အလွန်ကြီးလေးသော ပြဿနာတစ်ခု- သစ္စာဖောက်ခြင်း (၁)

များမကြာမီ ငါ၏အမှု ပြီးစီးမည်ဖြစ်ကာ အတူဖြတ်သန်းသော နှစ်ပေါင်းစွာသည် မခံရပ်နိုင်သော မှတ်ဉာဏ်တစ်ခု ဖြစ်လာလေပြီ။ ငါသည် ငါ၏နှုတ်ကပတ်တော်တို့ကို မရပ်မနား ထပ်တလဲလဲ ပြောဆိုကာ ငါ၏ အမှုသစ်ကို စဉ်ဆက်မပြတ် ဆောင်ရွက်လေပြီ။ ဟုတ်ပေ၏၊ ငါ၏ အကြံပြုချက်သည် ငါလုပ်ဆောင်သော အမှု အပိုင်းအစ အသီးသီး၏ မရှိမဖြစ် လိုအပ်သော အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ ငါ၏ အကြံဉာဏ်မပါဘဲနှင့်၊ သင်တို့အားလုံး လမ်းလွဲသွားမည် ဖြစ်သည့်အပြင် လုံးဝ ဘာလုပ်ရ၊ ဘာပြောရမှန်းမသိပင် ဖြစ်နေကြကြောင်း သင်တို့ကိုယ်သင်တို့ တွေ့လိမ့်မည်။ ငါ၏အမှုသည် ယခု ပြီးစီးတော့မည်ဖြစ်ပြီး ယင်း၏ နောက်ဆုံးအဆင့်တွင် ရှိ၏။ အကြံဉာဏ် ပေးခြင်းအမှုကို ငါ လုပ်ဆောင်ဖို့ ဆန္ဒရှိသေး၏၊ ဆိုလိုသည်မှာ သင်တို့ ကြားဖို့ အကြံပြုစကားများ ပေးရန်ဖြစ်သည်။ ငါမျှော်လင့်သည်မှာ သင်တို့အနေဖြင့် ငါ ခံစားပြီးဖြစ်သည့် နာကျင်မှုများကို အလဟဿဖြစ်ခွင့် ပေးနိုင်ကြမည် မဟုတ်သကဲ့သို့၊ ထို့ထက် ငါလုပ်ဆောင်ပြီးဖြစ်သည့် စဉ်းစဉ်းစားစား စောင့်ရှောက်မှုကို သင်တို့ နားလည်နိုင်ကာ၊ ငါ၏နှုတ်ကပတ်တော်များကို လူသားတစ်ဦးအနေနှင့် သင်တို့ ပြုမူပုံ၏ အခြေခံအုတ်မြစ်အဖြစ် သဘောထားနိုင်ကြလိမ့်မည်ဟုသာ ဖြစ်သည်။ ငါ၏ နှုတ်ကပတ်တော်များသည် သင်တို့ နားထောင်လိုသည့် စကားမျိုး ဖြစ်သည်ဖြစ်စေ၊ မဖြစ်သည်ဖြစ်စေ၊ ၎င်းတို့အား လက်ခံရခြင်း၌ သင်တို့ မွေ့လျော်သည်ဖြစ်စေ မမွေ့လျော်သည်ဖြစ်စေ၊ သို့မဟုတ် ကသိကအောက်ဖြစ်ခြင်းဖြင့်သာ ၎င်းတို့ကို သင်တို့ လက်ခံနိုင်သည်ဖြစ်စေ၊ ထိုနှုတ်ကပတ်တော်တို့ကို သင်တို့ အလေးအနက် သဘောထားရမည်။ သို့မဟုတ်ပါက သင်တို့၏ သာမန်ကာလျှံကာဖြစ်ပြီး အရေးမစိုက်သော စိတ်သဘောထားများနှင့် ပြောဆိုပြုမူပုံတို့သည် ငါ့ကို အပြင်းအထန် စိတ်မချမ်းမြေ့ဖြစ်စေမည်ဖြစ်ပြီး၊ ဧကန်အမှန် ငါ့ကို စက်ဆုပ်ရွံရှာစေလိမ့်မည်။ သင်တို့အားလုံးသည် ငါ၏ နှုတ်ကပတ်တော်များကို အဖန်တလဲလဲ-အကြိမ်ထောင်ချီ- ဖတ်ရှုနိုင်ပြီး ၎င်းတို့ကို အလွတ်ကျက်မှတ်၍ပင် သိရှိလာနိုင်မည်ဟု ငါလွန်စွာ မျှော်လင့်သည်။ ဤနည်းဖြင့်သာ သင်တို့သည် သင်တို့နှင့်ဆိုင်သော ငါ၏မျှော်လင့်ချက်များကို ပျက်ကွက်နိုင်မည် မဟုတ်ချေ။ သို့ရာတွင် ယခုအခါ သင်တို့ တစ်ဦးတစ်ယောက်မျှ ဤသို့ အသက်ရှင်ခြင်း မရှိကြပေ။ ဆန့်ကျင်ဘက်အနေဖြင့်၊ သင်တို့အားလုံးသည် ကိုယ်ကျင့်တရားပျက်သော ဘဝတစ်ခု၊ သင်တို့ အားရကျေနပ်သည်အထိ စားသောက်သည့် ဘဝတစ်ခုတွင် နစ်မြုပ်ကြပြီး၊ သင်တို့ထဲမှ မည်သူမျှ သင်တို့၏ စိတ်နှလုံးနှင့် စိတ်ဝိညာဉ်ကို ကြွယ်ဝချမ်းသာစေဖို့ ငါ၏နှုတ်ကပတ်တော်များကို အသုံးမပြုကြပေ။ ဤအကြောင်းကြောင့် လူသားမျိုးနွယ်၏ စစ်မှန်သော စရိုက်နှင့်ပတ်သက်၍ ကောက်ချက်တစ်ခု ချလိုက်ပြီဖြစ်သည်- လူသားသည် ငါ့ကို အချိန်မရွေး သစ္စာဖောက်နိုင်ပြီး မည်သူမျှ ငါ၏ နှုတ်ကပတ်တော်များကို အကြွင်းမဲ့ သစ္စာမရှိနိုင်ပေ။

“လူသားသည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကို အလွန်ခံရပြီးဖြစ်သည်မှာ လူ့အသွင်သဏ္ဌာန် မရှိတော့ချေ။” လူအများစုက ဤစကားရပ်ကို အတိုင်းအတာတစ်ခုထိ ယခု သတိပြုမိကြသည်။ ငါရည်ညွှန်းသည့် “သတိပြုမိခြင်း” သည် စစ်မှန်သော အသိပညာနှင့် ဆန့်ကျင်ဘက်ဖြစ်သော အပေါ်ယံ အသိအမှတ်ပြုခြင်းမျှသာ ဖြစ်သောကြောင့် ဤအရာကို ငါပြောရခြင်း ဖြစ်သည်။ သင်တို့တွင် မည်သူမျှ မိမိကိုယ်ကိုယ် တိတိကျကျ အကဲဖြတ်ခြင်း သို့မဟုတ် စေ့စပ်စွာ စိစစ်နိုင်ခြင်း မရှိသဖြင့်၊ သင်တို့သည် ငါ၏နှုတ်ကပတ်တော်များနှင့် ပတ်သက်၍ မရေမရာ ဖြစ်မြဲဖြစ်ကြလေသည်။ သို့သော် ယခုတစ်ကြိမ်တွင် ငါသည် သင်တို့အတွင်း၌ တည်ရှိသော အဆိုးရွားဆုံး ပြဿနာကို ရှင်းပြဖို့ အမှန်တရားများကို ငါအသုံးပြုလျက် ရှိသည်။ ထိုပြဿနာသည် သစ္စာဖောက်ခြင်း ဖြစ်သည်။ သင်တို့အားလုံးသည် “သစ္စာဖောက်ခြင်း” ဟူသည့် စကားနှင့် ရင်းနှီးကြ၏၊ အဘယ်ကြောင့်ဆိုသော် လူအများစုသည် လင်ယောက်ျားက