အလွန်ကြီးလေးသော ပြဿနာတစ်ခု- သစ္စာဖောက်ခြင်း (၂)

လူသား၏ သဘာဝဗီဇသည် ငါ၏ အနှစ်သာရနှင့် အတော်အတန် ကွဲပြား၏။ အဘယ်ကြောင့်ဆိုသော် လူသား၏ ဖောက်ပြန်ပျက်စီးသော သဘာဝမှာ စာတန်ထံမှ လုံးလုံးလျားလျား အစပြုသည့်အတွက်၊ လူသား၏ သဘာဝဗီဇသည် စာတန်၏ စီမံပြုပြင်ခြင်းခံရပြီး ဖျက်ဆီးခြင်းခံရသည့်အတွက် ဖြစ်၏။ ယင်းမှာ လူသားသည် စာတန်၏ ဆိုးယုတ်မှုနှင့် အကျည်းတန်မှု၏ လွှမ်းမိုးမှုအောက် အသက်ရှင်ခြင်းဖြစ်သည်။ လူသားသည် သမ္မာတရား၏ လောက သို့မဟုတ် သန့်ရှင်းသော ပတ်ဝန်းကျင် တစ်ခုထဲတွင်ပင် မကြီးပြင်းပေ၊ ထို့အပြင် အလင်းထဲတွင် အသက်ရှင်ခြင်း သာ၍ပင် မရှိပေ။ ထို့ကြောင့်၊ မည်သူမဆိုသည် မွေးဖွားခြင်း အခိုက်အတန့်မှ ၎င်းတို့၏ သဘာဝဗီဇအတွင်းတွင် သမ္မာတရားကို ပိုင်ဆိုင်ဖို့မှာ မဖြစ်နိုင်သကဲ့သို့၊ မည်သူမဆို ဘုရားသခင်ကို ကြောက်ရွံ့ပြီး နာခံသော အနှစ်သာရတစ်ခုဖြင့် မွေးဖွားဖို့ သာ၍ မဖြစ်နိုင်ပေ။ ဆန့်ကျင်ဘက်အနေဖြင့်၊ လူတို့သည် ဘုရားသခင်ကို အာခံသည့်၊ ဘုရားသခင်ကို မနာခံသည့် သဘာဝဗီဇတစ်ခုရှိပြီး သမ္မာတရားအတွက် ချစ်ချင်းမေတ္တာ မရှိချေ။ ဤသဘာဝဗီဇသည် ငါ ဆွေးနွေးချင်သည့် ပြဿနာ- သစ္စာဖောက်ခြင်း- ဖြစ်၏။ သစ္စာဖောက်ခြင်းသည် ဘုရားသခင်အပေါ် လူအသီးသီး အာခံခြင်း၏ အရင်းအမြစ်ဖြစ်သည်။ ဤသည်မှာ လူသားထဲတွင်သာ တည်ရှိပြီး ငါ့အထဲတွင် မရှိသည့် ပြဿနာတစ်ခု ဖြစ်သည်။ ခရစ်တော်ကဲ့သို့ပင် လူအားလုံး လောကထဲတွင် အသက်ရှင်သည့်အတွက်၊ လူသားအားလုံးတွင် ဘုရားသခင်ကို သစ္စာဖောက်သည့် သဘာဝရှိသော်လည်း ခရစ်တော်၌ အဘယ်ကြောင့် မရှိပါသနည်းဟု အချို့က မေးကြလိမ့်မည်။ ဤသည်မှာ သင်တို့အား ရှင်းရှင်းလင်းလင်း ရှင်းပြရမည့် ပြဿနာတစ်ခု ဖြစ်သည်။

