စစ်မှန်သောလူတစ်ယောက် ဖြစ်ခြင်းဆိုသည်မှာ

လူသားကို စီမံခန့်ခွဲရန်မှာ အမြဲ ငါ၏ တာဝန်ဖြစ်သည်။ ထို့အပြင် လူကို သိမ်းပိုက်ခြင်းသည် ကမ္ဘာလောကကို ငါဖန်ဆင်းခဲ့ချိန်က ငါ စီမံခဲ့သည့်အရာ ဖြစ်သည်။ နောက်ဆုံးသော ကာလတွင် ငါသည် လူကို လုံးဝ သိမ်းပိုက်လိမ့်မည်ကို သို့မဟုတ် လူသားမျိုးနွယ်ထဲမှ ပုန်ကန်သူများကို သိမ်းပိုက်ခြင်းသည် စာတန်နှင့်ဆိုင်သည့် ငါ၏အနိုင်ရခြင်း သက်သေအထောက်အထား ဖြစ်သည်ကို လူတို့ သိကောင်းသိနိုင်မည် မဟုတ်ပေ။ သို့သော် ငါ၏ရန်သူသည် ငါနှင့်တိုက်ပွဲဝင်သည့်အခါ၊ ငါသည် စာတန်က ဖမ်းဆီးချုပ်နှောင်ကာ ၎င်း၏ သားသမီးများ၊ ၎င်း၏ အိမ်ကို စောင့်ကြပ်ရသည့် သစ္စာရှိသော အစေခံများအဖြစ် ဖြစ်စေခြင်းခံရသူများကို သိမ်းပိုက်မည်ဖြစ်သည်ကို ငါ ပြောနှင့်ခဲ့ပေသည်။ သိမ်းပိုက်သည်ဆိုခြင်း၏ မူလအဓိပ္ပာယ်မှာ အနိုင်ယူရန်၊ အရှက်ရခြင်းကိုခံစေရန် ဖြစ်သည်။ ဣသရေလလူမျိုးများ၏ ဘာသာစကားအရ၊ ယင်းသည် လုံးဝ အနိုင်ယူရန်၊ ဖျက်ဆီးရန်နှင့် ငါကို ဆန့်ကျင်ခုံခံနိုင်စွမ်း မရှိဖြစ်စေရန် ဖြစ်သည်။ သို့သော် ယနေ့တွင် သင်တို့အလယ် အသုံးပြုသည့်အခါ၊ ယင်း၏အဓိပ္ပာယ်မှာ သိမ်းပိုက်ရန် ဖြစ်သည်။ ငါ၏ရည်ရွယ်ချက်မှာ လူသားမျိုးနွယ်ထဲမှ ဆိုးယုတ်သောသူများ အနေဖြင့် ငါ၏ အမှုကို နှောင့်ယှက်ရန် သို့မဟုတ် အစီအစဉ်ပျက်စေရန် ထွက်သက်ဝင်သက် ရှိဖို့မဆိုထားနှင့်၊ ငါ့ကို မပုန်ကန်တော့ရန်အလို့ငှာ၊ လုံးဝ အဆုံးသတ်စေရန်နှင့် အပြီးအပိုင် ချေမှုန်းရန် အမြဲ ဖြစ်သည်ကို သင်တို့ သိသင့်ကြသည်။ ထို့ကြောင့် လူသားနှင့်ပတ်သက်သရွေ့၊ ဤစကားလုံးသည် သိမ်းပိုက်ခြင်းဟု အဓိပ္ပာယ် ရလာပြီးဖြစ်သည်။ ဝေါဟာရ၏ ဂယက်အနက်များ မည်သို့ဖြစ်ပါစေ ငါ၏အမှုမှာ လူသားများကို အောင်နိုင်ရန် ဖြစ်သည်။ လူသားမျိုးနွယ်သည် ငါ၏အမှုအတွက် အဖြည့်ခံတစ်ခု ဖြစ်သည်မှာ၊ သာ၍တိကျစွာ ပြောရလျှင် လူသားများသည် ငါ၏ရန်သူများသာ ဖြစ်သည်မှာ တစ်ခဏ မှန်ပေသည်။ လူသာများသည် ငါ့ကို ဆန့်ကျင်ကာ မနာခံသည့် ဆိုးယုတ်သူများ ဖြစ်သည်။ လူသာများသည် ငါ၏ကျိန်ခြင်းခံထားရသော ဆိုးယုတ်သူ တစ်ဦး၏ သားသမီးသာ ဖြစ်သည်။ လူသားများသည် ငါ့ကို သစ္စာဖောက်ခဲ့သော ကောင်းကင်တမန်မင်း၏ သားစဉ်မြေးဆက်များသာ ဖြစ်သည်။ လူသာများသည် အချိန်ကြာမြင့်စွာက ငါ၏ ပစ်ပယ်ခြင်း ခံခဲ့ရပြီး၊ ထိုအချိန်ကတည်းက ငါနှင့် မကျေအေးနိုင်သော ရန်သူဖြစ်ပြီးလေသည့် နတ်ဆိုး၏ အမွေအနှစ်သာ ဖြစ်သည်။ လူသားမျိုးနွယ်တစ်ရပ်လုံးအထက်က ကောင်းကင်သည် ရှင်းလင်းပြတ်သားမှု အသွင် စိုးစဉ်းမျှမရှိဘဲ၊ နောက်ကျိကာ မှောင်မည်းပြီး၊ လူ့လောကထဲ အသက်ရှင်သောသူတစ်ဦးသည် မိမိမျက်နှာရှေ့ ဆန့်တန်းထားသော မိမိ၏လက်ကိုပင် မမြင်နိုင်ရန် သို့မဟုတ် သူ၏ ခေါင်းကို မော့သည့်အခါ နေကို မမြင်နိုင်ဖို့အလို့ငှာ၊ လူ့လောကသည် ပိန်းပိတ်အောင် မည်းမှောင်သည့် အမှောင်ထုထဲသို့ ထိုးဆင်းလေသည်။ ဗွက်ထူကာ ချိုင့်များထူပြောသည့် သူ၏ခြေအောက်က လမ်းသည် အကွေ့အကောက်ဖြင့် လှည့်ပတ်ကွေ့ကောက် သွားလေသည်။ မြေတစ်ပြင်လုံး အလောင်းကောင်များ ပြန့်ကျဲနေသည်။ မှောင်မည်းနေသော ထောင့်နေရာများသည် လူသေအလောင်းများဖြင့် ပြည့်နေပြီး၊ အေးစက်ပြီး