မိမိမယားကို သစ္စာဖောက်ခြင်း၊ မယားက မိမိလင်သားကို သစ္စာဖောက်ခြင်း၊ သားဖြစ်သူက ဖခင်ကို သစ္စာဖောက်ခြင်း၊ သမီးဖြစ်သူက သူမ၏မိခင်ကို သစ္စာဖောက်ခြင်း၊ ကျွန်ဖြစ်သူက သူ၏သခင်ကို သစ္စာဖောက်ခြင်း၊ မိတ်ဆွေအချင်းချင်း သစ္စာဖောက်ခြင်း၊ ဆွေမျိုးသားချင်း အချင်းချင်းသစ္စာဖောက်ခြင်း၊ ကုန်ရောင်းသူများက ဝယ်သူတို့ကို သစ္စာဖောက်ခြင်း စသည်တို့ကဲ့သို့သော သူတစ်ပါးကို သစ္စာဖောက်သည့် အရာတစ်ခုခု လုပ်မိကြပြီး ဖြစ်သောကြောင့် ဖြစ်သည်။ ဤသာဓကများအားလုံးတွင် သစ္စာဖောက်ခြင်း၏ အနှစ်သာရ ပါရှိ၏။ အတိုချုပ်အားဖြင့်၊ သစ္စာဖောက်ခြင်းသည် ကတိတစ်ခုကို ချိုးဖောက်ခြင်း၊ ကိုယ်ကျင့်တရား စည်းမျဉ်းများကို ချိုးဖောက်ခြင်း၊ သို့မဟုတ် လူမှု ကျင့်ဝတ်များကို ဆန့်ကျင်လျက် ပြုမူခြင်း၊ လူသားသဘာဝ ဆုံးရှုံးမှု ပြသခြင်း ပုံစံတစ်ခု ဖြစ်သည်။ ယေဘုယျအားဖြင့် ပြောရလျှင်၊ ဤလောကထဲသို့ မွေးဖွားခဲ့သည့် လူသားတစ်ဦးအနေဖြင့်၊ အခြားလူသား တစ်ဦးအပေါ် သစ္စာဖောက်သည့် တစ်ခုခု လုပ်ဖူးသည်ကို သတိရသည်ဖြစ်စေ သို့မဟုတ် ယခင်က အခြားသူများကို ကြိမ်ဖန်များစွာ သစ္စာဖောက်ဖူးသည်ဖြစ်စေ၊ သင်တို့သည် သမ္မာတရားကို သစ္စာဖောက်ခြင်းနှင့်ညီမျှသည့် အရာတစ်ခုကို ကျူးလွန်ပြီး ဖြစ်ပေလိမ့်မည်။ သင်၏မိဘများ သို့မဟုတ် မိတ်ဆွေများကို သင် သစ္စာဖောက်နိုင်စွမ်း ရှိသဖြင့်၊ သင်သည် တစ်ပါးသူများကို သစ္စာဖောက်နိုင်စွမ်းရှိပြီး၊ ထို့အပြင် ငါ့ကို သစ္စာဖောက်နိုင်စွမ်း ရှိကာ ငါစက်ဆုပ်သောအရာများကို လုပ်နိုင်စွမ်းရှိပေသည်။ တစ်နည်းအားဖြင့်ပြောရလျှင်၊ သစ္စာဖောက်ခြင်းသည် အပေါ်ယံ အကျင့်ပျက်သော အပြုအမူတစ်ခုမျှသာ မဟုတ်ဘဲ၊ သမ္မာတရားနှင့် ဆန့်ကျင်သည့် အရာတစ်ခု ဖြစ်သည်။ ဤသည်မှာ ငါ့အပေါ် လူသားမျိုးနွယ်၏ ခုခံခြင်းနှင့် မနာခံခြင်း၏ အရင်းအမြစ် အတိအကျ ဖြစ်သည်။ ထို့ကြောင့် အောက်ပါ ထွက်ဆိုချက်ဖြင့် ငါ အကျဉ်းချုပ်ရခြင်း ဖြစ်သည်- သစ္စာဖောက်ခြင်းသည် လူ့သဘာဝ ဖြစ်ပြီး၊ ဤသဘာဝသည် ငါနှင့် ကိုက်ညီသည့် လူအသီးသီး၏ ကြီးမားသော ရန်သူ ဖြစ်သည်။

