အနန္တတန်ခိုးရှင် ဘုရားသခင်နှင့် သခင်ယေရှုတို့သည် တစ်ဆူတည်းသော ဘုရားသခင်ေလာ။

03.09.2018

လူသားသည် စာတန်၏ ဖျက်ဆီးခြင်းကို ခံရသည့်အခါ ဘုရားသခင်သည် လူသား မျိုးနွယ်ကို ကယ်တင်ရန် စီမံခန့်ခွဲမှု အစီအစဉ်တစ်ရပ်ကို စတင်ခဲ့၏။ လူသားမျိုးနွယ်ကို ကယ်တင်ရန် ဘုရားသခင်သည် အမှုအဆင့် သုံးဆင့်ကို ဆောင်ရွက်ခဲ့၏။ ပညတ်တော် ကာလတွင် ယေဟောဝါ ဘုရားသခင်သည် ပညတ်တော်များကို ထုတ်ပြန်လျှက် လူသား မျိုးနွယ်၏ဘဝကို လမ်းပြကာ လူသားတို့အား ဘုရားသခင်ကို ကိုးကွယ်ရမည် ဖြစ်ကြောင်းနှင့် အပြစ်ဟူသည် မည်သည့်အရာ ဖြစ်ကြောင်းတို့ကို အသိပေးခဲ့၏။ သို့ရာတွင် ပညတ်တော်ကာလ၏ နောက်ဆုံးအဆင့်များ ရောက်လာသည့်အခါ လူသားမျိုးနွယ်၏ ပျက်စီးမှုသည် ပိုမိုပြင်းထန်လာကာ လူတို့သည် ပညတ်များကို မကြာခဏ ချိုးဖောက်လျှက် ယေဟောဝါကို ပြစ်မှားခဲ့ကြ၏။ ထိုသူတို့သည် ၎င်းတို့၏ ချိုးဖောက်မှုများကြောင့် ပြစ်တင် ရှုတ်ချခံရခြင်းနှင့် အသတ်ခံရခြင်း အန္တရာယ်နှင့် ရင်ဆိုင်ခဲ့ရ၏။ ထို့ကြောင့် လူသားမျိုးနွယ်၏ လိုအပ်ချက်ကို ဖြည့်ဆည်းသည့် အနေဖြင့် ကျေးဇူးတော်ကာလတွင် ဘုရားသခင်သည် လူသားအသွင်ခံယူလျှက် သခင်ယေရှု ဖြစ်လာ၏။ လူသားမျိုးနွယ်အတွက် သူသည် လက်ဝါး ကပ်တိုင်တွင် သံမှိုဆွဲရိုက်ခံရကာ လူသားကို အပြစ်မှ ကယ်နုတ်ခဲ့၍ လူတို့အား ဘုရားသခင် ရှေ့မှောက်လာကာ ဘုရားသခင်ကို ဆုတောင်းခြင်း၊ အပြစ်ဝန်ခံခြင်းနှင့် နောင်တရခြင်း၊ အပြစ်များအတွက် ခွင့်လွှတ်ခံရခြင်းနှင့် ဘုရားသခင်၏ကျေးဇူးနှင့် ကောင်းချီးမင်္ဂလာများ၏ ကြွယ်ဝမှုအောက်တွင် နေထိုင်ခြင်းများ ပြုလုပ်နိုင်စေခဲ့၏။ သို့ရာတွင် လူတို့၏ အပြစ်များသောသဘာဝကို ဖြေရှင်းရန်လိုသေးလျှက် ထိုသူတို့သည် မကြာခဏ အပြစ် ကျူးလွန်ခဲ့၍ ဘုရားသခင်ကို ဆန့်ကျင်ခဲ့သဖြင့် နိုင်ငံတော်ကာလတွင် ဘုရားသခင်သည် အနန္တတန်ခိုးရှင် ဘုရားသခင်၏ နာမကိုခံယူကာ တဖန်ပြန်၍ ဇာတိပကတိခံယူခဲ့သည်။ ဤသည်မှာ သခင်ယေရှု၏ ရွေးနုတ်ခြင်း၊ လူသားမျိုးနွယ်၏ အပြစ်များသော သဘာဝကို ဖျောက်ဖျက်ခြင်း၊ ဘုရားသခင်အပေါ် လူသားမျိုးနွယ်မှ နာခံမှုမရှိခြင်းနှင့် ဆန့်ကျင်ခြင်းတို့ကို ရပ်စဲစေခြင်း၊ လူသားတို့ ဘုရားသခင်ကို အမှန်စင်စစ် လိုက်နာကာ ကိုးကွယ်ခြင်းနှင့် အဆုံးတွင် သာယာလှပသော ခရီးလမ်းဆုံးသို့ ရောက်ရှိစေခြင်းစသည့် သခင်ယေရှု၏အမှုကို အခြေခံလျှက် ကယ်တင်ခြင်းနှင့် သန့်စင်ခြင်းတို့အတွက် သမ္မာတရားခပ်သိမ်းကို ထုတ်ဖော် ပြောဆိုရန် ဖြစ်သည်။ ပညတ်တော်ကာလ၊ ကျေးဇူးတော်ကာလနှင့် နိုင်ငံတော်ကာလတို့တွင် ဆောင်ရွက်ခဲ့သော ဘုရားသခင်၏အမှုတို့သည် ကွဲပြား၍ ခံယူခဲ့သော နာမတော်များနှင့် ဖော်ပြခဲ့သော စိတ်နေသဘောထားတို့ ကွဲပြားသော်လည်း သူ၏အမှု၏ အနှစ်သာရနှင့် ရည်မှန်းချက်တို့မှာ အတူတူပင်ဖြစ်သည်။ ၎င်းတို့အားလုံးမှာ လူသားကို ကယ်တင်ရန်ဖြစ်ကာ အမှုအားလုံးကို ဘုရားသခင်ကိုယ်တိုင်က ဆောင်ရွက်ခြင်းပင်ဖြစ်သည်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည့်အတိုင်းပင် “ယေဟောဝါ၏ အမှုမှသည် ယေရှု၏အမှုထိတိုင်၊ ပြီးလျှင် ယေရှု၏အမှုမှသည် ဤလတ်တလော အဆင့်ထိ၊ ဤအဆင့်သုံးဆင့်သည် ဘုရားသခင် စီမံခန့်ခွဲမှု အစမှအဆုံး တစ်ခုလုံးကို အလျဉ်မပြတ် အကျုံးဝင်ပြီး၊ ယင်းတို့အားလုံးသည် ဝိညာဉ်တော်တစ်ပါးတည်း၏ လုပ်ဆောင်မှု ဖြစ်သည်။ ကမ္ဘာကြီး၏ ဖန်ဆင်းခြင်းကတည်းက၊ ဘုရားသခင်သည် လူသားမျိုးနွယ်ကို စီမံခန့်ခွဲလျက် အမြဲ အမှုပြုနေသည်။ သူသည် အစနှင့် အဆုံးဖြစ်သည်၊ သူသည် အဦးဆုံးသောသူနှင့် နောက်ဆုံးသောသူ ဖြစ်ပြီး၊ သူသည် ခေတ်တစ်ခုကို အစပြုသူဖြစ်ပြီး၊ ခေတ်ကို အဆုံးသတ်သူ ဖြစ်သည်။ မတူညီသည့် ခေတ်များနှင့် မတူညီသည့် နေရာများတွင် အမှု၏ အဆင့်သုံးဆင့်သည် သိသိသာသာ ဝိညာဉ်တော်တစ်ပါးတည်း၏ လုပ်ဆောင်ချက်ဖြစ်ပေသည်။ ဤအဆင့်သုံးဆင့်ကို ခွဲခြားသူ အပေါင်းတို့သည် ဘုရားသခင်ကို ဆန့်ကျင်ရာတွင် ရပ်တည်သူများ ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၃))

