ဘုရားသခင်နှင့် ပတ်သက်သည့် သင်၏ သိနားလည်မှုသည် အဘယ်နည်း

လူတို့သည် ဘုရားသခင်၌ အချိန်ကြာမြင့်စွာ ယုံကြည်ပြီးဖြစ်သော်လည်း ၎င်းတို့အများစုသည် “ဘုရားသခင်” ဟူသည့် စကားလုံးက မည်သည့်အရာ ဆိုလိုသည်ဆိုသည်နှင့် ပတ်သက်၍ မည်သည့် သိနားလည်မှုမျှ မရှိကြသကဲ့သို့၊ စိတ်ရှုပ်ထွေးခြင်းဖြင့် နောက်လိုက်ရုံမျှ လိုက်ကြခြင်း ဖြစ်သည်။ လူသားသည် ဘုရားသခင်ကို အဘယ်ကြောင့် ယုံကြည်သင့်သည် သို့မဟုတ် ဘုရားသခင်က အဘယ်အရာဖြစ်သည် ဆိုသည်ကို အတိအကျ လုံးဝ မသိကြပေ။ လူတို့သည် ဘုရားသခင်ကို ယုံကြည်ကာ နောက်လိုက်ရန်သာ သိသော်လည်း ဘုရားသခင်က အဘယ်အရာဖြစ်သည်ကို မသိပါက၊ ပြီးလျှင် ၎င်းတို့သည် ဘုရားသခင်ကိုလည်း မသိကြပါက၊ ဤသည်မှာ အကြီးမားသော ပြက်လုံးကြီးတစ်ခု ဖြစ်သည် မဟုတ်လော။ ဤမျှလုပ်ဆောင်ပြီးနောက် လူတို့သည် ကောင်းကင်နှင့်ဆိုင်သည့် နက်နဲမှုများစွာကို မျက်မြင်ကြုံတွေ့ကြပြီး လူသားက ယခင် တစ်ခါမျှ နားမလည်ခဲ့သော နက်နဲသည့် အသိပညာများစွာ ကြားကြရပြီးဖြစ်သော်လည်း၊ ၎င်းတို့သည် လူသားအနေဖြင့် ယခင်က လုံးဝ ချင့်ချိန်မစဉ်းစားခဲ့ဖူးသည့် အခြေခံအကျဆုံး သမ္မာတရားများစွာ မသိနားမလည်ကြချေ။ အချို့က၊ “ကျွန်ုပ်တို့သည် ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ခဲ့ပြီးဖြစ်သည်။ ဘုရားသခင် အဘယ်အရာဖြစ်သည်ကို ကျွန်ုပ်တို့ မသိဘဲ အဘယ်သို့ ရှိနိုင်မည်နည်း။ ဤမေးခွန်းသည် ကျွန်ုပ်တို့ကို သေးသိမ်စေသည် မဟုတ်ပါလား” ဟု ပြောကောင်းပြောမည်။ သို့သော် လက်တွေ့ရှိတရားတွင် လူတို့သည် ယနေ့ ငါ့နောက်လိုက်ကြသော်လည်း၊ ၎င်းတို့သည် ယနေ့၏ အမှုနှင့် ပတ်သက်၍ မည်သည့်အရာမျှ မသိကြသကဲ့သို့၊ ဘုရားသခင်နှင့်ပတ်သက်၍ အင်မတန် ရှုပ်ထွေးသည့် မေးခွန်းများကို မဆိုထားနှင့်၊ အပေါ်လွင်ဆုံးနှင့် အလွယ်ကူဆုံး မေးခွန်းများကိုပင် သဘောမပေါက်နိုင်ကြချေ။ သင်သည် မည်သည့်အရာဖြင့် မိမိကိုယ်ကိုယ် ပြင်ဆင်နေသင့်သည်ကို အာရုံမစိုက်သကဲ့သို့ အရေးမစိုက်ဘဲလျက်၊ လူအုပ်နောက်လိုက်ရန်သာ သိသည့်အတွက်၊ သင် မပူပန်သည့် မေးခွန်းများ၊ သင် ပိုင်းခြားမသိမြင်သေးသည့် မေးခွန်းများသည် သင်နားလည်ရန် အရေးကြီးဆုံးသော မေးခွန်းများဖြစ်သည်ကို သိလော့။ သင်သည် ဘုရားသခင်အား အဘယ်ကြောင့် ယုံကြည်သင့်သည်ကို အမှန်တကယ် သိသလော။ ဘုရားသခင် အဘယ်အရာဖြစ်သည်ကို သင် အမှန်တကယ် သိသလော။ လူသားက အဘယ်အရာဖြစ်သည်ကို သင် အမှန်တကယ် သိသလော။ ဘုရားသခင်ကို ယုံကြည်သော လူတစ်ဦးအနေဖြင့်၊ ဤအရာများကို နားမလည်နိုင်ပါက သင်သည် ဘုရားသခင်ကို ယုံကြည်သူတစ်ဦး၏သိက္ခာ ဆုံးရှုံးသည် မဟုတ်လော။ ယနေ့ ငါ၏အမှုမှာ- လူတို့အား ၎င်းတို့၏ အနှစ်သာရကို နားလည်စေရန်၊ ငါလုပ်သည့် အရာအားလုံးကို နားလည်စေရန်နှင့် ဘုရားသခင်၏ စစ်မှန်သော မျက်နှာကို သိရှိစေရန် ဖြစ်သည်။ ဤသည်မှာ ငါ၏ စီမံခန့်ခွဲမှုအစီအစဉ် အဆုံးသတ် လုပ်ဆောင်ချက်၊ ငါ့အမှု၏ နောက်ဆုံးအဆင့် ဖြစ်သည်။ ယင်းမှာ သင်တို့အနေဖြင့် ဘဝ၏ နက်နဲမှုများကို