အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်၏ မူလအစနှင့် ဖွံ့ဖြိုးတိုးတက်ပုံ

30.08.2018

ကျေးဇူးတော်ကာလတွင် သခင်ယေရှုသည် ကိုယ်တော်ရှင်၏ နောက်သို့ လိုက်သူများကို ကတိပေးခဲ့သည်မှ- “ငါသည်သွား၍ သင်တို့နေစရာအရပ်ကို ပြင်ဆင်ပြီးမှ တဖန်လာပြန်၍၊ ငါရှိရာအရပ်၌ သင်တို့ရှိ စေခြင်းငှါ သင်တို့ကို ငါ့ထံသို့ သိမ်းဆည်းမည်။(ရှင်ယောဟန်ခရစ်ဝင် ၁၄:၃)လျှပ်စစ်သည် အရှေ့မှပြက်၍အနောက်တိုင်အောင် ထွန်းလင်းသကဲ့သို့၊ လူသားသည် ကြွလာတော် မူလတံ့။(ရှင်မဿဲခရစ်ဝင် ၂၄:၂၇) ဟုလည်း ဗျာဒိတ်တော်ပေး၏။ နောက်ဆုံးသောကာလတွင် ကိုယ်တော်ရှင်ကိုယ်တိုင် ကတိပေး၍ ကြိုတင် ပြောထားသည့်အတိုင်း ဘုရားသခင်သည် သခင်ယေရှု၏ ရွေးနှုတ်ခြင်း အမှုတော်ကို အခြေခံလျက် တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း၊ သိမ်းပိုက်အုပ်စိုးခြင်း နှင့် နှုတ်ကပတ်တော်ကို သုံး၍ ကယ်တင်ခြင်းအမှုတို့ကို ဆောင်ရွက်ရန် တဖန်ပြန်၍ လူ့ဇာတိခံကာ ကမ္ဘာ့အရှေ့အရပ်- တရုတ်ပြည်- သို့ ဆင်းသက်လာခဲ့၏။ ဤတွင် သမ္မာကျမ်းစာ၏ ဗျာဒိတ်တော်များဖြစ်သည့် “ဘုရားသခင်၏အိမ်တော်သားတို့ကို ရှေ့ဦးစွာစစ်ကြောစီရင်ရ” နှင့် “ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို နားရှိသောသူ မည်သည် ကား ကြားပါစေ။” တို့သည်လည်း ပြည့်စုံသွား၏။ ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုတော်သည် ကျေးဇူးတော်ကာလကို အဆုံးသတ်ကာ နိုင်ငံတော်ကာလကို စတင်ခဲ့သည်။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နိုင်ငံတော် ဧဝံဂေလိတရားသည် တရုတ်ပြည်မတွင် လျင်မြန်စွာ ပျံ့နှံ့သည်နှင့်အမျှ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် ပေါ်ပေါက်လာခဲ့၏။ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်သည် အချက်အလက်များနှင့် သက်သေပြထားသည့် အတိုင်း နောက်ဆုံးသောကာလတွင် ဘုရားသခင်၏ အမှုတော်အားဖြင့် လုံးဝ ပေါ်ပေါက်လာကာ မည်သည့်လူသားတစ်ဦး၏ တည်ထောင်မှုဖြင့်မျှ ပေါ်ပေါက် လာခြင်း မဟုတ်ပါ။ ဤသည်မှာ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ရှိ ရွေးချယ်ခံရသူများသည် အနန္တတန်ခိုးရှင် ဘုရားသခင်၏ နာမဖြင့် ဆုတောင်းပတ္ထနာပြုခြင်း၊ ကိုယ်တော်ရှင်၏ အမှုတော်ကို နာခံခြင်း၊ ကိုယ်တော်ရှင် ထုတ်ဖော်ပြသည့် သမ္မာတရားအားလုံးကို လက်ခံခြင်းကြောင့် ဖြစ်သည်။ ထို့ကြောင့် ဤရွေးချယ်ခံရသူများသည် နောက်ဆုံးသော ကာလတွင် လူ့ဇာတိခံယူသူ ခရစ်တော်၊ လူ့ဇာတိပကတိတွင် ဖြစ်မြောက်သည့် ဝိညာဉ်တော်ဖြစ်သည့် လက်တွေ့ကျသော ဘုရားသခင်ကို ယုံကြည်သည်မှာ ထင်ရှား ပါသည်။ ပြင်ပသဏ္ဌာန်အားဖြင့် အနန္တတန်ခိုးရှင် ဘုရားသခင်သည် သာမန်လူသားတစ်ဦးသာ ဖြစ်သော်လည်း အနှစ်သာရအားဖြင့် ကိုယ်တော်ရှင်သည် ဘုရားသခင်၏ ဝိညာဉ်တော်၏ ပြယုဂ်ဖြစ်ကာ သမ္မာတရား၊ လမ်းခရီးနှင့် အသက်ဖြစ်၏။ ကိုယ်တော်ရှင်၏ အမှုတော်နှင့် နှုတ်ကပတ်တော်တို့သည် ဘုရားဝိညာဉ်တော်၏ တိုက်ရိုက် ဖော်ပြချက် ဖြစ်ကာ၊ ဘုရားသခင် ကိုယ်တော်တိုင်၏ ပေါ်ထွန်းလာခြင်း ဖြစ်၏။ ထို့ကြောင့် ကိုယ်တော်ရှင်သည် လူ့ဇာတိခံယူထားသည့် လက်တွေ့ ကျသော ဘုရားသခင်ဖြစ်၏။

၁၉၉၁ ခုနှစ်တွင် အနန္တတန်ခိုးရှင် ဘုရားသခင်၊ နောက်ဆုံးသော ကာလ၏ ခရစ်တော်သည် ကိုယ်တော်ရှင်၏ အမှုတော်ကို တရုတ်ပြည်တွင် တရားဝင် စတင်ဆောင်ရွက်၏။ ထို့နောက် ကိုယ်တော်ရှင်သည် သန်းပေါင်းများစွာသော နှုတ်ကပတ်တော်တို့ကို ထုတ်ဖော်ပြောဆို၍ နောက်ဆုံးသော ကာလတွင် ဖြုသောပလ္လင်ကြီး၏ စီရင်ခြင်းအမှုကို စတင်၏။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည့်အတိုင်းပင်- “တရားစီရင်ခြင်းအမှုသည် ဘုရားသခင်၏ ကိုယ်ပိုင်အမှုဖြစ်၏။ ထို့ကြောင့် ယင်းအား ဘုရားသခင် ကိုယ်တိုင် သဘာဝအတိုင်းပင် ဆောင်ရွက်ပြီးသင့်ပေသည်။ သူ့အစား၊ လူသားက အစားထိုး၍ ဆောင်ရွက် မပေးနိုင်။ အကြောင်းမှာ တရားစီရင်ခြင်းသည် သမ္မာတရားအားဖြင့် လူသားမျိုးနွယ်ကို သိမ်းပိုက်အောင်နိုင်ခြင်း အကြောင်းဖြစ်သည်။ လူသားတို့အကြား ဤအမှုတော်ကို ဆောင်ရွက်ရန် ဘုရားသခင်သည် လူ့ဇာတိခံ ပုံသဏ္ဌာန်ဖြင့် ပေါ်ထွန်းဦးမည် ဖြစ်သည်မှာ မေးစရာမလိုချေ။ ဆိုလိုသည်မှာ၊ နောက်ဆုံးသောကာလတွင် ခရစ်တော်သည် သမ္မာတရားကို အသုံးပြု၍ ကမ္ဘာတဝှမ်းရှိ လူတို့ကို သွန်သင်ကာ သမ္မာတရား အလုံးစုံကို သူတို့အား သိစေလိမ့်မည်။ ယင်းကား ဘုရားသခင်၏ တရားစီရင်ခြင်းအမှုတည်း။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏)နောက်ဆုံးသောကာလတွင် နှုတ်ကပတ်တော်၏အမှုကို ဘုရားသခင်ဆောင်ရွက်သည်၊ အဆိုပါနှုတ်ကပတ်တော်များက သန့်ရှင်းသော ဝိညာဉ်တော်၏ နှုတ်ကပတ်တော်များဖြစ်သည်၊ အဘယ်ကြောင့်ဆိုလျှင် ဘုရားသခင်သည် သန့်ရှင်းသော ဝိညာဉ်တော်ဖြစ်ပြီး လူ့ဇာတိလည်း ဖြစ်လာနိုင်သောကြောင့်ဖြစ်သည်၊ ထို့ကြောင့် ယခင်က မြွက်ဟပြောဆိုခဲ့သည့်အတိုင်း သန့်ရှင်းသော ဝိညာဉ်တော်၏ နှုတ်ကပတ်တော်များမှာ ယနေ့ လူ့ဇာတိခံယူသော ဘုရားသခင်၏ နှုတ်ကပတ်တော်များပင် ဖြစ်၏။...ဘုရားသခင်အတွက် သူ၏အမှုကို လုပ်ဆောင်ဖို့ မိန့်မြွက်ချက်များ ပြောဆိုရန်မှာ သူသည် လူ့ဇာတိခံယူလာရပေမည်၊ သို့မဟုတ်ပါက သူ၏အမှုက သူ၏ရည်မှန်းချက်ကို ပြီးမြောက်စေမည် မဟုတ်ပေ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ မိမိ၏ အယူအဆများထဲ၌ ဘုရားသခင်ကို ဘောင်ခတ်ထားသော လူသားသည် ဘုရားသခင်၏ ဗျာဒိတ်တော်များကို မည်သို့ လက်ခံရရှိနိုင်မည်နည်း) နောက်ဆုံးသော ကာလ၏ ခရစ်တော်၏ ပေါ်ထွက်လာမှုနှင့် မြွက်ဆိုမှုများကြောင့် အစဉ်အဆက်ထက်ပိုသော သမ္မာတရားကို ဆာငတ် မွတ်၍ ရှာဖွေသူများသည် အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြင့် သိမ်းပိုက်အုပ်စိုးခြင်းနှင့် သန့်စင်ခြင်းကို ခံခဲ့ကြကာ ဘုရားသခင်၏ စီရင်ချက်နှင့် ဆုံးမချက်များတွင် ဘုရားသခင် ပေါ်ထွက်လာမှုနှင့် ရွေးနှုတ်သည့်အရှင် တဖန်ကြွလာတော်မူခြင်းကို တွေ့ခဲ့ကြ၏။