ငါ့ကို အကြွင်းမဲ့ မနာခံနိုင်သော အပြုအမူသည် သစ္စာဖောက်ခြင်း ဖြစ်၏။ ငါ့အပေါ် သစ္စာမစောင့်သိနိုင်သည့် အပြုအမူသည် သစ္စာဖောက်ခြင်း ဖြစ်သည်။ ငါ့ကို လှည့်ဖြားခြင်းနှင့် ငါ့ကို လှည့်စားရန် မုသားများကို သုံးခြင်းသည် သစ္စာဖောက်ခြင်း ဖြစ်သည်။ အယူအဆများစွာကို သိုထားခြင်းနှင့် ထိုအယူအဆများကို နေရာအနှံ့တွင် ဖြန့်ခြင်းသည် သစ္စာဖောက်ခြင်း ဖြစ်၏။ ငါ၏ သက်သေခံချက်များနှင့် အကျိုးစီးပွားများကို မထိန်းသိမ်းနိုင်ခြင်းသည် သစ္စာဖောက်ခြင်း ဖြစ်သည်။ စိတ်နှလုံးထဲ၌ ငါနှင့် ဝေးကွာချိန်တွင် ဟန်ဆောင်အပြုံးများ ပြုံးပြခြင်းသည် သစ္စာဖောက်ခြင်း ဖြစ်၏။ ဤအရာများအားလုံးသည် သင်တို့ အမြဲလုပ်နိုင်စွမ်းရှိခဲ့သည့် သစ္စာဖောက်ခြင်း လုပ်ရပ်များဖြစ်ပြီး၊ ၎င်းတို့သည် သင်တို့ကြားတွင် မဆန်းတော့ပေ။ သင်တို့ထဲမှ မည်သူမျှက ဤအရာကို ပြဿနာတစ်ခုအဖြစ် ထင်ကြမည် မဟုတ်နိုင်သော်လည်း၊ ငါ တွေးထင်သည်မှာ ဤသို့မဟုတ်ပေ။ ငါသည် ငါ့အပေါ် လူတစ်ဦး၏ သစ္စာဖောက်ခြင်းအား အရေးမကြီးသော ကိစ္စတစ်ခုအဖြစ် သဘောမထားနိုင်သကဲ့သို့၊ ထိုအရာကို ဧကန်မုချ ငါ လျစ်လျူမရှုနိုင်။ ယခုတွင် ငါသည် သင်တို့အလယ် အလုပ်လုပ်သည့်အချိန်တွင်၊ သင်တို့သည် ဤနည်းဖြင့် ပြုမူကြ၏- သင်တို့ကို စောင့်ရှောက်မည့်သူ တစ်ဦးမျှမရှိသည့် နေ့ရောက်လာပါက၊ သင်တို့သည် မိမိတို့၏ တောင်သေးလေးများ၏ ရှင်ဘုရင်များအဖြစ် မိမိတို့ကိုယ်ကိုယ် ကြွေးကြော်ခဲ့ကြသည့် ဓားပြများကဲ့သို့ ဖြစ်ကြလိမ့်မည် မဟုတ်လော။ ထိုသို့ ဖြစ်ပျက်ပြီး ကပ်ဘေးတစ်ခုကို သင်တို့ ဖြစ်စေသည့်အခါ၊ သင့်နောက်တွင် ရှင်းလင်းဖို့ မည်သူ ရှိလိမ့်မည်နည်း။ အချို့သော သစ္စာဖောက်သည့် လုပ်ရပ်များသည် သင်တို့၏ ထပ်တလဲလဲ ဖြစ်သော အပြုအမူမဟုတ်ဘဲ၊ ရံဖန်ရံခါဖြစ်တတ်သော ဖြစ်ရပ်များမျှသာ ဖြစ်ပြီး၊ သင်တို့၏ မာနကို ထိခိုက်သည့်နည်းလမ်းဖြင့် ထိုသို့ ပြင်းပြင်းထန်ထန် ဆွေးနွေးဖို့ မထိုက်တန်ဟု သင်တို့ ထင်ကြသည်။ သင်တို့သည် ထိုသို့အမှန်တကယ် တွေးထင်ပါက၊ သင်တို့သည် အသိစိတ်မဲ့ကြပေသည်။ ထိုသို့တွေးခြင်းသည် ပုန်ကန်မှု၏ နမူနာနှင့် ပုံစံတစ်ခု ဖြစ်သည်။ လူသား၏ သဘာဝသည် သူ၏အသက် ဖြစ်သည်။ ယင်းသည် သူ ရှင်သန်ဖို့ အားထားသည့် စည်းမျဉ်းတစ်ခု ဖြစ်ပြီး၊ ယင်းကို သူ မပြောင်းလဲနိုင်ပေ။ သစ္စာဖောက်ခြင်း၏ သဘောသဘာဝကို နမူနာအဖြစ် ကြည့်လော့။ သင်သည် ဆွေမျိုး သို့မဟုတ် မိတ်ဆွေတစ်ဦးကို သစ္စာဖောက်ဖို့ တစ်စုံတစ်ခုကို လုပ်ဆောင်နိုင်ပါက၊ ယင်းသည် သင့်ဘဝ၏ အစိတ်အပိုင်းဖြစ်ပြီး မွေးရာပါ သဘာဝ ဖြစ်သည်ကို သက်သေပြပေသည်။ ဤသည်မှာ မည်သူမျှ မငြင်းနိုင်သည့် အရာတစ်ခု ဖြစ်သည်။ ဥပမာအနေဖြင့်၊ လူတစ်ဦးသည် သူတစ်ပါးထံမှ ခိုးယူခြင်းကို မွေ့လျော်ပါက၊ ၎င်းတို့အနေဖြင့် တစ်ခါတစ်ရံ ခိုးယူနိုင်ပြီး၊ တစ်ခါတစ်ရံ မခိုးယူနိုင်သော်လည်း၊ ဤ “ခိုးယူခြင်းကို ပျော်မွေ့ခြင်း” သည် ၎င်းတို့၏ ဘဝအစိတ်အပိုင်းတစ်ခု ဖြစ်သည်။ ၎င်းတို့ ခိုးသည်ဖြစ်စေ၊ မခိုးသည်ဖြစ်စေ၊ ၎င်းတို့၏ ခိုးယူခြင်းသည် အမူအကျင့် တစ်မျိုးမျှသာ ဖြစ်သည်ဟု သက်သေမပြနိုင်ပေ။ ယင်းထက် ၎င်းတို့၏ ခိုးယူခြင်းသည် ၎င်းတို့ဘဝ၏ အစိတ်အပိုင်းဖြစ်သည်ကို သက်သေပြပေသည်- ယင်းမှာ ၎င်းတို့၏ သဘာဝဖြစ်၏။ အချို့က မေးလိမ့်မည်- ခိုးယူခြင်းသည် ၎င်းတို့၏ သဘာဝဖြစ်သည့်အတွက်၊ ပစ္စည်းကောင်းများကို ၎င်းတို့ မြင်သည့်အခါ၊ တစ်ခါတစ်ရံ အဘယ်ကြောင့် မခိုးကြသနည်း။ အဖြေမှာ အလွန်ရိုးရှင်း၏။ ၎င်းတို့ မခိုးရသည့် အကြောင်းရင်း များစွာရှိ၏။ စောင့်ကြည့်နေသော မျက်စိများအောက်မှ အလစ်သုတ်ဖို့ ထိုအရာက ကြီးလွန်းသောကြောင့် သို့မဟုတ် လုပ်ဖို့ အဆင်ပြေသည့်အချိန် မရှိသောကြောင့်၊ သို့မဟုတ် အရာတစ်ခုသည် စျေးကြီးလွန်းပြီး အလွန်တင်းကျပ်စွာ စောင့်ကြပ်ထားသောကြောင့်၊ သို့မဟုတ် ထိုအရာကို ၎င်းတို့ အထူး စိတ်ဝင်စားမှု မရှိကြ၍ ဖြစ်ကောင်းဖြစ်မည်၊ သို့မဟုတ် သူတို့အဖို့ ထိုအရာက