၁၉၉၅ ခုနှစ်တွင် အနန္တတန်ခိုးရှင်ဘုရားသခင်၏ နိုင်ငံတော်ဧဝံဂေလိတရားတော်ကို သက်သေခံခြင်းအမှုသည် တရုတ်ပြည်မတွင် စနစ်တကျစတင်ခဲ့၏။ ဘုရားသခင်အပေါ် ကျွန်ုပ်တို့ ကျေးဇူးတင်ရှိခြင်းနှင့် ကျွန်ုပ်တို့၏ စစ်မှန်သည့်မေတ္တာတို့ဖြင့် ကျွန်ုပ်တို့သည် အနန္တတန်ခိုးရှင်ဘုရားသခင် ပေါ်ထွန်းခြင်းနှင့် အနန္တတန်ခိုးရှင်ဘုရားသခင်၏ အမှုတို့ကို ဂိုဏ်းဂဏအမျိုးမျိုးရှိ ညီအစ်ကိုမောင်နှမများထံ သက်သေခံခဲ့ပါသည်။ ၎င်းတို့၏ခေါင်းဆောင်များထံမှ အစွန်းရောက်ခုခံမှုနှင့် အသရေဖျက်မှုတို့ခံရမည်ဟု ကျွန်ုပ်တို့ မျှော်လင့်မထားခဲ့မိပါ။ ကျွန်ုပ်တို့သည် စိတ်အားထက်သန်စွာဖြင့် ဆုတောင်းရန်နှင့် ဘုရားသခင်က ကိုယ်တိုင်ကိုယ်ကျ အမှုပြုရန် တောင်းခံရေးအတွက်သာ အနန္တတန်ခိုးရှင်ဘုရားသခင် ထံတော်ရှေ့ လာနိုင်ကြပါသည်။ ၁၉၉၇ ခုနှစ်မှစ၍ သန့်ရှင်းသောဝိညာဉ်တော်၏ ကြီးကျယ်လှသော အမှုကို ကျွန်ုပ်တို့တွေ့ခဲ့ရပါသည်။ နေရာအမျိုးမျိုးရှိ အသင်းတော်များ၏အဖွဲ့ဝင်ဦးရေ အလျင်အမြန်တိုးပွားခဲ့ပါသည်။ တစ်ချိန်တည်းမှာပင် နိမိတ်လက္ခဏာနှင့် အံ့သြဖွယ်ရာများစွာ ဖြစ်ပေါ်ခဲ့ပြီး ဂိုဏ်းဂဏအမျိုးမျိုးမှ လူများစွာတို့သည် ဘုရားသခင်၏ ဗျာဒိတ်များကို လက်ခံရရှိခြင်း သို့မဟုတ် ထိုနိမိတ်လက္ခဏာနှင့် အံ့သြဖွယ်ရာများကို တွေ့ခဲ့ရခြင်းကြောင့် အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ပြန်လာခဲ့ကြ၏။ အကယ်၍ သန့်ရှင်းသောဝိညာဉ်တော်က အမှုမပြုခဲ့ပါက လူသားအနေဖြင့် အဘယ်အရာကို လုပ်ဆောင်နိုင်မည်နည်း။ ထို့ကြောင့် ကျွန်ုပ်တို့ အသိတရားရသွားသည်မှာ၊ ကျွန်ုပ်တို့သည် သမ္မာတရားအချို့ကို နားလည်သော်လည်း ကျွန်ုပ်တို့၏ လူသားခွန်အားနှင့်သာ အနန္တတန်ခိုးရှင်ဘုရားသခင်အတွက် သက်သေမခံနိုင်ကြပါ။ ဂိုဏ်းဂဏအမျိုးမျိုးမှ လူများ အနန္တတန်ခိုးရှင်ဘုရားသခင်ကို လက်ခံပြီးနောက် ထိုသူတို့သည် အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်တွင် စားသောက်ခြင်းနှင့် မွေ့လျော်ခြင်းဖြင့် ၎င်းတို့၏နှလုံးသားများတွင် အနန္တတန်ခိုးရှင်ဘုရားသခင်ကို တဖြည်းဖြည်း သေချာသွားခဲ့ကြကာ အချိန်အနည်းငယ်ကြာပြီးနောက် ၎င်းတို့တွင် စစ်မှန်သောယုံကြည်ခြင်းနှင့် နာခံမှုတို့ ဖြစ်ပေါ်လာ၏။ ထို့ကြောင့် ဂိုဏ်းဂဏတိုင်းမှ လူတို့သည် ပလ္လင်တော်ရှေ့သို့ ချီမခြင်းခံခဲ့ရပြီး ၎င်းတို့စိတ်ကူးယဉ်ခဲ့သကဲ့သို့ “သခင်နှင့် မိုးကောင်းကင်တွင်ဆုံစည်း” ရန် မျှော်မှန်းမထားတော့ပေ။
နိုင်ငံတော်ဧဝံဂေလိတရား စတင်ပြန့်ပွားသည့်အချိန်မှစ၍ ကျွန်ုပ်တို့သည် တရုတ်အစိုးရ၏ လိုက်လံရှာဖွေကာ ရက်စက်စွာညှဉ်းပန်းနှိပ်စက်ခြင်းကို ခံခဲ့ရ၏။ ပို၍ဝမ်းနည်းစရာကောင်းသည်မှာ ကျွန်ုပ်တို့သည် ကတ်သလစ်အသိုင်းအဝိုင်းများနှင့် ခပ်သိမ်းသော ခရစ်ယာန်ဂိုဏ်းဂဏတို့၏ ဝေဖန်ပုတ်ခတ်ခြင်း၊ အကွက်ဆင်ခြင်း၊ ပြစ်တင်ရှုတ်ချခြင်းနှင့် ငြင်းပယ်ခြင်းတို့ကိုလည်း ခံခဲ့ရ၏။ ဤသည်မှာ ကျွန်ုပ်တို့အတွက် စိတ်ဒုက္ခ ကြီးစွာရောက်စေခဲ့ပြီး ဧဝံဂေလိအမှုပင် အချိန်အတန်ကြာ ဆိုင်းသွားခဲ့၏။ ဤသို့သော အခြေအနေနှင့်ရင်ဆိုင်ရသည့်အခါ ကျွန်ုပ်တို့သည် မည်သို့လုပ်ကိုင်ရမှန်း မသိဖြစ်ခဲ့၏။ ကျွန်ုပ်တို့ကို ဘက်ပေါင်းဆုံမှ ဝိုင်းဝန်းဖိစီးနေသကဲ့သို့ဖြစ်၏။ တစ်ချိန်တည်းမှာပင် ကျွန်ုပ်တို့သည် နှစ်ဆအပြစ်တင်ခံရ၏၊ ကျွန်ုပ်တို့သည် ဘုရားသခင်ထံမှ ကြီးမြတ်လှသော ကယ်တင်ခြင်းကိုခံစားရပြီး သမ္မာတရားများစွာကို နားလည်ခဲ့သော်လည်း ဧဝံဂေလိတရားကို ဖြန့်နိုင်ခြင်းမရှိခဲ့။ ကျွန်ုပ်တို့သည် အကယ်စင်စစ် ဘုရားသခင်၏သက်သေများ မဖြစ်ထိုက်ကြပါ။ ထို့အပြင် ကျွန်ုပ်တို့သည် ကိုယ်တော်အပ်နှံသည့်လုပ်ငန်းအတိုင်း အသက်ရှင်ရန် အကယ်ပင်ပျက်ကွက်ခဲ့ကြသည်။ ဤသို့သော စိတ်အခြေအနေတွင် ကျွန်ုပ်တို့အားလုံး တာဝန်ထမ်းဆောင်ရန် ပျက်ကွက်ခဲ့ကြသည်၊ မည်သို့ဆောင်ရွက်ရမည်မှန်း မသိခဲ့ကြ။ ထို့အပြင် ဘုရားသခင်၏ နှိုးဆော်တိုက်တွန်းချက်များ၊ တာဝန်ပေးချက်များတို့နှင့် မည်သို့ရင်ဆိုင်ရမည်ကို