မှောင်ရိပ်ကျနေသည့် ထောင့်နေရာများတွင် မကောင်းဆိုးဝါးတစ်သိုက် နေထိုင်ကြပြီး ဖြစ်သည်။ လူသားကမ္ဘာ၏ နေရာအနှံ့တွင် မကောင်းဆိုးဝါးများသည် အုံလိုက်ကျင်းလိုက် သွားလာနေကြသည်။ အညစ်အကြေးဖြင့် ဖုံးလွှမ်းလျက် သားရဲမျိုးစုံ၏ သားသမီးများသည် ပြင်းထန်သော အနီးကပ် တိုက်ပွဲ၌ ပိတ်မိနေကြသည်၊ ထိုတိုက်ပွဲ၏အသံသည် စိတ်နှလုံးကို တုန်လှုပ်ခြောက်ခြားသွားစေ၏။ ထိုသို့သော အချိန်ကာလများတွင်၊ ထိုသို့သောလောကတစ်ခု၊ ထိုသို့သော “လောက ပရဒိသုဘုံ” တစ်ခုတွင်၊ ဘဝ၏ ကြီးစွာသော ဝမ်းမြောက်ခြင်းကို အဘယ်မှာ သွားရှာရမည်နည်း။ မိမိဘဝ၏ ခရီးပန်းတိုင်ကို ရှာတွေ့ရန် အဘယ်သို့ သွားနိုင်မည်နည်း။ စာတန်၏ ခြေအောက်၌ အချိန်ကြာမြင့်စွာက နင်းခြေခြင်းခံခဲ့ရသော လူသားမျိုးနွယ်သည် အစကတည်းက စာတန်၏ သဏ္ဌာန်ကို ဆောင်ထားသော သရုပ်ဆောင် ဖြစ်သည်- ထို့ထက်ပို၍ လူသားမျိုးနွယ်သည် စာတန်၏ ပြယုဂ်ဖြစ်ပြီး၊ စာတန်ကို သိသာထင်ရှားစွာ သက်သေခံသည့် သက်သေအထောက်အထားအဖြစ် အစေခံပေသည်။ ထိုသို့သော လူသားမျိုးနွယ်၊ ထိုသို့သော အကျင့်ပျက် လူဖျင်းတစ်သိုက်၊ ဤဖောက်ပြန်ပျက်စီးသည့် လူမိသားစု၏ ထိုသို့သော သားသမီးများသည် ဘုရားသခင်အဖို့ အဘယ်သို့ သက်သေခံနိုင်မည်နည်း။ ငါ၏ဘုန်းအသရေသည် အဘယ်ကလာသနည်း။ ငါ၏သက်သေကို မည်သည့်နေရာမှ စ၍ပြောဆိုနိုင်မည်နည်း။ အကြောင်းမှာ လူသားမျိုးနွယ်ကို ဖောက်ပြန်ပျက်စီးစေလျက် ငါ့ကိုဆန့်ကျင်သည့် ရန်သူသည် လူသားမျိုးနွယ်ကို- ကာလကြာမြင့်စွာက ငါဖန်ဆင်းခဲ့ပြီး ငါ၏ဘုန်းအသရေနှင့် ငါ၏အသက်ရှင်နေထိုင်ခြင်းတို့နှင့် ပြည့်နေခဲ့သည့် လူသားမျိုးနွယ်ကို- ယူဆောင်သွားနှင့်ပြီးဖြစ်ကာ ညစ်ပေစေပြီး ဖြစ်သောကြောင့် ဖြစ်သည်။ ၎င်းသည် ငါ၏ဘုန်းအသရေကို လုယူသွားပြီးဖြစ်ကာ ၎င်းက လူသားကို ပြည့်ဝစေပြီးဖြစ်သည့်အရာ အားလုံးမှာ စာတန်၏ အကျည်းတန်မှုဖြင့် အလွန်အကျွံ ဖွဲ့နှောင်ထားသည့် အဆိပ်နှင့် ကောင်းမကောင်း သိကျွမ်းရာ အပင်၏ အသီးမှ အရည်တို့ ဖြစ်သည်။ အစအဦး၌၊ ငါသည် လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့၏။ ဆိုလိုသည်မှာ လူသားမျိုးနွယ်၏ ဘိုးဘေးဖြစ်သော အာဒံကို ငါဖန်ဆင်းခဲ့သည်။ သူသည် အားမာန်ဖြင့် ပြည့်လျှမ်းသည့်၊ အသက်ပါမှုတို့ဖြင့် ပြည့်လျှမ်းသည့် သဏ္ဌာန်နှင့် ပုံရိပ်ကို အပ်နှင်းခံခဲ့ရပြီး၊ ထို့အပြင် ငါ၏ဘုန်းအသရေက အတူပါရှိခဲ့သည်။ ယင်းမှာ လူသားကို ငါဖန်ဆင်းခဲ့သည့် မွန်မြတ်သောနေ့ရက် ဖြစ်ခဲ့သည်။ ထို့နောက်တွင်၊ အာဒံ၏ ခန္ဓာကိုယ်မှ ဧဝကို ဖြစ်စေခဲ့ပြီး၊ သူမသည်လည်း လူသား၏ ဘိုးဘေးဖြစ်ခဲ့ကာ၊ ထို့ကြောင့် ငါ ဖန်ဆင်းခဲ့သော လူတို့သည် ငါ၏အသက်ဇီဝနှင့် ငါ၏ဘုန်းအသရေတို့ဖြင့် ပြည့်လျှမ်းခဲ့သည်။ အာဒံသည် မူလအားဖြင့် ငါ့လက်မှ ဖြစ်ပွားစေခဲ့သူ ဖြစ်ပြီး ငါ့ပုံသဏ္ဌာန်၏ ကိုယ်စားပြုခြင်း ဖြစ်သည်။ ထို့ကြောင့် “အာဒံ” ၏ မူရင်းအဓိပ္ပာယ်သည် သဏ္ဌာန်နှင့် ပုံရိပ်တို့ရှိလျက်၊ စိတ်ဝိညာဉ်နှင့် ဇီဝအသက်တို့ ရှိလျက်၊ ငါ၏အလွန်အရေးပါသော အားအင်၊ ငါ၏ ဘုန်းအသရေဖြင့် ပြည့်ဝခဲ့သည့် ငါဖန်ဆင်းသော သတ္တဝါတစ်ဦး ဖြစ်ခဲ့သည်။ အာဒံသည် ဝိညာဉ်ရှိသည့်၊ ငါ့ကို ကိုယ်စားပြုနိုင်စွမ်း