နောက်ဆုံးသောကာလ၏ ခရစ်တော်၊ ပြန်၍ကြွလာသော သခင်ယေရှုဖြစ်သည့် အနန္တတန်ခိုးရှင် ဘုရားသခင် ပေါ်ထွက်လာခြင်းနှင့် အမှုတော်တို့ကြောင့် အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် ပေါ်ပေါက်လာကာ ကိုယ်တော်ရှင်၏ ဖြောင့်မတ်သော တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းအောက်၌ ပေါ်ပေါက်လာခြင်းလည်း ဖြစ်၏။ အသင်းတော်ကို နောက်ဆုံးသော ကာလ၏ အနန္တတန်ခိုးရှင် ဘုရားသခင်၏ အမှုတော်ကို စစ်မှန်စွာ လက်ခံသူများ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်၏ သိမ်းပိုက်ခြင်းနှင့် ကယ်တင်ခြင်း ခံရသူများဖြင့် ဖွဲ့စည်းထား၏။ အနန္တတန်ခိုးရှင် ဘုရားသခင် ကိုယ်တော်တိုင် လုံးဝ တည်ထောင်ထားခြင်းဖြစ်ကာ ကိုယ်တော်ရှင်ကိုယ်တိုင် ဦးဆောင်၍ လမ်းပြခဲ့ခြင်းဖြစ်သည်။ မည်သည့်လူသား တစ်ဦးမျှ တည်ထောင် ခဲ့ခြင်း မဟုတ်ပေ။ ဤအချက်ကို အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ရှိ ရွေးချယ်ခံရသူ ခပ်သိမ်းမှ အသိအမှတ်ပြုပြီး ဖြစ်၏။ လူ့ဇာတိခံယူသော ဘုရားသခင်မှ အသုံးပြုသူ မည်သူမဆိုသည် ဘုရားသခင်၏ ရှေးမဆွမှ ခွဲခန့်မှတ်သားခြင်း ခံထားရသူဖြစ်ကာ ယေရှုကိုယ်တိုင် တမန်တော် ဆယ့်နှစ်ပါးကို ရွေးချယ် ခန့်အပ်သည့်အတိုင်း ဘုရားသခင်ကိုယ်တိုင် ခန့်အပ်၍ သက်သေခံထားသူ ဖြစ်၏။ ဘုရားသခင် အသုံးပြုသော သူများသည် ကိုယ်တော်ရှင်၏ အမှုတော်နှင့် ပူးပေါင်းဆောင်ရွက်ခြင်းသာ ပြုလုပ်၍ ကိုယ်တော်ရှင်၏ ကိုယ်စား ဘုရားသခင်၏ အမှုတော်ကို မဆောင်ရွက်နိုင်ပါ။ ဘုရားသခင်အားဖြင့် အသုံးပြုခြင်းခံရသူများက အသင်းတော်ကို တည်ထောင်ခဲ့ခြင်း မဟုတ်ပါ။ ဘုရားသခင်မှ ရွေးကောက်ထားသူများသည်လည်း ၎င်းတို့ကို ယုံကြည်ခြင်း သို့မဟုတ် လိုက်နာခြင်း မရှိပါ။ ကျေးဇူးတော်ကာလ၏ အသင်းတော်များကို ရှင်ပေါလုနှင့် အခြားသော တမန်တော်များမှ တည်ထောင်ခဲ့ခြင်း မဟုတ်ပါ။ သို့သော် ၎င်းတို့သည် သခင်ယေရှု၏ အမှုတော်မှ ဖြစ်ပေါ်လာပြီး သခင်ယေရှုကိုယ်တိုင် တည်ထောင်ခဲ့ခြင်းဖြစ်၏။ အလားတူပင် နောက်ဆုံးသော ကာလတွင် အနန္တတန်ခိုးရှင် ဘုရားသခင်၏ အသင်းတော်ကိုလည်း ဘုရားသခင် အသုံးပြုသည့် လူသားမှတည်ထောင်ခြင်း မဟုတ်ဘဲ အနန္တတန်ခိုးရှင် ဘုရားသခင်၏ အမှုတော်မှ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ ဘုရားသခင် အသုံးပြုသော လူသားသည် အသင်းတော်များကို ရေလောင်းခြင်း၊ ထောက်ပံ့ပေးခြင်းနှင့် ဦးဆောင်ခြင်းများ ပြုလျက် လူသား၏တာဝန်ကို ထမ်းဆောင်၏။ ဘုရားသခင် ရွေးကောက်သော သူများကို ဘုရားသခင် အသုံးပြုသောလူသားမှ ဦးဆောင်ခြင်း၊ ရေလောင်းခြင်း၊ ထောက်ပံ့ခြင်းများ ပြုသော်လည်း ၎င်းတို့သည် အနန္တတန်ခိုးရှင် ဘုရားသခင်မှလွဲ၍ မည်သူ့ကိုမျှ ယုံကြည်၍ လိုက်နာခြင်းမရှိဘဲ ကိုယ်တော်ရှင်၏ နှုတ်ကပတ်တော်နှင့် အမှုတော်ကို လက်ခံ၍နာခံ၏။ ဤသည်မှာ မည်သူမျှ ငြင်းဆိုနိုင်ခြင်းမရှိသည့် အချက်ဖြစ်၏။ လူ့ဇာတိခံယူထားသော ဘုရားသခင် ပေါ်ထွက်လာခြင်းနှင့် အမှုတော်တို့ကြောင့် ဘာသာတရားများနှင့် ဂိုဏ်းဂဏများအားလုံးရှိ စစ်မှန်သော ယုံကြည်သူတို့သည် နောက်ဆုံးတွင် ဘုရားသခင်၏အသံကို ကြား၍ သခင်ယေရှု ကြွလာခဲ့ပြီး နောက်ဆုံးသောကာလတွင် စီရင်ခြင်းအမှုကို ဆောင်ရွက်ခဲ့ပြီး ဖြစ်ကြောင်း တွေ့ရှိကာ၊ အနန္တတန်ခိုးရှင် ဘုရားသခင်သည် တဖန် ပြန်ကြွလာသော သခင်ယေရှုဖြစ်ကြောင်း ၎င်းတို့အားလုံး အတည်ပြုခဲ့ကြ၏။ ထို့ကြောင့် ထိုသူတို့သည် နောက်ဆုံးသောကာလ ကိုယ်တော်ရှင်၏ အမှုတော်ကို လက်ခံခဲ့ကြ၏။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်မှ သိမ်းပိုက်သူ ခပ်သိမ်းသည် ကိုယ်တော်၏ နာမတော်ကို ခံယူကြ၏။ ထို့ကြောင့် အနန္တတန်ခိုးရှင် ဘုရားသခင်၏ အသင်းတော်မှ ရွေးကောက်ခံရသူ အားလုံးသည် အနန္တတန်ခိုးရှင် ဘုရားသခင်ကို ဆုတောင်းကြလျက် လိုက်နာ၊ နာခံကာ ကိုယ်တော်ရှင်ကို ဝတ်ပြုကြ၏။ ဘုရားသခင်၏ စီရင်ခြင်း၊ ဆုံးမခြင်းအမှုတော်တို့နှင့် ကြုံတွေ့ပြီးနောက် တရုတ်ပြည်ရှိ ရွေးချယ်ခံရသူများသည် ကိုယ်တော်ရှင်၏ ဖြောင့်မတ်သော စိတ်သဘောထားကို နားလည်လာကြပြီး ကိုယ်တော်ရှင်၏ ဘုန်းအာနုဘော်နှင့် အမျက်ဒေါသတို့ကို တွေ့ခဲ့ပြီဖြစ်သဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်အားဖြင့် ထိုသူတို့ လုံးဝသိမ်းပိုက်ခြင်းခံရပြီး အနန္တတန်ခိုးရှင် ဘုရားသခင် ရှေ့မှောက် လဲကျကာ ဘုရားသခင့်နှုတ်ကပတ်တော်၏ စီရင်ချက်နှင့် ဆုံးမတော်မူချက်တို့ကို နာခံ၍လက်ခံလိုကြ၏။ ထို့ကြောင့် ထိုသူတို့သည် ဘုရားသခင်၏ကယ်တင်ခြင်းကို ရရှိခဲ့ပြီဖြစ်သည်။

အတိအကျအားဖြင့်ဆိုရလျှင် အနန္တတန်ခိုးရှင် ဘုရားသခင် ဖော်ပြသည့် နှုတ်ကပတ်တော်တို့သည် လူသားတို့ကို ကယ်တင်ရန် ဘုရားသခင်၏စီမံခန့်ခွဲမှု အစီအစဉ်၏ နက်နဲသောအရာများကို ထုတ်ဖော် ပြသဖြင့် ဘုရားသခင် ရွေးချယ်ထားသူများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ထုတ်ဖော် ပြောဆိုရာတွင် ဘုရားသခင်သည် ခေတ်တစ်ခေတ်စီတွင် နာမတော် အသစ်ရှိကြောင်း နားလည်သွားကြပြီး ကိုယ်တော်ရှင်၏ နာမတော်အသစ်သည် ကိုယ်တော်ရှင်မှ အမှုတော်အသစ်ကို ဆောင်ရွက်လျက်ရှိကြောင်း သင်္ကေတဖြစ်၏။ ထို့အပြင် ကိုယ်တော်ရှင်သည် ခေတ်ဟောင်းကို အဆုံးသတ်၍ ခေတ်သစ်ကို စတင်နေသည့်အကြောင်း သင်္ကေတလည်းဖြစ်၏။ ဘုရားသခင် နာမတော်၏ အဓိပ္ပါယ်သည် ကြီးမား၍ လေးနက်လှ ၏။ ထိုအနက်အဓိပ္ပါယ်တွင် ဘုရားသခင် အမှုတော်၏ အရေးပါပုံ ပါရှိ၏။ ခေတ်ပြောင်းရန်နှင့် ၎င်းခေတ်ရှိ ကိုယ်တော်ရှင်၏ အမှုတော်ကို ကိုယ်စားပြုရန် ဘုရားသခင်သည် အမည်နာမများကို အသုံးပြု၏။ ပညတ်တော်ခေတ်တွင် ကိုယ်တော်ရှင်သည် ဥပဒေများနှင့် ပညတ်တော်များကို ထုတ်ပြန်ရန်နှင့် ကမ္ဘာမြေပေါ်တွင် လူသားမျိုးနွယ်ဘ၀ကို ဦးဆောင်ရန် ယေဟောဝါ၏ အမည်ကို အသုံးပြုခဲ့၏။ ကျေးဇူးတော် ကာလတွင် ကိုယ်တော်ရှင်သည် လူသားမျိုးနွယ်၏ ရွေးနှုတ်ခြင်း အမှုတော်ကို ဆောင်ရွက်ရန် ယေရှုနာမကို အသုံးပြုခဲ့သည်။ နိုင်ငံတော်ကာလ ရောက်သည့်အခါ လူသားကို သန့်စင်ရေး၊ ပြောင်းလဲရေးနှင့် ကယ်တင်ရေးအတွက် ဘုရားသခင်၏အိမ်တော်နှင့် စတင်ပြီး စီရင်ခြင်းအမှုတော်ကို ဆောင်ရွက်ရန် ကိုယ်တော်ရှင်သည် အနန္တတန်ခိုးရှင် ဘုရားသခင်၏ နာမတော်ကို အသုံးပြုခဲ့၏။ ဘုရားသခင်၏ နာမတော်သစ်သည် လူသားမှ ကိုယ်တော်ရှင်ကို စိတ်ကူးပေါက်သလို ခေါ်သည့်အရာမဟုတ်ဘဲ၊ ကိုယ်တော်ရှင်၏ အမှုတော်ကြောင့် ဘုရားသခင် ကိုယ်တော်တိုင် ခံယူသည့်အရာဖြစ်၏။ အမှုတော်၏ အဆင့်တိုင်းတွင် ဘုရားသခင်ခံယူသည့် နာမတော်၏ဇစ်မြစ်သည် ကျမ်းစာတော်တွင်ရှိကာ သခင်ယေရှု နောက်ဆုံးသောကာလ၌ တဖန်ပြန်လာသည့်အခါ ကိုယ်တော်ရှင် ခံယူမည့်နာမကို ဗျာဒိတ်ကျမ်းတွင် ကာလကြာမြင့်စွာကပင် ကြိုတင် ဟောကြားခဲ့သည်- “အကြင်သူသည် အောင်မြင်၏။ ထိုသူကို ငါသည် ငါ၏ဘုရားသခင်ဗိမာန်တော်၌ တိုင်ဖြစ်စေမည်။ နောင်တဖန်သူသည်ပြင်သို့ မရွေ့ရ။ ငါ၏ ဘုရားသခင် နာမတော်ကို၎င်း၊ ငါ၏ဘုရားသခင့်အထံတော် မှထွက်၍၊ ကောင်းကင်ဘုံမှ ဆင်းသက်သော ယေရုရှလင် မြို့သစ် တည်းဟူသော၊ ငါ၏ဘုရားသခင် မြို့တော်၏ နာမကို၎င်း၊ ငါ၏နာမသစ်ကို၎င်း၊ ထိုသူအပေါ်၌ ငါသည် အက္ခရာတင်မည်။(ဗျာဒိတ်ကျမ်း ၃:၁၂)ငါသည် အာလဖဖြစ်၏။ ဩမေဃလည်း ဖြစ်၏ ဟု အနန္တတန်ခိုးနှင့်ပြည့်စုံတော်မူ၍၊ ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ်ကာလအစဉ် ရှိတော်မူသော ထာဝရ အရှင် ဘုရားသခင် မိန့်တော်မူ၏။(ဗျာဒိတ်ကျမ်း ၁:၈)တဖန်တုံ၊ ဟာလေလုယ၊ အနန္တတန်ခိုးနှင့် ပြည့်စုံတော်မူသော ထာဝရအရှင်၊ ငါတို့ဘုရားသခင်သည် စိုးစံတော်မူ၏ ဟုစည်းဝေးသော သူအများတို့၏ အသံ၊ သမုဒ္ဒရာသံ၊ ပြင်းစွာသော မိုဃ်းကြိုးသံကဲ့သို့ ငါကြား၏။(ဗျာဒိတ်ကျမ်း ၁၉:၆-၇) နိုင်ငံတော်ကာလတွင် အနန္တတန်ခိုးရှင် ဘုရားသခင်၏ နာမတော်သည် ဗျာဒိတ်ကျမ်း၏ အနာဂတ် ဟောကြားချက်များကို အတိအကျ ပြည့်စုံစေ၏။ ဘုရားသခင်သည် အနန္တတန်ခိုးနှင့်ပြည့်စုံတော်မူ၏။ ကိုယ်တော်ရှင်သည် အရာခပ်သိမ်းကို ဖန်ဆင်း၍ အုပ်စိုးတော်မူ၏။ ထို့အပြင် ကိုယ်တော်ရှင်သည် အဦးဆုံးသောသူနှင့် နောက်ဆုံးသောသူဖြစ်၏။ ကျွန်ုပ်တို့အနေဖြင့် ကိုယ်တော်ရှင်ကို အနန္တတန်ခိုးရှင် ဘုရားသခင်ဟုခေါ်လျှင် အသင့်တော်ဆုံးဖြစ်၏။ ထိုအချိန်မစ၍ လူတို့သည် လူ့ဇာတိခံ ဘုရားသခင်ကို အနန္တတန်ခိုးရှင် ဘုရားသခင် ဟု ခေါ်သလို၊ လူ့ဇာတိခံ ခရစ်တော်ကို လက်တွေ့ကျသော ဘုရားသခင် ဟု လည်း ခေါ်ကြသည်။ ထို့ကြောင့် အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အမည်နာမမှာ ဤသို့ဖြစ်၏။

