၅၂ ဘုရားသခင်သည် ကျွန်ုပ်တို့အလယ်၌ ရှိသည်

၁ ကျွန်ုပ်တို့ ကမ္ဘာမြေအနှံ့မှ လာကြသည်။ ဘုရားသခင်၏အိမ်တော်၌ ကျွန်ုပ်တို့ အတူတကွ ဆုံတွေ့ကြ။ ဘုရားသခင်၏ နှုတ်ကပတ်တော်၏ ထောက်ပံ့ခြင်းကို ကျွန်ုပ်တို့ခံရပြီး သိုးသငယ်၏ မင်္ဂလာစားသောက်ပွဲကို ကျွန်ုပ်တို့ တက်ရောက်။ နောက်ဆုံးသောကာလ၏ ခရစ်တော်သည် စာတန်နှင့် တိုက်ပွဲတွင် ကျွန်ုပ်တို့ကို ဦးဆောင်သည်။ လမ်းခရီးက အတက်အကျများဖြင့် ပြည့်နှက်ပြီး ဆင်းရဲဒုက္ခများကို ကျွန်ုပ်တို့ သည်းခံသည်။ ကျွန်ုပ်တို့ကို လမ်းပြဖို့ ဘုရားသခင်၏ နှုတ်ကပတ်တော်များ ရှိခြင်းအားဖြင့်၊ ကျွန်ုပ်တို့အနားမှာ သူ၏ ချစ်ခြင်းနှင့်အတူ၊ အမှောင်စွမ်းအားတို့ကို ကျွန်ုတို့ ထိုးဖောက်ကာ ကျွန်ုပ်တို့၏ တိုက်ပွဲကို ရှေ့တက်တိုက်ခိုက်ကြပေ။ ဘုရားသခင်၏ ဘုန်းတန်ခိုးနှင့် ဉာဏ်ပညာကို မြင်ကာ ကျွန်ုပ်တို့၏ ယုံကြည်မှု အားကောင်းလာ။ ဘုရားသခင်ကို ကျွန်ုပ်တို့ သက်သေခံနေကြပေ။ သူ၏ အပြုံးကို မြင်ရခြင်းက ကျွန်ုပ်တို့ စိတ်နှလုံးကို ဝမ်းမြောက်စေ။

၂ သမ္မာတရားကို လိုက်လျှောက်ကာ သန့်စင်ပေးခြင်းခံရဖို့နှင့် ဘုရားသခင်၏ စုံလင်ခြင်းကို ရရှိဖို့၊ တရားစီရင်ခြင်း၊ စမ်းသပ်မှုများကို ကျွန်ုပ်တို့ လက်ခံကာ ဘုရားနှုတ်ကပတ်တော်၏ စစ်ဆေးခြင်းများကို ကျွန်ုပ်တို့ လက်ခံသည်။ အားနည်းသောအခါ ကျွန်ုပ်တို့ အချင်းချင်း ကူညီပြီး တစ်ယောက်နှင့်တစ်ယောက် တွန်းအားပေးသည်။ ဘုရားသခင့်နှုတ်ကပတ်တော်များအား စားသောက်ခြင်း၏ ချိုမြိန်မှုနှင့် ဝမ်းမြောက်မှုတို့ကို ကျွန်ုပ်တို့ မျှဝေသည်။ နားလည်ခြင်းက ကျွန်ုပ်တို့ ဝိညာဉ်များကို နှောင်ဖွဲ့သည်။ နောက်ထပ်စကားများ ကျွန်ုပ်တို့ မလိုတော့။ ဘုရားသခင်၏ ချစ်ခြင်းက ကျွန်ုပ်တို့ကို တင်းကြပ်စွာ ရစ်ပတ်သည်။ သူ၏ နှုတ်ကပတ်တော်တို့သည် ကျွန်ုပ်တို့ စိတ်နှလုံးများအား ပေါင်းစပ်ပေးသည်။ ကျွန်ုပ်တို့ဘေးတွင် ဘုရားသခင်နှင့်အတူ နိုင်ငံတော်တွင်းရှိ အသက်တာသည် ဝမ်းမြောက်မှုပင်။ ဘုရား၏ချစ်ခြင်းကို ပြန်လည်ပေးဆပ်ဖို့ လေးလံသောဝန်ကို ကျွန်ုပ်တို့ ထမ်းဆောင်မည်။ ဘုရားနှုတ်ကပတ်တော် ကမ္ဘာမြေတစ်လျှောက် ပျံ့နှံ့ဖို့ရန်၊ ကျွန်ုပ်တို့ ညီအစ်ကိုမောင်နှမများ ကျွန်ုပ်တို့၏ခပ်သိမ်းကို ပေးဆပ်သည်။ ဘုရားသခင်၏ အလိုတော်ကို ဆောင်ရွက်ရန် ဖြစ်ပေ။ ဘုရားသခင်၏ အလိုတော်ကို ဆောင်ရွက်ရန် ဖြစ်ပေ။ လက်တွဲလုပ်ဆောင်လျက် ကျွန်ုပ်တို့ ဆက်လက်၍ ဆုတောင်းပြီး အချင်းချင်း တိုက်တွန်းကြသည်။ လှပသောမနက်ဖြန်ဆီသို့ ဘုရားသခင်ခေါ်ဆောင်သည်။ ဘုရားသခင်ကို ချစ်ရန် သူ၏အလိုတော်ကို လုပ်ဆောင်ရန် အစဉ်ထာဝရ ကျွန်ုပ်တို့ ကြိုးပမ်းသည်။ ဘုရားသခင်၏ တိုက်တွန်းအားပေးမှုတို့ကို ကျွန်ုပ်တို့ စိတ်ထဲတွင် ထိန်းသိမ်းကာ ကိုယ်တော်ကို သက်သေခံရာ၌ သစ္စာရှိပါမည်။