ငါ့ထံမှ လက်ခံနိုင်ကြဖို့အလို့ငှာ ၎င်းတို့ကို သင်တို့အား ငါ ကြိုတင်ပြောပြနေရခြင်း ဖြစ်သည်။ ဤသည်မှာ နောက်ဆုံးသောခေတ်၏ အမှုဖြစ်သည်နှင့်အမျှ၊ သင်တို့သည် ချို့တဲ့လွန်းခြင်းနှင့် အရည်အချင်းမပြည့်မီလွန်းခြင်း သက်သက်ကြောင့် ယင်းတို့ကို သင်တို့ နားလည်နိုင်စွမ်းမရှိ၊ သို့မဟုတ် ခံရပ်နိုင်စွမ်းမရှိသော်လည်း၊ ယခင်က သင်တို့ လုံးဝ သဘောပေါက်လက်ခံလွယ်ခြင်း မရှိဖူးသည့် အသက်နှင့် သမ္မာတရားအားလုံးကို သင်တို့အား ငါ ပြောပြရမည်။ ငါ၏ အမှုကို ငါ နိဂုံးချုပ်ရပေမည်။ ငါ လုပ်ဆောင်သင့်သည့် အမှုကို ငါ ပြီးစီးရမည်ဖြစ်ပြီး၊ မှောင်မိုက်သက်ဆင်းသောအခါ သင်တို့သည် တစ်ဖန် သွေဖည်ပြီး ဆိုးယုတ်သူတစ်ဦး၏ အကြံအစည်များဖြင့် လှည့်စားခံရမည်စိုး၍၊ သင်တို့ကို ငါ တာဝန်ပေးစေခိုင်းပြီးဖြစ်သည့် အရာအားလုံးကို သင်တို့အား ငါ ပြောပြမည်။ သင်တို့ နားမလည်သည့် နည်းလမ်းများစွာ၊ သင်တို့ မသိမှတ်သေးသည့် ကိစ္စရပ်များစွာ ရှိသည်။ သင်တို့သည် မသိနားမလည်လွန်းလှပေသည်။ ငါသည် သင်တို့၏ ဝိညာဉ်ရင့်ကျက်မှုနှင့် သင်တို့၏အားနည်းချက်များကို အပြည့်အဝ ကောင်းစွာသိ၏။ ထို့ကြောင့်၊ သင်တို့ နားလည်နိုင်စွမ်း မရှိသည့် နှုတ်ကပတ်တော်များစွာ ရှိသော်လည်း သင်တို့၏ လက်ရှိ ဝိညာဉ်ရင့်ကျက်မှုတွင် သင်တို့အနေဖြင့် ငါ့အဖို့ သင်တို့၏ သက်သေခံချက်တွင် မြဲမြံစွာ ရပ်တည်နိုင်ခြင်း ရှိမရှိဆိုသည်ကို ငါ စိုးရိမ်မြဲ စိုးရိမ်နေမိသောကြောင့်၊ သင်တို့ယခင်က တစ်ခါမျှ သဘောပေါက်လက်ခံလွယ်ခဲ့ဖူးခြင်း မရှိသည့် ဤသမ္မာတရား အားလုံးကို သင်တို့အား ပြောပြရန် ငါ လိုလားနေဆဲ ဖြစ်သည်။ ယင်းမှာ ငါသည် သင်တို့ကို အထင်သေး၍မဟုတ်ပေ။ သင်တို့အားလုံးသည် ငါ၏ ပုံစံတကျ လေ့ကျင့်မှုကို မကြုံရသေးသည့် တောကောင်များဖြစ်ကာ သင်တို့အတွင်းတွင် ဘုန်းအသရေ မည်မျှရှိသည်ကို ငါ လုံးဝ မမြင်ရပေ။ သင်တို့အပေါ် အမှုပြုခြင်း၌ ငါသည် အားအင်များစွာ အသုံးပြုပြီး ဖြစ်သော်လည်း၊ သင်တို့အတွင်းရှိ အပြုသဘောဆောင်သော အရိပ်လက္ခဏာများသည် မရှိလုနီးပါး ဖြစ်သကဲ့သို့၊ အပျက်သဘောဆောင်သော အရိပ်လက္ခဏာများကို လက်ချိုးရေတွက်၍ ရပြီး စာတန်ကိုအရှက်ရစေသည့် သက်သေခံချက်များအဖြစ်သာ အသုံးဝင်ကြလေသည်။ သင်တို့ အတွင်းရှိ အခြားအရာရာတိုင်းသည် စာတန်၏ အဆိပ်သာ ဖြစ်၏။ ငါ့အဖို့ သင်တို့သည် ကယ်တင်၍ မရနိုင်သည့်ပုံ ဖြစ်သည်။ ဤသို့ဖြစ်သည်နှင့်အမျှ၊ ငါသည် သင်တို့၏ အမျိုးမျိုးသော မျက်နှာထားများနှင့် ပြုမူပြောဆိုပုံတို့ကို ကြည့်ကာ၊ နောက်ဆုံးတွင် သင်တို့၏ စစ်မှန်သော ဝိညာဉ်ရင့်ကျက်မှုကို သိ၏။ ထို့ကြောင့် ငါသည် သင်တို့အပေါ် အမြဲ ပူပန်နေရခြင်း ဖြစ်သည်- မိမိတို့ဘာသာ ဘဝကို ရှင်သန်ခွင့် ရပါက၊ လူသားများသည် ယနေ့ ၎င်းတို့ဖြစ်နေသည်ထက် အမှန်တကယ် သာ၍ အဆင်ပြေကြသလော၊ သို့မဟုတ် ယနေ့ ၎င်းတို့ ဖြစ်နေသည့်အရာနှင့် အလားတူမည်လော။ သင်တို့၏ ကလေးဆန်သည့် ဝိညာဉ်ရင့်ကျက်မှုက သင်တို့ကို ပူပန်စေခြင်း