သိရန်မဆိုနှင့် ဘုရားသခင်ကို မည်သို့ပြန်လည်ပြောပြရမှန်းပင် မသိဟု ခံစားခဲ့ရသည်။ မည်သို့ဆောင်ရွက်ရမှန်း မသိဖြစ်နေချိန်တွင် ဘုရားသခင်၏ နှလုံးသားသည် ကျွန်ုပ်တို့ကို ခေါ်လျက်ရှိ၍ ကိုယ်တော် ရယူပိုင်ဆိုင်လိုသည့် သိုးတိုင်းကို ခေါ်လျက်ရှိသည်ဟု ကျွန်ုပ်တို့ ခံစားဆဲဖြစ်ခဲ့ပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့အားလုံးသည် ဘုရားသခင်ရှေ့မှောက်သို့ ကျေးဇူးတင်ရှိခြင်း၊ အပြစ်ရှိခြင်း၊ ဘုရားသခင်ထံ ဆုတောင်းလိုစိတ် ဆာငတ်မွတ်ခြင်းတို့ဖြင့် ရောက်လာခဲ့ကြကာ ဘုရားသခင်အား ကျွန်ုပ်တို့စိတ်နှလုံးရှိ အရာခပ်သိမ်းကို ဖွင့်ဟပြောဆိုခဲ့သည်မှာ၊ “ဘုရားသခင်၊ ကိုယ်တော်၏ ခပ်သိမ်းသောသိုးတို့ကို ကျွန်ုပ်တို့ရှာဖွေတွေ့ရှိရန် ကျွန်ုပ်တို့ကို ခွန်အားနှင့် ဉာဏ်ပညာ ချပေးတော်မူပါ။ ကိုယ်တော်၏အလိုတော်သည် ကျွန်ုပ်တို့တွင် အကောင်အထည်ပေါ်၍ ကိုယ်တော်၏ နိုင်ငံတော်ဧဝံဂေလိတရား ပြန့်ပွားပါစေ။ ကိုယ်တော်၏ နှုတ်ကပတ်တော်ဖြင့် ကိုယ်တော်၏အိမ်တော်သို့ ပို၍များပြားသူများကို ပို့ဆောင်နိုင်ပါစေ။ ကိုယ်တော်၏ဧဝံဂေလိတရားကို ဖြန့်ဝေနိုင်သမျှကာလပတ်လုံး ကျွန်ုပ်တို့သည် အသက်ပင်စတေးရသော်လည်း ပိုမိုကြီးမားသောဒုက္ခများကိုခံစားရန် လိုလားပါသည်။ ကိုယ်တော်မှ ကျွန်ုပ်တို့အပေါ် ခွန်အားပိုမိုပေးသနားရန်သာ ကျွန်ုပ်တို့ဆုတောင်းပါသည်။ ကိုယ်တော်၏ တစ်ဆင့်ပြီးတစ်ဆင့် လမ်းညွှန်မှုအတိုင်း ပူးပေါင်းဆောင်ရွက်ရန် ကျွန်ုပ်တို့ လိုလားပါသည်။ အို ဘုရားသခင်၊ ကျွန်ုပ်တို့၏ ဝိညာဉ်အသက်တာသည် သေးငယ်၍ ကျွန်ုပ်တို့သည် ခွန်အားနည်းသောကြောင့် ကိုယ်တော်ပေးအပ်သည့်တာဝန်ကို ချောမွေ့စွာ ပြီးဆုံးအောင် လုပ်ကိုင်နိုင်ခြင်း မရှိပါ။ ကိုယ်တော်၏ဧဝံဂေလိတရားတော် ဖြန့်ဝေရာတွင် နှောင့်ယှက်သည့်၊ ရန်လိုသောအင်အားကြီးများကို ချည်နှောင်တော်မူပါ။ ကိုယ်တော်နှင့် မသက်ဆိုင်သော မာရ်နတ်၏သားသမီးများအပေါ် ကျိန်ဆဲတော်မူပါ။ ကိုယ်တော်၏ ဧဝံဂေလိတရားတော် ဖြန့်ဝေရာတွင် ဟန့်တားသည့် အတားအဆီးခပ်သိမ်းကို သုတ်သင်ပစ်တော်မူ၍ ကျွန်ုပ်တို့အတွက် လမ်းဖွင့်ပေးတော်မူပါ။” ကျွန်ုပ်တို့၏ တောင်းလျှောက်ချက်မှာ ဘုရားသခင်၏အလိုတော်နှင့်အညီဖြစ်ကာ ဘုရားသခင်၏ အလိုတော်အတွက်ဖြစ်သဖြင့် ကျွန်ုပ်တို့၏ ဆုတောင်းသံများ ကိုယ်တော်၏နားသို့ ရောက်သည်ဟု ကျွန်ုပ်တို့ယုံကြည်ခဲ့ပါ၏။ များမကြာမီ ဘုရားသခင်သည် ကြီးမြတ်တော်မူသော အမှုတော်ကို အကယ်ပင် ဆောင်ရွက်ခဲ့သောကြောင့် ယခင်က တစ်ခါမျှမခံစားခဲ့ဖူးသော စိတ်လှုပ်ရှားမှုနှင့် ပျော်ရွှင်မှုတို့ကို ခံစားခဲ့ရပါသည်။ ဧဝံဂေလိတရား၏အမှုသည် လျင်မြန်စွာပျံ့နှံ့၍ အထွတ်အထိပ်သို့ရောက်ရန် ဘုရားသခင်သည် ကျွန်ုပ်တို့အပေါ် ဉာဏ်ပညာချပေးတော်မူခဲ့၍ ယုံကြည်ခြင်းနှင့် ခွန်အားတို့ကို ပေးတော်မူခဲ့၏။ ဤသည်မှာ ဘုရားသခင် ကျွန်ုပ်တို့ထံယူဆောင်လာသော သတင်းကောင်းဖြစ်ကြောင်းနှင့် ကျွန်ုပ်တို့အပေါ် ဘုရားသခင်၏ အားပေးမှုနှင့် ဆုလဒ်လည်းဖြစ်ကြောင်း ကျွန်ုပ်တို့တစ်ဦးစီသိသည့်အပြင် ထိုသို့လည်း ယုံကြည်ခဲ့ပါသည်။ ကျွန်ုပ်တို့ခံစားခဲ့ရသောဒုက္ခအတွက် အဖိုးအခပြန်လည်ရရှိခဲ့ပါသည်။ ကျွန်ုပ်တို့၏ နက်နဲသောစိတ်နှလုံးအတွင်းတွင် “ဘုရားသခင် ကိုယ်တိုင်သာ သူ၏အမှုကို လုပ်ဆောင်နိုင်သည်။” ဟူသော နှုတ်ကပတ်တော်၏ စစ်မှန်သောအဓိပ္ပာယ်ကို ပို၍နားလည်ခဲ့ပါသည်။ ဘုရားသခင်သည် ကျွန်ုပ်တို့အရှက်ရအောင် ပြုရန်မဆိုနှင့် ကျွန်ုပ်တို့အတွက် အမှုအရာများကို ခက်ခဲအောင်ပင် မပြုခဲ့ပါ။ အစအဦးပိုင်းတွင် ကိုယ်တော်သည် ကျွန်ုပ်တို့အား သေးငယ်သော စမ်းသပ်မှုများကို ပေးရုံမျှသာ ပြုခဲ့သည်။ ပျော်ရွှင်မှုဖြင့် ကျွန်ုပ်တို့သည် ဘုရားသခင်၏လမ်းပြမှု၊ အကူအညီနှင့် စောင့်ရှောက်ကာကွယ်မှုတို့အတွက် လှိုက်လှဲစွာ ကျေးဇူးတင်ခဲ့ပါသည်။ တစ်ချိန်တည်းမှာပင် ကျွန်ုပ်တို့သည် ဘုရားသခင်၏ လုပ်ဆောင်ချက်များ၏ ကြီးမြတ်မှုနှင့် ဘုရားသခင်၏ စိတ်နေသဘောထား မွန်မြတ်မှုကိုလည်း တွေ့ရှိခဲ့ပါသည်။ ၎င်းအပြင် ဘုရားသခင်၏ ဖြောင့်မတ်တော်မူခြင်းနှင့် လူသား၏အပြစ်အပေါ် သည်းမခံနိုင်မှုတို့ကိုလည်း တွေ့ခဲ့ပါသည်။ အကြောင်းမှာ လူသားကို ကယ်တင်နေသည့် တစ်ချိန်တည်းမှာပင် ဘုရားသခင်သည် ကိုယ်တော်ကို ခုခံသော ရန်သူများစွာတို့ကို အပြစ်ဒဏ်ပေးခြင်းလည်း ပြုလုပ်ခဲ့သောကြောင့် ဖြစ်သည်။ တရုတ်ပြည်မတစ်ဝန်း နယ်ပယ် ၂၄ ခုနှင့် မြူနီစပယ်မြို့ကြီးများရှိ ခပ်သိမ်းသော ဂိုဏ်းဂဏတို့၏ ခေါင်းဆောင်များအကြား အနန္တတန်ခိုးရှင်ဘုရားသခင်အပေါ် လူတို့ စိုးရိမ်တကြီးခုခံမှုများ၊ ပြစ်တင်ရှုတ်ချမှုများနှင့် ပြစ်မှားခြင်းများအတွက် အပြစ်ဒဏ်ပေးခံရသည့် စံနမူနာ အမှုများရှိနေပါသည်။ ဤအရေအတွက်မှာ ပညတ်တော်ကာလတွင် ဘုရားသခင်၏အမှုကို ခုခံသဖြင့် အပြစ်ဒဏ်ပေးခံရသူများ ဦးရေထက် များစွာပိုများပါသည်။ နောက်ဆုံးသောကာလတွင် လူသားမျိုးနွယ်သည် အစွန်းရောက်သော ဖောက်ပြန်ပျက်စီးမှုများရှိခဲ့ကာ ဘုရားသခင်အပေါ်ခုခံမှုမှာ သာ၍ပင်ပြင်းထန်လွန်းခဲ့ကြောင်း တွေ့နိုင်ပါသည်။ ထို့ကြောင့် လူအများအပြား အပြစ်ဒဏ်ပေးခံရကာ ဖယ်ရှားခံရပြီး သမ္မာကျမ်းစာထဲရှိ “ထိုသို့ ခေါ်တော်မူသောသူ အများရှိသော်လည်း၊ ရွေးကောက်တော်မူသော သူနည်းသည်။” ဟူသော ပရောဖက်ပြုချက်ကို လုံးလုံးလျားလျား ပြည့်စုံစေခဲ့သည်။ အကယ်၍ ဤသို့ကြီးမြတ်တော်မူသော အမှုကို သန့်ရှင်းသောဝိညာဉ်တော်သာ မဆောင်ရွက်ခဲ့ပါက လူသားအနေဖြင့် နိုင်ငံတော်ဧဝံဂေလိတရားဖြန့်သည့် အမှုကို အကောင်အထည်ဖော်နိုင်စွမ်း ရှိမည်မဟုတ်ပါ။ အစမှအဆုံးတိုင် ဘုရားသခင်၏အမှုနှင့် နိုင်ငံတော်ဧဝံဂေလိတရားဖြန့်သည့် အမှုတို့သည် အဆင်းနီသော နဂါးကြီးဖြစ်သည့် အာဏာရ တရုတ်ကွန်မြူနစ်ပါတီ၏ စိုးရိမ်တကြီးခုခံမှုနှင့် ရက်စက်စွာ ညှဉ်းပန်းနှိပ်စက်မှုတို့ကို ခံခဲ့ရပါသည်။ အနည်းဆုံးအနေဖြင့် အနန္တတန်ခိုးရှင်ဘုရားသခင်၏အသင်းတော်မှ လူတစ်သိန်းကျော်သည် ဖမ်းဆီးထောင်ချခံရကာ ဒဏ်ရာဒဏ်ချက်မျိုးစုံနှင့် ညှဉ်းပန်းမှုတို့ ခံခဲ့ရပါသည်။ တရုတ်ကွန်မြူနစ်ပါတီမှ အလိုရှိ၍လိုက်လံရှာဖွေနေသူ များစွာရှိကာ ထိုသူတို့သည် အိမ်ပြန်နိုင်ခြင်းမရှိဘဲ လွင့်မျော၍သာနေလျက် ဘုရားသခင်အတွက် အသုံးခံနေကြပါသည်။ များစွာသောလူတို့သည် ထောက်လှမ်းခံနေရလျက် ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်နိုင်စွမ်း မရှိကြပါ။ တရုတ်ကွန်မြူနစ်ပါတီက များစွာသောလူတို့ကို ထိန်းချုပ်ထားကာ ၎င်းတို့သည် အိမ်ပြင်ပသို့ ခြေလှမ်းနိုင်စွမ်းမရှိကြပါ။...ဘုရားသခင်၏ အမှုကို ခုခံဖျက်ဆီးသည့်အနေဖြင့် အဆင်းနီသော နဂါးကြီး၏အစိုးရသည် စက်ဆုပ်ဖွယ် နည်းမျိုးစုံအသုံးပြုလျက် လူသားနှင့်ငွေကြေးအရင်းအမြစ် အမြောက်အမြားကို အသုံးပြုခဲ့ပါသည်။ ဖျက်လိုဖျက်ဆီး၊ ပုန်းလျှိုးကွယ်လျှိုး လုပ်ရပ်များကို အသုံးပြုနေသော်လည်း ၎င်းသည် ဘုရားသခင်အမှု၏ အရှိန်အဟုန်ကို ရပ်တန့်နိုင်ခြင်း မရှိပါ။ ဘုရားသခင်သည် ကိုယ်တော်၏ဆန္ဒကိုဖြည့်ဆည်းရန် အစေခံနေသော အရာခပ်သိမ်းတို့ကို ကိုင်တွယ်၏။ အဆင်းနီသော နဂါးကြီးသည် ဘုရားသခင်၏စီစဉ်ညွှန်ကြားခြင်းအောက်တွင် လုံးဝရှိနေကာ ဘုရားသခင်က ဟိုဟိုသည်သည် အမိန့်ပေးသဖြင့် လုံးဝစိတ်ရှုပ်ထွေး၍ ထွက်ပေါက်မရှိဖြစ်နေ၏။ အဆင်းနီသော နဂါးကြီးမှ နိုင်ငံတစ်ဝန်း ဖမ်းဆီးမှုများလုပ်ခါနီး ကြိမ်ဖန်များစွာဖြစ်ခဲ့သော်လည်း ဘုရားသခင်၏ စီမံမှုဖြင့် ၎င်း၏အစီအစဉ်ပျက်ခဲ့ရပါသည်။ အဆင်းနီသော နဂါးကြီးသည် အနန္တတန်ခိုးရှင်ဘုရားသခင်၏ အသင်းတော်ကို ပျောက်ကွယ်သွားစေရန် ၎င်း၏လက်ကို ကြိမ်ဖန်များစွာ ဆန့်တန်းလိုခဲ့သော်လည်း မအောင်မြင်ခဲ့ပါ။ အဆင်းနီသော နဂါးကြီးသည် ဘုရားသခင်၏အမှုကို ပျောက်ကွယ်သွားစိမ့်သောငှာ ပိုမိုကြီးမားသော ဆောင်ရွက်မှုလုပ်ရန် ကြိမ်ဖန်များစွာ ကြိုးပမ်းခဲ့သော်လည်း ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် ကိုင်တွယ်မှုများကြောင့် ပျက်စီးခဲ့ရသည်။ ဤကဲ့သို့အချိန်များတွင် အဆင်းနီသော နဂါးကြီးသည် ဒေါသနှင့်အရူးအမူးဖြစ်ခဲ့သော်လည်း ၎င်းတွင် အကောင်အထည်ဖော်ရန် အကြံအစည်များ မရှိခဲ့ပါ။ ထို့ကြောင့် ၎င်းကံမကောင်းကြောင်း