သားအားလုံးကို သာလွန်သော်လည်း၊ လူသားများသည် ငါ့ကို အရေးမပါသည့် သမားတော်တစ်ပါး အဖြစ်နှင့် လူသား၏ လူမသိသူမသိ ဆရာတစ်ယောက်အဖြစ်မျှသာ ထင်မှတ်ကြသည်။ ၎င်းတို့ကို ငါ အနာငြိမ်းစေနိုင်၍သာ ငါ့ကို များစွာသောသူတို့က ယုံကြည်ကြသည်။ ၎င်းတို့၏ခန္ဓာကိုယ်များမှ မသန့်ရှင်းသော ဝိညာဉ်များကို နှင်ထုတ်ရန် ငါ၏တန်ခိုးများကို အသုံးပြုနိုင်၍သာ ငါ့ကို များစွာသောသူတို့က ယုံကြည်ကြပြီး၊ ငါ့ထံမှ ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းတို့ကို ၎င်းတို့ ရကောင်းရလိမ့်မည် ဖြစ်သောကြောင့်သာ ငါ့ကို များစွာသော သူတို့က ယုံကြည်ကြပေသည်။ သာ၍ကြီးမားသော ရုပ်ဝတ္ထုဆိုင်ရာ ကြွယ်ဝမှုကို ငါ့ထံမှ တောင်းခံရန်သာ များစွာသောသူတို့က ငါ့ကို ယုံကြည်ကြသည်။ ဤဘဝကို အေးအေးချမ်းချမ်း ကုန်ဆုံးပြီး၊ နောင်ဘဝတွင် ဘေးကင်းလုံခြုံမှုရှိဖို့ရန်သာ များစွာသောသူတို့က ငါ့ကို ယုံကြည်ကြသည်။ ငရဲ၏ဒုက္ခဆင်းရဲကို ရှောင်ရှားပြီး၊ ကောင်းကင်၏ကောင်းချီးမင်္ဂလာများ ရရှိရန် များစွာသောသူတို့က ငါ့ကို ယုံကြည်ကြသည်။ များစွာသောသူတို့က ယာယီ ကိုယ်စိတ်ချမ်းသာခြင်းအတွက်သာ ငါ့ကို ယုံကြည်သော်လည်း၊ နောင်ဘဝ၌ မည်သည့်အရာမျှ ရရှိရန် မကြိုးစားကြပေ။ လူသားအပေါ် ငါ၏ အမျက်ဒေါသကို ဆောင်ကြဉ်းခဲ့ပြီး တစ်ချိန်က သူ ပိုင်ဆိုင်ခဲ့သည့် ဝမ်းမြောက်ခြင်းနှင့် ငြိမ်သက်ခြင်းတို့ကို ငါ သိမ်းပိုက်ခဲ့ချိန်တွင်၊ လူသားသည် သံသယရှိလာခဲ့၏။ ငါသည် လူသားကို ငရဲ၏ ဆင်းရဲဒုက္ခကို ပေးပြီး ကောင်းကင်၏ ကောင်းချီးမင်္ဂလာတို့ကို ပြန်လည် သိမ်းယူသည့်အခါ၊ လူသား၏အရှက်သည် ဒေါသအဖြစ်သို့ ပြောင်းသွား၏။ သူ့ကို ရောဂါငြိမ်းစေရန် ငါ့အား သူတောင်းဆိုသည့်အခါ၊ ငါသည် သူ့ကို အလေးဂရုမပြုသကဲ့သို့ သူ့အပေါ် စက်ဆုပ်ရွံရှာမှု ခံစားခဲ့ရသည်။ လူသားသည် အောက်လမ်းဆေးဝါးနှင့် မှော်အတတ်တို့၏ နည်းလမ်းကိုသာ ရှာရန် ငါ့ထံမှ ထွက်ခွာသွားခဲ့သည်။ ငါ့ထံမှ လူသားတောင်းဆိုခဲ့ပြီးသမျှအားလုံးကို ငါသိမ်းယူလိုက်ချိန်တွင်၊ အယောက်တိုင်းက အစအနရှာ၍မရအောင် ပျောက်သွားကြ၏။ ထို့ကြောင့် ငါသည် အလွန်များလှစွာသော ကျေးဇူးတော်ပေးပြီး ရရန် များလွန်းသောကြောင့်၊ လူသားသည် ငါ၌ ယုံကြည်ခြင်း ရှိသည်ဟု ငါဆို၏။ ဂျူးလူမျိုးများသည် ငါ၏ကျေးဇူးတော်ကြောင့် ငါ့ကို ယုံကြည်ကြပြီး ငါ သွားရာနေရာတိုင်း လိုက်ခဲ့ကြသည်။ အသိပညာနှင့် အတွေ့အကြုံနည်းပါးသည့် ဤမသိနားမလည်သော လူသားတို့သည် ငါ ပြသည့် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို ရှုမြင်ရန်သာ ကြိုးစားခဲ့ကြသည်။ အကြီးမြတ်ဆုံး နိမိတ်လက္ခဏာများ ဆောင်ရွက်နိုင်သည့် ယုဒလူတို့အိမ်၏ဦးသျှောင်ဟု ငါ့ကို ၎င်းတို့ မှတ်ယူခဲ့ကြ၏။ ထို့ကြောင့် ငါသည် လူသားတို့ထံမှ မကောင်းဆိုးဝါးများကို နှင်ထုတ်သောအခါ၊ ယင်းက ၎င်းတို့အလယ် ဆွေးနွေးမှုများစွာ ဖြစ်ပေါ်စေခဲ့သည်- ၎င်းတို့က ငါသည် ဧလိယ ဖြစ်၏၊ ငါသည် မောရှေဖြစ်၏၊ ငါသည် ပရောဖက်အားလုံးအနက် ရှေးအကျဆုံး ဖြစ်၏၊ ငါသည် သမားတော်များအားလုံးထဲမှ အကြီးမြတ်ဆုံး ဖြစ်၏ဟု ပြောဆိုကြသည်။ ငါ ကိုယ်တိုင်က ငါသည် အသက်ဖြစ်၏၊ လမ်းခရီးဖြစ်၏၊ သမ္မာတရားလည်းဖြစ်၏ ဟု ပြောခြင်းမှလွဲ၍ မည်သူမျှ ငါ၏ဖြစ်တည်ခြင်း သို့မဟုတ် ငါ၏ ပင်ကိုလက္ခဏာကို မသိကြနိုင်ခဲ့ကြပေ။ ကောင်းကင်ဘုံသည် ငါ့အဖ နေထိုင်ရာ ဖြစ်၏ဟု ငါကိုယ်တိုင် ပြောခြင်းမှလွဲ၍ ငါသည် ဘုရားသခင်၏ သားတော် ဖြစ်ပြီး ဘုရားသခင် ကိုယ်တိုင်လည်း ဖြစ်သည်ကို မည်သူမျှ မသိခဲ့ကြချေ။ ငါသည် လူသားမျိုးနွယ် အားလုံးထံ ရွေးနုတ်ခြင်းကို ယူဆောင်လာမည်ဖြစ်ပြီး လူသားမျိုးနွယ်ကို ရွေးမည်ဟု ငါကိုယ်တိုင် ပြောခြင်းမှလွဲ၍၊ ငါသည် လူသားမျိုးနွယ်၏ ရွေးနုတ်ရှင် ဖြစ်သည်ကို မည်သူမျှ မသိခဲ့ကြသကဲ့သို့၊ လူသားတို့သည် ငါ့ကို စေတနာရှိသောသူနှင့် သနားကရုဏာပြည့်စုံသော လူသားအဖြစ်သာ သိခဲ့ကြသည်။ ပြီးလျှင် ငါနှင့် သက်ဆိုင်သည့် အရာအားလုံးကို ငါကိုယ်တိုင် ရှင်းပြနိုင်ခြင်းမှလွဲ၍ မည်သူမျှ ငါ့ကိုမသိသကဲ့သို့၊ ငါသည် အသက်ရှင်သော ဘုရားသခင်၏သား ဖြစ်သည်ကို မည်သူမျှ မယုံကြည်ခဲ့ကြချေ။ ယင်းမှာ ငါ၌ လူတို့၏ ယုံကြည်ခြင်းဖြစ်ပြီး၊ ငါ့ကို လှည့်စားရန် ၎င်းတို့ ကြိုးစားကြသည့်နည်းလမ်း ဖြစ်သည်။ ငါနှင့်သက်ဆိုင်သည့် ထိုသို့သော အမြင်များရှိသည့်အခါ၊ ၎င်းတို့သည် ငါ့အဖို့ မည်သို့သက်သေခံနိုင်ကြမည်နည်း။

လူတို့သည် ငါ့ကိုယုံကြည်ကြသော်လည်း၊ ၎င်းတို့သည် ငါ့အဖို့ သက်သေခံနိုင်စွမ်း မရှိကြသကဲ့သို့၊ ငါသည် မိမိကိုယ်ကိုယ် မသိရှိစေမီ ၎င်းတို့သည် ငါ့အတွက် သက်သေမခံနိုင်ကြချေ။ ငါသည် အဖန်ဆင်းခံသတ္တဝါများနှင့် သန့်ရှင်းသော လူသားအားလုံးထက် သာလွန်သည်ကိုသာ လူတို့က မြင်ကြပြီး၊ ငါ လုပ်ဆောင်သည့် အမှုကို လူသားများ မလုပ်ဆောင်နိုင်ကြသည်ကို မြင်ကြသည်။ ထို့ကြောင့် ဂျူးလူမျိုးများမှသည် မျက်မှောက်ခေတ် လူတို့အထိ ငါ၏ မြင့်မြတ်သော လုပ်ဆောင်ချက်တို့ကို ရှုမြင်သူတို့သည် ငါ့အပေါ် သိလိုစိတ်ဖြင့်သာ ပြည့်ကြပြီးဖြစ်ကာ၊ အဖန်ဆင်းခံ သတ္တဝါ၏ နှုတ်တစ်ခုကမျှ ငါ့ကို သက်သေမခံနိုင်ကြလေပြီ။ ငါ့အဖသာလျှင် ငါ့အဖို့ သက်သေခံနိုင်ပြီး အဖန်ဆင်းခံ သတ္တဝါတို့ အားလုံးအလယ်တွင် ငါ့အဖို့ လမ်းကြောင်း ဖန်တီးခဲ့သည်။ ထိုသို့ သူ မလုပ်ဆောင်ခဲ့ပါက၊ ငါ၏အမှု၏ အကျိုးဆက်အနေဖြင့် လူသားသည် ငါ့ထံမှ ရယူရန်သာသိပြီး ငါ၌ ယုံကြည်ခြင်း မရှိသည့်အတွက်၊ ငါ မည်မျှ အမှုပြုခဲ့သည်ဖြစ်စေ၊ ငါသည် ဖန်ဆင်းခြင်း၏ အရှင်ဖြစ်သည်ကို လူသည် မည်သည့်အခါတွင်မျှ သိမည်မဟုတ်ပေ။ ငါသည် အပြစ်ကင်းပြီး မည်သည့် အစိတ်အပိုင်းမျှ အပြစ်သား မဟုတ်သောကြောင့်၊ ငါသည် နက်နဲသောအရာ အများအပြားကို ရှင်းပြနိုင်သောကြောင့်၊ ငါသည် လူအများအပြားအထက်တွင်ရှိ သောကြောင့်၊ သို့မဟုတ် လူသားသည် ငါ့ထံမှ များစွာ အကျိုးရရှိပြီးဖြစ်သောကြောင့်သာ ငါ့ကို သိပေသည်၊ သို့သော် ငါသည် ဖန်ဆင်းခြင်း၏ အရှင်ဖြစ်သည်ကို အနည်းငယ်ကသာ ယုံကြည်၏။ ဤသည်မှာ လူသားသည် ငါ၌ သူ အဘယ်ကြောင့် ယုံကြည်ခြင်း ရှိသည်ကို မသိ၊ ငါ၌ ယုံကြည်ခြင်း ရှိခြင်း၏ ရည်ရွယ်ချက် သို့မဟုတ် အရေးပါမှုကို မသိဟု ငါ ပြောရသည့် အကြောင်းရင်း ဖြစ်သည်။ လူသား၏ လက်တွေ့အရှိတရားသည် ချို့တဲ့နေသည်မှာ ငါ့ကို သက်သေခံရန် မသင့်တော်လုနီးနီး ဖြစ်သည်။ သင်တို့သည် စစ်မှန်သော ယုံကြည်ခြင်း အလွန်နည်းပါးပြီး အလွန် နည်းပါးစွာ ရရှိပြီးဖြစ်သည်၊ ထို့ကြောင့် သင်တို့သည် သက်သေခံချက် အလွန် နည်းပါးလေသည်။ ထို့အပြင် သင်တို့ နားလည်သည်မှာ အလွန်နည်းပြီး အလွန်များစွာ ချို့တဲ့သည်မှာ ငါ၏ လုပ်ဆောင်ချက်များကို သက်သေခံရန် မသင့်တော်လုနီးပါး ဖြစ်သည်။ သင်တို့၏ သန္နိဋ္ဌာန်မှာ ဧကန်အမှန် အတော်အတန် ကြီးမားသော်လည်း၊ သင်တို့သည် ဘုရားသခင်၏အနှစ်သာရကို အောင်မြင်စွာ သက်သေခံနိုင်မည်မှာ သေချာပါသလော။ သင်တို့ တွေ့ကြုံကာ မြင်ပြီးသည့်အရာသည် ခေတ်များအားလုံးမှ သန့်ရှင်းသူများနှင့် ပရောဖက်များထက် သာလွန်သော်လည်း၊ အတိတ်ကာလများ၏ ဤသန့်ရှင်းသူများနှင့် ပရောဖက်များ၏ စကားများထက် သာ၍ ကြီးမြတ်သော သက်သေခံချက်ကို သင်တို့ ပေးနိုင်ပါသလော။ ယခု သင်တို့အပေါ် ငါ အပ်နှင်းသည့်အရာသည် မောရှေထက် သာလွန်ပြီး ဒါဝိဒ်ကို ညှိုးမှိန်သွားစေသည်၊ ထို့ကြောင့် အလားတူ သင်တို့၏ သက်သေခံချက်သည် မောရှေ၏ သက်သေခံချက်ထက် သာလွန်ရန်နှင့် သင်တို့၏စကားများသည် ဒါဝိဒ်ထက် ကြီးမြတ်ရန် ငါတောင်းဆို၏။ ငါသည် သင်တို့ကို အဆတစ်ရာပေး၏- ထို့ကြောင့် ထိုနည်းတူ ငါ့ကိုလည်း သင်တို့ သာတူညီမျှ ပြန်ပေးရန် ငါတောင်းဆို၏။ ငါသည် လူသားမျိုးနွယ်ထံ အသက် ပေးသူဖြစ်ပြီး၊ ငါ့ထံမှ အသက်ကို ရရှိပြီး ငါ့အတွက် သက်သေခံရမည့်သူမှာ သင်တို့ ဖြစ်သည်ကို သင်တို့သိရမည်။ ဤသည်မှာ သင်တို့အပေါ် ငါ ချမှတ်ပြီး ငါ့အတွက် သင်တို့ လုပ်ပေးသင့်သည့် သင်တို့၏ တာဝန် ဖြစ်သည်။ ငါ၏ ဘုန်းအသရေ အားလုံးကို သင်တို့အား ငါ အပ်နှင်းပြီးဖြစ်သည်၊ ရွေးချယ်ခံရသူများ၊ ဣသရေလအမျိုးတို့ မည်သည့်အခါမျှ မရခဲ့ဖူးသည့် အသက်ကို သင်တို့အား အပ်နှင်းပြီး ဖြစ်သည်။ တရားသဖြင့်ဆိုလျှင်၊ သင်တို့သည် ငါ့အဖို့ သက်သေခံသင့်ပြီး၊ သင်တို့၏ ပျိုရွယ်မှုကို ငါ့ထံ ဆက်ကပ်ကာ သင်တို့အသက်ကို စွန့်သင့်သည်။ ငါ၏ဘုန်းအသရေကို ပေးခံရသော သူ မည်သူမဆိုသည် ငါ၏ သက်သေခံရမည် ဖြစ်ပြီး ငါ့အတွက် ၎င်းတို့၏ အသက်ပေးရမည်။ ဤသည်ကို အချိန်ကြာမြင့်စွာက ငါ ကြိုတင်ပြဋ္ဌာန်းထားပေသည်။ သင်တို့ထံ ငါ၏ဘုန်းအသရေကို ငါ ပေးသည်မှာ သင်တို့၏ ကောင်းမွန်သော အခွင့်အလမ်းဖြစ်ပြီး၊ သင်တို့၏တာဝန်မှာ ငါ၏ ဘုန်းအသရေကို သက်သေခံရန်ဖြစ်၏။‌ ကောင်းချီးမင်္ဂလာများ ရရှိဖို့သာ သင်တို့သည် ငါ့ကိုယုံကြည်လျှင်၊ ငါ၏အမှုသည် အရေးပါမှု အနည်းငယ်သာ ရှိလိမ့်မည်ဖြစ်ပြီး၊ သင်တို့၏တာဝန်ကို သင်တို့ ဖြည့်ဆည်းမည် မဟုတ်ပေ။ ဣသရေလအမျိုးတို့သည် ငါ၏သနားကရုဏာ၊ မေတ္တာနှင့် ကြီးမြတ်မှုတို့ကိုသာ မြင်ခဲ့ကြပြီး၊ ဂျူးလူမျိုးတို့သည် ငါ၏ သည်းခံခြင်းနှင့် ရွေးနုတ်ခြင်းတို့ကိုသာ မျက်မြင်တွေ့ခဲ့ကြသည်။ အလွန့်အလွန် နည်းပါးသည့် ငါ့ဝိညာဉ်တော်၏ အမှုကိုသာ ၎င်းတို့ မြင်ခဲ့ကြသည်မှာ သင်တို့ ကြားကာ မြင်ခဲ့သည့် အရာ၏ တစ်ထောင်ပုံ တစ်ပုံမျှသာ နားလည်ခဲ့ကြသည်အထိ ဖြစ်သည်။ သင်တို့ မြင်ကြပြီး ဖြစ်သည့်အရာမှာ ၎င်းတို့ထဲမှ ယဇ်ပရောဟိတ် အကြီးများထက်ပင် ကျော်လွန်၏။ မျက်မှောက်ခေတ်တွင် သင်တို့ နားလည်ကြသည့် သမ္မာတရားသည် ၎င်းတို့ နားလည်သည်ထက် သာလွန်၏။ မျက်မှောက်ခေတ်တွင် သင်တို့ တွေ့ကြပြီး ဖြစ်သည့်အရာသည် ပညတ်တော်ခေတ်အပြင် ကျေးဇူးတော်ခေတ်တွင် တွေ့ရှိခဲ့သည့်အရာကို ကျော်လွန်ပြီး သင်တို့ ကြုံတွေ့ပြီး ဖြစ်သည့်အရာသည် မောရှေနှင့် ဧလိယတို့ထက်ပင် သာလွန်၏။ အကြောင်းမူကား ဣသရေလအမျိုးတို့ နားလည်ခဲ့ကြသည်မှာ ယေဟောဝါ၏ ပညတ်တရား သာဖြစ်ပြီး၊ ၎င်းတို့မြင်တွေ့ခဲ့သည်မှာ ယေဟောဝါ၏ ကျောသာ ဖြစ်သောကြောင့် ဖြစ်သည်။ ဂျူးလူမျိုးများ နားလည်ခဲ့ကြသည်မှာ ယေရှု၏ ရွေးနုတ်ခြင်းသာ ဖြစ်သည်၊ ၎င်းတို့ ရရှိခဲ့ကြသည်မှာ ယေရှု အပ်နှင်းခဲ့သော ကျေးဇူးတော်သာ ဖြစ်ပြီး၊ ၎င်းတို့ မြင်ခဲ့ကြသည်မှာ ဂျူးလူမျိုးများ၏ အိမ်အတွင်းရှိ ယေရှု၏ ပုံသဏ္ဌာန်ကိုသာ ဖြစ်သည်။ ဤခေတ်၌ သင်တို့ မြင်ကြသည်မှာ ယေဟောဝါ၏ ဘုန်းအသရေ၊ ယေရှု၏ ရွေးနုတ်ခြင်းနှင့် ဤခေတ် ငါ၏လုပ်ဆောင်ချက်အားလုံးဖြစ်၏။ ထို့ကြောင့် သင်တို့သည် ငါ့ဝိညာဉ်၏ စကားများကိုလည်း ကြားကြပြီး ဖြစ်သည်၊ ငါ၏ ဉာဏ်ပညာကို အသိအမှတ်ပြုကြပြီး ဖြစ်သည်၊ ငါ၏အံ့သြဖွယ်ရာ အမှုကို သိလာကြပြီးဖြစ်ကာ၊ ငါ၏ စိတ်သဘောထားကို သင်ယူကြပြီးဖြစ်သည်။ ငါ၏စီမံခန့်ခွဲမှု အစီအစဉ် အားလုံးကိုလည်း သင်တို့အား ငါပြောပြပြီးဖြစ်၏။ သင်တို့ တွေ့မြင်ပြီးဖြစ်သည်မှာ ချစ်ခင်တတ်ပြီး သနားကရုဏာနှင့်ပြည့်စုံသော ဘုရားသခင်မျှ မဟုတ်ဘဲ၊ ဖြောင့်မတ်ခြင်းနှင့် ပြည့်သည့် ဘုရားသခင် ဖြစ်၏။ သင်သည် ငါ၏အံ့သြဖွယ်ရာအမှုကို တွေ့မြင်ပြီးဖြစ်သကဲ့သို့၊ ငါသည် ဘုန်းအာနုဘော်နှင့် အမျက်ဒေါသတို့ဖြင့် ပြည့်လျှမ်းသည်ကို သိရှိပြီးဖြစ်သည်။ ထို့အပြင် တစ်ချိန်က ဣသရေလအမျိုးတို့၏ အိမ်ပေါ်သို့ ငါ၏ ပြင်းထန်သော အမျက်ဒေါသ ကျရောက်စေခဲ့သည်ကို သင်တို့ သိရှိကြပြီး၊ ယခုခေတ်တွင် ယင်းသည် သင်တို့အပေါ် ရောက်လာပြီးဖြစ်သည်ကို သင်တို့ သိကြပေသည်။ သင်တို့သည် ကောင်းကင်ဘုံရှိ ငါ၏နက်နဲသောအရာများကို ဟေရှာယနှင့် ယောဟန်တို့ထက် ပို၍ နားလည်ပေသည်။ သင်တို့သည် ငါ၏ ချစ်ခင်ဖွယ်ကောင်းခြင်းနှင့် ကြည်ညို ကိုင်းရှိုင်းဖွယ် ကောင်းခြင်းတို့ကို အတိတ်ခေတ် ကာလများ၏ သန့်ရှင်းသူအားလုံးထက် ပို၍ သိကြ၏။ သင်တို့ ရရှိပြီးဖြစ်သည်မှာ ငါ၏သမ္မာတရား၊ လမ်းခရီးနှင့် အသက်မျှ ဖြစ်သည်သာမက ယောဟန် ထက်သာ၍ ကြီးမြတ်သော ရူပါရုံနှင့်ဗျာဒိတ်လည်း ဖြစ်၏။ သင်တို့သည် သာ၍များပြားသော နက်နဲသည့် အရာများကို နားလည်ကြကာ၊ ငါ၏ စစ်မှန်သော မျက်နှာထားကိုလည်း ဖူးမြင်ကြပြီး ဖြစ်သည်။ သင်တို့သည် ငါ၏တရားစီရင်ခြင်းကို ပို၍ လက်ခံကြပြီးဖြစ်ကာ ငါ၏ ဖြောင့်မတ်သော စိတ်သဘောထားကို ပိုသိရှိကြပြီးဖြစ်သည်။ ထို့ကြောင့် သင်တို့သည် နောက်ဆုံးသောကာလတွင် မွေးဖွားခဲ့ကြသော်လည်း၊ သင်တို့၏ သိနားလည်မှုသည် ယခင်နှင့်အတိတ်က နားလည်မှု ဖြစ်ပြီး၊ ယနေ့ခေတ်၏ အမှုအရာများကိုလည်း သင်တို့ တွေ့ကြုံကြပြီးဖြစ်ကာ ဤအရာကို ငါ ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်ထားခြင်း ဖြစ်သည်။ ငါသည် သင်တို့ကို အလွန်များလှစွာ ပေးပြီးဖြစ်သကဲ့သို့ သင်တို့သည် ငါ့အထဲ၌ များစွာ တွေ့မြင်ကြပြီး ဖြစ်သည့်အတွက်၊ သင်တို့ကို ငါ တောင်းဆိုသည့်အရာသည် လွန်ကဲသောအရာ မဟုတ်ပေ။ ထို့ကြောင့် အတိတ်ကာလများ၏ သန့်ရှင်းသူတို့ထံ ငါ့အဖို့ သက်သေခံပေးရန် သင်တို့ကို ငါစေခိုင်းခြင်း ဖြစ်ပြီး ဤသည်မှာ ငါ့နှလုံးသား၏ တစ်ခုတည်းသော ဆန္ဒ ဖြစ်သည်။

ငါ့အတွက် ပထမဦးစွာ သက်သေခံခဲ့သည်မှာ ငါ့အဖ ဖြစ်သော်လည်း၊ သာ၍ ကြီးမြတ်သော ဘုန်းအသရေနှင့် အဖန်ဆင်းခံ သတ္တဝါများ၏ နှုတ်များမှ လာသော သက်သေခံချက် စကားများကို ရရှိရန် ငါ ဆန္ဒရှိသည်- သို့ဖြစ်၍ လူသားအလယ် ငါ၏ အမှုကို အဆုံးသတ်တစ်ခုသို့ ဆောင်ကြဉ်းရင်း၊ သင်တို့၏တာဝန်ကို သင်တို့ ဖြည့်ဆည်းနိုင်ကြဖို့အလို့ငှာ ငါသည် သင်တို့ကို အစွမ်းကုန် ပေးဆပ်၏။ ငါ့ကို သင်တို့ အဘယ်ကြောင့် ယုံကြည်ကြသည်ကို သင်တို့ နားလည်သင့်သည်။ သင်တို့သည် ငါ၏အလုပ်သင် သို့မဟုတ် ငါ၏လူနာ ဖြစ်ရန်သာ သို့မဟုတ် ကောင်းကင်ဘုံရှိ ငါ၏ သန့်ရှင်းသူများအနက် တစ်ဦးဖြစ်လာရန်သာ ဆန္ဒရှိပါက၊ သင်တို့၏ ငါ့နောက်လိုက်ခြင်းသည် အဓိပ္ပာယ်မဲ့ပေလိမ့်မည်။ ထိုသို့သော ပုံစံဖြင့် ငါ့နောက်လိုက်ခြင်းသည် အားအင်ဖြုန်းတီးခြင်းတစ်ခု သက်သက် ဖြစ်သည်။ ငါ၌ ဤယုံကြည်ခြင်းမျိုးရှိခြင်းသည် သင်၏ နေ့ရက်များကို အေးအေးဆေးဆေး အချိန်ဖြုန်းခြင်းမျှ၊ သင်၏ပျိုရွယ်မှုကို အချည်းနှီးကုန်လွန်စေခြင်းမျှသာ ဖြစ်ပေမည်။ အဆုံးတွင် သင်တို့သည် မည်သည့်အရာမျှ ရရှိမည်မဟုတ်။ ယင်းသည် အချည်းနှီး အားထုတ်မှု ဖြစ်မည် မဟုတ်လော။ ငါသည် ဂျူးလူမျိုးများအလယ်မှ ထွက်ခွာလာခဲ့သည်မှာ ကြာပြီဖြစ်ပြီး ငါသည် လူသား၏သမားတော် မဟုတ်တော့သကဲ့သို့၊ လူသားအတွက် ဆေးလည်း မဟုတ်တော့ပေ။ ငါသည် လူသားအတွက် သဘောရှိ မောင်းနှင်ဖို့ သို့မဟုတ် သတ်ဖြတ်ဖို့ ဝန်တင်တိရစ္ဆာန်တစ်ကောင် မဟုတ်တော့ပေ။ ယင်းထက်၊ လူသားက ငါ့ကို သိနိုင်ဖို့အလို့ငှာ၊ လူသားကို တရားစီရင်ရန်နှင့် ပြစ်တင်ဆုံးမရန် လူသားအလယ် ငါ ကြွလာပြီး ဖြစ်သည်။ တစ်ချိန်က ငါသည် ရွေးနုတ်ခြင်းအမှု ပြုခဲ့သည်ကို သင်သိသင့်သည်။ တစ်ချိန်က ငါသည် ယေရှုဖြစ်ခဲ့သော်လည်း၊ တစ်ချိန်က ယေဟောဝါ ဖြစ်ခဲ့သော်လည်း နောင်တွင် ယေရှု ဖြစ်လာသကဲ့သို့၊ ငါသည် ယေရှုအဖြစ် ထာဝရ ရှိမနေနိုင်ခဲ့ပေ။ ငါသည် လူသားမျိုးနွယ်၏ဘုရားသခင်၊ ဖန်ဆင်းခြင်း၏ အရှင် ဖြစ်သော်လည်း၊ ငါသည် ယေရှု သို့မဟုတ် ယေဟောဝါအဖြစ် ထာဝရရှိမနေနိုင်ပေ။ ငါသည် လူသားက သမားတော် တစ်ယောက်အဖြစ် ယူဆခဲ့သည့်အရာ ဖြစ်သော်လည်း၊ ဘုရားသခင်သည် လူသားမျိုးနွယ်အတွက် သမားတော်တစ်ဦးမျှ ဖြစ်သည်ဟု ဆို၍မရနိုင်ပေ။ ထို့ကြောင့် သင်သည် ငါ၌ ယုံကြည်ခြင်းတွင် အမြင်ဟောင်းများကို ကိုင်စွဲထားပါက မည်သည့်အရာမျှ ရရှိမည်မဟုတ်။ “လူသား၏ ဘုရားသခင်သည် ချစ်ဖွယ်ကောင်းပေစွ။ သူသည် အကျွန်ုပ်ကို အနာရောဂါ ငြိမ်းစေကာ ကောင်းချီးမင်္ဂလာများ၊ ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းတို့ ပေး၏။ ဘုရားသခင်သည် လူသားတို့အဖို့ ကောင်းမြတ်လွန်းပေတကား။ ကျွန်ုပ်တို့သည် ကိုယ်တော်၌ ယုံကြည်ခြင်းသာရှိပါက၊ ငွေကြေးနှင့် ချမ်းသာကြွယ်ဝမှုတို့ အတွက် စိတ်ပူစရာမလိုပါ။” ဟု ယနေ့ သင်သည် ငါ့ကို မည်မျှပင် ချီးမွမ်းသည်ဖြစ်စေ၊ ငါသည် ငါ၏မူလအမှုကို အဆက်ပြတ်စေ၍ မဖြစ်ပေ။ ယနေ့ သင်သည် ငါ့ကိုယုံကြည်ပါက၊ ငါ၏ ဘုန်းအသရေကိုသာ ရရှိမည်ဖြစ်ပြီး၊ ငါ၏သက်သေခံရန် ထိုက်တန်မည်ဖြစ်ကာ၊ အခြားအရာတိုင်းသည် သာမည ဖြစ်လိမ့်မည်။ ဤသည်ကို ရှင်းလင်းစွာ သင်သိရမည်။

ယခုတွင် သင်သည် ငါ့ကို အဘယ်ကြောင့်ယုံကြည်သည်ကို အမှန်တကယ် သိပါသလော။ ငါ့အမှု၏ ရည်ရွယ်ချက်နှင့် အရေးပါမှုတို့ကို သင်အမှန်တကယ်သိပါသလော။ သင်၏ တာဝန်ကို သင် အမှန်တကယ် သိပါသလော။ ငါ၏ သက်သေခံချက်ကို သင်အမှန်တကယ်သိပါသလော။ သင်သည် ငါ့ကိုယုံကြည်ရုံ မျှသာဖြစ်သော်လည်း၊ သင်၌ ငါ၏ ဘုန်းအသရေ သို့မဟုတ် သက်သေခံချက် အရိပ်လက္ခဏာမရှိပါက၊ ငါသည် သင့်ကို ကြာမြင့်စွာကတည်းက ပယ်ထုတ်ပြီးဖြစ်သည်။ အရာအားလုံးကို သိရှိသောသူတို့အတွက်မူ၊ ၎င်းတို့သည် သာ၍ပင် ငါ့မျက်စိထဲ၌ ဆူးများ ဖြစ်သကဲ့သို့၊ ငါ၏အိမ်တော်တွင် ၎င်းတို့သည် ငါ၏ လမ်း၌ အဟန့်အတားများထက် ဘာမျှမပိုပေ၊ ၎င်းတို့သည် ငါ၏ အမှုတွင် လုံးဝ အလှေ့ခံရမည့် တောပင်များဖြစ်ကြသည်၊ ၎င်းတို့သည် အသုံးမဝင်ကြ၊ အသုံးမကျကြသကဲ့သို့၊ ငါသည် ၎င်းတို့ကို ရွံရှာခဲ့သည်မှာ ကြာပြီ ဖြစ်သည်။ သက်သေခံချက် မရှိသူများအားလုံးအပေါ် ငါ၏ အမျက်ဒေါသသည် မကြာခဏ ကျရောက်ပြီး၊ ငါ၏ လှံတံသည် ၎င်းတို့ထံမှ မည်သည့်အခါမျှ သွေဖည် မသွားပေ။ ငါသည် ၎င်းတို့ကို ဆိုးယုတ်သူ၏ လက်ထဲသို့ အချိန်ကြာမြင့်စွာက လွှဲပြောင်းပေးပြီးဖြစ်သည်။ ၎င်းတို့သည် ငါ၏ကောင်းချီးမင်္ဂလာများ ကင်းမဲ့ကြလေသည်။ ထိုနေ့ရက် ရောက်လာသည့်အခါ၊ ၎င်းတို့၏ ပြစ်တင်ဆုံးမမှုသည် မိုက်မဲသော မိန်းမတို့ထက် သာ၍ ဆိုးရွားလိမ့်မည်။ ယနေ့တွင် ငါသည် ငါ လုပ်ရမည့် တာဝန်ဖြစ်သည့် အမှုကိုသာ ငါ လုပ်ဆောင်၏။ ငါသည် စပါးပင်အားလုံးတို့ကို တောပင်တို့နှင့်အတူတကွ စည်းနှောင်မည်။ ဤသည်မှာ ယနေ့ ငါ၏အမှုဖြစ်၏။ ငါ၏ စပါးလှေ့ခြင်း အချိန်ကာလတွင် ထိုတောပင်တို့သည် လှေ့ထုတ်ခံရလိမ့်မည်၊ ထိုနောက် စပါးစေ့တို့ကို ကျီတွင် စုသိမ်းပြီး လှေ့ထားသည့် တောပင်တို့ကို ပြာကျစေရန် မီးထဲသို့ချမည်။ ယခုတွင် ငါ၏ အလုပ်မှာ လူသားအားလုံးကို အစည်းများအဖြစ်သို့ စည်းနှောင်ရန်မျှ ဖြစ်သည်။ ဆိုလိုသည်မှာ ၎င်းတို့ကို လုံးဝ သိမ်းပိုက်ရန် ဖြစ်သည်။ ထိုနောက်တွင် ငါသည် လူသား အားလုံး၏အဆုံးကို ထုတ်ဖော်ပြရန် စတင် စပါးလှေ့မည်။ ထို့ကြောင့် သင်သည် ယခု ငါ့ကို မည်သို့ စိတ်ကျေနပ်စေသင့်သည် ဆိုသည်နှင့် ငါ၌ သင်၏ ယုံကြည်ခြင်းတွင် လမ်းကြောင်းမှန်ပေါ် မည်သို့ အခြေချသင့်သည်ကို သင် သိသင့်သည်။ ငါ ဆန္ဒရှိသည်မှာ ယခု သင်၏သစ္စာစောင့်သိမှုနှင့် နာခံမှု၊ ယခု သင်၏ ချစ်ခြင်းမေတ္တာနှင့် သက်သေခံချက်တို့ ဖြစ်သည်။ လက်ရှိတွင် သက်သေခံချက်က အဘယ်အရာဖြစ်သည်၊ ချစ်ခြင်းမေတ္တာက အဘယ်အရာဖြစ်သည်ကို သင်မသိလျှင်ပင်၊ ငါ့ထံ သင်၏ အရာအားလုံးကို ယူဆောင်လာသင့်ပြီး၊ သင်၌ တစ်ခုတည်းသော ရတနာများ- သင်၏ သစ္စာစောင့်သိမှုနှင့် နာခံခြင်း- ကို ငါ့ထံ လွှဲအပ်သင့်ပေသည်။ လူသားကို ငါ၏ လုံးဝ သိမ်းပိုက်ခြင်း သက်သေခံချက်ကဲ့သို့၊ စာတန်ကို ငါ၏ အောင်နိုင်ခြင်းနှင့်ဆိုင်သော သက်သေခံချက်သည် လူသား၏ သစ္စာစောင့်သိမှုနှင့် နာခံမှုအတွင်းတွင် တည်ရှိသည်ကို သင် သိသင့်သည်။ ငါ၌ သင့်ယုံကြည်ခြင်းနှင့်ဆိုင်သော တာဝန်မှာ ငါ့အဖို့ သက်သေခံရန်၊ ငါ့ကို သစ္စာစောင့်သိရန်နှင့် အခြားမည်သူ့ကိုမျှ သစ္စာမစောင့်သိရန်၊ ပြီးလျှင် အဆုံးတိုင်အောင် နာခံရန် ဖြစ်သည်။ ငါ့အမှု၏ နောက်တစ်ဆင့်ကို ငါ မစတင်မီ၊ သင်သည် ငါ့အဖို့ မည်သို့ သက်သေခံလိမ့်မည်နည်း။ ငါ့ကို သင် မည်သို့သစ္စာရှိကာ နာခံမည်နည်း။ သင်၏သစ္စာစောင့်သိမှုအားလုံးကို သင်၏ အလုပ်တာဝန်အဖို့ သင် ဆက်ကပ်ပါသလော သို့မဟုတ် တကယ်ကို