လူသားမျိုးနွယ်တည်ရှိခြင်း၏ အခြေခံမှာ ဝိညာဉ်၏ အဖန်ဖန် လူဝင်စားခြင်း ဖြစ်သည်။ တစ်နည်းအားဖြင့် ပြောရလျှင်၊ ၎င်းတို့၏ ဝိညာဉ်က လူဝင်စားချိန်တွင် လူတိုင်းသည် ဇာတိပကတိဖြင့် လူ့ဘဝတစ်ခုကို ရရှိ၏။ လူ့ခန္ဓာတစ်ခု မွေးဖွားပြီးနောက်တွင်၊ နောက်ဆုံးအခိုက်အတန့်ဖြစ်သည့် ဝိညာဉ်က မိမိ၏ အခွံကို စွန့်ခွာသည့်အချိန်၊ ဇာတိပကတိက နောက်ဆုံး ဆက်၍ မရှင်သန်နိုင်တော့သည်အထိ ထိုခန္ဓာ၏ အသက်သည် ဆက်လက် ရှင်သန်လေသည်။ လူတစ်ဦး၏ ဝိညာဉ်သည် အကြိမ်ကြိမ် သွားလိုက် လာလိုက် ဖြစ်နေလျက်၊ ဤဖြစ်စဉ်သည် အဖန်ဖန် ဖြစ်ကာ၊ ဤသို့ဖြင့် လူသားမျိုးနွယ်၏ တည်ရှိခြင်းကို ဆက်လက် ထိန်းသိမ်း ထားလေသည်။ ဇာတိပကတိ၏ အသက်သည် လူ့ဝိညာဉ်၏ အသက်လည်းဖြစ်ပြီး၊ လူ့ဝိညာဉ်က လူသား၏ ဇာတိပကတိ တည်ရှိခြင်းကို ထောက်ပံ့ပေးလေသည်။ ယင်းမှာ လူအသီးသီး၏ အသက်သည် ၎င်းတို့၏ ဝိညာဉ်ထံမှ လာပြီး အသက်သည် ဇာတိပကတိတွင် မွေးရာပါ မဟုတ်ဟု ဆိုလိုသည်။ ထို့ကြောင့် လူ့သဘာဝဗီဇသည် ဝိညာဉ်ထံမှလာပြီး၊ ဇာတိပကတိထံမှ မဟုတ်ချေ။ လူအသီးသီး၏ ဝိညာဉ်ကသာ စာတန်၏ စုံစမ်းနှောင့်ယှက်ခြင်းများ၊ ဝေဒနာနှင့် ဖောက်ပြန်ပျက်စီးခြင်းတို့အား ၎င်းတို့ မည်သို့ တွေ့ကြုံကြပြီးဖြစ်သည်ကို သိသည်။ ဤအရာများသည် လူသား၏ ဇာတိပကတိအဖို့ မသိရှိနိုင်သော အရာများ ဖြစ်သည်။ ထို့ကြောင့်၊ လူသားနှင့် ငါကိုယ်တိုင်ကြားက အကွာအဝေးမှာ သာ၍ ကြီးမားလာပြီး လူသားမျိုးနွယ်အတွက် အသက်တာသည် သာ၍ သာ၍ မှောင်မိုက်လာစဉ်တွင်၊ လူသားမျိုးနွယ်သည် အမှတ်တမဲ့ သာ၍ မှောင်မိုက်လာသည်၊ သာ၍ ညစ်ညူးလာပြီး သာ၍ သာ၍ ဆိုးညစ်လာလေသည်။ စာတန်သည် လူသားမျိုးနွယ်၏ ဝိညာဉ်များကို သူ၏ လက်ထဲတွင် ထိန်းသိမ်းထားသောကြောင့်၊ လူသား၏ ဇာတိပကတိသည်လည်း စာတန်၏ သိမ်းပိုက်ခြင်း ခံရသည်မှာ မှန်ပေ၏။ ထိုသို့သော ဇာတိပကတိနှင့်‌ ထိုသို့သော လူသားမျိုးနွယ်သည် ဘုရားသခင်ကို အဘယ်သို့ မဆန့်ကျင်ဘဲ နေနိုင်မည်နည်း။ ၎င်းတို့သည် သူနှင့် အဘယ်သို့ ပင်ကိုအားဖြင့် သဟဇာတဖြစ်နိုင်မည်နည်း။ စာတန်ကို လေထုထဲသို့ ငါ ပစ်ချသည့်အကြောင်းရင်းမှာ သူသည် ငါ့ကို သစ္စာဖောက်သောကြောင့် ဖြစ်သည်။ ထို့နောက် လူသားတို့သည် ၎င်းတို့၏ ပတ်သက်မှု အဘယ်သို့ လွတ်ကင်းနိုင်မည်နည်း။ ဤသည်မှာ သစ္စာဖောက်ခြင်းက လူသား သဘာဝဗီဇဖြစ်ရသည့် အကြောင်းရင်း