သင်တို့၏ လုပ်ဆောင်ချက်များကို သင်တို့ သုံးသပ်ဆင်ခြင်သင့်သည်

သင်တို့သည် ချို့တဲ့လွန်းနေပြီး သင်တို့၏ အသိပညာနှင့် ရရှိနိုင်စွမ်းတို့သည် အလွန် နည်းပါးသည့်အတွက်၊ သင်တို့ကို ပြန်လည် ဖြည့်တင်းပေးရန် နေ့စဉ် သင်တို့အား ငါ၏ နှုတ်ကပတ်တော်များ ကျမ်းတစ်ပိုဒ်ဖြင့် ထောက်ပံ့ပေးရမည်ကို ဘဝတွင် သင်တို့၏ လုပ်ဆောင်ချက်နှင့် လုပ်ရပ်တိုင်းက ပြသပေသည်။ သင်တို့၏ နေ့စဉ် ဘဝများတွင်၊ သင်တို့သည် သမ္မာတရား သို့မဟုတ် ကောင်းသော ဆင်ခြင်တုံတရားမရှိသည့် အခြေအနေ သို့မဟုတ် ပတ်ဝန်းကျင် အလယ်တွင် နေထိုင်ကြသည်။ သင်တို့သည် ရှင်သန်ဖို့ အရင်းအနှီး ကင်းမဲ့ပြီး ငါ့ကို သို့မဟုတ် သမ္မာတရားကို သိရှိဖို့ အခြေခံအုတ်မြစ် မရှိပေ။ သင်တို့၏ ယုံကြည်ခြင်းသည် မရေရာသကဲ့သို့၊ စိတ်ကူးသက်သက် ယုံကြည်ခြင်း သို့မဟုတ် အလွန်တစ်ယူသန်သော အသိပညာနှင့် ဘာသာရေး ဓလေ့ထုံးတမ်းတို့အပေါ်၌သာ တည်ဆောက် ထားသည်။ နေ့စဉ်နေ့တိုင်း ငါသည် သင်တို့၏ ရည်ရွယ်ချက်များနှင့် ဆိုးယုတ်သော အကျိုးတရားများကို ဆန်းစစ်ရင်း၊ သင်တို့၏ လှုပ်ရှားမှုများကို စောင့်ကြည့်ကာ၊ ဘယ်သောအခါမျှ ရွေ့လျားခြင်း မရှိသော ငါ၏ယဇ်ပလ္လင်ထက်တွင် မိမိတို့၏ နှလုံးသားနှင့် စိတ်ဝိညာဉ်ကို အမှန်တကယ် ထားရှိသောသူ တစ်ဦးတစ်ယောက်ကိုမျှ ငါမတွေ့ဖူးသေးပေ။ ထို့ကြောင့် ထိုသို့သော လူသားမျိုးနွယ်ထံ ငါဖော်ပြလိုသော နှုတ်ကပတ်တော် အားလုံးကို ဖွင့်ချရင်း အချိန်ဖြုန်းတီးဖို့ ငါ လိုလားနေခြင်းမရှိ။ ငါ၏စိတ်နှလုံးရှိ တစ်ခုတည်းသော အစီအစဉ်များမှာ ငါ၏မပြီးစီးသေးသော အမှုအတွက်နှင့် လူသားမျိုးနွယ်ကြားက ငါ မကယ်တင်ရသေးသည့် သူတို့အတွက် ဖြစ်သည်။ သို့ရာတွင်၊ ငါ့နောက်လိုက်သူများ အားလုံး ငါ၏ ကယ်တင်ခြင်းနှင့် လူသားအပေါ် ငါ၏ နှုတ်ကပတ်တော် အပ်နှင်းသော သမ္မာတရားများကို လက်ခံရရှိဖို့အတွက် ငါ ဆန္ဒရှိသည်။ တစ်နေ့ သင်၏မျက်လုံးများကို သင် မှိတ်သောအခါ- မှောင်မိုက်သော တိမ်တိုက်များက မိုးကောင်းကင်ကို ပိတ်ကွယ်ကာ အော်ဟစ်သံများ မည်သည့်အခါမျှ မဆိတ်သုဉ်းသည့် ညိုမှိုင်း အေးစက်နေသော ကမ္ဘာကို မဟုတ်ဘဲ- လေတွင် မွှေးရနံ့သင်းပျံ့ပြီး၊ အသက်ရေစီးနေသော စမ်းချောင်းများ ရှိသည့် လောကတစ်ခုကို သင် တွေ့မြင်ဖို့ ငါ မျှော်လင့်သည်။

