၄။ လှည့်စားခံရသော စိတ်ဝိညာဉ်တစ်ခု၏ နိုးထမှု

ယွမ်ကြည်၊ ဘရာဇီးလ်နိုင်ငံ

ကျွန်တော်သည် တရုတ်ပြည်မြောက်ပိုင်းရှိ မြို့ငယ်လေး တစ်ခုတွင် မွေးဖွားခဲ့ပြီး၊ ၂၀၁၀ ခုနှစ်တွင် ဘရာဇီးလ်နိုင်ငံသို့ ဆွေမျိုးများနောက် လိုက်ခဲ့သည်။ ဤဘရာဇီးလ်နိုင်ငံတွင် ဒေသနာ အချို့နားထောင်ဖို့ ကျွန်တော့်ကို ဘုရားကျောင်းသို့ ခေါ်ဆောင်ခဲ့သည့် ခရစ်ယာန် သူငယ်ချင်း တစ်ယောက်နှင့် သိကျွမ်းခဲ့သည်၊ သုံးခေါက် လည်ပတ်ပြီးသည့်နောက် ကျွန်တော် မည်သည့်အရာကိုမျှ မခံစားရ သေးပါ။ ထို့နောက်ပိုင်းတွင် ကျွန်တော် အမှန်တကယ် အလုပ်ရှုပ် ခဲ့သောကြောင့် ကျွန်တော့် သူငယ်ချင်းက ကျွန်တော့်ကို ဘုရားကျောင်းသို့ နောက်တစ်ကြိမ် ခေါ်ဆောင်သည့်အချိန် ၂၀၁၅ ခုနှစ် ဇွန်လထဲက ရက်တစ်ရက်အထိ ဘုရားကျောင်းကို တစ်ဖန် ပြန်မသွားခဲ့ပါ။ ထိုအချိန်က ညီအစ်ကိုမောင်နှမများ ဝေမျှသည့်အရာမှ တစ်ဆင့် သခင်ယေရှုကို ရွေးနှုတ်ကယ်တင်သူတစ်ပါးအနေဖြင့် နားလည်သဘောပေါက်မှု တစ်ချို့ကို နောက်ဆုံးတွင် ကျွန်တော် ရရှိခဲ့သည်။ အထူးသဖြင့် ကမ္ဘာဦးကျမ်းကို ကျွန်တော် ပထမဆုံး ဖတ်ရသည့်အချိန်တွင်၊ လူကို ဘုရားသခင်က အမှန်တကယ် ဖန်ဆင်း တော်မူခဲ့ကြောင်း၊ ဘုရားသခင်က အရာအားလုံးကို ဖန်ဆင်းခဲ့ ကြောင်းတို့ကို ကျွန်တော် နားလည်သဘောပေါက်ခဲ့ပြီး၊ ဖန်ဆင်းရှင် သည် အမှန်တကယ် အံ့သြဖွယ်ကောင်းသည်ဟု ကျွန်တော် ခံစားခဲ့ ရသည်။ ကျွန်တော် ကျောင်းတက်စဉ်က ဖတ်စာအုပ်များအားလုံးက လူသည် လူဝံ၊ မျောက် အစရှိသော အဆင့်မြင့်ဆုံးသည့် နို့တိုက် သတ္တဝါများမှ အဆင့်ဆင့် ပြောင်းလဲဖြစ်ပေါ်လာကြောင်းနှင့် ကမ္ဘာ ပေါ်ရှိ အရာအားလုံးသည် သဘာဝအလျောက် ဖြစ်ပေါ်လာကြောင်း တို့ကို ကျွန်တော့်အား သင်ကြားပေးခဲ့သည်- အမှန်မှာမူ ကျွန်တော် သည် ဆယ်စုနှစ်နှစ်ခုကျော်ကြာ လှည့်စားခံခဲ့ရခြင်း ဖြစ်သည်။ သမ္မာကျမ်းစာကို ဖတ်ရှုပြီးနောက်မှသာလျှင် ကျွန်တော် အပြည့်အဝ နိုးထခဲ့ပြီး၊ ထိုအချိန်မှစကာ သခင်ယေရှုကို ကျွန်တော် စတင်ယုံကြည် ခဲ့သည်။

၂၀၁၅ ခုနှစ်နှောင်းပိုင်းတွင် တရုတ်ပြည်၌ ငါးလကြာပြီးနောက် ဘရာဇီးလ်နိုင်ငံသို့ ကျွန်တော် ပြန်သွားခဲ့သည်။ ဤတစ်ကြိမ်တွင် ပုံမှန် အလုပ်တစ်ခုကို ရှာဖွေပြီး၊ ကောင်းမွန်စွာ အခြေချဖို့ ဆုံးဖြတ်ခဲ့ သည်။ သို့သော်လည်း အမှုအရာများသည် စီစဉ်ထားသကဲ့သို့ အမြဲတမ်း ဖြစ်မလာခဲ့ပါ။ ကျွန်တော့်ကို အလွန်စိတ်အနှောင့်အယှက် ပေးပြီး စိုးရိမ်စေလျက်၊ အလုပ်နှင့် ဖြစ်စေ၊ ကျွန်တော့် ကိုယ်ပိုင် ဘဝနှင့်ဖြစ်စေ အဆင်ပြေချောမွေ့ခြင်း မရှိခဲ့ပါ။ တစ်ညနေတွင် ညည်းညူဖို့ ကျွန်တော့်၏ ခရစ်ယာန်သူငယ်ချင်းကို ဖုန်းဆက်ခဲ့ပြီး၊ သူက “ကိုယ့်ကိုယ့်ကိုယ် ဆိတ်ငြိမ်အောင်လုပ်ပြီး၊ သခင့်ကို ဆုတောင်း ပါ၊ ပြီးတော့ သခင်က မင်းအတွက် အရာအားလုံးကို ဘယ်လို စီစဉ် တယ်ဆိုတာ မင်းကြည့်လိုက်” ဟု ကျွန်တော့်ကို ပြောခဲ့သည်။ ထို့ကြောင့် ကျွန်တော်က မိမိ၏နှလုံးသားကို ဆိတ်ငြိမ်စေပြီး သခင့်ကို ဆုတောင်းခဲ့သည်၊ “သခင်ယေရှု၊ အလုပ်မှာ ကျွန်တော် ဘယ်လို ကိုင်တွယ်ဖြေရှင်းရမှန်းမသိတဲ့ ပြဿနာတစ်ချို့ကို ကြုံတွေ့ရပါ တယ်။ သခင်၊ ကိုယ်တော့်ဆီက အကူအညီတစ်ချို့ကို လက်ခံရ ရှိနိုင်ဖို့ ကျွန်တော် မျှော်လင့်ပါတယ်။” အံ့အားသင့်ဖွယ်ရာပင် လေးရက်ကြာ ပြီးနောက်၊ ကျွန်တော့် အလုပ်ရှင်က ကျွန်တော့်ကို အလုပ်သို့ပြန် လာရန် ဖုန်းဆက်ပြီး၊ တောင်းဆိုခဲ့သည်။ ကျွန်တော့်မှာ ပီတိဖြာပြီး၊ သခင်ယေရှုက ကျွန်တော့် ဆုတောင်းချက်များအား နားညောင်း သည်ကို ကျေးဇူးတင်ခဲ့သည်။ ထို့နောက်တွင် ပိုမိုများပြားသော သခင့်ကျေးဇူးတော်ကို ကျွန်တော် လက်ခံရရှိခဲ့သောကြောင့် အလုပ်မှ နားရက် ယူရလျှင်ပင်၊ သူ့ချစ်ခြင်းမေတ္တာကို ပြန်လည်ပေးဆပ်ဖို့ သီတင်းပတ်တိုင်း ကျွန်တော် ဝတ်ပြုစုဝေးပွဲများကို စတင်တက်ရောက် ခဲ့သည်။

၂၀၁၆ ခုနှစ် ဇွန်လတွင် စတင်ကာ၊ အသင်းတော် ဝတ်ပြုစုဝေး ပွဲများကို ကျွန်တော် တက်ရောက်ခဲ့ရုံသာမက၊ ဖေ့စ်ဘွတ်ခ်တွင် သူငယ်ချင်းများနှင့် သမ္မာကျမ်းစာပိုဒ်များကိုလည်း ဝေမျှခဲ့သည်၊ ထို့အပြင် သခင့်ကို ပိုမိုနားလည်သဘောပေါက်ခြင်း ရရှိနိုင်ရန် ဖေ့စ်ဘွတ်ခ်တွင် ပါရှိသည့် အကြောင်းအရာများကို လျှောက်ကြည့် ခဲ့သည်။ သူတို့ အချိန်ရသည့်အခါတွင် ကျွန်တော်နှင့် သမ္မာကျမ်း စာပိုဒ်များကို ဝေမျှကြသည့် သူငယ်ချင်းများအားလုံး ကိုလည်း ကျွန်တော့် အကောင့်ထဲ ထည့်သွင်းခဲ့သည်။ ဤသည်မှာ ကျွန်တော့် အတွက် အလွန်အမင်း အကျိုးကျေးဇူးရှိလေသည်။ တစ်နေ့တွင် ဖေ့စ်ဘွတ်ခ် လျှောက်ကြည့်နေစဉ်၊ “အပြစ်စီရင်ခြင်းနှင့် ဘုရားဆင်း ကြွလာ” ဆိုသည့် သရုပ်ဖော်ရေးသားချက် တစ်ခုဖြင့် ဗီဒီယိုတစ်ခုကို တွေ့ခဲ့သည်- ဤအရာက ကျွန်တော့် အာရုံကို ချက်ချင်း ဖမ်းစား ခဲ့သည်။ စူးစမ်းသိချင်စွာဖြင့်၊ ယင်းကို ကျွန်တော် နှိပ်လိုက်သည်။ ယင်းသည် အလွန် ကောင်းမွန်စွာ ရိုက်ကူးပြုလုပ် ထားသည်ကို ကျွန်တော် အားရကျေနပ်ဖွယ်ရာ အံ့အားသင့်ခဲ့လေသည်။ ရှင်းရှင်း ပြောရလျှင်၊ ၎င်းမှာ လက်ဖျားခါလောက်သည်။ ဤထည်ဝါသော၊ သြဇာပြည့်လျှမ်းသော သီဆိုမှု၊ ပြင်းထန်သောစိတ်ခံစားချက်ကို ဖြစ် ပေါ်စေသည့် စာသားနှင့် သီဆိုဖျော်ဖြေမှုတွင် လူတိုင်း၏ စိတ်အား ထက်သန်မှုတို့အားဖြင့် ကျွန်တော် ဆွဲဆောင်ခံရလေသည်။ ၎င်းကို သေချာစွာ ကြည့်လိုက်သည့်အခါ၊ ထိုဗီဒီယိုသည် အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်မှ ဖြစ်သည်ကို ကျွန်တော် တွေ့ရလေသည်။ ကျွန်တော်က “ဖျော်ဖြေသူတွေအားလုံးက အဲဒီထဲမှာ တကယ့်ကို စိတ်အားထက်သန်မှုနဲ့ ဖျော်ဖြေကြတယ်- အဲဒါက သူတို့ဟာ ဘုရား သခင် ကြားဖို့အတွက် သီဆိုနေကြသလိုပဲ။ အနန္တတန်ခိုးရှင် ဘုရား သခင် အသင်းတော်က လုံးဝကို မဆိုးတဲ့သဘောရတယ်။ ဒါဟာ သူတို့ အကြောင်းကို ငါ ပထမဆုံး ကြားဖူးတာပဲ။ ငါအခွင့်ရခဲ့ရင်၊ သူတို့နဲ့ ဆက်သွယ်သင့်တယ်” ဟု ကျွန်တော် တွေးမိခဲ့သည်။