ဝန်ခံရတော့သည်၊ ကောင်းကင်က ၎င်းကို မကူညီပါ။ ကောင်းကင်သည် တရုတ်ကွန်မြူနစ်ပါတီကို ဖျက်ဆီးသည်မှာ အမှန်ပင်ဖြစ်သည်။ နိုင်ငံတော်ဧဝံဂေလိတရားကို ဖြန့်ရာမှ ကျွန်ုပ်တို့သည် ဘုရားသခင် အနန္တတန်ခိုးရှိခြင်းကို တွေ့ခဲ့ရပါသည်၊ စာတန်၏တန်ခိုးတို့သည် မည်မျှပင် ရက်စက်ကြမ်းကြုတ်သည်ဖြစ်စေ၊ ဘုရားသခင်၏အမှုကို ခုခံရန် ၎င်းတို့သည် မည်မျှပင် လက်တွဲသည်ဖြစ်စေ၊ အချည်းနှီးသာဖြစ်၏။ ဆယ်နှစ်ကာလခန့်အတွင်း နိုင်ငံတော်ဧဝံဂေလိတရားသည် တရုတ်ပြည်မတစ်ဝန်း ပျံ့နှံ့သွားခဲ့၏။ ဘုရားသခင်၏နှုတ်ကပတ်တော်နှင့် ဘုရားသခင်၏နာမတို့သည် အိမ်ထောင်စု သန်းပေါင်း ရာပေါင်းများစွာသို့ ပျံ့နှံ့သွားခဲ့ပြီး သန်းပေါင်းများစွာသောလူတို့သည် အနန္တတန်ခိုးရှင်ဘုရားသခင်၏ နာမအောက်သို့လာခဲ့ကြ၏။ တရုတ်ပြည်မရှိ ဂိုဏ်းဂဏအမျိုးမျိုးအကြား သမ္မာတရားကို ရှာဖွေသူများနှင့် ဘုရားသခင်ကို စစ်မှန်စွာ ရှာဖွေသူများသည် အနန္တတန်ခိုးရှင် ဘုရားသခင်ရှေ့မှောက် တစ်ဖန်ပြန်လာကြ၏။ သန်းပေါင်းများစွာသောလူတို့သည် အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်တွင် မွေ့လျော်နေကြ၏။ ဘုရားသခင်၏အမှုနှင့် ကယ်တင်ခြင်းတို့ကို ရရှိနေကြကာ ဘုရားသခင်၏ အံ့သြဖွယ်လုပ်ဆောင်ချက်များကို ချီးမွမ်းလျက်ရှိကြ၏။ ဘုရားသခင်သည် အောင်နိုင်သူများအဖွဲ့တစ်ဖွဲ့ကို တရုတ်ပြည်တွင်ဖွဲ့စည်းခဲ့ကာ ကိုယ်တော်နှင့် တစ်စိတ်တစ်သဘောတည်းရှိသော လူတစ်စုကို ရရှိခဲ့ပါသည်။ သို့ဖြစ်၍ ဘုရားသခင် လူသိရှင်ကြားပေါ်ထွက်ရန်လမ်းကြောင်း ပွင့်သွားခဲ့သည်။ ဘုရားသခင်၏အမှုသည် အဆုံးတွင် ဘုန်းတန်ခိုးအာနုဘော်ဖြင့် ပြီးဆုံးသွားခဲ့ပြီဖြစ်သည်။ ဘုရားသခင်သည် အဆင်းနီသော နဂါးကြီးကို စတင်ဆုံးမခဲ့ပြီးနောက် ကိုယ်တော်သည် ကမ္ဘာပေါ်ရှိ ခပ်သိမ်းသောတိုင်းနိုင်ငံနှင့် နေရာတို့တွင် လူသိရှင်ကြား ပေါ်ထွန်းမည်ဖြစ်သည်။
၁၉၉၂ ခုနှစ်တွင် နောက်ဆုံးသောကာလ၏ ခရစ်တော်ဖြစ်သော အနန္တတန်ခိုးရှင်ဘုရားသခင်သည် ကိုယ်တော်၏အသံကို တရားဝင်ဖွင့်ဟလျက် ဘုရားသခင်၏ ရှိရင်းစွဲ ကိုယ်ပိုင်လက္ခဏာအတိုင်း ပြောကြားတော်မူ၏။ ကိုယ်တော်သည် သန်းပေါင်းများစွာသော နှုတ်ကပတ်တော်တို့ကို ဖော်ပြခဲ့ကာ တရုတ်ပြည်ရှိ ဘုရားသခင်၏ ရွေးချယ်ခြင်းခံရသူများကို သိမ်းပိုက်ကယ်တင်ခဲ့ပါသည်။ ထို့နောက် တရုတ်ပြည်မကြီးတွင် နောက်ဆုံးသောကာလ ဘုရားသခင်၏အမှုအပေါ် သက်သေခံချက် လျင်မြန်စွာတိုးချဲ့ခဲ့ကာ သန့်ရှင်းသောဝိညာဉ်တော်၏ အမှုသည် ဘုရားသခင်၏ ရွေးချယ်ခြင်းခံရသူများနှင့်အတူ ပါရှိခဲ့၏။ ဂိုဏ်းဂဏအမျိုးမျိုးမှ လူများစွာတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်၏ သိမ်းပိုက်ခြင်းကိုခံခဲ့ကြကာ ဤသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်လုံးဝဖြစ်ကြောင်း ယုံကြည်လျက် ဝန်ခံခဲ့ကြသည်။ ဘုရားသခင်၏သိုးများသည် အဆုံးတွင် ဘုရားသခင်၏အသံကိုကြားကာ ဘုရားသခင်ရှေ့တော်သို့ ပြန်လာခဲ့ကြ၏။ ထိုကာလအတွင်း သန့်ရှင်းသောဝိညာဉ်တော်သည် ဘုရားသခင်၏ ရွေးချယ်ခြင်းခံရသူများကို ဂိုဏ်းဂဏအမျိုးမျိုးမှနေ၍ အနန္တတန်ခိုးရှင်ဘုရားသခင်၏အိမ်တော်သို့ ပြန်လာရာတွင် လမ်းပြလျက် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများစွာ ပြုလုပ်ခဲ့ပါသည်။ ဘုရားသခင်ရွေးချယ်သောလူတို့ တစ်နေ့ပြီးတစ်နေ့ ပြန်လာသည့်အခါ ခပ်သိမ်းသောဂိုဏ်းဂဏတို့ ပြိုကွဲလျက် မတည်ရှိတော့ဘဲ ဘာသာရေးလောကတစ်ခုလုံး သုတ်သင်သန့်စင်ခြင်း ခံခဲ့ရသကဲ့သို့ ဖြစ်၏။