တရုတ်ပြည်မတွင် နိုင်ငံတော်၏ ဧဝံဂေလိတရား ပျံ့နှံ့သွားသောအခါ ဝိညာဉ်တော်၏ စကြာဝဠာ တစ်လျှောက်လုံးရှိ အမှုတော်ကို ဘုရားသခင်မှ ပြန်လည်ရယူ၍ နောက်ဆုံးသောကာလတွင် ဘုရားသခင်၏ အမှုတော်ကို လက်ခံခဲ့သူများဖြစ်ကာ၊ ဘုရားသခင်မှ ရှေးမဆွက ခွဲခန့်မှတ်သားထားသူများ၊ ရွေးချယ်ထား သူများနှင့် စစ်မှန်သည့် လမ်းခရီးကို ရှာဖွေသူ လူအုပ်စုအပေါ် အမှုတော်ကို အလေးထားခဲ့၏။ သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုတော်ကို လွှဲပြောင်းလိုက်သည့်အတွက် ခပ်သိမ်းသော ဂိုဏ်းဂဏများအားလုံး သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုတော်ကို ဆုံးရှုံးသွားကာ ဖုန်းဆိုးမြေဖြစ်သွား၍ လူသားတို့မှာ အခြားဘာမျှ မတတ်နိုင်ဘဲ စစ်မှန်သည့်လမ်းခရီးကို ရှာရတော့သည်။ ဤသည်မှာ သမ္မာကျမ်းစာပါ အနာဂတ်ဟောကြားချက်ကို တိကျစွာ ဖြည့်ဆည်းလိုက်ခြင်း ဖြစ်သည်- “ကြည့်ရှုလော့၊ မြေပေါ်သို့ ငတ်မွတ်ခြင်းဘေးကြီး ငါစေလွှတ်မည့်ကာလ ရောက်လာပြီ၊ အစာငတ်မွတ်ခြင်းဘေး မဟုတ်သကဲ့သို့ ရေငတ်ခြင်းဘေးလည်း မဟုတ်၊ သို့သော် ယေဟာဝါ၏ နှုတ်ကပတ်တော်များ ကြားရခြင်းကို ငတ်မွတ်သော ဘေးဖြစ်လိမ့်မည်။(အာမုတ်အနာဂတ္တိကျမ်း ၈:၁၁) သန့်ရှင်းသော ဝိညာဉ်တော်၏ လမ်းပြမှုဖြင့် သမ္မာတရားနောက်လိုက်၍ ဘုရားသခင်ကို စစ်မှန်စွာ ယုံကြည်သူ ဂိုဏ်းဂဏများအားလုံး၌ ရှိသူများသည် အန္တိခရစ်နှင့် စဉ်းလဲသောကျွန်တို့၏ ကန့်သတ်ချက်များနှင့် အတားအဆီးများကို ကျော်ဖြတ်၍ အဆုံးတွင် ဘုရားသခင်၏ အသံတော်ကို ကြားသိခဲ့ကြပြီး ပို၍ပို၍များပြားသော လူတို့သည် ဘုရားသခင်၏ ပလ္လင်တော်ရှေ့မှောက် တဖန်ပြန်လာကြ၏။ နေရာ ခပ်သိမ်းတွင် ဘာသာတရားများ တစ်ခုတည်းဖြစ်လာ၍ ခပ်သိမ်း သောလူမျိုးတို့သည် ဤတောင်သို့ ဦးတည်သွားနေကြသည့် သာယာသောမြင်ကွင်းများ ရှိသော အသွင်ပေါက်သည်။ ဂိုဏ်းဂဏများအားလုံး ဘုရားသခင်ကို စစ်မှန်စွာယုံကြည်သူ မြောက်များစွာ တဖန် ပြန်လာကြသည့်အခါ ဂိုဏ်းဂဏအများစု ပြိုကွဲသွားကြကာ၊ ကာလ ကြာမြင့်စွာကပင် ၎င်းတို့၏အမည်နာမသာ ရှိကြတော့သည်။ ဘုရားသခင် အမှုတော်၏ ခြေလှမ်းများကို အဘယ်သူ ရပ်တန့်နိုင်မည်နည်း။ ဘုရားသခင် ရွေးချယ်ထားသူများ ဘုရားသခင်ထံ ပြန်လာရာတွင် မည်သူ နှောင့်နှေးစေနိုင်မည်နည်း။ ဘာသာရေးအသိုင်းအဝိုင်း တစ်ရပ်လုံး နားလည် သဘောပေါက်သွားသကဲ့သို့ ဖြစ်၏။ မရပ်မစဲ ပြန်လာနေသူများမှာ အင်အားကြီးစွာ တက်လာနေသော လှိုင်းများကဲ့သို့ ဖြစ်၏။ ဘုရားသခင်၏ အမှုတော်ကို မည်သည့်အင်အားကမျှ မတားဆီးနိုင်ပါ။ အနန္တတန်ခိုးရှင်ဘုရား ပေါ်ထွန်းလာ၍ ကိုယ်တော်ရှင်၏ အမှုတော်စတင်သည့် အချိန်ကတည်းက တရုတ်ကွန်မြူနစ်ပါတီအစိုးရသည် အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ကို မရပ်မစဲ ဖိစီးနှိပ်စက်လျက်ရှိ၏။ နောက်ဆုံးသောကာလ၏ ခရစ်တော်နှင့် ဘုရားသခင် နောက်လိုက်သူများ၊ ဘုရားသခင်အတွက် သက်သေခံသူများကို အင်တိုက်အားတိုက် ရှာဖွေနေလျက် ဘုရားသခင် ရွေးချယ်ထားသူများကို ရက်စက်စွာဖိစီးနှိပ်စက်ကာ နောက်ဆုံးသောကာလ ဘုရားသခင်၏ အမှုတော်ကို ဖျက်သိမ်းရန် ကြိုးစား၏။ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ကို ဖျက်သိမ်းရေးအတွက် ကြံစည် အားထုတ်ရန် အရေးပေါ်အစည်းအဝေးများစွာ ခေါ်ဆိုခဲ့၏။ လျှို့ဝှက် စာရွက် စာတမ်းများစွာ ရေးဆွဲထုတ်ပြန်ခဲ့၍ အောက်တန်းကျကာ အလွန်ဆိုးယုတ်သော နည်းလမ်းများ အကောင် အထည် ဖော်ခဲ့ကြသည်။ နေရာခပ်သိမ်း ကြော်ငြာများ ကပ်ခြင်း၊ ရုပ်မြင်သံကြား၊ ရေဒီယို၊ သတင်းစာ၊ အင်တာနက်နှင့် အခြားမီဒီယာများ အသုံးပြု၍ ကောလာဟလများ အကြောင်းမဲ့ လီဆယ်ခြင်း၊ အသရေဖျက်ခြင်း၊ အမှုဆင်ခြင်းများကို အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်အပေါ် ပြုလုပ် ခဲ့ကြသည်။ ဆိုးယုတ်သည့် သင်ကြားမှုများနှင့် မှားယွင်းသည့် အတွေးအခေါ်များဖြင့် အဓမ္မအယူဝါဒ သွတ်သွင်းခဲ့ကာ အယူဝါဒဟောင်းများ ဖယ်ရှား၍ ဝါဒသစ်သွင်းခြင်း၊ အယူဝါဒ လက်ခံစေခြင်းများကို အကောင်အထည် ဖော်ခဲ့သည်။ ကြီးကြပ်၍ ချုပ်ကိုင်ရန် ကိုယ်ပိုင်မူသုံးရပ်သုံး မျိုးချစ်ဝတ်ပြုကျောင်းကို အသုံးပြုခြင်း၊ ပွင့်လင်းစွာ စုံစမ်းစစ်ဆေးရန်နှင့် လျှို့ဝှက်စွာ စုံစမ်းမေးမြန်းရန် သူလျှိုများစေလွှတ်ခြင်း၊ အောက်ခြေ လူတန်းစားများ၏ ထိန်းချုပ်မှုကို အသုံးပြုခြင်း၊ အိမ်နီးချင်းများအား စောင့်ကြပ်ကြည့်ရှုရန် အမိန့်ပေးခြင်းနှင့် ကြီးမားသည့် ဆုလာဘ်ပေးမည်ဟု ကတိပေး၍ လူတို့အား တိုင်ကြားမှုများ ပြုလုပ်ရန် အားပေး တိုက်တွန်းခြင်းများ ပြုလုပ်ခဲ့ပါသည်။ ပြည်သူတို့၏ အိမ်များကို မတရားရှာဖွေခြင်း၊ မွေနှောက် ရှာဖွေခြင်း၊ ၎င်းတို့၏ ပိုင်ဆိုင်မှုများကို သိမ်းယူခြင်း၊ ဒဏ်ငွေများချမှတ်ကာ ငွေညှစ်ခြင်းများ အကောင်အထည်ဖော်ကာ အဓမ္မနည်းများဖြင့် ကြွယ်ဝချမ်းသာအောင် ပြုလုပ်ခဲ့ပါသည်။ ဘုရားသခင် ရွေးချယ်ထားသူများကို လျှို့ဝှက်ဖမ်းဆီးမှုများ၊ ဆန္ဒရှိသည်အတိုင်း ဖမ်းဆီးကာ အလုပ်စခန်းများတွင် အကျဉ်းချခြင်းများ၊ ညှဉ်းပန်းနှိပ်စက်၍ ဝန်ခံချက်များရယူခြင်း၊ ခန္ဓာကိုယ်နှင့် စိတ်တို့ကို ဖျက်ဆီးခြင်း၊ ပြစ်ဒဏ်မှကင်းလွတ်ကာ လူတို့ကို ရိုက်သတ်ခြင်းများ ပြုလုပ်ခဲ့ပါသည်။ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ကို ဖိနှိပ်ရန် ရဲနှင့် စစ်သားများကိုပင် အသုံးပြုခြင်းများ စသည်ဖြင့် ပြုလုပ်ခဲ့ပါသည်။ တရုတ်ကွန်မြူနစ်ပါတီ အစိုးရသည် အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်မှ ခရစ်ယာန်များ၊ ဘုရားသခင်မှ ရွေးချယ်ထားသူများကို လူမဆန်စွာ ဖမ်းဆီးအရေးယူခဲ့၏။ ၎င်းတို့၏ပိုင်ဆိုင်မှုများ မသမာသောနည်းဖြင့် လုယက်ခံရခြင်း၊ ကိုယ်ခန္ဓာနှင့် ဝိညာဉ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်မှုများနှင့် ဝေဒနာများခံစားခဲ့ရပြီး များစွာတို့ သေဆုံးခြင်းပင် ဖြစ်ခဲ့ပါသည်။ အစိုးရ၏ လုပ်ရပ်များသည် အလွန်ပင် ဆိုးရွားခဲ့ပါသည်။ မှတ်တမ်းအရ၊ ၂၀၁၈ ခုနှစ် ဇူလိုင်လအထိ အနည်းဆုံး ခရစ်ယာန်အယောက် ခုနစ်ဆယ်မှာ သေဆုံးသည်အထိ ညှဉ်းပန်းနှိပ်စက်ခံခဲ့ရပါသည်။ ဥပမာ အန်းဟွီစီရင်စု၊ စွိရှိခရိုင်၊ ဝုဂိုမြို့ရှိ ခရစ်ယာန် တစ်ဦးဖြစ်သည့် (၄၃ နှစ်အရွယ် အမျိုးသား) ရှိအဲ့ယွန်းကျန်အား ဒေသခံရဲများက ၁၉၉၇ ခုနှစ်၊ ဧပြီလ ၃၀ ရက် အစောပိုင်း အချိန်များတွင် တိတ်တဆိတ် ဖမ်းဆီးခဲ့ပြီး နှိပ်စက်သတ်ဖြတ်ခဲ့ပါသည်။ မေလ ၁၀ ရက်နေ့တွင် ရှိအဲ့၏ မိဘများက ၎င်း၏ ကိုယ်ခန္ဓာကို မီးသင်္ဂြိုဟ်စက်တွင် တွေ့သည့်အခါ ၎င်းသည် တစ်ကိုယ်လုံးမည်း၍ ခရမ်းရောင်ဖြစ်နေပြီး သွေးများစွန်းနေကာ ခေါင်းတွင် သေစေသည့် ဒဏ်ရာအချို့ ခံစားရခဲ့ကြောင်း တွေ့ရသည်။ ကျန်းစုစီရင်စု၊ ရှုရန်ဒေသမှ ခရစ်ယာန်တစ်ဦးဖြစ်သူ (၄၂ နှစ်အရွယ် အမျိုးသား) ရယ်အိုက်ဂျော်အား ၂၀၁၂ ခုနှစ်၊ မတ်လ ၂၆ ရက်တွင် အသင်းတော်အတွက် ပစ္စည်းများ ဝယ်နေစဉ် တရုတ်ကွန်မြူနစ်ပါတီရဲမှ ဖမ်းဆီးခဲ့ပါသည်။ တတိယမြောက်နေ့တွင် ၎င်းကိုရိုက်နှက် သတ်ဖြတ်ခဲ့ပါသည်။ ဟီနန်စီရင်စု၊ ပင်းယူဒေသ၊ ချင်းခေါ်ခရိုင်ရှိ ခရစ်ယာန်တစ်ဦးဖြစ်သူ (ထိုအချိန်က အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်မှ အဆင့်မြင့်ခေါင်းဆောင်၊ ၄၆ နှစ်အရွယ် အမျိုးသမီး) ကျန်ဂွေ့ကြည်အား ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၄ ရက်တွင် ဟီနန်စီရင်စု၊ ရှင်းမီမြို့တွင် တရုတ်ကွန်မြူနစ်ပါတီရဲမှ လျှို့ဝှက်စွာ ဖမ်းဆီး ထောင်ချခဲ့ပါသည်။ ရဲအရာရှိများက ဥပဒေနှင့်မညီသည့် တရားရုံးတစ်ခု ဖွဲ့စည်းကာ ညှဉ်းပန်းနှိပ်စက်၍ ဝန်ခံချက်တစ်ရပ် ရယူခဲ့ပါသည်။ ဖေဖော်ဝါရီလ ၁၂ ရက် နံနက်စောစောပိုင်းတွင် ရဲများ၏ ကိုယ်ခန္ဓာ ညှဉ်းပန်းနှိပ်စက်မှုကြောင့် ကျန် သေဆုံးခဲ့ပါသည်။ ၎င်းအပြင် သောင်းပေါင်းများစွာသော အခြား ခရစ်ယာန်များသည် တရုတ်ကွန်မြူနစ်ပါတီရဲ၏ ဖမ်းဆီးထောင်ချမှုကို ခံခဲ့ရပါသည်။ အချို့ကို မူးယစ်ဆေးများ ထိုးခဲ့သဖြင့် စိတ်ကစဉ့်ကလျားဖြစ်သည့် ဝေဒနာများ ဖြစ်ခဲ့ပါသည်။ အချို့မှာ ညှဉ်းပန်းနှိပ်စက်မှု ကြောင့် ကိုယ်လက်အင်္ဂါ ဆိုးရွားစွာ ချို့တဲ့သွားသဖြင့် မိမိကိုယ်ကိုယ် စောင့်ရှောက်နိုင်စွမ်း မရှိတော့ပေ။ အချို့ကို အလုပ်စခန်းများတွင် အကျဉ်းချခဲ့ပြီး ၎င်းတို့ကို လွှတ်ပေးပြီးနောက် တရုတ်ကွန်မြူနစ်အစိုးရမှ စောင့်ကြပ်ကြည့်ရှုခဲ့သဖြင့် ကိုယ်ပိုင်လွတ်လပ်မှု မရှိခဲ့ပါ။ အကြမ်းဖျင်း ကိန်းဂဏန်းများအရ ၂၀၁၁ မှ ၂၀၁၃ ခုနှစ်၊ တိုတောင်းသည့် နှစ်နှစ်တာ ကာလအတွင်း တရုတ်ပြည်မတွင် တရုတ်ကွန်မြူနစ်ပါတီမှ ဘုရားသခင် ရွေးကောက်ထားသည့် လူပေါင်း သုံးသိန်းရှစ်သောင်း သုံးရာရှစ်ဆယ် ဖမ်းဆီးထိန်းသိမ်း ခဲ့ပါသည်။ ၎င်းတို့ အကြားတွင် လူပေါင်းလေးသောင်းသုံးထောင် ခြောက်ရာလေးဆယ်မှာ တရားမဝင် စစ်ဆေးမေးမြန်းမှု ပြုလုပ်စဉ် ညှဉ်းပန်းနှိပ်စက်မှု အမျိုးမျိုး ခံခဲ့ရပါသည်။ တစ်သိန်းတစ်သောင်း တစ်ထောင်ခုနစ်ရာလေးဆယ်မှာ စွဲချက်အမျိုးမျိုး အတင်ခံရပြီး အရှက်မရှိ ရင်မင်ဘီ နှစ်ရာလေးဆယ်သုံးသန်း ခြောက်သိန်းတစ်သောင်း သုံးထောင်ကျော် ဒဏ်ငွေတပ်ခြင်း သို့မဟုတ် ငွေညှစ်ခြင်းများ ပြုလုပ်ခံခဲ့ရပါသည်။ သုံးသောင်းငါးထောင် သုံးရာသုံးဆယ်မှာ အိမ်များ မွေနှောက် ရှာဖွေခံရပြီး ပြည်သူ့လုံခြုံရေးဌာနများနှင့် ၎င်းတို့၏ လက်အောက် ခံများက (အသင်းတော်သို့ အလှူငွေများနှင့် ကိုယ်ပိုင်ပစ္စည်းများ အပါအဝင်) အနည်းဆုံး ရင်မင်ဘီ တစ်ဘီလီယန် အကြောင်းမဲ့ အဓမ္မသိမ်းယူခဲ့ပါသည်။ သို့မဟုတ် ရဲအရာရှိများက တရားမဝင် ယူလိုက်ကြပါသည်။ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်မှ ခရစ်ယာန်များကို တရုတ်ကွန်မြူနစ်ပါတီအစိုးရမှ ဖမ်းဆီး ညှဉ်းပန်းနှိပ်စက်မှုများနှင့် ပတ်သက်၍ ဤသည် တို့မှာ အကြမ်းဖျင်း ကိန်းဂဏန်းများသာဖြစ်ပြီး အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်မှ ခရစ်ယာန် အားလုံးနှင့် ပတ်သက်၍ ဤသည်တို့မှာ အကင်းမျှသာရှိသေးသည်။ တကယ်တမ်းမူ အနန္တတန်ခိုးရှင် ဘုရားသခင် အမှုတော်စတင်ချိန်မှစ၍ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်မှ မရေမတွက်နိုင်သော ခရစ်ယာန်များသည် တရုတ်ကွန်မြူနစ်ပါတီအစိုးရ၏ ဖမ်းဆီးခြင်း၊ အရေးယူခြင်း၊ နောက်ယောင်ခံ လိုက်ခြင်း သို့မဟုတ် စောင့်ကြပ် ကြည့်ရှုခြင်းများ ခံခဲ့ရပါသည်။ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ကို သွေးထွက်သံယို ဖိနှိပ်ရန် ရက်စက်သည့် နည်းလမ်းအားလုံး အသုံးပြုခဲ့၍ တရုတ်ပြည်မကို ကြောက်မက်ဖွယ် ကမ္ဘာအဖြစ် ပြောင်းလဲခဲ့သည်။ ထို့အပြင် အသင်းတော်အား ဂိုဏ်းဂဏများအားလုံးမှ အသရေဖျက်ခြင်း၊ ပြစ်တင်ရှုတ်ချခြင်းနှင့် တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့ကြပါသည်။ ထိုသို့ ပြုလုပ်ခြင်းအားဖြင့် ကောလာဟလများ အနှံ့အပြား ပေါ်ပေါက်ကာ အသရေဖျက်ခြင်း၊ ညှဉ်းပန်း နှိပ်စက်ခြင်းနှင့် ကျိန်ဆဲခြင်းများကို ရှိသမျှနည်းများဖြင့် မုန်တိုင်းထန်ခဲ့ပါသည်။ လူမှုအသိုင်းအဝိုင်း တစ်ရပ်လုံးနှင့် ဘာသာရေး အသိုင်းအဝိုင်း တစ်ရပ်လုံး ထိခိုက်သည့် ကျော်ကြားမှုအမျိုးမျိုးနှင့် ပြည့်နှက် ခဲ့ပါသည်။ ပျက်စီးသည့် လူသားများ၏ စစ်မှန်သော ဘုရားသခင်အပေါ် တွန်းလှန်မှုနှင့် စစ်မှန်သော လမ်းခရီးအပေါ် ညှဉ်းပန်းနှိပ်စက်မှုတို့ အထွတ်အထိပ်သို့ ရောက်ခဲ့၏။

