၁၄၄ ကျွန်ုပ်နှလုံးသားရဲ့ဆန္ဒသည် ဘုရားကို ချစ်ရန်ဖြစ်၏

၁ ဆိုးဝါးတဲ့လောကထဲ နေပြီး သမ္မတရားဆိုတာကို ကျွန်ုပ်မသိခဲ့ဖူးပါ။ အနန္တတန်ခိုးရှင် ဘုရားရဲ့နူတ်ကပတ်တော် ဖတ်ပြီး၊ ကျွန်ုပ် ဘဝ အဓိပ္ပာယ် တွေ့ခဲ့။ စစ်မှန်သော အလင်း လောကထဲရောက်လာ၊ ခရစ်တော်သည် သမ္မာတရား၊ လမ်းခရီးနှင့် အသက်ပင်။ ဘုရား၏နူတ်ကပတ်တော်တွေရဲ့ရေလောင်းခြင်းနဲ့ အားဖြစ်စေခြင်းတို့ကို ခံရရင်း၊ ကျွန်ုပ် ထာဝရအသက် လမ်းခရီးကို ရရှိပြီ။ ယင်းတို့ကို လက်တွေ့လုပ်ဆောင်ခြင်းနဲ့ တွေ့ကြုံခံစားခြင်းကြောင့် ကျွန်ုပ် ဘဝမှာ တဖြည်းဖြည်း ကြီးထွားလာပြီး၊ ကျွန်ုပ်၏စိတ်နှလုံးက သမ္မာတရားကို ပိုလို့တောင် တန်ဖိုးထားတယ်၊ ဘုရားရဲ့ နူတ်ကပတ်တော်တွေအားဖြင့် ကျွန်ုပ်ရဲ့အသက်ကို ပေးပါတယ်။ ခရစ်တော်ဟာ လက်တွေ့ကျသော ဘုရားသခင် ဖြစ်တယ်။ ကျွန်ုပ် ချီးမွမ်းခြင်းများ၊ကျေးဇူးများ ကမ်းလှမ်းပါ၏။ ကျွန်ုပ်၏ လှိုက်လှဲသော ဆန္ဒက ဘုရားသခင်ကို ချစ်ဖို့ဖြစ်သည်။ သူ့ကို ကျွန်ုပ် ချစ်လိုသည်။ ဟာလေလုယာ။

၂ ဘုရားသခင်၏နှုတ်ကပတ်တော်များက လူ၏ နက်နဲသော ဖောက်ပြန်ပျက်စီးမှုနှင့်သက်ဆိုင်သည့် စစ်မှန်သော သဘောသဘာဝနှင့် အရင်းအမြစ်ကို ချပြပြီး ဖြစ်သည်။ လူများသည် မာနထောင်လွှားသည်၊ စိတ်ကြီးဝင်သည်၊ တစ်ကိုယ်ကောင်းဆန်သည်၊ လှည့်စားပြီး အသိစိတ်နှင့် ဆင်ခြင်တုံတရားအားလုံး ကင်းမဲ့သည်။ ကျွန်ုပ်သည် ချစ်ခြင်းမေတ္တာကို လိုက်စားပြီး ဘုရားသခင်ကို နာခံလိုသော်လည်း၊ သူ့အပေါ် အစဉ် ပုန်ကန်လိုစိတ်ရှိပြီး ဆန့်ကျင်လိုသည်။ သူ့အတွက် ကျွန်ုပ် အသုံးခံသည့်အရာ အလွန်များစွာသည် စွန်းထင်းနေပြီး ယင်းတို့အားလုံးကို အပြန်အလှန်အားဖြင့် ကောင်းကင်ဘုံ၏ ကောင်းကြီးမင်္ဂလာများ ခံစားရဖို့ ကျွန်ုပ် လုပ်ဆောင်သည်။ ကျွန်ုပ်၏ ဖောက်ပြန်ပျက်စီးသော၊ အကျည်းတန်သော မျက်နှာထားကို မြင်လျက်၊ မိမိကိုယ်ကိုယ် ကျွန်ုပ် စက်ဆုပ်ပြီး စိတ်ထဲ၌ နောင်တရသည်။ ကျွန်ုပ်သည် ဘုရားသခင်၏တရားစီရင်ခြင်းနှင့် သန့်စင်ခြင်းတို့ကို လက်ခံဖို့၊ ကျွန်ုပ်၏ဖောက်ပြန်ပျက်စီးခြင်းကို ခါချဖို့၊ ပြီးလျှင် သူ့အတွက် ကျွန်ုပ်၏ ချစ်ခြင်းမေတ္တာတွင် သန့်စင်ဖို့ ဆန္ဒရှိသည်။ ခရစ်တော်သည် ကျွန်ုပ်၏ ချစ်လှစွာသောသူဖြစ်သည်။ သူသည် လူတို့၏ထာဝရ ချစ်ခြင်းမေတ္တာနှင့် ထိုက်တန်သည်။ ကျွန်ုပ်၏ လှိုက်လှဲသော ဆန္ဒက ဘုရားသခင်ကို ချစ်ဖို့ဖြစ်သည်။ သူ့ကို ကျွန်ုပ် ချစ်လိုသည်။ ဟာလေလုယာ။