နိုင်ငံတော်ဧဝံဂေလိတရားဖြန့်ချိန်တွင် ဘုရားသခင်ကိုခုခံခဲ့သော မာရ်နတ်အမျိုးမျိုးနှင့် အန္တိခရစ်အမျိုးမျိုးတို့သည် အနန္တတန်ခိုးရှင်ဘုရားသခင်၏ ဖြောင့်မတ်သော အပြစ်ဒဏ်ပေးခြင်းကို ခံခဲ့ရသည်။ ထို့ကြောင့် လူတို့သည် ဘုရားသခင်အပေါ် ဆန့်ကျင်ခြင်း၏ ဇာတ်သိမ်းကို တွေ့ခဲ့ကြ၏။ အဆင်းနီသော နဂါးကြီးသည် ဘုရားသခင်၏အမှုကို လည်မျိုညှစ်၍ ပယ်ဖျက်ရန် ကြိုးပမ်းခဲ့သော်လည်း အဆုံးတွင် ဆုံးရှုံးမှုဖြင့် အဆုံးသတ်ခဲ့၏။ ဘုရားသခင်ကို ခုခံခဲ့သော ဆိုးယုတ်သည့် အင်အားခပ်သိမ်းသည် လုံးဝအရှက်ရကာ ကျရှုံးခဲ့ကြ၏။ အဆင်းနီသော နဂါးကြီးသည် အဆုံးတွင် ၎င်း၏အစေခံခြင်းပြီးဆုံးကာ ဘုရားသခင်၏ အပြစ်ဒဏ်ပေးခြင်းကို စတင်ခံခဲ့ရ၏။ တစ်ချိန်က အနန္တတန်ခိုးရှင်ဘုရားသခင်ပြောသည်မှာ- “သင်တို့သည် အဆင်းနီသောနဂါးကြီးကို အမှန်တကယ် မုန်းတီးသလော။ သင်တို့သည် အမှန်တကယ်၊ ရိုးသားစစ်မှန်စွာ ယင်းကို မုန်းတီးသလော။ ငါသည် ကြိမ်ဖန်များစွာ သင်တို့ကို အဘယ်ကြောင့် မေးလေပြီနည်း။ ငါသည် အဘယ်ကြောင့် ဤမေးခွန်းကို သင်တို့အား အဖန်ဖန် မေးမြဲမေးနေရသနည်း။ သင်တို့၏ နှလုံးသားထဲတွင် အဆင်းနီသောနဂါးကြီး၏ မည်သည့်ပုံရိပ် ရှိသနည်း။ ယင်းကို အမှန်တကယ် ဖယ်ရှားပြီးပြီလော။ ၎င်းကို သင်တို့၏ဖခင်အဖြစ် သင်တို့ အမှန်ပင် မမှတ်ယူပေဘူးလော။ ငါ၏မေးခွန်းများထဲက ငါ၏ရည်ရွယ်ချက်ကို လူအပေါင်းတို့ သိမြင်သင့်သည်။ ယင်းမှာ လူတို့၏ ဒေါသကို ဆွပေးရန်မဟုတ်သကဲ့သို့၊ လူသားတို့အလယ် ပုန်ကန်မှုကို လှုံ့ဆော်ရန် မဟုတ်၊ လူသားသည် မိမိ၏ ကိုယ်ပိုင် ထွက်ပေါက်ကို ရှာတွေ့နိုင်ရန် မဟုတ်ဘဲ၊ လူအားလုံးကို အဆင်းနီသောနဂါးကြီး၏ ကျေးကျွန်ဘဝမှ မိမိတို့ကိုယ်ကိုယ် လွတ်မြောက်စေခွင့်ပေးရန် ဖြစ်သည်။ သို့သော် မည်သူမျှ မပူပန်သင့်ပေ။ အားလုံးသည် ငါ၏စကားများဖြင့် ပြီးမြောက်ရလိမ့်မည်။ မည်သည့်လူသားမျှ မပါဝင်နိုင်သကဲ့သို့၊ ငါ ဆောင်ရွက်မည့် အမှုကို မည်သည့်လူသားမျှ မလုပ်ဆောင်နိုင်။ ငါသည် နယ်မြေအားလုံး၏ လေထုကို သန့်စင်စေမည်ဖြစ်ပြီး ကမ္ဘာမြေပေါ်တွင် နတ်ဆိုးတို့ကို အရိပ်အယောင် အားလုံးကို အမြစ်ဖြတ်မည်။ ငါသည် စတင်နှင့်ပြီဖြစ်ကာ၊ အဆင်းနီသောနဂါးကြီး၏ နေထိုင်ရာနေရာတွင် ပြစ်တင်ဆုံးမခြင်းနှင့်ဆိုင်သည့် ငါ့အမှု၏ ပထမအဆင့်ကို စတင်မည်။ ထို့ကြောင့် ငါသည် နယ်မြေအားလုံးကို ကြည့်ရှုသည့်အတွက်၊ စကြဝဠာတစ်ခုလုံးအပေါ်သို့ ငါ၏ ပြစ်တင်ဆုံးမခြင်း ကျရောက်ပြီးဖြစ်ကာ အဆင်းနီသောနဂါးကြီးနှင့် ညစ်ညူးသော ဝိညာဉ်မျိုးစုံတို့သည် ငါ၏ ပြစ်တင်ဆုံးမမှုမှ လွတ်မြောက်နိုင်စွမ်း မရှိသည်ကို တွေ့နိုင်ပေသည်။ မြေကြီးပေါ်တွင် ငါ၏အမှု ပြီးစီးသည့်အခါ၊ ဆိုလိုသည်မှာ တရားစီရင်ရာကာလ အဆုံးသတ်သည့်အခါတွင်၊ ငါသည် အဆင်းနီသောနဂါးကြီးကို တရားဝင် ပြစ်တင်ဆုံးမမည်။ ငါ၏လူတို့သည် အဆင်းနီသောနဂါးကြီးအပေါ် ငါ၏ဖြောင့်မတ်သည့် ပြစ်တင်ဆုံးမမှုကို တွေ့ကြရလိမ့်မည်၊ ငါ၏ဖြောင့်မတ်မှုကြောင့် ချီးမွမ်းခြင်းကို ဧကန်မုချ သွန်းလောင်းကြလိမ့်မည် ဖြစ်ပြီး၊ ငါ၏ဖြောင့်မတ်ခြင်းကြောင့် ငါ၏ သန့်ရှင်းသော နာမကို ဧကန်မုချ အစဉ်ချီးကျူးထောမနာ ပြုကြလိမ့်မည်။ ထို့ကြောင့် သင်တို့သည် သင်တို့၏တာဝန်ကို တရားဝင် ထမ်းဆောင်ကြလိမ့်မည် ဖြစ်ပြီး၊ နယ်မြေတစ်လျှောက်လုံးတွင် ငါ့ကို ကာလအစဉ်အဆက် တရားဝင် ချီးမွမ်းကြလိမ့်မည်။
တရားစီရင်ခြင်း ကာလသည် ယင်း၏ အထွတ်အထိပ်သို့ ရောက်သောအခါ၊ ငါ၏အမှုကို အဆုံးသတ်ဖို့ ငါအလျင်အမြန် ဆောင်ရွက်မည် မဟုတ်ဘဲ၊ ယင်းထဲသို့ ပြစ်တင်ဆုံးမခြင်း ကာလ၏ သက်သေအထောက်အထားကို ပေါင်းစပ်လိမ့်မည်ဖြစ်ပြီး၊ ဤသက်သေအထောက်အထားကို ငါ၏လူအပေါင်းတို့အား တွေ့မြင်ခွင့်ပေးမည်။ ဤအရာတွင် သာ၍ကြီးမားသော အကျိုးအမြတ် ဖြစ်ထွန်းလိမ့်မည်။ ဤသက်သေအထောက်အထားသည် အဆင်းနီသောနဂါးကြီးအား ငါ၏ ပြစ်တင်ဆုံးမသည့် နည်းလမ်းဖြစ်ပြီး၊ ငါ၏လူများသည် ငါ၏စိတ်သဘောထားကို ပို၍ သိကြစေဖို့အလို့ငှာ၊ ၎င်းတို့၏ကိုယ်ပိုင် မျက်စိများဖြင့် ယင်းကို ငါရှုမြင်စေမည်။ ငါ၏ လူများက ငါ့ကို မွေ့လျော်ကြချိန်သည် အဆင်းနီသောနဂါးကြီး ပြစ်တင်ဆုံးမခံရသည့်အချိန် ဖြစ်သည်။ အဆင်းနီသောနဂါးကြီး၏လူများကို ထကြွစေပြီး ၎င်းကို တော်လှန်စေခြင်းသည် ငါ၏အစီအစဉ်ဖြစ်ပြီး၊ ဤသည်မှာ ငါ၏လူများကို ငါစုံလင်စေသည့်နည်းစနစ်ဖြစ်ကာ ငါ၏ လူအားလုံးအတွက် ယင်းသည် အသက်တာ၌ ကြီးထွားဖို့ ကြီးမားသော အခွင့်အရေးတစ်ခု ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးထံ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၂၈))