တစ်နေ့တွင် ထိုဗီဒီယိုအတွက် လင့်ခ်ကို ဖေ့စ်ဘွတ်ခ် သူငယ်ချင်း တစ်ယောက် ဖြစ်ပြီး သမ္မာကျမ်းစာအကြောင်း ကျွန်တော် မကြာခဏ ဆွေးနွေးလေ့ရှိသည့် အစ်မရမ်ကို ကျွန်တော် ပို့ပေးခဲ့သည်။ သူမက လည်း ၎င်းကို အမှန်တကယ် နှစ်သက်ပြီး၊ သူမက အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အကြောင်း ပို၍ သင်ယူ လေ့လာရာတွင် စိတ်ဝင်းစားသည်ဟု ပြောခဲ့သည်။ ဤအသင်းတော်သည် အမှန် တကယ်ပင် အလွန်ထူးခြားပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုတော်ဖြင့် ပြည့်ဝနေသည်ဟု သူမက ခံစားခဲ့ရသည်။ ထို့နောက် ထိုဗီဒီယိုကို ကျွန်တော့် ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင်ဝေမျှခဲ့သော်လည်း အံ့အားသင့်စွာပင် ကျွန်တော့် သူငယ်ချင်းများထဲမှ တစ်ယောက်က ၎င်းကို ကြည့်ရှုပြီး၊ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်သည် မကောင်းကြောင်း ကျွန်တော့်ကို ပြောခဲ့သည့်အပြင်၊ ၎င်းအကြောင်း အပျက်သဘောဆောင်သည့် အကြောင်းအရာ မျိုးစုံကိုလည်း ကျွန်တော့်ထံသို့ ပေးပို့ခဲ့သည်။ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ပြစ်မှားစော်ကားပြီး၊ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ကို ပြစ်တင်ရှုတ်ချထားသည့် စာပေများအားလုံးကို မြင်ရခြင်းက ကျွန်တော့်ကို အမှန်တကယ် ကြောက်လန့်စေပြီး၊ ကျွန်တော်က “ဒီအသင်းတော်က ကောင်းပုံရပါတယ်- ဘယ်သူကများ သူတို့နဲ့ ဘယ်လိုလုပ်ပြီး ပြဿနာရှိနိုင်ရတာလဲ” ဟု တွေးမိသည်။ ထိုဗီဒီယိုကို ကျွန်တော် နောက်တစ်ခါ သွားကြည့်သည့်အချိန်တွင် ခရစ်တော်၏ အယောင်ကိုဆောင်သောသူသည် နောက်ဆုံးသောကာလတွင် ပေါ်ထွန်းလာမည်ဟု ဒေသနာတစ်ခုတွင် ကျွန်တော့် သင်းအုပ်ဆရာက တစ်ခါပြောဖူးသည့် အရာတစ်ခုကို ရုတ်တရက် ပြန်ပြောင်းတွေး မိခဲ့သည်။ သခင်ယေရှု၏ လမ်းကြောင်းမှ ကျွန်တော် လမ်းလွဲပါက၊ ကျွန်တော့်အတွက် အားလုံး ပြီးဆုံးသွားမည် မဟုတ်ပါလား။ ၎င်းမှာ ဉပက္ခာပြုထား၍မရနိုင်သည့် အရာတစ်ခုဖြစ်မှန်း ကျွန်တော် သိခဲ့ သောကြောင့်၊ ၎င်းကို မကြည့်ဖို့ ထိုအချိန်တွင်ပင် ကျွန်တော် ဆုံးဖြတ်ခဲ့သည်။ ကျွန်တော်က အစ်မရမ်ကို ချက်ချင်း ဆက်သွယ်ပြီး၊ သူမကို ထိုအခြေအနေအား ရှင်းပြခဲ့သည်။ သူမ၏ အဖြေမှာ “အဲဒါဟာ မှန်လား မှားလားဆိုတာ ဆုံးဖြတ်ပေးဖို့ တစ်ဖက်သတ်အမြင်ကိုပဲ အားကိုးလို့ မရဘူးလေ။ ဒါက သခင့်သွန်သင်ချက်တွေနဲ့ မကိုက်ညီ ဘူး။ သခင့်ထဲက အစ်မတို့ ယုံကြည်သူတွေအားလုံးက သူ့ရဲ့ပြန်ကြွ လာခြင်းကို စောင့်မျှော် နေကြပြီး၊ အခုချိန်မှာပဲ သူက ပြန်ကြွလာပြီး ဖြစ်တယ်လို့ လူတစ်ချို့က ပြောနေကြတယ်။ ဒါကို အစ်မတို့ စုံစမ်း စစ်ဆေးရမယ်လေ။ အစ်မတို့က အဲဒါကို မဆင်မခြင် အကဲဖြတ်ပြီး၊ ပြစ်တင်ရှုတ်ချရင်း လူအုပ်နောက်ပဲ လိုက်လို့မရဘူး။ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်က လူတစ်ချို့ကို ရှာကြပြီး၊ အဲဒါကို စုံစမ်းစစ်ဆေး ကြရအောင်။ အစ်မတို့က သူတို့ရဲ့ စရိုက်မှန်ကို မြင်ရ မှာပဲ- ဘယ်အစစ်ကိုမှ အတုဖြစ်အောင်လုပ်လို့မရသလို၊ ဘယ်အတု ကိုမှလဲ အစစ် ဖြစ်အောင် လုပ်လို့မရဘူး” ဟူ၍ဖြစ်သည်။ ကျွန်တော် က “အစ်မရမ်က မှန်တယ်။ သခင်ပြန်ကြွလာပြီဆိုတဲ့ ဧဝံဂေလိကို တစ်ယောက်ယောက်က ဟောကြားတာကို ငါကြားဖူးတာ ဒါဟာ တကယ်ကို ပထမဆုံးအကြိမ်ပဲ၊ ဒါ့အပြင် အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်ကို ပြစ်တင်ရှုတ်ချနေတဲ့ အင်တာနက်ပေါ်က အကြောင်း အရာက မှန်လား၊ မှားလားဆိုတာ ငါမသိဘူး။ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်က ရိုက်တဲ့ ဗီဒီယိုတွေနဲ့ ရုပ်ရှင်တွေက တော်တော် ကောင်းတယ်ဆိုတာ ငါမြင်ရတယ်။ အဲဒါတွေအကြောင်း ငါသွားပြီး၊ လေ့လာသင့်တယ်- အဲဒါဟာ သခင့်ပြန်ကြွလာခြင်းကို ချဉ်းကပ်ဖို့ တစ်ခုတည်းသော ယုတ္တိတန်တဲ့ နည်းလမ်းပဲ” ဟု တွေးမိသည်။ ထို့ကြောင့် အနန္တတန်ခိုးရှင်ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုတော်ကို အစ်မရမ်နှင့်အတူ စုံစမ်း စစ်ဆေးဖို့ ကျွန်တော် သဘောတူခဲ့သည်။

အစ်မရမ်က ဗီဒီယို၏ အဆုံးတွင် ချန်ထားသည့် ဆက်သွယ်ရန် လိပ်စာ အသေးစိတ်မှတစ်ဆင့် ဆက်သွယ်ခဲ့ပြီး၊ မြောက်အမေရိကရှိ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်၏ အစ်ကိုကျန်း နှင့် ဆက်သွယ်မှုရခြင်းဖြင့် အဆုံးသတ်ခဲ့သည်။ ကျွန်တော်တို့ သူနှင့် အွန်လိုင်းပေါ်တွင်ရှိသည်နှင့် တပြိုင်နက်၊ အစ်မရမ်နှင့် ကျွန်တော်က တူညီသော မေးခွန်းကို ဖော်ထုတ်မေးမြန်းခဲ့သည်။ “နောက်ဆုံးသော ကာလမှာ သခင် ပြန်လာမယ်ဆိုတာကို ကျွန်တော်တို့ နှစ်ယောက်လုံး သိပေမဲ့ သခင်ယေရှုက၊ ‘ထိုအခါ သူတပါးက ဤအရပ်၌ ခရစ်တော်ရှိသည်၊ ထိုအရပ်၌ရှိသည်ဟု ဆိုသော်လည်း မယုံကြနှင့်။ အကြောင်းမူကား၊ ခရစ်တော်၏အယောင်ကိုဆောင်သောသူနှင့် မိစ္ဆာပရောဖက်တို့သည် ပေါ်လာ၍ ရွေးချယ်သောသူတို့ကိုပင် လှည့်ဖြားနိုင်လျှင် လှည့်ဖြားလောက်အောင် ကြီးစွာသောနိမိတ်လက္ခဏာ၊ အံ့ဖွယ်သောအမှုတို့ကို ပြကြလိမ့်မည်။’ (ရှင်မဿဲခရစ်ဝင် ၂၄:၂၃-၂၄) လို့ပြောထားတယ်၊ အစ်ကို ကျန်းရေ၊ နောက်ဆုံးသောကာလမှာ ခရစ်တော်ရဲ့အယောင်ကိုဆောင်တဲ့သူတွေက လူတွေကို လှည့်စားဖို့ ပေါ်ပေါက်လာတယ်ဆိုတဲ့ ကိစ္စနဲ့ပတ်သက်ပြီး အစ်ကို ဘယ်လို ထင်လဲ။”