လူသားမျိုးနွယ်ကို စာတန်ဖျက်ဆီးသဖြင့် ဘုရားသခင်သည် လူသားမျိုးနွယ်ကို ကယ်တင်ရန် ကိုယ်တော်ရှင်၏ စီမံခန့်ခွဲမှု အစီအစဉ်ကို မည်သည့်အခါမျှ ရပ်စဲခဲ့ခြင်း မရှိပါ။ သို့ရာတွင် လူသား မျိုးနွယ်သည် သမ္မာတရားကို မသိပါ။ ဘုရားသခင်ကို သာ၍ပင်မသိပါ။ ထို့ကြောင့် ဘုရားသခင်သည် အမှုတော်အသစ်စတင်ရန် လူ့ဇာတိခံယူတော်မူတိုင်း ကိုယ်တော်ရှင်သည် သြဇာ အာဏာရှိသူများနှင့် ဘာသာရေးအုပ်စုများ၏ ငြင်းပယ်ခြင်းနှင့် ညှဉ်းပန်းနှိပ်စက်ခြင်းတို့ ခံရပါသည်။ လွန်ခဲ့သော အနှစ် နှစ်ထောင်က ယေရှုလူ့ဇာတိကို ခံယူစဉ်က ကိုယ်တော်ရှင်သည် ရောမအစိုးရနှင့် ယုဒလူမျိုးတို့၏ ဘာသာရေး ယုံကြည်သူတို့၏ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် ဖမ်းဆီးခြင်းခံခဲ့ရပြီး အဆုံးတွင် ကားစင်တင်၍ ကွပ်မျက်ခံခဲ့ရပါသည်။ နောက်ဆုံးသောကာလတွင် ဘုရားသခင်သည် စီရင်ခြင်းအမှု ဆောင်ရွက်ရန် လူ့ဇာတိခံယူ၍ တရုတ်ပြည်သို့ တဖန်ပြန်ရောက်လာသဖြင့် တရုတ်ကွန်မြူနစ်အစိုးရ၏ ရက်စက်စွာ ညှဉ်းပန်းနှိပ်စက်မှုနှင့် လိုက်လံရှာဖွေမှုကို ခံခဲ့ရကာ ခရစ်ယာန် ဂိုဏ်းဂဏများအားလုံး၏ ကျိန်ဆဲခြင်း၊ အမှုဆင်ခြင်း၊ ပြစ်တင်ရှုတ်ချခြင်းနှင့် ငြင်းပယ်ခြင်းတို့ ခံခဲ့ရပါသည်။ ဤသည်မှာ လူသား၏ ပျက်စီးမှုနှင့် ဆိုးယုတ်မှုတို့ကို ထင်ရှားစွာ ညွှန်ပြနေပါသည်။ တိမ်မည်းတို့ လေးလံစွာဖိစီး၍ မာရ်နတ်များ သြဇာအာဏာပြသည့် နတ်ဆိုးတို့၏ ခံတပ်တွင် ဘုရားသခင်သည် အမှုတော်ဆောင်ရန် မည်မျှ ခက်ခဲလှမည်ကို ကျွန်ုပ်တို့ စိတ်ကူး ကြည့်နိုင်ပါသည်။ မည်သို့ပင်ဖြစ်စေကာမူ ဘုရားသခင်သည် အနန္တတန်ခိုးရှင်ဖြစ်၍ ကိုယ်တော်ရှင်တွင် အမြင့်ဆုံးသော လုပ်ပိုင်ခွင့်နှင့် အာဏာတို့ ရှိပါသည်။ စာတန်၏ တပ်များ မည်မျှပင် ထိန်းမနိုင်၊ သိမ်းမရ ဖြစ်စေကာမူ၊ မည်မျှပင် ခုခံတိုက်ခိုက်စေကာမူ ၎င်းတို့ခပ်သိမ်းသည် အချည်းနှီးသာဖြစ်၏။ အနှစ် ၂၀ လောက်တွင် အနန္တတန်ခိုးရှင် ဘုရားသခင်၏နိုင်ငံတော်၏ ဧဝံဂေလိတရားသည် ပြင်းထန်သည့် ဖိနှိပ်မှုအောက် တရုတ်ပြည်မအနှံ့ ပျံ့နှံ့သွားခဲ့၏။ ထောင်ပေါင်းများစွာသော အသင်းတော်တို့ နိုင်ငံတစ်ဝန်း ပေါ်ထွက်လာပြီး လူသန်းပေါင်းများစွာတို့သည် အနန္တတန်ခိုးရှင် ဘုရားသခင်၏ နာမတော်ကို နာခံကြ၏။ ချက်ချင်းဆိုသလိုပင် ဂိုဏ်းဂဏများအားလုံး ပျက်စီးခြောက်ကပ်ကြကုန်၏။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏ သိုးတို့သည် ဘုရားသခင်၏ အသံကိုကြား၍ အသံနောက် လိုက်လျက် ပြန်လာခဲ့ကြပြီး ဘုရားသခင်၏ ရှေ့တွင် လဲကျကာ ဘုရားသခင်မှ တစ်ဦးချင်းအား ရေလောင်း၍ လမ်းပြထိန်းကျောင်းခဲ့၏။ ဤသည်မှာ “ခပ်သိမ်း သောလူမျိုးတို့သည် ထိုတောင်သို့ စည်းဝေးကြလိမ့်မည်။” ဟူသည့် သမ္မာကျမ်းစာလာ ဗျာဒိတ်တော်နှင့် ပြည့်စုံစေခဲ့သည်။ ဘုရားသခင်ကို စစ်မှန်စွာ ယုံကြည်သူခပ်သိမ်းသည် အဆုံးတွင် အနန္တတန်ခိုးရှင် ဘုရားသခင်ထံသို့ လှည့်ကြမည်မှာ မလွဲဧကန် ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်မှ ဤသည်ကို ရှေးမဆွက စီစဉ်ခဲ့ကာ ခွဲခန့် မှတ်သားထားခဲ့၍ ဖြစ်သည်။ ဤသည်ကို မည်သူမျှ ပြောင်းလဲနိုင်ခြင်းမရှိပါ။ မုန့်ကိုစား၍ဝရန်သာ ဘုရားသခင်အပေါ် ယုံကြည်ကြသော မိစ္ဆာယုံကြည်သူများနှင့် မကောင်းသော အမှုအရာများကို ကျူးလွန်သည့်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ခုခံကာ ပြစ်တင်ရှုတ်ချသော ရန်သူ အမျိုးမျိုးတို့ ခပ်သိမ်းကို ဘုရားသခင်၏ အမှုတော်အားဖြင့် ဖယ်ရှားပစ်လိုက်ပြီဖြစ်သည်။ ဘာသာရေး အသိုင်းအဝိုင်း တစ်ရပ်လုံးကို ဘုရားသခင်၏ အမှုတော်အားဖြင့် သေချာစွာ ဖျက်ဆီး ဖြိုခွဲလိုက်ပြီ ဖြစ်သည်။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ အမှုတော်သည် အဆုံးတွင် ဘုန်းတန်ခိုးဖြင့် အဆုံးသတ်ခဲ့ပြီ ဖြစ်သည်။ ဤကာလအတွင်း တရုတ်ကွန်မြူနစ်ပါတီ အစိုးရ၏ စိုးရိမ်ကြီးစွာခုခံမှုနှင့် သွေးထွက်သံယို ဖိနှိပ်မှုများကြားမှ ဘုရားသခင်၏ နိုင်ငံတော် ဧဝံဂေလိတရားတော်သည် လျှပ်စီး၏ အမြန်နှုန်းဖြင့် ပျံ့နှံ့နေဆဲဖြစ်သည်။ ဘုရားသခင်၏ အမှုတော်ကို ဖယ်ရှားရန်နှင့် ဖျက်သိမ်းရန် တရုတ်ကွန်မြူနစ်ပါတီ၏ ကြံစည်မှုသည် ဆုံးရှုံးမှုဖြင့် အဆုံးသတ်သွား၏။ ဘုရားသခင်အား ခုခံသည့် ဆိုးယုတ်သော တပ်ဖွဲ့ ခပ်သိမ်းသည် ဘုရားသခင်၏ ခန့်ညားထည်ဝါကာ အမျက်ဒေါသထွက်သည့် စီရင်ချက်အကြား လုံးဝ ပျက်စီးပြိုလဲသွား၏။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည့်အတိုင်းပင်- “ငါချစ်သော ထိုသူအားလုံးသည် ထာဝရကာလတိုင် ဧကန်အမှန် ရှင်သန်ကြလိမ့်မည်ဖြစ်ပြီး၊ ငါ့တဘက်၌ထကြသော ထိုသူအားလုံးတို့သည်ကား ဧကန်အမှန်ပင် ငါ၏ပြစ်တင်ဆုံးမခြင်းကို ထာဝရကာလတိုင် ခံကြရပေလိမ့်မည်။ အကြောင်းမူကား၊ ငါသည် အပြစ်ရှိသည်ဟု ယုံလွယ်သော ဘုရားသခင်ဖြစ်တော်မူ၏။ ငါသည် လူအားလုံးကို သူတို့ပြုခဲ့သောအရာများကြောင့် ပေါ့တန်စွာ ချမ်းသာပေးလိမ့်မည်မဟုတ်။ ငါသည် ကမ္ဘာမြေကြီးတစ်ခုလုံးအပေါ်သို့ စောင့်ကြည့်မည်ဖြစ်ပြီး၊ လောကကြီး၏ အရှေ့အရပ်တွင် ဖြောင့်မတ်ခြင်း၊ ဘုန်းအာနုဘော်၊ အမျက်ဒေါသ၊ ပြစ်တင်ဆုံးမခြင်းတို့နှင့် ပေါ်လာလျက်၊ လူသားမျိုးနွယ် အသင်္ချေထံသို့ ငါ့ကိုယ်ငါ ထုတ်ဖော်ပြမည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၂၆))ငါ၏နိုင်ငံတော်သည် စကြဝဠာတစ်ခွင် အထက်တွင် ပုံသဏ္ဌာန်ပေါ်လာနေပြီ ဖြစ်ပြီး ငါ၏ ပလ္လင်သည် သန်းပေါင်းရာပေါင်းများစွာသော လူတို့၏ နှလုံးသားများထဲ၌ သြဇာ လွှမ်းမိုး၏။ ငါ၏ ကြီးမြတ်သော ပြီးမြောက်အောင်မြင်ခြင်းသည် ကောင်းကင်တမန်များ၏ အကူအညီနှင့် မကြာမီတွင် အသီးသီးလိမ့်မည် ဖြစ်သည်။ ငါ၏ သားများနှင့် ငါ၏ လူများအားလုံးတို့သည် ငါ၏ ပြန်လာခြင်းကို အသက်ပင် ရဲရဲမရှုရဲဘဲ စောင့်မျှော်နေကြသည်၊ ၎င်းတို့နှင့် ပြန်လည်ပေါင်းစည်းရန်၊ မည်သည့်အခါမျှ နောက်တစ်ဖန် ထပ်၍ မခွဲခွာတော့ရန် ငါ့ကို တောင့်တနေကြသည်။ ငါသည် ၎င်းတို့နှင့် အတူရှိခြင်းကြောင့် ငါ့နိုင်ငံတော်၏ အသင်္ချေ များလှသော လူထုသည် ရွှင်လန်းဝမ်းမြောက်သော အောင်ပွဲခံခြင်းဖြင့် အချင်းချင်းဆီသို့ အဘယ်သို့လျှင် မပြေးကြဘဲ နေနိုင်လိမ့်မည်နည်း။ ဤပေါင်းစည်းခြင်းမှာ မည်သည့် အဖိုးအခမှ ပေးရန်မလိုအပ်သော ပြန်လည်ပေါင်းစည်းခြင်းမျိုး ဖြစ်နိုင်သလော။ လူသားအားလုံးတို့၏ မျက်လုံးများထဲတွင် ငါသည် ဂုဏ်သိက္ခာ ရှိသည်၊ အားလုံးတို့၏ စကားများတွင် ငါသည် ကြွေးကြော်ခြင်း ခံရသည်။ ငါပြန်လာသည့်အခါ ရန်သူ၏ အင်အားစု အားလုံးတို့ကို သာ၍များစွာပင် သိမ်းပိုက်မည်။ အချိန်ရောက်လာလေပြီ။ ငါ၏အလုပ်ကို ငါသည် စတင် လည်ပတ်စေမည်၊ လူသားတို့အလယ်တွင် ငါသည် ရှင်ဘုရင်အဖြစ် စိုးစံမည်။ ငါသည် ပြန်လာမည့်ဆဲဆဲ ရှိပြီး၊ ငါသည် ထွက်ခွာသွားလုဆဲဆဲ ရှိသည်။ ဤသည်မှာ လူတိုင်း မျှော်လင့်နေသော အရာဖြစ်ပြီး ဤသည်မှာ ၎င်းတို့ လိုလားသော အရာဖြစ်သည်။ လူသားမျိုးနွယ် တစ်ရပ်လုံးကို ငါ့နေ့ရက်၏ ဆိုက်ရောက်ခြင်းကို ငါမြင်စေမည်ဖြစ်ပြီး ၎င်းတို့အား ငါ၏နေ့ရက် ရောက်လာခြင်းကို ဝမ်းမြောက်ခြင်းနှင့် ကြိုဆိုစေမည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၂၇)) နိုင်ငံတော်၏ ဧဝံဂေလိတရား ပျံ့နှံ့သည်နှင့်အမျှ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်သည် ပို၍ ကြီးထွားလာကာ ယုံကြည်သူဦးရေသည် ရပ်စဲခြင်းမရှိဘဲ တိုးပွားနေသည်။ ယနေ့တွင် ယခင်တစ်ခါမျှ မဖြစ်ဖူးသည့်အတိုင်း အောင်မြင်နေ၏။ နောက်ဆုံးသော ကာလ၏ ခရစ်တော်ဖြစ်သည့် အနန္တတန်ခိုးရှင် ဘုရားသခင်မှ ဖော်ပြခဲ့သော နှုတ်ကပတ်တော်သည် ထိုစဉ်အချိန်မှစ၍ ထောင်ပေါင်းများစွာသော အိမ်ထောင်စုများထံ ပျံ့နှံ့သွား၍ ပို၍ပို၍ များစွာသောသူတို့မှ လက်ခံနေကြသည်မှာ ကြာပြီဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် ၎င်း၏အမြင့်ဆုံး လုပ်ပိုင်ခွင့်နှင့် အာဏာတို့ကို ပြသခဲ့သည်။ ဤငြင်းဆို၍မရသော အချက်မှ သက်သေပြသည်မှာ “အရာအားလုံးကို ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြင့် စွမ်းဆောင်ရရှိသည်။

အစဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်ကပတ်တော်သည်လည်း ဘုရားသခင်ဖြစ်တော်မူ၏။(ရှင်ယောဟန်ခရစ်ဝင် ၁:၁) အစအဦး၌ ဘုရားသခင်သည် ကောင်းကင်များ၊ မြေကြီးနှင့် ၎င်းတို့တွင်ရှိသော အရာခပ်သိမ်းကို နှုတ်ကပတ်တော်ဖြင့် ဖန်ဆင်းခဲ့ပြီး လူသားကို နှုတ်ကပတ်တော်ဖြင့် ဦးဆောင်ခဲ့၏။ နောက်ဆုံးသောကာလတွင်လည်း ဘုရားသခင်သည် အရာခပ်သိမ်းကို နှုတ်ကပတ်တော်အားဖြင့် အောင်မြင်၏။ ဘုရားသခင် ရွေးချယ်သောသူတို့အား စုံလင်စေခြင်းနှင့် ခရစ်တော်၏နိုင်ငံတော် ဖြစ်ပေါ်စေခြင်းတို့ နှစ်ရပ်လုံးကို ဘုရားသခင်၏ နှုတ်ကပတ်တော်အားဖြင့် အောင်မြင်မည် ဖြစ်သည်။ ထို့ကြောင့် အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်မှာ နှုတ်ကပတ်တော်အပေါ် ဘုရားသခင်၏အမှုတော်မှ ပေါ်ပေါက်လာပုံ၊ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်၏ လမ်းညွှန်မှုမှ ပေါ်ပေါက်လာပုံနှင့် ၎င်းအပြင် တရုတ်ကွန်မြူနစ်ပါတီ အစိုးရ၏ ရက်စက်စွာ ဖိနှိပ်မှုနှင့် ညှဉ်းပန်းနှိပ်စက်မှု၊ ဘာသာရေးအုပ်စုများရှိ အန္တိခရစ်တပ်များ၏ စိုးရိမ်ကြီးစွာ ပြစ်တင်ရှုတ်ချမှုနှင့် ဆန့်ကျင်မှု ပိုမိုကြီးထွားလာနေသည့်ကြားမှ အသင်းတော် ကြီးထွားနေသည်မှာ မည်သို့မျှ သူတမူ ထူးကဲနေခြင်း မဟုတ်ပါ။ ဤသည်မှာ ဘုရားသခင် နှုတ်ကပတ်တော်၏ လုပ်ပိုင်ခွင့်နှင့် အာဏာကို အပြည့်အဝ ပြသခြင်း ဖြစ်သည်။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ ပေါ်လာခြင်းနှင့် အမှုတော် မရှိပါက အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်သည်လည်း ရှိမည်မဟုတ်သည့်အပြင် ဘုရားသခင်မှ ဖော်ပြသည့် နှုတ်ကပတ်တော်များမရှိပါက အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်သည်လည်း တည်ရှိမည် မဟုတ်ဟု ဆိုနိုင်ပါသည်။ ယနေ့တွင် ကိုယ်တော်ရှင်သည် ကိုယ်တော်ရှင် ဖော်ပြသည့် သန်းပေါင်းများစွာသော နှုတ်ကပတ်တော်များဖြင့် ကိုယ်တော်ရှင် ရွေးချယ်သူများကို ရေလောင်းခြင်း၊ အစာကျွေးခြင်းများ ပြုလုပ်နေကာ ကိုယ်တော်ရှင်၏ အမှုတော်ကို လက်ခံသူ ခပ်သိမ်းသည် ကိုယ်တော်ရှင်၏ နှုတ်ကပတ်တော်၏ ထိန်းကျောင်းမှုကို ခံယူနေလျက် လူသားတို့ကို ကယ်တင်သည့် ကိုယ်တော်ရှင်၏ အမှုတော်နှင့် တွေ့ကြုံခံစား နေကြပါသည်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “စကြဝဠာတစ်ခွင်တွင် ငါသည် ငါ၏အမှု ထမ်းဆောင်လျက်ရှိပြီး အရှေ့အရပ်တွင် စဉ်ဆက်မပြတ် မိုးပျက်ကျနေလျက် တိုင်းနိုင်ငံအားလုံးနှင့် ဂိုဏ်းဂဏအားလုံးကို တုန်လှုပ်နေစေသည်။ လူသားအားလုံးကို ပစ္စုပ္ပန်သို့ လမ်းပြခဲ့သည်မှာ ငါ၏အသံဖြစ်သည်။ ငါ၏အသံဖြင့် လူသားအားလုံးကို အနိုင်ယူမည်။ လူသားအားလုံးကို ဤစမ်းချောင်းအတွင်း ကျစေပြီး ငါ၏ရှေ့မှောက် နာခံစေမည်။ အကြောင်းမူကား ကြာမြင့်စွာကတည်းက ငါ၏ဘုန်းတန်ခိုးကို ကမ္ဘာတစ်ခုလုံးထံမှ ငါပြန်လည်ရယူခဲ့ပြီး အရှေ့အရပ်တွင် အသစ်တစ်ဖန် ထုတ်ဝေခဲ့ပြီ ဖြစ်သည်။ အဘယ်သူသည် ငါ၏ဘုန်းကိုမြင်ရရန် မတောင့်တသနည်း။ အဘယ်သူသည် ငါပြန်လာမည့် အချိန်ကို စိုးရိမ်ကြီးစွာ စောင့်၍ မနေသနည်း။ အဘယ်သူသည် ငါတစ်ဖန် ပြန်ပေါ်လာမည်ကို မတောင့်တသနည်း။ အဘယ်သူသည် ငါ၏ ချစ်ခင်နှစ်လိုဖွယ်ကောင်းခြင်းကို အောက်မေ့တမ်းတခြင်း မရှိသနည်း။ အဘယ်သူသည် အလင်းသို့ မလာဘဲနေမည်နည်း။ အဘယ်သူသည် ခါနာန်ပြည်၏ ကြွယ်ဝမှုအကြောင်း မမျှော်ကြည့်ဘဲ နေမည်နည်း။ အဘယ်သူသည် ရွေးနုတ်မည့်သူ ပြန်လာမည်ကို မတောင့်တဘဲနေသနည်း။ ကြီးမြတ်သည့် အနန္တတန်ခိုးရှင်အား မမြတ်နိုးသူ အဘယ်သူနည်း။ ငါ၏အသံသည် ကမ္ဘာတစ်ဝန်း ပျံ့နှံ့သွားမည်။ ငါရွေးကောက်ထားသူများအား မျက်နှာချင်းဆိုင်လျက် နှုတ်ကပတ်တော်ကို ပိုမိုပြောကြားရန် ငါအလိုရှိသည်။ တောင်များနှင့် မြစ်များကို တုန်လှုပ်စေသည့် အစွမ်းကြီးသော မိုးချုန်းသံများကဲ့သို့ စကြဝဠာတစ်ခုလုံးနှင့် လူသားမျိုးနွယ်တို့အား ငါ၏ နှုတ်ကပတ်တော်ကို ငါပြောကြားသည်။ ထို့ကြောင့် ငါ၏နှုတ်အတွင်းရှိ နှုတ်ကပတ်တော်သည် လူသား၏ ရတနာဖြစ်ပြီး လူသားအားလုံး ငါ၏ နှုတ်ကပတ်တော်ကို ချစ်ခင် မြတ်နိုးသည်။ အရှေ့အရပ်မှသည် အနောက်အရပ်အထိ တစ်လျှောက်လုံး လျှပ်ပြက်သည်။ လူသားသည် ငါ၏ နှုတ်ကပတ်တော်ကို စွန့်လွှတ်ရန် ရွံမုန်းပြီး တစ်ချိန်တည်းတွင် မတွေးတတ်အောင် နက်နဲသည်ဟု မြင်သည်။ သို့သော် နှုတ်ကပတ်တော်တွင် ပျော်ပိုက်ခြင်းမှာ ပို၍များပါသည်။ မွေးကင်းစ ကလေးငယ် တစ်ဦးကဲ့သို့ လူသားအားလုံးသည် ဝမ်းမြောက်ပျော်ရွှင်လျက် ငါကြွလာမည့် အချိန်အတွက် ပျော်ပွဲရွှင်ပွဲများ ကျင်းပ နေကြပါသည်။ ငါ၏အသံအားဖြင့် ငါသည် လူသားအားလုံးကို ငါ၏ ရှေ့မှောက်သို့ ခေါ်ယူမည်။ ထိုအချိန်မှစ၍ လူသားတို့သည် ငါ့ကိုလာရောက် ဝတ်ပြုရန်အလို့ငှာ ငါသည် လူသားအမျိုးအနွယ်အကြား တရားဝင် ဝင်ရောက်မည်။ ဖြာထွက်လျက်ရှိသော ငါ၏ဘုန်းတန်ခိုးနှင့် ငါ၏ နှုတ်ထဲရှိ နှုတ်ကပတ်တော် အားဖြင့် လူသားအားလုံးကို ငါ၏ ရှေ့မှောက်လာစေပြီး အရှေ့အရပ်မှ လျှပ်ပြက်ခြင်းများကို မြင်စေကာ ငါသည်လည်း အရှေ့အရပ်၏ ‘သံလွင်တောင်’ ပေါ်သို့ ဆင်းသက်ပြီဖြစ်ကြောင်း မြင်စေမည်။ ငါသည် ယုဒ လူမျိုးများ၏ သားအဖြစ် မဟုတ်တော့ဘဲ အရှေ့အရပ်၏ လျှပ်ပြက်ခြင်းကဲ့သို့ မြေကြီးပေါ်သို့ ရောက်နေသည်မှာ ကြာပြီဖြစ်ကြောင်းကို ထိုသူတို့ တွေ့လိမ့်မည်။ အကြောင်းမူကား ငါသည် ကြာမြင့်စွာ ကတည်းက ရှင်ပြန်ထမြောက်ပြီးဖြစ်ပြီး လူသားမျိုးနွယ်အကြားမှ ထွက်ခွာလာပြီးနောက်၊ ဘုန်းတန်ခိုးဖြင့် လူသားတို့ အကြား ပြန်လည် ပေါ်ပေါက်လာခဲ့၏။ ငါသည် ယခုမတိုင်မီ မရေမတွက်နိုင်သော နှစ်ပေါင်းများစွာ ကတည်းက ဝတ်ပြုခံခဲ့ရသူဖြစ်ပြီး ယခုမတိုင်မီ နှစ်ပေါင်းများစွာက ဣသရေလအမျိုးတို့ စွန့်ပစ်ခဲ့သူ မွေးကင်းစလည်း ဖြစ်သည်။ ၎င်းအပြင် ငါသည် မျက်မှောက်ခေတ်၏ ဘုန်းကြီးသော အနန္တတန်ခိုးရှင် ဘုရားသခင်လည်းဖြစ်သည်။ ငါ၏ပလ္လင်ရှေ့မှောက် အားလုံးကိုလာစေလျက် ဘုန်းတန်ခိုးရှိသော ငါ၏ မျက်နှာကို ဖူးမျှော်ပါစေ။ ငါ့အသံကို ကြား၍ ငါ၏လုပ်ဆောင်ချက်တို့ကို ကြည့်ပါစေ။ ဤသည်မှာ ငါ၏အလိုဆန္ဒ တစ်ခုလုံးဖြစ်သည်။ ဤသည်မှာ ငါ့အစီအစဉ်၏ အဆုံးနှင့် အထွတ်အထိပ်ဖြစ်ပြီး ငါ့စီမံခန့်ခွဲမှု၏ ရည်ရွယ်ချက်လည်းဖြစ်သည်။ နိုင်ငံတိုင်း ငါ့ကို ဝတ်ပြုပါစေ။ ဘာသာစကားတိုင်း ငါ့ကို အသိအမှတ် ပြုပါစေ။ လူတိုင်း ငါ့ကိုယုံကြည်ပြီး လူမျိုးတိုင်း ငါ့ကို နာခံပါစေ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ကောင်းကင်နိုင်ငံတော်၏ ဧဝံဂေလိတရားသည် စကြဝဠာတစ်ခွင်လုံး ပျံ့နှံ့သွားမည်ဟု ဟောပြောနေသည့် မိုးကြိုးသံ ခုနစ်ချက်မြည်ဟည်းသည်) ဘုရားသခင်မှ ရွေးချယ်သူများသည် အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်ကြောင့် ကြီးစွာသော ကယ်တင်ခြင်းကို လက်ခံရရှိခဲ့ပြီ ဖြစ်သည်။ တရုတ်ပြည်မရှိ ဘုရားသခင်၏ အမှုတော်သည် အဆုံးတွင် ဘုန်းတန်ခိုးတော်ဖြင့် အဆုံးသတ်ခဲ့ပြီ ဖြစ်သည်။ ယခု ဘုရားသခင် ရွေးချယ်သူများသည် နိုင်ငံခပ်သိမ်းနှင့် နေရာခပ်သိမ်းတွင် ကိုယ်တော်ရှင်၏ နှုတ်ကပတ်တော်ကို ဖြန့်ဖြူးလျက် ကိုယ်တော်ရှင်၏ အမှုတော်များအကြောင်း သက်သေခံလျက်ရှိကြသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် ကမ္ဘာတစ်ဝန်း ပျံ့နှံ့သွားမည်ဖြစ်ပြီး ကိုယ်တော်ရှင်သည် မကြာမီ နိုင်ငံခပ်သိမ်းနှင့် လူမျိုးခပ်သိမ်းအတွက် လူသိရှင်ကြား ပေါ်ထွက်လာမည် ဖြစ်သည်။ လူသိရှင်ကြားပေါ်ထွက်ရန် ၎င်းတို့ တမ်းတနေသည့် ဘုရားသခင်သည် တရုတ်ပြည်သို့ လျှို့ဝှက်စွာ ဆင်းသက်ခဲ့ပြီး သိမ်းပိုက်ခြင်းနှင့် ကယ်တင်ခြင်းအမှုတော် အဆင့်တစ်ရပ်ကို ဆောင်ရွက်ခဲ့ပြီ ဖြစ်ကြောင်းကို ဘုရားသခင်ပေါ်ထွက်ရန် တမ်းတသူ နိုင်ငံခပ်သိမ်းနှင့် နေရာခပ်သိမ်း၏ ပြည်သူများ စိတ်ကူးပင်ယဉ်မိမည် မဟုတ်ပါ။