ရှိသူ၊ ငါ့ပုံသဏ္ဌာန်ကို ဆောင်နိုင်စွမ်းရှိကာ ငါ၏ဇီဝအသက်ကို လက်ခံရရှိနိုင်စွမ်းရှိသည့် တစ်ဦးတည်းသော ဖန်ဆင်းခံသတ္တဝါ ဖြစ်သည်။ အစအဦး၌ ဧဝသည် ငါ စီမံခဲ့သည့် ဇီဝအသက် နှင်းအပ်ခံရသော ဖန်ဆင်းခြင်းဖြင့် ဒုတိယမြောက် လူသားဖြစ်ပြီး ထို့ကြောင့် “ဧဝ”၏ မူလအဓိပ္ပာယ်မှာ ငါ၏ အသက်ပါမှုဖြင့် ပြည့်သည့်အပြင် ငါ၏ဘုန်းအသရေ နှင်းအပ်ခံရလျက်၊ ငါ၏ ဘုန်းအသရေကို ဆက်လက်ဖြစ်စေမည့် ဖန်ဆင်းခံသတ္တဝါတစ်ဦးဟု ဆိုလိုသည်။ ဧဝသည် အာဒံထံမှ ဖြစ်လာခဲ့သည်၊ ထို့ကြောင့် သူသည် ငါ၏ သဏ္ဌာန်ဖြင့် ဖန်ဆင်းခံရသည့် ဒုတိယမြောက်လူသား ဖြစ်သည့်အတွက်၊ သူသည်လည်း ငါ၏ပုံသဏ္ဌာန်ကို ဆောင်ခဲ့ပေသည်။ “ဧဝ”၏ မူလအဓိပ္ပာယ်မှာ ဝိညာဉ်၊ အသွေးအသားနှင့် အရိုးရှိသည့် သက်ရှိလူသား ဖြစ်သည်၊ လူသားမျိုးနွယ်အလယ် ငါ၏ဒုတိယမြောက် သက်သေအပြင် ငါ၏ဒုတိယမြောက် ပုံသဏ္ဌာန် ဖြစ်သည်။ ၎င်းတို့သည် လူသားမျိုးနွယ်၏ ဘိုးဘေးများ၊ လူသား၏ စစ်မှန်ပြီး အဖိုးတန်သော ရတနာဖြစ်ပြီး၊ အစပထမကတည်းက ဝိညာဉ် အပ်နှင်းခံခဲ့ရသည့် သက်ရှိသတ္တဝါများ ဖြစ်သည်။ သို့သော်လည်း၊ ဆိုးယုတ်သူသည် လူ့လောကကို ပကတိ အမှောင်ထဲသို့ ကျဆင်းသွားစေလျက်၊ လူသားမျိုးနွယ် ဘိုးဘေးများ၏ သားသမီးများကို နင်းခြေကာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး၊ သားသမီးများက ငါ၏တည်ရှိခြင်းကို မယုံကြတော့စေရန်အလို့ငှာ ထိုသို့ပြုခဲ့သည်။ ထို့ထက်ပို၍ပင် စက်ဆုပ်ဖွယ်ကောင်းသည်မှာ ဆိုးယုတ်သူသည် လူများကို ဖောက်ပြန်ပျက်စီးစေပြီး ၎င်းတို့အနှံ့ နင်းခြေသည်နှင့်အမျှ၊ ၎င်းသည် လူတို့အပေါ် ငါအပ်နှင်းထားခဲ့သော ငါ့ဘုန်းအရေ၊ ငါ့သက်သေနှင့် အသက်ပါမှု၊ ၎င်းတို့အထဲသို့ ငါမှုတ်သွင်းခဲ့သော ထွက်သက်ဝင်သက်နှင့် အသက်၊ လူ့လောကထဲရှိ ငါ၏ ဘုန်းအသရေအားလုံးနှင့် လူသားမျိုးနွယ်အပေါ် ငါအသုံးပြုခဲ့သော နှလုံးသွေးအားလုံးကို ရက်ရက်စက်စက် မရမကဆွဲလု ယူနေပေသည်။ လူသားမျိုးနွယ်သည် အလင်းထဲ၌ မရှိကြတော့ပေ၊ လူတို့သည် ၎င်းတို့အပေါ် ငါ အပ်နှင်းခဲ့သော အရာအားလုံးကို ဆုံးရှုံးကြပြီးဖြစ်သကဲ့သို့၊ ငါ ပေးခဲ့သော ဘုန်းအသရေကို စွန့်ပစ်ကြပြီး ဖြစ်သည်။ ငါသည် ဖန်ဆင်းခံ သတ္တဝါအားလုံး၏ သခင်ဖြစ်သည်ကို ၎င်းတို့ အဘယ်သို့ အသိအမှတ် ပြုနိုင်မည်နည်း။ ၎င်းတို့သည် ကောင်းကင်ဘုံက ငါ၏ တည်ရှိခြင်းကို အဘယ်သို့ ဆက်လက်ယုံကြည်နိုင်ကြမည်နည်း။ ကမ္ဘာမြေပေါ်က ငါ၏ ဘုန်းအသရေ သရုပ်သကန်များကို ၎င်းတို့ မည်သို့ ရှာဖွေတွေ့ရှိနိုင်မည်နည်း။ ဤမြေးယောက်ျားများနှင့် မြေးမိန်းကလေးများသည်‌ ၎င်းတို့၏ ဘိုးဘေးဘီဘင်များက ရိုသေလေးမြတ်ခဲ့သော ဘုရားသခင်ကို မိမိတို့ကို ဖန်ဆင်းခဲ့သော သခင်အဖြစ် မည်သို့ မှတ်ယူနိုင်ကြမည်နည်း။ ဤသနားစဖွယ် မြေးယောက်ျားများနှင့် မြေးမိန်းကလေးများသည် အာဒံနှင့် ဧဝအပေါ် ငါအပ်နှင်းခဲ့သော ဘုန်းအသရေ၊ ပုံသဏ္ဌာန်နှင့် သက်သေတို့အပြင်၊ လူသားမျိုးနွယ်အပေါ် ငါ အပ်နှင်းခဲ့ပြီး ၎င်းတို့ တည်ရှိဖို့ မှီခိုခဲ့ကြသည့် အသက်ကို ဆိုးယုတ်သူထံ ရက်ရောစွာ “ပေးအပ်ကြပြီးဖြစ်သည်”၊‌ ပြီးလျှင် ၎င်းတို့သည် ဆိုးယုတ်သူ တည်ရှိခြင်းကို အလွန်အမင်း သတိမပြုမိသကဲ့သို့၊ ငါ၏ဘုန်းအသရေအားလုံးကို ၎င်းထံ ပေးကြလေသည်။ ဤသည်မှာ “လူဖျင်းလူသွမ်း” ဟူသော ဂုဏ်ပုဒ်၏ တကယ့် အရင်းအမြစ် ဖြစ်သည်မဟုတ်လော။ ထိုသို့သော လူသားမျိုးနွယ်၊ ထိုသို့သော ဆိုးယုတ်သည့် မကောင်းဆိုးဝါးများ၊ ထိုသို့သော လမ်းလျှောက်နေသည့် အလောင်းကောင်များ၊ ထိုသို့သော စာတန်၏ သဏ္ဌာန်များနှင့် ထိုသို့သော ငါ၏ရန်သူများသည် ငါ၏ဘုန်းအသရေကို မည်သို့ ပိုင်ဆိုင်နိုင်မည်နည်း။ ငါ၏ဘုန်းအသရေကို ငါပြန်သိမ်းမည်၊ လူသားများအလယ် တည်ရှိသည့် ငါ၏ သက်သေနှင့်၊ တစ်ချိန်က ငါနှင့်သက်ဆိုင်ခဲ့ပြီး လူသားမျိုးနွယ်ကို အချိန်ကြာမြင့်စွာက ငါပေးခဲ့သော အရာအားလုံးကို ငါပြန်သိမ်းမည်- ငါသည် လူသားမျိုးနွယ်ကို လုံးဝ သိမ်းပိုက်မည်။ သို့သော် ငါဖန်ဆင်းခဲ့သော လူသားများသည် ငါ၏ပုံသဏ္ဌာန်နှင့် ငါ၏ ဘုန်းအသရေကို သယ်ဆောင်သည့် သန့်ရှင်းသော လူများ ဖြစ်ခဲ့သည်ကို သင်သိသင့်သည်။ ၎င်းတို့သည် စာတန်နှင့် မသက်ဆိုင်ခဲ့ကြသကဲ့သို့၊ ၎င်း၏ နင်းခြေခြင်းလည်း မခံခဲ့ကြရဘဲ၊ စာတန်၏ အဆိပ်နှင့်ဆိုင်သည့် အရိပ်လက္ခဏာ စိုးစဉ်းမျှ မပါသည့် ငါ၏သရုပ်သကန် သက်သက် ဖြစ်ခဲ့သည်။ ထို့ကြောင့် ငါ၏လက်ဖြင့် ဖန်ဆင်းခဲ့သော၊ ငါ ချစ်မြတ်နိုးပြီး အခြားအရာနှင့် မသက်ဆိုင်သည့် သန့်ရှင်းသူများကိုသာ ငါအလိုရှိသည်ကို လူသားမျိုးနွယ်အား ငါသိစေ၏။ ထို့အပြင်၊ ၎င်းတို့၌ ငါသည် ပျော်ရွှင်ဝမ်းမြောက်မည် ဖြစ်ပြီး၊ ၎င်းတို့ကို ငါ၏ဘုန်းအသရေအဖြစ် မှတ်ယူမည်။ သို့သော်၊ ငါအလိုရှိသော အရာသည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်း ခံရပြီးဖြစ်သည့်၊ ယနေ့တွင် စာတန်နှင့် သက်ဆိုင်ပြီး ငါ၏မူလဖန်ဆင်းခြင်း မဟုတ်တော့သည့် လူသားမျိုးနွယ် မဟုတ်ပေ။ ငါသည် လူ့လောက၌ တည်ရှိနေသော ငါ၏ဘုန်းအသရေကို ပြန်သိမ်းရန် ရည်ရွယ်သောကြောင့်၊ စာတန်ကို အနိုင်ယူရာတွင် ငါ၏ ဘုန်းအသရေနှင့်ဆိုင်သော သက်သေအဖြစ် လူသားမျိုးနွယ်ထဲမှ ရှင်ကျန်သူများကို ငါ လုံးဝ သိမ်းပိုက်မည်။ ငါသည် ငါ၏သက်သေကိုသာ ငါကိုယ်တိုင်၏ ပုံဆောင်မှုအဖြစ်၊ ငါ၏ပျော်ရွှင်မှု ရည်မှန်းချက်အဖြစ် ငါ သဘောထားမည်။ ဤသည်မှာ ငါ၏အလို ဖြစ်သတည်း။

လူသားမျိုးနွယ်သည် ယနေ့ ၎င်းတို့ ရောက်ရှိနေသော နေရာသို့ ရောက်ဖို့ရန် သမိုင်းနှစ်ပေါင်း သောင်းချီကြာပြီးဖြစ်သည်၊ သို့သော် အစအဦး၌ ငါ ဖန်ဆင်းခဲ့သည့် လူသားမျိုးနွယ်သည် အချိန်ကြာမြင့်စွာကတည်းက ဆုတ်ယုတ်ခြင်းထဲသို့ ကျဆင်းပြီးဖြစ်သည်။ လူသားမျိုးနွယ်သည် ငါ အလိုဆန္ဒရှိသည့် လူသားမျိုးနွယ် မဟုတ်တော့သကဲ့သို့၊ ထို့ကြောင့် ငါ၏ အမြင်တွင် လူတို့သည် လူသားမျိုးနွယ်၏ အမည်ဖြင့် မထိုက်တန်တော့ပေ။ ယင်းထက် ၎င်းတို့သည် စာတန်က ဖမ်းဆီးချုပ်နှောင်ပြီးဖြစ်သည့် လူသားမျိုးနွယ်၏ လူဖျင်းလူသွမ်းများနှင့် စာတန်က မှီတင်းအခြေချထားကာ မိမိကိုယ်ကိုယ် အရေခြုံထားသည့် လမ်းလျှောက်နေသည့် ပုပ်ပွသော အလောင်းကောင်များ ဖြစ်သည်။ လူများသည် ငါ၏တည်ရှိခြင်းကို မယုံကြည်ကြသကဲ့သို့၊ ငါ၏ကြွလာခြင်းကိုလည်း မကြိုဆိုကြချေ။ လူသားမျိုးနွယ်သည် ငါ၏ တောင်းဆိုချက်များကို ယာယီခဏ လိုက်လျောရင်း တွန့်တိုစွာ တုံ့ပြန်ရုံတုံ့ပြန်ကြပြီး၊ အသက်တာ၏ ပျော်ရွှင်မှုနှင့် ဝမ်းနည်းမှုတို့တွင် ငါနှင့်အတူ စိတ်ရင်းအမှန်ဖြင့် မျှဝေမခံစားကြချေ။ လူတို့သည် ငါ့ကို နားမလည်နိုင်စရာဟု မြင်ကြသည့်အတွက်၊ ၎င်းတို့သည် လက်ရှိ ငါ၏ အလိုကို မဆိုထားနှင့်၊ ငါ၏ အမှုနှင့်ဆိုင်သည့် အသိပညာ မရှိကြသည့်အတွက်၊ တန်ခိုးအာဏာရှိသူကို မျက်နှာချိုသွေးသည့် သဘောထားဖြင့် ငါ့ကို တွန့်တိုသော အပြုံးများ ပြုံးပြကြလေသည်။ ငါသည် သင်တို့နှင့်ပတ်သက်၍ ရိုးသားမည်- အချိန်ကျလာသည့်အခါ၊ ငါ့ကို ကိုးကွယ်ကြသော သူများ၏ ဆင်းရဲဒုက္ခသည် သင်တို့ထက် သာ၍ ခံသာလိမ့်မည်။ အမှန်တွင်၊ ငါ၌ သင်တို့၏ ယုံကြည်ခြင်း အတိုင်းအတာသည် ယောဘ၏ ယုံကြည်ခြင်းကို မကျော်လွန်ချေ- ယုဒလူမျိုး ဖာရိရှဲများ၏ ယုံကြည်ခြင်းပင်လျှင် သင်တို့ထက် သာလွန်၏၊ ထို့ကြောင့် မီးနေ့ရက်သည် ကျရောက်လာပါက၊ သင်တို့၏ ဆင်းရဲဒုက္ခသည် ယေရှု၏ ပြစ်တင်မောင်းမဲခြင်း ခံခဲ့ရချိန် ဖာရိရှဲများ၏ ဆင်းရဲဒုက္ခထက်၊ မောရှေကို ဆန့်ကျင်ခဲ့ကြသော ခေါင်းဆောင် ၂၅၀ ၏ ဆင်းရဲဒုက္ခထက်၊ ယင်း၏ ပျက်စီးခြင်းနှင့်ဆိုင်သည့် ချစ်ချစ်တောက် ပူပြင်းသော မီးလျှံများအောက် သောဒုံမြို့၏ ဆင်းရဲဒုက္ခထက် သာ၍ကြီးလေးလိမ့်မည်။ မောရှေက ကျောက်တုံးကို ရိုက်ခဲ့သည့်အခါ ယေဟောဝါပေးသနားသောရေ ပန်းထွက်လာခဲ့ခြင်းသည် သူ၏ ယုံကြည်ခြင်းကြောင့် ဖြစ်သည်။ ဒါဝိဒ်သည် နှလုံးသားထဲ ရွှင်လန်းခြင်း အပြည့်နှင့် ငါယေဟောဝါကို ချီးမွမ်း၍ စောင်းတီးခဲ့သောအခါ သူ၏ ယုံကြည်ခြင်းကြောင့် ဖြစ်သည်။ ယောဘသည် တောင်များအပေါ် ပြည့်လျှံနေသော သူ၏ခြံမွေးတိရစ္ဆာန်နှင့် သူ၏ မပြောပြနိုင်လောက်သော စည်းစိမ်ချမ်းသာများ ဆုံးရှုံးသွားခဲ့ပြီး သူ၏ခန္ဓာကိုယ်သည် အနာစိမ်းများနှင့် ဖုံးလွှမ်းခံခဲ့ရသောအခါ ယင်းမှာ သူ၏ ယုံကြည်ခြင်းကြောင့် ဖြစ်သည်။ သူသည် ယေဟောဝါဖြစ်သော ငါ၏အသံကို ကြားနိုင်ခဲ့ပြီး၊ ငါ၏ ဘုန်းအာနုဘော်ကို မြင်နိုင်ခဲ့သောအခါ ယင်းမှာ သူ၏ ယုံကြည်ခြင်းကြောင့် ဖြစ်သည်။ ပေတရုသည် ယေရှုခရစ်တော်နောက် လိုက်နိုင်ခဲ့ခြင်းမှာလည်း သူ၏ ယုံကြည်ခြင်းကြောင့် ဖြစ်သည်။ သူသည် ငါ့အတွက်ကြောင့် ကားတိုင်ပေါ်မှာ သံမှိုစွဲနှက်ခြင်းခံရပြီး ကောင်းမြတ်သော သက်သေခံနိုင်ခဲ့သည်မှာလည်း သူ၏ ယုံကြည်ခြင်းကြောင့် ဖြစ်သည်။ ယောဟန်သည် လူသား၏ ကြီးမြတ်သော ပုံသဏ္ဌာန်ကို မြင်တွေ့ခဲ့သောအခါ သူ၏ ယုံကြည်ခြင်းအားဖြင့် ဖြစ်သည်။ သူသည် နောက်ဆုံးသော ကာလ၏ ရူပါရုံကို မြင်ခဲ့ရသည်မှာလည်း သူ၏ ယုံကြည်ခြင်းအားဖြင့် သာ၍ပင် ဖြစ်သည်။ မြောက်မြားလှစွာသော တစ်ပါးအမျိုးသား တိုင်းနိုင်ငံများဟုဆိုသော ထိုတိုင်းနိုင်ငံများသည် ငါ၏ ထုတ်ဖော်ခြင်းရပြီး လူသားများအကြားတွင် ငါ၏အမှုကို ပြုဖို့ရန်အတွက် ဇာတိခန္ဓာနှင့် ငါဆင်းကြွလာခဲ့သည်ဆိုခြင်းကို သိလာရသည့် အကြောင်းရင်းသည်လည်း ၎င်းတို့၏ ယုံကြည်ခြင်းကြောင့် ဖြစ်သည်။ ငါ၏ ကြမ်းတမ်းသော စကားလုံးများဖြင့် ရိုက်ခတ်ခံရသော်လည်း ၎င်းတို့အားဖြင့် နှစ်သိမ့်မှုခံရသောသူတို့နှင့် ကယ်တင်ခံရသောသူတို့အားလုံး— ၎င်းတို့အားလုံး မိမိတို့၏ ယုံကြည်ချက်ကြောင့် ထိုသို့ပြုခဲ့ကြသည် မဟုတ်လော။ ငါ့ကိုယုံကြည်သော်လည်း အခက်အခဲများ မခံစားရသေးသူများ၊ ၎င်းတို့သည်လည်း