အစ်ကိုကျန်းက “သခင်ယေရှုက ကျွန်တော်တို့ကို သတိပေးဖို့ ဒီအရာတွေကို ပြောခဲ့တယ်။ ကိုယ်တော်က နောက်ဆုံးသောကာလ အတွင်း ပြန်ကြွလာတဲ့အချိန်မှာ၊ ခရစ်တော်ရဲ့ အယောင်ကိုဆောင်တဲ့ သူတွေလည်း ပေါ်လာမယ်။ သခင်ရဲ့ အလိုတော်က ကျွန်တော်တို့တွေ ခရစ်တော်ရဲ့ အယောင်ကို ဆောင်တဲ့လူရဲ့ လှည့်စားမခံအောင် ထိုးထွင်းသိမြင်မှု ရရှိစေချင်တာ ဖြစ်တယ်။ ဒါပေမဲ့ ကျွန်တော်တို့ သခင်ပြန်ကြွလာပြီလို့ ပြောတဲ့ လူမှန်သမျှကို သိမ်းကျုံးငြင်းပယ်လိုက် ဖို့ မဟုတ်သလို၊ သူတို့ကို ဝေဖန်အကဲဖြတ်ပြီး ပြစ်တင်ရှုတ်ချတဲ့ အထိတောင် လုပ်လိုက်ဖို့ သူက ဒါကို ပြောခဲ့တာ မဟုတ်ဘူး။ ဒါဟာ သခင်ယေရှုရဲ့ နှုတ်ကပတ်တော်တွေနဲ့ပတ်သက်တဲ့ ကျွန်တော်တို့ရဲ့ အဓိပ္ပာယ်ကောက်လွဲမှု ဖြစ်တယ်။ သခင်ယေရှုက ခရစ်တော်ရဲ့ အယောင်ကိုဆောင်သူတွေက ဘာလဲ ဆိုတဲ့အကြောင်း ရှင်းရှင်း လင်းလင်း ပြောထားတယ်။ ‘အကြောင်းမူကား၊ ခရစ်တော်၏အယောင်ကိုဆောင်သောသူနှင့် မိစ္ဆာပရောဖက်တို့သည် ပေါ်လာ၍ ရွေးချယ်သောသူတို့ကိုပင် လှည့်ဖြားနိုင်လျှင် လှည့်ဖြားလောက်အောင် ကြီးစွာသောနိမိတ်လက္ခဏာ၊ အံ့ဖွယ်သောအမှုတို့ကို ပြကြလိမ့်မည်။(ရှင်မဿဲ ခရစ်ဝင် ၂၄:၂၄) ခရစ်တော်ရဲ့ အယောင်ကို ဆောင်တဲ့သူတွေ ရဲ့ သိသာ ထင်ရှားတဲ့ ဝိသေသလက္ခဏာတွေကတော့ အံ့ဖွယ်သောအမှု တွေပြ၊ နိမိတ်လက္ခဏာတွေကို ပြုလုပ်၊ အနာတွေငြိမ်းစေပြီး၊ မကောင်းဆိုးဝါး တွေကို မောင်းထုတ်တာတို့ လုပ်ရင်း သူတို့က သခင်ယေရှုရဲ့ အမှုတော်ကို အတုခိုးတာဖြစ်တယ်။ ဒါတွေက ခရစ်တော်ရဲ့ အယောင်ကိုဆောင်ထားတဲ့ သူတွေရဲ့ အကောက်ကျစ် ဆုံးနဲ့ အဆိုးယုတ်ဆုံး နေရာတွေ ဖြစ်ပြီး၊ အဲဒါတွေက သူတို့ရဲ့ အဓိက ကွဲပြားခြားနားတဲ့ အင်္ဂါရပ်တွေ ဖြစ်တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက ခရစ်တော်ရဲ့ အယောင်ကို ဆောင်တဲ့ သူတွေရဲ့ သရုပ်သကန်တွေနဲ့ ဝိသေသလက္ခဏာတွေနဲ့ ပတ်သက်ပြီး ပို့လို့တောင် တိကျပြီး၊ ပြတ်သားသေးတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်က ပြောတာက- ‘မျက်မှောက်ခေတ်အတွင်းတွင် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်အမှုများကို ပြသနိုင်သကဲ့သို့၊ နတ်ဆိုးများကိုလည်း နှင်ထုတ်နိုင်ပြီး၊ မကျန်းမာသူများကိုလည်း အနာငြိမ်းစေနိုင်ကာ နိမိတ်လက္ခဏာများစွာ ဆောင်ရွက်နိုင်သည့် လူတစ်ဦး ထွက်ပေါ်လာပါက၊ ဤလူက ၎င်းသည် ကြွလာပြီဖြစ်သော ယေရှုဖြစ်သည်ဟုဆိုလျှင်၊ ဤသည်မှာ ယေရှုကို အတုခိုးသည့် နတ်ဆိုးများက ဖြစ်ပေါ်စေသည့် အတုတစ်ယောက် ဖြစ်ပေမည်။ ဤအရာကို အမှတ်ရလော့။ ဘုရားသခင်သည် တူညီသော အမှုကို ထပ်မလုပ်ပေ။ ယေရှု၏ အမှုအဆင့်သည် ပြီးစီးနှင့်ပြီးသားဖြစ်ပြီး၊ ဘုရားသခင်သည် အမှု၏ထိုအဆင့်ကို မည်သည့်အခါတွင်မျှ တစ်ဖန် ဆောင်ရွက်မည် မဟုတ်ပေ။...အကယ်၍ နောက်ဆုံးသော ကာလအတွင်းတွင် ဘုရားသခင်သည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို ပြသနေဆဲဖြစ်ခဲ့ပါက၊ နတ်ဆိုးများကို ဆက်လက် မောင်းထုတ်နေဆဲဖြစ်ပြီး၊ မကျန်းမာသောသူများကို အနာငြိမ်းစေဆဲ ဖြစ်ခဲ့ပါက- သူသည် ယေရှုကဲ့သို့နည်းတူ အတိအကျ လုပ်ဆောင်ခဲ့မည်ဆိုပါက- ဘုရားသခင်သည် တူညီသော အလုပ်တစ်ခုကို ထပ်လုပ်နေခြင်း ဖြစ်မည်ဖြစ်သကဲ့သို့၊ ယေရှု ပြုခဲ့သော အမှုသည် မည်သည့်အရေးပါမှု သို့မဟုတ် မည်သည့်တန်ဖိုးမျှ ရှိမည် မဟုတ်ပေ။ ထို့ကြောင့် ဘုရားသခင်သည် ခေတ်တိုင်းတွင် အမှု၏ အဆင့်တစ်ခုကို ဆောင်ရွက်လေသည်။ သူ့အမှု၏ အဆင့်အသီးသီး ပြီးစီးသည်နှင့်တစ်ပြိုင်နက်၊ မကြာမီ နတ်ဆိုးများက ယင်းကို လိုက်တုကြပြီး၊ စာတန်သည် ဘုရားသခင်နောက် ထပ်ကြပ်မကွာ စတင် လိုက်သည့်နောက်တွင်၊ ဘုရားသခင်သည် မတူကွဲပြားသော နည်းစနစ်တစ်ခုကို ပြောင်းလဲလေသည်။ ဘုရားသခင်သည် သူ့အမှု၏ အဆင့်တစ်ဆင့်ကို ပြီးစီးသည်နှင့်တစ်ပြိုင်နက်၊ ယင်းကို နတ်ဆိုးများက လိုက်တုကြလေသည်။ ဤအရာနှင့်ပတ်သက်၍ သင်တို့ ရှင်းရှင်းလင်းလင်း ဖြစ်ရမည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ယနေ့ ဘုရားသခင်၏ အမှုကို သိခြင်း) လို့ဖြစ်တယ်။ အတုဟာ စစ်မှန်တဲ့အရာရဲ့ စိန်နားကပ်ရောင်နဲ့ ပါးပြောင်နိုင်ပြီး၊ အစစ်ကို အတုခိုးတာသာ လုပ်နိုင်တာကို ကျွန်တော်တို့အားလုံး သိကြတယ်။ ခရစ်တော်ရဲ့ အယောင်ကိုဆောင်ထားတဲ့ လူတွေဟာ ခြွင်းချက်တစ်ခု မဟုတ်ဘူး။ သူတို့က ဝိညာဉ်ဆိုးတွေဖြစ်ပြီး၊ ခရစ်တော်ရဲ့ အနှစ်သာရ ကင်းမဲ့ကြတယ်။ သူတို့က ခရစ်တော်ရဲ့ အမှုကို မပြုနိုင်ကြဘူး၊ သူတို့က သမ္မာတရားကို မဖော်ပြနိုင်သလို၊ ဘုရားသခင်ရဲ့ စိတ်သဘောထားနဲ့ ဘုရားသခင်ရဲ့ အရာအားလုံးနဲ့ ဖြစ်ခြင်းတို့ကို ဖော်ပြနိုင်စွမ်း မရှိကြဘူး။ သူတို့က လူကို သမ္မာတရား၊ လမ်းခရီးနဲ့ အသက်တို့ကို မဆောင်ကြဉ်းပေးနိုင်ဘူး။ ဒါ့ကြောင့် ခရစ်တော် အယောင်ဆောင်သူတွေက ခရစ်တော် ပြုနှင့်ပြီးတဲ့ အမှု ကိုပဲ အတုခိုးနိုင်တယ်။ သူတို့ လုပ်နိုင်သမျှက မိုက်မဲပြီး မာန ထောင်လွှားတဲ့ လူတွေကို လှည့်စားဖို့ နိမိတ်လက္ခဏာတွေ နဲ့ အံ့ဖွယ်အမှု အချို့ကို ပြုနိုင်တာပဲရှိတယ်။ သူတို့က ပြန်ကြွလာတဲ့ သခင်ယေရှုဖြစ်တယ်လို့ ရဲရဲတင်းတင်း ကြေညာပြီး၊ အနာငြိမ်းခြင်း၊ မကောင်းဆိုးဝါးတွေကို မောင်းထုတ်ခြင်း၊ နိမိတ်လက္ခဏာတွေ ပြုခြင်းနဲ့ နောင်တရခြင်းနဲ့ အပြစ်ကလွှတ်ခြင်း နည်းလမ်းကို တရား ဟောကြားခြင်းစတဲ့ အရာတွေကို လုပ်ဆောင်ရာမှာ သခင်ယေရှုကို အတုခိုးကြတဲ့ ဆိုးယုတ်တဲ့ ဝိညာဉ်တွေရဲ့ ဝင်ပူးတာကို ခံထားရတဲ့ လူတစ်ချို့ရှိတယ်။ သူတို့က လူတွေကို လှည့်စားတဲ့ ခရစ်တော်ရဲ့ အယောင်ကိုဆောင်ထားတဲ့ သူတွေဖြစ်တယ်ဆိုတာ လုံးဝသေချာ တယ်။ ဘုရားသခင်ရဲ့ အမှုတော်က အမြဲတမ်း ရှေ့ဆက်ဦးတည် တိုးတက်နေရင်း၊ အမြဲတမ်းသစ်ပြီး၊ ဘယ်တော့မှ မဟောင်းဘူး။ ကိုယ်တော်က သူအရင်က ပြုပြီးတဲ့ အမှုတော်ဟောင်းကို ဘယ်တော့မှ ထပ်လုပ်မှာ မဟုတ်ဘူး။ ဒါက သခင်ယေရှု အမှုပြုဖို့လာတဲ့ အချိန် ကလိုပဲ။ သူက ပညတ်တော်ခေတ်ကို အဆုံးသတ်စေပြီး၊ ကျေးဇူးတော် ခေတ်ကို ဖွင့်ပေးခဲ့တယ်။ လူတွေကို သူတို့ဘဝတွေမှာ လမ်းပြပေးဖို့ ပညတ်တော်ကို ထုတ်ပြန်ခြင်းနဲ့ပတ်သက်တဲ့ ယေဟောဝါဘုရား သခင် ပြုခဲ့တဲ့ အမှုတော်ကို သူက ထပ်မလုပ်ခဲ့ဘဲ၊ အဲဒီအစား ပညတ်တော်ခေတ် အမှုတော်ရဲ့ အခြေခံ အုတ်မြစ်ပေါ်မှာ သူ့ရဲ့ ရွေးနှုတ်ကယ်တင်ခြင်း အမှုတော်ကို ပြုခဲ့တယ်။ သခင်ယေရှုက လူသားမျိုးနွယ်ကို နောင်တရခြင်းနှင့် ခွင့်လွှတ်ခြင်း လမ်းခရီးကို ဆောင်ကြဉ်ပေးခဲ့တယ်။ ကျွန်တော်တို့က ကိုယ်တော့် ရှေ့တော်မှောက် ကို လာပြီး၊ ဝန်ခံပြီး နောင်တရသမျှ ကာလပတ်လုံး၊ လူသားမျိုးနွယ် အပေါ် အပ်နှင်းတဲ့ အလျှံပယ်ဖြစ်တဲ့ ကျေးဇူးတော်နဲ့ ကောင်းကြီး မင်္ဂလာတွေကို ပျော်မွေ့ဖို့ ကျွန်တော်တို့ကို သင့်တော်စေရင်းနဲ့၊ သခင်က ကျွန်တော်တို့ အပြစ်တွေကို ခွင့်လွှတ်ပြီး၊ ကျွန်တော်တို့ရဲ့ အပြစ်ကျူးလွန်မှုတွေကို သခင်က မေ့ပျောက်ပေးမှာ ဖြစ်တယ်။ အဲဒီအမှုတော်ရဲ့ အားလုံးက အသစ်ဖြစ်ပြီး၊ ဆိုးယုတ်တဲ့ ဝိညာဉ် တစ်ခုတစ်လေကမှ ဒါမှမဟုတ် စာတန်က အဲဒါကို လုပ်ခဲ့တာ မဖြစ်နိုင်ဘူး။ နောက်ဆုံးသော ကာလမှ ပြန်ကြွလာတဲ့ သခင်ယေရှု အတွက်လည်း အလားတူပဲဖြစ်တယ်- အနန္တတန်ခိုးရှင် ဘုရားသခင်က ကျေးဇူးတော်ခေတ်ကို အဆုံးသတ်ပြီး၊ နိုင်ငံတော်ခေတ်ကို စတင် ခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်က သခင်ယေရှုရဲ့ ရွေးနှုတ်ခြင်း အမှုတော်ကို ထပ်မလုပ်ခဲ့ဘူး- ကိုယ်တော်က မကောင်းဆိုးဝါးတွေကို မောင်းမထုတ်ဘူး၊ အနာမငြိမ်းစေဘူး၊ ဒါမှမဟုတ် လူတွေအတွက် နိမိတ်လက္ခဏာတွေကို မလုပ်ခဲ့ဘူး။ အဲဒီအစား ကိုယ်တော်က သမ္မာတရားကို ဖော်ပြပြီး၊ ရွေးနှုတ်ကယ်တင်ခြင်းရဲ့ အခြေခံအုတ်မြစ် ပေါ်မှာ လူတွေကို စီရင်ခြင်းနဲ့ သန့်စင်ခြင်း အမှုတော်ရဲ့ အဆင့်ကိုသာ ပြုတယ်။ ကိုယ်တော်ဟာ လူသားမျိုးနွယ်ကို စာတန်ရဲ့ အုပ်စိုးမှုကနေ အပြည့်အဝကယ်တင်ပြီး၊ ကျွန်တော်တို့ကို ဘုရားသခင်ရဲ့ နိုင်ငံတော် ထဲကို ခေါ်ဆောင်တယ်။ ဒါဟာ အရင် ဘယ်တုန်းကမှ ဘုရားသခင် မပြုဘူးတဲ့ အမှုတော်အသစ် အားလုံးဖြစ်ပြီး၊ ခရစ်တော်ရဲ့ အယောင်ဆောင်တဲ့ ဘယ်သူတစ်ယောက်ကမှ မပြုနိုင်ပါဘူး။ ဘုရားသခင်ရဲ့ အမှုတော်က အမြဲတမ်းသစ်ပြီး၊ ဘယ်တော့မှ မဟောင်း တာကို ကျွန်တော်တို့ သိပြီး၊ စစ်မှန်တဲ့ ခရစ်တော်ကနေ ခရစ်တော်ရဲ့ အယောင်ဆောင်တဲ့သူတွေကို ထိုးထွင်းသိမြင်ခြင်းရဲ့ အခြေခံမူကို နားလည်သမျှကာလပတ်လုံး၊ ကျွန်တော်တို့က ဘုရားသခင်ရဲ့ ပေါ်ထွန်းခြင်း၊ အမှုတော် နဲ့ ခရစ်တော်ရဲ့ အယောင်ဆောင်တဲ့သူရဲ့ လှည့်စားခြင်းတို့အကြား အလိုအလျောက် ခွဲခြားသိလိမ့်မယ်” ဟု ပြောခဲ့သည်။

အစ်ကိုကျန်း၏ဆွေးနွေးပြောဆိုခြင်းမှ ကျွန်တော် များစွာ ရရှိခဲ့ သည်။ သူ့မိတ်သဟာယပြုခြင်းက အလွန်ရှင်းလင်း လှသည်။ ခရစ်တော်၏ အယောင်ကိုဆောင်သောသူများသည် ဘုရားသခင်က အတိတ်တွင် ပြုခဲ့သည့် အမှုတော်အချို့ကိုသာ ထပ်လုပ်ပြီး၊ အတု ခိုးနိုင်သည်၊ သို့သော် သူတို့က မည်သည့် အမှုတော်အသစ်ကို လုံးဝ မပြုနိုင်သကဲ့သို့၊ လူသားမျိုးနွယ်အတွက် လမ်းကြောင်းသစ်တစ်ခု ကိုလည်း မထောက်ပံ့ပေးနိုင်ပါ။ ယခုအချိန်တွင် သခင်ယေရှု၏ နှုတ်ကပတ်တော်များ နောက်ကွယ်မှ စစ်မှန်သည့် အဓိပ္ပါယ်ကို ကျွန်တော် နားလည်သဘောပေါက်ခဲ့သည်။ “အကြောင်းမူကား၊ ခရစ်တော်၏အယောင်ကိုဆောင်သောသူနှင့် မိစ္ဆာပရောဖက်တို့သည် ပေါ်လာ၍ ရွေးချယ်သောသူတို့ကိုပင် လှည့်ဖြားနိုင်လျှင် လှည့်ဖြားလောက်အောင် ကြီးစွာသောနိမိတ်လက္ခဏာ၊ အံ့ဖွယ်သောအမှုတို့ကို ပြကြလိမ့်မည်။(ရှင်မဿဲခရစ်ဝင် ၂၄:၂၄) အစ်မရမ်ကလည်း ဤကျမ်းပိုဒ်မှ ကြီးစွာသော အကျိုးကျေးဇူးတစ်ခုကို ရရှိခဲ့သည်ဟု ဆိုလေသည်၊ ထို့ကြောင့် အစ်ကိုကျန်း၏ မိတ်သဟာယပြုခြင်းကို ကျွန်တော်တို့ ဆက်နားထောင်နိုင်ဖို့၊ နောက်တစ်နေ့ ညနေတွင် ကျွန်တော်တို့က အစ်ကိုကျန်းနှင့် ချိန်းဆိုမှု တစ်ခု ပြုလုပ်ခဲ့သည်။

အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်မှ အစ်ကိုကျန်း ဝေမျှခဲ့သည့် အရာသည် အံ့သြလောက်စရာဖြစ်ပြီး၊ ကျွန်တော့်အတွက် အမှန်တကယ် တည်ဆောက်စရာဖြစ်သည်ဟု ခံစားခဲ့ရသည်။ သို့သော်လည်း ထိုအွန်လိုင်းမှ ကောလာဟလများအားလုံးကို တွေးမိ သည့်အခါ ကျွန်တော် အနည်းငယ် စိုးရိမ်ကြောင့်ကြနေသေးသည်။ ကျွန်တော့် အသင်းတော်သို့ ပြန်ရောက်ပြီးနောက်၊ အသက်ကြီးသော အစ်ကိုများထဲမှ တစ်ယောက်ကို အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်အကြောင်း တစ်ခုတစ်လေ သိမသိကို ကျွန်တော် မေးမြန်းခဲ့သည်။ ကျွန်တော်တို့က သူတို့နှင့် မပတ်သက်သင့်ကြောင်း သင်းအုပ်ဆရာက ပြောထားသည်ဟု သူက ကျွန်တော့်ကို ပြောခဲ့သည်။ သင်းအုပ်ဆရာများစွာက ပြောသည့် အရာတစ်ချို့ဖြစ်သည့် အနန္တတန်ခိုးရှင်ဘုရားသခင်ကို ဝေဖန်အကဲဖြတ်ခြင်း၊ တိုက်ခိုက်ခြင်း နှင့် ပြစ်တင်ရှုတ်ချခြင်းတို့အကြောင်းကိုလည်း သူက ကျွန်တော့်ကို ပြောပြခဲ့သည်။ ဤအရာကို ကျွန်တော် ကြားသည့်အချိန်တွင် ကျွန်တော် အနည်းငယ် ချီတုံချတုံဖြစ်ခဲ့သည်။ ဤအပျက်သဘော ဆောင်သည့် သတင်းအချက်အလက်အကြောင်းကို အစ်မရမ်ကို အချိန်မဆိုင်းဘဲ အသိပေးခဲ့ပြီး၊ သူမကို အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်နှင့် အဆက်အသွယ်ဖြတ်ဖို့ အကြံပေးခဲ့သည်။ သို့သော်လည်း အစ်မရမ်က အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသောကာလမှ အမှုတော်ကို စုံစမ်းစစ်ဆေးဖို့ ခိုင်ခိုင်မာမာ ဆုံးဖြတ်ထားပုံရသည်။ သူမက “သိုးသငယ်ရဲ့ ခြေရာတွေက အစ်မကို ဦးဆောင်တဲ့ဘယ်နေရာကိုမဆို၊ အစ်မ လိုက်မယ်။ လတ်တလောမှာ အစ်မက အွန်လိုင်းပေါ်က အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်ရှုတာနဲ့၊ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်က ဗီဒီယိုတွေနဲ့ ဧဝံဂေလိ ရုပ်ရှင်မျိုးစုံကို ကြည့်ရာကနေ သမ္မာတရားအများကြီး အစ်မ နားလည် သဘောပေါက်ရတယ်။ အရင်က အစ်မကို ပိတ်ဆို့ထားတဲ့ စိတ်ရှုပ်ထွေးမှုနဲ့ အခက်အခဲ အများကြီးက ပြေလည်သွားပြီ။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေဟာ သမ္မာတရား ဖြစ်တယ်လို့ အစ်မ ခံစားရ တယ်။ တခြားလူတွေက အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် ကို ဘယ်လို ပြစ်တင်ရှုတ်ချပါစေ၊ လုံးဝ ရှင်းလင်းပြတ်သားမှု ရတဲ့အထိ ဒါကို အစ်မ စုံစမ်းစစ်ဆေးမယ်” ဟု ​ကျွန်တော့်ကို ပြောခဲ့သည်။ ကျွန်တော်က အစ်မရမ်ကို ဖျောင်းဖျ နိုင်စွမ်းမရှိ သောကြောင့် သူမရော၊ အစ်ကို ကျန်းကိုပါ ဖေ့စ်ဘွတ်ခ်ပေါ်မှ ဘလော့ခ် လုပ်လိုက်ပြီး၊ သူတို့ကို ထပ် မဆက်သွယ်ရဲတော့ပါ။

သို့သော်လည်း နှစ်ရက်ပင်မကြာမီ အလုပ်ခေါင်ခိုက်မှု တစ်ခုကို စတင် ဖြတ်သန်းရသည်။ တစ်နေဝင်တစ်နေထွက် နေအိမ်တွင် အစား အစာ ချက်ပြုတ်ရန်မှလွဲ၍ မည်သည့်အရာမျှ လုပ်စရာ မရှိပါ။ ကျွန်တော် ပျင်းနေသည့် အားလျော်စွာ၊ ရုပ်ရှင်တစ်ချို့ကြည့်ဖို့ YouTube(ယူကျုဘ်)ကို ဖွင့်လိုက်သော်လည်း ထူးခြားစွာပင်၊ အကြိမ်တိုင်း အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်၏ ရုပ်ရှင်များ၊ သီချင်းဗီဒီယိုများနှင့် ဓမ္မသံကျူးအဖွဲ့လက်ရာများသာ ပေါ်လာသည်။ ကျွန်တော်က “အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်ရဲ့ ဗီဒီယိုတွေနဲ့ ရုပ်ရှင်တွေက အရမ်းမြန်မြန်ဆန်ဆန်ကို ထုတ်လုပ်တာပဲ။ အံ့အားသင့်ဖို့ကောင်းတယ်။ ဘုရားသခင်ဆီကလာတဲ့ အရာမှန်သမျှက သေချာပေါက်ကို ရှင်သန်ရမယ်၊ ဒီတော့အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်က ဘုရားသခင်ဆီက အမှန်တကယ်လာတာ ဖြစ်နိုင် မလား။ အစ်က ကျန်းက နောက်ဆုံး တစ်ခေါက်က ပြောခဲ့တဲ့ စကားတွေအားလုံးဟာ သမ္မာတရားနဲ့ ကိုက်ညီတာပေါ့။ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်ကို နားလည်မှုတစ်ခုရဖို့ ငါ နောက်တစ်ကြိမ် ကြိုးစားသင့်တယ် ထင်တယ်။ တခြားလူတွေပြောတဲ့အရာ သက်သက်ကြောင့် အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို စုံစမ်းစစ်ဆေးဖို့ ငါ ပေါ့ပေါ့တန်တန် ငြင်းဆန်လို့မဖြစ်ဘူး” ဟု စတွေးလေသည်။ သို့သော် ကျွန်တော် အွန်လိုင်းပေါ်မှာ တွေ့ဖူးသည့် အနန္တတန်ခိုးရှင် ဘုရားသခင်ကို ပြစ်တင်ရှုတ်ချခြင်း အကြောင်းအရာများအပြင်၊ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်ကို မဆက်သွယ်ဖို့ ကျွန်တော့် သင်းအုပ်ဆရာရဲ့ သတိပေးချက်ကိုပါ ကျွန်တော် တွေး လိုက်မိသည်နှင့်တပြိုင်နက် ကျွန်တော် နောက်ထပ်မည်သို့မျှ ရှေ့မဆက်လျှင် ကောင်းမည်ဟု တွေးခဲ့သည်။ ထို့ကြောင့် ကျွန်တော် က YouTubeတွင် တခြားဗီဒီယိုများ ကြည့်ရန် ရှာဖွေဖို့ ဆုံးဖြတ် ခဲ့သည်။ သို့သော် ကျွန်တော် ကြည့်သမျှ နေရာတိုင်းတွင်၊ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်က ဗီဒီယိုများသာ ရှိပြီး၊ ကျွန်တော်က ကူကယ်ရာမဲ့သည့် အသိစိတ်တစ်ခုကို စတင်ခံစားလာ ရသည်။ အဆုံးတွင် ကျွန်တော့် စူးစမ်းစိတ်က အနိုင်ယူသွားပြီး၊ ကျွန်တော်က “အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်က ကောင်းတာ မကောင်းတာက အရေးမကြီးဘူး။ သူတို့ဗီဒီယိုတွေ ငါတစ်ချက်လောက်ပဲ ကြည့်လိုက်မယ်၊ ပြီးတော့ အဲဒါတွေက တကယ်ကို နည်းနည်းမှ မကောင်းဘူးဆိုရင်တော့၊ ထိုးထွင်သိမြင်မှု ရတဲ့ သင်ခန်းစာ တစ်ခုဖြစ်မှာပဲ” ဟု တွေးမိသည်။ ထို့နောက် ကျွန်တော်က “ဧဝံဂေလိ ဓမ္မတေးသံစုံကျူးအဖွဲ့ ၉ကြိမ်မြောက် ဖျော်ဖြေမှု” ဟု ခေါ်သည့် ဗီဒီယိုတစ်ခုကို နှိပ်လိုက်သည်။ ဤဗီဒီယိုက ကျွန်တော်နှင့် အမှန်တကယ် ပတ်သက်သည့် ခေတ်ပြိုင် လူ့အဖွဲ့အစည်း၏ စစ်မှန်သော သရုပ်ဖော်ချက်တစ်ခု ဖြစ်သောကြောင့် ၎င်းက ကျွန်တော့် စိတ်ဝင်စားမှုကို ဆွဲဆောင်လိုက်သည်။ ထိုဗီဒီယိုက လူ့ဘဝကို အလွန် ကွက်ကွက်ကွင်းကွင်း၊ လက်တွေ့ကျကျနှင့် စစ်မှန်စွာဖော်ပြထားသည်။ ထိုဗီဒီယိုနှင့်အတူ ကျွန်တော် ငိုကြွေးပြီး ရယ်မောခဲ့သည်၊ ကျွန်တော့် စိတ်နှလုံးက အလွန်တို့ထိခံရပြီး၊ အင်အားများဖြင့် ပြည့်သွားသည်။ ကျွန်တော့်မှာ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်က ထုတ်လုပ်သည့် ဗီဒီယိုတစ်ခုစီတိုင်းကို ချက်ခြင်းကြည့်ဖို့ ပြင်းပြင်းပြပြဆန္ဒတစ်ခု ရှိလာခဲ့သည်။ ထို့နောက် တွင် ကျွန်တော်က အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်မှ ဗီဒီယိုများကို နေ့စဉ်ပုံမှန် စတင်ကြည့်ရှုခဲ့ပြီး၊ သီတင်းတစ်ပတ် အတွင်းတွင် တရုတ် ဓမ္မတေးသံကျူးအဖွဲ့ ဗီဒီယိုများ၏ ဇတ်ခန်း ၁၇ခန်းလုံးကို ကြည့်ခဲ့ပြီးဖြစ်သည်။ ထိုဗီဒီယိုများကို ကျွန်တော် ပိုကြည့်လေ၊ ၎င်းတို့အတွက် စွဲလမ်းမှု တစ်ခု ပိုခံစားရလေ ဖြစ်သည်။ အချိန်မဆွဲဘဲ ကြည့်ရှုဖို့နှင့် စုံစမ်းစစ်ဆေးဖို့ ကျွန်တော့် စိတ်နှလုံးထဲတွင် တိုက်တွန်းနေသည့် စွမ်းအားတစ်ခု ရှိနေသည့် ပုံပေါက်သည်။ ကျွန်တော်က “အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်က ဗီဒီယိုတွေ အများကြီး ငါကြည့်ခဲ့ပြီးပြီ။ တစ်ခုချင်း စီတိုင်းက ငါ့အတွက် အရမ်းအကျိုးရှိတာပဲ၊ ဒါ့အပြင် အဲဒီဗီဒီယိုတွေ တစ်ခုတစ်လေထဲမှာမှ အပျက်သဘောဆောင်တဲ့ စကားတစ်လုံးမှ မပါဘူး။ အားလုံး အပြုသဘောဆောင်တာတွေချည်းပဲ။ အဲဒီထဲက တစ်ချို့က လောကရဲ့ မှောင်မိုက်မှုကို ဖော်ထုတ်တယ်၊ တစ်ချို့က ဘုရားသခင်ကို သက်သေခံတယ်၊ ပြီးတော့ တစ်ချို့က ဘုရားသခင် ရှေ့တော်မှောက်ကို ပြန်လာဖို့ လူကို လမ်းပြတယ်။ အသွေးအသား ဆိုင်ရာ ဒါမှမဟုတ် လောကီဆိုင်ရာ အရေးကိစ္စတွေရဲ့ ညစ်ညမ်းမှု တစ်ခုမှ မရှိဘူး။ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်က သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ အမှုတော်နဲ့ ပြည့်နေတာပဲ။ ကောလာဟလတွေက ပြောတာတွေနဲ့ လုံးဝ မတူပါဘူး။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလက အမှုတော် က စုံစမ်းစစ်ဆေးဖို့ သေချာပေါက် ထိုက်တန်တယ်” ဟု တွေးမိခဲ့သည်။