ဖြစ်သည်။ ဤတွေးခေါ်မြော်မြင်မှုကို သင်တို့ နားလည်သည်နှင့်တစ်ပြိုင်နက်၊ ခရစ်တော်၏ အနှစ်သာရကို ယုံကြည်ခြင်းနှင့် ပတ်သက်သည့် နားလည်မှုအချို့လည်း သင်တို့ ရှိသင့်သည်ဟု ငါယုံကြည်၏။ ဘုရားသခင်၏ ဝိညာဉ် ဝတ်ဆင်ခဲ့သည့် ခန္ဓာသည် ဘုရားသခင်ကိုယ်တိုင်၏ ခန္ဓာဖြစ်သည်။ ဘုရားသခင်၏ ဝိညာဉ်သည် အထွတ်အထိပ်ဖြစ်၏။ သူသည် အနန္တတန်ခိုးရှိသည်၊ သန့်ရှင်းပြီး ဖြောင့်မတ်လေသည်။ အလားတူပင်၊ သူ၏ခန္ဓာသည်လည်း အထွတ်အထိပ်ဖြစ်ပြီး၊ အနန္တတန်ခိုးရှိကာ သန့်ရှင်း၍ ဖြောင့်မတ်လေသည်။ ထိုသို့သော ခန္ဓာတစ်ခုသည် ဖြောင့်မတ်ပြီး လူသားမျိုးနွယ်အဖို့ အကျိုးပြုသည့်အရာ၊ သန့်ရှင်းပြီး၊ မွန်မြတ်ကာ အနန္တတန်ခိုးနှင့်ပြည့်စုံသည့် အရာကိုသာ လုပ်ဆောင်နိုင်လေသည်။ သူသည် သမ္မာတရားကို ချိုးဖောက်သည့်၊ ကိုယ်ကျင့်တရားနှင့် တရားမျှတမှုတို့ကို ချိုးဖောက်သည့် မည်သည့်အရာကိုမဆို လုပ်ဆောင်နိုင်စွမ်းမရှိသည့်အပြင် ဘုရားသခင်၏ ဝိညာဉ်ကို သစ္စာဖောက်သည့်အရာ မည်သည့်အရာကိုမဆို သာ၍ပင် လုပ်နိုင်စွမ်းမရှိပေ။ ဘုရားသခင်၏ ဝိညာဉ်သည် သန့်ရှင်း၏၊ ထို့ကြောင့် သူ၏ ခန္ဓာကို စာတန်က မဖျက်ဆီးနိုင်ပေ။ သူ၏ ခန္ဓာသည် လူသား၏ ဇာတိပကတိနှင့် ကွဲပြားသော အနှစ်သာရ ရှိလေသည်။ အကြောင်းမူကား၊ စာတန်၏ ဖျက်ဆီးခြင်းခံရသည်မှာ ဘုရားသခင်မဟုတ်ဘဲ လူဖြစ်သောကြောင့် ဖြစ်သည်။ စာတန်သည် ဘုရားသခင်၏ ခန္ဓာကို ဖောက်ပြန်ပျက်စီးစေဖို့ မဖြစ်နိုင်ပေ။ ထို့ကြောင့်၊ လူသားနှင့် ခရစ်တော်သည် နေရာတစ်ခုတည်းအတွင်း နေထိုင်ကြသည် ဆိုသည့်အချက် ရှိသော်ငြားလည်း၊ စာတန်၏ ဝင်ပူးခြင်းခံရကာ၊ အသုံးပြုခံရပြီး အမိဖမ်းခံရသည်မှာ လူသားသာ ဖြစ်သည်။ ဆန့်ကျင်ဖက်အနေဖြင့်၊ ခရစ်တော်ကို စာတန်၏ ဖောက်ပြန်ပျက်စီးခြင်း ထာဝရ မသက်ရောက်နိုင်ပေ၊ အဘယ့်ကြောင့်ဆိုသော် စာတန်သည် အမြင့်ဆုံးသော နေရာသို့ တက်ကြွခြင်းငှာ ဘယ်သောအခါမျှ တတ်စွမ်းနိုင်လိမ့်မည် မဟုတ်သကဲ့သို့၊ ဘုရားသခင်ထံ ဘယ်သောအခါမျှ တိုးဝင်ချဉ်းကပ် နိုင်လိမ့်မည် မဟုတ်သောကြောင့်ဖြစ်သည်။ ယနေ့တွင်၊ စာတန်၏ ဖျက်ဆီးခြင်းခံရသည်နှင့်အမျှ ငါ့ကို သစ္စာဖောက်သည်မှာ လူသားမျိုးနွယ်သာ ဖြစ်သည်ကို သင်တို့အားလုံး သိသင့်၏။ သစ္စာဖောက်ခြင်းသည် ခရစ်တော် နည်းနည်းမျှ ပါဝင်သည့် ကိစ္စရပ် ဘယ်သောအခါမျှ ဖြစ်လိမ့်မည် မဟုတ်ပေ။

စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းခံရသည့် ဝိညာဉ် အားလုံးသည် စာတန်၏ အုပ်စိုးမှုထဲတွင် ထိန်းသိမ်းခံထားရသည်။ ခရစ်တော်ကို ယုံကြည်သောသူတို့ကိုသာ ခွဲထားပြီး၊ စာတန်၏ စခန်းမှ ကယ်တင်ခံရကာ ယနေ့၏ နိုင်ငံတော်ထဲသို့ ခေါ်ဆောင်ခံရလေသည်။ ဤလူများသည် စာတန်၏ လွှမ်းမိုးမှုအောက်တွင် အသက်မရှင်ကြတော့ချေ။ သို့သော်ငြားလည်း၊ လူသား၏ သဘာဝ ဗီဇသည် လူသား၏ ဇာတိပကတိထဲ အမြစ်တွယ်ဆဲဖြစ်သည်၊ ယင်းမှာ သင်တို့၏ ဝိညာဉ်သည် ကယ်တင်ခံရပြီးဖြစ်သော်လည်း သင်တို့၏ သဘာဝဗီဇက ယခင်အတိုင်း ရှိဆဲဖြစ်ပြီး၊ ငါ့ကို သင်တို့ သစ္စာဖောက်မည့် အလားအလာက တစ်ရာရာခိုင်နှုန်း ရှိနေဆဲ ဖြစ်သည်ဟု ဆိုလိုသည်။ ထို့ကြောင့် သင်တို့၏ သဘာဝဗီဇက ပေကတ်ကတ်နိုင်သည်နှင့်အမျှ ငါ၏ အမှု အလွန်ရှည်ကြာရခြင်း ဖြစ်သည်။ ယခု၊ သင်တို့၏ တာဝန်များကို သင်တို့ ဖြည့်ဆည်းကြသည်နှင့်အမျှ၊ သင်တို့၏ အရည်အချင်းရှိသမျှ ဆင်းရဲဒုက္ခများကို သင်တို့အားလုံး ကြုံနေကြရပေသည်၊ သို့တိုင် သင်တို့အသီးသီးသည် ငါ့ကို သစ္စာဖောက်နိုင်စွမ်းရှိကြပြီး စာတန်၏ အုပ်စိုးမှုဆီသို့၊ သူ၏ စခန်းဆီသို့ ပြန်သွားနိုင်စွမ်းရှိကြသကဲ့သို့၊ သင်တို့၏ အသက်တာဟောင်းများဆီသို့ ပြန်သွားနိုင်စွမ်း ရှိကြသည်- ဤသည်မှာ ငြင်းမရနိုင်သည့် အချက်တစ်ခု ဖြစ်သည်။ ထိုအချိန်တွင်၊ ယခု သင်တို့ ပြသကဲ့သို့ လူ့သဘာဝ သို့မဟုတ် လူသားနှင့် ဆင်တူမှု အနည်းငယ်မျှ ပြဖို့ရန် သင်တို့အတွက် ဖြစ်နိုင်လိမ့်မည် မဟုတ်။ ကြီးလေးသည့် ကိစ္စရပ်များတွင်၊ သင်တို့ ဖျက်ဆီးခံရလိမ့်မည်ဖြစ်ပြီး၊ ထို့ထက်ပို၍၊ ထာဝရ ကံဆိုးမိုးမှောင်ကျကိန်းကြုံလိမ့်မည်၊ ပြင်းပြင်းထန်ထန် အပြစ်ပေးခံရလိမ့်မည်၊ ဘယ်သောအခါမျှ တစ်ဖန် လူဝင်စားလိမ့်မည် မဟုတ်ချေ။ ဤသည်မှာ သင်တို့ရှေ့တွင် ချထားသည့် ပြဿနာ ဖြစ်သည်။ ဤနည်းဖြင့် သင်တို့ကို ငါ သတိပေးသည်မှာ ပထမဦးစွာ ငါ၏ အမှု အချည်းနှီးမဖြစ်ဖို့ရန် အလို့ငှာဖြစ်ပြီး၊ ဒုတိယအနေဖြင့် အလင်း၏ နေ့ရက်များထဲတွင် သင်တို့အားလုံး အသက်ရှင်နိုင်ကြဖို့ အလို့ငှာ ဖြစ်သည်။ အမှန်တွင်၊ ငါ၏ အမှု အချည်းနှီးဖြစ်သည်၊ မဖြစ်သည်က အရေးကြီးသည့် ပြဿနာ မဟုတ်ပေ။ အရေးကြီးသည့်အရာမှာ သင်တို့သည် ပျော်ရွှင်သော ဘဝများနှင့် အံ့ဩဖွယ် အနာဂတ်တစ်ခု ရှိနိုင်ကြဖို့ ဖြစ်သည်။ ငါ၏ အမှုမှာ လူတို့၏ ဝိညာဉ်များကို ကယ်တင်ခြင်း အမှု ဖြစ်သည်။ သင်၏ ဝိညာဉ်သည် စာတန်၏ လက်ထဲသို့ ကျရောက်ပါက၊ သင်၏ ခန္ဓာသည် ငြိမ်သက်ခြင်းဖြင့် အသက်ရှင် လိမ့်မည် မဟုတ်။ ငါသည် သင်၏ ခန္ဓာကို ကွယ်ကာပေးနေပါက၊ သင်၏ ဝိညာဉ်သည်လည်း ငါ၏ စောင့်ရှောက်မှုအောက်တွင် ဧကန်မုချ ရှိလိမ့်မည်။ သင့်ကို အမှန်တကယ် ငါ စက်ဆုပ်ပါက၊ သင်၏ ခန္ဓာနှင့် ဝိညာဉ်တို့သည် စာတန်၏ လက်ထဲသို့ တစ်ပြိုင်နက်တည်း ကျရောက်လိမ့်မည်။ ထိုအခါ သင်၏ အခြေအနေကို သင် စိတ်ကူးနိုင်သလော။ တစ်နေ့ ငါ၏ နှုတ်ကပတ်တော်များသည် သင့်အပေါ် ကျွဲပါးစောင်းတီးဖြစ်ပါက၊ ငါ့ကို သစ္စာဖောက်သည့် သင်တို့၏ စိတ်နှလုံးများ ဘယ်သောအခါမျှ ပြောင်းလဲလိမ့်မည် မဟုတ်သည့်အတွက်၊ ငါ၏ အမျက်ဒေါသ လုံးဝ ကွယ်ပျောက်သည်အထိ သင့်ကို ဝေဒနာပြင်းထန်သော ညှဉ်းဆဲမှုကို ခံစေမည့် စာတန်ဆီ လုံးဝ ငါ လွှဲပြောင်းပေးအပ်မည်၊ သို့မဟုတ် ရွေးနှုတ်ကယ်တင်မရသည့် အသင် လူသားတို့ကို ငါ ကိုယ်တိုင်ကိုယ်ကျ အပြစ်ပေးမည်။