လောကကြီး၏ ငြင်းပယ်ခြင်းကိုလည်း ခံကြရပြီးဖြစ်သည် မဟုတ်လော။ စမ်းသပ်မှု၏ ဆင်းရဲဒုက္ခမှ ထွက်ပြေးရင်း ငါ့နှုတ်ကပတ်တော် ပြင်ပတွင် အသက်ရှင်ကြသူများ၊ ၎င်းတို့အားလုံးသည် လောကတွင် ဖြတ်သန်းလွင့်မျောနေကြသည် မဟုတ်လော။ ၎င်းတို့သည် ငါ၏ ဖြေသိမ့်ခြင်း နှုတ်ကပတ်တော်များ မဆိုထားနှင့်၊ အနားယူစရာ နေရာမရှိဘဲလျက်၊ ဟိုဟိုသည်သည် တဖျပ်ဖျပ်ရစ်ဝဲကျနေသည့် ဆောင်းဦးသစ်ရွက်ကြွေများနှင့် ဆင်တူကြလေသည်။ ငါ၏ ပြစ်တင်ဆုံးမခြင်းနှင့် စစ်ဆေးခြင်းတို့သည် ၎င်းတို့နောက်သို့ မလိုက်သော်ငြားလည်း၊ ၎င်းတို့သည် ကောင်းကင် နိုင်ငံတော်၏ အပြင်ဘက် လမ်းမများ၌ ဟိုဟိုသည်သည် လှည့်လည်သွားလာလျက် တစ်နေရာပြီး တစ်နေရာ လွင့်မျောနေကြသည့် သူတောင်းစားများ ဖြစ်ကြသည် မဟုတ်လော။ ကမ္ဘာလောကသည် အမှန်တကယ် သင်၏နားခိုရာနေရာ ဟုတ်သလော။ ငါ၏ ပြစ်တင်ဆုံးမခြင်းကို ရှောင်ရှားခြင်းဖြင့် ကမ္ဘာလောကကြီးထံမှ အားရကျေနပ်ခြင်းနှင့်ဆိုင်သည့် အမှေးမှိန်ဆုံး အပြုံးတစ်ခု သင် အမှန်တကယ် ရရှိနိုင်သလော။ ဖုံးကွယ်၍ မရသည့် အနှစ်မဲ့ခြင်း၊ သင့်နှလုံးသားထဲက အနှစ်မဲ့ခြင်းကို ဖုံးကွယ်ထားဖို့ သင်၏တဒင်္ဂပျော်ရွှင်မှုကို အမှန်တကယ် အသုံးပြု၍ ရနိုင်သလော။ သင်သည် သင်၏ မိသားစုထဲမှ အယောက်တိုင်းကို လှည့်စား၍ရနိုင်သော်လည်း၊ ငါ့ကိုကား မည်သည့်အခါမျှ လှည့်စား၍ မရနိုင်။ သင်၏ယုံကြည်ခြင်းသည် အလွန် အားနည်းလှသောကြောင့်၊ သင်သည် ယနေ့အထိ အသက်ရှင်ခြင်းက ပေးရန်ရှိသော ဝမ်းမြောက်မှုများကို ရှာဖွေဖို့ရန် အစွမ်းမဲ့ဖြစ်နေဆဲ ဖြစ်သည်။ သင့်ကို ငါ တိုက်တွန်းသည်- လူတစ်ယောက် မခံနိုင်သော ဆင်းရဲဒုက္ခကို သင် ကြံ့ကြံ့ခံရင်း ဇာတိပကတိအတွက် အလုပ်ရှုပ်ကာ သာမညောင်ည အဆင့်တွင် သင့်တစ်ဘဝလုံးကို ကုန်ဆုံးစေမည့်အစား သင့်ဘဝ ထက်ဝက်ကို ငါ့အတွက် စစ်မှန်ရိုးသားစွာ ကုန်လွန်စေသင့်သည်။ သင့်ကိုယ်သင် အလွန်တန်ဖိုးထားပြီး ငါ၏ ပြစ်တင်ဆုံးမခြင်းမှ ထွက်ပြေးခြင်းသည် အဘယ်အကျိုးရှိသနည်း။ ထာဝရ အကျပ်အတည်းတစ်ခု၊ ထာဝရ ပြစ်တင်ဆုံးမခြင်း တစ်ခုကို ရိတ်သိမ်းဖို့ရန်သာ ငါ၏ ခဏမျှသာဖြစ်သော ပြစ်တင်ဆုံးမခြင်းမှ သင့်ကိုယ်သင် ပုန်းကွယ်ခြင်းသည် အဘယ် အကျိုးရှိသနည်း။ အမှန်တွင် မည်သူ့ကိုမျှ ငါ့အလိုကို လိုက်လျောအောင် အတင်းအဓမ္မ ငါမပြုပေ။ အကယ်၍ တစ်စုံတစ်ဦးသည် ငါ၏ အစီအစဉ်များကို အမှန်တကယ် ကျိုးနွံနာခံရန် လိုလားနေပါက၊ ၎င်းတို့ကို ငါဆိုးရွားစွာ ဆက်ဆံမည် မဟုတ်။ သို့သော် ယောဘသည် ယေဟောဝါဖြစ်သော ငါ့ကို ယုံကြည်ခဲ့သကဲ့သို့ပင် လူအားလုံးသည် ငါ့ကို ယုံကြည်ကြရန် ငါ တောင်းဆိုသည်။ အကယ်၍ သင်တို့၏ ယုံကြည်ခြင်းသည် သောမ၏ ယုံကြည်ခြင်းထက် ပိုလွန်ပါက၊ သင်တို့၏ ယုံကြည်ခြင်းသည် ငါ၏ ချီးကျူးခြင်းကို ရရှိလိမ့်မည်၊ သင်တို့၏ သစ္စာစောင့်သိမှုတွင် ငါ၏ ချမ်းမြေ့ပျော်ရွှင်မှုကို သင် ရှာတွေ့လိမ့်မည်ဖြစ်ပြီး၊ သင်တို့၏ နေ့ရက်များတွင် ငါ၏ ဘုန်းအသရေကို ဧကန်မုချ သင်တို့ ရှာတွေ့ကြလိမ့်မည်။ သို့သော် လူတို့သည် မိမိတို့၏ မရှင်းမလင်းသော စိတ်များမှာ လောကကို မတရားသိမ်းယူထားသော မာရ်နတ်၏ ပိုင်ဆိုင်ခြင်းကို အချိန်ကြာမြင့်စွာက ခံထားရသည့်၊ မိမိတို့၏ မျက်လုံးများထဲတွင် လေတိုက်၍လွင့်ပါလာသော သဲပွင့်များရှိပြီး၊ မိမိတို့၏ ပါးစပ်များ၌ မာရ်နတ်၏ လှူဖွယ်ပစ္စည်းများရှိသည့် သောဒုံမြို့၏ လူထုကဲ့သို့ပင် လောကကို ယုံကြည်သူများနှင့် နတ်ဆိုးကို ယုံကြည်သူများသည် ၎င်းတို့၏ စိတ်နှလုံးများကို မာကျောစေကြပြီး ဖြစ်သည်။ ၎င်းတို့၏ အတွေးများသည် ရှေးခေတ်အချိန်ကာလများ၏ မာရ်နတ်က ဖမ်းချုပ်ထားခြင်းကို အပြည့်အဝနီးပါး ခံထားရပြီးဖြစ်သည်။ ထို့ကြောင့်၊ လူသားမျိုးနွယ်၏ ယုံကြည်ခြင်းသည် လေနှင့်အတူ ကုန်လွန်သွားပြီ ဖြစ်သကဲ့သို့၊ ၎င်းတို့သည် ငါ၏အမှုကိုပင် သတိမပြုနိုင်ကြချေ။ ၎င်းတို့သည် အချိန်ကြာမြင့်စွာကတည်းက စာတန်အဆိပ်၏ ပိုင်ဆိုင်ခြင်းကို ခံထားရပြီးဖြစ်သောကြောင့်၊ ၎င်းတို့ လုပ်ဆောင်နိုင်သည့် အရာအားလုံးမှာ ငါ၏ အမှုကို ဝတ်ကျေတမ်းကျေ သဘောထားခြင်း သို့မဟုတ် ယင်းကို အကြမ်းဖျင်း စိစစ်ရန် မထိရောက်သော ကြိုးပမ်းမှုတစ်ခု ပြုလုပ်ရန်ဖြစ်ပေသည်။

လူတို့သည် ငါ၏ ဖန်ဆင်းခြင်းကို ခံခဲ့ရသည့်အပြင် ပေါများလှသော ငါ၏ ဖန်ဆင်းခြင်း အရာများအားလုံးကို မွေ့လျော်ခံစားရပြီးဖြစ်သောကြောင့် လူသားမျိုးနွယ်ကို ငါသိမ်းပိုက်မည်။ သို့သော် လူတို့သည် ငါ့ကို ငြင်းလည်း ငြင်းပယ်ကြလေပြီ။ ၎င်းတို့၏ စိတ်နှလုံးများတွင် ငါမရှိသကဲ့သို့၊ ၎င်းတို့သည် ငါ့ကို အမှန်တကယ် ရှုမြင်ရပြီးဖြစ်လျက်၊ ငါ့ကို ငြင်းပယ်ကြဆဲဖြစ်ပြီး ငါ့ကိုအနိုင်ယူဖို့ရန် ဖြစ်နိုင်သမျှ နည်းလမ်းတိုင်းကို ဦးနှောက်ခြောက်အောင် စဉ်းစားအကြံထုတ်ကြသည်အထိ၊ ငါ့ကို ၎င်းတို့၏ တည်ရှိခြင်းနှင့်ပတ်သက်၍ ဝန်ထုပ်တစ်ခုအဖြစ် မြင်ကြလေသည်။ လူများသည် ၎င်းတို့အပေါ် အလေးအနက် ဆက်ဆံရန် သို့မဟုတ် တင်းကျပ်သော တောင်းဆိုမှုများပြုရန် ငါ့ကို ခွင့်မပြုသကဲ့သို့၊ ၎င်းတို့၏ မဖြောင့်မတ်ခြင်းကို တရားစီရင်ရန် သို့မဟုတ် ပြစ်တင်ဆုံးမရန် ငါ့ကို အခွင့်မပေးကြချေ။ ဤအရာကို စိတ်ဝင်စားဖို့ရန် ဝေးစွ၊ စိတ်တိုစရာကောင်းသောအရာအဖြစ် မြင်ကြလေသည်။ ထို့ကြောင့် ငါ၏အမှုသည် ငါ့အထဲတွင် စားကြ၊ သောက်ကြ၊ မြူးထူးကြသော်လည်း၊ ငါ့ကို မသိကြသော လူသားမျိုးနွယ်ကို ယူဆောင်ပြီး အနိုင်ယူရန် ဖြစ်သည်။ ငါသည် လူသားမျိုးနွယ်ကို ဖျက်သိမ်းမည်၊ ထို့နောက် ငါ၏ ကောင်းကင်တမန်များနှင့် ငါ၏ ဘုန်းအသရေကို ယူဆောင်လျက် ငါ၏ကျိန်းဝပ်ရာအရပ်ကို ငါပြန်မည်။ အကြောင်းမှာ လူတို့၏ လုပ်ရပ်များသည် အချိန်ကြာမြင့်စွာကတည်းက ငါ့နှလုံးသားကို ကွဲကြေစေခဲ့ပြီး ငါ့အမှုကို အစိတ်စိတ်အမြွှာမြွှာ ကွဲစေခဲ့သောကြောင့် ဖြစ်သည်။ လူသားမျိုးနွယ်အား ၎င်းတို့၏ အသက်တာများကို ဆက်လက် ရှင်သန်ခွင့်ပေးလျက်၊ ဆက်လက်၍ “ငြိမ်သက်ခြင်းနှင့် ရောင့်ရဲခြင်း၌ အသက်ရှင်ကာ အလုပ်လုပ်ခွင့်” ပေးရင်း၊ ဆက်လက်၍ “၎င်းတို့ကိုယ်တိုင်၏ စိုက်ကွင်းများတွင် စိုက်ပျိုး” ခွင့်ပေးရင်း၊ ဆိုးယုတ်သူက ပျော်ရွှင်စွာ လျှောက်လှမ်းထွက်မသွားမီ သူ လုယူသွားခဲ့သော ဘုန်းအသရေကို ငါပြန်သိမ်းရန် ရည်ရွယ်သကဲ့သို့၊ ငါသည် ၎င်းတို့၏ အသက်တာများ၌ ကြားဝင်စွက်ဖက်တော့မည် မဟုတ်ပေ။ သို့သော် ယခုတွင် ဆိုးယုတ်သူ၏ လက်ထဲမှ ငါ၏ ဘုန်းအသရေကို အပြည့်အဝ ပြန်သိမ်းရန်၊ လောကကို