တစ်နေ့တွင် ဖေ့စ်ဘွတ်ခ်ကို လျှောက်ကြည့်နေစဉ်၊ “ဖေ့စ်ဘွတ်ခ် ပေါ်တွင် နောက်ဆုံးသောကာလ ကယ်တင်ခြင်းကို ကျွန်မ ရှာတွေ့ ခဲ့သည်” ဆိုသည့် ခေါင်းစီးဖြင့် တစ်စုံတစ်ယောက်၏ အတွေ့အကြုံနှင့် သက်သေခံချက်ကို ကျွန်တော် ဖတ်ရသည်။ ၎င်းကို ကျွန်တော် ဖွင့်လိုက်ပြီး၊ ဤအစ်မသည်လည်း ကျွန်တော်ကဲ့သို့ ဆင်တူရိုးမှား အတွေ့အကြုံများရှိသည်ကို တွေ့ရသည်။ သူမက အနန္တတန်ခိုးရှင် ဘုရားသခင်အသင်းတော်နှင့် ပထမဆုံး ဆက်သွယ်မှုရှိသည့် အချိန် တွင်၊ သူမကို တကယ့်ကို တားဆီးပိတ်ပင်သော အသင်းတော် အကြောင်း ကောလာဟလအချို့ကို သူမ၏ အွန်လိုင်း သူငယ်ချင်းများ က ပို့ပေးခဲ့သည်။ ကျွန်တော်က အဆုံးတွင် ဘာဖြစ်ခဲ့သည်ကို သိလို ဇောဖြင့် စိတ်မရှည်စွာ ဆက်ဖတ်ခဲ့သည်။ ဤအစ်မက သခင့်ကို ဆုတောင်းပြီး၊ သူမကို လမ်းပြပါရန် သူ့ကို တောင်းလျှောက်ပြီးနောက်၊ သူမ နားထောင်ဖို့နှင့် ယုံကြည်ဖို့ ရွေးချယ်သည့်အရာတွင် ကြေးများ၍ မရနိုင်တော့ဘဲ၊ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်က မှန်သည်၊ မှားသည် ဆိုသည်ကို ထိုးထွင်းသိမြင်ဖို့ရာ လက်တွေ့ကျ သည့် နည်းလမ်းတစ်ခုဖြင့် စုံစမ်းစစ်ဆေးရမည်ဟု သူမ ခံစားခဲ့ ရသည်။ ကောလာဟလများကို မစဉ်းမစား နားထောင်ပြီး၊ သခင့် ဒုတိယအကြိမ် ကြွလာခြင်းကို စုံစမ်းစစ်ဆေးဖို့ ငြင်းဆန်ခြင်းက သိပ်ပြီးယုတ္တိတန်သည့် လုပ်နည်းကိုင်နည်း တစ်ခုမဟုတ်သောကြောင့် သခင့်ပြန်ကြွလာခြင်းအကြောင်း သမ္မာတရားကို ရှာဖွေဖော်ထုတ်ရ မည်ဟု သူမ ခံစားခဲ့ရသည်။ ထိုစကားလုံးများက ကျွန်တော်နှင့် အမှန်တကယ် စိတ်သဘောထားချင်းကိုက်ညီမှု ရှိခဲ့သည်။ သခင့် ပြန်ကြွလာခြင်း သည် အရေးကြီးသော အရာတစ်ခုဖြစ်ပြီး၊ ၎င်းကို နှိုင်းနှိုင်းချိန်ချိန် သဘောထားရပါမည်။ လူအုပ်နောက်ကိုသာ ကျွန်တော်တို့ လိုက်၍ မဖြစ်ပါ။ ၎င်းကို ကျွန်တော်တို့ မစဉ်းမစား ငြင်းပယ်ပြီး ဆန့်ကျင်၍ မဖြစ်ပါ။ ကျွန်တော်က ဆောင်းပါးကို ဆက်ဖတ်ပြီး၊ ဤအစ်မက အနန္တတန်ခိုးရှင်ဘုရားသခင်အကြောင်း နားလည်သဘောပေါက်လာသည့် အရာသည် သူမ၏ အွန်လိုင်း သူငယ်ချင်းများက သူမကို ပြောနေသည့် အရာများနှင့် လုံးလုံး လျားလျား ကွဲပြားနေသည်ကို ကျွန်တော် တွေ့ရသည်။ သူမက အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များအကြောင်း သူမနှင့် မိတ်သဟာယပြုခဲ့ပြီး သူမအပေါ် ကူညီဖော်ရကာ ဂရုစိုက်ခဲ့ ကြသည့် အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်မှ လာရောက် လည်ပတ်သော ညီအစ်မအချို့ကိုလည်း ကိုယ်တိုင် ဧည့်ခံခဲ့သည်။ ကျွန်တော်သည် အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသော ကာလ အမှုတော်ကို စုံစမ်းစစ်ဆေးဖို့ ငြင်းပယ်လျက်၊ ဤကောလာဟလများ၏ လှည့်စားမှုကို ဆက်ခံ၍ မဖြစ်သကဲ့သို့၊ အတင်းအဖျင်းများကိုလည်း ယုံကြည်၍ မဖြစ်တော့သည်ကို ဤအစ်မ၏ တကယ့်ဘဝ အတွေ့အကြုံများက ကျွန်တော့်ကို ပြောခဲ့ သည်။ မဟုတ်ပါက ဘုရားသခင်၏ နောက်ဆုံးသောကာလ ကယ်တင်ခြင်းကို ကျွန်တော် ဆုံးရှုံးဖို့ အလွန် ဖြစ်နိုင်ဖွယ်ရှိသည်။ နောက်ထပ် စုံစမ်းစစ်ဆေးဖို့အတွက် အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်နှင့် ပြန်လည် ဆက်သွယ်ရမည်ကို ကျွန်တော် သိခဲ့သည်။

ထိုညက ကျွန်တော်က အိပ်ရာထဲတွင် မရပ်မနား ဟိုလှိမ့် ဒီလှည့် လုပ်နေစဉ် ကျွန်တော်က “ငါ အစ်မရမ်ကို ဘလော့ခ် လုပ်ထားပေမဲ့ လည်း၊ သူ့ကို ပြန်ရှာရမယ်။ ငါသူ့ကို ရှာတွေ့ရင်၊ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်က အစ်ကို ကျန်းကို သေချာပေါက် ရှာတွေ့ နိုင်မှာပဲ။ အစ်မရမ်က စစ်မှန်တဲ့ ယုံကြည်သူတစ်ယောက် ဖြစ်ပြီးတော့၊ သူက အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသော ကာလ အမှုတော်ကို ဒီတစ်ချိန်လုံး စုံစမ်းစစ်ဆေးနေခဲ့တာ။ သူက အခု လောက်ဆို နားလည်သဘောပေါက်မှုတွေ အများကြီး ရနေ လောက်ပြီ။ သူ့စုံစမ်းစစ်ဆေးခြင်းက ဘယ်လိုနေလဲဆိုတာကို ငါသူ့ကို မေးဖို့ တကယ်လိုတယ်” ဟု တွေးမိသည်။ ၎င်းမှာ လွယ်ကူသည့် အလုပ်တစ်ခု မဟုတ်သော်လည်း၊ သူငယ်ချင်းအချို့၏ အကူအညီ မှတစ်ဆင့် အစ်မရမ်၏ ဖေ့စ်ဘွတ်ခ် အကောင့်ကို ရက်အနည်းငယ် ကြာပြီးနောက် ကျွန်တော် ရှာတွေ့ခဲ့သည်။ သူမကို ဘလော့ခ် လုပ်လိုက်သည့်အတွက် သူမက ကျွန်တော့်ကို စိတ်ဆိုးမနေခဲ့သည်ကို ကျွန်တော် တကယ့်ကို ပျော်ခဲ့ရသည်။ ကျွန်တော် သူမကို ဆက်သွယ်သည့်အချိန်တွင်၊ သူမက သူမ၏ စုံစမ်းစစ်ဆေးခြင်းမှ တစ်ဆင့် ရှင်းလင်းပြတ်သားမှုကို ရရှိခဲ့ပြီး၊ အနန္တတန်ခိုးရှင် ဘုရားသခင်သည် ပြန်ကြွလာသည့် သခင်ယေရှု ဖြစ်ကြောင်း သူမက ကျွန်တော့်အား ပြောပြခဲ့သည်။ သူမက ကျွန်တော့်ကို အစ်ကိုကျန်းနှင့် လည်း ပျော်ရွှင်စွာ ဆက်သွယ်ပေးခဲ့သည်။ ကျွန်တော်တို့ သုံးယောက် လုံး အွန်လိုင်းတွင် ဆက်သွယ်မိချိန်တွင် ကျွန်တော်က “ကျွန်တော့် လတ်တလော အတွေ့အကြုံကတစ်ဆင့်၊ သခင်က ကျွန်တော့်ကို လမ်းပြနေတယ်ဆိုတာ ကျွန်တော် မြင်ရတယ်။ ကျွန်တော်လည်း အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို ရှာဖွေပြီး စုံစမ်းစစ်ဆေးဖို့ ဆန္ဒရှိပါတယ်၊ ဒါပေမယ့် အစ်ကိုတို့ နှစ်ယောက်အတွက် ကျွန်တော့်မှာ မိတ်သဟာယပြုချင်တဲ့ မေးခွန်း တွေ အများကြီးရှိတယ်။ ကျွန်တော် တကယ့်ကို နားမလည်နိုင်တဲ့ အရာတစ်ခုကတော့ သခင်ယေရှုက သူ့အမှုကိုပြုဖို့ ယောက်ျား တစ်ယောက်အဖြစ် လူ့ဇာတိခံခဲ့တယ်၊ ဒါ့ကြောင့် သူ့အမှုကိုပြုဖို့ အခု မိန်းမတစ်ယောက်အဖြစ် ဘယ်လိုလုပ်ပြီး လူ့ဇာတိပြန်ခံယူခဲ့တာလဲ။ ဒါက နက်နဲမှုတစ်ခုပဲ။ အစ်ကိုကျန်းရေ၊ ဒါလေး ကျွန်တော့်ကို ရှင်းပြ နိုင်မလား” ဟု သူတို့ကို ပြောခဲ့သည်။