မရှိသလော။ သင်တို့သည်- အချိန်တိုင်းတွင် ငါနှင့် ငါတစ်ဦးတည်းကိုသာ သစ္စာစောင့်သိနိုင်သည့်- အရွေးချယ်ခံ ဣသရေလလူမျိုးကဲ့သို့ ဖြစ်နိုင်သလော။ သင်တို့အထဲ၌ ထုတ်ဖော်ပြသည့်အရာမှာ ၎င်းတို့၏ မိဘများထံမှ လမ်းလွဲသွားကြသည့် ကလေးသူငယ်များ၏ ကျီစယ်တတ်ခြင်း မဟုတ်ဘဲ၊ ၎င်းတို့သခင်၏ ကျာပွတ်များ လက်လှမ်းမမီနိုင်သည့် တိရစ္ဆာန်များမှ ပေါက်ထွက်လာသော ရက်စက်ကြမ်းကြုတ်မှု ဖြစ်သည်။ သင်တို့သည် သင်တို့အားလုံး၌ရှိသည့် အားနည်းချက်လည်း ဖြစ်သည့်၊ သင်တို့၏ သဘာဝကို သိထားသင့်သည်။ ယင်းသည် သင်တို့အားလုံးတွင် ဖြစ်သည့် ဖျားနာမှုဖြစ်သည်။ ထို့ကြောင့်၊ ယနေ့ သင်တို့အဖို့ ငါ၏ တစ်ခုတည်းသော တိုက်တွန်းချက်မှာ ငါ့အဖို့ သင်တို့၏ သက်သေခံချက်တွင် မြဲမြံစွာ ရပ်တည်ရန် ဖြစ်သည်။ မည်သည့် အခြေအနေတွင်မဆို၊ အနာဟောင်းကို တစ်ဖန်ပြန်၍ ထကြွခွင့် မပြုလေနှင့်။ သက်သေခံခြင်းသည် အရေးကြီးဆုံးသော အရာ ဖြစ်သည်- ယင်းသည် ငါ့အမှု၏ အချက်အချာ ဖြစ်သည်။ မာရိသည် အိပ်မက်တွင် သူမထံ ရောက်လာခဲ့သည့် ယေဟောဝါ၏ ဗျာဒိတ်ကို ယုံကြည်ခြင်းပြီးနောက် နာခံခြင်းအားဖြင့် လက်ခံခဲ့သကဲ့သို့ သင်တို့သည် ငါ၏နှုတ်ကပတ်တော်များကို လက်ခံသင့်ကြသည်။ ဤအရာသည်သာ ဖြူစင်ရာရောက်သည်။ သင်တို့သည် ငါ၏ နှုတ်ကပတ်တော်များကို အကြားနာရဆုံးသောသူများ ဖြစ်သည့်အတွက်၊ ငါ၏ ကောင်းချီးမင်္ဂလာ ခံစားရဆုံးသူများ ဖြစ်သည်။ ငါသည် သင်တို့ကို ငါ၏ အဖိုးတန် ပိုင်ဆိုင်မှုများအားလုံးကို ပေးထားပြီးဖြစ်သည်၊ သင်တို့အပေါ် အရာရာကို ငါ အပ်နှင်းပြီးဖြစ်သည်၊ သို့ရာတွင် သင်တို့သည် ဣသရေလလူမျိုးတို့နှင့် အင်မတန် အလွန့်အလွန် ကွာခြားသည့် အဆင့်အတန်း ရှိကြသည်။ သင်တို့သည် လုံးဝခြားနား၏။ သို့ရာတွင် ၎င်းတို့နှင့် နှိုင်းယှဉ်ပါက၊ သင်တို့သည် များစွာပို၍ ရရှိကြပြီးဖြစ်သည်။ ၎င်းတို့သည် ငါ၏ ပေါ်ထွန်းခြင်းကို အသည်းအသန် စောင့်ဆိုင်းစဉ်တွင်၊ သင်တို့သည် ငါ၏ ရက်ရောမှုကို မျှဝေခံစားရင်း၊ သာယာသော နေ့ရက်များကို ငါနှင့်အတူ ဖြတ်သန်းကြရသည်။ ဤခြားနားမှုကို ထည့်သွင်းစဉ်းစားပါက၊ ငါနှင့်ပတ်သက်၍ မြည်တွန်တောက်တီးကာ စကားများပြီး ငါ၏ ပိုင်ဆိုင်မှုများထဲမှ သင်တို့၏ ဝေစုကို တောင်းဆိုရန် အခွင့်ကို မည်သည့်အရာက သင်တို့အား ပေးသနည်း။ သင်တို့သည် များစွာ ရရှိပြီးဖြစ်သည် မဟုတ်လော။ ငါသည် သင်တို့ကို များစွာပေးသော်လည်း အပြန်အလှန်အားဖြင့် သင်တို့ ငါ့ကို ပေးသည်မှာ ငါ့ကို အသည်းကွဲစေသည့် ဝမ်းနည်းမှုနှင့် စိုးရိမ်သော‌က၊ ထိန်းချုပ်မရသည့် မကျေချမ်းမှုနှင့် မကျေနပ်မှုတို့သာ ဖြစ်၏။ သင်တို့သည် အလွန် မနှစ်မြို့စရာ ဖြစ်သည်- သို့သော် သနားကရုဏာသက်စရာလည်း ဖြစ်၏၊ ထို့ကြောင့် ငါသည် ငါ၏ မကျေချမ်းမှုကို မျိုသိပ်ကာ ငါ၏ ကန့်ကွက်ချက်များကို သင်တို့ထံ အဖန်ဖန် ဖွင့်ဟဖို့မှလွဲ၍ အခြားရွေးချယ်စရာ မရှိပေ။ အမှု၏နှစ်ထောင်ပေါင်း များစွာအတွင်းတွင်၊ လူသား၏ တိုးတက်ဖြစ်ထွန်းမှုတစ်လျှောက် ရှေးခေတ်အချိန်ကာလများ၏ ကျော်ကြားသော ဘိုးဘေးများက သင်တို့ထံ ချန်ထားခဲ့သည့် တန်ဖိုးရှိသော အမွေအနှစ်များကဲ့သို့ ကျော်ကြားဆုံးဖြစ်လာခဲ့ဖြစ်သည်မှာ သင်တို့အကြား “လှည့်ကွက်များ” သာ ဖြစ်သည်ကို ငါ တွေ့ရှိပြီးဖြစ်သောကြောင့် လူသားမျိုးနွယ်နှင့်ပတ်သက်၍ မည်သည့်အခါမျှ ငါ မကန့်ကွက်ဖူးပေ။ ထိုလူစဉ်မမီသော ဝက်များနှင့် ခွေးများကို ငါမုန်းတီးလိုက်လေစွ။ သင်တို့တွင် အသိတရား ကင်းမဲ့လွန်းကြ၏။ သင်တို့သည် အလွန် ယုတ်ညံ့လွန်းသည့် အကျင့်စရိုက်တစ်ခု ရှိကြသည်။ သင်တို့၏ နှလုံးသားများသည် မာကြောလွန်းလှ၏။ ငါသည် ထိုသို့သော နှုတ်ကပတ်တော်များနှင့် အမှုတို့ကို ဣသရေလလူမျိုးများထံသို့ ယူဆောင်သွားခဲ့မည်ဆိုပါက၊ အချိန်ကြာမြင့်စွာကတည်းက ငါသည် ဘုန်းအသရေ ရရှိပြီးဖြစ်ပေမည်။ သို့သော် သင်တို့အကြားတွင် ဤသည်ကို ကြိုးပမ်းရယူ၍ မရနိုင်ပေ။ သင်တို့အကြားတွင် ရက်စက်သည့် လစ်လျူရှုမှု၊ သင်တို့၏ တမင်အဖက်မလုပ်ခြင်းနှင့် သင်တို့၏ ဆင်ခြေများသာ ရှိသည်။ သင်တို့သည် အကြင်နာကင်းမဲ့လွန်းသကဲ့သို့ အလွန်အမင်း သုံးမရဖြစ်ကြသည်။

သင်တို့သည် ငါ၏အမှုအဖို့ သင်တို့တတ်နိုင်သမျှ အားလုံးကို ဆက်ကပ်အပ်နှံသင့်သည်။ ငါ့ကို အကျိုးပြုသည့် အမှုကို သင်တို့ လုပ်ဆောင်သင့်သည်။ သင်တို့ ချို့တဲ့သည့်အရာအားလုံးကို ငါ့ထံမှ သင်တို့ ရရှိနိုင်ကြဖို့အလို့ငှာ သင်တို့ နားမလည်ကြသည့်အရာတိုင်းကို သင်တို့အား ရှင်းပြရန် ငါ လိုလိုလားလား ရှိပေသည်။ သင်တို့၏ ချွတ်ယွင်းချက်များမှာ မရေမတွက်နိုင်လောက်အောင် များပြားလွန်းသော်လည်း သင်တို့သည် ငါ့ထံမှ အကျိုးခံစားနိုင်ပြီး၊ သင်တို့အထဲ၍ မရှိသကဲ့သို့ ကမ္ဘာလောကက မည်သည့်အခါတွင်မျှ မမြင်ဖူးသည့် ဘုန်းအသရေကို သင်တို့ ရရှိနိုင်ကြဖို့အလို့ငှာ ငါ၏နောက်ဆုံးသော ကရုဏာကို သင်တို့အား ပေးလျက် သင်တို့အပေါ် ငါလုပ်ဆောင်နေသင့်သည့် အမှုကို လုပ်ဆောင်မြဲလုပ်ဆောင်ရန် ငါ လိုလိုလားလား ရှိ၏။ ငါသည် နှစ်ပေါင်းများစွာ အမှုပြုခဲ့ပြီး ဖြစ်သော်လည်း၊ မည်သည့် လူသားကမျှ တစ်ကြိမ်တစ်ခါမျှ မသိကြဖူးပေ။ အခြားမည်သူကိုမျှ ငါ လုံးဝ မပြောဖူးသည့် လျှို့ဝှက်ချက်များကို သင်တို့အား ငါပြောပြလို၏။

လူသားများအကြားတွင်၊ ငါသည် ၎င်းတို့ မမြင်နိုင်သော ဝိညာဉ်၊ ၎င်းတို့ မည်သည့်အခါမျှ ထိတွေ့နိုင်ခြင်းမရှိသော ဝိညာဉ်ဖြစ်၏။ ကမ္ဘာမြေပေါ်က (လောကကို ဖန်ဆင်းခြင်း၊ ရွေးနုတ်ခြင်းနှင့် ဖျက်ဆီးခြင်း) ငါ၏အမှု အဆင့်သုံးဆင့်ကြောင့်၊ ငါသည် ၎င်းတို့အကြား ငါ၏အမှုကို လုပ်ဆောင်ရန် မတူညီသော အချိန်များတွင် (မည်သည့်အခါမျှ လူသိရှင်ကြားမဟုတ်ဘဲ) ၎င်းတို့အလယ် ပေါ်ထွန်း၏။ လူသားများအကြား ငါ ကြွလာခဲ့သည့် ပထမဦးဆုံးအကြိမ်သည် ရွေးနုတ်ခြင်းခေတ်အတွင်း ဖြစ်သည်။ ဟုတ်ပေ၏၊ ငါသည် ယုဒလူမျိုးမိသားစုတစ်ခုထဲသို့ ကြွလာခဲ့သည်။ ထို့သို့ဖြစ်သဖြင့်၊ ဘုရားသခင် ကမ္ဘာမြေပေါ်သို့ ကြွလာသည်ကို ပထမဦးဆုံး မြင်ရသူတို့မှာ ယုဒလူမျိုးများ ဖြစ်ကြ၏။ ဤအမှုကို