နိုင်ငံတော်ဧဝံဂေလိတရားဖြန့်ခြင်းသည် ယခင်ကမကြုံဖူးသော အခြေအနေသို့ ရောက်ရှိခဲ့ပေပြီ။ သန်းပေါင်းများစွာသောလူတို့သည် အနန္တတန်ခိုးရှင်ဘုရားသခင်၏ နာမတော်အောက်သို့ ရောက်ရှိခဲ့ပေပြီ။ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နာမတော်သည် တရုတ်ပြည်မတစ်ဝန်း ပျံ့နှံ့၍ အနန္တတန်ခိုးရှင်ဘုရားသခင်၏ အသင်းတော်များသည် နယ်ပယ်ဒေသတိုင်းတွင် ပေါ်ထွက်လာခဲ့ပြီဖြစ်၏။ အနန္တတန်ခိုးရှင်ဘုရားသခင်၏ အမှုကို လက်ခံသူခပ်သိမ်းသည် ဘုရားသခင်၏နှုတ်ကပတ်တော်၏ လမ်းပြမှုတွင် မွေ့လျော်ကြလျက် ဘုရားသခင်၏ ကယ်တင်ခြင်းအမှုကို ခံစားနေကြ၏။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည့်အတိုင်းပင် “စကြဝဠာတစ်ခွင်တွင် ငါသည် ငါ၏အမှုကို ဆောင်ရွက်လျက် ရှိပြီး အရှေ့အရပ်တွင် တိုင်းနိုင်ငံအားလုံးနှင့် ဂိုဏ်းဂဏအားလုံးကို တုန်လှုပ်နေစေလျက် အဆုံးမရှိ မိုးခြိမ်းသံများကို ထုတ်လွှတ်နေသည်။ လူသားအားလုံးကို ပစ္စုပ္ပန်သို့ ဦးဆောင်လမ်းပြခဲ့သည်မှာ ငါ၏မိန့်မြွက်ချက်များ ဖြစ်သည်။ ကြာမြင့်စွာကတည်းက ငါ၏ဘုန်းတော်ကို ကမ္ဘာတစ်ခုလုံးထံမှ ငါပြန်လည်ရုပ်သိမ်းခဲ့ပြီး အရှေ့အရပ်တွင် အသစ်တစ်ဖန် ထုတ်ပြန်ပြီးဖြစ်သည့်အတွက် ငါ၏ မိန့်မြွက်ချက်များအားဖြင့် လူသားအားလုံးသည် သိမ်းပိုက်ခြင်းခံရစေသည်၊ လူသားအားလုံးကို ဤရေစီးကြောင်းအတွင်း ကျစေပြီး ငါ၏ ရှေ့မှောက်တွင် ကျိုးကျိုးနွံနွံ နာခံစေသည်။ အဘယ်သူသည် ငါ၏ ဘုန်းတော်ကို မြင်ရန် မတောင့်တသနည်း။ အဘယ်သူသည် ငါ၏ပြန်ကြွလာခြင်းကို စိတ်ထက်သန်စွာနှင့် ဆာငတ်စွာ မစောင့်နေသနည်း။ အဘယ်သူသည် ငါ၏ နောက်တစ်ဖန်ပေါ်ထွန်းခြင်းကို မငတ်မွတ်သနည်း။ အဘယ်သူသည် ငါ၏ ချစ်ခင်နှစ်လိုဖွယ် ကောင်းခြင်းကို တောင့်တခြင်း မရှိသနည်း။ အဘယ်သူသည် အလင်းသို့ မလာဘဲ နေမည်နည်း။ အဘယ်သူသည် ခါနာန်ပြည်၏ ကြွယ်ဝမှုကို မမြင်ဘဲ နေမည်နည်း။ အဘယ်သူသည် ရွေးနုတ်ရှင် ပြန်ကြွလာခြင်းအတွက် မတောင့်တဘဲ နေသနည်း။ ကြီးစွာသော တန်ခိုး ပိုင်ဆိုင်သည့်သူ့ကို မကြည်ညိုသူ အဘယ်သူနည်း။ ငါ၏ မိန့်မြွက်ချက်များကို ကမ္ဘာအနှံ့ ဖြန့်ချိမည်။ တောင်များနှင့် မြစ်များကို တုန်လှုပ်စေသည့် အင်အားကြီးသော မိုးချုန်းသံများကဲ့သို့ ငါ ရွေးချယ်ထားသော လူများအား နှုတ်ကပတ်တော်များကို ပိုမို မိန့်မြွက်ပြီး ပို၍ ပြောကြားမည်။ စကြဝဠာတစ်ခုလုံးနှင့် လူသားမျိုးနွယ်တို့အား ငါ၏ နှုတ်ကပတ်တော်ကို ငါပြောကြားသည်။ ထို့ကြောင့် ငါ၏နှုတ်အတွင်းရှိ နှုတ်ကပတ်တော်များသည် လူသား၏ ရတနာဖြစ်လာပြီး လူသားအားလုံး ငါ၏ နှုတ်ကပတ်တော်များကို မြတ်နိုးသည်။ အရှေ့အရပ်မှသည် အနောက်အရပ်အထိ တစ်လျှောက်လုံး လျှပ်ပြက်သည်။ ငါ၏ နှုတ်ကပတ်တော်များသည် လူသားအနေဖြင့် ခွဲခွာရရန် ရွံမုန်းသည်အထိ ဖြစ်သည်။ ပြီးလျှင် ယင်းတို့သည် လူသားအဖို့ မတွေးတတ်အောင် နက်နဲခြင်းလည်း ရှိသည့်အပြင် လူသားတို့အား ဝမ်းမြောက်ခြင်းကို ခံစားရစေသည်။ လူသားအားလုံးသည် မွေးကင်းစကလေးငယ်များ ကဲ့သို့ ဝမ်းမြောက်ကာ ပျော်ရွှင်ပြီး ငါ၏ ကြွလာခြင်းကို ဂုဏ်ပြုကြလေသည်။ ငါ၏ မိန့်မြွက်ချက်များအားဖြင့် ငါသည် လူသားအားလုံးကို ငါ၏ ရှေ့မှောက်သို့ ခေါ်ယူမည်။ ထိုအချိန်မှစ၍ ငါသည် လူသားအမျိုးအနွယ်အတွင်းသို့ တရားဝင် ဝင်ရောက်မည်ဖြစ်ပြီး လူသားတို့သည် ငါ့ကိုလာရောက် ဂါရဝပြုပူဇော်အောင် လုပ်မည်။ တောက်ပလျက်ရှိသော ငါ၏ဘုန်းတော်နှင့် ငါ၏ နှုတ်မှ နှုတ်ကပတ်တော်များဖြင့် ငါသည် လူသားအားလုံးကို ငါ၏ ရှေ့မှောက်လာစေပြီး အရှေ့အရပ်မှ လျှပ်ပြက်ခြင်းများကိုလည်းကောင်း၊ ငါသည် အရှေ့အရပ်၏ ‘သံလွင်တောင်’ ပေါ်သို့လည်း ဆင်းသက်ပြီး ဖြစ်သည်ကိုလည်းကောင်း၊ ငါသည် ကမ္ဘာမြေပေါ်သို့ ကြွလာခဲ့သည်မှာ ကြာပြီဖြစ်သည်ကိုလည်းကောင်း၊ ငါသည် ယုဒလူမျိုးတို့၏ သားမဟုတ်တော့ဘဲ အရှေ့အရပ်မှ လျှပ်ပြက်ခြင်း ဖြစ်သည်ကိုလည်းကောင်း ဖြစ်စေမည်။ အကြောင်းမူကား ငါသည် ကြာမြင့်စွာကတည်းက ရှင်ပြန်ထမြောက်ပြီးဖြစ်ပြီး လူသားမျိုးနွယ် အကြားမှ ထွက်ခွာ လာပြီးနောက် ဘုန်းတော်ဖြင့် လူသားတို့ အကြား ပြန်လည် ပေါ်ပေါက်လာခဲ့သောကြောင့်ဖြစ်သည်။ ငါသည် ယခုမတိုင်မီ မရေမတွက်နိုင်သော ခေတ်ပေါင်းများစွာက ကိုးကွယ်ခံခဲ့ရသူဖြစ်ပြီး ယခုမတိုင်မီ မရေမတွက်နိုင်သော ခေတ်ပေါင်းများစွာက ဣသရေလအမျိုးတို့ စွန့်ပစ်ခဲ့သည့် မွေးကင်းစလည်း ဖြစ်သည်။ ထိုထက်ပို၍ပင် ငါသည် မျက်မှောက်ခေတ်၏ အကြွင်းမဲ့ ဘုန်းကြီးသော အနန္တတန်ခိုးရှင် ဘုရားသခင်လည်း ဖြစ်သည်။ ငါ၏ပလ္လင်ရှေ့မှောက် အားလုံးကို လာစေပြီး ဘုန်းကြီးသော ငါ၏ မျက်နှာကို ဖူးမြော်စေလော့၊ ငါ၏ မိန့်မြွက်ချက်များကို ကြား၍ ငါ၏လုပ်ဆောင်ချက်တို့ကို ကြည့်စေလော့။ တိုင်းနိုင်ငံအမြောက်အမြား ငါ့ထံလာ၍ ဂါရဝပြုရန်၊ နှုတ်ခမ်းအမြောက်အမြား ငါ့ကို အသိအမှတ်ပြုရန်၊ လူအမြောက်အမြားက ငါ့အပေါ် ယုံကြည်ကိုးစားမှု ထားရှိကြရန်နှင့် ငါရွေးချယ်ထားသော လူအမြောက်အမြားသည် ငါ့ကို အရှုံးပေးအပ်နှံရန်တို့ဖြစ်သည့် ဤအရာမှာ ငါ၏ရည်ရွယ်ချက် တစ်ခုလုံးဖြစ်သည်။ ယင်းမှာ ငါ့အစီအစဉ်၏ အဆုံးနှင့် အထွတ်အထိပ်ဖြစ်သည့်အပြင် ငါ့စီမံခန့်ခွဲမှု၏ ရည်ရွယ်ချက်လည်း ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နိုင်ငံတော်၏ ဧဝံဂေလိတရားသည် စကြဝဠာတစ်ခွင်လုံး ပျံ့နှံ့သွားမည်ဟု ဟောပြောနေသည့် မိုးကြိုးသံ ခုနစ်ချက်မြည်ဟည်းခြင်း)
တရုတ်ပြည်မကြီးတွင် ဘုရားသခင်၏အမှုတော်သည် နောက်ဆုံးတွင် ဘုန်းအာနုဘော်ဖြင့် ပြီးဆုံးခဲ့လေပြီ။ ဘုရားသခင်သည် တိုင်းနိုင်ငံတိုင်း၊ နေရာတိုင်းတွင် လူသိရှင်ကြား ပေါ်ထွန်းလာခါနီးပြီဖြစ်၏။ ထိုတိုင်းနိုင်ငံတိုင်း၊ နေရာတိုင်းရှိ ဘုရားသခင်ပေါ်ထွန်းရန် တမ်းတနေသူတို့သည် လူသိရှင်ကြားပေါ်ထွက်ရန် ၎င်းတို့တမ်းတခဲ့သော ဘုရားသခင်သည် တရုတ်ပြည်သို့ လျှို့ဝှက်စွာ လာခဲ့ပြီဖြစ်ပြီး သိမ်းပိုက်ခြင်းနှင့် ကယ်တင်ခြင်းအမှု၏ အဆင့်တစ်ရပ်ကို အကောင်အထည်ဖော်ပြီးပြီဖြစ်ကြောင်း တစ်ခါမျှ အိပ်မက်ပင်မမက်ဖူးပေ။ တရုတ်ပြည်တွင် ဘုရားသခင်၏အမှုကို ပြစ်တင်ရှုတ်ချနေသေးသူ အမြောက်အမြား ရှိနေကာ ထိုနေရာတွင် သန့်ရှင်းသောဝိညာဉ်တော်၏ အမှုကို ပုတ်ခတ်ပြောဆိုနေသေးသူ မြောက်မြားစွာရှိပါ၏။ ဘုရားသခင် လူသိရှင်ကြားပေါ်ထွက်လာသည့် အခါတွင်မှ ၎င်းတို့သည် အိပ်မက်မှ နိုးထလာသကဲ့သို့ဖြစ်ပြီး ငါခုခံခဲ့သော အနန္တတန်ခိုးရှင်ဘုရားသခင်သည် တဖန်ပြန်ကြွလာခဲ့သော သခင်ယေရှုမှန်း တစ်ခါမျှ ငါအိပ်မက် မမက်ဖူးဘူးဟူသော နောင်တနှင့်ပြည့်နေမည်။ သို့ရာတွင် ထိုသူတို့သည် ငိုရုံသာငိုနိုင်ပြီး အံသွားကြိတ်ခဲခြင်းသာ ပြုနိုင်မည်ဖြစ်သည်။ ဤသည်မှာ သမ္မာကျမ်းစာပါ ဗျာဒိတ်ကျမ်းရှိ နှုတ်ကပတ်တော်များကို လုံးဝပြည့်စုံစေခဲ့ခြင်း ဖြစ်သည် - “ကြည့်ရှုလော့။ မိုးတိမ်နှင့်တကွ ကြွလာတော်မူသည်ဖြစ်၍၊ ကိုယ်တော်ကို ထိုးဖောက်သော သူတို့နှင့် ရှိသမျှသောသူတို့သည် ကိုယ်တော်ကို ရှုမြင်ရကြလိမ့်မည်။ မြေကြီးသားအမျိုးမျိုးရှိသမျှတို့သည် ကိုယ်တော်ကြောင့် ငိုကြွေးမြည်တမ်းရကြလိမ့်မည်။” (ဗျာဒိတ်ကျမ်း ၁:၇) နောက်ဆုံးတွင် ဖြူသောပလ္လင်ကြီး၏ တရားစီရင်မှု စတင်ပြီဖြစ်သည်။
အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “နိုင်ငံတော်တွင် ဖန်ဆင်းခြင်းနှင့်သက်ဆိုင်သည့် အသင်္ချေများလှသော အရာများသည် စတင်နိုးထလာကြပြီး၊ ၎င်းတို့၏ အသက်စွမ်းအားကို ပြန်လည်ရရှိကြသည်။ ကမ္ဘာမြေကြီး၏ အခြေအနေပြောင်းလဲခြင်းများကြောင့်၊ ကုန်းမြေတစ်ခုနှင့် နောက်တစ်ခုကြားရှိ နယ်နိမိတ်များသည်လည်း စတင် ရွေ့လျားလာကြသည်။ ကုန်းမြေသည် ကုန်းမြေမှ ပိုင်းခြားသွားပြီး၊ ကုန်းမြေနှင့် ကုန်းမြေသည် ပေါင်းစည်းသောအခါ၊ ယင်းမှာ ငါသည် နိုင်ငံတစ်နိုင်ငံချင်းစီကို တစ်စစီဖြစ်အောင် ချေမှုန်းပစ်မည့် အချိန်လည်းဖြစ်သည်ဟု ယခင်က ငါသည် ပရောဖက်ပြုခဲ့ဖူးသည်။ ဤအချိန်တွင် ငါသည် ဖန်ဆင်းခံ လောကတစ်ခုလုံးကို အသစ်ပြုပြင်ပြီး စကြဝဠာတစ်ခုလုံးကို ပြန်လည် ပိုင်းကန့်မည် ဖြစ်သည်၊ ထိုသို့ဖြင့် စကြဝဠာကို အစီအစဉ်တကျ ဖြစ်စေမည် ဖြစ်ပြီး၊ ဟောင်းသောအရာကို ပြောင်းလဲကာ အသစ် ဖြစ်စေမည်။ ဤသည်မှာ ငါ၏အစီအစဉ် ဖြစ်ပြီး ဤအရာများမှာ ငါ၏အမှုများပင် ဖြစ်သည်။ နိုင်ငံတစ်နိုင်ငံချင်းစီနှင့် ငါ ရွေးချယ်ထားသော လူတစ်ဦးချင်းစီသည် ငါ၏ ပလ္လင်တော်ရှေ့မှောက်သို့ ပြန်လာသောအခါတွင် လူ့လောကထံ ကောင်းကင်ဘုံ၏ ရက်ရောမှုအားလုံးကို ယင်းနှင့်အတူ ပေးအပ်မည်ဖြစ်သည်၊ ဤသို့ဖြင့် ထိုလောကသည် ငါ့ကြောင့် အတုမရှိသော ရက်ရောမှုဖြင့် ပြည့်လျှံမည်။ ကမ္ဘာလောကဟောင်း တည်ရှိစဉ်တွင် နိုင်ငံတစ်နိုင်ငံချင်းစီအပေါ် ငါ၏အမျက်ဒေါသကို လွှတ်ထုတ်ကာ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို စကြဝဠာတစ်ခုလုံးထံ လူသိရှင်ကြား ထုတ်ပြန်ကြေညာမည်ဖြစ်သည့်အပြင် ယင်းတို့ကို ဖောက်ဖျက်သည့်သူ မည်သူမဆိုသည် ပြစ်တင်ဆုံးမခြင်းခံရလိမ့်မည်။
စကြဝဠာတစ်ခုလုံးကို ငါစကားပြောသည့်အခါတွင် လူအားလုံးသည် ငါ၏ အသံတော်ကို ကြားကြသည်၊ ဆိုလိုသည်မှာ လူအားလုံးသည် စကြဝဠာတစ်ခုလုံးတွင် ငါဆောင်ရွက်ပြီးဖြစ်သည့် လုပ်ဆောင်ချက်များအားလုံးကို မြင်ကြလေသည်။ ငါ၏ ရည်ရွယ်ချက်များကို ဆန့်ကျင်သည့်သူများ၊ တစ်နည်းအားဖြင့် ဆိုသော် ငါ့အား လူ၏ လုပ်ဆောင်ချက်များဖြင့် ဆန့်ကျင်သောသူများသည် ငါ၏ ပြစ်တင်ဆုံးမခြင်းအလယ်တွင် ပြိုလဲလိမ့်မည်။ ကောင်းကင်ဘုံတွင် မြောက်မြားလှစွာသော ကြယ်များကို ငါ အသစ်လဲမည်။ ငါ့ကြောင့် နေနှင့် လတို့သည် အသစ်လဲခြင်း ခံရလိမ့်မည်၊ ကောင်းကင်သည် ယခင်ကဲ့သို့ ဖြစ်တော့မည် မဟုတ်။ ကမ္ဘာပေါ်ရှိ အရာခပ်သိမ်းသည် အသစ်လဲခြင်း ခံရလိမ့်မည်။ ဤအရာအားလုံးသည် ငါ၏နှုတ်ကပတ်တော်များကြောင့် ဖြစ်မြောက်လိမ့်မည်။ စကြဝဠာအတွင်းရှိ နိုင်ငံအားလုံးသည် အသစ်တစ်ဖန် ပိုင်းခြားကန့်သတ်ခြင်းခံရမည် ဖြစ်ပြီး ငါ့နိုင်ငံတော်၏ အစားထိုးခြင်းကို ခံရလိမ့်မည်၊ ဤသို့ဖြင့် ကမ္ဘာပေါ်ရှိ နိုင်ငံများသည် ထာဝရ ကွယ်ပျောက်သွားမည်ဖြစ်ပြီး ငါ့ကို ကိုးကွယ်သည့် နိုင်ငံတော်တစ်ခုတည်းသာ ရှိလိမ့်မည်။ ကမ္ဘာ၏ နိုင်ငံများအားလုံးသည် ဖျက်ဆီးခြင်း ခံရမည်ဖြစ်ကာ တည်ရှိတော့မည်မဟုတ်ပေ။ စကြဝဠာအတွင်းရှိ လူသားများတွင် နတ်ဆိုးများနှင့်ဆိုင်သောသူ အားလုံးတို့သည် ရှင်းလင်းသုတ်သင်ခြင်းကို ခံရလိမ့်မည် ဖြစ်သည်။ စာတန်ကို ကိုးကွယ်သောသူ အားလုံးတို့သည် ငါ၏လောင်မြိုက်သောမီးအလယ်တွင် ပြိုလဲကြလိမ့်မည်။ ဆိုလိုသည်မှာ ယခု ရေစီးကြောင်း အတွင်း၌ရှိသော သူများမှလွဲ၍ ကျန်သောသူ အားလုံးတို့သည် ပြာအဖြစ်သို့ ပြောင်းလဲခြင်း ခံရလိမ့်မည်။ လူတစ်ဦးချင်းစီကို ငါပြစ်တင်ဆုံးမသောအခါ၊ ဘာသာရေးအသိုင်းအဝိုင်း၌ ရှိသော သူတို့သည် အတိုင်းအတာ အမျိုးမျိုးဖြင့် ငါ၏နိုင်ငံတော်သို့ ပြန်လာကြမည် ဖြစ်ပြီး ငါ၏ လုပ်ဆောင်ချက်များအားဖြင့် သိမ်းပိုက်ခြင်းကို ခံကြရလိမ့်မည်၊ အဘယ်ကြောင့်ဆိုသော် ထိုသူတို့သည် ‘ဖြူသောမိုးတိမ်ကိုစီးလျက်ရှိသော သန့်ရှင်းသောသူ’ သည် ရောက်ရှိလာပြီးဖြစ်ကြောင်းကို မြင်ခဲ့ပြီးဖြစ်လိမ့်မည် ဖြစ်သောကြောင့်ပင်တည်း။ လူအားလုံးသည် မိမိတို့၏ အမျိုးအစားနှင့်အညီ ခွဲခြားသတ်မှတ်ခြင်းခံရမည် ဖြစ်ပြီး သူတို့၏ လုပ်ဆောင်ချက်များအလိုက် ပြစ်တင်ဆုံးမခြင်းအမျိုးမျိုးကို ခံကြရမည်။ ငါ့ကို အတိုက်အခံလုပ်ခဲ့ကြသော သူများအားလုံးတို့သည် ပျက်စီးခြင်းသို့ရောက်ကြလိမ့်မည် ဖြစ်ပြီး ကမ္ဘာမြေကြီးပေါ်ရှိ ၎င်းတို့၏အပြုအမူများတွင် ငါနှင့်ဆက်နွှယ်မှု မရှိသည့်သူများကမူ၊ ၎င်းတို့ ပြုမူခဲ့ပြီးဖြစ်သည့်ပုံကြောင့် ကမ္ဘာမြေကြီးပေါ်၌ ငါ၏သားများနှင့် ငါ့လူများ၏ အုပ်စိုးမှုအောက်တွင် ဆက်လက် ရှိနေကြလိမ့်မည်။ ငါသည် တိုင်းနိုင်ငံအသင်္ချေနှင့် လူအသင်္ချေတို့ထံသို့ ငါ ပေါ်ထွန်းမည် ဖြစ်ပြီး ကမ္ဘာပေါ်တွင် ငါ၏ကြီးမြတ်သောအမှုတော် ပြည့်စုံသွားခြင်းကို ကြွေးကြော်လျက် လူတို့အားလုံး ဤအရာကို သူတို့ကိုယ်တိုင်၏မျက်စိများနှင့် မြင်နိုင်ကြဖို့ ခွင့်ပြုရန်အလို့ငှာ ငါကိုယ်တော်တိုင်၏ အသံတော်ကို ဖော်ပြမည်ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးထံ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၂၆))