သင်တို့အားလုံးသည် ငါ့ကို သစ္စာဖောက်ခြင်း မည်မျှ သင်တို့အတွင်း ကျန်ရှိသည်ကို မြင်ဖို့ရန် ယခု မြန်နိုင်သမျှမြန်မြန် မိမိကိုယ်ကိုယ် စုံစမ်းစစ်ဆေးသင့်၏။ သင်တို့၏ တုန့်ပြန်မှုကို စိတ်အားထက်သန်စွာ ငါ စောင့်ဆိုင်းနေ၏။ ငါနှင့် ဆက်ဆံရာတွင် ဝတ်ကျေတမ်းကျေ မဖြစ်နှင့်။ လူတို့နှင့် ငါ ဘယ်သောအခါမျှ ပေါ့ပေါ့ဆဆ ဆက်ဆံခြင်းမရှိ။ တစ်စုံတစ်ရာ ငါပြုမည်ဟု ဆိုပါက၊ ထိုအရာကို သေချာပေါက် ငါ ပြု၏။ သင်တို့ အသီးသီးသည် ငါ၏ နှုတ်ကပတ်တော်များကို အလေးအနက် ခံယူကြသည့် သူတစ်ဦးဖြစ်ပြီး ၎င်းတို့ကို သိပ္ပံ စိတ်ကူးယဉ်ဇာတ်လမ်းကဲ့သို့ ထင်လိမ့်မည်မဟုတ်ဟု ငါ မျှော်လင့်၏။ ငါလိုချင်သည်မှာ သင်တို့ထံမှ ခိုင်လုံသော လုပ်ရပ်ဖြစ်သည်၊ သင်တို့၏ စိတ်ကူးစိတ်သန်းများ မဟုတ်ပေ။ ထို့နောက်၊ ငါ၏ အောက်ပါ မေးခွန်းများကို သင်တို့ ဖြေကြရမည်-