နှစ်ပေါင်းထောင်ပေါင်းများစွာ လူအနည်းငယ်သာလျှင် သခင်ယေရှုခရစ်သည် ဘုရားသခင်ကိုယ်တိုင်ဖြစ်ကြောင်း၊ သူသည် ဘုရားသခင်၏ ပေါ်ထွန်းခြင်းဖြစ်ကြောင်းနှင့် လူ့ဇာတိခံ ခန္ဓာ၌ရှိသည့် ဘုရားသခင်ဖြစ်သည်ကို အမှန်စင်စစ်သိကြ၏။ အမှန်မှာ ဤသည်ကို ကျမ်းစာမှ ရှေးမဆွကပင် ရှင်းလင်းစွာ ဟောကြားခဲ့ပြီးဖြစ်သည်။ သခင်ယေရှု ပြောသည်မှာ “ငါ့ကိုမြင်သောသူသည် ခမည်းတော်ကိုမြင်၏။(ရှင်ယောဟန်ခရစ်ဝင် ၁၄:၉)ခမည်းတော်သည် ငါ၌ ရှိတော်မူသည်ကို၎င်း၊ ငါသည်ခမည်းတော်၌ရှိသည်ကို၎င်း။(ရှင်ယောဟန်ခရစ်ဝင် ၁၀:၃၈)ငါသည် ငါ့ခမည်းတော်နှင့် တလုံးတဝတည်းဖြစ်သည်။(ရှင်ယောဟန်ခရစ်ဝင် ၁၀:၃၀) ဟု ပြောခဲ့၏။ သခင်ယေရှုက “ငါသည် ငါ့ခမည်းတော်နှင့် တလုံးတဝတည်းဖြစ်သည်၊” ဟုပြောသောအခါ သူသည် သူနှင့် ယေဟောဝါတို့ ဝိညာဉ်တစ်ပါးတည်းဟု ပြောနေခြင်း ဖြစ်သည်။ သခင်ယေရှုပြောသည့် နှုတ်ကပတ်တော်များနှင့် ယေဟာဝါပြောသည့် နှုတ်ကပတ်တော်များမှာ အတူတူပင် ဖြစ်သည်- နှစ်ခုစလုံးသည် သမ္မာတရားဖြစ်၍ ဝိညာဉ် တစ်ပါးတည်း၏ ပြောဆိုချက်များဖြစ်ကာ တစ်နေရာတည်းမှ လာခြင်းဖြစ်၏။ ဆိုလိုသည်မှာ သခင်ယေရှုနှင့် ယေဟောဝါတို့သည့် တစ်ဆူတည်းသော ဘုရားသခင်ဖြစ်ကြ၏။ အလားတူပင် နောက်ဆုံးသော ကာလ၏ အနန္တတန်ခိုးရှင် ဘုရားသခင်မှ ဖော်ပြခဲ့သော နှုတ်ကပတ်တော်များနှင့် သခင်ယေရှု၏ နှုတ်ကပတ်တော်များသည် အတူတူပင်ဖြစ်၏။ ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ မြွက်ဆိုချက်များဖြစ်ကာ သမ္မာတရားများဖြစ်၍ ဘုရားသခင်၏ အသံဖြစ်၏။ သခင်ဘုရားကို ယုံကြည်သူ ခပ်သိမ်းသည် ကျမ်းစာရှိ ပို၍ များပြားသော ရှေးမဆွက ကြိုတင်ဟောကြားချက်များမှာ သခင်ဘုရား တဖန်ပြန်ကြွလာမည့် အကြောင်းနှင့် နောက်ဆုံးသောကာလ ဘုရားသခင်၏ စီရင်ခြင်း အမှုနှင့်သက်ဆိုင်ကြောင်းကို သိကြ၏။ သခင်ယေရှု ဟောကြားသည့်အတိုင်း “ငါသည်သွား၍ သင်တို့နေစရာအရပ်ကိုပြင်ဆင်ပြီးမှ တဖန်လာပြန်၍၊ ငါရှိရာအရပ်၌ သင်တို့ရှိ စေခြင်းငှါ သင်တို့ကို ငါ့ထံသို့ သိမ်းဆည်းမည်။(ရှင်ယောဟန်ခရစ်ဝင် ၁၄:၃)ငါသည်အလျှင်အမြန် လာသည်။(ဗျာဒိတ်ကျမ်း ၂၂:၁၂)ထိုအခါ လူသားသည် ကြီးစွာသောဘုန်းတန်ခိုးအာနုဘော်ကို ဆောင်လျက်၊ မိုးတိမ်ကို စီးလျက် ကြွလာသည်ကို မြင်ရကြလိမ့်မည်။(ရှင်လုကာခရစ်ဝင် ၂၁:၂၇)ကြည့်ရှုလော့ သူခိုးကဲ့သို့ ငါလာ၏။(ဗျာဒိတ်ကျမ်း ၁၆:၁၆)ငါ့ကိုပယ်၍ ငါ့စကားကို လက်ခံရယူခြင်း မရှိခံသောသူအား အပြစ်စီရင်သောသူ ရှိသေး၏။ ငါဟောပြောသော စကားပင် နောက်ဆုံးသောနေ့၌ ထိုသူအား အပြစ်စီရင်လိမ့်မည်။(ရှင်ယောဟန်ခရစ်ဝင် ၁၂:၄၈) ပေတရု သြဝါဒစာ ပထမစောင်တွင်လည်း ပြောထားသည်မှာ “ဘုရားသခင်၏အိမ်တော်သားတို့ကို ရှေ့ဦးစွာစစ်ကြော စီရင်ရသော အချိန်ရှိပြီ။(ရှင်ပေတရုဩဝါဒစာပဌမစောင် ၄:၁၇) ဤကျမ်းများတွင် သခင်ယေရှုသည် နောက်ဆုံးသောကာလတွင် တဖန်ပြန်ကြွလာ၍ နှုတ်ကပတ်တော်များကို ဖော်ပြကာ စီရင်ခြင်းအမှုကို ဆောင်ရွက်မည်ဖြစ်ကြောင်း ရှင်းလင်းစွာ ပြောကြားထားခဲ့သည်။ အနန္တတန်ခိုးရှင် ဘုရားသခင်သည် နောက်ဆုံးသောကာလတွင် ကြွရောက်လာသည့်အခါ သူသည် သခင်ယေရှု၏ ရွေးနုတ်ခြင်းအမှုကို အခြေခံ၍ ဘုရားသခင်၏အိမ်မှ စတင်လျှက် စီရင်ခြင်းအမှုကို ဆောင်ရွက်ကာ လူသားမျိုးနွယ်၏ သန့်စင်ခြင်းနှင့် ကယ်တင်ခြင်းအတွက် သမ္မာတရားခပ်သိမ်းကို ဖော်ပြ၏။ အနန္တတန်ခိုးရှင် ဘုရားသခင်၏အမှုနှင့် သခင်ယေရှု၏ အမှုတို့သည် ကွဲပြားသော်လည်း ၎င်းတို့၏ အရင်းခံမှာ အတူတူပင်ဖြစ်သည်- တစ်ဆူတည်းသော ဘုရားသခင်ပင် ဖြစ်၏။ ဤသည်မှာ သခင်ယေရှု ရှေးမဆွက ကြိုတင် ဟောကြားချက်ကို လုံးဝပြည့်စုံစေခြင်းဖြစ်သည်- “သင်တို့အား ငါပြောစရာစကားအများရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။ ထိုဝိညာဉ်တော်သည် ကိုယ်အလိုအလျောက်ဟောပြောမည်မဟုတ်။ ကြား သမျှတို့ကို ဟောပြောလိမ့်မည်။ နောင်လာလတံ့သောအရာတို့ကိုလည်း သင်တို့အား ဘော်ပြလိမ့်မည်။(ရှင်ယောဟန်ခရစ်ဝင် ၁၆:၁၂-၁၃) လူ့ဇာတိခံယူသော နောက်ဆုံးသောကာလ၏ အနန္တတန်ခိုးရှင် ဘုရားသခင်သည် သမ္မာတရား၏ ဝိညာဉ်၏ ရုပ်လုံးဖော်ချက်ပင်ဖြစ်သည်။ အနန္တတန်ခိုးရှင် ဘုရားသခင်သည် တဖန်ပြန်၍ကြွလာသည့် သခင်ယေရှုပင်ဖြစ်သည်။