နောက်ဆုံးသောကာလတွင် ခေတ်ကာလကုန်ဆုံးခါနီး၌ ဘုရားသခင်သည် လူ့ဇာတိကိုခံယူကာ အဆင်းနီသော နဂါးကြီး နေထိုင်ရာနေရာနှင့် အုပ်စိုးသူ အာဏာရှင်များ စုရုံးရာ ခမ်းနားသည့် နေရာဖြစ်သော ဘုရားမဲ့ဝါဒကို အခိုင်အမာ ယုံကြည်သည့်ခံတပ်ကြီး တရုတ်နိုင်ငံသို့ လျှို့ဝှက်စွာဆင်းသက်၏။ ကိုယ်တော်ရှင်၏ မြောက်များစွာသော ဉာဏ်အမြော်အမြင်နှင့် တန်ခိုးအားဖြင့် ဘုရားသခင်သည် စာတန်ကို တိုက်ခိုက်၍ စာတန်ကို လုံးဝအောင်နိုင်ရန်နှင့် လူသားမျိုးနွယ်ကို ကယ်တင်ရန်ဖြစ်သော ကိုယ်တော်ရှင်၏ စီမံခန့်ခွဲမှု အစီအစဉ်၏ အဓိကအမှုတော်ကို ဆောင်ရွက်၏။ သို့ရာတွင် အာဏာရ တရုတ်ကွန်မြူနစ်ပါတီ၏ အကြောင်းရင်း မခိုင်လုံသော စွပ်စွဲချက်များ၊ ပြစ်တင်ရှုတ်ချခြင်း၊ လီဆယ်ခြင်းနှင့် အသရေဖျက်ခြင်း တို့ကြောင့် ဖြစ်ရပ်မှန်မသိသူ အများအပြားသည် တရုတ်ကွန်မြူနစ်ပါတီ၏ ကောလာဟလများကို ယုံကြည်ကြ၏။ အထူးသဖြင့် ဘာသာရေးအုပ်စုများသည် ယနေ့တိုင်အောင် ဆက်လက်၍ ဘုရားသခင် ကြွလာတော်မူခြင်း အကြောင်းကို ပြစ်တင်ရှုတ်ချကာ စော်ကားပြောဆို၍ ဘုရားသခင်၏ အမှုတော်ကို ခုခံရန် ဘုရားမဲ့ တရုတ်ကွန်မြူနစ်ပါတီ အစိုးရဘက်မှ လုံးဝရပ်တည်၏။ မည်မျှဝမ်းနည်းစရာ ကောင်းလိုက်သနည်း။ ၎င်းတို့ခုခံသည့် အနန္တတန်ခိုးရှင် ဘုရားသခင်သည် တဖန်ပြန်ကြွလာသည့် သခင်ယေရှုပင် အတိအကျ ဖြစ်မည်ဟု ထိုသူတို့ မည်သည့်အခါမျှ မျှော်လင့်ထားခြင်း မရှိပါ။ ဘုရားသခင်သည် လူသိရှင်ကြား ပေါ်ထွက်လာသည့်အခါ ထိုသူတို့သည် အံသွားကြိတ်ခဲလျက် ရင်ဘတ်ထုကာ ငိုကြွေး ကြမည်သာဖြစ်သည်။ ဤသည်မှာ ဗျာဒိတ်ကျမ်း၏ နှုတ်ကပတ်တော်များကို အပြည့်အဝ ဖြည့်ဆည်းပေး၏- “ကြည့်ရှုလော့။ မိုးတိမ်နှင့်တကွ ကြွလာတော်မူသည်ဖြစ်၍၊ ကိုယ်တော်ကို ထိုးဖောက်သော သူတို့နှင့် ရှိသမျှသောသူတို့သည် ကိုယ်တော်ကို ရှုမြင်ရကြလိမ့်မည်။ မြေကြီးသားအမျိုးမျိုးရှိသမျှတို့သည် ကိုယ်တော်ကြောင့် ငိုကြွေးမြည်တမ်းရကြလိမ့်မည်။ မှန်ပေ၏။ အာမင်။(ဗျာဒိတ်ကျမ်း ၁:၇) အဆုံးတွင် ဖြူသောပလ္လင်ကြီး၏ စီရင်ချက်ကား စတင်ပြီဖြစ်သည်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “နိုင်ငံတော်ထဲတွင် ဖန်ဆင်းခြင်း၏ အသင်္ချေများလှသော အရာများသည် စတင်နှိုးထလာကြပြီး ၎င်းတို့၏ အသက်စွမ်းအားကို ပြန်လည်တစ်ဖန် ရရှိကြသည်။ ကမ္ဘာမြေကြီး၏ အခြေအနေ၌ ပြောင်းလဲခြင်းများကြောင့်၊ ကုန်းမြေတစ်ခုနှင့် နောက်တစ်ခုကြားရှိ နယ်နိမိတ်များသည် စတင်ရွေ့လာကြသည်။ ယခင်က ငါသည် ပရောဖက်ပြုခဲ့ပြီးဖြစ်သည်။ ကုန်းမြေမှ ကုန်းမြေသည် ပိုင်းခြားသွားပြီး၊ ကုန်းမြေနှင့် ကုန်းမြေသည် ပေါင်းစည်းသောအခါ၊ ယင်းမှာ ငါသည် တိုင်းနိုင်ငံများကို အပိုင်းအစများအဖြစ်သို့ ထုချေပစ်မည့် အချိန်လည်းဖြစ်သည်။ ဤအချိန်တွင်၊ ငါသည် ဖန်ဆင်းခြင်း အလုံးစုံကို အသစ်ပြုပြင်ပြီး စကြဝဠာတစ်ခုလုံးကို ပြန်လည်တစ်ဖန် ပိုင်းကန့်မည်ဖြစ်သည်၊ ထိုသို့ဖြင့် စကြဝဠာကို စနစ်တကျ စီစဉ်မည်ဖြစ်ပြီး၊ ၎င်း၏ ဟောင်းသောအခြေအနေကို အသစ်သို့ ပြောင်းလဲစေမည်ဖြစ်သည်။ ဤသည်မှာ ငါ၏အစီအစဉ်ပင်ဖြစ်သည်။ ဤအရာများမှာ ငါ၏အလုပ်များပင် ဖြစ်သည်။ လောကကြီး၏ လူများနှင့် တိုင်းနိုင်ငံများအားလုံးသည် ငါ၏ပလ္လင်ရှေ့မှောက်သို့ လှည့်ပြန်လာသောအခါ၊ ငါသည် ကောင်းကင်ဘုံ၏ ကြွယ်ဝမှုအားလုံးကို ယူငင်လျက် ယင်းအရာများကို လူ့လောကအပေါ်သို့ အပ်နှင်းပေးမည်၊ ထိုသို့အားဖြင့် ငါ၏ကျေးဇူးကြောင့်လျှင်၊ လူ့လောကသည် တုနှိုင်းမဲ့သော ကြွယ်ဝမှုနှင့် ပြည့်လျှံနေလိမ့်မည်။ သို့သော်လည်း လောကဟောင်း ဆက်လက်တည်ရှိနေသရွေ့ ငါ၏ဒေါသကို ၎င်း၏တိုင်းနိုင်ငံများအပေါ်သို့ ငါစေလွှတ်မည်ဖြစ်ပြီး၊ ငါ၏စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို စကြဝဠာတစ်လျှောက်တွင် ပွင့်လင်းစွာ ထုတ်ပြန်ကြေညာမည်ဖြစ်ကာ၊ ၎င်းတို့ကို ချိုးဖောက်သည့် မည်သူမဆို ပြစ်တင်ဆုံးမခြင်း ခံရမည်ဖြစ်သည်။

