ဖြည့်စွက်ချက်- အခန်း (၂)
လူတို့သည် လက်တွေ့ကျသော ဘုရားသခင်ကို ရှုမြင်ကြသည့်အခါ၊ ၎င်းတို့၏ ဘဝများကို ဘုရားသခင် ကိုယ်တော်တိုင်နှင့်အတူ ကိုယ်တိုင်ကိုယ်ကျ အသက်ရှင်ကြသည့်အခါ၊ ဘုရားသခင် ကိုယ်တော်တိုင်နှင့်အတူ ဘေးချင်းယှဉ်လျက် လျှောက်လှမ်းကာ နေထိုင်ကြသည့်အခါတွင်၊ ၎င်းတို့စိတ်နှလုံးများ၌ နှစ်ပေါင်းများစွာကြာ ရှိပြီးဖြစ်သည့် သိချင်စိတ်ပြင်းပြခြင်းကို ဘေးဖယ်ထားကြသည်။ ယခင်ကပြောဆိုထားသော ဘုရားသခင်နှင့် ပတ်သက်သော အသိပညာမှာ ပထမအဆင့်သာဖြစ်သည်။ လူတို့သည် ဘုရားသခင်နှင့်ပတ်သက်သည့် အသိပညာ ရှိကြသော်လည်း၊ ၎င်းတို့၏စိတ်နှလုံးထဲတွင် မစဲသော သံသယများစွာ ကျန်ရှိလေသည်။ ဘုရားသခင်သည် မည်သည့်နေရာမှ လာသနည်း။ ဘုရားသခင်သည် အစာစားသလော။ ဘုရားသခင်သည် သာမန်လူတို့နှင့် အလွန့်အလွန် ကွာခြားသလော။ ဘုရားသခင်အတွက် လူအားလုံးကို ကိုင်တွယ်ဖြေရှင်းခြင်းသည် ကလေးကစားစရာတမျှ လွယ်ကူသည့်အရာတစ်ခု ဖြစ်သည်။ ဘုရားသခင်၏ နှုတ်မှ ပြောဆိုသောအရာအားလုံးသည် ကောင်းကင်ဘုံ၏ နက်နဲမှုများ ဖြစ်သလော။ သူ ပြောဆိုသမျှ အားလုံးသည် ဖန်ဆင်းခံသက်ရှိအားလုံး ပြောဆိုသည့်အရာများထက် သာ၍မြင့်မားသလော။ ဘုရားသခင်၏ မျက်လုံးများမှ အလင်း ထွန်းလင်းသလော။ အစရှိသည်တို့ဖြစ်သည်။ ဤအရာအားလုံးသည် လူတို့၏ အယူအဆများက စွမ်းဆောင်နိုင်သည့်အရာများ ဖြစ်သည်။ ဤအရာများသည် အခြားအရာအားလုံးထက်အရင် သင်တို့ နားလည်သင့်ပြီး ဝင်ရောက်သင့်သည့်အရာများ ဖြစ်သည်။ လူတို့၏ အယူအဆများတွင် လူ့ဇာတိခံ ဘုရားသခင်သည် မရေရာသော ဘုရားသခင်တစ်ပါး ဖြစ်နေဆဲဖြစ်သည်။ လက်တွေ့ကျသော အသိပညာမှတစ်ဆင့်မဟုတ်ပါက၊ လူတို့သည် ငါ့ကို မည်သည့်အခါတွင်မျှ နားလည်နိုင်မည် မဟုတ်သကဲ့သို့၊ ၎င်းတို့၏ အတွေ့အကြုံများတွင် ငါ၏လုပ်ဆောင်ချက်များကို မည်သည့်အခါတွင်မျှ ရှုမြင်နိုင်မည် မဟုတ်ပေ။ လူတို့သည် ငါ၏ ရည်ရွယ်ချက်များကို “သဘောမပေါက်နိုင်” ကြသည်မှာ ငါသည် လူ့ဇာတိခယူခဲ့သောကြောင့်သာ ဖြစ်သည်။ အကယ်၍ ငါသည် လူဇာတိမခံယူခဲ့သကဲ့သို့ ကောင်းကင်ဘုံ၌၊ ဝိညာဉ်လောက၌ ရှိနေဆဲဖြစ်ခဲ့မည်ဆိုပါက၊ လူတို့သည် ငါ့ကို “သိရှိ” ကြပေမည်။ ၎င်းတို့သည် ငါ့ကို ဦးညွှတ်ကာ ကိုးကွယ်ကြမည်ဖြစ်ပြီး၊ ၎င်းတို့၏ အတွေ့အကြုံများမှတစ်ဆင့် ငါနှင့်ပတ်သက်သည့် ၎င်းတို့၏ “အသိပညာ” အကြောင်း ပြောဆိုကြပေမည်။ သို့သော် ထိုကဲ့သို့သော အသိပညာ၏အသုံးဝင်မှုသည် မည်သည့်အရာ ဖြစ်မည်နည်း။ ရည်ညွှန်းချက်တစ်ခုအနေဖြင့် ၎င်း၏တန်ဖိုးသည် မည်သည့်အရာ ဖြစ်မည်နည်း။ လူတို့၏ အယူအဆများမှ လာသော အသိပညာသည် စစ်မှန်နိုင်မည်လော။ လူတို့၏ဦးနှောက်များ၏ အသိပညာကို ငါ မလိုချင်ပေ။ လက်တွေ့ကျသော အသိပညာကို ငါ လိုချင်သည်။
ငါ၏ ရည်ရွယ်ချက်များကို သင်တို့အလယ် အချိန်ပြည့် ထုတ်ဖော်ပြထားပြီး၊ ငါ၏အလင်းပေးခြင်းနှင့် အသိဉာဏ်ပွင့်လင်းစေခြင်းတို့သည် အချိန်တိုင်း ရှိ၏။ ငါသည် ငါ၏ ဘုရားသဘောသဘာဝ၌ တိုက်ရိုက် ဆောင်ရွက်သည့်အခါတွင်၊ ယင်းသည် ဦးနှောက်မှ စိမ့်ထွက်လာသည် မဟုတ်သကဲ့သို့၊ “ဟင်းခတ်အမွှေးအကြိုင်” ထည့်စရာမလိုပေ။ ယင်းသည် ဘုရားသဘောသဘာဝ၏ တိုက်ရိုက် ဆောင်ရွက်ချက် တစ်ခု ဖြစ်သည်။ လူတို့သည် မည်သည့်အရာကို တတ်စွမ်းနိုင်သနည်း။ ဖန်ဆင်းခြင်းအချိန်မှ ယနေ့အထိတိုင် အရာရာတိုင်းကို ငါက ကိုယ်တိုင်ကိုယ်ကျ ဆောင်ရွက်ပြီးဖြစ်သည် မဟုတ်လော။ အတိတ်တွင် ခုနှစ်ဆပြင်းထန်သော ဝိညာဉ်တော်အကြောင်း ငါ ပြောဆိုခဲ့သော်လည်း၊ မည်သူမျှက သူ၏ အနှစ်သာရကို နားမလည်နိုင်ခဲ့ပေ။ ယင်းကို ၎င်းတို့ သတိပြုမိကြသည့် အချိန်တွင်ပင်၊ ပြီးပြည့်စုံသည့် သိနားလည်မှု ရှိနိုင်စွမ်း မရှိခဲ့ကြချေ။ ဤအမှုကို လူတို့က သဘာဝလွန်ဖြစ်ရပ်မဟုတ်ဘဲ ပုံမှန်ဖြစ်ဖို့ ယုံကြည်ကြသည့် အခြေအနေများ၌ ဆောင်ရွက်ထားခြင်း ဖြစ်သောကြောင့်၊ ငါသည် ဘုရားသဘောသဘာဝက အုပ်စိုးထားသည့် လူ့သဘာဝ၌ အမှုပြုသည့်အခါတွင်၊ ယင်းကို သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်အဖြစ် ရည်ညွှန်းပေသည်။ ငါသည် ဘုရားသဘောသဘာဝ၌ တိုက်ရိုက် အမှုပြုသည့်အချိန်တွင်၊ ငါသည် လူတို့၏အယူအဆများအားဖြင့် ကန့်သတ်ထားခြင်း မခံရသောကြောင့်၊ ပြီးလျှင် ၎င်းတို့၏ အယူအဆများ၌ တည်ရှိသည်နှင့်အမျှ “သဘာဝလွန်ဖြစ်ရပ်” ၏ ကန့်သတ်ချက်များကို ငါမခံရသောကြောင့်၊ ဤအမှုသည် ချက်ချင်း သက်ရောက်မှုတစ်ခု ရှိ၏။ ယင်းသည် ကိစ္စရပ်၏ဗဟိုအချက်အချာသို့ ရောက်ပြီး၊ ဆိုလိုရင်းကို တည့်တည့်ထိမိသည်။ အကျိုးဆက်အနေဖြင့်၊ အမှု၏ ဤအဆင့်သည် သာ၍ ဖြူစင်သည်။ ယင်းသည် နှစ်ဆ ပိုမြန်သည်နှင့်အမျှ၊ လူတို့၏ သိနားလည်ခြင်းသည် အရှိန်မြှင့်လာပြီး၊ ငါ၏ နှုတ်ကပတ်တော်များသည် လူအားလုံးအား အမှီလိုက်ဖို့ အပူတပြင်း ဖြစ်စေလျက်၊ တိုးပွားကြလေသည်။ အကျိုးသက်ရောက်မှု ကွဲပြားသောကြောင့်၊ ငါ့အမှုတော်၏ နည်းလမ်းများ၊ သဘာဝနှင့် ပါဝင်သည့် အကြောင်းအရာတို့ မတူညီသောကြောင့် ထို့အပြင် ငါသည် လူဇာတိ၌ အမှုပြုရန် တရားဝင်စတင်ပြီဖြစ်သောကြောင့်၊ အထက်ကအမြင်၌ အမှုတော်၏ ဤအဆင့်ကို “ခုနှစ်ဆပြင်းထန်သော ဝိညာဉ်၏ အမှု” အဖြစ် ရည်ညွှန်းထားခြင်း ဖြစ်သည်။ ယင်းသည် စိတ်ကူးသက်သက်ဖြစ်သော အရာတစ်ခု မဟုတ်ပေ။ သင်တို့၌ ငါအမှုပြုခြင်း နည်းလမ်း၌ တိုးတက်မှုများ နောက်နှင့် နိုင်ငံတော် ရောက်ရှိခြင်းနောက်တွင်၊ ခုနှစ်ဆ ပြင်းထန်သော ဝိညာဉ်သည် စတင်အမှုပြုပြီး၊ ဤအမှုသည် စဉ်ဆက်မပြတ် သာ၍ နက်ရှိုင်းလာပြီး ပိုမိုပြင်းထန်လာလေသည်။ လူအပေါင်းတို့က ဘုရားသခင်ကို ရှုမြင်ကြပြီး ဘုရားသခင်၏ ဝိညာဉ်တော်သည် လူသားအလယ် ရှိသည်ကို ၎င်းတို့အားလုံး မြင်တွေ့ကြချိန်တွင်၊ ငါ၏ လူ့ဇာတိခံခြင်းနှင့်ဆိုင်သည့် ပြည့်ဝသော အရေးပါမှုက သိသာထင်ရှားပေသည်။ အကျဉ်းချုပ်စရာမလိုပေ။ ဤအရာကို လူတို့က အလိုအလျောက် သိကြသည်။
ငါ အမှုပြုသည့် နည်းစနစ်များ၊ ငါ့အမှု၏ အဆင့်များ၊ ယနေ့ ငါ့နှုတ်ကပတ်တော်များ၏ သဘောသွား စသည်တို့ကို- အချက်များစွာကို ထည့်သွင်း စဉ်းစားလျက်၊ ယခု ငါ့နှုတ်မှ လာသည့်အရာသည်သာ “ဝိညာဉ်တော် ခုနစ်ပါး၏ မိန့်မြွက်ချက်များ” အစစ်အမှန် ဖြစ်သည်။ အတိတ်တွင်ပါ ငါ စကားပြောဆိုခဲ့သော်လည်း၊ ယင်းမှာ အသင်းတော်တည်ဆောက်ခြင်း အဆင့်အတောအတွင်း ဖြစ်ခဲ့ပေသည်။ ယင်းမှာ ဝတ္ထုစာအုပ်တစ်အုပ်ထဲက နိဒါန်းနှင့် မာတိကာများကဲ့သို့ ဖြစ်သည်- ယင်းသည် အနှစ်သာရမရှိခဲ့ပေ။ ယနေ့၏ မိန့်မြွက်ချက်များကိုသာ ယင်းတို့၏ အနှစ်သာရအရ ဝိညာဉ်တော် ခုနစ်ပါး၏ မိန့်မြွက်ချက်များဟု ခေါ်ဆိုနိုင်သည်။ “ဝိညာဉ်တော် ခုနှစ်ပါး၏ မိန့်မြွက်ချက်များ” သည် ပလ္လင်တော်မှလာသည့် မိန့်မြွက်ချက်များကို ရည်ညွှန်းသည်၊ ယင်းမှာ ထိုအရာတို့ကို ဘုရားသဘောသဘာဝ၌ တိုက်ရိုက် မိန့်မြွက်ထားသည်ဟု ဆိုရပေမည်။ ငါ၏ မိန့်မြွက်ချက်များသည် ကောင်းကင်ဘုံ၏ နက်နဲမှုများကို ဖော်ထုတ်ပြခြင်းအဖြစ်သို့ ပြောင်းလဲသည့် အခိုက်အတန့်သည် ငါက ဘုရားသဘောသဘာဝ၌ တိုက်ရိုက်မိန့်မြွက်သည့် အခိုက်အတန့်ဖြစ်ခဲ့သည်။ တစ်နည်းအားဖြင့်၊ လူ့သဘာဝ၏ ကန့်သတ်ချုပ်ချယ်မှုမခံရဘဲနှင့်၊ ငါသည် ဝိညာဉ်လောက၏ နက်နဲမှုများနှင့် အခြေအနေအားလုံးကို တိုက်ရိုက် ထုတ်ဖော်ပြသည်။ ငါသည် ယခင်က လူ့သဘာဝ၏ ကန့်သတ်မှုများ မခံခဲ့ရဟု အဘယ်ကြောင့် ငါ ပြောသနည်း။ ဤအရာသည် ရှင်းပြချက်လိုအပ်၏။ လူတို့၏ အမြင်များတွင်၊ ကောင်းကင်ဘုံ၏ နက်နဲမှုများကို မည်သူမျှ ထုတ်ဖော်ပြနိုင်စွမ်းမရှိပေ။ ဘုရားသခင် ကိုယ်တိုင်အတွက် မဟုတ်ပါက၊ ကမ္ဘာမြေပေါ်ရှိ မည်သူမျှက ဤနက်နဲမှုများကို သိနိုင်မည် မဟုတ်။ ထို့ကြောင့်၊ ငါသည် လူတို့၏ အယူအဆများကို ကိုင်တွယ်ပြီး အတိတ်တွင် မည်သည့် နက်နဲမှုများကိုမျှ ငါ မထုတ်ဖော်ပြခဲ့သည့် အကြောင်းရင်းမှာ ငါသည် လူသားမျိုးနွယ်၏ ကန့်သတ်ချက်များကို ခံခဲ့ရသောကြောင့် ဖြစ်သည်ဟု ငါပြောပေသည်။ သို့သော် သာ၍ တိကျစွာဆိုရပါက၊ ဤသို့ မဟုတ်ပေ။ ငါ၏အမှုတော် ကွဲပြားသည်နှင့်အမျှ၊ ငါ့နှုတ်ကပတ်တော်များ၏ ပါဝင်သည့်အကြောင်းအရာများ ကွဲပြားသည်၊ ထို့ကြောင့် ဘုရားသဘောသဘာဝ၌ ငါ၏အမှုတော်ကို ငါ စတင် ထမ်းဆောင်ခဲ့ချိန်တွင်၊ နက်နဲမှုများကို ငါ ထုတ်ဖော်ပြခဲ့သည်။ အတိတ်တွင် လူအားလုံးက ပုံမှန်အဖြစ် မြင်ခဲ့ကြသည့် အခြေအနေများ၌ ငါ အမှုပြုခဲ့ရပြီး၊ ငါပြောဆိုခဲ့သော နှုတ်ကပတ်တော်များကို လူတို့၏ အယူအဆများဖြင့် စွမ်းဆောင် ရရှိနိုင်စွမ်း ရှိခဲ့ကြသည်။ နက်နဲမှုများကို ငါ စတင် ထုတ်ဖော်ပြခဲ့ချိန်တွင်၊ ဤအရာများထဲမှ တစ်ခုကိုမျှ လူတို့၏ အယူအဆများက ကြိုးပမ်းမရရှိနိုင်ပေ- ယင်းတို့သည် လူတို့၏ အတွေးနှင့် မတူခဲ့ပေ။ ထို့ကြောင့် ငါသည် ဘုရားသဘောသဘာဝ၌ စကားပြောဆိုခြင်းသို့ တရားဝင် စတင်ပြောင်းလဲခဲ့ပြီး ဤသည်တို့မှာ အမှန်တွင် ဝိညာဉ်တော် ခုနစ်ပါး၏ မိန့်မြွက်ချက်များ ဖြစ်ခဲ့ပေသည်။ အတိတ်ကာလ၏ နှုတ်ကပတ်တော်တို့သည် ပလ္လင်မှ မိန့်မြွက်ချက်များ ဖြစ်ခဲ့သော်လည်း၊ ယင်းတို့ကို လူတို့ ကြိုးပမ်း ရရှိနိုင်ခဲ့သည့်အရာအပေါ် အခြေပြု၍ ပြောဆိုထားခဲ့ခြင်း ဖြစ်သည်၊ ထို့ကြောင့် ယင်းတို့ကို ဘုရားသဘောသဘာဝ၌ တိုက်ရိုက် မိန့်မြွက်ထားခဲ့ခြင်းမဟုတ်ပေ- အကျိုးဆက်အနေဖြင့်၊ ယင်းတို့သည် အမှန်တွင် ဝိညာဉ်တော် ခုနစ်ပါး၏ မိန့်မြွက်ချက်များ မဟုတ်ပေ။