နေ့ရက်စဉ်တိုင်းတွင်၊ လူတစ်ဦးစီတိုင်း၏ လုပ်ဆောင်ချက်များနှင့် အတွေးများသည် တစ်ပါးတည်းသောသူ၏ မျက်လုံးများဖြင့် ကြည့်ရှု ခံရလျက်ရှိကာ၊ တစ်ချိန်တည်းတွင် ၎င်းတို့ကိုယ်တိုင်၏ မနက်ဖြန် အတွက် ပြင်ဆင်လျက်ရှိပေသည်။ ဤသည်မှာ အသက်ရှင်လျက် ရှိသောသူအားလုံး လျှောက်လှမ်းရမည့် လမ်းကြောင်းဖြစ်၏။ ယင်းမှာ အားလုံးအတွက် ငါကြိုတင် ခွဲခန့်မှတ်သားထားသော လမ်းကြောင်း ဖြစ်ပြီး၊ ယင်းကို မည်သူမျှ မလွတ်မြောက်နိုင်သကဲ့သို့၊ ယင်းမှ မည်သူမျှ လွတ်ငြိမ်းခွင့်မရပေ။ ငါပြောပြီးသော နှုတ်ကပတ်တော်များသည် အရေအတွက်မဲ့သည့်အပြင်၊ ငါပြုသော အမှုသည် အတိုင်းအဆမဲ့သည်။ နေ့စဉ်နေ့တိုင်း၊ လူအသီးသီးသည် မိမိတို့၏ ပင်ကို သဘာဝနှင့် ၎င်းတို့၏ သဘာဝနှင့်သက်ဆိုင်သည့် ဖွံ့ဖြိုးတိုးတက်မှုများတို့နှင့်အညီ ၎င်းတို့ လုပ်ဆောင်ဖို့ရှိသည့် အရာအားလုံးကို အလိုအလျောက် ဆောင်ရွက်သည်နှင့်အမျှ၊ ငါသည် စောင့်ကြည့်၏။ ကွဲပြားသော လူအမျိုးအစားများကို ပေါ်လွင်စေဖို့ ငါချမှတ်ထားသော “မှန်ကန်သည့် လမ်းကြောင်း” အပေါ်တွင် များစွာသောသူတို့သည် အမှုမဲ့အမှတ်မဲ့ဖြင့် စတင်နှင့်ကြပြီးဖြစ်သည်။ ဤ ကွဲပြားသော လူအမျိုးအစားများကို ငါသည် ကွဲပြားသော ပတ်ဝန်းကျင်များတွင် ကာလကြာမြင့်စွာ ကတည်းက ထားရှိနှင့်ပြီးဖြစ်ကာ၊ ၎င်းတို့၏ သက်ဆိုင်ရာ နေရာများတွင် အသီးသီးသည် မိမိတို့၏ ပင်ကိုအရည်အချင်းများကို ဖော်ကြပြီး ဖြစ်သည်။ ၎င်းတို့ကို ချည်နှောင်ဖို့ မည်သူမျှ မရှိသကဲ့သို့၊ သွေးဆောင်မည့်သူ မည်သူမျှ မရှိပေ။ ၎င်းတို့သည် အလုံးစုံ လွတ်လပ်မှုရှိပြီး၊ ၎င်းတို့ဖော်ပြသည့် အရာကို အလွယ်တကူ ဖော်ပြနိုင်ပေသည်။ ၎င်းတို့ကို ထိန်းချုပ်ထားသည့် တစ်ခုတည်းသော အရာမှာ ငါ၏ နှုတ်ကပတ်တော်များ ဖြစ်သည်။ ထို့ကြောင့် လူအချို့တို့သည် ငါ၏ နှုတ်ကပတ်တော်များကို မည်သည့်အခါတွင်မျှ လက်တွေ့ကျင့်သုံးခြင်းမရှိဘဲ၊ သေခြင်းကို ရှောင်လွှဲရန်သာ ဆောင့်ကြီးအောင့်ကြီးနှင့် ဖတ်ရှုကြသည်။ ထိုစဉ်အတောအတွင်းတွင်၊ အခြားသူတို့မှာ ၎င်းတို့ကို လမ်းပြကာ ထောက်ပံ့ဖို့ ငါ၏ နှုတ်ကပတ်တော်များမရှိဘဲ၊ နေ့ရက်များကို ကြံ့ကြံ့ခံဖို့ ခက်ခဲသည်ကို တွေ့ရှိကြသောကြောင့် ၎င်းတို့သည် ငါ၏နှုတ်ကပတ်တော်များကို အချိန်တိုင်း အလိုအလျောက် ကိုင်စွဲထားကြသည်။ အချိန်ကုန်လွန် သွားသည်နှင့်အမျှ ၎င်းတို့သည် လူ့ဘဝ၏ လျှို့ဝှက်ချက်၊ လူသားမျိုးနွယ်တို့၏ ပန်းတိုင်နှင့် လူသားဖြစ်ခြင်း၏ တန်ဖိုးတို့ကို သိကြရလေသည်။ ဤသည်မှာ ငါ၏နှုတ်ကပတ်တော်များ၏ မျက်မှောက်တွင် လူသားမျိုးနွယ် ရှိကြသည့်ပုံ သက်သက်ဖြစ်ပြီး၊ ငါသည် ကိစ္စရပ်များကို သူ့ဘာသာသူ ဖြစ်ခွင့် ပေးရုံပေး၏။ ငါ၏ နှုတ်ကပတ်တော်များကို ၎င်းတို့ တည်ရှိခြင်း၏ အခြေခံအုတ်မြစ် ဖြစ်စေဖို့ရာ လူတို့ကို အတင်းအကျပ် ပြုသည့် မည်သည့်အမှုကိုမျှ ငါ မလုပ်ဆောင်ပေ။ ထို့ကြောင့် အသိတရား လုံးဝ မရှိဖူးသူတို့နှင့် မိမိတို့၏ တည်ရှိမှုက မည်သည့်အခါတွင်မျှ တန်ဖိုးမရှိဖူးသူတို့သည် အမှုအရာများ မည်သို့ဖြစ်သည်ကို တိတ်ဆိတ်စွာ စောင့်ကြည့်လေ့လာ ပြီးနောက် ငါ၏ နှုတ်ကပတ်တော်များကို ရဲတင်းစွာ ဘေးဖယ်ထားလိုက်ကြပြီး၊ ၎င်းတို့ ဆန္ဒရှိသည့်အတိုင်း လုပ်ဆောင်ကြသည်။ ၎င်းတို့သည် သမ္မာတရားနှင့် ငါ့ထံမှလာသော အရာအားလုံးကို တိုး၍ ငြီးငွေ့စပြုလာကြသည်။ ထို့အပြင်၊ ငါ၏အိမ်တွင် နေရခြင်းကိုလည်း တိုး၍ ငြီးငွေ့ကြ၏။ ၎င်းတို့သည် အစေခံခြင်းအမှုကို ပေးနေကြလျှင်ပင်၊ ၎င်းတို့၏ ပန်းတိုင်အတွက်နှင့် အပြစ်ပေးခြင်းမှ လွတ်မြောက်ဖို့အတွက် ဤလူများသည် ငါ၏ အိမ်တွင် အချိန်တစ်ခုကြာ နေထိုင်ကြလေသည်။ သို့ရာတွင်၊ ၎င်းတို့၏ ရည်ရွယ်ချက်များနှင့် လုပ်ရပ်များ မည်သည့်အခါတွင်မျှ မပြောင်းလဲပေ။ ဤအရာက ကောင်းချီး မင်္ဂလာအတွက် ၎င်းတို့၏ လိုအင်ဆန္ဒကို တိုးပွားစေပြီး ကောင်းကင်နိုင်ငံတော်ထဲသို့ တစ်ကြိမ်တည်း ဝင်ရောက်ပြီးနောက်တွင် ထာဝရ နေရစ်ဖို့- ထာဝရကောင်းကင်ဘုံသို့ ဝင်ရောက်ဖို့ပင်- ၎င်းတို့၏ လိုအင်ဆန္ဒကို တိုးပွားစေလေသည်။ ငါ၏နေ့ရက် မကြာမီ ရောက်လာဖို့ ၎င်းတို့ တမ်းတလေလေ၊ သမ္မာတရားသည် ၎င်းတို့၏ လမ်းတွင် အတားအဆီးတစ်ခု၊ ခလုတ်တံသင်းတစ်ခု ဖြစ်လာပြီဟု ခံစားရလေလေ ဖြစ်သည်။ ၎င်းတို့အားလုံးသည် သမ္မာတရားကို