ဖန်ဆင်းခြင်းတွင် လူသားထဲသို့ ငါ ဖြစ်ပေါ်စေခဲ့သည့် ဘုန်းအသရေ အလုံးစုံကို ပြန်ယူရန် ငါ ရည်ရွယ်သည်။ ငါသည် ကမ္ဘာမြေပေါ်ရှိ လူသားမျိုးနွယ်အပေါ် ယင်းကို မည်သည့်အခါတွင်မျှ တစ်ဖန် အပ်နှင်းလိမ့်မည် မဟုတ်။ အကြောင်းမှာ လူတို့သည် ငါ၏ဘုန်းအသရေကို မထိန်းသိမ်းနိုင်ကြသည်သာမက၊ ယင်းကို စာတန်၏ပုံရိပ်အတွက် အလဲအလှယ် လုပ်ကြပြီး ဖြစ်သောကြောင့် ဖြစ်သည်။ လူတို့သည် ငါ၏ကြွလာခြင်းကို တန်ဖိုးမထားကြသကဲ့သို့ ငါ၏ဘုန်းအသရေ နေ့ရက်ကိုလည်း အထူး တန်ဖိုးမထားကြချေ။ ၎င်းတို့သည် ငါ၏ ဘုန်းအသရေကို ငါ့ထံသို့ ပြန်ပေးဖို့ လိုလားရန် မဆိုထားနှင့် ငါ၏ပြစ်တင်ဆုံးမမှုကို ခံယူဖို့ရန်ပင် ဝမ်းမြောက်ဝမ်းသာ မဖြစ်ကြသကဲ့သို့၊ ဆိုးယုတ်သူ၏ အဆိပ်ကိုလည်း စွန့်ပစ်ရန် လိုလားနေခြင်း မရှိကြချေ။ လူသားမျိုးနွယ်သည် ငါ့ကို အလားတူ နည်းလမ်းဟောင်းဖြင့် ဆက်လက် လှည့်ဖြားသည်၊ လူတို့သည် အလားတူ နည်းလမ်းဟောင်းဖြင့် ကြည်လင်ရွှင်ပျသော အပြုံးများနှင့် ပျော်ရွှင်နေသည့် မျက်နှာများ ဆင်မြန်းကြဆဲ ဖြစ်သည်။ ၎င်းတို့သည် ငါ၏ဘုန်းအသရေက ၎င်းတို့ကို စွန့်ခွာပြီးနောက် လူသားမျိုးနွယ်အပေါ် ဆင်းသက်လိမ့်မည့် ဝမ်းနည်းပူဆွေးခြင်း၏ အတိုင်းအဆကို သတိမမူမိကြချေ။ အထူးသဖြင့်၊ ဣသရေလပြည်မှ ငါ၏ ဘုန်းအသရေ ထွက်ခွာသွားချိန်တွင် ထိုပြည်သည် မည်မျှ မှောင်မိုက်လာခဲ့သည်ကို ၎င်းတို့မသိကြသည့်အတွက်၊ မိုးသောက်ယံ၌ လူသားသည် ပိန်းပိတ်အောင်မှောင်သော ညက ဖြတ်သန်းရန် မည်မျှ ခက်ခဲခဲ့သည်ကို မေ့လျော့သည့်အတွက်၊ ၎င်းတို့သည် လူသားမျိုးနွယ် တစ်ရပ်လုံးအပေါ် ငါ၏နေ့ရက် ရောက်လာသောအခါ၊ ၎င်းတို့အတွက် နောဧ၏ အချိန်ကာလက လူများထက် သာ၍ ခက်ခဲသွားလိမ့်မည်ကို မသိကြချေ။ နေမင်းသည် ပြန်၍ ပုန်းခိုသွားပြီး လူသားအပေါ် မှောင်မိုက် သက်ဆင်းလာသည့်အခါ၊ သူသည် တစ်ဖန် ငိုကြွေးမြည်တမ်းလိမ့်မည်ဖြစ်ပြီး၊ အမှောင်ထုထဲတွင် အံသွားခဲကြိတ်ရလိမ့်မည်။ ဣသရေလထံမှ ငါ၏ ဘုန်းအသရေ ထွက်ခွာခဲ့ချိန်တွင်၊ ဣသရေလူတို့အတွက် ထိုဒုက္ခဆင်းရဲ နေ့ရက်များကို ကြံ့ကြံ့ခံဖို့ မည်မျှ ခက်ခဲခဲ့သည်ကို သင်တို့ မေ့လျော့ကြပြီလော။ ယခုသည် ငါ၏ဘုန်းအသရေကို သင်တို့ မြင်ကြရသည့် အချိန်ဖြစ်သကဲ့သို့၊ ငါ၏ ဘုန်းအသရေ နေ့ရက်ကို သင်တို့ မျှဝေခံစားကြရသည့်အချိန်လည်း ဖြစ်သည်။ ငါ၏ ဘုန်းအသရေသည် ညစ်ညူးသောမြေကို စွန့်ခွာချိန်တွင်၊ လူသားသည် အမှောင်ထုအလယ် ငိုကြွေးမြည်တမ်းရလိမ့်မည်။ ယခုအချိန်သည် ငါ၏အမှုကို ငါ လုပ်ဆောင်ချိန်၊ ဘုန်းအသရေ နေ့ရက်ဖြစ်ပြီး၊ ငါသည် ညှဉ်းဆဲခြင်းနှင့် အတိဒုက္ခခံရသည့် အချိန်များကို ၎င်းတို့နှင့်အတူ ငါမျှဝေခံစားလိမ့်မည်မဟုတ်သည့်အတွက်၊ လူသားမျိုးနွယ်ကို ဆင်းရဲဒုက္ခမှ ငါလွတ်ငြိမ်းခွင့်ပေးမည့် နေ့ရက်လည်း ဖြစ်သည်။ ငါသည် လူသားမျိုးနွယ်ကို လုံးဝ သိမ်းပိုက်ရန်နှင့် လူသားမျိုးနွယ်၏ ဆိုးယုတ်သူများကို လုံးဝ အနိုင်ယူရန်သာ အလိုရှိသည်။

အရှေ့သို့- ဘုရားသခင်နှင့် ပတ်သက်သည့် သင်၏ သိနားလည်မှုသည် အဘယ်နည်း

နောက်တစ်ခုသို့- ယုံကြည်ခြင်းအကြောင်း သင် မည်သည့်အရာ သိရှိသနည်း

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။