ကျွန်တော့်မေးခွန်းကို ပြန်ဖြေရာတွင်၊ အစ်ကိုကျန်းက “ဟုတ်တယ်။ ဘုရားသခင်ရဲ့ လူ့ဇာတိခံခြင်းတွေထဲမှာ နက်နဲမှုတွေ ပါဝင်နေတယ်- အဓိပ္ပာယ်က ကြီးမားပြီး၊ နက်နဲသလို၊ ကျွန်တော်တို့ အတွက် ဉာဏ်မမီတဲ့ အရာတစ်ခုပဲ။ ဒါ့ကြောင့် ကျွန်တော်တို့က သခင့်ပြန်ကြွလာခြင်းနဲ့ပတ်သက်ပြီး ချစ်ကြောက်ရိုသေတဲ့ စိတ်နှလုံး တွေကို ထိန်းသိမ်းထားရမယ်။ ဘုရားသခင်ရဲ့ အမှုတော်က ကျွန်တော်တို့ အယူအဆတွေနဲ့ နဲနဲလေးမှ မကိုက်ညီရင်တောင်၊ ကျွန်တော်တို့က ကိုယ့်နှုတ်ကို စောင့်ထိန်းရမယ်။ အရေးကိစ္စကို သေသေချာချာ မတွေးတောဘဲ ဝေဖန်လို့မရဘူး။ အလေးအနက် ပြောရမယ်ဆိုရင်၊ ဘုရားသခင်ရဲ့ အမှုတော်ကို စိတ်ကူးပေါက်သလို ဝေဖန်တာဟာ ဘုရားသခင်ကို ပြစ်မှားစော်ကားတာဖြစ်ပြီး၊ ပြစ်မှား စော်ကားခြင်း အပြစ်က ဒီတစ်သက် ဒါမှမဟုတ် နောက်တစ်သက်မှာ ခွင့်လွှတ်မခံရနိုင်ဘူး။ နောက်ဆုံးသောကာလရဲ့ အနန္တတန်ခိုးရှင် ဘုရားသခင်က ကြွလာတော်မူပြီး၊ နက်နဲမှုတွေအားလုံးကို ဖွင့်ပြပြီ။ ဒါဟာ သခင်ယေရှုရဲ့ ပရောဖက်ပြုခြင်းကို လုံးလုံး ပြည့်စုံစေခဲ့တယ်။ ‘သင်တို့အား ငါပြောစရာ စကားအများ ရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။ ထိုဝိညာဉ်တော်သည် ကိုယ်အလိုအလျောက်ဟောပြောမည်မဟုတ်။ ကြားသမျှတို့ကို ဟောပြောလိမ့်မည်။ နောင်လာလတ္တံ့သောအရာတို့ကိုလည်း သင်တို့အား ဖော်ပြလိမ့်မည်။(ရှင်ယောဟန် ခရစ်ဝင် ၁၆:၁၂-၁၃) သမ္မာတရားရဲ့ ဒီရှုထောင့်ကို နားလည်ဖို့ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို အတူဖတ်ကြ ရအောင်။ အနန္တတန်ခိုးရှင်ဘုရားသခင်က- ‘ထိုစဉ်အချိန်က ယေရှုကြွလာခဲ့သောအခါ၊ သူသည် အမျိုးသားတစ်ဦး ဖြစ်ခဲ့သည်၊ ယခုတစ်ကြိမ် ဘုရားသခင်ကြွလာသောအခါမူ သူသည် အမျိုးသမီးတစ်ဦးဖြစ်သည်။ ဤအရာမှ ဘုရားသခင်သည် အမျိုးသားနှင့် အမျိုးသမီးနှစ်ဦးလုံးကို သူ၏အမှုအတွက် ဖန်ဆင်းခဲ့သည်ဆိုခြင်းကို သင်မြင်နိုင်သည်၊ ထို့ပြင် သူ့ထံတွင် ကျားမခွဲခြားခြင်း မရှိပေ။ သူ၏ဝိညာဉ်တော် ကြွလာသည့်အခါတွင် သူ့အနေဖြင့် သူနှစ်သက်သည့် မည်သည့်ဇာတိခန္ဓာကိုမဆို ခံယူနိုင်ပြီး သူ့ကို ကိုယ်စားပြုနိုင်သည့် ဇာတိခန္ဓာကို ခံယူနိုင်ပေသည်။ အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ ဘုရားသခင်ခံယူသော ဇာတိခန္ဓာဖြစ်နေသရွေ့၊ ယင်းသည် ဘုရားသခင်ကို ကိုယ်စားပြုနိုင်သည်။ အကယ်၍ ယေရှုကြွလာခဲ့သည့် အချိန်တွင် သူ့အနေဖြင့် အမျိုးသမီးအသွင်နှင့် ပေါ်လာခဲ့ပါလျှင်၊ တစ်နည်းအားဖြင့် အကယ်၍ သားယောက်ျားမဟုတ်ဘဲ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ပဋိသန္ဓေတည်သော သမီးမိန်းကလေးဖြစ်ခဲ့လျှင် အမှု၏ထိုအဆင့်သည် ထပ်တူညီစွာ ပြီးပြည့်စုံခဲ့မည်ပင် ဖြစ်သည်။ အကယ်၍ ထိုကဲ့သို့သာ ဖြစ်ခဲ့မည်ဆိုပါက၊ အမှု၏ ယခုလက်ရှိအဆင့်ကို အမျိုးသားက ပြီးမြောက်အောင် လုပ်ဆောင်ရမည်ဖြစ်ပြီး၊ အမှုသည်လည်း ထပ်တူညီစွာပင် ပြီးမြောက်လာမည်ဖြစ်သည်။ အဆင့်အသီးသီးတွင် လုပ်ဆောင်ခဲ့သော အမှုသည် ညီတူညီမျှပင် အရေးပါသည်။ မည်သည့်အဆင့်၏ အမှုကမျှ ထပ်ကျော့မပြန်သကဲ့သို့ အခြားအဆင့်တစ်ခုနှင့်လည်း ကွဲပြားဆန့်ကျင်ခြင်း မရှိချေ။ ထိုအချိန်က ယေရှုသည် သူ၏အမှုကို လုပ်ဆောင်ရာ၌ တစ်ပါးတည်းသောသားတော်ဟူ၍ ခေါ်ဝေါ်သမုတ်ခြင်းကို ခံခဲ့ရသည်၊ ထို့ပြင် “သား” ဆိုသည့်အရာမှာ အမျိုးသားကို ညွှန်းဆိုနေခြင်းပင် ဖြစ်သည်။ သို့ဖြစ်လျှင် ဤအဆင့်တွင် အဘယ်ကြောင့် တစ်ပါးတည်းသောသားတော်သည် ဖော်ပြခြင်းမခံရသနည်း။ အဘယ်ကြောင့်ဆိုသော် အမှု၏လိုအပ်မှုများသည် ယခုအခါတွင် ယေရှုကဲ့သို့ မဟုတ်ဘဲ ကျားမပြောင်းလဲရန် လိုအပ်လာသောကြောင့်ဖြစ်သည်။ ဘုရားသခင်အတွက်မူ ကျားမကွဲပြားခြင်း မရှိပေ။ သူသည် သူ၏စိတ်ဆန္ဒရှိသည့်အတိုင်း သူ၏အမှုကို လုပ်ဆောင်သည်၊ ထို့ပြင် သူ၏အမှုကို လုပ်ဆောင်ရာတွင် သူသည် မည်သည့်ချုပ်နှောင်ကန့်သတ်မှုကိုမျှ မခံရဘဲ အထူးသဖြင့် လွတ်လပ်ပေသည်။ မည်သို့ပင်ဖြစ်စေကာမူ အမှု၏အဆင့်တိုင်းတွင် ၎င်းတို့၏ကိုယ်ပိုင်လက်တွေ့ကျသော ရည်ရွယ်ချက်ရှိသည်။ ဘုရားသခင်သည် နှစ်ကြိမ်နှစ်ခါ လူ့ဇာတိခံယူခဲ့သည်၊ ထို့ကြောင့် နောက်ဆုံးသောကာလတွင် သူ၏လူ့ဇာတိခံယူခြင်းသည် နောက်ဆုံးအကြိမ်ဖြစ်သည်မှာ ပြောစရာပင် မလိုပေ။ သူသည် သူ၏ဆောင်ရွက်ချက်များကို ထုတ်ဖော်ရန် ကြွလာခဲ့သည်။ အကယ်၍ ဤအဆင့်တွင် သူသည် လူသားတို့ မျက်မြင်တွေ့ရန်အလို့ငှာ အမှုကို ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်ရန်အတွက် လူ့ဇာတိကို မခံယူခဲ့လျှင် လူသားတို့သည် သူတို့၏ အယူအဆများအတိုင်း ဘုရားသခင်သည် လူယောက်ျားသာဖြစ်သည်၊ လူမိန်းမ မဟုတ်ဟူသော အယူအဆကို ထာဝစဉ် လက်ကိုင်ထားမည်သာ ဖြစ်သည်။...အစအဦး၌ ယေဟောဝါသည် လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့သောအခါ၊ သူသည် လူနှစ်မျိုးကို ဖန်ဆင်းခဲ့သည်၊ ထိုနှစ်မျိုးမှာ အမျိုးသားနှင့် အမျိုးသမီးပင်ဖြစ်သည်၊ ထို့ကြောင့် သူခံယူသည့် ဇာတိခန္ဓာများလည်း အမျိုးသားနှင့် အမျိုးသမီးဟူ၍ ကွဲပြားသည်။ သူ့အနေဖြင့် သူ၏အမှုကို အာဒံနှင့် ဧဝတို့ကိုပြောခဲ့သည့် သူ၏နှုတ်ကပတ်တော်များအပေါ်တွင်မူတည်၍ ဆုံးဖြတ်ခဲ့ခြင်း မဟုတ်ပေ။ နှစ်ကြိမ်နှစ်ခါ လူ့ဇာတိကိုခံယူခြင်းသည် လူသားမျိုးနွယ်ကို ရှေးဦးစွာ သူဖန်ဆင်းခဲ့စဉ်အချိန်က သူ၏အတွေးနှင့်အညီပင် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုသော်၊ ဘုရားသခင်သည် သူ၏နှစ်ကြိမ်လူ့ဇာတိခံယူသည့်အမှုကို အမျိုးသားနှင့် အမျိုးသမီးတို့အပေါ် အခြေခံ၍ ထိုသူတို့ ဖောက်ပြန်ဖျက်ဆီးခြင်း မခံရမီ ပြီးပြည့်စုံအောင် လုပ်ခဲ့ခြင်းဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံယူခြင်းနှစ်ကြိမ်သည် လူ့ဇာတိခံယူခြင်း၏ ရည်ရွယ်ချက်ကို ပြည့်စုံစေသည်)လိင်သတ်မှတ်ချက်တွင်၊ တစ်ဦးသည် အမျိုးသားဖြစ်ပြီး၊ အခြားတစ်ဦးမှာ အမျိုးသမီး ဖြစ်သည်၊ ထို့ကြောင့် ဘုရားသခင် လူ့ဇာတိခံယူခြင်း၏ အဓိပ္ပာယ်သည် ပြီးပြည့်စုံသွားပြီ ဖြစ်ပြီး၊ ၎င်းသည် ဘုရားသခင်နှင့် ပတ်သက်သည့် လူသားများ၏ အယူအဆများကို ပပျောက်စေသည်၊ ဘုရားသခင်သည် အမျိုးသားရော၊ အမျိုးသမီးပါ နှစ်မျိုးစလုံးဖြစ်နိုင်ပြီး၊ လူ့ဇာတိခံယူသော ဘုရားသခင်သည် အနှစ်သာရအားဖြင့် လိင်သတ်မှတ်ချက် မရှိပေ။ သူသည် ယောက်ျားနှင့် မိန်းမ နှစ်မျိုးစလုံးကို ဖန်ဆင်းခဲ့ပြီး၊ သူ့အတွက် လိင်သတ်မှတ်ချက် မရှိပေ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင် ကိန်းဝပ်သော ဇာတိပကတိ၏ အနှစ်သာရ) လို့ပြောခဲ့တယ်” ဟု ပြန်ဖြေခဲ့သည်။

ဘုရားသခင်၏နှုတ်ကပတ်တော်များကို ဖတ်ရှုပြီးနောက်၊ အစ်ကို ကျန်းက ဤမိတ်သဟာယပြုခြင်းကို ဝေမျှခဲ့သည်၊ “ဘုရားသခင် ပြသမျှက အဓိပ္ပါယ်ရှိတယ်။ ဘုရားသခင်က အဓိပ္ပါယ်မရှိတဲ့ အရာပဲ ဖြစ်ဖြစ်၊ တန်ဖိုးမရှိတဲ့ အရာပဲဖြစ်ဖြစ် တစ်ခုမှ လုံးလုံး လုပ်မှာ မဟုတ်ဘူး။ သမ္မာကျမ်းစာထဲမှာ- ‘ထိုသို့ ဘုရားသခင်သည် မိမိပုံသဏ္ဍာန်နှင့်အညီ လူကိုဖန်ဆင်းတော်မူ၏။ ဘုရားသခင်၏ ပုံသဏ္ဍာန်တော်နှင့်အညီ လူယောက်ျား၊ လူမိန်းမကို ဖန်ဆင်းပြီးလျှင်။’ (ကမ္ဘာဦးကျမ်း ၁:၂၇) လို့ပြောထားတယ်။ အစအဦးမှာ ဘုရားသခင်က လူယောက်ျားနဲ့ လူမိန်းမတို့ကို သူ့ပုံသဏ္ဍာန်တော်အတိုင်း ဖန်ဆင်းခဲ့ တယ်ဆိုတာ ကျွန်တော်တို့ တွေ့ရတယ်။ ဘုရားသခင်က ယောက်ျား တစ်ယောက် အဖြစ် လူ့ဇာတိခံယူနိုင်ပြီး၊ မိန်းမတစ်ယောက် အဖြစ်လည်း လူ့ဇာတိခံယူနိုင်တယ်။ ဘုရားသခင်မှာ ကျားမခွဲခြားတာ မရှိဘူး။ သူက ယောက်ျားတစ်ယောက် ဖြစ်လာသည်ဖြစ်စေ၊ မိန်းမ တစ်ယောက် ဖြစ်လာသည်ဖြစ်စေ၊ သူဟာ ဘုရားသခင်ရဲ့ အနှစ်သာရ ကို ပိုင်ဆိုင်ပြီး၊ ဘုရားသခင်ရဲ့ ကိုယ်ပိုင် အမှုတော်ကို လုပ်နိုင်စွမ်း ရှိတယ်။ သူ့ရဲ့ လူ့ဇာတိခံယူခြင်းရဲ့ အဓိပ္ပါယ်ကို စုံလင်စေဖို့နဲ့ ဘုရားသခင်ဟာ ယောက်ျားတစ်ယောက် အဖြစ်နဲ့သာ လူ့ဇာတိခံယူ နိုင်တယ်၊ သူဟာ မိန်းမတစ်ယောက်အဖြစ် လူ့ဇာတိမခံယူနိုင်ဘူးဆိုတဲ့ လူတွေရဲ့ မှားယွင်းတဲ့ ယုံကြည်မှုကို ပပျောက်စေဖို့ ဘုရားသခင်က လူ့ဇာတိနှစ်ကြိမ်ခံယူရာမှာ ကွဲပြားတဲ့လိင်နှစ်ခုကို ခံယူခဲ့တာ ဖြစ် တယ်။ ဒါက ဘုရားသခင်ရဲ့ လူ့ဇာတိခံယူခြင်းဟာ ယောက်ျား တစ်ယောက်ရဲ့ ထင်ရှားတဲ့ လက္ခဏာကို သရုပ်ထင်စေနိုင်ရုံ သာမဟုတ်ဘဲ၊ မိန်းမတစ်ယောက်ရဲ့ ထင်ရှားတဲ့ လက္ခဏာကိုလည်း သရုပ်ထင်စေနိုင်တယ်ဆိုတာကို လူသားမျိုးနွယ်ကို နားလည် သဘောပေါက်ခွင့်ပေးတယ်။ ဒါက ဘုရားသခင်ဟာ အမှန်တကယ် အနန္တတန်ခိုးရှင် ဖြစ်တယ်၊ ကျွန်တော်တို့က သူ့ကို နားလည် နိုင်စွမ်းရှိဘူး၊ ပြီးတော့ ငါတို့က ဘုရားသခင်ကို ထင်ရာမြင်ရာ မဝေဖန်သင့်ဘူး ဒါမှမဟုတ် ဘောင်မခတ်သင့်ဘူး ဆိုတာကို လူသားမျိုးနွယ်ကို မြင်ခွင့်ပေးတယ်။ ဒါ့အပြင်၊ ဘုရားသခင်ရဲ့ အနှစ်သာရက ဝိညာဉ်ရဲ့ အနှစ်သာရဖြစ်ပြီး၊ ဝိညာဉ်တွေမှာ လိင်ခွဲခြား တာမရှိဘူး။ လိင်က ဖန်ဆင်းခံ လူသားမျိုးနွယ်နဲ့ပဲ သက်ဆိုင်တယ်။ ဘုရားသခင်က လူသားမျိုးနွယ်ကို ကယ်တင်ဖို့နဲ့ ရွေးနှုတ်ဖို့အတွက် နှစ်ကြိမ် လူ့ဇာတိခံယူခဲ့တယ်၊ ဒါကြောင့် ဘုရားလူ့ဇာတိခံယူခြင်းရဲ့ လိင်ပိုင်းဆိုင်ရာက လူ့ဇာတိမှာ သူအမှုကိုပြုတဲ့ အချိန်ကာလပေါ်မှာပဲ မူတည်တယ်။ ကမ္ဘာမြေပေါ်က လူ့ဇာတိခံဘုရားသခင်ရဲ့ အမှုတော် အဆုံးသတ်တာနဲ့ တပြိုင်နက်၊ သူက ဝိညာဉ်ရေးရာလောကကို ပြန်သွားပြီး၊ အဲဒီအချိန်မှာ လိင်ခွဲခြားခြင်းတစ်ခုမှ နောက်ထပ် မရှိတော့ဘူး။ ဒါ့ကြောင့် ကျွန်တော်တို့က ဘုရားသခင်ကို တိကျတဲ့ လိင်တစ်ခုနဲ့ ဘောင်ခတ်တယ်ဆိုရင်၊ အဲဒါဟာ ကြီးမားတဲ့ ပြစ်မှား စော်ကားခြင်းတစ်ခုပဲ။”