ငါကိုယ်တိုင်ကိုယ်ကျ ပြုရသည့်အကြောင်းရင်းမှာ ငါသည် ငါ၏ရွေးနုတ်ခြင်းအမှု၌ ငါ၏ လူ့ဇာတိကို အပြစ်ဖြေရာယဇ်တစ်ခုအဖြစ် အသုံးပြုလိုခဲ့သောကြောင့် ဖြစ်သည်။ ထို့ကြောင့်၊ ငါ့ကို ပထမဆုံး တွေ့ရသူများသည် ကျေးဇူးတော်ခေတ်ထဲက ယုဒလူမျိုးများ ဖြစ်ကြသည်။ ယင်းမှာ လူ့ဇာတိ၌ ငါ အမှုပြုသည့် ပထမဦးဆုံးအကြိမ် ဖြစ်သည်။ နိုင်ငံတော်ခေတ်တွင်၊ ငါ၏အမှုသည် သိမ်းပိုက်ရန်နှင့် စုံလင်စေရန် ဖြစ်သည်၊ ထို့ကြောင့် ငါသည် ငါ၏ ထိန်းကျောင်းခြင်းအမှုကို လူ့ဇာတိ၌ တစ်ဖန် လုပ်ဆောင်ပေသည်။ ဤသည်မှာ ငါ ဒုတိယအကြိမ် လူ့ဇာတိ၌ အမှုပြုခြင်း ဖြစ်သည်။ အမှု၏ နောက်ဆုံး နှစ်ဆင့်တွင်၊ လူတို့ ထိတွေ့သည့်အရာမှာ မမြင်နိုင်သကဲ့သို့ လက်ဆုပ်လက်ကိုင်ပြ၍ မရသည့် ဝိညာဉ်တော် မဟုတ်တော့ဘဲ၊ လူ့ဇာတိအဖြစ် အမှန်တကယ် ဖြစ်ပေါ်သည့် ဝိညာဉ်တော်ဖြစ်သော လူတစ်ဦး ဖြစ်သည်။ ထို့ကြောင့်၊ လူသား၏ အမြင်တွင်၊ ငါသည် ဘုရားသခင်၏ အသွင်နှင့် ခံစားချက် မရှိသည့် လူသားတစ်ဦး တစ်ဖန် ဖြစ်လာသည်။ ထို့အပြင်၊ လူတို့မြင်သည့် ဘုရားသခင်သည် အမျိုးသားဖြစ်သည်သာမက အမျိုးသမီးလည်း ဖြစ်သည်၊ ယင်းသည် ၎င်းတို့အဖို့ အလွန်အံ့အားသင့်ဖွယ်ကောင်းဆုံးနှင့် အတွေးရအခက်ဆုံး ဖြစ်သည်။ အကြိမ်အကြိမ် အဖန်အဖန် ငါ၏ ထူးခြားသော အမှုသည် နှစ်ပေါင်းများစွာကြာ ကိုင်စွဲထားသော ယုံကြည်မှုဟောင်းများကို အစိတ်စိတ်အမြွှာမြွှာ ကွဲကြေစေပြီးဖြစ်သည်။ လူတို့သည် ရင်သပ်ရှုမောဖြစ်ကြရသည်။ ဘုရားသခင်သည် သန့်ရှင်းသော ဝိညာဉ်တော်၊ ဝိညာဉ်တော်၊ ခုနစ်ဆ ပြင်းထန်သည့် ဝိညာဉ်တော်၊ သို့မဟုတ် အရာခပ်သိမ်းကို လွှမ်းခြုံသော ဝိညာဉ်တော်ဖြစ်ရုံမျှမက၊ လူသားတစ်ဦး- သာမန်လူတစ်ဦး၊ အထူးပင် သာမညဖြစ်သော လူသားတစ်ဦးလည်း ဖြစ်၏။ သူသည် အမျိုးသားဖြစ်သည်သာမက၊ အမျိုးသမီးလည်း ဖြစ်၏။ ၎င်းတို့သည် လူသားများထံ မွေးဖွားကြရာတွင် တူညီကြပြီး၊ တစ်ဦးက သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် ပဋိသန္ဓေစွဲယူပြီး တခြားတစ်ဦးသည် ဝိညာဉ်တော်ထံမှ တိုက်ရိုက် ဆင်းသက်သော်လည်း၊ လူသားတစ်ဦးထံ မွေးဖွားသည်ဆိုရာတွင် မတူညီကြချေ။ နှစ်ဦးလုံးသည် အဖဘုရားသခင်၏အမှုကို ဘုရားသခင်၏လူ့ဇာတိက ဆောင်ရွက်ရာတွင် ဆင်တူကြပြီး၊ တစ်ဦးက ရွေးနုတ်ခြင်းအမှုကို ဆောင်ရွက်သော်လည်း အခြားတစ်ဦးက သိမ်းပိုက်ခြင်း အမှုကို ဆောင်ရွက်ရာတွင် မတူညီကြချေ။ နှစ်ဦးလုံးသည် အဖဘုရားသခင်ကို ကိုယ်စားပြုသော်လည်း တစ်ဦးသည် မေတ္တာနှင့် ကရုဏာတို့ဖြင့် ပြည့်နေသော ရွေးနုတ်ရှင်ဖြစ်ပြီး၊ အခြားတစ်ဦးမှာ အမျက်ဒေါသနှင့် တရားစီရင်ခြင်းတို့ဖြင့် ပြည့်နေသည့် ဖြောင့်မတ်ခြင်း၏ ဘုရားသခင်ဖြစ်၏။ တစ်ဦးသည် ရွေးနုတ်ကယ်တင်ခြင်း အမှုကို စတင်ခဲ့သည့် ဦးစီးချုပ်ဖြစ်သော်လည်း၊ အခြားတစ်ဦးသည် သိမ်းပိုက်ခြင်း အမှုကို ပြီးမြောက်သည့် ဖြောင့်မတ်သော ဘုရားသခင်ဖြစ်၏။ တစ်ဦးသည် အစဖြစ်ကာ အခြားတစ်ဦးသည် အဆုံးဖြစ်၏။ တစ်ဦးသည် အပြစ်မဲ့သော လူ့ဇာတိဖြစ်သော်လည်း၊ အခြားတစ်ဦးသည် ရွေးနုတ်ခြင်းကို ပြီးစီးစေပြီး အမှုကို ဆက်လက် ဆောင်ရွက်ကာ မည်သည့်အခါမျှ အပြစ်မရှိသည့် လူ့ဇာတိဖြစ်သည်။ နှစ်ဦးလုံးသည် ဝိညာဉ်တော်တစ်ခုတည်း ဖြစ်သော်လည်း၊ ကွဲပြားသော လူ့ဇာတိများတွင် နေထိုင်ကာ ကွဲပြားသော နေရာများတွင် မွေးဖွားခဲ့ကြပြီး၊ ၎င်းတို့သည် နှစ်ပေါင်း ထောင်ပေါင်းများစွာ ခြား၏။ သို့သော်၊ ၎င်းတို့၏အမှုအားလုံးသည် မည်သည့်အခါမျှ ကွဲလွဲခြင်းမရှိဘဲ၊ နှစ်ဦးနှစ်ဖက် လိုက်ဖက်ကြပြီး၊ တစ်ချိန်တည်း ပြောဆို၍ရသည်။ နှစ်ဦးလုံးသည် လူများဖြစ်သော်လည်း၊ တစ်ဦးသည် သားယောက်ျားလေး ဖြစ်ကာ အခြားတစ်ဦးသည် မွေးကင်းစ မိန်းကလေးဖြစ်၏။ ဤနှစ်များစွာကြာ၊ လူတို့ မြင်ထားသည့်အရာမှာ ဝိညာဉ်တော်ဖြစ်သည်သာမက၊ လူယောက်ျား လူသားတစ်ဦး ဖြစ်သည်သာမက၊ လူ့အယူအဆများနှင့် မကိုက်ညီသည့် အရာများစွာလည်း ဖြစ်သည်။ ထိုသို့ဖြစ်သဖြင့်၊ လူတို့သည် ငါ့ကို မည်သည့်အခါတွင်မျှ အပြည့်အဝ နားမလည်နိုင်ကြပေ။ ၎င်းတို့သည် ငါ တည်ရှိသော်လည်း အရိပ်ပမာ အိပ်မက်တစ်ခုလည်း ဖြစ်သည့်အလား ငါ့ကို ယုံတစ်ဝက် မယုံတစ်ဝက် ဖြစ်မြဲ ဖြစ်နေကြသည်၊ ယင်းမှာ ယနေ့ထက်ထိ၊ လူတို့က ဘုရားသခင် အဘယ်အရာဖြစ်သည်ကို မသိကြသေးသည့် အကြောင်းရင်း ဖြစ်သည်။ သင်သည် ငါ့ကို ရိုးရှင်းသည့် ဝါကျတစ်ကြောင်းတည်းဖြင့် အမှန်တကယ် အကျဉ်းရုံးဖော်ပြနိုင်သလော။ “ယေရှုသည် ဘုရားသခင်မှလွဲ၍ အခြားမဟုတ်သကဲ့သို့၊ ဘုရားသခင်သည်လည်း ယေရှုမှလွဲ၍ အခြားမဟုတ်” ဟု သင် အမှန်တကယ် ဆိုဝံ့သလော။ “ဘုရားသခင်သည် ဝိညာဉ်တော်မှလွဲ၍ အခြားမဟုတ်သကဲ့သို့၊ ဝိညာဉ်တော်သည် ဘုရားသခင်မှလွဲ၍ အခြားမဟုတ်” ဟု သင်သည် ဆိုဝံ့သလောက် အမှန်တကယ် အလွန်ရဲဝံ့သလော။ “ဘုရားသခင်သည် လူ့ဇာတိကို ဆင်မြန်းထားသည့် လူသားတစ်ဦးသာ ဖြစ်သည်” ဟု ဆိုရန် စိတ်သက်သောင့်သက်သာရှိသလော။ “ယေရှု၏ ပုံသဏ္ဌာန်သည် ဘုရားသခင်၏ ကြီးမြတ်သော ပုံသဏ္ဌာန်ဖြစ်သည်” ဟု အခိုင်အမာဆိုရန် သတ္တိ သင်၌ အမှန်တကယ် ရှိသလော။ ဘုရားသခင်၏ စိတ်သဘောထားနှင့် ပုံသဏ္ဌာန်ကို စေ့စပ်သေချာစွာ ရှင်းပြရန် သင်၏ စကားပြောကောင်းခြင်းကို သင် အသုံးပြုနိုင်သလော။ “ဘုရားသခင်သည် သူ၏ သဏ္ဌာန်နှင့်အညီ အမျိုးသမီးများ မဟုတ်ဘဲ အမျိုးသားကိုသာ ဖန်ဆင်းခဲ့သည်” ဟု သင် အမှန်တကယ် ပြောဝံ့သလော။ သင်သည် ဤသို့ပြောပါက၊ ငါရွေးချယ်သည့်အထဲတွင် အမျိုးသမီး ရှိမည်မဟုတ်ဘဲ၊ အမျိုးသမီးများသည် လူသားမျိုးနွယ်၏ အတန်းအစားတစ်ခု သာ၍ပင် ဖြစ်မည် မဟုတ်ပေ။ ယခုတွင် ဘုရားသခင်က မည်သည့်အရာဖြစ်သည်ကို သင် အမှန်တကယ် သိပြီလော။ ဘုရားသခင်သည် လူသားတစ်ဦးလော။ ဘုရားသခင်သည် ဝိညာဉ်တစ်ပါးလော။ ဘုရားသခင်သည် အမှန်တကယ် အမျိုးသား တစ်ဦးလော။ ငါ လုပ်ဆောင်ရမည့် အမှုကို ယေရှုသာ ပြီးစီးစေနိုင်သလော။ ငါ၏အနှစ်သာရကို အချုပ်ဖော်ပြရန် အထက်ပါအနက် တစ်ခုကိုသာ သင်ရွေးချယ်ပါက၊ သင်သည် အလွန့်အလွန် မသိနားမလည်သည့် သစ္စာစောင့်သည့် ယုံကြည်သူတစ်ဦး ဖြစ်ပေလိမ့်မည်။ ငါသည် တစ်ကြိမ် တစ်ခါတည်းသာ လူ့ဇာတိခံ ခန္ဓာအဖြစ် အမှုပြုခဲ့ပါက၊ သင်သည် ငါ့ကို ဘောင်ခတ်မည်လော။ ငါ့ကို အကြည့်တစ်ချက်ဖြင့် သင်သည် အမှန်တကယ် လုံးလုံးလျားလျား နားလည်နိုင်မည်လော။ သင်၏ တစ်သက်တာအတွင်း သင်နှင့် ထိတွေ့ခဲ့သည့် အရာအပေါ် အခြေခံ၍ ငါ့ကို သင် အမှန်တကယ် လုံးဝ အကျဉ်းရုံးဖော်ပြနိုင်သလော။ ငါသည် ငါ၏ လူ့ဇာတိခံခြင်းနှစ်ခုလုံးတွင် တူညီသည့် အမှုကို ပြုခဲ့ပါက၊ သင်တို့သည် ငါ့ကို မည်သို့ သဘောပေါက်မည်နည်း။ သင်တို့သည် ငါ့ကို ကားတိုင်ပေါ် အစဉ်အမြဲ သံမှိုရိုက်လျက် ထားရစ်မည်လော။ ဘုရားသခင်သည် သင် အခိုင်အမာဆိုသလောက် ရိုးရှင်းသလော။

သင်တို့၏ ယုံကြည်ခြင်းသည် လွန်စွာစစ်မှန်သော်လည်း၊ သင်တို့အထဲမှ မည်သူမျှ ငါ့အကြောင်းကို အပြည့်အဝ မပြောပြနိုင်ကြ၊ မည်သူမျှ သင်တို့ မြင်သည့် အချက်အလက်များအားလုံးကို အပြည့်အဝ သက်သေမခံနိုင်ကြချေ။ ယင်းနှင့်ပတ်သက်၍ စဉ်းစားကြည့်ကြလော့- ယနေ့တွင်၊ သင်တို့အများစုသည် သင်တို့၏ တာဝန်များကို ပျက်ကွက်နေကြ၏၊ ယင်းအစား ဇာတိပကတိကို လိုက်စားနေကြသည်၊ ဇာတိပကတိကို ဆန္ဒဖြည့်နေကြပြီး ဇာတိပကတိကို လောဘတကြီး မွေ့လျော်ခံစားနေကြ၏။ သင်တို့သည် မပြောပလောက်သော သမ္မာတရား ပိုင်ဆိုင်ကြ၏။ သို့ဆိုလျှင် သင်တို့ မြင်ပြီးသမျှအားလုံးအဖို့ မည်သို့ သက်သေခံနိုင်မည်နည်း။ သင်တို့သည် ငါ၏သက်သေများဖြစ်နိုင်သည်ဟု အမှန်တကယ် မိမိကိုယ်ကိုယ် ယုံကြည်စိတ်ချနိုင်ကြသလော။ ယနေ့ သင် မြင်တွေ့ပြီးသမျှအားလုံးကို သင် သက်သေမခံနိုင်သည့်နေတစ်နေ့ ရောက်လာပါက၊ သင်သည် ဖန်ဆင်းခံသတ္တဝါများ၏ အသုံးဝင်မှု ဆုံးရှုံးပြီး ဖြစ်လိမ့်မည်ဖြစ်ပြီး၊ သင်၏ တည်ရှိခြင်းအတွက် မည်သည့်အဓိပ္ပါယ်မျှ ရှိမည်မဟုတ်ပေ။ သင်သည် လူသားတစ်ဦး ဖြစ်ထိုက်လိမ့်မည် မဟုတ်။ သင်သည် လူသားတစ်ဦး ဖြစ်လိမ့်မည် မဟုတ်ဟုပင် ပြော၍ရနိုင်သည်။ ငါသည် သင့်အပေါ် အတိုင်းမသိ အမှုကို လုပ်ဆောင်ပြီးဖြစ်သော်လည်း၊ သင်သည် လောလောဆယ်တွင် မည်သည့်အရာကိုမျှ သင်ယူမနေ၊ မည်သည့်အရာမျှ မသိသကဲ့သို့ သင်၏ အားထုတ်မှုများ မထိရောက်သောကြောင့်၊ ငါ၏အမှုကို တိုးချဲ့ရန် ငါ့အတွက် အချိန်ကျလာသည့်အခါတွင်၊ သင်သည် အာစေးထည့်ထား၍ လုံးဝ အသုံးမကျဘဲ ငေးကြောင်ကြည့်ရုံသာ ကြည့်လိမ့်မည် ဖြစ်သည်။ ယင်းက သင့်ကို အစဉ်အမြဲ အပြစ်သား ဖြစ်စေမည် မဟုတ်လော။ အချိန်ကျသည့်အခါ၊ သင်သည် အကြီးမားဆုံးသော နောင်တ ခံစားရမည် မဟုတ်လော။ သင်သည် သာ၍ဆိုးရွားစွာ စိတ်ပျက်လက်ပျက်ဖြစ်လိမ့်မည်မဟုတ်လော။ ယနေ့ ငါ၏အမှုအားလုံးသည် အားနေခြင်းနှင့် ပျင်းရိရာမှ လုပ်ဆောင်သည်မဟုတ်ဘဲ၊ ငါ၏ အနာဂတ်အမှုအတွက် အခြေခံအုတ်မြစ် ချခင်းရန် လုပ်ဆောင်နေခြင်း ဖြစ်သည်။ ငါသည် ထွက်ပေါက်မရှိသော အခြေအနေတွင်ရှိပြီး အသစ်သောအရာတစ်ခုကို အကြံထုတ်ဖို့ လိုအပ်သောကြောင့် မဟုတ်ပေ။ ငါ လုပ်ဆောင်သည့် အမှုကို သင် နားလည်သင့်သည်။ ယင်းသည် လမ်းပေါ်၌ ကစားနေသော ကလေးတစ်ဦးက လုပ်ဆောင်သည့် အရာတစ်ခုမဟုတ်ဘဲ၊ ငါ့အဖကို