အားထုတ်ရန် သို့မဟုတ် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို လက်ခံရန် မလိုအပ်သကဲ့သို့၊ အထူးသဖြင့်၊ ငါ၏အိမ်အတွင်းတွင် ခယဝပ်တွားဖို့နှင့် ငါမိန့်ဆိုသည့် အတိုင်း လုပ်ဆောင်ဖို့ မလိုအပ်ဘဲ- ကောင်းကင်နိုင်ငံတော်၏ ကောင်းချီးမင်္ဂလာများကို ထာဝရ မွေ့လျော်ဖို့ ကောင်းကင် နိုင်ငံတော်ထဲသို့ ခြေချဖို့ရန် မစောင့်နိုင်အောင် ဖြစ်ကြလေသည်။ ဤလူများသည် ငါ၏ အိမ်ထဲသို့ ဝင်ရောက်ကြသည်မှာ သမ္မာတရားကို ရှာဖွေဖို့ဖြစ်သော ၎င်းတို့၏ လိုအင်ဆန္ဒကို ဖြည့်ဆည်းဖို့ မဟုတ်သကဲ့သို့၊ ငါ၏ စီမံခန့်ခွဲမှုနှင့်အတူ ပူးပေါင်းလုပ်ဆောင်ဖို့လည်း မဟုတ်ပေ။ ၎င်းတို့၏ ရည်မှန်းချက်မှာ လာမည့် ခေတ်တွင် ဖျက်ဆီးခြင်းမခံရမည့် သူများအလယ်တွင် ရှိဖို့မျှ ဖြစ်သည်။ ထို့ကြောင့်၊ ၎င်းတို့၏ နှလုံးသားများသည် သမ္မာတရား အဘယ်အရာဖြစ်သည် သို့မဟုတ် သမ္မာတရားကို မည်ကဲ့သို့ လက်ခံရမည်ကို ဘယ်သောအခါမျှ မသိဖူးကြပေ။ ဤသည်မှာ ထိုသို့သော လူများသည် သမ္မာတရားကို မည်သည့်အခါတွင်မျှ လက်တွေ့ကျင့်သုံးခြင်းမရှိသကဲ့သို့၊ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးခြင်း၏ အတိမ်အနက်ကို သဘောမပေါက် ကြသော်လည်း၊ ငါ၏အိမ်တွင် တစ်ချိန်လုံး “အစေခံများ” အဖြစ် နေထိုင်ကြပြီးဖြစ်သည့် အကြောင်းရင်းဖြစ်သည်။ ၎င်းတို့သည် ငါ၏နေ့ရက် ရောက်ရှိလာခြင်းကို “စိတ်ရှည်စွာ” ဖြင့် စောင့်ဆိုင်းကြပြီး၊ ငါ၏အမှု၏ နည်းဟန်အားဖြင့် ၎င်းတို့ လူးလှိမ့်ကြရသလောက် မောလည်း မမောပန်းနိုင်ကြပေ။ သို့သော် ၎င်းတို့၏ ကြိုးပမ်း အားထုတ်မှုများ မည်မျှကြီးမားပါစေ၊ သို့မဟုတ် မည်သည့် အဖိုးအခကို ၎င်းတို့ ပေးသည်ဖြစ်စေ၊ သမ္မာတရားအတွက် ၎င်းတို့ ဆင်းရဲဒုက္ခ ခံစားရသည်ကို သို့မဟုတ် ငါ့အတွက် တစ်ခုတစ်လေ ပေးသည်ကို မည်သူမျှ မတွေ့မြင်ဖူးကြပေ။ ၎င်းတို့၏ စိတ်နှလုံးသားများတွင် ခေတ်ဟောင်းကို ငါအဆုံးသတ်သည့် နေ့ရက်အား မြင်ရဖို့ တရွရွဖြစ်နေကြပြီး၊ ထို့အပြင် ငါ၏တန်ခိုးနှင့် ဩဇာအာဏာတို့ မည်မျှကြီးမားသည်ကို သိဖို့ရန် မစောင့်နိုင်အောင်ဖြစ် ကြလေသည်။ လုပ်ဆောင်ဖို့ ၎င်းတို့ ဘယ်သောအခါမျှ အလျင်မလိုကြသည့်အရာမှာ မိမိတို့ကိုယ်ကိုယ် ပြောင်းလဲရန်နှင့် သမ္မာတရားကို