၃ ဘုရားသခင် ဖော်ပြသည့် သမ္မာတရားများအားလုံးက လူသားအသက်တာနှင့်သက်ဆိုင်သော အလင်းကို ကျွန်ုပ်အား ပြပြီးဖြစ်သည်။ စမ်းသပ်မှုများ၊ နာကျင်မှုနှင့် စစ်ဆေးခြင်းတို့မှတစ်ဆင့် ကျွန်ုပ်သည် ဘုရားသခင်ကို ရိုသေလေးမြတ်ပြီး ကျိုးနွံနာခံလာသည်။ သူ့နှုတ်ကပတ်တော်များက ကျွန်ုပ်ကို သန့်စင်ပြီး ကယ်တင်သည်၊ စာတန်၏ အမှောင် အင်အားများမှ ကျွန်ုပ်အား ကယ်ထုတ်သည်၊ ပြီးလျှင် ကျွန်ုပ်၏ အသက်တာ စိတ်သဘောထား၌ ပြောင်းလဲမှု ဖြစ်ပေါ်စေသည်၊ ပြီးလျှင် ကျွန်ုပ်သည် နောက်ဆုံးတွင် ဘုရားသခင်နှင့် သဟဇာတဖြစ်နိုင်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံခံစားခြင်းနှင့် လက်တွေ့လုပ်ဆောင်ခြင်းတို့အားဖြင့်သာ ကျွန်ုပ်က သမ္မာတရားသည် အသက်ဖြစ်ပြီး အလွန် အဖိုးထိုက်တန်သည်ကို သတိပြုမိလာသည်။ ကျွန်ုပ်၏ ဖောက်ပြန်ပျက်စီးခြင်းကို ခါချပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းအားဖြင့်သာလျှင် ကျွန်ုပ်သည် စစ်မှန်သော လူသားပုံသဏ္ဌာန်ကို ရှင်သန်ပြီးဖြစ်သည်။ ခရစ်တော်သည် လက်တွေ့ကျသော ဘုရားသခင်ဖြစ်ပြီး ကျွန်ုပ်သည် သူ့ကို ထာဝရချစ်မည်။ ကျွန်ုပ်၏ လှိုက်လှဲသော ဆန္ဒက ဘုရားသခင်ကို ချစ်ဖို့ဖြစ်သည်။ သူ့ကို ကျွန်ုပ် ချစ်လိုသည်။ ဟာလေလုယာ။

အရှေ့သို့- ၁၄၃ အို ဘုရားရှင်၊ ကျွန်ုပ်နှလုံးသား ကိုယ်တော့်ကို ထာဝရတွယ်တာမည်

နောက်တစ်ခုသို့- ၁၄၅ လေနှင့် မိုးကို ဖြတ်၍

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၆၃၂ ဘုရားသခင်၏ဒဏ်ခတ်ခြင်းနှင့် စစ်ကြောခြင်းကို ချစ်ခြင်းမေတ္တာဟူ၍ သိမှတ်ပါ

၁စစ်ကြောခြင်းနဲ့ဆုံးမခြင်းဟာ လူသားရဲ့အပြစ်များ၊ အသွေးအသားကို ဒဏ်ခတ်ဖို့ ရည်ရွယ်သော သန့်စင်ခြင်း၊ ညှာတာမှုကင်းသော ထုတ်ဖော်မှုတွေပါဒီ...

၃၉၆ လူတို့၏မှန်ကန်သော ယုံကြည်ခြင်းကို ဘုရားသခင် မျှော်လင့်သည်

၁ဘုရားသခင်သည် လူ့အတွက် တင်းကြပ်သောစံအမြဲထားရှိသည်။သင်၏သစ္စာစောင့်သိခြင်းသည် အခြေအနေများအပေါ် မူတည်ပါကသင်၏ အမည်ခံယုံကြည်ခြင်းကို...

၇၉၉ ဘုရားအမှုတော်၏ ရည်ရွယ်ချက်ပန်းတိုင်

၁ဘုရားရဲ့အမှုတော်များစွာထဲမှာစစ်မှန်သောကိုယ်တွေ့ ရှိသူတိုင်း ဘုရားကို ချစ်ကြောက်ကြသည်ဘုရားရဲ့စစ်ကြောခြင်းနှင့်ဆုံးမခြင်းက လူသားတို့ကို...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။