မည်သို့ အသုံးဝင်မည်ကို မသိနိုင်ကြသောကြောင့် စသည်ဖြင့် တစ်စုံတစ်ရာကို ၎င်းတို့ မခိုးယူခြင်း ဖြစ်ကောင်း ဖြစ်နိုင်ပေ။ ဤအကြောင်းရင်းများ အားလုံးသည် ဖြစ်နိုင်၏။ သို့သော် မည်သို့ပင်ဖြစ်စေကာမူ၊ အရာတစ်ခုကို ၎င်းတို့ ခိုးသည် ဖြစ်စေ၊ မခိုးသည်ဖြစ်စေ၊ ယင်းက ဤအတွေးသည် တစ်ခဏ လျှပ်တစ်ပြက်သာ တည်ရှိသည်ဟု သက်သေမပြနိုင်ပေ။ ဆန့်ကျင်ဘက်အနေဖြင့်၊ ယင်းသည် သာ၍ ကောင်းဖို့အတွက် ပြောင်းလဲရန် ခက်ခဲသည့် ၎င်းတို့ သဘာဝ၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ ထိုသို့သော လူတစ်ဦးသည် တစ်ကြိမ်မျှ ခိုးယူခြင်းဖြင့် မကျေနပ်ပေ။ အခြားသူတို့၏ ပိုင်ဆိုင်မှုများကို မိမိတို့၏ ကိုယ်ပိုင်အဖြစ် ယူသည့် ထိုသို့သော အတွေးများသည် ကောင်းသောအရာတစ်ခုခု သို့မဟုတ် သင့်တော်သည့် အခြေအနေတစ်ခုနှင့် ကြုံသည့်အချိန်တိုင်း ဖြစ်ပေါ်လေသည်။ ထို့ကြောင့် ဤအတွေး၏ ဇာစ်မြစ်သည် တစ်ခါတစ်ရံ ကြုံခိုက်ဆုံခိုက် မရည်ရွယ်ဘဲ ပြုလုပ်သည့် အရာတစ်ခုမျှသာ မဟုတ်ဘဲ၊ ဤလူ၏ ကိုယ်ပိုင် သဘာဝထဲတွင် ရှိသည့်အရာတစ်ခု ဖြစ်သည်ဟု ငါ ပြောရခြင်း ဖြစ်သည်။

မည်သူမဆို မိမိတို့၏ စစ်မှန်သော သွင်ပြင်ကို ကိုယ်စားပြုဖို့ မိမိတို့၏ ကိုယ်ပိုင် စကားများနှင့် လုပ်ရပ်များကို အသုံးပြုနိုင်၏။ ဟုတ်ပေ၏၊ ဤစစ်မှန်သော သွင်ပြင်သည် ၎င်းတို့၏ သဘာဝ ဖြစ်သည်။ သင်သည် ဝေ့လည်ကြောင်ပတ် နည်းလမ်းဖြင့် စကားပြောသူ ဖြစ်ပါက၊ သင်သည် ကွေ့ကောက်သော သဘာဝ ရှိ၏။ သင်၏သဘာဝသည် ကောက်ကျစ်စဉ်းလဲပါက၊ သင်သည် လှည့်ဖြားတတ်သော နည်းလမ်းဖြင့် ပြုမူပြီး အခြားသူများအနေဖြင့် သင်၏ လှည့်ဖြားမှုကို ခံရဖို့ အလွန် လွယ်ကူစေသည်။ သင်၏ သဘာဝသည် အလွန်ယုတ်မာပါက၊ သင်၏စကားများသည် နားဝင်ချိုလိမ့်မည် ဖြစ်သော်လည်း၊ သင့်အပြုအမူများသည် သင်၏ ယုတ်မာသော လှည့်ကွက်များကို မဖုံးကွယ်နိုင်ပေ။ သင်၏သဘာဝသည် ပျင်းရိပါက၊ သင် ပြောသမျှအားလုံးသည် သင်၏ ဝတ်ကျေတမ်းကျေ ဖြစ်ခြင်းနှင့် ပျင်းရိမှုအတွက် တာဝန်ယူမှုကို