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အစ်ကို ကျန်း၏ မိတ်သဟာယတို့ကို နားထောင်ခြင်းက ကျွန်တော့်ကို ရုတ်ခြည်း လျှပ်တပြက် ထိုးထွင်းအမြင်တစ်ခုပေးခဲ့သည်။ ဘုရားသခင် က သူ့လူ့ဇာတိခံယူခြင်း တစ်ခုချင်းစီတွင် ကွဲပြားသည့် လိင်တစ်ခုကို ခံယူခဲ့ရခြင်းအကြောင်းအရင်းကို ကျွန်တော် နောက်ဆုံးတွင် နားလည် သဘောပေါက်ခဲ့သည်။ ဤအရာတွင် ပါဝင်သည့်အရာသည် ပထမဆုံး လူသားမျိုးနွယ်ကို ဘုရားသခင် ဖန်ဆင်းခဲ့သည့် အချိန်မှ ဘုရား သခင်၏ အလိုတော် ဖြစ်သကဲ့သို့ သူ၏ နှစ်လိုဖွယ်ရှိသော ရည်ရွယ်ချက်များလည်း ဖြစ်သည်ကို ကျွန်တော် နားလည် သဘောပေါက်ခဲ့သည်။ ဘုရားသခင်က သူ၏လူ့ဇာတိခံခြင်း နှစ်ခု လုံးအတွက် ယောက်ျားတစ်ယောက်အဖြစ်သာ အမှုပြုဖို့ ကြွလာခဲ့ ပါက၊ ဘုရားသခင်သည် ယောက်ျားတစ်ယောက် ဖြစ်သည်ဟု ကျွန်တော်တို့ ထာဝရယုံကြည်မည် ဖြစ်ပြီး၊ ကျားလိင်သည် မလိင်ထက် ပိုမိုကြီးမြတ်ပြီး၊ မြင့်မားသည့် အဆင့်အတန်းရှိ သည်ဆိုသည့် အမှားကို ယုံကြည်မည်ဖြစ်သည်။ နောက်ဆုံးသော ကာလ၏ လူ့ဇာတိခံဘုရားသခင်က မိန်းမတစ်ယောက်အဖြစ် အမှုပြုခြင်းမှာ ဘုရားသခင်၏ တရားမျှတခြင်းနှင့် ဖြောင့်မတ်ခြင်း တို့၏ ပြယုဂ်တစ်ခုဖြစ်ပြီး၊ ၎င်းက ဤတစ်ကြိမ်တွင် မိန်းမ တစ်ယောက်အဖြစ် ဘုရားသခင် လူ့ဇာတိခံခြင်းနှင့် အမှုပြုခြင်း၏ မယုံကြည်နိုင်လောက်သည့် အဓိပ္ပါယ်ကို ကျွန်တော့်ကို မြင်ခွင့်ပေး ခဲ့သည်။ သို့မဟုတ်ပါက၊ ကျွန်တော်တို့သည် ဘုရားသခင်ကို နားလည်သဘောပေါက်ခြင်းတစ်ခု မည်သည့်အခါမျှ ရှိမည် မဟုတ် သလို၊ ဘုရားသခင်နှင့် ပတ်သက်သည့် ကျွန်တော်တို့၏ အယူအဆ များနှင့် ဘောင်ခတ်ခြင်းများသည် မည်သည့်အခါမျှ ဖယ်ရှင်းခံရမည် မဟုတ်ပါ၊ ထို့အပြင် ဤအရာက ဘုရားသခင်၏ စိတ်သဘောထားကို ပြစ်မှားစော်ကားလိမ့်မည်။ ဘုရားသခင် လူ့ဇာတိခံသည့် ပထမအကြိမ် တွင် သူက ယောက်ျားတစ်ယောက်အဖြစ် ပေါ်ထွန်းခဲ့ပြီး၊ နောက်ဆုံးသောကာလတွင် သူက မိန်းမတစ်ယောက် အဖြစ် ပေါ်ထွန်းခဲ့သည်။ ဘုရားသခင်၏ ဤလူ့ဇာတိခံယူခြင်းနှစ်ခုက ဘုရားလူ့ဇာတိခံယူခြင်း၏ စုံလင်သော အဓိပ္ပါယ်ကို ကျွန်တော်တို့ကို အမှန်တကယ် ပြသလေသည်။ ၎င်းတို့က ကျွန်တော့်ကို ဘုရားသခင် နှင့် ပတ်သက်ပြီး ပို၍ တိကျသေချာပြီး၊ ပိုမိုစစ်မှန်သည့် နားလည် သဘောပေါက်မှုတစ်ခု ပေးခဲ့သည်။ ဘုရားသခင်ကို ကျေးဇူးတင် ပါသည်။ ဘုရားသခင်၏ အမှုတော်သည် အမှန်တကယ် အမြော်အမြင် ရှိပေသည်။

အစ်မရမ်နှင့် အစ်ကိုကျန်းတို့က ဘုရားနှုတ်ကပတ်တော်နှင့် ပတ်သက်သည့် ကျွန်တော့်၏ နားလည်သဘောပေါက်မှုနှင့် သိကျွမ်းမှု တို့ကို နားထောင်ပြီးနောက်၊ ကျွန်တော်က ဘုရားသခင်၏ အလိုတော် ကို နားလည်နိုင်စွမ်းရှိပြီး၊ ဘုရားသခင်နှင့် ပတ်သက်သည့် ကျွန်တော့် အယူအဆများနှင့် အထင်လွဲမှုများကို ဖယ်ရှားနိုင်စွမ်းရှိ သည်ကို သူတို့ ပျော်ရွှင်ခဲ့ကြသည်။ ကျွန်တော့်အပေါ် ဘုရားသခင်ပြု တော်မူခဲ့သည့် ကယ်တင်ခြင်းအမှုတော်အားဖြင့် သူတို့မှာ မျက်ရည်ကျအောင် တို့ထိခံခဲ့ရသည်။ နောက်ထပ်သုံးကြိမ် မိတ်သဟာယ ပြုရာတွင် ကျွန်တော်တို့ အတူတကွ ပူးပေါင်းခဲ့ကြသည်။ ဘုရားသခင်၏ လမ်းပြမှုအတွက် ဘုရားသခင်ကို ကျေးဇူးတင်ပါသည်။ ဘုရား လူ့ဇာတိခံခြင်း၏ နက်နဲမှုကို သင်ယူခဲ့ပြီး၊ ဘုရားအမှုတော်၏ အဆင့်သုံးဆင့်နှင့် ပတ်သက်သည့် နက်နဲမှုကို ကျွန်တော် သင်ယူ ခဲ့ရကာ၊ ပို၍ပို၍ များပြားသော သမ္မာတရားများကို ကျွန်တော် နားလည်သဘောပေါက်ခဲ့သည်။ ဘုရားသခင်၏ အမှုတော်နှင့် လူ၏ အလုပ်တို့အကြား ကွာခြားချက်များ၊ သန့်ရှင်းသောဝိညာဉ်တော်၏ အမှုတော်နှင့် စာတန်၏အလုပ်တို့အကြား ကွာခြားမှုများနှင့် သမ္မာတရား၏ အခြားရှုထောင့်များကို ကျွန်တော် သင်ယူခဲ့သည်။ အနန္တတန်ခိုးရှင်ဘုရားသခင်သည် ပြန်ကြွလာသည့် သခင်ယေရှု ဖြစ်ကြောင်း၊ သူသည် သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ ဖြစ်ကြောင်းကို ကျွန်တော် အမှန်တကယ် ခံစားခဲ့ရသည်။ ထိုစနေနေ့ ညနေတွင် အစ်မရမ်က ကျွန်တော့်ကို “ဘုရား၏မေတ္တာ ကျွန်ုပ်နှလုံးသားကို ဝန်းရံ” ဟု ခေါ်သည့် သီချင်းဗီဒီယိုအသစ် တစ်ပုဒ်ကို ပို့ပေးခဲ့သည်၊ “သူ့ကို စစ်မှန်စွာ ချစ်သောသူတို့ကို စုံလင်စေဖို့ ဘုရား၏အလိုတော်ကို ဖော်ပြခဲ့ပြီ သက်ရှိ အပြစ်ကင်းစင်သူအပေါင်းတို့ ဘုရားသခင်အား ချီးမွမ်းပူဇော်ကြလော့ ဝမ်းမြောက်ကခုန်ခြင်းသည် မင်္ဂလာရှိ၏၊ ပလ္လင်တော်၌ မြူးထူးကခုန်ကြလော့ ကမ္ဘာ့အရပ်လေးမျက်နှာမှ ဘုရားသခင်ဖိတ်ခေါ်၍ ကျွန်ုပ်တို့ ရောက်လာကြသည် အသက်နှင့်ဆိုင်သော သူ၏စကားများ ကျွန်ုပ်တို့အပေါ် အပ်နှင်း၊ သူ၏စစ်ကြောစီရင်ခြင်းဖြင့် ကျွန်ုပ်တို့ကို သန့်စင်” ဤဓမ္မသီချင်းသည် ကျွန်တော့်အတွက် အလွန် ခွန်အားရစရာဖြစ်ခဲ့သည်မှာ ကျွန်တော် မျက်ရည်ကျအောင် တို့ထိခံခဲ့ရသည်။ ကျွန်တော်က အစ်မရမ်၏ ဖုန်းနံပါတ်ကို ဆက် သော်လည်း ကျွန်တော့်မှာ စိတ်ခံစားချက်ဖြင့် အလွန်လွှမ်းမိုးနေ သောကြောင့် စကားမပြောနိုင်ခဲ့ပါ။ “ဘုရားသခင်ကို ကျေးဇူးတင်ပါ တယ်။ ကျေးဇူးတင်ပါတယ်…” ဟု အကြိမ်ကြိမ် အဖန်ဖန် ပြောရုံသာ ကျွန်တော် တတ်နိုင်ခဲ့ပါသည်။