အားထုတ်ဖို့ ဖြစ်သည်။ ငါစိတ်ပျက်ငြီးငွေ့သောအရာကို ၎င်းတို့ချစ်ကြပြီး၊ ငါချစ်သောအရာကို စိတ်ပျက်ငြီးငွေ့ကြသည်။ ငါမုန်းတီးသောအရာကို ၎င်းတို့ တောင့်တကြသော်လည်း၊ ငါ စက်ဆုပ်ရွံမုန်းသော အရာကို ဆုံးရှုံးရမည်ကို ကြောက်ရွံ့ကြသည်။ ၎င်းတို့သည် ဤဆိုးယုတ်သော ကမ္ဘာတွင် ယင်းကို ဘယ်သောအခါမျှ စက်ဆုပ်ခြင်းမရှိဘဲ အသက်ရှင်ကြပြီး၊ သို့တိုင် ယင်းကို ငါဖျက်ဆီးပစ်မည်ကို အလွန်အမင်း ကြောက်ရွံ့ကြလေသည်။ ၎င်းတို့၏ ကွဲလွဲနေသော ရည်ရွယ်ချက်များ အလယ်တွင်၊ ငါစက်ဆုပ်ရွံရှာသော ဤကမ္ဘာကို ၎င်းတို့ ချစ်ကြသော်လည်း၊ ၎င်းတို့အနေဖြင့် ဖျက်ဆီးခြင်း၏ ဆင်းရဲဒုက္ခမှ လွတ်နိုင်ကြဖို့ရန်နှင့် နောက်တစ်ခေတ်၏ အရှင်သခင်များ အဖြစ်သို့ ပြောင်းလဲနိုင်ကြဖို့အလို့ငှာ၊ မှန်သော လမ်းခရီးမှ ၎င်းတို့ သွေဖည်မသွားမီ၊ ယင်းကို ငါအလျင်အမြန် ဖျက်ဆီးဖို့လည်း တမ်းတကြလေသည်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့သည် သမ္မာတရားကို မချစ်သကဲ့သို့၊ ငါ့ထံမှလာသော အရာအားလုံးကို စိတ်ပျက် ငြီးငွေ့ကြသောကြောင့်ပင် ဖြစ်သည်။ ၎င်းတို့သည် ကောင်းချီးမင်္ဂလာများကို မဆုံးရှုံးစေရန်အတွက် တိုတောင်းသော အချိန်တစ်ခုအကြာတွင် “နာခံသောလူများ” ဖြစ်ကောင်း ဖြစ်လာ နိုင်သော်လည်း၊ ကောင်းချီးခံစားရဖို့ ၎င်းတို့၏ စိုးရိမ်ပူပန်မှုနှင့် ပျက်စီးဆုံးရှုံးခြင်းနှင့် လောင်ကျွမ်းနေသော မီးအိုင်ထဲသို့ ဝင်ရောက် ရမည်ကို ကြောက်ရွံ့မှုသည် ဘယ်သောအခါမျှ ဖုံးဖိမရနိုင်ပေ။ ငါ၏နေ့ရက် နီးကပ်လာသည်နှင့်အမျှ၊ ၎င်းတို့၏ စိတ်ဆန္ဒသည် မှန်မှန် တိုး၍အားကောင်းလာသည်။ ဘေးဒုက္ခ ကြီးမားလာလေ၊ ငါ့ကို ဝမ်းမြောက်စေဖို့နှင့် ရှည်ကြာစွာ ၎င်းတို့ တမ်းတခဲ့ကြသည့် ကောင်းချီးမင်္ဂလာများကို ဆုံးရှုံးခြင်းအား ရှောင်လွှဲဖို့ ဘယ်က အစပြုရမည်ကို မသိဘဲ၊ ၎င်းတို့ကို ခိုကိုးရာမဲ့ ဖြစ်စေလေလေ ဖြစ်သည်။ ငါ၏လက်၏အမှုကို အစပြုသည်နှင့်တစ်ပြိုင်နက်၊ ထိုသို့သော လူများသည် ရှေ့​ပြေး​တပ်အဖြစ် အစေခံဖို့ ဆောင်ရွက်ရန် စိတ်ထက်သန်ကြလေသည်။ ၎င်းတို့ကို ငါ မမြင်တွေ့မည်ကို အလွန်အမင်း စိုးရွံ့ရင်း၊ ၎င်းတို့သည် တပ်ဖွဲ့များ၏ တကယ့်‌ရှေ့တန်းသို့ တစ်ရှိန်ထိုးတက်ဖို့သာ စဉ်းစားကြလေသည်။ ၎င်းတို့ လုပ်ရပ်များနှင့် လုပ်ဆောင်ချက်များက သမ္မာတရားနှင့် မည်သည့်အခါတွင်မျှ မဆီလျော်ဖူးသည့်အပြင်၊ ၎င်းတို့၏ လုပ်ဆောင်ချက်များက ငါ၏ အစီအစဉ်များကို နှောင့်ယှက်ကာ ဝင်ရောက်စွက်ဖက်ရုံမျှ ပြုသည်ကို လုံးဝ မသိဘဲ၊ ၎င်းတို့ တွေးသည့်အရာကို မှန်ကန်သည့်အရာအဖြစ် လုပ်ဆောင် ပြောဆိုကြလေသည်။ ၎င်းတို့အနေဖြင့် ကြီးမားသော အားထုတ်မှု ပြုခဲ့ကောင်းပြုခဲ့နိုင်ပြီး အခက်အခဲများကို ခံရပ်ဖို့ ၎င်းတို့၏ အလိုဆန္ဒနှင့် ရည်ရွယ်ချက်တို့သည် မှန်ကောင်းမှန်နိုင်သော်လည်း၊ ငါ၏ ယဇ်ပလ္လင်ပေါ်တွင် ၎င်းတို့ တစ်ခုတလေ ထားရှိသည်ကို ငါ မြင်ဖူးဖို့ မဆိုထားနှင့်၊ ၎င်းတို့၏ လုပ်ဆောင်ချက်များက ကောင်းမွန်သော ရည်ရွယ်ချက်များမှ လာသည်ကို ငါ မည်သည့်အခါတွင်မျှ မမြင်ဖူးသည့် အတွက်၊ ၎င်းတို့ လုပ်ဆောင်သည့် မည်သည့်အရာမျှ ငါနှင့် မပတ်သက်ပေ။ ယင်းမှာ ဤနှစ်များစွာတစ်လျှောက် ငါ၏ရှေ့တွင် ၎င်းတို့ ပြုထားသည့် လုပ်ဆောင်ချက်များ ဖြစ်သည်။

မူလက၊ ငါသည် သင်တို့ကို သာ၍များသော သမ္မာတရားများဖြင့် ထောက်ပံ့ရန် ဆန္ဒရှိခဲ့သော်လည်း၊ သမ္မာတရားအပေါ် သင်တို့၏ သဘောထားသည် များစွာအေးစက်လွန်းကာ စိတ်မဝင်စားသောကြောင့်၊ ဤအရာမှ ငါ ရှောင်ကြဉ်ခဲ့ရသည်။ ငါ၏ အားထုတ်မှုများ ဖြုန်းတီး ခံရဖို့အတွက် ငါဆန္ဒမရှိသကဲ့သို့၊ လူတို့သည် ငါ၏ နှုတ်ကပတ်တော်များကို ကိုင်စွဲလျက်ရှိကြသော်လည်း၊ အခြေအနေ အားလုံးတွင် ငါ့ကို ခုခံသည့်အရာ၊ အပုပ်ချပြီး ပြစ်မှားစော်ကားသည့် အရာကို လုပ်ဆောင်နေကြသည်ကိုလည်း တွေ့မြင်ရန် ဆန္ဒမရှိပေ။ သင်တို့၏ သဘောထားများနှင့် လူ့သဘောသဘာဝကြောင့်၊ ငါသည် သင်တို့ကို လူသားမျိုးနွယ်အလယ် ငါ၏စမ်းသပ်ခြင်းအမှုအဖြစ် အသုံးတော်ခံသော ငါ၏နှုတ်ကပတ်တော်များ၏ သေးငယ်ပြီး သင်တို့အတွက် အလွန်အရေးကြီးသည့် အစိတ်အပိုင်းကို ထောက်ပံ့ပေးရုံမျှ ငါပြုသည်။ ငါပြုပြီးသည့် ဆုံးဖြတ်ချက်များနှင့် အစီအစဉ်သည် သင်တို့၏ လိုအပ်ချက်များနှင့် ကိုက်ညီမှုရှိသည့်အပြင်၊ လူသားမျိုးနွယ်အပေါ် ငါ၏သဘောထားသည် မှန်ကန်သော သဘောထား တစ်ခုဖြစ်သည်ကို