၁။ သင်သည် အမှန်တကယ် အစေခံသူတစ်ဦး ဖြစ်ပါက၊ လျော့ရဲမှု သို့မဟုတ် အပျက်သဘောဆောင်ခြင်း တစ်ခုမျှ မပါဘဲ၊ သင်သည် ငါ့ကို သစ္စာရှိရှိ အစေခံမှု ပေးနိုင်သလော။

၂။ သင့်ကို ငါ လုံးဝ အသိအမှတ်မပြုသည်ကို သင် တွေ့ရှိပါက၊ သင်သည် ဆက်လက် နေထိုင်ပြီး ငါ့ကို ရာသက်ပန် အစေခံမှု ပေးနိုင်ဦးမည်လော။

၃။ သင်သည် အားထုတ်မှုများစွာ အသုံးပြုပြီးဖြစ်သော်လည်း သင့်ကို ငါ အလွန်စိမ်းကားဆဲဖြစ်ပါက၊ မထင်ပေါ်ဘဲ သင်သည် ငါ့အတွက် ဆက်လက် အလုပ်လုပ်နေနိုင်မည်လော။

၄။ ငါ့အတွက် သုံးစွဲခြင်းများ ပြုပြီးသည့်နောက်၊ သင်၏ အသေးအဖွဲ တောင်းဆိုချက်များကို ငါ မဖြည့်ဆည်းပေးပါက၊ သင်သည် ငါနှင့်ပတ်သက်၍ စိတ်အားငယ်ကာ စိတ်ပျက်လာမည်လော သို့မဟုတ်၊ ဒေါသပင် ထွက်လာပြီး အော်ဟစ် ဆဲရေးမည်လော။

၅။ ငါ့အတွက် ချစ်ခြင်းများစွာနှင့်အတူ အစဉ်အမြဲ အလွန် သစ္စာစောင့်သိပြီးသည့်တိုင် မကျန်းမာမှု၊ ဆင်းရဲမှုနှင့် သင်၏ မိတ်ဆွေများ၊ ဆွေမျိုးများ၏ စွန့်ပစ်ခြင်းတည်းဟူသော ညှဉ်းဆဲမှုကို သင် ခံရပါက၊ သို့မဟုတ် ဘဝတွင် အခြား ကံအကြောင်းမလှသည့် ဖြစ်ရပ်တစ်ခုကို သင် ကြံ့ကြံ့ခံရပါက၊ ငါ့အတွက် သင်၏ သစ္စာစောင့်သိခြင်းနှင့် ချစ်ခြင်းမေတ္တာတို့ ဆက်ရှိဦးမည်လော။

၆။ သင်၏ စိတ်နှလုံးထဲက သင် စိတ်ကူးထားသည့် မည်သည့်အရာကမျှ ငါ လုပ်ဆောင်ခဲ့သည့်အရာနှင့် တစ်ထပ်တည်းမဖြစ်ပါက၊ သင်၏ အနာဂတ်လမ်းကြောင်းကို သင် မည်သို့ လျှောက်လှမ်းလိမ့်မည်နည်း။

၇။ သင် ရရှိဖို့ မျှော်လငင့်ခဲ့သည့် အရာများ တစ်ခုကိုမျှ သင် မရရှိပါက၊ သင်သည် ငါ၏ နောက်လိုက်အဖြစ် ဆက်လက်ရှိနိုင်မည်လော။

၈။ ငါ့အမှု၏ ရည်ရွယ်ချက်နှင့် အဓိပ္ပါယ်ကို သင် လုံးဝ နားမလည်ပါက၊ သင်သည် ထင်ရာမြင်ရာ ဝေဖန်မှုများနှင့် ကောက်ချက်ချမှုများ မပြုလုပ်သည့် နာခံသော လူတစ်ဦး ဖြစ်နိုင်သလော။

၉။ ငါသည် လူသားမျိုးနွယ်နှင့်အတူတကွ ရှိစဉ်တွင်၊ ငါ ပြောပြီးသည့် နှုတ်ကပတ်တော်များအားလုံးနှင့် ငါပြုပြီးသည့် အမှုအားလုံးကို သင် တန်ဖိုးထားနိုင်သလော။

၁၀။ သင်သည် မည်သည့်အရာကိုမျှ မရရှိသော်လည်း ငါ့အတွက် တစ်သက်တာ ဆင်းရဲဒုက္ခကို ကြံ့ကြံ့ခံရန် လိုလားလျက် ငါ၏ သစ္စာရှိသော နောက်လိုက်တစ်ဦး ဖြစ်နိုင်သလော။

၁၁။ ငါ့အဖို့အလို့ငှာ၊ သင်၏ အနာဂတ် ရှင်သန်ရေး လမ်းကြောင်းအတွက် စဉ်းစားဆင်ခြင်ခြင်း၊ စီစဉ်ခြင်း သို့မဟုတ် ပြင်ဆင်ခြင်းတို့ကို သင် စွန့်လွှတ်နိုင်သလော။