ငါသည် ပြောဆိုရန် စကြဝဠာထံသို့ ငါ၏မျက်နှာကို လှည့်လေသောအခါ၊ လူသားမျိုးနွယ် အားလုံးသည် ငါ၏အသံကို ကြားပြီးနောက် ချက်ချင်း စကြဝဠာတစ်လျှောက်တွင် ငါပြုထားသည့် အလုပ်များ အားလုံးကို မြင်လေသည်။ ငါ၏အလိုနှင့် ဆန့်ကျင်သော သူတို့သည်၊ ဆိုလိုသည်မှာ၊ ငါ့ကို လူသား၏အပြုအမူများဖြင့် ဆန့်ကျင်သောသူများသည်၊ ငါ၏ပြစ်တင်ဆုံးမမှုအောက်သို့ ကျရောက်လိမ့်မည် ဖြစ်သည်။ ငါသည် ကောင်းကင်တစ်ခွင်ရှိသည့် မြောက်မြားလှစွာသောကြယ်များကို ယူငင်လျက် ၎င်းတို့ကို အသစ်ပြုပြင်မည်ဖြစ်ပြီး၊ ငါ့ကျေးဇူးကြောင့် နေနှင့် လသည်လည်း အသစ်ပြုပြင်ခြင်း ခံရလိမ့်မည်ဖြစ်ပြီး၊ မိုးကောင်းကင်သည် ယခင်ကဲ့သို့ ရှိတော့မည်မဟုတ်၊ ကမ္ဘာမြေကြီးပေါ်ရှိ အသင်္ချေများလှသော အရာများသည် အသစ်ပြုပြင်ခြင်း ခံရလိမ့်မည်။ ငါ၏နှုတ်ကပတ်တော်များမှတစ်ဆင့် ခပ်သိမ်းသောအရာတို့သည် ပြီးပြည့်စုံလင်လာကြလိမ့်မည်။ စကြဝဠာအတွင်းရှိ တိုင်းနိုင်ငံများစွာတို့သည် အသစ်တဖန် ပိုင်းကန့်ခံရလိမ့်မည်ဖြစ်ပြီး ငါ၏တိုင်းနိုင်ငံနှင့် အစားထိုးခြင်း ခံရပေလိမ့်မည်၊ ထိုသို့အားဖြင့် ကမ္ဘာမြေကြီးအပေါ်ရှိ တိုင်းနိုင်ငံများသည် ထာဝရ ပျောက်ကွယ်သွားလိမ့်မည်ဖြစ်ပြီး၊ ငါ့ကို ဝတ်ပြုကိုးကွယ်သော တိုင်းနိုင်ငံတစ်ခု ဖြစ်လာပေလိမ့်မည်။ ကမ္ဘာမြေကြီး၏ တိုင်းနိုင်ငံများအားလုံးသည် ဖျက်ဆီးခံရလိမ့်မည်ဖြစ်ပြီး၊ တည်ရှိတော့မည် မဟုတ်ချေ။ စကြဝဠာအတွင်းရှိ သက်ရှိလူသားများတွင် မာရ်နတ်နှင့် သက်ဆိုင်သော သူအားလုံးတို့သည် ရှင်းရှင်းသုတ်သင်ခြင်းကို ခံရလိမ့်မည်၊ စာတန်ကို ဝတ်ပြုကိုးကွယ်သော သူအားလုံးတို့သည် ငါ၏လောင်သောမီးဖြင့် အောက်သို့ချထားခြင်းကို ခံရလိမ့်မည်။ ဆိုလိုသည်မှာ ယခုတွင် စမ်းရေအတွင်း၌ရှိသော သူများမှလွဲ၍၊ ကျန်သောသူတို့သည် ပြာအဖြစ်သို့ ပြောင်းလဲခြင်းခံရလိမ့်မည်။ လူမျိုးများစွာတို့ကို ငါပြစ်တင်ဆုံးမသောအခါ ဘာသာရေးလောက၌ရှိသော သူတို့သည် ကွဲပြားခြားနားသော အတိုင်းအတာများဖြင့် ငါ၏နိုင်ငံတော်သို့ ပြန်လာကြမည်ဖြစ်ပြီး ငါ့အလုပ်များ၏ သိမ်းပိုက်ခြင်းကို ခံကြရလိမ့်မည်၊ အဘယ်ကြောင့်ဆိုသော် သန့်ရှင်းသောသူမှာ ဖြူသောမိုးတိမ်ကိုစီးလျက် ရောက်ရှိလာသည်ကို ထိုသူတို့ မြင်ခဲ့ပြီးဖြစ်လိမ့်မည် ဖြစ်သောကြောင့်ပင်တည်း။ လူသားမျိုးနွယ်အားလုံးသည် မိမိတို့၏ တူရာအမျိုးအစားနောက်သို့ လိုက်ကြလိမ့်မည်ဖြစ်ပြီး၊ သူတို့ပြုခဲ့သော အရာများအလိုက် ကွဲပြားသော ပြစ်တင်ဆုံးမခြင်းများကို ခံယူကြရမည် ဖြစ်သည်။ ငါ့တဘက်တွင် ရပ်တည်ခဲ့ကြသော သူများအားလုံးတို့သည် ပျက်စီးကြလိမ့်မည်ဖြစ်သည်။ ကမ္ဘာမြေကြီးပေါ်မှ ၎င်းတို့၏ အပြုအမူများတွင် ငါမပါဝင်ခဲ့သော သူများကမူ၊ သူတို့၏ မိမိတို့ကိုယ်မိမိ ကင်းလွတ်စေခဲ့ပုံကြောင့် ထိုသူတို့သည် ကမ္ဘာမြေကြီးပေါ်၌ ငါ၏သားများနှင့် ငါ့လူများ၏ အုပ်စိုးမှုအောက်တွင် ဆက်လက်တည်ရှိကြလိမ့်မည်။ ငါသည် လူအသင်္ချေထံသို့နှင့် တိုင်းနိုင်ငံအသင်္ချေထံသို့ ငါ့ကိုယ်ငါ ထုတ်ဖော်ပြသမည်၊ လူသားမျိုးနွယ်အားလုံးအတွက် ငါ၏ကြီးမြတ်သောအလုပ် စုံလင်သွားခြင်းကို သူတို့၏ကိုယ်ပိုင်မျက်စိနှင့် မြင်နိုင်ကြရန် ကြွေးကြော်ဖို့ အလို့ငှာ ကမ္ဘာမြေကြီးအပေါ်တွင် ငါ၏ကိုယ်ပိုင်အသံနှင့် မြွက်ဆိုမည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၂၆)) လူသားမျိုးနွယ်၏ ရာဇဝင်တွင် ဘုရားသခင်ကို ပြောင်ပြောင်တင်းတင်း ဆန့်ကျင်ကာ စိုးရိမ်ကြီးစွာ ခုခံသူတို့ကို ဘုရားသခင်မှ ဖျက်ဆီးကြောင်း ကျွန်ုပ်တို့တွေ့ရ၏။ လွန်ခဲ့သည့် နှစ်ပေါင်းလေးထောင်က ၎င်းတို့၏ ဝမ်းနည်းဖွယ်ကောင်းသည့် အပြစ်များကြောင့် သောဒုံနှင့် ဂေါမောရမြို့များတွင် ဘုရားသခင်ကောင်းကင်မှ စေလွှတ်လိုက်သည့် ကန့်နှင့်မီး၏ လောင်ကျွမ်းခြင်း ခံခဲ့ရသည်။ အလားတူစွာပင် ရောမအင်ပါယာသည်လည်း သခင်ယေရှုအပေါ် ၎င်း၏ခုခံမှုနှင့် ပြစ်တင်ရှုတ်ချမှု၊ ခရစ်ယာန်များအပေါ် ညှဉ်းပန်းနှိပ်စက်မှုတို့ကြောင့် ဘုရားသခင်ထံမှ ကပ်ဘေးတို့နှင့် ဖျက်ဆီးခံခဲ့ရသည်။ နောက်ဆုံးသောကာလတွင် ဘုရားသခင်ကို ပြစ်တင်ရှုတ်ချ၍ ခုခံသည့် မည်သည့် ဆိုးယုတ်သော အင်အားစုမဆိုသည် ဘုရားသခင်၏ ကျိန်ဆဲခြင်းနှင့် ဖျက်ဆီးခြင်း ခံရမည်မှာ သေချာသည်။ ဤသည်မှာ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်နေသဘောထား အတိအကျပင်ဖြစ်၏။

အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “နိုင်ငံတော်သည် လူသားမျိုးနွယ် အလယ်တွင် တိုးချဲ့လျက်ရှိသည်၊ ယင်းသည် လူသားမျိုးနွယ်၏ အလယ်တွင် ဖြစ်တည်လာလျက် ရှိနေပြီး၊ ယင်းသည် လူသားမျိုးနွယ်၏ အလယ်တွင် မားမားမတ်မတ်ရပ်လျက် ရှိသည်။ ငါ၏ နိုင်ငံတော်အား ဖျက်ဆီးနိုင်မည့် မည်သည့် အင်အားစုမျှ မရှိပေ။... ငါ့အလင်း၏ လမ်းပြပို့ဆောင်မှုအောက်တွင် သင်တို့သည် အမှောင်ထု စွမ်းအားများ၏ လည်ညှစ်ခြင်းကို ဧကန် ကျော်လွှားနိုင်လိမ့်မည်။ သင်တို့အား လမ်းပြနေသော အလင်းကို အမှောင်ထု၏ အလယ်တွင် သင်တို့သည် အမှန်ပင် ဆုံးရှုံးလိမ့်မည် မဟုတ်။ သင်တို့သည် ဖန်ဆင်းခြင်းအားလုံး၏ သခင် အမှန်ပင် ဖြစ်လိမ့်မည်။ သင်တို့သည် စာတန်၏ ရှေ့မှောက်တွင် အောင်နိုင်သူတစ်ယောက် အမှန်ပင် ဖြစ်လိမ့်မည်။ အဆင်းနီသော နဂါးကြီး၏ နိုင်ငံကျရှုံးချိန်တွင် သင်တို့သည် ငါ၏ အောင်မြင်ခြင်းအား သက်သေခံရန် မြောက်မြား လှစွာသော လူအုပ်ကြီး၏ အလယ်တွင် မတ်မတ်ရပ်နေလိမ့်မည်။ သင်တို့သည် သိနိမ်ပြည်တွင် တည်ကြည်လျက် မယိမ်းယိုင်ဘဲ ဧကန်ရှိကြလိမ့်မည်။ သင်တို့ ကျော်ဖြတ်ရသော ဝေဒနာများမှတစ်ဆင့်၊ ငါ့ထံမှ လာသော ကောင်းချီးများကို သင်တို့ အမွေခံကြရလိမ့်မည် ဖြစ်ပြီး၊ သင်တို့သည် စကြဝဠာ တစ်ဝှမ်းလုံးတွင် ငါ၏ ဘုန်းတော်ကို အမှန်ပင် တောက်ပစေကြလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ “စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ” နှင့်သက်ဆိုင်သော နက်နဲမှုများကို အနက်ဖွင့်ဆိုချက်၊ အခန်း (၁၉))အမှုအဆင့်သုံးဆင့် အဆုံးသတ်သည့်အခါ ဘုရားသခင်အတွက် သက်သေခံသူများ၊ ဘုရားသခင်ကို သိသူများ အုပ်စုတစ်စုကို ဖွဲ့လိမ့်မည်။ ထိုသူတို့အားလုံးသည် ဘုရားသခင်ကိုသိ၍ သမ္မာတရားကို လက်တွေ့ကျင့်သုံးနိုင်ကြပေလိမ့်မည်။ ထိုသူတို့တွင် လူ့သဘာဝနှင့် အသိစိတ်တို့ ရှိမည်ဖြစ်ကာ ထိုသူတို့အားလုံးသည် ဘုရားသခင်၏ ကယ်တင်ခြင်းအမှုဆိုင်ရာ အဆင့်သုံးဆင့်ကို သိကြလိမ့်မည်။ ဤသည်မှာ အဆုံးတွင်စွမ်းဆောင်ရရှိမည့် အမှုဖြစ်ကာ ထိုသူတို့သည် အနှစ် ၆၀ဝ၀ စီမံခန့်ခွဲခြင်းအမှု၏ ပုံဖော်ချက်ဖြစ်သည့်အပြင် စာတန်ကို အဆုံးတွင် အောင်နိုင်ခြင်းအတွက် အားအကောင်းဆုံးသော သက်သေခံချက်ဖြစ်၏။ ဘုရားသခင်အတွက် သက်သေခံနိုင်သူများသည် ဘုရားသခင်၏ကတိနှင့် ကောင်းချီးမင်္ဂလာတို့ကို ရရှိနိုင်မည်ဖြစ်၍ အဆုံးတွင် ကျန်ရှိသည့်အုပ်စု၊ ဘုရားသခင်၏ အခွင့်အာဏာကို ပိုင်ဆိုင်၍ ဘုရားသခင်အတွက် သက်သေခံသည့်အုပ်စုဖြစ်လိမ့်မည်။ သင်တို့အကြားတွင်ရှိသော သူတို့အားလုံး၊ သို့မဟုတ် တစ်ဝက်သည်သာလျှင်၊ သို့မဟုတ် အနည်းငယ်သာလျှင် ဤအုပ်စုတွင် အဖွဲ့ဝင်ဖြစ်ကောင်း ဖြစ်နိုင်လိမ့်မည်၊ ယင်းမှာ သင်တို့၏အလိုဆန္ဒနှင့် သင်တို့လိုက်လျှောက်ရာတို့ အပေါ်တွင် မူတည်၏။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အမှုအဆင့် သုံးဆင့်ကို သိခြင်းသည် ဘုရားသခင်ကို သိခြင်း၏ လမ်းကြောင်းဖြစ်သည်) ဘုရားသခင်၏ နှုတ်ကပတ်တော်သည် အောင်မြင်ပြီး ထိုအောင်မြင်သောအရာသည် အစဉ်တည်လိမ့်မည်။ နိုင်ငံတော်၏ အနာဂတ်သည် တောက်ပ၍ ရှုမောဖွယ်ကောင်း၏။ အနန္တတန်ခိုးရှင် ဘုရားသခင်သည် တရုတ်ပြည်မတွင် အောင်နိုင်ခဲ့သူများ အုပ်စုတစ်စု ဖွဲ့ပြီးဖြစ်သည်။ နောက်ဆုံးသောကာလ ဘုရားသခင်၏ အမှုတော်သည် အောင်မြင် ခဲ့ပြီဖြစ်၏။ တရုတ်ပြည်တွင် လျှို့ဝှက်ကြွရောက်သည့် ကာလအတွင်း ဘုရားသခင်မှ အစမ်းဆောင်ရွက်ခဲ့သည့် အမှုတော်သည် ဘုန်းအသရေဖြင့် ပြီးဆုံးခဲ့ပြီး၊ ကိုယ်တော်ရှင်သည် မကြာမီတွင် နိုင်ငံခပ်သိမ်းနှင့် နေရာခပ်သိမ်းတွင် လူသိရှင်ကြား ပေါ်ထွက်လာမည်ဖြစ်သည်။ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်မှ ရွေးချယ်ခံရသူများသည် ဘုရားသခင်မှ တရုတ်ပြည်တွင် ဖွဲ့စည်းခဲ့သော အောင်နိုင်သူများ အုပ်စု ဖြစ်သည်။ သန့်ရှင်းသော သာသနာ့ တာဝန်ယူလျက် ၎င်းတို့သည် ဘုရားသခင်၏ အမှုတော်ကို သက်သေခံနေကာ နိုင်ငံခပ်သိမ်းနှင့် နေရာခပ်သိမ်းတွင် ဘုရားသခင်၏ သန့်ရှင်းသောနာမကို ကြွေးကြော် နေကြ၏။ အနန္တတန်ခိုးရှင် ဘုရားသခင်နိုင်ငံတော်၏ ဧဝံဂေလိတရားသည် ကမ္ဘာအနှံ့ အလျင်အမြန် ပြန့်ပွားနေ၏။ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ သည် နိုင်ငံခပ်သိမ်းနှင့် နေရာခပ်သိမ်းမှ ရှာဖွေစုံစမ်းနိုင်ရန် အင်တာနက်တွင် လွယ်ကူလွတ်လပ်စွာ ရရှိနိုင်သည်။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော် ဖြစ်ကြောင်းကို မည်သူမျှ မငြင်းဆန်ရဲပါ။ ထို့အပြင် ၎င်းတို့သည် သမ္မာတရား ဖြစ်ကြောင်းကိုလည်း မည်သူမျှ မငြင်းဆန်ရဲပါ။ သမ္မာတရားကို ဆာငတ်မွတ်၍ အလင်းကို တမ်းတသော သာ၍ သာ၍ များသောသူတို့သည် အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုတော်ကို ရှာဖွေ စုံစမ်း လျက်ရှိကြ၏။ သာ၍ သာ၍များသော သူတို့သည် အနန္တတန်ခိုးရှင် ဘုရားသခင်ထံ ပြန်လာသည်နှင့်အမျှ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ကို ကမ္ဘာတစ်ဝန်း အဓိကနိုင်ငံကြီးများနှင့် ဒေသ ဒါဇင်ပေါင်း များစွာတွင် တည်ထောင်ခဲ့ပြီးဖြစ်သည်။ လူသားမျိုးနွယ်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်အကြား တဖြည်းဖြည်း နိုးထလာ၍ သမ္မာတရားကို စတင်လက်ခံ၍ သိလာကြ၏။ ဘုရားသခင်၏ နှုတ်ကပတ်တော် သည် လူသားမျိုးနွယ် ခပ်သိမ်းကို ဦးဆောင်၍ အရာခပ်သိမ်းကို အောင်မြင်မည်ဖြစ်သည်။ ဘုရားသခင်ကို အမှန်စင်စစ် ယုံကြည်ကာ စစ်မှန်သော လမ်းခရီးကို ရှာဖွေသူတို့သည် ဘုရားသခင်ထံ ပြန်လာကာ ကိုယ်တော်ရှင်၏ ပလ္လင်တော်ရှေ့တွင် နာခံမည်မှာ သေချာပြီး လူသားတစ်ရပ်လုံးသည် ဘုရားသခင် ကြွလာကာ ပေါ်ထွက်လာခဲ့ကြောင်းကို သိကာ ကိုယ်တော်ရှင်၏ နာမသည် လူသားမျိုးနွယ်အားလုံးအကြား ဧကန်အမှန်ပင် ကြီးမြတ်လိမ့်မည်ကို သိကြမည် ဖြစ်သည်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှု၌ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို ရှုမြင်ခြင်း

သခင်ယေရှုခရစ်၏ သန်းရာပေါင်းများစွာသော အခြားနောက်လိုက်များ ကဲ့သို့ပင် ကျွန်ုပ်တို့သည် ကျမ်းစာထဲမှ ဥပဒေသများနှင့် ပညတ်ချက်များကို နာခံပြီး အသက်ရှင်သည်၊ သခင်ယေရှုခရစ်ထံမှလာသော များစွာသော ကျေးဇူးတော်၌ မွေ့လျော်ကြသည်၊ အတူတကွ စုဝေးပြီး ဆုတောင်းကြ၊ ချီးမွမ်းကြသည်၊ သခင်ယေရှုခရစ်၏ နာမ၌ အစေခံကြသည်။ ထိုအရာများ အားလုံးကို ကျွန်ုပ်တို့သည် သခင့်၏ စောင့်ရှောက်မှုနှင့် ကာကွယ်မှု အောက်၌ နေပြီး လုပ်ဆောင်ကြသည်။

တရုတ်နိုင်ငံတွင် အနန္တတန်ခိုးရှင်ဘုရားသခင်၏ နိုင်ငံတော် ဧဝံဂေလိတရား ဖြန့်ဝေခြင်း

၁၉၉၅ ခုနှစ်တွင် အနန္တတန်ခိုးရှင်ဘုရားသခင်၏ နိုင်ငံတော်ဧဝံဂေလိတရားတော်ကို သက်သေခံခြင်းအမှုသည် တရုတ်ပြည်မတွင် စနစ်တကျစတင်ခဲ့၏။ ဘုရားသခင်အပေါ်...

တရုတ်နိုင်ငံတွင် နောက်ဆုံးသောကာလ၌ ခရစ်တော်ပေါ်လာခြင်းနှင့် ခရစ်တော်၏အမှုတော် နောက်ခံအကြောင်း နိဒါန်းအကျဉ်းချုပ်

တရုတ်နိုင်ငံသည် အဆင်းနီသော နဂါးကြီး နေထိုင်ရာ တိုင်းပြည်ဖြစ်ကာ သမိုင်းတစ်လျှောက် ဘုရားသခင်အပေါ် အပြင်းထန်ဆုံး ခုခံ၍ ရှုတ်ချသည့် နေရာဖြစ်သည်။ တရုတ်နိုင်ငံသည် နတ်ဆိုးတို့၏ ခံတပ်နှင့် မာရ်နတ်မှ ထိန်းချုပ်ထားသည့် အကျဉ်းထောင်ကဲ့သို့ဖြစ်ကာ ဝင်ရောက်၍မရ၊ စိမ့်ဝင်၍မရပေ။ ထို့အပြင် အဆင်းနီသော နဂါးကြီး၏ အစိုးရသည် အဆင့်တိုင်းတွင် စောင့်ကြပ်နေကာ အိမ်ထောင်စုတိုင်းတွင် ခုခံကာကွယ်မှုများ စီမံထားသည်။

ဘုရားသခင်ကို ကားစင်တဖန်တင်၍ ကွပ်မျက်သူတို့ အမင်္ဂလာရှိစေသတည်း

နောက်ဆုံးသောကာလတွင် ဘုရားသခင်သည် အမှုဆောင်ရန် တရုတ်ပြည်တွင် လူ့ဇာတိကိုခံယူခဲ့၍ နှုတ်ကပတ်တော် သန်းပေါင်းများစွာကို ဖော်ပြခဲ့ကာ...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။