ကိုယ်စားပြုခြင်းဖြင့် လုပ်ဆောင်သည့် အမှုဖြစ်သည်။ ဤအရာအားလုံးကို ငါကိုယ်တိုင် တစ်ဦးတည်း လုပ်ဆောင်နေခြင်း မဟုတ်သည်ကို သင်တို့သိသင့်သည်။ ယင်းထက်၊ ငါသည် ငါ့အဖကို ကိုယ်စားပြုခြင်း ဖြစ်သည်။ ဤအတောအတွင်း၊ သင်တို့၏ အခန်းကဏ္ဍသည် တစ်သဝေမတိမ်း လိုက်လျှောက်ရန်၊ နာခံရန်၊ ပြောင်းလဲရန်နှင့် သက်သေခံရန် ဖြစ်သည်။ သင်တို့ နားလည်သင့်သည်မှာ ငါ့ကို သင်တို့ ယုံကြည်သင့်သည့် အကြောင်းရင်း ဖြစ်သည်။ ဤသည်မှာ သင်တို့ အသီးသီး နားလည်ရမည့် အရေးကြီးဆုံး မေးခွန်းဖြစ်သည်။ ငါ့အဖသည် သူ၏ ဘုန်းအသရေအတွက် ဤလောကကို သူ ဖန်ဆင်းခဲ့သည့် အခိုက်အတန့်မှ သင်တို့အားလုံးကို ငါ့အတွက် ရှေးမဆွက ခွဲခန့်မှတ်သားပြီးဖြစ်၏။ သင်တို့ကို သူ ခွဲခန့်မှတ်သားထားသည်မှာ ငါ၏အမှုအတွက်ဖြစ်ပြီး၊ သူ၏ ဘုန်းအသရေအတွက် ဖြစ်သည်။ သင်တို့ ငါ့ကို ယုံကြည်ကြသည်မှာ ငါ၏ ဖခမည်းတော်ကြောင့် ဖြစ်သည်။ သင်တို့ ငါ့နောက်လိုက်ကြသည်မှာ ငါ၏ အဖခမည်းတော်၏ ရှေးမဆွက ခွဲခန့်မှတ်သားခြင်းကြောင့် ဖြစ်သည်။ ဤအရာထဲမှ မည်သည့်အရာမျှ သင်တို့ကိုယ်တိုင်၏ ရွေးချယ်မှု မဟုတ်ပေ။ သာ၍ အရေးကြီးသည်မှာ ငါ့ကို သက်သေခံခြင်း ရည်ရွယ်ချက်အတွက် ငါ၏ ဖခမည်းတော်က ငါ့အပေါ် အပ်နှင်းသူများမှာ သင်တို့ ဖြစ်သည်ကို သင်တို့ နားလည်ရန် ဖြစ်သည်။ သင်တို့ကို ငါ့အား သူပေးခဲ့သောကြောင့်၊ သင်တိုသည် သင်တို့အပေါ် ငါ အပ်နှင်းသော လမ်းခရီးများအပြင် သင်တို့ကို ငါ သွန်သင်သည့် လမ်းခရီးများနှင့် နှုတ်ကပတ်တော်များကို လိုက်နာသင့်သည်။ အဘယ်ကြောင့်ဆိုသော် ငါ၏ လမ်းခရီးများကို လိုက်နာစောင့်ထိန်းရန်မှာ သင်တို့၏ တာဝန်ဖြစ်သည့်အတွက် ဖြစ်သည်။ ဤသည်မှာ ငါ့ကို သင်တို့ ယုံကြည်ခြင်း၏ မူလရည်ရွယ်ချက်ဖြစ်သည်။ ထို့ကြောင့် သင်တို့ကို ငါ ပြောသည်မှာ- သင်တို့သည် ငါ၏ လမ်းခရီးများကို လိုက်နာရန် ငါ့အဖက ငါ့အပေါ် အပ်နှင်းထားသော သူများသာ ဖြစ်သည်။ သို့ရာတွင်၊ သင်တို့သည် ငါ့ကို ယုံကြည်ရုံသာ ယုံကြည်ကြ၏။ သင်တို့သည် ဣသရေလမိသားစုမှ မဟုတ်ဘဲ၊ ထိုအစား ရှေးဟောင်းမြွေ၏ အမျိုးဖြစ်သောကြောင့် ငါနှင့် မသက်ဆိုင်ကြချေ။ သင်တို့လုပ်ဆောင်ရန် ငါတောင်းဆိုသမျှမှာ ငါ့အတွက် သက်သေခံရန် ဖြစ်သော်လည်း၊ ယနေ့တွင် သင်တို့သည် ငါ၏ လမ်းခရီးများ၌ လျှောက်လှမ်းကြရမည်ဖြစ်သည်။ ဤအရာအားလုံးသည် အနာဂတ် သက်သေခံချက်အတွက် ဖြစ်၏။ ငါ၏ လမ်းခရီးများကို နားထောင်သည့် လူများအဖြစ်သာ သင်တို့ လုပ်ဆောင်ပါက၊ သင်တို့သည် တန်ဖိုးရှိလိမ့်မည် မဟုတ်သကဲ့သို့၊ သင်တို့ကို ငါ၏ ခမည်းတော်က ငါ့အပေါ် အပ်နှင်းရခြင်း၏ အရေးပါမှု ပျောက်ဆုံးလိမ့်မည် ဖြစ်သည်။ သင်တို့ကို ငါ ခိုင်ခိုင်မာမာ ပြောသည်မှာ- သင်တို့သည် ငါ၏ လမ်းခရီးများတွင် လျှောက်လှမ်းသင့်ကြပေသည်။

အရှေ့သို့- ကောင်းချီးမင်္ဂလာများနှင့် ပတ်သက်ပြီး သင်တို့၏နားလည်ချက်မှာ အဘယ်နည်း

နောက်တစ်ခုသို့- စစ်မှန်သောလူတစ်ယောက် ဖြစ်ခြင်းဆိုသည်မှာ

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။