ဤမေးခွန်းများသည် သင်တို့အပေါ် ငါ၏ သတ်မှတ်ချက်များကို ကိုယ်စားပြုပြီး၊ သင်တို့အားလုံး ငါ့ကို အဖြေများပေးနိုင်ဖို့ ငါမျှော်လင့်၏။ သင်တို့ကို ဤမေးခွန်းများက တောင်းဆိုသည့်အရာ တစ်ခု သို့မဟုတ် နှစ်ခုကို သင် ဖြည့်ဆည်းပြီးဖြစ်ပါက၊ သင် ဆက်လက် ကြိုးပမ်းရမည်။ ဤသတ်မှတ်ချက်များထဲမှ တစ်ခုတစ်လေကို သင် မပြီးမြောက်နိုင်ပါက၊ သင်သည် ဧကန်မုချ ငရဲထဲသို့ ပစ်ချခံရမည့် လူအမျိုးအစား ဖြစ်သည်။ ထိုသို့သော လူတို့အဖို့၊ ၎င်းတို့သည် ငါနှင့် ကိုက်ညီနိုင်သည့်လူများ မုချ မဟုတ်သည့်အတွက် မည်သည့်အရာကိုမျှ ငါ ထပ်ပြောဖို့မလို။ မည်သည့်အခြေအနေတွင်မဆို ငါ့ကို သစ္စာဖောက်နိုင်မည့်သူတစ်ဦးကို ငါ၏ အိမ်တွင် အဘယ်သို့ ငါ ထားနိုင်မည်နည်း။ အခြေအနေအများစု၌ ငါ့ကို သစ္စာဖောက်နိုင်ဦးမည့် သူများအတွက်မူ၊ အခြား အစီအစဉ်များ ငါ မပြုမီ ၎င်းတို့၏ ဆောင်ရွက်ချက်ကို ငါ လေ့လာမည်။ သို့သော်၊ မည်သည့် အခြေအနေတွင်မဆို ငါ့ကို သစ္စာဖောက်နိုင်စွမ်းရှိကြသူအားလုံးကို ငါ လုံးဝ မေ့လျော့မည် မဟုတ်။ ၎င်းတို့ကို ငါ၏ စိတ်နှလုံးထဲတွင် ငါ အမှတ်ရမည်ဖြစ်ပြီး ၎င်းတို့၏ ဆိုးယုတ်သည့် လုပ်ရပ်များကို ပြန်ဆပ်ဖို့ အခွင့်အရေး စောင့်ဆိုင်းမည်။ ငါ တင်ပြပြီးသည့် သတ်မှတ်ချက်များမှာ သင်တို့ မိမိကိုယ်ကိုယ် ဆန်းစစ်ရမည့် ပြဿနာများ ဖြစ်သည်။ ၎င်းတို့ကို သင်တို့အားလုံး လေးလေးနက်နက် စဉ်းစားဆင်ခြင်နိုင်ပြီး ငါ့ကို ဝတ်ကျေတမ်းကျေ မဆက်ဆံဖို့ ငါ မျှော်လင့်၏။ မဝေးသည့် အနာဂတ်တွင်၊ ငါ၏ သတ်မှတ်ချက်များ နှင့်ယှဉ်၍ ငါ့ကို သင်တို့ ပေးပြီးသည့် အဖြေများကို ငါ စစ်ဆေးမည်။ ထိုအချိန်တွင်၊ သင်တို့ထံမှ မည်သည့်အရာကိုမျှ နောက်ထပ် ငါ တောင်းဆိုမည် မဟုတ်သကဲ့သို့၊ သာ၍ လေးနက်သည့် ဆိုဆုံးမမှုကို ငါ ပေးမည်မဟုတ်။ ယင်းအစား၊ ငါ၏ ဩဇာအာဏာကို ငါကျင့်သုံးမည်။ ထားသင့်သည့်သူများကို ထားမည်၊ ချီးမြှင့်ခံရသင့်သူများ ချီးမြှင့်ခံရလိမ့်မည်၊ စာတန်ထံ လွှဲအပ်ခံရသင့်သူများ စာတန်ထံ လွှဲအပ်ခံရလိမ့်မည်၊ ပြင်းပြင်းထန်ထန် အပြစ်ပေးခံရသင့်သူများ ပြင်းပြင်းထန်ထန် အပြစ်ပေးခံရလိမ့်မည် ဖြစ်ပြီး၊ ပျက်စီးသင့်သူများ ဖျက်ဆီး ခံရလိမ့်မည်။ ထို့ကြောင့်၊ ငါ၏ နေ့ရက်ကာလတွင် ငါ့ကို နှောင့်ယှက်ဖို့ မည်သူမျှ ရှိတော့မည်မဟုတ်။ ငါ၏ နှုတ်ကပတ်တော်များကို သင် ယုံကြည်သလော။ ဒဏ်ခတ်ခံရခြင်းကို သင် ယုံကြည်သလော။ ငါ့ကို လှည့်ဖြားပြီး သစ္စာဖောက်သည့် ဆိုးညစ်သူများအားလုံးကို ငါ အပြစ်ပေးမည်ကို