ခေါင်းရှောင်ရန်သာ ရည်ရွယ်သည်။ ပြီးလျှင် သင်၏ လုပ်ရပ်များသည် နှေးကွေးကာ ဝတ်ကျေတမ်းကျေ ဖြစ်လိမ့်မည်ဖြစ်ပြီး၊ သမ္မာတရားကို ဖုံးကွယ်ရာတွင် အတော်အတန် ကျွမ်းကျင်လိမ့်မည်။ သင်၏သဘာဝသည် စာနာတတ်ပါက၊ သင်ပြောသော စကားသည် အကျိုးသင့် အကြောင်းသင့် ရှိလိမ့်မည်ဖြစ်ပြီး၊ သင်၏ လုပ်ဆောင်ချက်များသည်လည်း သမ္မာတရားနှင့် ကောင်းစွာ ကိုက်ညီလိမ့်မည်။ သင်၏သဘာဝသည် သစ္စာရှိပါက၊ သင်၏စကားများသည် ဧကန်မုချ ရိုးသားစစ်မှန်ပြီး သင် လုပ်ဆောင်ပုံသည် သင်၏ သခင်ကို မသက်မသာ ဖြစ်စေနိုင်မည့် မည်သည့်အရာမဆိုနှင့် ကင်းရှင်းလျက် အခြေခိုင်ပေသည်။ သင်၏သဘာဝသည် ရာဂစိတ်ပြင်းထန်ပါက သို့မဟုတ် ငွေကို တပ်မက်ခြင်းရှိပါက၊ သင်၏စိတ်နှလုံးသည် ဤအရာများဖြင့် မကြာခဏ ပြည့်နှက်နေလိမ့်မည်ဖြစ်ကာ၊ သင်သည် လူတို့ ပေါ့ပေါ့တန်တန် မေ့ပျောက်မည် မဟုတ်သကဲ့သို့၊ လူတို့ကို စက်ဆုပ်ရွံရှာစေမည့် စံသွေပြီး အကျင့်ပျက်သော လုပ်ဆောင်ချက်များကို အမှတ်တမဲ့ ကျူးလွန်မိလိမ့်မည်။ ငါပြောခဲ့သည့်အတိုင်းပင်၊ သင်သည် သစ္စာဖောက်တတ်သော သဘာဝရှိပါက၊ ထိုသဘာဝမှ သင့်ကိုယ်သင် မည်သည့်အခါမျှ မလွတ်မြောက်စေနိုင်ပေ။ သင်သည် အခြားသူများအပေါ် အမှားမကျူးလွန်ဖူးပါက၊ သင်၌ သစ္စာဖောက်တတ်သော သဘာဝ မရှိဟူ၍ ကံကို မကိုးစားနှင့်။ သင်ဤသို့တွေးထင်ပါက၊ သင်သည် အကယ်ပင် ရွံစရာကောင်းပေသည်။ ငါပြောသည့် အကြိမ်တိုင်း၊ ငါ၏စကားများ အားလုံးသည် လူတစ်ဦး သို့မဟုတ် လူတစ်မျိုးကိုသာ မရည်ရွယ်ဘဲ၊ လူအားလုံးကို ရည်ရွယ်ပေသည်။ ကိစ္စတစ်ခု၌ ငါ့ကို သင် သစ္စာမဖောက်ခြင်းကြောင့်သာ အခြားမည်သည့်ကိစ္စတွင်မျှ ငါ့ကို သင် သစ္စာမဖောက်နိုင်ဟု သက်သေမပြပေ။ လူအချို့သည် ၎င်းတို့၏ အိမ်ထောင်ရေးထဲက ဆုတ်ဆိုင်းမှုများ အတောအတွင်းတွင် သမ္မာတရားကို ရှာဖွေရာ၌ ၎င်းတို့၏ ယုံကြည်မှုစိတ်ချမှု ပျောက်ဆုံးကြသည်။ လူအချို့သည် မိသားစု ပြိုကွဲသည့် အတောအတွင်းတွင် ငါ့ကို သစ္စာရှိဖို့ ၎င်းတို့၏ တာဝန်ကို စွန့်လွှတ်ကြသည်။ လူအချို့သည် တဒင်္ဂ ပျော်ရွှင်မှုနှင့် စိတ်လှုပ်ရှားမှုကို ရှာရန် ငါ့ကို စွန့်ပစ်ကြသည်။ လူအချို့မှာ အလင်းတွင် အသက်ရှင်ပြီး သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်၌ မွေ့လျော်ခြင်းကို ရရှိသည်ထက် မှောင်မိုက်သော လျှိုထဲ ကျဆင်းလိုကြသည်။ လူအချို့သည် မိမိတို့၏ ကြွယ်ဝချမ်းသာမှုကို တပ်မက်မောခြင်းကို ဖြည့်ဆည်းဖို့အတွက် မိတ်ဆွေများ၏ အကြံပြုချက်ကို လျစ်လျူရှုကြပြီး၊ ယခုပင်လျှင် ၎င်းတို့၏ အမှားများကို ဝန်မခံနိုင်ကြသကဲ့သို့၊ ၎င်းတို့၏ လမ်းကြောင်းကို မပြောင်းလဲနိုင်ကြပေ။ လူအချို့သည် ငါ၏ကွယ်ကာမှုကို ရရှိရန်အလို့ငှာ ငါ့နာမအောက်တွင် ခဏတစ်ဖြုတ် အသက်ရှင်ကြစဉ်တွင်၊ အခြားသူတို့မှာ အသက်ကို ဖက်တွယ်ပြီး သေခြင်းကို ကြောက်ရွံ့ကြသောကြောင့် မတတ်သာ၍ ငါ့ထံ အနည်းငယ်မျှသာ ဆက်ကပ် အပ်နှံကြလေသည်။ ဤအရာများနှင့် အခြားသော အကျင့်ပျက်သည့်အပြင် သိက္ခာမဲ့သော လုပ်ရပ်များသည် လူတို့ ၎င်းတို့ စိတ်နှလုံး အတွင်းနက်ရှိုင်းသော နေရာထဲတွင် အချိန်ကြာမြင့်စွာကတည်းက ငါ့ကို သစ္စာဖောက်ကြပြီးဖြစ်သည့် အပြုအမူများ ဖြစ်သည် မဟုတ်လော။ ဟုတ်ပေ၏၊ လူတို့သည် ငါ့ကို သစ္စာဖောက်ဖို့ ကြိုတင်မစီစဉ်ကြသည်ကို ငါ သိ၏။ ၎င်းတို့၏ သစ္စာဖောက်ခြင်းသည် ၎င်းတို့၏ သဘာဝဗီဇ၏ သဘာဝအလျောက် ဖော်ပြချက်ဖြစ်သည်။ မည်သူမျှ ငါ့ကို သစ္စာမဖောက်လိုကြသကဲ့သို့၊ ငါ့ကို သစ္စာဖောက်ဖို့ တစ်စုံတစ်ရာ လုပ်ဆောင်ခဲ့သောကြောင့် မည်သူမျှ မပျော်ရွှင်ပေ။ ဆန့်ကျင်ဘက်အနေဖြင့်၊ ၎င်းတို့သည် ကြောက်ရွံ့မှုဖြင့် တုန်လှုပ်နေကြသည် မဟုတ်လော။ ထို့ကြောင့် ဤသစ္စာဖောက်မှုများကို မည်သို့ အဖတ်ဆယ်ကြမည်ဆိုသည်နှင့် လက်ရှိအခြေအနေကို မည်သို့ ပြောင်းလဲမည်ဆိုသည်ကို သင်တို့ တွေးနေကြသလော။

အရှေ့သို့- မြေကြီးပေါ်ရှိ ဘုရားသခင်ကို သိရှိနိုင်ပုံ

နောက်တစ်ခုသို့- အလွန်ကြီးလေးသော ပြဿနာတစ်ခု- သစ္စာဖောက်ခြင်း (၂)

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။