ကျွန်တော့်ခံစားချက်များ၏ ပြင်းပြခြင်း လျော့ကျသွားသည်နှင့် တပြိုင်နက်၊ ထိုညတွင်ပင် ကျွန်တော့် ညီအစ်ကိုမောင်နှမများနှင့် အလွန် အူလှိုက်အသည်းလှိုက် စကားပြောခဲ့ကြသည်။ ထိုတစ်ချိန်လုံး အနန္တတန်ခိုးရှင်ဘုရားသခင်က ကျွန်တော့် ကယ်တင်ခြင်းအပေါ် လက်မလျှော့ခဲ့သလို၊ ကျွန်တော့်၏ ပုန်ကန်ခြင်းနှင့် အာခံခြင်းတို့ နှင့်အညီ ကျွန်တော့်ကို ကိုင်တွယ်ဖြေရှင်းခြင်း မရှိခဲ့သည်ကို ကျွန်တော် ကျေးဇူးတင်မိခဲ့သည်။ ထိုအစား ကိုယ်တော်က ကျွန်တော် နှင့် အမြဲတမ်း ရှိခဲ့လေသည်။ သူက ကျွန်တော့်ကို သူ့အိမ်တော်သို့ ပြန်လည်ခေါ်ဆောင်ရင်း၊ သူ့ရှေ့တော်မှောက်သို့ ခေါ်ဆောင်လျက် နည်းနည်းချင်း လမ်းပြပြီး၊ တို့ထိဖို့ ဧဝံဂေလိရုပ်ရှင်များ၊ ဗီဒီယိုများ နှင့် ညီအစ်ကိုမောင်နှမများ၏ ကိုယ်ပိုင် အတွေ့အကြုံများအကြောင်း ဆောင်းပါးများကို အသုံးပြုခဲ့သည်။ လှိုက်လှဲစွာဖြင့် ကျွန်တော်က ကျွန်တော့် ညီအစ်ကိုမောင်နှမများကို ပြောခဲ့သည်။ “ကျွန်တော် ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာကို တွေ့ကြုံခံစားပြီး၊ ဘုရားလူ့ဇာတိခံ ယူခြင်းနဲ့ပတ်သက်တဲ့ သမ္မာတရားကိုလည်း နားလည်ပြီးပြီ။ ကျွန်တော်က တစ်ဆင့်စကားတွေ ဒါမှမဟုတ် ကောလာဟလတွေကို ဘယ်တော့မှ ထပ်ပြီးယုံတော့မှာ မဟုတ်ဘူး။ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ကျွန်တော့် ကယ်တင်ရှင် နဲ့ ကျွန်တော့် ဘုရားသခင် အဖြစ် ကျွန်တော် လုံးလုံး လက်ခံပါတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်က ပြန်ကြွလာတဲ့ သခင်ယေရှုဖြစ်တယ်ဆိုတာကို ကျွန်တော်က ဆုံးဖြတ်ပြီးဖြစ်တဲ့ အတွက်- သူက ကျွန်တော့်ကို ကျေးဇူးတော်တွေအများကြီးနဲ့ ထောက်ပံ့ခဲ့တဲ့ ဘုရားသခင်ဖြစ်ပြီး၊ သူဟာ လူသားမျိုးနွယ်ရဲ့ ရွေးနှုတ်ကယ်တင်သူဖြစ်ပါတယ်။”

အရင်က ကောလာဟလတွေကို ကျွန်တော် မည်သို့နားထောင် ခဲ့သည်၊ ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုတော် အကြောင်း စိတ်သဘောထားကွဲလွဲမှုများဖြင့် အောတိုက်နေခဲ့ပြီး၊ ဘုရားသခင်ကို ဝေဖန်သည့် စကားများပင် မည်သို့ပြောခဲ့သည်၊ ကျွန်တော်က မည်သို့ အလွန်ပုန်ကန်လိုသည်တို့ကို ပြန်ပြောင်းတွေးသည့်အချိန်တွင် ကျွန်တော် နာကျင်ထိခိုက်ကာ၊ နောင်တဖြင့်ပြည့်လေသည်။ သို့သော် အစ်မရမ်က “အစ်မတို့ ဘုရားသခင်ကို မသိတဲ့အခါမှာ လူသားတွေ ဖြစ်တဲ့အားလျော်စွာ အစ်မတို့က မုသားတွေရဲ့ လှည့်စားတာကို တကယ်ခံရလွယ်တယ်။ အစ်မတို့ တကယ် နောင်တရသမျှ ကာလ ပတ်လုံး၊ ဘုရားသခင်က မှတ်ထားမှာ မဟုတ်ဘူး။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်က ပြောတာက- ‘ဘုရားသခင်သည် လူတို့ကို အဆုံးစီရင်ရန် မဟုတ်ဘဲ လူတို့ကို အကြီးမားဆုံး အတိုင်းအတာအထိ တတ်နိုင်သမျှ ကယ်တင်ရန် ဤအချိန်တွင် ကြွလာခဲ့ခြင်းဖြစ်သည်။ မည်သူသည် အမှားများ နှင့် လုံးဝ ကင်းရှင်းသနည်း။ အကယ်၍ အယောက်တိုင်း အဆုံးစီရင်ခြင်းကို ခံရပါက ၎င်းကို ကယ်တင်ခြင်းဟု အဘယ်သို့ ခေါ်နိုင်မည်နည်း။ ပြစ်မှားခြင်းအချို့မှာ တမင်တကာပြုခြင်း ဖြစ်၍ အခြားသောပြစ်မှားခြင်းများမှာ တမင်တကာပြုခြင်း မဟုတ်ပေ။ တမင်တကာမဟုတ်သောကိစ္စများအတွက် ၎င်းတို့ကို သင် လက်ခံပြီးနောက် ပြောင်းလဲနိုင်သည်၊ ထို့ကြောင့် ဘုရားသခင်သည် သင် မပြောင်းလဲမီ သင့်ကို အဆုံးစီရင်လိမ့်မည်လော။ ဤအရာမှာ လူတို့ကို ဘုရားသခင် ကယ်တင်သည့်နည်းလမ်း ဖြစ်သလော။ ၎င်းမှာ ထိုကဲ့သို့ မဟုတ်ပေ။ သင်သည် တမင်တကာမဟုတ်ဘဲ ပြစ်မှားသည်ဖြစ်စေ သို့မဟုတ် ပုန်ကန်တတ်သော ဗီဇတစ်ခုကြောင့် ပြစ်မှားသည်ဖြစ်စေ သင် မှတ်မိရမည်မှာ၊ လက်တွေ့အရှိတရား၌ အလျင်အမြန် နိုးထကြလော့။ ရှေ့ဆက်ကြလော့၊ မည်သည့် အခြေအနေ ဖြစ်ပေါ်ပါစေ သင် ရှေ့ဆက်ရမည်။ ဘုရားသခင်သည် လူတို့ကို ကယ်တင်ရန် အမှုပြုလျက်ရှိပြီး သူသည် သူကယ်တင်လိုသည့် လူတို့ကို ပေါ့ပေါ့တန်တန် အဆုံးစီရင်လိမ့်မည် မဟုတ်ပါ။(ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဘုရားသခင်၏ အလိုတော်မှာ လူတို့ကို အကြီးမားဆုံး အတိုင်းအတာအထိ တတ်နိုင်သမျှ ကယ်တင်ရန် ဖြစ်သည်”) လို့ဖြစ်တယ်။” ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်တော့်ကို ကြီးမားသည့် နှစ်သိမ့်မှုပေးပြီး၊ ဘုရားသခင်က ကရုဏာတော်နှင့် ခွင့်လွှတ်ခြင်းတို့ဖြင့် ပြည့်ဝသည်ကို ဘုရား နှုတ်ကပတ်တော်များက ကျွန်တော့်ကို မြင်တွေ့ခွင့်ပေးခဲ့သည်။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာက အလွန်ကြီးမားပါသည်။ ကျွန်တော့် စိတ်နှလုံးထဲတွင် ခံစားရသည့် ဘုရားသခင်ကို ကျေးဇူးတင်ရှိခြင်းအား ကျွန်တော် မချုပ်တည်းထားနိုင်ပါ။ နောက်ပိုင်း အချိန်ကာလများ တစ်လျှောက်တွင် အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်မှ ညီအစ်ကိုမောင်နှမများနှင့်အတူ အပြန်အလှန် ဆက်ဆံမှုမှများ တစ်ဆင့် အသင်းတော်သည် ကောလာဟလများက ဆိုသည့်အရာ လုံးဝ မဟုတ်သည်ကို ကျွန်တော် မြင်နိုင်ခဲ့သည်။ အမှန်မှာမူ ယင်းက လုံးလုံး ဆန့်ကျင်ဖက် ဖြစ်လေသည်။ ဤသည်မှာ ကျွန်တော်တို့ အတွက် သမ္မာတရားကို ရှာဖွေလိုက်စားဖို့နှင့် ဘုရားသခင်ကို သိကျွမ်းဖို့ နေရာဖြစ်သည်။ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်တွင် ဝတ်ပြုစုဝေးခြင်းများ ကျွန်တော်တို့ ရှိသည့် အချိန်တွင်၊ စားခြင်း၊ သောက်ခြင်း နှင့် ပျော်ပွဲရွှင်ပွဲလုပ်ခြင်း အကြောင်း မည်သူမျှ မပြောပါ။ မည်သူကမျှ ကား၊ ငွေ သို့မဟုတ် အိမ်များအကြောင်း မပြောကြပါ။ မည်သူကမျှ လောကရှိ မသန့်ရှင်း သော၊ ညစ်ညမ်းသော၊ ဆိုးယုတ်သောအရာများအကြောင်း မပြော ကြပါ။ ကျွန်တော်တို့အားလုံး အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အတူတကွ ဖတ်ရှုပြီး၊ ဘုရား နှုတ်ကပတ်တော်များနှင့် ပတ်သက်သည့် ကျွန်တော်တို့၏ အတွေ့အကြုံနှင့် သိကျွမ်းမှုတို့အပေါ် မိတ်သဟာယပြုကြသည်။ ကျွန်တော်တို့က အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် များကို လက်တွေ့လုပ်ဆောင်ပြီး၊ လိုက်နာစောင့်ထိန်းသည်။ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်ထဲတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များက တန်ခိုးအာဏာ စွဲကိုင်ထားသည်၊ သမ္မာတရားက တန်ခိုးအာဏာ စွဲကိုင်ထားသည်၊ ပြီးလျှင် ခရစ်တော်က တန်ခိုးအာဏာ စွဲကိုင်ထားသည်ကို ကျွန်တော် မြင်ရသည်။ ဤနေရာသည် တရားမျှတခြင်းနှင့် ဖြောင့်မတ်ခြင်းတို့ ပြည့်သည့် နေရာတစ်ခုဖြစ်သည်။ ကျွန်တော်က ကောင်းကင်နှင့် မြေကြီးအသစ်တွင် လှပသည့် အသက်တာတစ်ခု၏ အရသာကို မြည်းစမ်းနေရသကဲ့သို့ ခံစားရသည်။ ယခုအခါတွင် ထိုကောလာဟလများအကြောင်း ကျွန်တော် ပြန်တွေးသည့်အခါ၊ ၎င်းတို့က လူများကို ထောင်ချောက်ဆင်ပြီး ဘေးဖြစ်စေရုံသာ ဖြစ်ပြီး၊ ဘုရားသခင်၏ နောက်ဆုံးသောကာလ ကယ်တင်ခြင်းကို ကျွန်တော် ဆုံးရှုံးလုနီးပါး ဖြစ်သည်မှာ ထိုကောလာဟလများကြောင့် ဖြစ်သည်ကို ကျွန်တော် နားလည်သဘောပေါက်ခဲ့သည်။ ကျေးဇူးတော်ကြောင့်၊ အနန္တတန်ခိုးရှင် ဘုရားသခင်က ကျွန်တော့်ကို ကယ်တင်ခဲ့ပြီး ဘုရားသခင်၏ အမှုတော်နှင့်ဆိုင်သည့် သိနားလည်မှုအချို့ကို ရရှိခွင့်ပေးခဲ့သည်။ ကျွန်တော့် စိတ်ဝိညာဉ်က နိုးထလာသည်၊ စာတန်၏ ကောလာဟလများနှင့် ပတ်သက်သည့် အရှုပ်အထွေး ကွန်ရက်ထဲမှ အောင်မြင်ကျော်လွှားခဲ့ပြီး၊ ဘုရားသခင်၏ ပလ္လင်တော် ရှေ့မှောက်သို့ ကျွန်တော် လာရောက်ခဲ့သည်။ ကျွန်တော့်ကို ကယ်တင်ခြင်းအတွက် ဘုရားသခင်ကို ကျွန်တော် ကျေးဇူးတော် ချီးမွမ်းပါသည်။

အရှေ့သို့- ၃။ တရားစီရင်ခြင်း၏ နက်နဲမှုကို ဖော်ထုတ်ခြင်း

နောက်တစ်ခုသို့- ၅။ အလည်လွန်သည့် နှလုံးသားတစ်ခု အိမ်ပြန်လာသည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၃၂။ ထိုးဖောက်ကျော်လွှားမှုတစ်ခု

ဖန်းဖန်း၊ တရုတ်ပြည်ကျွန်မမိသားစုထဲမှ ကျွန်မတို့အားလုံးက သခင်ယေရှုကို ယုံကြည် ကြပြီး၊ ကျွန်မတို့အသင်းတော်တွင် ကျွန်မက သာမာန် အသင်းသား...

၃၉။ သခင် ပြန်ကြွလာခြင်းကို ကျွန်တော် ကြိုဆိုပြီးပြီ

ချွမ်းယန်၊ အမေရိကန် ပြည်ထောင်စုအမေရိကန် ပြည်ထောင်စုတွင် ၂၀၁၀ ခုနှစ်၏ ဆောင်းရာသီက ကျွန်တော့်ကို အလွန် ချမ်းအေးစေခဲ့သည်။ လေနှင့် နှင်းတို့၏...

၃၄။ ခရစ်ယာန် ဝိညာဉ်ရေးရာ နိုးကြားမှုတစ်ခု

လင်းဝူ၊ ဂျပန်နိုင်ငံကျွန်တော်က ၈၀ ခုနှစ်ဖွား ကလေးတစ်ယောက် ဖြစ်ပြီး၊ သာမာန် လယ်သမား အိမ်ထောင်စုတစ်စုတွင် မွေးဖွားခဲ့သည်။ ကျွန်တော် အစ်ကိုက...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။