သင် ယုံကြည် သလော။ ထိုနေ့ရက် အစောတလျင် ရောက်လာဖို့အတွက် သင် မျှော်လင့်သလော၊ သို့မဟုတ် နောက်မှ ရောက်လာဖို့အတွက် သင် မျှော်လင့်သလော။ သင်သည် ပြစ်ဒဏ်ပေးခြင်းကို ကြောက်လန့် သူတစ်ဦးလော၊ သို့မဟုတ် ပြစ်ဒဏ်ပေးခြင်းကို ကြံ့ကြံ့ခံရမည် ဖြစ်သော်လည်း ငါ့ကို အာခံမည့်သူတစ်ဦးလော။ ထိုနေ့ရက် ရောက်သည့်အခါ၊ သင်သည် ဩဘာသံများနှင့် ရယ်သံများကြား အသက်ရှင်မည်လော၊ သို့မဟုတ် သင် ငိုကြွေးကာ အံသွားကြိတ်ခဲလိမ့်မည်လော ဆိုသည်ကို သင် စိတ်ကူးနိုင်သလော။ မည်သည့် နိဂုံးနှင့်ကြုံဖို့ သင် မျှော်လင့်သနည်း။ သင် ကျွန်ုပ်ကို တစ်ရာရာခိုင်နှုန်း ယုံကြည်သလော၊ သို့မဟုတ် တစ်ရာရာခိုင်နှုန်း သံသယရှိသလော ဆိုသည်ကို သင် လေးနက်စွာ စဉ်းစား ဆင်ခြင်ဖူးသလော။ သင်၏ လုပ်ရပ်များနှင့် အပြုအမူများက မည်သည့် အကျိုးဆက်များနှင့် ရလဒ်မျိုးများ သင့်အပေါ် ကျရောက်မည်ကို သင် ဂရုတစိုက် စဉ်းစားဆင်ခြင်ဖူးသလော။ တစ်လှည့်အနေဖြင့် ငါ၏ နှုတ်ကပတ်တော်များအားလုံး ပြည့်စုံလိမ့်မည်ဟု သင် အမှန်တကယ် မျှော်လင့်သလော သို့မဟုတ် တစ်လှည့်အနေဖြင့် ငါ၏ နှုတ်ကပတ်တော်များ ပြည့်စုံမည်ကို သင် ကြောက်လန့်သလော။ ငါ၏ အမှုများကို ဖြည့်ဆည်းဖို့ရန်အလို့ငှာ မကြာမီ ငါထွက်ခွာသည်ကို သင် မျှော်လင့်ပါက၊ သင်ကိုယ်တိုင်၏ စကားများနှင့် လုပ်ရပ်များကို သင် မည်သို့ သဘောထားသင့်သနည်း။ ငါ၏ ထွက်ခွာခြင်းကို သင် မမျှော်လင့်သကဲ့သို့ ငါ၏ နှုတ်ကပတ်တော်များအားလုံး ချက်ချင်း ပြည့်စုံဖို့ သင်မမျှော်လင့်ပါက၊ ငါ့ကို သင် အဘယ်ကြောင့် ယုံကြည်သေးသနည်း။ သင် အဘယ်ကြောင့် ငါ့ နောက်လိုက်နေသည်ကို သင် အမှန်တကယ် သိသလော။ သင်၏ အကြောင်းပြချက်က သင်၏ နယ်ပယ်များကို ကျယ်ပြန့်စေဖို့မျှ ဖြစ်ပါက၊ သင် ထိုသို့ ဒုက္ခရှာစရာ မလိုပေ။ ကောင်းချီးခံစားဖို့နှင့် လာမည့် ဘေးအန္တရာယ်ကို ရှောင်လွှဲဖို့ဖြစ်ပါက၊ သင်သည် အဘယ်ကြောင့် သင်ကိုယ်တိုင်၏ အပြုအမူကို မပူပန်သနည်း။ ငါ၏ သတ်မှတ်ချက်များကို သင် ဖြည့်ဆည်းနိုင်ခြင်း ရှိ၊ မရှိဆိုသည်ကို သင့်ကိုယ်သင် အဘယ်ကြောင့် မမေးသနည်း။ လာမည့် ကောင်းချီးများကို ရရှိဖို့ သင်သည် အရည်အချင်းပြည့်မီခြင်း ရှိ မရှိဆိုသည်ကိုလည်း သင့်ကိုယ်သင် အဘယ်ကြောင့် မမေးသနည်း။

အရှေ့သို့- အလွန်ကြီးလေးသော ပြဿနာတစ်ခု- သစ္စာဖောက်ခြင်း (၁)

နောက်တစ်ခုသို့- သင်တို့၏ လုပ်ဆောင်ချက်များကို သင်တို့ သုံးသပ်ဆင်ခြင်သင့်သည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။