အရှေ့သို့- ၅၁ ဘုရားသခင် ရှေ့မှောက်၌ ရှင်သန်ခြင်းက ကြီးစွာသော ဝမ်းမြောက်ခြင်းပေ

နောက်တစ်ခုသို့- ၅၃ ဘုရားသခင်၏ ရှေ့မှောက်သို့ ပြန်လာရန်မှာ အမှန်တကယ် ကောင်းချီးမင်္ဂလာတစ်ခု ဖြစ်သည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၄၉၆ အသက်တာ တိုးပွားရန် သမ္မာတရားကို ပိုမိုလက်တွေ့လိုက်လျှောက်ပါ

၁လူတို့လိုအပ်နေသော သမ္မာတရားကိုဘုရား၏ နှုတ်ကပတ်တော်၌ တွေ့ရသည်။ထိုသမ္မာတရားသည် လူသားတို့အားအကျိုးကျေးဇူး အများဆုံး ဖြစ်စေသည်။၎င်းသည်...

၁၀၁၈ ဘုရားရဲ့ အောင်နိုင်မှုသင်္ကေတများ

၁လူတို့ကို နဂိုပုံစံအတိုင်းပြန်ဖြစ်စေတယ်သူတို့တာဝန် သူတို့ကျေပွန်ပြီး ကိုယ့်နေရာမှာကိုယ်နေဘုရားရဲ့အစီအစဉ်အားလုံးကို နာခံမယ်ဘုရားသည်...

၈၈၉ ဘုရားသခင် လူသားကို ကယ်တင် လို့သူလုံးဝ ကယ်တင်မယ်

၁ဘုရား လူသားကို ဖန်ဆင်းလို့ သူ ဦးဆောင်လမ်းပြကာ လူတွေကို ကယ်တင်လို့ သူ့ကို လုံးဝကယ်တင် ရရှိမယ် ဘုရား ဦးဆောင်လို့ လူသားတို့ပန်းတိုင်မှန်ကို...

၄၉ မြေကြီးတစ်ခုလုံး ဝမ်းမြောက်ရွှင်လန်း၍ ဘုရားသခင်ကို ချီးမွမ်းကြစေ

၁ အရာအားလုံးကိုစီမံအုပ်ချုပ်သူ တစ်ဆူတည်း စစ်မှန်သည့်ဘုရား -အနန္တတန်ခိုးရှင် ဘုရားသခင်၊ နောက်ဆုံးသောကာလ၏ခရစ်တော်ထိုအရာသည် သန့်ရှင်းသော...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။