ယခုအချိန်မှသာ ငါ အမှန်တကယ် အတည်ပြုရ၏။ ငါ့ရှေ့တွင် သင်တို့၏နှစ်ပေါင်းများစွာ အပြုအမူသည် ယခင်က ငါတစ်ကြိမ်တစ်ခါမျှ မရဖူးသော အဖြေကို ငါ့အား ပေးခဲ့ပြီး ဤအဖြေ၏ မေးခွန်းမှာ- “သမ္မာတရားနှင့် စစ်မှန်သော ဘုရားသခင် ရှေ့တွင် လူသား၏ သဘောထားသည် အဘယ်နည်း။” ဟူ၍ ဖြစ်သည်။ လူသားအဖို့ ငါဆက်ကပ်သော အားထုတ်မှုများသည် လူသားအတွက် ငါ၏ချစ်ခြင်းမေတ္တာ၏ အနှစ်သာရကို သက်သေပြပြီး၊ ငါ၏ရှေ့မှောက်က လူသား၏ လုပ်ရပ်တိုင်းသည် သမ္မာတရားအပေါ် ၎င်း၏ စက်ဆုပ်ရွံရှာမှုနှင့် ငါ့ကို ဆန့်ကျင်ခြင်းတို့၏ အနှစ်သာရကို သက်သေပြပေသည်။ အချိန်တိုင်း၊ ငါသည် ငါ့နောက်သို့ လိုက်သောသူ အားလုံးအတွက် စိတ်ပူပန်၏၊ သို့ရာတွင် ငါ့နောက်လိုက်သူများသည် ငါ၏နှုတ်ကပတ်တော်များကို မည်သည့်အခါတွင်မျှ လက်ခံနိုင်ခြင်း မရှိကြပေ။ ၎င်းတို့သည် ငါ၏အကြံပေးချက်များကိုပင် လက်မခံနိုင်ကြ။ ဤသည်မှာ ငါ့ကို အားလုံးထဲမှ ဝမ်းအနည်းစေဆုံးသော အရာ ဖြစ်သည်။ ငါ၏သဘောထားသည် စစ်မှန်ပြီး ငါ၏နှုတ်ကပတ်တော်များသည် နူးညံ့သော်လည်း၊ မည်သူမျှ ငါ့ကို နားမလည်နိုင်ဖူးကြသည့်အပြင်၊ ငါ့အား မည်သူမျှ လက်မခံနိုင်ဖူးကြပေ။ အယောက်တိုင်းသည် ၎င်းတို့အား ငါပေးအပ်သည့် အလုပ်ကို မိမိတို့၏ ကိုယ်ပိုင် စိတ်ကူးများအတိုင်း လုပ်ဆောင်ဖို့ ကြိုးစားကြသည်။ ၎င်းတို့အား ငါ တောင်းဆိုသည့်အရာကို မေးမြန်းဖို့ မဆိုထားနှင့်၊ ငါ၏ ရည်ရွယ်ချက်များကို ၎င်းတို့ မရှာဖွေကြပေ။ ၎င်းတို့သည် ငါ့ကို ဆန့်ကျင်ပုန်ကန်ကြစဉ်တွင်၊ ငါ့ကို သစ္စာစောင့်သိစွာ အစေခံကြောင်း အခိုင်အမာဆိုကြသေး၏။ များစွာသောသူတို့သည် ၎င်းတို့ လက်မခံနိုင်သည့် သမ္မာတရားများ သို့မဟုတ် ၎င်းတို့ လက်တွေ့မကျင့်သုံးနိုင်သည့် သမ္မာတရားများသည် သမ္မာတရားများ မဟုတ်ဟု ယုံကြည်ကြသည်။ ထိုသို့သော လူသားများတွင်၊ ငါ၏သမ္မာတရားများသည် ငြင်းပယ်ခံရကာ ဘေးဖယ်ထားခံရသည့် အရာတစ်ခု ဖြစ်လာသည်။ တစ်ချိန်တည်းတွင်၊ ငါ့ကို ဘုရားသခင်အဖြစ် လူတို့သည် စကားဖြင့် အသိအမှတ်ပြုသော်လည်း၊ သမ္မာတရား၊ လမ်းခရီး သို့မဟုတ် အသက်မဟုတ်သည့် အပြင်လူတစ်ဦးအဖြစ်လည်း ငါ့ကို ယုံကြည်ကြလေသည်။ ဤအမှန်တရားကို မည်သူမျှ မသိပေ- ငါ၏ နှုတ်ကပတ်တော်များသည် ထာဝရမပြောင်းလဲသော သမ္မာတရား ဖြစ်၏။ ငါသည် လူသားအတွက် အသက်နှင့်ဆိုင်သည့် အထောက်အပံ့ဖြစ်ပြီး လူသားမျိုးနွယ်အတွက် တစ်ဦးတည်းသော လမ်းပြ ဖြစ်သည်။ ငါ၏ နှုတ်ကပတ်တော်များ၏ တန်ဖိုးနှင့် အဓိပ္ပာယ်သည် ၎င်းတို့ကို လူသားမျိုးနွယ်က အသိအမှတ်ပြု၊ မပြု သို့မဟုတ် လက်ခံခြင်း ရှိ၊ မရှိ ဆိုသည့်အရာဖြင့် သတ်မှတ်ထားခြင်း မဟုတ်ဘဲ၊ နှုတ်ကပတ်တော်များ ကိုယ်တိုင်၏ အနှစ်သာရဖြင့် သတ်မှတ်ထားခြင်း ဖြစ်သည်။ ဤကမ္ဘာပေါ်မှ လူတစ်ဦးကမျှ ငါ၏နှုတ်ကပတ်တော်များကို လက်မခံနိုင်လျှင်ပင်၊ မည်သည့်လူသားမျှ ငါ၏နှုတ်ကပတ်တော်များ၏ တန်ဖိုးနှင့် လူသားမျိုးနွယ်အား ၎င်းတို့၏မစမှုကို ခန့်မှန်း၍မရနိုင်ပေ။ သို့ဖြစ်၍၊ ငါ၏ နှုတ်ကပတ်တော်များကို ပုန်ကန်သော၊ ချေပ ပြောဆိုသော သို့မဟုတ် လုံးဝ အထင်သေးသော လူများစွာနှင့် ရင်ဆိုင်ရသည့်အခါ၊ ငါ၏ ရပ်တည်မှုသည်- အချိန်နှင့် အမှန်တရားများသည် ငါ၏ သက်သေဖြစ်ပြီး ငါ၏ နှုတ်ကပတ်တော်များသည် သမ္မာတရား၊ လမ်းခရီးနှင့် အသက် ဖြစ်သည်ကို ပြသပါစေဟူ၍သာ ဖြစ်သည်။ ၎င်းတို့သည် ငါပြောသမျှအားလုံး မှန်ကန်သည်၊ ယင်းမှာ လူသားအနေဖြင့် ဖြည့်ဆည်းထားသင့်သည့်အရာ ဖြစ်သည်၊ ထို့အပြင် လူသားက လက်ခံသင့်သည့်အရာဖြစ်သည်ကို ပြသပါစေ။ ငါ၏ နှုတ်ကပတ်တော်များကို အပြည့်အဝ လက်မခံနိုင်သော သူများ၊ ငါ၏ နှုတ်ကပတ်တော်များကို လက်တွေ့မကျင့်သုံးနိုင်သူများ၊ ငါ၏ နှုတ်ကပတ်တော်များထဲတွင် ရည်ရွယ်ချက်တစ်ခုကို ရှာမတွေ့နိုင် သူများနှင့် ငါ၏နှုတ်ကပတ်တော်များကြောင့် ကယ်တင်ခြင်းကို မရရှိနိုင်သူများသည် ငါ့နှုတ်ကပတ်တော်များအားဖြင့် ပြစ်တင်ရှုတ်ချခြင်းခံ ရပြီးဖြစ်သည့်အပြင် ငါ၏ ကယ်တင်ခြင်းကို ဆုံးရှုံးပြီးသောသူများ ဖြစ်ကာ ငါ၏ တုတ်သည် ၎င်းတို့ထံမှ မည်သည့်အခါတွင်မျှ သွေဖည်မည် မဟုတ်ပေ- ဟူသည့် အမှန်တရားကို ငါ့နောက်လိုက်သော သူအားလုံးအား ငါ သိရှိစေမည်။

၂၀၀၃ ခုနှစ်၊ ဧပြီလ ၁၆ ရက်

အရှေ့သို့- အလွန်ကြီးလေးသော ပြဿနာတစ်ခု- သစ္စာဖောက်ခြင်း (၂)

နောက်တစ်ခုသို့- ဘုရားသခင်သည် လူ့အသက်၏ အရင်းအမြစ်ဖြစ်သည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။