လက်လျှော့လိမ့်မည်လော။ ယင်းထက် သင်သည် (သေသည်ဖြစ်စေ၊ ပျက်စီးခြင်း ဖြစ်စေ) ငါ၏စီမံခန့်ခွဲမှုတိုင်းကို ကျိုးနွံနာခံမည်လော သို့မဟုတ် ငါ၏ ပြစ်တင်ဆုံးမမှုကို ရှောင်ရှားရန် လမ်းတစ်ဝက်တွင် ထွက်ပြေးလိမ့်မည်လော။ သင်သည် ငါ့အဖို့ သက်သေခံရန်နှင့် ငါ့ကို သစ္စာစောင့်သိကာ နာခံရန်အလို့ငှာ သင့်ကိုငါ ပြစ်တင်ဆုံးမပေသည်။ ထို့အပြင် လက်ရှိ ပြစ်တင်ဆုံးမခြင်းသည် ငါ၏အမှု၏ နောက်အဆင့်ကို ဖွင့်ပြရန်နှင့် အမှုကို ပိတ်ဆီးထားခြင်း မရှိဘဲ တိုးတက်စေရန် ဖြစ်သည်။ ထို့ကြောင့် သင်သည် အမြော်အမြင် ရှိရန်နှင့် သင်၏ ဘဝဖြစ်စေ၊ သင်၏ တည်ရှိခြင်းနှင့်ဆိုင်သည့် အရေးပါမှုကို ဖြစ်စေ တန်ဖိုးမဲ့သည့် သဲကဲ့သို့ သဘောမထားရန် ငါတိုက်တွန်း၏။ ငါ၏လာမည့်အမှုသည် မည်သည့်အရာ ဖြစ်လိမ့်မည်ကို သင် အတိအကျသိနိုင်ပါသလော။ လာမည့် နေ့ရက်များတွင် ငါ မည်သည့်အရာပြုမည်ဆိုသည်နှင့် ငါ၏အမှု မည်သို့ ဖွင့်ဟမည်ကို သင်သိပါသလော။ သင်သည် ငါ၏အမှုနှင့်ဆိုင်သည့် သင့်အတွေ့အကြုံ၏ အရေးပါမှုအပြင်၊ ငါ၌ သင်၏ ယုံကြည်ခြင်း အရေးပါမှုကို သိသင့်သည်။ ငါသည် များစွာ လုပ်ဆောင်ပြီး ဖြစ်သည်။ သင်စိတ်ကူးသည့်အတိုင်း ငါသည် လမ်းတစ်ဝက်တွင် အဘယ်သို့ လက်လျှော့နိုင်မည်နည်း။ ငါသည် ထိုသို့သော ကြီးကျယ်သည့် အမှုကို ပြုပြီးဖြစ်သည်။ ယင်းကို မည်သို့ ငါ ဖျက်ဆီးပစ်နိုင်မည်နည်း။ အကယ်စင်စစ် ငါသည် ဤခေတ်ကို အဆုံးသတ်ရန် ကြွလာပြီးဖြစ်သည်။ ဤသည်မှာ အမှန်ဖြစ်သော်လည်း၊ ငါသည် ခေတ်သစ်ကို စတင်ရန်၊ အမှုအသစ်ကို စတင်ရန်နှင့်၊ အဓိကကျဆုံးအနေဖြင့် နိုင်ငံတော်၏ ဧဝံဂေလိတရား ဖြန့်ဝေရန် ရှိသည်ကို သင်သိရမည်။ သို့ဖြစ်၍ လက်ရှိအမှုသည် ခေတ်တစ်ခေတ် စတင်ရန် ဖြစ်ပြီး၊ လာမည့်အချိန်ကာလ၌ ဧဝံဂေလိတရား ဖြန့်ဝေခြင်းနှင့် အနာဂတ်တွင် ခေတ်ကို အဆုံးသတ်သို့ ဆောင်ကြဉ်းခြင်းအတွက် အခြေခံအုတ်မြစ်ချရန်သာ ဖြစ်သည်ကို သင်သိသင့်သည်။ ငါ၏ အမှုသည် သင်တွေးထင်သလောက် မလွယ်ကူသကဲ့သို့၊ သင်ယုံကြည်သလောက် အသုံးမကျ သို့မဟုတ် အဓိပ္ပာယ်မဲ့သည်လည်း မဟုတ်ပေ။ ထို့ကြောင့် သင့်ကို ငါပြောရဦးမည်- ငါ၏အမှုအဖို့ သင်၏အသက်ကို ပေးသင့်သည်၊ ထို့အပြင် ငါ၏ ဘုန်းအသရေအဖို့ သင့်ကိုယ်သင် ဆက်ကပ်သင့်သည်။ ငါ့အဖို့ သက်သေခံရန် သင့်ကို ငါ တမ်းတခဲ့သည်မှာ ကြာပြီဖြစ်ပြီး ငါ၏ဧဝံဂေလိတရားကို ဖြန့်ရန် သင့်ကို ငါ တမ်းတခဲ့သည်မှာ သာ၍ ကြာမြင့်ပြီ ဖြစ်သည်။ ငါ၏ စိတ်နှလုံး၌ ရှိသည့်အရာကို သင် နားလည်သင့်ပေသည်။

အရှေ့သို့- စစ်မှန်သောလူတစ်ယောက် ဖြစ်ခြင်းဆိုသည်မှာ

နောက်တစ်ခုသို့- ရွက်ကြွေများ ၎င်းတို့အမြစ်များဆီ ပြန်သွားကြချိန် ပြုပြီးသမျှ မကောင်းမှုအားလုံးကို သင်နောင်တရလတ္တံ့

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။