သက်ဆိုင်သည့် အကြောင်းအရာ

အနန္တတန်ခိုးရှင် ဘုရားသခင်၏ အသင်းတော်၏ အခြေခံယုံကြည်ချက်များ

(၁) အနန္တတန်ခိုးရှင် ဘုရားသခင်၏ အသင်းတော်၏ သက်ဝင်ယုံကြည်မှုဝါဒများ ခရစ်ယာန်ဘာသာ၏ သက်ဝင်ယုံကြည်မှုဝါဒများ၏ အရင်းခံမှာ သမ္မာကျမ်းစာဖြစ်၍...

အနန္တတန်ခိုးရှင် ဘုရားသခင်၏အသင်းတော် မည်သို့ပေါ်ပေါက်လာသနည်း။

ခရစ်ယာန် အသင်းတော်များကဲ့သို့ပင် အနန္တတန်ခိုးရှင် ဘုရားသခင်၏ အသင်းတော်မှာ ဘုရားသခင်၏အမှုသည် ဇာတိပကတိခံယူသည့်အတွက် ပေါ်ပေါက်လာခဲ့ခြင်း...

အနန္တတန်ခိုးရှင် ဘုရားသခင်၏ အသင်းတော်၏ ရည်မှန်းချက်များက မည်သည်တို့နည်း

အနန္တတန်ခိုးရှင် ဘုရားသခင်၏အသင်းတော်သည် သမ္မာကျမ်းစာပါ ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် အနန္တတန်ခိုးရှင် ဘုရားသခင်မှ ဖော်ပြသော...

ခရစ်ယာန်ဘာသာနှင့် အနန္တတန်ခိုးရှင် ဘုရားသခင်၏ အသင်းတော်တို့အကြား ကွာခြားချက်မှာ မည်သည့်အရာနည်း။

ခရစ်ယာန်ဘာသာနှင့် အနန္တတန်ခိုးရှင် ဘုရားသခင်၏ အသင်းတော်တို့ ယုံကြည်သည့် ဘုရားသခင်မှာ အတူတူပင်ဖြစ်၏။ ဣသရေလလူမျိုးတို့၏...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။